menu

Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

Saturday, 15 February 2014

ပြင်ရေး၊ ဖြုတ်ရေးနှင့် သင်ရိုးညွှန်းတမ်း

Photo: ပြင်ရေး၊ ဖြုတ်ရေးနှင့် သင်ရိုးညွှန်းတမ်း

(လဲ့ရည်မြင့်)

အခြေခံပညာ သင်ရိုးညွှန်းတမ်း များသည် ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်သော ပမာဏထက် ပိုများနေခြင်းကြောင့် လာမည့် ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်တွင် ၄၀ ရာခိုင်နှုန်းကျော် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က တရားဝင် ပြောကြားလိုက်သည်။
စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးချိန် ပိုမိုရရှိပြီး နိုင်ငံတကာ အရည်အသွေးမီ သင်ခန်းစာများအဖြစ် ပြောင်းလဲရန် အခြေခံပညာ အဆင့်တွင် သင်ရိုးညွှန်းတမ်းများ လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုတွင် လွဲမှားနေသော ပုံနှိပ်စာများကိုသာ ပြင်ဆင်ခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်မူ သင်ရိုးညွှန်းတမ်းများကို ပထမဆုံးအကြိမ် လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့်တွင် ၂၀ ရာခိုင်နှုန်း၊  အလယ်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်းနှင့် အထက်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်း ပြောင်းလဲထားကြောင်း ဒေါက်တာ ဇော်မင်းအောင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၏ နှစ်ပေါင်း နှစ်ဆယ်ကျော် နောက်ကျကျန်နေသော သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးကို ပညာရေး အသိုင်းအဝိုင်းက လိုလားစွာ လက်ခံသော်လည်း စနစ်တကျ သုတေသန ပြုလုပ်ပြီးမှသာ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရန် ၎င်းတို့က ဝေဖန်အကြံပြုသည်။

သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ အဆင့်မြှင့်တင်ရေးအတွက် ၂၀၀၆ ခုနှစ်တွင် ဘာသာရပ်အလိုက် မွမ်းမံဆွေးနွေးပြီး ၂၀၀၈-၂၀၀၉ ပညာသင်နှစ်၌ စတင်သင်ကြားခဲ့ကာ ယခု ၂၀၀၄-၂၀၁၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန၏  သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။

အဆိုပါသင်ရိုး ပြင်ဆင်ရေးအတွက် ၂၀၁၂ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာနနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ပါဝင်သော ဘက်စုံလွှမ်းခြုံသည့် ပညာရေး လေ့လာ သုံးသပ်ရေးလုပ်ငန်း (CESR) က အကြံပြုထားခြင်း ဖြစ်ပြီး CESR က အခြေခံပညာ သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ရေးအတွက် သင်ရိုးညွှန်းတမ်း အခြေခံမူဘောင် ရေးဆွဲရန် ဦးစွာ တိုက်တွန်းခဲ့သည်။

“သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ဖို့ မူဘောင် ရှိမှရမယ်။ အခုမူကြမ်းတော့ပြီး သွားပါပြီ” ဟု ပညာရေးဝန်ကြီးဌာန သင်ရိုးညွှန်းတမ်း ရေးဆွဲရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းကြောင့် လက်ရှိအချိန်တွင် သင်ရိုးညွှန်းတမ်းများ လျှော့ချခြင်း၊ စာအုပ်ဒီဇိုင်းနှင့် စက္ကူသားများ ပြောင်းလဲခြင်းတို့သာ ပြုလုပ်နေကြောင်း ၎င်းကပြောကြားသည်။

တစ်ဖက်တွင်လည်း သင်ရိုးညွှန်းတမ်း များနေခြင်းကြောင့် လျှော့ချပေးခြင်းမှာ အဖြေတစ်ခု မဟုတ်ကြောင်း ပုဂ္ဂလိကပညာရေး အသိုင်းအဝိုင်းအချို့က ဝေဖန်ကြသည်။ အစိုးရ ပြဋ္ဌာန်းဖတ်စာအုပ်နှင့် သင်ရိုးမာတိကာသည် ပုဂ္ဂလိက ကျောင်းများထက် နည်းပါးနေသော်လည်း အလွတ်ကျက်စနစ်နှင့် သင်ကြားနေသောကြောင့် သင်ရိုးညွှန်းတမ်း များပြားနေသယောင် ဖြစ်နေကြောင်း နိုင်ငံတကာ ပုဂ္ဂလိက ကျောင်းဆရာတစ်ဦးက ဆိုသည်။

ပညာရေးဝန်ကြီးဌာန အခြေခံ ပညာအဆင့်သည် အိမ်နီးချင်းနိုင်ငံထက် စာသင်နှစ် နည်းပါးနေပြီး တွဲဖက် သင်ရိုးညွှန်းတမ်း သင်ကြားမှုလည်း အားနည်းကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

ဝေးလံသော ဒေသများရှိ အခြေခံ ပညာကျောင်းများတွင် ဆရာနှင့် ကျောင်းသား အချိုးမမျှတမှုသည် စဉ်းစားတွေးခေါ်မှု အားမပေးသော သင်ကြားနည်း စနစ်များကို အားပေးနေဆဲ ဖြစ်ပြီး သင်ရိုးညွှန်းတမ်း ပြောင်းလဲသော်လည်း သင်ကြားနည်းနှင့် အခြားပံ့ပိုးမှုပိုင်း မရှိလျှင် ပညာရေးစနစ် တိုးတက်မှု မရှိကြောင်း အခြေခံပညာဆရာ၊ ဆရာမအချို့က ပြောကြားသည်။ 

ယင်းအပြင် အရည်အသွေးစိစစ် အကဲဖြတ်သည့် စာမေးပွဲစနစ်ကိုလည်း အမြန်ဆုံး ပြင်ဆင်ကြရန် ပြည်တွင်း ပညာရေး သုတေသန ပညာရှင်များက ဆိုသည်။

မည်သို့ပင်ဆိုစေ သင်ရိုးညွှန်းတမ်းအားလုံး ပြင်ဆင်ရန် အခြေခံ လိုအပ်ချက် တစ်ခုဖြစ်သော သင်ရိုးညွှန်းတမ်း မူဝါဒကို ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီ၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ကွန်ရက် (NNER) နှင့် နိုင်ငံတော်သမ္မတရုံး ဦးဆောင်သည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က တစ်ပြိုင်နက်တည်း ရေးဆွဲနေကြသည်။

သို့သော် အများပြည်သူများ တောင်းဆိုနေကြသော ဒေသတွင်းအဆင့်မီ သင်ရိုးညွှန်းတမ်းကို အခြေခံပညာ သင်ရိုးညွှန်းတမ်း မူဝါဒ အတည်ပြုပြီးလျှင် ထွက်ရှိနိုင်ခြင်းရှိ၊ မရှိ ဆက်လက် စောင့်ဆိုင်းရဦးမည်။

“ခေတ်မမီတဲ့ သင်ခန်းစာတွေ အကုန်ပြောင်းစေချင်တယ်” ဟု လုပ်သက် ဆယ်နှစ်ကျော်ရှိ နိုင်ငံတကာပုဂ္ဂလိက ကျောင်းဆရာတစ်ဦးက ဆိုသည်။

(လဲ့ရည်မြင့်)

အခြေခံပညာ သင်ရိုးညွှန်းတမ်း များသည် ကျောင်းသား၊ ကျောင်းသူများ လေ့လာနိုင်သော ပမာဏထက် ပိုများနေခြင်းကြောင့် လာမည့် ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်တွင် ၄၀ ရာခိုင်နှုန်းကျော် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က တရားဝင် ပြောကြားလိုက်သည်။
စာသင်ခန်းအတွင်း အပြန်အလှန် ဆွေးနွေးချိန် ပိုမိုရရှိပြီး နိုင်ငံတကာ အရည်အသွေးမီ သင်ခန်းစာများအဖြစ် ပြောင်းလဲရန် အခြေခံပညာ အဆင့်တွင် သင်ရိုးညွှန်းတမ်းများ လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခင်က သင်ရိုးညွှန်းတမ်း ပြင်ဆင်မှုတွင် လွဲမှားနေသော ပုံနှိပ်စာများကိုသာ ပြင်ဆင်ခဲ့သော်လည်း ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်မူ သင်ရိုးညွှန်းတမ်းများကို ပထမဆုံးအကြိမ် လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းအဆင့်တွင် ၂၀ ရာခိုင်နှုန်း၊ အလယ်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်းနှင့် အထက်တန်း အဆင့်တွင် ၁၁ ရာခိုင်နှုန်း ပြောင်းလဲထားကြောင်း ဒေါက်တာ ဇော်မင်းအောင်က ပြောကြားသည်။

Saturday, 1 February 2014

တက္ကသိုလ်ဝင်တန်း အသက် ၆၃ နှစ် အမျိုးသား ဝင်ရောက် ဖြေဆိုမည်

Photo: ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဘတ်ဂျက်မျှ သုံးပေးရန် ဝန်ကြီးဌာနများကို တောင်းဆို

နေပြည်တော်၊ ဇန်နဝါရီ ၃၀

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ဘဏ္ဍာငွေ တိုးမြှင့်သုံးစွဲမှု မရှိသောကြောင့် အခြားဝန်ကြီးဌာနများမှ ရရှိထားသော ဘဏ္ဍာငွေများကို မျှဝေ သုံးစွဲပေးရန် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက တောင်းဆိုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်များကို တင်ပြရာတွင် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ယင်းသို့ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။

အဆိုပါ အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ ဘဏ္ဍာငွေ သတ်မှတ်ချက်များတွင် လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရန် အဓိက ကဏ္ဍများဖြစ်သော ပညာရေးနှင့် ကျန်းမာရေးအတွက် ထပ်မံတိုးမြှင့်မှု မရှိဘဲ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတိုင်းသာ ရှိနေသောကြောင့် အခြားဝန်ကြီးဌာနများ အနေနှင့် မျှဝေသုံးစွဲ သင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ဆိုသည်။
“နိုင်ငံတော်အတွက် အဓိကကျတဲ့ ကဏ္ဍတွေမှာ တိုးမြှင့်မှုမရှိဘဲ ဒီအတိုင်းသာ ရှိနေတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဝန်ကြီးဌာန ၁၀ ခုလောက်က မျှသုံးလိုက်ရင် အဆင်ပြေမှာပါ” ဟု ၎င်းကဆိုသည်။

ကျောင်းသားနှင့် ဆရာအချိုးမှာ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် တက်လာစေရန် ဆောင်ရွက်ခြင်း မရှိသဖြင့် အချိုးသိသာစွာ မြင့်လာစေရန် စီမံကိန်းများ၊ လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရန်နှင့် ပညာရေး အသုံးစရိတ် လျာထားရာတွင် လိုအပ်ချက် ပြည့်မီသော အစီအစဉ်များကို တိုးမြှင့် သုံးစွဲသင့်ကြောင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အစီရင်ခံစာတွင် ပါရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျောင်းသားဦးရေ တစ်ထောင်လျှင် မူလတန်းအဆင့်တွင် ဆရာဆရာမ ၃၀ ဦး၊  အလယ်တန်း အဆင့်တွင် ဆရာဆရာမ ၃၄ ဦးနှင့် အထက်အတန်း အဆင့်တွင် ဆရာ ဆရာမ ၂၅ ဦးကိုသာ အသုံးပြုထားကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ထို့ပြင် ဝန်ကြီးဌာန ၃၄ ခုမှ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းတာ စီမံကိန်း ရင်းနှီးမြှုပ်နှံမှုများတွင် ငွေကျပ် ၆၈၅၅ ဒသမ ၇ ဘီလီယံ အသုံးပြုမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရသည်။

ကော့သောင်း၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း မြို့နယ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက် ဖြေဆိုမည့် အသက် ၆၃ နှစ်အရွယ်ရှိ ဦးအောင်ရွှေသည် စာမေးပွဲ ဖြေဆိုရန် လပိုင်း အလိုအထိ စိတ်ကြိုက် မြန်မာစာ ပုံနှိပ်စာအုပ် မရသေးဟု ကာယကံရှင် ဦးအောင်ရွှေထံမှ သိရသည်။

၎င်းသည် ၁၉၇၃ ခုနှစ်က တစ်ခါ ဖြေဆိုခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးကြောင့် မဖြေဖြစ်တော့ရာမှ ၂၀၁၁ - ၂၀၁၂ ပညာသင်နှစ်မှ စပြီး ပြန်လည် ဖြေဆိုခဲ့ကြောင်း၊ ဝိဇ္ဇာအတွဲ(၄)နှင့် စိတ်ကြိုက် မြန်မာစာကို ယူထားသော်လည်း ပြန်လည် ဖြေဆိုသည့်နှစ်မှ စပြီး ယခုနှစ် သုံးနှစ်မြောက်အထိ စိတ်ကြိုက် မြန်မာစာ ပုံနှိပ်စာအုပ်ကို လက်ဝယ် မရရှိသေးကြောင်း ဦးအောင်ရွှေက ပြောကြားသည်။

“မြို့နယ် ပညာရေးမှူးရုံး၊ တိုင်းပညာရေးမှူးရုံး၊ တက္ကသိုလ်က မြန်မာစာ ဌာနတွေကို မေးတယ်။ သူတို့မှာလည်း မရှိဘူး။ အခုထိ စိတ်ကြိုက် မြန်မာစာကို မလေ့လာရသေးဘူး။ တခြားဘာသာတွေက အခက်အခဲ မရှိဘူး” ဟု ဦးအောင်ရွှေက ဆိုသည်။

Sunday, 26 January 2014

အဆင့်မြင့်ပညာ ဥပဒေမူကြမ်း နည်းပညာကျောင်းသား တစ်သောင်းကျော် ကန့်ကွက်

Photo: အဆင့်မြင့်ပညာ ဥပဒေမူကြမ်း နည်းပညာကျောင်းသား တစ်သောင်းကျော် ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲသော အဆင့်မြင့်ပညာ မူကြမ်းတွင် ကျောင်းသားကျောင်းသူ ၇၀၀ ကိုသာ အင်ဂျင်နီယာဘွဲ့ပေးမည် ဆိုသောကြောင့် ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် ကျောင်းလေးကျောင်းမှ ကျောင်းသား ကျောင်းသူ တစ်သောင်းတစ်ထောင့် ငါးရာကျော်က တစ်လအတွင်း လွှတ်တော်သို့ တင်သွင်းကန့်ကွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကိုယ်စား သန်လျင် နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်ထက်က The Voice သို့ ပြောကြားသည်။

“နည်းပညာတက္ကသိုလ် ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ကျောင်းသူက တစ်သောင်းနီးပါးလောက် ရှိတယ်။ အဲဒီထောင်ချီပြီးရှိတဲ့ ကျောင်းပေါင်း များစွာထဲကမှ ကျောင်းသား ၇၀၀ ကိုပဲ အင်ဂျင်နီယာ ဘွဲ့ရခွင့်ပေးမယ်ဆိုတော့ ကျောင်းသားတွေ တော်တော်များများ နစ်နာတာပေါ့” ဟု သန်လျင် နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသူ ကိုထူးအောင်က The Voice သို့ ပြောဆိုသည်။

ထို့ပြင် လက်ရှိ ကျောင်းသားများနှင့် တိုက်ရိုက် ပတ်သက်နေသော မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ် ဆွေးနွေးရာတွင် တာဝန်ရှိလူကြီးများ အနေနှင့် လူကြီးလူကောင်း ဆန်ဆန် ပွင့်လင်းမြင်သာမှု ရှိစွာ၊ တာဝန်ယူမှု ရှိစွာဖြင့် ကျောင်းသားများကို အရေးတယူ အသိပေး ဆောင်ရွက်ပေးရန် နည်းပညာ တက္ကသိုလ်ကျောင်းသားများက ထုတ်ပြန်ထားသည်။

“အဆင့်မြင့် ပညာကဏ္ဍမှာ နည်းပညာ ကျောင်းသားနဲ့ ကွန်ပျူတာ ကျောင်းသားများ၊ ဆရာဆရာမများမှ လွတ်လပ်စွာ အကြံပြုနိုင်ပါတယ်” ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်က ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော အဆင့်မြင့်ပညာ ကဏ္ဍဆွေးနွေးပွဲတွင် ပြောကြားသည်။

အဆင့်မြင့်ပညာကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ပြီး မည်သည့် အကြံပြုချက်ကိုမဆို ပညာရေး မြှင့်တင်မှု ကော်မတီရှိ လုပ်ငန်းအဖွဲ့ (Working Group) က လက်ခံသွားမည် ဖြစ်ကာ မည်သူမဆို ဝင်ရောက် အကြံပြုနိုင်ကြောင်း ဝန်ကြီးဌာနများက ဖိတ်ခေါ်ထားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၅

ပညာရေး မြှင့်တင်မှု ကော်မတီက ရေးဆွဲသော အဆင့်မြင့်ပညာ မူကြမ်းတွင် ကျောင်းသားကျောင်းသူ ၇၀၀ ကိုသာ အင်ဂျင်နီယာဘွဲ့ပေးမည် ဆိုသောကြောင့် ရန်ကုန်နှင့် မန္တလေး နည်းပညာ တက္ကသိုလ် ကျောင်းလေးကျောင်းမှ ကျောင်းသား ကျောင်းသူ တစ်သောင်းတစ်ထောင့် ငါးရာကျော်က တစ်လအတွင်း လွှတ်တော်သို့ တင်သွင်းကန့်ကွက် သွားမည် ဖြစ်ကြောင်း အဆိုပါ ကျောင်းသားများကိုယ်စား သန်လျင် နည်းပညာတက္ကသိုလ်မှ ကိုကျော်ဇင်ထက်က The Voice သို့ ပြောကြားသည်။

“နည်းပညာတက္ကသိုလ် ကျောင်းတစ်ကျောင်းမှာ ကျောင်းသား ကျောင်းသူက တစ်သောင်းနီးပါးလောက် ရှိတယ်။ အဲဒီထောင်ချီပြီးရှိတဲ့ ကျောင်းပေါင်း များစွာထဲကမှ ကျောင်းသား ၇၀၀ ကိုပဲ အင်ဂျင်နီယာ ဘွဲ့ရခွင့်ပေးမယ်ဆိုတော့ ကျောင်းသားတွေ တော်တော်များများ နစ်နာတာပေါ့” ဟု သန်လျင် နည်းပညာတက္ကသိုလ်တွင် တက်ရောက်နေသူ ကိုထူးအောင်က The Voice သို့ ပြောဆိုသည်။

Wednesday, 25 December 2013

စမ်းတဝါးဝါး ပညာရေးမြှင့်တင်မှု

ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက် ဆောင်ရွက်နေသော အစိုးရသစ် လက်ထက် အရှိန်အဟုန် ပြင်းစွာနှင့် ပြင်ဆင်နေသည့် ပြန်တမ်းဝင် အရာရှိများ၏ ပညာရေး မြှင့်တင်မှု စီမံကိန်းများသည် ကလေးသူငယ်များနှင့် လက်တွေ့ ထိတွေ့ သင်ကြားနေရသူ ဆရာ ဆရာမများ၊ စီမံခန့်ခွဲရေး တာဝန်ရှိသူများနှင့် အဆင့်မြင့်ပညာရေး သုတေသန ပညာရှင်များအတွက် ထင်သလောက် ခရီးမပေါက်ခဲ့ချေ။
နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြိမ်ကြိမ် ပြောင်းလဲခဲ့သော ပညာရေး ပြုပြင်မှုများကို ယုံကြည်မှု မဲ့လာသော ပညာရေး အသိုင်းအဝိုင်းက အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှု လုပ်ငန်း များကြောင့် ပညာရေးစနစ် ထပ်မံ မနိမ့်ကျသွားရန် အငြိမ်းစား ပညာရေး ဝန်ထမ်းများ၊ ပြင်ပ ပညာရှင်များက အပြိုင်အဆိုင် သုံးသပ် ထောက်ပြကြသည်။
အစိုးရ၏ နှစ်ပေါင်းများစွာ ပညာရေး အသုံးစရိတ်ကို အနည်းဆုံး ခွဲဝေပေးခြင်း၏ ရလဒ်ကြောင့် ဆရာ၊ ဆရာမများ၏ ဂုဏ်သိက္ခာ၊ လူမှု စီးပွားရေး အပါအဝင် စာသင်ကျောင်းများ၏ အသွင်အပြင်၊ သင်ရိုးညွှန်းတမ်း အားလုံးမှာ ဒေသတွင်း နိုင်ငံများအကြား မျက်နှာငယ်ကြရသည်။

အသုံးစရိတ် မရသောကြောင့် အမိုး၊ အကာ မလုံခြုံသော စာသင်ကျောင်းများ၊ ဘဝအာမခံချက် မပေးထားသော ပဋိပက္ခ ဒေသများနှင့် ဝေးလံခေါင်သီသော ဒေသများမှ အခြေခံပညာ ဆရာ၊ ဆရာမများ၏ အခြေအနေတို့ကို ဥပမာပေးပြီး လက်ရှိ ပညာရေး မြှင့်တင်မှု လုပ်ငန်းများကို အား မရသေးကြောင်း၊ အဆင့်မြင့်ကဏ္ဍတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ ပေါ်ပေါက်ရန် တောင်းဆိုမှုမှာလည်း ရှုပ်ထွေးနေသော စီမံခန့်ခွဲမှုကြောင့် သီးခြားခွဲထုတ် မရသည့် အခြေအနေ ဖြစ်နေကြောင်း အစိုးရသစ် လက်ထက် ပညာရေး မြှင့်တင်မှုတွင် ပါဝင်နေသူများက ဆိုသည်။

Saturday, 21 December 2013

ပညာရေး မူဝါဒသစ်တွေကို ဆရာများ သမဂ္ဂက လက်မခံနိုင်

ပညာရေးစံနစ် ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေတဲ့ ကာလမှာ အာဏာပိုင်တွေဖက်က မူကြမ်း အဖြစ် ရေးဆွဲထားတဲ့ ပညာရေး မူဝါဒက အချက်တွေကို တက္ကသိုလ် အသီးသီးက ဆရာများ သမဂ္ဂက လက်မခံနိုင်ကြဘူးလို့ သိရပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာန ထိန်းချုပ်မှုအောက်ကနေ ဗဟိုကောင်စီ ထိန်းချုပ်မှုအောက်ကို ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက် အမည်သာ ပြောင်းလဲသွားပြီး တက္ကသိုလ်တွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တကယ်တမ်း မရမှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဒဂုံတက္ကသိုလ် ဆရာများ သမဂ္ဂ အတွင်းရေးမှုး ဦးဇော်မျိုးလှိုင်ကို မေးမြန်းကြည့်တဲ့ အခါ အခုလ ၁ဂ ရက်နေ့တုန်းက အစည်းအဝေး ဆုံးဖြတ်ချက် မူကြမ်းကို သူတို့ကို ပြခဲ့ပြီး တက္ကသိုလ် ဗဟို ကောင်စီ မလိုဘူးလို့ ပြောခဲ့ကြောင်း သူက ရှင်းပြပါတယ်။

မူကြမ်းထဲမှာ ပါမောက္ခချုပ်တွေ ၇၅ ရာခိုင်နှုန်း ၊ တခြား အဖွဲ့က ပညာရှင်တွေ ၂ဝ ကျော်နဲ့ ဆရာ တယောက်စီ ၊ ကျောင်းသား တယောက်စီ ပါဝင် ဗဟိုကောင်စီကို ဖွဲ့စည်းဖို့ ပြင်ထားတယ်လို့ သူက ဆိုပါတယ်။

Monday, 16 December 2013

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများ ပုံစံပြောင်းမည်

Photo: စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲများ ပုံစံပြောင်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများ ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို ရမှတ်နှင့် စစ်ဆေးသော ပုံစံဖြင့် စစ်ဆေးနေရာမှ အဆင့် အမျိုးအစားအလိုက် ခွဲခြား အတန်းတင်ပေးမည့် စာမေးပွဲစနစ် (Level Test) သို့ ပြောင်းလဲသွားရန် စီစဉ်နေကြောင်း ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စာမေးပွဲစနစ် အပြောင်းအလဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကျင့်သုံးနေသော အမှတ် ၄၀ ရပါက စာမေးပွဲ အောင်မြင်သည့် စနစ်မှ အဆင့်အလိုက် ခွဲခြား၍ အတန်းတင်ပေးသော စနစ်သို့ ပြောင်းလဲရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ Level A နှင့် Level B ကို အတန်းကူးပြောင်းနိုင်သော အဆင့် အဖြစ် သတ်မှတ်ထားပြီး Level C ကို လိုအပ်ချက်များ ပြန်လည် သင်ကြားပြီးမှ အတန်းတင်ပေးရန် သတ်မှတ်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ကလေးတွေရဲ့ အရည်အချင်းကို အမှတ်နဲ့ ဖြတ်တဲ့အခါ အပြိုင်အဆိုင်တွေ များလာတယ်။ ပညာအတွက် ပြိုင်ကြတာ မဟုတ်ဘူး။ အမှတ်အတွက် ပြိုင်တာ” ဟု ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက The Voice သို့ ပြောဆိုသည်။

ယင်းစာမေးပွဲစနစ်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ တရားဝင် ထုတ်ပြန်ချက် မရှိသေးကြောင်း အခြေခံပညာ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုသည်။

အခြေခံပညာရေး စနစ်တွင် တတ်မြောက်မှု စစ်ဆေးရာ၌ ရမှတ်ကိုသာ အဓိက ထားသောကြောင့် ပညာရေးစနစ် တဖြည်းဖြည်း အားနည်းခဲ့ရကြောင်း၊ ယင်းအပြင် တက္ကသိုလ် ဝင်ခွင့်တွင်လည်း ရမှတ်နှင့် ဆုံးဖြတ်သည့်အတွက် ဝါသနာနှင့် ကိုက်ညီမှု မရှိသော ပညာရေးကိုသာ သင်ကြားနေရကြောင်း ပညာရေး လေ့လာ သုံးသပ်သူများက ထောက်ပြ ဝေဖန်ကြသည်။

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ်များ ပြောင်းလဲမည့် အစီအစဉ်ကို ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေး လေ့လာသုံးသပ်ရေး အစီအစဉ် (CESR) နှင့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီတို့က အကြံပြု ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို မြို့နယ်အဆင့် စာမေးပွဲစနစ်မှ ကျောင်းအဆင့် စာမေးပွဲစနစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု Level Test အဖြစ် ပြောင်းလဲရန် စီစဉ် လုပ်ဆောင်နေခြင်း ဖြစ်သည်။  

စတုတ္ထတန်းနှင့် အဋ္ဌမတန်း အတန်းတင် စာမေးပွဲစနစ် အပြောင်းအလဲနှင့် ပတ်သက်ပြီး လွန်ခဲ့သော အောက်တိုဘာ လကုန်က ကျင်းပသည့် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် ယင်းစာမေးပွဲများကို မြို့နယ်နှင့် တိုင်းဒေသကြီးအဆင့် ကျင်းပသွားရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြသော်လည်း ယင်းစနစ်အစား Level Up စနစ်ကို ပြောင်းလဲရန် ဆွေးနွေးနေခြင်း ဖြစ်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အခြေခံပညာအဆင့် အတန်းတင် စာမေးပွဲများ ဖြစ်သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းအဆင့် စာမေးပွဲများကို ရမှတ်နှင့် စစ်ဆေးသော ပုံစံဖြင့် စစ်ဆေးနေရာမှ အဆင့် အမျိုးအစားအလိုက် ခွဲခြား အတန်းတင်ပေးမည့် စာမေးပွဲစနစ် (Level Test) သို့ ပြောင်းလဲသွားရန် စီစဉ်နေကြောင်း ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီဝင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စာမေးပွဲစနစ် အပြောင်းအလဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သော ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီ အစည်းအဝေးတွင် အမှတ် (၁) အခြေခံပညာ ဦးစီးဌာနနှင့် ပညာရေး သုတေသနအဖွဲ့ ဦးစီးဌာန ပူးတွဲ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကျင့်သုံးနေသော အမှတ် ၄၀ ရပါက စာမေးပွဲ အောင်မြင်သည့် စနစ်မှ အဆင့်အလိုက် ခွဲခြား၍ အတန်းတင်ပေးသော စနစ်သို့ ပြောင်းလဲရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ Level A နှင့် Level B ကို အတန်းကူးပြောင်းနိုင်သော အဆင့် အဖြစ် သတ်မှတ်ထားပြီး Level C ကို လိုအပ်ချက်များ ပြန်လည် သင်ကြားပြီးမှ အတန်းတင်ပေးရန် သတ်မှတ်မည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

Sunday, 17 November 2013

" ပညာရေး ဝေးသေး၏ "

Photo: " ပညာရေး ဝေးသေး၏ "

(၁)

တိုင်းပြည်၏ အရေးပါအရာ ရောက်ကြသူ အားလုံး ဆရာ၊ ဆရာမ များ၏ တပည့်များဖြစ်ခဲ့ကြဖူးသော် လည်း ဆရာ၊ဆရာမတို့၏ ဆန်အိုးတွင် ဆန်ပြည့်နေစေ ရန်လို အပ်ကြောင်းကို အစိုးရသစ်လက်ထက်တွင် စတင်ပြော ဆိုလိုက်သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်မှလွဲ၍ ပညာရေးမြှင့်တင်ရန် စိတ်အားထက် သန်နေကြသော မည်သည့်လွှတ်တော် အမတ်မင်းကမျှ ဆရာ၊ ဆရာမတို့၏ ဘဝ ယခုအရေး နောက်အရေးနှင့် ပတ်သက်သည့် စာနာသိတတ်မှုအဆို ကိုမျှ မတင် သွင်းနိုင်ဘဲ ကျေးဇူးတုံ့ပြန် နေကြသည်။ ဆက်လက်၍ ဦးခင်အောင်မြင့် က အောက်တိုဘာ ၁ဝ ရက် အမျိုး သား လွှတ်တော်အစည်းအဝေးတွင် ”ကျောင်းသား ဗဟိုပြုတဲ့ စနစ်က ပြော သာပြောနေတယ် ဘာမှ ကျောင်းသား ကို ဗဟို မပြုဘူး” ဟူ၍လည်း ဝေဖန်လိုက်သည်။

(၂)

ပညာရေးအကြောင်း ပြောဆို ကြသည့်အခါ လက်ညှိုးထိုးအခံရဆုံးမှာ ကျူရှင်ဝန်ထုပ်ဝန်ပိုးကြီးပင် ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကျူရှင်ပပျောက်ရေး အ တွက် အမိန့်ထုတ်တားဆီးခြင်းနှင့် အရေးယူအပြစ်ပေးခြင်းတို့ကိုသာ တွင် တွင်ဆောင်ရွက်ခဲ့သည်ချည်း ဖြစ်သည်။ ကျူရှင်သင်ရသည့် အကြောင်းရင်းနှင့် ကျူရှင် သင်ဖြစ်အောင် ဖန်တီးပေးနေ သည့် ဝန်းကျင် အခြေအနေတို့ကိုမူ မစဉ်းစားခဲ့ကြချေ။ ထို့ကြောင့် မပ ပျောက်ခဲ့ပါ။ ကျူရှင်မစို့မပို့သင်မိ၍ အရေးယူခံလိုက်ရသော သူများ ရှိ သကဲ့သို့ ကျူရှင်ဖြင့် တိုက်ဆောက်ကားစီး ပြီး ဘေးရန်ကင်းရှင်း နေကြသူများ လည်း ရှိပါသည်။

(၃)

ဆရာ၊ဆရာမများသည် စကတည်း က ကျူရှင်သင်ခဲ့ကြသူများ မဟုတ်ပါ။ ပိုသိ ပိုတတ်လိုသည့်ကြေးရတတ် မိ သားစုအချို့နှင့် စာမလိုက်နိုင်သူအချို့ လောက်သာ ကျူရှင်တက်လေ့ရှိခဲ့ကြ သည်။ သို့သော် ထိုကျူရှင်ရေစီးထဲ တွင် ကျောင်းသင်ဆရာများ မပါဝင် ကြသေးပါ။ ဆရာ၊ ဆရာမတို့မှာ စာ မလိုက်နိုင်သူ ကျောင်း သူ၊ ကျောင်း သား များကို အိမ်တွင်ခေါ်သင်သည့်အခါ အခကြေး ငွေ မရသည့်အပြင် လိုအပ် သည်တို့ကိုပင် ကူညီခဲ့ကြရသည့်အဖြစ် များရှိခဲ့ဖူး သည်။ ကျောင်းသားများက လည်း ကျေး ဇူးသိတတ်မှုကို တန်ဖိုး မများသော စားသောက်ဖွယ်ရာ၊ လုပ် အားအကူအညီတို့ဖြင့် ပြန်လည်ပေး ဆပ်ပြီး နွေးထွေးလှပသော ဆရာ တပည့် မိသားစုဆန် ဆန်နှောင် ဖွဲ့မှုကို ရရှိခဲ့သည်။ သို့သော် ထိုလှပသည့် ရှုခင်းသာယာကလေးအား ဖျက်ဆီး လိုက်သည်မှာ ၈၈ အလွန် ကာလများ ဟု မှန်းဆနိုင်သော ကသောင်းကနင်း ဆန်သည့်

ရေတိုစီမံခန့်ခွဲမှုများနှင့် စီးပွားရေး သရဲစီးမှုများပင် ဖြစ်သည်။ ယင်းမုန်တိုင်းထန်ထန်တွင် အိုးထဲမှ ဆန်အတွက်ထက်ပိုသော ဆရာမဆန် မှုများလည်း ပေါ်ပေါက်လာ ရ သည်။ ကုစားရန်အတွက် အမိန့်ထုတ်တားဆီး ခြင်းနှင့် အရေးယူအပြစ်ပေးခြင်းတို့ကို ကျင့်သုံးခဲ့သော်လည်း အနာနှင့်ဆေး မတည့်ဘဲ လူနာလည်းပန်း ဆေးလည်း ကုန် အနာလည်းတိုးသည့်အဖြစ်နှင့် သာ ကြုံတွေ့ခဲ့ရသည်။ လွှတ်တော် ဥက္ကဋ္ဌကြီးကဲ့သို့ ဆရာများ၏ ဆန်အိုး ထဲငဲ့ကြည့်သူ မရှိခဲ့။ တပ်မတော်သား များကဲ့သို့ အခမဲ့ ကုသ စရာ ဆေးရုံ ဆေးခန်းကား ဝေးစွ။

ပြဿနာ၏ မူလရင်းမြစ်ကို မစူး စမ်း မကိုင်တွယ်ဘဲ ပညာရေး ဒုဝန် ကြီးဖြေကြားသကဲ့သို့ ”ကျူရှင်လုံးဝ မသင်ရ အမိန့်ထုတ်ပြန်” လိုက်ရုံဖြင့် ပြေလည်သွားမည် မဟုတ် သလို လုံ လောက်သော အဖြေလည်းမဟုတ်ပါ။ ထို့ကြောင့်လည်း လွှတ်တော်ဥက္ကဋ္ဌကြီး က ”ဒုဝန်ကြီးက အလွတ်ကျက်လာတဲ့ စာကို လာရွတ်ပြသ လို ဖြစ်နေတယ်” ဟု ထောက်ပြလိုက်ခြင်း ဖြစ်သည်။

(၄)

မြေဆီသြဇာ မကောင်းသော နေရာတွင် မည်သည့်အပင်မျှ အပြိုင်း အရိုင်း ရှင်သန်နိုင်မည်မဟုတ်ပါ။ ကျူ ရှင်များအားကောင်းမောင်းသန် ရှင် သန်နေရခြင်းမှာ ကျူရှင် သင်ကြား၍ ရသော ပညာရေးစနစ်နှင့် ပတ်ဝန်း ကျင်ကြောင့်ဖြစ်သည်ကို သတိမလစ် စေလိုပါ။ ကျူရှင်များ၏ အဓိက အလုပ်မှာ အထပ်ထပ် ပြန်လှန်လေ့ ကျင့်ပေးခြင်းဖြစ် သည်။ ပညာရေး၏ ရည်ရွယ်ချက်မှာ စဉ်းစားတွေးခေါ် တတ်ရာမှ တီထွင်ဖန်တီးတတ်လာ စေရန်ဖြစ်သည်။ အလွတ်ကျက်မှတ် တတ်စေရန်မဟုတ်ပါ။ အလွတ်ကျက် မှတ် ထားသမျှကို ပြန်လည်စစ်ဆေး သော စာမေးပွဲစနစ်ကြောင့် ကျူရှင် နှင့်ဂိုက်များ နေရာရလာခြင်းဖြစ်သည်။ 

၁ဝ တန်းစာမေးပွဲများတွင်ပင် မေး ခွန်းဟောင်းများကို အပြန်ြ ပန်လေ့ ကျင့်ခြင်းဖြင့် ကျူရှင်နှင့် ဂိုက်များက ရေးကြီးခွင်ကျယ် ဖြစ်လာကြသည်။ သင်ထားသမျှနှင့် တိုက်စစ်ဆေးသော စနစ်ကြောင့်လည်း သင်ထားသည့် အတိုင်း မဖြေလျှင် အမှတ်မပေးဟူ သည့်ညစ်ကွက်များ လုပ်ပိုင်ခွင့် ကျယ် လာသည့်သဘောလည်း ရှိလာသည်။ အလွတ်ကျက်ပညာရေး အသက်ရှည် နေသမျှ ကျူရှင်နှင့် ဂိုက် များက အရေး ပါ အရာရောက်နေကြဦးမည် ဖြစ် သည်။ ဆရာ၊ ဆရာမများ ကျူရှင်သင် ကြားခွင့်ကို တင်းတင်းဖိဖိ ပိတ်လိုက် လျှင် လည်း ပြင်ပကျူရှင်များက နေ ရာချဲ့ ထွင်ကာ အခွင့်ကောင်းယူလာ ကြမည်ကိုလည်း တွက်ဆရမည်ဖြစ်ပြီး ထိစေချင်သည့် ပစ်မှတ်မှာ ပိုင်စိုးပိုင် နင်း ကျူရှင်ပညာရေးလား ဆရာ၊ ဆရာမများကိုလား ချိန်ဆ ရ မည်ဖြစ် ပြီး ပစ်မှတ်နှင့်ကျည်ဆန် လွဲမှာစိုးလှ ပါသည်။

(၅)

ကျူရှင်များကို ရေလောင်းပေါင်း သင်နေသည့် အခြားသော အင်အားစု မှာ ကဲကဲတက်မိဘများနှင့် အဆင့် ၁၊ ၂၊ ၃ ခွဲခြားသောစနစ်ဖြစ်သည်။ အ ဆင့် ၁၊ ၂၊ ၃ မရမည်ကို စိုးရိမ် ကြောင့်ကြကြီးနေကြသူများမှာ ကျောင်း သားများမဟုတ်ဘဲ မိဘများသာ ဖြစ် သည်။ ထို့ကြောင့် ကျောင်းသားများမှာ ကျောင်းမနေခင် ကျူရှင်ရောက်ကြ ရသည်။ အမှတ် ၁ မှတ်မျှကွာရုံမျှဖြင့် အမှတ်တူများသည့်အခါ အဆင့်များ စွာ ကွာခြားသွားရသည်။ ရင်ထုမနာ ဖြစ်ရသူမှာ မိဘများဖြစ်ပြီး ဖိအား ပေးခံရသည်မှာ ကလေးများဖြစ် သည်။ သို့ဖြင့် ဂိုက်များ နှင်းဆီခိုင်ဖြစ်ကာ ကျူရှင်များ ဈေးကောင်းရလာကြသည်။

စာမေးပွဲကျမှာ မစိုးရိမ်ရသော ပညာရေးတွင် ကျူရှင်တက်ကြသည် မှာ အဆင့်ကောင်းကောင်းနှင့် မျက် နှာကောင်းကောင်း ရလိုဇောကြောင့် ဖြစ်ပြီး စနစ်အမှားကြီး ထဲ တွင် မိဘ များနှင့်အတူ ဆရာစိတ်နည်းသော ဆရာ၊ ဆရာမအချို့က ပါဝင်အားဖြည့် ထားကြသည်။ သင်ထားသမျှကို ပြန် လည် စစ်ဆေးသောစနစ်၊ ဖတ်စာ အုပ်ထဲမှ စာကို သာ အားပြုရသော စနစ်၊ အဆင့် ၁၊ ၂၊ ၃ ခွဲသောစနစ်တို့မှ အားကစား အနုပညာ ဝါသနာပါရာ အလုပ်တို့ကိုပါ ထည့်သွင်းအကဲဖြတ် သော စနစ်များ ပါဝင်လာ မည်ဆို လျှင် မိဘများနှင့် ဆရာအချို့၏ အလွဲစိတ်များ လျော့ပါးတန်သည်ကို ထည့်သွင်းတွက်ဆရမည် ဖြစ်သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြားရာတွင် ကျူရှင်မပြရဟု အမိန့်ထုတ်ထားပြီး စုံစမ်းစစ်ဆေးမှု များ ရှိသော်လည်း ပပျောက်မှု မရှိ ခြင်းမှာ တရားသဖြင့် ပေးသည့် အမိန့် မဟုတ်သောကြောင့်ပင် ဖြစ်သည်ဟု ပါရှိရာ ပညာရေးဟူသည် အမိန့်အာ ဏာဖြင့် တည်ဆောက်ရသည် မဟုတ် ဘဲ သိမ်မွေ့ညင်သာသော နည်းများ ဖြင့် ဖြေရှင်း ရ သည်ကို သက်ဆိုင်ရာ တာ ဝန်ရှိသူများအနေဖြင့် သတိမ လွတ်ကြ စေလိုပါသည်။

စည်သူငြိမ်း

(၁)

တိုင်းပြည်၏ အရေးပါအရာ ရောက်ကြသူ အားလုံး ဆရာ၊ ဆရာမ များ၏ တပည့်များဖြစ်ခဲ့ကြဖူးသော် လည်း ဆရာ၊ဆရာမတို့၏ ဆန်အိုးတွင် ဆန်ပြည့်နေစေ ရန်လို အပ်ကြောင်းကို အစိုးရသစ်လက်ထက်တွင် စတင်ပြော ဆိုလိုက်သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်မှလွဲ၍ ပညာရေးမြှင့်တင်ရန် စိတ်အားထက် သန်နေကြသော မည်သည့်လွှတ်တော် အမတ်မင်းကမျှ ဆရာ၊ ဆရာမတို့၏ ဘဝ ယခုအရေး နောက်အရေးနှင့် ပတ်သက်သည့် စာနာသိတတ်မှုအဆို ကိုမျှ မတင် သွင်းနိုင်ဘဲ ကျေးဇူးတုံ့ပြန် နေကြသည်။ ဆက်လက်၍ ဦးခင်အောင်မြင့် က အောက်တိုဘာ ၁ဝ ရက် အမျိုး သား လွှတ်တော်အစည်းအဝေးတွင် ”ကျောင်းသား ဗဟိုပြုတဲ့ စနစ်က ပြော သာပြောနေတယ် ဘာမှ ကျောင်းသား ကို ဗဟို မပြုဘူး” ဟူ၍လည်း ဝေဖန်လိုက်သည်။

(၂)

ပညာရေးအကြောင်း ပြောဆို ကြသည့်အခါ လက်ညှိုးထိုးအခံရဆုံးမှာ ကျူရှင်ဝန်ထုပ်ဝန်ပိုးကြီးပင် ဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကျူရှင်ပပျောက်ရေး အ တွက် အမိန့်ထုတ်တားဆီးခြင်းနှင့် အရေးယူအပြစ်ပေးခြင်းတို့ကိုသာ တွင် တွင်ဆောင်ရွက်ခဲ့သည်ချည်း ဖြစ်သည်။ ကျူရှင်သင်ရသည့် အကြောင်းရင်းနှင့် ကျူရှင် သင်ဖြစ်အောင် ဖန်တီးပေးနေ သည့် ဝန်းကျင် အခြေအနေတို့ကိုမူ မစဉ်းစားခဲ့ကြချေ။ ထို့ကြောင့် မပ ပျောက်ခဲ့ပါ။ ကျူရှင်မစို့မပို့သင်မိ၍ အရေးယူခံလိုက်ရသော သူများ ရှိ သကဲ့သို့ ကျူရှင်ဖြင့် တိုက်ဆောက်ကားစီး ပြီး ဘေးရန်ကင်းရှင်း နေကြသူများ လည်း ရှိပါသည်။

Friday, 15 November 2013

ပညာရေးဟူသည်.....

ပညာရေးသည် ဘဝအတွက် ပြင်ဆင်ခြင်း၊ လေ့ကျင့်ခြင်း ဖြစ်စဉ် ဖြစ်သည်။ တစ်နည်းဆိုသော် ကျန်းမာစွာ ချမ်းသာစွာ နေနိုင်စေရန် ငယ်ရွယ်စဉ်ကပင် ကြိုတင် လေ့ကျင့်ပြင်ဆင်ခြင်း ဖြစ်သည်။ ကျန်းမာစွာ နေထိုင်ခြင်းကို လူတိုင်း သိပြီးဖြစ်ပြီး ချမ်းသာစွာ နေထိုင်ခြင်း ဆိုသည်မှာ အသက်ရှင်ရသော နေ့တိုင်း စိတ်ချမ်းသာမှုနှင့် အေးချမ်းစွာ နေရခြင်းကို ဆိုလိုရင်း ဖြစ်သည်။ ကလေးတစ်ယောက် ကျန်းကျန်းမာမာနှင့် စိတ်ချမ်းသာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လေ့ကျင့်ပေးရာတွင် တစ်ဦးကောင်းတစ်ယောက် ဆောင်ရွက်လျှင် အောင်မြင်မှု မရနိုင်။ ထိုကလေး၏ မိဘ၊ ထိုကလေးအား လေ့ကျင့်ပေးမည့် ဆရာနှင့် ထိုကလေး ကိုယ်တိုင်ပါ လုပ်ကိုင်ဆောင်ရွက် လေ့ကျင့်နိုင်ပါမှ လေ့ကျင့်မှုမှ ရလဒ်ကောင်း ရနိုင်မည်။

ဆရာကလည်း ကျန်းမာအောင် မည်သို့ နေထိုင်ရမည်ကို ကောင်းစွာသိရှိရန် လိုသည်။ စိတ်ချမ်းချမ်းသာသာနှင့် အေးအေးချမ်းချမ်း နေထိုင်နိုင်ရန် မည်သည်တို့ကို လေ့ကျင့်ရန် လိုသည်ကို သေချာစွာ နားလည် တတ်ကျွမ်းရန် လိုသည်။ ဆရာကိုယ်တိုင်ကလည်း နေ့စဉ် ကျန်းမာအောင် နေထိုင်တတ်သူ ဖြစ်ရန် လိုသည်။ ဆရာကိုယ်တိုင်ကလည်း နေ့စဉ် စိတ်ချမ်းချမ်းသာသာနှင့် အေး အေးချမ်းချမ်း နေနိုင်ရေးအတွက် ထာဝရ ကြိုးစားနေသူ ဖြစ်ရန်လိုသည်။ သို့မှသာ သူကိုယ်တိုင် ကျွမ်းကျင်နေသော နေ့စဉ် လေ့ကျင့်နေသော ကျွမ်းကျင်မှုတို့ကို ကျောင်းသားကလေးများအား ပြန်လည် လေ့ကျင့်ပေးနိုင်မည်။ မိဘတို့ကလည်း ၎င်းနည်းတူ သိရှိ နားလည် သဘောပေါက်ထားပြီး ၎င်းတို့ ကိုယ်တိုင်လည်း ရည်ရွယ်ချက်တူပြီး ကျန်းမာချမ်းသာစွာ နေနိုင်ရေး နေ့စဉ် ကြိုးစား အားထုတ်နေသူများ ဖြစ်ခဲ့လျှင် ဆရာနှင့်မိဘတို့ လျှောက်သောလမ်းတွင် လူမမယ် ကလေးငယ်များကို လက်တွဲ ခေါ်ယူနိုင်မည် ဖြစ်သည်။

Tuesday, 12 November 2013

ကျောင်းများတွင် ငွေကောက်ခံခြင်း မပြုရ ပေါ်လစီ သည် ကျောင်းသား မိဘ နှင့် ဆရာများ ကို ရန်တိုက်သလိုဖြစ်နေဟု ကျောင်းအုပ်တချို့ ဝေဖန်

အောင်သက်ကို

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ။ ။ ပညာရေး ဝန်ကြီးဌာနမှ ဆရာ ၊ ဆရာမ များ ငွေကောက်ခံခြင်း မပြုရဆိုသည့် ပေါ်လစီချမှတ် ထားခြင်းသည် မှားယွင်းနေပြီး ကျောင်းသားမိဘ နှင့် ဆရာများကို ရန်တိုက်ပေးထား သလိုဖြစ်နေကြောင်း အခြေခံ ပညာ မူလတန်းကျောင်း အုပ်တ ချို့ က ဝေဖန်ပြောဆိုလိုက်သည်

''ဆရာမကြီးတို့တွေကို ချ မှတ်ပေးထားတဲ့ ငွေကြေးက မလုံ လောက်ဘူး။ ပြီးတော့ ကျောင်း တွေကို တစ်ပြေးညီ ငွေကြေးချ မှတ်တာကလဲ မှားနေ တယ်။ အ မှန်က ကျောင်းတစ်ကျောင်းရဲ့တစ် နှစ်စာ ကုန်ကျစရိတ်ကို တွက်ပြီး တော့မှ ချပေးရမယ်လို့မြင်တယ်။ အခုဟာက ကျောင်းသား ၁ဝဝရှိ တဲ့ ကျောင်းဆိုလဲ သုံးသိန်း၊ တစ် ထောင်ရှိတဲ့ကျောင်းဆိုလဲ သုံး သိန်း ဆိုတော့ ဘယ်ကျောင်းက ပိုကုန်မလဲ။ ချမှတ်လိုက်တဲ့ မူ ကြောင့် ကျောင်း သား မိဘတွေ ကလဲ အဲ့ဒါနဲ့ကိုင်ပြီး တိုင်ကြတော့ မလိုလားတဲ့ပြဿနာတွေ က ဖြစ် နေရတယ်''ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းကျောင်းအုပ် တစ်ဦးက ပြောသည်။

Sunday, 3 November 2013

ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်

Photo: ပညာရေးဝန်ကြီးဌာန အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်း ဗြိတိန်ပေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂

ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာသုံးသပ်ချက် (CESR) တွင် ပါဝင်သော ကဏ္ဍတစ်ခုဖြစ်သည့် အဆင့်မြင့် ပညာရေးအတွက် ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကောင်စီ အပါအဝင် Leadership Foundation (ဗြိတိန်) တို့၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.David J.Lock က ပြောကြားသည်။
“ခေါင်းဆောင်ပိုင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်ပေးတာဟာ ဗြိတိန်နဲ့ မြန်မာ အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းရေးအတွက် ပထမဆုံးအဆင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိများကို စွမ်းရည် မြှင့်ပြီးနောက် တက္ကသိုလ်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆရာများကို သင်တန်းပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံကြား ပညာရေး အကြောင်းကိုလည်း ဖလှယ်ရေး အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr.David J.Lock က ရှင်းပြသည်။
“တခြားတက္ကသိုလ် အသိုင်းအဝိုင်းက ဘယ်လိုလုပ်မယ်ဆိုတဲ့ Action ကို မသိကြဘူး” ဟု သမဝါယမ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းထွန်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ၏ ပညာရေးအတွက် ဆက်သွယ်ရေးသည် အခက်အခဲတစ်ခု ဖြစ်နေပြီး ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာ သုံးသပ်ချက်များ ပါဝင်သော အချက်အလက်များကို ဝက်ဘ်ဆိုက်တစ်ခု ပြုလုပ်ပြီး ပထမအဆင့် မူကြမ်းကို တင်ထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ကောင်စီပညာရေးဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စစူးဇန်န်နားဂါလ်ဗန်ထံက သိရသည်။

မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ အဆင့်မြင့် ပညာရေး ပူးပေါင်းရေးအတွက် စွမ်းရည်မြှင့် သင်တန်းပေးခြင်းသည် ပထမအဆင့်ဖြစ်ပြီး စတင်မည့် အချိန်ကာလကို  နိုဝင်ဘာလအတွင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း Mr. David J.Lock က ပြောကြားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂

ဘက်စုံလွှမ်းခြုံ ပညာရေး လေ့လာသုံးသပ်ချက် (CESR) တွင် ပါဝင်သော ကဏ္ဍတစ်ခုဖြစ်သည့် အဆင့်မြင့် ပညာရေးအတွက် ဗြိတိန်နိုင်ငံရှိ လန်ဒန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှကောင်စီ အပါအဝင် Leadership Foundation (ဗြိတိန်) တို့၏ ပူးပေါင်းမှုဖြင့် ပညာရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိများကို ခေါင်းဆောင်စွမ်းရည် သင်တန်းပေးမည် ဖြစ်ကြောင်း အဆိုပါ ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာ စီမံကိန်း ဒါရိုက်တာ Mr.David J.Lock က ပြောကြားသည်။
“ခေါင်းဆောင်ပိုင်းဆိုင်ရာ စွမ်းရည် တိုးမြှင့်ပေးတာဟာ ဗြိတိန်နဲ့ မြန်မာ အဆင့်မြင့် ပညာရေးကဏ္ဍ ပူးပေါင်းရေးအတွက် ပထမဆုံးအဆင့် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိများကို စွမ်းရည် မြှင့်ပြီးနောက် တက္ကသိုလ်ရှိ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆရာများကို သင်တန်းပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံကြား ပညာရေး အကြောင်းကိုလည်း ဖလှယ်ရေး အစီအစဉ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း Mr.David J.Lock က ရှင်းပြသည်။
“တခြားတက္ကသိုလ် အသိုင်းအဝိုင်းက ဘယ်လိုလုပ်မယ်ဆိုတဲ့ Action ကို မသိကြဘူး” ဟု သမဝါယမ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းထွန်းက မှတ်ချက်ပေးသည်။

Sunday, 27 October 2013

လက်ရှိအချိန်သည် ပညာရေးစနစ်ကို စမ်းသပ်ရမည့်အချိန် မဟုတ်တော့၊ မှန်ကန်သည့်စနစ် ချမှတ်ရန် အရေးကြီးကြောင်း လွှတ်တော်ကိုယ်စားလှယ် သတိပေး

K-27-10
အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က ဆွေးနွေးစဉ်

နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာ ပိုင်ဆိုင်ရေးသည် ပညာရေးစနစ် မှန်ကန်မှုပေါ် မူတည်ပြီး လက်ရှိအချိန်သည် ပညာရေးစနစ်ကို စမ်းသပ်ရမည့်အချိန် မဟုတ်တော့ဘဲ မှန်ကန်သည့်စနစ် ချမှတ်ရန် အလွန်အရေးကြီးကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်က သတိပေး ပြောကြားသည်။
အောက်တိုဘာ ၂၃ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၆) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးမြင့်၏ အဆင့်မြင့်နည်းပညာ တက္ကသိုလ်များ ပေါ်ပေါက်လာ၍ အရည်အချင်း ပြည့်ဝသော နည်းပညာ ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရေး လက်တွေ့ကျစွာ ပုံဖော်မည့် အစီအစဉ်ဖြင့် အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ ပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုအား ပြောကြားခြင်းဖြစ်သည်။

Friday, 25 October 2013

၂၀၁၃ ခုနှစ် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ၀င်ခွင့်ပြုသည့် ရမှတ်စာရင်းတွင် ဆေးတက္ကသိုလ် အမျိုးသမီး ၀င်ခွင့်ရမှတ် အမြင့်ဆုံးဖြစ်

Photo: ၂၀၁၃ ခုနှစ် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ၀င်ခွင့်ပြုသည့် ရမှတ်စာရင်းတွင် ဆေးတက္ကသိုလ် အမျိုးသမီး ၀င်ခွင့်ရမှတ် အမြင့်ဆုံးဖြစ်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ၀င်ခွင့်ပြုသည့် အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်စာရင်းတွင် ဆေးတက္ကသိုလ် အမျိုးသမီးဝင်ခွင့်ပြု ရမှတ်မှာ အမြင့်ဆုံးတွင် ရပ်တည်လျက် ရှိနေကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ သိရသည်။

ယခင်နှစ်က အဆင့်မြင့် နည်းပညာ တက္ကသိုလ် (ရန်ကုန်)၏ အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်မှာ အမြင့်ဆုံး နေရာတွင် ရပ်တည်ခဲ့သော်လည်း ယခုနှစ်၌ အမျိုးသမီးများအတွက် ၀င်ခွင့်ပြုသည့် ဆေးတက္ကသိုလ်ဝင်ခွင့် ရမှတ်မှာ ၂၀၁၃ ခုနှစ်အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အသီးသီးမှ ၀င်ခွင့်ပြုသည့် ရမှတ်ထက် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အတွက် တက္ကသိုလ်များမှ အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် နှစ်ခုမှာ ဆေးတက္ကသိုလ်နှင့် အဆင့်မြင့် နည်းပညာ တက္ကသိုလ်(ရန်ကုန်)တို့ ဖြစ်ကြပြီး ဆေးတက္ကသိုလ်များမှ ၀င်ခွင့်ပြုခဲ့သည့် အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်မှာ ကျား ၄၈၆ မှတ်နှင့် မ ၅၀၅ မှတ်တို့ ဖြစ်ကြပြီး၊ အဆင့်မြင့် နည်းပညာ တက္ကသိုလ် (ရန်ကုန်)မှ ခွင့်ပြုခဲ့သည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ်မှာ ကျား ၅၀၂ မှတ်နှင့် မ ၄၉၆ မှတ် တို့ ဖြစ်ကြသည်။

အလားတူ ၂၀၁၃ ခုနှစ်အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အချို့၏ အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်များမှာ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ၌ ကျား ၄၆၅ မှတ် နှင့် မ ၄၉၅ မှတ်၊ ဆေးဝါး တက္ကသိုလ်များ၌ ကျား ၄၅၉ မှတ်နှင့် မ ၄၅၉ မှတ်၊ ရေကြောင်းပညာ တက္ကသိုလ်၌ ကျား ၄၇၇ မှတ် နှင့် မ ၄၈၁ မှတ်၊ ရတနာပုံ ဆိုက်ဘာစီးတီး ၌ ကျား ၄၇၀ မှတ်နှင့် မ ၄၆၈ မှတ်၊ ကွန်ပျူတာ တက္ကသိုလ် (ရန်ကုန်)၌ ကျား/မ၃၉၉ မှတ်စီ၊ နည်းပညာ တက္ကသိုလ်များ (GTC) ၌ ကျား ၃၈၀ မှတ်နှင့် မ ၃၈၉ မှတ်၊ စီးပွားရေး တက္ကသိုလ်(ရန်ကုန်)၌ ကျား/မ ၃၉၅ မှတ်စီ၊ ရန်ကုန်အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်၌ ကျား ၄၈၀ မှတ်နှင့် မ ၄၈၀ မှတ်တို့ ဖြစ်ကြသည်။ အဆိုပါ တက္ကသိုလ်များ၏ ယခုနှစ် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ်မှာ ယခင်နှစ်က ထက်လည်း အနည်းငယ် လျော့နည်းခဲ့သည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် (YUFL) ၌ အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ်များအား ကျား၊မ အမှတ်တူ ခွင့်ပြုခဲ့ပြီး အင်္ဂလိပ်ဘာသာ (၄၇၉) မှတ်၊ ဂျပန် (၄၆၉) မှတ်၊ တရုတ် (၄၅၇) မှတ်၊ ပြင်သစ် (၄၅၀)မှတ်၊ ကိုရီးယားဘာသာ (၄၅၁) မှတ်၊ ဂျာမန် (၄၄၉) မှတ်၊ ရုရှား (၄၃၅) မှတ်နှင့် ထိုင်း (၄၄၆) မှတ်တို့ ဖြစ်သည်။

အဆိုပါ ၂၀၁၃ ခုနှစ်အတွက် တက္ကသိုလ်များမှ ၀င်ခွင့်ပြုခဲ့ကြသည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် စာရင်းများနှင့် အနိမ့်ဆုံး ၀င်ခွင့်ပြု ဦးရေစာရင်းများအား အဆင့်မြင့်ပညာ ဦးစီးဌာနများတွင် နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။

(ရန်ကုန်ပညာရေး တက္ကသိုလ်၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနေသည်ကို တွေ့ရစဉ်)
(ရန်ကုန်ပညာရေး တက္ကသိုလ်၌ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနေသည်ကို တွေ့ရစဉ်)
၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များမှ ၀င်ခွင့်ပြုသည့် အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်စာရင်းတွင် ဆေးတက္ကသိုလ် အမျိုးသမီးဝင်ခွင့်ပြု ရမှတ်မှာ အမြင့်ဆုံးတွင် ရပ်တည်လျက် ရှိနေကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ သိရသည်။

ယခင်နှစ်က အဆင့်မြင့် နည်းပညာ တက္ကသိုလ် (ရန်ကုန်)၏ အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်မှာ အမြင့်ဆုံး နေရာတွင် ရပ်တည်ခဲ့သော်လည်း ယခုနှစ်၌ အမျိုးသမီးများအတွက် ၀င်ခွင့်ပြုသည့် ဆေးတက္ကသိုလ်ဝင်ခွင့် ရမှတ်မှာ ၂၀၁၃ ခုနှစ်အတွက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အသီးသီးမှ ၀င်ခွင့်ပြုသည့် ရမှတ်ထက် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ အတွက် တက္ကသိုလ်များမှ အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ် အမြင့်ဆုံးနေရာတွင် ရပ်တည်ခဲ့သည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ် နှစ်ခုမှာ ဆေးတက္ကသိုလ်နှင့် အဆင့်မြင့် နည်းပညာ တက္ကသိုလ်(ရန်ကုန်)တို့ ဖြစ်ကြပြီး ဆေးတက္ကသိုလ်များမှ ၀င်ခွင့်ပြုခဲ့သည့် အနိမ့်ဆုံး ၀င်ခွင့်ပြု ရမှတ်မှာ ကျား ၄၈၆ မှတ်နှင့် မ ၅၀၅ မှတ်တို့ ဖြစ်ကြပြီး၊ အဆင့်မြင့် နည်းပညာ တက္ကသိုလ် (ရန်ကုန်)မှ ခွင့်ပြုခဲ့သည့် အနိမ့်ဆုံး ၀င်ခွင့်ပြုရမှတ်မှာ ကျား ၅၀၂ မှတ်နှင့် မ ၄၉၆ မှတ် တို့ ဖြစ်ကြသည်။

Thursday, 24 October 2013

မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

Photo: မြန်မာကျောင်းသားများ ပညာသင်ဆုရရှိရေး သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်း ဆွေးနွေး

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက သော့ချက်ဖြစ်သည့် ပညာရေး ကဏ္ဍတွင် သြစတြေးလျနိုင်ငံက ဦးစားပေး ကူညီပံ့ပိုးပေးလိုမှု၊ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့သည် ၁၉၅၃ ခုနှစ်မှစ၍ နှစ်နိုင်ငံ သံတမန် ဆက်သွယ်ခဲ့ပြီး လက်ရှိတွင် သံတမန် ဆက်ဆံမှုမှာ နှစ်ပေါင်း ၆၀ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါက်တာ ဖေသက်ခင်၊ ခေတ္တ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
သမ္မတဦးသိန်းစိန်နှင့် သြစတြေးလျ ၀န်ကြီးချုပ်ဟောင်းတို့အား အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် သြစတြေးလျနိုင်ငံ ၀န်ကြီးချုပ်ဟောင်း Hon.Bob Hawke ဦးဆောင်သည့် အဖွဲ့အား အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့သို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက သော့ချက်ဖြစ်သည့် ပညာရေး ကဏ္ဍတွင် သြစတြေးလျနိုင်ငံက ဦးစားပေး ကူညီပံ့ပိုးပေးလိုမှု၊ မြန်မာကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆုများ ရရှိရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Tuesday, 22 October 2013

အခြေခံပညာ ဆရာ၊ ဆရာမအသင်း ပထမဆုံး ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများ ကူညီမည်

Photo: အခြေခံပညာ ဆရာ၊ ဆရာမအသင်း ပထမဆုံး ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများ ကူညီမည်

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအသင်း ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများဖြစ်သော EI (Education International) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့က ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းအဖွဲ့အစည်းများက အသင်းမှတ်ပုံတင်ခွင့်၊ ဥပဒေပိုင်း ဆိုင်ရာများ၊ အသင်းဖွဲ့စည်းရာတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ ဆရာဆရာများ၏ အခွင့်အရေးများကို သိရှိစေရန် အသိပညာပေးကာ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ကူညီပေးမည် ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများအသင်းကို ၂၀၁၃ ခုနှစ် မကုန်မီ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနသို့ တရားဝင် မှတ်ပုံတင်မည် ဖြစ်ပြီး ရန်ကုန်အတွင်းရှိ မြို့နယ်ပေါင်း ၃၀ ကျော်က ဆရာ၊ ဆရာမ ၅၀ ဦး နီးပါး ပါဝင်မည် ဖြစ်ကြောင်း အဆိုပါအသင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ပညာရေး သုတေသနပညာရှင် ဦးသိန်းနိုင်က The Voice သို့ ပြောကြားသည်။
“ကျွန်မတို့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်လာတော့မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ အခုတော့ ဒီလိုအဖွဲ့အစည်းတွေက ဆရာ၊ ဆရာမတွေ အသင်းဖွဲ့ပြီး ပြောချင်တာတွေကို ပြောခွင့်ရတော့မယ်ဆိုတာ ပြောပြတော့ အားတက်မိတယ်” ဟု အခြေခံပညာ မူလတန်း ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၌ ဆရာဆရာမများ ကိုယ်တိုင်ပါဝင်ရန်နှင့် ၎င်းတို့၏ ဆန္ဒကို စဉ်ဆက်မပြတ် လွတ်လွတ်လပ်လပ် တင်ပြနိုင်ခွင့်ရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် ဆရာ၊ ဆရာမတို့တွင် အသင်းဖွဲ့စည်းပိုင်ခွင့် ရှိသည်ကို သိရှိရန် လိုအပ်ကြောင်း ဦးသိန်းနိုင်က ၎င်း၏အမြင်ကို ပြောကြားသည်။
“ပြင်ပ အဖွဲ့အစည်းတွေက ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဝင်လုပ်ပေးလို့ မရပါဘူး။ ဆရာ၊ ဆရာမတွေ လုပ်ရမှာ ဖြစ်တယ်။ ဘယ်အပြောင်းအလဲမဆို အချိန်တော့ယူရမယ်” ဟု EI က ပညာရှင်တစ်ဦးက ဆိုသည်။

EI သည် ဘယ်လ်ဂျီယံနိုင်ငံ အခြေစိုက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ဆရာ၊ ဆရာမများ၏ အသံကို လွှင့်ထုတ်ပေးသော အဖွဲ့အစည်းဖြစ်ကာ နိုင်ငံပေါင်း ၁၇၀ က အဖွဲ့ဝင်သန်းပေါင်း ၃၀ ဦး ပါဝင်ကြောင်း၊ ပညာရေးစနစ် ဖွံ့ဖြိုးရေးနှင့် သင်ကြားရေး တိုးတက်လာစေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ UNICEF၊ ILO၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ UNDP စသည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက် လုပ်ဆောင်လျက် ရှိသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၁

ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများအသင်း ဖွဲ့စည်းရန် ပြည်ပ အဖွဲ့အစည်းများဖြစ်သော EI (Education International) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့က ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ အခြေခံပညာဆရာ၊ ဆရာမများ အသိုင်းအဝိုင်းထံမှ သိရသည်။

ယင်းအဖွဲ့အစည်းများက အသင်းမှတ်ပုံတင်ခွင့်၊ ဥပဒေပိုင်း ဆိုင်ရာများ၊ အသင်းဖွဲ့စည်းရာတွင် တွေ့ကြုံရမည့် အခက်အခဲများ၊ ဆရာဆရာများ၏ အခွင့်အရေးများကို သိရှိစေရန် အသိပညာပေးကာ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည့် နည်းလမ်းများကို ကူညီပေးမည် ဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းက ဆိုသည်။

ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများရှိ ကလေးများအား ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရန် စီစဉ်

Photo: ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများရှိ ကလေးများအား ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရန် စီစဉ်

ပညာသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးနေကြသည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများရှိ ကလေးများအား ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။

အဆိုပါ ကလေးများအတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရေး အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး နည်းပြသင်တန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်ခဲ့ပြီး ဆင့်ပွားသင်တန်း များကိုလည်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

''ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းတွေမှာရှိတဲ့ ကလေးတွေဟာ ပညာသင်ယူမှု အခွင့်အလမ်းတွေ မရရှိကြတဲ့ အတွက် ဒီကလေးတွေကို ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်နဲ့ သင်ကြားပေးနိုင်အောင် နည်းပြသင်တန်းတွေ ပို့ချပေးပြီး ဆင့်ပွားသင်တန်းတွေကို ဒီပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တယ်'' ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်မှ တာဝန်ရှိသူက ဆိုသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်အား ၂၀၀၈-၂၀၀၉ ပညာသင်နှစ်က မြို့နယ် ငါးမြို့နယ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ မြို့နယ် ဦးရေ ၁၆ ဆတိုးကာ မြို့နယ် ၈၀ တွင် ဆောင်ရွက်လျက် ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုတို့၌ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်း ဒေသကြီး၌ ၁၈ မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၌ ၁၄ မြို့နယ်၊ မွန်ပြည်နယ်၌ ၁၀ မြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး၌ ကိုးမြို့နယ်၊ နေပြည်တော်တိုင်း ဒေသကြီး၌ ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၌ လေးမြို့နယ်၊ မကွေးတိုင်း ဒေသကြီး၌ သုံးမြို့နယ်၊ မန္တလေးတိုင်း ဒေသကြီး၌ သုံးမြို့နယ်၊ ရှမ်းပြည်နယ်၌ သုံးမြို့နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၌ သုံးမြို့နယ်၊ ကရင်ပြည်နယ်၌ နှစ်မြို့နယ်၊ ရခိုင်ပြည်နယ်၌ နှစ်မြို့နယ် နှင့် ကချင်ပြည်နယ်၌ တစ်မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိပြီး ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ် ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်းပညာရေးအား ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့၊ ပြည်တွင်း အလှူရှင်များနှင့် ပညာရေး ၀န်ကြီးဌာနတို့မှ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

(၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက်စခန်း (၂) တွင် တက်ရောက် နေကြသည့် ကလေးများအား တွေ့ရစဉ်)
(၂၀၁၃-၂၀၁၄ ပညာသင်နှစ် ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက်စခန်း (၂) တွင် တက်ရောက် နေကြသည့် ကလေးများအား တွေ့ရစဉ်)

ပညာသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးနေကြသည့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းများရှိ ကလေးများအား ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးရန် စီစဉ်လျက် ရှိသည်ဟု သိရသည်။

အဆိုပါ ကလေးများအတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ဖြင့် သင်ကြားပေးနိုင်ရေး အတွက် ကျောင်းပြင်ပ မူလတန်း ပညာရေး နည်းပြသင်တန်းများကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ ဖွင့်လှစ်ခဲ့ပြီး ဆင့်ပွားသင်တန်း များကိုလည်း ပြန်လည် ဖွင့်လှစ်ပေးခဲ့သည်။

''ရခိုင်ပြည်နယ် ကယ်ဆယ်ရေး စခန်းတွေမှာရှိတဲ့ ကလေးတွေဟာ ပညာသင်ယူမှု အခွင့်အလမ်းတွေ မရရှိကြတဲ့ အတွက် ဒီကလေးတွေကို ကျောင်းပြင်ပ မူလတန်းပညာရေး အစီအစဉ်နဲ့ သင်ကြားပေးနိုင်အောင် နည်းပြသင်တန်းတွေ ပို့ချပေးပြီး ဆင့်ပွားသင်တန်းတွေကို ဒီပညာသင်နှစ်မှာ စတင်ဖွင့်လှစ်ခဲ့တယ်'' ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်မှ တာဝန်ရှိသူက ဆိုသည်။

Sunday, 20 October 2013

ရန်ကုန်မန္တလေးနည်းပညာတက္ကသိုလ်နှစ်ခုကို ကန်ဒေါ်လာ (၁၃ .၅) သန်းထောက်ပံ့ပေးမည်

ရန်ကုန်နည်းပညာတကကသိုလ်  နှင့် မန္တလေးနည်းပညာတက္ကသိုလ်  တို့အားဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က သင်ထောက်ကူပစ္စည်း  များနှင့် နည်းပညာပိုင်းတို့အတွက်  အမေရိကန်ဒေါ်လာ (၁၃.၅) သန်းထောက်ပံ့သွားမည်ဖြစ်ကြောင်းJICAဥက္ကဋ္ဌဒေါက်တာအာကီဟီကို တာနာကာကပြောသည်။
အင်းစိန်မြို့နယ်ရှိရန်ကုန်နည်း ပညာတက္ကသိုလ်(YIU) တွင်(JICA)နှင့် ဂျပန်တက္ကသိုလ် (၆) ခုတို့မှနည်းပညာပူးပေါင်းဆောင်ရွက် ရေးအတွက်အောက်တိုဘာလ (၄) ရက်နေ့က လက်မှတ်ရေးထိုးပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီးဒေါက်တာဦးကိုကိုဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံတွင် အဓိကကျ သည့်တက္ကသိုလ်နှစ်ခုကို ပထမဆုံး  ပံ့ပိုးသွားခြင်းဖြစ်ပြီး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကို သြဂုတ်လမှ စတင်ခဲ့ခြင်းဖြစ်သည်။JICA အနေဖြင့် သင့်ထောက်  ကူပစ္စည်းတွေသာမကနည်းပညာ နှင့် ပတ်သက်ပြီးလိုအပ်တာအားလုံး   ကူညီသွားမယ်။

Sunday, 22 September 2013

တက္ကသိုလ်စာမေးပွဲတွင် စာခိုးချဖြေဆိုသူများကိုဆရာ၊ ဆရာမများ ရဲရဲဝံ့ဝံ့ အရေးယူရန်လိုအပ်

တက္ကသိုလ်စာမေးပွဲတွင် စာခိုးချဖြေဆိုသူများကိုဆရာ၊ ဆရာမများ ရဲရဲဝံ့ဝံ့ အရေးယူရန်လိုအပ်

တက္က သိုလ်စာမေးပွဲများတွင် စာခိုးချ ဖြေဆိုမှုများအား ဆရာ၊ ဆရာမ များအနေဖြင့် ရဲရဲဝံ့ဝံ့ အရေးယူ ရန်လိုအပ်ကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန (အောက်မြန်မာ ပြည်)မှညွှန်ကြားရေးမှူး ဦးဉာဏ် ဝင်းအောင်က ပြောကြားသည်။ယခင်က တက္ကသိုလ်ကျောင်း သားများသည် စာမေးပွဲ ဖြေဆိုရာတွင် စာခိုးချမှုများပြုလုပ်သည် ကို စာမေးပွဲ အခန်းစောင့်ဆရာ များက သိရှိသိမ်းဆည်းအရေးယူ သည်ကိုမကျေနပ်၍ ယင်းဆရာ အား ရိုက်နှက်မည်ဟု ခြိမ်းခြောက် မှုများရှိခဲ့ဖူးကြောင်း တက္ကသိုလ် ဆရာ အသိုင်းအဝိုင်းမှ သိရသည်။

''အခုနောက်ပိုင်းတော့ ဒီ လို ခြိမ်းခြောက်တာမျိုးတွေ မကြား မိတော့ဘူး။ စာမေးပွဲဖြေချိန်တွေ မှာဆိုရင် ပါမောက္ခချုပ်တွေ၊ ပါ မောက္ခတွေကိုယ်တိုင် လှည့်လည် စစ်ဆေးတာမျိုးတွေ လုပ်နေတဲ့ အတွက် ဒါတွေကတော့ ဖြစ်စရာ မရှိတော့ပါဘူး'' ဟု ဦးဉာဏ်ဝင်း အောင်က ထပ်မံပြောသည်။
ယခင်က ယင်းကဲ့သို့သော ကျောင်းသားများ၏ ခြိမ်းခြောက် မှုများ ရှိခဲ့ခြင်းကြောင့် စာခိုးချမှု များကို အရေးမယူကြခြင်းများရှိ ခဲ့ကြောင်း၊ ယင်းကဲ့သို့သော ခြိမ်း ခြောက်မှုများကိုဂရုမထားဘဲ ရဲဝံ့ စွာအရေးယူနိုင်ရန် လိုအပ်ကြောင်း ထားဝယ်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာဦးဇော်သူရက ပြော သည်။

''စာခိုးချတယ်ဆိုတာ မရှိ ဘူးမဟုတ်ဘူး ရှိတယ်။ အခုခေတ် က ငါ ဘယ်နှပုဒ် ခိုးနိုင်တယ်ဆို တာကို ဂုဏ်ယူပြီးပြောတဲ့ခေတ်။ ကျောင်းသားတွေ ခိုးတာကို သိတဲ့ ဆရာကဖမ်းရင် ကျောင်းသားကတော့ မကျေနပ်ဘူးပေါ့။ ဒါပေမဲ့ ကျောင်းသားက ခြိမ်းခြောက်လို့ မဖမ်းတာတော့ မဖြစ်စေချင်ဘူး'' ဟု ယင်းက ထပ်မံပြောသည်။စာခိုးချသောကျောင်းသား ကို လက်ပူးလက်ကြပ်မိသည်ဆို ပါက ယင်းကျောင်းသားကိုဖြေ ဆိုနေသည့် စာမေးပွဲခန်းအတွင်း မှထွက်ခွာခိုင်းနိုင်ကြောင်း၊ ပညာသင်နှစ် နှစ်နှစ်မှ သုံးနှစ် အထိ ကျောင်းတက်ခွင့် ပိတ်ထားနိုင် သည်အထိ အရေးယူ၍ ရကြောင်း သိရသည်။

''မော်လမြိုင်တို့၊ ပုသိမ်တို့ လိုမြို့ကြီးတွေမှာဆိုရင် ဒီခိုးချတာ ကို ဗီနိုင်းတွေထောင်ပြီး အကြီး အကျယ်သတိပေးတာတွေ လုပ်တယ်။ အရင်ကတော့ ထားဝယ် မှာ ကျောင်းသားတစ်ဦး စာခိုးချ တာကိုဖမ်းတဲ့ ဆရာတစ်ဦးကို အဲဒီ ကျောင်းသားက ရိုက်မယ် နှက် မယ် ခြိမ်းခြောက် တာမျိုး လုပ်ဖူး တယ်။ ခြိမ်းခြောက်တိုင်း ကြောက် ပြီး မဖမ်းဘဲနေလို့မရဘူး။ ဒီလို တွေမဖြစ်အောင် အဓိကတာဝန် ရှိတာက သူတို့ကိုသင်တဲ့ဌာနတွေ ဆရာတွေက ဒါမျိုးတွေမလုပ်ဖို့ နားလည်အောင် ပြောပြထားရမယ့် တာဝန် ရှိပါတယ်''ဟု ဦးဇော် သူရက ဆိုသည်။

Yangon Media Group

တက္က သိုလ်စာမေးပွဲများတွင် စာခိုးချ ဖြေဆိုမှုများအား ဆရာ၊ ဆရာမ များအနေဖြင့် ရဲရဲဝံ့ဝံ့ အရေးယူ ရန်လိုအပ်ကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန (အောက်မြန်မာ ပြည်)မှညွှန်ကြားရေးမှူး ဦးဉာဏ် ဝင်းအောင်က ပြောကြားသည်။ယခင်က တက္ကသိုလ်ကျောင်း သားများသည် စာမေးပွဲ ဖြေဆိုရာတွင် စာခိုးချမှုများပြုလုပ်သည် ကို စာမေးပွဲ အခန်းစောင့်ဆရာ များက သိရှိသိမ်းဆည်းအရေးယူ သည်ကိုမကျေနပ်၍ ယင်းဆရာ အား ရိုက်နှက်မည်ဟု ခြိမ်းခြောက် မှုများရှိခဲ့ဖူးကြောင်း တက္ကသိုလ် ဆရာ အသိုင်းအဝိုင်းမှ သိရသည်။

''အခုနောက်ပိုင်းတော့ ဒီ လို ခြိမ်းခြောက်တာမျိုးတွေ မကြား မိတော့ဘူး။ စာမေးပွဲဖြေချိန်တွေ မှာဆိုရင် ပါမောက္ခချုပ်တွေ၊ ပါ မောက္ခတွေကိုယ်တိုင် လှည့်လည် စစ်ဆေးတာမျိုးတွေ လုပ်နေတဲ့ အတွက် ဒါတွေကတော့ ဖြစ်စရာ မရှိတော့ပါဘူး'' ဟု ဦးဉာဏ်ဝင်း အောင်က ထပ်မံပြောသည်။
ယခင်က ယင်းကဲ့သို့သော ကျောင်းသားများ၏ ခြိမ်းခြောက် မှုများ ရှိခဲ့ခြင်းကြောင့် စာခိုးချမှု များကို အရေးမယူကြခြင်းများရှိ ခဲ့ကြောင်း၊ ယင်းကဲ့သို့သော ခြိမ်း ခြောက်မှုများကိုဂရုမထားဘဲ ရဲဝံ့ စွာအရေးယူနိုင်ရန် လိုအပ်ကြောင်း ထားဝယ်တက္ကသိုလ် စိတ်ပညာ ဌာနမှ ဆရာဦးဇော်သူရက ပြော သည်။

Friday, 16 August 2013

သြစတြေးလျ James Cook University မှ အိုင်တီနှင့်စီးပွားရေး ဒီပလိုမာသီးခြားပေးအပ်မည်

Photo: သြစတြေးလျ James Cook University မှ အိုင်တီနှင့်စီးပွားရေး ဒီပလိုမာသီးခြားပေးအပ်မည်
=====================================
ရန်ကုန်၊ သြဂုတ် ၁၆

သြစတြေးလျနိုင်ငံ James Cook University မှ စီးပွားရေးနှင့် အိုင်တီ ဘာသာရပ်တို့အတွက် ဒီပလိုမာအောင်လက်မှတ် သီးခြားပေးအပ် သွားမည်ဖြစ်ကြောင်း Crown Education မှ သိရသည်။

ယခင်က အင်္ဂလန်နှင့် သြစတြေးလျတက္ကသိုလ်များအနေဖြင့် ဒီဂရီ(၃)နှစ် တက်မြော်ကပြီးမှ သာဘွဲ့၊ အောင်လက်မှတ်ချီးမြှင့်လေ့ရှိပြီးလာမည့် ၂၀၁၄ခုနှစ်ပညာသင်နှစ်မှစ၍ အထက်ပါ ဘာသာရပ်နှစ်ခု အတွက် (၈)လသင်ကြားပြီးရုံဖြင့် ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးသွားမည်
ဖြစ်သည်။

အဆိုပါဘာသာရပ်များလျှောက်ထားရာတွင် တက္ကသိုလ် ၀င်တန်းအောင်မြင် ပြီးသူများအပြင် တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားပြီးသူများပါ Joint Master ဘွဲ့အနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်သစ်နှင့်ကျောင်းလခနှုန်းထားများ၊ အလုပ်အကိုင်အခွင့် အလမ်းများအကြောင်းကို ယခုလ(၂၄)ရက်နေ့တွင် နံနက်(၁၀)နာရီ မှ နေ့လည်(၁၂)နာရီထိ ရန်ကုန်မြိုပ ပြည်လမ်း ရှိ Crown Education တွင်ဆွေးနွေးမှုပြုလုပ်ပေးမည်ဖြစ်ပြီး James Cook University မှ
တာဝန်ရှိသူတစ်ဦးမှ လာရောက်ဆွေးနွေးပေးသွားမည်ဟုသိရသည်။
ကျောင်းလျှောက်ထားလိုသူများနှင့်အသေးစိတ်သိရှိလိုသူများအနေဖြင့် Crown Education ဖုန်း 0973273277 သို့ဆက်သွယ်မေးမြန်းနိုင်သည်။

သုတလင်း

အေးချမ်းမွန် Credit To >Popular Myanmar News Journal < Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia
ရန်ကုန်၊ သြဂုတ် ၁၆

သြစတြေးလျနိုင်ငံ James Cook University မှ စီးပွားရေးနှင့် အိုင်တီ ဘာသာရပ်တို့အတွက် ဒီပလိုမာအောင်လက်မှတ် သီးခြားပေးအပ် သွားမည်ဖြစ်ကြောင်း Crown Education မှ သိရသည်။

ယခင်က အင်္ဂလန်နှင့် သြစတြေးလျတက္ကသိုလ်များအနေဖြင့် ဒီဂရီ(၃)နှစ် တက်မြော်ကပြီးမှ သာဘွဲ့၊ အောင်လက်မှတ်ချီးမြှင့်လေ့ရှိပြီးလာမည့် ၂၀၁၄ခုနှစ်ပညာသင်နှစ်မှစ၍ အထက်ပါ ဘာသာရပ်နှစ်ခု အတွက် (၈)လသင်ကြားပြီးရုံဖြင့် ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးသွားမည်
ဖြစ်သည်။

အဆိုပါဘာသာရပ်များလျှောက်ထားရာတွင် တက္ကသိုလ် ၀င်တန်းအောင်မြင် ပြီးသူများအပြင် တက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရရှိထားပြီးသူများပါ Joint Master ဘွဲ့အနေဖြင့် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Sunday, 20 January 2013

အမေရိကန် ကောလိပ်တစ်ခု မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မည်

အမေရိကန် ကောလိပ်တစ်ခု မြန်မာနိုင်ငံ လာရောက်ဖွင့်လှစ်မည်

အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေး နယ်ပယ်တွင်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အဆိုပါ အသိုင်းအဝိုင်းတွင်းမှ စုံစမ်းသိရှိရသည်။
အဆိုပါ အစီအစဉ်ကို ညှိနှိုင်းမှုများ အဆင်ပြေပါက ၂၀၁၃ ခုနှစ်တွင် ကျောင်းသား စတင်လက်ခံနိုင်ရန် ရည်မှန်း လုပ်ဆောင်နေကြောင်း၊ ယင်းကျောင်းက လိုချင်သည်မှာ ကျောင်းဖွင့်ခွင့်နှင့် ကျောင်းနေရာသာ ဖြစ်ကြောင်း၊ ကျောင်းသား ၂၀၀၀ ခန့် တက်ရောက်နိုင်မည့် ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ယင်းကောလိပ်၏ ဘာသာရပ် အားလုံးနီးပါး သင်ယူနိုင်မည်ဖြစ်ကာ လေးနှစ် တက်ရောက်ပြီးပါက နိုင်ငံတကာရှိ ယင်းကောလိပ်တွင် တက်ရောက်သည့် နည်းတူ ဒီဂရီအဆင့်တူ ရရှိမည်ဖြစ်ကြောင်း ပညာရေးနယ်ပယ်တွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။
ယင်းသို့ လာရောက်ဖွင့်လှစ်မည့် အစီအစဉ်နှင့် ပတ်သက်၍ “Bard College လိုမျိုး မြန်မာနိုင်ငံမှာ လာဖွင့်တဲ့အတွက် ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအဆင့်မြင့် ပညာရေးကိုလည်း အထောက်အကူဖြစ်လို့ ကြိုဆိုရမှာပါ” ဟု အဆိုပါ ကောလိပ် လာရောက် ဖွင့်လှစ်ရေး ညှိနှိုင်းခဲ့သူ တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
စုစုပေါင်း လေးနှစ်တက်ရောက်ရမည့် အဆိုပါ ကျောင်းကို ပထမ ၂ နှစ်တွင် မြန်မာလိုနဲ့ အင်္ဂလိပ်လို ရောနှော သင်ကြားမည်ဖြစ်ပြီး နောက်ထပ် ၂ နှစ်တွင်မူ အင်္ဂလိပ်လို သင်ကြားမည်ဖြစ်ကြောင်း၊ ယင်းကျောင်း တက်ရောက်ခြင်းအတွက် ကုန်ကျစရိတ်ကို မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေ ဖြစ်မည့် ကျောင်းလခ ပုံစံတစ်ခု သတ်မှတ် ထားရှိမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ဟိုမှာ သွားတက်တဲ့ Education ကို ဟိုမှာ သွားတက်တာထက် သက်သာစွာရဖို့က သူတို့ရဲ့ ရည်ရွယ်ချက်တစ်ခုပေါ့” ဟု ပညာရေးလောကသား တစ်ဦးက ပြောကြားသည်။
Bard College သည် အမေရိကန် ပြည်ထောင်စု နယူးယော့ခ်တွင် တည်ရှိပြီး ၁၈၆၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့သော Private Institution ဖြစ်သည်။ ယင်းကဲ့သို့သော ကောလိပ်မျိုး၏ ယခုကဲ့သို့ အစီအစဉ်မျိုးဖြင့် မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ရန် စီစဉ်မှုမှာ ပထမဆုံးဖြစ်သည်။

အေးချမ်းမွန်မှ  စင်္ကာပူဖီး  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အမေရိကန် ပြည်ထောင်စုရှိ နာမည်ကျော် Liberal Arts College တစ်ခုဖြစ်သော Bard liberal art college သည် မြန်မာနိုင်ငံတွင်လည်း ဖွင့်လှစ်နိုင်ရန် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ပညာရေး နယ်ပယ်တွင်းရှိ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားကြောင်း အဆိုပါ အသိုင်းအဝိုင်းတွင်းမှ စုံစမ်းသိရှိရသည်။
အဆိုပါ အစီအစဉ်ကို ညှိနှိုင်းမှုများ အဆင်ပြေပါက ၂၀၁၃ ခုနှစ်တွင် ကျောင်းသား စတင်လက်ခံနိုင်ရန် ရည်မှန်း လုပ်ဆောင်နေကြောင်း၊ ယင်းကျောင်းက လိုချင်သည်မှာ ကျောင်းဖွင့်ခွင့်နှင့် ကျောင်းနေရာသာ ဖြစ်ကြောင်း၊ ကျောင်းသား ၂၀၀၀ ခန့် တက်ရောက်နိုင်မည့် ကျောင်းဖွင့်လှစ်မည်ဖြစ်ပြီး ယင်းကောလိပ်၏ ဘာသာရပ် အားလုံးနီးပါး သင်ယူနိုင်မည်ဖြစ်ကာ လေးနှစ် တက်ရောက်ပြီးပါက နိုင်ငံတကာရှိ ယင်းကောလိပ်တွင် တက်ရောက်သည့် နည်းတူ ဒီဂရီအဆင့်တူ ရရှိမည်ဖြစ်ကြောင်း ပညာရေးနယ်ပယ်တွင်းမှ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

Friday, 18 January 2013

မတော်ဘူးဆိုတာ သေချာပြီလား

Photo: မတော်ဘူးဆိုတာ သေချာပြီလား

18 JANUARY 2013  

ကျွန်တော်ယခု ပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင်ခဲ့သော၊ မတော်သော၊ အထင်သေးခြင်း ခံရသော သူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော်တွေ ဖြစ်လာသည်။ အောင်မြင်သူ တစ်ယောက်ဖြစ်ရန် ဆိုသည်မှာ အယ်ဒီဆင်ပြောသလို ပြောရလျှင် ချွေးက ၉၉ ရာခိုင်နှုန်းလောက် ကျအောင် လုပ်နိုင်မှ၊ စိတ်ကူး ၁ ရာခိုင်နှုန်းကို အထောက်အကူ ပြုနိုင်မည် ထင်ပါသည်။ စိတ်ဓာတ်ကျပြီး နောက်ဆုတ်ပြေး သူတွေအတွက် လောကတွင် နေရာမရှိဆိုသည့် သဘောဖြစ်သည်။

Woody Allen

အကယ်ဒမီဆုရခဲ့သော စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ နယူးယော့ခ် ရုပ်ရှင် ထုတ်လုပ်ရေး တက္ကသိုလ်နှင့် နယူးယော့ခ် စီတီး ကောလိပ်သို့ တက်ရောက်စဉ်က စာမေးပွဲကျခဲ့သည်။ နယူးယော့ခ်တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကျခဲ့သူဖြစ်သည်။

Leon Uris

နာမည်ကျော် စာရေးဆရာတစ်ယောက်ဖြစ်သည်။ Exodus စာအုပ်ဖြင့် ကမ္ဘာကျော်ခဲ့သည်။ အထက်တန်း ကျောင်းသားဘဝတွင် အင်္ဂလိပ်ဘာသာကို သုံးကြိမ်ကျရှုံးခဲ့သည်။

Lucille Ball

၁၉၂၇ ခုနှစ်တွင် သရုပ်ဆောင် သင်တန်းတက်ခဲ့သည်။ John Murray Anderson ကျောင်းမှ သင်တန်းဆရာက “မင်း ဘာဖြစ်ဖြစ် အခြားအလုပ်တစ်ခုခု၊ အသက်မွေးမှုတစ်ခုခုကို ရှာသင့်တယ်” ဟုပြောကြားခဲ့ဖူးသည်။ 

Clint Eastwood and Burt Reynolds

၁၉၅၉ ခုနှစ်တွင် Universal Pictures ကုမ္ပဏီမှ အုပ်ချုပ်သူများက ကလင့် အိစ်ဝုဒ်နှင့် ဘတ် ရေးနိုးတို့နှစ် ယောက်ကို ထုတ်ပစ် လိုက်သည်။ ဘတ်ရေးနိုးကို “အရည်အချင်း မရှိ” ဟူ၍လည်းကောင်း၊ ကလင့် အိစ်ဝုဒ်ကို “မင်းက သွားလည်းပဲ့နေသေး၊ လည်ဇလုတ်ကလည်း ရှေ့ကို ငေါထွက်နေတယ်။ စကားပြောလည်း နှေးတယ်” ဟူဝေဖန်ကာ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်သည်။ ထိုနှစ်ယောက်စလုံးသည် ရုပ်ရှင်မင်းသားများအဖြစ်လည်း ကောင်း၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာများအဖြစ်လည်းကောင်း အအောင်မြင်ဆုံး ပုဂ္ဂိုလ်များဖြစ်ခဲ့သည်။

Marilyn Monroe

၁၉၄၄ ခုနှစ်တွင် Blue Book Modeling ကုမ္ပဏီမှ ဒါရိုက်တာ Emmeline Snively သည် Norma Jean Baker ဆိုသည့် မော်ဒယ်ကို “မင်း အတွင်းရေးမှူးအလုပ်အတွက် သင်တန်းတက်တာပဲဖြစ်ဖြစ်၊ အိမ်ထောင်ပြုတာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ကောင်းတယ်” ဟုပြောခဲ့ဖူးသည်။ ထို နော်မာဆိုသူမှာ နောင်တွင် မာရီလင် မွန်ရိုးဆိုသည့် အမည်ဖြင့် ကျော်ကြားသော ရုပ်ရှင် မင်းသမီး တစ်ယောက်ဖြစ်လာသည်။

Liv Ullman

အကောင်းဆုံး အကယ်ဒမီဆုရှင် (သရုပ်ဆောင်မင်းသမီး) အဖြစ် နှစ်ကြိမ်တိုင်တိုင် လျာထားသတ်မှတ်ခြင်း ခံရသူဖြစ်သည်။ နော်ဝေးတွင် သရုပ်ဆောင်သင်တန်းကျောင်းတက်စဉ်က လူရွေးပွဲတွင် ကျရှုံးခဲ့ဖူးသည်။ အကဲဖြတ် ဒိုင်များက သူမကို အရည်အသွေးလုံးဝမရှိကြောင်း မှတ်ချက်ချခဲ့ဖူးသည်။

Malcolm Forbes

ကမ္ဘာပေါ်တွင် စီးပွားရေးမဂ္ဂဇင်းကြီးတစ်စောင်အနေဖြင့် အအောင်မြင်ဆုံးသော မဂ္ဂဇင်းကြီးတစ်စောင်ဖြစ်သည့် Forbes မဂ္ဂဇင်းကြီး၏ အယ်ဒီတာချုပ်ဖြစ်လာသည်။ ပရင့်စ်တန် တက္ကသိုလ်တွင် ကျောင်းတက်နေစဉ်က ကျောင်းပိုင်သတင်းစာ တစ်စောင်တွင် ဝန်ထမ်းအဖြစ်လုပ်ရန် အလုပ်လျှောက်စဉ်က ရွေးချယ်ခြင်း မခံခဲ့ရသူ ဖြစ်သည်။

Beatles

၁၉၆၂ ခုနှစ် ခန့်က ကြောက်လန့်စိုးရွံ့နေသည့် လူငယ်လေး ၄ ယောက်သည် Decca Recording ကုမ္ပဏီ၏ တာဝန်ရှိသူများ ရှေ့မှောက်တွင် ဂစ်တာများကို တီးခတ်ပြီး သီချင်းဆိုဖျော်ဖြေပြခဲ့ဖူးသည်။ သူတို့ လူတွေ့အစစ် ဆေးခံနေကြခြင်းဖြစ်သည်။ အကဲဖြတ်ဒိုင်များက သူတို့ တီးခတ်ဖျော်ဖြေမှုကို လုံးဝစိတ်မဝင်စားခဲ့ကြပေ။ အကဲဖြတ်ဒိုင်တစ်ယောက်က “အသံတွေကလည်း ဘာသံတွေလဲကွာ။ ဂစ်တာသံတွေကလည်း ကြောင်တောင် တောင်နဲ့” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ထို ၄ ယောက်အဖွဲ့သည် နောင်တွင် Beatles ဆိုသည့်အဖွဲ့အမည်ဖြင့် ကမ္ဘာကျော် တေးဂီတပညာရှင်များဖြစ်လာသည်။

Buddy Holly Decca Records

တွင် ၁၉၅၆ ခုနှစ်က ပေါလ် ခိုဟင်သည် ဘတ်ဒီ ဟိုလီကို “ကျုပ်နဲ့ အလုပ်အတူတူ တွဲလုပ်တဲ့ သူတွေထဲမှာ အရည်အချင်းမရှိဆုံး” ဟု မှတ်ချက်ချခဲ့ဖူးသည်။ ပေါလ်သည် ထိုစဉ်က ဂီတလောက တွင် အအောင်မြင်ဆုံး ပုဂ္ဂိုလ် တစ်ယောက်ဖြစ်နေပြီး သူ့မှတ်ချက်ကြောင့် ဘတ်ဒီ ဟိုလီသည် အလုပ်မှ ထွက်သွားခဲ့ရသည်။ နောက် နှစ်ပေါင်း ၂၀ ခန့်အကြာတွင် Rolling Stone အဖွဲ့က ဟိုလီကို နှစ်ပေါင်း ၆၀ အတွင်း Rock ဂီတလောက၏ အအောင်မြင်ဆုံးပုဂ္ဂိုလ်၊ အကြီးမြတ်ဆုံးလူသားအဖြစ် ဂုဏ်ပြုချီးကျူးခဲ့သည်။

Elvis Presley

၁၉၅၄ ခုနှစ်က Grand Ole Pory ကုမ္ပဏီ၏ မန်နေဂျာဖြစ်သူ ဂျင်မီ ဒင်နီသည် အဲလစ် ပရက်စ်လေကို ဂီတပွဲတစ်ခုတွင် ဖျော်ဖြေရန် ခွင့်မပြုခဲ့ပေ။ သူက ပရက်စ်လေကို “ဘာမှ လုပ်မနေပါနဲ့တော့ သားရယ်၊ မင်း ထရပ်ကားပဲ ပြန်မောင်းပါတော့ကွာ” ဟု မှတ်ချက်ချခဲ့သည်။ နောက်ပိုင်းတွင် အဲလစ် ပရက်စ်လေသည် အမေရိကန်တွင် အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး အဆိုကျော်ကြီးတစ်ယောက်ဖြစ်လာသည်။
Alexander Graham Bell
အလက်ဇန်းဒါး ဂရေဟန် ဘဲလ်သည် ၁၈၇၆ ခုနှစ်တွင် တယ်လီဖုန်းကို တီထွင်ခဲ့သည်။ ထိုစဉ်က တယ်လီဖုန်းသည် စကားပြောခွက်နှင့် အသံထွက်ခွက် သီးခြားစီကိုင်ကာ ပြောရသည်။ တယ်လီဖုန်း သရုပ်ပြပွဲတွင် သမ္မတ ရုသာဖို့ဒ် ဟေးရက်စ်က “တီထွင်မှုကတော့ အံ့သြစရာကောင်းပါတယ်။ ဒါကြီးတွေကို ဘယ်သူက သုံးချင်မှာလဲ” ဟု မှတ်ချက်ချခဲ့ဖူးသည်။

Thomas Edison

သောမတ်စ် အယ်ဒီဆင်သည် အမေရိကန် တီထွင်မှုသမိုင်းတွင် အအောင်မြင်ဆုံး၊ အကျော်ကြားဆုံး ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်သည်။ သူသည် မစ်ချီဂန်ပြည်နယ် ပို့ ဟူရွန်ကျောင်းသို့ ပထမဦးဆုံး ကျောင်းလာတက်စဉ်က သူ့ဆရာများသည် “သင်ယူမှု ခံယူနိုင်စွမ်းမရှိသူ” အဖြစ် မှတ်ချက်ချကာ၊ စာမသင်ပေးနိုင်ကြောင်း မိဘများထံ အကြောင်းပြန်ကြားခဲ့သည်။ ရလဒ်မှာ အယ်ဒီဆင်၏ မိခင်ဖြစ်သူက သားကို ကျောင်းမှထုတ်ပြီး အိမ်တွင် ကိုယ်တိုင် စာသင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ လူငယ်လေး အယ်ဒီဆင်သည် သိပ္ပံပညာကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ အသက် ၁၀ နှစ်သားတွင် သူပိုင် ဓာတုဗေဒဓာတ်ခွဲခန်းကို ပထမဦးဆုံး ထူထောင်ပြီး စမ်းသပ်ခဲ့သည်။ သူ့ပါရမီ သူ့ကြိုးစားအားထုတ်မှုများ ကြောင့် ဘဝတစ်လျှောက်လုံး တီထွင်မှုအမျိုးအစားပေါင်း၁၃၀၀ ခန့်ကို ပြုလုပ်ပြသွားနိုင်ခဲ့သည်။ သူက “ပါရမီရှင်ဆိုတာ ချွေးက ၉၉ ရာခိုင်နှုန်း၊ စိတ်ကူးက ၁ ရာခိုင်နှုန်း” ဟုအဓိပ္ပာယ်ဖွင့်ဆိုပြခဲ့သည်။

Thomas Edison

သောမတ်စ် အယ်ဒီဆင်သည် လျှပ်စစ်မီးသီးကို တီထွင်ခဲ့သူဖြစ်သည်။ မီးထွန်းနိုင်သည့် မီးသီးအဆင့်ရောက်ရန် သူသည် အကြိမ်ပေါင်း ၂၀၀၀ ခန့် လက်တွေ့စမ်းသပ် ပြုလုပ်ခဲ့ရသည်။ သတင်းထောက်လေးတစ်ယောက်က ဤမျှ အကြိမ်ပေါင်းများစွာ ကြိုးစားဖန်တီးခဲ့ရသည့်အတွက် မည်သို့ခံစားရပါသနည်း၊ စိတ်မပျက်မိဘူးလားဟု သူ့ကို မေးလိုက်သည်။ အယ်ဒီဆင်က “တစ်ကြိမ်ဆုံးရှုံးတော့ နောက်ထပ် အကြိမ် ၂၀၀၀ ကို ထပ်ပြီးဖန်တီးခွင့် ရသွားတာပေါ့” ဟုပြန်ပြောလိုက်လေသည်။

Chester Carlson

၁၉၄၀ နှစ်များအတွင်းက ချက်စ်တာ ကာလ်ဆန်ဆိုသည့် လူငယ်တီထွင် ဖန်တီးရှင်တစ်ယောက်သည် သူ့စိတ်ကူးအကြံအစည်ကို ကုမ္ပဏီပေါင်း ၂၀ သို့ လိုက်လံချပြခဲ့သည်။ ထိုကုမ္ပဏီများထဲတွင် နိုင်ငံ၏အကြီးဆုံး ကုမ္ပဏီများလည်း ပါဝင်သည်။ သူတို့အားလုံးက သူ့စိတ်ကူးကို လက်မခံခဲ့ကြပေ။ ၁၉၄၇ ခုနှစ်တိုင် ၇ နှစ်တိတိ သူ့စိတ်ကူးကို မည်သူ့ကိုမျှ ချပြပြီး အကောင်အထည် မဖော်နိုင်ခဲ့။ နောက်ဆုံး သူကိုယ်တိုင် နယူးယော့ခ်မြို့ တော်၊ ရိုချက်စ်တာတွင် ကုမ္ပဏီလေးတစ်ခုကို ထူထောင်လိုက်သည်။ ကုမ္ပဏီအမည် ကိုလည်း Haloid ဟု အမည်ပေးလိုက်သည်။ သူ့ကုမ္ပဏီလေးမှ မိတ္တူကူးစက်များကို စတင်ရောင်းချခဲ့သည်။ နောက်ပိုင်း Haloid ကုမ္ပဏီသည် Xerox Corporation အမည်ဖြင့် ကုမ္ပဏီကြီးဖြစ်လာသည်။ ကာလ်ဆန်လည်း သူဌေးကြီးတစ် ယောက်ဖြစ်လာသည်။

John Milton

ဂျွန် မီလ်တန်သည် အသက် ၄၄ နှစ်အရွယ်တွင် မျက်စိကွယ်သွားသည်။ မျက်စိကွယ်ပြီး နောက် ၁၆ နှစ်အကြာ တွင် ကမ္ဘာ့ ဂန္ထဝင် စာရင်းပေါက်ခဲ့သည့် Paradise Lost ဆိုသည့် စာအုပ်ကြီးကို ရေးသားနိုင်ခဲ့သည်။

Pablo Casals

အသက် ၉၅ နှစ်အရွယ်ရှိ ပါဘလို ကာဆယ်ကို သတင်းထောက်လေးတစ်ယောက်က မေးခွန်းတစ်ခုမေးလိုက် သည်။ “မစ္စတာ ကာဆယ်၊ ခုဆိုရင် ခင်ဗျားဟု အသက်အကြီးဆုံး အကျဉ်းသားတစ်ယောက် ဖြစ်နေပါပြီ။ ခင်ဗျား တစ်နေ့ကို ၆ နာရီလောက် ဘာတွေများ လေ့ကျင့်လုပ်ဆောင်နေတယ်ဆိုတာ သိပါရစေ” ဟု မေးလိုက် သည်။ ကာဆယ်က “အသက်ရှည်အောင် ဘယ်လိုနေရမလဲဆိုတာပဲ တွေးပါတယ်” ဟုပြန်ဖြေလိုက်သည်။

Ludwig van Beethoven

နှစ်ပေါင်းများစွာ နားလေးခဲ့သည့် ဂျာမန် ဂီတပညာရှင်ကြီး ဘီသိုဗင်သည် နောက်ဆုံး လုံးဝမကြားရတော့သည့် အဆင့်သို့ အသက် ၄၆ နှစ်အရွယ်တွင်ရောက်သွားတော့သည်။ သို့သော် သူသည် စိတ်မပျက်၊ သံစုံတီးဝိုင်းကြီး များတွင် တီးမှုတ်ရန် သီချင်းတေးသွား ၅ ပုဒ်ကို နောက်ဆုံးအချိန်အထိ ဖော်ထုတ်သွားနိုင်ခဲ့သည်။

Douglas Bader

လေယာဉ်ပျက်ကျမှုကြောင့် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးခဲ့ရသည့် ဗြိတိန် လေကြောင်းတိုက်ခိုက်ရေး လေယာဉ်မောင်း ဒေါက်ဂလပ်စ် ဘေဒါသည် ခြေထောက်အတုနှစ်ချောင်းထည့်ပြီးနောက် ဗြိတိသျှ လေကြောင်း တပ်ကို ပြန်လည်အမှုထမ်းရန် ရောက်လာခဲ့သည်။ သူသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်တပ်၏ ၃ ကြိမ် တိုင်အဖမ်းခံရပြီး၊ ၃ ကြိမ်စလုံး ပြန်လည်လွတ်မြောက်လာခဲ့သူလည်းဖြစ်သည်။

Terry Fox

ကင်ဆာရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရသည့် ကနေဒါနိုင်ငံသားလေး တယ်ရီ ဖော့က်စ်သည် ကနေဒါကမ်းခြေတစ်လျှောက် ခြေထောက်တစ်ဖက်တည်းဖြင့် ပြေးကာ ကင်ဆာသုတေသန ဌာနအတွက် ဒေါ်လာ ၁ သန်း ရန်ပုံငွေရှာပေးနိုင်ခဲ့သည်။ ကင်ဆာက သူ့အဆုတ်သို့လည်း ပျံ့နှံ့လာခဲ့သည်။ သို့သော် သူအားမလျှော့။ သူစတင်ထူထောင် ထားခဲ့သည့် ကင်ဆာဖောင်ဒေးရှင်းကို ဒေါ်လာ သန်း ၂၀ အထိ ရအောင် ရှာပေးသွားနိုင်ခဲ့သည်။

Wilma Rudolph

ဝေမာ ရုဒေါ့သည် အချိန်မတိုင်မီ မွေးလာသောကြောင့် ချူချာသည့် ကလေးတစ်ယောက်ဖြစ်သည်။ အသက် ၄ နှစ်သမီးအရွယ်တွင် အဆုပ်အအေးမိပြီး၊ တစ်ကိုယ်လုံးတွင်နီရဲကာ အဖျားဝေဒနာကိုပါ ပြင်းထန်စွာ ခံစားခဲ့ရ သည်။ ထိုဝေဒနာများကြောင့်ပင် ဘယ်ခြေထောက်တစ်ချောင်း မလှုပ်ရှားနိုင်အောင် ဖြစ်ခဲ့ရသည်။ အသက် ၉ နှစ်သမီးတွင် ခြေထောက်တွင် တပ်ဆင်ထားသည့် သံအထိန်းများကို သူမသည် ဖယ်လိုက်ပြီး၊ ကိုယ်တိုင် အထောက်အကူမပါဘဲ လမ်းလျှောက်နိုင်အောင် ကြိုးစားခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် ကိုယ့်ကိုယ်ကို ထိန်းပြီး လမ်းလျှောက်နိုင်သည့် အဆင့်သို့ရောက်လာသည်။ ထိုနှစ်တွင်ပင် သူမသည် အပြေး သမားတစ် ယောက်ဖြစ်ရမည်ဆိုသော ဆုံးဖြတ်ချက်ဖြင့် စတင်လေ့ကျင့် လှုပ်ရှားသည်။ အပြေးပြိုင်ပွဲကို ဝင်ပြိုင်သည်။ နောက်ဘိတ်ဆုံးတွင် ကျန်နေခဲ့သည်။ သို့သော် ဇွဲမလျှော့။ နောက်နှစ်အတန်ကြာသည်အထိ အပြေးပြိုင်ပွဲ တိုင်းလိုလိုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် နောက်ဆုံးမှသာ ပန်းဝင်နိုင်ခဲ့သည်။ သူ့ကို လူတွေက စိတ်လျှော့လိုက်ရန် ဝိုင်းပြောကြသည်။ တစ်နေ့ အပြေးပြိုင်ပွဲတစ်ခုတွင် သူအမှတ်မထင် အနိုင်ရလိုက်သည်။ ထိုမှစတင်ပြီး တစ်ပွဲပြီးတစ်ပွဲ နိုင်ပွဲတွေ ဆက်ခဲ့သည်။ သူ့ကို လမ်းမလျှောက်နိုင်ပဲ ဒုက္ခိတတစ်ယောက်ဖြစ်တော့ မည်ဟု ထင်ထားရာမှ အိုလံပစ်ပွဲ ၃ ပွဲတွင် ရွှေတံဆိပ်ဆုများ ရရှိနိုင်ခဲ့သူ ဖြစ်လာခဲ့သည်။ ဝေမာက “ကျွန်မအမေက ကျွန်မ ငယ်ငယ်ကလေးကတည်းက လုပ်ချင်တာကို ဖြစ်အောင်လုပ်ရမယ်လို့ သင်ပေးခဲ့ပါ တယ်။ ဒါကြောင့်လည်း ဘာအထောက်အကူမှ မပါဘဲ သံချောင်းတွေကို ဖြုတ်ထုတ်ခဲ့ပြီး လမ်းစလျှောက်ခဲ့တာ ပေါ့” ဟုပြောကြားခဲ့သည်။

Franklin D. Roosevelt

ရုစဗဲ့သည် အသက် ၃၉ နှစ်အရွယ်တွင် ပိုလီယိုဖြင့် အောက်ပိုင်းသေသည့် ဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် အမေရိကန်တွင် ချစ်ခင်သဘောကျမှု အခံရဆုံး၊ သြဇာအကြီးမားဆုံး ခေါင်းဆောင်ကောင်းတစ် ယောက် ဖြစ်လာခဲ့သည်။ သူသည် အမေရိကန်ပြည်ထောင်စုတွင် ၄ ကြိမ်တိုင် သမ္မတအဖြစ် ရွေးကောက်တင် မြှောက်ခံခဲ့ရသည်။

Sarah Bernhardt

ဆာရာ ဘားနတ်ကို အကောင်းဆုံး သရုပ်ဆောင်မင်းသမီးအဖြစ် လူတိုင်းက အသိအမှတ်ပြုခဲ့ကြသည်။ သူမသည် အသက် ၇၀ အရွယ်တွင် ခြေထောက်ထိခိုက်ဒဏ်ရာရမှုကြောင့် ခြေတစ်ဖက် ဖြတ်တောက်လိုက်ရ သည်။ သို့သော် နောက် ၈ နှစ်တိုင်အောင် ဆက်လက်ပြီး သရုပ်ဆောင်လောကတွင် ခြေချသွားနိုင်ခဲ့သည်။

Louis L’Amour

လူးဝစ်သည် အနောက်တိုင်း ဝတ္ထုပေါင်း ၁၀၀ ကျော်ရေးကာ အောင်မြင်သည့် စာရေးဆရာတစ်ယောက်ဖြစ် သည်။ သူ့စာအုပ်များကို လုပ်ရေ သန်း ၂၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ရသည်။ သူ့စာအုပ်များကို ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခြင်း မပြုမီအချိန်အထိ အကြိမ်ပေါင်း ၃၅၀ ထုတ်ဝေမှုကို အငြင်းခံခဲ့ရသည်။ သမိုင်းဆိုင်ရာ အထောက်အထားများနှင့် သူရေးသားခဲ့သည့် ဝတ္ထုရှည်ကြီး များကို ကွန်ဂရက်ကပင် အသိအမှတ်ပြုခဲ့ရပြီး ကွန်ဂရက်၏ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ကို ပထမဦးဆုံး ချီးမြှင့်ခံခဲ့ရသည်။

Julia Child

၁၉၅၃ ခုနှစ်တွင် ဂျူလီယာ ချိုင်းနှင့် သူမ၏အပေါင်းအပါနှစ်ယောက်တို့သည် စာအုပ်ထုတ်ဝေရန် သဘောတူ လက်မှတ် တစ်ခုရေး ထိုးကြသည်။ သူတို့ရေးသားရမည့် စာအုပ်အမည်မှာ “အမေရိကန် မီးဖိုချောင်အတွက် ပြင်သစ်စာချက်နည်း” ဖြစ်သည်။ ဂျူလီယာနှင့် သူမ၏ အပေါင်းအပါတို့က ထိုစာအုပ်အတွက် ၅ နှစ်ခန့် အချိန်ယူ ပြုစုရေးသားခဲ့ရသည်။ စာအုပ်ပြီးချိန်တွင် ထုတ်ဝေသူက စာမျက်နှာ ၈၅၀ ခန့်ရှိသည့် စာမူကို မထုတ်နိုင်တော့ကြောင်း ငြင်းပယ်ခဲ့သည်။ ဂျူလီယာနှင့် သူမအပေါင်း အသင်းများသည် ထိုစာမူကို နောက်ထပ်တစ်နှစ် ထပ်မံစိစစ်တည်းဖြတ်ကြရပြန်သည်။ ထုတ်ဝေသူကလည်း ထပ်မံငြင်းပယ် ခဲ့ပြန်သည်။ သို့သော် ဂျူလီယာသည် စိတ်ဓာတ်မကျ။ ထပ်ပြီး ပြင်ဆင်မွမ်းမံကာ ထုတ်ဝေသူနောက်အသစ်တစ်ယောက် ရှာကြသည်။ ၁၉၆၁ ခုနှစ်ကျမှ “ပြင်သစ်စာချက်နည်းအနုပညာ” ခေါင်းစဉ်ဖြင့် စာအုပ်ထုတ်နိုင်တော့သည်။ စာအုပ် စုစုပေါင်း အုပ်ရေ ၁ သန်းရောင်းချခဲ့ရရုံမက ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးကလည်း ဂျူလီယာ ချိုင်းကို မျက်နှာဖုံးတင်ပြီး ဆောင်းပါးတစ်ပုဒ်ဖြင့် ဂုဏ်ပြုဖော်ပြခဲ့သည်။ နောက်နှစ်ပေါင်း ၃၀ တိုင်အောင် သူမထုတ်ခဲ့ သော ဟင်းချက်နည်းစာအုပ်သည် ကမ္ဘာ့ထိပ်တန်း အရောင်းရဆုံး စာရင်းဝင်စာအုပ်ဖြစ်ခဲ့ရသည်။

General Douglas MacArthur

စိတ်ရှည် ဇွဲသန် သည်းခံခြင်းမရှိခဲ့လျှင် မက်အာသာသည် အောင်မြင်မှုရခဲ့မည် မဟုတ်ပေ။ သူ ဝက်စ်ပွိုင့် စစ်တက္ကသိုလ်တက်ရန် လျှောက်ထားစဉ်က မအောင်မြင်ခဲ့ပေ။ တစ်ကြိမ်မဟုတ် နှစ်ကြိမ်လျှောက်ထားရာ နှစ်ကြိမ်စလုံး ကျရှုံးခဲ့ခြင်းဖြစ်သည်။ တတိယအကြိမ်လျှောက်သည့်အခါမှ စစ်ကျောင်းတက်ခွင့်ရပြီး ကမ္ဘာ ကျော်စစ်ဗိုလ်ချုပ်ကြီးအဖြစ် သမိုင်းမှတ်တမ်းဝင် ပုဂ္ဂိုလ်ဖြစ်ခဲ့ရသည်။

Abraham Lincoln

အေဘရာဟင် လင်ကွန်းသည် ဘလက်ဟော့ စစ်ပွဲသို့ ဗိုလ်တစ်ယောက်အနေဖြင့် ရောက်လာခဲ့သည်။ စစ်ပွဲပြီး ဆုံးသည့်အခါတွင် သူ့ကို တပ်သားအဆင့်သို့ ရာထူးချခြင်း ခံခဲ့ရဖူးသည်။

Edmund Hillary

၁၉၅၂ ခုနှစ်တွင် အက်ဒ်မန် ဟီလာရီသည် ဧဝရက်တောင်ကိုတက်ရန် ကြိုးစားခဲ့သည်။ ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သည့် ပေပေါင်း ၂၉၀၀၀ ကျော်သို့ လူသားတစ်ယောက်အနေဖြင့် ခြေချနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူ့ကြိုးပမ်းချက်သည် မအောင်မြင်ခဲ့ပေ။ နောက်တစ်ပတ်ခန့်အကြာတွင် သူ့ကို အင်္ဂလန်မှအဖွဲ့တစ်ဖွဲ့က အတွေ့ အကြုံဟောပြောပွဲတစ်ခုသို့ ဖိတ်ကြားပြီး ဟောပြောစေသည်။ သူက စင်မြင့်အစွန်းသို့ လျှောက်သွားပြီး လက်သီးကိုဆုပ်ကာ တောင်ပုံကို ညွှန်ပြလိုက်သည်။ ပြီးနောက် အသံကျယ်ကြီးဖြင့် “ဧဝရက်တောင်၊ သင်သည် ကျွန်ုပ်ကို ပထမအကြိမ်တွင် ရှုံးနိမ့်စေခဲ့သည်။ နောက်တစ်ကြိမ်တွင် သင့်ကို အနိုင်ယူပြမည်။ သင်မြင့်နိုင် သလောက်မြင့်စမ်းပါ။ ကျွန်ုပ်ကလည်း သင့်ကိုအနိုင်ယူရန် စိတ်ဓာတ်မြင့်မားနေပြီ” ဟုကြုံးဝါးခဲ့သည်။ နောက် တစ်နှစ်အကြာ မေလ ၂၉ ရက်နေ့တွင် အက်ဒမန် ဟီလာရီသည် ဧဝရက်တောင်ကို ပထမဦးဆုံးတက်ရောက် နိုင်ခဲ့သည့် လူသားဖြစ်လာသည်။ 

Ref By - အလင်းအိမ် လူငယ်စာဖတ်အသင်း
Ref Link - http://www.maukkha.org

အေးချမ်းမွန်မှ  ရိုးရာလေး တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ကျွန်တော်ယခု ပြောချင်သည့် ပုဂ္ဂိုလ်များသည် တစ်ချိန်က မအောင်မြင်ခဲ့သော၊ မတော်သော၊ အထင်သေးခြင်း ခံရသော သူများဖြစ်သည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့သည် ကမ္ဘာကျော်တွေ ဖြစ်လာသည်။ အောင်မြင်သူ တစ်ယောက်ဖြစ်ရန် ဆိုသည်မှာ အယ်ဒီဆင်ပြောသလို ပြောရလျှင် ချွေးက ၉၉ ရာခိုင်နှုန်းလောက် ကျအောင် လုပ်နိုင်မှ၊ စိတ်ကူး ၁ ရာခိုင်နှုန်းကို အထောက်အကူ ပြုနိုင်မည် ထင်ပါသည်။ စိတ်ဓာတ်ကျပြီး နောက်ဆုတ်ပြေး သူတွေအတွက် လောကတွင် နေရာမရှိဆိုသည့် သဘောဖြစ်သည်။

Woody Allen

အကယ်ဒမီဆုရခဲ့သော စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ယောက်ဖြစ်သည်။ နယူးယော့ခ် ရုပ်ရှင် ထုတ်လုပ်ရေး တက္ကသိုလ်နှင့် နယူးယော့ခ် စီတီး ကောလိပ်သို့ တက်ရောက်စဉ်က စာမေးပွဲကျခဲ့သည်။ နယူးယော့ခ်တက္ကသိုလ်တက်စဉ်က အင်္ဂလိပ်စာကျခဲ့သူဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis