အေးဓာတ်လျော့ကျလာသည့်အချိန်မှစ၍ အချိန်တိုအတွင်းအပူချိန်သည် မြင့်တက်လာခဲ့ပြီး နေ့လယ်ဘက်တွင် ပူပြင်းလာသည့်နေပူဒဏ်ကို လူအများ
ခံစားနေရပြီဖြစ်သည်။
နေ့အပူချိန်သည် ဆက်လက်မြင့်တက်လာနိုင်ပြီး ထိုမြင့်တက်လာသည့်အပူချိန်ကြောင့် အနောက်တောင်မုတ်သုံလေရာသီ မကျရောက်မီကာလအတွင်း မွန်းလွဲနှင့် ညနေပိုင်းများတွင်ပါ မိုးတိမ်တောင်များဖြစ်ပေါ်ပြီးထိုမိုးတိမ်တောင်များရွှေ့လျားရာ တစ်လျှောက်တွင်ပါ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်းများပါဖြစ်ပွားလာနိုင်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးနှိုးဆော်မှုများလည်း ပြုလုပ်နေပြီဖြစ်သည်။
ထိုကဲ့သို့သဘာဝဘေးအန္တ ရာယ်များကို သတိပြုရမည့် အပြင် အပူဒဏ်ကြောင့်အသက် သေဆုံးမှုများ၊ နာမကျန်းမှုများမဖြစ်စေရန်လည်း ဂရုပြုရန်လို
အပ်ကြောင်း ကျွမ်းကျင်ဆရာဝန်များက သတိပေးပြောကြားထားသည်။ အပူချိန်မြင့်မားလာခြင်း ကြောင့် လူအများသည်အပူဒဏ်ကြောင့် မူးမော်ခြင်းများ၊ အပူရှပ် ခြင်းကြောင့်ဖျားနာခြင်းများ ဖြစ်ပွားမှုများရှိနေသော်လည်း ပြီးခဲ့ သည့်နှစ်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အယ်နီညိုရာသီဥတုတွင်ဖြစ်ပွားခဲ့သော အပူဒဏ်ကြောင့် အသက် သေဆုံးမှုများကဲ့သို့သော ဖြစ်စဉ် များဖြစ်ပွားခြင်းမရှိသေးကြောင်း ဆေးရုံ၊ ဆေးခန်းများမှသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ
သတင်းစာရှင်းလင်းပွဲကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တည်ရှိရာ
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) တွင် မတ်လ ၃၀ ရက်နေ့ နံနက် ၉
နာရီက ပြုလုပ်ခဲ့သည်။

Lazy Club တီးဝိုင်းနှင့် မြန်မာ အဆိုတော်လေးဦးတို့ သြစတြေးလျ
နိုင်ငံပါ့သ်မြို့နှင့် မဲလ်ဘုန်းမြို့တို့တွင် သွားရောက်ဖျော်ဖြေခဲ့ပြီး
မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ Lazy
Clubတီး ၀ိုင်းနှင့်အတူ ပါဝင်ဖျော်ဖြေပေးခဲ့သည့် တေးသံရှင်များမှာ အဆိုတော်
Rဇာနည်၊ ဇော်ပိုင်၊ ရေဗက္က၀င်း၊ Lဆိုင်းဇီ တို့ဖြစ်ကြသည်။

ဧပြီလ ၁၀ ရက်နေ့ ရောက်တိုင်း ပရိသတ်များနှင့် အတူ မွေးနေ့ဖျော်ဖြေပွဲ
ပြုလုပ်ကာ ဖြတ်သန်းလေ့ရှိသည့် စိုင်းစိုင်းခမ်းလှိုင်က ယခုနှစ်တွင်တော့
မန္တလေးမြို့တွင် ပထမဆုံး မွေးနေ့ဖျော်ဖြေပွဲ ပြုလုပ်ရန် စီစဉ် လာခဲ့သည်။
မန္တလေးမြို့တွင် ပထမဆုံး ပြုလုပ်မည့် မွေးနေ့ရှိုးနှင့် ပတ်သက်သည့်
သတင်းစကားများ၊ လူငယ်အနုပညာရှင် တစ်ယောက်၏ အနုပညာနှင့် ပတ်သက်၍
သဘောထားခံယူချက်၊ ရှေ့ဆက်မည့် ခရီးအပေါ် ပြင်ဆင်ထားမှုများကို
မေးမြန်းဖြစ်ခဲ့ရာ . . .
Opensource နဲ့ business setting ထိုင်ဖို့ကို
အိပ်မက်မက်ခဲ့တဲ့အချိန်ကို ပြန်သတိရမိတယ်။ သေးသေးလေး လုပ်မယ်ဆိုရင်တော့
ဟုတ်ပါပြီ။ တစ်ဖြည်းဖြည်း ထပ်ချဲ့လာရင် အဆင်ပြေပါမလားစဉ်းစားရင်းနဲ့ကို
မသုံးဖြစ်ဘူးပေါ့။ အခုအချိန်မှာတော့ Opensource က အပယ်ခံ မဟုတ်တော့ပါဘူး။
တစ်ခုခုလုပ်မယ် စဉ်းစားလိုက်ရင် Opensource နဲ့ စထိုင်မယ်ပဲ
စဉ်းစားကြတဲ့ခေတ် ရောက်နေပါပြီ။ ဥပမာ။ website တစ်ခုလွင့်တင်မယ်ဆိုပါတော့။
အရင်ဆုံး wordpress နဲ့ အရင်ထိုင်ကြည့်လိုက်မယ်။ ပြီးတော့မှ တစ်ဖြည်းဖြည်း
ကိုယ်ပိုင် ရေးယူမယ်ပေါ့။ အဲဒီလိုပါပဲ။ opensource ကို ပြောင်းချင်တဲ့
စိတ်ပဲ အဓိကလိုပါတယ်။ ပြောင်းပြီဟေ့ ဆိုတာနဲ့ မယုံနိုင်စရာတွေ
အများကြီးတွေ့လာမှာဖြစ်ပါတယ်။ အဲဒီတော့ Opensource ကို စသုံးပြီး မကြာခင်ပဲ
စိတ်ပျက်ပြီး ထွက်မပြေးရလေအောင် သိသင့်တဲ့ အချက်လေးတွေလေ့လာကြည့်ကြရအောင်။

ကိုယ်ရေးတဲ့စာတွေကိုဖတ်ပြီး မမောနိုင် မပန်းနိုင် ဝေဖန်ပေးလေ့ရှိတဲ့
ငယ်သူငယ်ချင်းနှစ်ယောက် ကိုယ့်မှာရှိပါတယ်။ အဲဒီ
သူငယ်ချင်းနှစ်ယောက်အကြောင်း စဉ်းစားမိရင် ငယ်စဉ်တုန်းက တစ်ရပ်ကွက်တည်း
အတူနေခဲ့ ရပြီး အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတွေကို အလွန်ကြိုက်တဲ့ သူဌေးကြီး
ဇနီးမောင်နှံတို့နှစ်ယောက် အကြောင်းကိုလည်း သွားသတိရမိလေ့ ရှိတတ်ပါတယ်။
သူတို့နှစ်ဦးဟာ အိန္ဒိယရုပ်ရှင် ဒရမ်မာ(drama) ဇာတ်ကားတွေ ရုံတင်တိုင်း
မလွတ်တမ်း သွားကြည့်လေ့ရှိကြတာပါ။ အဲဒါ ရုပ်ရှင်သွားကြည့်တိုင်းလည်း
သူတို့အိမ်က ဒရိုင်ဘာ အီစွတ်နဲ့ ထမင်းချက် လက်ချမီးတို့ လင်မယားကိုပါ
ခေါ်သွားလေ့ရှိကြပါတယ်။ သူတို့နှစ်ယောက်က အိန္ဒိယစကား ကောင်းကောင်း
နားလည်သူတွေဆိုတော့ ရုပ်ရှင်ရုံထဲမှာ သူဌေးကြီး ဇနီးမောင်နှံတို့ရဲ့
ဘေးတစ်ဘက် တစ်ချက်မှာထိုင်ပြီး ဘာသာပြန်ပေးရတာပေါ့။ လက်ချမီးက စကား
ကြွယ်သူဆိုတော့ သူဌေး ကတော်ကြီးကို ဘာသာပြန်ပေးတဲ့အခါမှာ ဖွဲ့နွဲ့ပြီး
ဘာသာပြန်ပေးလေ့ရှိတာမို့ သူဌေးကတော်ကြီးမှာလည်း မြန်မာကားကြည့်ရတာနဲ့
ဘာမှမခြားခံစားရပြီး ရုပ်ရှင်ကြည့်ရင်း တရွှဲရွှဲ ငိုရပါတယ်။ အီစွတ်က
သိပ်ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ပေမယ့် ရုပ်ရှင်ကြည့်ပြီး သဘာဝကျကျ
ဝေဖန်တတ်သူမို့ သူ့ကိုလည်း သူဌေးကြီးက လက်မလွှတ်နိုင်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားတွင်
ဗိုလ်ချုပ်အောင်ဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ရန် လျှောက်ထားသူ၁၅၇ ဦးအနက်မှ
ပဏာမရွေးချယ်သူ ၁၄ ဦးကိုထုတ် ပြန်ကြေညာခဲ့ကာ ဧပြီလ ၇ရက်နေ့ တွင်
လူတွေ့စစ်ဆေးနိုင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ ပဏာမ အဆင့်
လူရွေးချယ်ခြင်းကို မတ်လ ၂၄ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်
ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်
ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

နိုင်ငံ ၅၃ နိုင်ငံမှ ခေါင်းဆောင်များနှင့် အကြီးတန်း တာဝန်ရှိသူများ
တက်ရောက်ခဲ့သော နျူကလီးယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို
တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်တွင် မတ်လ ၂၆ ရက်က စတင်ခဲ့ပြီး
နှစ်ရက်ကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကြာခင်ရောင်းချပေးမည့် WCDMA(3G) ဖုန်းမှာ ဂျီအက်စ် အမ်စနစ်သာဖြစ်ပြီး
သုံးစွဲသူအချို့ မှာ စီဒီအမ်အေ ဖုန်းဟု ထင်နေသူများလည်း ရှိနေကြောင်း
သိရသည်။