menu

Friday 27 January 2012

ဖေဖေ့ဆန္ဒ


ဝါးပျံဖြင့် ထုထားသော ရဟန္တာရုပ်တု ဈာန်ဖြင့် ကြွချီလျက်ရှိ

အင်းတော်၊ ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ အိမ်တစ်အိမ်မှ ဝါးပျံဖြင့် ထွင်းထုထားသော ဉာဏ်တော် ငါးလက်မ အမြင့်ရှိ ရဟန္တာရုပ်တု တစ်ဆူသည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီမှ စတင်ကာ ဘယ်ညာလှည့်ကာ သက်ဝင်ဈာန်ကြွမှုစခဲ့ကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တု သက်ဝင်ဈာန်ကြွချီမှုကို လာရောက်ဖူးမြော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရဟန္တာရုပ်တုကို ဗန်းမောက်မြို့ မြနန္ဒာရပ်ကွက်နေ ကိုနေမင်းထွန်းက လွန်ခဲ့သည့် နှစ်နှစ်ကျော်ခန့်တွင် ခမိုးကျေးရွာ ကျောက်မဲတောင်မှ သစ်ပင် တစ်ပင်ပေါ်ပေါက်နေသော

ငါး (ဘုဏ်းသိုက်)


သူ ဤနေရာ၌ ထိုင်နေသည်မှာ အတော် ကြာခဲ့ပြီ။ ရှေ့တည့်တည့်ရှိ စိမ်းညို့နေသော ရေပြင်ပေါ်ရှိ ကြာစွယ် ကြာရိုးများ၊ ဒိုက်များကြားကို စိုက်ကြည့်၍ ထိုင်နေခဲ့သည်မှာ တော်တော်လေး ကြာခဲ့ပြီ။
သူငါးထိုင်မျှား နေခြင်းဖြစ်သည်။ ကန်ပတ်ပတ် လည်ရှိ နှစ်ချို့မန်ကျည်းပင် ကြီးများ၊ အရွက်ဖားဖား ငှက်ပျောပင် စိမ်းများ၊ ကျူရိုင်း ပင်များနှင့် အုပ်ဆိုင်းနေသော မန်ကျည်း ရွက်ကိုင်းများကြောင့် နေရောင်ပင် အလွယ်တကူ ထိုးမပေါက် နိုင်သော ဤဆိတ်ငြိမ်သည့် ကန်ကို သူတွေ့ရှိ ထားသည်မှာ ရက်ပိုင်းသာ ရှိသေးသည်။ သည်နေ့နံနက် စောစော ကတည်းက ပစ္စည်း ပစ္စယ အစုံ ယူခဲ့၍ ရေတစ်ဘူးယူ၊ ကျောပိုးအိတ် တစ်လုံးဆွဲကာ ငါးမျှား ထွက်ခဲ့ခြင်း ဖြစ်သည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။ သူကျောမှီ ထိုင်နေသည့် မန်ကျည်းပင် ထိပ်ကိုင်းဖျားမှ သစ်တောက်ငှက် နှစ်ကောင်၏ တတောက်တောက် ခေါက်နေသော အသံလေးသာ ပုံမှန် ထွက်နေသည်။

အကသမားတွေရဲ့ ဖက်ရှင် ( ခြူးဟန်ကျော်)





၂၁ ရာစုနှစ် အတွင်းမှာ ကမ္ဘာ့ ဖက်ရှင်ရေ   စီးကြောင်းက လူငယ်တွေ အတွက် အရမ်းကို အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင် နေပါတယ်။ ထူးခြားပြီး ဆွဲဆောင်မှု ရှိတဲ့၊ ဂီတနဲ့ လိုက်လျော ညီထွေမှု ရှိတဲ့ ဖက်ရှင်တွေကို တော်တော်များများ ၀တ်ဆင်လေ့ ရှိကြတာ ကတော့ လူငယ်တွေ ပါပဲ။
ကာလ ဒေသနဲ့ လိုက်လျော ညီထွေမှု ရှိတဲ့ အ၀တ် အစားမျိုးကို ရွေးချယ် ၀တ်ဆင်ခြင်း ဟာလည်း ယဉ်ကျေးမှု တစ်မျိုး ဖြစ်ပါတယ်။ အဲဒီလို ဖြစ်ဖို့ အတွက်ကိုလည်း ခန္ဓာကိုယ် အချိုး အစားနဲ့ ရာသီဥတု အပေါ်မှာလည်း မူတည်နေပါသေးတယ်။ အနုပညာ ရှင်တွေ သာမက ပြည်သူတွေ အတွက် ဖက်ရှင်ကလည်း အဓိက ကျလှပါတယ်။

ဒီတစ်ပတ် ဖူးငုံတို့ အတွက် ဆောင်းတွင်း ဖက်ရှင်လေးတွေ၊ မြူးကြွတဲ့ ဂီတသံစဉ် တွေနဲ့အတူ အမြဲတမ်း တက်ကြွလန်းဆန်း နေကြတဲ့ လူငယ် တစ်စုဖြစ်တဲ့ Stars INT'L Dance Studio အက အဖွဲ့ရဲ့ ဖက်ရှင်အကြောင်း ပြောပြ ချင်ပါတယ်။ သူတို့က Hip Hop အကကို နှစ်သက်တဲ့ သူတွေဖြစ်တဲ့ အတွက် အရောင်ကိုလည်း အနက်ရောင်နဲ့   နီညိုရောင်ကို တွဲဖက်ဝတ် ဆင်ထားပါတယ်။ ဆောင်းတွင်းမှာ အေးတဲ့အတွက် ဂျက်ကက်ကလေးတွေနဲ့ ခေါင်းစွပ် ဖက်ရှင်လေးတွေ ရွေးချယ်ဝတ်ဆင် ထားတာမို့ ဆောင်းရာသီနဲ့ လိုက်ဖက်တာကို တွေ့ရပါတယ်။

CES မှစိတ်ဝင်စားဖွယ် နည်းပညာပစ္စည်းအသစ်များ

CES ( Consumer Electronics Show) ဆိုတာကတော့ ဆယ်စုနှစ် လေးခုလောက် အောက်မြင်မှုရထားတဲ့ အပြည်ပြည်ဆိုင်ရာ လျှပ်စစ်ထုတ်ကုန် ပြပွဲဖြစ်ပါတယ်။ Consumer Electronics Association (CEA) မှာပါဝင်တဲ့ ကုမ္ပဏီများမှ ထုတ်ကုန်များဒီဇိုင်းများဆော့ဝဲများ စသည်ဖြင့် လျှပ်စစ်ထုတ်ကုန်ပစ္စည်းများ အားလုံးကို ၀ယ်သူနဲ့ မိတ်ဆက်ပေးတဲ့ပြပွဲကြီးဖြစ်ပါတယ်။ အခုနောက်ဆုံးပြုလိုက်သွားတဲ့နေရာကတော့ Las Vegas, Nevada, USA မှာဖြစ်ပြီး ဇန်န၀ါရီလ ၃ ရက်ကနေ ၆ ရက်နေ့အထိပြုလုပ်သွားတာ ဖြစ်ပါတယ်။ အဲဒီပြပွဲမှာ ပြသသွားတဲ့ ထုတ်ကုန်တွေ ထဲက စိတ်ဝင်စားဖွယ် အကောင်းဆုံးများကတော့ .....
Samsung Galaxy Note

ဆိုက်ကတော့ ၅.၃ လက်မ ဖြစ်ပါတယ်။ Addroid ဖုန်းဆိုလည်း ဟုတ်သလို android tablet ဆိုရင်လည်း ဟုတ်ပါတယ်။ အထူကတော့ iPhone နဲ့အတူတူပါပဲ။ ခဲခြစ်ပုံများ ဆွဲချင်သူအတွင် pen strokes နဲ့ကောက်ကြောင်းများ ကောင်းမွန်စွာ ဖန်တီးလို့ရနိုင်ပါတယ်။

အကောက်ခွန်မဲ့ကုန်စည်များကြောင့် လုပ်ငန်းရှင်များထိခိုက်



အိမ်နီးချင်း နိုင်ငံအချို့မှ ပြည်တွင်းသို့ တရားမ၀င်အခွန်မဆောင်ဘဲ ၀င်ရောက် လာသည့် စားသောက်ကုန်ပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များကို များစွာထိခိုက်နေကြောင်း ယခုလ ၂၃ ရက်က ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များက ပြောကြားသည်။
"တရားမ၀င်အခွန်မဆောင်ဘဲ ၀င်လာတဲ့ကုန်စည်တွေကို ထိုက်တန်တဲ့ အရေးယူမှုတွေရှိပေမယ့် ကျသွားတယ် မရှိပါဘူး။ တိုးလာတာပဲ ရှိပါတယ်" ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်ပမှ တရားမ၀င်အခွန်မဆောင် ဘဲဝင်လာသည့် ကုန်ပစ္စည်းများတွင် အသင့်ဖျော်သောက် ကော်ဖီများ၊ အသင့်စားခေါက်ဆွဲ ခြောက်များ၊ ဟင်းချိုမှုန့်၊ ဘီယာ၊ ဆေးဝါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ အဓိကပါဝင်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အပြောင်းအလဲတွေ အရှိန်အဟုန် မြှင့်နိုင်ရေး ကုလအကြီးအကဲ တိုက်တွန်း


မြန်မာနိုင်ငံက လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေ အရှိန်အဟုန် မြှင့်နိုင်အောင် မြန်မာအစိုးရ အနေနဲ့ ပုဂ္ဂလိကနဲ့ အစိုးရဌာနတွေအားလုံး လက်တွဲ ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ ကုလသမဂ္ဂ အာရှပစ္စဖိတ်ဒေသဆိုင်ရာ အကြီးအကဲက မနေ့က တိုက်တွန်းလိုက်ပါတယ်။
ESCAP
အာရှပစ္စဖိတ်ဒေသဆိုင်ရာ စီးပွားရေးနဲ့ လူမှုရေးအေဂျင်စီ ESCAP အကြီးအကဲ မစ္စစ် Noeleen Heyzer ၂၀၀၈ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၆၄ ကြိမ်မြောက် ESCAP ညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်။

ဆီးရီးယားအရေး လုံခြုံရေးကောင်စီ တင်မည်

ဆီးရီးယားနိုင်ငံက လပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ အုံကြွမှုတွေကို ဖြေရှင်းနိုင်မယ့် အာရပ်နိုင်ငံတွေရဲ့ အစီအစဉ်တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့ကျရင် ကာတာနိုင်ငံ ဝန်ကြီးချုပ်နဲ့အတူ ပူးတွဲတင်သွင်းသွားမယ်လို့ အာရပ်အဖွဲ့ချုပ်ရဲ့ အကြီးအကဲ Nabil Elaraby က ပြောလိုက်ပါတယ်။
ဆီးရီးယား သမ္မတ Bashar al-Assad က ဒုသမ္မတ ဖြစ်သူထံ အာဏာလွှဲပြောင်းပေးပြီး အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းရေး စီစဉ်ထားတဲ့ အဆိုပြုချက်ကို လုံခြုံရေးကောင်စီက အတည်ပြုချက်ရဖို့ သူနဲ့ကာတာနိုင်ငံ ခေါင်းဆောင်တို့က တောင်းခံသွားကြမှာ ဖြစ်တယ်လို့လည်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကြာသပတေးနေ့က ပြောလိုက်တာပါ။
ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်မြို့ကို စနေနေ့မှာ သွားမယ်လို့လည်း အာရပ်အဖွဲ့ချုပ် အကြီးအကဲက ပြောပေမယ့် ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ ခရီးစဉ်နဲ့ ပတ်သက်လို့ အတည်ပြုချက် မပေးသေးပါဘူး။ ကာတာဝန်ကြီးချုပ် Sheikh Hamad bin Jassim al-Thani ဟာ ဆီးရီးယား နိုင်ငံက အခြေအနေတွေကို အကဲခတ်ဖို့ စေလွှတ်ခဲ့တဲ့ အာရပ် အဖွဲ့ချုပ်ရဲ့ ကော်မီတီတရပ်ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးအသုံးစရိတ် သန်းပေါင်းငါးသိန်း လျှော့ချမည်


သမ္မတအိုဘားမား အစိုးရအနေနဲ့ လာမယ့် ၁၀ နှစ်တာ ကာလအတွင်း ကာကွယ်ရေး အသုံးစရိတ် သန်းပေါင်း ငါးသိန်း လျှော့ချရေးအစီအစဉ်ရဲ့ တစိတ်တဒေသအဖြစ် မြေပြင်တပ်အင်အား တစ်သိန်း လျှော့ချဖို့အတွက် ကွန်ဂရက် လွှတ်တော်ကို တင်ပြဖို့ရှိတယ်လို့ သိရပါတယ်။ ဒီအတွက် သက်ရောက်မှုဟာ ထင်ထားတာထက် ပိုပြီး လျော့နည်းပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
အစိုးရက ၂၀၁၃ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးသိန်း နှစ်သောင်းငါးထောင် တောင်းခံဖို့ရှိတဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တ (Leon Panetta) က ပင်တဂွန် စစ်ဌာနချုပ်မှာ သတင်းထောက်တွေကို ကြာသပတေးနေ့က ပြောပါတယ်။

ဂျပန်ဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် ရေကူးပြီး နန်းတော်ထဲဝင်သူ အဖမ်းခံရ



ဂျပန်ဧကရာဇ်နှင့် တွေ့ဆုံရန်အတွက် ဇန်န၀ါရီ ၂၂ ရက်နေ့တွင် ကျုံးကိုဖြတ်ပြီး ရေကူးကာနန်းတော်ဝန်းအတွင်းဝင်ရောက်သည့် အမျိုးသားတစ်ဦးကို ရဲများက ဖမ်းဆီးခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု ကင်းရှင်းသည်ဟု ထင်ရသည့် အသက် ၃၀ အရွယ်အဆိုပါအမျိုးသားက  ဂျပန်ဧကရာဇ်နှင့်တွေ့ဆုံလိုသည့်အတွက် ရေကူးဝင်လာခြင်းဖြစ်သည်ဟု နန်းတော်စောင့်တာဝန်ကျသည့် ၀န်ထမ်းတစ်ဦးကို ပြောကြားခဲ့သည်။
ကျုံးဝန်းကျင်ရှိ လူသွားလမ်း ဘက်အခြမ်းတွင် ၎င်း၏ အ၀တ်အစားများကို တွေ့ခဲ့ကြောင်းနှင့် ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုပြုရန်အတွက်အဆိုပါ အမျိုးသား၏ စိတ်ကျန်းမာရေးအခြေအနေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲများက ပြောကြားခဲ့သည်။

စက္ကန့်ထပ်တိုးမှုစနစ်ကို ပယ်ဖျယ်ရေးညှိနှိုင်းမှု မအောင်မြင်





ကမ္ဘာလည်ပတ်မှုအရ အမှန်တကယ်ရှိသည့် အချိန်နှင့် နာရီများတွင်ပြသသည့် အချိန်ကိုက်ညီစေရေး အခါအားလျော်စွာ နာရီတွင် တစက္ကန့်ပေါင်းထည့်သည့်စနစ်ကို ပယ်ဖျက်ရေး ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင် ပညာရှင်များ ညှိနှိုင်းခဲ့ကြသော်လည်း အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

ဆီအိုးကြီးကို ဖြည့်တဲ့လက်များ သို့မဟုတ် အညာ တောင်သူတို့ ဘဝ



l4371 ဆီထွက်သီးနှံဖြစ်သော မြေပဲ နှင့်နှမ်းကို အဓိကစိုက်ပျိုးသောကြောင့် မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ ၏ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်လေ့ ရှိကြပါသည်။ ထိုတင်စားခေါ်ဝေါ်မှု ကန့်လန့်ကာကို လှပ်ကြည့်လိုက်သော အခါ မြေပဲနှင့်နှမ်းသာမက ကြက်သွန်၊ အာလူးတို့ကိုပါ စိုက်ပျိုးလေ့ရှိကြသော အညာတောင်သူတို့၏ဘ၀ သို့မဟုတ် ဆီအိုးကြီးကိုဖြည့်ဆည်း ပေးနေသော လက်ချောင်းများ၏ လှုပ်ရှားရုန်းကန်ရမှုများကို တွေ့မြင်လာ ရသည်။
‘မိုးရွာမရှောင် နေပူထဲ ထွန်ယက်ကာ ပဲစိုက်ကြပျိုးကြတယ်’ ဟူသော သီချင်းစာသားကဲ့သို့

လွှတ်တော် တတိယပုံမှန်အစည်းအဝေးများတွင် လွှတ်တော်အတွင်းသို့ လက်ကိုင်ဖုန်းနှင့် လက်ပ်တော့ကွန်ပျုတာများ ယူဆောင်ခွင့်ရ

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး ပထမနေ့အစီအစဉ်များ ကျင်းပရာ လွှတ်တော်ပရ၀ုဏ် အတွင်းသို့ လက်ကိုင်ဖုန်းများ ယူဆောင်အသုံးပြုခွင့် ရရှိခဲ့သည်။ ထို့ပြင် ရုပ်သံမီဒီယာများအတွက် လက်ပ်တော့ကွန်ပျူတာနှင့် အခြားလိုအပ်သည့်ပစ္စည်းများကိုပါ သယ်ဆောင်ခွင့်ပြုလာကြောင်း သိရှိရသည်။
လွှတ်တော်သို့ လာရောက်သတင်းရယူသည့် ပြည်တွင်းမီဒီယာတစ်ခုမှ တာဝန်ရှိသူတစ်ဦးက''တတိယ အကြိမ်လွှတ်တော်စတဲ့နေမှာ လွှတ်တော်ကို သတင်းလာယူတဲ့ သတင်းသမားတွေ သတိထားရမယ့် စည်းကမ်းချက်တွေကို ပြန်ကြားရေးက တာဝန်ရှိသူတွေက ပြောပါတယ်။ အရင်တစ်ခေါက်တုန်းက လွှတ်တော်ထဲကို လက်ကိုင်ဖုန်း လုံးဝ ယူလို့မရဘူး။ အခုတစ်ခေါက် ယူခွင့်ပြုတယ်။ ဒါပေမယ့် လွှတ်တော်အစည်းဝေးကို အနှောင့်အယှက် ဖြစ်နိုင်တဲ့ ဖုန်းမြည်သံတွေ မထွက်စေဖို့တော့ သတိပေးထားတယ်''ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ဒုတိယအကြိမ် တွေ့ဆုံပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့

ပထမအကြိမ်တွေ့ ဆုံစဉ်
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဒုတိယ အကြိမ် တွေ့ဆုံခဲ့ကြပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့ ကြောင်း သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ကိုမြအေး၊ ကိုဌေးကြွယ်နှင့် ကိုကိုကြီးတို့ သုံးဦးက ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စားပြု အနေဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး အလုပ်သဘော ဆွေးနွေးမှုများ ပါဝင်ခဲ့ကြောင်း သိရပါသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အားပေးရန် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ်အဖြစ် တော်ဝင်နှင်းဆီခြံတွင် ယနေ့ ကျင်းပသည့် Live Together with Wetland ဓာတ်ပုံပြပွဲ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့ပြီး
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးသည့် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် မေတ္တာရပ်ခံခဲ့သည်။
ကမ္ဘာ့ရေတိမ်ဒေသ အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်စဉ် (ဓာတ်ပုံ - ဧရာဝတီ)
Related Posts Plugin for WordPress, Blogger...

ShareThis