menu

Friday 20 July 2012

၂ဝ၁၂ အမေရိကန်ရွေးကောက်ပွဲတွင် အိုဘားမား ပြန်အရွေးခံရဖွယ် ရှိဟု အမေရိကန်ရောက် မြန်မာများ သုံးသပ်

၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်သမ္မတရွေး ကောက်ပွဲ၌ ဒီမိုကရက်တစ်ပါတီဝင် လက်ရှိသမ္မတ အိုဘားမားကပင် ပြန်လည်အနိုင်ရစရာရှိကြောင်း၊ အမေရိကန်ရောက် မြန်မာနိုင်ငံသား အချို့ က လက်ရှိအခြေအနေများကို လေ့လာကာ ခန့်မှန်းကြသည်။
လက်ရှိသမ္မတအိုဘားမားက လိင်တူသူချင်း လက်ထပ်မှုကို မကြာသေးမီကထောက်ခံလိုက်သည့် အတွက် ရွေးကောက်ပွဲတွင် အနိုင်ရရန် ပိုများလာကြောင်း၊ ဆန်ဖရန်စစ္စကို တက္ကသိုလ်မှ အရှေ့တောင် အာရှဆိုင်ရာ လေ့လာမှု မဟာဘွဲ့ရထားသူ ကိုဇေယျာအုန်းက ပြောပါသည်။ သူက ““လူမည်း၊ ဒီမိုကရက်၊ လိင်တူဆက်ဆံသူတွေ အဲဒီလူတွေအားလုံးပေါင်းလိုက်တဲ့ မဲအရေအတွက်က အိုဘားမား အနေနဲ့ ပြတ်ပြတ်သားသား အဖြေမထုတ်နိုင်ရင်တောင် ကပ်နိုင်ဖို့တော့ လုံလောက်တယ်””ဟု သုံးသပ်ပြသည်။
ရီပါဘလီကန်ပါတီမှ သမ္မတလောင်း မစ်ရွှန်နေ နှင့် ဒီမိုကရက်တစ်ပါတီမှ လက်ရှိသမ္မတ ဘားရက်အိုဘားမား

နောက်ဆုံး အခန်းငယ်လေးဆီသို့

 “ရှင့်ကို ဘယ်နှခါပြောရမလဲ အပြင်တစ်ယောက်တည်းမထွက်ပါနဲ့လို့ရှင်ဟာ ကျွန်မပြောတဲ့ စကားကို တသက်လုံးနားထောင်မယ့်သူမဟုတ်ဘူးနောက်တခါ အပြင်တစ်ယောက်တည်းသွားမယ်ဆို ကျွန်မကို တသက်တာ နှုတ်ဆက်ပြီးမှသွား ဟုတ်ပြီလား.. ဒါမှ ကျွန်မရှင့်ဈာပနာအတွက်ကြိုအကြောင်းကြားပေးလို့ရမယ်”

တံခါးခေါက်ဖို့လှမ်းလိုက်တဲ့ လက်က အထဲကအော်ဟစ်သံနဲ့အတူပျံ့လွင့်လာတဲ့ အသံတုန်ရီရီကြောင့်ကျွန်တော်တန့်သွားပြီး ပြန်ထွက်ခဲ့သည်။ ရင်ဘတ်ပေါ်ချိတ်ဆွဲထားတဲ့ ရွှေရောင်နာရီအိမ်လေးကိုငုံ့ကြည့်မိတော့ မနက် ၈နာရီ ၂၀ ရှိပြီ။

ဒုက္ခမြို့ငယ်လေးထဲမှာ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အပြီးတွင်မှ "little myanmar"ဟူသည့် အသုံးအနှုန်းဖြင့် မြန်မာရပ်ကွက်လေးအဖြစ် လူသိများလာခဲ့သည်

''ကျွန်တော်တို့ကို ဘာမှမလုပ်ပါဘူးနော် ...''  
''ကျွန်မတို့ကိုတော့ ဘာမှလုပ်ဖို့ မရှိပါဘူးနော်''ဟူသည့် ပူပင်သောက မျက်နှာများဖြင့် အလောတကြီး မေးမြန်းမှုက ကျွန်တော့်အတွက် အံ့သြစရာဖြစ်ခဲ့သည်။
အပြုံးပန်းများ ဖူးပွင့်ဝေဆာလျက်ရှိသော စိတ်လက်ပေါ့ပါးပြီး နှစ်လိုဖွယ်ကောင်းသော ဒေသတစ်ခုဟု အထင်တွေက ကာယကံရှင်များ၏ အပြောစကားများကြားရင်း လွင့်ပါးသွားခဲ့ရသည်။ ဤအရပ်ဒေသတွင် လွတ်လပ်သည့် ပြုံးရွှင်မှုများကို ကလေးငယ်များတွင်သာ တွေ့ကြရ ပေလိမ့်မည်။ တွေ့ခဲ့ရသမျှ လူတော်တော်များများ၏ မျက်နှာပေါ်တွင် ဒွိဟစိတ်များ၊ တစ်စုံတစ်ခုကို ကြောက်ရွံ့နေမှုများဖြင့် လွှမ်းမိုးနေသည်ကို တွေ့ရပေမည်။

နယူးဒေလီမြို့တွင် အာဇာနည်နေ့ အခမ်းအနားကျင်းပ

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက နယူးဒေလီမြို့ BCRC ခန်းမဆောင်မှာ မနေ့က ကျင်းပခဲ့ကြပါတယ်။
အခမ်းအနားကို နံနက် ၁၀ နာရီ ၃၇ မိနစ်တိတိမှာ ကျဆုံးသွားကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အလေးပြုပြီး စတင် ကျင်းပခဲ့ကြပါတယ်။
ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြပေမယ့် မြန်မာ့နိုင်ငံရေး သမိုင်းမှာ အလွန်အရေးပါတဲ့ ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့) ကို မြန်မာနိုင်ငံသားတွေ အနေနဲ့ မမေ့ကြဖို့၊ သူများနိုင်ငံဆိုတော့ ကလေးတွေလည်း သိလာအောင်လို့ အခုလို အာဇာနည်နေ့ အခမ်းအနားကို ကျင်းပရတာ ဖြစ်တယ်လို့ အခမ်းအနား ကျင်းပရေး တာဝန်ခံ ကိုစလွန်းက RFA ကို ပြောပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားမည်

အိန္ဒိယ မြန်မာနှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ဆက်ဆံမှု ခိုင်မာမြဲမြံရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် သြဂုတ်လဆန်းပိုင်းမှာ အိန္ဒိယနိုင်ငံကို လာရောက်မှာ ဖြစ်ကြောင်း အိန္ဒိယ သတင်းမီဒီယာတွေက မနေ့က ဖော်ပြခဲ့ကြပါတယ်။
AFP
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ၆၇ ကြိမ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် စစ်ကြောင်းများအား စစ်ဆေးနေစဉ်။
ကာကွယ်ရေး ဦးစီးချုပ်ဟာ အိန္ဒိယနိုင်ငံမှာ သြဂုတ်လ (၁) ရက်နေ့ကနေ (၈) ရက်နေ့အထိ နေထိုင်မှာဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီး မစ္စတာ A K Antony အပါအ၀င် ကြည်း၊ရေ၊လေ အကြီးအကဲတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

“မြောက်ဥက္ကလာနှင့် ကွမ်းခြံကုန်းတွင် လေဆင်နှာမောင်းတိုက်၊ နေအိမ်အချို့ ပျက်ဆီးသော်လည်း လူထိခိုက်မှုမရှိ”

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် ဇူလိုင် ၁၉ရက်ညနှင့်ယနေ့နေလည်ပိုင်းတို့တွင်
လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ စုစုပေါင်းအိမ်ခြေတစ်ရာကျော်
ပျက်ဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇူလိုင် ၁၉ ရက်ည ၉နာရီ ၂၅ မိနစ်အချိန်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)
ရပ်ကွက်အတွင်း သုံးမိနစ်ကြာခန့် လေဆင်နှာမောင်းတိုက်ခိုက်ခဲ့ရာ စိန်ချယ်လမ်းရှိ ပျဉ်ထောင်အိမ်တစ်လုံးပြိုကျပျက်ဆီးခဲ့သည်။ ထို့ပြင် ခေမာ
(၃၊၄၊၅၊၆၊၈)လမ်း၊ ဆဒ္ဒန်၊ စကားဝါ၊ ခိုင်ရွှေဝါ၊ ပတ္တမြား၊ နှင်းဆီ၊သစ္စာ၊စိန်ချယ်နှင့်  ကျောင်းလမ်းတို့မှ စုစုပေါင်းလူနေအိမ် (၁၀၂) လုံး အမိုးများပျက်ဆီးသွားခဲ့ကြောင်းသိရသည်။

ကချင်နှင့် ရှမ်းမြောက်ရှိ စစ်ဘေးဒုက္ခသည်များအား အမေရိကန်မှ ခြောက်လစာ ဆန်ထောက်ပံ့မည်

ရန်ကုန်၊ဇူလိုင်-20
အမေရိကန်အစိုးရမှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရထိန်းချုပ်နယ်မြေနှင့် အစိုးရထိန်းချုပ်နယ်မြေမဟုတ်သည်
့ ဒေသများမှ စစ်ဘေးဒုက္ခသည် ငါးသောင်းငါးထောင်အတွက် ခြောက်လစာ ဆန် မတ်ထရစ်တန် သုံး
သောင်းလေးထောင်အား ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှတဆင့် လှူဒါန်းမည်ဖြစ်ကြောင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်ကယနေ့ပြောကြားသည်။

ဗန်းမော်-ကသာ ရှပ်ပြေးရေယာဉ်တိမ်းမှောက်



ရန်ကုန်၊ ဇူလိုင်-၂၀
ယနေ့ နံနက် ၉ နာရီခန့်က ခရီးသည် ၁၀၀ ကျော် တင်ဆောင်ထားသည့် ဗန်းမော်-ကသာ ပြေးဆွဲနေသည့် ရှပ်ပြေးအမြန်ရေယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်
း သတင်းရရှိသည်။

အဆိုပါ ရှပ်ပြေးယာဉ်အမည်မှာ ရွှေမြတ်မင်းဖြစ်ပြီး နံနက် ၉ နာရီတိတိတွင် ဗန်းမော်ဆိပ်ကမ်းမှ ထွက်ခွာရန်အတွက် စက်နှိုးရာ တက်မ လှည့်မရဘဲ ရေစီးကြမ်းနေချိန်ဖြစ်သောကြောင့် တိမ်းမှောက်သွားကြောင်း အဆိုပါ ဆိပ်ကမ်းတွင် ရေယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သည့် အမျိုးသားတစ်ဦးက 7Day News သို့ တယ်လီဖုန်းမှတဆင့် ပြောသည်။

မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြား

  မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ
USDP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ် နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြား ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင် ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၄င်း စီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံ မေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်းဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis