menu

Sunday 5 February 2012

ဒီမိုကရေစီစနစ် ပိုမိုရှင်သန် အားကောင်းစေရန်ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြား



စင်ကာပူနိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သော နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် ၎င်း၏ခရီးစဉ်အတွင်းThe Straits Times သတင်းစာမှ အကြီးတန်း သတင်းထောက် Ms. Rupali Karekar အား ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် စင်ကာပူနိုင်ငံ ရှန်ဂရီလာဟိုတယ်၌ လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ရာတွင် ဒီမိုကရေစီစနစ် ပိုမိုရှင်သန် အားကောင်းစေရန် ရှေ့ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးစနစ်မှ လွန်မြောက်ပြီး မိမိ၏ အရပ်ဘက်အစိုးရ အဖွဲ့က ပြောင်းလဲ တာဝန်ယူပြီးနောက်ပိုင်းတွင် နိုင်ငံကို ဒီမိုကရေစီစနစ် ပိုမိုရှင်သန် အားကောင်းစေရန် ရည်ရွယ်၍ ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံမေးမြန်းမှုများတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

တန်ဖိုးနည်း GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့


ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်ရောင်းချမည့် ကျပ်နှစ်သိန်းနှင့် သုံးသိန်းအကြား GSM လေးသန်းအတွက် ကျပ်ငွေဘီလီယံ ၅၀၀ အသုံးပြုခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆိုသည်။
´´လက်ရှိသုံးနေတဲ့ GSM နှစ်သန်းနီးပါးအတွက် တာဝါတိုင် ၉၀၀ ကျော် နိုင်ငံတစ်ဝှမ်းလုံးမှာ စိုက်ထူခဲ့ပါတယ်၊ မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်းရဲ့ ပထမနှစ် GSM လေးသန်းစီမံကိန်းအတွက် တာဝါတိုင် ၁၄၀၀ ကျော်နဲ့ တခြားအခြေခံအဆောက်အအုံတွေ အများကြီိးတိုးချဲ့ခဲ့ပါတယ်´´ဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စစ်သားအင်အား လူဦးရေ တစ်သန်း မရှိသော်လည်း လက်ရှိအခြေအနေအရ အမျိုးသား စစ်မှုထမ်းဥပဒေကို ကျင့်သုံးရန် မလိုအပ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား





7191
ပြည်ထောင်စု လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း
ရှင်းလင်းပြောကြားနေစဉ်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စစ်သားအင်အား လူဦးရေတစ်သန်း မပြည့်သော်လည်း လက်ရှိအခြေအနေအရ အမျိုးသားစစ်မှုထမ်း ဥပဒေကို ကျင့်သုံးရန်မလိုအပ်ကြောင်း ဖေဖော်ဝါရီလ ၃ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောကြားခဲ့ပါသည်။

အာဏာပိုင်တို့ကို ဆန္ဒပြခဲ့သည့် တရုတ်ရွာတစ်ရွာတွင် ပထမဆုံးအကြိမ် ဒီမိုကရေစီ နည်းကျမဲပေးခွင့်ရ




w7194 ဖေဖော်ဝါရီလ ၁ ရက်နေ့ ၀ူကန်ကျေးရွာတွင် ကျေးရွာကော်မတီ ရွေးကောက်ပွဲ ပြုလုပ်နေစဉ်
ပြီးခဲ့သောနှစ်တွင် ဒေသ အာဏာပိုင်များကို ဆန္ဒပြခဲ့သော တရုတ် ရှိ ရွာတစ်ရွာတွင် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ လွတ်လပ်သော ရွေးကောက်ပွဲတစ်ရပ်ကို ဖေဖော်ဝါ ရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတောင်ပိုင်းရှိ ချမ်းသာ ကြွယ်ဝသူများသော ကွမ်တုံပြည်နယ်ရှိ ၀ူကန်ရွာမှ ဒေသခံများသည် မြေသိမ်းခံရမှု၊ ခြစားမှုကိစ္စတို့နှင့်ပတ်သက်၍ ဒေသအာဏာပိုင်တို့ကို ပြီးခဲ့သော ဒီဇင်ဘာလက သီတင်းပတ်တစ်ပတ်ကျော်ကြာ ဆန္ဒပြခဲ့ပြီး လွတ်လပ်သော ရွာကော်မတီ ရွေးကောက်ပွဲ ပြုလုပ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် လုပ်သား ၂၀၀၀ ကျော်အတွက် အလုပ်ခေါ်စာများ ကျလာ




71914 ခေါ်စာလက်ခံရရှိမှု စာရင်း သိရှိနိုင်ရန် အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီရှိ ကြော်ငြာသင်ပုန်း လာကြည့်သူများ
EPS-TOPIK စာမေးပွဲ အောင်မြင်သူများအား ကိုရီးယားနိုင်ငံဘက် မှ အလုပ်ခေါ်စာများ ပြန်လည်ချပေးသည့် ရက် ၂၀ တာ ကာလအတွင်း လုပ်သား ၂၀၀၀ ကျော်အတွက် အလုပ်ခေါ်စာများ ကျလာပြီဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သိရသည်။

ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံခြင်း


မြန်မာ့ပင်လယ်ပြင်အတွင်း ပြောင်းလဲပေးလိုက်သော ငါးဖမ်းဆီးခွင့်အခြေအနေနှင့် ပြည်ပသို့ ငါးရောင်းချနေသော အခြေအနေများကို မြန်မာနိုင်ငံ ပင်လယ် ငါးဖမ်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမောင်မောင်စိုးနှင့်တွေ့ ဆုံမေးမြန်းခဲ့သည်များထဲမှ  ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်အဖြစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ ခွင့်ပြုရန် အမေရိကန် တိုက်တွန်း



မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ် အကူးအပြောင်းတွင် အရေးကြီးသော ခြေလှမ်းတစ်ရပ်အဖြစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ ပြည်တွင်းနှင့်နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ ခွင့်ပြုရန် အမေရိကန်က ဖေဖော်ဝါရီလ၂ ရက်နေ့က တိုက်တွန်းခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲများကို လွတ်လပ်၍ တရားမျှတစွာ ကျင်းပခြင်းသည် အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ဖြေလျော့စေရေးတွင် အဓိက သော့ချက်တစ်ခု ဖြစ်သည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာက ကြားဖြတ်ရွေးကောက်ပွဲများတွင် စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်းကို အမေရိကန် အနေဖြင့် မြန်မာ အစိုးရနှင့် ဆွေးနွေးခဲ့ဖူးကြောင်း၊ ပြည်တွင်းက စောင့်ကြည့် လေ့လာသူတွေရော ပြင်ပက စောင့်ကြည့်လေ့လာသူတွေပါ လမ်းဖွင့်ပေးလိမ့်မည်ဟု အရမ်း မျှော်လင့်ထားကြောင်း ဖေဖော်ဝါရီ လ ၂ ရက်နေ့က ပြောကြားခဲ့သည်။

ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများတွင် ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ သီချင်းဖိုင်များကို မိုဘိုင်းဖုန်း အချင်းချင်း အပြန်အလှန် ပေးပို့နိုင်သည့်စနစ် မကြာမီ သုံးစွဲခွင့်ပေးမည်




ထပ်မံချထားပေးမည့် ဂျီအက်စ် အမ်မိုဘိုင်းဖုန်းများတွင် MMS စနစ်အား သုံးစွဲခွင့်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ MMS(Multimedia Messaging  Service) စနစ်သည် စာသားများ၊ ဗီဒီယိုဖိုင်များ၊ ရုပ်ပုံများ၊ သီချင်းဖိုင်များအား မိုဘိုင်းဖုန်း အချင်းချင်း အပြန်အလှန်ပေးပို့နိုင်သည့် စနစ် ဖြစ်သည်။
“မကြာခင် ချထားပေးတော့မယ့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းတွေ မှာ MMS  စနစ်ပါလာမှာပါ။ စချထားပေးပေးခြင်း ချက်ချင်း မပါလာနိုင်ရင်တောင်မှ လပိုင်းအတွင်း အသုံးပြုနိုင်အောင် လုပ်ပေးမှာပါ။

မြန်မာတစ်နိုင်ငံလုံးတွင် BOT စနစ်ဖြင့် လုပ်ကိုင်နေသည့် စီမံကိန်းလုပ်ငန်း ၆၄ ခုထိရှိလာ၊ လမ်း၊ လေဆိပ်၊ ဆိပ်ကမ်း၊ လျှပ်စစ်စွမ်းအားကဲ့သို့ အများပြည်သူထံမှ နေ့စဉ်ဝင်ငွေရရှိသော လုပ်ငန်းများဖြစ်နေပြီး နိုင်ငံခြားသားလုပ်ငန်းများရှင်မှ ၈ ခု၊ နိုင်ငံသားလုပ်ငန်းရှင်များမှ ၅၆ ခု လုပ်ကိုင်နေ





မြန်မာတစ်နိုင်ငံလုံးတွင် BOT စနစ်ဖြင့် လုပ်ကိုင်နေသည့် စီမံကိန်း လုပ်ငန်းများမှာ ၂၀၁၂ ခုနှစ် နှစ်ဆန်း ပိုင်းအထိ ၆၄ ခုထိ ရှိလာသည်ဟု သတင်းရရှိပါသည်။
စီမံကိန်း အားလုံးမှာ လမ်း၊ လေဆိပ်၊ ဆိပ်ကမ်း၊ လျှပ်စစ်စွမ်းအားကဲ့သို့ အများပြည်သူဖြင့် နေ့စဉ်ဆက်စပ်နေသည့်၊ အများပြည်သူထံမှ နေ့စဉ်ဝင်ငွေရရှိနိုင်သည့် လုပ်ငန်းများဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရသိရသည်။ BOT စနစ်ဖြင့် မြှုပ်နှံလုပ်ကိုင်ရာတွင် နိုင်ငံခြားသားကုမ္ပဏီများမှ မြှုပ်နှံထားသည့် စီမံကိန်းလုပ်ငန်း ၈ ခုရှိပြီး မြန်မာနိုင်ငံသားများ မြှုပ်နှံထားသည့် လုပ်ငန်းများမှာ ၅၆ ခု ရှိကြောင်း၊ စုစုပေါင်းလုပ်ငန်း ၆၄ ခုတွင် အများဆုံးမှာ လမ်းတံတား လုပ်ငန်းများသာဖြစ်ပြီး ၄၄ ခုရှိ ကြောင်းသိရသည်။ BOT စနစ်ဖြင့် လုပ်ကိုင်သည့် လမ်းတံတားလုပ်ငန်း ၄၄ ခုတွင် နိုင်ငံခြားသားလုပ်ငန်း ရှင်မှ ၂ ခုလုပ်ကိုင်ပြီး နိုင်ငံသားလုပ်ငန်းရှင်မှ ၄၂ ခုလုပ်ကိုင်ကြောင်း၊ BOT စနစ်ဖြစ်သည့်နှင့်အညီ လမ်း တံတားများအားလုံးကို အများပြည်သူအနေဖြင့် အခကြေးငွေပေး၍ ဖြတ်သန်းသွားလာရကြောင်း သိရသည်။

Luc Besson ၏ အလွဲများ


မွန်မွန်မြတ်ရေးသားသည်။
၀၃ ဖေဖေါ်ဝါရီ ၂၀၁၂ - (YPI) ချင်းမိုင် - တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံးစပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးက ကြယ်တစ်ပွင့်ပဲအမှတ်ပေးခဲ့ပြီးအညံ့ဆုံးဇာတ်ကားသုံးကားထဲ စာရင်းသွင်းခဲ့သည့်အပေါ်အတော်ဘ၀င်မကျဖြစ်ခဲ့ဖူးသည်။

တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးရေးသူ Damon Wise အလွန်မဟုတ်ပဲ ရိုက်ကူးသူပြင်သစ်ဒါရိုက်တာ Luc Besson  ၏အလွန်သာဖြစ်ကြောင်းသိရတော့သည်။

မည်သို့ပင်ဖြစ်စေ Michelle Yeoh ၏ သရုပ်ဆောင်ခြင်းအနုပညာကိုတော့ အသိအမှတ်မပြုပဲမနေနိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာမျက်ဝါးထင်ထင်မြင်ဖူးနေသည့်ကြားမှ Michelle Yeoh ရုပ်ပျောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ ဇာတ်ကားထဲပါဝင်နေသလို မကြာခဏ ထင်ယောင်ထင်မှားဖြစ်မိသည်။

တနင်္သာရီမြစ်တွင် ရွှေတူးရန်လုပ်သားတစ်ဦး တစ်လ ၁၀ သိန်းဖြင့်ခေါ်ယူ


ရွှေတူးဖော်ရေးလုပ်ငန်းခွင်တခုမြင်ကွင်း
သဘာဝသယံဇာတများစွာထွက်ရှိသော တနင်္သာရီတိုင်းဒေသကြီးရှိ အထင်ကရမြစ်တစ်ခုဖြစ်သောတနင်္သာရီမြစ်အထက်ပိုင်းတွင် ရေအောက်ရွှေတူးဖော်ရေးလုပ်ငန်း( ဒေသအခေါ် ရေငုပ်ကျင်း) တွင် လာရောက်လုပ်ကိုင်ရန် ကချင်ပြည်နယ်မှ ရေငုပ်လုပ်သားများကို တစ်လလျှင်ကျပ် ၁၀ သိန်းဖြင့် ခေါ်ယူနေကြောင်း ယင်းလုပ်ငန်းသို့သွားရောက်ရန် ပြင်ဆင်နေသော မိုးညှင်းမြို့နယ် ဘီလူးကျေးရွာဒေသခံတို့က ပြောကြားသည်။

သံလျင်ကျိုက်ခေါက်ဘုရားပွဲတွင် သီးလေးသီးလူရွှင်တော်များက ဘုရား ဂေါပကလူကြီးများအား သရော်သော ပြက်လုံးပြက်ခဲ့သောကြောင့် ပွဲတရက် နားခံခဲ့ရ


ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သံလျင်ကျိုက်ခေါက်ဘုရားပွဲတွင်ဖျော်ဖြေခဲ့သောသီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့၏ ပြက်လုံးများတွင် ဘုရား ဂေါပကလူကြီးများအားသရော်သော ပြက်လုံးများကြောင့် နောက်ဆုံးရပ်ပွဲမကရဘဲ ရပ်နားခံခဲ့ရကြောင်း သိရှိရသည်။
 
 “အမှန်ဆိုကျွန်တော်တို့က၃ညကရမှာ။ နှစ်ရက်ပဲကခဲ့ရတယ်။ ဂေါပကတွေကိုသရော်လို့ဆိုပြီး နောက်ဆုံးညမှာ မကခိုင်းတော့ဘဲပိတ်ခံလိုက်ရတယ်”ဟုသီးလေးသီးအဖွဲ့မှလူရွှင်တော်ဇီးသီး ကပြောသည်။

စံပြုအပ်သော ပင်လုံအစဉ်အလာ(လှမြင့်(ရန်ကုန်တက္ကသိုလ်))



ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ခေတ်သစ်သမိုင်းတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် စံပြုအပ်သော သမိုင်းမှတ်တိုင် နေ့တစ်နေ့ဖြစ်သည်။ ထိုနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာနိုင်ငံရေးခေါင်းဆောင်များနှင့် တိုင်းရင်းသား သွေးချင်းညီနောင်များ ခေါင်းဆောင်များသည် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး၍ လွတ်လပ်ရေးကို အတူတကွ ရယူကြမည်ဟူ၍ သိန္နိဋ္ဌာန် ချမှတ်ခဲ့ကြသည်။ ပင်လုံစာချုပ်သည် ပြည်ထောင်စုကြီးပေါ် ထွန်းရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များ တညီတညွတ်တည်း သဘောတူညီခဲ့သော ကတိစာချုပ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် စိုးရိမ်


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကို အဖွဲ့ ချုပ်တံဆိပ်ပါ အင်္ကျီနှင့်တွေ့ ရစဉ် (ဓါတ်ပုံ-ဘားမားဗီဂျေ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက်အလွန်စိုးရိမ်ပူပန် နေပါကြောင်း ယင်းပါတီမှ အတွင်းရေး မှုးဦးဉာဏ်ဝင်းကရန်ကုန်တိုင်းမ်ဂျာနယ် သို့ပြောကြားသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ရေးအတွက်  အလွန်အရေးကြီးသည့်  ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအတွက်ပုဂ္ဂလိ ကလုံခြုံရေး ဝန်ထမ်းသုံးဦး အားခန့် ထားလျှက်ရှိပြီး ယင်းတို့၏စီမံမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေး ကိုစီစဉ် ဆောင်ရွက် ထားကြောင်း ယင်း ကဆက်လက် ပြောကြားသည်။

Smart Phone ရောင်းအားကြောင့် ဆမ်ဆောင်း၏ အမြတ်စံချိန်တင်



တောင်ကိုရီးယားကုမ္ပဏီ ဆမ်ဆောင်းအီလက်ထရောနစ်သည် ယမန်နှစ် တတိယသုံးလပတ်တွင် အမြတ် ဒေါ်လာ ၄ ဒသမ ၇၂ ဘီလျံ ထိရရှိခဲ့ပြီး စမတ်ဖုန်းရောင်းအား မြင့်တက်လာခြင်းသည် အမြတ်တိုးရခြင်းအတွက် အဓိကဖြစ်ကြောင်း ကုမ္ပဏီက ဇန်န၀ါရီ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
ဆမ်ဆောင်းသည် စမတ်ဖုန်းရောင်းချရမှုတွင် ပြိုင်ဘက်အက်ပဲလ်၏နောက်တွင် ဒုတိယနေရာတွင်သာ ရှိနေခဲ့ကြောင်း သုတေသနများက ဆိုသည်။ ဆမ်ဆောင်းသည် ယမန်နှစ် တတိယသုံးလပတ်တွင် အက်ပဲလ်ကိုကျော်ကာ ကမ္ဘာ့မိုဘိုင်းဖုန်း အရောင်းရဆုံး ကုမ္ပဏီဖြစ်ခဲ့သည်။

မန်းချောင်းသောင်ခုံပေါ်မှာ



ရွှေစက်တော်ဆိုသည်နှင့် မြတ်စွာဘုရားရှင်၏ ပါဒခြေတော်ရာနှစ်ဆူတည်ရှိရာ ပွဲတော်တစ်ခု၊ သစ္စာဗန္ဓ တောင်တော်နှင့် မန်းချောင်းရေအလျဉ်တို့ ပနံရလှပရာ အညာမြေ၏ အိုအေစစ်တစ်ခုပမာ မြင်ယောင်လာမိပါသည်။ နှစ်စဉ် တပို့တွဲလဆန်း ၅ရက် နေ့တိုင်း စတင်ဖွင့်လှစ်လေ့ရှိသော ပွဲတော်ချိန်သို့ ရောက်သည်နှင့် တောင်ပေါ်၊ မြေပြန့်မကျန် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်လေ့ရှိကြသည်။ ထိုသို့ လာရောက်ကြသော ဘုရားဖူးများ နှင့် ကြက်ပျံမကျ စည်ကားလေ့ရှိသည့်အပြင် ထိုဘုရားဖူးများကိုမှီခို၍ လုပ်ကိုင်စားသောက်ရန် လာရောက် ကြသူများကလည်း မန်းချောင်း၏ သောင်ခုံများပေါ်တွင် ပျံကျဘ၀များပမာ တည်ရှိနေကြပါသည်။

"ပြည်သူရဲ့အာဏာဟာ အစိုးရကို လွှမ်းမိုးနိုင်ရမယ်" ဒေါ်အောင်ဆန်းစုကြည်၏ ကြားဖြတ်ရွေးကောက်ပွဲစည်းရုံးရေး ပထမဆုံးနိုင်ငံရေးခရီး



ဇန်န၀ါရီလ ၂၉ ရက်နေ့က ကြားဖြတ်ရွေးကောက်ပွဲအတွက် ပထမဆုံးစည်းရုံးရေးခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်မြို့သူမြို့သားများက ကြိုဆိုနှုတ်ဆက်နေကြစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပထမဆုံး စည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီ တိုင်း၊ ထားဝယ် မြို့နှင့်လောင်းလုံမြို့များသို့ ဇန်န၀ါရီလ ၂၉ ရက်နေ့က သွားရောက်ရာတွင် မြို့ခံပြည်သူလူထုထောင်ပေါင်းများစွာက သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြသည်။
ထားဝယ်မြို့သို့ ရောက်ရှိပြီးနောက် ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြည်သူများအား နှုတ်ခွန်း ဆက်စကား ပြောကြားခဲ့ရာတွင် အဖွဲ့ ချုပ် အနေဖြင့် အခြေခံလိုအပ်ချက်သုံးခုကြောင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရခြင်း ဖြစ်ကြောင်း၊ ယင်းလို အပ်ချက်များမှာ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေတွင်ပါရှိသော အချက်များထဲမှ ပြည်သူကိုအကျိုးမပြု သောအချက်များအား ပြုပြင်ပြောင်းလဲ နိုင်ရေးတို့ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။

ဆီးရီးယားဆိုင်ရာ ကုလဆုံးဖြတ်ချက် တရုတ်၊ ရုရှား ဗီတိုသုံး ပယ်ချ


ဆီးရီးယား နိုင်ငံသားတွေအပေါ် တနှစ်နီးပါးလောက် အကြမ်းဖက် နှိပ်ကွပ်နေတဲ့ သမ္မတ ဘက်ရှာအယ်လ်အာဆဒ် (Bashar al-Assad) ကို ပြစ်တင် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီရဲ့ အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ကြပြန်ပါပြီ။
ဆီးရီးယားနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေကို ပြစ်တင် ရှုတ်ချထားပြီး သမ္မတ အာဆဒ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုထားတဲ့ အနောက်အုပ်စုနဲ့ အာရပ်နိုင်ငံတွေရဲ့ အဲဒီ အဆိုပြုချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက စနေနေ့က မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာ အမေရိကန်ပြည်ထောင်စု၊ ဂျာမဏီနဲ့ ပြင်သစ် အပါအ၀င် ၁၃ နိုင်ငံက ထောက်ခံခဲ့ကြပါတယ်။

မန္တလေးခရီး ဖျက်သိမ်းမှု လူထုကို ဒေါ်စုအသိပေး


မန္တလေးကိုလာဖို့ ခရီးစဉ်ကို အခုရွေ့ဆိုင်းထားရပေမဲ့ နောက်ပိုင်းလာဖို့ အတွက် စီစဉ်ရာမှာ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် တည်ဆောက်လိုတဲ့ အဖွဲ့အစည်းတွေကြား ပိုမိုခိုင်မာတဲ့ နားလည်မှုတွေ ရရှိလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ မန္တလေးကို ပါတီစည်းရုံးရေးအဖြစ် သွားဖို့ခရီးစဉ် ပျက်သွားခဲ့တာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးလူထုကို အခုလို အသိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်သလို NLD ရုံးချုပ်က တာဝန်ရှိသူတွေ ဟာလည်း မန္တလေးက သတင်းထောက်တွေနဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
မူလက ဖေဖော်ဝါရီ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မန္တလေးမြို့ကို ပါတီစည်းရုံးရေး အဖြစ်သွားဖို့ ဒေါ်အောင်ဆန်းစုကြည် စီစဉ်ထားပေမဲ့ လူထုနဲ့ စကားပြောဖို့ နေရာအခက်အခဲတွေကြောင့် အစီအစဉ် ဖျက်ထားရတာနဲ့ ပတ်သက်လို့ မန္တလေးလူထုကို အသိပေးချက်တစ်စောင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံခြားကုမ္ပဏီများအား ရှစ်နှစ် အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်လျက်ရှိ


မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း
မြန်မာနိုင်ငံသို့ အနောက်တိုင်းကုမ္ပဏီများ လှိမ့်ဝင်လာရန် တာစူနေကြစဉ် မြန်မာအစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအပေါ် ရှစ်နှစ် အခွန်ကင်းလွတ်ခွင့်ပေးရန် စီစဉ်လျက်ရှိသည်ဟု သိရှိရသည်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်လျက်ရှိသော ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းတွေ့ဆုံခဲ့ရသော စီးပွားရေးခေါင်းဆောင်များသည် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသော မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု ကြီးမားစွာ ပြသခဲ့ကြသည်ဟု စက်မှုဝန်ကြီး ဦးစိုးသိန်းက သတင်းထောက်များအား ပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis