menu

Tuesday 29 January 2013

"၀" ဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ

Photo: "၀" ဒေသတွင် တွေ့ဆုံဆွေးနွေးရန် ကေအိုင်အိုနှင့် အစိုးရ သဘောတူ

နန်းမြနဒီ ၂၀၁၃ ဇနန၀ါရီလ ၂၉ ရက် ( အင်္ဂါနေ့ )

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၀ဒေသမှာ လာရောက်ဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (့UWSA) က ဖိတ်ခေါ်လိုက်တဲ့အပေါ် အစိုးရနဲ့ ကေအိုင်အိုက သဘောတူလိုက်ပါတယ်။

အစိုးရဘက်က သဘောတူကြောင်း လွန်ခဲ့တဲ့ ၃ ရက်လောက်က တုံ့ပြန်ခဲ့သလို ကေအိုင်အိုဘက်ကလည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ အကြောင်းပြန်ခဲ့တယ်လို့ UWSA ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ဘက် ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“အစိုးရဘက်က လွန်ခဲ့တဲ့ ၂-၃ ရက်က အကြောင်းပြန်ပါတယ်။ လက်ခံနိုင်ပါတယ်။ ဒီမှာလာ ဆွေးနွေးမယ် ဆိုလာမယ်။ ကေအိုင်အိုဘက်ကတော့ ဒီနေ့ နေ့လယ် ၁၂ နာရီမှာ အကြောင်းပြန်တယ်။ သူတို့လက်ခံပါတယ်၊ ကေအိုင်အိုအနေနဲ့ လာမှာပါ။ ဒါက သဘောထားအရင်ဖော်ပြပြီပေါ့။”

နှစ်ဖက်စလုံးက သဘောတူလိုက်ပေမယ့်လည်း ဘယ်နေ့ ဘယ်အချိန် တွေ့မယ်ဆိုတာ မသတ်မှတ်ရသေးဘူးလို့ ဦးအောင်မြင့်က ပြောပါတယ်။

UWSA ၀တပ်ဖွဲ့ဟာ ကေအိုင်အိုနဲ့ အစိုးရတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သူတို့ဌာနချုပ် ပန်ဆန်းမြို့မှာ လာရောက်ကျင်းပဖို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၄ ရက်နေ့က နှစ်ဖက်အဖွဲ့တွေကို ကမ်းလှမ်းထားတာပါ။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒု - ဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းကလည်း ငြိမ်းချမ်းရေးအတွက် ဘယ်နေရာမဆို ဆွေးနွေးနိုင်တယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က ရန်ကုန်မှာ လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။

“ဦးအောင်မင်းရှင်းပြတာတွေကို နားလည်သလောက်ကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းက ကူညီတာပဲဖြစ်ဖြစ် သူ့အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကြိုဆိုပါတယ် ဆိုတာကို မြန်မာငြိမ်းချမ်းရေးစင်တာကလူတွေကို ရှင်းပြထားတယ်။ ဒါကြောင့် အဲလိုပဲ ကျနော်က နားလည်ပါတယ်။”

ကေအိုင်အိုနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အစိုးရဘက်က ဇန်န၀ါရီ ၁၉ ရက်နေ့က စာတစောင်ပေးပို့ ကမ်းလှမ်းခဲ့ပေမယ့် ကေအိုင်အိုဘက်က တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် မဆွေးနွေးနိုင်ကြောင်း၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အနေနဲ့သာ ဆွေးနွေးမယ့်အကြောင်း အကြောင်းပြန်ခဲ့ ပါတယ်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ လာမယ့် ဖေဖော်ဝါရီ ပထမပတ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တဲ့ ယူအန်အက်ဖ်စီနဲ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရာမှာ ကချင်ကိစ္စတွေလည်း ပါဝင်ဖွယ်ရှိတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေဘက်ကတော့ ကာလရှည်ကြာ တိုက်ပွဲကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ငဲ့ညှာပြီး တိုက်ပွဲတွေ အဆုံးသတ်စေချင်တဲ့အကြောင်း အစိုးရရော ကေအိုင်အေ နှစ်ဘက်လုံးကို တောင်းဆိုထားတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

“အစိုးရနဲ့ ကေအိုင်အို နိုင်ငံရေးနည်းလမ်းအရ မဟုတ်ဘဲ စစ်ရေးအရ ဖြေရှင်းကြပြီး ပြည်သူတွေ ဆင်းရဲဒုက္ခရောက်တာ မြင်ရတော့ ကျနော်တို့အနေနဲ့က နိုင်ငံရေးစားပွဲမှာထိုင်ပြီး နိုင်ငံရေးအရဖြေရှင်းဖို့ နှစ်ဦးနှစ်ဖက်ကို တိုက်တွန်းခဲ့ပါတယ်။ တပ်တွေကို ဆုတ်ပြီးမှ ယုံကြည်မှုတည်ဆောက်ပြီး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းပြီးမှ ငြိမ်းချမ်းရေးဖြစ်ပေါ်လာမယ် ဆိုတာကိုလည်း အစိုးရကိုလည်း စာနဲ့သော်လည်းကောင်း၊ ကိုယ်တိုင်သွားပြီးတော့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းမောက်ခမ်းနဲ့လည်းတွေ့ပြီး၊ တင်ပြထားပြီးပါပြီ။ ကေအိုင်အိုကိုလည်း တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေးဖြစ်ဖို့ကိစ္စ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ အရေးကြီးတယ်လို့ ကျနော်ပြောပါတယ်။”

ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဟာ အလွတ်သဘောအနေနဲ့ရော တရားဝင်အနေနဲ့ပါ စုစုပေါင်း ၈ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပေမယ့် တိကျတဲ့ သဘောတူညီချက်တွေ မရခဲ့ပါဘူး။

အစိုးရဘက်က အရင်ဆုံး အပစ်အခတ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ချင်ပေမယ့် ကေအိုင်အိုဘက်ကတော့ နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းလိုပြီး နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ရင် ပစ်ခတ်မှုတွေ ရပ်စဲသွားမယ်၊ ဆွေးနွေးပွဲလုပ်ဖို့ အစိုးရတပ်ဘက်က ကေအိုင်အေ ထိန်းချုပ်နယ်မြေကနေ ဆုတ်ခွာပေးဖို့ ပြောခဲ့ပေမယ့်လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အေးချမ်းမွန်မှ   DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

နန်းမြနဒီ ၂၀၁၃ ဇနန၀ါရီလ ၂၉ ရက် ( အင်္ဂါနေ့ )

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၀ဒေသမှာ လာရောက်ဆွေးနွေးဖို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (့UWSA) က ဖိတ်ခေါ်လိုက်တဲ့အပေါ် အစိုးရနဲ့ ကေအိုင်အိုက သဘောတူလိုက်ပါတယ်။

အစိုးရဘက်က သဘောတူကြောင်း လွန်ခဲ့တဲ့ ၃ ရက်လောက်က တုံ့ပြန်ခဲ့သလို ကေအိုင်အိုဘက်ကလည်း ဒီကနေ့ နေ့ခင်းပိုင်းမှာ အကြောင်းပြန်ခဲ့တယ်လို့ UWSA ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်ဘက် ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“အစိုးရဘက်က လွန်ခဲ့တဲ့ ၂-၃ ရက်က အကြောင်းပြန်ပါတယ်။ လက်ခံနိုင်ပါတယ်။ ဒီမှာလာ ဆွေးနွေးမယ် ဆိုလာမယ်။ ကေအိုင်အိုဘက်ကတော့ ဒီနေ့ နေ့လယ် ၁၂ နာရီမှာ အကြောင်းပြန်တယ်။ သူတို့လက်ခံပါတယ်၊ ကေအိုင်အိုအနေနဲ့ လာမှာပါ။ ဒါက သဘောထားအရင်ဖော်ပြပြီပေါ့။”

ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား

Photo: ဝ'တပ်ဖွဲ့၏ ဖိတ်ခေါ်မှု KIO လက်ခံကြောင်း ပြန်ကြား

ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၈ မိနစ်

ချင်းမိုင်(မဇ္စျိမ)။   ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြော
သည်။   

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။   

“KIO တို့ဘက်ကနေ ပြန်ဆက်သွယ်လာပါတယ်။ ပန်ဆန်းမှာ လာတွေ့ဖို့ သူတို့ သဘောတူပါတယ် ဆိုပြီးတော့ ဒီနေ့နေ့လည်လောက်က သတင်းပို့လာတယ်။ အစိုးရဘက်က ဒီမှာဆွေးနွေးဖို့ လက်ခံတယ်ဆိုတာ ကျနော်တို့ဆီ ပို့လိုက်ပါ
ပြီ။ ဆိုတော့ အစိုးရဘက်ကိုလည်း အခုပဲ သတင်းပို့နေတယ်” ဟု မဇ္ဈိမကို ပြောသည်။ 

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီဘက်မှလည်း KIO မှ လက်ခံပါက ၎င်းတို့လည်း လက်ခံနိုင်ကြောင်း သဘောထား ပေးပို့ထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း အနေနှင့် KIO ဘက်မှ လက်ခံပါက တွေ့ဆုံရန်ရှိကြောင်းလည်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို အင်္ဂါနေ့ နေ့လည်ပိုင်းက ဖြေကြား ထားပြီးဖြစ်သည်။

မြန်နိုင်ငံ ငြိမ်းချမ်းရေးဘက် ဦးတည်နေသော်လည်း KIO နှင့် အစိုးရအကြား တိုက်ပွဲများ မရပ်စဲဘဲ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသဖြင့် ယခုကဲ့သို့ ကြားဝင်ကူညီခွင့်ရသဖြင့် တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ဦးအောင်မြင့်က ပြောသည်။ 

“နှစ်ဖက်စလုံးက ယုံကြည်မှု နည်းနေတယ်၊ စစ်ကြောင့် ဒုက္ခသည်တွေလည်း သောင်းနဲ့ ချီရှိနေပြီ။ အခြေအနေက မကောင်းဘူး။ ဒါကြောင့် နှစ်ဖက် တွေ့ဆုံနိုင်အောင်၊ အခုအချိန်မှာ ကချင်ကို အစိုးရက လာပါဆိုရင်လည်း ဘယ်သွားမလဲ။ ဒါကြောင့် ကျနော်တို့qီမှာ ဖြစ်နိုင်မလား။ ဖြစ်နိုင်ရင် ပန်ဆန်းမှာလာပြီး တွေ့ဆုံပါ။ ကျနော်တို့ ကူညီပံ့ပိုးပေးပါ့မယ်ဆိုတဲ့ ဆန္ဒမျိုးပါ” ဟု ၁၉၈၉ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲထားသည့် UWSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် က မဇ္စျိမကို ပြောသည်။  

 မည်သည့်နေ့ တွေ့ဆုံမည်ကို ညှိနှိုင်းနေဆဲ ဖြစ်ပြီး ထိုသို့တွေ့ဆုံနိုင်ရေး အတွက် KIO သို့ မဇ္ဈိမက ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် ပြတ်တောက်နေသည်။

အေးချမ်းမွန်မှ   Mizzima - News in Burmese  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဖနိဒါ | အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၉ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၄၈ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန် ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ၏ ဖိတ်ခေါ်ချက်ကို KIO ဘက်မှ လက်ခံကြောင်း အင်္ဂါနေ့တွင် အကြောင်းပြန်ခဲ့သည်ဟု UWSA ပြောရေးဆိုခွင့်ရသူ ဦးအောင်မြင့် က ပြော
သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်းရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် နှစ်ဖက် တွေ့ဆုံမှုကို UWSA က ကြားဝင် ကူညီပေးမည့် အဆိုပြုချက်အပေါ် လက်ခံကြောင်း KIO ဘက်မှ စာပြန်လာခြင်း ဖြစ်သည်။

စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆောက်မည်

Photo: စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတွင် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း ဆောက်မည်

မန္တလေး-ဇန်န၀ါရီ၂၉

စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုဖြစ်လာရန် စီစဉ်နေကြောင်းမန်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
မန်းလေးမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီမြစ် ရေကြီး မှုကာကွယ်ရေးစီမံကိန်း (Ayawaddy River Flood Preventation)နှင့် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုကှိုတည်ဆောက်သွားမည်ဟုသိရသည်။
မြစ်အတွင်းမှ သဲ များကို သောင်တူးစက်များနှင့် ဖော်ထုတ်ပြီး အဆိုပါသဲများကို ရေ၀င်ဧရိယာများတွင် ၁၅မီတာအမြင့်ထိဖို့ကာ ၄င်းနေရာများပေါ်တွင် နိုင်ငံတကာအဆင့်မီ ဧရာဝတီမြစ်ဆိပ်ကမ်း၊ ဈေးဝင်စင်တာများ၊ အိမ်ယာတိုက်ခန်းမျာ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ ဒုဥက္ကဌ မန်းလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဒေါက်တာမြင့်ကြူက မန်းလေးမြို့ သတင်းသမားအချို့နှင့် တွေ့ဆုံစဉ်ပြောသည်။
ဧရာဝတီမြစ်ရေက တချို့နေရာတွေမှာ နှစ်စဉ်လျှံတယ်။ ဧရာဝတီမြစ်က မြစ်ကြောင်းကလည်း ကောနေပြီ။ ကြာရင် မြစ်ကြောင်းပြောက်သွားနိုင်တယ်။ မြစ်ထဲက သဲတွေဖို့လိုက်ရင် ဧက ၁၈၀၀၀လောက် ထွက်လာမယ်။ ဒီအပေါ်မှာဒီစီမံကိန်းကို အကောင်အထည်ဖော်လိုက်ရင် ပြည်တွင်းပြည်ပက ခရီးသွားတွေကို လည်း ဆွဲဆောင်လာနိုင်မယ်။ ပြည်တွင်းမှာ အလုပ်အကိုင်တွေလည်း ရလာမယ်။ အကျိုးအများကြီးဖြစ်လာ နိုင်တယ် ဟု ၀န်ကြီး ဒေါက်တာမြင့်ကြူက ပြောသည်။
အဆိုပါစီမံကိန်းကို မန်းလေးမြို့ ဖွဲ့ဖြိုးတိုးတက်ရေး နှစ်သုံးဆယ်စီမံကိန်းတွင် ပထမ ငါးနှစ်အတွင်း အ ကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ပြီး မလေးရှားကုမ္မဏီတစ်ခုနှင့် မန်းစည်ပင်သာယာရေးကော်မတီတို့ကြား နားလည်မှုစာချွန်လွှာ(Mou) ရေးထိုးပြီးသွားပြီဟု ဆိုသည်။ ဖိုးလပြည့်

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မန္တလေး-ဇန်န၀ါရီ၂၉

စစ်ကိုင်းတံတားအထက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင်နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုဖြစ်လာရန် စီစဉ်နေကြောင်းမန်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
န်းလေးမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီမြစ် ရေကြီး မှုကာကွယ်ရေးစီမံကိန်း (Ayawaddy River Flood Preventation)နှင့် နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်း တစ်ခုကှိုတည်ဆောက်သွားမည်ဟုသိရသည်။
မြစ်အတွင်းမှ သဲ များကို သောင်တူးစက်များနှင့် ဖော်ထုတ်ပြီး အဆိုပါသဲများကို ရေ၀င်ဧရိယာများတွင် ၁၅မီတာအမြင့်ထိဖို့ကာ ၄င်းနေရာများပေါ်တွင် နိုင်ငံတကာအဆင့်မီ ဧရာဝတီမြစ်ဆိပ်ကမ်း၊ ဈေးဝင်စင်တာများ၊ အိမ်ယာတိုက်ခန်းမျာ ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ ဒုဥက္ကဌ မန်းလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် စွမ်းအင်ဝန်ကြီးဒေါက်တာမြင့်ကြူက မန်းလေးမြို့ သတင်းသမားအချို့နှင့် တွေ့ဆုံစဉ်ပြောသည်။

မန်း စက်သုံးဆီ နှစ်ဆိုင် တစ်နေ့တည်း မီးလောင်

Photo: မန်း စက်သုံးဆီ နှစ်ဆိုင် တစ်နေ့တည်း မီးလောင်

မန္တလေး-ဇန်န၀ါရီ၂၉

မန္တလေးတိုင်းဒေသကြီးရှိစက်ဆုံးဆီဆိုင်၂ဆိုင်တွင် ဇန်န၀ါရီ၂၈ရက်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ တံတားဦးမြို့နယ်၊ ဥမှင်ရွာ၊ တံတားဦး-ကျောက်ဆည်ကားလမ်းရှိ ကျော်ကြားသူ စက်ဆုံးဆီဆိုင်တွင် ဓါတ်ဆီပေပါဆီလှယ်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ အခြားသို့ ကူးစက်မှုမရှိဘဲ မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုးတိုက်ခန်း တန်ဘိုးငွေကျပ်(၄၀၅၀၀၀ိ/-)မှာ မီးလောင်ဆုံးရှုံးခဲ့သဖြင့် လေဆိပ်ရဲစခန်း(ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
ထိုနေ့ ညနေ၅နာရီ အချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈ လမ်း၊ ၄၀x၄၁ လမ်းကြားရှိ စက်သုံးဆီအရောင်းဆိုင်တွင် ၉ခ/xxxx ဆီဘောက်ဆာယာဉ်မှ ၆ဂ/xxxx ဆီဘောက်ဆာယာဉ်သို့ ဆိုင်ဝန်ထမ်းနှစ်တို့ ၂ ဦးမှ ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ၅း၁၅ အချိန် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ၆ဂ/xxxx ဆီဘောက်ဆာယာဉ်၏နောက်ပိုင်းနှင့် ကားတာယာ(၈)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး တန်ဘိုးငွေကျပ် (၉၀၃၀၀၀ိ/-) မီးလောင်ဆုံးရှုံးခဲ့သည့်အပြင်လူ၃ဦး မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သည်။
ပေါ့ဆစွာဆောင်ရွက်သူ ၄ ဦးအား မန္တလေးအမှတ်(၉)ရဲစခန်း(ပ)၆၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားပြီး ယာဉ်မောင်း-----မှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းရဲဇာနည်မှသိရသည်။t

အေးချမ်းမွန်မှ Popular Myanmar News Journal   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

မန္တလေး-ဇန်န၀ါရီ၂၉

မန္တလေးတိုင်းဒေသကြီးရှိစက်ဆုံးဆီဆိုင်၂ဆိုင်တွင် ဇန်န၀ါရီ၂၈ရက်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ တံတားဦးမြို့နယ်၊ ဥမှင်ရွာ၊ တံတားဦး-ကျောက်ဆည်ကားလမ်းရှိ ကျော်ကြားသူ စက်ဆုံးဆီဆိုင်တွင် ဓါတ်ဆီပေပါဆီလှယ်ထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ အခြားသို့ ကူးစက်မှုမရှိဘဲ မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် သွပ်မိုးတိုက်ခန်း တန်ဘိုးငွေကျပ်(၄၀၅၀၀၀ိ/-)မှာ မီးလောင်ဆုံးရှုံးခဲ့သဖြင့် လေဆိပ်ရဲစခန်း(ပ)၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာများသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်


Photo: 
အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာများသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်  

Tuesday, 29 January 2013 14:59

အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာများသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ  ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

"စစ်ဆေးတွေ့ရှိချက် အသေးစိတ်ကို ၀န်ကြီးရုံးကို တင်ပြထားပါတယ်။ ဒီရလဒ်ကို မီဒီယာရှင်းလင်းပွဲ လုပ်ပြီး မီဒီယာကို အသိပေးဖို့ပါ တစ်ခါတည်း တင်ပြထားပါတယ်။ ခုတော့ပြောပြလို့ မရသေးပါဘူး" ဟု ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

အဲပုဂံ လေယာဉ်ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box အား သြစတျေးလျနိုင်ငံ၊ ကင်ဘာရာမြို့တွင် ဇန်န၀ါရီလ ၁၈ ရက်နေ့က အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကာ၊ ဇန်န၀ါရီလ ၂၆ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးသည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လေယာဉ်ပေါ်တွင် ပါဝင်သည့် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးနှင့် မြေပြင်ရှိ ဆိုင်ကယ်မောင်းသူ တစ်ဦးတို့ သေဆုံးခဲ့သည်။

အဆိုပါ လေယာဉ်တွင် ပါဝင်သည့် Black Box (လေယာဉ်ပျံသန်းမှု မှတ်တမ်း) အား စစ်ဆေးရန် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင်အား ဖွဲ့စည်းခဲ့ပြီး၊ Black Box နှင့် ပတ်သက်သည့် အချက်အလက်များအား အဆိုပါ ကော်မရှင်မှသာ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အဲပုဂံ လေကြောင်းလိုင်း၏ မန်နေဂျင်း ဒါရိုက်တာ ဦးထူးသက်ထွေးက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

အေးချမ်းမွန်မှ   Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

Tuesday, 29 January 2013 14:59

အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာများသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

"စစ်ဆေးတွေ့ရှိချက် အသေးစိတ်ကို ၀န်ကြီးရုံးကို တင်ပြထားပါတယ်။ ဒီရလဒ်ကို မီဒီယာရှင်းလင်းပွဲ လုပ်ပြီး မီဒီယာကို အသိပေးဖို့ပါ တစ်ခါတည်း တင်ပြထားပါတယ်။ ခုတော့ပြောပြလို့ မရသေးပါဘူး" ဟု ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

မောင်တောမြို့ သုံးမိုင်ဝေသာလီကျေးရွာအနီးရှိ မေယုဂေါက်ကွင်းမှ နားနေဆောင်ကို ဘင်္ဂလီများ မီးရှို့ဖျက်ဆီး

Photo: မောင်တောမြို့ သုံးမိုင်ဝေသာလီကျေးရွာအနီးရှိ မေယုဂေါက်ကွင်းမှ နားနေဆောင်ကို ဘင်္ဂလီများ မီးရှို့ဖျက်ဆီး 

Tuesday, 29 January 2013 12:45

ဇန်န၀ါရီလ ၂၈ ရက် ညနေ ၈နာရီ ၃၀မိနစ်ခန့်တွင် မောင်တောမြို့ သုံးမိုင် ဝေသာလီကျေးရွာအနီးရှိ မေယုဂေါက်ကွင်းမှ နားနေဆောင်ကို အနီးအနားရှိ ဘင်္ဂလီကျေးရွာများမှ အကြမ်းဖက် ဘင်္ဂလီများ လာရောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

မီးရှို့မှုဖြစ်စဉ်ကြောင့် ဂေါက်ကွင်းအနီးရှိ တိုင်းရင်းကျေးရွာများမှ ဒေသခံများမှာ အထုပ်သိမ်းခြင်း၊ ထွက်ပြေးရန် ကြိုတင်ပြင်ဆင်ထားခြင်းများ ပြုလုပ်ခဲ့ကြကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း တိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂေါက်ကွင်းအနီးရှိ ဝေသာလီကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ချထားသော်လည်း ဘင်္ဂလီများမှ လာရောက် မီးရှို့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဝေသာလီကျေးရွာမှာ သုံးမိုင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုစခန်းနှင့် နီးကပ်စွာ တည်ရှိနေသော်လည်း ဇွန်လ ၈ ရက်နေ့က ဝေသာလီရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အတွက် နစက တပ်ဖွဲ့ဝင်များအပေါ် ဒေသခံများမှ ယုံကြည်အားကိုးမှု နည်းပါးလာကြောင်း သိရသည်။

ဘင်္ဂလီများ မီးရှို့မှုကြောင့် မောင်တောမြို့ပေါ်ရှိ ဒေသခံများမှာ စိုးရိမ်မှုများဖြစ်ခဲ့ကြပြီး မိမိရပ်ကွက်များတွင် သတိနှင့်နေကြရန် ဆော်သြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။  ဂေါက်ကွင်းရှိ နားနေဆောင်ကို မီးရှို့ဖျက်ဆီးခြင်းမှာ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အခင်းဖြစ်စဉ်နှင့် ဆက်စပ်မှုရှိနေကြောင်း ဝေသာလီကျေးရွာသားတစ်ဦးက သုံးသပ်ပြောကြားသည်။ လက်ရှိတွင် မောင်တောနယ်စပ်၏ အခြေအနေမှာ ယခင်နေ့များအတိုင်း တည်ငြိမ်နေကြောင်း သိရသည်။

အေးချမ်းမွန်မှ  Eleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ဇန်န၀ါရီလ ၂၈ ရက် ညနေ ၈နာရီ ၃၀မိနစ်ခန့်တွင် မောင်တောမြို့ သုံးမိုင် ဝေသာလီကျေးရွာအနီးရှိ မေယုဂေါက်ကွင်းမှ နားနေဆောင်ကို အနီးအနားရှိ ဘင်္ဂလီကျေးရွာများမှ အကြမ်းဖက် ဘင်္ဂလီများ လာရောက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

မီးရှို့မှုဖြစ်စဉ်ကြောင့် ဂေါက်ကွင်းအနီးရှိ တိုင်းရင်းကျေးရွာများမှ ဒေသခံများမှာ အထုပ်သိမ်းခြင်း၊ ထွက်ပြေးရန် ကြိုတင်ပြင်ဆင်ထားခြင်းများ ပြုလုပ်ခဲ့ကြကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုလည်း တိုးချဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာဇက်စတန်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွား

Photo: ကာဇက်စတန်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွား


ကာဇက်စတန်တွင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားကာဇက်စတန်နိုင်ငံတွင်
လေယာဉ်တစ်စင်း ယနေ့ ပျက်ကျသွားရာ လူ ၁၅ ဦး သေဆုံးသွားကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၅ ဦးနှင့် ခရီးသည် ၁၅ ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း ကာဇက်စတန် အရေးပေါ်ဌာနက
ပြောကြားသည်။

ပျက်ကျသွားသည့် လေယာဉ်မှာ ကာဇက်စတန်အခြေစိုက် SCAT လေကြောင်းလိုင်းမှ Challanger-200 အမျိုးအစား
လေယာဉ်ဖြစ်သည်။

လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် အများစုမှာ စီးပွားရေုးလုပ်ငန်းရှင်များဖြစ်ကြောင်းနှင် ကလေးငယ်တစ်ဦးလည်း ပါဝင်သည်။

Photo: www.shrimpesque.com -
Planet Myanmar Network
ကာဇက်စတန်တွင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားကာဇက်စတန်နိုင်ငံတွင်
လေယာဉ်တစ်စင်း ယနေ့ ပျက်ကျသွားရာ လူ ၁၅ ဦး သေဆုံးသွားကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၅ ဦးနှင့် ခရီးသည် ၁၅ ဦး လိုက်ပါလာခြင်းဖြစ်ကြောင်း ကာဇက်စတန် အရေးပေါ်ဌာနက
ပြောကြားသည်။

ပျက်ကျသွားသည့် လေယာဉ်မှာ ကာဇက်စတန်အခြေစိုက် SCAT လေကြောင်းလိုင်းမှ Challanger-200 အမျိုးအစား
လေယာဉ်ဖြစ်သည်။

ရန်ကုန်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော် အသုံးပစ္စည်းများ ၀ယ်ယူမှုနည်းပါး တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းမှုရှိလာ

Photo: 
ရန်ကုန်မြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော် အသုံးပစ္စည်းများ ၀ယ်ယူမှုနည်းပါး တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းမှုရှိလာ 

Tuesday, 29 January 2013 11:28

တရုတ်နှစ်သစ်ကူးပွဲတော် အသုံးပစ္စည်းများ ၀ယ်ယူမှုနည်းပါးလာကာ တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းမှု ရှိလာကြောင်း မဟာဗန္ဓုလလမ်းရှိ နှစ်ကူးအရောင်းဆိုင်များမှ သိရှိရသည်။

ယခင်နှစ်များတွင် မြန်မာနိုင်ငံ နယ်မြို့များမှ အများအပြား လာရောက်ဝယ်ယူမှုများရှိပြီး ယခုအခါ နည်းပါးလာကာ မြို့တွင်း ၀ယ်ယူသူများမှာလည်း အဓိက နှစ်ကူးပစ္စည်းများကိုသာ ၀ယ်ယူမှုရှိကြောင်း သိရသည်။

''အရင်က ဒီလိုအချိန်ဆို တစ်နေ့ကို ၅သောင်းဖိုးလောက် ရောင်းရတယ်၊ဒီနှစ်က ၁သောင်းဖိုးလောက် ရောင်းရဖို့တောင် မလွယ်ဘူး၊နှစ်ကူးရက်ကို မျှော်ပြီး ရောင်းရမှာပေါ့၊ပစ္စည်းက ဆိုင်မှာ အများကြီး ပုံနေသေးတယ်၊ဈေးတက်ရောင်းဖို့ နေနေသာသာ ရှိတဲ့ဟာကိုကုန်အောင် ရောင်းရမှာ'' ဟု လသာမြို့နယ်ရှိ နှစ်စဉ် တရုတ်နှစ်သစ်ကူးပစ္စည်း ရောင်းချလေ့ရှိသူတစ်ဦးက ဆိုသည်။

တရုတ်နှစ်သစ်ကူးပွဲတော်သုံး ပစ္စည်းများသည် ငွေကျပ်နှစ်ရာမှ တစ်သောင်းခွဲကျော်ထိရှိကာ အများဆုံး ၂၀၀မှ ၄၀၀၀ ကျော် ပစ္စည်းများ ၀ယ်ယူမှုများကြောင်း အဆိုပါ နှစ်ကူး အရောင်းဆိုင်များမှ သိရသည်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို ဖေဖော်ဝါရီ ၁၀ရက်နေ့မှ ၁၅ရက်နေ့ထိ နှစ်ကူးပွဲတော်များဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်လူမျိုးများထံမှ သိရသည်။


တရုတ်နှစ်သစ်ကူးပွဲတော်သုံးပစ္စည်း အရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဉ်

အေးချမ်းမွန်မှ  Eleven Media Group  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
တရုတ်နှစ်သစ်ကူးပွဲတော်သုံးပစ္စည်း အရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဉ်

Tuesday, 29 January 2013 11:28

တရုတ်နှစ်သစ်ကူးပွဲတော် အသုံးပစ္စည်းများ ၀ယ်ယူမှုနည်းပါးလာကာ တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းမှု ရှိလာကြောင်း မဟာဗန္ဓုလလမ်းရှိ နှစ်ကူးအရောင်းဆိုင်များမှ သိရှိရသည်။

ယခင်နှစ်များတွင် မြန်မာနိုင်ငံ နယ်မြို့များမှ အများအပြား လာရောက်ဝယ်ယူမှုများရှိပြီး ယခုအခါ နည်းပါးလာကာ မြို့တွင်း ၀ယ်ယူသူများမှာလည်း အဓိက နှစ်ကူးပစ္စည်းများကိုသာ ၀ယ်ယူမှုရှိကြောင်း သိရသည်။

ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော

Photo: ကချင်တိုက်ပွဲတွင်း တိုက်လေယာဉ်အသုံးပြုခြင်းနှင့် ပတ်သက်၍အမေရိကန် ၏ပြောဆိုမှုက အဓိပ္ပာယ်မရှိကြောင်းဦးအောင်သိန်းလင်းပြော

January 29, 2013 Home, သတင်း 

မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက်  ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ်   များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား   အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ်   လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း   ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ   ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။
““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့  ဒေသခံပြည်သူတွေခများမှာလည်း  အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီ ဒီလိုမျိုး     အနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး  ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း  စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ်     မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။တိုက်လေယာဉ်ဝယ် ထားပါတယ်ဆိုမှ စစ်တိုက်ဖို့ဝယ် မှာပေါ့။စစ်တိုက်စရာမရှိရင် လူ တင်လေယာဉ်တွေပဲဝယ်ပြီး ပိုက် ဆံရှာမှာပေါ့ ပြောရရင် KIA, KIO ကိစ္စတပ်မတော်ဘက်က တိုက်လေယာဉ်သုံးတာနဲ့ပတ်သက် ပြီး အနောက်နိုင်ငံတွေနဲ့ကုလသမဂ္ဂရဲ့ဝေဖန်ချက်ကလုံးဝအဓိပ္ပာယ်   မရှိဘူး””ဟု ဦးအောင်သိန်းလင်းမှ Hot News သတင်းထောက်နှင့်  တွေ့ဆုံစဉ်ပြောကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေး  ဌာနမှ ကချင်အရေးနှင့်ပတ်သက်  သော ထုတ်ပြန်ချက်၌လည်း တိုက် ပွဲများကြောင့် အမေရိကန်ပြည် ထောင်စုက အလွန်ပင်စိုးရိမ်မိ ကြောင်း၊မြန်မာ့တပ်မတော်မှ လိုင်ဇာအနီးဝန်းကျင်ကို စစ်ရေး   အရ ဆက်လက်ထိုးစစ်ဆင်နေ ကြောင်း အမျိုးသားပြန်လည်သင့် မြတ်ရေးကိုထိခိုက်စေပြီး အရပ် သားများသေကြေမှုကိုဖြစ်စေကာ    တိုက်ခိုက်မှုများဆက်လက်ဖြစ်ပွာ နေခြင်းအား အမေရိကန်ပြည် ထောင်စုမှပြင်းထန်စွာကန့်ကွက် ပါကြောင်း ဇန်န၀ါရီ ၂၄ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး မြန်မာ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လည်း “အမေရိကန်၏ထုတ်ပြန် ချက်၌ KIA ဘက်မှကျူးလွန်သည် များအား ဖော်ပြခြင်းမရှိဘဲ အစိုး ရနှင့်တပ်မတော်ကသာ တိုက်ခိုက် နေသည့် သဖွယ်ဖော်ပြထားသည် အား ပြင်းထန်စွာကန့်ကွက်ပယ်”  ချပါကြောင်း ထုတ်ပြန်ခဲ့သည်။

 ခန့်ခန့်(ဒဿနိက)

အေးချမ်းမွန်မှ   The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
January 29, 2013 Home, သတင်း

မြန်မာအစိုးရတပ်မတော်နှင့် KIA,KIO တို့ကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်ဘက်မှ တိုက်လေယာဉ် များအသုံးပြုထိုးစစ်ဆင်ခဲ့ခြင်းအား အမေရိကန်အစိုးရနှင့်ကုလသမဂ္ဂ တို့မှ အသုံးမပြုသင့်ကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်းမှာ အဓိပ္ပာယ် လုံးဝမရှိကြောင်းနှင့်ပြည်တွင်းရေး ကို ၀င်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ပြုပြင်ပြောင်းလဲ ရေးနှင့်ခေတ်မီဖွံ့ဖြိုးမှုစီစစ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်း လင်းက Hot News သတင်း ထောက်နှင့်တွေ့ဆုံစဉ်ပြောကြား သွားခဲ့သည်။
““ဒီ KIA,KIO ကြောင့် ကျွန်တော်တို့တပ်မတော်သားတွေ အများကြီးသေခဲ့ရပြီးပြီ ပြီးတော့ ဒေသခံပြည်သူတွေခများမှာလည်း အိုးမဲ့အိမ်မဲ့တွေဖြစ်နေပြီ ဒီလိုမျိုး အနေအထားမှာ မြန်မာ့တပ်မ တော်က တိုက်လေယာဉ်သုံးပြီး ထိုးစစ်ဆင်တယ်။ဒါကို အမေရိကန် တို့ ကုလသမဂ္ဂတို့က လူသားချင်း စာနာထောက်ထားတာတွေ ဘာ တွေနဲ့တိုက်ပွဲမှာ တိုက်လေယာဉ် မသုံးသင့်ဘူးလေးဘာလေး ပြော ကြတယ်။

၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတွင် အားကစားနည်း(၃၃)နည်းထည့်သွင်းယှဉ်ပြိုင်မည်

Photo: ၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတွင်
အားကစားနည်း(၃၃)နည်းထည့်သွင်းယှဉ်ပြိုင်မည်

ရန်ကုန် ဇန်န၀ါရီ၂၉
၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတွင်အားကစားနည်း(၃၃)နည်းထည့်သွင်း
သွားမည်ဟု ယနေ့နေပြည်တော်၌ကျင်းပသည့်
SEAGFဆီးဂိမ်းအစည်းဝေးတွင်အတည်ပြုခဲ့ကြောင်းသိရသည်။ ၄င်းတို့မှာ
(၁)(ပြေးခုန်ပစ်၊(၂) ရေကူး/ဒိုင်ဗင်၊(၃) မြှားပစ်၊(၄)ဘတ်စကက်ဘော၊(၅)ကြက်တောင်၊
(၆)ဘိလိယက်/ စနူကာ၊(၇)လက်ဝှေ့၊(၈)ကနူး/ကယက်၊(၉)စက်ဘီး၊(၁၀) မြင်းစီး၊
(၁၁)ဘောလုံး/ ဖူဆယ်၊(၁၂) ဂေါက်သီး၊(၁၃) ဟော်ကီ၊(၁၄)ဂျူဒို၊(၁၅)ကရာတေးဒို၊
(၁၆)အနောက်တိုင်းလှေ၊(၁၇)ပိုက်ကျော်ခြင်း/ရိုးရာခြင်းလုံး၊(၁၈) သေနတ်ပစ်၊
(၁၉)ရွက်လှေ၊(၂၀)စားပွဲတင်တင်းနစ်၊(၂၁)တိုက်ကွမ်ဒို၊(၂၂) ဘော်လီဘော၊
(၂၃)အလေးမ၊(၂၄)နပမ်း၊(၂၅)၀ူရှူး၊(၂၆)ကာယဗလ၊(၂၇)ရိုးရာလှေ၊(၂ဂ)စစ်တုရင်၊
(၂၉)ပန်ကြပ်ဆီလတ်(၃၀)ဗိုဗီနမ်၊(၃၁)ပန်တက်၊(၃၂)မွေ၊
(၃၃)ကင်ပို တို့ကို ထည့်သွင်းကျင်းပမည်ဟုသိရသည်။
ယခင်က ၂၉သာ လျာထားပြီး ယနေ့အစည်းဝေးမှသာ ၃၃နည်း ဖြစ်ကြောင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။az

အေးချမ်းမွန်မှ   Popular Myanmar News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
ရန်ကုန် ဇန်န၀ါရီ၂၉
၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပွဲတွင်အားကစားနည်း(၃၃)နည်းထည့်သွင်း
သွားမည်ဟု ယနေ့နေပြည်တော်၌ကျင်းပသည့်
SEAGFဆီးဂိမ်းအစည်းဝေးတွင်အတည်ပြုခဲ့ကြောင်းသိရသည်။ ၄င်းတို့မှာ
(၁)(ပြေးခုန်ပစ်၊(၂) ရေကူး/ဒိုင်ဗင်၊(၃) မြှားပစ်၊(၄)ဘတ်စကက်ဘော၊(၅)ကြက်တောင်၊
(၆)ဘိလိယက်/ စနူကာ၊(၇)လက်ဝှေ့၊(၈)ကနူး/ကယက်၊(၉)စက်ဘီး၊(၁၀) မြင်းစီး၊
(၁၁)ဘောလုံး/ ဖူဆယ်၊(၁၂) ဂေါက်သီး၊(၁၃) ဟော်ကီ၊(၁၄)ဂျူဒို၊(၁၅)ကရာတေးဒို၊
(၁၆)အနောက်တိုင်းလှေ၊(၁၇)ပိုက်ကျော်ခြင်း/ရိုးရာခြင်းလုံး၊(၁၈) သေနတ်ပစ်၊

ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူရောက်

Photo: ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ တောင်ငူရောက်
ဒီဗွီဘီ

ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ဒီနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ မြို့ခံတွေနဲ့ ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေသူတွေဟာ ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုဆိုတွေ့ဆုံပြီး ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“တောင်ငူထဲဝင်လာပြီ။ အတားအဆီးမရှိပါဘူး။ ပဲခူးမြို့နယ်ကို ၀င်လာကတည်းက အလံထောင်တာ၊ စီတန်းလှည့်လည်ပြီးတရားဟောတာ၊ စာရွက်စာတမ်းဝေငှတာ၊ ကြွေးကြော်သံတိုင်တာတွေ ဒါတွေ မလုပ်ရဘူးဆိုပြီး သဘောတူလက်မှတ်ထိုးရတယ်။ ဒီအချက်တွေ လိုက်နာရင် နယ်မြေဖြတ်သန်းစဉ်ကာလမှာ သူတို့ဘက်က အပြည့်အ၀ ကာကွယ်ပေးပါမယ် ပြောတယ်။ ကချင်ပြည်နယ်အတွက် သူ့မှာပါလာတဲ့ ငွေအားလုံး ကျနော်တို့ကို လှူဒါန်းလိုက်တယ်။ လှူဒါန်းငွေက ၂ သောင်းကျော်လောက် ရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ၁ သောင်းလှူတယ်။ အဲနေရာမှာပဲ ဥပဒေအကြံပေးအပါအ၀င် ရတဲ့ငွေ ၃ သောင်းကျော်လောက်ရှိမယ်။ သူတို့ဘက်ကနေ ကျနော်တို့ကို ကူညီတဲ့ သဘောပါ။”

အလားတူ တောင်ငူမြို့ခံတွေကလည်း ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို လမ်းဘေးဝဲယာကနေ အစားအသောက်တွေ ဝေငှပြီး လိုက်လံအားပေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

“တောက်လျှောက် ဆိုင်ကယ်တွေနဲ့ လိုက်ဝန်းရံတယ်။ လိုအပ်တဲ့ အစားအသောက်တွေလည်း ပြင်ဆင်ထားကြတယ်။ တော်တော် ဂရုစိုက်ပါတယ်။ လေးစားစရာကောင်းပါတယ်။ ကျနော်တို့ကို အားပေးတယ်။ ကျနော်တို့ကို ကျန်းမာပါစေ၊ ချမ်းသာပါစေ မေတ္တာပို့ပေးတယ်။”

ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမကနေ စတင်ပြီး စစ်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ မိုင် ၈၀၀ ကျော် ခရီးကို ခရီးရှည်လမ်းလျှောက်နေကြတာ ဖြစ်ပါတယ်။ လတ်တလော ငြိမ်းချမ်းရေးလမ်းလျှောက်သူပေါင်း၊ သံဃာတော် ၅ ပါး အပါအ၀င် အမျိုးသမီးနဲ့ အမျိုးသား အင်အား ၅၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။

ဒီနေ့ည တောင်ငူမြို့မှာ ညအိပ်ရပ်နားမှာဖြစ်ပြီး နောက်တနေ့မှာ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းနယ်နိမိတ် ရေတာရှည်မြို့နယ်အထိ ခရီးဆက်ကြမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လမ်းလျှောက်လာသူတွေကို သူတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၀ ခုလောက်ကတော့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

(ဓါတ်ပုံ - ကိုညီညီထွန်း - တောင်ငူမြို့အရောက် - 29.01.2013 - 2:30pm)

အေးချမ်းမွန်မှ   DVB TV News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
(ဓါတ်ပုံ - ကိုညီညီထွန်း - တောင်ငူမြို့အရောက် - 29.01.2013 - 2:30pm)
ရန်ကုန်ကနေ လိုင်ဇာအထိ ငြိမ်းချမ်းရေးခရီးရှည် လမ်းလျှောက်သူများ ဒီနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ မြို့ခံတွေနဲ့ ဒေသခံအာဏာပိုင်တွေကပါ အားပေးကူညီခဲ့ပါတယ်။

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေသူတွေဟာ ဇန်န၀ါရီ ၂၉ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ရောက်ရှိလာရာမှာ ဒေသခံရဲနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ကြိုဆိုတွေ့ဆုံပြီး ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ထည့်ဝင်ပြီး အကူအညီပေးခဲ့ကြတယ်လို့ လမ်းလျှောက်ရာမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ ကိုရန်နိုင်ထွန်းက ပြောပါတယ်။

“မာလီသို့ ဗြိတိန်တပ်ဖွဲ့ စေလွှတ်မည်”

Photo: “မာလီသို့ ဗြိတိန်တပ်ဖွဲ့ စေလွှတ်မည်”

မာလီတွင် အစ္စလာမ်မစ်သူပုန်များအား တိုက်ခိုက်နေသည့် ပြင်သစ်တပ်ဖွဲ့ကိုကူညီရန် အရေအတွက် အကန့်အသတ်ရှိသော ဗြိတိန်တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်ဖြစ်သည်။

ဗြိတိန်တပ်ဖွဲ့သည် မာလီတပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်ပေးမှုအပါအဝင် စက်ဖက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြင်သစ်သမ္မတ ဟိုလန်ဒီကို ပြောကြားသည်။ မာလီသို့ စေလွှတ်မည့် ဗြိတိန်တပ်ဖွဲဝင် အရေအတွက်မှာ ၃၅၀ ဝန်ကျင်းဖြစ်နိုင်ကြောင်း BBC News တွင် ဖော်ပြသည်။

အေးချမ်းမွန်မှ  Planet Myanmar Network  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မာလီတွင် အစ္စလာမ်မစ်သူပုန်များအား တိုက်ခိုက်နေသည့် ပြင်သစ်တပ်ဖွဲ့ကိုကူညီရန် အရေအတွက် အကန့်အသတ်ရှိသော ဗြိတိန်တပ်ဖွဲ့ဝင်များ စေလွှတ်သွားမည်ဖြစ်သည်။

ဗြိတိန်တပ်ဖွဲ့သည် မာလီတပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်ပေးမှုအပါအဝင် စက်ဖက်ဆိုင်ရာ ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ပြင်သစ်သမ္မတ ဟိုလန်ဒီကို ပြောကြားသည်။ မာလီသို့ စေလွှတ်မည့် ဗြိတိန်တပ်ဖွဲဝင် အရေအတွက်မှာ ၃၅၀ ဝန်ကျင်းဖြစ်နိုင်ကြောင်း BBC News တွင် ဖော်ပြသည်။

Planet Myanmar Network 
Related Posts Plugin for WordPress, Blogger...

ShareThis