တည်ဆောက်မည့် ၃၄ ထပ်အမြင့်ရှိ အဆောက်အအုံ၏ နမူနာပုံစံ။ လွင်ကိုတိတ် / မြန်မာတိုင်း(မ်)မြန်မာနိုင်ငံ၌ အမြင့်ဆုံး ၃၄ထပ် အမြင့်ရှိ လူနေကွန်ဒိုမီနီယမ်တစ်ခုကို မရမ်းကုန်း မြို့နယ်၊
အင်းလျားကန်အနီး၊ ဦးထွန်းငြိမ်းလမ်းပေါ်တွင် Mandalay Golden Wings(MGW) ဆောက်လုပ်
ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀အကုန်အကျခံကာ ၂၀၁၅ခုနှစ်အပြီး တည်ဆောက်သွားမည်
ဖြစ်သည်။
ဒိုင်းမွန်းအင်လျားကွန်ဒိုကို ဧရိယာ နှစ်ဧကကျော်ကျယ်သည့် မြေကွက်လပ်တွင် လာမည့်နိုဝင်ဘာ
လဆန်းမှ စတင်တည်ဆောက်မည်ဖြစ်သည်။
ထို အဆောက်အအုံသည် အင်းယားလိတ်ခ် ဟိုတယ်အနီး၊ ပါရမီလမ်းမနှင့်လည်း နီးမည်ဖြစ်သည်။
ဒိုင်းမွန်းအင်းလျားကွန်ဒို တည်ရှိရာ နေရာသည် ယခင် အမှတ်(၁)စက်မှု ၀န်ကြီးဌာနပိုင် မျက်နှာ
သုတ်ပ၀ါစက်ရုံ ဟောင်းတည်ရှိခဲ့သည့် နေရာဖြစ်ကာ အစိုးရက လေလံတင်ရောင်းချခဲ့သည့်
မြေကွက်လည်းဖြစ်သည်။































