menu

Friday 30 March 2012

နိုင်ငံခြားငွေ လဲလှယ်နှုန်း "နှုန်းရှင်" ဖြစ်တော့မည်

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲနှုန်းကို အခုလာမယ့် ဧပြီ(၁)ရက်နေ့ကစပြီး ဈေးကွက်ပေါက်ဈေးအရ ဈေးနှုန်းတစ်မျိုးထဲ သတ်မှတ်လဲလှယ် သွားတော့မယ်လို့ အစိုးရ တာဝန်ရှိသူတွေက မနေ့က ကြေညာလိုက်ပါတယ်။
Photo: RFA
အမေရိကန်နိုင်ငံသုံး တစ်ဒေါ်လာတန်ငွေစက္ကူ။
ဆိုရှယ်လစ် ခေတ်ကတည်းက အခုချိန်ထိ မြန်မာနိုင်ငံမှာ အမေရိကန်(၁)ဒေါ်လာကို မြန်မာ ကျပ်ငွေ (၆)ကျပ်ကျော်နဲ့ လဲလှယ်ခဲ့ပြီး၊ ပြင်ပ မှောင်ခိုဈေးကွက်မှာတော့ လက်ရှိအချိန်မှာ (၁)ဒေါ်လာကို ကျပ်(၈၀၀)ဝန်းကျင်နဲ့ လဲလှယ်နေတဲ့အတွက် ဈေးကွက်ထဲမှာ ဒေါ်လာပေါက်ဈေး အနည်းဆုံး (၂) မျိုးဖြစ်နေတာဟာ တိုင်းပြည်ရဲ့ စီးပွားရေးအတွက် နစ်နာလှတယ်လို့ ပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

အခုလို အမေရိကန်(၁)ဒေါ်လာကို ကျပ်(၈၀၀) ဝန်းကျင် သတ်မှတ်လဲလှယ်မယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအတွက် အလားလာကောင်းတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက RFA ကို ပြောပါတယ်။
အခုလို ငွေလဲလှယ်နှုန်းထားကို တစ်သမတ်တည်း လုပ်လိုက်မယ်ဆိုရင် ပြည်တွင်းဈေးကွက်နဲ့ ကုန်ဈေးနှုန်း အတက်အကျကိစ္စမှာ တိုက်ရိုက် ရိုက်ခတ်မှုနည်းမှာဖြစ်ပေမယ့် နိုင်ငံခြားနဲ့ ဆက်သွယ်ဆောင်ရွက်ကြမယ့် အစိုးရပိုင်း အရာရှိတွေအတွက်တော့ အရင်လို အကျိုးအမြတ် ရနိုင်တော့မှာ မဟုတ်ဘူးလို့ ပါမောက္ခချုပ်ဟောင်း ဦးမော်သန်းက ထောက်ပြ ပြောဆိုပါတယ်။
RFA

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis