menu

Monday 27 January 2014

ကယ်လီဖိုးနီးယား ပင်လယ်ကွေ့မှ မျက်တစ်လုံးငါး

Photo: ကယ်လီဖိုးနီးယား ပင်လယ်ကွေ့မှ မျက်တစ်လုံးငါး
============================

ကယ်လီဖိုးနိးယား ပင်လယ်ကွေ့မှာ တံငါသည် တစ်ဦး ဖမ်းဆီးရမိခဲ့တဲ့ ငါး ဖြစ်ပြီး ငါးမန်းအမျိုးအစား ဖြစ်ပါတယ်။

၂၂ လက်မ အရှည်ရှိပြီး သက်ရှိတွေမှာ ဖြစ်တတ်တဲ့ Cysclops အမည်ရ ချို့ ယွင်းချက် ဖြစ်နေခြင်း ဖြစ်ပါတယ်။ ယင်းချို့ ယွင်းချက်က မွေးကတည်းက မျက်လုံး တစ်လုံးတည်းပဲ ပါရှိစေပြီး သက်ရှိတွေကိုမွေးဖွား လာခြင်း ဖြစ်ပါ တယ်။ ယင်းထဲမျာ ငါးမန်းတစ်ကောင် အနေနဲ့ ယခုလို မွေးဖွားတယ်ဆိုတာ အင်မတန်ရှားပါး ပါတယ်။ သက်ရှိထင်ရှား ရှိပြီး မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးမန်း အထီး ဖြစ်ပါတယ်။ အရည်ခွံဟာလည်း ဖြူနေပြီး အမြင်မှာ တင် ထူးခြားနေပါတယ်။

ယင်းကဲ့သို့ မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးများကို ယခင်ကလည်း များစွာ ဖမ်းဆီး ရမိဖူးပြီး သုတသန ပြုလုပ်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း

Aye Chan Mon# Credit To :အင်းလေးမီဒီယာ > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

ကယ်လီဖိုးနိးယား ပင်လယ်ကွေ့မှာ တံငါသည် တစ်ဦး ဖမ်းဆီးရမိခဲ့တဲ့ ငါး ဖြစ်ပြီး ငါးမန်းအမျိုးအစား ဖြစ်ပါတယ်။

၂၂ လက်မ အရှည်ရှိပြီး သက်ရှိတွေမှာ ဖြစ်တတ်တဲ့ Cysclops အမည်ရ ချို့ ယွင်းချက် ဖြစ်နေခြင်း ဖြစ်ပါတယ်။ ယင်းချို့ ယွင်းချက်က မွေးကတည်းက မျက်လုံး တစ်လုံးတည်းပဲ ပါရှိစေပြီး သက်ရှိတွေကိုမွေးဖွား လာခြင်း ဖြစ်ပါ တယ်။ ယင်းထဲမျာ ငါးမန်းတစ်ကောင် အနေနဲ့ ယခုလို မွေးဖွားတယ်ဆိုတာ အင်မတန်ရှားပါး ပါတယ်။ သက်ရှိထင်ရှား ရှိပြီး မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးမန်း အထီး ဖြစ်ပါတယ်။ အရည်ခွံဟာလည်း ဖြူနေပြီး အမြင်မှာ တင် ထူးခြားနေပါတယ်။

ယင်းကဲ့သို့ မျက်လုံး တစ်လုံးတည်း ပါဝင်တဲ့ ငါးများကို ယခင်ကလည်း များစွာ ဖမ်းဆီး ရမိဖူးပြီး သုတသန ပြုလုပ်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း

အင်းလေးမီဒီယာ

ပင်စင်စား ဝန်ထမ်းများကို တန်ဖိုးနည်းဖုန်း ခွဲဝေပေးရန် အခက်အခဲရှိဟုဆို

Photo: ပင်စင်စား ဝန်ထမ်းများကို တန်ဖိုးနည်းဖုန်း ခွဲဝေပေးရန် အခက်အခဲရှိဟုဆို

မော်လမြိုင်၊ ဇန်နဝါရီ ၂၆

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက၂၀၁၄ ခုနှစ် ဇန်နဝါရီလ၂၄ ရက်နေ့တွင် နဝမအကြိမ် ချထားပေးမည့် တန်ဖိုးနည်း ဖုန်းအလုံးရေ ၃၅၀,၀၀၀ အနက် သက်ပြည့် ပင်စင်ခံစား လျက်ရှိသည့် အငြိမ်းစားများအတွက် တန်ဖိုးနည်း WCDMA ဖုန်းအလုံးရေ ၅၀၀၀၀ ခွဲဝေပေးမည်ဟု ကြေညာထားသော်လည်း ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ်ရန် အခက်အခဲ ရှိခြင်းကြောင့် ဖုန်းခွဲဝေမှုအတွက် အခက်အခဲ ရှိနိုင်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပင်စင်စား ဝန်ထမ်းများကို ဖုန်းခွဲတမ်း ပေးအပ်ရာတွင် ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနများက တာဝန်ယူ ပေးမည် ဆိုပါကလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သော ဌာနများမှ ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က သုံးသပ် ပြောဆိုသည်။

“ကျွန်တော်တို့ဆီတော့ ပင်စင်စားတွေအတွက် ဘယ်လို ခွဲဝေပေးရမလဲဆိုတာ စီမံချက် မရောက်သေးဘူး၊ အဓိက အခက်အခဲက ပင်စင်စား ဝန်ထမ်းတွေကို ဘယ်လို ဆက်သွယ်ရမလဲဆိုတာ အခက်အခဲ ရှိတယ်။ အချို့က ပင်စင်ရတာက မော်လမြိုင်မှာ၊ တကယ်တမ်း နေတာက ရန်ကုန်၊ မန္တလေးတို့မှာဆို ဆက်သွယ်ရခက်တယ်” ဟု ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ်တွင် ဇန်ဝါရီလအတွက် ဖုန်းခွဲတန်း ၁၂၀၀၀ ရရှိထားရာ ပင်စင်စား ဝန်ထမ်းများအတွက် ဖုန်းခွဲတမ်း အလုံးရေ ၂၀၀၀ ပါဝင်ကြောင်းနှင့် ယင်းဖုန်းခွဲတမ်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မည်သို့ ခွဲဝေပေးရမည် ဟူသည့် စီမံချက် ရောက်ရှိလာပါက ပင်စင်စား ဝန်ထမ်းများကို ခွဲဝေပေးမည်ဟု ဒေါက်တာခင်မောင်သွင်က ဆက်လက် ပြောဆိုသည်။

ယင်းဖုန်းကတ်များသည် လစဉ်ဖုန်း ပြောဆိုခ အနည်းဆုံး ၂၅၀၀ ကျပ် သုံးစွဲ ပေးရမည် ဖြစ်ပြီး နှစ်လအတွင်း ကြိုတင်ငွေ ဖြည့်ကတ် ၅၀၀၀ ကျပ်ဖိုး အပြည့်အဝ သုံးစွဲခြင်း မရှိပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ယင်းငွေ ၅၀၀၀ကျပ် ပြည့်သည်အထိ အလိုအလျောက် ဖြတ်တောက်သွားမည် ဖြစ်ကြောင်းနှင့် ၁၅ ရက်အတွင်း ငွေထမ်မံ ဖြည့်သွင်းခြင်း မရှိပါက အလို အလျောက် ယင်းဆင်းမ်ကတ်လိုင်း ပိတ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာထားသည်။

Aye Chan Mon# Credit To : The Voice Weekly> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

မော်လမြိုင်၊ ဇန်နဝါရီ ၂၆

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက၂၀၁၄ ခုနှစ် ဇန်နဝါရီလ၂၄ ရက်နေ့တွင် နဝမအကြိမ် ချထားပေးမည့် တန်ဖိုးနည်း ဖုန်းအလုံးရေ ၃၅၀,၀၀၀ အနက် သက်ပြည့် ပင်စင်ခံစား လျက်ရှိသည့် အငြိမ်းစားများအတွက် တန်ဖိုးနည်း WCDMA ဖုန်းအလုံးရေ ၅၀၀၀၀ ခွဲဝေပေးမည်ဟု ကြေညာထားသော်လည်း ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ်ရန် အခက်အခဲ ရှိခြင်းကြောင့် ဖုန်းခွဲဝေမှုအတွက် အခက်အခဲ ရှိနိုင်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပင်စင်စား ဝန်ထမ်းများကို ဖုန်းခွဲတမ်း ပေးအပ်ရာတွင် ၎င်းတို့ တာဝန်ထမ်းဆောင်ခဲ့သည့် ဌာနများက တာဝန်ယူ ပေးမည် ဆိုပါကလည်း ဖျက်သိမ်းလိုက်ပြီ ဖြစ်သော ဌာနများမှ ပင်စင်စား ဝန်ထမ်းများကို ဆက်သွယ်ရန် ခက်ခဲသွားပြီ ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာခင်မောင်သွင်က သုံးသပ် ပြောဆိုသည်။

မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်စီး၍ ပိုက်ဆံအိတ်လိုက်လံ လုယက်သူများကို အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ်ချမှတ်

မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်စီး၍ ပိုက်ဆံအိတ်လိုက်လံ လုယက်သူများကို အလုပ်နှင့်ထောင်ဒဏ် ၂၁ နှစ်ချမှတ်

သတင်း + ဓာတ်ပုံ = ကိုတိုးကြီး (Facebook)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ညအချိန် ဆိုင်ကယ်စီးနင်း၍ သွားလာလျက်ရှိသော အမျိုးသမီးများထံမှ လက်ကိုင်ပိုက်ဆံ အိတ်များကို ဆိုင်ကယ်စီး လူငယ်တစ်စုက လိုက်လံလုယက်လျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ လုယက်လူငယ်တစ်စုအား အချိန်မီဖမ်းဆီးပြီး တရားစွဲဆိုနိုင်ခဲ့သည့်အတွက် တရားရုံးက ကြားနာစစ်ဆေးပြီးနောက် ယခုလ ၂၂ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်များကို သိးခြားစီးချမှတ်လိုက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းက ပြောသည်။

အဆိုပါ ဆိုင်ကယ်စီးလုယက် လူငယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့ည ၈ နာရီက မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာ ဒေါ်ဖြိုးသန္တာသိန်းသည် တာဝန်ချိန်ပြီးဆုံး၍ ဆိုင်ကယ်စီး၍ နေအိမ်သို့ အပြန်လမ်းခရီးတွင် လိုက်ကိုင်ပိုက်ဆံအိတ်အား လုယက်ခံရသည့်အတွက် မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၂/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ည ၁၁ နာရီက မုံရွာမြို့၊ ဒေါနခြံရပ်ကွက်နေ ပရဟိတ ပညာရေးဒါန ကျူရှင်ဆရာ မ ဒေါ်သီတာဝင်းသည် စာသင်ချိန်ပြီးဆုံး၍ နေအိမ်သို့ ဆိုင်ကယ်စီး၍ ပြန်လာစဉ် သူမ၏ လက်ကိုင်ပိုက်ဆံအိတ်အား

http://www.myanmarcnn.com/2014/01/blog-post_7858.html
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး (Facebook)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ညအချိန် ဆိုင်ကယ်စီးနင်း၍ သွားလာလျက်ရှိသော အမျိုးသမီးများထံမှ လက်ကိုင်ပိုက်ဆံ အိတ်များကို ဆိုင်ကယ်စီး လူငယ်တစ်စုက လိုက်လံလုယက်လျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ လုယက်လူငယ်တစ်စုအား အချိန်မီဖမ်းဆီးပြီး တရားစွဲဆိုနိုင်ခဲ့သည့်အတွက် တရားရုံးက ကြားနာစစ်ဆေးပြီးနောက် ယခုလ ၂၂ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်များကို သိးခြားစီးချမှတ်လိုက်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြူအင်းက ပြောသည်။

အဆိုပါ ဆိုင်ကယ်စီးလုယက် လူငယ်အဖွဲ့သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့ည ၈ နာရီက မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒေါက်တာ ဒေါ်ဖြိုးသန္တာသိန်းသည် တာဝန်ချိန်ပြီးဆုံး၍ ဆိုင်ကယ်စီး၍ နေအိမ်သို့ အပြန်လမ်းခရီးတွင် လိုက်ကိုင်ပိုက်ဆံအိတ်အား လုယက်ခံရသည့်အတွက် မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၂/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။
ထို့နောက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်ည ၁၁ နာရီက မုံရွာမြို့၊ ဒေါနခြံရပ်ကွက်နေ ပရဟိတ ပညာရေးဒါန ကျူရှင်ဆရာ မ ဒေါ်သီတာဝင်းသည် စာသင်ချိန်ပြီးဆုံး၍ နေအိမ်သို့ ဆိုင်ကယ်စီး၍ ပြန်လာစဉ် သူမ၏ လက်ကိုင်ပိုက်ဆံအိတ်အား

ဆိုင် ကယ်စီး လူငယ်တစုမှ လုယက်ခဲ့ကြောင်း မုံရွာမြို့မရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက(ပ) ၆၀၀/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၈၂ အရ အမှုဖွင့်လက်ခံခဲ့သည်။

ပလောင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေဖြစ်နေ

ရှမ်းပြည်မြောက်ပိုင်း မြို့နယ်တချို့၌ စိုက်ပျိုးထားသည့် ဘိန်းခင်းများအား ဖျက်ဆီးနေစဉ် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရ တပ်တို့ တိုက်ပွဲများ ဖြစ် ပွားကြောင်း သိရသည်။ 


TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့ဝင် တချို့ကိုရှေ့တန်း စစ်မြေပြင်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

နမ့်ဆမ်၊ ကျောက်မဲ၊ မိုးမိတ်၊ ကွတ်ခိုင် စသည့် မြို့နယ်များရှိ ဘိန်းခင်းများကို TNLA တပ်ဖွဲ့ဝင်များက ဖျက်ဆီး နေစဉ် အစိုးရ တပ်မတော် တပ်ရင်း ၅၀၆ တပ်၏ စစ်ကြောင်းမှ ထိုးစစ် ဆင်လာသည့်အတွက် ဇန်န၀ါရီလ ၂၅ ရက်နေ့က နှစ်ဘက် အကြား ထိပ်တိုက်တွေ့၍ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း TNLA က ဆို သည်။ 

“ဘိန်းခင်းတွေ ဖျက်ဆီးတဲ့ ရာသီဆိုတော့ ကျနော်တို့ တပ်ဖွဲ့က အဲဒီနယ်မြေထဲက ဘိန်းခင်းတွေကို ဖျက်ဆီးနေတုန်း အစိုးရ စစ်တပ်က ထိုးစစ်ဆင်လာလို့ ထိပ်တိုက်တွေ့ ပြီး တိုက်ပွဲဖြစ်ရတာပါ” ဟုTNLA 
ဲပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော် က ဧရာဝတီ ကို ပြောသည်။ 

TNLA တပ်ဖွဲ့ဝင်များသည် ဘိန်းခင်းများအား ဖျက်ဆီးနေရခြင်းကြောင့် ထိုဒေသ တ၀ိုက်တွင် သွားလာ လှုပ်ရှားမှုများ ရှိ ကြောင်း၊ ထို့အတူ အစိုးရ တပ်များကလည်း ၎င်းတို့တည်ရှိရာ နယ်မြေများကို ရောက်ရှိ လာ သည့်အတွက် မကြာခဏ တိုက် ပွဲများ ဖြစ်ပွားနေ ရကြောင်း သိရသည်။ 

မောင်တော အကြမ်းဖက်ခံရမှု စုံစမ်းရန် ICG တိုက်တွန်း

ICG, ရခိုင်ပြည်နယ်, မောင်တော, ဒုချီးရားတန်းရွာ, အကြမ်းဖက်ခံရမှု, မြန်မာ အစိုးရ
ရခိုင်ပြည်နယ်၊ ဒုက္ခသည်စခန်းတခုအတွင်းမှ အမျိုးသမီးနှင့် ကလေးတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းရွာတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ဖြစ်နေချိန်၌ မြန်မာအစိုးရနှင့် လက်တွဲ ဆောင်ရွက်နေသည့် ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ (ICG) က ပွင့်လင်းမြင်သာသည့် စုံစမ်းမှု တခု အမြန်ဆုံး လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။
ဒုချီးရားတန်းရွာ၌ ရဲတပ်ကြပ်ကြီး တဦး သေဆုံးမှု အပါအ၀င် မွတ်စလင် ၄၀ ဦးကျော် သေဆုံးမှုတွင် ရာဇ၀တ်မှု ကျူးလွန်သူ အားလုံးကို မြန်မာ အစိုးရ အနေဖြင့် ထိထိရောက်ရောက် စုံစမ်း အရေးယူပေးရန် ICG က တိုက်တွန်းခြင်း ဖြစ်သည်။
ICG ၏ ယခု သတင်းထုတ်ပြန်ချက်သည် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ ဒေသသို့ သွားရောက်ခဲ့သူများ အပါအ၀င် ယင်းအဖြစ်အပျက်နှင့် ပတ်သက်ပြီး မျက်မြင်သက်သေများနှင့် မေးမြန်း ပြောဆိုမှုပြီးနောက် မှတ်တမ်းဓာတ်ပုံ တချို့ပါ ရရှိခဲ့သောကြောင့် ဇန်န၀ါရီလ ၉ ရက်က ၁၃ ရက်အတွင်း အကြမ်းဖက်မှု ဖြစ်ရပ်တွင် လူပေါင်း ၄၉ ဦး ၀န်းကျင် အသတ်ခံခဲ့သည်ကို ယုံကြည်ရကြောင်းကို ယမန်နေ့ ရက်စွဲဖြင့် ထပ်မံ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။
ICG ၏ စုံစမ်းမှုများ အရ သေဆုံးသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ပြီး ရဲတပ်ဖွဲ့က အဆိုပါ လူသတ်မှု တချို့ကို ကျူးလွန်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများက အဆိုပါ အကြမ်းဖက်မှု အပေါ် အမှုမှန် ပေါ်လာရေး အမြန်ဆုံး ဆောင်ရွက်မှု ပြုရန် တိုက်တွန်းထားသော်လည်း မြန်မာ အစိုးရက ယင်းဖြစ်ရပ်သည် ဟုတ်မှန်ခြင်း မရှိကြောင်း ငြင်းဆိုဆဲ ဖြစ်သည်။

ပါရမီကားနှစ်စီး အပြိုင်မောင်းရာမှ ဓာတ်တိုင်ဝင်တိုက် ကျိုးသွားသည့် ဓာတ်တိုင် နောက်မှ ပါရမီကားပေါ်လဲကျ


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် ရန်ကုန်-အင်းစိန် လမ်းမကြီး ဘုရားလမ်းမှတ်တိုင်အနီး၌ ဇန်န၀ါရီ ၂၆ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် ၀န်းကျင်က ပါရမီ ခရီးသည်တင်ကားနှစ်စီး အပြိုင် မောင်းရာမှ ရှေ့ကားက ဓာတ်တိုင် ၀င်တိုက်မိပြီး မောင်းပြေးသွားရာ နောက်ကား ပေါ်သို့ ဓာတ်တိုင်လဲကျသည့် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

ရန်ကုန်-အင်းစိန် လမ်းမကြီး အတိုင်းမြောက်မှတောင်သို့ ပါရမီ (၁၇၄) ယာဉ်နှစ်စီးသည် အပြိုင်မောင်းနှင်ရာမှ (၁၇၄) ယာဉ်အမှတ် ၂ဂ/၄၅၈၃ သည် ဘုရားလမ်းမှတ်တိုင်အနီးတွင် လမ်းလယ်ကျွန်း ဓာတ်တိုင်အား အရှိန်မထိန်းနိုင်ဘဲဝင်တိုက်မိပြီး ဓာတ်တိုင်လဲကျသော်လည်း
ဆက်လက်မောင်းနှင်သွားရာနောက်မှ ကပ်ပါလာသော (၁၇၄)ယာဉ်အမှတ် ၇ခ/၇၉၄၀ ပေါ်သို့ ဓာတ်တိုင်လဲပြိုကျခဲ့ခြင်းဖြစ်သည်။

ဖက်ရှင်အဆန်းအပြားနဲ့ ဂီတလောကသားတွေ စုံစုံညီညီတက်ရောက်ခဲ့ကြတဲ့ ဂရမ်မီဆုပေးပွဲ


ဒီရက်ပိုင်းအတွင်းမှာ လူပြောများပြီး ရေပန်းစားနေတဲ့ ဂရမ်မီဆုပေးပွဲနဲ့ ပတ်သက်လို့ ဖက်ရှင်ပိုင်း အမြင်လေးတွေ တင်ဆက်ပေးပါဦးမယ်။ ဒီထဲမှာ highlight လုပ်ထားတဲ့ Katy Perry ရဲ့ ပွဲတက်စတိုင် ၊ Beyonce နဲ့ Pink တို့ရဲ့ သရုပ်ဖော်ပြကွက်တွေလည်း ပါပါတယ်။
          အားလုံးသိချင်နေကြမယ်လို့ထင်တဲ့ နာမည်ကြီးတချို့ရဲ့ ဖက်ရှင်ပိုင်းနဲ့ performance ပြကွက် လေးတွေကို တင်ဆက်ပေးပါမယ်။
၁။ Beyonce နဲ့ Jay Z တို့ရဲ့ ၀တ်စုံကို ပုံဖော်ပေးထားတာ Micheal Costello ပဲဖြစ်ပါတယ်။ ဒီအဖြူရောင် ၀တ်စုံဟာ Beyonce ရဲ့ အလှအပတွေကို ဖော်ပြနိုင်ရုံသာမက သူမနဲ့လည်း အလွန်လိုက်ဖက်ပါတယ်။

၂။ Taylor Swift ရဲ့ သရုပ်ဖော်တင်ဆက်မှု စတိုင်ပါ။

ကျောက်ကပ်တစ်လုံးပေးအပ်ပြီး ခင်ပွန်းကို ကယ်တင်ခဲ့တာတောင် ခင်ပွန်းရဲ့ စွန့် ခွာခြင်းကို ခံခဲ့ရသူ


Andy Lamb  ဟာ ကျောက်ကပ်အလုပ်မလုပ်တော့တဲ့ ရောဂါကြောင့် သေလုမျောပါးဖြစ်နေခဲ့ပြီး  ၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့ ကုထုံးတွေနဲ့ သာ အသက်ဆက်ရှင်နေခဲ့ရတာပါ။ ဒါပေမယ့် အန်ဒီရဲ့ မိန်းမ စမန်သာ ဟာ သူမရဲ့ ကျောက်ကပ်တစ်လုံးကို လက်ခံဖို့ အန်ဒီကို နားချတာ အောင်မြင်ခဲ့ပြီးတဲ့နောက် အန်ဒီဟာ လူကောင်းပကတိ ပြန်ဖြစ်လာခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ စမန်သာဟာ ဒီ အစားထိုးခွဲစိတ်မှုကို ခံယူဖို့  ကျန်းမာကြံ့ခိုင်ကြောင်း ပြဖို့  အတွက် ကိုယ်အလေးချိန် သုံးစတုံ အထိ ချခဲ့ရတာပါ။  ဒီစုံတွဲ ရဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းကို BBC ရုပ်သံလိုင်းကတောင် မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် လည်း သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ မတည်မြဲခဲ့ပါဘူး။
အန်ဒီရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး နှစ်အနည်းငယ်အကြာ ၂၀၁၂ ခုနှစ် သြဂတ်စ် လမှာ အန်ဒီဟာ စမန်သာ ကို စွန့် ခွာသွားခဲ့ပြီး သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို ဆုံးခန်းတိုင်စေခဲ့ပါတယ်။
ဒေဗွန်ကောင်တီ ၊ အိုင်ဗွီဘရစ်ခ်ျ မြို့ ငယ်လေးမှာ နေထိုင်တဲ့ သူတို့ စုံတွဲဟာ လူနာတင်ယာဉ်မောင်း အဖြစ် အလုပ်လုပ်ကိုင်နေကြတုန်း မှာ တွေ့ ဆုံခဲ့ကြတာဖြစ်ပြီး ပထမဆုံး ချိန်းတွေ့ မှုကို ၂၀၀၄ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အောက်တိုဘာ ၂၀၀၉ မှာ စမန်သာရဲ့ ကျောက်ကပ်တစ်လုံးကို အန်ဒီ အသက်ရှင်ဖို့ အစားထိုးပေးအပ်ခဲ့တာပါ။

အကွက်မျက်ခံရတဲ့ ဦးလေးရဲ့မိသားစုဝင်တွေ (ကလေးငယ်များအပါအ၀င်) ကိုအိမ်တွေထဲကဆွဲထုတ်ပြီးပစ်သတ်စေခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်


-       ဦးလေးဖြစ်သူဂျန်ဆောင်သက် ရဲ့သားသမီး၊ ညီအစ်ကိုတွေနဲ့ မြေးတော်စပ်သူတွေသေဆုံးခဲ့ပြီဖြစ်
-       မိသားစုတစ်ခုလုံးရှင်းလင်းသုတ်သင်ခံရမှုအဖြစ်  တောင်ကိုးရီးယားသတင်းဌာနကအစီရင်ခံ

ကင်ဂျုံအွန်ရဲ့ ကွက်မျက်ခံခဲ့ရတဲ့ဦးလေးရဲ့ဆွေမျိုအရင်းအချာများကို အမိန့်အရသုတ်သင်လိုက်ပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။
ဂျန်ဆောင်သက်ရဲ့သားသမီး၊ညီအစ်ကိုများနဲ့ မြေးတော်စပ်သူများကိုကွက်မျက်ဖို့အမိန့်ပေးခဲ့တာဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံက မီဒီယာတစ်ခုကအစီအရင်ခံတဲ့သတင်းတစ်ခုအရသိရပါတယ်။
အသက် ၆၇ နှစ်အရွယ် ဂျန်ကို ကွန်မြူနစ်စနစ်ပပျောက်ရေးကြံစဉ်မှုနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့လက ကွက်မျက်ခဲ့တာဖြစ်ပါတယ်။
အဲဒီ့မိသားစုဝင်တွေအသက်ခံရတဲ့အချိန်ကိုတော့ ရှင်းရှင်းလင်းလင်မသိသေးပေမယ့် ဂျန်ကို ကွက်မျက်ခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့နောက်ပိုင်းမှာ သေဒဏ်ပေးခဲ့တယ်လို့ယုံကြည်ရကြောင်း အတွင်းသိတွေက Yohap သတင်ဌာနကိုပြောပါတယ်။
အဲဒီ့ဆွေမျိုးတော်စပ်သူတွေထဲကအချို့ကို သူတို့ရဲ့နေအိမ်တိုက်ခန်းထဲကဆွဲထုတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး လိုက်ပါရန်ငြင်းဆန်တဲ့သူတွေကို ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါသတင်းများအရ အကွက်မျက်ခံရသူတွေထဲမှာ ဂျန်နဲ့ မောင်နှမတော်စပ်သူ ဂျန်ဂျယ်ဆွန်းနဲ့ သူမရဲ့ခင်ပွန်းနဲ့ ကျူးဘားနိုင်ငံဆိုင်ရာသံအမတ်ဖြစ်သူ ဂျုံယောင်ဂျင်း၊ ဂျန်ရဲ့တူဖြစ်သူ မလေးရှားနိုင်ငံဆိုင်ရာသံအမတ် ဂျန်ယောင်ချိုး နဲ့သူ့သားနှစ်ဦးတို့ပါဝင်ပါတယ်။
ဂျန်ရဲ့သားသမီးတွေနဲ့ မြေးတော်စပ်သူတွေလဲ အသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။
ကလေးသူငယ်တွေအပါအ၀င် ဂျန်ရဲ့ဆွေမျိုးတွေအားလုံးအသက်ခံခဲ့ရတာဖြစ်တယ်လို့ အတွင်းသိတစ်ယောက်က အဲဒီ့သတင်းဌာနကိုပြောပြပါတယ်။

အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ

Photo: အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ

Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။

Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

(က) အသက်အရွယ်

အသက်ကြီး လာလေလေ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ များလေလေပါ။ အသက် ၃၉ နှစ်အောက် အမျိုးသားတွေမှာ လူ ၁၀ဝ၀ဝ မှာ တစ်ယောက်နှုန်း ဖြစ်ပေမယ့် အသက် ၄၀ မှ ၅၉ အရွယ် အမျိုးသားတွေမှာ ၁၀၃ ယောက်မှာ တစ်ယောက်နှုန်းနဲ့ အသက် ၆၀ မှ ၇၉ နှစ်အရွယ် အမျိုးသားတွေမှာ လူရှစ်ယောက်မှာ တစ်ယောက်နှုန်းဖြစ်တယ်လို့ သိရပါတယ်။

(ခ) မိသားစု၊ မျိုးရိုးလိုက်ခြင်း

မိမိရဲ့ဖခင်၊ အစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ရှိသူတွေဟာ ရောဂါ ဖြစ်နိုင်ခြေ ပိုမြင့်မား ပါတယ်။

(ဂ) ဆေးလိပ်သောက်ခြင်း

(ဃ) လူမျိုး

အမေရိကန်၊ အာဖရိကန်လူမျိုးတွေ မှာ တခြားလူမျိုးတွေထက် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုမြင့်မားပါတယ်။ အသက်ရှင်နှုန်းဟာလည်း တခြားလူမျိုးတွေ ထက် ပိုနည်းပါတယ်။

(င) အစားအစာမှရရှိသည့် အဆီ

အစားအစာမှ အဆီများစွာရရှိသူတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။

(စ) ဟော်မုန်း

ဆီးကျိတ် ကင်ဆာ ကြီးထွားမှုဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ အမေရိကန် အာဖရိကန် လူမျိုးတွေမှာ တခြား လူမျိုးတွေထက် အမျိုးသား ဟော်မုန်း ၁၅ ရာခိုင်နှုန်းခန့် ပိုမြင့်မား တတ်ပါတယ်။

Q. အသက် ၆၀ ကျော်အရွယ် ဆီးကျိတ် ကြီးနေသူမှာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်သလား။

A.ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင် ဆာဖြစ်တာဟာ အသက်အရွယ်ကြီးရင့်မှု၊ တက်စတို စတီရုန်းကြောင့် ဖြစ်တတ်ကြ ပေမယ့် ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ကင်ဆာ ဖြစ်တာရဲ့ အကြိုဖြစ်စဉ်မဟုတ် ပါဘူး။ ဆီးကျိတ်ကြီးတာဟာ ဆီးကျိတ် ရဲ့ အလယ်ဗဟို နေရာမှာ ဖြစ်တတ်ပြီး ဆီးကျိတ်ကင်ဆာမှာမူ ဆီးကျိတ်ရဲ့ဘေး နေရာမှာ ဖြစ်တတ် ပါတယ်။

Q. ဆီးကျိတ်ကင်ဆာရောဂါရဲ့ လက္ခဏာ တွေကို ဖော်ပြပေးပါ။

A.ဆီးကျိတ် ကင်ဆာရဲ့ လက္ခဏာ တွေဟာ ဆီးကျိတ်ကြီး တာရဲ့ လက္ခဏာနဲ့ ဆင်တူ တတ်ပါတယ်။ ဆီးလမ်းကြောင်း အောက်ပိုင်းဆိုင်ရာ လက္ခဏာ၊ သုက် ရည်ထဲ သွေးပါတာနဲ့ တစ်ခါတရံမှာ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ သွေးအတွင်း PSA ကို စစ်ဆေးရာမှာ တွေ့ရှိတတ်ပါ တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဆီး ကျိတ်ကင်ဆာရှိသူရဲ့ ၈၀ ရာခိုင်နှုန်းဟာ အရိုးနာကျင်တာ၊ အရိုးကျိုးတာ (အရိုး တွင်း ရောဂါပျံ့နှံ့ရာမှ Pathological Fracture)၊ ဆီးထဲမှာ သွေးပါတာနဲ့ ကျောက်ကပ် အလုပ်မလုပ်နိုင်တာ (ဆီးထွက်ပြွန်ကို ပိတ်ဆို့မှု ဖြစ်တာကြောင့်) လိုမျိုးဝေဒနာတွေ ပြတတ်တာဟာ ရောဂါ ဖြစ်မှန်း နောက်ကျမှ သိရတာ ကြောင့်ပါ။ ယခု ဆီးကျိတ် ကင်ဆာ ရှိသူတွေရဲ့ ၈၀ ရာ ခိုင်နှုန်းကို အောက်ပါ စမ်းသပ် စစ်ဆေးမှု တွေနဲ့ ရှာဖွေတွေ့ရှိနိုင်တယ်လို့ သိရပါတယ်။

(က) သွေးတွင်း PSA ပမာဏစစ်ဆေးခြင်း

PSA အဆင့်မြင့်မားတာဟာ ၄ ထက်များနေရင် အသားစယူပြီး စစ်ဆေးမှုပြုလုပ် ရပါမယ်။

(ခ) စအိုအတွင်း လက်နှိုက်စစ်ဆေးခြင်း

ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကု ဆရာဝန်မှ စအိုအတွင်း လက်နှိုက်ကာ ဆီးကျိတ်ရဲ့ အနေအထားကို စစ်ဆေးပါတယ်။ Nodule ကို စမ်းသပ်မိရင် အ သားစယူပြီး စစ်ဆေးမှု ပြုလုပ်ဖို့နဲ့ Ultrasound ရိုက်ဖို့ အကြံပေးပါတယ်။

ဒေါက်တာခင်မိုးမိုး

Q. ဆီးကျိတ်ကင်ဆာ အကြောင်းရှင်းပြပါ။

A. ဆီးကျိတ်မှာ ကင်ဆာဖြစ်တာကို ဆီးကျိတ်ကင်ဆာလို့ ခေါ်ပါတယ်။ အစာအိမ် ဒါမှမဟုတ် အူမကြီး ကင်ဆာလောက် ကြီးထွားနှုန်း၊ ပျံ့နှံ့နှုန်းမြန်ဆန်မှု မရှိပါဘူး။ သူကြီးထွားဖို့ဟာ အမျိုးသား ဟော်မုန်းပေါ်မှာ မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာဟာ စင်ကာပူနိုင်ငံမှာ အမျိုးသားတွေမှာ တတိယအဖြစ်များဆုံး ကင်ဆာ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာကို စောစောစီး စီးရှာဖွေနိုင်တာ ဟာလည်း PSA (Prostatic Specific Antigen) အသားစ ယူပြီး ရှာဖွေနိုင်မှု (Biopsy)တွေကြောင့် တွေ့ရှိနှုန်း များလာပါတယ်။ ခွဲစိတ်ကုသမှုနဲ့ ဟော်မုန်းနဲ့ ကုသမှုတွေ အဆင့်မြင့်ပြီး တိုးတက် လာတာကြောင့် ဆီးကျိတ် ကင်ဆာ ပျောက်ကင်းနှုန်း ပိုမိုကောင်းလာပြီး လူနာအနေနဲ့ အသက်ရှည်ရှည်နေနိုင် ကြတယ်လို့ သိရပါတယ်။

Q. ဘယ်သူတွေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ပါသလဲ။ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေကို ဖော်ပြပေးပါ။

A. အောက်ပါအချက် တွေဟာ ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေပါ။

စီအန်ပီစီ ရေနံပိုက်လိုင်းကုမ္ပဏီတွင် မီးရှို့မှုဖြစ်ပွား


ရခိုင်ပြည်နယ် အမ်းမြို့နယ် ရန်ကုန်စစ်တွေလမ်းမပေါ်မှာရှိတဲ့ စီအန်ပီစီ ရေနံပိုက်လိုင်းကုမ္ပဏီ ဆီသန့်ထုတ်ကြားစခန်းတခုမှာ ဇန်န၀ါရီ ၂၆ ရက် ည ၁၂ နာရီလောက်က မီးရှို့မှုတခု ဖြစ်ပွားခဲ့ပါတယ်။

မီးရှို့မှုတိုင်ခင်က  အဲဒီစက်ရုံမှာ ကုမ္ပဏီဝန်ထမ်းနဲ့  ဒေသခံအလုပ်သမားတွေ အချင်းများခဲ့ကြပြီး ညသန်းခေါင်လောက်မှာ ဆီပီပါတခုကို အလုပ်သမားတွေက မီးရှို့ခဲ့တယ်လို့ အန်းမြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုကော်မ တီဝင် ဒေါ်သွယ်သွယ်စိုးက ပြောပါတယ်။

“အိမ် ၂ ထပ်အိမ်ပါတယ်။ အပေါ်မှာ တရုတ်တွေ နေပါတယ်။ အောက်မှာက ဒေသခံ လုပ်သားတွေ နေပါတယ်။ အပေါ်က ရေတွေ ကျနေတာကို လုပ်သားတွေက တမင်ကျတာလား၊ တမင်လုပ်တာလား၊ ဒေသခံလုပ်သားတွေက စကားပြန်ကတဆင့်မေးတော့ ဘယ်သူက လုပ်တယ်ဆိုပြီး တောင်းပန်လိုက်ရင် ကျေအေးသွားဖို့ သဘော ရှိပါတယ်။ မတောင်းပန်ဘဲ ၀န်မခံတော့ ပိုဆိုးသွားပြီး ဒေါသတွေ ဖြစ်ပြီး မနေ့က ဆီပီပါကို မီးရှို့လိုက်ကြတာပါ။”

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ

Photo: မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက် စေနိုင်သော အချက်များ

မိန်းကလေးတွေဟာ အလှအပ နောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာ တွေကို အလေး မထားမိတာမျိုး ဖြစ်တတ် ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာ စေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့ လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အား မပြင်းတဲ့ မျက်နှာသစ် ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေနဲ့ ရင်ပေါင်တန်းကာ မူးယစ် သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံ ကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေး တွေထက် ခန္ဓာကိုယ် အနည်းငယ် ပိုပြီး သေးသွယ်တာကြောင့် အရက်ရဲ့ ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ် အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပျက်ချင်ဘူး ဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝ မသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက် သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာ အရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင် ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာဖြစ်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆ ပိုမိုခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ ပျောက်နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရားထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေး အများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင် ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါတယ်။ အသေးအဖွဲ လေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည် လာတဲ့အခါ သင့်ကျန်းမာရေးကို ဒုက္ခပေး နိုင်ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီး လွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံးအဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်း ဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့် ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအား ကျရောက်စေပြီး အရိုးအဆစ် ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေသက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေးပျက်တာကို ပိုမို ခံစားရတတ်ပါတယ်လို့ မစ်ချီကန် တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ်ဖြစ်ပေါ်စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မား စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့  ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုး ပေးတာတွေက သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်းရတဲ့ တာဝန် လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့ အခါ၊ ထိခိုက်ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေး မမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲ နိုင်တာ၊ တိုက်မိခိုက်မိ နိုင်တာတွေကို ရှင်းလင်း ထားပါ။

မိန်းကလေးတွေဟာ အလှအပ နောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက်စေနိုင်တာ တွေကို အလေး မထားမိတာမျိုး ဖြစ်တတ် ကြပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေး အများစုက ပျော်ရွှင်တဲ့ အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေး တွေကတော့ စိတ်ညစ်တဲ့ အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာ တွေကို ပိုစားလေ့ ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့ အစားအစာတွေက သင့်ခါး အနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာ စေပါတယ်။ စိတ်ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစား တာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာတွေနဲ့ အစားထိုး လုပ်ဆောင် ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့တတ်ကြပြီး ဝိတ်ချနေတယ် လို့လည်း တွင်တွင် ပြောတတ်ကြပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာက အကောင်းဆုံး နည်းလမ်းပါ။

ဂျက်စတင်ဘီဘာအား နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသားများ တောင်းဆို

Photo: ဂျက်စတင်ဘီဘာအား နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသားများ တောင်းဆို

လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၂၆

ကနေဒါပေါ့ပ်ငွေကြယ်ပွင့် ဂျက်စတင် ဘီဘာသည် မူးယစ်ဆေးဝါးမှုနှင့် အဖမ်းခံရပြီးနောက် ၄င်းအား အမေရိကန် နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသား ထောင်ပေါင်း များစွာ က လက်မှတ် ရေးထိုး၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်ကို WeThe People သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ၄၈ နာရီ အတွင်းမှာပင် အမေရိကန် နိုင်ငံသား ၁၅ဝဝဝ ကျော်က ပါဝင် လက်မှတ်ရေး ထိုး ခဲ့ကြသည်။ ဘီဘာသည် ပေါ့ပ်ဂီတ ယဉ်ကျေးမှုကို မှားယွင်းစွာ ကိုယ်စားပြုမိသည်ဟု အမေရိကန် နိုင်ငံသားများက ယူဆထားကြောင်း၊ ၄င်း၏ အပြုအမူများသည် လူငယ်များ အတွက် အန္တရာယ်ရှိကြောင်း၊ ၄င်းအား မိခင်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးသင့်ပြီး ၄င်း၏ Green Card ကိုလည်း ပြန်လည် ရုပ်သိမ်းသင့်ကြောင်း အမေရိကန် ပြည်သူများက ပြောကြား ထားသည်။

ဘီဘာ၏အပြုအမူများသည် နိုင်ငံအတွင်းရှိ လူငယ်များအပေါ် မှားယွင်းစွာ လွှမ်းမိုး စေနိုင်သောကြောင့် ၄င်းအား မိမိတို့၏ လူ့အသိုင်းအဝိုင်းမှ ဖယ်ထုတ်သင့်ကြောင်း ပြည်သူ များက ၄င်းဝက်ဘ်ဆိုက်တွင် ထပ်လောင်း ရေးသားခဲ့သည်ဟု သိရသည်။

လော့စ်အိန်ဂျလိစ် ဇန်နဝါရီ ၂၆

ကနေဒါပေါ့ပ်ငွေကြယ်ပွင့် ဂျက်စတင် ဘီဘာသည် မူးယစ်ဆေးဝါးမှုနှင့် အဖမ်းခံရပြီးနောက် ၄င်းအား အမေရိကန် နိုင်ငံအတွင်းမှ နှင်ထုတ်ရန် အမေရိကန် နိုင်ငံသား ထောင်ပေါင်း များစွာ က လက်မှတ် ရေးထိုး၍ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

အဆိုပါ တောင်းဆိုချက်ကို WeThe People သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပြီး ၄၈ နာရီ အတွင်းမှာပင် အမေရိကန် နိုင်ငံသား ၁၅ဝဝဝ ကျော်က ပါဝင် လက်မှတ်ရေး ထိုး ခဲ့ကြသည်။ ဘီဘာသည် ပေါ့ပ်ဂီတ ယဉ်ကျေးမှုကို မှားယွင်းစွာ ကိုယ်စားပြုမိသည်ဟု အမေရိကန် နိုင်ငံသားများက ယူဆထားကြောင်း၊ ၄င်း၏ အပြုအမူများသည် လူငယ်များ အတွက် အန္တရာယ်ရှိကြောင်း၊ ၄င်းအား မိခင်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးသင့်ပြီး ၄င်း၏ Green Card ကိုလည်း ပြန်လည် ရုပ်သိမ်းသင့်ကြောင်း အမေရိကန် ပြည်သူများက ပြောကြား ထားသည်။

အသုဘပို့ခြင်းကို တံတားဖြတ်သန်းခွင့် ပိတ်ပင်ခဲ့သည့် ရွာသားများ အမှုဖွင့်ခံရ


ဇော်ဇော်ထွေး|ဇန်န၀ါရီ ၂၇၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

ကျေးရွာဓလေ့ထုံးတမ်းများအရ ရွာနာသည်ဟုဆိုပြီး အသုဘပို့ဆောင်သူများအား အများပိုင်တံတားပေါ် မှ ဖြတ်သန်းခွင့် ပိတ်ပင်သည့် အခြားရွာသားများကို အမှုဖွင့်တိုင်တန်းထားသည်ဟု ထန်းတပင်မြို့နယ် တက်သစ်နယ်မြေရဲစခန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်သိန်းနိုင်က မဇ္ဈိမကို ဇန်န၀ါရီ ၂၆ ရက်တွင် ပြောသည်။

အမှုမှာ ဇန်န၀ါရီ ၁၅ ရက် နေ့လယ်၁၂ နာရီက ထန်းတပင်မြို့နယ် ကျိုက်ခနော ကျေးရွာသားများသည် ကျေးရွာသုသာန်သို့ အသုဘပို့ဆောင်စဉ် တစ်ခုတည်းသော တံတားအား ဖြတ်သန်းခြင်းမပြုနိုင်ရန် ရှမ်း စုကျေးရွာသား (၄၅)ဦးက ထော်လာဂျီများဖြင့် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

“တံတားက ကျေးရွာနှစ်ခုရဲ့ တစ်ခုတည်းသော တံတားပါ၊ မြို့နယ်အုပ်ချုပ်ရေးကလည်း တရားဝင်မဖြေ ရှင်းရသေးခင်မှာ တံတားပေါ်ကနေသွားမြဲသွားဖို့ ခွင့်ပြုထားတယ်။ ဒါကို ရွာဓလေ့အရ အသုဘပို့ရင် ရွာဦးတိုက်ဖြစ်နေတဲ့အတွက် ရွာနာတယ်ဆိုပြီး တစ်ဖက်ရွာက တံတားပေါ်ကနေပေးမသွားဘူး၊ ဒါ ကြောင့် ကျွန်တော်တို့ဆီမှာ အများသူငါသွားတဲ့လမ်းကို ပိတ်ပင်မှုနဲ့ အမှုဖွင့်ထားတာပါ။ ဒီအမှုကို စစ် ဆေးတုန်းပဲ ရှိပါသေးတယ်” ဟု စခန်းမှူးဖြစ်သူ ရဲအုပ်သိန်းနိုင်က ရှင်းပြသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြသစ် ဖေဖော်ဝါရီ ၂ ရက်တွင် စာချုပ်,ချုပ်မည်


ရဲရင့်ဋ္ဌေး|ဇန်န၀ါရီ ၂၇၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

မြန်မာ့လက်ရွေးစင်နည်းပြချုပ် ရာထူးအတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသော ဆားဘီးယားလူမျိုး နည်းပြ အေဗရာမိုဗစ်နှင့် ဖေဖော်ဝါရီ ၂ ရက်တွင် စာ ချုပ်, ချုပ်ဆိုမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် မီဒီယာ များနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲလုပ်မည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် က မဇ္ဈိမသို့ ပြောသည်။

စင်ကာပူလက်ရွေးစင်နည်းပြဟောင်း အေဗရာမိုဗစ်နှင့် လက်ရှိအချိန်တွင် စာချုပ်အချက်အလက်များ ညှိနှိုင်းဆွေးနွေးနေပြီး ၎င်း၏လက်ထောက်နည်းပြ၊ ဂိုးနည်းပြများကိုပါ တစ်ပါတည်း စာချုပ်ခေါ်ယူရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် စီစဉ်နေသည်။ “ဇန်န၀ါရီ ၁၇ ရက်က အေဗရာမိုဗစ်ကို မြန်မာ နိုင်ငံခေါ်ပြီး ဆွေးနွေးထားပါတယ်။ အကြမ်းဖျင်း အချက်အလက်တွေကို သဘောတူထားပါတယ်။ ဖေ ဖော်ဝါရီ ၂ ရက်ကျရင် အပြီးသတ်စာချုပ်ဖို့ ပြန်လာပါမယ်။ တရားဝင်စာချုပ်, ချုပ်ဆို ဖြစ်ရင်တော့ အဲဒီ နေ့မှာပဲ သတင်းစာရှင်းလင်းပွဲ တစ်ခါတည်းလုပ်ပါမယ်” ဟု ဦးဇော်ဇော်က ဆိုသည်။

အီဂျစ်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပဋိပက္ခဖြစ်၊ လူပေါင်း ၂၉ ဦးသေဆုံး

Photo: အီဂျစ်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပဋိပက္ခဖြစ်၊ လူပေါင်း ၂၉ ဦးသေဆုံး

ကိုင်ရို၊ ဇန်နဝါရီ ၂၆

အီဂျစ်အာဏာရှင် မူဘာရက်ကို ရာထူးမှ ဖြုတ်ခဲ့သည့် အီဂျစ်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတစ်ဝန်း၌ စစ်တပ် ထောက်ခံသူများနှင့် ဆန့်ကျင်သူများက ဆန္ဒပြပွဲများ အပြိုင် ဆန္ဒပြလျက်ရှိပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

အီဂျစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ပြီး ကိုင်ရိုမြို့နှင့် အလက်ဇန်းဒီးယား မြို့များတွင် ဆန္ဒပြသမားများကို ဖမ်းဆီးခဲ့သည်။

ထို့အပြင် လမ်းကြားများတွင်းသို့ ပြေးဝင်သည့် ဆန္ဒပြသမားများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေပြီး ကျည်ဆန် အစစ်များဖြင့် ပစ်ခတ်လျက်ရှိသလို မျက်ရည် ယိုဗုံးများ အသုံးပြုပြီးလည်း ဆန္ဒပြသမားများကို နှိမ်နင်းလျက်ရှိသည်။

“စီစီ (အီဂျစ်တပ်မတော် ခေါင်းဆောင်) တော်လှန်ရေးသမားတွေကိုပဲ ခွင့်ပြုပေးထားတယ်။ တော်လှန်ရေးနေ့ကို ဒီလိုပုံစံနဲ့ အထိမ်းအမှတ် လုပ်လို့ရမလား။ ဒီလိုနည်းနဲ့ ဒီမိုကရေစီ ဖော်ဆောင်လို့ ရမယ်လို့ သူတို့တွေ ထင်နေလား မသိဘူး” ဟု အီဂျစ် ဘလော့ဂါတစ်ဦးဖြစ်သူ ခါလစ်က AFP သတင်းကို ပြောကြားသည်။

ထို့အပြင် အီဂျစ် အစိုးရအဖွဲ့ကို ဆန့်ကျင်သူများ၊ စိန်ခေါ်သူများ ထောင်များအတွင်းသို့ တဖွဲဖွဲ ရောက်ရှိလာကြောင်း အီဂျစ် အာဏာပိုင်များက တစ်လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားသည့် Al Jazeera သတင်းထောက် ပီတာက အကျဉ်းထောင်တွင်းမှနေ၍ စာရေးသား ပေးပို့ခဲ့သည်။ 

၂၀၁၁ ခုနှစ် အီဂျစ် တော်လှန်ရေး၏ ဆုံမှတ်ဖြစ်သော တာဟာရာ ရင်ပြင်တွင်လည်း အစိုးရနှင့် စစ်တပ် ထောက်ခံလိုလားသူ ထောင်ပေါင်း များစွာ စုဝေးပြီး အီဂျစ် တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မိုဟာမက်စီစီကို ထောက်ခံကြောင်း ထုတ်ဖော် ဆန္ဒပြလျက်ရှိသည်။

တစ်ချိန်တည်းမှာပင် မွတ်ဆလင် ညီနောင်များအဖွဲ့ ဦးဆောင်သည့် အာဏာသိမ်းမှု ဆန့်ကျင်ရေး မဟာမိတ် အဖွဲ့ကလည်း စနေနေ့မှစတင်ပြီး ၁၈ ရက်ကြာ ဆန္ဒပြရန် တောင်းဆိုလိုက်ပြီး ယင်းဖြစ်ရပ်မှာ အာဏာရှင် မူဘာရက်ကို လွန်ခဲ့သည့် သုံးနှစ်ခန့်က ၁၈ ရက်ဆက်တိုက် ဆန္ဒပြခဲ့ပြီး ရာထူးမှ ဖြုတ်ချနိုင်ခဲ့သည်ကို ပြန်လည်ပုံတူကူး အသုံးပြုခြင်း ဖြစ်သည်။

အခွင့်အရေးများ ပြန်လည် ရရှိရေး၊ အာဏာသိမ်းမှု ဖျက်သိမ်းရေး၊ လူသတ်သမားများကို တရားစီရင်ရေး စသည့် အချက်များကို အပြည့်အဝ မရရှိမချင်း ဆန္ဒပြမှုများကို ရပ်တန့်သွားမည် မဟုတ်ဟု မွတ်ဆလင် ညီနောင်များအဖွဲ့က ကြေညာချက်တွင် ဖော်ပြထားသည်။

အီဂျစ် တော်လှန်ရေးအပြီးတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ချက် ကြီးထွားခဲ့သော်လည်း  အာရပ်ကမ္ဘာ၏ လူဦးရေ အများဆုံး အီဂျစ်နိုင်ငံတွင်း သဘောထားကွဲလွဲမှုများ ပြင်းထန်စွာ ဖြစ်ပေါ်နေ သည်ကို လက်ရှိ ဆန္ဒပြပွဲများက ထုတ်ဖော် ပြသပေးနေကြောင်း ကိုင်ရိုမြို့ရှိ BBC သတင်းထောက် ယိုလန်ဒီကနဲက သုံးသပ်ပြောကြားသည်။

ကိုင်ရို၊ ဇန်နဝါရီ ၂၆

အီဂျစ်အာဏာရှင် မူဘာရက်ကို ရာထူးမှ ဖြုတ်ခဲ့သည့် အီဂျစ်တော်လှန်ရေး သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံတစ်ဝန်း၌ စစ်တပ် ထောက်ခံသူများနှင့် ဆန့်ကျင်သူများက ဆန္ဒပြပွဲများ အပြိုင် ဆန္ဒပြလျက်ရှိပြီး ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၂၉ ဦး သေဆုံးခဲ့ကြောင်း အီဂျစ် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

အီဂျစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရဲတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့ပြီး ကိုင်ရိုမြို့နှင့် အလက်ဇန်းဒီးယား မြို့များတွင် ဆန္ဒပြသမားများကို ဖမ်းဆီးခဲ့သည်။

ထို့အပြင် လမ်းကြားများတွင်းသို့ ပြေးဝင်သည့် ဆန္ဒပြသမားများကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးနေပြီး ကျည်ဆန် အစစ်များဖြင့် ပစ်ခတ်လျက်ရှိသလို မျက်ရည် ယိုဗုံးများ အသုံးပြုပြီးလည်း ဆန္ဒပြသမားများကို နှိမ်နင်းလျက်ရှိသည်။

ယာဉ်တိုက်မှုကြောင့် တိမ်းရှောင်နေသောသားကို ဖခင်က ရဲစခန်းသို့အပ်


မိတ္ထီလာ၊ ဇန်နဝါရီ ၂၆

လူသေဆုံး သွားခဲ့သော ယာဉ်တိုက်မှုမှ သားဖြစ်သူ ယာဉ်မောင်းကို ဖခင်ဖြစ်သူက သက်သေခံ ယာဉ်နှင့်အတူ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြို့မရဲစခန်းသို့ ဇန်နဝါရီလ၂၄ ရက်နေ့က လာရောက် အပ်နှံခဲ့ကြောင်း ယင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်က မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင်အမှတ် ၁၉/၃၊ ရေဝေ ကျေးရွာအနီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ အနက်ရောင် ဆိုင်ကယ်တစ်စီးနှင့်အတူ ဦးခေါင်း ပွင့်ထွက် ဒဏ်ရာနှင့် မှောက်လျက် အနေအထားဖြင့် လူတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့၍ ကျေးရွာ နာရေးကူညီမှုအသင်း၏ ကူညီမှုဖြင့် ယင်းအလောင်းကို တမာကုန်း ကျေးရွာဈေးအနီးတွင် ပြင်ဆင်ထားခဲ့ကြောင်း၊ သေဆုံးသူမှာ ပေကုန်းကျေးရွာနေ အောင်အောင် (ခ) ဗိုလ်အောင်ဒင် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သိရှိခဲ့ရပြီး ယာဉ်တိုက်မှု ဖြစ်ချိန်တွင် ထော်လာဂျီ ယာဉ်တစ်စီး ဖြတ်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ ဆက်လက် စုံစမ်းခဲ့ရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထောင်တွင်းသို့ စိတ်ကြွဆေး တင်သွင်းသူ မိန်းကလေး အမှုမှ ကွင်းလုံးကျွတ်လွတ်


ကျိုင်းတုံ၊ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အကျဉ်းထောင် အတွင်းရှိ ဖခင်ဖြစ်သူထံသို့ စိတ်ကြွဆေးပြားများ တင်သွင်းလာသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ကျိုင်းတုံမြို့နယ် တရားရုံးက ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ် စစ်ဆေးကာ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ၄၇(က)(၁)အရ အမှုမှ အပြီးအပြတ် လွှတ်၍ အုပ်ထိန်းသူ ဆွေမျိုးများထံ ပြန်လည် အပ်နှံရန် အမိန့်ချမှတ်ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးရဲကြည်က ပြောကြားသည်။

အဆိုပါ မိန်းကလေးငယ်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်က မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ဒဏ် ကျခံနေရသော ဖခင်ဖြစ်သူထံသို့ ခုနစ်နှစ်အရွယ် မောင်ဖြစ်သူ နှင့်အတူ ထောင်ဝင်စာ လာတွေ့စဉ် ၎င်းယူဆောင်လာသည့် ပစ္စည်းများကို ရှာဖွေ စစ်ဆေးရာမှ အိုင်အိုဒင်းဆား ထုပ်အတွင်း သိုဝှက် သယ်ဆောင်လာသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀ ပြားပါ ၃ ထုပ် စုစုပေါင်း ၃၀ ပြားကို ရှာဖွေ တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ စခန်းမှ မယ(ပ) ၅၈/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က) အရ တရားစွဲ တင်ပို့ခံရသူ ဖြစ်ကြောင်း အထက်ပါ ဒုရဲမှူးက ဆိုသည်။

အရှင်ဝီရသူနှင့် တွေ့ဆုံမေးမြန်းခြင်း

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးနှင့်(၉၆၉) အမျိုးသားရေး တရားတော်များအား အစဉ်တစိုက် ဟောပြောခဲ့သည့် ပြည်တွင်းပြည်ပ မီဒီယာများ၏ စိတ်ဝင်စားမှုအမြင့်ဆုံး၊ ပြည်ပနိုင်ငံအများအပြား၊ ပြည်တွင်းရှိ လူအချို့တို့၏ ဆန့်ကျင်မှုခံနေရပြီး ဗုဒ္ဓဘာသာမြန်မာနိုင်ငံသား အများအပြား၏ အားပေးထောက်ခံမှု ရရှိနေသည့် မစိုးရိမ်တိုက်သစ် ဆရာတော်အရှင်ဝီရသူနှင့် တွေ့ဆုံမေးမြန်းချက်ကို ဖော်ပြလိုက်ရပါသည်။

မေး➤ လက်ရှိ ဘာသာရေးပွဲတွေ ပြုလုပ်နေတဲ့နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက် စာရွက်စာတမ်းတွေ ဝေငှတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ ဒီကိစ္စအပေါ်မှာ အရှင်ဘုရားတို့ သံဃာတော်တွေဘက်က ဘယ်လိုအမြင်မျိုးတွေ ရှိပါသလဲဘုရား။

ဖြေ➲ နံပါတ်တစ်ကတော့ အဲလိုအောက်လမ်းနဲ့သွားတာမျိုးတွေ ဦးဇင်းတို့ ကန့်ကွက်ပါတယ်။ ရှုတ်ချပါတယ်။ ဒါမျိုး မလုပ်သင့်ဘူးလို့ ဦးဇင်းတို့ပြောချင်တယ်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးစင်မြင့်ရှိပြီးသားလေ။ ပြိုင်ဘက် အချင်းချင်း စင်မြင့်ပေါ်ကပဲ ယှဉ်ပြိုင်ရမှာပေါ့။ အဲဒါကြောင့် ဦးဇင်းတို့ သဘောမတူပါဘူး။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ တရားဝင်ဖိတ်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ ပြောကြားမှုကို တရုတ်မီဒီယာများဖော်ပြ

Photo: အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ တရားဝင်ဖိတ်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ ပြောကြားမှုကို တရုတ်မီဒီယာများဖော်ပြ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး ဖိတ်ကြားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု South China Morning Post သတင်းစာတွင် ဇန်နဝါရီ ၂၆ ရက်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် သိသာသည့် လွှမ်းမိုးမှုများ ရှိနေဆဲဖြစ်သော တရုတ်နိုင်ငံသို့ သွားရောက်လိုသော်လည်း တရုတ်အစိုးရက ဖိတ်ကြားမှု ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရက တစ်စိတ်တစ်ပိုင်း ပါဝင်နေသည့် အဖွဲ့အစည်းများ၏ ဖိတ်ကြားမှုများကို ယခင်က ငြင်းဆိုခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ဟူလန်းက Sunday Morning Post နှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် တရုတ်အစိုးရအနေ့ဖင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီအားလုံးနှင့် ဆက်ဆံမှုများ ဆက်လက်လုပ်သွားမည်ဖြစ်ကြောင်း၊ အစီအစဉ် အတိအကျ ရေးဆွဲထားမှု မရှိသေးသော်လည်း နှစ်ဖက်စလုံးက အဆင်ပြေမည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ ဖိတ်ကြားသွားမည်ဟု ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ကျွန်တော်စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်များစွာ တွေ့ဆုံခဲ့ပြီးပါပြီ။ သူမအနေနဲ့ နိုင်ငံတကာမှာ ထင်ရှားမှု၊ မြန်မာပြည်သူတွေအကြားမှာ ကျော်ကြားမှုတို့ကြောင့် တရုတ်အစိုးရအနေနဲ့ ဖိတ်ကြားသွားမှာဖြစ်ပါတယ်” ဟု ယန်ကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည့် သတင်းများ ၂ဝ၁၁ ခုနှစ် နှောင်းပိုင်းက ထွက်ပေါ်ခဲ့ပြီး တရုတ်မီဒီယာများနှင့်ပြုလုပ်သည့် အင်တာဗျူးများတွင် အဆိုပါသတင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခြင်းမရှိကြောင်း သိရသည်။

၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းက တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ မကြာမီ သွားရောက်လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂ဝ၁၃ ခုနှစ်အတွင်းက ကိုယ်စားလှယ်အဖွဲ့လေးဖွဲ့ကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ပြီး မကြာသေးမီကလည်း ပါတီ၏အတွင်းရေးမှူးဖြစ်သူ ဦးဥာဏ်ဝင်းဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ကို ဒီဇင်ဘာလအတွင်းက စေလွှတ်ခဲ့သည်။

သံအမတ်ကြီးယန်က “ပြောင်းလဲလာတဲ့ အခြေအနေသစ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဖို့ သူတို့ရဲ့အမြင်တွေကို ကျွန်တော်တို့ သိချင်ကြားချင်ပါတယ်” ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တရုတ်အစိုးရတို့အကြား ယမန်နှစ်မှစ၍ ဆက်ဆံရေးများစွာ တိုးတက်ခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတအရည်အချင်းပုဒ်မ ၅၉ (စ) ပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်နေချိန်တွင် တရုတ်နိုင်ငံဘက်ကလည်း ယခုအစိုးရ သက်တမ်းအတွင်း ရပ်ဆိုင်းထားသော မြစ်ဆုံရေကာတာ စီမံကိန်းကို ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းမှုများ ရှိနေသည်။ ထိုသို့ကြိုးပမ်းခြင်းနှင့်အတူ သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ၊ နိုင်ငံရေး အဖွဲ့အစည်းများကို တရုတ်အစိုးရက တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ပြီး မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရန် ဆွဲဆောင်မှုများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ ဆွဲဆောင်ခြင်းနှင့်အတူ ယခင်က တရုတ်အစိုးရ၏ လွှမ်းမိုးမှုကို ခံထားရသော ယခုအစိုးရ ထိပ်ပိုင်းခေါင်းဆောင်များဘက်တွင်လည်း ဖိအားများ ရှိနေသည်။

မကြာသေးမီအချိန်က မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်မည့် တရုတ်ကုမ္ပဏီ CPI ၌ အကြီးစားရှယ်ယာ ပိုင်ဆိုင်ထားသည့် ဧရာဝတီ မြစ်ညာ-မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကုမ္ပဏီ (ACHC) က ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်အထည်ဖော်ရန်အတွက် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး တက်လာမည့်အစိုးရနှင့် ညှိနှိုင်းမည်ဟု ပြောကြားခဲ့သည်။

တရုတ်ကုမ္ပဏီ၏ ပြောကြားမှုနှင့် ပတ်သက်၍ လွတ်လပ်သော အာရှအသံ (RFA) က ‘ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်’ အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းခဲ့ပြီး ထိုမေးမြန်းမှုကို ဇန်နဝါရီ ၁ ရက်က ထုတ်လွှင့်ခဲ့သည်။

“ညှိနှိုင်းရမှာပေါ့။ မညှိနှိုင်းလို့ ဘယ့်နဲ့လုပ်မလဲ။ ဘာလဲဆိုတော့ အခုအစိုးရက တကယ်တော့ ဒီစီမံကိန်းကြီးကို တန်းလန်းကြီးထားပြီးတဲ့ သဘောပဲ။ တာဝန်မယူတဲ့သဘော ဖြစ်တာပေါ့။ တကယ်ဆိုရင် အစိုးရဆိုတာ တာဝန်ယူရမှာပဲ။ နောက်ပြီးတော့ အခုမြစ်ဆုံစီမံကိန်းကို အခုအစိုးရထဲက လူအများစုဟာ အရင်အစိုးရထဲမှာ ပါခဲ့တာပဲ။ ဒီမြစ်ဆုံစီမံကိန်းကို သဘောတူခဲ့တုန်းကလည်း ဒီအစိုးရအဖွဲ့ဝင်တွေပဲ။ အခုမှ မဆိုင်သလိုလုပ်နေလို့ ဘယ်ဖြစ်မလဲ။ ဒါပေမဲ့ ဒီမြစ်ဆုံစီမံကိန်းကို ငါးနှစ်ရပ်ထားတယ်ဆိုတာ နောက်လာမယ့် အစိုးရမှပဲ တာဝန်ယူတော့လို့ ပြောတဲ့သဘောမျိုး ဖြစ်နေတာပေါ့။ အဲဒါတော့ အစ်မကမကြိုက်ဘူး။ အစိုးရတိုင်းဟာ တာဝန်ယူရဲတဲ့ သတ္တိရှိရမယ်။ တာဝန်ယူနိုင်တဲ့ အရည်အချင်း ရှိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်က လွှတ်တော်ရုံး၌ ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲတွင် မြစ်ဆုံစီမံကိန်းအပေါ် သူရဦးရွှေမန်း၏ သဘောထားကို သတင်းထောက်များက မေးမြန်းရာ၌ သူရဦးရွှေမန်းက “မိမိကိုယ်မိမိ သမ္မတလောင်းလို့တော့ မိမိဒီလိုမယူဆထားပါဘူး။ မိမိသည် နိုင်ငံရဲ့နိုင်ငံသား အကျိုးစီးပွားကို ဖြစ်နိုင်သမျှ စွမ်းဆောင်ပေးဖို့ ရည်ရွယ်ပြီးတော့ အခြေအနေပေးရင်ပေးသလို ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဇန်နဝါရီ ၁ ရက်တွင် ဒေါ် အောင်ဆန်းစုကြည်က RFA သတင်းဌာနသို့ ပြောကြားအပြီး “မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့်နှင့် ပတ်သက်ပြီး NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားပြတ်သားမှု မရှိကြောင်း” The Daily Eleven သတင်းစာက ရေးသားခဲ့သည်။

“မြစ်ဆုံကိစ္စက လက်ပံတောင်းတောင်ကိစ္စလို မဟုတ်ဘူး။ ညှိနှိုင်းစရာမလိုတဲ့ ကိစ္စဖြစ်ပြီး ယတိပြတ်ပြောရမှာပါ။ မြစ်ဆုံဆည် တည်ဆောက်မယ့်ကိစ္စကို ဆက်လက်လုပ်ဆောင်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ သူရဦးရွှေမန်းပဲဖြစ်ဖြစ် နောက်ဆုံးကာကွယ်ရေးဦးစီးချုပ်ပဲဖြစ်ဖြစ် တိုင်းရင်းသား ပြည်သူလူထုနဲ့ ထိပ်တိုက်တိုးရနိုင်တယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲမတိုင်ခင်မှာ လူထုကို ရှင်းရှင်းလင်းလင်း ဖြေဆိုထားဖို့ လိုပါတယ် ....” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က အဆိုပါသတင်းတွင် ပြောကြားထားသည်။

ထိုသတင်းဖော်ပြအပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားအပေါ် ပြန်လည်ရှင်းလင်း ပြောကြားချက်တစ်ရပ်ကို NLD Facebook မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

NLD ပါတီထောက်ခံသူ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အတိုင်း မြစ်ဆုံစီမံကိန်းသည် သမ္မတဦးသိန်းစိန်နှင့် ယခုအစိုးရတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ပြီး ‘မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား ပြတ်သားမှုမရှိကြောင်း’ ပြောကြားခဲ့သည့် Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် Eleven Media Group တို့အား ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အစိုးရက ဖိတ်ကြားမည့်သတင်းကို South China Morning Post ၀က်ဘ်ဆိုက်တွင် ဇန်န၀ါရီ ၂၆ ရက်က ဖော်ပြထားစဉ်
ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အစိုးရက ဖိတ်ကြားမည့်သတင်းကို South China Morning Post ၀က်ဘ်ဆိုက်တွင် ဇန်န၀ါရီ ၂၆ ရက်က ဖော်ပြထားစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး ဖိတ်ကြားသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု South China Morning Post သတင်းစာတွင် ဇန်နဝါရီ ၂၆ ရက်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများတွင် သိသာသည့် လွှမ်းမိုးမှုများ ရှိနေဆဲဖြစ်သော တရုတ်နိုင်ငံသို့ သွားရောက်လိုသော်လည်း တရုတ်အစိုးရက ဖိတ်ကြားမှု ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရက တစ်စိတ်တစ်ပိုင်း ပါဝင်နေသည့် အဖွဲ့အစည်းများ၏ ဖိတ်ကြားမှုများကို ယခင်က ငြင်းဆိုခဲ့သည်။

ဘတ်ဂျက်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေသဖြင့် မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် ငွေဖောင်းပွမှု ဖြစ်ပေါ်လာစေပြီး ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား

Photo: ဘတ်ဂျက်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေသဖြင့် မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် ငွေဖောင်းပွမှု ဖြစ်ပေါ်လာစေပြီး ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား

ဘတ်ဂျတ်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေခြင်းမှာ မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် အရင်းခံအချက် ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် အပါအဝင် ပညာရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် မေလတွင် စံချိန်တင် ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း နှစ်ရှည်ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။

ထိုသို့ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေသည့် အနေအထားအား ရေရှည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်မူ ၁ ဒသမ ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အဆိုပါ နှုန်းထားများမှ ဆက်လက်ပြီး ငွေကြေးဖောင်းပွမှုနှုန်းထားများ မြင့်တက်ခဲ့ပြီး ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင်မူ ရှစ်ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဘဏ်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ဂျပန်နိုင်ငံအခြေစိုက် SMBC နှင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းကြား နားလည်မှုစာချွန်လွှာရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့ပြီး ဘဏ်တိုးနှုန်းများ လျှော့ချရန်မှာ ကုန်ဈေးနှုန်းဖောင်းပွမှု နည်းပါးမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

“မြန်မာနိုင်ငံ ဒုက္ခရောက်နေရတာ ငွေဖောင်းပွမှုကြောင့်ပါ။ ဒီငွေဖောင်းပွမှုကိုလည်း အစိုးရက လုပ်နေတာပါ။ ဘတ်ဂျက်လိုငွေ ပြလာတဲ့အခါတိုင်း အစိုးရက ငွေစက္ကူတွေ ရိုက်ထုတ်ပြီး အရသာတွေ့နေတာ” ဟု မြန်မာ-ဂျပန် ဖက်စက်တည်ထောင်ထားသည့် Myanmar Security Exchange Center တွင် ၁၅ နှစ်ကျော်ကြာ လုပ်သက်ရှိ ဦးကျော်စိန်ကဆိုသည်။

မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်တွင် ၆၃၃၁ ဒသမ ၈ဝ ဘီလျံ၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ၉ဝ၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင်မူ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ် လျော့နည်းရိုက်ခဲ့ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုကဆိုသည်။

“၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်မှာ ဘီလျံ ၆၇ဝဝ ကျော်ပဲရှိပေမယ့် ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်မှာကျတော့ ဘီလျံ ၉ဝဝဝ ကျော်ရိုက်ခဲ့တယ်။ ဒီလိုမျိုး တိုးရိုက်တယ်ဆိုရင် အကျိုးအကြောင်း သိရဖို့လိုတယ်။ ဒီလိုတိုးရိုက်တာက ကုန်ဈေးနှုန်းတည်ငြိမ်မှုနဲ့ နိုင်ငံခြားငွေ တည်ငြိမ်မှုကို ဘယ်လောက်အထိ ဖြစ်စေသလဲ။ အစိုးရအနေနဲ့ အသုံးစရိတ် လျှော့ရမယ်။ ဝန်ကြီးဌာနတွေ လျှော့သင့်တာလျှော့ပြီး ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်အောင်လုပ်ရပါမယ်” ဟု ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးသည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်က မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ၈၁၈ ကျပ်ဖြင့် စတင်ဈေးသတ်မှတ်ခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းကျောင်းနိုင်မှု နည်းပါးခြင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ပြီး တစ်နှစ်ကျော်အကြာ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာ ၁ဝဝ၄ ကျပ်အထိ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိကာလတွင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၉၉ဝ ကျပ်ဝန်းကျင်တွင် ငြိမ်သက်နေသည်မှာ တစ်လဝန်းကျင်ခန့် ရှိနေပြီး ဗဟိုဘဏ်မှ နေ့စဉ်ငွေလဲနှုန်း စတင်သတ်မှတ်ခဲ့သည့် ဈေးနှုန်းအရ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၈ဝ ခန့် ဈေးနှုန်းမြင့်တက်ခဲ့သည်။

ထိုသို့ ဈေးနှုန်းမြင့်တက်မှုများကြောင့် ပြည်သူများ၏ နေထိုင်သွားလာမှု စရိတ်များ၊ စားဝတ်နေရေး ကုန်ကျစရိတ်များ မြင့်တက်ခဲ့ပြီး ဝင်ငွေမြင့်တက်လာမှု နည်းပါးသည့် ပြည်သူအများစုမှာ ၂ဝ၁၃ ခုနှစ်မှ လက်ရှိကာလအထိ ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် ရရှိဝင်ငွေအား မည်သည့်နေရာများတွင် အသုံးပြုနေသည်ဆိုသည့် လေ့လာချက်များအား ထုတ်ပြန်ပေးရန် လိုအပ်နေကြောင်း ဒေါက်တာဦးမြင့်ကဆိုသည်။

ငွေကြေးဖောင်းပွမှုများအား ထိန်းချုပ်နိုင်ရန် အခြားသော ကမ္ဘာ့နိုင်ငံများကဲ့သို့ ငွေကတ်များဖြစ်သည့် ခရက်ဒစ်ကတ်များကိုင်တွယ်မှု တွင်ကျယ်ရန်လုပ်ဆောင်ခြင်း၊ မိုဘိုင်းဘဏ်စနစ်အား အကောင်အထည်ဖော်ရန် လုပ်ဆောင်ခြင်း၊ ချေးငွေအာမခံစာချုပ်များ ထုတ်ဝေခြင်း စသည့်နည်းလမ်းများ လုပ်ဆောင်၍ ငွေစက္ကူများ ရိုက်ထုတ်နေမှုအား လျှော့ချသင့်ကြောင်း ဒေါက်တာဦးမြင့်က ဆက်လက်ပြောကြားသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်နှင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်များတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုများ မြင့်တက်လာနိုင်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ထုတ်ပြန်သော IMF ၏ SMP(Staff-Monitored Program) ဒုတိယအကြိမ် ဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါရှိသည်။

အစီရင်ခံစာအရ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အကုန်တွင် ၆ ရာခိုင်နှုန်းအထက် ရောက်ရှိမည်ဖြစ်ကြောင်း၊ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမြင့်ပိုင်းတွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

“ငွေကြေးဖောင်းပွမှုတွေကို လျှော့ချဖို့ဆိုရင် ဘတ်ဂျက်လိုငွေတွေကို ငွေစက္ကူရိုက်ထုတ်ဖြည့်ဆည်းတဲ့ အလေ့အထကို အမြန်ဆုံးလျှော့ချဖို့ လိုပါတယ်” ဟု IMF ၏ မြန်မာနိုင်ငံဆိုင်ရာ SMP အကြီးအကဲ Mr. Matt Davies က အကြံပေးပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂ဝဝ၉ ခုနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၇ ဒသမ ၇ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြစ်ပြီး GDP တွင်မူ ၂ဝဝ၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ၂ဝ၁၂ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ဝ၁၃ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ အဆင့်ဆင့် မြင့်တက်ခဲ့သော်လည်း ငွေကြေးများ ရိုက်ထုတ်မှုကြောင့်သာ တိုးတက်ခြင်းဖြစ်ပါက အမှန်တကယ် တိုးတက်မှုဟု မခေါ်ဆိုနိုင်ကြောင်း ပညာရှင်များက ဝေဖန်ပြောကြားကြသည်။

“ငွေဖောင်းပွမှုကြောင့် ဝင်ငွေနဲ့ ဝယ်ယူနိုင်စွမ်းကျတယ်။ ပုံသေဝင်ငွေပဲရတဲ့ ကျွန်တော်တို့လို ပင်စင်စားတွေ ဒုက္ခရောက်မယ်။ ငွေဖောင်းပွမှုကြောင့် မမျှတတဲ့ ချမ်းသာကြွယ်ဝမှုတွေ ဖြစ်လာမယ်။ ငွေဖောင်းပွမှု ရှိနေရင် ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ပဲ ချမ်းသာတဲ့သူတွေ ဟန်ကျနေမယ်။ ငွေဖောင်းပွမှုကို မထိန်းနိုင်ရင် စားသုံးသူရော၊ လုပ်ငန်းရှင်တွေရော တစ်တိုင်းပြည်လုံးပါ ဒုက္ခရောက်သွားမယ်” ဟု ဒေါက်တာဦးမြင့်က သုံးသပ်ပြောကြားသည်။    

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အဆောက်အအုံအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
ဘတ်ဂျတ်လိုငွေပြသည့်အခါတိုင်း အစိုးရက ငွေစက္ကူများ ရိုက်ထုတ်နေခြင်းမှာ မြန်မာနိုင်ငံ ဒုက္ခရောက်စေသည့် အရင်းခံအချက် ဖြစ်နေပြီး မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုအား ထိန်းချုပ်နိုင်ရန် လိုအပ်နေကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့် အပါအဝင် ပညာရှင်များက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂ဝ၁၂ ခုနှစ် မေလတွင် စံချိန်တင် ကျဆင်းမှုအဖြစ် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း အမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း နှစ်ရှည်ရည်မှန်းချက်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် အခြေခံမူဘောင်တွင် ဖော်ပြထားချက်အရ သိရသည်။

ထိုသို့ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းနေသည့် အနေအထားအား ရေရှည်ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင်မူ ၁ ဒသမ ၉၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

သတင်းစာများ အရှုံးခံထုတ်ဝေနေသော သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအတွက် အပါအ၀င် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ပြန်ကြားရေး ၀န်ကြီးဌာနက ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ကျပ် ၃၆ ဘီလျံကျော် တောင်းခံမှုအပေါ် ဝေဖန်မှုများရှိနေ

Photo: သတင်းစာများ အရှုံးခံထုတ်ဝေနေသော သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းအတွက် အပါအ၀င် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ပြန်ကြားရေး ၀န်ကြီးဌာနက ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ကျပ် ၃၆ ဘီလျံကျော် တောင်းခံမှုအပေါ် ဝေဖန်မှုများရှိနေ

လာမည့် ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းစာများ အရှုံးခံထုတ်ဝေနေသော သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအတွက် ကျပ် ၃ ဘီလျံကျော် အပါအဝင် ငွေလုံးငွေရင်း အသုံးစရိတ် ၃၆ ဒသမ ၅၆၆ ဘီလျံ တောင်းခံခဲ့ခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းစာဆရာများနှင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

၂ဝ၁၄-၂ဝ၁၅ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးမှ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က လာရောက်တောင်းခံခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က “ကျွန်တော်တို့အနေနဲ့ ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံပိုင်အခန်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ရသုံးခန့်မှန်းခြေအနေနဲ့ တင်ပြအပ်ပါတယ်။ စုစုပေါင်း ဆောက်လုပ်ရေးနဲ့ပတ်သက်လို့ ၂ ဒသမ ၃၇၈ ဘီလျံ၊ စက်ပစ္စည်းနဲ့ ပတ်သက်လို့ ၃၂ ဒသမ ၇၃၅ ဘီလျံ၊ အခြားဝန်ဆောင်မှု လုပ်ငန်းများနဲ့ ပတ်သက်လို့ ၁ ဒသမ ၄၅၃ ဘီလျံ၊ စုစုပေါင်း ၃၆ ဒသမ ၅၆၆ ဘီလျံသုံးစွဲဖို့ တင်ပြထားပါတယ်။ မနှစ်က ခွင့်ပြုပေးခဲ့တာက ၄၁ ဒသမ ၆၈၆ ဘီလျံဖြစ်တဲ့အတွက် ဒီနှစ်မှာ ၅ ဒသမ ၁၁၉ ဘီလျံလျော့နည်း တင်ပြပါတယ်။ ယခုကဲ့သို့ လျော့နည်းတင်ပြပေမယ့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုလုပ်ငန်းကို အရှိန်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသွားသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေဖြင့် ဖြစ်နိုင်သမျှ ရောင်စုံသတင်းစာများ ထုတ်ဝေရန်၊ မြန်မာဘာသာအပြင် တိုင်းရင်းဘာသာစကားဖြင့် ထုတ်ဝေနိုင်ရန်၊ News Light of Myanmar သတင်းစာကို အရွယ်အစား ပြောင်းလဲရန်၊ အာဆီယံ အစည်းအဝေး ၃ဝဝ ကျော်မှ သတင်းရယူရာတွင် ဌာနမှ ဦးစီးလုပ်ကိုင်ရန် စီမံကိန်းများရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသွားသည်။

ပြီးခဲ့သော ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်ကလည်း ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၄၁ ဒသမ ၆၈၆ ဘီလျံ အပါအဝင် ကျပ် ၈၂ ဒသမ ဝဝ၂ ဘီလျံကျော် သုံးစွဲခွင့်ရခဲ့သည်။ အဆိုပါ ကျပ် ၈၂ ဘီလျံကျော်တွင် ကျပ် ၂၉ ဘီလျံသာ ဝင်ငွေအဖြစ် ရှာဖွေနိုင်မည် ဖြစ်သော်လည်း မြန်မာ့ရုပ်ရှင်လုပ်ငန်း ကျဆင်းမှုနှင့် သတင်းစာဈေး လျှော့ရောင်းမှုတို့အတွက် ကျပ် ၅၂ ဘီလျံကျော် အရှုံးခံဆောင်ရွက်ခွင့် ရခဲ့ခြင်းဖြစ်သည်။

ထိုစဉ်ကလည်း နိုင်ငံပိုင် သတင်းစာများကို အရှုံးခံပြီး တစ်စောင်လျှင် ကျပ်ငါးဆယ်ဖြင့် ရောင်းချနေခြင်းမှာ မရှိသင့်တော့ကြောင်းနှင့် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့်ပေးပြီးသည့်နောက်တွင် နိုင်ငံတော်အတွက် အကျိုးအမြတ်မရှိသည့် လုပ်ငန်းများအား စဉ်းစားရန် လိုပြီဖြစ်ကြောင်းနှင့် အမှန်တကယ် အကျိုးအမြတ်မယူဘဲ ဝန်ဆောင်မှုပေးသင့်သည့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင်သာ အဓိကလုပ်ပေးသင့်ကြောင်း ၅၂ ဘီလျံကျော် အရှုံးခံမည့်ကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့ကြသည်။

ယခုလာမည့် ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအတွက် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သုံးဘီလျံကျော် တောင်းခံခြင်းအား လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းစာဆရာကြီးများက ဝေဖန်ခဲ့ကြပြီး ဒီမိုကရေစီ အစိုးရတစ်ရပ်အနေဖြင့် မီဒီယာမှတစ်ဆင့် ဝါဒဖြန့်ရန် ကြိုးပမ်းမှု ရပ်တန့်သင့်ပြီဖြစ်ပြီး လူထု၏ ချွေးနှဲစာ ဘဏ္ဍာငွေများအား အကျိုးရှိသည့်နေရာတွင် သုံးစွဲသင့်ပြီဖြစ်ကြောင်း ပြောကြားကြသည်။

“တောက်လျှောက်ပြောလာတာပဲ။ အစိုးရအနေနဲ့ ပြည်သူ့ဘဏ္ဍာနဲ့ ဝါဒဖြန့်နေတာ မရှိသင့်တော့ဘူးဆိုတာ။ သတင်းစာလွတ်လပ်ခွင့် ပေးထားတယ်ပြောပြီး ပုဂ္ဂလိက သတင်းစာတွေ ခေါင်းမထောင်နိုင်အောင် တစ်ဖက်ဖွင့် တစ်ဖက်ပိတ် လုပ်နေတာလေ။ အခုအစိုးရသတင်းစာတွေမှာ ကြော်ငြာတွေ အများကြီးရနေတာပဲ။ အရှုံးခံထုတ်နေတယ်ဆိုတာ မဖြစ်နိုင်တော့ဘူး။ ပြည်သူ့ပိုက်ဆံ ဒီလောက်သုံးနေတာဟာ ဒီမိုကရေစီကို အကျိုးပြုဖို့လား အစိုးရကို အကျိုးပြုဖို့လား မေးရတော့မယ်။ ကျွန်တော်တို့ကတော့ အစိုးရသတင်းစာဆိုတာ မရှိသင့်တော့ဘူးမြင်တယ်” ဟု သတင်းစာဆရာကြီး ဖိုးသောကြာ (ခေတ်/မိုး) က ဆိုသည်။

ပုဂ္ဂလိက သတင်းစာများ အပြိုင်အဆိုင် ထွက်လာခြင်းကြောင့် ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ရွေးချယ်ဖတ်ရှုလာနိုင်ပြီဖြစ်ပြီး ယခင်ကဲ့သို့ သတင်းစာနှစ်စောင် အပေါ်တွင်သာ အားထားရသည့်ခေတ် မဟုတ်တော့သောကြောင့် ရောင်းအားကျဆင်းနိုင်သော်လည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ဘတ်ဂျက်တိုးတောင်းခြင်းမှာ ပြည်သူ့ဘဏ္ဍာအား ဖြုန်းတီးခြင်းပင်ဖြစ်ကြောင်းနှင့် အစိုးရသတင်းစာများအား လွတ်လပ်သော ပုဂ္ဂလိက အဖွဲ့အစည်းများအဖြစ် လွှဲပြောင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “အခုအချိန်မှာ သတင်းစာတွေ အများကြီးပေါ်လာပြီ။ အဲဒီအတွက် ပြည်သူတွေက ကောင်းတာတွေကို ရွေးဖတ်ကြမယ်။ အရင်ကလို သတင်းစာနှစ်စောင်ကိုပဲ အားထားရတဲ့ခေတ် မဟုတ်တော့ဘူး။ အဲဒီအတွက် သတင်းစာတွေ ရောင်းအားကျနိုင်တယ်။ အဲဒီလိုအချိန်မှာ အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ဘတ်ဂျက်တွေ အများကြီး တောင်းမယ်ဆိုရင် စဉ်းစားစရာဖြစ်တယ်” ဟု ပြောကြားသည်။

အလားတူပင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကလည်း “ပြီးခဲ့တဲ့ အာဏာရှင်စနစ်မှာ အစိုးရကထုတ်တဲ့ သတင်းစာတွေကို အစိုးရဲ့ အာဘော်ဖြန့်ဖို့၊ ဝါဒတွေဖြန့်ဖို့ ထုတ်ဝေခဲ့ကြတယ်။ သတင်းစာတွေကို ဝန်ကြီးဌာနက ကိုင်တွယ်ပြီး ပုဂ္ဂလိက မီဒီယာတွေနဲ့အပြိုင် ဆောင်ရွက်နေတာတွေက ဒီမိုကရေစီခေတ်မှာ မရှိသင့်တော့ဘူး။ ဒီမိုကရေစီ တည်ဆောက်နေတဲ့အချိန်မှာ လွတ်လပ်တဲ့ သတင်းစာတွေ များများရှိစေချင်တယ်။ အဲဒီအတွက် အစိုးရက ထုတ်ဝေနေတဲ့ သတင်းစာတွေကို အများပိုင်ပြောင်းတာတွေ၊ လွတ်လပ်တဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေကို လွှဲပြောင်းတာတွေ ဆောင်ရွက်သင့်တယ်” ဟု သုံးသပ်ပြောကြားသည်။

ဘတ်ဂျက်ဥပဒေကြမ်းပါ စိစစ်ပြီးစာရင်းများအရ ပြည်ထောင်စု၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလျံ၊ စုစုပေါင်းသုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလျံဖြစ်၍ လိုငွေကျပ် ၂၇၅ဝ ဒသမ ၆၄၅ ဘီလျံဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပညာရေး အသုံးစရိတ်အနေဖြင့် ယခင်နှစ်က စုစုပေါင်းအသုံးစရိတ်တွင် ပါဝင်မှုအချိုး ၅ ဒသမ ၄၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းသို့လည်းကောင်း တိုးမြှင့်သုံးစွဲရန်ရှိကြောင်း၊ ကျန်းမာရေး အသုံးစရိတ်အနေဖြင့် ယခင်နှစ်က စုစုပေါင်း အသုံးစရိတ်တွင် ပါဝင်မှုအချိုး ၃ ဒသမ ၁၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၃ ဒသမ ၃၈ ရာခိုင်နှုန်းသို့လည်းကောင်း တိုးမြှင့်သုံးစွဲရန် လျာထားကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းပြည်၏ ဘဏ္ဍာငွေအား အဘက်ဘက်မှ စိစစ်နေချိန်တွင် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသော ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများတွင် ဘတ်ဂျက်အား တိုးမြှင့်သုံးစွဲသင့်ပြီး ကျန်မလိုအပ်သော ကဏ္ဍများ၌ ငွေသုံးစွဲမှု ချွေတာသင့်ပြီဖြစ်ကြောင်းလည်း ဝေဖန်မှုများရှိနေသည်။

“အခုလို နိုင်ငံတော်ဘတ်ဂျက်ကနေ သတင်းစာတွေ အဓိကထုတ်ဝေနေတဲ့ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းအတွက် ကျပ် ငွေ ၃ ဘီလျံအထိ တောင်းတယ်ဆိုတာ များတယ်လို့ယူဆတယ်။ နိုင်ငံတကာမှာ နိုင်ငံတော်ဘတ်ဂျက်ကနေ ငွေယူပြီး အစိုးရသတင်းစာ ထုတ်တယ်ဆိုတာရှားတယ်။ နိုင်ငံတကာမှာ လွတ်လပ်တဲ့ သတင်းစာတွေပဲများတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကဆိုသည်။

“အဘက်ဘက်ကနေ ဘတ်ဂျက်ကို စိစစ်နေတဲ့အချိန်မှာ ဌာနတစ်ခုခုက ပိုတောင်းမိရင် ပိုသုံးမိရင် အဲဒီဌာနရဲ့ တာဝန်ပဲဖြစ်မယ်။ ပြည်သူ့ဘဏ္ဍာ ဖြစ်တဲ့အတွက် ပြည်သူတွေ တကယ်လိုအပ်တဲ့နေရာမှာ မသုံးမိရင် ပြည်သူတွေ နစ်နာမယ်။ အစိုးရအနေနဲ့ ငွေကိုသုံးဖို့ပဲလိုပြီး ဖြုန်းဖို့မလိုပါဘူး။ အခု ၃ ဘီလျံဆိုတဲ့ ပမာဏက ဖြုန်းပစ်တယ်လို့ ထင်စရာဖြစ်နေတယ်။ အခုလိုအချိန်မှာ သတင်းစာဆိုဒ်ပြောင်းတာတို့၊ စောင်ရေတိုးထုတ်တာတို့ထက် ပြည်သူတွေ အမှန်တကယ်သိလို့တဲ့ သတင်းတွေကို ပေးနိုင်ဖို့က အရေးကြီးတာပါ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ (Public Service Media)အဖြစ် ကူးပြောင်းကာ အစိုးရ၏ထောက်ပံ့မှု ကင်းလွတ်သည့် မီဒီယာအဖြစ်ရပ် တည်သွားမည်ဟု ပြောဆိုထားသော်လည်း လက်ရှိအချိန်တွင် ပြည်သူ့ဘဏ္ဍာအား အသုံးပြုပြီး သတင်းထိန်းချုပ်ရေးနှင့် အာဏာရပါတီ ကိုယ်စားပြု အစိုးရဝါဒဖြန့်ချိရေး ယန္တရားအဖြစ်သာ ရပ်တည်နေဆဲဖြစ်သည်ဟု ဝေဖန်ခြင်းများလည်း ရှိနေသည်။

“တကယ်တော့ အာဏာရပါတီက သူ့အကျိုးစီးပွားအတွက် ထုတ်တဲ့သတင်းစာကို လူထုအခွန်ငွေထဲက တောင်းတာပဲ။ အစိုးရသတင်းစာတွေဆိုတာက ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတော့ အစိုးရအာဘော်တွေဆိုတာ ကြံ့ခိုင်ရေးပါတီရဲ့ အာဘော်တွေပဲ။ ဒါက ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်။ ပါတီကုန်ကျစရိတ်နဲ့ ကြံ့ခိုင်ရေးပါတီရဲ့ သီးခြားသတင်းစာနဲ့ပဲ သတ္တိရှိရှိ ရဲရဲရင့်ရင့် ရိုးရိုးသားသား လုပ်သင့်တယ်။ ကိုယ့်ပါတီရဲ့ အကျိုးကို ဝါဒဖြန့်တာ၊ ကိုယ့်ပါတီ ကောင်းစားရေးအတွက် ပြည်သူလူထုရဲ့ အခွန်အတုတ်တွေကနေ ဒီလောက်ဆင်းရဲမွဲတေနေတဲ့ အချိန်မှာ အမြတ်အစွန်းလည်း မရှိဘဲ မလုပ်သင့်ဘူး။ မယူလည်း မယူသင့်ဘူး။ ယူရင်လည်း တရားမျှတမှုရှိမှာ မဟုတ်ဘူး။ ကျန်တဲ့ပုဂ္ဂလိက သတင်းစာတွေ အပေါ်ရော ကျန်တဲ့ပါတီတွေ အပေါ်မှာရော မတရားအခွင့်အရေးယူရာ ကျပါတယ်။ ပညာရေး အသုံးစရိတ် ဆိုတာကတော့ ဘာမှမရှိဘူး။ ဝါဒဖြန့်ချိချင်ရင် ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပဲ ရဲရဲရင့်ရင့်လုပ်ပါ။ အဲဒီအခါကျရင် ပြည်သူက ထောက်ခံသလား မထောက်ခံဘူးလားဆိုတာ ပေါ်လာမှာပါ။ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာတော့ သိသလောက် အစိုးရက ဝါဒဖြန့်ချိတဲ့ သတင်းစာဆိုတာ မရှိပါဘူး” ဟု မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် အစိုးရသတင်းများ ဖော်ပြရာတွင် ထိပ်တန်းလျှို့ဝှက် သတင်းများမှလွဲ၍ ကျန်သတင်းများအား ပုဂ္ဂလိက သတင်းစာများနှင့်အတူ တစ်ပြေးညီဖော်ပြသင့်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ပြောကြားသည်။

“အရှုံးခံ ထုတ်တယ်ဆိုတာတော့ မဟုတ်တာလုပ်တာပဲဗျာ။ အစိုးရဘတ်ဂျတ်မှာ အရှုံးခံပြီး သတင်းစာထုတ်မယ့်အစား ပညာရေးတို့ ကျန်းမာရေးတို့မှာ ပိုသုံးတာ ပြည်သူအတွက် ပိုအကျိုးရှိမှာပေါ့။ နောက်ထပ်လည်း သတင်းစာထုတ်စရာ မလိုဘူး။ နောက်တစ်ခုက အခုချိန်မှာ သတင်းစာထုတ်စရာ မလိုတော့ဘူးလို့ ကျွန်တော်ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရထုတ်တဲ့ သတင်းစာတွေကို လူတွေက ကြည့်တော့ကြည့်ရတာပေါ့။ သိချင်တာသိအောင် နှစ်စောင်သုံးစောင်ပေါ့ဗျာ။ နောက်ထပ်လည်း အရှုံးခံပြီးထုတ်စရာ မလိုပါဘူး။ အရှုံးခံပြီးထုတ်မယ့် ပိုက်ဆံတွေကို ပညာရေးနဲ့ ကျန်းမာရေးမှာသုံးရင် ပိုပြီးတော့ သင့်လျော်မယ်လို့ ကျွန်တော်ယူဆတယ်။ အစိုးရသတင်းစာကတော့ နောက်ထပ်ထုတ်စရာ မလိုဘူး။ ပြန်ကြားရေးနဲ့ ပတ်သက်လို့ ဘာမှမပြောချင်ပါဘူး။ ပြန်ကြားရေးရယ်မှ မဟုတ်ပါဘူးဗျာ။ ကျန်တဲ့ဝန်ကြီးဌာနတွေကလည်း ပြောလို့လည်း နားထောင်တဲ့လူတွေမှ မဟုတ်ဘဲ။ အကြံပေးတာလည်း ဂရုစိုက်တဲ့လူတွေမှ မဟုတ်ဘဲ။ ဘာကိုမှ မပြောချင်တော့ဘူး” ဟု သတင်းစာဆရာကြီး ဦးသာဘန်းက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ၂ဝ၁၃-၁၄ ဘဏ္ဍာရေးနှစ်ကလည်း ပုဂ္ဂလိက သတင်းစာများနှင့် ယှဉ်ပြိုင်ရန် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေအများအပြား အသုံးပြုပြီး သတင်းစာတစ်စောင်လျှင် ကျပ် ၅ဝ ဖြင့် ရောင်းချခဲ့ကာ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း အလားတူလုပ်ဆောင်ရန်အတွက် ဘတ်ဂျက်အများအပြား တောင်းခံခြင်းဖြစ်သည်။

ဇန်န၀ါရီ ၂၆ ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့တွင် သတင်းစာ၊ ဂျာနယ်များ ဖြန့်ချိရန် ပြင်ဆင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
ဇန်န၀ါရီ ၂၆ ရက် နံနက်အစောပိုင်းက ရန်ကုန်မြို့တွင် သတင်းစာ၊ ဂျာနယ်များ ဖြန့်ချိရန် ပြင်ဆင်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ- ဉာဏ်ဝင်းရှိန်)
လာမည့် ၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွက် ပြည်သူ့ချွေးနှဲစာ ဘဏ္ဍာငွေမှ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် သတင်းစာများ အရှုံးခံထုတ်ဝေနေသော သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအတွက် ကျပ် ၃ ဘီလျံကျော် အပါအဝင် ငွေလုံးငွေရင်း အသုံးစရိတ် ၃၆ ဒသမ ၅၆၆ ဘီလျံ တောင်းခံခဲ့ခြင်းနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ သတင်းစာဆရာများနှင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

၂ဝ၁၄-၂ဝ၁၅ ခု၊ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုများကို သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအသီးသီးမှ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်း တင်ပြရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က လာရောက်တောင်းခံခဲ့ခြင်းဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis