menu

Tuesday 5 November 2013

ထိုင်းနယ်စပ် ဗုံးပေါက်ကွဲမှု တပ်ကြပ်ကြီး တစ်ဦးအပါအ၀င် လူ ၄ ဦး ဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင် အတွင်းရှိ အမို-ဆင်ဖြူတိုင်-ဘောင်းတိ လမ်းခွဲတွင် ယမန်နေ့ နေ့လည် ၁၂ နာရီက ဗုံးတစ်လုံး ပေါက်ကွဲရာ ထိုင်းလူမျိုးအရပ်သား ၃ ဦးနှင့် မြန်မာစစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်း သိရှိရသည်။

အဆိုပါဗုံးပေါက်ကွဲသည့်နေရာမှာ မြန်မာအစိုးရ၏ ကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန် တပ်ရင်း-ခမရ(၂၈၀) ဂိတ် နေရာတွင်ဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် စပါးရိတ်ရာမှ ပြန်လာသည့် ထိုင်းလူမျိုး များ စီးနင်းလာသော ဆိုင်ကယ်နှစ်စီးပါ ပျက်စီး သွားသည်ဟု ကိုယ်တိုင် သွားရောက်တွေ့ရှိခဲ့သူ ခရီးသွား တစ်ဦးက ယခုလို ပြောသည်။

“အဲဒီဂိတ်က ဂိတ်အသစ်လေ။ လာဖွင့်တာ ၆ လလောက်ပဲ ရှိအုံးမယ်။ အဲဒီဂိတ်က တပ်ကြပ်ကြီး မင်းဦးက ထိုင်းလူမျိုး ၃ ယောက်ကို စစ်ဆေးအပြီး ပြန်ထွက်ဖို့ ဆိုင်ကယ်ဖင် အလှည့်မှာ ဗုံးကိုသွားထိမိပြီး ပေါက်တာ ပဲ။ ဒီတော့ ထိုင်းလူမျိုး ၃ ယောက်စလုံးနဲ့ စစ်တဲ့ တပ်ကြပ်ကြီးပါ ထိသွားတာပေါ့။”ဟု ၎င်းခရီးသွားက ပြောဆိုသည်။

အမြန် လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက် နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

Photo: အမြန် လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက် နှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်သို့အပြန် ယာဉ်မောင်း ခင်မောင်ကျော် (၄၄ နှစ်) ကျောင်း တော်ရာ ပွင့်ဖြူမြို့နယ် မောင်းနှင် လာသော ကိုယ်ပိုင်ပရာဒိုကား အမှတ် ၃ဃ/--- သည် နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီက အမြန် လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင် တိုင်အမှတ် (၁၂၁/၂နှင့် ၁၂၁/၃) အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ရှိကွန် ကရစ်ကျွန်းတိုင်များကို တိုက်မိပြီး ယာဉ်တိမ်းမှောက် သွားသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ် မောင်း ခင်မောင်ကျော်၊ ဦးဇော်လွင်၊ ဒေါ်ထွေးယုံ၊ ဒေါ်သိန်းသိန်းနှင့် မဖူးပွင့် သက်တို့သည် ပြင်းထန်စွာ ဒဏ်ရာများရရှိကာ ဖြူးပြည်သူ့ ဆေးရုံကြီး အရောက်တွင် ယာဉ်မောင်း ခင်မောင်ကျော်နှင့် ဦးဇော်လွင်တို့နှစ်ဦးသည် ဒဏ်ရာ များဖြင့်သေဆုံးသွားကြပြီး ကျန် လူနာများကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုသတင်းရလျှင်ရချင်း အမြန်လမ်းမကြီး ၁၁၅ မိုင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းမှလူနာတင်ယာဉ်တစ်စီးနှင့် တာဝန်ခံ ဒေါ်သန်းသန်းမြင့်နှင့် အဖွဲ့၊ ၁၂၂ မိုင်ရှိ အာရောဂျံခြံမှ ဦးကိုကိုကြီး နှင့် ကုသိုလ်ဖြစ် လူနာတင်ယာဉ် တစ်စီးနှင့် ဗောဓိကုန်းရဲစခန်းမှ လူနာတင် ယာဉ်တစ်စီးတို့ ရောက်ရှိ ကြပြီး လူနာများကို ဖြူးဆေးရုံကြီးသို့ တင်ပို့ခဲ့ကြသည်။ အမှုကို အမြန် လမ်းမကြီး ဗောဓိကုန်းရဲစခန်းက အရေးယူထားကြောင်း သိရ သည်။

ကျော်လှ(တောင်ငူ)

Credit : Today Myanmar

မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်သို့အပြန် ယာဉ်မောင်း ခင်မောင်ကျော် (၄၄ နှစ်) ကျောင်း တော်ရာ ပွင့်ဖြူမြို့နယ် မောင်းနှင် လာသော ကိုယ်ပိုင်ပရာဒိုကား အမှတ် ၃ဃ/--- သည် နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီက အမြန် လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင် တိုင်အမှတ် (၁၂၁/၂နှင့် ၁၂၁/၃) အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ရှိကွန် ကရစ်ကျွန်းတိုင်များကို တိုက်မိပြီး ယာဉ်တိမ်းမှောက် သွားသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ် မောင်း ခင်မောင်ကျော်၊ ဦးဇော်လွင်၊ ဒေါ်ထွေးယုံ၊ ဒေါ်သိန်းသိန်းနှင့် မဖူးပွင့် သက်တို့သည် ပြင်းထန်စွာ ဒဏ်ရာများရရှိကာ ဖြူးပြည်သူ့ ဆေးရုံကြီး အရောက်တွင် ယာဉ်မောင်း ခင်မောင်ကျော်နှင့် ဦးဇော်လွင်တို့နှစ်ဦးသည် ဒဏ်ရာ များဖြင့်သေဆုံးသွားကြပြီး ကျန် လူနာများကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

မြန်မာ့ ဆယ့်နှစ်လရာသီ ပွဲတော်များ....(လှမြင့် (ရန်ကုန်တက္ကသိုလ်))

C-6-11
ဒဂုံမြို့သစ်မြောက်ပိုင်း အနှေးယာဉ် အမှတ် (၅)ဂိတ်လုပ်သားများ စုပေါင်းဘုံကထိန် မဏ္ဍပ်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

မြန်မာရိုးရာ ယဉ်ကျေးမှု ဓလေ့အရ တစ်နှစ်တာ ကာလဖြစ်သော တန်ခူးလမှသည် တပေါင်းလတိုင်အောင် တစ်ဆယ့်နှစ်လ ရှိသည့်အနက် တစ်ဆယ့်နှစ်လလုံးတွင် ရာသီပွဲတော်များကို မြန်မာ့ရေမြေ သဘာဝ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ မြန်မာမှု အခြေခံလျက် ရှေးခေတ်အဆက်ဆက်မှသည် မျက်မှောက်ခေတ်တိုင်အောင် လစဉ်ကျင်းပလျက် ရှိနေသည်။ ထို့ကြောင့် မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များသည် ဘာသာရေး ရိုးရာယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ပွဲတော်များအဖြစ် ခေတ်အဆက်ဆက်၏ ခေတ်အရိပ်၊ ခေတ်ကြေးမုံကို ထင်ဟပ်နေသော ပွဲတော်များဖြစ်ကြသည်။
မြန်မာတို့၏ ဆယ့်နှစ်လရာသီ ပွဲတော်များတွင် တန်ခူးလ၌ သင်္ကြန်ပွဲတော်၊ ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်၊ နယုန်လ၌ ရဟန်းသံဃာတော်များ၏ စာပြန်ပွဲတော်၊ ၀ါဆိုလ၌ ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ ၀ါခေါင်လ၌ စာရေးတံမဲပွဲ၊ တော်သလင်းလ၌ လှေသဘင်ပွဲ၊ သီတင်းကျွတ်လ၌ ဆီမီးပူဇော်ပွဲ၊ တန်ဆောင်မုန်းလ၌ ကထိန်သင်္ကန်း ကပ်လှူပွဲ၊ နတ်တော်လ၌ စာဆိုတော်ပွဲ၊ ပြာသိုလ၌ မြင်းခင်းသဘင်ပွဲ၊ တပို့တွဲလ၌ ထမနဲပွဲ၊ တပေါင်းလ၌ သဲပုံစေတီပွဲ (ဘုရားပွဲ) တို့ကို လစဉ်အမြဲ မြို့ပြမှအစ ကျေးလက်တောရွာအဆုံး ခြိမ့်ခြိမ့်သဲသဲ ကျင်းပပြုလုပ်ကြသည်။ ယင်းသို့ မြန်မာ့ဆယ့်နှစ်လရာသီ ပွဲတော်များကို မြန်မာတို့ ခေတ်အဆက်ဆက်တွင် ခမ်းနားထည်ဝါ၀င့်ကြွားစွာ ကျင်းပခဲ့မှု သမိုင်းအစဉ်လာကို ကုန်းဘောင်ခေတ်နှောင်း စာဆိုကျော် ကင်းဝန်မင်းကြီးက-

ကျွန်တော်တို့က ဘာပြောရဲမှာလဲ -၆....(အကြည်တော်)

“ကျွန်မတို့ ဖွင့် တဲ့ကျူရှင်လည်း မတက်”
“ကျွန်မတို့ရောင်းတဲ့ မုန့်လည်း ဝယ်မစား”
“ရှင်တို့ကလေးရဲ့ ပညာရေးကျွန်မ ရင်လေး တယ်”
ကျောင်းစအပ်တုန်းက ကောင်း ပြီကောင်းလျက်နဲ့ စားပွဲခုံ တစ်ခုံ ရန်ပုံငွေ တချို့ ရှင်တို့လှူလို့ ကျွန်မက ကလေးရှေ့ရေး အတွက် (A)ခန်း မှာ ထားခဲ့တယ်။
အခုတော့ ရှင့်ကလေးက ကျွန် မတို့ ကျူရှင်လည်း မတက်၊ ကျောင်းမှာ ကျွန်မတို့ ရောင်းတဲ့မုန့်လည်း ဝယ်မစားတော့ ကျွန်မရှင့် ကလေး ရဲ့ ပညာရေးကို ရင်လေးတယ်။
အခုတော့ ကျောင်းစည်းကမ်း မလိုက်နာလို့ (S) ခန်း ကို ပို့ရမယ်။
(S) ခန်းက အတန်းကျ နဲ့ နှစ် ကြိမ် သမား လူဆိုးလေးတွေရောထား တာ။ သူ့ ထိုက်နဲ့ သူ့ကံပေါ့ ရှင်။
ကျွန်မတို့ ကျူရှင် ဆိုတာကျောင်း နဲ့ ချိတ်ဆက်ထားတာမို့ ပညာရေးမှာ စိတ်ချရတယ်။ ကျူရှင် တက်သူတိုင်း စာမေးပွဲအောင်ဖို့ သေချာတယ်။ တခြား ကျူရှင် ဆိုတာ နာမည်ပဲ ရှိ တယ်။ သင်ရိုးတွေက မမှန်၊ လက် ရေးလက်သား ကအစ မသပ် ရပ်၊ ဘယ်လို စာမေးပွဲအောင် မှာလဲ။ သင်တာချင်းတူတောင် စေတနာ ကွာတယ်။
“ရှင့်ကလေးပညာရေး ရင်လေး မိရဲ့”
ကျွန်မ ဒီကလေးကို နှစ်ဝက် ပညာရေးမှ မိဘတွေကို ခေါင်မိုးလှူ ခိုင်းပြီး မိဘ ကိုယ်တိုင်ကိုယ်ကျ ကလေးရဲ့ ထူးချွန်ဆု တက်ပေးခိုင်းဖို့ အထိတောင် ရည်ရွယ်ခဲ့တာ။ ဒီကလေးက စာတော်တယ်ပေါ့။ အခုတော့…

ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး

Photo: ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး

နေပြည်တော်၊ နိုဝင်ဘာ ၎

လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။

လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေခြင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။
“လွှတ်တော်အတွင်း အသံတွေ မြည်နေတာ အဝေးမှာ ရှိနေတဲ့ လွှတ်တော် ဥက္ကဋ္ဌအထိ ကြားနေရတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်  ဖလမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်းသည် ချင်းပြည်နယ် အတွင်းရှိ ကျောင်းများ၊ ဆေးရုံများအတွက် ခွင့်ပြုချမှတ်ထားသည့် ရန်ပုံငွေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေးမြန်းနေစဉ် ဖုန်းသံမြည်ခဲ့သည်။
“မေးခွန်း အဆိုတင်နေတဲ့ အချိန်မှာ ဖုန်းသံ ထမြည်တာတော့ လွှတ်တော်ကို ရုပ်ဆိုးစေတယ်။ လွှတ်တော် ကိုယ်စားလှယ်က စည်းကမ်း မလိုက်နာဘူးဆိုတာ သက်သေပြသလို ဖြစ်သွားတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပေးသည်။

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လယ်သမားများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု မှတ်ပုံတင် လက်မှတ်များ ရောက်ရှိရေးအတွက် ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းခြင်းနှင့် ဝန်ထမ်းလိုပါက ခန့်အပ်ခြင်း ရှိ မရှိ၊ မိုဘိုင်းလ်ဖုန်းများ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်ခွဲများတွင် တာဝါတိုင်များ စိုက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး ကိစ္စများ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ မေးမြန်သည့် အစီအစဉ် အပါအဝင် အစီအစဉ် ရှစ်ခုဖြင့် ကျင်းပခဲ့သည်။

နေပြည်တော်၊ နိုဝင်ဘာ ၎

လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။

လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေခြင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။
“လွှတ်တော်အတွင်း အသံတွေ မြည်နေတာ အဝေးမှာ ရှိနေတဲ့ လွှတ်တော် ဥက္ကဋ္ဌအထိ ကြားနေရတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖလမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်းသည် ချင်းပြည်နယ် အတွင်းရှိ ကျောင်းများ၊ ဆေးရုံများအတွက် ခွင့်ပြုချမှတ်ထားသည့် ရန်ပုံငွေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေးမြန်းနေစဉ် ဖုန်းသံမြည်ခဲ့သည်။

ထိုင်းနိုင်ငံမှ နာမည်ကျော်သရုပ်ဆောင် Pee Mak မင်းသမီးနှင့် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး ရုပ်ရှင်ကားကြီး ရိုက်မည်

ထိုင်းနိုင်ငံမှ နာမည်ကျော်သရုပ်ဆောင် Pee Mak မင်းသမီးနှင့် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး ရုပ်ရှင်ကားကြီး ရိုက်မည်

ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mak ဇာတ်ကားနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသမီး ဒါဗီကာ ဟော်နီနဲ့ မြန်မာနိုင်ငံမှ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ စီစဉ်ထားတဲ့အကြောင်း ADMA Media Grop မှ ဒုတိယ ဥက္ကဌ ကိုဝေမင်းမောင်က နိုဝင်ဘာလ 4ရက်မှာ sunday journal ကိုပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဇာတ်ကားကြီးဟာ ADMA ရဲ့ ပထမဆုံး စီစဉ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးဖြစ်ပြီး ၊ အာရှရုပ်ရှင်လောကမှာ ထိုးဖောက်ဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
Pee Mak မင်းသမီးနဲ့တွဲရိုက်ဖို့ စိုင်းစိုင်းခမ်းလှိုင်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းကိုလည်း `` ဒီမှာ ရှိတဲ့ မင်းသားတွေအားလုံးက သူ့အရည်အချင်းနဲ့သူအားလုံး ရှိကြတယ်။ ကိုစိုင်းကိုရွေးဖြစ်တာကတော့ မြန်မာနိုင်ငံအနေအထားနဲ့ကြည့်ရင် အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းရော ပရိသတ်စိတ်ဝင်စားတဲ့သူ၊ အားပေးမှုများတဲ့သူဖြစ်သည်။ လူကြီးလူငယ်မရွေးလက်ခံကြတယ်။ မျက်နှာနဲ့ ခန္ဒာကိုယ်သွင်ပြင်အနေအထားအရလည်း Pee Mak မင်းသမီးနဲ့လိုက်ဖက်ညီနိုင်မယ် ထင်လို့ ရွေးချယ်ရိုက်ကူးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်´´ လို့ ပြောပြပါတယ်။

အဲဒီဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံမှ နောက်ထပ်နာမည်ကျော်မင်းသားတစ်ဦးနဲ့ မြန်မာနိုင်ငံမှ မင်းသမီးလေးဦးကိုလည်း ထပ်မံရွေးချယ်သွားမယ်လို့သိရပါတယ်။ ရာဇ၀င်ဇာတ်လမ်းကိုနောက်ခံထားပြီး မင်းသမီးဖြစ်သူဟာ အလောင်းမင်းဘုရားလက်ထက် မြန်မာနိုင်ငံကိုခေါ်ဆောင်ခြင်းခံရတဲ့ အဘွားရဲ့ အုတ်ဂူကို ကန်တော့ဖို့လာရောက်ရင်း ဧည့်လမ်းညွှန်ဖြစ်သူ စိုင်းစိုင်းခမ်းလှိုင်နဲ့ တွေ့ဆုံခြင်းကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးမယ့် ဒရမ်မာ အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။

သတင်း - သိမ်မွေ့

အေးချမ်းမွန် Credit To >Sunday Journal<Thanks
https://www.facebook.com/excellencemedia
 
 ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mak ဇာတ်ကားနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသမီး ဒါဗီကာ ဟော်နီနဲ့ မြန်မာနိုင်ငံမှ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ စီစဉ်ထားတဲ့အကြောင်း ADMA Media Grop မှ ဒုတိယ ဥက္ကဌ ကိုဝေမင်းမောင်က နိုဝင်ဘာလ 4ရက်မှာ sunday journal ကိုပြောကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဇာတ်ကားကြီးဟာ ADMA ရဲ့ ပထမဆုံး စီစဉ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးဖြစ်ပြီး ၊ အာရှရုပ်ရှင်လောကမှာ ထိုးဖောက်ဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်လို့လည်း
သိရပါတယ်။
Pee Mak မင်းသမီးနဲ့တွဲရိုက်ဖို့ စိုင်းစိုင်းခမ်းလှိုင်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းကိုလည်း `` ဒီမှာ ရှိတဲ့ မင်းသားတွေအားလုံးက သူ့အရည်အချင်းနဲ့သူအားလုံး ရှိကြတယ်။ ကိုစိုင်းကိုရွေးဖြစ်တာကတော့ မြန်မာနိုင်ငံအနေအထားနဲ့ကြည့်ရင် အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းရော ပရိသတ်စိတ်ဝင်စားတဲ့သူ၊ အားပေးမှုများတဲ့သူဖြစ်သည်။ လူကြီးလူငယ်မရွေးလက်ခံကြတယ်။ မျက်နှာနဲ့ ခန္ဒာကိုယ်သွင်ပြင်အနေအထားအရလည်း Pee Mak မင်းသမီးနဲ့လိုက်ဖက်ညီနိုင်မယ် ထင်လို့ ရွေးချယ်ရိုက်ကူးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်´´ လို့ ပြောပြပါတယ်။

သတင်းရေးသားသည့် သတင်းထောက်ကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ၀ိုင်းရိုက်

ရန်ကုန်နိုဝင်ဘာ၅

မှော်ဘီမြို့တွင်နေထိုင်သူThe Voice သတင်းထောက် သတင်းရေးသားမှုအပေါ် ၎င်းရပ်ကွက်ရှိ ဆယ်အိမ်မှူးနှင့် အပေါင်းအပါများ စုဝေးပြီး ရိုက်နှက်မှုပြုလုပ်ခံ ခဲ့ရကြောင်း The Voiceဂျာနယ်က အယ်ဒီတာအဖွဲ့၏ အတွင်းရေးမှူး ဦးအောင်စိုးက ပြောကြားသည်။

အဆိုပါ သတင်းထောက် နေထိုင်သော ရပ်ကွက်အတွင်းရှိ နိုဝင်ဘာ ၄ရက်နေ့ နေလည်တွင် ဆယ်အိမ်မှူးနှင့် အပေါင်းပါ၃ဦးက ရိုက်နှက်ခဲ့ကြောင်း၊ ယင်းသတင်းထောက်သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ လူတစ်ဦးကို မေးရိုးပြုတ်သည့်အထိ ၀ိုင်းရိုက်မှုနှင့်ပတ်သသော သတင်းကို ရေးသားခဲ့မှုကြောင့် ယခုကဲ့သို့ ၀ိုင်းရိုက်ခံခဲ့ရကြောင်း ၎င်းကဆိုသည်။

“ဥပဒေကြောင်းအရ ဖြေရှင်းမှာပါ ၊ဒါတွေကို ကျေးအေးပေးမှာ မဟုတ်ဘူး”ဟု The Voice အယ်ဒီတာအဖွဲ့ ၏ အတွင်းရေးမှူးက ဦးအောင်စိုးက ဆိုသည်။

အမျိုးသားများကို ခြိမ်းခြောက်နေသော ဆီးကျိတ်ကြီးရောဂါ (BPH)

Benign Prostatic Hyperpl asia, BPH လို့ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ရောဂါဟာ ကင်ဆာမဟုတ်ဘဲ ဆီးကျိတ်ဂလင်း ကြီးမားလာခြင်းကြောင့်ဖြစ်ရတဲ့ ရောဂါဖြစ်ရပါတယ်။ Benign ဆိုတဲ့ စကားလုံးကတော့ ကင်ဆာသို့မဟုတ် ပိုးဝင်ခြင်းကြောင့် ဖြစ်ရခြင်းမဟုတ်ဘူးလို့ ဆိုလိုပါ တယ်။Hyperplasiaဆိုတာကတော့ ကြီးထွားလာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ဆီးကျိတ်ဂလင်း (prostate gland) ဟာ သစ်ကြားစေ့လောက် အရွယ်အစားရှိပြီး အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက်မှာတည်ရှိပြီး ပတ်ပတ်လည်မှာဆီးပို့ပြွန်ရဲ့ အထက်ပိုင်းကို ၀န်းရံထားပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ သုက်ရည်အတွက် လိုအပ်တဲ့အရည်ကို ထုတ်လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီဆီးကျိတ်ဟာ ပုံမှန်မဟုတ်ဘဲ ကြီးလာမယ်ဆိုရင် ဆီးပို့ပြွန်ကိုဖိပြီး ဆီးစီးဆင်းမှုကို နည်းစေခြင်းသို့မဟုတ် ဆီးလုံးဝရပ် သွားခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်။

ကမ္ဘာ့အဆိပ်ပြင်း ပင့်ကူများကို ကုန်တိုက်ပေါ်မှ ငှက်ပျောသီးများတွင် တွေ့ရှိရ

[ Ref-Daily Mirror ၊ ဗြိတိန် ၊ နိုဝင်ဘာ ၄ ]

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ သည်။ နေရာအတည်တကျမနေ ဘဲ လှည့်လည်သွားလာနေတတ် သော ဘရာဇီးမျိုးစိတ်ပင့်ကူများ ကို အမေရိကန်အလယ်ပိုင်းနှင့် တောင်ပိုင်းနှင့် ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်များတွင်လည်း နေ ထိုင်ကြောင်းသိရပြီး တခြားသော နေရာများတွင်လည်း တွေ့ရတတ် သည်။

လန်ဒန်ရှိအိမ်တစ်အိမ် တွင် ငှက်ပျောသီး၏ အသားပေါ် တွင် သေဆုံးနေသော ဘရာဇီး မျိုးစိတ် နယ်လှည့်ပင့်ကူ ဒါဇင် ပေါင်းများစွာကို တွေ့ရှိခဲ့ရ ကြောင်းသိရသည်။ ''အစကတော့ ပုံဖော်ထားတာလို့ထင်ပေမယ့် အနီးကပ်ကြည့်တော့မှ ကြောက် စရာပင့်ကူတွေပဲဆိုတာတွေ့ရ တယ်။ သူတို့တွေက စားပွဲပေါ် မှာ အကောင်ပေါက်နေပြီး ကျွန် မအိမ်ရဲ့ကော်ဇောမှာ ပြေးလွှား နေကြတယ်'' ဟု ကွန်ဆီတေလာ က ပြောခဲ့သည်။

ထူးဆန်းသည့် မှော်အစွမ်းထက်ကလေးငယ်က ရောဂါများကို ပျောက်ကင်းအောင်ကုသပေးဟုဆို

[ ဘန်ကောက် ၊ နိုဝင်ဘာ (၄) ၊ Ref-AFP ]

လူပေါင်း ၁၀၀ဝခန့်သည် ဖုံထူသောလှည်းလမ်းကြောင်း တစ်လျှောက် ဘီးတပ်ကုလားထိုင် နဲ့တစ်ဖုံ၊ ကလေးများကိုချီမ၍ တစ်သွယ်၊ ကျောတွဲပိုးသူကပိုး ဖြင့် တန်းစီကာ သစ်သားခြေတံ ရှည်အိမ်သို့ ဦးတည်လျက်ရှိကြ သည်။အဆိုပါလူအုပ်ကြီးသည် အစွဲအလမ်းကြီးစွာ ယုံကြည်အား ထားလျက် အသက်နှစ်နှစ်သား အရွယ် ကလေးငယ်ကွန်ကင်ထံမှ ကုသပျောက်ကင်းမှုကို ရရှိလိမ့် မည်ဟုယုံကြည်မှုကြောင့် လာ ရောက်ကြခြင်းဖြစ်သည်။ ''ကျွန်မ သားလေး ဒီလိုထူးဆန်းစွာကုသ နိုင်တာကို သူ့အဘိုးနေမကောင်းဖြစ်တဲ့အ ခါကုသပေးခဲ့လို့သိခဲ့ရတာပါ''ဟု မိခင်ဖြစ်သူ ဖက်ဆိုအန်းက အ ကျယ်မချဲ့ဘဲ ပြောပြခဲ့သည်။

လွန်ခဲ့သောအပတ်မှစ၍ နေထိုင်မကောင်းမှုကို ကုသပေး နိုင်ကြောင်း ကောလာဟလသ တင်းများထွက်ပေါ်ခဲ့ပြီးနောက် အစွဲအလမ်းကြီးသူ လူရာပေါင်း များစွာ နေ့စဉ်ရောက်ရှိလာခဲ့ကြ သည်ဟု ဆိုသည်။ ကလေးမှာ ကွမ်ပေါင်ချန်ပြည်နယ်ရှိ ကျေး ရွာတစ်ရွာမှဖြစ်ပြီး ဖနွမ်းပင်မြို့မှ မော်တော်ကားဖြင့် သုံးနာရီခန့် လာရသည်ဟု ဆိုသည်။မှော်ဆရာကလေး၏မိသား စုက လူနာများထံမှ တစ်ဦးလျှင် ကမ္ဘောဒီးယားရီယယ်ငွေ ၄၀၀၀ (ထိုင်းဘတ်၃၀)အခကြေးငွေယူ သည်။ အများဆုံးလာရောက်သူ များမှာ ဆင်းရဲသားကမ္ဘောဒီး ယားများဖြစ်ကြသည်။

ယခုအခါ လူအုပ်ကြီးပို၍ များနေသည်ဟု ဆိုသည်။ ကလေး ငယ်၏သတင်းမှာ နိုင်ငံမီဒီယာများ ၌ ဖော်ပြပြီးနောက် သူ၏မိခင်နှင့် ကလေးမှာ လူအုပ်ကြီးမှ ရှောင် ရှားရန် ဆွေမျိုးသားချင်းများ၏နေအိမ်များ၌ ပုန်းနေရသည်ဟု ဆိုသည်။ လူများ၏အာရုံစိုက်မှု များလွန်းသဖြင့် ကလေးမှာ စိတ် အနှောင့်အယှက်ဖြစ်ရကာ ယခု အခါ ကြီးမားသော ရောဂါများ ကိုသာ ကုသပေးနေသည်ဟု ၎င်း ၏မိခင်က ဆိုသည်။

ပြည်သူချစ်သော ယာဉ်ထိန်းရဲသား ခင်မြင့်မောင် နှင့်တွေ့ဆုံခြင်း

ယာဉ်ထိန်းရဲ, ရန်ကုန်, ရဲတပ်ဖွဲ့,
ဗဟန်းမြို့နယ်မှာ ရှိတဲ့ ဓမ္မစေတီ လမ်းဆုံမှာ တာဝန်ယူ လမ်းရှင်းပေးရတဲ့ ယာဉ်ထိန်း ရဲသား ခင်မြင့်မောင် (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)

တိုးတက်ကြီးထွားလာနေတဲ့ ရန်ကုန်လို နေရာမျိုးမှာ ပြည်သူက ချစ်ခင်တဲ့ ယာဉ်ထိန်းရဲတဦး ဖြစ်ဖို့က မလွယ်ကူလှပါ။ ရဲတပ်ဖွဲ့ဝင်များ အနေနဲ့ အရိုးစွဲလာခဲ့တဲ့ မလုပ် မရှုပ် မပြုတ် စာအုပ်ကြီး အတိုင်း အများပြည်သူနဲ့ ဆက်ဆံရာမှာ ဖော်ရွေမှု နည်းပါးတယ်၊ ပြီးတော့ လက်ဖက်ရည်ဖိုး တောင်းဖို့လောက်ပဲ စိတ်ဝင်စားတယ် လို့ ယူဆခံနေရပါတယ်။ ဒါပေမယ့် ဗဟန်းမြို့နယ်မှာ ရှိတဲ့ ဓမ္မစေတီ လမ်းဆုံမှာ တာဝန်ယူ လမ်းရှင်းပေးရတဲ့ ယာဉ်ထိန်း ရဲသား ခင်မြင့်မောင်ကတော့ အများနဲ့ မတူခြားနားတဲ့ တာဝန်ထမ်းရွက်မှုကို တွေ့ရပါတယ်။
“ခရီးသည်တွေ၊ ကိုယ်ပိုင်ယာဉ်မောင်းတွေနဲ့ ဘတ်စကား ယဉ်မောင်းတွေက သူ့ကို ခင်ကြတယ် ဗျ။ သူ တာဝန်ထမ်းဆောင်တာက တခြားသူတွေနဲ့ မတူဘဲ တက်တက်ကြွကြွနဲ့ တာဝန်ကို ထမ်းဆောင်လေ့ ရှိတယ်။ မိုးရွာရွာ နေပူပူ သူ့တာဝန်ကို ခင်မင်စရာ အမူအယာနဲ့ ထမ်းဆောင်တယ်။ တချို့ လူတွေက သူ့အတွက် စားစရာတွေ၊ သောက်စရာတွေ အပြင် ငွေကြေးတွေပါ ပေးကြတယ်။ အဲဒီလို ပေးတာကလည်း မသထာရေစာ လာဘ်ထိုးတာမျိုး မဟုတ်ဘဲ တကယ့်ကို လေးစားချစ်ခင်လို့ ပေးတာမျိုးပါ” လို့ အဲဒီ ဓမ္မစေတီလမ်းဆုံကို အမြဲဖြတ်သွားလာနေရတဲ့ ရုံးဝန်ထမ်း မသူသူက ပြောပါတယ်။
ယာဉ်ထိန်းရဲသား ခင်မြင့်မောင်ကို အများပြည်သူတွေက ချစ်ခင်တဲ့အကြောင်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အထက် အရာရှိတွေလည်း သတိပြုမိခဲ့ပါတယ်။ ဒါနဲ့ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့က ချီးမြှင့်တဲ့ ၂၀၁၃ ခုနှစ်အတွက် the Best Private Award ဆုကို အသက် ၂၅ နှစ် ရှိပြီဖြစ်တဲ့ ခင်မြင့်မောင်ကို ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Google က ဝန်းထမ်းကို တစ်သက်စာ ထောက်ပံ့

Photo: Google က ဝန်းထမ်းကို တစ်သက်စာ ထောက်ပံ့ 

ပုံမှာ မြင်တွေ့နေရတာ စားသောက်ဆိုင် မဟုတ်ပါဘူး။ Google ရုံး အဆောက်အအုံအတွင်းမှာ ရှိတဲ့ အခမဲ့ ကြိုက်သလောက် စားသောက်နိုင်သော ဘား ဖြစ်ပါတယ်။ 

Google ဟာ ဝန်ထမ်းများအပေါ် အကောင်းဆုံး ထောက်ပံ့မှုပေးတဲ့ ကုမ္မဏီအဖြစ် စံချိန်တင်ထား ပါတယ်။ အကယ်၍ Google က ဝန်ထမ်း တစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ရင် ယင်း ဝန်ထမ်းရဲ့  ကျန်ရှိသူ မိသားစု ဇနီး (မှီခိုနေရသူ) ကို ဝန်ထမ်းရဲ့ လစာ တစ်ဝက်အား ၁၀ နှစ်တိတိပေးပြီး သားသမီး ရှိရင် အသက် ၁၉ နှစ်အရွယ် အထိ ကျောင်း တက်ဖို့အတွက် ထောက်ပံ့ငွေကြေး နှစ်စဉ် ပေးအပ် ပါတယ်။ ပြီးတော့ ထူးချွန်ရင် ထူးချွန်တဲ့အလျောက် မြေတောင်မြောက်ပေးပြီး  လိုအပ်ရင် Google မှာ အလုပ်သွင်းပေးကြောင်း ဆိုပါတယ်။ 

ဒါကြောင့်မို့ Google ဟာ ကမ္ဘာပေါ်မှာ ဝန်ထမ်းထောက်ပံ့မှု အကောင်းဆုံး ကုမ္မဏီ တစ်ခုအဖြစ် မှတ်တမ်းတင် ထားကြောင်း သိရ ပါတယ်။
.
Ref: ubefacts
အောင်ခမ်း ( smart.com.mm ) 

YoYarLay

ဂျပန်နိုင်ငံမှ အမျိုးသမီး ဆာမူရိုင်း

Photo: ဂျပန်နိုင်ငံမှ အမျိုးသမီး ဆာမူရိုင်း

အမှန်တော့ သူ့ကို ဆာမူရိုင်းလို့ မခေါ်ပါဘူး။ ဂျပန်လို Onna-bugeisha လို့ပဲခေါ်ပါတယ်။ ဆာမူရိုင်း အဆင့်အတန်းဝင် သူရဲခေါင်း ဖြစ်ပါတယ်။ 

ဆာမူရိုင်းဆိုတာကလည်း လူမျိုးစု မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့  အထက်တန်း စားလွှာကို အကာအကွယ်ပေးတဲ့ စစ်သည်အဖွဲ့အစည်း တစ်ခုအဖြစ် လက်ခံထားကြခြင်း ဖြစ်ပါတယ်။ စက်မှုမထွန်းကားမှီ ကာလက ဆာမူရိုင်း ဟာ ဂျပန်နိုင်ငံရဲ့  စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့ မှာ အကြီးမားဆုံး ကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့ပါတယ်။

အမျိုးသမီးများအနေနဲ့ လက်နက်ပေါင်းစုံ ကိုင်တွယ် တတ်ရေး လေ့ ကျင့်သင်ကြားခြင်းဖြင့် အရည်အချင်း ပြည့်ဝရင် Onna-bugeisha (အွန်နာ ဘက်ဂျီရှာ) လို့ အသိအမှတ်ပြုခံရတဲံ အမျိုးသမီး သူရဲခေါင်း အဖြစ် အသတ်မှတ်ခံရပါတယ်။ 

အေဒီ ၂၀၀ ကာလက ကိုရီးယားကို သိမ်းပိုက်တုန်းက ဂျပန်တို့ သွေး မြေ မကျအောင် Onna bugeisha တစ်ဦးဖြစ်တဲ့ အမျိုး သမီး Empress Jingu က ဦးဆောင်ပါတယ်။ စစ်ရေးတင် မက၊ နိုင်ငံရေးနဲ့ စီးပွားရေးတွေမှာပါ လွမ်းမိုးပြီး ဂျပန်မှာ သြဇာကြီး တဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ 

အမျိုးသား တိုက်ခိုက်ရေးသမား နည်းပါးမှုကို ဖြေရှင်းဖို့အတွက် ဆာမူရိုင်း တို့ဟာ အမျိုးသမီးများ လေ့ကျင့်သင်ကြားပေးရင် Onna Bugeisha လို့ခေါ်တဲ့ အမျိုးသမီး သူရဲကောင်း လူတန်းစား တစ်ခု ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ 
--
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/asia/38499-japan-samurine-girl

ဆင်းမ်ကတ်မဲဖောက်မှုမကျေနပ်ရာမှ လူစုလူဝေးဖြစ်လာ၍ ရဲတပ်ဖွဲ့ ၀င်ရောက်ဖြေရှင်းပေးရ

ရန်ကုန်- တောင်ဥက္ကလာပမြို့နယ် (၄) ရပ်ကွက်တွင် ကျပ် ၁၅၀၀ တန် ဆင်းမ်ကတ် မဲဖောက်ရောင်းချရာ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အလွဲသုံးစားလုပ်သည်ဟုဆိုကာ ရပ်ကွက်နေသူများ မကျေနပ်၍ လူစုလူဝေးဖြင့် ကန့်ကွက်သောကြောင့် ရဲတပ်ဖွဲ့အင်အား နှစ်ဆယ်ကျော်ဖြင့် လုံခြုံရေးချထားကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာပမြို့နယ်အတွင်း ဆင်းမ်ကတ်များကို နိုဝင်ဘာ ၄ ရက်က (၄)ရပ်ကွက်၊ ဗဟိုဓမ္မာရုံတွင် မဲနှိုက်ရာ ယခင်လများက ဆင်းမ်ကတ်ပေါက်ပြီးသူများသာ ထပ်မံပေါက်သည်ဟုဆိုကာ ရပ်ကွက်နေပြည်သူများက အုပ်ချုပ်ရေးမှူးကို ရုံးရှေ့တွင် ပြန်လည်ဖြေရှင်းခိုင်းသည်။ သို့သော် မပြေလည်သောကြောင့် ပြည်သူအချို့ က ဆဲဆိုကန့်ကွက်ပြီးလူစုလူဝေးဖြစ်လာရာ တောင်ဥက္ကလာပမြို့နယ်ရဲစခန်းက အခြေအနေတင်းမာမှု မဖြစ်ပေါ်စေရေးအတွက် လာရောက်ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

“ရပ်ကွက်မှာမနေတဲ့လူတွေပဲ ပေါက်တယ်။ ပေါက်ပြီးသားအိမ်ကလူတွေပဲ ထပ်ပေါက်တယ်။ ဘာကြောင့် မပေါက်ရတာလဲဆိုတာ သိချင်လို့မဲပုံးထဲမှာ နာမည်ပါ၊ မပါကြည့်ချင်တယ်”ဟု ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောသည်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး မင်္ဂလာအခမ်းအနားများ

မင်္ဂလာအခမ်းအနားသည် လူ့ဘဝတွင် အတော်အတန်ကုန်ကျစရိတ်များသော ကိစ္စတစ်ရပ်ဟု ဆိုနိုင်သည်။ အမေရိကန်နိုင်ငံတွင် မင်္ဂလာဆောင်တစ်ခုအတွက်ပျမ်းမျှ ကုန်ကျငွေမှာ ဒေါ်လာ သုံးသောင်းရှိသည်ဟုသိရသည်။ဂုဏ်သိက္ခာရာထူးကြီးသူများ၊ငွေကြေးချမ်းသာသူများ၊ ထင်ပေါ်ကျော်ကြားသူများ ဘုရင့်ဆွေတော်မျိုးတော်များ စသူတို့သည် ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျသော မင်္ဂလာအခမ်းအနားကြီးများကို ပြုလုပ်ကျင်းပလေ့ရှိကြသည်။ ကမ္ဘာပေါ်တွင် ကုန်ကျစရိတ်အများဆုံး မင်္ဂလာ အခမ်းအနားငါးခုကို ဖော်ပြလိုက်ပါသည်။
(၁)  Prince Charles  နှင့် Lady Diana
ပျမ်းမျှကုန်ကျငွေ- ဒေါ်လာ သန်း ၁ဝဝ
ဝေလမင်းသားချားလ်နှင့် မင်းသမီးချောဒိုင်ယာနာတို့၏ ၁၉၈၁ခုနှစ်ကျင်းပခဲ့သောမင်္ဂလာအခမ်းအနားသည် ကမ္ဘာ ပေါ် တွင် ကုန်ကျစရိတ်အများဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။ ၂ဝ၁၁ ခုနှစ်တွင်သူ့၏ သားကြီးဝီလျံပြုလုပ်ကျင်းပခဲ့သော စိန့်ပေါလ် ဘုရားကျောင်း (St.Paul’s Cathedral) တွင် ပြုလုပ်ကျင်းပ ခဲ့ခြင်းဖြစ်သည်။ ငါးပေရှိေ သာ မင်္ဂလာကိတ် ပေ၂ဝ ရှည်သော သတို့သမီးဝတ်စုံတို့သည်လည်း စိတ် ဝင်စားဖွယ်ရာ ဖြစ်ခဲ့သည်။
(၂) Vanisha Mittal  နှင့် Amit Bhatia
ပျမ်းမျှကုန်ကျငွေ- ဒေါ်လာသန်း ၆ဝ
ကမ္ဘာ့စီးပွားရေးလောကတွင်အသက်ငယ်ပြီးအောင်မြင်သောစီးပွားရေး လုပ်ငန်းရှင်အာမစ်ဘာတီးယာနှင့်ကမ္ဘာ့သံမဏိသူဌေးကြီး  N-Mittal ၏ တစ်ဦးတည်းသောသမီး Vanisha Mittal  တို့၏ မင်္ဂလာပွဲသည် ကြားရ သူများကို အံ့သြရစေသည်။ ၂ဝဝ၄ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ ပြုလုပ် ကျင်းပခဲ့ပြီး မင်္ဂလာအခမ်းအနား ဖိတ်ကြားလွှာ ကို လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းအမှတ်တို့နှင့်အတူငွေသေတ္တာထဲထည့်ပြီးပေးပို့ ဖိတ် ကြား ခဲ့သည်။ပြင်သစ်နိုင်ငံဗာ ဆိုင်းနန်းတော်ကြီး တွင် ပြုလုပ် ကျင်းပခဲ့ေ သာ မင်္ဂလာအခမ်းအနားတွင်ကမ္ဘာ့တန်ဖိုးကြီး ရှန်ပိန်များနှင့် ဧည့်ခံခဲ့သည်။

နှစ်ပေါင်း ၁၅၀ ကျော်တွင် ပထမဆုံး ဖြစ်ပေါ်ခဲ့သည့် မျိုးစပ်နေကြတ်မှုဖြစ်စဉ်

NASAက လ၏ သက်ရောက်ပိတ်ပင်နိုင်စွမ်း နည်းပါးသည့် ယင်းဖြစ်စဉ်ကို ရှားပါးသော မျိုးစပ်နေကြတ်ခြင်းဟု အမည်ပေးထား

မျိုးစပ်နေကြတ်ခြင်းခေါ် ထူးခြားကွဲပြားသည့် နေကြတ်မှု ပုံစံတစ်မျိုးကို ကမ္ဘာအနှံ့မှ လူသန်းပေါင်းများစွာက စောင့်ကြည့်ခဲ့ကြသည်။ အထူးသဖြင့် အာဖရိက၊ ဥရောပနှင့် အမေရိက ဒေသများတွင် အဆိုပါ ဖြစ်ရပ်ကို ပိုမိုထင်ရှားစွာ တွေ့မြင်ခဲ့ရကြောင်း သိရှိရသည်။ NASAက လ၏ သက်ရောက်ပိတ်ပင်နိုင်စွမ်း နည်းပါးသည့် ယင်းဖြစ်စဉ်ကို ရှားပါးသော မျိုးစပ်နေကြတ်ခြင်းဟု အမည်ပေးထားသည်။ ယခုအခြေအနေသည် နှစ်ပေါင်း (၁၅၀)ကျော်အတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့သည့် မျိုးစပ် နေကြတ်မှုဖြစ်သည်။ ကမ္ဘာ့နေရာအချို့တွင် လုံးဝ မှောင်အတိကျသွားပြီး အချို့သော နေရာများတွင်မူ တစ်ပိုင်းတစ်စ နေကြတ်နေသည့် ဖြစ်စဉ်ကို တွေ့မြင်ခဲ့ကြရသည်။

နေသည် လ၏ ပိတ်ဆို့ခြင်းကြောင့် ကမ္ဘာမြေသို့ အလင်းရောင် ကျရောက်မှု အားနည်းသွားခဲ့သည်။ ကမ္ဘာ့တည်နေရာအလိုက် နေကြတ်ပုံကို တွေ့မြင်ရသည့် အခြေအနေ မတူညီခဲ့ချေ။ အမေရိကန်တွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပထမဆုံးအကြိမ် မျိုးစပ်နေကြတ်မှုကို စတင်တွေ့ရှိရပြီး ထို့နောက်ပိုင်းတွင်မှ အတ္တလန္တိတ် သမုဒ္ဒရာနှင့် အာဖရိက ဒေသများတွင် တွေ့မြင်လာရသည်။ အရှေ့အလယ်ပိုင်းတွင်လည်း တစ်ဝက်တစ်ပျက် နေကြတ်နေသည့် ပုံရိပ်များကို တွေ့ရှိခဲ့ရသည်။ NASA၏ မှတ်တမ်းများအရ မျိုးစပ်နေကြတ်မှု ဖြစ်စဉ်သည် (၁၈၅၄)ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့က နောက်ဆုံး ပေါ်ပေါက်ခဲ့ဖူးကြောင်း သိရသည်။

God’s Army အမွှာညီအစ်ကိုရဲ့ နောက်ဆုံး ဖြစ်ထွန်းမှု

ကွဲကွာနေကြတဲ့ God’s Army  အမွှာညီအစ်ကိုတွေ အကြောင်း သတင်းတပုဒ် ဒီကနေ့ ထွက်လာပါတယ်။ 
လူသာထူးက ဆွီဒင်မှာ ခိုလှုံခွင့်ရပြီးသွားနေတယ်၊ ဂျော်နီထူးကတော့

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းတခုမှာ ရှိနေပြီး နယူးဇီလန်မှာ သွားရောက် နေထိုင် ခိုလှုံဖို့ ကြိုးပမ်းနေတာပါ။

God’s Army ညီအစ်ကိုတွေကို သူတို့ရဲ့ ဌာနချုပ် ကမာပလောမှာ ၁၉၉၈ ခုနှစ်က ရိုက်ကူးထားတာပါ (Photo: Thierry Falise)

တနင်္လာနေ့က  Burma’s ‘God’s Army’ Twins Reunite, Seek Comrades ခေါင်းစဉ်တပ် ဧရာဝတီသတင်းတပုဒ်မှာ အဲဒီလိုရေးထားတာပါ၊ ဂျော်နီထူး၊ လူသာထူးတို့ဟာ သေနတ်ပီးတယ်၊ မြေမြှုပ်မိုင်းဘေးကနေ လွတ်ကင်းနိုင်တဲ့သူတွေအဖြစ် တချိန်က  ထိုင်းမြန်မာနယ်စပ်မှာ ထင်ရှားသူတွေပါ၊ သူတို့ကို ယုံကြည်၊ အားကိုးအားထားပြုသူတွေ အများအပြားရှိပါတယ်၊ သူတို့နောက်လိုက်တဲ့ လက်နက်ကိုင်အင်အားလည်း မနည်းမနောပါပဲ။

နောက်ပိုင်းမှာတော့ အဲဒီ နောက်လိုက်တွေ အများအပြား မြန်မာအစိုးရတပ်တွေဆီမှာ လက်နက်ချပါတယ်။ လူသာထူးလည်း အပါအ၀င်ပေါ့။

လူမဲ့ တိုက်ပွဲဝင် ရဟတ်ယာဉ် တီထွင် အောင်မြင်

အမေရိကန် လေတပ်သို့ ရောင်းချဖို့အတွက် Northrop Grumman ကုမ္မဏီက လူမောင်းစရာမလိုတဲ့ လူမဲ့ တိုက်ပွဲဝင် ရဟတ်ယာဉ်တွေကို ကန်ထရိုက်နဲ့ ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်လယ် မှာ အစီး ၃၀ ရောင်းချဖို့အတွက် တီထွင်အောင်မြင်ပြီးသွားပါပြီ။

Bell 407 helicopter ကိုအခြေခံလို့ ဖန်တီးထားခြင်း ဖြစ်ပြီး MQ-8C လို့ အမည်ပေး ထားပါတယ်။ ပေ ၅၀၀ ထပ်အမြင့်တော့ ပြန်သန်းနိုင်ခြင်း ရှိမရှိကိုတော့ ကုမ္မဏီက မပြသခဲ့ ပါဘူး။ တိုက်ပွဲဝင်ဖို့အတွက် ရည်ရွယ် ထားတဲ့ ပုံမှန် အရွယ်ဆိုဒ် helicopter ဖြစ်ပြီး လူလည်းမလိုတာမို့ ပတ်ပတ် လည် တံခါးပေါက် မရှိပါဘူး။ ကျည်ကာ ကိုယ်ထည်ကို အသုံးပြုမှာ ဖြစ် တဲ့အတွက်ကြောင့် ရန်သူစခန်းတွေကို ဝင်တိုက်တဲ့အခါ မကြောက်မရွံ့  မောင်းနှင်၊ ဝင်ရောက် တိုက်ခိုက်နိုင်မယ့် ရဟတ်ယာဉ် ဖြစ်ပါတယ်။

မိုင်ပေါင်း ထောင်ကျော်ခရီးကို အဝေးကနေ ထိန်းပြီး မောင်းနိုင်မယ့် ယာဉ်ဖြစ်ကြောင်း ဆိုပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ MQ 8C ရဟတ်ယာဉ် အသေးစိတ်နှစ်ကို ၂၀၁၄ ခုနှစ်မှ အသေးစိတ် ထုတ်ဖော် ပြသ မှာ ဖြစ်ကြောင်း သိရပါတယ်။

.
Ref: pocketlint
အောင်ခမ်း ( MM Social Sky )

YouTube၏ တစ်နှစ်တာ အထူးချွန်ဆုံး ဂီတအနုပညာရှင်ဆုကို Eminem ရရှိ

ကမ္ဘာကျော် ဗီဒီယို Sharing ဝက်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင်ဂီတဆုများကို ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။

YouTube Music Awards ဆုပေးပွဲတွင် နာမည်ကျော် Rapဂီတ အဆိုတော် Eminemက တစ်နှစ်တာ အထူးချွန်ဆုံး အနုပညာရှင်ဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာကျော် ဗီဒီယို Sharing ဝက်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင်ဂီတဆုများကို ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ သို့သော်လည်း YouTube၏ ဆုပေးပွဲ အစီအစဉ်သည် ပရိသတ်များကြား ရေပန်းမစားသေးသလို အဖွင့်ဆုပေးပွဲကို အင်တာနက်မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုသူ (၂၁၅၀၀၀)မျှသာ ရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် အစောပိုင်းက MTV၏ ဗီဒီယိုဂီတဆု (VMA) အခမ်းအနားကို အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုသူ အရေအတွက်မှာမူ (၁၀)သန်းကျော်မျှထိ ရှိခဲ့သည်။

ယခုနှစ်၏ အထူးချွန်ဆုံး ဂီတအနုပညာရှင်အဖြစ် Eminemက ရွေးချယ်ခံရသလို တစ်နှစ်တာ အကောင်းဆုံး သီချင်းဗီဒီယိုဆုအတွက်မူ တောင်ကိုရီးယား Popဂီတအဖွဲ့ Girls Generationက ရရှိခဲ့သည်။ SNSDဟု လူသိများသည့် ယင်းအဖွဲ့သည် မိုင်လီဆိုင်းရပ်စ်၊ ဂျက်စတင်ဘီဘာ၊ လေဒီဂါဂါ၊ One Directionနှင့် PSYကဲ့သို့ နာမည်ကြီးများကို ကျော်ဖြတ်ခဲ့သည်။ YouTube၏ ပထမဆုံး ဆုပေးပွဲ အစီအစဉ်တွင် လူသစ်တန်းဆုအတွက် မက္ကလီမောရ်နှင့် ရိုင်ယန်လီဝစ်တို့က ရရှိခဲ့သလို တေလာဆွစ်ဖ်၏ I Knew You Were Trouble အယ်လ်ဘမ်ကလည်း ပရိသတ် အများဆုံးရရှိသည့် သီချင်းအယ်လ်ဘမ်ဆုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ DeStorm၏ See Me Standingကမူ ဖန်တီးထိုးထွင်းမှု အကောင်းဆုံးဆုကို ရရှိခဲ့ပြီး ယခုအစီအစဉ်တွင် လေဒီဂါဂါ၊ Eminem၊ Arcade Fire၊ အေဗီဆီး၊ M.I.Aအစရှိသည့် နာမည်ကြီးများ၏ ဖျော်ဖြေမှုများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။ YouTube၏ ပထမဆုံး ဂီတဆုပေးပွဲကို နယူးယော့ခ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

စင်္ကာပူက ကမ္ဘာ့ စွဲဆောင်မှု အရှိဆုံး အမျိုးသမီး နိုင်ငံရေး သမား

Eunice Olsen လို့အမည်ရတဲ့ အမျိုးသမီး ဖြစ်ပြီး ယခုတော့ အသက် ၃၆ နှစ်ရှိပါပြီ။ သို့ပေမယ့် ယနေ့တိုင် ကမ္ဘာ့ စွဲဆောင်မှုအရှိဆုံး အမျိုးသမီး နိုင်ငံရေးသမား ၁၀ ဦးစာရင်းထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

စင်္ကာပူ NUS ကနေ စိတ်ပညာနဲ့ နိုင်ငံရေး သိပ္ပံ ဘာသာရပ်တို့မှာ BA ရရှိထားသူ ဖြစ်ပြီး သက္ကရာဇ် ၂၀၀၀ ခုနှစ်က စင်္ကာပူ မယ်စင်္ကြဝဠာ ပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပြီး Miss Singapore universe ဆုကို ဆွတ်ခူးလို့ သရဖူ ဆောင်းခဲ့ ပါတယ်။ အမေ ဖြစ်သူက တရုတ်စစ်စစ်ဖြစ်ပြီး အဖေ က ဆွီဒင် နဲ့ ပေါ်တူဂီ ဆက် ဥရောပလူမျိုး ဖြစ်ပါတယ်။ ရုပ်ရည်လှပသလို ပညာအရည်အချင်း မြင့် မားမှုကြောင့် နိုဝင်ဘာလ ၂၀၀၄ခုနှစ်မှာ စင်္ကာပူ ပါလီမန် အဖွဲ့ဝင် တစ်ဦး ဖြစ်လာပါတယ်။ အဲ့တုန်းက အသက် ၂၇ နှစ်ပဲ ရှိသေးပြီး ကမ္ဘာ့ အသက်အငယ်ဆုံး ထိပ်တန်း နိုင်ငံရေးသမား စာရင်းထဲလည်း ပါဝင် ခဲ့ ပါတယ်။ Singapore Youth Award, ASEAN Youth Award အပြင် စင်္ကာပူမှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်မှာ သက်ငယ် ကမ္ဘာ့ ထိပ်တန်း ခေါင်းဆောင် တစ်ဦး အဖြစ် ပါဝင်ခွင့် ရရှိ ခဲ့ ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုနဲ့အတူ အနုပညာ လုပ်ငန်းလည်း မရပ်တန့်သေးပါဘူး။

ဒါကြောင့်မို့ Eunic Olsen ဟာ ကမ္ဘာ့ စွဲဆောင်မှုအရှိဆုံး အမျိုး သမီး နိုင်ငံရေး သမား၊ ကမ္ဘာ့ ညို့ အားအပြင်းဆုံး အမျိုးသမီးများ စာရင်းမှာ ပါဝင်လာခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki

အောင်ခမ်း ( International news for myanmar )

ဒီဝါကျွတ်မှာ သီတင်းကြီးနေတဲ့ သက်မွန်မြင့်

ဒီ ဝါကျွတ် မှာလည်း အနုပညာရှင်တွေထဲ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲကြမယ့် အသံတွေ ကြားလာရပြန်သလို ပရိသတ် အချစ်တော် သရုပ်ဆောင် အကယ်ဒမီ မင်းသမီးလေး သက်မွန်မြင့် တစ်ယောက်လည်း သတင်းကြီးနေ ပြန်ပါသေးတယ်။

ဘဝ လက်တွဲဖော် ကို အနုပညာ လောကထဲက မဟုတ်ဘဲ အပြင်လောက ထဲက သူ ကိုပဲ ရွေးချယ်မှာဖြစ်ပြီး ကိုယ့်ကိုယ် တကယ် ချစ်ပြီးကိုယ်က တကယ် ချစ်ရတဲ့ သူကိုပဲ ရွေးချယ်သွားမှာ ဖြစ်ကြောင်း ပြောတဲ့ သက်မွန်မြင့် က "တစ်ယောက်နဲ့ တစ်ယောက် ကတော့ တူမှာ မဟုတ်ဘူး။ စိတ်ချင်းလည်း တူမှာ မဟုတ်သလို စရိုက်ချင်းလည်း တူမှာ မဟုတ်ဘူး။ ကိုယ်လက်ခံပေးနိုင်တဲ့ အရာ ရှိမယ်၊ လက်ခံ မပေးနိုင်တဲ့ အရာလည်း ရှိမယ်။ ကိုယ် တကယ်ချစ်မှ မေတ္တာရှိမှ သာ သူ့အပေါ် မှာ အနစ်နာခံတာတွေ၊ သည်းခံတာတွေ၊ အလျှော့ပေးတာတွေ ရှိလာမှာလေ။ တစ်ဖက် နဲ့တစ်ဖက် အဆင်ပြေဖို့ ဆိုတာ နားလည်မှု၊ သည်းခံပေးမှု၊ ယုံကြည်ပေးမှု အဲဒါတွေလိုတယ်။ အနုပညာ အလုပ်ကလည်း လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဘယ်သူ ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ချစ်သူကို ပိုင်ဆိုင် ချင်ကြတယ်။ သဝန်တို ကြတယ်။ ဒါပေမဲ့ အလုပ်တစ်ခု အနေနဲ့ လုပ်တယ် ဆိုတာကို နားလည် ပေးဖို့လိုတာပေါ့။ အနုပညာရှင် တစ် ယောက် ကို မေတ္တာ ထားမယ် ဆိုရင် ဒါ က အလိုလို နားလည်ဖို့ ကြိုးစားရမှာပေါ့" လို့ သက်မွန်မြင့် ပြောပါတယ်။

နိုင်ငံလုံးအဆင့် အပစ်ရပ်ရေး လိုင်ဇာညီလာခံက ဆုံးဖြတ်သည့် မူဘောင်ပါ အချက်အများစု အစိုးရသဘောတူ

Photo: နိုင်ငံလုံးအဆင့် အပစ်ရပ်ရေး လိုင်ဇာညီလာခံက ဆုံးဖြတ်သည့် မူဘောင်ပါ အချက်အများစု အစိုးရသဘောတူ

မြစ်ကြီးနား၊ နိုဝင်ဘာ ၎

KIO ဌာနချုပ် လိုင်ဇာတွင် နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် လိုင်ဇာမူဘောင်ပါ  အချက်အများစုကို အစိုးရက သဘောတူ လက်ခံထားကြောင်း လိုင်ဇာမူ အကောင်အထည်ဖော်ရေး ညှိနှိုင်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။

တိုင်းရင်းသားအဖွဲ့များက တင်ပြသည့် လိုင်ဇာ အပစ်ရပ်မူကြမ်း အချက် ၁၁ ချက်ကို ပြင်ဆင်ရန် အစိုးရဘက်က အများအပြား တောင်းဆိုမှုမရှိဘဲ အဓိကအချက်များကို လက်ခံကြောင်း၊ ရှေ့ဆက်သွားရန် အလားအလာ အလွန်ကောင်းကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“အစိုးရဘက်က ပြင်စေချင်တာတွေကိုတော့ အဖြေပေးလို့ မရသေးဘူး။ အဖွဲ့တွေ အားလုံးနဲ့ ပြန်ညှိရမယ်” ဟု နိုင်ဟံသာက ရှင်းပြသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနဲ့ အစိုးရတို့ ပထမဆုံးအကြိမ် တစ်ပြိုင်နက် တွေ့ဆုံဆွေးနွေးမှု ပထမနေ့တွင် လိုင်ဇာ အပစ်ရပ်မူကြမ်းနှင့် အစိုးရ သဘောထားကို တင်ပြ ဆွေးနွေးသော်လည်း နိုဝင်ဘာလအတွင်း နိုင်ငံလုံးအဆင့် အပစ်ရပ်စာချုပ် ချုပ်ဆိုရန်မူ မသေချာသေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထုတ်ဖော် ပြောဆိုသည်။
“နိုင်ငံလုံးအဆင့် အပစ်ရပ် လက်မှတ်ထိုးဖို့ အလားအလာတော့ အများကြီး ကောင်းသွားတယ်” ဟု ၎င်းကဆိုသည်။

အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အချိန်ယူ ဆွေးနွေးနေသည်မှာ အစိုးရကို မယုံကြည်၍ မဟုတ်ဘဲ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားလာသည့် ပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်ရန် အချိန်ယူရခြင်း ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေး မူဘောင်များ ရေးဆွဲရာတွင်လည်း တစ်ဖက်သတ် ရေးဆွဲတောင်းဆိုမည် မဟုတ်ဘဲ အစိုးရနှင့် ညှိနှိုင်း သဘောတူညီချက် ရယူမည် ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မုန်းက ရှင်းပြ ပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသား အဖွဲ့များ၏ စုံညီအစည်းအဝေးတွင် အစိုးရဘက်မှ သဘောထား တစ်ရပ်ကိုလည်း တင်ပြထားပြီး အသေးစိတ် မလေ့လာရသေးကြောင်း၊ နိုဝင်ဘာလ ၅ ရက်နေ့ အစည်းအဝေး ဒုတိယနေ့တွင် အစိုးရဘက်မှ တင်ပြချက်များကို အဓိက ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ဟံသာက ပြောကြားသည်။

နိုဝင်ဘာလ ၄ ရက်နေ့မှစတင်၍ နှစ်ရက်တာ ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဘီဂျေနမ်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လေ့လာသူ မစ္စတာဝမ်ရင်ဖန်၊ ပြည်ထောင်စုဝန်ကြီး ခြောက်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် လွှတ်တော် ကိုယ်စားလှယ်အချို့ ပါဝင်တက်ရောက်ခဲ့ပြီး UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့နှင့် မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ MPC တို့ ပါဝင် တက်ရောက်ခဲ့သည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ရေးဆွဲထားသည့် နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူဘောင် ဘုံသဘောတူညီချက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် အချိန် ကန့်သတ်ထားပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင် ချမှတ်ရန်နှင့် နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရမည် ဖြစ်ကြောင်း ပါရှိသည်။

ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် နိုင်ငံရေးပါတီ အသီးသီးမှ ဥက္ကဋ္ဌများကိုလည်း ပါဝင်လက်မှတ် ရေးထိုးရန် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း၊ အပစ်ရပ် လက်မှတ်ရေးထိုးအပြီး နိုင်ငံရေး ဆွေးနွေးပွဲများ မပြီးဆုံးမီ လက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးကို စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက် ထားရှိသွားရန် ညီလာခံက သဘောတူ သတ်မှတ်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

ယင်း သဘောတူညီချက်တွင် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးနှင့် ယင်းတပ်မတော်သည် တိုင်းပြည် ကာကွယ်ရေး တာဝန်ကိုသာ သီးသန့် ထမ်းဆောင်ရန်၊ အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရန် စသည့်အချက်များ ထည့်သွင်းထားကြောင်း ညီလာခံ ပြောခွင့်ရ ပုဂ္ဂိုလ်များက ပြောဆိုသည်။

မြစ်ကြီးနား၊ နိုဝင်ဘာ ၎

KIO ဌာနချုပ် လိုင်ဇာတွင် နိုင်ငံလုံးအဆင့် အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် လိုင်ဇာမူဘောင်ပါ အချက်အများစုကို အစိုးရက သဘောတူ လက်ခံထားကြောင်း လိုင်ဇာမူ အကောင်အထည်ဖော်ရေး ညှိနှိုင်း အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောကြားသည်။

တိုင်းရင်းသားအဖွဲ့များက တင်ပြသည့် လိုင်ဇာ အပစ်ရပ်မူကြမ်း အချက် ၁၁ ချက်ကို ပြင်ဆင်ရန် အစိုးရဘက်က အများအပြား တောင်းဆိုမှုမရှိဘဲ အဓိကအချက်များကို လက်ခံကြောင်း၊ ရှေ့ဆက်သွားရန် အလားအလာ အလွန်ကောင်းကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“အစိုးရဘက်က ပြင်စေချင်တာတွေကိုတော့ အဖြေပေးလို့ မရသေးဘူး။ အဖွဲ့တွေ အားလုံးနဲ့ ပြန်ညှိရမယ်” ဟု နိုင်ဟံသာက ရှင်းပြသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးနဲ့ အစိုးရတို့ ပထမဆုံးအကြိမ် တစ်ပြိုင်နက် တွေ့ဆုံဆွေးနွေးမှု ပထမနေ့တွင် လိုင်ဇာ အပစ်ရပ်မူကြမ်းနှင့် အစိုးရ သဘောထားကို တင်ပြ ဆွေးနွေးသော်လည်း နိုဝင်ဘာလအတွင်း နိုင်ငံလုံးအဆင့် အပစ်ရပ်စာချုပ် ချုပ်ဆိုရန်မူ မသေချာသေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ထုတ်ဖော် ပြောဆိုသည်။

မြေထဲပင်လယ် အစားအစာများက အမျိုးသမီးများရဲ့ ကလေးရနိုင်ချေကို မြှင့်တင်ပေးနိုင်

မြေထဲပင်လယ်စတိုင် ချက်ပြုတ်ထားတဲ့ အစားအစာများကို စားသုံးပေးတဲ့ အမျိုးသမီးများဟာ ရင်သွေး ငယ်ရနိုင်ချေ မြင့်မားတယ်ဆိုတာကို လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံ၊ Loyola University Health System မှ အာဟာရဗေဒပညာရှင်များက ဟင်းသီးဟင်းရွက်များ၊ ငါးနဲ့ပဲအမျိုးမျိုး တို့နဲ့ ထုံမွှန်းထားတဲ့ မြေထဲပင်လယ်အစားအစာတွေကို စားသုံးပေးတဲ့ အမျိုးသမီးတွေဟာ ပဋိသန္ဓေရနိုင်ချေ မြင့်မားတယ်လို့ ထုတ်ဖော်ပြော ဆိုထားပါတယ်။ လေ့လာမှုခေါင်းဆောင် Brooke Schantz က “ကျန်းမာရေးရှုထောင့်အရ အာဟာရ တန်ဖိုး မြင့်မားပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ မြေထဲပင်လယ် အစားအစာတွေဟာ ရင်သွေးရနိုင်တဲ့အခွင့်အလမ်းကိုသာ များစေတာမဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း စားသုံးပေးမယ်ဆိုရင် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို စောင့်ရှောက်ပေးနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်”လို့ ပြောကြားထားပါတယ်။

မြေထဲပင်လယ် အစားအစာတွေမှာ မပါမဖြစ်ပါဝင်တဲ့ သံလွင်ဆီဟာ အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ချေကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ရယူလိုတဲ့ အမျိုးသမီးဟာ ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပြီး အသားကရတဲ့ ပရိုတင်းထက်စာရင် ဟင်းသီးဟင်းရွက်ကရတဲ့ ပရိုတင်းကို စားသုံးပေးရမှာ ဖြစ်ပါတယ်။

KNU ထိန်းချုပ်နယ်မြေ၌ တိုင်းရင်းသား လက်နက်ကိုင် ဒုတိယအကြိမ် ညီလာခံ ကျင်းပမည်

Photo: KNU ထိန်းချုပ်နယ်မြေ၌ တိုင်းရင်းသား လက်နက်ကိုင် ဒုတိယအကြိမ် ညီလာခံ ကျင်းပမည် 

မြစ်ကြီးနား၊ နိုဝင်ဘာ ၎

လိုင်ဇာတွင် ပြုလုပ်ခဲ့သော နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို အပြီးသတ် ဆုံးဖြတ်ချက် ရယူရန် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွင် ကျင်းပသွားမည် ဖြစ်ကြောင်း KNU အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။ 

လိုင်ဇာ ညီလာခံတွင် ချမှတ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကို တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် Nationwide Ceasefire Coordinating Team (NCCT) နှင့် အစိုးရတို့ ညှိနှိုင်းပြီးပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အဆုံးအဖြတ်ကို ရယူရန် လိုအပ်သဖြင့် ယင်းထိပ်သီး အစည်းအဝေးကို ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အချိန်နှင့်နေရာ အတိအကျကိုမူ မပြောနိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“နေရာက KNU နယ်မြေ အတွင်းမှာပဲ။ ဘားအံမြို့ရယ်လို့တော့ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ညီလာခံသို့ အစိုးရကို ဖိတ်ကြားသွားမည် မဟုတ်ဘဲ လိုင်ဇာ ညီလာခံနည်းတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့်သာ သီးသန့် ကျင်းပမည် ဖြစ်ကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးအစည်းအဝေးကို KNU ကအိမ်ရှင်အဖြစ် ကျင်းပမည်ဆိုပါက အစိုးရက ကူညီသွားမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးအောင်နိုင်ဦးက ပြောကြားသည်။

လက်နက်ကိုင်ထိပ်သီး ဒုတိယအကြိမ် ညီလာခံကို KNU က အိမ်ရှင်အဖြစ် ကျင်းပရာတွင် လိုင်ဇာညီလာခံသို့ မတက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ခု ပါဝင် တက်ရောက်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း CNF အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ထုတ်ဖော် ပြောဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ပထမအကြိမ် သမိုင်းဝင် ညီလာခံကို ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့ဖြင့် အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် သဘောထား တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။

ယင်းညီလာခံသို့ ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလား တပ်ဖွဲ့တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

မြစ်ကြီးနား၊ နိုဝင်ဘာ ၎

လိုင်ဇာတွင် ပြုလုပ်ခဲ့သော နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို အပြီးသတ် ဆုံးဖြတ်ချက် ရယူရန် ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ် နယ်မြေတွင် ကျင်းပသွားမည် ဖြစ်ကြောင်း KNU အတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

လိုင်ဇာ ညီလာခံတွင် ချမှတ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးမူကို တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် Nationwide Ceasefire Coordinating Team (NCCT) နှင့် အစိုးရတို့ ညှိနှိုင်းပြီးပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အဆုံးအဖြတ်ကို ရယူရန် လိုအပ်သဖြင့် ယင်းထိပ်သီး အစည်းအဝေးကို ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း၊ အချိန်နှင့်နေရာ အတိအကျကိုမူ မပြောနိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
“နေရာက KNU နယ်မြေ အတွင်းမှာပဲ။ ဘားအံမြို့ရယ်လို့တော့ မဆုံးဖြတ်ရသေးဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ ညီလာခံသို့ အစိုးရကို ဖိတ်ကြားသွားမည် မဟုတ်ဘဲ လိုင်ဇာ ညီလာခံနည်းတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့်သာ သီးသန့် ကျင်းပမည် ဖြစ်ကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ဘူးသီးတောင် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိပေး

နေပြည်တော်၊ နိုဝင်ဘာ ၎

ရခိုင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွားအတွက် ရှေးရှုသည့်အနေနှင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် ကောင်းမွန်အောင် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းသည့် အဆိုကို ကန့်ကွက်သည့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း သတိပေးသည်။

ယင်းအဆိုကို ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက နိုဝင်ဘာ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခြင်းအပေါ် ဦးရွှေမောင်က ကန့်ကွက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်နယ်စပ် တစ်ဖက်နိုင်ငံအတွင်း ဖွင့်လှစ်ထားသော လူဦးရေ သိန်းဂဏန်းရှိသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် လူလတ်ပိုင်း အရွယ်များကို ရခိုင်ပြည်နယ်အား တိုက်ခိုက်ရန် အစွန်းရောက် အဖွဲ့များက သိမ်းသွင်းပြီး သင်တန်းများ ဖွင့်လှစ်ထားသည့်အပြင် လူမျိုးရေး၊ ဘာသာရေး အမည်ခံ အဖွဲ့များက ကူညီထောက်ပံ့မှုများ ပေးနေကြောင်း၊ ယင်းကြောင့် ရခိုင်ပြည်နယ် အမျိုးသား အကျိုးစီးပွားကို ရှေးရှုသည့်အနေနှင့် အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် ကောင်းမွန်အောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းသည့် အဆိုကို ဒေါ်ခင်စောဝေက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပေါက်တော အကြမ်းဖက်မှု ထပ်မဖြစ်ရန် လုံခြုံရေးတိုးမြှင့်

Photo: ပေါက်တော အကြမ်းဖက်မှု ထပ်မဖြစ်ရန် လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ နိုဝင်ဘာ ၎

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ အုပ်စုတွင် နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့သဖြင့် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အားများ တိုးချဲ့ထားပြီး ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရန် စုံစမ်းနေကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ဆင်တက်မော် ကျေးရွာအုပ်စုတွင် အကြမ်းဖက်မှုများ မဖြစ်ပွားမီက လုံခြုံရေးအင်အား ၂၀ ခန့်သာ ရှိသော်လည်း ယခုအင်အား ၇၀ ခန့် လုံခြုံရေး ချထားသည်ကို တွေ့ရကြောင်း ဆင်တက်မော် ကျေးရွာတွင် နေထိုင်သူ ဘင်္ဂါလီ အမျိုးသား ဦးအောင်နိုင်က ပြောကြားသည်။ 
“တစ်ယောက်မှ အဖမ်းမခံရသေးဘူး။ မြို့နယ်မှူးကတော့ နှစ်ဖက်စလုံးကို ဖမ်းမယ်လို့ ပြောသွားတယ်” ဟု ၎င်းကဆိုသည်။

ရခိုင် တိုင်းရင်းသူ အမျိုးသမီး အသတ်ခံရမှုကို အစိုးရအနေနှင့် ထိထိရောက်ရောက် ကိုင်တွယ်ရန် လိုအပ်ကြောင်း ပေါက်တောမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်ထီးက ပြောကြားသည်။
“ဒီကိစ္စမျိုးမှာ တရားခံကို အလွယ် ဖမ်းမိဖို့ကတော့ မလွယ်ဘူး၊ ကျူးလွန်တဲ့သူကို ဝှက်ထား တတ်ကြတယ်” ဟု ၎င်းကဆိုသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ရခိုင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂါလီ အမျိုးသားနှစ်ဦး သေဆုံးပြီး ရခိုင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော်လည်း ဒဏ်ရာရရှိသည့် ဘင်္ဂါလီဦးရေ မည်မျှ ရှိသည်ကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ ဘင်္ဂါလီ နှစ်ဦးအနက် တစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး တစ်ဦးမှာ စစ်တွေ ဆေးရုံတွင် သေဆုံးခဲ့သည်ဟု အဆိုပါ ရဲအရာရှိက ပြောဆိုသော်လည်း ဘင်္ဂါလီနှစ်ဦး သေဆုံးခဲ့သည့် အကြောင်းအရင်းကိုမူ ဖြေဆိုခြင်း မရှိပေ။

ဆင်တက်မော် ကျေးရွာမှ ဘင်္ဂါလီ ၂၀ ဦးခန့်က ထင်းခုတ်နေစဉ် ရခိုင် တိုင်းရင်းသားများက ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် ထွက်ပြေးခဲ့ရကြောင်း၊ ငါးဦးမှာ ထွက်ပြေး မလွတ်မြောက်ဘဲ ကျန်နေခဲ့၍ ဘင်္ဂါလီ အမျိုးသား ၁၀၀ ခန့်ဖြင့် ပြန်လည် ရှာဖွေရာတွင် သေဆုံးနေသည့် ဘင်္ဂါလီ အမျိုးသားနှစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ဆင်တက်မော် ကျေးရွာမှ ဘင်္ဂါလီ အမျိုးသား ဦးအောင်နိုင်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ဆက်စပ်ကာ ချောင်းစပ်၌ ငါးရှာ၊ ခုံးကောက်နေသည့်  ဆင်တက်မော် ကျေးရွာအုပ်စု ဆင်အိုင်ကျေးရွာမှ အမျိုးသမီး ငါးဦးခန့်ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂါလီသုံးဦးက ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားတစ်ဦးတွင် လက်မောင်း ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း ပေါက်တော ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၎

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ အုပ်စုတွင် နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့သဖြင့် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အားများ တိုးချဲ့ထားပြီး ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရန် စုံစမ်းနေကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ဆင်တက်မော် ကျေးရွာအုပ်စုတွင် အကြမ်းဖက်မှုများ မဖြစ်ပွားမီက လုံခြုံရေးအင်အား ၂၀ ခန့်သာ ရှိသော်လည်း ယခုအင်အား ၇၀ ခန့် လုံခြုံရေး ချထားသည်ကို တွေ့ရကြောင်း ဆင်တက်မော် ကျေးရွာတွင် နေထိုင်သူ ဘင်္ဂါလီ အမျိုးသား ဦးအောင်နိုင်က ပြောကြားသည်။
“တစ်ယောက်မှ အဖမ်းမခံရသေးဘူး။ မြို့နယ်မှူးကတော့ နှစ်ဖက်စလုံးကို ဖမ်းမယ်လို့ ပြောသွားတယ်” ဟု ၎င်းကဆိုသည်။

ရခိုင် တိုင်းရင်းသူ အမျိုးသမီး အသတ်ခံရမှုကို အစိုးရအနေနှင့် ထိထိရောက်ရောက် ကိုင်တွယ်ရန် လိုအပ်ကြောင်း ပေါက်တောမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်ထီးက ပြောကြားသည်။

ထိုင်းတွင် မြန်မာ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန် ကြိုးပမ်း၍ ရုန်းရင်းဆန်ခတ်ဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၎

ထိုင်းနိုင်ငံ စမူပါကန်ခရိုင် ဘန်ဖီမြို့နယ်ရှိ ထိုင်း စမ်နစ် ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး လုပ်သားတစ်ဦးကို ထိုင်းနိုင်ငံသား တစ်ဦးက မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သဖြင့် အဆိုပါ ထိုင်းနိုင်ငံသားကို အရေးယူပေးရန် မြန်မာလုပ်သား ထောင်နှင့်ချီ စုဝေးတောင်းဆို ခဲ့ကြကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

ဘန်ကောက်မြို့တော် အနီးတွင် တည်ရှိသည့် ဘန်ဖီမြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အဆိုပါ မြန်မာအမျိုးသမီး၏ အခန်းကို စက်ရုံ တစ်ခုတည်း လုပ်ကိုင်သူ ထိုင်းနိုင်ငံသားတစ်ဦးက ဝင်ရောက်ကာ မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းအမျိုးသမီးက အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် အနီးအနားရှိ မြန်မာလုပ်သားများ ရောက်ရှိ လာသဖြင့် အဆိုပါ ထိုင်းနိုင်ငံသားမှာ ထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် စက်ရုံထဲတွင် ဝင်ရောက် ပုန်းအောင်းနေစဉ် မြန်မာလုပ်သားများ ဖမ်းဆီးကာ ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း၊ ယင်းမုဒိမ်းကျင့်ရန် ကြိုးပမ်းမှုကြောင့် မြန်မာလုပ်သား ထောင်ချီ၍ စက်ရုံရှေ့တွင် စုဝေးလာပြီး အရေးယူပေးရန် တောင်းဆို ခဲ့ကြကြောင်း MWRN ထံမှ သိရှိရသည်။

ကိုယ့်ကိုယ်ကိုယ် လေလံတင်တဲ့ ရုရှားဆယ်ကျော်သက်

ရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်လိုက်ပါတယ်။

(ဂူဂဲလ်မှာ သူ့နာမည်ထည့်ရှာလိုက်ရင် သူ့ပုံတွေ တွေ့ရပါလိမ့်မယ်)

ကမ္ဘာပေါ် ထောင်သောင်းသိန်းသန်းသောသူတွေ လေလံပွဲမှာ ပါဝင်ပတ်သက်နေတဲ့ ဒါများ ဘာဆန်းသလဲဆိုတော့ .... ဆန်းပါတယ်၊ သူလေလံတင်တာက
သူ့အပျိုစင် လို့ ဆိုတယ်။
ခေါ်ထားတဲ့ဈေးကတော့ ဒေါ်လာ သုံးသောင်း။

ပိုက်ဆံ အသည်းအသန် လိုနေတယ်၊ ဒါကြောင့် ပိုင်ဆိုင်မှုထဲက တန်ဘိုးအကြီးဆုံးကို လေလံတင်တာပါ၊ (လေလံအောင်မယ့်သူကို?) တွေ့ဖို့ အသင့်ပဲ၊ မနက်ဖြန်တောင် တွေ့လို့ ရပါတယ်
လို့ သူက ဆိုထားကြောင်း သတင်းမှာ တွေ့ရပါတယ်။

Evgeniy Volnov ဆိုတဲ့ အမျိုးသားက လေလံအောင်သွားပါတယ် တဲ့။

သူတို့ဆီမှာ ဒီ လေလံတင်ခြင်းက ဥပဒေနဲ့ ငြိစွန်းခြင်း မရှိဘူးလို့ ဆိုတယ်။

လွန်ခဲ့တဲ့ ၂ ရက်က ထွက်ခဲ့တဲ့သတင်း ဖြစ်ပါတယ်။ နောက်ထပ် ဘာတွေ ဆက်ဖြစ်တယ်ဆိုတာတော့ မသိရပါ။

ဒီလိုမျိုး လေလံတင်ခြင်း လေလံဆွဲခြင်းခြင်းက ဒေသတချို့မှာတော့  ဥပဒေနဲ့ ငြိစွန်းဖွယ်ရှိနေပါတယ်။

Irrawaddy

ပေါင်းလောင်း ဆည်နယ်မြေပေးထားတဲ့ ကတိများ ပျက်ကွက်

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် သံလွင်မြစ်ပေါ်မှာတည်ဆောက်နေတဲ့ အထက်ပေါင်းလောင်းဆည်စီမံကိန်းအတွက် ကျေးရွာပေါင်း ၂၃ ရွာကို ပြီးခဲ့တဲ့ဧပြီလက စတင်ပြောင်းရွှေ့ခဲ့ရာမှာ စီမံကိန်းတာဝန်ရှိသူတွေက ဒေသခံတွေအတွက် လျှပ်စစ်မီးနဲ့ စာသင်ကျောင်းတွေ အကောင်အထည်ဖေါ်ပေးဖို့ ပျက်ကွက်နေတယ်လို့ ဒေသခံတွေက ဒီနေ့ပြောပါတယ်။

ပြန်လည်နေရာချထားပေးတဲ့ နေရာအသစ်မှာ လျှပ်စစ်မီး၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ လယ်ယာအစားထိုးမြေကွက်တွေနဲ့ သောက်သုံးရေ အလုံအလောက်ရအောင် တာဝန်ယူပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ အခုအချိန်ထိ ဆောင်ရွက်ပေးတာမရှိဘူးလို့ ဒီနေ့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံက ဒိုင်းမွန်ကွန်ဒိုမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေက ပြောခဲ့တာဖြစ်ပါတယ်။

ပေါင်းလောင်းဆည်စီမံကိန်း တာဝန်ရှိသူတွေအနေနဲ့ ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်မပေးရင် ဆန္ဒပြဖို့စီစဉ်နေတယ်လို့ ပြောင်းရွှေ့ ရာမှာပါဝင်ခဲ့သူ ပင်လောင်းမြို့နယ်၊ ကျောင်းကမ္ဘာကျေးရွာက ဦးညွန့်ဝင်းက ပြောပါတယ်။

နိုက်ဂျီးရီးယားတွင် မင်္ဂလာဆောင်ယာဉ်တန်း တိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံး

နိုက်ဂျီးရီးယား နိုင်ငံတွင် မင်္ဂလာဆောင် ယာဉ်တန်းတစ်ခုကို သေနတ်သမားများက စီးနင်းပစ်ခတ်သဖြင့် လူ(၃၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘော်နိုပြည်နယ်ရှိ ဘာမာနှင့် ဘန်ကီကြား ဆက်သွယ်သော လမ်းပေါ်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြည်နယ်မြို့တော် မိုင်ဒူဂူရီ အရှေ့ဘက်ရှိ အဆိုပါ ဒေသသည် ယခင်ကတည်းက အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နာမည်ဆိုး ထွက်ခဲ့ပြီးဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အစ္စလာမ်မစ် စစ်သွေးကြွ အစွန်းရောက် တပ်ဖွဲ့ဖြစ်သည့် ဘိုကိုဟာရမ်တို့၏ လက်ချက်ပင် ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ မေလကတည်းက နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းကို အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ဘိုကိုဟာရမ်တို့၏ သောင်းကျန်းမှုများကို မတားဆီးနိုင်သေးချေ။

ယခုတိုက်ခိုက်မှုအတွင်း သေဆုံးသူများအနက် သတို့သားလည်း ပါဝင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ (၂၀၀၉)ခုနှစ်က ဘိုကိုဟာရမ်တို့ ဖွဲ့စည်းခဲ့ပြီး တစ်စထက်တစ်စ အားကောင်းလာရာ ယင်းဒေသတွင် နိုက်ဂျီးရီးယား စစ်တပ်က အင်အားတိုးချဲ့ နေရာယူထားရသည့်တိုင် ဘိုကိုဟာရမ်တို့အပေါ် အသာစီး မယူနိုင်သေးချေ။ အထူးသဖြင့် အကြောင်းအမျိုးမျိုးဖြင့် တိုက်ခိုက်ခံရသည့် အရပ်သား အရေအတွက် တိုးပွားလာနေခြင်းမှာ အစိုးရအတွက် ခေါင်းခဲစရာ ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဒါမန်တူရူမြို့တွင် စစ်သွေးကြွများက တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးပြီး စစ်တပ် အဆောက်အအုံနှင့် ရဲစခန်းတို့ မီးတင်ရှို့ခြင်း ခံခဲ့ရသည်။

တိုးတက်ဖို့လိုအပ်ဆဲ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ Google ထောက်ပြ

မြန်မာနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေး ပိုမိုပွင့်လင်းလာနေမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့အခြေအနေနဲ့နှိုင်းယှဉ်ပြီး ဂူဂဲလ်အမှုဆောင်အရာရှိ ချုပ်က ဟောင်ကောင်တက္ကသိုလ်မှာ ပြောဆိုခဲ့တဲ့အကြောင်း ဦးစံမိုဝေက တင်ပြပေးထားပါတယ်။

အင်တာနက်ဆက်သွယ်ရေး ပွင့်လင်းလွတ်လပ်မှုဆိုတာဟာ နိုင်ငံတနိုင်ငံ၊ အစိုးရတရပ်အနေနဲ့ ဘယ်လောက် စိတ်ကောင်းစေတနာရှိတယ်၊ ပွင့်လင်းဖော်ရွေမှု ရှိတယ်ဆိုတာကို ပြသရာမှာ အဓိကကျတဲ့အချက် တချက်ဖြစ်ကြောင်း ဂူဂဲလ်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မစ္စတာ အဲရစ် ရှမစ်က ဟောင်ကောင်တရုတ်တက္ကသိုလ် Chinese University of Hongkong စီးပွားရေးပညာဌာန ဖွင့်ပွဲအခမ်းအနားမှာ ကျောင်းသူကျောင်းသားတွေကို ပြောဆိုလိုက်ပါတယ်။

ကျနော်တို့ရင်ဆိုင်နေရတဲ့ပြဿနာတွေကို တတ်သိပညာရှင်တွေနဲ့ ဖြေရှင်းပေးမယ်ဆိုပြီးတော့ အစိုးရကောင်းတွေက ပြောကြပါတယ်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ လိုအပ်ပါတယ်။ အလုပ်လက်မဲ့ပြဿနာတွေကို ဖြေရှင်းပေးပါမယ်၊ အဲဒီလိုအချက်တွေကို ပတ်သက်ပြီးတော့ ဂူဂဲလ်ပေါ်မှာ ငြင်းခုန်ကြပါတယ်။ ဘာလဲဆိုတော့ ခင်ဗျားတို့အနေနဲ့ကော အင်တာနက် ပွင့်လင်းလွတ်လပ်ခွင့် ဘယ်လောက်ပေးထားလဲ ဆိုတာပါပဲလို့ အဲရစ္စ် ရှမစ်က ပြောခဲ့တာပါ။ ဟောင်ကောင်မှာရှိတဲ့ အင်တာနက်လွတ်လပ်ခွင့်မျိုး ပြည်မကြီးမှာ မရှိပါဘူး။ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါဟာ အစိုးရရဲ့ မူဝါဒနဲ့ သက်ဆိုင်ပါတယ် ဆိုပြီးတော့လည်း သူက ပြောသွားပါတယ်။

လက်ပံတောင်းတောင်အနီးတွင် သပိတ်စခန်း စတင်ဖွင့်လှစ်ပြီးနောက် ဒေသခံများက လယ်တီသိမ်အား ကြည့်ရှုခွင့် ထပ်မံတောင်းဆို

Photo: လက်ပံတောင်းတောင်အနီးတွင် သပိတ်စခန်း စတင်ဖွင့်လှစ်ပြီးနောက် ဒေသခံများက လယ်တီသိမ်အား ကြည့်ရှုခွင့် ထပ်မံတောင်းဆို

လယ်တီဆရာတော်ဘုရားကြီး၏ သိမ် အား ကာကွယ်ရေးအတွက်  လက်ပံတောင်း တောင်အနောက်တောင်ဘက်ရှိ အင်ကြင်းတောင်တွင် နိုဝင်ဘာ ၂ ရက် ညနေ ၅နာရီ ၌ သပိတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးနိုဝင်ဘာ ၃ ရက်နေ့တွင် ဒေသခံများက လယ်တီသိမ် ကြည့်ရှုခွင့်ထပ်မံတောင်းဆိုခဲ့ကြောင်း သိရ သည်။
    
ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မိုင်းခွဲရာမှ စီမံကိန်းဧရိယာအတွင်းရှိ လယ်တီသိမ် ပျက်စီးထိခိုက်မှု ရှိသည်ဟူသော သတင်းကြောင့် ဒေသခံများ သွားရောက်တားမြစ်ရာ မှ နိုဝင်ဘာ ၂ ရက်က လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်ပွားခဲ့ပြီး သံဃာတော်များနှင့် တောင်သူများက လယ်တီသိမ်အားကြည့်ရှု စစ်ဆေးခွင့်တောင်းဆိုရာတွင် အာဏာပိုင် များက ငြင်းပယ်လိုက်ပြီးနောက် ဒေသခံ တောင်သူများက ဆည်တည်းရွာဟောင်းအနီး တွင်ရှိသော အင်ကြင်းတောင်ပေါ်တွင် သ ပိတ်စခန်းဖွင့်လှစ်ခဲ့သည်။
    
''လက်ပံတောင်းတောင် စီမံကိန်းဧရိ ယာထဲက လယ်တီသိမ်ထိခိုက်မှုရှိမရှိကြည့် ရှုဖို့အတွက် ဒေသအာဏာပိုင်တွေထံမှာ နိုဝင်ဘာ ၃ ရက်က ထပ်မံတောင်းဆိုခဲ့ပါတယ်။မွန်းလွဲ ၁ နာရီလောက်ကနေစပြီးသပိတ်စ ခန်းရှိရာ အင်ကြင်းတောင်ကနေ သံဆူးကြိုး တားထားတဲ့နေရာအထိသွားရောက်တောင်း ဆိုခဲ့ပါတယ်။ ဒီနေ့မှာတော့ လုံခြုံရေးတပ် တွေ အင်အားမပြတော့ဘဲ လှမ်းပဲကြည့်နေပါ တယ်။ ဖြေလျော့ရေးအဖွဲ့ရောက်လာပေမဲ့ သူတို့လည်း မိုင်းခွဲရာမှာ သိမ်ကိုထိခိုက်မှု ရှိမရှိမသိဘူးလို့ပြောပါတယ်။ စစ်ကိုင်းမြို့ နားမှာ လယ်တီသိမ်အတွက်လမ်းလျောက်ဆန္ဒပြတုန်းကတောင်းဆိုခဲ့တုန်းက သိမ်ကို မထိခိုက်စေရပါဘူးလို့  သူတို့ လက်မှတ်ထိုးခဲ့ တာကိုချိုးဖောက်လိုက်တာပါပဲ။ ဖြေလျော့ ရေးအဖွဲ့က ဘာလုပ်ပေးသလဲဆိုတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ဆန္ဒပြတဲ့သူတွေလည်း ညနေ ၅ နာရီလောက်မှာ သပိတ်စခန်းကို ပြန်ခဲ့ပါတယ်'' ဟု လက်ပံတောင်းတောင် လယ်တီသိမ်အရေးတွင် ဦးဆောင်ပါဝင်သော ဆရာတော်ဦးသုက မိန့်ကြားသည်။
   
အောက်တိုဘာ ၃၁ ရက်က မိုင်းခွဲရာ မှ လယ်တီသိမ်ထိခိုက်ပျက်စီးမှုရှိသည်ဟူသောသတင်းကြောင့် သိမ်ကိုကြည့်ရှုခွင့်ပြုရန် နိုဝင်ဘာ ၂ ရက် နှင့် ၃ ရက်တို့တွင် ဒေသခံ များကတောင်းဆိုခဲ့ပြီး အာဏာပိုင်များက နှစ်ကြိမ်လုံးငြင်းပယ်ခဲ့ကြောင်းသိရသည်။

(လက်ပံတောင်းတောင်ဒေသခံများ လယ်တီဆရာတော်ကြီး၏ သိမ်အား ကြည့်ရှုခွင့်ပြုရန် တောင်းဆိုနေစဉ်)
(လက်ပံတောင်းတောင်ဒေသခံများ လယ်တီဆရာတော်ကြီး၏ သိမ်အား ကြည့်ရှုခွင့်ပြုရန် တောင်းဆိုနေစဉ်)

လယ်တီဆရာတော်ဘုရားကြီး၏ သိမ် အား ကာကွယ်ရေးအတွက် လက်ပံတောင်း တောင်အနောက်တောင်ဘက်ရှိ အင်ကြင်းတောင်တွင် နိုဝင်ဘာ ၂ ရက် ညနေ ၅နာရီ ၌ သပိတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီးနိုဝင်ဘာ ၃ ရက်နေ့တွင် ဒေသခံများက လယ်တီသိမ် ကြည့်ရှုခွင့်ထပ်မံတောင်းဆိုခဲ့ကြောင်း သိရ သည်။

ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မိုင်းခွဲရာမှ စီမံကိန်းဧရိယာအတွင်းရှိ လယ်တီသိမ် ပျက်စီးထိခိုက်မှု ရှိသည်ဟူသော သတင်းကြောင့် ဒေသခံများ သွားရောက်တားမြစ်ရာ မှ နိုဝင်ဘာ ၂ ရက်က လက်ပံတောင်းတောင် ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်ပွားခဲ့ပြီး သံဃာတော်များနှင့် တောင်သူများက လယ်တီသိမ်အားကြည့်ရှု စစ်ဆေးခွင့်တောင်းဆိုရာတွင် အာဏာပိုင် များက ငြင်းပယ်လိုက်ပြီးနောက် ဒေသခံ တောင်သူများက ဆည်တည်းရွာဟောင်းအနီး တွင်ရှိသော အင်ကြင်းတောင်ပေါ်တွင် သ ပိတ်စခန်းဖွင့်လှစ်ခဲ့သည်။

''လက်ပံတောင်းတောင် စီမံကိန်းဧရိ ယာထဲက လယ်တီသိမ်ထိခိုက်မှုရှိမရှိကြည့် ရှုဖို့အတွက် ဒေသအာဏာပိုင်တွေထံမှာ နိုဝင်ဘာ ၃ ရက်က ထပ်မံတောင်းဆိုခဲ့ပါတယ်။မွန်းလွဲ ၁ နာရီလောက်ကနေစပြီးသပိတ်စ ခန်းရှိရာ အင်ကြင်းတောင်ကနေ သံဆူးကြိုး တားထားတဲ့နေရာအထိသွားရောက်တောင်း ဆိုခဲ့ပါတယ်။ ဒီနေ့မှာတော့ လုံခြုံရေးတပ် တွေ အင်အားမပြတော့ဘဲ လှမ်းပဲကြည့်နေပါ တယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူငယ်များ ၀တ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏဖြစ်ပွား

Photo: ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူငယ်များ ၀တ်ဆင်ထားသည့် ရွှေထည်ပစ္စည်းများ လုယက်ခံရမှုနှင့် ရန်ဖြစ်မှုများ မကြာခဏဖြစ်ပွား

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ ငယ်များဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့် ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ကလေးသူငယ်အချို့  ၀တ်ဆင်ထား သည့် ရတနာပစ္စည်းများ လုယက်ခံရမှုတွင် မိဘများကတာဝန်ရှိသည့် လုံခြုံရေးဝန်ထမ်း များကို သွားရောက်အကြောင်းကြားရာတွင် ကျူးလွန်သွားသူကို ဖမ်းမိရန် ခက်ခဲသည်ဟု သာ ပြန်လည်ပြောကြားခဲ့ကြောင်း လုယက် ခံရသည့် မိသားစုဝင်တစ်ဦးကပြောကြားခဲ့ သည်။

ရွှေထည်ပစ္စည်းများ လုယူခံရသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ ဆင်စခန်းအနီးတွင် နှစ် နှစ်အရွယ် ကလေးတစ်ဦးဝတ်ဆင်ထားသည့် တစ်မတ်သား ရွှေလက်ကောက်တစ်ကွင်း ချွတ်ယူခံခဲ့ရကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်ယင်မာလွင်ထံမှ သိရသည်။

''ကျွန်မတို့ရဲ့အိမ်ထောင်သက်တမ်း ၁၆ နှစ်ပြည့်တဲ့နေ့ဖြစ်လို့ မိသားစုလိုက် အပြင် လျောက်သွားခဲ့တာပါ။ ကျွန်မက ကလေးကို တစ်မတ်သားအလေးချိန်ရှိတဲ့ ရွှေလက်ကောက်နှစ်ကွင်းကို ၀တ်ဆင်ပေး ထားတယ်။ ပြည်သူ့ဥယျာဉ်ကနေ ပြန်ပြီး တော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲဝင်တဲ့ အချိန် အထိ သတိထားကြည့်မိတော့ရှိသေးတယ်။ မွန်းလွဲ ၂ နာရီခွဲလောက်က ဆင်စခန်းရှေ့မှာ ဆင်နှစ်ကောင်ကိုတွဲပြီး ဓာတ်ပုံရိုက်နေလို့ ကျွန်မတို့က စိတ်ဝင် စားပြီးကြည့်နေတဲ့အခါ မှာ ကလေးရဲ့လက်ကောက်တစ်ကွင်းမရှိတော့ ဘူး။ နောက်တစ်ကွင်းက ကျွတ်ကျခါနီး အထိဖြစ်နေတယ်။ ကလေးက သူ့အဖေကို လက်တို့ပြီးတော့ ပြောတဲ့အခါမှာပဲ သိခဲ့ တာပါ။ ကလေးကအိပ်နေလို့ ချီထားတဲ့ အချိန်မှာ အချွတ်ခံလိုက်ရတာဖြစ်ပါတယ်''ဟု ဒလမြို့နယ်တွင်နေထိုင်သူ ဒေါ်ယင်မာ လွင်က ပြောကြားခဲ့သည်။
ထို့အပြင် ယင်းနေ့ ညနေ ၄ နာရီခွဲဝန်း ကျင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်းအတွင် ရှိ လုံခြုံရေးနှင့် ပြန်ကြားရေးရုံးရှေ့၌ အမျိုး သားတစ်ဦးအား အမျိုးသားလေးဦးတို့က ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့်ဖြစ်စဉ် တစ်ခု လည်းဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူးဦးတင် ရွှေက ''ဒီလိုမျိုးဖြစ်စဉ် တွေမဖြစ်စေဖို့အတွက် လူစည်ကားတဲ့နေ့တွေမှာဆိုရင် အသံချဲ့စက် တွေကနေတစ်ဆင့် သတိထားဖို့ပြောပါ တယ်။ လုံခြုံရေးအရလည်း လှည့်လည် ဆောင်ရွက်ပါတယ်''ဟု နိုဝင်ဘာ ၄ ရက် က ပြောကြားခဲ့သည်။

ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်အတွင်း လူစည်ကားသည့်နေ့များတွင် ကလေးသူ ငယ်များဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း များ လုယက်ခံရမှုများနှင့် ရန်ဖြစ်မှုများမကြာ ခဏဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အတွင်း ကလေးသူငယ်အချို့ ၀တ်ဆင်ထား သည့် ရတနာပစ္စည်းများ လုယက်ခံရမှုတွင် မိဘများကတာဝန်ရှိသည့် လုံခြုံရေးဝန်ထမ်း များကို သွားရောက်အကြောင်းကြားရာတွင် ကျူးလွန်သွားသူကို ဖမ်းမိရန် ခက်ခဲသည်ဟု သာ ပြန်လည်ပြောကြားခဲ့ကြောင်း လုယက် ခံရသည့် မိသားစုဝင်တစ်ဦးကပြောကြားခဲ့ သည်။

ရွှေထည်ပစ္စည်းများ လုယူခံရသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ ဆင်စခန်းအနီးတွင် နှစ် နှစ်အရွယ် ကလေးတစ်ဦးဝတ်ဆင်ထားသည့် တစ်မတ်သား ရွှေလက်ကောက်တစ်ကွင်း ချွတ်ယူခံခဲ့ရကြောင်း ကလေး၏မိခင်ဖြစ်သူ ဒေါ်ယင်မာလွင်ထံမှ သိရသည်။

ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

Photo: ပြည်သူများအား ရှင်းလင်းအသိပေးခြင်း မရှိဘဲ ဓာတ်အားခများ တိုးမြှင့်ခဲ့ခြင်းသည် အာဏာရှင်စနစ် အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

''မီတာခကို အကြောင်းကြောင်းကြောင့်၊ တိုင်းပြည်ရဲ့ ရေရှည်အကျိုးကြောင့်၊ အကြောင်း ခိုင်ခိုင်လုံလုံ ရှိပြီးတော့ တိုးသင့်တယ်ဆိုရင် ပြည်သူကို ရှင်းပြရမယ်။ ဒီလို ဒီလို အခြေအနေတွေ ရှိတယ်။ ဒါကြောင့် ဒီလို ဒီလိုတော့ လုပ်ရလိမ့်မယ်။ ရေရှည်မှာတော့ ပြည်သူတွေက ဒီလို ဒီလိုတော့ အနစ်နာခံရ လိမ့်မယ်။ သို့ပေသော်လည်း တိုင်းပြည်ရဲ့ ရေရှည်အကျိုးအတွက် သည်းညည်းခံပြီး ၀ိုင်းဝန်းကူညီရမယ်။ ဒီလောက်တော့ မပြောဘဲနဲ့ မလုပ်ရဘူး။ ဒီလိုမရှင်းပြဘဲ လုပ်တာတော့ အာဏာရှင်စနစ်ရဲ့ အမွေဆိုးတွေရဲ့ အငွေ့အသက် မကုန်သေးဘူးလို့ဘဲ ပြောရမှာဘဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။

မိမိ၏ ဆုံးဖြတ်ချက်သည် မှန်ကန်သည် ယူဆချက် ခိုင်မာပါက ပြည်သူအား တင်ပြသင့်ကြောင်း၊ အတိုက်အခံ ပြုလုပ်လာပါက နားလည်သဘောပေါက်ရန် ရှင်းပြရန် လိုအပ်ကြောင်း၊ အများက လက်မခံသော်လည်း မိမိ၏အတွက် အချက်အရ တိုင်းပြည်၏ အကျိုးဖြစ်ထွန်းမည်ဟု ထင်မြင်ပါက မိမိ၏ ရပ်တည်ချက်ဘက်က ရပ်တည်ကာ လုပ်ဆောင်ရမည်ဖြစ်ပြီး အကျိုးဆက်ကို မိမိသာ ခံရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် လုပ်ဆောင်ပါက ယင်းကဲ့သို့ ပြုမူဆောင်ရွက်ရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

လျှပ်စစ်ဝန်ကြီးဌာနမှ အများပြည်သူ၏ ဆန္ဒသဘောထားနှင့် လွှတ်တော်၏ ဆုံးဖြတ်ချက် ရယူခြင်း မရှိခဲ့ဘဲ လျှပ်စစ်ဓာတ်အားခများကို နိုဝင်ဘာလမှစ၍ တိုးမြှင့်မည်ဟု အောက်တိုဘာ ၂၉ ရက်တွင် အစိုးရ သတင်းစာများ မှတစ်ဆင့် ကြေညာခဲ့သည်။

အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ယူနစ် ၁၀၀ အထိအတွက် ယခင်ဈေးနှုန်း အတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် ကျပ် ၅၀၊ အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ယူနစ် ၅၀၀၀ အထိအတွက် ကျပ် ၁၀၀၊ ၅၀၀၁ ယူနစ်နှင့် အထက်အတွက် ကျပ် ၁၅၀၊ အစိုးရ ဌာနရုံးသုံး အတွက် တစ်ယူနစ် ကျပ် ၅၀ နှင့် အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ကျပ် ၁၀၀ ဖြင့် အသီးသီးပြောင်းလဲ ကောက်ခံမည် ဖြစ်သည်ဟု ကြေညာခဲ့ပြီး ဝေဖန်မှုများ ထွက်ပေါ်ခဲ့သော်လည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက လတ်တလောတွင် ပြန်လည်လျှော့ချ ကောက်ခံရန် အစီအစဉ် မရှိကြောင်း အောက်တိုဘာ ၃၀ ရက်က သတင်းထောက်များကို ပြောကြားသည်။

(နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားစဉ်)
(နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း ပြောကြားစဉ်)

ပြည်သူလူထုအား အသိပေးရှင်းလင်း ပြောကြားခဲ့ခြင်း မရှိဘဲ လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့ခြင်းမှာ အာဏာရှင်စနစ်၏ အငွေ့အသက် မကုန်သေးသည့် လုပ်ရပ်ဖြစ်သည်ဟု လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။

နိုဝင်ဘာ ၄ ရက်က နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရေးရာ ဆောင်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို သေချာစွာ စဉ်းစားမထားဟု ထင်မြင်မိကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲ လိုပါက ပြည်သူလူထု၏အသံ၊ ဆန္ဒကို ရယူရမည် ဖြစ်ကြောင်း၊ လူအများစု လက်မခံနိုင်သော်လည်း နိုင်ငံအတွက် ရေရှည်ကောင်းကျိုး ရှိမည်ဆိုပါက အမုန်းခံ ဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးဆိုရိုး ရှိသော်လည်း ယခုလျှပ်စစ်မီးကဲ့သို့ ပြည်သူလူထု နိစ္စဓူဝ ဆက်စပ်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူလူထု၏ဆန္ဒ၊ သဘောထားကို ရယူရန် လိုအပ်ကြောင်း ပြောကြားသည်။

မလေးရှား ပီနန်တွင် မြန်မာ တစ်ဦး အကြိမ်ကြိမ် ဓါးထိုးခံရပြီး ရေထဲပစ်ချခံရ

မလေးရှားနိုင်ငံ ပီနန်တွင် လွန်ခဲ့သော စနေနေ့က အသက် (၂၀) မြန်မာ လူငယ် တစ်ဦးသည် အကြိမ်ကြိမ် ဓါးထိုးခံရပြီးနောက် ရေထဲ ပစ်ချခံရသည်ဟု သိရသည်။

၎င်းလူငယ်သည် Weld Quay အရပ်ရှိ Tan အမည်ရှိသော တံတားတွင် အပမ်းဖြေနေစဉ် အမည်မသိ လူနှစ်ဦးက ဓါးဖြင့် အကြိမ်ကြိမ်ထိုးပြီး ရေထဲကို ပစ်ချထားခဲ့သည်ဟု မလေးရှားနိုင်ငံ The Star အွင်လိုင်း သတင်းတွင် ဖေါ်ပြသည်။

၎င်းမြန်မာလူငယ်အား ထိုးသတ်ခဲ့သော ဓါးကိုလည်း အခင်း ဖြစ်ပွားရာ နေရာတွင်ပင် တွေ့ရှိသည်ဟု ၎င်းသတင်းတွင် ဖေါ်ပြသည်။

ဓါးထိုးခံရသော မြန်မာလူငယ်၏ ၀မ်းဗိုက်မှ အအူများ ထွက်ကျလာသော်လည်း ကမ်းစပ်သို့ ရောက်အောင် ရေကူးခဲ့ပြီး အော်ဟစ် အကူအညီ တောင်းခံမူကြောင့် အနီးအနားမှ လူများက ညဥ့် ၁၀ နာရီ အချိန်တွင် ပီနန် ဆေးရုံသို့ တင်ပို့ခဲ့သည်ဟု ဆိုသည်။

George Town မြို့ ပုလိပ်မင်းကြီး  Supt Ismail Toh Paduka Idris က ၎င်းမြန်မာလူငယ်ထံမှ တစ်စုံတစ်ရာ အထောက်အထားများကို ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဖေါ်ပြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis