menu

Sunday 22 December 2013

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင် တိုးစေမည့် နည်းများ

မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။

ရိုးစင်းတဲ့ ဘဝ နေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါ လိမ့်မယ်။

(၁) ရေများများသောက်ပေးပါ

ရေဓာတ် ခန်းခြောက်မှု ဖြစ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်စွမ်း ကျစေတာကြောင့် နုံးချည့် ပင်ပန်း နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏ ရေသောက် ပေးရပါမယ်။

(၂) ကဖင်းဓာတ်ကို သတိထားပါ

တစ်နေ့မှာ ကဖင်းပါတဲ့ အရည် (ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်နဲ့ ကိုလာ) တို့ကို တစ်ခွက်၊ နှစ်ခွက် သောက်တာက စွမ်းအင် တိုးစေပြီး စိတ်ရွှင်လန်း စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ကို များများ မှီဝဲတာ (ဥပမာ- တစ်နေ့ ခြောက်ခွက်ခန့်) က ရင်တုန်တာ၊ ကတုန်ကယင် ဖြစ်တာနဲ့ သက်လုံ ကျဆင်းတာ တို့ကို ဖြစ်စေ နိုင်ပါတယ်။

(၃) နံနက်စာကို ပုံမှန်စားပါ

နံနက်စာကို မှန်မှန်စားတာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေပါတယ်။ ဦးနှောက်ဟာ လောင်စာအဖြစ် ဂလူးကို့စ် ပေါ်မှာ မူတည် နေတဲ့ အတွက် ကာဗိုဟိုက်ဒရိတ် များများပါတဲ့ နံနက်စာကို စားပေးသင့်ပါတယ်။ အစာမစားဘဲ နေရင် သွေးတွင်း သကြားဓာတ်ကို လျော့ကျ စေတာကြောင့် နုံးချည့် နွမ်းနယ်မှု ဖြစ်လွယ် ပါတယ်။

ခြေထောက်ခွဲစိတ်ထားမှု အခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ယခုလကုန်အထိ ခရီးစဉ်များအားလုံး ဖျက်သိမ်း

ခြေထောက်အသေးစား ခွဲစိတ်ခံထားရသည့်အခြေအနေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း NLD ကျန်းမာရေးကွန်ရက်က ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ခြေထောက်အသေးစားခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ ယနေ့ငါးရက်မြောက်နေ့တွင် ခွဲစိတ်မှုအခြေအနေများ အားလုံးကောင်းမွန်နေပါသော်လည်း ကြာရှည်စွာ မတ်တတ်ရပ်ရန်၊ လမ်းလျှောက်ရန် မသင့်လျော်သေးပါသဖြင့် ယခုလကုန်အထိ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ပါကြောင်း မိသားစုဆရာဝန်အနေဖြင့် ထပ်မံအသိပေး အကြောင်းကြားအပ်ပါသည်ဟု NLD အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေထောက် ခွဲစိတ်ခံထားရတဲ့အခြေအနေကြောင့် ဒီလကုန်အထိ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာပါ။ သေချာတာကတော့ ဒီဇင်ဘာ ၂၉ ရက်က မအူပင်မှာပြုလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကိုတော့ တက်ဖြစ်မှာမဟုတ်တော့ပါဘူး။ ချင်းပြည်နယ်ခရီးစဉ်ကတော့ နောက်လထဲမှဆိုတော့ မသေချာသေးပါဘူး" ဟု NLD ကျန်းမာရေးကွန်ရက်က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

သမ္မတကိုယ်တိုင် ကားပါမစ်ကို စာအိတ်ဖြင့်ပေးခြင်း မဟုတ်မှန်ဟု ဦးအောင်မင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင်များကို ကားတင်သွင်းခွင့် ပါမစ်ကို စာအိတ်ဖြင့် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပေးခဲ့သည်ဟု ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့၌ ပြုလုပ်သော ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်း ထူထောင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ကားတင်သွင်းခွင့် လိုင်စင်ကို အစိုးရအဖွဲ့ကိုယ်စား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်နေသော ၎င်းကိုယ်တိုင် ပေးအပ်ခြင်း ဖြစ်ကြောင်း ဦးအောင်မင်းက ဆိုသည်။
“ကားတင်သွင်းခွင့် လိုင်စင်လို ကိစ္စမျိုးကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ပေးရအောင် အဲဒါက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ဗြိတိန်ပေါင် ၁ သိန်းကုန်ကျမယ့် BMW i8 ကားသော့

Photo: ဗြိတိန်ပေါင် ၁ သိန်းကုန်ကျမယ့် BMW i8 ကားသော့ 

ကားသော့ တစ်ချောင်းကို ဗြိတိန်ပေါင်း ၁ သိန်းကုန်ကျမယ်ဆိုတော့ ဆလွန်းကားသန့် ၃ စီးလောက် ဝယ်လို့ရတဲ့ ဈေးပါပဲ။ သို့ပေမယ့် ဂျာမနီ BMW ကတော့ တကယ် ပေါင် ၁ သိန်း တန်ကြေးရှိတဲ့ ကားသော့ကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ 

လက်ရှိ BMW i8 Plug in လျှပ်စစ်ကားအတွက်ဆိုပေမယ့် အဆင့်မြင့်နည်းပညာသုံး BMW ကားတိုင်းမှာ အသုံးပြုလို့ရမယ့် ကားသော့ ဖြစ်မှာ ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ ကတော့ သော့မှာ LCD မျက်နှာပြင်ပါဝင်လာခြင်း ဖြစ်ပြီး ကားရဲ့ အရေးကြီး သတင်းအချက် အလက်များကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဥပမာ ဆီဘယ်လောက် ကျန်တာလဲတို့၊ အပူချိန်တို့၊ မိုင်ပြေးနှုန်း အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ အားအနည်းငယ်သာ သုံးတို့ ကြိုးမဲ့ ဆက်သွယ်မှု Bluetooth ပါဝင်ပါတယ်။ ကားမှာပါတဲ့ Wireless Connectivity နဲ့ ဆက်သွယ် လို့ Sync လုပ်ပေးမှာ ဖြစ်ပါတယ်။ 

၂၀၁၄ ခုနှစ်ထုတ် BMW အဆင့်မြင့်ကားတိုင်းအတွက်လည်း ရွေးချယ် လို့ရမယ့် သော့အစုံ လည်း ထွက်ရှိအုံးမှာ ဖြစ်ပါတယ်။ လက်ရှိ BMWi8 အတွက် အသစ်ထုတ်ထားတဲ့ ကားသော့ ကို ဗြိတိန်ပေါင် ၁ သိန်းနဲ့ မှာယူ နိုင်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm ) 

Smart Pro Journal

ကျောင်းဝင်းထဲက နိုင်ငံရေး အကျဉ်းချ၍ ရမည်လော

တက္ကသိုလ်မြေက အရင်းခံလာသည့် နိုင်ငံရေး စိတ်ဓာတ်ဖြင့်ပင် ကိုလိုနီ စနစ်ဆိုးကြီးကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့ သကဲ့သို့ အာဏာရှင် စနစ်ဆိုးကိုလည်း အန်တု ဖက်ပြိုင်ခဲ့ရာ အာဏာရှင်တို့၏ အမုန်းတရားများဖြင့် တက္ကသိုလ် နယ်မြေတွင် နိုင်ငံရေး လှုပ်ရှားမှုများကို နှစ်ပေါင်း ၆၀ ကျော် တင်းကျပ်စွာ ပိတ်ပင် တားမြစ်ခဲ့ကြသည်။
ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေသည် ဆိုသော သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင်မူ နိုင်ငံရေး လှုပ်ရှားမှုများကို ပွင့်လင်း လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုလာသကဲ့သို့ နှစ်ပေါင်း၂၀ နီးပါး ပိတ်ပင်ထားခဲ့သည့် တက္ကသိုလ် ကျောင်းသားများ အဆောင်နေခွင့်ကို ပြန်လည် ခွင့်ပြုလိုက်သည့် အပြင် ရန်ကုန် တက္ကသိုလ်ကြီးကိုလည်း ကျောင်းသားများဖြင့် ပြန်လည် အသက်ဝင် စေခဲ့သည်။
ယင်းကြောင့်ပင် အစိုးရသစ်၏ အပြုသဘော ဆောင်သည့် လုပ်ရပ်များနှင့်အတူ ပညာရေး ဝန်ကြီးဌာန၏ မူဝါဒသစ်ကို တက္ကသိုလ် အသိုင်းအဝိုင်း သာမက ယခင် ကျောင်းသားဟောင်းကြီး များကပါ ဝမ်းသာအားရဖြင့် ကြိုဆို ခဲ့ကြသည်။ သို့သော် ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ပြီး ရက်ပိုင်းခန့် အကြာတွင် အဆောင်နေ တက္ကသိုလ် ကျောင်းသားများသည် နိုင်ငံရေး လုပ်လိုပါက တက္ကသိုလ် အာဏာပိုင်တို့၏ ခွင့်ပြုချက်ယူ ရမည်ဆိုသည့် စည်းကမ်းချက်ကို အခြေခံပညာရေး ဦးစီးဌာနမှ အရာရှိတစ်ဦးက ထုတ်ပြန် ပြောကြားလိုက်ရာ ကျောင်းဝင်းထဲက နိုင်ငံရေးကို ဒီမိုကရေစီ အစိုးရ ထိတ်လန့်နေပြီလော၊ ကျောင်းဝင်းထဲက နိုင်ငံရေးကို အကျဉ်းချ၍ ရမည်လောဆိုသည့် မေးခွန်းမှာ နိုင်ငံရေး နယ်ပယ်၊ ပညာရေး နယ်ပယ်တို့တွင် ဂယက် ရိုက်သွားသည်။
ယင်းကန့်သတ်ချက် အပေါ်တွင် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ပညာရေး နယ်ပယ်မှ ပုဂ္ဂိုလ်များက ခေတ်ဆိုးမှ စနစ်ဆိုးကြီးကို လက်ဆင့် ကမ်းလာခြင်းဟု မြင်ကြသည်။

နှစ်သစ်ကူးနေ့တွင် ဗုံးပေါက်ကွဲမှုနှင့် အမှုကြီးဖြစ်စဉ်များ မဖြစ်ပွားစေရန် လူစည်ကားသောနေရာများ၌ လုံခြုံရေးစီမံချက်ဖြင့် ဆောင်ရွက်မည်

Photo: နှစ်သစ်ကူးနေ့တွင် ဗုံးပေါက်ကွဲမှုနှင့် အမှုကြီးဖြစ်စဉ်များ မဖြစ်ပွားစေရန် လူစည်ကားသောနေရာများ၌ လုံခြုံရေးစီမံချက်ဖြင့် ဆောင်ရွက်မည်

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့တွင် နှစ်သစ်ကူးနေ့၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် အမှုကြီးဖြစ်စဉ်များ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ဝင်အင်အားကို အပြည့်အ၀ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့မှ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြောကြားချက်အရ သိရသည်။

အဆိုပါ နှစ်သစ်ကူးနေ့တွင် ရဲတပ်ဖွဲ့ဝင်များအား အပြည့်အ၀ချထားသွားမည့်အပြင် လုံခြုံရေးစီမံချက်ရေးဆွဲကာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲမှူး ခင်အောင်က ပြောကြားသည်။

ဆက်လက်၍ ရဲမှူးက "နှစ်သစ်ကူးနေ့မှာ လုံခြုံရေးဆောင်ရွက်ဖို့ စီမံချက်ရေးဆွဲနေပြီး အဓိကတော့ လုယက်မှုတွေ၊ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေနဲ့ အခြားမှုခင်းဖြစ်စဉ်တွေ မဖြစ်စေဖို့ ခရိုင်အလိုက် စီမံချက်ချမှတ်ပြီးတော့ ဆောင်ရွက်သွားမယ်" ဟု ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်း၌ ပြောကြားသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး မျိုးဆွေဝင်းက "အဲဒီနှစ်သစ်ကူး ညပိုင်းမှာ ကျွန်တော်တို့ ပြည်နယ်အတွင်း အရေးကြီးတဲ့နေရာ သုံးနေရာ၊ လေးနေရာလောက်မှာ အဓိက လုံခြုံရေး ဆောင်ရွက်သွားမယ်။ ညပိုင်းတွေမှာလည်း နယ်မြေအလိုက် လှည့်ကင်းပတ်ကင်းတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်၊ ကားတွေ ဆိုင်ကယ်တွေကိုလည်း ပိတ်ဆို့စစ်ဆေးသွားပါမယ်" ဟု ပြောကြားသည်။
ထို့ပြင်ရှမ်းပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် နှစ်သစ်ကူးနေ့တွင် လုံခြုံရေးဆောင်ရွက်မှုကို ခရိုင်ရဲတပ်ဖွဲ့မှူးများက ဦးစီးပြီး  စီမံချက်ဖြင့် ပိုမိုဂရုပြုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောကြားသည်။

အလားတူ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်က "အခမ်းအနားပွဲတွေ ရှိရင်တော့ ယခင်ကထက် နယ်မြေအလိုက် လုံခြုံရေးကို ပိုမိုအလေးထားပြီးတော့ လုံခြုံရေးစီမံချက်အတိုင်း ဆောင်ရွက်သွားမယ်" ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူစည်ကားလေ့ရှိသော နေရာများတွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးဝင်းကြည်က ဆိုသည်။

(ဒီဇင်ဘာ ၁၆ ရက်က လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- ၀င်းမြင့်ကျော်))

မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတို့တွင် နှစ်သစ်ကူးနေ့၌ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် အမှုကြီးဖြစ်စဉ်များ မဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ဝင်အင်အားကို အပြည့်အ၀ချထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့မှ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြောကြားချက်အရ သိရသည်။

အဆိုပါ နှစ်သစ်ကူးနေ့တွင် ရဲတပ်ဖွဲ့ဝင်များအား အပြည့်အ၀ချထားသွားမည့်အပြင် လုံခြုံရေးစီမံချက်ရေးဆွဲကာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ရဲမှူး ခင်အောင်က ပြောကြားသည်။

ဆက်လက်၍ ရဲမှူးက "နှစ်သစ်ကူးနေ့မှာ လုံခြုံရေးဆောင်ရွက်ဖို့ စီမံချက်ရေးဆွဲနေပြီး အဓိကတော့ လုယက်မှုတွေ၊ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေနဲ့ အခြားမှုခင်းဖြစ်စဉ်တွေ မဖြစ်စေဖို့ ခရိုင်အလိုက် စီမံချက်ချမှတ်ပြီးတော့ ဆောင်ရွက်သွားမယ်" ဟု ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်း၌ ပြောကြားသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး မျိုးဆွေဝင်းက "အဲဒီနှစ်သစ်ကူး ညပိုင်းမှာ ကျွန်တော်တို့ ပြည်နယ်အတွင်း အရေးကြီးတဲ့နေရာ သုံးနေရာ၊ လေးနေရာလောက်မှာ အဓိက လုံခြုံရေး ဆောင်ရွက်သွားမယ်။ ညပိုင်းတွေမှာလည်း နယ်မြေအလိုက် လှည့်ကင်းပတ်ကင်းတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်၊ ကားတွေ ဆိုင်ကယ်တွေကိုလည်း ပိတ်ဆို့စစ်ဆေးသွားပါမယ်" ဟု ပြောကြားသည်။

ညီညွတ်ရန်နှင့် အောင်မြင်အောင်လုပ်ရန် ကြံ့ခိုင်ရေးနာယကကြီး မှာကြား ဗဟိုအတိုင်ပင်ခံများ ရပ်တည်မှုအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှစ်ခြိုက်အားရမှုရှိ

   ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင်  ““အဓိကကတော့ အခြေခံဥပဒေ ကိစ္စပဲထင်တယ် ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး အဲဒါနဲ့ပဲ အချိန်ကုန်လိမ့်မယ်”” . . .

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ်ထားပြီး ဒီဇင်ဘာ ၂၈ ရက်တွင် ဗဟိုကော်မတီ အစည်းအဝေးကို တက်ရောက်ရန် အတွက် တစ်ပြည်လုံးရှိ ဗဟိုကော်မတီဝင် ၃၀၀ ကျော်အား ဖိတ်ကြားထားကြောင်း ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် ဦးစောထား လုံက မြန်မာသံတော် ဆင့်သို့ ပြောသည်။

ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် ယခင်က ပါတီဥက္ကဋ္ဌဦးသိန်းစိန် (နိုင်ငံတော်သမ္မတ) ဦးဆောင်၍ ဗဟိုအတိုင်ပင်ခံ ၃ ဦးဖြစ်သော ဦးအောင်သောင်း (ယခင် စက်မှု ၁ ၀န်ကြီး)၊ ဦးတင်ထွတ် (ယခင်တိုင်းမှူးဗိုလ်ချုပ်)၊ ဦးစိုးသာ (ယခင် အမျိုးသားစီမံကိန်းဝန်ကြီး) တို့က ပါတီ၏ မူဝါဒ ရေးရာများကို အဓိကထား ကိုင်တွယ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များမှာ ယခင် နယက အစိုးရ လက်ထက်က ၀န်ကြီး၊ ဒုဝန်ကြီး အများစုဖြစ်၍ ပါတီဥက္ကဋ္ဌနှင့် စီနီယာဝန်ကြီးများ ဖြစ်ကြသော ဗဟိုအတိုင်ပင်ခံများကို လွန်ဆန်ခြင်း မပြုကြဘဲ ၎င်းတို့၏ ဆွေးနွေး လိုလားချက်များဖြင့်သာ ပါတီ၏ လုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ကြောင်း ပါတီ၏ ၀ါရင့် ဗဟိုအလုပ်အမှုဆောင် တစ်ဦးက မြန်မာသံတော် ဆင့်သို့ ပြောကြားခဲ့သည်။ …

ဒီဇင်ဘာ ၂၄ ရက် ၀န်းကျင်တွင် ကျင်းပမည့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အဓိကထား ဆွေးနွေးမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပါတီ၏ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကို ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာသံတော်ဆင့်က ဆက်သွယ် မေးမြန်းခဲ့ရာ ““ အဓိက ကတော့ အခြေခံဥပဒေ ကိစ္စပဲ ထင်တယ်။ ကျန်တာကတော့ ရှိမှာမဟုတ်ပါဘူး။ အဲဒါနဲ့ပဲ အချိန်ကုန် လိမ့်မယ် ””ဟု ပြောသည်။

မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် သံဃာတစ်ပါးကို လူဝတ်လဲဖမ်းဆီး

မြ၀တီမြို့တွင် မူးယစ်ဆေးဝါးရောင်ဝယ်မှု ပြုလုပ်နေသည့် သံဃာတစ်ပါးကို မြို့နယ်သံဃနာယကအဖွဲ့၏ ဦးဆောင်မှုဖြင့် လူဝတ်လဲကာ ဖမ်းဆီးထိန်းသိမ်းခဲ့ရသောဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ရက်က ဖြစ်ပွားခဲ့သည်။

““ရဲတပ်ဖွဲ့ကနေ ဖမ်းထားတဲ့ မူးယစ်တရားခံကနေ ထုတ်ဖော်လို့ မူးယစ်ဆေးရောင်းနေတဲ့ ဆရာတော်တစ်ပါးကို ထိန်းသိမ်းခဲ့ရပါတယ်။ သံဃနာယကရဲ့အစီအစဉ်နဲ့ လူဝတ်လဲပြီး အမှုဖွင့်လိုက်ပါပြီ””ဟု မြ၀တီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၇ရက် နံနက်က မြ၀တီမြို့ သောင်ရင်းမြစ်ကမ်းနံဘေးတွင် စိတ်ကြွဆေးပြားများနှင့်အတူ  အမျိုးသားနှစ်ဦးကို မြ၀တီမြို့၊ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့၏ ၀န်ခံချက်အရ မြ၀တီမြို့၊ ရပ်ကွက်(၅)တွင် ကျောင်းဆောက်၍ တစ်ပါးတည်းသီတင်းသုံးနေသည့် ဦးပဉ္ဇင်း ဦးပညာဆိုသူကို ထပ်မံဖမ်းဆီး၍ လူဝတ်လဲ အရေးယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိကပြောသည်။
““ဒီဦးပဉ္ဇင်းက ကျောင်းမှာ တစ်ပါးတည်းနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်နေတာ။ ရဲတပ်ဖွဲ့က အခုလိုအရေးယူသွားတာကို ဒေသခံတွေအနေနဲ့ ကျေးဇူးတင်ပါတယ်””ဟု ရပ်ကွက်(၅) တွင်နေထိုင်သူတစ်ဦးကပြောသည်။

အင်ဒိုနီးရှားဂူတစ်ခုအတွင်းမှ ဆူနာမီ မှတ်တမ်းတစ်ခုကို အံ့ဩဖွယ်တွေ့ရှိရ

လွန်ခဲ့သောနှစ်ပေါင်း ထောင်ပေါင်း များစွာက အိန္ဒိယသမုဒ္ဒရာအတွင်းငလျင်ကြောင့် ဖြစ်ပေါ်လာ
သော ဆူနာမီ ရေလှိုင်းကြီးများနှင့် စပ်လျဉ်းသော အံ့ဩဖွယ်မှတ်တမ်းတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ
၏ ဆူမာတြာကျွန်းပေါ်ရှိ လိုဏ်ဂူကြီး တစ်ခုအတွင်းမှ ရှာဖွေတွေ့ရှိထားပြီးဖြစ်ကြောင်း သိပ္ပံပညာ
ရှင်များက ဒီဇင်ဘာ လလယ်ပိုင်းက ပြောလိုက်သည်။

ဆူမာတြာကျွန်း အနောက်မြောက်ဘက်ရှိအဆိုပါ လိုဏ်ဂူအတွင်းတွေ့ ရှိခဲ့သော ဆူနာမီ ရေလှိုင်း
ကြီးများက သယ်ဆောင်လာသည့် အနယ်အနှစ်အလွှာထပ်များအရ အဖျက်အားကြီး မားသော
ဆူနာမီ ရေလှိုင်းကြီးများသည် အချိန်သတ်သတ်မှတ်မှတ်ခြား၍ ဖြစ် ပေါ်ခြင်းမျိုး မရှိဆိုခြင်းကို
သိရှိခဲ့ရ သည်။

ဆိုလိုရင်းမှာ ယင်းဒေသအတွင်း နေထိုင်ကြသူများသည် ဆူနာမီ ရေလှိုင်း ကြီး အန္တရာယ်အတွက်
အချိန်တိုင်းပင် အဆင်သင့်ဖြစ်နေရန် လိုအပ်သည် ဆိုသော အချက်ပင်ဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis