menu

Tuesday 24 July 2012

မန်းတွင် ဓာတ်ဆီဆိုင်ဖွင့်လှစ်ခွင့်ပြုခြင်းနှင့်ပတ်သတ်၍ မန်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးရှင်းလင်း

မန္တလေးမြို့ပေါ်အပါအ၀င် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီအရောင်းဆိုင် များဖွင်လှစ် ရောင်းချခွင့်ပြုနေခြင်းနှင့်ပတ်သတ်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊စက်မှုလက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ မြင့်ကြူက မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲကို ဇူလိုင်လ ၂၄ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့၊ယခင် တ.ရ.က ရုံးဟောင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် ၀န်ကြီးက အစိုးရသစ်လက်ထပ် စက်သုံးဆီအရောင်းဆိုင်များဖွင့်လှစ်ရောင်းချခွင့်ပြုနေခြင်းနှင့် ပတ်သတ်၍ စက်သုံးဆီဆိုင် ရောင်းချခွင့်လိုင်စင်ချထားပေးမှု၊စက်သုံးဆီဆိုင်ဖွင့်လှစ်ခွင့် လိုင်စင်ရရှိရန် လိုအပ်သော အချက်များစသည်တို့ကို အသေးစိတ်ရှင်းလင်းပြောပြသည်။ “မန္တလေးမြို့ပေါ်အပါအ၀င် မန္တလေးတိုင်းမှာ စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချပြီး လိုတယ်ဆိုရင် လျှောက်ထားနိုင်ပါတယ်။သက်ဆိုင်ရာဌာနတွေက သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ကိုက်ညီရင် စက်သုံးဆီဖွင့်လှစ်ရောင်းချခွင့်ရပါမယ်” ဟု ၀န်ကြီးဒေါက်တာမြင့်ကြူက ပြောသည်။

စတုတ္ထမဏ္ဍိုင်နဲ့ တတိယနိုင်ငံသားများ(မောင်ခိုင်လတ်)

စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းသမားတွေမှာ အာဏာတော့ မရှိပါဘူး၊ သြဇာတော့ ရှိပါတယ်။ ရဲရင့် ပြတ်သားပြီး အမှန်တရားကို မကြောက်မရွံ့ ထုတ်ဖော်တင်ပြရဲတဲ့ စာနယ်ဇင်းသမားတိုင်းကို ပြည်သူတွေက အမြဲတစေ လေးစားချစ်ခင်နေကြတယ်  . . .

ဒီမိုကရေစီနိုင်ငံတိုင်းမှာ မဏ္ဍိုင်ကြီးလေးရပ်ကို အားကောင်းဖွံ့ဖြိုးစေဖို့အတွက် ဂရုဓမ္မကြီးကြီးနဲ့ ပြုစုပျိုးထောင်လေ့ရှိကြပါတယ်။ အဲ့ဒီမဏ္ဍိုင်ကြီးလေးရပ်က အများသိပြီးဖြစ်တဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ စာနယ်ဇင်းမဏ္ဍိုင်ဆိုပြီး မဏ္ဍိုင် ကြီးလေးရပ်ရှိကြပါတယ်။ စာနယ်ဇင်းမဏ္ဍိုင်ကိုပဲ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာဖြစ်ပါတယ်။
ဥပဒေပြုရေးမဏ္ဍိုင် ဆိုတာကတော့ အရေးအကြီးဆုံး ပထမမဏ္ဍိုင် ဖြစ်ပါတယ်။

ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍အမျိုးသားဒီမိုကရေစီပါတီသစ်ကို တယ်လီဖုန်းဆက် ခြိမ်းခြောက်

ဦးသိန်းညွန့်
ရိုဟင်ဂျာများအကြောင်းကိုလွှတ်တော်တွင် ဝင်ရောက်ဆွေးနွေးခဲ့သော် အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို တယ်လီဖုန်းဆက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။
''တယ်လီဖုန်းဆက်တာလေး ကြိမ်ရှိသွားပြီ၊ ရိုဟင်ဂျာဆိုတာမြန်မာနိုင်ငံမှာရှိတယ်။ တိုင်းရင်းသားတွေထဲမှာ ရိုဟင်ဂျာမရှိဘူးလို့ ပြောတာကို လက်မခံနိုင်ဘူး'' ဟု ဖုန်းဆက်၍ ပြောကြားခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီပါတီသစ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးသိန်းညွန့်၏သား ကိုခိုင်မင်းက ပြောသည်။
ကျင်းပနေသည့် စတုတ္ထအ ကြိမ်မြောက်ပြည်ထောင်စုလွှတ်တော် တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်၍ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တိုင်းရင်းသား ၁၃၅ မျိုးတွင် ရိုဟင်ဂျာလူမျိုးမပါဝင် ကြောင်းနှင့် လူ့အခွင့်အရေးကို အကြောင်းပြ၍ ကဗျာဆန်၍မရကြောင်း၊ ယခုကိစ္စမှာ အမျိုးသားရေးကိစ္စဖြစ်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့ သည်။
ယင်းကဲ့သို့ ဝင်ရောက်ဆွေးနွေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခြိမ်းခြောက်မှုများ ပြုလုပ်လာခြင်းဖြစ် နိုင်ကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ်မှ ပါတီဝင်များက ခန့်မှန်း ပြောဆိုကြသည်။

ခရိုနီများရဲ့ ရှေ့ခရီး (မောင်ဝံသ)


အဘရာမိုဗစ်ခ်ျ မားဒေါ့ တက်ဆင်
ရုရှားနိုင်ငံက ခေတ်ပျက်သူဌေး၊ ချယ်လ်ဆီး ဘောလုံးအသင်းကို ၀ယ်ပြီး နာမည်ကြီးအောင်လုပ်ခဲ့သူ အဘရာမိုဗစ်ခ်ျအကြောင်း ကျွန်တော် နှစ်ကြိမ် သုံးကြိမ်လောက် ရေးခဲ့ဖူးတယ်။
အာဏာရသူတွေနဲ့ တည့်အောင်ပေါင်းပြီး သတင်းမီဒီယာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်၊ အဲဒီနောက် ပိုက်ဆံရရင် ပြီးရောဆိုပြီး လူပြိန်းပရိသတ်အကြိုက်သတင်းတွေနဲ့ လုပ်စားနေတဲ့ သြစတြေးလျပြည်ပေါက် သတင်းစာသူဌေးကြီး ရုပတ်မားဒေါ့ အကြောင်းလည်း ကျွန်တော် သုံးလေးကြိမ်ထက်မနည်း ရေးခဲ့ပြီးပြီ။
ဒါတင်မက ပြည်သူ့ဘဏ္ဍာတွေကို တစ်ဖက်လှည့်နဲ့ သုံးစွဲပြီး ဆင်းရဲသားတွေ ကောင်းစားရေးလုပ်ပေးတယ်လို့ နာမည်ကောင်းယူကာ နိုင်ငံရေးလုပ်စားခဲ့တဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ပြုတ် တက်ဆင်အကြောင်းကိုလည်း အကျယ်တ၀င့် ရေးခဲ့သေးတယ်ဗျာ။
    အဲသလို ရေးခဲ့တာတွေဟာ ကျွန်တော်တို့ဆီမှာလည်း အလားတူ ဇာတ်ကောင်တွေ ရှိနေခဲ့ ရှိနေဆဲ ဖြစ်တယ်ဆိုတာ ပြောချင်လို့ပဲဗျ။ အဲသလိုလူတွေ မရှိပါဘူးလို့ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ငြင်းလာရင်လည်း ကျွန်တော်က အဲဒီလူကို နားရွက်ဆွဲပြီး လှည့်ပြမယ်ဗျာ။

သတ္တု တူးဖော်သန့်စင်ရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို သတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးတွင် လာရောက် ရင်းနှီးမြှုပ်နှံကြပါရန် သတ္တုတွင်းဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများက ရန်ကုန်မြို့တွင် ပြုလုပ်သော မြန်မာ သတ္တုတွင်း လုပ်ငန်း ညီလာခံတွင် ဖိတ်ခေါ်လိုက်သည်။

“ပြည်တွင်းမှာ သတ္တုတွင်း ကုန်ချော သန့်စင်ထုတ် စက်ရုံတွေကို ပြည်တွင်းနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်တွေ ပူးပေါင်း ဖက်စပ်လုပ်ကိုင်ဖို့ သတ္တုတွင်း ဝန်ကြီးဌာနက ဖိတ်ခေါ်ပါတယ်” ဟု ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ဆိုသည်။
 ပြည်တွင်း သတ္တု တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက် ရှိသော်လည်း
ကျောက်မျက် တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်ပြုမည် မဟုတ်ဟုလည်း ဦးဝင်းထိန် က ဆိုသည်။

ဒုက္ခသည်များကို တလအတွင်း ပြောင်းရွှေ့ရန် တရုတ်အစိုးရ ပြော

 ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်နိုင်ငံ၊ နောင်တောင်း ခရိုင်၊ ရွှေလီမြို့နယ်အတွင်း ခိုလှုံနေသော ကချင် စစ်ပြေးဒုက္ခသည် ၄,ဝဝဝ ကျော်အား တလအတွင်း ပြောင်းရွှေ့ပေးရန် တရုတ်အစိုးရက ပြောဆိုခဲ့သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

ဇူလိုင်လ ၂ဝ ရက်နေ့နှင့် ၂၁ ရက်နေ့များတွင် ယူနန်ပြည်နယ် ရွှေ့လီမြို့နယ် အာဏာပိုင်များက KIO တပ်မဟာ ၃ မှ အရာရှိများကို ခေါ်ယူ၍ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး တလအတွင်း ပြောင်းရွှေ့ပေးမည်ဟု ပြန်လည် ပြောဆိုခဲ့၍ သြဂုတ်လ အတွင်း အပြီး ပြောင်းရွှေ့ရမည် ဖြစ်သည်။

အိန္ဒိယ အာသံပြည်နယ် ဒေသခံနှင့် အခြေချ ဘင်္ဂလီများ၏ အဓိဂရုဏ်း လူပေါင်း ၁၈ ဦးသေဆုံး

လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်း ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ပတိပက္ခ အတွင်း လူပေါင်း ၁၈ ဦးသေဆုံး ပြီးနောက် ဝေးကွာလွန်းတဲ့ အာသံပြည်နယ် အတွင်းက ထောင်ပေါင်း မြောက်များစွာသော လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဒီကနေ့  အေပီ သတင်း တစ်ပုဒ်မှာ ဖေါ်ပြ ထားပါတယ်။
အခုအချိန်ထိ ပျောက်ဆုံးနေသူ ၁၀ ဦးရှိကြောင်းနဲ့ တိုက်ခိုက်မူတွေဟာ မြေယာပိုင်ဆိုင်မူ အငြင်းပွားရာကနေ ဌာနေ တိုင်းရင်းသား ဘိုရို လူမျိုးတွေနဲ့ ဘင်္ဂလီ မွတ်ဆလင် အခြေချ နေထိုင်သူတွေ အကြားမှာ ဖြစ်ပွားတာ ဖြစ်တယ်လို့ အိန္ဒိယ အာသံပြည်နယ် ပုလိပ်မင်းကြီး  J.N. Choudhury  ကို ကိုးကားပြီး သတင်းက ဆိုပါတယ်။
အခု အဓိဂရုဏ်း ဖြစ်နေတဲ့ နေရာဟာ အာသံပြည်နယ် အနောက်ပိုင်း ကိုကြာဂျဟာ ခရိုင် (Kokrajhar district)  အတွင်းမှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။ အခုအခါ အဓိဂရုဏ်းဟာ အနီးအနားက ခရိုင်နှစ်ခုမှာ ဆက်လက် ကူးစက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ၁၄ရက်မြောက် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးမည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတီခွန်မြတ်တင်သွင်းသည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည
့် ဥပဒေ ရေးဆွဲပြဋ္ဌာ န်းရေးအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ပြည်သူ့လွှတ်တော် ၁၄ရက်မြောက် အစည်းအဝေးတွင် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။
ယင်းအဆိုကို ဇူလိုင်၂၄ရက် လွှတ်တော်အစည်းအဝေးတွင် စတင်ဆွေးနွေးခဲ့ကာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ပါဝင်ဆွေးနွေးရန် စာရင်းပေးသွင်းထားသည်။

အထက်တန်းတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် သင်ယူသူမရှိ

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၊ အထက်တန်းအဆင့်ကျောင်းသားများသည်
စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ရွေးချယ်သင်ယူသူလုံးဝမရှိ
ကြောင်း၊ ပထ၀ီဝင်နှင့် သမိုင်းဘာသာကို ရွေးချယ်သင်ယူသူ အလွန်နည်းပါးနေကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အခြေခံပညာ ကဏ္ဍအစီရင်ခံစာတွင်ဖော်ပြထားသော အချက်အလက်များအရ သိရသည်။

အထက်တန်းအဆင့် ကျောင်းသားများအား ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ စတင်၍ ဘာသာတွဲ (၈)ခုမှ နှစ်သက်ရာဘာသာတွဲတစ်ခုအား
ရွေးချယ်သင်ယူစေခဲ့ရာ ကျောင်းသားများက သိပ္ပံဘာသာရပ်များ ပါဝင်သည့်ဘာသာတွဲများကိုသာ ရွေးချယ်သင်ယူနေကြခြင်းဖြစ်သည်။
သိပ္ပံဘာသာရပ် နှစ်ခု(သို့မဟုတ်)သုံးခုပါဝင်သည့် ဘာသာတွဲများကို ရွေးချယ်သင်ယူသော ပမာဏမှာ န၀မတန်းတွင် ၉၅ ဒသမ ၃၇ ရာခိုင်နှုန်း၊

ကျွန်တော်တို့ကရော ဘာလုပ်ကြမှာလဲ ....

  ဒီရက်ပိုင်းမှာ တက်လာတဲ့ သတင်းတွေကိုဖတ်ပြီး စိတ်ထဲ ပေါက်ကွဲ ကြေကွဲ နေမိတာအမှန်ပါ။ ဒါကို လူ့အခွင့်အရေးကို နားမလည်တဲ့ ခေတ်နောက်ကျသူတစ်ယောက်လို့ စွပ်စွဲရင်အင်မတန်ဝမ်းနည်းမိမှာပါပဲ။ ဒါဟာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်လို့ မပြောသေးဘဲ အမှန်တရားကို အမှန်အတိုင်းဖြစ်စေချင်ယုံလေးပဲ လို့ပြောရင်ရောဖြစ်မလား ....... ကျွန်မလည်း လူတန်းစားမခွဲခြား၊အသားအရောင် မခွဲခြား၊ ဘာသာမခွဲခြား၊ ယောက်ျားမိန်းမ မခွဲခြား၊ လိင်တူလိင်မတူ မခွဲခြား ..... ဆိုတဲ့ မခွဲခြားခြင်းပေါင်းများစွာကို မြတ်နိုး တတ်သူပါပဲ။

ကျွန်မသူငယ်ချင်းတစ်ယောက် စင်္ကာပူမှာ အိုဗာစတေးလို့ခေါ်တဲ့ O နေတာ နဲနဲတော့ကြာပြီတဲ့။ သူငယ်ချင်း ဆိုပေမယ့်လဲ သူက အသက်ကြီးတယ်။ ဒီတော့ အစ်ကိုလို့ပဲ သုံးလိုက်ပါတယ်။သူနဲ့ ကျွန်မ သိတော့ သူက သူ့ဘဝအတွေ့အကြုံတွေပြောပြလေ့ရှိတယ်။

သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ စတုတ္ထပတ် လွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နောက်တကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။
Photo: NLD facebook
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်က နေပြည်တော်၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်။
ဒါဟာ လွှတ်တော်တွင်း တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်း ပိုပြီး ပွင့်လင်းလာတယ်ဆိုတာ ပြသနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေး မဟာအောင်မြေ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး မြန်မာနဲ့ ထိုင်းခေါင်းဆောင်တွေ ကတိပြု

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်ဂိတ်အသစ်တွေ ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဒီကနေ့ သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇုလိုင်လ ၂၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်၌ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Ms. Yingluck Shinawatra တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံ နားလည်မှု သဝဏ်လွှာ MOU ကို ဒီကနေ့ လက်မှတ်ရေး ထိုးကြပါတယ်။ ဒီသဘောတူညီချက်မှာ ဒေသလုံခြုံရေး၊ အခြေခံ အဆောက်အဦးတွေ တည်ဆောက်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် စီမံခန့်ခွဲမှု ဆိုင်ရာတွေကို ထိုင်းနိုင်ငံက ကူညီမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီးဟောင်း မူခါဂျီ အိန္ဒိယသမ္မတအဖြစ် ရွေးကောက်ခံရ




ဘဏ္ဍာရေးဝန်ကြီးဟောင်း ပရာနပ်မူခါဂျီကို အိန္ဒိယသမ္မတအဖြစ် ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်အမတ်များက ရွေးကောက်တင်မြှောက်ခဲ့ကြောင်း မဲရေတွက်မှုများပြီးစီးသည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် အိန္ဒိယ သတင်းအေဂျင်စီ ပီတီအိုင်က ထုတ်ပြန်ကြေညာခဲ့သည်။
အာဏာရ ကွန်ဂရက်ပါတီမှ ၀ါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မူခါဂျီသည် စေ့စပ်ညှိနှိုင်းရေးတွင် ထူးချွန်သောကြောင့် ထင်ရှားသူဖြစ်ပြီး အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရသော ပါလီမန်တွင်း လိပ်ခဲတည်းလည်းဖြစ်မှုများကို ယခင်သမ္မတများ ထက်ပြေလည်စွာ နောက်ကွယ်မှ ဖြေရှင်းနိုင်မည့်သူဟု လေ့လာသူအချို့က သုံးသပ်ထားသည်။

မော်လမြိုင်(အထက-၁၀)ကျောင်းကို ကျောက်တင်ကား ၀င်တိုက်မှုဖြစ်ပွား




bhs10
ဇူလိုင်လ ၂၄ ရက် (ယနေ့ နံနက်)  တွင် မော်လမြိုင်မြို့အ၀င်၊ ဆွမ်းအုပ်အ၀ိုင်းအနီး၊ (အထက-၁၀)ကျောင်းအား မုတ္တမဘက်မှ စကျင်ကျောက်တုံးများ တင်လာသော ကျောက်တင်ကားတစ်စီး ၀င်တိုက်မှု ဖြစ်ပွါးခဲ့ကြောင်း၊ သတင်းရရှိပါသည်။
“ကျောင်းတက်ကာစ မိုးရွာနေတဲ့ချိန်ပေါ့၊ နံနက်(၉)နာရီမိနစ်(၂၀)လောက်ရှိမှာ၊ ၀ုန်းဝုန်းဒိုင်းဆိုပြီး မိုးချုန်းသံလို ကြားလိုက်ရတော့ ကြည့်တဲ့အခါမှာ ကျောက်ကားတစ်စီး ကျောင်းခြံစည်းရိုးကို ၀င်တိုက်ပြီး၊ ကျောင်းနံရံကို ၀င်ဆောင့် တာတွေ့ရပါတယ်၊ ကျွန်မက အပေါ်ထပ်ကနေ စာပြနေလို့ လှမ်းမြင်တာပါ။ အုတ်ခဲစင်တာတွေကြောင့်  ဆရာမ၊ ကျောင်းသားတချို့ ဒဏ်ရာရလို့ အခုဆေးရုံပို့ထားတာပါ။ အဖော်ကျောင်းသားတွေပါ လိုက်သွားရတော့ အရေအတွက် မခန့်မှန်းနိုင်သေးပါ" ဟု အခင်းဖြစ်ပွားမှုကို မြင်တွေ့သူ ဆရာမတစ်ဦးက ပြောပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis