menu

Monday 30 December 2013

မေ့လို့မရတဲ့ New Year ညတွေ ရှိပါတယ် ဘန်နီဖြိုး Hannayuri

မေ့လို့မရတဲ့ New Year ညတွေ ရှိပါတယ် ဘန်နီဖြိုး Hannayuri

Q. December နဲ့ အမှတ်တရ
ဘန်နီဖြိုး - New year န့ဲ Christmas ဆိုတာထက် ကျွန်တော်တို့က December ရောက်ရင်ပျော်နေပြီ။ အေးအေးချမ်းချမ်း လ တစ်လဆိုတော့လေ။ ပြီးတော့ December ဆိုရင် ကျွန်တော်တို့က ပွဲတွေဆို ရတာများတော့ New year, Christmas တို့ဆိုရင် ဆိုရ တာ များပါတယ်။
Hannayuri - New year နဲ့ Christmas အပြင်ကိုယ့်မွေးနေ့ မွေးလနဲ့လည်း နီးတယ်။ December လလေးက တခြားလတွေနဲ့မတူ ဘဲ အေးအေးချမ်းချမ်းလေးဆိုတော့ နေလို့အရမ်းကောင်းတော့ပျော်တယ်။ Q. ငယ်စဉ်တုန်းက New year, Christmas ခံစားချက်နဲ့ အ ခုအသက်အရွယ်မှာ ပြောင်းလဲသွား တဲ့ခံစားချက်တွေ ပြောပြပေးပါဦး။
ဘန်နီဖြိုး -ငယ်ငယ်တုန်းက Christmas ဆိုရင် Christmas Tree မြင်မှ ကျွန်တော့ရဲ့ Christmas ကပြည့်စုံပါတယ်။ အိမ်မှာ Christmas Tree ကို အဖေတို့နဲ့ အတူ မီးလုံးလေးတွေဆင်တယ်။ မီးပန်းလေးတွေ တပ်ဆင်တတ်တယ်။ ပြီးတော့ Santa Claus အရုပ်ကြီး ချလို့ ငယ်ငယ်တုန်း ကတော့ရူးခဲ့တာ ပါ။ Hannayuri - ငယ်ငယ်တုန်း ကတော့ December ကျောင်းပိတ် ရက်ရောက်ပြီဆိုတာနဲ့ပျော်တာပေါ့။
Q. ဖြတ်သန်း လာခဲ့တဲ့ နေ့ရက် တိုင်းတွေထဲက မေ့လို့မရနိုင်တဲ့ New year Night အမှတ်တရ လေးတွေရှိသေးလား။
ဘန်နီဖြိုး - မေ့လို့မရတဲ့ New year Night လေးရှိပါတယ်။ လွန်ခဲ့နှစ်တုန်းက ကျွန်တောာ် New year Show ကို ပထဆုံး စဆိုဖြစ်ခဲ့တဲ့ အချိန်၊ ကျွန်တော် စင် ပေါ်တက်သွားတဲ့ အချိန်မှာ ပရိသတ် တွေက ကျွန်တော့်ကို အားပေးဆုံး အချိန်လို့ထင်ပါတယ်။ ကျွန်တော့် သီချင်းတွေကို အတူတူလိုက်ဆို ကြတယ်။ ပရိသတ်တွေ လက်တွေ ကိုလေပေါ်မှာမြင်ချင် တယ်ဆိုတာနဲ့ လက်တွေလေပေါ်မှာ အများကြီး မြှောက်ပြီး သီချင်းလိုက်ဆိုနေတာ ကိုမြင်ရတဲ့အချိန်ပေါ့။ ၂ဝဝ၈ ခုနှစ် မှာ ကျွန်တော် သီချင်းစဆိုတယ်။ ၂ဝဝ၉ ခုနှစ်ရဲ့ ကျွန်တော့်အတွက် ပထမဦးဆုံး New year Show လေးဟာတော့ ကျွန်တော့်အတွက် လုံးဝ မေ့လို့မရတဲ့ အမှတ်တရပါ။

၂၀၁၃ ခုနှစ်အလှဆုံး ၂၅ ဦးစာရင်းတွင် ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင် ထပ်မံရွေးချယ်ခံရ

မေစနိုး၊ ရန်ကုန်၊ ဒီဇင်ဘာ-၂၉

The Beauties Concept ၀က်ဘ်ဆိုက်မှရွေးချယ်သည့် ၂၀၁၃ ခုနှစ် အလှဆုံးအမျိုးသမီး ၂၅ ဦးစာရင်းတွင် မြန်မာမယ်စကြ၀ဠာ မိုးစက်ဝိုင်နှင့် Miss Supranational မြန်မာမယ် ခင်ဝင့်ဝါတို့ ထပ်မံရွေးချယ်ခံရပြီး
မြန်မာမယ် ခင်ဝင့်ဝါက အဆိုပါ ၂၅ ဦးစာရင်း၌ ကြိုက်နှစ်သက် သူအများဆုံးဖြင့် ဦးဆောင်နေကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် The Beauties Concept ၀က်ဘ်ဆိုက်မှသိရသည်။

အဆိုပါ ၂၀၁၃ ခုနှစ် အလှဆုံးအမျိုးသမီးကို နိုင်ငံတကာအလှမယ် များထဲမှ အယောက် ၁၀၀ ကိုပထမဦးဆုံးစတင်ရွေးချယ်ခဲ့ခြင်း ဖြစ်ကာအဆိုပါ အလှမယ် ၁၀၀ ကို ဖေ့စ်ဘွတ်ခ်မှ Like,Share နှင့် မဲပေးမှုများပြုလုပ်ပြီး အများဆုံးကို ပြန်လည်ရွေးချယ်ကာ ထိပ်ဆုံး ၂၅ ဦး ကို ဒီဇင်ဘာ ၂၉ ရက်၌ ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလှဆုံးအမျိုးသမီး အယောက် ၁၀၀ စာရင်း စတင်ရွေးချယ် ခံရစဉ်က မြန်မာမယ် မိုးစက်ဝိုင်က ကြိုက်နှစ်သက်သူ အများဆုံး နေရာတွင် ဦးဆောင်နေခဲ့ပြီး ယခုအခါ ထိပ်ဆုံး ၂၅ ဦးစာရင်းတွင် မြန်မာမယ်ခင်ဝင့်ဝါက မဲအများဆုံးဖြင့် ပြန်လည်ဦးဆောင်နေပြီး မိုးစက်ဝိုင်က ဒုတိယနေရာမှ အများဆုံးဖြစ်နေကြောင်း သိရသည်။

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။ 

ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။ 

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ 

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွား ခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါတယ်။ 

တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့ သေနတ်ကတော့ SVT-40 semi-automatic  ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦးကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။ 

စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊ ဂုဏ်ပြု ဆု များ ရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွားရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ 

သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။ 

Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

.

Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ဆိုင်ကယ်ကယ်ရီသမားက လိုင်စင်မဲ့ယာဉ်ဖမ်းသည့် ရဲတပ်ဖွဲ့ဝင်ကိုဓားဖြင့်ထိုး

ရန်ကုန်၊ဒီဇင်ဘာ၂၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဒညင်းကုန်းဘူတာတွင် ယနေ့နံနက် ၁၀နာရီ၁၅မိနစ်ချိန်ခန့်က လိုင်စင်မဲ့ဆိုင်ကယ်များကို လာရောက်ဖမ်းဆီးစဉ် ကယ်ရီသမားက ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ထိုးသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်မြို့နယ်အုပ်ချုပ်ရေးရုံးမှအရာရှိတစ်ဦးဒဏ်ရာရရှိသွားကြောင်း အင်းစိန်မြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းသန်းဦးက People Power သတင်းစာသို့ပြောကြားသည်။

ဓားဖြင့်ထိုးသွားသည့် တရားခံဟုယူဆရသူကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေကြောင်း၊ ဒဏ်ရာရရှိသူနှစ်ဦးကို အင်းစိန် ဆေးရုံသို့တင်ပို့ကုသထားကြောင်း၎င်းကဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်နှစ်စီးအားဖမ်းဆီးယူဆောင်သွားစဉ် ယင်းနေရာတွင်ကျန်ခဲ့သည့် ရဲတပ်ဖွင့်ဝင်များကို ဓားဖြင့်ထိုးခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှသိရသည်။

ရေးသားသူ-ကြည်ပြာ
People power

ကမ်းလွန်ပင်လယ်ပြင် ဝေဟင်စိုးမိုးရေး အတွက် မျှော်လင့်စရာ တိုက်လေယာဉ်များ

ဖြစ်ပွားခဲ့ပြီးသော ကမ်းလွန်ပင်လယ် ပဌိပက္ခများ၊ တည်ဆောက်နေသော ရေနက်ဆိပ်ကမ်းများ၊ ပိုက်လိုင်းများ၊ စသည်တို့အပြင် အထူးစီးပွားရေးဇုံများကြောင့် အိမ်နည်းချင်းနိုင်ငံများနည်းတူ ကမ်းလွန်ပင်လယ်ပြင် စိုးမိုးရေးနှင့် ကမ်းခြေစောင့် တိုက်ခိုက်ရေးတာဝန်များအတွက် သင်္ဘောဖျက်ဒုံးများ သယ်ဆောင်တိုက်ပွဲဝင်နိုင်မည့် အလားအလာရှိသော တိုက်လေယာဉ်များကို ရွေးထုတ်ရေးသားလိုက်ရပါတယ်။
မြန်မာ့ တပ်မတော် လေ၏ လိုအပ်နေသော ပင်လယ်ပြင် ကာကွယ်ရေးအတွက် ဘက်စုံသုံး အမျိုးစား တိုက်လေယာဉ်များနဲ့ ရေပြင်ပစ်ဒုံး သယ်ဆောင်နိုင်သော တိုက်ခိုက်ရေး လေယာဉ်များကို စဉ်းစားမိသလောက် အနေဖြင့်
၁- Mig29SMT(သို့) Mig29M
၂-Mig35
၃-JH-7
၎-JF-7
၅-Su-30M (သို့) J11B တို့ကို ရွေးချယ်လိုက်ပါတယ်။

နံပတ် ၅- Su-30M (သို့) J11B

 

ကမ္ဘာကျော် နက္ခတ်ဗေဒပညာရှင် Jonathan Cainer ၏ ၂၀၁၄ ခုနှစ်အတွက် ဟောစာတမ်း


AQUARIUS ကုမ်ရာသီဖွား (ဇန်န၀ါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူ)
=================

ကုမ်ရာသီဖွားအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ထိ ကံကောင်းစေသော နှစ်တွေပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ကုမ်ရာသီဖွားအားလုံးဟာ အမှန်တရားလက်ကိုင်ထားဆောင် ရွက်ရမယ့် နှစ်လဲဖြစ်ပါတယ်။ ကုမ်ရာသီဖွားတွေ အစွဲအလန်းကြီးသူများဖြစ်ကြပြီး ဒီနှစ်အတွက် ကိုယ်ပိုင် စိတ်ကူး၊ အကြံဥာဏ်ဖြင့် ဆောင်ရွက်ခြင်းတွေထက် တပါးသူရဲ့ စိတ်ကူး၊ အကြံဥာဏ်တွေက ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ရရှိစေမှာဖြစ်ပါတယ်။
ကုမ်ရာသီဖွားတွေဟာ အစွဲအလန်းကြီးသူများဖြစ်ကြပါတယ်။ ဒီနှစ်မှာ စကားပြောဆင်ခြင်သင့်ပြီး စကားပြော မှား၍ ပြသာနာဖြေရှင်းရ တတ်ပါတယ်။ ဒါကြောင့် ကုမ်ရာသီဖွားတွေအတွက် ထင်မြင်ချက်ဖြင့် ဇွတ်တရွက် လုပ်ဆောင်ရန်မသင့်ပါ။ မိမိထင်မြင်ချက်ဖြင့် လုပ်ဆောင်မှုတွေကြောင့် အမှားအယွင်းတွေ တွေ့ကြုံနိုင်ပါတယ်။ မဆင်မခြင်မပြုလုပ်သင့် ပင်မယ့် အရေးကြီးကိစ္စတွေမှာ ရဲရဲရင့်ရင့်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ မလုပ်ချင်တဲ့ အရာမျိုးကို လုပ်ကိုင်နေရလင့်ကစား ထိုအခြေအနေအတွင်းကပင် မိမိအတွက် အခွင့်အရေး ပေါ်ပေါက်နိုင်သော အခြေအနေမျိုးရရှိနိုင်သည်။

PISCES မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၂၀ရက်အတွင်းမွေးဖွားသူ)
======================

ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းသင့်သော ကာလဖြစ်ပါသည်။ မိမိဆုံးဖြတ်ချက်ဖြင့် အရာရာကို လုပ်ဆောင်သင့် သော ကာလဖြစ်ပါတယ်။ မိန်ရာသီဖွားတွေအတွက် ပြသနာနဲ့တွေ့ကြုံရင် ဘာဖြစ်မှာလဲဆိုတဲ့ စိုးရိမ်စိတ်မထား ဘဲ မလုပ်နိုင်ပါဘူးလို့ပြောမယ့်အစား ပြသနာရှိရင် အဖြေရှိတယ်၊ ဖြေရှင်းနိုင်တယ် ဆိုပြီး ပေါ့ပေါ့ပါးပါး ဆောင်ရွက်သင့်သော ကာလဖြစ်ပါတယ်။ အဖြေရှာပြီး အေးအေးဆေးဆေး ဖြေရှင်းခြင်းဖြင့် အောင်မြင်နိုင် မှာဖြစ်ပါတယ်။ မိန်ရာသီဖွားတွေဟာ အရာရာကို မိမိကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို နှစ်သက်ပြီး တီထွင်ကြံဆနိုင်သူများလည်းဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုသူများလည်းဖြစ်ပါတယ်။
မိန်ရာသီဖွားတွေဟာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် လေးလေးနက်နက်ဖြင့် လုပ်ဆောင်တတ်သူများဖြစ်ကြပြီး ဒီနှစ်အတွက် ယတြာအနေဖြင့် “ငါသိတယ် ငါလုပ်နိုင်တယ် ငါဟာ အရာရာကို အောင်မြင်နိုင်တယ်” ဆိုပြီးကြိမ်ဖန်များစွာ ရွတ်ဆိုနေရမှာဖြစ်ပါတယ်။ ဒီနှစ်ဟာ မိန်ရာသီဖွားတွေအတွက် ကံတရားက အကောင်းဆုံးအရာတွေ ရရှိစေနိုင်မယ့် နှစ်လဲဖြစ်ပါတယ်။

အနုပညာ ပျိုးခင်းကို မျက်နှာပျက်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး အိချောပို

အနုပညာ ပျိုးခင်းကို မျက်နှာပျက်မယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး အိချောပို

မေတ္တာသင်္ဂဟ အဖွဲ့ဝင်ဖြစ် တာက လေးလလောက်ပဲ ရှိသေး တယ်။ အရင်ကတည်းက ကိုခန့်က ပြောပါတယ်။ အိချော ကိုယ်တိုင်က လည်း ပရဟိတကို လုပ်ချင်တယ်။ ဒါပေမဲ့ ကားရိုက်တွေ လည်းရှိတဲ့ အတွက် မလုပ်ဖြစ်ဘူး။ အိချောက ပရဟိတ လုပ်ရတာ အရမ်းဝါသနာ ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အ ရမ်းလိုအပ်နေတဲ့ လူတွေကို လှူလိုက်ရတဲ့ အတွက် ကိုယ့်မှာလည်း ပီတိဖြစ်တယ်။ သူတို့အတွက်လည်း အရမ်းကို စိတ်ချမ်းသာမှာပဲလေ။ အိ ချောတို့ မိသားစုအနေနဲ့ကတော့ အလှူဆိုရင် ဘုရားတည် တာတို့ဘာ တို့တော့ ရှိပါတယ်။ ပြီးတော့ လမ်းမှာ လည်း ကြုံရင်ကြုံသလို လိုအပ်ရင် လှူပေးဖြစ်တာလေးတွေ ရှိပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်မှာ ဘယ်လိုကာရိုက် တာမျိုး တွေအရိုက်များလဲဆိုတဲ့ အပေါ် အိချောဆီရောက်လာတဲ့ ဇာတ်တွေ က ဇာတ်အိမ်တော်တော် ကြီးတဲ့ ဒရာမာတွေ။ တကယ့်အိမ် ထောင် ရေး ဇာတ်တွေလာတာများ တယ်။
တချို့ဇာတ်ကားတွေဆိုရင် အိချော တော်တော်ကြိုးစားရတဲ့ ဇာတ်ပုံစံ မျိုးတွေရှိတယ်။ အနု ပညာပျိုးခင်းနဲ့ စာချုပ်ကတော့ ပြည့် သွားပါပြီ။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် ထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော် သမ္မတရုံး
(အမိန့်အမှတ်၊ ၅၁/ ၂၀၁၃)
၁၃၇၅ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်
(၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်)
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်

၁။ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်စေရေး အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထား မှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော် ၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင် ပြောင်းလဲစေရေး အတွက် လည်းကောင်း နိုင်ငံတော် သမ္မတသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က)အရ ဤအမိန့်ကို ထုတ်ပြန် လိုက်သည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နှင့် ထိုနေ့ မတိုင်မီ အပိုဒ် (၃)ပါ ပြစ်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ -

(က) ပြစ်ဒဏ်ချမှတ်ခြင်း ခံနေရသူ အားလုံးကို ပြစ်ဒဏ် လွတ်ငြိမ်း ခွင့်ပြုလိုက်သည်။

ရုရှား ဆောင်းရာသီ အိုလံပစ်ပွဲ မကျင်းပမီ ဗုံးရက်ဆက်ပေါက်ကွဲ

ရုရှားနိုင်ငံ တောင်ပိုင်း ဘော်ဂိုဂရတ်မြို့မှာ ဒီနေ့ ဗုံးတလုံး ထပ်မံပေါက်ကွဲမှုအတွင်း လူ အနည်းဆုံး ၁၀ ဦး သေဆုံးသွားပြီး ၂၃ ဦးကို ဆေးရုံပို့လိုက်ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၉ ရက်နေ့တုန်းလည်း ဘောဂိုဂရတ်မြို့မှာပဲ ဘူတာရုံမှာ အသေခံဗုံးခွဲမှုအတွင်း လူအနည်းဆုံး ၁၇ ယောက်သေဆုံးခဲ့ပြီး ၃၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

ရုရှားမှာ ဆောင်းရာသီ အိုလံပစ်ပွဲတော် ကျင်းပဖို့ ရက် ၄၀ ပဲ ကျန်တောတဲ့အချိန်မှာ ဗုံးတွေ ရက်ဆက်ပေါက်ကွဲနေတာပါ။
ဗုံးပေါက်ကွဲသွားတဲ့ ထရော်လီ ဘက်စ်ကားကို နိုင်ငံပိုင်ရုပ်သံက ပြသပါတယ်။ အကြမ်းဖက် သမားတွေရဲ့ လုပ်ရပ်အဖြစ် အာဏာပိုင်တွေက ပြောပါတယ်။ လောလောဆယ် ဘယ်အဖွဲ့ကမှ တိုက်ခိုက်မှုတွေကို တာဝန်ယူပြီး ကြေညာတာ မရှိသေးပါဘူး။

စက်လှေမှောက်၍ ကျောက်ဖြူတွင် အမျိုးသမီး ၁၇ ဦး သေဆုံး


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ကျောက်ဖြူမြို့နှင့် ရှစ်မိုင်ခန့် ဝေးကွာသည့် ဆင်ဘုတ် ကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာမှ ထင်းခုတ်၍ ပြန်လာသည့် စက်လှေသည် ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းက တိမ်းမှောက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့ကြောင်း ကျောက်ဖြူ မြို့မရဲတပ်ဖွဲ့ စခန်းမှူးက ပြောကြားသည်။

ယင်းစက်လှေ၌ ထင်းခုတ်သွားရန် လိုက်ပါသွားသူ ၄၉ ဦးအနက် စက်တပ်ရေယာဉ်၏ စက်ခန်းအနီးတွင် လိုက်ပါလာသူ ၁၅ ဦးနှင့် အခြားနှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူများ၏ အလောင်းများကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြန်ရရှိခဲ့ရာ ယင်းနေ့တွင် ၁၆ ဦးကို သင်္ဂြိုဟ်ခဲ့ပြီး ကျန်တစ်ဦးကို ၂၉ ရက်နေ့တွင် သင်္ဂြိုဟ်ကြောင်း ၎င်းကဆိုသည်။

ယင်းလှေပေါ်တွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၄၀ ဦး လိုက်ပါလာသည်။
“ထင်းတွေကို ဝမ်းဗိုက်ထဲ မထည့်ဘူး။ ခေါင်းမိုးပေါ် တင်လာတယ်။ စက်လှေ ဝိတ်မမျှတော့ ရွာကိုရောက်ဖို့ နှစ်မိုင်အလိုမှာ လူးပြီးမှောက်တယ်” ဟု စခန်းမှူးက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စက်လှေပိုင်ရှင်ကို ပြစ်မှုဆိုင်ရာ ပုဒ်မ ၂၈၀/၃၀၄ - (က) နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။


The Voice Weekly

ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီး ပေါက်ကွဲမှုဖြစ်ပွား ကိုရင် တစ်ပါး ပျံလွန်တော်မူ ၊ တစ်ပါး ဒဏ်ရာရ

မိုင်းစထိမှန် ပျံလွန်တော်မူသော ကိုရင် ရှင်နေ၀ိန္ဒ
မိုင်းစထိမှန်ဒဏ်ရာရရှိသော ကိုရင် ရှင်စိဏ္ဏာ
ကွတ်ခိုင် ၊ ၃၀-၁၂-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင် မြို့နယ် ၊ မုံးစီးကျေးရွာ ၏ အရှေ့ မြောက်ဘက် ဝေဠုဝန် ဘုန်းတော်ကြီး ကျောင်းနှင့် ၀ိန်းခေါင် ကျေးရွာသွား လမ်းခွဲ အနီးတွင် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၅၅ မိနစ် ခန့်က ကြွပ်ကြွပ်အိတ် ဖြင့် ထုပ်ပြီး အ၀တ်ဖြင့် ပတ်ထားသော အထုပ် တစ်ထုပ်အား ဝေဠုဝန် ဘုန်းတော်ကြီး ကျောင်းမှ ကိုရင် နှစ်ပါးမှ တွေ့ရှိခဲ့ရာ ကိုရင် တစ်ပါးမှ ကောက်ယူသဖြင့် အဖော် ပါလာသူ ကိုရင်မှ မယူဘဲ ပြန်ချရန် ပြော၍ ပြန်ချခဲ့ရာ ၄င်းနေရာတွင် ပင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။

မြန်မာယူ ၂၂ အသင်း နည်းပြချုပ် ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ်ခ်ျနှင့် တွေ့ဆုံခြင်း


အာရှဖလား ယှဉ်ပြိုင်ခွင့် ရရှိထားသည့် မြန်မာ ယူ ၂၂ အသင်း၏ စုဖွဲ့မှု အနေအထားအရ အာရှဖလား အုပ်စုပြိုင်ပွဲတွင် အောင်မြင်နိုင်မှု အနေအထားနှင့် ပြင်ဆင်မှုများ ဆောင်ရွက်ထားမှုကို သိရှိနိုင်စေရန် မြန်မာယူ ၂၂ အသင်း၏ နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်မည့် ဂျာမနီ နိုင်ငံသား ဂတ်ဖရိုင်းဒရစ်ခ်ျနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။
Voice  :  ပထမဆုံးအနေနဲ့ မြန်မာ ယူ ၁၉ အသင်းကနေ ယူ ၂၂ ကို ကိုင်တွယ်ခွင့်ရခဲ့တဲ့ ခံစားချက်က ဘာဖြစ်မလဲ။

GFD  :  ကျွန်တော့်အနေနဲ့ အခုမြန်မာယူ ၁၉ အသင်းကနေ ယူ ၂၂ ကို အပြီး ပြောင်းလိုက်တာ မဟုတ်ပါဘူး။ ယူ ၂၂ ကို တွဲပြီး ကိုင်တွယ်တာပါ။ ဒီအခု ရွေးချယ်ထားတဲ့ ကစားသမား၂၇ ဦးထဲမှာ ၂၀ လောက်က ယူ ၁၉ အသင်းက ကစားသမားတွေ။ ကိုယ်နဲ့ ရင်းနှီးပြီးသား (အထာသိတဲ့) ကစားသမားတွေ အများစု ပါဝင်နေလို့ ဒီအသင်းကို တွဲကိုင်ရတာဆိုတော့ အဆင်ပြေပါတယ်။

Voice  :  အခုကိုင်တွယ်ရမယ့် ယူ ၂၂ အသင်းက မကြာခင် ယှဉ်ပြိုင်ရမယ့် အာရှအဆင့် ပွဲကြီးဆိုတော့ အသင်းအပေါ်မှာရော ဖိအားတွေ ရှိနေမလား။

GFD  :  ကျွန်တော့်ရဲ့အသင်းမှာ ဖိအား လုံးဝမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းနဲ့ ရင်ဆိုင်ရမယ့် အသင်းတွေက အာရှဘောလုံး အင်အားကြီး အသင်းတွေ ဖြစ်လို့ပါ။ ကျွန်တော်တို့က ဆုဖလားရဖို့အထိ မှန်းထားတဲ့ အသင်းလည်း မဟုတ်တော့ ကစားသမားတွေမှာ ချန်ပီယံဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ဖိအားမရှိဘဲ လွတ်လွတ်လပ်လပ် ကစားနိုင်တယ်။ အတွေ့အကြုံတွေလည်း အများကြီးရမယ်။ ကိုယ်တွေအသင်းက ကြီးကြီးမားမား မျှော်မှန်းမထားလို့ ကစားသမားတွေ အနေနဲ့ ဖိအားကင်းကင်းနဲ့ ကစားနိုင်မှာပါ။ ပြိုင်ပွဲမှာတွေ့မယ့် အသင်းတွေကလည်း ကိုယ့်ထက်ကောင်းတဲ့ အသင်းတွေဖြစ်လို့ မြန်မာကို အထင်သေးပြီး ကစားကြမှာပါ။ အဲလိုဆိုတော့ ကျွန်တော်တို့ရဲ့ ကစားပုံတွေ ပိုကောင်း လာနိုင်ပါတယ်။

အရက်အတူသောက်သူကိုသတ်ပြီး ဇနီးကိုပါ သတ်ရန်ကြိုးပမ်းသူ ဖမ်းမိ

ချောင်းကမ်းနံဘေးတွင် အရက်အတူတူသောက်ရာမှ စကားများရန်ဖြစ်ရင်း သောက်ဖော်သောက်ဖက်ကို တုတ်ဖြင့် ရိုက်သတ်ကာ သေသူ၏ဇနီးသည်ကိုပါ ထပ်မံသတ်ရန် ကြိုးစားသူကို တစ်ရက်အတွင်း ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။

ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာ၊ ရွာမချောင်းအနောက်ဘက်တွင် ဒီဇင်ဘာ ၂၈ ရက် ညနေက အမျိုးသားနှစ်ဦး အရက်အတူတူသောက်နေရင်း စကားများပြီးရန်ဖြစ်ကာ အပြန်အလှန်ရိုက်နှက်ကြရာ အမူးလွန်နေသူမှာ ဒဏ်ရာပိုရပြီး သေဆုံးသွားကြောင်း ကော့မှူးမြို့မရဲစခန်းမှ ဒုရဲမှူးကပြောသည်။

““တခြားလူမှုရေးပြဿနာမရှိဘူး။ နှစ်ယောက်တစ်ယောက်ဆိုတော့ ယောက်ျားကို ရိုက်သတ်ပြီးတော့ နင့်ကိုလည်းသတ်မယ်လုပ်တာနေမှာ။ ဒီမနက်ဆယ်နာရီခွဲမှာပဲ တရားခံကို ပိတ်ဆို့ဖမ်းတာ မိတော့ ၀န်ခံပါတယ်””ဟု အဆိုပါဒုတိယရဲမှူးက ဒီဇင်ဘာ ၂၉ ရက်တွင်ပြောသည်။

Sunday 29 December 2013

မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်သစ်ခိုးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦး နယ်စပ်လုံခြုံရေးများ ပစ်ခတ်မှုကြောင့် သေဆုံး


မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င်ဝင်ရောက်ကာ သစ်ခိုးသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးအား ဒီဇင်ဘာ ၂၅ ရက်က နယ်စပ်လုံခြုံရေး တာဝန်ယူထားသော လုံထိန်းရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့မှုကြောင့် ဒဏ်ရာရသေဆုံးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီသို့မေးမြန်းခဲ့ရာ "ကျွန်တော်တို့ဆီကိုတော့ သတင်းတက်မလာသေးဘူး။ ဒါကလုံခြုံရေးအပိုင်းဖြစ်တယ်။ ဘယ်လိုဖြေရှင်းမယ်ဆိုတာ ကျွန်တော်တို့ဆီကို သတင်းရောက်မှ ထုတ်ပြန်လို့ရမှာဖြစ်ပါတယ်" ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့သည်။

ယင်းသို့ပစ်ခတ်ရခြင်းသည် နယ်စပ်လုံခြုံရေးအရသာဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်းသို့ခိုးဝင်ကာ ခြံစည်းရိုးများကို ဖြုတ်ယူခြင်း၊ သစ်များ ခိုးထုတ်ခြင်းများသည် မြန်မာနိုင်ငံ၏လုံခြုံရေးကို ထိပါးစေသဖြင့် ပစ်ခတ်ခြင်းသာ ဖြစ်နိုင်ကြောင်းနှင့် ယင်းသို့ပစ်ခတ် ထိန်းသိမ်းကာကွယ်နိုင်မှသာ လုံခြုံရေးအရ ကာကွယ်နိုင်မည်ဖြစ်ကြောင်းလည်း နယ်စပ်တောင်ပြိုမြို့နယ်ခွဲမှ
ဒေသခံတစ်ဦးက ပြောကြားသည်။

အကယ်ဒမီပွဲကြီးကို ဆီးဂိမ်းပွဲကြီးလိုခမ်းနားစေချင်သူ စင်ကာပူနိုင်ငံသား မစ္စတာ ဘရိုင်ယန်နှင့် တွေ့ဆုံခြင်း

၂ဝ၁၂ ခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ အကယ်ဒမီဗန်းကိုင်အနေနဲ့ ဆောင်ရွက်သွားမယ့် ဗန်းကိုင် အလှမယ် ၈ ဦးကို အကယ်ဒမီ မို့မို့မြင့်အောင်နဲ့ အတူ စင်ကာပူ နိုင်ငံသား မစ္စတာ ဘရိုင်ယန်က အနီးကပ်လေ့ကျင့် သင်ကြား ပေးလျက်ရှိပါတယ်။ မစ္စတာ ဘရိုင်ယန်က စင်ကာပူနိုင်ငံမှာ Creative Director တစ်ဦး
အနေနဲ့အသက်မွေးလုပ် ကိုင် နေတာဖြစ်ပြီး မြန်မာနိုင်ငံ ကို ရောက်ရှိနေတာကတော့ ၁၇ နှစ်နီးပါးအထိ ရှိနေပြီလို့ သိရပါတယ်။

ဒါကြောင့် မစ္စတာ ဘရိုင်ယန်ကို မြန်မာ့ရုပ်ရှင်
အကယ်ဒမီထူးချွန်ဆု အခမ်း အနားနဲ့ပတ်သက်ပြီး မေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး- ဘာလို့ အကယ်ဒမီဗန်းကိုင်တွေကို အခုလိုလာရောက် သင်ကြားပေးဖြစ်နေတာလဲဆိုတာကို သိချင်ပါတယ်။

► ကျွန်တော့်ကို မမို့ (မို့မို့မြင့် အောင်)က အကူအညီတောင်း လာတဲ့အတွက် ကျွန်တော် လာပြီးတော့ သင်ကြားပေးဖြစ် နေတာပါ။ အဓိကကတော့ မမို့ကပြောတယ်။ အရင် အကယ်ဒမီတွေတုန်းကလို သစ်သားတုံးကြီးတွေလို တောင့် တောင့်ပုံကြီးတွေ မဖြစ်စေချင် တော့ဘူးတဲ့။

အဲဒါကြောင့် သူတို့တွေရဲ့ လမ်းလျှောက် ဟန်အနေအထားတွေကို
ပို ယုံကြည်မှုရှိပြီး စမတ်ကျစေဖို့ အတွက်ကို အဓိကသင်ပြပေး သွားပါမယ်။သူတို့ရဲ့ ပြုံးဟန် တွေကအစပေါ့။

မေး- မြန်မာပြည်မှာ နေလာ တာ ၁၇ နှစ်နီးပါးရှိနေပြီ ဆိုတော့ အကယ်ဒမီ ဆုပေးပွဲ အကြောင်း ကို ဘယ်လောက် အထိ သိပါသလဲ။ အကယ်ဒမီပေးပွဲကို ကြည့်ဖူးလား။

သင့်အနားမှာ အလွယ်တကူရနိုင်မယ့် အစားအစာတွေနဲ့ ပဲ အရက်နာကျခြင်းကို ကုသလိုက်ပါ

ခင်ဗျားတို့ ညက အရမ်းပျော်ခဲ့ကြတယ်ဟုတ်။ အခု အဲဒီ့အတွက် ခင်ဗျားပြန်ပေးဆပ်နေရပြီလား။ အားလပ်ရက် ဆိုတာ အရက်သေစာကြိုက်သူတွေအတွက် အကောင်းဆုံးရက်တွေပေါ့။ ချမ်းအေးတဲ့ရာသီလည်းဖြစ် ၊ အားလပ်ရက်တွေကလည်းများ၊ အဖော်အပေါင်းတွေကလည်း စုံကြပြန်တော့ ညတွေမှာ အလွန်အကျွံသောက်မိ ဖို့ ဆိုတာမဆန်းပါဘူး။ ဒါပေမယ့် မနက်ရောက်ရင် ခံစားရတဲ့ အရက်နာကျတယ်လို့ ခေါ်ကြတဲ့ ခံစားမှုကိုတော့ ဘယ်သူမှ နှစ်သက်ကြမှာမဟုတ်ပါဘူး။ ဒီအရက်နာကျမှုကို သက်သာစေမယ့် အစားအစာတွေကို ရှာဖွေကြည့် ရအောင်။
၁။ ဥ များ
ဥတွေဆိုတာ အကောင်းဆုံး အဆိပ်အတောက်ဖြေနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဗိုက်တာမင် ဘီဓာတ် များတဲ့ အစားအစာဖြစ်တဲ့ ဒီ ဥ (ကြက်ဥ၊ဘဲဥအစရှိသဖြင့်) တွေဟာ အရက်နာကျရင်ခံစားရတဲ့ လက္ခဏာ တွေကို သက်သာစေတယ်လို့ ဆေးဘက်ဆိုင်ရာလေ့လာမှုတစ်ရပ်က တွေ့ ရှိခဲ့ပါတယ်။ ဒါ့အပြင် အာဟာရဓာတ် အမြောက်အမြားနဲ့ ရေဓာတ်ပါဝင်တဲ့ ဒီအစားအစာဟာ ကုန်ဆုံးသွားတဲ့ အားအင်တွေကိုလည်း အလျင်အမြန် ပြန်လည်ဖြည့်တင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

ညည့်နက်ချိန် ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ များပြား


ညအိပ်ရာ ဝင်ချိန် နောက်ပိုင်းတွင် လက်ကိုင်ဖုန်း အသုံးပြုသော ဆယ်ကျော်သက် များဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီများက တွေ့ရှိ ခဲ့ကြပါ တယ်။

အိပ်ရာ ဝင်ပြီးနောက်မှာမှ လက်ကိုင်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ ဖုန်းပြောခြင်း တို့ကို ပြုလုပ်သော ဆယ်ကျော်သက် များဟာ အိပ်ရေးပျက် သည့်အပြင် စိတ်ကျန်းမာရေး ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေ များကြပါတယ်။

အရက်၊ မူးယစ် ဆေးဝါးသုံးသည့် ဆယ်ကျော်သက် ဖြစ်ပါက မိမိကိုယ်ကို ဒုက္ခရောက်အောင် ပြုလုပ်နိုင်ခြေ ပိုမိုမြင့်မား တယ်လို့ သိရပါတယ်။ သုတေသီ များရဲ့ သုံးသပ်ချက် ကတော့ ညဥ့် နက်ချိန် လက်ကိုင်ဖုန်း အသုံးပြုခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်တာ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်တဲ့ ဆယ်ကျော်သက် များဟာ ညဘက် မအိပ်ဘဲ လက်ကိုင်ဖုန်း အသုံးပြုကြတာ ဖြစ်ပါတယ်။

အမေရိကန် မိကျောင်းများနှင့် မြန်မာ့စပါးအုံးတို့၏ နယ်မြေလုစစ်ပွဲ


အမေရိကန် မိကျောင်းများနှင့် မြန်မာ့စပါးအုံးတို့၏ နယ်မြေလုစစ်ပွဲ မြန်မာ့မျိုးရင်း စပါးအုံးမြွေများသည် သဘာဝ ဥယျာဉ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားသည့် အဲဗားဂလိတ်၏ ဂေဟစနစ်ကို ကြီးကြီးမားမား ခြိမ်းခြောက်လာနေသလို အဲဗားဂလိတ်၏ အထွဋ်အထိပ် ကြီးစိုးသူများအဖြစ် သတ်မှတ်ထားသည့် အမေရိကန် မိကျောင်းများနှင့်ပါ အားပြိုင်လာနေပြီ ဖြစ်သည်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါရှိ နာမည်ကျော် အဲဗားဂလိတ် သဘာဝ ရွှံ့နွံတောကြီးအတွင်း မြန်မာ့မျိုးရင်း စပါးအုံးမြွေများ ကျူးကျော်ဝင်ရောက်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တာဝန်ရှိသူများ  အခက်ကြုံနေရသည်။ အဆိုပါ စပါးအုံးမြွေများသည် သဘာဝ ဥယျာဉ်ကြီးတစ်ခုအဖြစ် သတ်မှတ်ထားသည့် အဲဗားဂလိတ်၏ ဂေဟစနစ်ကို ကြီးကြီးမားမား ခြိမ်းခြောက်လာနေသလို အဲဗားဂလိတ်၏ အထွဋ်အထိပ် ကြီးစိုးသူများအဖြစ် သတ်မှတ်ထားသည့် အမေရိကန် မိကျောင်းများနှင့်ပါ အားပြိုင်လာနေပြီ ဖြစ်သည်။ အဲဗားဂလိတ်ကို ထိန်းသိမ်းစောင့်ရှောက်သည့် ဝန်ထမ်းများက မြန်မာ့မျိုးရင်း စပါးအုံးများကို နှိမ်နင်းရန် အစီအစဉ်သည် မိမိတို့အတွက် အောင်နိုင်ခြေ မရှိသော တိုက်ပွဲကို ဆင်နွှဲနေရခြင်းနှင့် တူနေကြောင်း ဝန်ခံထားသည်။

ယခုသီတင်းပတ် အစောပိုင်းကမူ အဲဗားဂလိတ် အမျိုးသားဥယျာဉ်၏ Facebook ဝက်ဘ်ဆိုက် စာမျက်နှာတွင် မိကျောင်းတစ်ကောင်က စပါးအုံးမြွေ တစ်ကောင်ကို သတ်ဖြတ်ကိုက်ခဲထားသည့် ဓာတ်ပုံကို လွှင့်တင်ထားခဲ့သည်။ အဲဗားဂလိတ်၏ အဏ္ဏဝါဘုရင်များဖြစ်သည့် မိကျောင်းများသည် စပါးအုံးမြွေများနှင့် ရင်ဆိုင်ရာတွင် များသောအားဖြင့် အနိုင်ရတတ်သော်လည်း တစ်ခါတစ်ရံတွင်လည်း မြွေများက အသာစီးရသွားတတ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

ချောင်းသာကမ်းခြေမှာBeach Wedding ပွဲကျင်းပမယ်လို့ဆိုတဲ့ ချစ်သုဝေ


၂ဝ၁၄မှာ မင်္ဂလာဆောင်တော့မယ့် နာမည်ကြီးအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်၊ အဆိုတော်ချစ်သုဝေလည်း ပါဝင်နေပါတယ်။ မကြာခင် နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲကို ၃ပွဲ စီစဉ်ကျင်းပမယ်လို့ ကြားနေရပြီး ရက်အတိအကျ ကိုတော့ပရိသတ်တွေကို အသိပေးပါ့မယ်လို့ ချစ်သုဝေ က ပြောပါတယ်။ အဆို တော်လင်းလင်းနဲ့ ချစ်သုဝေတို့က မင်္ဂလာဦး ဆွမ်းကျွေးနဲ့ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ မင်္ဂလာပွဲကျင်းပ မှာဖြစ်ပြီး ချောင်းသာကမ်းခြေမှာလည်း မင်္ဂလာပွဲကို ထူးထူးခြားခြား ကျင်းပဆင်နွှဲမယ်လို့ ကြားသိရတာကြောင့် မေး ကြည့်တော့ချစ်သုဝေက "ချောင်းသာမှာမင်္ဂလာပွဲကျင်းပဖြစ်တာကတော့ ထရီဇာ တို့နဲ့ တအား ရင်းနှီးတဲ့ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဲဒီပွဲကပို လုပ်ဖြစ် မှာပါ။ထရီဇာတို့သိကျွမ်းတဲ့မိတ်ဆွေတွေကတအားများတဲ့အတွက် Church
ပွဲကတော့ နှစ်ဖက်စလုံး သိကျွမ်းတဲ့အသိမိတ်ဆွေ တွေအားလုံးကို ဖိတ်
မယ်။ ဒီချောင်းသာ ပွဲလေးက ခရီးလည်းသွားရမယ်။ မင်္ဂလာပွဲတစ်ရက် အသွားအပြန်နှစ်ရက်၊ အားလုံးပေါင်း ၃ရက်ဆိုတော့ အချိန်လည်းေ ပးနိုင်မယ့် ထရီဇာတို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုခေါ်သွား မယ့်သဘောပေါ့။ Church ပွဲမှာ ကူညီမယ့်သူတွေ၊ Church ပွဲ မှာ
enjoy မလုပ်နိုင်ဘဲ ထရီဇာတို့ အတွက်လိုက်ပြီးကူညီနေရမယ့် ဓာတ်ပုံ ဆရာတွေ၊ ကင်မရာ မင်းန်တွေ၊ ထရီဇာတို့ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ၊ မိတ်ကပ်ဆရာတွေ၊ သူတို့တွေ အားလုံးပျော်ရွှင်ဖို့ အတွက်ပါ။

ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် ဓာတ်လှေကား ချို့ယွင်းရာမှ နှလုံးရောဂါ လူနာတစ်ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

လမ်းမတော်မြို့နယ် ပြည်လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ခုတင် ၂၀၀ ဆံ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံ) ၌ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁နာရီ ၂၀ ခန့်က ဓာတ်လှေကား စက်ချို့ယွင်းရာမှ အသက် ၂၆ နှစ်အရွယ် နှလုံးရောဂါလူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ဆေးရုံအုပ်ကြီး ဒေါက်တာမြသောင်းက ပြောကြားသည်။

အဆုတ်ရေဝင်ခြင်းနှင့် နှလုံးဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသူ ကိုအောင်ဇော်မျိုးမှာ အဆိုပါဆေးရုံ ဒုတိယထပ်တွင် ဆေးဝါးကုသမှု ခံယူနေကြောင်း၊ ၎င်းသည် လူနာတင်လှည်းဖြင့် မိသားစုဝင် နှစ်ဦးနှင့် အတူ မြေညီထပ်တွင် CT Scan ၏ စစ်ဆေးမှု ခံယူပြီးနောက် ဓာတ်လှေကားဖြင့် ပြန်တက်လာစဉ် ဓာတ်လှေကား စက်ချို့ယွင်းရာမှ သေဆုံးခဲ့ကြောင်း ဒေါက်တာမြသောင်းက ရှင်းပြသည်။

ကိုအောင်ဇော်မျိုး ဆေးဝါးကုသနေသော ဒုတိယထပ် အရောက်တွင် ဆေးရုံဝန်ထမ်းတစ်ဦးက လူနာတင်လှည်းကို ဓာတ်လှေကားတွင်းမှ အပြင်သို့ ထုတ်နေချိန် ဓာတ်လှေကား စက်ချို့ယွင်းကာ ယင်းအထပ်တွင်ပင် ဓာတ်လှေကားအပေါ်သို့ အတော်မြင့်တက် သွားကြောင်း၊ ယင်းကဲ့သို့ ဖြစ်ပွားချိန် လူနာတင်လှည်းမှာ ဓာတ်လှေကား တံခါးဖြင့် ညပ်ပါသွားခဲ့ပြီး ဒုတိယထပ် ဓာတ်လှေကား ဝင်ပေါက် ထွက်ပေါက်တံခါးနှင့် လေးလက်မ အလိုတွင် ရပ်တန့်သွားရာမှ လူနာ သေဆုံးခဲ့ကြောင်း၊ ၎င်းသေဆုံးသူသည် ဒူးခေါင်းနှစ်ဖက် ပွန်းပဲ့ဒဏ်ရာများလည်း ရရှိကြောင်း လမ်းမတော်မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

နယ်နိမိတ် လွန်ဆွဲမှုများနှင့် မြန်မာ-အိန္ဒိယ နယ်စပ် ခြံစည်းရိုးပြဿနာ....( မြတ် (ကလေး))



မြန်မာနှင့်အိန္ဒိယ နှစ်နိုင်ငံနယ်နိမိတ် အတွင်း ၂၀၁၃ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းက တိုင်းတာမှု မပြုရသေးသော အငြင်းပွားမြေနေရာတွင် အစိုးရဌာနဆိုင်ရာ အဆောက်အအုံ တည်ဆောက်ရန် အိန္ဒိယနိုင်ငံ ဘက်မှ မြေညှိခြင်းများ ပြုလုပ်လာခဲ့သဖြင့် မြန်မာဘက်က ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း ဆက်လက် ပြုလုပ်နေသောကြောင့် နယ်စပ်အခြေအနေမှာ တင်းမာလာခဲ့သည်။ နှစ်ပေါင်း ၄၀ ကျော် ကြာခဲ့ပြီဖြစ်သော နယ်စပ်ပြဿနာမှာ ယခုအခါ အဆိုးဝါးဆုံး အခြေအနေအထိ တင်းမာလာခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ နယ်စပ်အရေး လေ့လာနေသူများက ဆိုသည်။
အိန္ဒိယအစိုးရက ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းတွင် ကျင့်သုံးလာခဲ့သော အရှေ့မျှော်ဝါဒ (Look East Policy) ၌ အပါအဝင် ဖြစ်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ဂိတ်အမှတ် (၁) တည်ရှိရာ မဏိပူရ်ပြည်နယ် မိုရေးမြို့နှင့် နန်းဖာလုံဈေး တို့အကြားတွင် ၂၀၁၅ ခုနှစ် ပထမလေးလပတ် အပြီး စစ်ဆေးရေးဂိတ် (Integrated Check Post - ICP) တစ်ခု တည်ဆောက်ရန် အတွက် အိန္ဒိယအစိုးရက ပြင်ဆင်ရာမှ မြေနေရာ ရွေးချယ်မှုနှင့် ပတ်သက်ကာ နှစ်နိုင်ငံအကြား တင်းမာမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
၁၉၆၇ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် လက်နက်ကိုင် သူပုန်များ ဖြတ်သန်းမှုအား တားဆီးနိုင်ရန် မြန်မာ-အိန္ဒိယ အစိုးရတို့၏ နယ်စပ်ခြံစည်းရိုး ကာရံရေး သဘောတူညီမှု ရရှိခဲ့ပြီး နှစ်နိုင်ငံ နယ်နိမိတ် ကော်မရှင်ကို ဖွဲ့စည်းကာ ၁၉၆၈-၁၉၆၉ ခုနှစ်တွင် အောင်နိမိတ် စစ်ဆင်ရေးဖြင့် အဆင့် ခုနစ်ဆင့် ခွဲကာ နယ်စပ် နယ်နိမိတ် တိုင်းတာရေး ဆောင်ရွက်ခဲ့ကြသည်။

မျှော်ကြလေပြီ အကယ်ဒမီ.....(သန့်ဇင်ဦး)

အနုပညာရှင်များက အောင်မြင်မှု မှတ်တိုင်တစ်ခုအဖြစ် မျှော်လင့်ကြသော အကယ်ဒမီ၊ ပရိသတ်များက ကိုယ်ချစ်ခင် အားပေးသော အနုပညာရှင်များကို အားပေးဖို့နှင့် ဖက်ရှင်ဒီဇိုင်းများကို လေ့လာဖို့အတွက် စောင့်မျှော် ကြည့်ရှုကြသော အကယ်ဒမီ၊ နာမည်ကျော် ဖက်ရှင် ဒီဇိုင်နာများနှင့် မျက်နှာသစ် ဒီဇိုင်နာများက မိမိတို့၏လက်ရာ ဒီဇိုင်းဆန်းများကို အပြိုင်အဆိုင်၊ ထုတ်ဖော် ပြသခွင့်ရသည့် အကယ်ဒမီ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီမှစတင်ပြီး ရန်ကုန်မြို့တော် သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁) တွင် ကျင်းပတော့မည် ဖြစ်သည်။
၂၀၁၂ ခုနှစ် အကယ်ဒမီ ပေးပွဲမှာ ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာ့ရုပ်ရှင် လုပ်ငန်း နောက်ဆုံး တာဝန်ယူ ချီးမြှင့်ပေးခြင်း ဖြစ်ပြီး နောက်နှစ်မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင် ကျင်းပသွားမည် ဖြစ်သည်။ ယခုနှစ် အကယ်ဒမီ ပေးပွဲအတွက် ဇာတ်ကားများကို အကဲဖြတ်သည့် အဆင့်နှင့် အကယ်ဒမီ ဗန်းကိုင်များ ရွေးချယ်မှုမှအစ အခမ်းအနား အစီအစဉ် တော်တော်များများတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင် အတတ်ပညာရှင်များစွာ ပါဝင်ဆောင်ရွက်ခွင့် ရခဲ့သည်။
ယခုနှစ် အကယ်ဒမီပေးပွဲ အတွက် ၂၀၁၂ ခုနှစ်တွင် ရုံတင်ခဲ့သော ရုပ်ရှင်ဇာတ်ကား ၁၇ ကားကို အကဲဖြတ် ကြည့်ရှုရာတွင် ပထမအဆင့်နှင့် ဒုတိယအဆင့်ဟူ၍ နှစ်ဆင့်ခွဲကာ ကြည့်ရှုခဲ့ပြီး အကောင်းဆုံးဆု ရနိုင်သည့် ဇာတ်ကားနှစ်ကား၊ သရုပ်ဆောင်နှစ်ဦး အပြိုင်ဖြစ်နေမှသာ နာယကများ အဖွဲ့က ဆုံးဖြတ်သည့် စနစ်ဖြင့် ဇာတ်ကားများကို အကဲဖြတ်ခဲ့ကြသည်။

မလေးရှားမှာ ပုန်းခိုနေသူ အလုပ်သမား တွေထံ မြန်မာသံရုံး ကိုယ်စား လှယ်အဖွဲ့ သွားပြီး အားပေး

မလေးရှားနိုင်ငံ ဘရူးနိုင်းနယ်စပ်အနီး ဆာရာဝပ်ပြည်နယ်က မြန်မာအလုပ်သမား ၉၇ ယောက် ပိတ်မိနေတဲ့ စက်ရုံဆီကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိနဲ့ အလုပ်သမားကိုယ်စားလှယ်အဖွဲ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။ တရားဝင်ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအပါအဝင် အလုပ်သမားတွေ မလေးရှားနိုင်ငံတွင်း ဆက်လက် အလုပ်လုပ်ကိုင်နိုင်ခွင့်နဲ့ နေရပ်ပြန်ခွင့်တွေကိုပါ ဆွေးနွေးနေကြပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာအလုပ်သမားတွေနဲ့ အင်ဒိုနီးရှား အလုပ်သမားတွေ အချင်းများရာကနေ အုပ်စုဖွဲ့တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့အတွက် မြန်မာအလုပ်သမားတွေ ပုန်းအောင်းနေရတာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မလေးရှား-ဘရူနိုင်းနယ်စပ် ဆာဘား ဆာရာဝပ်ကို ရောက်ရှိလာပြီဖြစ်တဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးက အလုပ်သမားသံအရာရှိ ဦးစိုးဝင်းဦးဆောင်တဲ့ မြန်မာသံရုံးတာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမား ၉၇ ယောက်တို့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ မလေးရှားစံတော်ချိန် ညနေလေးနာရီမှာ စက်ရုံဝင်းအတွင်းမှာ တွေ့ဆုံပြီး မြန်မာအလုပ်သမားတွေ အသက်အန္တရာယ်လုံခြုံဘေးကင်းမှု၊ အလုပ်လုပ်ကိုင်နိုင်ခွင့် ရေရှည်အာမခံချက် စတာတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့တွေ့ဆုံတဲ့အချိန် အလုပ်သမားတွေရဲ့ လက်ရှိတွေ့ကြုံနေရတဲ့ အခက်အခဲတွေ၊ ဆန္ဒသဘောထားတွေကို မေးမြန်းဆွေးနွေးခဲ့တာမှာတော့ အလုပ်သမားအများစုက မြန်မာပြည် ပြန်လိုကြတဲ့ဆန္ဒရှိတယ်လို့ မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိဦးစိုးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

မြန်မာ့ဟိုတယ် လုပ်ငန်းကဏ္ဍ မယုံကြည်နိုင်ဖွယ် တိုးတက်လာသည်ဟု အမေရိကန် ဟိုတယ်အုပ်စုဆို

Photo: မြန်မာ့ဟိုတယ် လုပ်ငန်းကဏ္ဍ မယုံကြည်နိုင်ဖွယ် တိုးတက်လာသည်ဟု အမေရိကန် ဟိုတယ်အုပ်စုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မြန်မာ့ဟိုတယ်ကဏ္ဍ မယုံကြည်နိုင် လောက်အောင် အံ့အားသင့်ဖွယ် တိုးတက်လာသည်ဟု ကမ္ဘာကျော် အမေရိကန် ဟိုတယ်အုပ်စု Best Western Inter-national မှ အာရှနှင့် အရှေ့အလယ်ပိုင်း စီမံခန့်ခွဲရေးဌာနမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr.Glenn de Souza က ပြောကြားသည်။ 
“မြန်မာ့ ဟိုတယ်ကဏ္ဍက ကျွန်တော်တို့ မျက်စိရှေ့မှာတင် တကယ်ကို မယုံကြည်နိုင် လောက်အောင် အံ့အားသင့်ဖွယ် တိုးတက်လာတာပါ။ အနာဂတ်အတွက် တကယ်ကို ရင်းနှီး မြှုပ်နှံသင့်တဲ့နေရာ ဖြစ်နေပြီ” ဟု Mr. de Souza က ဆိုသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကျော် ဟိုတယ် လုပ်ငန်းအုပ်စု ဖြစ်သည့် Best Western International သည် ရန်ကုန်မြို့တော်တွင် အခန်း ၁၈၉ ခန်း ပါဝင်သော Green Hill ဟိုတယ်ကို ၂၀၁၃ ခုနှစ် မေလမှစတင်၍ စီမံခန့်ခွဲ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

“ဒီမှာ ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ ဟိုတယ်လည်း အောင်မြင်မယ်လို့ ယုံကြည်နေတယ်။ ကျွန်တော်တို့က ဒီမှာအနာဂတ် အလားအလာတွေကို ကြည့်ပြီးဝင်လာတာ။ ရေရှည်ကို ရည်ရွယ်ထားတယ်။ မြန်မာပြည်မှာ ခရီးသွားလုပ်ငန်း ဒီထက် ပိုမိုဖွံ့ဖြိုးလာဖို့” ဟု ၎င်းကဆိုသည်။

Best Western International သည် လာမည့် ၂၀၁၄ ခုနှစ် နှစ်လယ်တွင် နေပြည်တော်၌ ဟိုတယ်သစ်တစ်လုံး ထပ်မံ စတင်ဖွင့်သွားမည် ဖြစ်ပြီး ဟိုတယ်တွင် အခန်းပေါင်း ၂၅၀ ပါဝင်မည်ဖြစ်ကာ နိုင်ငံတကာအဆင့် ကြယ်ငါးပွင့် ဟိုတယ်အဖြစ် တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

ယခု နေပြည်တော်တွင် တည်ဆောက်နေသည့် ဟိုတယ်သည် မြန်မာနိုင်ငံတွင် Best Western Hotel အမည်ဖြင့် ပထမဆုံး ဖွင့်လှစ်မည့် ဟိုတယ်ဖြစ်ပြီး  ပြည်တွင်းရှိ အေဒင်ပဲလေ့စ် ကုမ္ပဏီနှင့် တရားဝင်စာချုပ် ချုပ်ဆို၍ တည်ဆောက်နေခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရှိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၃-၂၁၄ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဦးရေ နှစ်သန်း ဝင်ရောက်ရန် မျှော်မှန်း ထားသော်လည်း ၂၀၁၃ ဒီဇင်ဘာလအထိ ခရီးသွား ဝင်ရောက်မှုမှာ ၁ ဒသမ ၉ သန်းအထိ ရှိနေသောကြောင့် ခန့်မှန်းထားသည်ထက် ခရီးသွား ပိုမိုဝင်ရောက်မည်ဟု ယုံကြည်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ထို့အပြင် အဆိုပါ ကုမ္ပဏီသည် ရန်ကုန်တွင် ထပ်မံ၍ ဟိုတယ် တည်ဆောက်ရန်လည်း စီစဉ်နေပြီး ခရီးသွားဧည့်သည် အလာများသော မန္တလေးနှင့် ပုဂံတွင်လည်း ဟိုတယ် အသစ်များ တည်ဆောက်သွားရန် အစီအစဉ် ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနထံမှ သိရှိရသည်။

“ဟိုတယ်နဲ့ ခရီးသွား လုပ်ငန်းကို နိုင်ငံတကာက သြသာ ဖြစ်နေပြီလို့ကို ပြောနေတာပါ။ တကယ်လည်း တော်တော်ကြီးကို ဖွံ့ဖြိုးလာနေပါတယ်။ ဒီထက်ဖွံ့ဖြိုး လာမယ်လို့ မျှော်လင့်ထားတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာမှ နာမည်ကျော် ဟိုတယ်အုပ်စုများက အဆင့်မြင့် ဟိုတယ်များ အပြိုင်အဆိုင် တည်ဆောက်နေကြပြီး Hilton၊ HAGL၊ Shangri-la၊ Pan-PacificAccor Group က ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးတို့တွင် ဟိုတယ် ခြောက်လုံးတို့ကို တည်ဆောက်နေသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ယခုနှစ် နိုဝင်ဘာလအထိ မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၉၇ ဒသမ ၉၂၁ သန်းအထိ ရှိသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မြန်မာ့ဟိုတယ်ကဏ္ဍ မယုံကြည်နိုင် လောက်အောင် အံ့အားသင့်ဖွယ် တိုးတက်လာသည်ဟု ကမ္ဘာကျော် အမေရိကန် ဟိုတယ်အုပ်စု Best Western Inter-national မှ အာရှနှင့် အရှေ့အလယ်ပိုင်း စီမံခန့်ခွဲရေးဌာနမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr.Glenn de Souza က ပြောကြားသည်။
“မြန်မာ့ ဟိုတယ်ကဏ္ဍက ကျွန်တော်တို့ မျက်စိရှေ့မှာတင် တကယ်ကို မယုံကြည်နိုင် လောက်အောင် အံ့အားသင့်ဖွယ် တိုးတက်လာတာပါ။ အနာဂတ်အတွက် တကယ်ကို ရင်းနှီး မြှုပ်နှံသင့်တဲ့နေရာ ဖြစ်နေပြီ” ဟု Mr. de Souza က ဆိုသည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် နာမည်ကျော် ဟိုတယ် လုပ်ငန်းအုပ်စု ဖြစ်သည့် Best Western International သည် ရန်ကုန်မြို့တော်တွင် အခန်း ၁၈၉ ခန်း ပါဝင်သော Green Hill ဟိုတယ်ကို ၂၀၁၃ ခုနှစ် မေလမှစတင်၍ စီမံခန့်ခွဲ လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်သည်။

“ဒီမှာ ကျွန်တော်တို့ ဖွင့်လှစ်ထားတဲ့ ဟိုတယ်လည်း အောင်မြင်မယ်လို့ ယုံကြည်နေတယ်။ ကျွန်တော်တို့က ဒီမှာအနာဂတ် အလားအလာတွေကို ကြည့်ပြီးဝင်လာတာ။ ရေရှည်ကို ရည်ရွယ်ထားတယ်။ မြန်မာပြည်မှာ ခရီးသွားလုပ်ငန်း ဒီထက် ပိုမိုဖွံ့ဖြိုးလာဖို့” ဟု ၎င်းကဆိုသည်။

မုံရွာမြို့ မာန်အောင်မြင် ကပ်ကျော်စေတီ ရောင်ခြည်တော် ကွန့်မြူးသည်ဆိုကာ လာရောက်ဖူးမြော် သူများပြား

မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ပေပင်တောင်ကျောင်းတိုက်အတွင်း တည်ထားသော မာန်အောင်မြင် ကပ်ကျော်စေတီတော်၌ ဒီဇင်ဘာ ၂၆ ရက် ည ၉ နာရီမှ စတင်၍ ရောင်ခြည်တော်ကွန့်မြူးသည်ဟုဆိုကာ ရာပေါင်းများစွာသော ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။

““ည ၉ နာရီလောက်ကစပြီး ဘုရားက ရောင်ခြည်တော်ကွန့်မြူးတာကို ဖူးခဲ့ရတယ်။ ရောင်ခြည်တော်ကွန့်မြူးတဲ့အချိန်မှာ အရောင်အမျိုးမျိုးပြောင်းပြီး စေတီတော်ကို လှည့်ပတ်နေတယ်။ လမ်းမပေါ်မှာ ကားတွေ ဆိုင်ကယ်တွေ ပြည့်ကျပ်သွားသလို လမ်းမပေါ်မှာ ဘုရားရှိခိုးတဲ့သူတွေလည်း ရှိတယ်”” ဟု မာန်အောင်မြင်ကပ်ကျော်စေတီတော် ရောင်ခြည်တော်ကွန့်မြူးသည်ကို မျက်မြင်ဖူးတွေ့ခဲ့ရသည့် ဆူးလေကုန်းရပ်ကွက် ဒေသခံတစ်ဦးက ပြောသည်။

ည ၉ နာရီမှ ည ၁၂ နာရီ ခန့်အထိ ရောင်ခြည်တော်ကွန့် မြူးသည်ကို ဒေသခံတစ်ရာကျော် လာရောက်ဖူးမြော်ခဲ့ကြောင်း သက်ဆိုင်ရာဌာနများ၏ မှတ်တမ်းများအရ သိရှိရသည်။

ဂျပန်မြှုပ်ခဲ့သည့် ရတနာများ စမ်းသပ်တူးဖော်နေ


အုတ်ဖို ၊ ဒီဇင်ဘာ ၂၇ ။          ။ ပဲခူး တိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ရှမ်းကုန်းအုပ်စု အောင်လံစု ကျေးရွာအပိုင် ဥက္ကံရိုးချောင်း အဟောင်းအနီးတွင် ဂျပန်များ မြှုပ်နှံထားခဲ့သည့်ရတနာများ ရှိနိုင်၍ ဒီဇင်ဘာလ ၁၈ရက် မှစ၍ စမ်းသပ်တူး ဖော်ရေး လုပ် ငန်းများ စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဂျပန်မြှုပ်ခဲ့သည့် ရတနာ များရှိနိုင်သည့်နေရာကို လမ်း ညွှန်ပြသနိုင်သူများနှင့် ပူးပေါင်း ၍  Golden  Geo Myanmar ကုမ္ပဏီက တူးဖော်နေခြင်းဖြစ် ကြောင်း သက်ဆိုင်ရာမှ သ တင်း ရရှိပြီး အဆိုပါနေရာသည် ရွာသစ်-အောင်လံစုလမ်းအရှေ့ ဘက် ကိုက်၃ဝဝကျော်ခန့်တွင် တည်ရှိကြောင်း ဒေသခံတစ်ဦး ဖြစ်သူ ဦးဒီပါစံကပြောကြား သည်။

၎င်းကဆက်လက်၍ မြှုပ် နှံထားသည့်ရတနာများ မြေ အောက်တွင်အချည်းနှီးဖြစ်  မည့်အစား ယခုလိုတူးဖော်၍ ရရှိပါက အကျိုးရှိမည်ဖြစ် ကြောင်း၊ ရတနာများတူးဖော်ရ ရှိပါက ဒေသဖွံ့ဖြိုးရေးအတွက် လည်း ထိုက်သင့်သလို ခွဲဝေအ သုံးပြု သင့်ကြောင်း ပြောကြား ခဲ့သည်။

အဆိုပါကုမ္ပဏီသည် ပဲခူး တိုင်းဒေသကြီး ဇီးကုန်းမြို့ နယ်ရှိ ဂျပန်မြှုပ်ခဲ့သော ရွှေများ တူးဖော်ရေးလုပ်ငန်းကိုလည်း လုပ်ဆောင်လျက်ရှိပြီး ပဲခူးတိုင်း အတွင်း၌ ဇီးကုန်းမြို့ပြီးလျှင် အုတ်ဖိုမြို့နယ်သည် ဂျပန်မြှုပ် ခဲ့သည့်ရတနာများ ဒုတိယ မြောက်တူး ဖော်သည့်မြို့နယ် ဖြစ်ကြောင်းနှင့် ယခုအခါအ နက်ပေ ၁၃ပေခန့်အထိ ရောက် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

Friday 27 December 2013

အွန်လိုင်း ဈေးကွက်ထဲကို ထိုးဖောက်ဝင်လာတဲ့ မာရဇ္ဇ နဲ့ တွေ့ဆုံခြင်း

 
ဂီတလောကမှာ နှစ်နှစ်ဆယ်ကျော် နီးပါး ရပ်တည်နေပြီး၁၈ ခွေနီးပါး ထွက်၇ှိထားနိုင် သူကတော့ မာရဇ္စပါ။၂ဝဝ၅ ခုနှစ်ကျော် ကာလ တွေမှာ ဇာတ်ပေါင်း ဆိုတဲ့ အခွေက စလို့ ဂီတပုံစံ သစ် အလှည့် အပြောင်းနဲ့ သူ့ ပရိသတ် အားလုံးကို အံ့အားသင့်စေခဲ့သူ။ အခု သူက တိုးတက်လာတဲ့ ခေတ်နဲ့ အညီ အွန်လိုင်းကနေ သီချင်းသစ် တပုဒ်ကို လွှင့်တင် ရောင်းချခဲ့ပြန်ပါပြီ။ သူ့ အရှေ့ မှာတော့ တေးသံ၇ှင် လေးဖြူ ကလည်း တစ်ပုဒ် ဖြန့် ခဲ့ပါသေးတယ်။ ဒုတိယမြောက် အနေ နဲ့ အွန်လိုင်း ဈေးကွက် မှာ ပွဲထွက် လာ တဲ့ မာရဇ္ဇနဲ့ တွေ့ ဆုံဖြစ်သမျှ ကို ဖော်ပြလိုက်ပါတယ်။
အခုလို အွန်လိုင်းမှာ သီချင်း ဖြန့်ဖို့ အိုင်ဒီယာ ဘယ်အချိန် လောက်ကစခဲ့ရလဲ။ “အသစ်က ပြန်စ မယ်”ဆိုတဲ့ နာမည်နဲ့ ဝင်လာတာက ရော ဒီနာမည်မှာ ဘယ်လို အဓိပ္ပာယ် တွေရှိနေလဲ။အခွေသစ် မထွက်ခင် မှာSingle  ထွက်ရှိလာတဲ့ ဒီသီချင်းရဲ့ မြူးဇစ်ပုံစံက အခွေသစ်ထဲက သီချင်း ပုံစံတွေကို ထင်ဟပ်ပြနေလား။
ကျွန်တော်နဲ့ ကိုကိုလွင် တို့က ဟိုးအရင် ကတည်းက ဘာလုပ်လုပ် တိုင်တိုင်ပင်ပင် လုပ်ဖြစ်တယ်။ ခေတ် တစ်ခေတ်ကို အမြဲတမ်း ပြောင်းလဲနေ ဖို့ တိုင်ပင်ဖြစ်ကြတယ်။ ဟိုတုန်း က အမှတ်တရ တစ်ခုကို ပြန်ပြောရရင် သူ Iron Cross Entertainment ဖွင့် တဲ့အချိန်မှာ အရင်တုန်းက ကာဗာ ကတ်စနစ် မှာ ခုနစ်ကျပ်လောက် ပဲရ တယ်။ အဲဒီလို ကာလ သူ့ဆိုင် စဖွင့်တဲ့ အချိန်မှာ ကျွန်တော် နဲ့ ကိုလေးဖြူ နဲ့ အားလုံး စုတိုင်ပင်ကြပြီး ကာဗာကတ် စနစ်ကို ၂၅ ကျပ်ထိ ဆွဲတင်ခဲ့ကြ တယ်။ အဲဒီလို အမှတ် တရလေးတွေ ရှိတယ်။ အခုလည်း အဲဒီလိုပဲ။ ဒီဈေး ကွက်ကို စပြီးဖောက်ကြတဲ့ အခါ လက်ရှိ အနေအထားမှာ ကိုလေးဖြူ က ခွန်အား အကြီးဆုံးနဲ့  current ထဲမှာ လည်း ရပ်တည်နေ သူဖြစ်တော့ သူ့ သီချင်းနဲ့  single ဈေးကွက်ကို စဖွင့် တယ်။ ပြီးတော့ ကျွန်တော့် သီချင်း တင်မယ် ဆိုပြီး တိုင်ပင်ရင်း စခဲ့တာ။ ဒီသီချင်းလေး ကိုတော့ ပရိသတ် အသစ်ရော၊ အဟောင်းရော အတွက်ပါ အဆင်ပြေစေမယ့် အကြောင်းလေး ရွေးမယ်။

ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဂိုဏ်းတစ်ခု ဖမ်းမိ


ဒီဇင်ဘာ ၂၅ ရက် နံနက် ၄ နာရီခန့်က ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့၌ အခြေစိုက်ထားသည့် ဘိန်းချက်စခန်းကြီးတစ်ခုကို နယ်မြေခံတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ၀င်ရောက်စီးနင်းခဲ့ပြီး တရုတ်လူမျိုးများ ပါဝင်သည့် မူးယစ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

“ဘိန်းချက်စခန်းကိုပိုင်တဲ့ ခေါင်းဆောင်ကလည်း တရုတ်လူမျိုးလို့ သိရပါတယ်။ စခန်းကကြီးပြီး လျှိုတွေထဲမှာ ဆောက်ထားတော့ သေနတ်သံကြားတဲ့အချိန်မှာ တရားခံတချို့ ထွက်ပြေးသွားပါတယ်။ အဲဒီထွက်ပြေးသွားသူတွေထဲမှာ ခေါင်းဆောင်ဆိုသူလည်း ပါနိုင်ပါတယ်”ဟု ဘိန်းချက်စခန်း ၀င်ရောက်စီးနင်းမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် လားရှိုးမူးယစ်တပ်ဖွဲ့စု ၂၄ မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့ ရှောက်ဟော်ကျေးရွာရှိ ဘိန်းချက်စခန်းတစ်ခုကို မိုးမလင်းမီအချိန် ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ကွတ်ခိုင်ဗျူဟာမှ ဗိုလ်ကြီးရန်မျိုးကျော်၊ ခလရ ၂၄ မှ ဗိုလ်မှူးနေ၀င်းမောင်နှင့် လားရှိုးမူးယစ်တပ်ဖွဲ့မှ (၂၄၁) မှ ရဲအရာရှိများ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရှောက်ဟော်ကျေးရွာရှိ ဘိန်းချက်စခန်းမှ AK47 မောင်း ပြန်ရိုင်ဖယ်တစ်လက်နှင့် သေနတ်နှစ်လက်အပြင် ကျပ်သိန်း ၁၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဝန်ကြီးများအား ဌာနအပိုယာဉ်သုံးစွဲခြင်းနှင့် ဇနီး၊သားသမီးများကို မောင်းနှင်ခွင့်မပြုရန် ညွှန်ကြား


ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများအား ဌာနမှ အပိုယာဉ်များ  ယူဆောင်သုံးစွဲခြင်း၊ ဇနီး၊ သားသမီးများကို မောင်းနှင်စေခြင်း၊ သတ်မှတ်ချက်ထက် စက်သုံးဆီ ပိုမိုသုံးစွဲခြင်း မပြုလုပ်ကြရန် ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးမှ ဒီဇင်ဘာ ၉ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးများသည် သတ်မှတ်ထုတ်ပေးထားသည့်  ယာဉ်အရေအတွက်၊ ယာဉ်အမျိုးအစားကိုသာ မောင်းနှင်သုံးစွဲကြရန်လည်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်လက်မှတ်ဖြင့် ၀န်ကြီးဌာနများသို့ ပေးပို့သော ညွှန်ကြားလွှာတွင်ဖော်ပြထားသည်။

ပြည်ထောင်စုအဆင့်ရှိ ၀န်ကြီးများသည် ရုံးသုံး၊ အိမ်သုံးနှင့် ခရီးသွားရန် မော်တော်ယာဉ်သုံး စီး  အဆောင်အယောင်အဖြစ် ရရှိပြီး    မော်တော်ယာဉ်တစ်စီးလျှင် တစ်လ ဆီဂါလန် ၆၀ စီ အခမဲ့ထုတ်ယူခွင့်ရရှိထားသည်။ မော်တော်ယာဉ်ပြင်ဆင်စရိတ်ကို အစိုးရက  အကုန်အကျခံရပြီး  ပြင်ပယာဉ်မောင်းသုံးဦးအတွက် လစာငွေတစ်သိန်းခန့်စီကိုလည်း အစိုးရကထုတ်ပေးရသည်။ ၀န်ကြီးတစ်ဦးစီသည် အိမ်အကူနှင့် ခြံစောင့်တစ်ဦးစီပါ ခန့်ထားခွင့်ရရှိထားပြီး ၎င်းတို့အတွက် လစာငွေကိုလည်း  အစိုးရက ကျခံရသည်။

စိတ်ဖိစီးမှု ဒဏ်သည် နှလုံးရောဂါ အန္တရာယ်ကို တိုက်ရိုက်ထိခိုက်နိုင်

ဒီဇင်ဘာ ၂၄ ။ ။ စိတ်ဖိစီးပင်ပန်းမှုဒဏ် သည် နှလုံးရောဂါတို့နှင့် ဆက် နွှယ်နေကြောင်း အမေရိကန်သုတေသီများက သတိပေး ပြော ကြားလိုက်သည်။

Duke ဆေးတက္ကသိုလ်မှ သုတေသီတစ်ဖွဲ့သည် စိတ်ဖိ စီးမှုဒဏ်ကို ပို၍ခံရတတ်သောလူသား Genome မှ DNA တစ်ခုကို လေ့လာခဲ့ကြသည်။
စိတ်ဖိစီးမှုဒဏ်ကိုကုသကိုင်တွယ်မှုနှင့် ဆေးဝါးနှင့်ကုသမှုသည် နှလုံးရောဂါကြောင့် အန္တရာယ်ဖြစ်မှုကို လျော့ပါး စေသည်ဟု အကြံပြုသည်။

ဆိုးဆိုးရွားရွား စိတ်ဖိစီးမှုဖြစ်သည်ကို ကိုင်တွယ်ရာတွင် မျိုးဗီဇပြောင်းလဲမှု ကို နှလုံးဝေဒနာရှင် ၆၀၀၀ တွင် ယောက်ျား ဆယ်ဦးလျှင် တစ်ဦးနှင့် မိန်းမ ၃၀၀ နှုန်း တွေ့ရသည်ဟုဆို သည်။

လေ့လာမှုအရ စိတ်ဖိစီးမှုဒဏ်သည် နှလုံးရောဂါ အန္တ ရာယ်ကို တိုက်ရိုက်ထိခိုက်စေသည်ဟုဆိုသည်။ စိတ်ဖိစီးမှု ဒဏ်ကို ကုသရာတွင် နေထိုင်စားသောက်မှုပုံစံကို ပြောင်းခြင်း၊ ကိုလက်လှုပ်ရှားမှု ရယူခြင်း စသည်တို့ဖြင့် ရရှိနိုင်ကြောင်း ပါမောက Jeremy Pearson ကပြောသည်။

စိတ်ဖိစီးမှုဒဏ်ကို နေ့စဉ်ကြုံတွေ့နေရပါက ဆရာဝန် နှင့် ဆွေးနွေးရန်လည်း လိုအပ်ကြောင်းသိရသည်။

Ref: BBC/ACSP

Yangon Media Group

ကမ္ဘာ့ဒုတိယအကြီးဆုံး ငါး - Basking Fish

Photo: ကမ္ဘာ့ဒုတိယအကြီးဆုံး ငါး - Basking Fish

Basking Fish - နေပူဆာလုံငါးလို့ ခေါ် ပါတယ်။ ရေပြင်အထက်ကို တက်ပြီး နေရောင်နဲ့အနွေးဓာတ်ကို ရယူတတ်လို့ ဖြစ်ပါတယ်။

ကနေဒါ၊ ပြင်သစ်၊ဥရောပ တစ်ဝိုက် ပင်လယ်ပြင်တွေမှာ တွေ့ရတတ်ပါ တယ်။ ကမ်းမှာ အကျက်စားများတဲ့ ငါးများလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယ အကြီးဆုံးငါးပါ။ အကြီးဆုံးအားဖြင့် ပေ ၄၀ အရှည်၊ အလေးချိန် တန် ၂၀ လောက်ထိကို ၁၈၅၁ ခုနှစ်က ကနေဒါမှာ တွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဆိုရင် ပေ ၂၀ မှ ၂၆ ပေကြားမှာ တွေ့ရတတ်ပြီး ၅ တန်ကျော်အထိ အလေးချိန် စီးပါတယ်။

ထူးခြားချက်ကတော့ ပါးစပ်အင်မတန်ကြီးမားပြီး အရိးအဆင်းကြောင်းများ သိသိသာသာပေါ်နေမှုဖြစ်ပါတယ်။ ဒါကြောင့် သူ့ ကို Bone Fish ( အရိုးငါး) လို့လည်း ခေါ်ပါတယ်။ နေပူဆာလုံတယ်ဆိုပေမယ့် သာမန်အားဖြင့် ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၂၉၉၀ မှာ အသက်ရှင် နေထိုင်သွား လာ တတ်တဲ့ ငါးများ ဖြစ်ပါတယ်။

ဆင်ဝေလငါးမန်းလို့လည်းခေါ်ဆိုပြီး သူ့အသား၊ တောင်ပံ၊ အမြီး အစရှိသဖြင့် တို့ကို ဆေးဖတ်ဝင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို ထိန်းသိမ်း ကာကွယ်ပေး ရမယ့် ငါးမျိုးစိတ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

.

Basking Fish - နေပူဆာလုံငါးလို့ ခေါ် ပါတယ်။ ရေပြင်အထက်ကို တက်ပြီး နေရောင်နဲ့အနွေးဓာတ်ကို ရယူတတ်လို့ ဖြစ်ပါတယ်။

ကနေဒါ၊ ပြင်သစ်၊ဥရောပ တစ်ဝိုက် ပင်လယ်ပြင်တွေမှာ တွေ့ရတတ်ပါ တယ်။ ကမ်းမှာ အကျက်စားများတဲ့ ငါးများလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဒုတိယ အကြီးဆုံးငါးပါ။ အကြီးဆုံးအားဖြင့် ပေ ၄၀ အရှည်၊ အလေးချိန် တန် ၂၀ လောက်ထိကို ၁၈၅၁ ခုနှစ်က ကနေဒါမှာ တွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် ဆိုရင် ပေ ၂၀ မှ ၂၆ ပေကြားမှာ တွေ့ရတတ်ပြီး ၅ တန်ကျော်အထိ အလေးချိန် စီးပါတယ်။

ထူးခြားချက်ကတော့ ပါးစပ်အင်မတန်ကြီးမားပြီး အရိးအဆင်းကြောင်းများ သိသိသာသာပေါ်နေမှုဖြစ်ပါတယ်။ ဒါကြောင့် သူ့ ကို Bone Fish ( အရိုးငါး) လို့လည်း ခေါ်ပါတယ်။ နေပူဆာလုံတယ်ဆိုပေမယ့် သာမန်အားဖြင့် ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၂၉၉၀ မှာ အသက်ရှင် နေထိုင်သွား လာ တတ်တဲ့ ငါးများ ဖြစ်ပါတယ်။

ဆင်ဝေလငါးမန်းလို့လည်းခေါ်ဆိုပြီး သူ့အသား၊ တောင်ပံ၊ အမြီး အစရှိသဖြင့် တို့ကို ဆေးဖတ်ဝင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို ထိန်းသိမ်း ကာကွယ်ပေး ရမယ့် ငါးမျိုးစိတ် တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

YoYarLay

လက်ထပ်ခွင့် တောင်းဆိုခြင်းကို ငြင်းဆန်ခဲ့သည့် အမျိုးသမီးအား အမျိုးသားက ဓားဖြင့်ထိုး

စင်ကာပူ ဒီဇင်ဘာ ၂၆

စင်ကာပူ နိုင်ငံတွင် ပါဗီသရာ ဂူနာရှီခါရမ် အမည်ရှိ အသက် ၂ဝ အရွယ် အမျိုးသမီး တစ်ဦးသည် အမျိုးသား တစ်ဦး၏ လက်ထပ်ခွင့် တောင်းဆိုခြင်းကို ငြင်းဆန် ခဲ့မှုကြောင့် နောက်တစ်ရက်တွင် ဓားဖြင့်ထိုး၍ တိုက်ခိုက် ခံခဲ့ရကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ပါဗီသရာသည် Nangyang Polytechnic သူနာပြု တက္ကသိုလ်မှ ကျောင်းသူတစ်ဦး ဖြစ်ပြီး အမျိုးသား တစ်ဦးထံမှ လက်ထပ်ခွင့် တောင်းဆိုခြင်းကို သူမက ငြင်းဆန်ခဲ့ကြောင်း၊ ထို့နောက် ၎င်းအမျိုးသားသည် သူမကျောင်းသို့ သွားသည့်လမ်းတွင် သူမအား စောင့်နေ ခဲ့ပြီးနောက် ဓားဖြင့် ထိုးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုသည် ဒီဇင်ဘာ ၂ဝ ရက် နံနက် ၈ နာရီက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယခု အခါတွင် ပါဗီသရာသည် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သူမ၏ မိသားစုဝင် များက ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် အမျိုးသားမှာ ဆေးရုံ တစ်ရုံမှ သန့်ရှင်းရေး ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၎င်း၏ နေရပ်လိပ်စာကို အာဏာပိုင် များက စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

အရက်အမူးလွန်နေသော ဖခင်က ၁၁ လအရွယ် သားကို သင်္ချိုင်းကုန်းယူ၍ သတ်

အရက်အမူးလွန်နေသူ အမျိုးသားတစ်ဦးက ၁၁ လ အရွယ် ၎င်း၏ သားအရင်းဖြစ်သူ ကလေးငယ်ကို သင်္ချိုင်းကုန်းသို့ ခေါ်ဆောင်သွားကာ ရိုက်သတ်ခဲ့သော ဖြစ်စဉ်တစ်ခု မိုးညှင်းမြို့ နယ်တွင် ဖြစ်ပွားခဲ့ကြောင်း မိုးညှင်းမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် သာယာကုန်းရွာသင်္ချိုင်းတွင် ဒီဇင်ဘာ ၂၂ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သားအရင်းဖြစ်သူကို သတ်ခဲ့သူမှာ သိန်းစိုးဆိုသူဖြစ်ကာ ၎င်းကို ရဲစခန်းအချုပ်တွင် ထိန်းသိမ်း၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုးညှင်းမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
““အရက်အမူးလွန်ပြီး အသိစိတ်ပျောက်သွားတဲ့အတွက် သူကိုယ်တိုင် ကလေးကို ခြေထောက်ကကိုင်ပြီး ရိုက်သတ်လိုက်တာလို့ ၀န်ခံထားပါတယ်။ ကလေးကို  သင်္ချိုင်းကုန်းခေါ်ပြီးမှ သတ်ခဲ့တာဖြစ်လို့ အမှုကို ခိုင်မာအောင် ဆက်လက်တည်ဆောက်နေပါတယ်”” ဟု အဆိုပါ ရဲအရာရှိကပြောသည်။

သိန်းစိုးဆိုသူမှာ ဒီဇင်ဘာ ၂၂ ရက်ညနေက အရက်မူးပြီး ၎င်း၏သားဖြစ်သူအား ဆိုင်ကယ်ဖြင့်  ခေါ်ဆောင်သွား၍ မိခင်နှင့် ဦးလေးဖြစ်သူတို့က လိုက်လံရှာဖွေခဲ့ရာ သာယာကုန်းရွာ သင်္ချိုင်းတွင် တွေ့ရှိရသောကြောင့် အိမ်သို့ပြန်လာရန် ပြောဆိုစဉ် ခြေထောက်မှကိုင်၍ ဆိုင်ကယ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း သာယာကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ 
““ကလေးငယ်ကို မိုးညှင်းဆေးရုံကို တင်ခဲ့ပါသေးတယ်။

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်

ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့၊ ၂၀၁၃ ခုနှစ်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူက သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းကို အသိမိတ်ဆွေ အမျိုးသမီးတစ်ဦးက သမီးငယ်လေး၏ မိန်းမကိုယ်တွင် ဖူးရောင်စုတ်ပြဲကာ ပြည် ပုပ်များဖြစ်နေကြောင်း ပြောပြရာမှ စတင်သိရှိခဲ့ရသည်ဟုလည်း ရဲအားထွက်ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်ပြီးခုနစ်နှစ်ရှစ်လရှိ နှစ်တန်းကျောင်းသူသမီးနှင့် အသက်လေးနှစ်ခြောက်လရှိ သမီးငယ်တို့ကို ချော့မော့မေးမြန်းခဲ့ရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား လွန်ခဲ့သော တစ်လကျော်ခန့် (ရက်မမှတ်မိ)က တစ်အိမ်တည်းအတူနေ ဦးလေးတော်စပ်သူ ၁၆ နှစ်က ရက်ခြား၍ သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့သည်ကို ပြောပြကြ သည်ဟုလည်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထည့်သွင်းပြောကြားထားသည်။

တေးသံရှင် ကောင်းမြတ်အိမ်မှကား ခြိမ်းခြောက်လုယူခံရ၊ ယာဉ်ငါးစီးထက် မနည်း တိုက်ပြီး ချက်ချင်းပြန်မိ


ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ဗဟန်းမြို့နယ် ပုလဲကွန်ဒိုဝင်းအနီး ကမ္ဘာအေး ဘုရားလမ်းမပေါ်တွင် ဒီဇင်ဘာလ ၂၆ ရက် ညနေ ၃ နာရီခန့်က တေးသံရှင် ကောင်းမြတ်၏ မိဘနှစ်ဦး စီးနင်းလာသော နစ်ဆန်း ဆလွန်ယာဉ်ကို အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ဓားပြကာ ခြိမ်းခြောက်လုယူ မောင်းနှင် ထွက်ပြေးခဲ့ရာမှ လမ်းတစ်လျှောက်တွင် အခြားသော မော်တော်ယာဉ် ငါးစီးထက်မနည်း တိုက်မိခဲ့ပြီးနောက် ယာဉ်လုယူသွားသူကို ပြန်လည် ဖမ်းမိကြောင်း ရန်ကင်းမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံးနှင့် မျက်မြင် တွေ့သူများထံမှ စုံစမ်းသိရှိရသည်။

ဆလွန်းယာဉ်မှာ ကမ္ဘာအေး လမ်းမပေါ်သို့ ထွက်ရန် စောင့်ဆိုင်းနေစဉ် ယင်းလုယက်သူက အိမ်သုံးဓားဖြင့် ခြိမ်းခြောက်ကာ ယာဉ်ပေါ်တွင်ရှိနေသူ တေးသံရှင် ကောင်းမြတ်၏ မိဘနှစ်ဦးကို ဆင်းခိုင်းခဲ့ပြီး ယာဉ်ကိုလုယူကာ ရန်ကင်းမြို့နယ် စက်မှု (၁) လမ်းမှ စည်ပင်လမ်းသစ်လမ်းသို့ မောင်းနှင်သွားကြောင်း၊ ယင်းသို့ မောင်းနှင်သွားစဉ် အငှားယာဉ်နှစ်စီး အပါအဝင် ယာဉ်ငါးစီးကို တိုက်မိခဲ့ကြောင်း၊ ယင်းနောက် မော်တော်ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ရှေ့ဆက်မောင်း၍ မရသဖြင့် နောက်သို့ ပြန်ကွေ့ရန် ကြိုးစားခဲ့ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်ပွားရာ အနီးတွင် ထမင်းဆိုင်ဖွင့်လှစ်သူ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းနောက် မော်တော်ယာဉ် ကွေ့မရဖြစ်ကာ ၎င်းတိုက်မိခဲ့သော မော်တော်ယာဉ် အပါအဝင် အနီးရှိ အခြား မော်တော်ယာဉ် ပိုင်ရှင်များနှင့် ပြည်သူများက ဝိုင်းဝန်းပိတ်ဆို့ခဲ့စဉ် လုယက်သူက ၎င်း၏ ရင်ဝကို ဓားဖြင့်ထောက်ကာ ငြိမ်နေပြီး မည်သည့် စကားတစ်ခွန်းမှ မပြောကြောင်း၊ ရဲများ ရောက်လာစဉ် ၎င်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့က လုံခြုံရေးအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းပြီး တာဝန်ပေးလိုက်ပါတယ်။

မိတ္တီလာအမတ် တပ်မတော်အရာရှိဟောင်း ဦးဝင်းထိန် ခေါင်းဆောင်တဲ့ အဖွဲ့ကို ပါတီဥက္ကဋ္ဌရဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာဝန်ယူဖို့ ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးခင်ကမှ ခြေထောက်ခွဲစိတ် ကုသမှုခံယူထားတာဖြစ်ပြီး သူ့ရဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတယ်ဆိုတဲ့ သတင်းတွေကတော့ ကြားသိရခြင်း မရှိပါဘူး။

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်ကတော့ ဥက္ကဋ္ဌလုပ်ငန်းတွေ အထောက်အကူပြုနိုင်ဖို့ အဓိက ရည်ရွယ်ဖွဲ့လိုက်တာဖြစ်ပြီး သုတေသနအဖွဲ့ ဖွဲစည်းဖို့ ရှိတယ်လို့ ပြောပါတယ်။

ဥက္ကဋ္ဌလုံခြုံရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခံရတဲ့ ဦးဝင်းထိန်ကတော့ လုံခြုံရေးအတွက် သူလုပ်မယ့် အစီအစဉ်ကို ခုလို ပြောပါတယ်။

ဖီဖာသတ်မှတ်ချက်အရ တစ်နှစ်တာအတွင်း မြန်မာအမျိုးသား ဘောလုံး အသင်း အမြင့်ဆုံးရောက်

Photo: ဖီဖာသတ်မှတ်ချက်အရ တစ်နှစ်တာအတွင်း မြန်မာအမျိုးသား ဘောလုံး အသင်း အမြင့်ဆုံးရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အဖွဲ့ဝင် နိုင်ငံများ၏ အဆင့်သတ်မှတ်ချက် များကို လစဉ် ထုတ်ပြန်လျက်ရှိရာ ၂၀၁၃ ခုနှစ်၏ နောက်ဆုံးလ ဖြစ်သည့် ဒီဇင်ဘာလအတွက် ထုတ်ပြန်ချက်တွင် မြန်မာအမျိုးသား ဘောလုံးအသင်းသည် ယခုတစ်နှစ်တာအတွင်း အဆင့် ၁၃၀ ဖြင့် အမြင့်ဆုံးအဆင့် သို့ ရောက်ရှိလာခဲ့သည်။

ယခုနှစ်လယ်ပိုင်းကစ၍ ဆက်တိုက် အဆင့်တက်လာသည့် မြန်မာ အသင်းသည် နှစ်စက ကမ္ဘာ့အဆင့် ၁၆၄၊ အာရှအဆင့် ၂၉ နှင့် အာဆီယံဒေသတွင် အဆင့် (၇) သာ ရပ်တည်နိုင်ခဲ့သော်လည်း နှစ်ကုန်ဆုံးချိန်တွင် ကမ္ဘာ့အဆင့် ၁၃၀၊ အာရှအဆင့် ၁၉ နှင့် အာဆီယံဒေသတွင် အဆင့် (၂) နေရာ သို့ တက်ရောက်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) က ထုတ်ပြန်ခဲ့သည့် FIFA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ရပ်တည်နိုင်ခြင်းသည် ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အာရှဘောလုံး အင်အားကြီး မြောက်ကိုရီးယား အသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယင်းကြောင့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အုပ်စုအဆင့်ကပင် ထွက်ခဲ့ရသည့် မြန်မာအသင်းမှာ (၁၄) ကြိမ်မြောက် ရွှေတံဆိပ်ဆု ကိုင်မြှောက် နိုင်ခဲ့သည့်၊ ထိုင်း၊ ၂၀၁၁ SEA Games ချန်ပီယံဟောင်း မလေးရှားနှင့် ဒေသတွင်း ပြိုင်ဘက်များဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူအသင်းတို့ကို ကျော်ဖြတ်ကာ အာဆီယံဒေသတွင်း ဖိလစ်ပိုင်၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူနိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှာမူ နှစ်စက ကမ္ဘာ့အဆင့် ၆၄၊ နှစ်ကုန်ဆုံးချိန်၌ ကမ္ဘာ့အဆင့် ၄၂ သာ ရပ်တည်နိုင်ခဲ့ကြောင်း၊ အာရှအဆင့် သတ်မှတ်ချက်အရ အဖွဲ့ဝင် ၃၆ နိုင်ငံအနက် ဒေသတွင်း ပြိုင်ဘက်များဖြစ်သည့် ဗီယက်နမ်နှင့် ထိုင်းတို့၏ နောက်အဆင့် (၉) နေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က အဖွဲ့ဝင် နိုင်ငံများ၏ အဆင့်သတ်မှတ်ချက် များကို လစဉ် ထုတ်ပြန်လျက်ရှိရာ ၂၀၁၃ ခုနှစ်၏ နောက်ဆုံးလ ဖြစ်သည့် ဒီဇင်ဘာလအတွက် ထုတ်ပြန်ချက်တွင် မြန်မာအမျိုးသား ဘောလုံးအသင်းသည် ယခုတစ်နှစ်တာအတွင်း အဆင့် ၁၃၀ ဖြင့် အမြင့်ဆုံးအဆင့် သို့ ရောက်ရှိလာခဲ့သည်။

ယခုနှစ်လယ်ပိုင်းကစ၍ ဆက်တိုက် အဆင့်တက်လာသည့် မြန်မာ အသင်းသည် နှစ်စက ကမ္ဘာ့အဆင့် ၁၆၄၊ အာရှအဆင့် ၂၉ နှင့် အာဆီယံဒေသတွင် အဆင့် (၇) သာ ရပ်တည်နိုင်ခဲ့သော်လည်း နှစ်ကုန်ဆုံးချိန်တွင် ကမ္ဘာ့အဆင့် ၁၃၀၊ အာရှအဆင့် ၁၉ နှင့် အာဆီယံဒေသတွင် အဆင့် (၂) နေရာ သို့ တက်ရောက်နိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်နေ့) က ထုတ်ပြန်ခဲ့သည့် FIFA ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းကဲ့သို့ ရပ်တည်နိုင်ခြင်းသည် ၂၀၁၀ ပြည့်နှစ်က ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အာရှဘောလုံး အင်အားကြီး မြောက်ကိုရီးယား အသင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂေါဝိန်ဆိပ်ကမ်း ဓားပြဆန်ဆန် လုယက်မှုများ ပိုမိုဆိုးဝါး

Photo: ဂေါဝိန်ဆိပ်ကမ်း ဓားပြဆန်ဆန် လုယက်မှုများ ပိုမိုဆိုးဝါး

မန္တလေး၊ ဒီဇင်ဘာ ၂၆

မြန်မာ့သမိုင်းဝင် နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ဂေါဝိန် ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများကို အကြမ်းဖက်သည့် ဓားပြတိုက်သည့်ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများ ပိုမိုဆိုးဝါးလာကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ခိုးမှု၊ လုယက်မှုများသာ ရှိရာမှ ယခုအခါ လေးခွကဲ့သိုသော လက်နက်ဖြင့် ပစ်ခတ်လုယက်သည်အထိ ဖြစ်လာသဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အကြောင်းကြားစာ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်က လူတွေ့ရင် မခိုးဘူး။ အခုကတော့ လူတွေ့ရင် လေးခွနဲ့ပစ်ပြီး ခိုးကြလုကြတဲ့အဆင့် ရောက်လာလို့ တင်ပြရမယ့် အခြေအနေ ဖြစ်လာတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိက ဆိုသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်း၌ အကြမ်းဖက်သည့် ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများကို ကင်းလှည့်သည့် ဆိပ်ကမ်း ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနမှ လုံခြုံရေးများကပင် လုံခြုံရေးတာဝန်များ လုပ်ဆောင်ရန် မတတ်နိုင်တော့သဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတိုင်ကြားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
“ရဲတပ်ဖွဲ့ကို အကြောင်းကြားတဲ့အချိန် သူတို့လာကြီးကြပ်တဲ့ ခဏပဲ ဒီလိုအကြမ်းဖက် လုယက်မှုတွေ ငြိမ်သွားတာ၊ ပြီးရင် ပြန်ဖြစ်တာပဲ၊ အဲဒါကြောင့် အာဏာပိုင်တွေက ဆောင်ရွက်မှုတစ်ခုခု လုပ်ပေးမှ ဖြစ်မယ်” ဟု ၎င်းကထပ်မံဆိုသည်။

အဆိုပါ ဆိပ်ကမ်း၌ ခိုးမှုများသည် ယခင်က လူမသိ၊ သူမသိ ခိုးမှုအဆင့်သာရှိပြီး ယခုနှစ် နိုဝင်ဘာလတွင် ဓားပြတိုက်သည့် ပုံစံဖြင့် ခိုးမှုတစ်ကြိမ်၊ ဒီဇင်ဘာလတွင် ခိုးမှု ၂ ကြိမ် ဖြစ်ပွားပြီး  ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ခိုးမှုမှာ သင်္ဘောလုံခြုံရေးများ ထိခိုက်မှုရှိခဲ့ပြီး လုယက်သည့် ပစ္စည်းများ ပြန်မရရှိသဖြင့် အမှတ် ၇ ရဲစခန်းသို့က အမှုဖွင့် တိုင်ကြားခဲ့ကြောင်း အထက်ပါအရာရှိက ပြောကြားသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်းတွင် ရဲတပ်ဖွဲ့က လှည့်ကင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ရဲစခန်းသို့အမှုဖွင့် တိုင်ကြားခြင်း၊ အကြောင်းကြားစာ ပေးပို့ခြင်းများ ပြုလုပ်ပါက လိုအပ်သည့် အခြေအနေပေါ်လိုက်၍ လုံခြုံရေး အနေအထားများ တိုးမြှင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးက ပြောကြားသည်။

မန္တလေး၊ ဒီဇင်ဘာ ၂၆

မြန်မာ့သမိုင်းဝင် နေရာတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ဂေါဝိန် ဆိပ်ကမ်း၌ ညအိပ် ကမ်းကပ်လျက်ရှိသော ကုန်တင်နှင့် လူစီးသင်္ဘောများကို အကြမ်းဖက်သည့် ဓားပြတိုက်သည့်ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများ ပိုမိုဆိုးဝါးလာကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က ခိုးမှု၊ လုယက်မှုများသာ ရှိရာမှ ယခုအခါ လေးခွကဲ့သိုသော လက်နက်ဖြင့် ပစ်ခတ်လုယက်သည်အထိ ဖြစ်လာသဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အကြောင်းကြားစာ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း အဆိုပါဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“အရင်က လူတွေ့ရင် မခိုးဘူး။ အခုကတော့ လူတွေ့ရင် လေးခွနဲ့ပစ်ပြီး ခိုးကြလုကြတဲ့အဆင့် ရောက်လာလို့ တင်ပြရမယ့် အခြေအနေ ဖြစ်လာတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိက ဆိုသည်။

အဆိုပါ ဂေါဝိန်ဆိပ်ကမ်း၌ အကြမ်းဖက်သည့် ပုံစံဖြင့် ခိုးမှု၊ လုယက်မှုများကို ကင်းလှည့်သည့် ဆိပ်ကမ်း ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနမှ လုံခြုံရေးများကပင် လုံခြုံရေးတာဝန်များ လုပ်ဆောင်ရန် မတတ်နိုင်တော့သဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံသို့ တင်ပြတိုင်ကြားခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

တောင်ငူမီးလောင်မှု ရဲစခန်းနှင့် ကာယကံရှင် ထွက်ဆိုချက် ကွဲလွဲ


တောင်ငူ၊ ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်း တောင်ငူမြို့ ကုန်သည်ကြီးလမ်းရှိ ဝင်းသီရိ ပဲကြော်၊ ပဲလှော်လုပ်ငန်း လုပ်ကိုင်သည့် နှစ်ထပ်အာစီ အဆောက်အအုံ၏ ဈေးဆိုင်ခန်းတစ်ခုတွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ ဝါယာကြိုးများ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်စဉ်အပေါ် မြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် မီးသတ်ဦးစီးဌာနတို့က စစ်ဆေးချက်နှင့် မီးလောင်ကျွမ်းမှုကြောင့် အမှုဖွင့်အရေးယူ ခံထားရသော ကာယကံရှင် ထွက်ဆိုချက်တို့ ကွဲလွဲနေကြောင်း အဆိုပါ မီးလောင် ကျွမ်းမှုနှင့် ပတ်သက်ပြီး ပုဒ်မ ၂၈၅ မီးပေါ့ဆမှုဖြင့် အရေးယူခံထားရသူ ဝင်းသီရိပဲကြော် လုပ်ငန်းရှင် ဦးသန်းထူးက ပြောကြားသည်။

ဝင်းသီရိ ပဲကြော်လုပ်ငန်းရှင် ဦးသန်းထူးသည် မီးစတင် လောင်ကျွမ်းပြီး နာရီဝက်ခန့်အကြာတွင် အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိခဲ့ကြောင်း၊ လျှပ်စစ်ဝါယာ အပူလွန်ကဲပြီး မီးလောင်ကျွမ်းသည်ဟု ဆိုကာ မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့သော်လည်း အိမ်အတွင်းရှိ လျှပ်စစ်နှင့် ပတ်သက်သော မီတာနှင့် လျှပ်စစ်ပစ္စည်းများ မီးလောင်ကျွမ်းမှု မရှိခဲ့ကြောင်း အမှုဖွင့်ခံထားရသူ ဦးသန်းထူးက ဆိုသည်။

မလေးရှားမှာ ဒုက္ခရောက်နေတဲ့ မြန်မာများထံမှ ပေးစာ

ဖြစ်စဉ်အစက ဒီလိုပါ ကျနော်တို့  မြန်မာ အကိုတစ်ယောက်ဈေးသွား ဝယ်ပါတယ်။ အပြန်မှာစက်ဘီးကိုတားပြီး ပြဿနာရှာပါတယ် ။ ပြီးတော့ထိုးကြိတ်ပါတယ်။ ဒီလိုနဲပြန်ပြေးလာတာပေါ့ဗျာ အ ဆောင် ကိုရောက်လို့ မကြာပါဘူး နောက်က လူသုံးယောက်လိုက်လာပါတယ်။ သူတို့ က အရက်မူးနေကျတာပါ ၊ ပြဿနာထပ် ရှာပါတယ်၊ မခံနိုင် လို့ အကိုတစ်ယောက်နဲ့ ဖြစ်ပါတယ်။ ဖြစ်ပြီးမကြာပါဘူး အင် ဒိုနီးရှားလူမျိုး ငါးရာကျော်လောက် ဓါးတွေ တုတ်တွေကိုင် ပြီး ဝိုင်းလာကျပါတယ်။

ကျနော်တို့ လူပေါင်းက 97 ယောက်ပဲရှိပါတယ်။ အလုပ်ဆင်းတဲ့ သူကလဲဆင်းနေတဲ့ အချိန်ဖြစ်တာပါ ပြေးကျရတာပေါ့ဗျာ၊ ဘယ်လိုမှမနိုင်ပါဘူး အသက်လုပြီး ပြေးရတာပါ၊ အခုအချိန်အထိ ကျနော်တို့တစ်တွေ အ ဆောင် မှာမ နေရပါဘူး၊ စက် ရုံထဲက ဂိုထောင် တစ်ခုထဲမှာ နေကျရတာပါ အပြင် ကိုမထွက် ရဲကျဘူး လုံခြုံရေးကလဲ မကူညီနိုင်ပါဘူး။ ဖြစ်တဲ့ ညက တောထဲမှာအိပ်ကျရတာပါ အ ဆောင် ကိုလဲ မီးတွေရှို့ ပြီးကျောက်ခဲတွေနဲ့ ပေါက်ကျတယ် အဝတ်အစားတွေကိုမီးရှို့ ပါတယ် နောက်နေ့ရုံးမှာ ကျနော်တို့ လုံခြုံ မှု့မရှိလို့ကျနော်တို့ရဲ့ အသက်မသေဖို့အတွက် ကြီးတဲ့လူကိုပြောပါတယ်။ စကားပြောတတ်တဲ့လူကို သူတို့က ဆွဲခေါ်သွားပြီး ထိုးကြိတ်ကျပါတယ် ဘယ်သူမှမပြောရဲကျ တော့ပါဘူး။ အခုမြန်မာနိုင်ငံကို ပြန်ဖို့အတွက် ကြိုးစားနေတာပါ ဘယ်သူမှလဲလာပြီး မကူညီကျသေးပါဘူး၊

Wednesday 25 December 2013

တောင်ကြီး၊စိန်ပန်းရပ်ကွက်အနီးလမ်းဘေး၌မပေါက်ကွဲသေးသော လက်လုပ်ဗုံးတွေ.ရှိ

Kyaw Swar Myint's photo.
Kyaw Swar Myint's photo.
Kyaw Swar Myint's photo.


တောင်ကြီး ။ဒီဇင်ဘာ (၂၅)

ယနေ.နေ.လည်၁၂နာရီ၅၅မိနစ်ခန်.အချိန်ကရှမ်းပြည်နယ်(မြောက်ပိုင်း)
တောင်ကြီးမြို.၊စိန်ပန်းရပ်ကွက်ရှိ ပြည်တော်အေးလမ်း၌မပေါက်ကွဲသေးသော
လက်လုပ်ဗုံးတစ်လုံးအားသက်ဆိုင်ရာမှအချိန်မှီရှာဖွေတွေ.ရှိကာဖောက်ခွဲ
ဖျက်ဆီးခဲ.ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ.ဌာနချုပ်မှ သတင်းရရှိသည်။

အဆိုပါလက်လုပ်ဗုံးကို၎င်းလမ်းတွင်သန်.ရှင်းရေးတာဝန်ကျသောစည်ပင်
သန်.ရှင်းရေးဝန်ထမ်းတစ်ဦးကစတင်တွေ.ရှိခဲ.ခြင်းဖြစ်ပြီးသက်ဆိုင်ရာ
တာဝန်ရှိသူများထံသတင်းပေးပို.ခဲ.ခြင်းကြောင့်ပြည်သူအများထိခိုက်
ဒဏ်ရာရမှုမရှိစေပဲအချိန်မီဖောက်ခွဲဖျက်ဆီးနိုင်ခြင်းဖြစ်သည်ဟုရှမ်းပြည်နယ်
ရဲတပ်ဖွဲ.မှူးရုံးမှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးကပြောသည်။

အခုတွေ.တာကစိန်ပန်းရပ်ကွက်မှာရှိတဲ.အစ္စလာမ်ဘာသာရေးကျောင်း
ရဲ.မြောက်ဖက်နဲ.ရှမ်းပြည်နယ်ရဲတပ်ဖွဲ.မှူးရုံးကြားမှာတွေ.တာ။အခုတွေ.တဲ.
ဗုံးနဲ.အရင်တွေ.ခဲ.တဲ.ဗုံးအမျိုးအစားချင်းကတော့အတူတူပဲ။
အချိန်မရွေးပေါက်နိုင်ပြီးအန္တရာယ်ရှိတဲ.အတွက်ဖောက်ခွဲဖျက်ဆီးလိုက်ရ
တာပါ။ဟုမိုင်းရှင်းလင်းရေးအဖွဲ.တွင်ပါဝင်ခဲ.သောတပ်မတော်သားတစ်ဦး
ကပြောသည်။

ယခုအကြိမ်လက်လုပ်ဗုံးတွေ.ရှိမှုသည် ယခုလအတွင်းတတိယအကြိမ်
မြောက်ဖြစ်ပြီး၎င်းလက်လုပ်ဗုံးများမကြာခဏတွေ.ရှိနေခြင်းနှင့်ပတ်သတ်၍
သက်ဆိုင်ရာမှစုံစမ်းဖော်ထုတ်လျှက်ရှိကြောင်းထပ်မံသိရသည်။

(အာရှအလင်း သတင်းတင်ဆက်မှုအနုပညာဂျာနယ်)

""မန္တလေးမြို့ မောင် ကိန်းရွှေဆိုင် အား ဓားပြတိုက် ခဲ့သော အားရှန့်သည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တူဖြစ်ကြောင်း သိရ""

""မန္တလေးမြို့ မောင် ကိန်းရွှေဆိုင် အား ဓားပြတိုက် ခဲ့သော အားရှန့်သည် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၏ တူဖြစ်ကြောင်း သိရ""
==========================================
မန္တလေးမြို့ ချမ်းအေးသာစံ မြို့ နယ် လမ်း၈၀၊ ၂၉ လမ်း နှင့် လမ်း၃၀ ကြားရှိ မောင် ကိန်း ရွှေဆိုင် အား ဒီဇင် ဘာ ၂၄ ရက် ည နေ ၅ နာရီ ၄၅ မိနစ်ခန့်က ပစ္စတိုတစ်လက်ဖြင့် တစ်ကိုယ်တော် ဓားပြတိုက်ခဲ့သော အားရှန့် သည် မန္တလေးမြို့ ၆၄ လမ်း၊သိပ္ပံလမ်း တောင် ဘက်တွင် နေထိုင်ကြောင်း၊ ဦးလေး ဖြစ်သူမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း ၊ ၎င်းကိုင် ဆောင် ခဲ့ သည့် သေနတ်အား ဦးလေးဖြစ်သူ နေထိုင် သည့် လောက်ကိုင် ရှိ နေအိမ်အ စောင့် ကိုးကန့်များ ထံမှ ယူဆောင် လာခြင်း ဖြစ်ကြောင်း ၎င်းသတိရ လာချိန်တွင် ထွက်ဆိုခဲ့သည်။ အားရှန့်၏ ဦးလေးဖြစ်သူမှာ ဦးလျူကွယ် ရှီ (ကိုးကန့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) တစ်ဦးဖြစ်ပြီး ၎င်း နေထိုင် သည့် နေအိမ်ကို ရှာဖွေသော်လည်း မသင်္ကာဖွယ် ပစ္စည်း တစ်စုံတစ် ရာ မ တွေ့ကြောင်း သိရသည်။ ထို့နောက် အားရှန့်၏ ကျန်းမာရေး အ ခြေ အ နေ ကြောင့် ဆက်လက် မေးမြန်းနိုင်ခြင်း မရှိသေးဘဲ အနီးကပ် စောင့်ကြည့်နေ ကြောင်း သိရသည်။

မန္တလေးသတင်းတပ်ဖွဲ့

မန္တလေးမြို့ ချမ်းအေးသာစံ မြို့ နယ် လမ်း၈၀၊ ၂၉ လမ်း နှင့် လမ်း၃၀ ကြားရှိ မောင် ကိန်း ရွှေဆိုင် အား ဒီဇင် ဘာ ၂၄ ရက် ည နေ ၅ နာရီ ၄၅ မိနစ်ခန့်က ပစ္စတိုတစ်လက်ဖြင့် တစ်ကိုယ်တော် ဓားပြတိုက်ခဲ့သော အားရှန့် သည် မန္တလေးမြို့ ၆၄ လမ်း၊သိပ္ပံလမ်း တောင် ဘက်တွင် နေထိုင်ကြောင်း၊ ဦးလေး ဖြစ်သူမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း ၊ ၎င်းကိုင် ဆောင် ခဲ့ သည့် သေနတ်အား ဦးလေးဖြစ်သူ နေထိုင် သည့် လောက်ကိုင် ရှိ နေအိမ်အ စောင့် ကိုးကန့်များ ထံမှ ယူဆောင် လာခြင်း ဖြစ်ကြောင်း ၎င်းသတိရ လာချိန်တွင် ထွက်ဆိုခဲ့သည်။ အားရှန့်၏ ဦးလေးဖြစ်သူမှာ ဦးလျူကွယ် ရှီ (ကိုးကန့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်) တစ်ဦးဖြစ်ပြီး ၎င်း နေထိုင် သည့် နေအိမ်ကို ရှာဖွေသော်လည်း မသင်္ကာဖွယ် ပစ္စည်း တစ်စုံတစ် ရာ မ တွေ့ကြောင်း သိရသည်။ ထို့နောက် အားရှန့်၏ ကျန်းမာရေး အ ခြေ အ နေ ကြောင့် ဆက်လက် မေးမြန်းနိုင်ခြင်း မရှိသေးဘဲ အနီးကပ် စောင့်ကြည့်နေ ကြောင်း သိရသည်။

မန္တလေးသတင်းတပ်ဖွဲ့

PCC 772 နစ်မြုပ်ခြင်း၂ (သို့) အသေးစား ရေငုပ်သင်္ဘောများ

 
တောင်ကိုရီးယား စစ်သင်္ဘော ချောင်နန် နစ်မြုပ်ရခြင်းမှာ အဓိက လက်သည် တရားခံလို့ ယူဆကြတဲ့ Yono အတန်းအစား ရေငုပ်သင်္ဘော ငယ်လေးတွေ အကြောင်းပါ။ မြောက်ကိုရီးယားဟာ သူ့ရဲ့ ရေပြင်ပိုင်နက်ကို ကာကွယ်ဖို့ ခေတ်မှီတဲ့ စစ်သင်္ဘောကြီးတွေ ရေငုပ်သင်္ဘောကြီးတွေ အမြောက်အများ မပိုင်ဆိုင်ပါဘူး။ သူ့မှာရှိနေတဲ့ Sang-O၊ Yogo စတဲ့ ယူကိုစလားဗီးယား နိုင်ငံက တည်ဆောက်ပေးတဲ့ ရေငုပ်သင်္ဘော ငယ်လေးတွေနဲ့ ဒုတိယကမ္ဘာစစ်မျိုးဆက် ရေငုပ်သင်္ဘော တွေပဲ ရှိတာပါ။ မြန်မာနိုင်ငံ အာဇာနည်ကုန်း ဗုံးခွဲတုန်းက ကွန်မင်ဒိုတွေ လာချပေးတဲ့ စစ်ဆင်ရေးလိုမျိုး ကွန်မင်ဒိုတွေ သယ်ဆောင်ဖို့ Sang-O အတန်းအစားတွေကို အဓိကထားသုံးပါတယ်။ (မြန်မာပြည် စစ်ဆင်ရေးတွင် ၎င်းအမျိုးအစားများ သုံးသည်ဟု ဆိုလိုသည် မဟုတ်ပါ)။ Yogo အတန်းအစား အငယ်စားတွေ၊ ၂၀၀၀ခုနှစ်နောက်ပိုင်း Yono အတန်းအစား အငယ်စားတွေကို အများဆုံး အသုံးပြုပါတယ်။ 


ဒုတိယကမ္ဘာစစ် ဂျပန်ရေတပ်သုံး TypeA အမျိုးအစား ရေငုပ်သင်္ဘောငယ်


သည်လို ရေငုပ်သင်္ဘော အငယ်စားတွေကို Midget အတန်းအစား ရေငုပ်သင်္ဘောတွေလို့ ယျေဘူယျ ခေါ်ဆိုကြပါတယ်။ ကမ္ဘာပေါ်မှာ မြောက်ကိုရီးယား၊ ယူကိုဆလားဘီးယား၊ အီရန်၊ စတဲ့ ရေတပ်ငယ်လေးတွေက စစ်ဆင်ရေးအတွက် အဓိက သုံးကြပြီး၊ အခြား ခေတ်မှီ ရေတပ်မတော်တွေမှာတော့ ကင်းထောက်ဖို့၊ သုတေသနပြုဖို့နဲ့ မိုင်းခင်းဖို့ သုံးကြသလို၊ ပင်လယ်ဓမြတွေ၊ မူးရစ်ဆေးဝါး ဂိုဏ်းတွေ၊ သူပုန်တပ်ဖွဲ့လို အဖွဲ့တွေကလဲ သယ်ယူပို့ဆောင်ရေး အတွက် သုံးကြတဲ့ အဖိုးနဲ ဝန်ပါ ရေငုပ်သင်္ဘောငယ်တွေ ဖြစ်ပါတယ်။

ကလေးတစ်ဦး.....(မင်းလူ)



    ကလေးတစ်ဦး
    သူရူးတစ်မည်
    သဘင်သည်တစ်ယောက် ...
    ဆိုသော စကားရှိသည်။ ကျွန်တော် နားလည်သလောက်တော့ ကလေးငယ်များ၊ သူရူးများနှင့် သဘင်သည်များသည် စကားသုံးခွန်းပြောလျှင် တစ်ခွန်းမှန်တက်သည်ဟု ဆိုခြင်း ဖြစ်သည်။ သဘင်သည်ဆိုသည်မှာ အနုပညာသည်များ၏ ကိုယ်စားပြု အမှတ်အသားဟုထင်သည်။
    ထိုသူသုံးမျိုးသည် စကားတော့ အများကြီး ပြောတက်သော သဘာဝရှိသည်။ ထို့ကြောင့် သုံးခွန်းတစ်ခွန်းဟု ဆိုသလားမသိ။ ဤတွင်စဉ်းစားစရာရှိလာသည်။ ထိုသုံးဦး၏စကားသည် သုံးခွန်းမှာ တစ်ခွန်းမှန်သည်ဟု ဆိုသောကြောင့် ကျန်နှစ်ခွန်းကတော့ မှားသည်ဟု ပြောရာရောက်နေကြသည်။
    သူတို့စကားဆိုလျှင် သုံးခွက်တစ်ခွက်တင်ကျိုပြီး သုံးနဲ့စားပြီးမှယုံ။ တိတိကျကျပြောလျှင် သူတို့စကားသည် သုံးဆယ့်သုံးဒသမ သုံးသုံး ရာခိုင်နှုန်းသာ မှန်သည်ဟု ဆိုရမလို ဖြစ်နေ၏။
    သို့ရာတွင် ဘယ်အရာမဆို နှိုင်းယှည်မှုပြုလိုက်လျှင် တန်ဖိုးပြောင်းလဲသွားတက်စမြဲ ဖြစ်သည်။ ထမင်းလုံးတစ်စေ့သည် လူတစ်ယောက်အဖို့ ဘာမျှမဟုတ်လောက်သော်လည်း ပုရွက်ဆိတ်တစ်ကောင်အတွက်ဆိုလျှင် ရက်ပေါင်း အတော်ကြာအောင် အစာအဖြစ် ဖူလုံနိုင်လေသည်။
    ထိုကဲ့သို့ပင် စကားဆယ်ခွန်းမှာမှ တစ်ခွန်းမှန်ခြင်းနှင့်စာလျှင် သုံးခွန်းတစ်ခွန်းမှန်ခြင်းက ဂုဏ်ယူဖွယ်ပင် ဖြစ်၏။ တကယ်တော့လည်း လောကတွင် တန်ဖိုးရှိသော မှန်ကန်သောအရာတို့သည် အနည်းစုသာဖြစ်တက်သည် မဟုတ်လား။

နတ်များ အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် အိုက်စ်လန်လမ်းသစ်စီမံကိန်း ဆိုင်းငံ့ထားရ


အဲလ်ဖ်တန့်စ် ကျွန်းဆွယ်မှ ရေဂျာဗစ်ရှိ ဂါဒါဘာရာထိ ဖောက်လုပ်မည့် လမ်းပိုင်းစီမံကိန်းကို Friends of Lava အမည်ရှိ အဖွဲ့တစ်ခုက အလေးအနက် ဆန့်ကျင်ခဲ့ကြသည်။

အိုက်စ်လန် နိုင်ငံတွင် လမ်းဖောက်လုပ်ရေး စီမံကိန်းတစ်ခုကို နတ်များ အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်သဖြင့် တရားရုံးက တားဆီးထားလိုက်ကြောင်း သိရသည်။ အဲလ်ဖ်တန့်စ် ကျွန်းဆွယ်မှ ရေဂျာဗစ်ရှိ ဂါဒါဘာရာထိ ဖောက်လုပ်မည့် လမ်းပိုင်းစီမံကိန်းကို Friends of Lava အမည်ရှိ အဖွဲ့တစ်ခုက အလေးအနက် ဆန့်ကျင်ခဲ့ကြသည်။ အဓိကအားဖြင့် ယခုလမ်းသစ် စီမံကိန်းသည် နိုင်ငံ၏ သဘာဝ ပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု တန်ဖိုးများကို ထိပါးစေမည်ဟု ယင်းအဖွဲ့က ထောက်ပြခဲ့သည်။

ထို့အပြင် လမ်းပိုင်းဖောက်လုပ်မှုများက Elfမျိုးနွယ်ခေါ် ဒဏ္ဍာရီလာ နတ်သူငယ်လေးများ၏ ရပ်တည်မှုကို ခြိမ်းခြောက်လာနိုင်ကြောင်းလည်း ၎င်းတို့က ယုံကြည်လျှက် ရှိသည်။ ယခုအခါ အိုက်စ်လန် တရားရုံးချုပ်က ကြားဝင်လာပြီး လမ်းသစ်စီမံကိန်းကို ဆိုင်းငံ့ထားရန် အမိန့်ထုတ်ခဲ့သည်။ အေးချမ်းသာယာသည့် ကမ္ဘာ့မြောက်ဖျား နိုင်ငံတစ်ခုဖြစ်သော အိုက်စ်လန်တွင် နတ်သူငယ်လေးများ တည်ရှိသည်ဆိုသော အယူအဆ ခိုင်ခိုင်မာမာ စွဲကပ်နေဆဲ ဖြစ်သည်။

ပျောက်အောင်ကုမှာလား ကုန်အောင်ရိတ်မှာလား

Photo: ပျောက်အောင်ကုမှာလား ကုန်အောင်ရိတ်မှာလား
-----------------
ရေးသားသူ- ရဲနောင်

“ဤကြော်ငြာစာအုပ်ဖြင့် ဆေးကုခန်းသို့လာပါက စမ်းသပ်မှုအပိုင်း အခမဲ့၊ ကုသမှုအပိုင်း ၅၀ ရာခိုင်နှုန်း”ဟု ရေးသားထားသော ဆေးခန်းကြော်ငြာစာအုပ် ကိုင်ဆောင်ထားသည့် လူနာလေးငါးယောက် ရန်ကုန်တိုင်း လသာမြို့နယ် စဥ့်အိုးတန်းလမ်းရှိ ခေတ်မီဆေးကုခန်းအတွင်း၌ ဆေးကုသရန် အလှည့်စောင့်နေကြသည်။

နောက်ဆုံးပေါ် စက်ကိရိယာများ၊ ထူးချွန်သောပညာရှင်များ၊ ကျွမ်းကျင်သောဆရာဝန်များဖြင့် အော်တာနေးတစ်ဆေးပညာကို အသုံးပြု၍ နာတာရှည်ဖြစ်ပွားခံစားနေရသည့် ရောဂါများနှင့် ရောဂါအကြီးအသေးအားလုံးကို တစ်ကြိမ်တည်းဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဆိုသောကြောင့် ယခုကဲ့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

“ဆေးထိုးတာ တစ်သိန်း၊ သောက်ဆေးက လေးသိန်း။ နောက်ထပ် ခြောက်ရက်ဆက်တိုက် ဆေးထိုးရမယ်။ ဆယ်သိန်းကျော်လောက်တော့ ကုန်မယ်ပြောတယ်”ဟု ခေတ်မီဆေးခန်းတွင် ကုသမှုခံယူခဲ့သူ မမိုးမိုးကပြောသည်။

မမိုးမိုးသည် ခေါင်းအလွန်ကိုက်သောဝေဒနာကို ၁၀ နှစ်ကျော် ခံစားနေရသောကြောင့် ပျောက်ကင်းအောင် ကုသနိုင်သည်ဆိုသော အဆိုပါဆေးခန်းကြော်ငြာကြောင့် ယုံကြည်အားကိုးစွာဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။ လွန်ခဲ့သော တစ်လကျော်က အဆိုပါဆေးခန်းသို့ လာရောက်ဆွေးနွေးခဲ့ရာတွင် ကုသရန်ငွေကြေးမလုံလောက်သောကြောင့် ထပ်မံစုဆောင်း၍ ဒုတိယအကြိမ်မြောက် လာရောက်ခဲ့ခြင်းဟုဆိုသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က စစ်ဆေးအရေးယူမည်ဟု ပြောကြားထားသော အဆိုပါကြော်ငြာအားကောင်းကောင်းနှင့် ရောဂါအမြစ်ပြတ်ကုသသည်ဆိုသော ဆေးခန်းများမှာ ဗဟုသုတနည်းပါး၍ ရောဂါဝေဒနာ အမြန်ဆုံးပျောက်ကင်းလိုသော လူနာများကို လိမ်လည်မှုများပြုလုပ်ကာ ငွေရှာကောင်းနေဆဲပင်ဖြစ်သည်။

နောက်ဆုံးပေါ် ခေတ်မီစက်သစ်များကို အသုံးပြု၍ အထူးကုဆရာဝန်ကြီးများက ကုသပေးနေသည်ဟု ကြော်ငြာထားသော်လည်း လက်တွေ့၌ တခြားစီဖြစ်နေသည်ဟုဆိုသည်။ နားကြပ်မကိုင်။ သွေးပေါင်ချိန်လည်းမတိုင်းဘဲ မြန်မာစကားပြန်နှင့် ဆေးကုသသော တရုတ်ဆေးဆရာတစ်ဦးက ဘယ်ဘက်လက်ကောက်ဝတ်တွင် သွေးခုန်နှုန်းစမ်းသပ်၍ ကျောက်ကပ်အားနည်းနေသည်။ ထို့ကြောင့် ခေါင်းကိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုကာ ဆေးတစ်လုံးထိုးပေးခဲ့ခြင်းဖြစ်သည်ဟု မမိုးမိုးက ၎င်း၏အတွေ့အကြုံကို ပြန်ပြောပြသည်။

ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို မမိုးမိုးတစ်ယောက်သာ ခံစားရခြင်းမဟုတ်ဘဲ အဆိုပါအပျောက်ကုဆေးခန်းများတွင် သွားရောက်ကုသခဲ့သော လူနာအားလုံးနီးပါး ကြုံတွေ့ခဲ့ရသည်။ ကိုယ်တိုင်ကြုံတွေ့ဖူးသူ လူနာ ၁၅ ယောက်ကျော်ကို 7 Day Journal က မေးမြန်းမှုများပြုလုပ်ခဲ့ရာ တရုတ်ဆေးဆရာကုသကြောင်း၊ သေချာမစမ်းသပ်ဘဲ ရောဂါကုသမှုပေးကြောင်း၊ အနည်းဆုံး ကျပ်ဆယ်သိန်းခန့် ကုန်ကျကြောင်းဆိုသော အဖြေများသာရရှိခဲ့သည်။

အမျိုးသားရောဂါများ၊ အမျိုးသမီးရောဂါများ၊ ကင်ဆာရောဂါအမျိုးမျိုးကို ပျောက်ကင်းအောင် ကုသပေးနိုင်သည်။ ဆီးချို၊ သွေးချိုရောဂါကို အချိန်တိုအတွင်း ပျောက်ကင်းအောင်ကုသပေးနိုင်သည်။ လေးဘက်နာရောဂါ၊ ဂေါက်(ခေါ်) အဆစ်အမြစ်ရောင်ရောဂါတို့ကို ကုထုံးတစ်ကြိမ်၊ နှစ်ကြိမ်အတွင်း အမြစ်ပြတ်စေရမည်။ နာတာရှည်ပန်းနာရင်ကျပ်ရောဂါ ပြန်လည်ဖြစ်ပွားခြင်းမရှိစေရ။ လိပ်ခေါင်းရောဂါကို မနာမကျင် သွေးတစ်စက်မှမထွက်ဘဲ ၁၅ မိနစ်အတွင်း ထပ်မံမဖြစ်ပွားစေသည်အထိ ကုသပေးသည်။ အအေးမိတုပ်ကွေးမှအစ ၉၆ ပါးရောဂါပေါင်းစုံကို ကျော်လွန်ကာ အမျိုးမျိုးအသွယ်သွယ်သော ရောဂါများကို ခေတ်မီစက်သစ်ကြီးများ၊ နောက်ဆုံးပေါ်ဆေးပညာများ၊ ကျွမ်းကျင်သောပညာရှင်များက အမြစ်ပြတ်ပျောက်ကင်းစေရန် တာဝန်ယူကုသပေးနေသည်ဟု ကြော်ငြာကာ ဆေးခန်းတစ်ကြိမ်ပြလျှင် အနည်းဆုံးငွေကျပ်ငါးသိန်းမှ ဆယ်သိန်းကျော်အထိယူနေကြသော အပျောက်ကုဆေးခန်းများမှာ ရန်ကုန်မြို့တွင် အနည်းဆုံး ခုနစ်ခု၊ ရှစ်ခု ရှိနေပါသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း တရုတ်ဆေးခန်းများနှင့် တရုတ်ဆေးဆရာဝန်များအား ခွင့်ပြုချက်လုံးဝမရှိက ဆေးကုသခွင့်မပေးပါ။ ယနေ့အထိ ခွင့်ပြုထားသော တရုတ်ဆေးခန်းနှင့် တရုတ်ဆရာဝန်များမရှိသေးပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားသည်။

အဆိုပါ အပျောက်ကုဆေးခန်းများတွင် ကုသနေသော တရုတ်ဆေးဆရာများမှာ ခွင့်ပြုချက်လိုင်စင်မရှိသော၊ ယုံကြည်အားကိုးဖွယ်မရှိသောသူများသာ ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။

တရုတ်ဆေးဆရာများ ကုသသော အဆိုပါဆေးခန်းအချို့ကို မေးမြန်းရာတွင်လည်း မြန်မာနိုင်ငံဆေးကောင်စီက ခွင့်ပြုထားသော မြန်မာဆရာဝန်များ ကုသမှုပေးပြီး ခေတ်မီစက်ကိရိယာများဖြင့် နောက်ဆုံးပေါ်နည်းပညာကို အသုံးပြုထားကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကလည်း ဆေးခန်းသို့ လာရောက်စစ်ဆေးမှုများ ပြုလုပ်ကြသည်ဟု ပြန်လည်ဖြေကြားကြသည်။

သို့သော် ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်း၊ အလယ်ဘလောက်ရှိ နယူးဟောင်ကောင်အထူးကုဆေးခန်း၊ လမ်းမတော်မြို့နယ်၊ (၁)လမ်း ပုဂံအိမ်ရာရှိ အရှေ့တိုင်းဆေးခန်း၊ လသာမြို့နယ် စဥ့်အိုးတန်းအောက်လမ်းတွင် ဖွင့်လှစ်ထားသော ခေတ်မီဆေးကုခန်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ပိုလိုဆေးခန်းနှင့် မြန်မာနိုင်ငံရေကြောင်းသိပ္ပံကျောင်းရှေ့ရှိ ရွှေပိတောက်ဆေးခန်းတို့တွင် ခွင့်ပြုချက်လိုင်စင်မရှိသော တရုတ်ဆရာဝန်များက ကုသမှုများပေးနေပြီး လူနာများများရရှိရေးအတွက်လည်း သတင်းစာ၊ ဂျာနယ်များတွင် ကြော်ငြာများထည့်သွင်းခြင်း၊ လူစည်ကားရာလမ်းဆုံတွင် လက်ကမ်းစာအုပ်ဝေငှခြင်း၊ အိမ်တိုင်ရာရောက် ကြော်ငြာစာအုပ်၊ စာရွက်ဝေခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။

လိုင်စင်မဲ့ဆေးကုသမှုများနှင့် အပျောက်ကုဆေးခန်းများကို စစ်ဆေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုနှစ်ဇွန်လလယ်က ပုဂ္ဂလိကဆေးခန်းငါးခုသို့ သွားရောက်စစ်ဆေးခဲ့သည် ဆိုသော်လည်း အဆိုပါဆေးခန်းများမှာ ယနေ့ထိရှိနေဆဲဖြစ်သည်။

“ဂျာမနီကလာတဲ့စက်တွေနဲ့ကုတယ်။ ဆရာဝန်ကြီးတွေလည်းရှိတယ်ဆိုတော့ သွားပြမိတာ။ တစ်လအတွင်း ၁၅ သိန်းလောက် ကုန်သွားတယ်။ ဘာမှမထူးဘူး”ဟု အဆစ်အမြစ်ရောင်ရောဂါကို ၁၀ နှစ်ကျော် ခံစားနေရသူတစ်ဦးက နယူးဟောင်ကောင်ဆေးခန်းသို့ သွားရောက်ကုသခဲ့စဉ် အတွေ့အကြုံကိုပြောပြသည်။

အမျိုးအမည်မသိ၊ အထောက်အထားတစ်စုံတစ်ရာမှ မပါသော သောက်ဆေးများနှင့် ဆေးကုသခွင့်လိုင်စင်မရှိသော လူမျိုးခြားဆေးဆရာများက ကုသမှုပေးနေသည်မှာ သွားရောက်ကုသနေသော လူနာများအတွက် စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်၏။

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေတွင်မူ ဆေးခန်းကို မှတ်ပုံတင်ခြင်းမရှိဘဲ ဖွင့်လှစ်ပါက ထောက်ဒဏ်ခြောက်လမှ သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။ လိုင်စင်မဲ့ နိုင်ငံခြားသားဆရာဝန် ဆေးကုသမှုများကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်သည်ဟု မြန်မာနိုင်ငံဆေးကောင်စီက သတိပေးချက်ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါဆေးကုခန်းများသည် မြန်မာနိုင်ငံဆေးတက္ကသိုလ်များမှ ဘွဲ့ရထားသော ဆရာဝန်တစ်ဦး၏ ဆမ(ဆရာဝန်မှတ်ပုံတင်)ကို အသုံးပြု၍ လိုင်စင်လျှောက်ထားပြီး ဆေးကုသမှု၌ လိုင်စင်မဲ့ နိုင်ငံခြားသားဆေးပညာရှင်များက ကုသမှုပေးနေခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

ဆေးခန်းရှေ့တွင် မြန်မာနိုင်ငံဆေးကောင်စီ၏ အသိအမှတ်ပြု မြန်မာဆရာဝန်များ၏ ဆိုင်းဘုတ်များ ချိတ်ဆွဲထားပြီး ဆေးခန်းအတွင်းသို့ဝင်လျှင် အနောက်တိုင်းဆေးများကို မှန်ဗီရိုကြီးများအတွင်း၌ ထည့်သွင်းပြသထားမည်ကို တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် ကုသမှုပြုလုပ်ရာတွင် တရုတ်ဆေးဆရာများဖြစ်ပြီး အနောက်တိုင်းဆေးဝါးများကို အသုံးပြုသည်မဟုတ်ပါ။

“အောက်ထပ်မှာ ဆရာတို့ကို ပြင်ပလူနာကြည့်ဖို့ဆိုပြီးထားတယ်။ လူနာလာပြီဆိုတာနဲ့ အပေါ်ထပ်ကိုဆွဲတင်၊ ပြီးတော့ အဲဒီ အိစံကွား (တရုတ်ဆေးဆရာ)တွေနဲ့ ကုခိုင်းတာ။ ဘယ်လောက်တော်လဲ မတော်လဲပြောမယ်ဆိုရင် သွေးပေါင်ချိန် ၁၈၀ လောက်တက်နေရင် အိစံကွားတွေ ဘာမှမလုပ်တတ်တော့ဘူး။ အဲဒီကျမှ အောက်ထပ်က မြန်မာဆရာဝန်ဆီလာပြီး သွေးပေါင်ချပေးပါဦးပြောတယ်”ဟု အပျောက်ကုဆေးခန်းတစ်ခုတွင် နှစ်လကျော်အလုပ်လုပ်ခဲ့ဖူးသူ ဒေါက်တာမောင်မောင်အောင်က လွန်ခဲ့သောခြောက်လခန့်က အတွေ့အကြုံကိုပြောသည်။

ခေတ်မီစက်သစ်ကြီးများဟုဆိုရာတွင်လည်း အသည်းကြီး၍ အာထရာဆောင်းရိုက်ခိုင်းရာတွင် normal (ဘာမျှမရှိ)ဟု အဖြေပေးကြောင်း ဆေးခန်းတွင် တရုတ်ဆေးဆရာလေးဦး အပေါ်ထပ်၌ရှိကြောင်း၊ အောက်ထပ်ရှိ အနောက်တိုင်းဆေးများနှင့် မြန်မာဆရာဝန်များမှာ ဟန်ပြသက်သက်သာဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါအပျောက်ကုဆေးခန်းများကို စောင့်ကြည့်စစ်ဆေးနေသော်လည်း လစ်လျှင်လစ်သလိုလုပ်နေကြကြောင်း၊ သက်သေမရှိသောကြောင့် ပြုလုပ်၍မရကြောင်း၊ တွေ့ကြုံခဲ့လျှင် သက်ဆိုင်ရာသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကပြောသည်။

“ဒီကိစ္စက လူတော်တော်များများ နစ်နာနေတဲ့ကိစ္စပါ။ ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာကို ညှိနှိုင်းအကြောင်းကြားစာပို့ပြီးသားပါ။ အခုလိုရှိနေသေးတာကတော့ စစ်ဆေးအရေးယူမှုမှာ အားနည်းချက်တွေရှိနေတာကို ဖော်ပြတာပဲ”ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ အခြေခံကျန်းမာရေးကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သော ဥပဒေများလိုအပ်နေပြီး ယခုကဲ့သို့ လိုင်စင်မဲ့ဆေးကုသသူနှင့် ဆေးခန်းဆိုင်ရာပြဿနာများမှာ မလိုလားအပ်သောကိစ္စရပ်များဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကျန်းမာရေးမြှင့်တင်မှုကော်မတီမှ အတွင်းရေးမှူး ဒေါက်တာနေလင်းကပြောသည်။

“ဒါတွေကို အာဏာပိုင်တွေက စံနမူနာအနေနဲ့ အရေးယူမှုတွေပြုလုပ်ဖို့လိုတယ်။ ဒါမှနောက်မလုပ်ရဲမှာ။ အခုဟာက အရေးယူမှုတွေ အားနည်းနေတယ်”ဟု ဒေါက်တာနေလင်းကပြောကြားသည်။

မြန်မာနိုင်ငံဆေးကောင်စီလက်မှတ်ရ အထူးကုဆရာဝန်ကြီးတစ်ဦးထိုင်သော ဆေးခန်းတွင် တစ်ကြိမ်သွားပြလျှင် ငွေကျပ်နှစ်သောင်းခန့်ကုန်ပါသည်။ အပျောက်ကုဆေးခန်းများတွင် လိုင်စင်မဲ့ဆေးကုသသူ၏ ကုသမှုက တစ်ကြိမ်လျှင် ငွေကျပ်တစ်သိန်းမှ ငါးသိန်းကျော်အထိ ကုန်ကျမည်ဖြစ်သည်။ ယုံကြည်စိတ်ချရမှုနှင့် ကုန်ကျငွေက နှိုင်းယှဉ်ကြည့်လျှင် ဆီနှင့်ရေ၊ မိုးနှင့်မြေကဲ့သို့ပင်။

“လိမ်စား၊ လုပ်စားနေကြတာ။ ဘာနဲ့တူသလဲဆိုတော့ ခြင်းထဲဝင်လာတဲ့ကြက်ကို ကုန်အောင်အမွေးနုတ်မယ်ဆိုတဲ့အတိုင်းပဲ”ဟု မသိနားမလည်သော လူနာများအပေါ် လိမ်လည်ပြုမူနေကြခြင်းကို ဒေါက်တာမောင်မောင်အောင်ကဝေဖန်လိုက်သည်။
ရေးသားသူ- ရဲနောင်

“ဤကြော်ငြာစာအုပ်ဖြင့် ဆေးကုခန်းသို့လာပါက စမ်းသပ်မှုအပိုင်း အခမဲ့၊ ကုသမှုအပိုင်း ၅၀ ရာခိုင်နှုန်း”ဟု ရေးသားထားသော ဆေးခန်းကြော်ငြာစာအုပ် ကိုင်ဆောင်ထားသည့် လူနာလေးငါးယောက် ရန်ကုန်တိုင်း လသာမြို့နယ် စဥ့်အိုးတန်းလမ်းရှိ ခေတ်မီဆေးကုခန်းအတွင်း၌ ဆေးကုသရန် အလှည့်စောင့်နေကြသည်။

နောက်ဆုံးပေါ် စက်ကိရိယာများ၊ ထူးချွန်သောပညာရှင်များ၊ ကျွမ်းကျင်သောဆရာဝန်များဖြင့် အော်တာနေးတစ်ဆေးပညာကို အသုံးပြု၍ နာတာရှည်ဖြစ်ပွားခံစားနေရသည့် ရောဂါများနှင့် ရောဂါအကြီးအသေးအားလုံးကို တစ်ကြိမ်တည်းဖြင့် ပျောက်ကင်းအောင် ကုသပေးနိုင်မည်ဆိုသောကြောင့် ယခုကဲ့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

“ဆေးထိုးတာတစ်သိန်း၊ သောက်ဆေးက လေးသိန်း။ နောက်ထပ် ခြောက်ရက်ဆက်တိုက် ဆေးထိုးရမယ်။ ဆယ်သိန်းကျော်လောက်တော့ ကုန်မယ်ပြောတယ်”ဟု ခေတ်မီဆေးခန်းတွင် ကုသမှုခံယူခဲ့သူ မမိုးမိုးကပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis