menu

Monday 5 November 2012

စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ ဟာဂျီနှစ်ဦးအား တာဝန်မှရပ်စဲလိုက်

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းရရှိမှုများကို သမ္မတထံ အစီရင်ခံရန် နိုဝင်ဘာ ၁၆ ရက်နေ့ဟု သတ်မှတ်ထားခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ တိုးမြှင့်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြောဆိုလိုက်သည်။

ထို့ပြင် ကော်မတီဝင်နှစ်ဦးဖြစ်သည့် အစ္စလာမ်သာသနာရေးရာ ကောင်စီ ဌာနချုပ်မှ ဥက္ကဋ္ဌ ဟာဂျီ ဦးညွန့်မောင်သျှိန်နှင့် အတွင်းရေးမှူး ဟာဂျီ ဦးတင်မောင်သန်း တို့အားလည်း တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရှိရသည်။

စိတ်ယဉ်ကျေးမှုနှင့် ရသစာပေ( မင်းသန်းထိုက်(ဒေးဒရဲ))

ယခုတလော ဖတ်ရှုရသည့် ဂျာနယ်များတွင် အိမ်ရှင်က အိမ်အကူကို မတရားခိုင်းစေရာမှ အမှုအခင်းဖြစ်ရသည့်သတင်း၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရအောင် ညှဉ်းပန်းနှိပ်စက်သည့် သတင်းများကို စိတ်နှလုံးညှိုးချုံးဖွယ် ဖတ်ရှုနေရသည်။ သည့်ထက်ပို၍ အိမ်ရှင်အမျိုးသမီး၏ နှိပ်စက်မှု လက်လွန်ကာ အိမ်အကူသေဆုံးသည်အထိဖြစ်ရပုံကို ကြားရ၊ ဖတ်ရလေသောအခါ လူအချို့၏ သွေးအေးရက်စက်မှုများကို

များစွာတုန်လှုပ်မိပါသည်။

ထေရ၀ါဒဗုဒ္ဓသာသနာထွန်းကားရာ ကျွန်တော်တို့နိုင်ငံဝယ် စေတီတန်ဆောင်း၊ ကျောင်းကန်ဘုရားများကလည်း များလှပါ၏။ ၀ါဆိုပွဲ၊ သီတင်းကျွတ်ပွဲ၊ တန်ဆောင်တိုင်ပွဲ၊ တပေါင်းပွဲစသည့် ဘာသာရေးနှင့် ပတ်သက်သည့် ပွဲတော်များတွင်လည်း အလှူအတန်းတွေက
အံ့မခန်းများလှပါ၏။ အရုဏ်မိုးသောက် အလင်းရောက်တယ်ဆို ဟိုအိမ်သည်အိမ်က ဖွင့်ကြတဲ့ ပဋ္ဌာန်း၊ ပရိတ်တရားသံတွေကလည်း ကျက်သရေရှိလှပါ၏။

အားကိုးရှာကြရာတွင်......


အင်တာနက်ဆိုသည်မှာ ပိတ်ဆို့တားဆီးရန် မဟုတ်ကြောင်း စတင်တီထွင်သူကပြောကြား


World Wide Web (WWW) ကို စတင်တီထွင်ခဲ့ သူ ဗြိတိသျှတီထွင်ပညာရှင် တင်မ် ဘာနာလီးသည် အစိုးရများအနေဖြင့် အင်တာနက် ပိတ်ဆို့တားဆီးမှုများကို လုပ် ပိုင်ခွင့်မရှိကြောင်း ဖွင့်ဟပြောကြားလိုက် သည်။
ဘာနာလီးက အင်တာနက်ကို ပိတ်ဆို့ ခြင်းသည် အစိုးရများအနေဖြင့် မိမိတို့အုပ်ချုပ်ရေးတွင် အားနည်းချက်ကို ပြနေကြောင်း၊ ဒစ်ဂျစ်တယ်အချက်အလက်စီးဆင်းမှုကို အုပ်ချုပ်သူများ ပိတ်ဆို့တားဆီးခွင့်မရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း

လုံခြုံရေး စိတ်မချ၍ တာချီလိတ်ခရီးစဉ် သက်ဆင် ဖျက်သိမ်း

ရန်ပိုင်| November 5, 2012 | 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီဖြစ်သည်။

ခရီးစဉ် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုင်း ဒု-၀န်ကြီးချုပ် ချလုံယူဘန့်လွန်နှင့် သက်ဆင်၏ သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်တို့က မစ္စတာသက်ဆင်အား လူတစုက လုပ်ကြံရန် ကြံစည်နေသည် ဆိုသော ကြေညာချက်များကြောင့် ဖြစ်နိုင်သည်။

သားဖြစ်သူ  ဖန်ထုန်ထေ့ ရှင်နာဝပ်က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် မိမိ ဖခင် ထိုင်းဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ကို တာချီလိတ်ခရီးစဉ်အတွင်း အုပ်စုတစုက လုပ်ကြံရန် ကြံစည်ခဲ့ကြောင်း၊ လာမည့်သောကြာနေ့ တာချီလိတ်မြို့ တောင်ပေါ်ရှိ ရွှေတိဂုံပုံတူ စေတီတွင် ပြုလုပ်မည့် မစ္စတာသက်ဆင်နှင့် ရှပ်နီများ ပြုလုပ်မည့် ကောင်းမှုကုသိုလ်ပွဲတွင် အုပ်စုတစုက လုပ်ကြံရန် ကြံစည်နေခြင်းဖြစ်သည်ဟု ရေးသားထားသည်။

ထိုင်းကာကွယ်ရေး ၀န်ကြီး စုကမ်ဖု စုဝမ့်နာထက်က အဆိုပါ သတင်းများသည် ကောလဟာလများသာဖြစ်သည်ဟု ဆိုသော်လည်း ပြီးခဲ့သည့် သောကြာနေ့က တာချီလိတ်မြို့မစ္စတာသက်ဆင် တည်းခိုမည့် ရက်ဂျီနားဟိုတယ်အနီးရှိ ဆန်ဆိုင်းရပ်ကွက်တွင် အာပီဂျီ ဗုံးသီး ၃ လုံးနှင့် အမ် ၁၆ ကျည်ကပ် တခုကို မြန်မာအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မစ္စတာသက်ဆင်အနေဖြင့် ၀န်ကြီးချုပ်တာဝန်ယူစဉ်က ထိုင်း- မြန်မာနယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး နိုမ်နင်းရေးကို အပြင်း အထန် ပြုလုပ်ခဲ့ဖူးရာ တချို့သော မူးယစ်ဆေးဝါး ထုတ်လုပ်သည့်အဖွဲ့များက လုပ်ကြံနိုင်သည်ဟု ဖန်ထုံထေ့ရှင်နာဝပ်က ရေးသား ဖော်ပြသည်။

အာဏာ အလွဲသုံးစားလုပ်မှု၊ ခြစားမှုများဖြင့် စွပ်စွဲခံရပြီး သက်ဆင်ဦးဆောင်သော ထိုင်းအစိုးရကို ထိုင်းစစ်တပ်က ၂၀၀၆ ခုနှစ်တွင် အာဏာသိမ်းအပြီး သက်ဆင် ထိုင်းနိုင်ငံမှ ထွက်ပြေးခဲ့ရသည်။ ယင်းအမှုများကို ရင်ဆိုင်ရန် ထိုင်းတရားရုံးချုပ်မှ ဆင့်ခေါ်ထားသည်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဖိဆစ် ဝေ့ချာချီဝက  ၀ရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာသက်ဆင်ကို ဖမ်းဆီးကာ ထိုင်းတရားဥပဒေအတိုင်း ရင်ဆိုင်ခိုင်းသင့်ကြောင်း သက်ဆင်၏ ညီမ ယင်လပ်ရှင်နာဝပ်ဦးဆောင်သော လက်ရှိထိုင်းအစိုးရကို တိုက်တွန်းခဲ့သည်။

လာမည့် နိုဝင်ဘာ ၈ ရက်က ၁၀ ရက်ထိ ကြာမည့် သက်ဆင်၏ မြန်မာပြည်ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် တွေ့ရန်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ရေးသားထားသည်။


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် တာချီလိတ်မှာ ပေးတွေ့ရန် ခွင့်ပြုခဲ့သည် (ဓာတ်ပုံ- Reuters)

အေးချမ်းမွန်မှ  ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ဧရာဝတီသတင်း
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ မြန်မာပြည်ခရီးစဉ်အတွင်း ထိုင်းရှပ်နီများနှင့် ထိုင်း-မြန်မာ နယ်စပ်မြို့ တာချီလိတ်မြို့တွင် တွေ့ဆုံမည့် အစီအစဉ် ပျက်သွားပြီဖြစ်သည်။

ခရီးစဉ် ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ထိုင်း ဒု-၀န်ကြီးချုပ် ချလုံယူဘန့်လွန်နှင့် သက်ဆင်၏ သားဖြစ်သူ ဖန်ထုန်ထေ့ ရှင်နာဝပ်တို့က မစ္စတာသက်ဆင်အား လူတစုက လုပ်ကြံရန် ကြံစည်နေသည် ဆိုသော ကြေညာချက်များကြောင့် ဖြစ်နိုင်သည်။

ကျောက်ဖြူတွင် ငါးဖမ်းလှေများ ပြန်လည်ငါးဖမ်းထွက်ခွာနိုင်ပြီ

Photo: ကျောက်ဖြူတွင် ငါးဖမ်းလှေများ ပြန်လည်ငါးဖမ်းထွက်ခွာနိုင်ပြီ

Written by မင်းသွီး	    Monday, 05 November 2012 12:23
   			
ကျောက်ဖြူမြို့တွင် ဘင်္ဂလီ-ရခိုင် နှစ်ဦးနှစ်ဘက် ပဋိပက္ခများကြောင့် ရပ်ဆိုင်းနေခဲ့ရသော ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ ပြန်လည်၍ ငါးဖမ်းထွက်နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလီ-ရခိုင် ပဋိပက္ခအတွင်း ကျောက်ဖြူမြို့မှ ဘင်္ဂလီများသည် ဘင်္ဂလားပင်လယ်အော်ဘက်သို့ လှေများဖြင့် ထွက်ခွာသွားကြသည့်အတွက် ရေလုပ်ငန်း လုပ်ကိုင်သူများမှာ ငါးဖမ်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

“ပဋိပက္ခတွေ ဖြစ်နေတဲ့အချိန်မှာတော့ ဘယ်သူမှ ပင်လယ်ကိုမထွက်ရဲခဲ့ကြဘူး၊ ဘာလို့လည်းဆိုတော့ ဘင်္ဂလီတွေက သူတို့အိမ်ကို သူတို့မီးရှို့ပြီးတော့ ပင်လယ်ဘက်ကို လှေတွေနဲ့ အကုန်ထွက်ပြေးသွားကြတော့ ပင်လယ်ပြင်ကို ဘယ်သူမှ ငါးဖမ်းမထွက်ရဲကြဘူး၊ ဘင်္ဂလီလှေတွေနဲ့တွေ့ရင် တစ်ခုခု ခိုက်ရန်ဖြစ်ပွားမှာကိုကြောက်ကြတယ်၊ ရေတပ်ကလည်း လုံခြုံရေးမယူပေးနိုင်တော့ ငါးဖမ်းလုပ်ငန်းတွေကို အကုန်ရပ်ထားလိုက်ရတာပေါ့”ဟု ရေလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ကျောက်ဖြူမြို့ရှိ ငါးဖမ်းလုပ်ငန်းများ အားလုံးပြန်လည်လုပ်ကိုင်နေကြပြီဖြစ်သော်လည်း တစ်ချို့မှာ စိုးရိမ်စိတ်များဖြင့် ယခုထိ ပင်လယ်ပြင်သို့မထွက်ရဲ ဖြစ်နေကြကြောင်း ယင်းရေလုပ်ငန်းရှင်က ပြောသည်။

ကျောက်ဖြူမြို့တွင် အောက်တိုဘာ ၂၇ရက်နေ့က စတင်ကာ ဘင်္ဂလီများ မီးရှို့တိုက်ခိုက်မှုကြောင့် ရခိုင်ဒေသခံများနေအိမ် ၆၄ အိမ်၊ မီးမကူးစက်နိုင်ရန် ဖျက်ဆီးပစ်လိုက်ရသော အိမ်ခြေ ၃၅အိမ်၊ ဒုက္ခသည် ၄၇၅ဦး၊ ဒဏ်ရာရရှိသူ ၉၈ဦးနှင့် သေဆုံးသူ ၂ဦး ရှိခဲ့ကြောင်း သိရှိရသည်။

ယခုအခါ ဘင်္ဂလီဒုက္ခသည်များအား ကျောက်တလုံးဘက်တွင်ထားရှိပြီး၊ ရခိုင်ဒုက္ခသည်များကို ဘုန်းကြီးကျောင်းများတွင်ထားရှိကာ ကျောက်ဖြူမြို့ လူငယ်ကွန်ယက်နှင့် မြို့မိ၊ မြို့ဘများမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကာ UNမှလည်း နှစ်ဘက်စလုံးဒုက္ခသည်များအတွက် အကူညီများပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

အေးချမ်းမွန်မှ  Arakan Time တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Arakan Time
ကျောက်ဖြူမြို့တွင် ဘင်္ဂလီ-ရခိုင် နှစ်ဦးနှစ်ဘက် ပဋိပက္ခများကြောင့် ရပ်ဆိုင်းနေခဲ့ရသော ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ ပြန်လည်၍ ငါးဖမ်းထွက်နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလီ-ရခိုင် ပဋိပက္ခအတွင်း ကျောက်ဖြူမြို့မှ ဘင်္ဂလီများသည် ဘင်္ဂလားပင်လယ်အော်ဘက်သို့ လှေများဖြင့် ထွက်ခွာသွားကြသည့်အတွက် ရေလုပ်ငန်း လုပ်ကိုင်သူများမှာ ငါးဖမ်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

မဲဆောက်မှာ လက်နက်အများအပြားမိ

Photo: မဲဆောက်မှာ လက်နက်အများအပြားမိ

MONDAY, NOVEMBER 05, 2012  ZARNY WIN  
 
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးတွင် စနေနေ့ညက လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်တို့က ပြောသည်။

ထိုနေ့ည ၇ နာရီခွဲအချိန်တွင် မဲဆောက်မြို့ပြင် နယ်ခြား သောင်ရင်းမြစ်အနီးရှိ မဲ့ကိုကင်း ကျေးရွာ စစ်ဆေးရေးဂိတ်တွင် မဲဆောက်ဘက်မှ လာသည့်ကားတစီးကို ထိုင်းစစ်သားတို့က စစ်ဆေးရာတွင် M 60 အမျိုးအစား ၅ လက်၊ အမျိုးအစားတူအမည်ကွဲ ၁ လက်နှင့် ၎င်းကျည် ၁၄,၀၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
 
ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတဦးနှင့် ယာဉ်မောင်း အမျိုးသားတဦးအနက် ယာဉ်မောင်းသူမှာ ထွက်ပြေး လွတ်မြောက်သွားပြီး၊ မဲဆောက် အခြေစိုက် အမှတ် ၄ ဒေသ ဆိုင်ရာ ကွပ်ကဲရေးတပ်မှ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန် မဲဆောက်ရဲစခန်းသို့ ယမန်နေ့က လွှဲပြောင်းပေးလိုက်သည်ဟု ဆိုသည်။

မဲဆောက်ရဲစခန်းမှ အမှုစစ်ရဲအရာရှိတဦးက ”အဖမ်းခံထားရတဲ့ နော်ခုစေး ထွက်ဆိုတာက ကားပေါ်မှာ လက်နက်ခဲယမ်းတွေပါတာ မသိဘူး။ သူ့နဲ့လည်း မပတ်သက်ဘူး။ ထွက်ပြေးသွားတဲ့သူက စောထူးဂေဖြစ်တယ်လို့ ပြောတယ်” ဟု ဒေသခံသတင်းထောက်များကို ယနေ့ မွန်းလွှဲပိုင်းတွင် ပြောသည်။
 
ထိုင်းစစ်တပ်မှတပ်မှူးတဦးက  အဖမ်းခံရသူနှင့် ထွက်ပြေးသွားသူသည် နယ်စပ်အခြေစိုက် လူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း၊  မြန်မာဘက်မှ လက်နက်ကိုင်အဖွဲ့များ  ထိုင်းမြေကို ခြေကုတ်ယူအသုံးချခြင်း လုံးဝ ခွင့်မပြုကြောင်း သတင်းထောက်တို့ကို ပြောသည်။

ထိုင်းနယ်စပ် လုံခြုံရေး အာဏာပိုင်တို့က ဤဖြစ်ရပ်နှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကို ဆက်သွယ် မေးမြန်းခဲ့ကြောင်း၊ KNU က လက်နက်ခဲယမ်းများသည် ၎င်းတို့နှင့် လုံးဝ ပတ်သက်ခြင်း မရှိဟု ပြန်လည် ဖြေဆိုခဲ့ကြောင်း

စနေနေ့ညက ဖမ်းဆီးခံရသည့် လက်နက်ခဲယမ်းတို့သည် အရေအတွက် များပြားသဖြင့် ပြစ်မှုထင်ရှားပါက တသက်တကျွန်း ပြစ်ဒဏ်အထိ ထောင်ဒဏ် ကျခံရနိုင်ကြောင်း၊ အလားတူ ပြစ်မှုမျိုးကို ယခင်က ကျူးလွန်ခဲ့ဖူးသူဖြစ်ပါက ၎င်းထက် ကြီးလေးသည့်ပြစ်ဒဏ်ကို ကျခံရနိုင်ကြောင်း မဲဆောက်ရှိ အငြိမ်းစား အစိုးရရှေ့နေတဦးက ပြောသည်။


မဲဆောက်အခြေစိုက် အမှတ် ၄ ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်တွင် တွေ့ရသော ဖမ်းဆီးရမိသည့်လက်နက်ခဲယမ်းများ


အေးချမ်းမွန်မှ ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : ဧရာဝတီသတင်း
မဲဆောက်အခြေစိုက် အမှတ် ၄ ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်တွင် တွေ့ရသော ဖမ်းဆီးရမိသည့်လက်နက်ခဲယမ်းများ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီးတွင် စနေနေ့ညက လက်နက်ခဲယမ်း အများအပြား ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်တို့က ပြောသည်။

ထိုနေ့ည ၇ နာရီခွဲအချိန်တွင် မဲဆောက်မြို့ပြင် နယ်ခြား သောင်ရင်းမြစ်အနီးရှိ မဲ့ကိုကင်း ကျေးရွာ စစ်ဆေးရေးဂိတ်တွင် မဲဆောက်ဘက်မှ လာသည့်ကားတစီးကို ထိုင်းစစ်သားတို့က စစ်ဆေးရာတွင် M 60 အမျိုးအစား ၅ လက်၊ အမျိုးအစားတူအမည်ကွဲ ၁ လက်နှင့် ၎င်းကျည် ၁၄,၀၀၀ ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

တရားခွင် (မာဂျေ)

အစ်ကိုကြီးရေ၊ တရားရုံးကလည်း သပ်ရပ်ခံ့ညား၊ နံရံတွေကလည်း ပေါလစ် တိုက်ထားတာ
ဖိတ်ဖိတ်တောက်၊ တရားခံထိုင်မယ့် ၀က်ခြံကလည်း ဆေး တွေသုတ်၊ တရားခွင်မှာ လာနားထောင်
မယ့်သူတွေအတွက်လည်း ပလတ်စတစ် ထိုင်ခုံတွေခင်းလို့၊ စားပွဲတွေပေါ်မှာ လည်း အနီရောင်
အခင်းတွေနဲ့၊ နောက် က နံရံမှာလည်း နိုင်ငံတော်တံဆိပ်ကြီးက အရောင်တစ်လက်လက်နဲ့...လို့
တပည့်ကျော် မောင်ကြွက်နီက ပြော လာပါတယ်။
သိတဲ့အတိုင်းပဲလေ ကြွက်နီစကား က သုံးခွက်တစ်ခွက်တောင် မတင်တတ် လေတော့ -
မင်းကလည်း သောက်မှ မသောက်ရ သေးဘူး၊ မဟုတ်တာက စပြောပြီ၊ ငါက တရားရုံးဆိုရင်
ဒုတိယမြို့နယ် တရား သူကြီးရုံးကနေ တရားရုံးချုပ်အထိ တရားမမှုမှာ တရားလိုအနေနဲ့ရော၊
အသေရေဖျက်မှုနဲ့ တရားစွဲခံရလို့ တရားခံအနေနဲ့ရော ရောက်ဖူးပြီးသား။

မုန့်ဟင်းခါးဝယ်စားကြရာမှ လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်ခဲ့

Photo: မုန့်ဟင်းခါးဝယ်စားကြရာမှ လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်ခဲ့

၂ဝ၁၂၊ နိုဝင်ဘာ၊ ၃။

မုန့်ဟင်းခါးနှင့် မုန့်တီများ ဝယ်ယူစားသောက်ကြရာမှ ဘုန်း တော်ကြီးသင် ကျောင်းသူကျောင်း သား ၃၄ ဦးအပါအဝင် လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်၍ ဝမ်း လျောဝမ်းပျက် ဖြစ်ပွားမှုတစ်ခု မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်ပွားမှုမှာ ပုသိ
မ်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျောက်မီးကိုက်နယ် ကျန်းမာရေး ဌာနပိုင် အုန်းချောကျေးလက် ကျန်းမာရေးဌာနခွဲရှိ အဘယခေမိက အရိယဝါသ အမှတ် ၉ ဘုန်းတော်ကြီး ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ယင်းဘုန်းကြီးကျောင်းသို့ လာရောက်ရောင်းချနေသော မုန့် ဟင်းခါ၊ မုန့်တီများအား ဝယ်ယူ စားသောက်ကြရာမှ ကျောင်းသား ၂ဝ ဦး၊ ကျောင်းသူ ၁၄ ဦးနှင့် ကျေးရွာအတွင်းရှိ လူကြီး ၅ ဦး၊ ကလေး ၉ ဦး စုစုပေါင်း ၄၈ ဦး အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျောမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ လူနာများအနက်မှ ၃၇ ဦးအား ကျောက်မီးဆေးရုံတွင် ပြင်ပလူနာအဖြစ် ဆေးဝါးကုသခံ ယူနေရပြီး၊ ကျန် ၁၁ ဦးမှာ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရသည်။
အဆိုပါ ပို့ဆောင်မှုကို ပုသိမ် ကြီးမီးသတ်စခန်းမှ သန္ဓေ၂ ဦး၊ အုန်းချောကျေးရွာမှ အရန်မီးသတ် အဖွဲ့ဝင် ၁ဝ ဦးတို့က လူမှုကူညီရေး အသင်းမှ လူနာကပ်ဖြင့် လိုက်ပါ ကူညီ ပို့ဆောင်ခဲ့သည်။
အဆိုပါနေ့ ည ၇ နာရီခွဲအချိန် တွင် လူနာ ၃၇ ဦးမှာ ကျောက်မီး ဆေးရုံမှ ကုသပြီးသဖြင့် မိမိတို့ နေအိမ်များသို့ ပြန်လည် ဆင်းသွား ပြီဖြစ်သော်လည်း ကျန် ၁၁ ဦးမှာ မန္တလေးဆေးရုံကြီးတွင် ဆက်လက် ကုသပေးလျက်ရှိကြောင်း သိရသည်။

အေးချမ်းမွန်မှ  Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
မုန့်ဟင်းခါးနှင့် မုန့်တီများ ဝယ်ယူစားသောက်ကြရာမှ ဘုန်း တော်ကြီးသင် ကျောင်းသူကျောင်း သား ၃၄ ဦးအပါအဝင် လူပေါင်း ၄၈ ဦး အစာအဆိပ်သင့်၍ ဝမ်း လျောဝမ်းပျက် ဖြစ်ပွားမှုတစ်ခု မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁ဝ နာရီအချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
ဖြစ်ပွားမှုမှာ ပုသိ
မ်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျောက်မီးကိုက်နယ် ကျန်းမာရေး ဌာနပိုင် အုန်းချောကျေးလက် ကျန်းမာရေးဌာနခွဲရှိ အဘယခေမိက အရိယဝါသ အမှတ် ၉ ဘုန်းတော်ကြီး ကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

အငြင်းပွားဖွယ် ရေအားလျှပ်စစ်ဆည် စီမံကိန်းကို ကမ္ဘောဒီးယားအစိုးရ အတည်ပြု





4mt5
ဆည်တည်ဆောက်မည့် ဆီဆန်မြစ်ကမ်းဘေးတစ်နေရာတွင် ကလေးများရေချိုးသန့်စင်နေကြစဉ်
ကမ္ဘောဒီးယားတွင် တရုတ်နှင့် ဗီယက်နမ်ကုမ္ပဏီများက တာဝန်ယူဆောင်ရွက်မည့် ရေအားလျှပ်စစ်ဆည် စီမံကိန်းတစ်ခုကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂ ရက် တွင် အစိုးရက ထုတ်ပြန်ခဲ့သည်။
မဂ္ဂါဝပ် ၄၀၀ ထုတ်လုပ်နိုင်မည့် Lower Sesan 2 အမည်ရ ယင်းဆည်ကို Stung Treng ပြည်နယ် မြောက်ပိုင်း မဲခေါင်မြစ်၏ မြစ်လက်တက် ဆီဆန်မြစ်ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၇၈၁ ဒသမ ၅ သန်း ကုန်ကျမည်ဖြစ်သည်။
ပါဝင်ဆောင်ရွက်မည့် တရုတ်နှင့်ဗီယက်နမ် ကုမ္ပဏီများ၏ အမည်များကိုမူ မထုတ်ပြန်ခဲ့ပေ။ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ယင်းစီမံကိန်းကြောင့် လူ ၅၀၀၀၀ ကျော် ထိခိုက်စေမည်ဟု ခန့်မှန်းထားသည်။

မှန်းချက်နှင့် နှမ်းထွက် လွဲခဲ့သည့် ဆမ္မဆယ်နွားဖမ်းပွဲ

Photo: မှန်းချက်နှင့် နှမ်းထွက် လွဲခဲ့သည့် ဆမ္မဆယ်နွားဖမ်းပွဲ

ငြိမ်းချမ်း(မြစ်မခ)

ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာမှ တရုတ်ပြည်သို့
တင်ပို့ရန် နွားအ ကောင်ရေ(၅၀၀) ကျော်ရှိ သည်ဟုသတင်းအရ
...နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးရာ နွား(၂၃)ကောင်သာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ သတင်းရရခြင်း သွားဖမ်းတာ ပိုင်ရှင်မဲ့နွား (၂၃) ကောင်ပဲ ဖမ်းမိခဲ့တယ်”ဟုနောင်ချိုရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါနွားများမှာ ယခုနှစ်အစောပိုင်းမှ စတင်၍ တရုတ်ပြည်သို့တင်ပို
့နေသော်လည်း နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တရုတ်ပြည်သို့ တင်ပို့နေခြင်းမဟုတ်ပဲ မူဆယ်ဒေသ တွင်း စားသောက်ကုန်
ထုတ်လုပ်မှုအတွက် မလုံလောက်မှုကြောင့် တင်ပို့နေရခြင်း ဖြစ်ကြောင်း
နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ပြောသည်။

“ဒီနွားတွေကို တရုတ်ပြည်ကိုတင်ပို့နေတာ မဟုတ်ပါဘူး၊ မူဆယ်မှာ အသားမလုံလောက်လို့ တင် ပို့နေရတာ ပါ”ဟု နောင်ချိုမြို့အထွေထွေ
အုပ်ချုပ်ရေးမှူးကိုအောင်ကိုကိုက ပြောသည်။

အောက်တိုဘာလ ဒုတိယအပတ်အတွင်းကလည်းအမဲသားပိသာချိန်
(၁၂၀၀၀)ကို ဖမ်းဆီးမိခဲ့ကြောင်းကိုလည်း အုပ်ချုပ်ရေးမှူး ကိုအောင်ကိုကို
က ဆက်ပြောသည်။

တောင်သူလယ်သမားများ၏ ကျေးဇူးရှင်နွားများကို အလွန်အကျွံ
တင်ပို့နေခြင်းကြောင့် အလွန် စိတ်မကောင်းဖြစ်မိကြောင်း ဆမ္မဆယ်
ဒေသခံများက ဆိုသည်။

ယခုနှစ်အတွင်းတွင် နောင်ချိုရဲစန်းအနေဖြင့် အရေးကြီး ပုဒ်မ(၈၁)ဖြင့် ပိုင်ရှင်မဲ့နွား ဖမ်းဆီးမှု (၄)မှုဖမ်းဆီးထားပြီး၊ နောင်ချိုမြို့မှ (၁၇)ကောင်နှင့် ဒိုးပင်ကျေးရွာမှ အကောင်(၃၀) ဖမ်းဆီး ထားပြီး ယခု (၃၂)ကောင် ဖမ်းဆီးမှုအပါအ၀င် စုစုပေါင်းနွား အကောင်ရေ(၇၀) ဖမ်းဆီးထား ကြောင်း သိရှိရသည်။



အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
ရှမ်းပြည်မြောက်ပိုင်းနောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာမှ တရုတ်ပြည်သို့
တင်ပို့ရန် နွားအ ကောင်ရေ(၅၀၀) ကျော်ရှိ သည်ဟုသတင်းအရ
...နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှ သွားရောက် ဖမ်းဆီးရာ နွား(၂၃)ကောင်သာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ သတင်းရရခြင်း သွားဖမ်းတာ ပိုင်ရှင်မဲ့နွား (၂၃) ကောင်ပဲ ဖမ်းမိခဲ့တယ်”ဟုနောင်ချိုရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထူးစီမံချက်အဖွဲ့ မှ စည်းကမ်းမဲ့ ပြိုင်ကား(၂)စီးနှင့် ဆိုင်ကယ်(၂)စီးအား ထပ်မံဖမ်းဆီး ရမိ

Photo: အထူးစီမံချက်အဖွဲ့ မှ စည်းကမ်းမဲ့ ပြိုင်ကား(၂)စီးနှင့် ဆိုင်ကယ်(၂)စီးအား ထပ်မံဖမ်းဆီး ရမိ 

ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ နယ်မြေအတွင်း စည်းကမ်းမဲ့ မောင်းနှင်မှုများ၊ မလိုလား အပ်သော ရမ်းကားမှု ဖြစ်စဉ်များ မဖြစ်ပွားရေး အတွက် အထူးစီမံချက်အဖွဲ့မှ ဆက်လက် ဆောင်ရွက် လျက်ရှိ ကြောင်း သိရပါသည်။

၎.၁၁.၂၀၁၂ ရက်နေ့ ညဥ့်နက်ပိုင်း၌ ခရိုင်မှူးများ ဦးစီးသည့်‌ မီးတန်းယာဉ် အုပ်စုများဖြင့်‌ အချက် အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ၊ ရပ်ကင်း လှည့်‌ကင်းများ ပြုလုပ်ခဲ့ ရာတွင် ပြိုင်ကား (၂)စီး နှင့်‌ မဝင်ရနယ်မြေတွင် ဝင်ရောက်မောင်း နှင်သည့်‌ ဆိုင်ကယ်(၂)စီးတို့အား ဖမ်းဆီး ရမိပြီး ကညန မှတ်တမ်းဝင် ယာဉ်များ ဟုတ်/မဟုတ် စိစစ် ဆောင်ရွက်လျက်ရှိ ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။ 

သစ်ထူး လွင် 

အေးချမ်းမွန်မှ  Myintzu Zaw တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myintzu Zaw
ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ နယ်မြေအတွင်း စည်းကမ်းမဲ့ မောင်းနှင်မှုများ၊ မလိုလား အပ်သော ရမ်းကားမှု ဖြစ်စဉ်များ မဖြစ်ပွားရေး အတွက် အထူးစီမံချက်အဖွဲ့မှ
ဆက်လက် ဆောင်ရွက် လျက်ရှိ ကြောင်း သိရပါသည်။

၎.၁၁.၂၀၁၂ ရက်နေ့ ညဥ့်နက်ပိုင်း၌ ခရိုင်မှူးများ ဦးစီးသည့်‌ မီးတန်းယာဉ် အုပ်စုများဖြင့်‌ အချက် အခြာကျသည့်‌ နေရာများတွင် ယာဉ်ပိတ်ဆို့ စစ်ဆေးမှုများ၊ ရပ်ကင်း လှည့်‌ကင်းများ ပြုလုပ်ခဲ့ ရာတွင် ပြိုင်ကား (၂)စီး နှင့်‌ မဝင်ရနယ်မြေတွင် ဝင်ရောက်မောင်း နှင်သည့်‌ ဆိုင်ကယ်(၂)စီးတို့အား ဖမ်းဆီး ရမိပြီး ကညန မှတ်တမ်းဝင် ယာဉ်များ ဟုတ်/မဟုတ် စိစစ် ဆောင်ရွက်လျက်ရှိ ကြောင်း Myanmar News Now မှ သတင်းရရှိပါသည်။

သစ်ထူး လွင်

ရန်ကုန်မြို့၌ ညပိုင်း အချိန်များတွင်တရားဥပဒေချိုးဖောက် မှုပိုများလာ ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုလိုက် ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏဖြစ်ပွားနေ




4mt
အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားတစ်စီးအား နိုဝင်ဘာလ ၃ ရက်နေ့ည ၁၁း၃၀ နာရီအချိန်က ပြည်လမ်း အင်းယားကန်ဘောင်ရှေ့တွင်တွေ့ရစဉ်

ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် တရားဥပဒေ ချိုးဖောက်မှုဖြစ်စဉ် ပိုများပြားလာခြင်းနှင့်အတူ ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ညပိုင်းနှင့် နံနက်အစောပိုင်းတို့တွင် ကားပြိုင်မောင်းနှင်သူများက အုပ်စုလိုက်ရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေခြင်း၊ လူမြင်ကွင်းတွင် လူသတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ်များနှင့် အုပ်စုဖွဲ့ပြီး ရိုက်နှက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်းနေထိုင်သည့် ပြည်သူအချို့က မြို့တော်အတွင်း တရားဥပဒေချိုးဖောက်မှုဖြစ်စဉ်များ များပြားလာကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန္တလေး တရားစီရင်ရေး ပြိုလဲ

Photo: မန္တလေး တရားစီရင်ရေး ပြိုလဲ

မန္တလေး၊ နိုဝင်ဘာ ၃

မန္တလေး တရားစီရင်ရေး စနစ် ယိမ်းယိုင် ပြိုလဲနေပြီ ဟူသော ကောက်ချက်ကို ထပ်မံ အတည် ပြုသည်ဟု မန္တလေးမြို့ တရားရုံးများ လေ့လာမှု အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ ဦးသိန်းညွှန့် က The Voice Weekly သို့ ပြောကြားသည်။
...
အဆိုပါ ကော်မတီမှ မန္တလေးမြို့ ရှိ ချမ်းအေးသာစံ မြို့နယ် တရားရုံး၊ ခရိုင် တရားရုံး နှင့် တိုင်း တရားလွှတ်တော်ရုံး များသို့ နိုဝင်ဘာ ၂ ရက်နေ့ က သွားရောက် လေ့လာ ခဲ့ပြီး ခရိုင် တရားသူကြီး နှင့် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း ဦးသိန်းညွှန့် က ဆိုသည်။

"လာဘ်ပေးလာဘ်ယူ နဲ့ ပတ်သက်လို့ အဓိကထား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတယ်၊ ခရိုင် တရားသူကြီး ကလည်း တရားရေး မှာ စီစဉ်ဆောင်ရွက် နေတာ တွေနဲ့ ပတ်သက်လို့ ပြောကြားပါတယ်" ဟု ဦးသိန်းညွန့် က ပြောသည်။

ချမ်းအေးသာစံ မြို့နယ် တရားရုံး တွင် အချုပ်ခန်း ကိုလည်း လေ့လာ ကြည့်ရှု ခဲ့ပြီး ကိုင်းတန်း ဈေးသူဈေးသား များ အတွက် ပါဝင် ဆောင်ရွက်ခဲ့သူ ဦးအေးသိန်း မှာ အချုပ်ခန်းတွင် သုံးလခန့် ရှိပြီး အာမခံ မရသည့် အနေအထား တွေ့ခဲ့ ရကြောင်း၊ ရန်ကုန်မြို့တွင် အဆိုပါ အမှုမျိုး အာမခံ ပေးခြင်းမျိုး ရှိကြောင်း၊ ယင်းကို ကြည့်ခြင်း အားဖြင့် တရားသူကြီး အနေဖြင့် ဘယာဂတိ အားကောင်း နေကြောင်း ၄င်းက ဆိုသည်။

"မူးယစ်ဆေးဝါး နဲ့ ပတ်သက်လို့ အချုပ် ခံနေရတဲ့ သူနဲ့ တွေ့ခဲ့ ရတယ်။ သူက တခြားသူတွေ ဆေးအောင်လို့ လွတ်သွားတာ ရှိတာကို ပြောတယ်။ အဲဒါကြောင့် မန္တလေးက တရားစီရင်ရေး စနစ် ပြိုလဲ နေပြီဆိုပြီး ကောက်ချက် ချထားတာ ကို အတည် ပြုတယ်" ဟု ဦးသိန်းညွန့် က ပြောကြားသည်။

တရားဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ မှ အတွင်းရေးမှူး ဦးဆောင်သော ၇ ဦးအဖွဲ့ သည် နိုဝင်ဘာ ၂ ရက်နေ့ က မန္တလေးမြို့ရှိ တရားရုံး များသို့ လာရောက် လေ့လာခဲ့သည်။

အေးချမ်းမွန်မှ  The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
မန္တလေး တရားစီရင်ရေး စနစ် ယိမ်းယိုင် ပြိုလဲနေပြီ ဟူသော ကောက်ချက်ကို ထပ်မံ အတည် ပြုသည်ဟု မန္တလေးမြို့ တရားရုံးများ လေ့လာမှု အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီမှ ဦးသိန်းညွှန့် က The Voice Weekly သို့ ပြောကြားသည်။
...
အဆိုပါ ကော်မတီမှ မန္တလေးမြို့ ရှိ ချမ်းအေးသာစံ မြို့နယ် တရားရုံး၊ ခရိုင် တရားရုံး နှင့် တိုင်း တရားလွှတ်တော်ရုံး များသို့ နိုဝင်ဘာ ၂ ရက်နေ့ က သွားရောက် လေ့လာ ခဲ့ပြီး ခရိုင် တရားသူကြီး နှင့် ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း ဦးသိန်းညွှန့် က ဆိုသည်။

မြန်မာနိုင်ငံတွင် ကျင်းပမည့် (၇)ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်သို့ မင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An တက်ရောက်မည်





  4mtt64mtt7
(၇) ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ သမ္မတရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကိုရီးယားအနုပညာရှင် မင်းသား Choung Kyung Ho နှင့် မင်းသမီး Chae Jung An တို့ တက်ရောက်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံး၏ စီးပွားရေးဌာန (Kotra) မှ သိရှိရပါသည်။
'' ဒီနှစ် ရုပ်ရှင်ပွဲတော်အတွက် မြန်မာပရိသတ်တွေနှစ်သက်တဲ့ Song Seung Hyun (ဂျွန်စော) နှင့် Song Hye Kyo (အွန်စော) တို့ကို ဖိတ်ခေါ်ဖို့ကြိုးစားပေမယ့် အဆင်မပြေတာကြောင့် သူတို့မလာဖြစ်တော့ပါဘူး။ ဒါပေမယ့် မင်းသား Choung Kyung Ho နဲ့ မင်းသမီး  Chae Jung  An တို့ တက်ရောက်ကြမှာပါ'' ဟု တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

နှစ် ၃၀ အထိ အရစ်ကျ ပေးသွင်းရမည့် အခန်း ၁၀၀၀၀ ကျော်ပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအား ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် စတင်ဆောက်လုပ်မည်




4mtt3
ရန်ကုန်မြို့အတွင်း တည်ဆောက်လျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု

နှစ် ၃၀ အထိ အရစ်ကျ ပေးသွင်းရမည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းနှစ်ခုအား ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှုးချုပ် ဦးမင်းထိန်မှ နိုဝင်ဘာလ ၁ ရက်နေ့က ပြောကြားခဲ့သည်။ ''အိမ်ရာစီမံကိန်းနှစ်ခုအတွက် မြှုပ်နှံရမဲ့ငွေကို လတ်တလောမှာ ဋ္ဌာနရန်ပုံငွေနဲ့ လုပ်ဆောင်သွားမှာဖြစ်ပြီး လာမယ့်ဘဏ္ဍာနှစ်မှာ ဘတ်ဂျက်တင်ပြသွားပါမယ်''ဟု ဦးမင်းထိန်က ဆိုပါသည်။ အဆိုပါ အိမ်ရာနှစ်ခုမှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ဧရာဝဏ် အိမ်ရာစီမံကိန်းနှင့် ရတနာ အိမ်ရာစီမံကိန်းတို့ဖြစ်ကြောင်း သိရှိရပါသည်။

အာဆီယံထိပ်သီးတက်မယ့် သမ္မတဦးသိန်းစိန် လာအိုနိုင်ငံရောက်ရှိ

Photo: အာဆီယံထိပ်သီးတက်မယ့် သမ္မတဦးသိန်းစိန် လာအိုနိုင်ငံရောက်ရှိ

ဗွီအိုအေ (မြန်မာဌာန)
04.11.2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ လာအိုနိုင်ငံ ဗီယင်ကျန်း မြို့မှာကျင်းပမယ့် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းမှာ နေပြည်တော် လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်း မြို့တော် National Convention Centre မှာ ကျင်းပမယ့် (၉) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ 

နိုင်ငံတော်သမ္မတ ဟာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကျင်းပမယ့် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပြီး ဒီအစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ အကြီးအကဲ အချို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

မြန်မာသမ္မတဟာ  နိုဝင်ဘာ ၇ ရက်နေ့ မှာ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမှာဖြစ်ကြောင်း သိရှိရပါတယ်။ ခရီးစဉ်မှာ အဖွဲ့ဝင်အဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားကြပါတယ်။

အာရှ-ဥရောပ ASEAN-EU အစည်းအဝေးကို ၁၉၉၆ ခုနှစ်မှာ တက်ရောက်တဲ့ နိုင်ငံပေါင်း ၂၆ နဲ့ စတင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ အနေနဲ့ ၂၀၀၄ ခုနှစ်မှာ စတင် တက်ရောက်ခဲ့ပါတယ်။ လက်ရှိအကြိမ်မှာ တက်ရောက်တဲ့ နိုင်ငံပေါင်း ၄၈ နိုင်ငံရှိပြီး ဥရောပက ၂၇ နိုင်ငံ၊ အာဆီယံ အသင်းဝင် ၁၁ နိုင်ငံ၊ အာရှနဲ့ အခြားနိုင်ငံ ၉ နိုင်ငံက အကြီးအကဲတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :VOA
နိုင်ငံတော်သမ္မတဦးသိန်းစိန် ဟာ လာအိုနိုင်ငံ ဗီယင်ကျန်း မြို့မှာကျင်းပမယ့် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းမှာ နေပြည်တော် လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်း မြို့တော် National Convention Centre မှာ ကျင်းပမယ့် (၉) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်ဖို့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတ ဟာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကျင်းပမယ့် အာရှ-ဥရောပ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပြီး ဒီအစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ အကြီးအကဲ အချို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ဒီနေ့ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွား

ရန်ကုန် ဆင်ခြေဖုံး မြို့နယ် တစ်ခုဖြစ်သည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၆၉) ရပ်ကွက်တွင် အိမ်နီးချင်း စကားများ ရန်ဖြစ်ရာမှ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးလောင်းပြိုင် လူသတ်မှု တစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ရပ်ကွက် မင်းလှမင်းခေါင် လမ်းတွင်

နေထိုင်သူ ကိုကျီးကန်းခေါ် ကိုစိုးစိုးသည် ၄င်း၏ ယောက္ခမ ဖြစ်သူ နှင့် စကားများ နေသည်ကို မျက်နှာချင်း ဆိုင်တွင် နေထိုင်သူ ကိုပြည့်ဖြိုးအောင်က တားမြစ်ရာမှ အချင်းချင်း စကားများပြီး ကိုကျီးကန်းက ကိုပြည့်ဖြိုးအောင်ကို လေးခွနှင့် ပစ်ကြောင်း၊ ကိုပြည့်ဖြိုးအောင် က ကိုကျီးကန်းကို ဓားဖြင့် ထိုးသတ်ခဲ့ ကြောင်း၊ ထိုအချိန်တွင် ကိုကျီးကန်း၏ ယောက္ခမဖြစ်သူမှာ မြေးဖြစ်သူ သုံးနှစ် အရွယ် ကလေးငယ် လက်ဆွဲ၍ မင်းလှမင်းခေါင် လမ်းအတိုင်း ထွက်ပြေးရာ

မြေပုံ တောင်ပေါ် ခံတပ် စစ်တပ်က တက်ရောက် ရှင်းလင်း

Photo: မြေပုံ တောင်ပေါ် ခံတပ် စစ်တပ်က တက်ရောက် ရှင်းလင်း

ရခိုင်ပြည်နယ် မြေပုံမြို့တွင် မွတ်ဆလင်များက ခံတပ် သဘောမျိုး တည်ဆောက် နေရာယူထားသော တောင်ပေါ်ကို ယနေ့ စစ်တပ်က တက်ရောက်ရှင်းလင်းပြီး မွတ်ဆလင် မိသားစုများကို တောင်အောက်တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းသို့ ပို့ဆောင်သည်ဟု သိရသည်။

“ ဒီကနေ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လ၀ကမှူး၊ စစ်တပ်နဲ့ ရဲတွေ တောင်ပေါ်ကို တက်သွားတာကို တွေ့ရပါတယ်။ လက်ရှိ စာရင်းနဲ့ အသေအပျောက် စာရင်းတွေကို ကောက်ယူတယ်လို့ ပြောပါတယ်။ ဒါ့ပြင် တုတ်ဓါး လက်နက်တွေကို အကုန်လုံးသိမ်းပါတယ်။ သိမ်းရတဲ့ တုတ်ဓါး လက်နက်က ထော်လာဂျီ နှစ်စီး တိုက်ရတယ်လို့ သိရပါတယ်” ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က ပြောသည်။
...
မြေပုံမြို့တွင် ရခိုင်များနှင့် ဘင်္ဂလီ မွတ်ဆလင်များ တိုက်ခိုက်မူတွင် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပြီး အိမ်ခြေပေါင်း ၈၀၀ ကျော် မီးထဲပါသွားခဲ့သည်ဟု သိရသည်။ ထိုအထဲတွင် ရခိုင်အိမ် ၄၂ ဆောင် ပါဝင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်စဉ် အတွင်း မွတ်ဆလင်များမှာ တောင်ပေါ်ကို တက်ပြေးသွားပြီး တောင်ပေါ်မှနေကာ ရခိုင်များကို ပြန်လည် ခုခံ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“ သူတို့က အဲဒီ တောင်ပေါ်မှာ ခံတပ် သဘောမျိုး တည်ဆောက်ထားတကာက လွန်ခဲ့တဲ့ ဇွန်လ အရေးအခင်း ပြီးကတည်းက ဖြစ်ပါတယ်။ ကျင်းတွေ တူးထားတယ်။ ဆက်သွယ်ရေးမြောင်းတွေလည်း လုပ်ထားတယ်လို့ ပြောပါတယ်။ တကယ့်ကို စစ်စခန်း တစ်ခုလို အခိုင်အမာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ပြဿနာ ဖြစ်တော့ အဲဒီ တောင်ပေါ်ကနေ မွတ်ဆလင်တွေက ရခိုင်တွေကို ခံချခဲ့တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အောက်တိုဘာလ မြေပုံတွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင် မွတ်ဆလင်များက တောင်ပေါ်မှ ခုခံပြီး ရခိုင်များက တောင်ကို အောက်မှနေ ၀ိုင်းထားကာ အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့သည်။

ယခုအခါ မြေပုံ အခြေအနေမှာ အေးဆေး တည်ငြိမ်နေပြီး ပုံမှန် အတိုင်း ရှိနေသည်ဟု ဆိုသည်။

နှစ်ဘက်စလုံးမှ ဒုက္ခသည်များအား နိုင်ငံ တကာအဖွဲ့အစည်းများမှ အကူအညီများ လာရောက် ဖြန့်ဖြူး ပေးဝေမူများ ရှိနေသော်လည်း ရခိုင် ဒုက္ခသည်များ အနေဖြင့် အကူအညီ အနည်းငယ်သာ ရရှိသဖြင့် လုံလောက်မူ မရှိဘဲ ဖြစ်နေကြောင်း ကိုမောင်မောင်က ပြောသည်။

“ ရခိုင် ဒုက္ခသည်တွေကတော့ တောင်ပိုင်းရပ်ကွက် ဘော်လုံးကွင်းမှာ ရွက်ဖျင်တဲတွေထိုးပြီး နေရာချထားပေးပါတယ်။ ဒုက္ခသည်က သုံးထောင်ခန့်ရှိပါတယ်။ ဒဏ်ရာ ရတဲ့ သူက ၇၀ ကျော်ရှိပါတယ်။ အစားအစာနဲ့ ဆေးဝါးတွေ အထူး လိုအပ်နေပါတယ်” ဟု သူက ဆက်ပြောသည်။

မွတ်ဆလင်များကိုမူ တောင်အောက်တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းတွင် စစ်တပ် အစောင့်အရှောက်များဖြင့် ထားရှိပြီး မွတ်ဆလင် ဒုက္ခသည် အရေအတွက်မှာ ၃၉၃၉ ယောက် ရှိကြောင်း သိရသည်။

မြေပုံမြို့တွင် ယခင်ကတည်းက နေထိုင်နေသော မွတ်ဆလင်များမှာ ဒေသခံ ရခိုင်များနှင့် သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြသော်လည်း နောက်ပိုင်း ပြင်ပ ရောက်လာသူများမှာ သဘောထား တင်းမာသူများ ဖြစ်ကာ ရခိုင်အိမ်များကို စတင် မီးရှို့ တိုက်ခိုက်ရာမှ ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်ဟု ကိုမောင်မောင်က ပြောသည်။


အေးချမ်းမွန်မှ  နိရဉ္စရာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :နိရဉ္စရာ
ရခိုင်ပြည်နယ် မြေပုံမြို့တွင် မွတ်ဆလင်များက ခံတပ် သဘောမျိုး တည်ဆောက် နေရာယူထားသော တောင်ပေါ်ကို ယနေ့ စစ်တပ်က တက်ရောက်ရှင်းလင်းပြီး မွတ်ဆလင် မိသားစုများကို တောင်အောက်တွင် တည်ဆောက်ထားသော ဒုက္ခသည် စခန်းသို့ ပို့ဆောင်သည်ဟု သိရသည်။

“ ဒီကနေ့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ လ၀ကမှူး၊ စစ်တပ်နဲ့ ရဲတွေ တောင်ပေါ်ကို တက်သွားတာကို တွေ့ရပါတယ်။ လက်ရှိ စာရင်းနဲ့ အသေအပျောက် စာရင်းတွေကို ကောက်ယူတယ်လို့ ပြောပါတယ်။ ဒါ့ပြင် တုတ်ဓါး လက်နက်တွေကို အကုန်လုံးသိမ်းပါတယ်။ သိမ်းရတဲ့ တုတ်ဓါး လက်နက်က ထော်လာဂျီ နှစ်စီး တိုက်ရတယ်လို့ သိရပါတယ်” ဟု မြေပုံ ဒေသခံ ကိုမောင်မောင်က ပြောသည်။

လူကြီးမင်းက Custromers တွေကို တောင်းပန်ရင်းပြီးခဲ့တာ ထက်ကောင်းတဲ့အစီစဉ်ကို ပြန်လုပ်ပေးမှာပါပြောကြား

Photo: လူကြီးမင်းက Custromers တွေကို တောင်းပန်ရင်းပြီးခဲ့တာ ထက်ကောင်းတဲ့အစီစဉ်ကို ပြန်လုပ်ပေးမှာပါပြောကြား

November 5, 2012Home, သတင်း 

လူကြီးမင်းဖုန်းဆိုင်တွင် နိုဝင် ဘာ (၃) ရက်နေ့က ပြုလုပ်သော မဟာလျော့ဈေးအစီအစဉ်ကို ၀ယ် ယူအားပေးကြသော Customers များအား ကျေးဇူးအထူးတင်ရှိရုံ သာမကမလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာသော ကြောင့် မိမိတို့၏ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရသဖြင့် တောင်းပန်   အပ်ပါကြောင်းနှင့် ပြီးခဲ့သော အစီအစဉ်ထက်ပိုမိုကောင်းမွန် သော အစီအစဉ်တစ်ခုအားပြန် လည်၍ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင် ၏ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရ သည်။
“ကျွန်တော်တို့ လူကြီးမင်းဖုန်း  ဆိုင်တွေမှာ ပြုလုပ်ခဲ့တဲ့မဟာလျှော့ ဈေးအစီအစဉ်ကို ၀ယ်ယူအားပေး  ကြတဲ့ Customers မိဘပြည်သူ တွေကိုကျေးဇူးလည်းတင်ပါတယ်။ နောက်တစ်ခုက၀ယ်ယူသူတွေ အရမ်းကိုများလာတဲ့အတွက် အချင်းချင်းထိခိုက်ဒဏ်ရာရရှိပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်  လာတာကြောင့် ကျွန်တော်တို့ရဲ့  အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရတဲ့ အတွက် အလွန်ဝမ်းနည်းစွာဖြင့် တောင်းပန်အပ်ပါတယ်။ နောက် တစ်ခုက ဒီပြီခဲ့တဲ့မဟာလျှော့ဈေး အစီအစဉ်ကိုတော့ ကျွန်တော်တို့ လုံးဝရပ်ဆိုင်းလိုက်ပါပြီ။ ဒါပေမဲ့ ရပ်ဆိုင်းတယ်ဆိုတာက မိဘပြည် သူတွေအုံအုံကြွကြွဖြစ်သွားတဲ့ အစီအစဉ်ကိုပါ။ လုံးဝယတိပြတ် ဖြတ်လိုက်တာမျိုး ဒီဟာကိုမပေး ချင်တော့ဘူးဆိုပြီး ပြောတဲ့စကား မျိုးလည်းမဟုတ်ပါဘူး။ အခုပြီးခဲ့ တဲ့ပုံစံနဲ့ကတော့ တော်တော်လေး ကိုခက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တခြားအစီအစဉ်တစ် ခုအနေနဲ့ လူတွေလဲစိတ်ဝင်စားပြီး ယုံယုံကြည်ကြည်နဲ့ စည်းစနစ်ကျ တဲ့ ပုံစံမျိုးကိုပြန်ပြီးလုပ်ပေး သွားမှာပါ။ လသာမှာ တိုကင်ရ ထားပြီးသား လူတွေကိုလည်း နောက်တစ်မျိုးနဲ့ ဘယ်လိုလုပ်ပေး ရင်ကောင်းမလဲဆိုပြီစီစဉ်နေပါ တယ်။ ၀ယ်မှပေးသလိုမဟုတ်ဘဲ လူတိုင်းကိုတန်းတူပေးနိုင်မဲ့ ပုံစံ မျိုးကိုလည်း စီစဉ်ထားပါတယ်”ဟု လူကြီးမင်းဖုန်းဆိုင်မှတာဝန်ရှိသူများ က စာနယ်ဇင်းရှင်းလင်းပွဲ၌ပြော ကြားခဲ့သည်။
လွန်ခဲ့သော မဟာဈေးရောင်း  ပွဲတော်ကြီးမှာ မိဘပြည်သူအချို့ ထင်မြင်သကဲ့သို့လိမ်လည်ခြင်း မဟုတ်ကြောင်း နေပြည်တော်နှင့် တော်ကြီးတွင် သက်သေပြသွား ကြောင်း ရန်ကုန်၌ ဤကဲ့သို့အဖြစ်  အပျက်ဖြစ်ပေါ်ရသည့်အတွက် လူကြီးမင်းဖုန်းဆိုင်များအား ယာယီပိတ်ထားရပါကြောင်းနှင့် ဆိုင်ပြန်ဖွင့်သည့်အချိန်၌ မိမိတို့၏  ၀န်ဆောင်မှုနှင့် ကိုယ်ရည်ကိုယ်သွေး  များကို သေသေချာချာအားဖြည့် ပြီး အားသစ်လောင်း၍ အရင် ထက်ပိုမိုအားစိုက်ထုတ်ရန် ကြိုး စားသွားမည်ဖြစ်ကြောင်း ဆက် လက်ပြောကြားခဲ့သည်။ 

ညီညီအောင်

အေးချမ်းမွန်မှ  The Hot nes တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : The Hot News
လူကြီးမင်းဖုန်းဆိုင်တွင် နိုဝင် ဘာ (၃) ရက်နေ့က ပြုလုပ်သော မဟာလျော့ဈေးအစီအစဉ်ကို ၀ယ် ယူအားပေးကြသော Customers
များအား ကျေးဇူးအထူးတင်ရှိရုံ သာမကမလိုလားအပ်သော ပြဿနာများဖြစ်ပေါ်လာသော ကြောင့် မိမိတို့၏ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရသဖြင့် တောင်းပန် အပ်ပါကြောင်းနှင့် ပြီးခဲ့သော အစီအစဉ်ထက်ပိုမိုကောင်းမွန် သော အစီအစဉ်တစ်ခုအားပြန် လည်၍ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင် ၏ စာနယ်ဇင်းရှင်းလင်းပွဲမှ သိရ သည်။
“ကျွန်တော်တို့ လူကြီးမင်းဖုန်း ဆိုင်တွေမှာ ပြုလုပ်ခဲ့တဲ့မဟာလျှော့ ဈေးအစီအစဉ်ကို ၀ယ်ယူအားပေး ကြတဲ့ Customers မိဘပြည်သူ တွေကိုကျေးဇူးလည်းတင်ပါတယ်။ နောက်တစ်ခုက၀ယ်ယူသူတွေ အရမ်းကိုများလာတဲ့အတွက် အချင်းချင်းထိခိုက်ဒဏ်ရာရရှိပြီး မလိုလားအပ်တဲ့ပြဿနာတွေဖြစ် လာတာကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရတဲ့ အတွက် အလွန်ဝမ်းနည်းစွာဖြင့် တောင်းပန်အပ်ပါတယ်။

မကွေးတိုင်း စကုမြို့နယ်တွင် ဆွမ်းစားကျောင်းပြိုကျပြီး ၈၀ ခန့် ဒဏ်ရာရရှိ

Photo: မကွေးတိုင်း စကုမြို့နယ်တွင် ဆွမ်းစားကျောင်းပြိုကျပြီး ၈၀ ခန့် ဒဏ်ရာရရှိ
Monday, November 05, 2012

မကွေးတိုင်း စကုမြို့နယ် မန်ကျည်းပင်ရွာ လေးထပ်ကျောင်းတိုက်မှာ နိုဝင်ဘာ ၁ ရက်နေ့ ကထိန်ပွဲ ပြုလုပ်နေချိန် ဆွမ်းစားကျောင်းဆောင်
ပြိုကျပြီး လူ ၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မန်ကျည်းပင်ရွာနေ ဦးလှမိုးက “နေ့ခင်းတနာရီလောက် တရားချီးမြှင့်တဲ့
အခါမှာ အရင်နှစ်တွေထက် လူက အရမ်းများပြီး ပြည့်ကျပ်သွားတယ်။ တရားလည်းသိမ်းပြီး ရေစက်ချပြီးတဲ့အခါ အမျိုးသမီးတွေက ထပြန်တော့ ပျဉ်ပေါက်ပြီး ၀ုန်းဆိုပြီး ပြိုကျသွားတာ” လို့ ပြောပါတယ်။

အမျိုးသမီးအများစု အပါအ၀င် ၈၀ လောက် ဒဏ်ရာရသွားခဲ့ပြီး မင်းလှ
ဆေးရုံနဲ့ မင်းဘူးဆေးရုံတွေကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မင်းဘူးဆေးရုံမှာ တက်ရောက်ကုသတဲ့ လူနာတွေထဲက တချို့ ဒဏ်ရာ
ပြင်းထန်တယ်လို့ ဦးလှမိုးက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေကို မကွေးတိုင်းဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ၁ ယောက်ကို ၁ သောင်းနှုန်းနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက ကျပ် ၅ ထောင်စီ ထောက်ပံ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

DVB
အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
မကွေးတိုင်း စကုမြို့နယ် မန်ကျည်းပင်ရွာ လေးထပ်ကျောင်းတိုက်မှာ နိုဝင်ဘာ ၁ ရက်နေ့ ကထိန်ပွဲ ပြုလုပ်နေချိန် ဆွမ်းစားကျောင်းဆောင်
ပြိုကျပြီး လူ ၈၀
လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မန်ကျည်းပင်ရွာနေ ဦးလှမိုးက “နေ့ခင်းတနာရီလောက် တရားချီးမြှင့်တဲ့
အခါမှာ အရင်နှစ်တွေထက် လူက အရမ်းများပြီး ပြည့်ကျပ်သွားတယ်။ တရားလည်းသိမ်းပြီး ရေစက်ချပြီးတဲ့အခါ အမျိုးသမီးတွေက ထပြန်တော့ ပျဉ်ပေါက်ပြီး ၀ုန်းဆိုပြီး ပြိုကျသွားတာ” လို့ ပြောပါတယ်။

တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ( ကေသွယ် )




တောင်ကြီးကိုတဲ့ ဖြိုမယ့်ကြံ   
Development or Die
မြို့လယ်ကောင်လူစည်ကားရာနေရာမှာ၊ ချိတ်ဆွဲထားတဲ့ Development or Die ဆိုတဲ့  လစ်ဘရယ် ပါတီရဲ့မဲဆွယ် ဆိုင်းဘုတ်ကလေးကိုမြင်တော့၊ ပြုံးမိရသည်။ ဒီမြေတွေကို ဒီအတိုင်းပဲထားရင်း သေသွားကြ မလား.. ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသုံးချမလားလို့ ဆိုချင်ဟန်တူပါ ရဲ့။

thn-4-11-1
လုပ်ငန်းစတင်ရန်ပြင်ဆင်နေသည့် လက်ပံတောင်းတောင်စီမံကိန်းကို တွေ့ရစဉ်

သြစတြေးလျမှာက၊ သတ္တုတူးဖော်ရေး(Mining)လုပ်ငန်းက အဓိကဖြစ်ပြီး၊ တစ်နိုင်ငံလုံးရဲ့ GDP ကို ၁၀ ရာခိုင်နှုန်းထိအောင် ထောက်ကန်ပေးခဲ့ဖူးသည်ဆိုတော့ နိုင်ငံရေးပါတီတွေရဲ့ အဓိကအသုံးချစရာ လက် နက်ကိရိယာကလည်း မိုင်းနဲ့ပတ်သက်တဲ့ ပေါ်လစီတွေ အခွန်အခကိစ္စတွေသာ ဖြစ်လေ့ရှိသည်။ ပြီးခဲ့တဲ့ နှစ်တွေကပင် လေဘာပါတီခေါင်းဆောင် ၀န်ကြီးချုပ် ဂျုလီယာဂေလာ့ဒ်က Mining Super Tax ဆိုပြီး ကုမ္ပဏီကြီးတွေကို အခွန်၄၀%ထိ တိုးကောက်ဖို့လုပ်တော့ အကြီးအကျယ် အငြင်းပွားခဲ့ကြသေးသည်။

လူတစ်ထောင်လျှင် ရဲတစ်ယောက်သာရှိခြင်းကြောင့် ဥပဒေစိုးမိုးရေး အတွက် ပြည်သူများပါဝင်ရန်လိုအပ်ဟုဆို

Photo: လူတစ်ထောင်လျှင် ရဲတစ်ယောက်သာရှိခြင်းကြောင့် ဥပဒေစိုးမိုးရေး
အတွက် ပြည်သူများပါဝင်ရန်လိုအပ်ဟုဆို


လူတစ်ထောင်လျှင် ရဲတစ် ယောက်သာရှိခြင်းကြောင့် တရား ဥပဒေစိုးမိုးရေး
အတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ရဲဦးရေက ကွာဟလွန်းတဲ့ အတွက်ကြောင့် အမှုဖြစ်ရင်ချက်ချင်း မသိနိုင်
ဘူးလေ၊ ပြည်သူတွေကလည်း ကိုယ်ပစ္စည်းဥစ္စာတွေကို ထိန်းသိမ်း ဖို့အတွက် ကိုယ့်အဆင့်နဲ့ကိုယ်လိုက် ပြီး CCTV တို့ လုံခြုံမှုဆိုင်ရာ
တွေကို ပြင်ဆင်ထားသင့်တယ်၊ ထစ်ခနဲရှိ ရဲတွေမသိဘူးလားဆိုပြီး တိုက်ရိုက် အပြစ်ပုံချလို့မရဘူး''ဟု ၄င်းက ပြောသည်။

ရပ်ကွက်နှင့် နှိုင်းယှဉ် ပါက လွန်စွာကွာဟမှုများရှိပြီး သက်ဆိုင်ရာအမှု
ကိစ္စများအား ချက် ချင်းမသိရှိနိုင်ကြောင်း ၄င်းကထပ်မံ ပြောသည်။
လက်ရှိရန်ကုန်မြို့နှင့် အနီးတစ် ဝိုက်ဒေသများတွင်ပြစ်မှုဆိုင်ရာကျူး လွန်မှုမှာ တစ်နေ့လျှင် ၂ဝ နှင့် ၃ဝ ကြားရှိပြီး လောင်းကစားမှု၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှု တို့ မှာ အဖြစ်များဆုံးအမှုများ ဖြစ်ကြောင်း သိရသည်။

''တကယ်ဆိုအဲဒါက ခေါင်းရှောင်တာပါ၊ တာဝန်ယူမှု၊ တာဝန်သိမှု စိတ်အပြည့်အဝရှိရင် အမြဲတမ်း နိုးကြားဆောင်ရွက်ရမှာပါ၊ အစိုးရ ကလည်း ပြည်သူတွေကို ကာကွယ် ဖို့အတွက် သက်ဆိုင်ရာဒေသအသီး သီးမှာ စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးတွေကို ခန့်အပ်ထားပေးထား တာပါ၊ ပြည်သူတွေအနေနဲ့ကတော့ ကိုယ့်မိသားစု၊ စားဝတ်နေရေးကို
ဖြေရှင်းနေရတော့ ဂရုမထားနိုင်ပါ ဘူး'' ဟု ဥပဒေအကြံပေးပညာရှင် ဦးတင်သန်းဦးက ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ၂ဝ၁၂- ၂ဝ၁၃ ခုနှစ် ဘဏ္ဍာငွေခွဲဝေမှု ခေါင်း စဉ်အလိုက်ရံပုံငွေ ခွဲဝေမှုမှာ ၉၁ ဒသမ ၅ ဘီလီယံရှိပြီး ခရီးစရိတ်
ခေါင်းစဉ်အောက်တွင် ရံပုံငွေခွဲဝေ ၂၉၄ ဒသမ ဝ၇၉ သန်းကြောင်း သိရသည်။


အေးချမ်းမွန်မှ  Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
လူတစ်ထောင်လျှင် ရဲတစ် ယောက်သာရှိခြင်းကြောင့် တရား ဥပဒေစိုးမိုးရေး
အတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ရဲဦးရေက ကွာဟလွန်းတဲ့ အတွက်ကြောင့် အမှုဖြစ်ရင်ချက်ချင်း မသိနိုင်
ဘူးလေ၊ ပြည်သူတွေကလည်း ကိုယ်ပစ္စည်းဥစ္စာတွေကို ထိန်းသိမ်း ဖို့အတွက် ကိုယ့်အဆင့်နဲ့ကိုယ်လိုက် ပြီး CCTV တို့ လုံခြုံမှုဆိုင်ရာ
တွေကို ပြင်ဆင်ထားသင့်တယ်၊ ထစ်ခနဲရှိ ရဲတွေမသိဘူးလားဆိုပြီး တိုက်ရိုက် အပြစ်ပုံချလို့မရဘူး''ဟု ၄င်းက ပြောသည်။

"ဒီနှစ်မှာသာ အကယ်ဒမီ ထပ်ရခဲ့မယ်ဆိုရင် တအား ဝမ်းသာမိမှာပါလို့ဆိုသူ သက်မွန်မြင့်"

Photo: "ဒီနှစ်မှာသာ အကယ်ဒမီ ထပ်ရခဲ့မယ်ဆိုရင် တအား ဝမ်းသာမိမှာပါလို့ဆိုသူ သက်မွန်မြင့်"

ဒါရိုက်တာ မလိခစိုးထိုက်အောင် ရိုက်ကူးတဲ့ “ကျွန်မသာ စိတ်မကောက်ခဲ့ဘူး ဆိုရင်” ဇာတ်ကားမှာ သက်မွန်မြင့်က အောင်ရဲလင်းနဲ့ အတူ သရုပ်ဆောင် နေပါတယ်။ လူငယ် ဖန်စီဇာတ်ကား ဖြစ်ကြောင်းပြောတဲ့ သက်မွန်မြင့်က အကယ်ဒမီ ပေးပွဲလည်း နီးလာပြီဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။

ဒီနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေ ထဲမှာ သက်မွန်မြင့်ရဲ့ ဟာသဇာတ်ကား တွေရော၊ ဒရာမာဇာတ်ကားတွေပါ ပါ ဝင်ပါတယ်။ ပရိသတ်တွေ မကြည့်ရသေးသလို သက်မွန်မြင့် ကိုယ်တိုင် လည်း မကြည့်ရသေးတဲ့ အကယ်ဒမီစာရင်းဝင် “ဝဋ်ကြွေး” ဇာတ်ကားအတွက် ရင်ခုန်သံကိုလည်း သက်မွန်မြင့်က…
”သက်မွန်ကိုယ်တိုင်လည်း ဝဋ်ကြွေး ဇာတ်ကားကို မကြည့်ရသေးတော့ သိပ် တော့ မပြောတတ်ဘူး။ ရရင်လည်း ယူမှာပေါ့။ မရရင်လည်း မယူဘူးပေါ့ နော်။ သက်မွန်ကတော့ ရိုက်တဲ့ကားတိုင်း အကောင်းဆုံးဖြစ်အောင် ကြိုးစား ခဲ့ပါတယ်” လို့ပြောပါတယ်။
အကောင်းဆုံးဖြစ်အောင် ကိုယ့် ဘက်က ကြိုးစားခဲ့ပြီး ရလဒ်ကတော့ ကံပေါ့ လို့ဆိုတဲ့ သက်မွန်မြင့်က ဒီနှစ်မှာသာ အကယ်ဒမီထပ် ရခဲ့မယ်ဆိုရင်တော့ တအား ဝမ်းသာမှာပါပဲလို့ ဆိုပါတယ်။ အကယ်ဒမီက နီးနေပြီဖြစ်ပေမယ့် အဝတ်အစား၊ အပြင်အဆင်တွေ အတွက်တော့ ဘာမှမစီစဉ် ရသေးကြောင်း လည်း သက်မွန်မြင့်ကပြောပါတယ်။ ရန်ကုန်မှာကျင်းပမယ့် အကယ်ဒမီ ပေးပွဲအပေါ် သက်မွန်မြင့်ရဲ့အမြင်က “ရန်ကုန်မှာ ကျင်းပတော့ ခရီးဝေး သွားရတဲ့ဒုက္ခက ငြိမ်း သွားမယ်။ အဓိကကတော့ ဒါပါပဲ။ ကျန်တာကတော့ ဟိုမှာပဲဖြစ်ဖြစ်၊ ဒီမှာပဲဖြစ်ဖြစ် ပျော်ဖို့ကောင်းပါတယ်။ တစ်ခုရှိတာက ဟိုမှာကျတော့ ကိုယ့်လူတွေ စုမိသွားတယ်။ အနုပညာ လောကသားတွေက အချိန်ရှားတော့ စုမိဖို့သိပ်မလွယ်ဘူးလေ။ အဲဒီလို စုပြီး တပျော်တပါး သွား ရတော့ ပျော်စရာကောင်းတယ်။ အသက်ကြီးတဲ့ လူတွေ အတွက်တော့ သွားရလာရ ခက်တယ်။ ရန်ကုန်မှာလုပ်ရင်တော့ ပိုပြီးအဆင်ပြေမှာပေါ့” လို့ သက်မွန်မြင့်က ဆိုပါတယ်။

ဝဿန်

အေးချမ်းမွန်မှ  Popular Academy တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Academy
ဒါရိုက်တာ မလိခစိုးထိုက်အောင် ရိုက်ကူးတဲ့ “ကျွန်မသာ စိတ်မကောက်ခဲ့ဘူး ဆိုရင်” ဇာတ်ကားမှာ သက်မွန်မြင့်က အောင်ရဲလင်းနဲ့ အတူ သရုပ်ဆောင် နေပါတယ်။ လူငယ် ဖန်စီဇာတ်ကား
ဖြစ်ကြောင်းပြောတဲ့ သက်မွန်မြင့်က အကယ်ဒမီ ပေးပွဲလည်း နီးလာပြီဖြစ်တဲ့အတွက် ရင်ခုန်စိတ်လှုပ်ရှားနေပါပြီ။

ဒီနှစ် အကယ်ဒမီစာရင်းဝင် ဇာတ်ကားတွေ ထဲမှာ သက်မွန်မြင့်ရဲ့ ဟာသဇာတ်ကား တွေရော၊ ဒရာမာဇာတ်ကားတွေပါ ပါ ဝင်ပါတယ်။ ပရိသတ်တွေ မကြည့်ရသေးသလို သက်မွန်မြင့် ကိုယ်တိုင် လည်း မကြည့်ရသေးတဲ့ အကယ်ဒမီစာရင်းဝင် “ဝဋ်ကြွေး” ဇာတ်ကားအတွက် ရင်ခုန်သံကိုလည်း သက်မွန်မြင့်က…

အင်းစိန်အကျဉ်းထောင်ဆေးရုံ ပေါ်မှ နှစ် ၃ဝ ထောင်ကျအကျဉ်းသား တစ်ဦးခုန်ချ သေဆုံး

ဆေးကုသမှုခံယူနေရသော နှစ် ၃ဝ ထောင်ကျနေသော အကျဉ်း သားတစ်ဦး အင်းစိန်အကျဉ်းထောင် ဆေးရုံပေါ်မှ ခုန်ချသေဆုံးမှုတစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ အချိန်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့စခန်းမှ သိရသည်။
သေဆုံးသူမှာ အကျဉ်းသား အစ/ဝ၈/၁၂၄၄ဝ/တ အုန်းသန်း (ခ) အုန်းသောင်း ၅၇ နှစ်၊ (ဘ) ဦးတင်ရှိ

န်၊ ထိပ်တန်းရပ်ကွက်၊ နေကြာလမ်း သာစည်မြို့ မန္တလေးတိုင်း ဒေသကြီးနေသူ ဖြစ်သည်။
၎င်းသည် အင်းစိန်အကျဉ်း ထောင်ဆေးရုံတွင် HIV ၊ တီဘီ ရောဂါဖြင့် တက်ရောက်ဆေးကုသ နေရာမှ အင်းစိန်အကျဉ်းထောင်ဆေး ရုံအပေါ်ထပ်မှ ခုန်ချသေဆုံးသွားခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်ကို အင်းစိန်မြို့နယ် နုမြို့နယ်တရားသူ ကြီး ဦးရဲကိုကို စခမ ရဲအုပ် သန်းထိုက်စိုး၊ အကျဉ်းဦးစီးဌာနမှ သက် သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူ အုန်းသန်း(ခ) အုန်းသောင်းမှာ အရှေ့ပိုင်း၊ အနောက် ပိုင်း၊ တောင်ပိုင်း တရားရုံးတို့မှ ရာကြီးအမှတ် ၂၇၊ ၂၈၊ ၂၉၊ ၃ဝ၊ ၃၁၊ ၃၃၊ ၆၂၊ ၆၃၊ ၆၄၊ ၆၅၊ ၆၆၊ ၆၈၊ ၇၄၊ ၇၅၊ ၇၆၊ ၇၇၊ ၇၈၊ ၇၉၊ ၈ဝ၊ ဝ၈
တို့အရ အပတ-၃ အမှုဖြင့် ထောင်ဒဏ်စုစုပေါင်းနှစ် ၃ဝကျခံနေရသော အကျဉ်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

စစ်ရေးအရှိန်လျော့ချရေးကို လက်တွေ့ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးအောင်မင်း ကတိပြု

Photo: စစ်ရေးအရှိန်လျော့ချရေးကို လက်တွေ့ဆောင်ရွက်သွားမည်ဟု ဝန်ကြီး ဦးအောင်မင်း ကတိပြု

နိုဝင်ဘာ ၃၊ ၂ဝ၁၂

လက်ရှိတိုးပွားနေဆဲဖြစ်သော မြန်မာအစိုးရတပ်မတော်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့ အကြား စစ်ရေးအရှိန်အဟုန်များကို လက်တွေ့လျော့ချနိုင်အောင် အလုပ် ဖြင့် သက်သေပြဆောင်ရွက်သွားမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကတိပြုပြောကြားခဲ့သည်။
တရ
ုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အောက်တိုဘာလ ၃ဝ ရက်က ပြု လုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIOတို့၏ ပထမဦးဆုံးအကြိမ် တရား ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်၊ တစ် ဖက်မှာလည်း စစ်ရေးအရှိန်အဟုန် တွေလျော့ပေးဖို့၊ အဲဒါကို တင်ပြထား တာရှိပါတယ်၊ ဒီမှာရှိတဲ့ တိုင်းမှူး ကြီးကလည်း စစ်ရေးအရှိန်အဟုန် တွေကို လက်တွေ့လျော့နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အ လုပ်နဲ့ ကျွန်တော်တို့ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်၊ ဆရာကြီးတို့ ဘက် က အဲဒါကို စောင့်ကြည့်ပြီး ကျွန် တော်တို့ဘက်ကလုပ်တာ မှန်ကန် တယ်ဆိုရင် ဆရာကြီးတို့ဘက်က လည်း အဲဒါကို လုပ်ပေးဖို့ တင်ပြ ချင်ပါတယ်''ဟု ဝန်ကြီးဦးအောင်မင်း က KIO ဆွေးနွေးရေးအဖွဲ့ ခေါင်း ဆောင်များကို ပြောကြားခဲ့သည်။
ယခုတွေ့ဆုံဆွေးနွေးပွဲသို့ တက် ရောက်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် အတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးလည်း လိုက်ပါလာခဲ့သော်လည်း KIA ဘက်မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ် ချုပ်ဂွမ်မော်တက်ရောက်လာခြင်းမရှိ သည့်အတွက် ဆွေးနွေးပွဲသို့ လိုက် ပါလာခြင်းမပြုဘဲ မူဆယ်မြို့တွင် နေရစ်ခဲ့သည်။ ယင်းကြောင့် ယခု ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စ ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးဆုံး ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။
''ကျွန်တော်တို့ အနေနဲ့ ၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သမ္မတကြီး ရဲ့ အမိန့်နဲ့ ညွှန်ကြားချက်အတိုင်း နာခံလိုက်နာလျက်ရှိပါတယ်။ ဒီနေ့ အချိန်အထိ မိမိကိုယ်ကိုယ် မိမိကာ ကွယ်တာကလွဲရင် ထိုးစစ်ဆင်တိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့ခြင်းမရှိပါဘူး'' ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်မှူးချုပ်ထွန်းထွန်းနောင် ကပြောကြားခဲ့သည်။
KIO ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဝင် ဦးလဖိုင်လ ကမူ တပ်မ တော်ဘက်က ခုခံကာကွယ်နေသည် ဆိုသော်လည်း ဆယ်မိုင်ခန့်အထိ ရောက်ရှိနိုင်သော ၁ဝ၅ မမ၊ ၁၂ဝ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် နေခြင်းအပေါ် နားမလည်ဖြစ်မိ ကြောင်း မေးခွန်းထုတ်ခဲ့သည်။
ယခုလပိုင်းအတွင်း၌ အစိုးရ တပ်မတော်နှင့် KIA အကြား တိုက်ပွဲ ပေါင်း ၁ဝဝ နီးပါးဖြစ်ပွားခဲ့ပြီး ဗဟို ဌာနချုပ်သို့ပင် ၁ဝ၅ မမ လက် နက်ကြီးဖြင့် ပစ်ခတ်မှုမှာ အောက် တိုဘာလ ၂၄ ရက်မှ၊ ၂၈ ရက်အ ထိ ၄ ရက်အတွင်း ၁၄ ကြိမ်ရှိခဲ့ ကြောင်း KIO ငြိမ်းချမ်းရေးဆွေးနွေး ရေးအဖွဲ့ဝင် ဦးဇော်ရော် က ပြော သည်။
KIA, KIO နှင့် နိုင်ငံတော်အစိုးရ တို့အကြား တွေ့ဆုံဆွေးနွေးမှုများကို ၁၉၆၃ ခုနှစ်၊ ၁၉၈ဝ-၈၁ ခုနှစ်၊ ၁၉၉၃-၉၄ ခုနှစ်များတွင်အကြိမ် ကြိမ်ပြုလုပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၂၄ ရက်တွင် နှစ်ဖက် သဘောတူအပစ်အခတ်ရပ်စဲရေးစာ ချုပ်ကို ချုပ်ဆိုခဲ့သော်လည်း ၁၇ နှစ်ကြာမြင့်ပြီးနောက် ၂ဝ၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် တိုက်ပွဲများပြန် လည်ဖြစ်ပွားကာ အပစ်အခတ်ရပ် ဆိုင်းရေးစာချုပ် ပျက်ပြယ်ခဲ့သည်။
KIO နှင့် ဝန်ကြီးဦးအောင်မင်း တို့သည် ၂ဝ၁၂ ခုနှစ်အတွင်း ထိုင်း နိုင်ငံ၊ ချင်းရိုင်မြို့တွင် တစ်ကြိမ်၊ ဗန်းမော်ခရိုင် မိုင်ဂျာယန်မြို့တွင် ၂ ကြိမ် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယခုရွှေလီမြို့၌ တွေ့ဆုံမှုသည် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO ဆွေးနွေး ရေးအဖွဲ့တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုဖြစ်သည်။

အေးချမ်းမွန်မှ  Messenger News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
လက်ရှိတိုးပွားနေဆဲဖြစ်သော မြန်မာအစိုးရတပ်မတော်နှင့် ကချင် လွတ်လပ်ရေးတပ်မတော် KIA တို့ အကြား စစ်ရေးအရှိန်အဟုန်များကို လက်တွေ့လျော့ချနိုင်အောင်
အလုပ် ဖြင့် သက်သေပြဆောင်ရွက်သွားမည် ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော် ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ကတိပြုပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် အောက်တိုဘာလ ၃ဝ ရက်က ပြု လုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်းကော် မတီ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIOတို့၏ ပထမဦးဆုံးအကြိမ် တရား ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ ဖြစ်ပေါ်

Photo: ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ ဖြစ်ပေါ် 	

Monday, 05 November 2012 16:46

နိုဝင်ဘာပထမပတ်အတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌  မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

''အခု မိုးရွာသွန်းမှုတွေက မုန်တိုင်းကြောင့်တော့ မဟုတ်ပါဘူး။ မန္တလေး၊ မကွေး၊ ချင်းနဲ့ ရှမ်းပြည်နယ်စ တဲ့ဒေသတွေမှာတော့ ဒီနေ့(နိုဝင်ဘာ လ ၄ရက်)ကနေ မနက်ဖြန်လောက်အထိ မိုးရွာသွန်းနိုင်ပါသေးတယ်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မွန်၊ ကရင်စတဲ့ဒေသတွေကတော့ ဒီနေ့ညနေ မိုးရွာသွန်းမှုတွေပြီးရင်တော့ ဆက်မရွာနိုင်တော့ဘူးလို့ ခန့်မှန်းရပါတယ်'' ဟုလည်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။

''လက်ရှိမှာ မြန်မာတနိုင်ငံလုံးနီးပါး မိုးရွာသွန်းမှုတွေရှိပေမယ့် ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ကရင်မှာ ရွာတာက အရှေ့တောင်ဘက်ကလာတဲ့ တိမ်တိုက်တွေရဲ့အရှိန်ကြောင့် မိုးရွာတာပါ။ မြန်မာနိုင်ငံ အထက်ပိုင်း တွေမှာ မိုးရွာသွန်းမှုရှိခဲ့တာကတော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အကြွင်းအ ကျန် တိမ်တိုက်တွေ မြန်မာနိုင်ငံအပေါ်ကို အနောက်ဘက်ကနေ အရှေ့ဘက်ကို ဖြတ်ကျော်နေတဲ့အတွက်  မိုးရွာနေတာပါ။ အဲဒီဖြတ်ကျော်နေတဲ့ကာလလေး ပြီးသွားရင် မိုးမရွာနိုင်တော့ပါဘူး။ ဒီတိမ်တိုက်တွေ မကြာခင်မှာ ယူနန်ဘက်ကို ထွက်သွားပါလိမ့်မယ်။ လတ်တလောမှာ ပင်လယ်ထဲမှာတော့ ဘာမုန်တိုင်းမှ မရှိပါဘူး'' ဟုလည်း ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဆက်လက်ပြောကြားခဲ့သည်။

''နိုဝင်ဘာနဲ့ လာမယ့် ဒီဇင်ဘာလတွေမှာ မိုးနဲ့ပတ်သက်ပြီး တိတိကျကျ မပြောနိုင်ဘူး။ မြန်မာနိုင်ငံ တောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ၊ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးနည်းနိုင်တယ်။ အပူချိန်ကတော့ ပုံမှန်ထက် ပိုနိုင်တယ်။ လာမယ့်ဆောင်းဦးဟာ အအေးပေါ့နိုင်ပါတယ်'' ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်း ကျန်ရှိသည့် ကာလအတွင်း မြန်မာနိုင်ငံတွင် ရာသီဥတု မတည်ငြိမ်မှုများကို ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေကြောင်း သတင်းရရှိပါသည်။

မှတ်သားဖွယ်ရာမိုးရေးချိန်များ

ရက်စွဲ                   မြို့                 မိုးရေချိန်(လက်မ)

၎.၁၁.၁၂        ရန်ကုန်(မင်္ဂလာဒုံ)        ၂.၃၆ လက်မ

                   ရန်ကုန်(မြို့လယ်)         ၀.၉၈ လက်မ


မိုးရွာသွန်းနေသည့် ရန်ကုန်မြို့တွင်း တစ်နေရာအား နိုဝင်ဘာလ 5 ရက်နေ့က တွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :  Eleven Media Group
မိုးရွာသွန်းနေသည့် ရန်ကုန်မြို့တွင်း တစ်နေရာအား နိုဝင်ဘာလ 5 ရက်နေ့က တွေ့ရစဉ်
နိုဝင်ဘာပထမပတ်အတွင်း ရန်ကုန်မြို့အပါအ၀င် ဒေသအများစု၌ မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။

''အခု မိုးရွာသွန်းမှုတွေက မုန်တိုင်းကြောင့်တော့ မဟုတ်ပါဘူး။ မန္တလေး၊ မကွေး၊ ချင်းနဲ့ ရှမ်းပြည်နယ်စ တဲ့ဒေသတွေမှာတော့ ဒီနေ့(နိုဝင်ဘာ လ ၄ရက်)ကနေ မနက်ဖြန်လောက်အထိ မိုးရွာသွန်းနိုင်ပါသေးတယ်။ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မွန်၊ ကရင်စတဲ့ဒေသတွေကတော့ ဒီနေ့ညနေ မိုးရွာသွန်းမှုတွေပြီးရင်တော့ ဆက်မရွာနိုင်တော့ဘူးလို့ ခန့်မှန်းရပါတယ်'' ဟုလည်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောကြားခဲ့သည်။
Related Posts Plugin for WordPress, Blogger...

ShareThis