menu

Wednesday 29 February 2012

HTC Titan



HTC Titan ဟာ နာမည်နဲ့လိုက်ဖက်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်ပါတယ်။ အမြင့် ၅.၂ လက်မ၊ အကျယ် ၂.၇ လက်မနဲ့ အထူ ၀.၃၉ လက်မရှိတာကြောင့် လက်အရွယ်အစားသေးငယ်သူများအတွက် အတန်ငယ်ကြီးမားစေမှာပါ။ အလေးချိန် ၅.၆ အောင်စရှိတဲ့အတွက် ဖုန်းကိုသယ်ဆောင်သွားတဲ့အခါမှာလည်း လေးလံလွန်းစေပါတယ်။

Display အနေနဲ့ကတော့ ၄.၇ လက်မအရွယ် Super LCD display ဖြစ်ပြီး WVGA (800x400 pixel resolution) နဲ့ဖော်ပြပေးနိုင်ပါတယ်။ Screen ဟာအရွယ်အစားကြီးမားသလို တုံ့ပြန်မှုလည်း ကောင်းမွန်ပါတယ်။ Proximity sensor နဲ့ accelerometer တို့ကိုအထောက်အပံ့ပေးထားတဲ့အတွက် မြင်ကွင်းကို portrait ကနေ landscape သို့ အလျင်အမြန်ပြောင်းလဲကာ အသုံးပြုနိုင်ပါတယ်။ Display ရဲ့အောက်ဘက်မှာတော့ Windows Phone touch sensor ခလုတ်များဖြစ်တဲ့ back, start နဲ့ search တို့ကိုတွေ့ရမှာပါ။ ဖုန်းရဲ့ညာဘက်ဘေးမှာတော့ volume rocker နဲ့ကင်မရာ shortcut ခလုတ်တို့ကိုတွေ့ရမှာဖြစ်ပြီး Micro-USB port ကိုတော့ ဖုန်းရဲ့ဘယ်ဘက်ဘေးမှာ တပ်ဆင်ပေးထားပါတယ်။

အာကာသတွင်းသို့ ဓာတ်လှေကားဖြင့် သွားနိုင်ရန် ဂျပန်ကုမ္ပဏီစီစဉ်






အာကာသအတွင်းသို့ ဓာတ်လှေကားဖြင့်  သွားနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း ဂျပန်နိုင်ငံမှ နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီ အိုဘာယာရှိ ကော်ပိုရေးရှင်းက ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာမြေပြင်အထက် ကီလိုမီတာ ၃၆၀၀၀ အကွာတွင်ရှိမည့် အာကာသစခန်းတစ်ခုသို့ ကမ္ဘာမြေမှ ခရီးသည်များကို ဓာတ်လှေကားဖြင့် ပို့ပေးနိုင်မည့် စီမံကိန်းအား ၂၀၅၀ ပြည့်နှစ် အစောဆုံးထားပြီး တည်ဆောက် သွားနိုင်ရန် မျှော်မှန်းထားကြောင်း ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ အာကာသဓာတ်လှေကားအတွက် ကေဘယ်ကြိုးများပြုလုပ်ရာတွင် သံမဏိထက်အဆ ၂၀ မာသော ကာဗွန်နာနိုကျုဘ်များကို အသုံးပြုသွား မည်ဖြစ်သည်။

မညီညွတ်ခြင်းရဲ့ အတိတ်သမိုင်းဖြစ်ရပ်(၀မ်းအိုဝမ်းကျော်ဝင်းမောင်)



ကျွန်တော်တို့ခေါင်းဆောင်ကြီးများဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့ အကြောင်းကို ဒီလိုစဉ်းစားမိတယ်။ ဂျပန်တော်လှန်ရေးအောင်ခဲ့တာဟာ ဒီခေါင်းဆောင်သုံးယောက် ညီညွတ်လို့ပဲ။

သခင်စိုးက သဘောတရား တော်တယ်ဗျာ။ ဗိုလ်ချုပ်အောင်ဆန်းကလဲ သဘောတရား အတော်အသင့်ရှိတယ်။ ဒါပေမယ့် စစ်ရေးမှာ ပိုတော်တယ်လို့ ပြောရမယ်။ သခင်သန်းထွန်းကတော့ သဘောတရားတို့ စစ်ရေးတို့ထက် စည်းရုံးရေးမှာ တော်တယ်လို့ ကျွန်တော်သုံးသပ်မိတယ်။ သခင်စိုးဟာ ဂျပန်တော်လှန်ရေးကာလတုန်းက တောမှာအနေများပြီး ဂျပန်တော်လှန်ရေးကို လုပ်ရတယ်။ သူ့အတွက် တစ်နည်းမဟုတ်တစ်နည်းပြောရရင် လုံခြုံမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ သူ့မှာ လက်နက်ကိုင်တပ်ကြီးရှိတယ်။ လျို့ဝှက်ရေးလုပ်ပေမယ့် ဂျပန်က ဂျပန်တော်လှန်ရေးသတင်းပေါက်ကြားလို့ သူ့ကိုအန္တရာယ်ဖြစ်အောင် လုပ်မယ်ဆိုရင် ဂျပန်ကိုပြန်ခုခံနိုင်တယ်။ သေချင်လည်း သူသတ်ကိုယ်သတ် တုံ့ပြန်နိုင်တယ်။သခင်သန်းထွန်းကျတော့ အသေခံသက်သက်ပဲ။ ဂျပန်တော်လှန်ရေးလုပ်တာ ဂျပန်သိသွားရင် သူကတော့ ခံရုံသက်သက်။ သူတို့ သုံးယောက်ထဲမှာ သူဟာအန္တရာယ်နဲ့ အနီးဆုံးပဲ။ ဒါပေမယ့် ဂျပန်တော်လှန်ရေးသာ ပြီးသွားတယ်၊ သူဂျပန်လက်ထဲ မရောက်ခဲ့ဘူး။ ဒါကြောင့် သူဟာ နိုင်ငံရေး စစ်ရေးတို့ထက် စည်းရုံးရေးမှာ အင်မတန်တော်တယ်လို့ ဆိုရပါမယ်။ သူတို့သုံးယောက်မှာ အရည်အချင်းကောင်းတွေ တစ်မျိုးစီရှိကြတယ်။ သူတို့သုံးဦးပေါင်းထားတဲ့အတွက် ဂျပန်တော်လှန်ရေးဟာ အကောင်အထည်ပေါ်ခဲ့တယ်။

ဘုရားသုံးဆူ ဝင်းကရွာမီး ဘတ်သန်း ၇၀ ကျော် ဆုံးရှုံး

စံခလပူရီ (မဇ္ဈိမ) ။       ။ ခန့်မှန်းတန်ဖိုး ထိုင်းဘတ်ငွေ သန်း ၇၀ ကျော် (မြန်မာငွေ သန်းပေါင်း ၁,၈၀၀ ကျော်) ဆုံးရှုံး သည့် မီးလောင်ကျွမ်းမှုတခု ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အရှေ့တောင်ဘက် ၂၅ ကီလိုမီတာကျော်ရှိ ဝင်းက မွန်ရွာကြီးတွင် အင်္ဂါနေ့ည ၈ နာရီခန့်က ဖြစ်ပွားခဲ့သည်။

လျှပ်စစ်ဝါယာကြိုး ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုကြောင့် ဗုဒ္ဓဂါယာ စေတီကြီး ဘုရားစောင်းတန်းရှိ ဆိုင်ခန်းပေါင်း ၃၆ ခန်းမှ မြန်မာ့ယွန်းထည်များ၊ မြန်မာ့လက်မှု ပရိဘောဂများနှင့် အနုပညာလက်ရာမြောက် ပစ္စည်းများ၊ တိုင်းရင်းသား ရိုးရာဝတ်စုံများ၊ တူရိယာပစ္စည်းများ၊ ငွေထည် ကြေးထည်များ နာရီဝက်အတွင်း ပြာကျသွားခဲ့သည်။

မီးလောင်ချိန်သည် ဝင်းကရွာ ဘုရားပွဲချိန်နှင့် တိုက်ဆိုင်နေပြီး ပွဲကြည့်ပရိသတ်များနှင့် ကြိတ်ကြိတ်တိုး စည်းကား
နေသည့်အတွက် ဆိုင်ခန်းမှ ပစ္စည်းများ သယ်ထုတ်၍ မရနိုင်ခဲ့ပေ။ ဝင်းကရွာနှင့် နှစ်ကီလိုမီတာအကွာရှိ စံခလပူရီမှ မီးသတ်ကားများ လာရောက် ငြှိမ်းသတ်သော်လည်း မီးအားပြင်းသည့်အတွက် အလျှင်အမြန် မငြိမ်းသတ်နိုင်ခဲ့ဘဲ
လေးနာရီခန့်ကြာမှ မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်။

၅၀၀၀ တန်ဖုန်းကဒ်ရရှိရေး လူတစ်သောင်းကျော်နှင့် ပါတီအချို့၏ လက်မှတ်များ သမ္မတထံတင်ပို့



ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ ရွှေလက်ချောင်းသာရေး ကူညီမှုအဖွဲ့မှ ဦးစီး၍ ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေးအတွက် လူထု တစ်သောင်းကျော်နှင့် ပါတီအချို့ ၏ ထောက်ခံလက်မှတ်များကို မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တင်ပို့ရာ ပြည် သူ့လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင် ရွှေ လက်ချောင်း သာရေးကူညီမှုအဖွဲ့ဥက္ကဋ္ဌဦးဗအုပ်ခိုင်Weekly Express Times သို့ ပြောကြားသည်။

အဆိုပါလက်မှတ်တစ်သောင်း ကျော်တွင် တပ်မတော်သားများ၊ တပ်မတော်ရေတပ်ဖွဲ့ဝင်များ၊ စစ် အင်ဂျင်နီယာများ၊ ဆရာ၊ ဆရာမ များ၊ ဆရာဝန်များ၊ ဆက်သွယ်ရေး ၀န်ထမ်းများ အပါအ၀င်အခြား ၀န် ထမ်းများ၊ လူတန်းစားအသီးသီးတို့ ပါဝင်ပြီး တိုင်းရင်းသားစည်းလုံး ညီ ညွတ်ရေးပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုတို့ ပါဝင်လက်မှတ်ထိုးထားကြောင်း၊ ယခုအခါတွင်လည်းဒေသအသီးသီးရှိ ပြည်သူများဆီမှ လက်မှတ်များ ဆက်လက်ရောက် ရှိနေရာ ယင်းလက်မှတ်များကိုလည်း လွှတ်တော်သို့ တင်ပို့ပေးမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်းပြပွဲတွင် ကုမ္ပဏီ ၅ဝ ကျော် အလုပ်လျှောက်လွှာ လက်ခံ၍အင်တာဗျုးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသော ပထမအကြိမ် အလုပ်အကိုင်အခွင့်အလမ်းများ ပြပွဲကို မတ်လ ၁၇ ရက်မှ ၁၈ ရက်နေ့ အထိ ကုန်သည်/စက်မှု အသင်းချုပ်၌ ကျင်းပမည်ဟု သတင်းရရှိသည်။ အဆိုပါပြပွဲတွင် ပြည်တွင်း ကုမ္ပဏီများ၌ အလုပ်လုပ်ကိုင်လိုသော လုပ်သားများအတွက် လုပ်ငန်းရှင် ပေါင်း ၅ဝ ကျော်တို့က ပြခန်းများဖွင့် လှစ်၍ အလုပ်လျှောက်လွှာများ လက်ခံခြင်း၊ အင်တာဗျူးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သော စာနယ် ဇင်းရှင်းလင်းပွဲမှ သိရသည်။

မန္တလေး မဟာသတျသီဟဘုရား ညောင်ပင်မှ ဘုရားကျောက်ရုပ်ပွားတော် တွေ့ရှိ


မန္တလေး-အင်ဖာ ကားပြေးဆွဲခြင်းအတွက် အင်ဖာတွင် မြန်မာဗီဇာရုံးတစ်ရုံး ဖွင့်လှစ်မည်


အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့ ရှိ နန်းဖာလုံဈေး
မန္တလေးမြို့နှင့်အိန္ဒိယနိုင်ငံ အင်ဖာမြို့အကြား နိုင်ငံတကာအဆင့်မီ် အဝေးပြေးကားပြေးဆွဲ ရန် ကိစ္စအတွက် အိန္ဒိယနှင့်မြန်မာဘက်မှ ပြည်နယ်အစိုးရများ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အင်ဖာမြို့၌ ဗီဇာရုံးတစ် ခုဖွင့်လှစ်သွားရန်ရှိကြောင်း သိရသည်။ The Sangai Express်သတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ယင်းကိစ္စများ ဖြစ်သော အဝေးပြေးကားပြေးဆွဲမည့်ကိစ္စနှင့် ဗီဇာရုံးဖွင့်လှစ်မည့်ကိစ္စအတွက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ အင်ဖာမြို့၏ အတွင်းရေးမှူးဟောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော အဆိုပါ ဆွေးနွေးပွဲ၌ အိန္ဒိယဘက်မှပြောဆိုချက်အရ မြန်မာနိုင်ငံအနေဖြင့် အဝေး ပြေးကား မပြေးဆွဲမှီဗီဇာရုံးတစ်ရုံးကို အင်ဖာတွင် အမြန်ဆုံးထားရှိသွားစေရန် ပြောကြားသည်။

မြောက်ကိုရီးယား ကန့်ကွက်တဲ့ စစ်ရေးလေ့ကျင့်မှု ကန်နဲ့ တောင်ကိုရီးယား စတင်


တောင်ကိုးရီးယားနဲ့ အမေရိကန် နိုင်ငံတို့ရဲ့  နှစ်နိုင်ငံ နှစ်စဉ် ပူးတွဲစစ်ရေး လေ့ကျင့်မှုကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။ ဒီလေ့ကျင့်မှုကနေ သူ့ရေပိုင်နက်ကို ထိပါးလာရင် စစ်ပွဲတစ်ခု ဆင်နွှဲရလိမ့်မယ်လို့ မြောက်ကိုရီးယားနိုင်ငံက ရာဇသံပေးထားတဲ့ ကြားက အခု စစ်ရေးလေ့ကျင့်မှုကို စတင်လိုက်တာပါ။
တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောခွင့်ရသူ ကတော့ ဒီလေ့ကျင့်မှုဟာ ပုံမှန်ဖြစ်ပြီး မနှစ်က လေ့ကျင့်မှုနဲ့ အင်အားအရွယ်အစားရော၊ အနေအထားပါ တူညီတယ်လို့  ရှင်းလင်း ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း အတည်ပြုချက် ရပြီ

ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်  ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း  အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီ၊
ဒေါ်အောင်ဆန်းစုကြည်ကို  ကိုယ်စားလှယ်လောင်းအရည်အချင်း ကိုက်ညီမှုမရှိဘူးဆိုပြီး အတိုင်ကြားထားတာကို တိုင်းဒေသကြီးကော်မရှင်ရုံးက ဒီကနေ့ အမိန့်ချပြီး ပယ်ချခဲ့တာလည်း  ဖြစ်ပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတယောက်ရဲ့ အရည်အချင်းနဲ့ ကိုက်ညီခြင်းမရှိဘူး ဆိုပြီး တိုင်းဒေသကြီးကော်မရှင်ရုံးကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက အယူခံ ၀င် ကန့်ကွက်ထားတာကို ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် အင်္ဂါနေ့နေ့လယ်မှုာ တိုင်းဒေသကြီးကော်မရှင်ရုံးက ပယ်ချခဲ့တာ ဖြစ်ပါတယ်၊
အခုလိုမျိုး တိုင်းကော်မရှင်ရုံး က ကန့်ကွက်လွှာကို ပယ်ချအပြီး  သက်ဆိုင်ရာ တောင်ပိုင်းခရိုင် ကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုတဲ့ အမည်စာရင်းကဒ်ထားပြီလို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်၊

ရာသီဥတု ပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးနိုင်စွမ်း အမြင့်ဆုံးဒေသများတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့ ပါဝင်




4485 ပဲခူးတိုင်းအတွင်းမှ ပျက်ဆီးနေသော လယ်မြေတစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း ရာသီဥတုဖြစ်ပေါ် ပြောင်းလဲမှု မြန်ဆန်နေသည့်အတွက် ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်ကာ ပျက်စီးဆုံးရှုံးမှုများ ကိုလည်း တွေ့ကြုံလာရပြီး ပျက်စီးဆုံးရှုံးနိုင်စွမ်း အမြင့်ဆုံးဒေသများတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့ပါဝင်နေကာ ပျက်စီးဆုံးရှုံးလွယ် သော အုပ်စုတွင် လယ်သမားများက အဓိကနေရာ၌ ရှိကြောင်း သိရသည်။

အင်းလေးကန်အတွင်းရှိ ရေ၏ pH ပမာဏ မြင့်တက်လာမှုကြောင့် ငါးများရှင်သန်မှုနှုန်း တဖြည်းဖြည်း လျော့ကျလာပြီး ဒေသရင်းငါးမျိုးစိတ် ပြုန်းတီးမှုနှင့် ရင်ဆိုင်နေရ




အင်လေးကန်မြောက်ဘက်ပိုင်းအခြေအနေအား တွေ့ရစဉ်
အင်းလေးကန်အတွင်းရှိ ရေတွင် pH ပမာဏ မြင့်တက်လာမှုကြောင့် ငါးများ ရှင်သန်မှုနှုန်း တဖြည်းဖြည်း လျော့ကျလာပြီး ငါးမျိုးပြုန်းတီးမှုများနှင့် ရင်ဆိုင်နေရကြောင်း အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများ ပြန်လည်ဖော်ဆောင်ရေးအတွက် ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ တင်ပြချက်စာတမ်းအရ သိရှိရသည်။

အင်းလေးကန်အတွင်း ငါးမျိုးစိတ် ၅၀ ခန့်နှင့် လိပ်မျိုးစိတ်သုံးမျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တ၀ါ ၃၀ မျိုးခန့်ရှိကြောင်း၊ သို့သော်လည်း လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ စတင်ကာ ငါးမျိုးစိတ်များလျော့နည်းပပျောက် လာခဲ့ကြောင်းလည်း သိရှိရသည်။အဆိုပါငါးများအနက် ငါးဖိန်း၊ ငါးရစ်၊ ငါးတောင်နွယ်၊ ငါးခူရှင်ဖ၊ ငါးနီစိမ်း၊ ငါးဖြူစိမ်း၊ ငါးပုတ်မဆန်း မကြား၊ ငါးအုံမက်၊ ငါးပြားသမအစ ရှိသည်တို့သည် ဒေသရင်းငါးမျိုးစိတ် (Endemic species) ဖြစ်ကြောင်းလည်း သိရှိရသည်။

NLD ပါတီ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် အနုပညာရှင်များလိုက်ပါ၍ မဲပေးပုံမဲပေးနည်း မမှားယွင်းစေရန် ပြည်သူများအား ပညာပေးသရုပ်ဆောင်ပြမည်




ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ်
NLD ပါတီ၏ ပါတီစည်းရုံးရေးခရီးစဉ်များတွင် ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ လိုက်ပါကူညီရန်နှင့် မဲပေးမှုမမှားယွင်းစေရန် ပညာပေးပြသသွားမည့် အစီအစဉ်များ အကြိုညှိနှိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီ၌ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်၌ ပြုလုပ်ခဲ့သည်။ အဆိုပါဆွေးနွေးညှိနှိုင်းပွဲသို့ ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗို၊ ဝေဠုကျော်၊ ရဲတိုက်၊ ချစ်သုဝေ၊ လင်းလင်း၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ သျီ စသည့် အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

စင်ကာပူက ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံဖြစ်လာ




ဖို့ဘ်မဂ္ဂဇင်းက ပြုစုခဲ့သည့် စစ်တမ်းတွင် စင်ကာပူသည် ကာတာနှင့် လူဇင်ဘတ်တို့ပြီးလျင် ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့က ပြုစုခဲ့သည့် အချက် အလက်များကို အသုံးပြုပြီး လေ့လာခဲ့ရာ စင်ကာပူသည် တစ်ဦးချင်းနှစ် စဉ်ဝင်ငွေတွင် ဒေါ်လာ၆၇၀၀ ရှိခဲ့ပြီး တတိယအချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ ရေနံကြွယ်ဝသည် ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ကာတာက တစ်ဦးချင်းနှစ်စဉ်ဝင်ငွေ ၈၈၀၀၀ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ လူဦးရေ ၁ ဒသမ ၇ သန်းရှိသော ကာတာနိုင်ငံသည် ကမ္ဘာ့တတိယသဘာဝဓာတ်ငွေ့ အကြွယ်ဝဆုံး နိုင်ငံဖြစ်သည်။  ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးနိုင်ငံမှာ လူဇင်ဘတ်ဖြစ်ပြီး တစ်ဦးချင်း နှစ်စဉ်ဝင်ငွေဒေါ်လာ ၈၁၀၀၀ ရှိသည်။

Monday 27 February 2012

ရတနာပုံတယ်လီပို့က ၀န်ထမ်းများ စာပို့ကန့်ကွက်

ရတနာပုံတယ်လီပို့က Development and Maintenance ၀န်ထမ်းတွေ စုပေါင်းလက်မှတ်ထိုးပြီး ဌာနကြီးမှူးရဲ့ ရိုင်းပျဆက်ဆံမှုကို စာပို့ကန့်ကွက်ကြတယ်လို့ ၀န်ထမ်းတဦးက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးမှာရှိတဲ့ ရတနာပုံတယ်လီပို့ ၀က်ဆိုက် Development and Maintenance ဌာနက ၀န်ထမ်း ၈၇ ဦးဟာ သူတို့ရဲ့ ဌာနကြီးမှူးဖြစ်တဲ့ ဗိုလ်မှူးမျိုးညွန့်အောင်ရဲ့ ရိုင်းပျဆက်ဆံတာကို မကျေနပ်ကြတဲ့အတွက် စာပို့ ကန့်ကွက်လိုက်တာလို့ ရတနာပုံတယ်လီပို့ ၀န်ထမ်းတဦးက ပြောပါတယ်။

ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး လူမဆန်စွာ ဆဲဆိုကြိမ်းမောင်ခြိမ်းခြောက်မှုနှင့် ပါတ်သတ်၍ ရရှိတဲ့ ပေးစာ


ရတနာပုံ တယ်လီပို့ 

၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီ ပုံမှန်ရုံးဆင်းချိန်တွင် အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပါသည်။ ရောက်လာပြီးနောက် ရတနာပုံဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းအားလုံးအား ရုံးဆင်းချိန်ရောက်ရှိနေသော်လည်း သူ မပြန်သရွေ့ မပြန်ခိုင်းပါ။ ညနေ ခြောက်နာရီ၌ ရတနာပုံဝဘ်ပေါ်တယ်ရှိ admin department မှ ကျန် department များသို့ ဆိုလာစက်ရုံတွင်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းခြင်းခံရသော ဝန်ထမ်းအမည်များ ထုတ်ပြန်လာပါသည်။

ဒီ​ကေဘီ​အေနှင့်​ နယ်ခြား​စောင့်​တပ်ကြား​ လက်နက်ပြဿနာ ​ပြေလည်မှုရရှိ

နယ်ခြား​ စောင့်​တပ်က တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်မ​တော် (ဒီ​ကေဘီ​အေ) ရဲ့​ လက်နက်​တွေကို ဝင်​ရောက် သိမ်း​ယူတဲ့​အတွက် တိုက်ပွဲ​တွေဖြစ်ပွား​ပြီး​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ပျက်ပြား​မလိုဖြစ်ခဲ့​ရာက အခု ​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေနဲ့​ ​ပြေလည်သွား​ပြီလို့​ သိရပါတယ်။
အစိုး ​ရငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ကိုယ်စား​လှယ်အဖွဲ့​ရဲ့​ ကြား​ဝင် ဖျန်​ဖြေမှု အပြီး​မှာ ဒီ​ကေဘီ​အေ နဲ့​ နယ်ခြား​စောင့်​တပ်တို့​ဟာ ပဋိပက္ခမဖြစ်​ရေး​ သ​ဘောတူညီမှု​တွေ ရရှိခဲ့​တာလို့​ ဒီ​ကေဘီ​အေ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဗိုလ်မှူး​ ဆန်း​အောင်က ​ပြောပါတယ်။

အနောက်ကြောင့် တရုတ်နှင့်ဆက်ဆံရေး ထိခိုက်ခံမည်မဟုတ်ဟု ဦးရွှေမန်းပြော

shwemann
အနောက်နိုင်ငံများမှ မြန်မာနိုင်ငံကို ချဉ်းကပ်မှုများ ရှိလာသော်လည်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထိခိုက်ခံမည်မဟုတ်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ မစ္စတာ ဝူဘန်ကိုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် ဖေါ်ပြပါရှိသည်။

တရုတ်နိုင်ငံသို့ ၅ ရက်ကြာ သွားရောက်ခဲ့သည့် ဦးရွှေမန်း၏ ခရီးစဉ်အတွင်း "အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် မည်ကဲ့သို့ပင် ပြန်လည်ချဉ်းကပ်မှုလာသော်လည်း မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေဖြစ်သည့် တရုတ်နိုင်ငံနှင့် ပူးပေါင်း
ဆောင်ရွက်မှုများကို မည်သို့မှ ထိခိုက်ခံမည်ဟုတ်ပါကြောင်း၊ နှစ်နိုင်ငံကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း
ဆောင်ရွက်မှု ဆက်ဆံရေးကို ဆက်လက် အလေးထား ဆောင်ရွက်သွားရမည်" ဟု မစ္စတာ ဝူဘန်ကို အား ပြောကြား ခဲ့သည်။

ရေကမ္ဘာဟုဆိုနိုင်သော ရေနွေးငွေ့ဆန်ပြီး လေထုထူထဲစွာရှိသည့် ဂြိုဟ်သစ်ကိုတွေ့ရှိ





ရေကမ္ဘာဟု ခေါ်ဆိုနိုင်သော ယခင်က မတွေ့ရှိဖူးသေးသည့် ရေနွေးငွေ့ဆန်သော လေထုထူထဲစွာရှိသော ဂြိုဟ်သစ်တစ်လုံးကို တွေ့ရှိခဲ့ကြောင်း နက္ခတ္တဗေဒပညာရှင်များက ထုတ်ပြန်ကြေညာခဲ့သည်။
မိမိတို့နေထိုင်ရာ စကြ၀ဠာပြင်ပရှိ ဂြိုဟ်တစ်ခုဖြစ်သော အလင်းနှစ် ၄၀ အကွာမှ GJ 1214b  ဟု အမည်ပေးထားသည့် ဂြိုဟ်သည် ယင်းသို့သော ထူးဆန်းသည့်အခြေ အနေမျိုးတွင်ရှိနေကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ဟပ်ဘယ်လ်တယ်လီစကုပ်ဖြင့် ထပ်မံလေ့လာမှုများအရ ယင်းဂြိုဟ်၏ ဒြပ်ထုအများစုမှာ ရေများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းဂြိုဟ်ကို လွန်ခဲ့သည့်  ၂၀၀၉ ခုနှစ်ကတည်းက ကမ္ဘာပေါ်ရှိ တယ်လီစကုပ်များဖြင့် လေ့လာစဉ်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ကျပ်တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင်ချပေးမည်

ငွေကျပ် တစ်သိန်းရှစ်သောင်းတန် ဂျီအက်စ်အမ်ဖုန်းများကို လာမည့်မတ်လ ၅ ရက်နေ့တွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် စတင် ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
''အခုလာမယ့် မတ်လ ၅ ရက်နေ့မှာ နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ ဂျီအက်စ်အမ်ဖုန်းတွေ စပြီး ချပေးသွားမယ်။ တန်ဘိုးကတော့  ငွေကျပ်တစ်သိန်းရှစ်သောင်း သတ်မှတ်ထားပါတယ်။ ချပေးမယ့် အလုံးအရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး'' ဟု နေပြည်တော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ စုံစမ်းသိရှိရပါသည်။

အသေးစား မိုးခေါင်ရေရှားမှုကြောင့် မာယာလူမျိုးတို့၏ လူ့အဖွဲ့အစည်း ပျက်သုဉ်းခဲ့ရခြင်းဖြစ်





၂၀၁၂ ခုနှစ်တွင် ကမ္ဘာပျက်မည်ဆိုသော ကောလာဟလတို့ကို ဖြစ်ပေါ်စေခဲ့သည့် မာယာလူမျိုးတို့၏ ပြက္ခဒိန်ကို ဂျာမနီနိုင်ငံတွင် ပြသထားစဉ်
အေဒီ ၉၅၀ ခန့်က ယနေ့ခေတ် မက္ကဆီကိုနှင့် ဂွာတီမာလာနိုင်ငံ တည်ရှိရာအရပ်တွင် ထွန်းကားခဲ့သော မာယာလူမျိုးတို့၏ လူ့အဖွဲ့အစည်း ပျက်သုဉ်းသွားခဲ့ရခြင်းမှာ အသေးစား မိုးခေါင်ရေရှားမှုဖြစ်စဉ်ကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။
တစ်ခေတ်တစ်ခါက အထူးအဆင့်မြင့်သည်ဟု ဆိုနိုင်သော ယဉ်ကျေးမှု လူ့အဖွဲ့အစည်းကြီးတစ်ခု ပျက်သုဉ်းသွားရခြင်းမှာ ဆိုးရွားသော မိုးခေါင်ရေရှားမှုဖြစ်စဉ်ကြီးကြောင့်ဟု ယခင်က ယူဆထားခဲ့ကြသည်။

အနည်းအများ(နန္ဒ၀င်း(ဆေး-၁))




နှစ်ချုပ်လုပ်ငန်းများ မလုပ်ကိုင်မီကပင် ထိုစာရင်းများသည် ကျွန်တော့်အား ခြောက်လှန့်နေပါသည်။ ယခုအခြေအနေကို ရင်မဆိုင်လို၍ တစ်နှစ်ပတ်လုံးကြိုးစားကာ လုပ်ကိုင်ခဲ့ပါသော်လည်း မျှော်လင့်သလို ဖြစ်မလာခဲ့။ နှစ်ချုပ်စာရင်းများ ပြီးသွားသောအခါ အရှုံးသည်ပို၍ ပေါ် လွင်လာခဲ့သည်။ အရှုံးအနိုင်ဆိုတာ မတွေးဘဲ ဘာသိဘာသာနေသူဆိုလျှင် မထောင်းသာသော်လည်း နဂိုကပင် အောင်မြင်လို၍ ကြိုးစားခဲ့သော ကျွန်တော့် အတွက်တော့ ထိုအဖြေသည် ခါးသည်းလှပါသည်။

ချောင်းဦးမြို့တွင် ကြက်ကောင်ရေ ၆၀ ခန့်သေဆုံးခဲ့သဖြင့် ဖေဖော်ဝါရီလ၂၅ ရက် နေ့မှစ၍ ကြက်ဥကြက်သား ရောင်းချတင်သွင်းခွင့်များ ပိတ်ပင်ထား



ချောင်းဦးမြို့တွင် ကြက်ကောင် ရေ ၆၀ ခန့် သေဆုံးခဲ့သဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်မှစ၍ ကြက်ဥ၊ ကြက် သားရောင်းချခွင့်၊ တင်သွင်းခွင့်များ ပိတ်ပင်လိုက်ကြောင်း သိရသည်။
''ချောင်းဦးမြို့ မြောက်ဘက်အ ထွက်မှာ ကြက်ခြံတွေရှိပြီး ကြက်ခြံ တစ်ခြံကနေ ကြက်ကောင်ရေ ၆၀ လောက်သေဆုံးရာကနေပြီး မသင်္ကာလို့ မန္တလေးမြို့ကိုပို့ပြီး ဓာတ်ခွဲစမ်း သပ်နေတယ်လို့ သိရတယ်။ ဖေဖော်ဝါရီ ၂၅ ရက်ကစပြီး ချောင်းဦးမြို့ပေါ်မှာ ကြက်ဥ၊ ကြက်သားတင်သွင်းခွင့် ရောင်းချခွင့်တွေ ပိတ်ထားတယ်။ သက်ဆိုင်ရာကလာစစ်တော့ အနီးနားက ကြက်ခြံတစ်ခြံမှာလည်း ကြက်တစ်ကောင်သေဆုံးတာကို တွေ့ရတယ်လို့ သိရပါတယ်'' ဟု မုံရွာခရိုင် ချောင်းဦးမြို့မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

ရုရှားဝန်ကြီးချုပ် ဆန့်ကျင်သူ ထောင်ပေါင်းများစွာ မော်စကိုမှာ ဆန္ဒပြ


ဒီသီတင်းပတ်အကုန်မှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Vladimir Putin) သမ္မတ ဖြစ်လာနိုင်ဖွယ် ရှိနေတာကို ကန့်ကွက်ဆန္ဒပြကြတဲ့ မော်စကိုမြို့လယ်က ထောင်ပေါင်းများစွာသော ဆန္ဒပြလူထုဟာ တစ်ယောက်နဲ့တစ်ယောက် လက်ချင်းချိတ်ပြီး ချိန်းကြိုးတွေ ဆက်ထားသလို ဆန္ဒပြခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က ၁၆ ကီလိုမီတာ လောက်ရှိတဲ့ Moscow Garden Ring လမ်းမတလျှောက် ဆန္ဒပြသူတွေဟာ အဲဒီလို လက်တွေကို ချိတ်ပြီး ဘေးချင်းယှဉ်ရပ် ဆန္ဒပြခဲ့ကြတာပါ။ ဆိုဗီယက်ပြည်ထောင်စု ပျက်ဆီးခဲ့ချိန်ကစလို့ အကြီးမားဆုံး အတိုက်အခံ ဆန္ဒပြ ဖော်ထုတ်မှု သင်္ကေတဖြစ်တဲ့ အဖြူရောင် ဖဲကြိုးတွေကိုလည်း ဆန္ဒပြသူ အများစုက ၀တ်ဆင်ထားကြပါတယ်။

Sunday 26 February 2012

ဘာလီကျွန်းထောင်တွင် ထောင်ဆူမှုဖြစ်ပွား၍ နိုင်ငံခြားအကျဉ်းသားများအား လုံခြုံသည့်နေရာသို့ ပို့ဆောင်




ထောင်တွင်းဆူပူမှုဖြစ်ပွားပြီးနောက် ကီရိုဘိုကန်အကျဉ်းထောင်ပြင်ပတွင် အင်ဒိုနီးရှားစစ်သားများ အစောင့်ချထားမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိထောင်တွင် ထောင်ဆူမှုဖြစ်ပွားသောကြောင့် နိုင်ငံခြားသားများနှင့် အမျိုးသမီးအကျဉ်းသားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဖေဖော်ရီလ ၂၃ ရက်နေ့က အင်ဒိုနီးရှားအာဏာပိုင်များမှ ပြောကြားခဲ့သည်။
Kerobokan ထောင်သို့ ခွေးများနှင့် လက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ထားသော ရဲကားများရောက်ရှိလာပြီး နိုင်ငံခြားသားအကျဉ်းသား ၆၀ ဦး နှင့်အမျိုးသမီးအကျဉ်းသား ၁၂၅ ဦးတို့အား ရွှေ့ပြောင်းခဲ့သည်။

လက်တွေ့လုပ်ပြတာပဲ မြင်တွေ့ချင်ကြတယ်(လူထုစိန်ဝင်း)




အခုတလောစာရေးရတာ ပျော်တယ်လို့ ခံစားမိလာသလိုလို ရှိတယ်။ စာတွေကို စက်နဲ့လှည့်ထုတ်သလို နှစ်ပေါင်းများစွာ ရေးနေပေမယ့်၊ တာဝန်ဝတ္တရားတစ်ခုအနေနဲ့သာ ရေးလာခဲ့တာဖြစ်တယ်။ စာရေးရတာ ပျော်တယ်လို့ မခံစားရတာ ကြာလှပြီ။ နှစ်ပေါင်း ၅၀ တောင် ရှိခဲ့ပြီ။
လူမပြောင်း စနစ်ပြောင်း
ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရပုံသဏ္ဌာန်အပြောင်းအလဲ လုပ်လိုက်တယ်။ အရင်ကလည်း ဒီလူတွေ၊ အခုလည်း ဒီလူတွေဖြစ်နေပေမယ့် 'လူမပြောင်း စနစ်ပြောင်း' ဆိုသလို၊ တစ်သွေးတစ်သံတစ်မိန့် အာဏာရှင်ပုံစံကနေပြီး ရွေးကောက်ပွဲတို့၊ လွှတ်တော်တို့ ပုံစံကို ပြောင်းလဲကျင့်သုံးလိုက်တယ်။

သန်လျင်တံတား အနီးရှိ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာစီမံကိန်းတွင် စင်ကာပူနိုင်ငံမှ YOMA ကုမ္ပဏီ က စင်ကာပူဒေါ်လာ ၉၁ သန်း မြုပ်နှံမည်





7223a ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သန်လျင်တံတားအနီး ရန်ကုန်မြစ်ကမ်းပေါ်တွင် SPA /FMI Group of Companies ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် လူပေါင်း ၂၅၀၀၀ ခန့်နေထိုင် နိုင်မည့် ကြယ်စင်မြို့တော် အိမ်ရာ စီမံကိန်းတွင် စင်ကာပူနိုင်ငံရှိ YOMA Strategic Holding Ltd. က စင်ကာပူဒေါ်လာ ၉၁ သန်းမြှုပ်နှံခဲ့ကြောင်း ကြယ်စင်မြို့တော် အိမ်ရာ စီမံကိန်းမှ ဒါရိုက်တာဖြစ်သူ ကိုစိုးသီဟလှိုင်၏ ပြောကြားချက်အရ သိရှိရသည်။
ကြယ်စင်မြို့တော်အိမ်ရာ စီမံကိန်းမှာ သံလျင်တံတားအနီး ရန်ကုန်မြစ်ကမ်းပေါ်ရှိ မြေအကျယ်အ၀န်း ဧက ၄၂၀ ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်နေခြင်း ဖြစ်ပြီး ယင်းစီမံကိန်းတွင် စင်ကာပူ နိုင်ငံရှိ့  YOMA Strategic Holding Ltd. က ရင်းနှီးမြှပ်နှံမှု ၇၀ ရာခိုင်နှုန်းပြုလုပ်မည်ဖြစ်ပြီး FMI ကုမ္ပဏီ က ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ စီမံကိန်းအား ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အခန်းပေါင်း ၈၀၀၀ မှ ၉၀၀၀ အကြား ပါဝင်မည်ဖြစ်ကာ လူပေါင်း ၂၅၀၀၀ ခန့် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအား လာ မည့် ၂၀၂၀ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခြံနှင့် အိမ်ကို အမွေခွဲပေးစေလိုမှု ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုမှု စစ်ဆေး


ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ် သာလမ်းရှိ နေအိမ်နှင့် ခြံဝင်းကို မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေပုံပစ္စည်းအဖြစ် စီမံခန့်ခွဲပေး ရန် တရားမကြောင်းအရ ဦးအောင် ဆန်းဦးကဒေါ်အောင်ဆန်းစုကြည် အပေါ် လျှောက်ထားတရားစွဲဆို ခဲ့မှုကို ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးတွင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆက်လက်စစ်ဆေး ကြားနာခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် တရား ပြိုင်ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြသောတက္ကသိုလ်လမ်းနေ ဦးအေးဝင်း(ဦးဘ၀င်း၏သား) ကို ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေ အကျိုးဆောင်က မေးမြန်းစစ်ဆေး ခဲ့သည်။ ယင်းသို့ မေးမြန်းရာတွင် မိခင်ကြီးဒေါ်ခင်ကြည်ကွယ်လွန်ပြီး နောက် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး သဘောတူချုပ်ဆိုခဲ့သော စာချုပ်ကို အဓိကထား၍ မေးမြန်းသည်။

ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်းမပြုတော့


 ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတ သည် ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅ အထွေထွေ ပုဒ်မ ၃၃ တွင် ရပ်ကွက် ကျေးရွာများ၌ ဧည့်စာ ရင်းတိုင်ကြားရာတွင် ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း မပြုရကြောင်း ယင်းဥ ပဒေပြဌာန်းချက်အရ သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်း ကြေးအဖြစ်သော် လည်းကောင်း ငွေ ကြေးကောက်ခံ မှုများ ရှိခဲ့ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဖို့ အယူခံ ထပ်တင်


လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကန့်ကွက် အယူခံလွှာ တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီက ဖြေရှင်းချက်ပေးမယ့်စာကို တနင်္လာနေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။
AFP
၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။
ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ကို ခရိုင်ကော်မရှင်ရုံးမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကန့်ကွက်ခဲ့တာပါ။ အဲဒီ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က ပယ်ချပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အယူခံလွှာကို ရန်ကုန်တိုင်း ကော်မရှင်ရုံးမှာ ထပ်တင်ခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ မွန်ပြည်သစ် အပစ်ရပ် သဘောတူ


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲရေး အပါအ၀င် အချက် ၄ ချက်ပါတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ပဏာမ သဘောတူညီချက်ကို ဒီကနေ့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ကို ဆက်လက် အကောင်အထည် ဖော်ရမယ့်နေရာမှာ အောင်မြင်မှု အပြည့်အ၀ ရှိမယ်လို့ ယုံကြည်ထားတဲ့အကြောင်းလည်း မွန်ပြည်သစ်ပါတီက ပြောပါတယ်။

ဘင်လာဒင်ရဲ့ အိမ်ခြံဝန်းကို ဖြိုချ ဖျက်ဆီး


ပါကစ္စတန်နိုင်ငံ Abbottabad မြို့က အယ်လ်ခိုင်းဒါး ခေါင်းဆောင် ဘင်လာဒင် နောက်ဆုံးနေခဲ့တဲ့ အိမ်ကို ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေက စတင် ဖြိုချနေပြီလို့ ပါကစ္စတန်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ အဲဒီအိမ်ဟာ အမေရိကန် အထူးတပ်ဖွဲ့တွေ ပြီးခဲ့တဲ့နှစ် မေလတုန်းက ၀င်ရောက် မသုတ်သင်ခင် ဘင်လာဒင် နောက်ဆုံးနေခဲ့တဲ့အိမ် ဖြစ်ပါတယ်။
လုံခြုံရေးတွေ အတင်းအကျပ်ချထားတဲ့ အဲဒီအိမ်ကို ပါကစ္စတန်အစိုးရက စနေနေ့မှာ ယန္တယား အကြီးကြီးတွေ ပို့ပြီး ဖြိုချနေတာလို့ မြို့ခံတွေက ပြောပါတယ်။ ဒီအိမ်ကို ဘာကြောင့် ဖြိုချပစ်တယ်ဆိုတဲ့ အကြောင်းပြချက်တော့ အစိုးရဘက်က မပေးပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့်ခွင့်ရဖို့ ကုလမျှော်လင့်


မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲတွေ လွတ်လပ်မျှတမှု ရှိစေရေး ပြင်ပက အကဲခတ်တွေ စောင့်ကြည့်ခွင့်ရမယ်လို့ မျှော်လင့်တဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါမယ်လို့ ကတိက၀တ် ပြုထားရာမှာ အဓိကစမ်းသပ်ချက် တစ်ခုအဖြစ် မြင်နေကြတဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကို လေ့လာသူတွေ ၀င်ခွင့်ပြုဖို့ ကမ်းလှမ်းချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီးယား (Vijay Nambiar) က ပြောလိုက်တာပါ။

မြအေး(သို့မဟုတ်) နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သည်




နှင်းတွေတဖွဲဖွဲကျနေသည်။ မြူနှင်းတွေလား၊ မီးခိုးလား မသဲကွဲခင် အချိန်ပိုင်းလေးတွင် တောင်ကြီးသို့ သူရောက်လာသည်။ တကယ်တော့ သူ့ကိုအင်းစိန်ကနေ လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ သူနှင့် အဆက်ပြတ်သွားခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ။ နောက်တော့ သူ့ရဲ့ကျန်းမာရေးမကောင်းလှဟု ကြားသိရသည်။
လွိုင်ကော်အပြင်ဆေးရုံကြီးသို့ တက်ရောက်ကုသရသည်။ ကျွန်တော်တို့အားလုံးလည်း သူ့အတွက် စိုးရိမ်နေကြပါသည်။ ခုတော့ စ၀်စံထွန်းဆေးရုံကြီးနှင့် နီးနီးနားနားနေနိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးလိုက်ခြင်း ဖြစ်မည်ထင်သည်။ ကျွန်တော်တို့နှင့်သူ၏ ရေစက်က တော်တော်ပတ်သက်ယှက်နွယ်နေပုံရသည်။ တောင်ကြီးရောက်တော့ သူက တိုက် ၂ မှာ။ ကျွန်တော်တို့တိုက်ကို အလည်မလာပေမယ့် သူ့တိုက်ကို ကျွန်တော် မကြာခဏ သွားလေ့ရှိပါသည်။ ဘာကြောင့်လဲဆိုတော့ သူတို့တိုက်က ဘောလုံးကစားတဲ့ကွင်း ရှိနေတာကိုး။ ဘောလုံးကွင်းက သိပ်အကျယ်ကြီးတော့မဟုတ်။ ဒါပေမယ့် တစ်ဖက်ငါးယောက် ဖူဆယ် ကောင်းကောင်း ကစားလို့ရသည်။

မူဆယ်မြို့တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် စီစဉ်နေ




တရုတ်-မြန်မာနယ်စပ်မူဆယ် မြို့တွင် အထူးစီးပွားရေးဇုန် Special Economic Zone  တည်ဆောက်ရန် စီစဉ်နေကြောင်းနှင့် ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတစိုင်းမောက်ခမ်းက လားရှိုးခရီးစဉ်အတွင်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

''မူဆယ်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ဒုတိယသမ္မတရဲ့ လားရှိုးခရီးစဉ်အတွင်းမှာ ထည့်သွင်းဆွေးနွေးခဲ့ကြတယ်။ အထူးသဖြင့်က ဒီဆင်းရဲမွဲတေမှုကိုလျော့ချဖို့အတွက် စပြီးလုပ်တဲ့သဘောပါ။ စီးပွားရေးဇုန်နဲ့အတူ အများပိုင်ကုမ္ပဏီတွေလည်း ဖွဲ့စည်းခွင့်ပေးမယ်လို့ ပြောတယ်။ အများပိုင်ကုမ္ပဏီတွေရှိခြင်းအားဖြင့် အစုရှယ်ယာ ရောင်းလို့ရတယ်။ဘာပဲဖြစ်ဖြစ် ဘဏ်တိုးနှုန်းတွေထက် မြင့်အောင်တော့ပေးမယ်ဆိုရင် ရှယ်ယာတွေရောင်းလို့ရပါတယ်။  ၂၀၁၅ AFTA  အမီ လုပ်သွားဖို့ စီစဉ်နေတာပါ။ ၂၀၁၅  ခုနှစ်မှာ Asean Economic Community နဲ့ Asean Free trade Area အကောင်အထည်ပေါ်လာရင် ကျွန်တော်တို့ အခုလို တရုတ်ကို ကုန်ကြမ်းရောင်းနေရုံနဲ့တော့ မရတော့ပါဘူး။ ဒီအတွက် ပြင်ဆင်တာပါ'' ဟု မူဆယ်နမ့်ခမ်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ပြုလုပ်ခဲ့





7221 အမျိုးသား ညီညွတ်ရေးကို ပြဆိုခဲ့သည့် မြစ်ဆုံအရေးနှင့် ပတ်သက်သော ကျေးဇူးပဲ့တင်သံ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ အနီးရှိ တန်ဖဲရွာ၌ ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ကျေးဇူးပဲ့တင်သံ အခမ်းအနားသို့ ကချင်ဒေသခံများ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင် အပါအ၀င် အဖွဲ့ဝင်(၁၆)ဦး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်သူများ၊ ကဗျာဆရာ၊ ဓာတ်ပုံ ဆရာ၊ ဒီဇိုင်းဆရာများနှင့် သတင်းသမားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား အစီအစဉ်များတွင် သိက္ခာတော်ရ ဆရာတော် ဘရန်ဒူးက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဘုန်းတော်ကြီး ဆွမ်ရွိုမ်အောင်က ဆုတောင်းဆပ်ကပ်ခြင်းများ ပြုလုပ်ခဲ့ ကာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်ပြီး ၎င်းတို့၏ သဘောထား အမြင်များကို ပြောဆိုသွားခဲ့သည်။

အင်းလေးကန်အတွင်း ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ်အသုံးပြုရန် မသင့်လျော်သည့် အခြေအနေတွင် ရှိနေ




အင်းလေးကန်တစ်နေရာကို ၂၀၁၁ ခုနှစ်အတွင်းက တွေ့ရစဉ်
အင်းလေးကန်အတွင်း ရေပြင်ဧရိယာ ကျဉ်းမြောင်းလာကာ တစ်နှစ်ထက်တစ်နှစ် ရေအရည်အသွေး တဖြည်းဖြည်းကျဆင်းလာမှုကြောင့် သောက်သုံးရေအဖြစ် အသုံးပြုရန် မသင့်တော်သည့်အခြေအနေတွင်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များထံမှ သိရှိရသည်။
''အင်းလေးကန်ဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကန်ရေပြင် တဖြည်းဖြည်း ကျဉ်းမြောင်းလာသလို ရေအရည်အသွေးကလည်း တဖြည်းဖြည်း ကျဆင်းလာနေပါတယ်။ အရင်နှစ်တွေတုန်းက အခြေအနေက သောက်ဖို့မသင့်တော်ပေမယ့် သုံးလို့ရနိုင်တဲ့ အနေအထားရှိသေးတယ်။ ခုနောက်ပိုင်းမှာ ကျန်းမာရေးရှုထောင့်အရ သုံးဖို့တောင် မသင့်တော်တော့တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီရေမှမသုံးရင် သုံးစရာရေမရှိလို့ မဖြစ်မနေသုံးနေရတယ်ဆိုရင်လည်း ဒီရေကိုသုံးနေရတဲ့အတွက် အကျိုးသက်ရောက်မှုက တိုက်ရိုက်မဟုတ် ရင်တောင် သွယ်ဝိုက်ပြီးလာနိုင်ပါတယ်။ ဒါတွေကို ဒေသခံတွေ သတိပြုသင့်ပါတယ်''ဟုလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ဆိုပါသည်။

အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ တင်သွင်းခွင့်ပြုရန်ပြင်ဆင်





အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများအား ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ပြန်လည်တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ထုတ်ပြန်ထားချက်အရ အရက်၊ ဘီယာ၊ စီးကရက်၊ ကပ်စေးနှဲဖြင့်ပြုလုပ်သော မုန့်များ၊ ကိတ်၊ ချောကလက်၊ ဝေဖာနှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသော ကုန်ပစ္စည်းများကို လက် ရှိတွင် ကန့်သတ်ထားသည်ဟုဆိုသော်လည်း နောက်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်အရ တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း သိရသည်။

တိုင်ရီဖိနပ်စက်ရုံရှိ အလုပ်သမား ၁၃၁၁ ဦးက ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ အလုပ်သမားအခွင့်အရေးများအား တင်ပြတောင်းဆို




လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၃)ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမား ၁၃၁၁ ဦးသည် စက်ရုံမှပေးအပ်သည့် လုပ်ခလစာများနှင့်ပတ်သက်သည့် အလုပ်သမားအခွင့်အရေးများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လှိုင်သာယာမြို့နယ် ၀ါဏိဇ္ဇပဋိပက္ခ ကော်မတီခုံရုံးသို့ တင်ပြတောင်းဆို လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
'' ခုံရုံးတင်ပြဖို့အတွက် အလုပ်သမား ၁၃၁၁ဦးကိုယ်စားပြု အလုပ်သမားကိုယ်စားလှယ် ၄၅ ဦးကို ဒီနေ့မနက်ပဲ ရွေးချယ်ခဲ့ပါတယ်။ အခု မွန်းလွဲ ၃ နာရီမှာတော့ မြို့နယ် ၀ါဏိဇ္ဇပဋိပက္ခကော်မတီကိုသွားပါ မယ်။ ဒီကနေ ညွှန်ကြားချက်ရတာနဲ့ ညနေဘက်မှာတော့ ရှေ့နေကိုဖိုးဖြူနဲ့ အလုပ်သမားကိုယ်စားလှယ်တချို့ နေပြည်တော်မှာရှိတဲ့ ၀ါဏိဇ္ဇပဋိပက္ခကို သွားပါမယ်'' ဟု အလုပ်သမားကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုကျော်မျိုးလှိုင်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တိုင်ရီဖိနပ်စက်ရုံရှေ့တွင် တွေ့ဆုံစဉ်က ပြောကြားခဲ့ပါသည်။

Saturday 25 February 2012

စမ်းသပ်ပြေးဆွဲ နေသည့် အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို နေ့စဉ်ပုံမှန် ပြေးဆွဲသွားမည်




4474 ပါရမီမြို့တွင်း ခရီးသွား သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ စမ်းသပ်ပြေးဆွဲ နေသည့် အမျိုးသမီး သီးသန့်ယာဉ်လိုင်းကို နေ့စဉ်ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဟု အဆိုပါလုပ်ငန်းမှ သတင်း ရရှိသည်။
အမျိုးသမီး သီးသန့်ယာဉ်လိုင်းအဖြစ် စမ်းသပ်ပြေးဆွဲမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြေးဆွဲခဲ့ပြီး ပြေးဆွဲခဲ့သော ယာဉ်လိုင်းများမှာ အဓိပတိအပြာ၊ အနီ၊အ၀ါ၊၁၇၆၊၁၇၇ ယာဉ်လိုင်း ငါးလိုင်းတို့ဖြစ်ကာ တစ်လိုင်းလျှင် နှစ်စီးနှုန်းဖြင့် ၁၀ စီး ပြေး ဆွဲခဲ့ကြောင်း၊ ပြေးဆွဲချိန်မှာ နံနက် ၇ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်နှင့် ညနေ ၄ နာရီမှ ၇ နာရီအထိ တစ်ကြိမ်ပြေးဆွဲခဲ့ကြောင်း ခန့်မှန်းထားသော ခရီးသည်ဦးရေထက် ပိုမိုရရှိမှုကြောင့် နေ့စဉ်ပုံမှန်ယာဉ်လိုင်းအဖြစ် ပြေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။

တွေ့ကြုံခဲ့ရဖူးသည့်သူတို့ဆီက လူထုကျန်းမာရေးစောင့်ရှောက်မှု(ဒေါက်တာစိုးသိမ်း)


Photo

မကြာသေးမီက စာရေးသူ၏ အဒေါ်အရင်း အသက် ၈၀အရွယ်ရှိ အိမ်ထောင်မရှိ အပျိုကြီးသည် ရုတ်တရက် မူးလဲသတိလစ် ၍ ကိုယ်တစ်ခြမ်း လေဖြတ်သွားခဲ့သည်။ ထို့ကြောင့်အိမ်နှင့်နီးသည့်ပြင်ဦးလွင်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ရုံတွင်တင်၍ကုသခဲ့ရပါသည်။ အဒေါ်သည် သတိလစ်နေရာမှ ရှစ်ရက်မြောက်တွင်သတိပြန်လည် လာပါသည်။ သို့သော်လည်း တစ် ပိုင်းတစ်စ သတိရခြင်း ( Semiconscious )သာဖြစ်ပြီး စကား မပြောနိုင်၊ အစာမစားနိုင်၊ မလှုပ်ရှားနိုင်သည့် အခြေအနေပါ။ လူနာ အတွက် အစွမ်းကုန်ကုသပြုစုခြင်း ( Intensive Care ) လိုအပ် နေသေးချိန်ဖြစ်ပါသည်။
အဒေါ်၏ ဆေးကုသစရိတ်အတွက် အဝေးရောက် တူ၊ တူမ များက စုပေါင်းကာ လှမ်း၍ ငွေ ရှစ်သိန်းပို့ပေးပါသည်။ ပုဂ္ဂလိကဆေးရုံတွင် ဆေးကုသစရိတ်မှာ တစ်ရက် လျှင် ပျမ်းမျှ ရှစ်သောင်းခန့်ရှိသဖြင့် ဆယ်ရက်အကြာ၌ ထိုငွေရှစ်သိန်းမှာ ပြိုက်ခနဲ ကုန်သွားပါတော့သည်။ သို့ဖြင့် ဆက်လက်၍ ဆေးကုသစရိတ်ကိုဖြေရှင်းရန် အဒေါ်နှင့် စာရေးသူ ပူးတွဲငွေစာရင်း ( Joint Account ) ဖွင့်ထားသည့် ငွေစု ဘဏ်စာအုပ်ထဲမှ ငွေဆယ်သိန်း ထုတ်လိုက်ရပါတော့သည်။

NLD မိထ္တီလာကိုယ်စားလှယ်လောင်းက ပြိုင်ဘက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအား တရားစွဲ


ဒေါ်မြင့်မြင့်အေး
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ မိထ္ထီလာ မြို့နယ်ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဝင်းထိန်က ပြိုင်ဘက်တစ်သီး ပုဂ္ဂလိကိုယ်စားလှယ် လောင်းအား တရားစွဲလိုက်ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် နှစ်ပေါင်းများစွာ ပါတီဝင်အဖြစ်ထမ်း ဆောင်ခဲ့သည့်ဒေါ်မြင့်မြင့်အေးသည် ယင်းပါတီပြန်လည်ဖွဲ့စည်း သောအခါတွင် ပါတီဝင်အဖြစ်ပါဝင်ခြင်းမရှိတော့ဘဲ၊ မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲတွင်တစ်သီး ပုဂ္ဂလိကိုယ်စား လှယ်လောင်း  အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ရန်ပြင်ဆင်ပြီး၊ မဲဆွယ်စည်းရုံးမှုများပြုလုပ်ရာတွင်အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာမည်နှင့် အမှတ်တံဆိပ် ကို အသုံးပြုခဲ့သဖြင့် ယင်းသို့တရား စွဲဆိုရန်စီစဉ်ခြင်းဖြစ် ကြောင်း ဦးဝင်းထိန်က ပြောသည်။

“ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်” လှည်းတန်းဗုံးကွဲမှုတွင် ဒဏ်ရာရခဲ့သူ မခင်မြတ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း


(ယမန်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က လှည်းတန်းလမ်းဆုံ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယင်းသန့်စင်ခန်း ၀န်ထမ်း တဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသူ မခင်မြတ်နွယ်မှာ ဆေးရုံတွင်လနှင့်ချီ ကုသမှုခံယူလျှက်ရှိသည်။
သူ့အနေဖြင့် ဖြစ်ပျက်ခဲ့သည့် အတွက်မည်သူ့ကိုမျှ အာဃာတမထားပဲ သူ့၏ မျက်နှာတခြမ်း မှ ဒဏ်ရာကိုသာ ပြန်လည်ကောင်းစေချင်သည်ဟု ပြောဆိုသည်။ မခင်မြတ်နွယ်နှင့် YPI တွေ့ဆုံမေးမြန်းထားသည်ကို ဖေါ်ပြပေးလိုက်ပါသည်။)

 
လွန်ခဲ့သည့် ၂လကြာက လှည်းတန်း လမ်းဆုံ ဗုံးကွဲမှုကြောင့်ရရှိသည့် ဒဏ်ရာများ ကုသမှုခံယူလျှက်ရှိသည့် မခင်မြတ်နွယ်အား ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ရန်ကုန်မြို့ ၎င်းနေထိုင်ရာ အိမ်၌ ယခုလိုတွေ့ရသည်။ (ဓါတ်ပုံ- သူရမျိုး YPI)

Friday 24 February 2012

မြန်မာဆေးပညာရှင် ဦးဆောင်သော ဖော်ထုတ်တွေ့ရှိချက် အသစ် (သို့မဟုတ်) ရှားပါးရောဂါစု တစ်မျိုးနှင့် ရင်သားကင်ဆာတို့ ဆက်စပ်နေကြောင်း တွေ့ရှိ




l4471
ရှားပါးရောဂါစု တစ်မျိုးနှင့် ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာတို့ ဆက်စပ်နေကြောင်း သုတေသန တွေ့ရှိချက် အသစ်တစ်ခုကို မြန်မာ ဆေးပညာရှင်တစ်ဦး ဦးဆောင်သော သုတေသနအဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါတွေ့ရှိချက်ကို နိုင်ငံတကာ သတင်းမီဒီယာများ၌ ထိပ်တန်း သတင်းအနေဖြင့် ဖော်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သုတေသနတွေ့ရှိချက် အသစ်ကို အမေရိကန်နိုင်ငံ ကင်ဆာ ရောဂါပညာရှင်များအဖွဲ့( American Society of Clinical Oncology) မှ ထုတ်ဝေသည့် ထိပ်တန်းဆေးသိပ္ပံဂျာနယ် Journal of Clinical Onco- logy  ၌ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဖော်ပြခဲ့ပြီး ရိုက်တာသတင်းဌာနနှင့် Sky News ၊ Fox News ၊ Science Daily  အစရှိသော မီဒီယာများ အပါအ၀င် နိုင်ငံတကာသတင်းမီဒီယာများတွင်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြခဲ့ကြသည်။

အောက်ဆိုက်ရှိလား(သူရိယမျိုး)



ပထမဆုံး အလုပ် စ၀င်သူတစ်ယောက်ကို သူ့မိတ်ဆွေများက လခဘယ်လောက်ရသလဲဟုမေးလေ့ရှိပါသည်။ တဆက်ထဲ၌ ထုံးတမ်းစဉ်လာဖြစ်နေသော နောက်ဆက်တွဲမေးခွန်းဖြင့် ထပ်မံစူးစမ်းကြပြန်သည်။ လစာအပြင် အောက်ဆိုက်ရော ရှိသေးလား..ဟူသတတ်။
အကယ်၍ လစာအရင်းကဘယ်လောက်၊ အပိုအောက်ဆိုက်ကမည်မျှဆိုကာ ခွဲခြားပြလိုက်လျှင် ကြားရသူများက ကျေနပ်ဝမ်းမြောက်သောအပြုံးဖြင့် နှစ်လိုဖွယ်တုန့်ပြန်တတ်ကြသည်။ ထိုသို့ အောက်ဆိုက်ရှာသူများကို လွဲမှားစွာ အသိအမှတ်ပြုလိုက်ခြင်းသည် ကျွန်တော်တို့ပတ်ဝန်းကျင်၌ အောက်ဆိုက်ယဉ်ကျေးမှု ထွန်းကားခြင်း၏ အခြေခံအချက် ဖြစ်သည်။
ထိုဘေးပေါက်ရသောဝင်ငွေကို မည်သူကစ၍ အောက်ဆိုက် ဟုခေါ်သလဲမသိပါ။ အရင်ကတော့ လက်ဖက်ရည်ဖိုးဟု ချိုချိုသာသာ ခေါ်ကြသည်။ ဖြစ်နိုင်သည်မှာ လာဘ်စယူစဉ်က အမှန်တကယ်လက်ဖက်ရည်ဖိုးလောက်သာ တောင်းခဲ့ကြဟန် တူသည်။

ကချင်ပြည်နယ် မနောကွင်းတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညက ပြုလုပ်သော ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်





ကချင်ပြည်နယ်၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ညက ပြုလုပ်သော ညစာစားပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ညစာစားပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ည ၈ နာရီခွဲတွင် ပြုလုပ်ပြီး ၁၀ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။ ယင်းညစာစားပွဲသို့ ပင်လုံညီလာခံ လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ကချင်တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆွေမျိုးများပါ တက်ရောက်ခဲ့ကြောင်း သိရသည်။

အငှားယာဉ် အရှိန်လွန် ဓာတ်တိုင်တိုက်မိ၍ ယာဉ်မောင်းသေ ခရီးသည်နှစ်ဦး ဒဏ်ရာရ


Photo
ရန်ကုန်၊ဖေဖော်ဝါရီ-၂၀
ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ၁၀၆ မှတ်တိုင်အနီးတွင် အငှားယာဉ်တစ်စီး အရှိန်လွန်ကာဓာတ်တိုင်ဝင်တိုက်မိ၍ ယာဉ်မောင်းသေဆုံးသွားကြောင်း ကြိုး မဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်မြို့ထဲမှ ကမ္ဘာအေးလမ်းအတိုင်း မောင်းနှင်လာသော ပ/၉၁၈၂ ကရီနားဆလွန်းအဖြူ အငှားယာဉ်သည် အရှိန်လွန်ကာ ယာဘက်ဓာတ်တိုင်ကို တိုက်မိသဖြင့် ယာဉ်ထက်ပိုင်းပြတ် ပျက်စီးကာ ယာဉ်မောင်းဖြစ်သူ အွစ်မန်အလီဆိုသူမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး  အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးသွားခဲ့သည်။

အမှားများနဲ့ နေသားကျနေတဲ့လူ(မောင်စံပေါ)




(၁)
ပြောရရင်တော့ ခရီးထွက်ခဲ့မိတာက စရမှာ။ အောင်မင်္ဂလာ အဝေးပြေးဂိတ်သွားဖို့ တက္ကစီကားငှားပြီး လာခဲ့တယ်။ ဟိုမေး ဒီမေး ဟိုပြော ဒီပြောလုပ်တတ်တာက အသက်ကြီးမှ ဖြစ်လာတဲ့အကျင့်တစ်ခု။
လမ်းမှာကတည်းက ယာဉ်မောင်းက နားကြားပြင်းကပ်နေလောက်ပြီ။ ''ဟာ ဟိုကားက လိုင်းမှားနေတယ်''၊ ''တယ် ဒီကောင်လေး ကွေ့ကြောကနေ တည့်တည့်ထွက်ပြန်ပြီ'' ''အချက်မပြဘဲနဲ့ ဒီလိုချက်ချင်းရပ်လို့ရမလား'' ဘာညာတွေက များတာကိုး။ တော်တော်လေးကြားပြီးချိန်မှာ ယာဉ်မောင်းက တစ်ခွန်းပြောတယ် ''ဆရာကြီး လူတွေတော်တော်များ များက ဒီလိုဘဲမောင်းနေကြတာ''တဲ့။ ဒါနဲ့ ကိုယ်ကပိုက်ဆံပေး ငှားလာတဲ့ယာဉ်မောင်းက ကြာရင် အမြင်ကပ်ရော့မယ်ဆိုပြီး ပါးစပ်ကို ဘရိတ်အုပ်ခဲ့ရတယ်။ အောင်မင်္ဂလာ ၀င်ပါရော။
''ဆရာကြီး ဘယ်ဂိတ်လဲ'' ယာဉ်မောင်းရဲ့အမေးကို သွက်သွက်လက်လက်လေး ဖြေပေးလိုက်တယ်။ ''အီလစ် အီလစ်။''ယာဉ်မောင်းရဲ့မျက်နှာမှာ နည်းနည်းရှုပ်သွားပုံပေါ်တယ်။ သေသေချာချာ မကြားမိတာ လည်းဖြစ်နိုင်တာပါပဲ။ ''ဆရာကြီးလက်မှတ်လေးပြပါဦး''တဲ့။ လက်မှတ်လည်းပြလိုက်ရော ''ဟာ ဆရာကြီးကလည်း အီလိုက်ဆိုပြောရင် သိတာပေါ့ဗျာ။ ဒီမှာရေးထားတယ်လေ အီး အယ် အိုင် တီ အီး မတွေ့ဘူး လား။''မောင်စံပေါလည်း အင်္ဂလိပ်စာလေးတောင် မှန်အောင်အသံမထွက်တတ်တဲ့ကောင် ဖြစ်သွားတယ်။ ဖြတ်ကနဲ ''အီလိုက် မဟုတ်ဘူးကွ သူငယ်ချင်းရ အီလစ်လို့ အသံထွက်တယ်'' ဆိုပြီး အမှန်ပြင်ပေးခဲ့တဲ့ နိုင်ငံခြားပြန် ပါရဂူသူငယ်ချင်းရဲ့ မျက်နှာကို ပြေးမြင်မိတယ်။ ငါအမှန်အသံထွက်မိတာများ မှားသွားလေသလား။

(၂)

မောင်စံပေါတို့ အင်မတန်ဂုဏ်ယူတဲ့ ယဉ်ကျေးမှုမြို့တော်ကြီးကို ၀င်ဖြစ်ပါတယ်။ ယာဉ်မောင်းကတော့ သူ့အလုပ်ကို သူလုပ်လို့ တည်တည်ငြိမ်ငြိမ်ပါပဲ။ မတည်ငြိမ်တာက ဟောဒီ ကောင် ''စိတ်'' ထဲနေက မောင်းလိုက်၊ လီဗာနင်းလိုက်၊ ဘရိတ်အုပ်လိုက်၊ စတီယာရင်ဘီးကို ဟိုလှည့်လိုက် ဒီလှည့်လိုက်။ တိုက်မိတာတွေနဲ့ မနည်းမနော။

မြန်မာ့ပင်လယ်ပြင်တွင် ငါးသလောက် မျိုးပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရ






မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းပိုက်များပြောင်းလဲကာ ငါးဖမ်းဆီးမှုကြောင့် ငါးသယံဇာတများ ပြုန်းတီးမှုနှင့်အတူ ငါးသလောက် ငါးမျိုးပြုန်းတီးလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

''အရင်တုန်းကဆိုရင် ရေပေါ်ငါးမျိုးဖြစ်တဲ့ ငါးသလောက်ကို ၄ ဒသမ ၃ လက်မ အရွယ်ရှိတဲ့ ပိုက်ကွက်တွေနဲ့သာ ဖမ်းတာကြောင့် အရွယ်ရောက်ပြီးတဲ့ ငါးသလောက်တွေကို သာဖမ်းမိပြီး အကောင်ပေါက်တွေကတော့ လွတ်မြောက်သွားနိုင်ပါတယ်။ အခုဖမ်းနေတဲ့ ပိုက်ဖြစ်တဲ့ ၀ိုင်းချုပ်ပိုက်ဆိုရင် အရွယ်အစားက တစ်လက်မခန့်လောက် ရှိပါတယ်။ ဒီတော့ ဖမ်းတဲ့နေရာမှာ ငါးအကောင် ပေါက်လေးတွေပါ ဖမ်းမိတဲ့ထဲ ပါကုန်ပါတယ်။ ငါးသလောက်ငါးမျိုးဆို အခုဆိုရင် တဖြည်းဖြည်း ရှားပါးလာပြီး အခြေအနေ တော်တော်ဆိုးနေပါပြီ''ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်အခြေစိုက် Visa ကုမ္ပဏီက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသည်နှင့် လုပ်ငန်းဆောင်ရွက်နိုင်ရန် ပြည်တွင်းဘဏ်အချို့နှင့် ချိတ်ဆက်လာ




အမေရိကန်နိုင်ငံအခြေစိုက် Visa  အကြွေးဝယ်ကတ်လုပ်ငန်းက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်းသည်နှင့် လုပ်ငန်းဆောင် ရွက်နိုင်ရန် ပြည်တွင်းဘဏ်အချို့နှင့် ချိတ်ဆက်ဆွေးနွေးလာကြောင်း ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
''Visa  ကုမ္ပဏီက ပြည်တွင်းဘဏ်တွေနဲ့ ဆွေးနွေးသွားပါတယ်။ သူတို့က စီးပွားရေးပိတ်ဆို့မှုရုပ်သိမ်း သွားပြီဆိုတာနဲ့ ၀င်လာနိုင်အောင် ပြင်ဆင်လာတဲ့အခြေအနေပါ။ တခြားနိုင်ငံတွေက အကြွေးဝယ်ကတ်လုပ်ငန်းတွေ လည်း မြန်မာပြည်ဈေးကွက်ကို တော်တော်စိတ်ဝင်စားနေတာ တွေ့ရတယ်''ဟု အဆိုပါလုပ်ငန်းများနှင့် ဆွေးနွေးရာတွင် ပါဝင်သည့်ပုဂ္ဂလိကဘဏ်တစ်ခုမှ  ပြောကြားပါသည်။

ဗဟန်းမြို့နယ်တွင် နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက် ရိုက်နှက်မှု ဖြစ်ပွား


ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံတောင်ရပ်ကွက် ဦးအောင်ကျော်ဖြူလမ်း အိမ်အမှတ် (-) တွင် ၁၇-၂-၂ဝ၁၂ ရက် ည ၈ နာရီခန့်က နေအိမ်အတွင်းသို့ လူအစုလိုက် ဝင်ရောက်ကာ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အခင်းဖြစ်ပွားချိန်တွင် ဝင်ရောက်ရိုက်နှက်မှု ဖြစ်သည့် အိမ်၌အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား လူငယ်ခြောက်ဦး ရှိနေရာ ရိုက်နှက်မှုကြောင့် နှစ်ဦး(ပုံ)မှာ ရန်ကုန်ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော ဌာနတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသလျက်ရှိကြောင်း သိရသည်။

Hot News မမ နှင့် ရွှေနံသာရွာမှ လယ်သူမလေး နှင်းနန္ဒာ

Hot Newsသတင်းဂျာနယ်မှ သတင်းမှား၊ သတင်းလွဲများ ဖော်ပြခြင်း မရှိကြောင်းနှင့် ရွှေနံသာရွာမှာ လယ်သူမလေး နှင်းနန္ဒာ တကယ်ရှိမရှိ
 ရွှေနံသာရွာမှာ လယ်သူမလေး နှင်းနန္ဒာ
မေး-   ညီမနာမည်ဘယ်လို ခေါ်လဲ.မှတ်ပုံတင်နံပါတ်-
ဖြေ- နှင်းနန္ဒပါရှင်။
မေး- ညီမအမျိုးသားနာမည် ကရော။
ဖြေ- ဦးကျော်ဟိန်းပါ။
မေး- အိမ်မှာလင်မယားနှစ် ယောက်ထဲနေတာလား။
ဖြေ- ကျွန်မရဲ့ယောက္ခမ၊ ဦး ကျော်ဟိန်းရဲ့အဖေ ဦးဗြိုးနဲ့နေ ပါတယ်။
မေး- အစ်မတို့နှစ်ယောက် အင်တာဗျူးတဲ့ကိစ္စနဲ့ပတ် သက်လို့ မရှိဘူးဆိုတာကို ပြောခံရတဲ့အခါ ဘယ်လို ခံစားရလဲ။
Related Posts Plugin for WordPress, Blogger...

ShareThis