menu

Tuesday 6 November 2012

ဗြိတိန်နိုင်ငံ၏ ထိပ်တန်း သတင်းစာဖြစ်သောThe Daily Telegraph မှ မြန်မာ့စီးပွားရေး သတင်းများကို ထည့်သွင်းထုတ်ဝေလိုကြောင်း လာရောက်အဆိုပြု

ဗြိတိန်နိုင်ငံ၏ ထိပ်တန်း သတင်းစာဖြစ်သောThe Daily Telegraph မှ မြန်မာ့စီးပွားရေး သတင်းများကို ထည့်သွင်းထုတ်ဝေလိုကြောင်း လာရောက်အဆိုပြု 

Tuesday, 06 November 2012 11:33

ဗြိတိန်နိုင်ငံ၏ ထိပ်တန်းသတင်းစာဖြစ်သော The Daily Telegraph မှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ထည့်သွင်း ထုတ်ဝေရန် လာရောက်အဆိုပြုခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ရုံးအမှတ် ၃၂ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် The Daily Telegraph မှ Ms.Sorcha Hellyer(Vice President of Image Diplomacy of UK)  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

အဓိကအားဖြင့်The Daily Telegraph သည် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာသတင်းများ၊ မြန်မာ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲနေမှုများကို The Daily Telegraph တွင်ထည့်သွင်းထုတ်ဝေ လိုကြောင်း ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာ့စီးပွားရေးဆိုင်ရာ သတင်းများ ရယူရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိပြင်ဆင်နေသည်မှာ လဖြင့်ချီကာ ကြာမြင့်ခဲ့ပြီဟုလည်း သိရသည်။
ဗြိတိန်က The Daily Telegraph ထဲမှာ ထည့်သွင်းပြီး ဖော်ပြမှာပါ။The Daily Telegraph ဟာ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီလုပ်ငန်းရှင်၊ ဒါရိုက်တာတွေနဲ့ အစိုးရတာဝန်ရှိသူတွေ အပါအ၀င်လူဦးရေ ၁ ဒသမ ၆ သန်းဖတ်ရှုနေတဲ့ သတင်းစာ တစ်စောင်ဖြစ်ပါတယ်။ အဲဒီသတင်းစာရဲ့ National Edition အပိုင်းမှာ မြန်မာ့စီးပွားရေးသတင်းတွေကို ထည့်သွင်းဖော်ပြသွားဖို့

Ms.Sorcha Hellyer(Vice President of Image Diplomacy of UK) ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့မှ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ပြုပြင်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေးဆိုင်ရာ အချက်အလက်များကို ရှုထောင့်ပေါင်းစုံမှ သိရှိနိုင်ရန် ထည့်သွင်းထုတ်ဝေလိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။

The Daily Telegraph မှ Ms.Sorcha Hellyer (Vice President of Image Diplomacy of UK) က “ဗြိတိန်က The Daily Telegraph ထဲမှာ ထည့်သွင်းပြီး ဖော်ပြမှာပါ။The Daily Telegraph ဟာ စီးပွားရေးလုပ်ငန်းရှင်၊ ကုမ္ပဏီလုပ်ငန်းရှင်၊ ဒါရိုက်တာတွေနဲ့ အစိုးရတာဝန်ရှိသူတွေ အပါအ၀င်လူဦးရေ ၁ ဒသမ ၆ သန်းဖတ်ရှုနေတဲ့ သတင်းစာ တစ်စောင်ဖြစ်ပါတယ်။ အဲဒီသတင်းစာရဲ့ National Edition အပိုင်းမှာ မြန်မာ့စီးပွားရေးသတင်းတွေကို ထည့်သွင်းဖော်ပြသွားဖို့ လာရောက်ဆွေးနွေးခဲ့တာပါ” ဟု နိုဝင်ဘာ ၂ ရက်နေ့က ပြောကြားခဲ့သည်။

The Daily Telegraph သတင်းစာကို ၁၈၅၅ ခုနှစ်တွင် စတင်တည်ထောင်ပြီး ၂၀၁၁ ခုနှစ်  စာရင်းများအရမှာ စောင်ရေ ၆၃၄၁၁၃ ထုတ်ဝေလျက်ရှိကြောင်း သိရသည်။

အေးချမ်းမွန်မှ  Eleven Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :acus.org
ဗြိတိန်နိုင်ငံ၏ ထိပ်တန်းသတင်းစာဖြစ်သော The Daily Telegraph မှ မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ထည့်သွင်း ထုတ်ဝေရန် လာရောက်အဆိုပြုခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ရုံးအမှတ် ၃၂ တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် The Daily Telegraph မှ Ms.Sorcha Hellyer(Vice President of Image Diplomacy of UK) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြေ
ာင်း သတင်းရရှိပါသည်။

မြို.လယ်ခေါင်ဆွဲကြိုးချသေခြင်း

Photo: မြို.လယ်ခေါင်ဆွဲကြိုးချသေခြင်း


ရန်ကုန်မြို.၊ ပန်းဘဲတန်းမြို.နယ်၊ အမှတ်(၉)ရပ်ကွက်၊ (၃၁)လမ်း အောက်လမ်း၊ အိမ်အမှတ်(၇၅) ပထမထပ်နေ၊ ဦးဗစ်ကီး(ခ)ဦးဝင်းနိုင်ထွန်း၊ အသက်(၄၂)သည် ၂၀၁၂ခုနှစ် နိုဝင်ဘာလ၆ရက် နံနက်၁နာရီ ၃၀မိနစ် အချိန်ခန်.တွင် အိမ်ခန်း အတွင်းရှိ တံခါးပေါက် ဘောင်တန်းအား တီဗွီအင်တနာ ကြိုးဖြင်.ချည်နှောင်ကာ မိမိကိုယ်ကို မိမိဆွဲကြိုးချကာ သတ်သေခဲ.ပါသည်။

သေဆုံးသူတွင် မကျမ်းမာသော အမေအိုကြီးနှင်. ညီမ၊နှင်. အတူသမီး၂ယောက် ကျန်ရစ်ခဲ.ပါသည်၊၄င်းအမှုဖြစ်စဉ်ကို ပန်းဘဲတန်းမြို.နယ် ရဲတပ်ဖွဲ.မှ စခန်းမှုးနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်နိင်မြင်.၊ရဲတပ်ဖွဲ.၀င်များ လာရောက် စစ်ဆေးဆောင်ရွက် နေသည်ကို တွေ.ရှိရပါသည်။

by Myanmar News Now

အေးချမ်းမွန်မှ  Myanmar News Now တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar News Now
ရန်ကုန်မြို.၊ ပန်းဘဲတန်းမြို.နယ်၊ အမှတ်(၉)ရပ်ကွက်၊ (၃၁)လမ်း အောက်လမ်း၊ အိမ်အမှတ်(၇၅) ပထမထပ်နေ၊ ဦးဗစ်ကီး(ခ)ဦးဝင်းနိုင်ထွန်း၊ အသက်(၄၂)သည် ၂၀၁၂ခုနှစ် နိုဝင်ဘာလ၆ရက် နံနက်၁နာရီ ၃၀မိနစ် အချိန်ခန်.တွင် အိမ်ခန်း အတွင်းရှိ တံခါးပေါက် ဘောင်တန်းအား တီဗွီအင်တနာ ကြိုးဖြင်.ချည်နှောင်ကာ မိမိကိုယ်ကို မိမိဆွဲကြိုးချကာ သတ်သေခဲ.ပါသည်။

သေဆုံးသူတွင် မကျမ်းမာသော အမေအိုကြီးနှင်. ညီမ၊နှင်. အတူသမီး၂ယောက် ကျန်ရစ်ခဲ.ပါသည်၊၄င်းအမှုဖြစ်စဉ်ကို ပန်းဘဲတန်းမြို.နယ် ရဲတပ်ဖွဲ.မှ စခန်းမှုးနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်နိင်မြင်.၊ရဲတပ်ဖွဲ.၀င်များ လာရောက် စစ်ဆေးဆောင်ရွက် နေသည်ကို တွေ.ရှိရပါသည်။

by Myanmar News Now

မီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ 

Photo: မီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ 

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်အောက်မှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ လွဲပြောင်းလိုက်ကြောင်းသိရသည်။

လွဲပြောင်းသည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ မီးသတ်ဦးစီးဌာန ရုံးချုပ် တွင်ကျင်းပခဲ့သည်။

မီးသတ်တပ်ဖွဲ့သည် ယခင်က ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်တွင် တည်ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ် ရောက်မှသာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်အောက်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
TYH

အေးချမ်းမွန်မှ  Popular Myanmar News Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Irrawaddy (Burmese Version)
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့အား လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လက်အောက်မှ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ လွဲပြောင်းလိုက်ကြောင်းသိရသည်။

လွဲပြောင်းသည့် အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၆ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ မီးသတ်ဦးစီးဌာန ရုံးချုပ် တွင်ကျင်းပခဲ့သည်။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၇)

ဒီနေ့ည နည်းနည်း အေးသဖြင့် မီးဖိုပြီး မီးလှုံကြသည်။ ရေနွေးအိုး တည်သောက်ကြသည်။ ချစ်ဦးက ဆိုင်မှ အာလူးကြော်တစ်ထုပ် ဖြုတ်ယူလာခဲ့သည်။ ကိုသန်းမောင်က လက်ဖက်သုပ် ယူလာသဖြင့် စကား ပြောရင်း စားကြသောက်ကြသည်။
''ဒါနဲ့ ဟေ့ကောင်၊ မြလွင်က ကလေးမွေးပြီးမှ ပိုတောင်လှလာပါလားကွ''
ကိုဘိုလေးကပြောသည်။

 ''ဒါကတော့ ကျွန်တော့် အစ်မကိုးဗျ၊ ဟဲ  ဟဲ''
ဟု ချစ်ဦးက ဂုဏ်ယူသော လေသံဖြင့် ပြန်ပြော၏။
''မင်းအမ အရင်းတော့ မဟုတ်ပါဘူး''
''အစ်ကိုကတော့ အရင်းပါဗျ''
''အေးလေ၊ ချစ်မှူးကတော့ မင်းအစ်ကိုအရင်းပေါ့ကွ၊ ဒါပေမယ့် မြလွင်က မင်းအစ်မအရင်းတော့ မဟုတ် ဘူး မင်းအစ်ကိုရဲ့ မိန်းမပဲ''
''ဘာထူးလို့လဲ''
''ထူးတယ်ကွ၊ ဘယ်လိုထူးတယ်ဆိုတာ ငါပြောပြမယ်''

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၆)

မြလွင် မီးထွက်ပြီးနောက် သူတို့၏ ရှေ့ရေးအတွက် ဘာလုပ်ကြမလဲဆိုတာ တိုင်ပင်ကြသည်။ တိုင်ပင် တယ် ဆိုရာမှာ ချစ်ဦးကတော့ စာရင်းထဲမှာမပါ။ မြလွင်နှင့်ဒေါ်ငွေဇံတို့ တိုင်ပင်ကြခြင်းသာဖြစ်၏။
သူတို့လက်ထဲမှာ ငွေအသင့်အတင့် ကျန်သေးသည်။ မြလွင်မှာ လက်ဝတ်လက်စား အချို့လည်းရှိသေး သည်။ ဒါ ပေါင်းလိုက်လျှင် ဆိုင်ကလေး တစ်ဆိုင်တည်နိုင်လောက်သော အခြေအနေမှာရှိ၏။ မြလွင်အနေ ဖြင့် ကလေး က ငယ်သေးသဖြင့် တခြားမှာ ထွက်ပြီးအလုပ်လုပ်နိုင်သော အခြေအနေမရှိ။ အိမ်မှာပင် ဆိုင် ကလေးတစ်ဆိုင် ဖွင့်ခြင်းသည်။ အသင့်တော်ဆုံး ဖြစ်၏။
ဒေါ်ငွေဇံက သူတို့ကျွမ်းကျင်ပြီးသား ထမင်းဆိုင်အလုပ်ကို လုပ်ချင်သည်။ မြလွင်က ဖြစ်နိုင်မယ်မထင်။ သူတို့ ရပ်ကွက်က လူအများစုသည် ကိုယ့်အိမ်မှာပဲ ချက်ပြုတ်စားကြခြင်း၊ ဖြစ်၏။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၅)


ချစ်ဦးက တစ်စုံတစ်ခုထပ်ပြောမည် ပြုပြီးမှ မြလွင်ကို တစ်ချက်လှမ်းကြည့်သည်။ မြလွင်၏ ကိုယ်ဝန်မှာ အတော် ရင့်မာ နေပြီ၊ မြလွင်က နှုတ်မှ မပြောသော်လည်း မျက်လုံးတွေက...
'မောင်လေးရယ်၊ မွေးဖို့၊ ဖွားဖို့စရိတ်စကအတွက် အတက်နိုင်ဆုံး ချွေတာနေရလို့ပါ'
ဟု ပြောနေသလို ထင်ရ၏။ ချစ်ဦးသည် မြလွင်၏ ဝမ်းဗိုက်ကို စိုက်ကြည့်ပြီး တွေးနေရာမှ ခေါင်းတစ်ချက် ဆတ်လိုက်ပြီး 'ကျွန်တော့်ကို ရေပုံးနဲ့ ထမ်းပိုးသာဝယ်ပေး' ဟု ပြောလိုက်သည်။

ချစ်ဦးသည် တောင့်တင်းသန်မာမှုရှိသော်လည်း ရေတော့ တစ်ခါမှ မထမ်းဖူးသေးဖူး ပုံးနှင့်ထမ်းပိုးကို ဟန်ချက်ညီအောင် မထမ်းနိုင်သေးသဖြင့် ဟိုယိုင်ဒီယိုင်ဖြစ်နေ၏။ အလေ့အကျင့် မရှိသောကြောင့်လည်း အတော်ပင်ပန်းသည်။ သို့ရာတွင်သူက မညည်းမညူဘဲ ကြိတ်မှိတ်ပြီး ရအောင်ထမ်းသည်။
ဒါကိုမြင်တော့ မြလွင် စိတ်မကောင်းဖြစ်ရ၏။ ညနေဘက်ကျတော့ ချစ်ဦး၏ ပခုံးသားမှာ ညိုမည်းနေတာ တွေ့ရ၏။ မြလွင် မျက်ရည်စို့ရသည်။ ချစ်မှူးမှာ ကြားခဲ့သော 'ညီလေးကို စောင့်ရှောက်ပါ' ဆိုသော စကား ကို သတိရသည်။ ခုတော့ ချစ်ဦးကသာ သူ့ကို ပြန်စောက်ရှောက်ရသလို ဖြစ်နေ၏။ သို့ရာတွင် မြလွင် ဘာမှ မတတ်နိုင်။ ချစ်ဦးရဲ့ ကြောင်ကွက်ကလေးတွေကတော့ အရင်လိုပဲ ရှိနေတုန်းဖြစ်၏။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၄)

(၆)

မြလွင် ကိုယ်ဝန်ရှိလာခြင်းအတွက် သူတို့အိမ်အခြေအနေကို တစ်မျိုးတစ်စုံ အထောက်အကူပြုသလို ဖြစ် သွားသည်။ အားလုံး ပျော်ရွှင်နေကြ၏။ ချစ်မှူးက အလုပ်ကို ပို၍ ကြိုးစားလုပ်ရမည်ဟု ဆိုသည်။ ဒေါ်ငွေဇံ သည်လည်း မြေးဦးရတော့မှာမို့ ပျော်နေသည်။ ကလေးရလာလျှင် ချစ်မှူးသည် မြလွင်ကို ပိုပြီး သံယောဇဉ် တွယ်လာတော့မှာကို မြင်ယောင်ပြီး အားတက်မိခြင်း ဖြစ်၏။ ဒီဘက်ကို အာရုံရောက်နေသဖြင့် ချစ်ဦးကို အပြစ်ရှာဖို့တောင် မေ့နေသည်။
ချစ်ဦးဆိုတာကတော့ ပြောမနေနဲ့တော့။ ကာယကံရှင်ဖြစ်သော ချစ်မှူးထက်တောင် သူကပိုကဲသေးသည်။ သူလျှောက်ပြီး မေးမြန်းစုံစမ်းထားချက်များအရ ကိုယ်ဝန်ဆောင်မိခင်သည် အထိုင်အထ အသွားအလာ ပေါ့ပါးသွက်လက်လျှင် ယောက်ျားလေး မွေးတတ်သည်။ လေးကန်နှေးကွေးနေလျှင် မိန်းကလေးဖြစ်တတ် သည်ဟု သိထား၏။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၃)

 ခုကိစ္စမှာကျတော့ တစ်မျိုးဖြစ်၏။ ဒေါ်ငွေဇံတို့ဘက်က အားလုံးပေါင်းမှ သားအမိနှစ်ယောက်တည်းသာ ရှိ၏။ မြလွင် က သတို့သမီးဆိုတော့ ဘာမှတခြားတာဝန် မယူနိုင်။ သူကလည်း လက်ဖွဲ့နေရာမှာ တစ်ချိန် လုံး ထိုင်စောင့်ကြည့်နေလို့ မရဘူုး။ ချစ်မှူးတို့ဘက်ကို မယုံကြည့်လို့မဟုတ်။ ရပ်ကွက်ထဲက ကောင်လေး တွေ ကောင်မလေးတွေက တာဝန်ယူပြီး ဝင်ရောက်ကူညီနေခြင်းဖြစ်၏။
ဒါကိုပဲ သူကစိတ်မချတာ၊ မတော်လို့ လက်ဖွဲ့အထုပ်သေးသေးတစ်ထုပ် အသာလေး ဝှက်ထားရင် ဘယ်လို လုပ်မလဲ။ ဒါမှမဟုတ် လက်ဖွဲ့ငွေထဲက တချို့တစ်ဝက်ကို စာရင်းမသွင်းဘဲထားရင် ဘယ်လိုလုပ် ရမလဲ။ ထို့ကြောင့် လက်ဖွဲ့လက်ခံတဲ့ နေရာဆီ မကြာခဏ သွားပြီးလက်ဖွဲ့က ဘယ်နှဘူး၊ ဘယ်နှထုပ် ရပြီလဲ၊ ငွေ ကစုစုပေါင်း ဘယ်လောက်ရှိပြီလဲဆိုတာ စစ်ဆေးနေလေ၏။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ, အပိုင်း (၂)

(၃)

ချစ်မှူးက ကုန်ကားမောင်းသူ ဖြစ်၏။ ချစ်ဦးကျောင်းက ထွက်ပြီး နောက်တစ်ခါ တစ်ခါ သူ့အစ်ကို၏ ကား နှင့် လိုက်သွားတတ်သည်။  ဒီလို ခရီးသွားတာကို သူပျော်သည်။
ချစ်မှူးက စိတ်မချလို့ ရှေ့ခန်းသူ့ဘေးမှာ ထိုင်ခိုင်းသော်လည်းမရ။ ချစ်ဦးတကားနောက်ခန်း၊ ကုန်သေတ္တာ တွေ၊ အိတ်တွေအပေါ် ထိုင်လိုက် ရတာကို ပိုသဘောကျသည်။ ညဘက်ကျလျှင် အိတ်တွေအပေါ်မှာ ပက်လက်လှန်ပြီး ကောင်းကင်ကကြယ်တွေကို ကြည့်ရင်း ကားစီးရတာ ဇိမ်ပဲဟု ဆို၏။

တကယ်တော့ ချစ်ဦးကို ခေါ်သွားရတာ သိပ်အကူအညီရလှတာတော့ မဟုတ်။ အဖော်အဖြစ်လောက်သာ အသုံးဝင်သည်။ သူက ကျော်တက်ချင်လို့နောက်က ဟွန်းက ပွမ်ပွမ်တီးသော ကားတွေကို လက်သီး ထောင်ပြချင်ပြတာ။ သူ့ကြောင့် တခြားကားတွေနဲ့တော့ ရန်ဖြစ်ရတမျိုး ရှိ၏။ ချစ်မှူးက လူအေးမို့လို့သာ ရိုက်နှက်ကြ မဖြစ်ခဲ့တာ။

မင်းလူ ၏ အများနှင့် မသက်ဆိုင်သောသူ အပိုင်း (၁)

(၁)

"နာမည်"
"ချစ်ဦး"
"ငယ်နာမည်"
"မောင်ချစ်ဦး"
"အတူတူပဲလေ"
"ငယ်နာမည်ဆို၊ ကျွန်တော်ငယ်ငယ်က အမေက မောင်ချစ်ဦးလို့ပဲ ခေါ်တာပဲ"
"ငယ်နာမည် ဆိုတာက ငယ်ငယ်က ချစ်စနိုးနဲ့ ခေါ်တဲ့နာမည်မျိုးကို ပြောတာလေ၊ ကြွက်နီတို့ ဖိုးခွေး တို့ ဆိုတာမျိုးကို ပြောတာ"
"တစ်ခါတလေတော့လည်း အမေက အငယ်ကောင်လို့ခေါ်တာပဲ"
"ဒါကလည်း မဟုတ်သေးဘူး၊ ကဲပါ ငယ်နာမည် မရှိဘူးပေါ့ အဲ့ … ပြီးတော့ တခြားနာမည်ရှိသေးလား"

ယခုနှစ်ကျောက်ဆည်မြို့ ရွှေသာလျောင်း ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ၌ နှစ်ပေါင်း ၂၀ နီးပါးမျှ မှေးမှိန်အားနည်းခဲ့သော ရိုးရာဆင်များအား ဦးစားပေးပွဲထုတ်ယှဉ်ပြိုင်ခဲ့ကြ




b531lifeb

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏ အထင်ကရပွဲတော် တစ်ခုဖြစ်သော ရွှေသာလျောင်းတောင် ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲ၌ နှစ်ပေါင်း ၂၀ နီးပါးမျှ မှေးမှိန်အားနည်းခဲ့သော ရိုးရာဆင်များကို ဦးစားပေး ပွဲထုတ်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ယခုနှစ် ကျောက်ဆည်မြို့ ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲများကို သီတင်းကျွတ်လဆန်း ၁၄ ရက် အောက်တိုဘာလ ၂၉ ရက်နေ့က ရွှေသာလျောင်းတောင်ခြေရှိ ၀တ္တကကုန်းမြေနှင့် ဆွမ်းတော်ကြီး ကပ်ပွဲများကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာလ ၃၀ ရက်က ရွှေသာလျောင်းတောင်ပေါ် ဘုရားရင်ပြင်တော် နေရာတို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မူးယစ်ရာဇာ နော်ခမ်းကို သေဒဏ်ချ

Photo: မူးယစ်ရာဇာ နော်ခမ်းကို သေဒဏ်ချ

ဧရာဝတီ| November 6, 2012 

မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက ယနေ့ သေဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။ အခြားသောနော်ခမ်း၏ အဖွဲ့ဝင်ထဲမှ ၁ ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်ပြီး ကျန်သူများကို ဆိုင်းငံ့ပြစ် ဒဏ် သေဒဏ် ချမှတ်ခြင်း ဖြစ်သည် ဟု AP သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာ လ အတွင်းက ရွှေတြိဂံ ဒေသ မဲခေါင် မြစ်အတွင်း ကူးသန်း သွားလာသည့် ကုန်တင်သဘောင်္ပေါ်မှ တရုတ် နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ယင်းသို့ ပြစ်ဒဏ် စီရင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ နော်ခမ်းနှင့် အဖွဲ့ကို ပြီးခဲ့သည့် ဧပြီလအတွင်း က လာအိုနိုင်ငံ ၌ ဖမ်းဆီးခဲ့ပြီး မေလအတွင်း၌ တရုတ် အာဏာပိုင်များ ဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြ ခဲ့သည်။ မေလလယ်ပိုင်း၌ နော်ခမ်း ၏ တပ်ဖွဲ့ဝင် ၂၅ ဦးသည်လည်း မြန်မာ စစ်တပ်ထံ လက်နက်ချခဲ့သေးသည်။

အေးချမ်းမွန်မှ  ဧရာဝတီ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : maharmikhin.blogspot.com
မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက ယနေ့ သေဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။ အခြားသောနော်ခမ်း၏ အဖွဲ့ဝင်ထဲမှ ၁ ဦးကို ထောင်
ဒဏ် ၈ နှစ် ချမှတ်ပြီး ကျန်သူများကို ဆိုင်းငံ့ပြစ် ဒဏ် သေဒဏ် ချမှတ်ခြင်း ဖြစ်သည် ဟု AP သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာ လ အတွင်းက ရွှေတြိဂံ ဒေသ မဲခေါင် မြစ်အတွင်း ကူးသန်း သွားလာသည့် ကုန်တင်သဘောင်္ပေါ်မှ တရုတ် နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုဖြင့် ယင်းသို့ ပြစ်ဒဏ် စီရင်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

Photo: ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်

နေပြည်တော်  နိုဝင်ဘာ   ၅ 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၅)ရက် ညနေ (၃) နာရီခွဲတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Centre Champi Grand Hall ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်သည်။ 

အဆိုပါ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံ များနှင့် ဥရောပ နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဒုတိယ ဝန်ကြီးချုပ်များ၊  ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ ဥရောပ ကော်မရှင် ဥက္ကဌနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။ 

အစည်းအဝေးတွင် အာဆီယံ၊ အာရှနှင့် ဥရောပနိုင်ငံများမှ ခေါင်းဆောင်များသည် စားနပ်ရိက္ခာနှင့် လောင်စာ လုံခြုံရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အကျပ်အတည်းများ၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် အနာဂတ် ဦးတည်ချက် စသည့် ကိစ္စရပ်များ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။ 

ယခုနှစ် ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ်မှာ ' ငြိမ်းချမ်းရေးအတွက် မိတ်ဆွေ၊ သာယာဝပြောရေးအတွက် မိတ်ဖက် ' ဟူ၍ဖြစ်သည်။ အာရှ-ဥရောပ ထိပ်သီး အစည်းအဝေး (ASEM) ကို ၁၉၉၆ ခုနှစ် တွင် စတင်ထူထောင်ခဲ့ပြီး ယခုအခါ (၁၆) နှစ်မြောက်ခဲ့ပြီ ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် အဖွဲ့ဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံ ရှိရာမှ အာရှနှင့် ဥရောပဒေသများမှ မိတ်ဖက်နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း(၄၈)ခုအထိ တိုးတက်လာ ခဲ့သည်။ အာဆမ်(ASEM) ၏လုပ်ငန်းစဉ်များသည် အာရှနှင့်ဥရောပ ဒေသများအကြား အပြန်အလှန် နားလည်မှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး တို့ကို ထင်ရှားစွာ အကျိုးပြုလျက် ရှိသည်။ 

ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်  ဒေါင်ချန်း ပဲလေ့စ် ဟိုတယ်၌ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ကျူမာလီ ဆိုင်ညဆွန်နှင့် ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။


အေးချမ်းမွန်မှ နိင်ငံတော်သမ္မတရုံး website တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :နိင်ငံတော်သမ္မတရုံး website

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ (၅)ရက် ညနေ (၃) နာရီခွဲတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့ National Convention Centre Champi Grand Hall ၌ ကျင်းပသည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ မျက်နှာစုံညီ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံ များနှင့် ဥရောပ နိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ဒုတိယ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ ဥရောပ ကော်မရှင် ဥက္ကဌနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ကြသည်။

ရွှေလီ ဆွေးနွေးပွဲ မတက်တဲ့ KIA ဗိုလ်ချုပ်ဂွန်မော်နှင့်တွေ့ဆုံမေးမြန်းခြင်း

Photo: “တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”

November 5, 2012

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော်လာပြီ ဖြစ်သည်။ ၁ နှစ်ကျော်အတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အလွတ်သဘော ၉ ကြိမ်၊ ပြည်ထောင်စုအဆင့် ၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် နှစ်ဘက် သဘောတူညီချက် ကတိက၀တ်များ မရရှိခဲ့ပေ။ အစ...ိုးရဘက်မှ KIA တပ်များကို စစ်ရေးအရှိန်လျှော့ပေးရန် တောင်းဆိုနေသကဲ့သို့ KIA ဘက်မှလည်း ခံစစ်သာရှိပြီး တပ်မတော်ကသာ တပ်ဆုတ်ပေးရမည်ဟု ပြောဆိုနေမှုများ ရှိနေသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA နှင့် မြန်မာ့ တပ်မတော်အကြား စစ်ရေး၊ နိုင်ငံရေးအခြေနေများကို KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရွှေလီ ဆွေးနွေးပွဲကို ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် ဘာကြောင့် မတက်ခဲ့တာလဲ ဆိုတဲ့ မေးခွန်းနဲ့ စမေးချင်ပါတယ်။ ဆွေးနွေးပွဲ မတိုင်ခင် အစိုးရဘက်က ဘယ်သူတွေ လာမယ်ဆိုတဲ့ လူစာရင်း ကြိုရထားတာရှိပါသလား။

ဖြေ။ ။ ဆွေးနွေးပွဲ ဘာလို့ မတက်သလဲဆိုတော့ ဆွေးနွေးပွဲတွေက KIO ဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတော် အစိုးရဘက်က ကိုယ်စားလှယ် အဖွဲ့တွေ့တာ ဖြစ်တယ်။ အဲဒီတော့ ဒီကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲ အခြေအနေတွေနဲ့ လိုအပ်ချက်အပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ KIO ကနေ လိုအပ်တဲ့ သူတွေကို ပြန်ပြီးတက်ဖို့ အစီအစဉ်ပါ။ ဆွေးနွေးမယ့် နာမည်စာရင်းတွေ ကြိုမရဘူး။ ဘာတွေ ဆွေးနွေးမယ်ဆိုတာ ကြိုပြီး အကြောင်းကြားတာ မရှိဘူး။ ဟိုကနေ အကြောင်းကြားတာကတော့ အောက်တိုဘာ ၂၅ ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားတာက ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ လာမယ်လို့ အကြောင်းကြားတဲ့ စာပဲရတယ်။ ဒီစာကို အခြေခံပြီးတော့ ဒီကနေလည်း ကိုယ်စားလှယ် အဖွဲ့တွေ သွားကြတာ။ ဒါပေမယ့် တကယ်လို့ ဟိုမှာ လိုအပ်တဲ့ အခြေအနေအရ KIO ကနေ ကိုယ်စားလှယ် အဖွဲ့ထဲမှာ မပါပေမယ့် လိုအပ်ရင် သွားဖို့က အဆင်သင့်ရှိပါတယ်။ သွားမယ်ဆိုရင်လည်း ဒီကနေ သုံးနာရီခွဲလောက်ပဲ ကြာပါတယ်။

မေး။ ။ ဆွေးနွေးပွဲရက်ကိုရော KIO က ရွေးခဲ့တာလား။

ဖြေ။ ။ ရက်က အောက်တိုဘာလ မကုန်ခင်မှာ လုပ်ရအောင်လို့ ပြောပါတယ်။ အဲဒါနဲ့ပဲ ကျနော်တို့က ၃၀ ကနေ စရင် ကောင်းမယ်ထင်တယ်လို့ ပြန်အကြောင်းကြားလိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၃၁ လို့ ပြောလိုက်ရင်လည်း ကျနော်တို့က ဒီလရဲ့ နောက်ဆုံးရက်ကို သွားရွေးသလို ဖြစ်နေမယ်။ ၂၈ ကတော့ တနင်္ဂနွေ ဖြစ်နေတော့ ၂၉ ကို မမီနိုင်ဘူးဆိုတော့ ၃၀ ရက်နေ့မှာ စလုပ်နိုင်ဖို့ဆိုပြီး အကြောင်းပြန်လိုက်တာ။ သူတို့ဘက်ကနေ ၃၀ ရက်နေ့ လုပ်ဖို့ သဘောတူတယ်လို့ ပြန်အကြောင်း ကြားလာတယ်။

မေး။ ။ အခု ဆွေးနွေးပွဲမှာ ဦးအောင်မင်းက နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာစေရမယ်လို့ ပြောသွားတာ ရှိပါတယ်။ အဲဒီအချက် အပေါ်မှာရော KIO ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ KIO ကတော့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုခဲ့တာ အရင်ကတည်းကပဲ။ ဒါပေမယ့် ဘယ်လို ပုံစံလဲဆိုတာတော့ ပြန်ညှိရမယ်။ ဥပမာ အခု နိုင်ငံတော် အစိုးရကနေ ပြောနေတဲ့ Road Map အတိုင်းပဲ ဆွေးနွေးမလား၊ အဲဒီလို မဟုတ်ဘဲနဲ့ ကြိုတင် ကန့်သတ်ချက်မရှိဘဲနဲ့ နိုင်ငံရေးကို လွတ်လွတ်လပ်လပ် အများတွေ့နိုင်တဲ့ အနေအထား ရှိမလားဆိုတာ ပြန်ညှိရမယ်။

မေး။ ။ ဦးအောင်မင်းကတော့ နိုဝင်ဘာမှာ ထပ်တွေ့ချင်တယ်လို့ ပြောသွားပါတယ်။ KIO ဘက်က နိုဝင်ဘာမှာ တွေ့နိုင်ပါသလား။

ဖြေ။ ။ အဓိကကတော့ ခုနကပြောသလို ဘယ်လို ပုံစံ ဆွေးနွေးကြမလဲ ဆိုတာကို သဘောတူကြရင် အချိန်မရွေး တွေ့လို့ရပါတယ်။ ကျနော်တို့ ဘက်ကနေ ပြောထားတာကတော့ ၂၀၀၈ အခြေခံဥပဒေ အောက်ကို ၀င်ပါ၊ ရွေးကောက်ပွဲ ၀င်ပါလို့ ကြိုတင် ကန့်သတ်ချက်နဲ့ လုပ်ထားရင် ရှေ့ကို ဆက်ပြီးဆွေးနွေးရတာ အခက်အခဲ ရှိနိုင်တယ်။ အဲဒီလို ကြိုတင် ကန့်သတ်ချက်တွေ မထားဘဲနဲ့ နိုင်ငံရေး ဆွေးနွေးကြမယ်၊ ဆွေးနွေးတဲ့ အခါကျမှ ဘယ်လို ပုံစံမျိုးနဲ့ ဆွေးနွေးမလဲ၊ ဒါကို အဲဒီဆွေးနွေးပွဲမှာ ညှိနှိုင်းချင်တယ်။

မေး။ ။ ဒါဆိုရင် အပစ်မရပ်ဘူး၊ နိုင်ငံရေးဆွေးနွေးမယ်၊ နိုင်ငံရေး ဆွေးနွေးနေတဲ့ အတောအတွင်းမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ပေးပါလို့ ဆိုလိုချင်တာပါလား။

ဖြေ။ ။ အခြေခံဥပဒေဆိုတာကတော့ နိုင်ငံတခုရဲ့ အရေးကြီးတဲ့ ကျောရိုးဖြစ်တာကိုး။ KIO ရဲ့ အမြင်ကတော့ ၂၀၀၈ ဥပဒေက ပြည့်စုံမှုမရှိဘူး။ အခြေခံဥပဒေထဲမှာ တိုင်းရင်းသားများ အခွင့်အရေးကို အာမခံချက် ပေးမထားဘူး။ ဒါကြောင့်မို့လို့ ဒီလို အာမခံချက်မျိုးကို ပေးထားနိုင်တဲ့ အခြေခံဥပဒေမျိုး ဖြစ်ရမယ်။ တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ်လိုပါတယ်။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာဖြစ်ပါတယ်။ ဒီကိစ္စဘယ်လို လုပ်ကြမလဲ ဆိုတာကတော့ ဆွေးနွေးရမှာပေါ့။ ကြိုတင် ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲမျိုး တွေ့ချင်တယ်လို့ ဒါကြောင့် ပြောနေရတာပါ။

မေး။ ။ အစိုးရ ငြိမ်းကော်မတီနဲ့ တရားဝင်ရော အလွတ်သဘောပါ တွေ့ခဲ့ကြတာ အခုရွှေလီ ဆွေးနွေးပွဲဟာ ၁၀ ကြိမ်မြောက် ရှိပြီလို့ သိရပါတယ်။ ဘာကြောင့် ဒီလောက်ကြန့်ကြာနေတာပါလဲ။ တကယ်လို့ ငြိမ်းကော်မတီမှာ ဦးအောင်မင်း အစား ဒေါ်အောာင်ဆန်းစုကြည် ဆိုရင်ရော KIO အနေနဲ့ ဘယ်လို သဘောထားမလဲ။

ဖြေ။ ။ အဓိက အချက်ကတော့ မူပါပဲ။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာပြီးတော့ KIO ကို ၂၀၀၈ ထဲကို လာပါလို့ ပြောရင်တော့ ဒါအဆင်ပြေနိုင်မယ် မထင်ဘူး။ တကယ်လို့ ဘယ်သူပဲ ဖြစ်ဖြစ် ၂၀၀၈ ထဲကို ၀င်လာပါဆိုတာမျိုး မဟုတ်ဘဲနဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် ညှိနှိုင်းကြမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆိုရင်တော့ ဘယ်သူပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်ပါတယ်။ နောက်တခုကတော့ KIO အနေနဲ့ကတော့ ဘယ်သူဘယ်ဝါလာမှ ဆိုတာမျိုး မဟုတ်ပါဘူး။ နိုင်ငံတော် အစိုးရကနေ တာဝန်ပေးလိုက်တဲ့ ဘယ်သူနဲ့ မဆို ဆွေးနွေးမယ်ဆိုတာကို ကြိုပြီး ပြောထားပြီးသားပဲ။ KIO ရဲ့ ခံယူချက်က ဒီပြည်တွင်းစစ်ဟာ နိုင်ငံရေးစနစ်ကြောင့်ဖြစ်တဲ့ စစ်ဖြစ်တယ်၊ ဒါကြောင့်မို့လို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်။ အခု အပစ်အခတ်ရပ်ဆိုင်းရေး တပ်ဆုတ်တာတို့၊ ခံစစ်၊ ထိုးစစ်တို့ တပ်တွေကို ခွာရမယ်လို့ ပြောတဲ့ဟာတွေ အကုန်လုံးက ဒါ စစ်ရေးနည်းလမ်းဖြစ်တယ်။ အဲဒီတော့ စစ်ရေးနည်းနဲ့ ဖြေရှင်းတယ်ဆိုတာကတော့ နိုင်ငံရေးစနစ်ကို အပြီးသတ် မဖြေရှင်းနိုင်ဘူးလို့ KIO က ယုံကြည်တယ်။

မေး။ ။ ခု နောက်ဆုံး ရွှေလီဆွေးနွေးပွဲကိုရော စိတ်ကျေနပ်မှု ရခဲ့ပါသလား။

ဖြေ။ ။ ၃၀ ရက်နေ့ အစည်းအဝေးတုန်းက KIO ဘက်က ကိုယ်စားလှယ် ဦးဆွန်လွတ်ဂမ်က နိုင်ငံရေးဆွေးနွေးပွဲတွေကို အခု အစည်းအဝေးကနေစပြီး လုပ်သွားဖို့ တောင်းဆိုလိုက်တာ၊ ကြိုတင် ကန့်သတ်ချက်များ မပါရှိသော နိုင်ငံရေးဆွေးနွေးပွဲများကို ဒီအချိန်ကနေ စတင်ဖို့ ဆိုပြီး တောင်းဆိုလိုက်တာ။ အဲလို တောင်းဆိုလိုက်တာနဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်က နောက် အစည်းအဝေးကို ဘယ်မှာ လုပ်မလဲလို့ မေးလိုက်ခြင်းဟာ ဒီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲကို မစနိုင်ဘူးလို့ ဆိုလိုတယ်လို့ KIO က ယူဆတယ်။

မေး။ ။ အောက်တိုဘာ ၃၀ ရွှေလီ ဆွေးနွေးပွဲ ပြီးတဲ့နောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်တာ ရှိလား။

ဖြေ။ ။ တိုက်ပွဲက တောက်လျှောက်ဖြစ်နေတယ်။ အောက်တိုဘာ၂၈ လောက်ကတည်းက ရှမ်းပြည်နယ် တပ်မဟာ ၄ ဒေသဘက်မှာ အဓိက ထိုးစစ်တွေ လုပ်လာတယ်။ ၃၀ ရက်နေ့မှာ တပ်ရင်း ၃ ဒေသ၊ ဆဒုံးဒေသမှာ မြန်မာ့ တပ်မတော်က အင်အားဖြည့်တယ်။ ၃၀ ရက်နေ့ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။

မေး။ ။ ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) နဲ့လည်း အပစ်ရပ်ပြီးတဲ့ နောက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ရှိတယ်။ KIA ကိုလည်း နိုင်ငံရေးဆွေးနွေးနေရင်း တဘက်က ထိုးစစ်ဆင်နေတယ်၊ တပ်မတော်ဘက်ကလည်း တပ်တွေ ပိတ်ဆို့ခံထားရတယ်လို့ ဆိုတယ်။ ဆိုတော့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အစိုးရရော လက်နက်ကိုင် တိုင်းရင်းသားတွေရော နှစ်ဦးနှစ်ဘက် ဘာတွေ ညှိနှိုင်းဖို့ လိုနေတာပါလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးလို့ ပြောရတာခက်ပါတယ်။ တကယ်တော့ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ငြိမ်းချမ်းရေး မဟုတ်ဘူး။ ပြီးတော့ ငြိမ်းချမ်းရေးဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ဖွင့်တာလည်း သိပ်မရှင်းဘူး။ အပစ်အခတ် ရပ်ထားတာကို ယာယီ ငြိမ်းချမ်းရေးလို့ ပြောတယ်။ ပြည်သူ့စစ် ဖြစ်သွားတာက ထာဝရ ငြိမ်းချမ်းရေးလို့ ပြောတယ်။ အဲလို အဓိပ္ပာယ် ဖွင့်မယ်ဆိုရင်တော့ KIO အပါအ၀င် တခြား တိုင်းရင်းသားအဖွဲ့တွေလည်း လက်ခံမှာ မဟုတ်ပါဘူး။ အခု အပစ်ရပ်ထားတဲ့ အဖွဲ့တွေ ဘာမှ မပြောသေးဘူးဆိုတာလည်း အဲဒီအဆင့်ကို မရောက်သေးလို့ပါ။ အဲဒီအဆင့်ကို ရောက်သွားလို့ရှိရင် ပြန်ပြီး ပြဿနာ ဖြစ်လာနိုင်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်လာရင်တော့ စစ်ရေးရော တခြားကိစ္စတွေပါ အကုန် ပြေလည်သွားမယ်လို့ ကျနော်ထင်တယ်လေ။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတာ နိုင်ငံရေး စနစ်ကြောင့် ဖြစ်လာတာ။ ဒီနိုင်ငံရေးစနစ်ကို ညှိနှိုင်းပြီး ပြုပြင်လိုက်ပြီဆိုရင် ဒီအစွယ်အပွားဖြစ်တဲ့ ပြဿနာတွေအကုန်လုံး ပြေလည်သွားမယ်လို့ KIO က ဒီလိုပဲ ယုံကြည်တယ်။

မေး။ ။ ငြိမ်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက ရွှေလီမှာ KIO ကို အချက်လေးချက် တောင်းဆိုသွားပါတယ်။ အဲဒီအချက်တွေကို လိုက်လျောပေးဖို့ ရှိမရှိ သိချင်ပါတယ်။

ဖြေ။ ။ လောလောဆယ်တော့ ကျနော်တို့ စဉ်းစားနေတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လက်တွေ့ကျဖို့ လိုပါတယ်။ ပူတာအို လမ်းတွေဆိုတာက ကျနော်တို့ တပ်မဟာ ၁ ဒေသဘက်ကို ဖြတ်နေရတဲ့ လမ်းတွေ၊ အဲဒီတော့ တစုံတရာ သဘောတူညီချက်တွေ သေချာ အခိုင်အမာ လုပ်ပြီးမှပဲ ကျနော်တို့က နှစ်ဘက် အပြန်အလှန် ကတိပေးရမယ့် ကိစ္စဖြစ်တယ်။ အဲဒီတော့ လက်တွေ့ကျဖို့ လိုပါတယ်။ လက်တွေ့မှာ တကယ်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကို အဓိက ကျနော်တို့က အခြေအနေကြည့်ရဦးမှာပါ။

မေး။ ။ အစိုးရ ငြိမ်းကော်မတီက ဒီနှစ် မကုန်ခင်မှာ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ) နဲ့ တွေ့ဖြစ်အောင် တွေ့မယ်လို့လည်း ပြောထားပြန်တယ်။ တကယ်လို့ UNFC နဲ့ ငြိမ်းကော်မတီ တွေ့တဲ့အခါ KIO ကရော ပါဝင်ဖို့ ရှိလား။

ဖြေ။ ။ KIO ကတော့ UNFC ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့အတွက် UNFC ရဲ့ ဆုံးဖြတ်ချက်ကို အခြေခံပြီးတော့ ပါသင့်ရင် ပါမယ်။ UNFC ကနေပြီးတော့ ပါစရာမလိုဘူးလို့ ပြောရင် KIO က ပါဖို့ အကြောင်းမရှိဘူး။ ဒါကတော့ UNFC ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်မှာပါ။ ။

(ဧရာဝတီ)

အေးချမ်းမွန်မှ  Kachin Daily News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Kachin Daily News
“တိုင်းရင်းသားတွေ အတူတကွ နေနိုင်တဲ့ ဥပဒေတရပ် လိုပါတယ်”
ကချင် လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာ အစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော်လာပြီ ဖြစ်သည်။ ၁ နှစ်ကျော်အတွင်း ပြည်ထောင်စု ငြိမ်းချမ်
းရေး ဖော်ဆောင်ရေး ကော်မတီနှင့် အလွတ်သဘော ၉ ကြိမ်၊ ပြည်ထောင်စုအဆင့် ၁ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း တိကျသည့် နှစ်ဘက် သဘောတူညီချက် ကတိက၀တ်များ မရရှိခဲ့ပေ။ အစိုးရဘက်မှ KIA တပ်များကို စစ်ရေးအရှိန်လျှော့ပေးရန် တောင်းဆိုနေသကဲ့သို့ KIA ဘက်မှလည်း ခံစစ်သာရှိပြီး တပ်မတော်ကသာ တပ်ဆုတ်ပေးရမည်ဟု ပြောဆိုနေမှုများ ရှိနေသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ KIA နှင့် မြန်မာ့ တပ်မတော်အကြား စစ်ရေး၊ နိုင်ငံရေးအခြေနေများကို KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကို ဧရာဝတီသတင်းထောက် နန်းသီရိလွင်က တွေ့ဆုံမေးမြန်းထားပါသည်။

မန္တလေးမြို့တွင် ညပိုင်း၌ ကားမှန်များအခွဲခံနေရ


Photo: မန္တလေးမြို့တွင် ညပိုင်း၌ ကားမှန်များအခွဲခံနေရ 
Monday, 05 November 2012

မန္တလေးမြို့ တွင် ညပိုင်း၌ လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆိုင်ကယ်များဖြင့် ကပ်၍ ခဲလုံးဖြင့် ထုကာ မှန်များကို ထုခွဲ၍
မောင်းပြေးမှုများ ရှိနေကြောင်း သိရှိရပါသည်။
...
ကားများမှာ နောက်ဝင်သည့် မော်ဒယ်အမြင့် ကားများဖြစ်၍ ကားပိုင်ရှင်
များမှာ သိန်းနဲ့ချီနှစ်နာမှုများ ရှိနေပါသည်။ တချို့ကားများဆိုလျှင် ကားမှန်မှာ ဝယ်လို့မရ၍ မြန်မာ လုပ်မှန်များနဲ့  အစားထိုး တပ်ဆင်ရသဖြင့်ကားတန်ဖိုးမှာ
လျှော့နည်းမှုများရှိ သွားပါသည်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၀)ရက်နေ့ က မန္တလေးမြို့ လမ်း ၈၀ မီနီ
စတိုးရှေ့တွင် ရပ်ထားသော မီနီစတိုးပိုင်ရှင်၏ FORD ကားအား
လည်းကောင်း/ ၆၃ လမ်း ၃၈.၃၉ ကြားတွင် ရပ်ထားသော ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT ကားအား လည်းကောင်း နံနက်ခင်း၌ သူ၏ ကားအားကြည့်သော အခါ နောက်မှန်ကိုဖောက်၍ ကားနောက် ခန်းထဲတွင် ကျောက်ခဲ တစ်လုံးကို တွေ့ရကြောင်း ကားပိုင်ရှင် ကိုမျိုးမင်း မှ ပြောပြပါသည်။

ကိုမျိုးမင်းမှာ မှန်ဆိုင်သို့သွား၍ မှန်သွားတပ်သောအခါ မှန်ဆိုင်၏
ပြောပြချက်အရ အစ်ကို့ကားကဲ့သို့ မှန်ထုခံရ၍ လာတပ်သောကားမှာ ယနေ့တွင် ၅ စင်းခန့်ရှိကြောင်း ပြောပြ၍ မိမိကို မကျေနပ်သူများက လုပ်ခြင်းမဟုတ်ပဲ သက်သက်မဲ့ ဖျက်လို့ဖျက်ဆီးဖြင့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ခြင်းဖြစ်သည်ဟု နားလည်းသိရှိလိုက်သည်၊ ဤကဲ့သို့ ပြုလုပ်ခြင်း
များသည် နေ့ကြီးရက်ကြီးများတွင် အဖြစ်များသည်ဟု ကိုမျိုးမင်း က ပြောပြပါသည်။

ထိုသို့ စိတ်ဓာတ်ရေးရာ အောက်တန်းကျ၍ နိုင်ငံကြီးသား မပီသသော မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်နေသူများကို ပြင်းပြင်းထန်ထန် ဖမ်းစီး အရေးယူ ပေးစေချင်ပါသည်။ ထိုသို့ဖြစ်ပွားနေကြောင်းကို ကားပိုင်ရှင်များနှင့် မန္တလေး ရဲတပ်ဖွဲ့ဝင်များ/ နယ်မြေခံတာဝန်ရှိသူများ သိစေချင်ကြောင်း ကိုမျိုးမင်း က ပြောပါသည်။

Wai Yan Shein htet
Myanmar News Now

အေးချမ်းမွန်မှ  Myanmar Online News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar Online News
မန္တလေးမြို့ တွင် ညပိုင်း၌ လမ်းဘေးတွင် ရပ်ထားသော ကားများကို ဆိုင်ကယ်များဖြင့် ကပ်၍ ခဲလုံးဖြင့် ထုကာ မှန်များကို ထုခွဲ၍ မောင်းပြေးမှုများ ရှိနေကြောင်း သိရှိရပါသည်။
...
ကားများမှာ နောက်ဝင်သည့် မော်ဒယ်အမြင့် ကားများဖြစ်၍ ကားပိုင်ရှင်
များမှာ သိန်းနဲ့ချီနှစ်နာမှုများ ရှိနေပါသည်။ တချို့ကားများဆိုလျှင် ကားမှန်မှာ ဝယ်လို့မရ၍ မြန်မာ လုပ်မှန်များနဲ့  အစားထိုး တပ်ဆင်ရသဖြင့်ကားတန်ဖိုးမှာလျှော့နည်းမှုများရှိ သွားပါသည်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၃၀)ရက်နေ့ က မန္တလေးမြို့ လမ်း ၈၀ မီနီ
စတိုးရှေ့တွင် ရပ်ထားသော မီနီစတိုးပိုင်ရှင်၏ FORD ကားအား
လည်းကောင်း/ ၆၃ လမ်း ၃၈.၃၉ ကြားတွင် ရပ်ထားသော ကားပိုင်ရှင် မျိုးမင်း၏ TOYOTA BLIT ကားအား လည်းကောင်း နံနက်ခင်း၌ သူ၏ ကားအားကြည့်သော အခါ နောက်မှန်ကိုဖောက်၍ ကားနောက် ခန်းထဲတွင် ကျောက်ခဲ တစ်လုံးကို တွေ့ရကြောင်း ကားပိုင်ရှင် ကိုမျိုးမင်း မှ ပြောပြပါသည်။

မြန်မာ့လူ့အခွင့်အရေးအခြေအနေ သြစတြေးလျဝန်ကြီးချုပ် စိုးရိမ်

Photo: မြန်မာ့လူ့အခွင့်အရေးအခြေအနေ သြစတြေးလျဝန်ကြီးချုပ် စိုးရိမ်

ကိုကျော်ကျော်သိန်း
05.11.2012

သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် (Julia Gillard) ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ တနင်္လာနေ့က လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အာရှ-ဥရောပ ASEM ထိပ်သီး အစည်းအဝေးတက်ဖို့ လာအိုနိုင်ငံမှာ ရောက်နေကြတဲ့ အချိန်အတွင်း သူတို့နှစ်ဦးတွေ့ဆုံခဲ့တာပါ။ သြစတြေးလျအခြေစိုက် မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေကတော့ သြစတြေးလျအစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အလေးထားဖို့ လိုလားနေကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

သြစတြေးလျဝန်ကြီးချုပ် မစ္စဂျူလီယာဂီးလာ့ဒ် ဟာ မြန်မာသမ္မတဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့တာဟာဖြင့်
နှစ်ပေါင်း ၃၀ နီးပါး အတွင်း သြစတြေးလျဝန်ကြီးချုပ်တဦးနဲ့ မြန်မာနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး တာဝန်ရှိသူတဦး တို့ တွေ့ဆုံ ဆွေးနွေးကြတာဖြစ်ပါ တယ်။ သြစတြေးလျအစိုးရ အနေနဲ့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို အသိအမှတ်ပြုတဲ့ အနေနဲ့ သြစတြေးလျ နိုင်ငံခြားရေးမူဝါဒ ကို အပြောင်းအလဲ လုပ်ခဲ့သလို အခုတွေ့ဆုံမှုဟာလည်း အဲဒီအပြောင်းအလဲတွေ ကို နောက်ထပ် အသိအမှတ်ပြုတဲ့ နည်းလမ်း တခုဖြစ်တယ်လို့ မစ္စဂီးလာ့ဒ်က ပြောတာကို သြစတြေးလျနိုင်ငံတွင်းက လာတဲ့သတင်းတွေမှာ ကိုးကားပြီး ရေးထားပါတယ်။

မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံက ဆက်ပြီး စိုးရိမ်မှုရှိနေတယ်ဆိုတာကို သူ သေချာပေါက် ပြောဆိုမှာဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်နဲ့ မတွေ့ဆုံခင်မှာ မစ္စဂီးလာ့ဒ်က ပြောခဲ့တာကိုလည်း ABC သတင်းက ကိုးကားပြီး ရေးထားပါတယ်။

ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီးမစ္စဂီးလာ့ဒ်က သမ္မတဦးသိန်းစိန် ကို ပြောဆိုမယ် ဆိုတာကို သြစတြေးလျ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ သြစတြေးလျ-မြန်မာရုံး ရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချို က လက်ခံ ပြောဆိုပါတယ်။

“ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပါဝင်တဲ့ ဘက်နှစ်ဘက်စလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့တွေ့ဆုံပြီးတော့ သတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ ရပ်စဲပေးဖို့ တောင်းဆိုတာတွေ ရှိတယ်။ မြန်မာအစိုးရကိုလည်း ဒါနဲ့ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ရပ်စဲသွားအောင် လုပ်ပေးဖို့ တောင်းဆိုထားတာရှိတယ်။ ဒါ့အပြင် နစ်နာတဲ့ နှစ်ဖက်ပြည်သူ အကုန်လုံးကို လည်း နိုင်ငံတကာကရော၊ သြစတေးလျအစိုးရကရော လူသားချင်းစာနာတဲ့ အကူအညီတွေကို တောက်လျောက်ပဲ ပေးနေပါတယ်။ ဒါကြောင့်မို့လို့ သူတို့အနေနဲ့ ဒီအပေါ်မှာ စိုးရိမ်စိတ် ရှိတယ်ဆိုတာကို ကျနော်တွေ့ရပါတယ်။ ဆက်ပြီးတော့လည်းပဲ သူတို့အနေနဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ အားလုံးကို ကူညီပေးဖို့ ရခိုင်ပြည်နယ်ကို အာရုံစိုက်ပြီးတော့ ကူညီပေးမယ့် အစီအစဉ်တွေ ရှိလာနိုင်ဦးမှာပါ။”

သြစတြေးလျအခြေစိုက် ရိုဟင်ဂျာလူ့အခွင့်အရေးအဖွဲ့က ကိုအန်န်ဝါကလည်း သူတို့အနေနဲ့ ရခိုင်ပြည်နယ် ကဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး သြစတြေးလျအစိုးရကို တိုက်တွန်း တောင်းဆိုထားတာတွေ ရှိတဲ့အကြောင်း ပြောပါတယ်။

“အရင်ဆုံးက ကျနော်တို့ Foreign  Minister box က လည်းပဲ ကိုယ်တိုင်ကိုယ်ကျ ပေးထားတယ်။
နောက် ဒီက MP တွေနဲ့ လည်း ထိတွေ့ပြီးတော့ ကျနော်တို့ လိုအပ်တဲ့ အချက်အလက်တွေ ကို တောင်းဆို ထားတယ်။ သူတို့ကတော့ တတ်နိုင်သလောက် ဗမာအစိုးရဆီကို ဒီကိစ္စအတွက် သူတို့ Request လုပ်ပေးထားတယ်။ ဒီရခိုင်ပြည်နယ်မှာ အထူးသဖြင့် ဖြစ်နေတဲ့ ကိစ္စတွေအတွက် ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေ နိုင်ငံသားဥပဒေမှာ ပြင်ဆင်ပြီးတော့ ဒီလူတွေအားလုံးကို Stateless ကနေ  Citizenship အခွင့်အရေးတွေပေးဖို့ အတွက် သူတို့တွေ Request လုပ်နေတယ် လို့တော့ ပြောတယ်။ ဒါပေမဲ့ အားလုံးကတော့  Diplomacy Way နဲ့ သွားနေတာပါ။”

သြစတြေးလျဟာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်ခဲ့တဲ့ နိုင်ငံတွေထဲမှာ ထိပ်တန်းကပါဝင်ခဲ့သလို သမ္မတ ဦးသိန်းစိန်တက်လာပြီး အပြောင်းအလဲတွေဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီဒဏ်ခတ်အရေးယူမှုတွေကို လျှော့ပေါ့ရုပ်သိမ်းတာတွေ ကိုလည်း အစောဆုံးလို လုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆက်ပြီးပြောင်းလဲသွားတာနဲ့အမျှ သြစတြေးလျနိုင်ငံက တုန့်ပြန်လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း ၀န်ကြီးချုပ် ဂီးလာ့ဒ်က ပြောထားပါတယ်။ အခုလည်းပဲ သြစတြေးလျ ကုမ္ပဏီတွေ မြန်မာနိုင်ငံ မှာ ရင်းနှီးမြှုပ်နှံကြဖို့ တွန်းအားပေးတာတွေ ရှိနေတယ်လို့ ဒေါက်တာမြင့်ချို က ပြောပါတယ်။

“သြစတေးလျ စီးပွားရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ သွားပြီးလုပ်ကိုင်ဖို့အတွက်တော့ တွန်းအားပေးနေတာကို တွေ့ရတယ်။ ကျနော်တို့ဘက်ကလည်း တခါ သူတို့ ကိုပြန်ပြီးတော့ နိုင်ငံတကာက ပြဌာန်းထားတဲ့ လမ်းညွန်မူဝါဒတွေအတိုင်းပေါ့လေ။ စံချိန်စံညွန်းနဲ့ အညီ လူ့အခွင့်အရေးကို လေးစားတဲ့ ဒေသခံပြည်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်မှုရှိတဲ့  စီးပွားရေး လမ်းညွန် မှုဝါဒတွေကို လိုက်နာကျင့်သုံးပြီးမှ စီးပွားရေးလုပ်သင့်တယ်ဆိုတဲ့ အပိုင်းတွေ ကျနော်တို့ ပြောထားတဲ့အခါကျတော့ ဒီအပေါ်မှာတော့ ကျနော်တို့ ဒီ Guide လိုင်းတွေကို လိုက်နာတဲ့အနေအထားကိုတော့ အားပေးလိုက်မယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

သြစတြေးလျဝန်ကြီးချုပ်နဲ့ မြန်မာသမ္မတတို့ရဲ့ တွေ့ဆုံ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ဗီယန်ကျင်းမြို့က မြန်မာသံရုံးကိုရော သြစတြေးလျသံရုံးကိုပါ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ တွေ့ဆုံခဲ့တယ်ဆိုတာကိုသာ အတည်ပြုချက်ရခဲ့ပြီး ကျန်တဲ့အသေးစိတ် တွေကို မသိရပါဘူး။

သြစတြေးလျအစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ ABC သတင်းဌာနရဲ့ အွန်လိုင်းသတင်းထဲမှာတော့ သမ္မတ ဦးသိန်းစိန်ကို ရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ သြစတြေးလျနိုင်ငံဆီ လာရောက်ဖို့ ၀န်ကြီးချုပ် ဂီးလာ့ဒ်က ဖိတ်ကြားခဲ့တယ်လို့ ဖော်ပြထား ပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Julia Gillard နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တနင်္လာနေ့က လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့ မှာ တွေ့ဆုံခဲ့ပါတယ်။ ( သတင်းဓာတ်ပုံ၊ သမ္မတရုံးဝဘ်ဆိုက်ဒ်)

အေးချမ်းမွန်မှ  VOA တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :VOA
သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် (Julia Gillard) ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ တနင်္လာနေ့က လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အာရှ-ဥရောပ ASEM ထိပ်သီး အစည်းအဝေးတက်ဖို့ လာအိုနိုင်ငံမှာ ရောက်နေကြတဲ့ အချိန်အတွင်း သူတို့နှစ်ဦးတွေ့ဆုံခဲ့တာပါ။ သြစတြေးလျအခြေစိုက် မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေကတော့ သြစတြေးလျအစိုးရအနေနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အလေးထားဖို့ လိုလားနေကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ

Photo: ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ
 
 ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ 
ယာဉ်ထိန်းရဲ အယောင်ဆောင် ငွေတောင်းခံ ကျူးလွန်မှုများ ရှိနေကြောင်း သတင်း အရ ရန်ကုန်တိုင်း ဒေသကြီး တပ်ဖွဲ့မှ စုံစမ်းလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး မှုခင်း ဖော်ထုတ်ရေး အဖွဲ့ မှုခင်း အကူဌာနစုမှ ရဲတပ်ဖွဲ့ဝင် များသည် ၄.၁၁.၂၀၁၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မြို့တော် ဂေါက်ကွင်း အနီး လေဆိပ် လမ်းမပေါ်တွင် ယာဉ်ထိန်းရဲ ယူနီဖောင်း အကျီင်္ဖြူ (ရင် ၂၀၄၂ နံပါတ်ပါ) နှင့် နက်ပြာရောင် ဘောင်းဘီ ၀တ်ဆင်လျက် ယာဉ်ထိန်းရဲ အယောင်ဆောင် ဇော်သန်းဦး ဆိုသူအား မော်တော်ယာဉ် များကို တားဆီး စစ်ဆေး နေကြောင်း တွေ့ရှိရပြီး ၄င်း၏ ယူနီဖောင်း ဘောင်းဘီ အတွင်းမှ တောင်းယူထားသော ငွေ ၄၁၀၀ိ/- နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မရမ်းကုန်းရဲစခန်း (ပ)၆၂၁/၂၀၁၂၊  ပြစ်မှုပုဒ်မ ၁၇၀ ဖြင့်  အမှုဖွင့် အရေးယူ ထားကြောင်း  Myanmar  News Now  မှ စုံစမ်းသိရှိရပါသည်။

အေးချမ်းမွန်မှ  Myanmar  News Now တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myanmar  News Now
ယာဉ်ထိန်းရဲ အယောင်ဆောင်ကာ မော်တော် ယာဉ်များထံမှ ငွေတောင်း ခံနေသူအား ဖမ်းဆီးရမိ
ယာဉ်ထိန်းရဲ အယောင်ဆောင် ငွေတောင်းခံ ကျူးလွန်မှုများ ရှိနေကြောင်း သတင်း အရ ရန်ကု
န်တိုင်း ဒေသကြီး တပ်ဖွဲ့မှ စုံစမ်းလျက်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး မှုခင်း ဖော်ထုတ်ရေး အဖွဲ့ မှုခင်း အကူဌာနစုမှ ရဲတပ်ဖွဲ့ဝင် များသည် ၄.၁၁.၂၀၁၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင် မြို့တော် ဂေါက်ကွင်း အနီး လေဆိပ် လမ်းမပေါ်တွင် ယာဉ်ထိန်းရဲ ယူနီဖောင်း အကျီင်္ဖြူ (ရင် ၂၀၄၂ နံပါတ်ပါ) နှင့် နက်ပြာရောင် ဘောင်းဘီ ၀တ်ဆင်လျက် ယာဉ်ထိန်းရဲ အယောင်ဆောင် ဇော်သန်းဦး ဆိုသူအား

ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများ

Photo: ထိုင်း Lady boy ၊ မြန်မာ မိုးကြိုး ငှက်ငယ်ကလေးများ
===============================


ရန်ကုန်မြို့ MCC ခန်းမမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက် တွေက “ထိုင်းလုလင်ပျိုတို့ရဲ့ ဣတ္ထိယအသွင် ကကြိုး သဘင်” ဆိုပြီး ထိုင်းနိုင်ငံက Lady boy အလှပဂေးတွေ ခြိမ့်ခြိမ့်သဲ လာရောက်ဖျော်ဖြေခဲ့ကြတာ အားလုံးလည်း အသိပါ။

အဲဒီဖျော်ဖြေပွဲမှာ သူတို့ရဲ့ ၀တ်စားဆင်ယင် တင်ဆက်မှုတွေကို မြန်မာ ပွဲကြည့် ပရိသတ်တွေကလည်း တအံ့တသြ ကြည့်ရှုခဲ့ကြ တာပါ။

Lady boy တွေရဲ့ဖျော်ဖြေတင်ဆက်မှုကို ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားသားတွေတောင် ဈေးကြီးကြီးပေးပြီး မက်မက် စက်စက် လာရောက်ကြည့်ရှု ကြရတယ်။

အဲ့ဒီ ဖျော်ဖြေပွဲကို တွေ့တော့ မစပ်စု သတိရမိသွားတာလေး တခုကို ရေးချင်မိပါတယ်။

အခုလိုပဲ မစပ်စုတို့ မြန်မာပြည်ကြီးမှာလည်း ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ကျော်လောက် ကတည်းက လိင်တူချစ်သူ (မိန်းမလျာ) တွေရဲ့ ဖျော်ဖြေ တင်ဆက်မှုဟာ မြန်မာပြည်အနှံ့ ရာသီအလိုက် ဘုရားပွဲတွေမှာ ပရိသတ်ကို ဆွဲဆောင် အောင်မြင်ခဲ့တာမျိုး ရှိခဲ့ဖူး ပါတယ်။

“မိုးကြိုး ငှက်ငယ်ကလေးများ”ဆိုတဲ့ အလွန်နာမည်ကြီး ကျော်ကြားခဲ့တဲ့ လိင်တူချစ်သူများ အဖွဲ့ပါ။

မစပ်စု သိသလောက်တော့ ၁၉၆၇ ခုနှစ်ကတည်းက စတင် တနည်ထောင်ခဲ့တဲ့ အဖွဲ့ပါ။ အဲဒီခေတ်အခါက နာမည်ကြီး မင်းသား မင်းသမီးတွေနဲ့ ခွဲမရအောင်တူတဲ့ စတိုင် တွေ၊ ၀တ်စား ဆင်ယင်မှုတွေ၊ တေးသီချင်းတွေ၊ တေးသရုပ်ဖော်၊ စတိတ်ရှိုး စတာတွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

ထိုင်း Lady boy တွေက ကြေးကြီးကြီးနဲ့ တင့်တောင့်တင့်တယ် ဖျော်ဖြေလာနိုင်တဲ့ အချိန်မှာ မစပ်စုတို့ မြန်မာပြည်က“မိုးကြိုး ငှက် ငယ်ကလေးများ” အဖွဲ့ရဲ့ ဖျော်ဖြေ တင်ဆက်မှု ကဏ္ဍကတော့ ပါမစ် အခက်အခဲတွေ၊ နေရာ အခက် အခဲတွေနဲ့ အများကြီး ရင်ဆိုင် ခဲ့ရလို့ အခုနောက်ပိုင်းမှာ ဘုရားပွဲတိုင်းကို လိုက် မကနိုင်တော့ဘဲ အဖွဲ့တွင်း စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေ့နေရ တယ်လို့ “မိုးကြိုး ငှက်ငယ်ကလေးများ” အဖွဲ့ ခေါင်းဆောင် စောနန္ဒာ က ပြောပြပါတယ်။

“အခုဆို ပွဲတိုင်း လိုက်မကနိုင်တော့ဘူး။ ရုံကြီးသွင်းဖို့ အရမ်းခက်ခဲလာပါတယ်။ ရုံခတွေ မြေခတွေ၊ သစ်၊ ၀ါး၊ ဓနိ တွေ အရမ်း ဈေးကြီး တာပဲ။ အရမ်း ခက်ခဲတာပဲ။ ဂေါပကတွေ မဟုတ်ဘူး၊ လောပကတွေ၊ လောဘ ကြီးတာတွေများတော့ မနိုင်တော့ဘူး။ အဲ့ဒီမှာတင် အနုပညာကြေးက ဘာမှမရှိတော့ဘူး။ တချို့ ဘုရားပွဲတွေကျတော့ ဟိုတုန်းကဆို ဇာတ်ရုံသုံးနေရာ၊ လေးနေရာလေ။ အခု ဆိုရင် တရုံပဲ ပေးတော့တယ်။ အဲ့ဒီ တရုံတောင် နာမည်ကြီးဇာတ်ကြီးတွေ ၀င်လာရင် ကိုယ်က လုံးဝ နေရာမရတော့ဘူး။ အဲ့တော့ ကိုယ့်ဘာသာ ရုံဆောက်ပြီဆိုရင် ရုံခ၊ မြေခတွေက ဈေးတွေကြီးတော့ မ၀ယ်နိုင်၊ မ၀ယ်နိုင်တော့ နားရတာ များလာတယ်။ ပွဲကြီး တွေ ပဲ ဦးစားပေးပြီး နှိမ်တဲ့ သဘောပေါ့”လို့ သူက ဆိုပါတယ်။

အဲဒါတွေထက် ဇာတ်ရုံကြီးတွေမှာ လိင်တူချစ်သူတွေ ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို လက်မခံနိုင်တဲ့ အနေအထားလည်း ရှိပါသေး တယ်။

“ကျနော်တို့ နိုင်ငံအနေနဲ့က ဖိလည်း မဖိနှိပ်ဘူး။ အားလည်း မပေးဘူး။ ပုံမှန်ပဲ ထားထားတာ။ ဒီတော့ လုပ်ရတာလည်း သိပ် အဆင် မပြေဘူး။ ကျနော်တို့မှာ အနုပညာအားရှိတယ်။ ပံ့ပိုးမှုအား လုံးဝ မရှိဘူး။ ပံ့ပိုးဖို့နေနေသာသာ အမျိုးသား ဇာတ်ရုံကြီး ကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ငှား ကမယ်ဆိုတောင် အခြောက်မ တွေကို ပေး မကဘူး။ အဲ့တော့ ဇာတ်ရုံကြီးတွေမှာ ဖျော်ဖြေဖို့ မပြောနဲ့ တန်ဆောင်တိုင် သီတင်းကျွတ် ဘုရားပွဲတွေမှာတောင် ဒီအတိုင်းဆို ပါမစ် မပေးချင်ဘူး။

ကာရာအိုကေ လိုမျိုး ရပ်ကွက်ထဲက ဆိုတဲ့သူလေးတွေ ထည့်ရတယ်။ ကိုယ်က ပစ္စည်းတွေ ယူပြီးသွား ဟိုကျတော့မှ ပါမစ် မရလို့ဆိုတော့ စားဝတ်နေရေးတွေခက် ဒုက္ခတွေရောက်လို့။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံအောင် မရှိဘူး”လို့ စောနန္ဒာ က ပြောပါတယ်။

ဆိုတော့ လိင်တူချစ်သူတွေရဲ့ ဖျော်ဖြေတင်ဆက်မှုဟာ ကျေးလက် တောရွာ ဘုရားပွဲဈေးတွေမှာ ဖျော်ဖြေတင်ဆက် ရတဲ့ အနေ အထားကနေ ထပ်ပြီး တဆင့်တက် မလာနိုင်ခဲ့တာတော့ အမှန်ပါ။

ဘာကြောင့် အခုလိုခွင့်မပြုရတာလဲလို့ စောနန္ဒာကို မေးကြည့်တော့“သိပါဘူး။ တတိုင်းပြည်လုံး မိန်းမလျာဖြစ်မှာ စိုးလို့ နေမှာပေါ့” လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က Miss Red Ribbonဆိုတဲ့ခေါင်းစဉ်နဲ့ လိင်တူချစ်သူတွေရဲ့ အလှမယ်ရွေးပွဲကို စည်းစည်းကားကား ကျင်းပ လာလေတော့ အားလုံးပဲ တအံ့တသြဖြစ်ခဲ့ရပါသေးတယ်။ ဒီပြိုင်ပွဲ ကျင်းပနိုင်ဖို့အတွက် အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကြီးကြီးက လူတဦးရဲ့ အားပေး ကူညီမှုကြောင့် ကျင်းပခွင့် ပါမစ်ရခဲ့တာ လို့လည်း အဲ့ဒီအချိန်တုန်းက အသံသိုးသိုးသန့်သန့် ထွက်လာပါသေး တယ်။ နောက်နှစ် ၂၀၁၀ မှာလည်း ဒီပွဲမျိုး ထပ်ကျင်းပဖို့ ကြိုးစားခဲ့ပေမယ့် ပါမစ်မရလို့ မကျင်းပနိုင်တော့ပါဘူး။

လိင်တူချစ်သူတွေရဲ့ အခွင့်အရေးဟာလည်း လူ့အခွင့်အရေး တရပ်လို့ဆိုသမို့ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေပြီလို့ ဆိုတဲ့ မစပ်စုတို့ မြန်မာပြည်ကြီးလည်း ဒီအခွင့်အရေးများ ထွန်းကား လာပေလိမ့်ဦးမလား ဆိုတာ စောင့်ကြည့်ရ မလို ဖြစ်နေပါပြီ။

အေးချမ်းမွန်မှ  မြန်မာ့သားကောင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြန်မာ့သားကောင်း
ရန်ကုန်မြို့ MCC ခန်းမမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက် တွေက “ထိုင်းလုလင်ပျိုတို့ရဲ့ ဣတ္ထိယအသွင် ကကြိုး သဘင်” ဆိုပြီး ထိုင်းနိုင်ငံက Lady boy အလှပဂေးေ
တွ ခြိမ့်ခြိမ့်သဲ လာရောက်ဖျော်ဖြေခဲ့ကြတာ အားလုံးလည်း အသိပါ။

အဲဒီဖျော်ဖြေပွဲမှာ သူတို့ရဲ့ ၀တ်စားဆင်ယင် တင်ဆက်မှုတွေကို မြန်မာ ပွဲကြည့် ပရိသတ်တွေကလည်း တအံ့တသြ ကြည့်ရှုခဲ့ကြ တာပါ။

Lady boy တွေရဲ့ဖျော်ဖြေတင်ဆက်မှုကို ထိုင်းနိုင်ငံမှာတော့ နိုင်ငံခြားသားတွေတောင် ဈေးကြီးကြီးပေးပြီး မက်မက် စက်စက် လာရောက်ကြည့်ရှု ကြရတယ်။

စံရိပ်ငြိမ်မှတ်တိုင်းအနီးမှာ ကား(၄)စီးဖြင့် အခြားကားတစ်စီးပေါ်မှ လူများအား ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ

Photo: စံရိပ်ငြိမ်မှတ်တိုင်းအနီးမှာ ကား(၄)စီးဖြင့် အခြားကားတစ်စီးပေါ်မှ လူများအား ၀ိုင်းဝန် ရိုက်နှက်ခဲ့သည့် ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ......
=========================================

စံရိပ်ငြိမ်မှတ်တိုင် အနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအား အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

...၁.၁၁.၂၀၁၂ ရက်နေ့ ညဥ့်နက် ၁ နာရီကျော်ခန့်အချိန်တွင် အင်းယားလိပ် GDR နိုက်ကလပ်မှအပြန် ရန်ကုန်-အင်းစိန်လမ်းမ စံရိပ်ငြိမ်မှတ်တိုင်အနီး ၃ခ/……… မတ်တူးအစိမ်းပုတ်ရောင်ယာဉ်အား အခြားယာဉ် (၄)စီး မှ ရှေ့/နောက် ပိတ်ညှပ်၍ ကောင်းမြတ်ပါ (၈)ဦးမှ ဆင်းလာကာ ဆဲဆိုကြိမ်းမောင်းထိုးကြိတ်ပြီး ကားအား ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

၎င်းဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအနက်မှ ကောင်းမြတ်အား အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရန်ကုန်တိုင်းဒေသကြီး ခရိုင် (အထူး)ရဲတပ်ဖွဲ့မှ ၄.၁၁.၂၀၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး၊ ရင်မင်းသန့်(ခ) ဂျပန်ကြီးဆိုသူအား ၅.၁၁.၂၀၁၂ရက်နေ့တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကျန်တရားခံများအားလည်း ဆက်လက်ရှာဖွေ ဖမ်းဆီးလျက်ရှိကြောင်း Myanmar News Now မှ သတင်းရရှိသည်။

သစ်ထူးလွင် သတင်း

အေးချမ်းမွန်မှ  Infinity Power တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Infinity Power
စံရိပ်ငြိမ်မှတ်တိုင် အနီးဖြစ်ပွားခဲ့သော ဖြစ်စဉ်ပါ ပြစ်မှုကျူးလွန်သူများအား အထူးစီမံချက်ဖြင့် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိပါသည်။

...၁.၁၁.၂၀၁၂ ရက်နေ့ ညဥ့်နက် ၁ နာရီကျော်ခန့်အချိန်တွင် အင်းယားလိပ် GDR နိုက်ကလပ်မှအပြန် ရန်ကုန်-အင်းစိန်လမ်းမ စံရိပ်ငြိမ်မှတ်တိုင်အနီး ၃ခ/……… မတ်တူးအစိမ်းပုတ်ရောင်ယာဉ်အား အခြားယာဉ် (၄)စီး မှ ရှေ့/နောက် ပိတ်ညှပ်၍ ကောင်းမြတ်ပါ (၈)ဦးမှ ဆင်းလာကာ ဆဲဆိုကြိမ်းမောင်းထိုးကြိတ်ပြီး ကားအား ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

ရခိုင်အရေးတွင် အဓိကတာ ဝန်ရှိသူသည် အစိုးရဖြစ် ၊ သာမန်အခြေအနေ သို့ပြန် လည်ရောက်ရှိရန် အရေးကြီးကြောင်း ဒေါ်အာင်ဆန်းစုကြည်ပြောကြား

Photo: ရခိုင်အရေးတွင် အဓိကတာ ဝန်ရှိသူသည် အစိုးရဖြစ် ၊ သာမန်အခြေအနေ သို့ပြန် လည်ရောက်ရှိရန် အရေးကြီးကြောင်း ဒေါ်အာင်ဆန်းစုကြည်ပြောကြား
==========================================
မောင်ပိုင် နိုဝင်ဘာ(၆)ရက်နေ့
==========================================

ရခိုင်အရေးတွင် အဓိကတာ ဝန်ရှိသူသည် အစိုးရဖြစ်ကြောင်းနှင့် သာမန်အခြေအနေ သို့ပြန်လည် ရောက်ရှိ ရန်အရေးကြီးကြောင်း ပြည် သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစု ကြည်က ယနေ့ကျင်း ပလျှက်ရှိသည့် ပြည် သူ့လွှတ်တော်အစည်းအဝေးခေတ္တ ရပ် နား ချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေ ကြားခဲ့သည်။

ရခိုင်ပဋိပက္ခသည် အားလုံးညီ ညီညတ်ညွှတ် နှင့်နိုင်ငံပြဿနာအဖြစ် ရင် ဆိုင်ဖြေရှင်းလိုသော စိတ်များ မွေးမြူရမည် ဟုယုံကြည်ကြောင်း ကိုလည်းပြည် သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ် စားလှယ် များနှင့်အတူတကွ ရခိုင်အရေးနှင့် ပတ် သက်၍ကြေညာချက် တစ်စောင်ထုတ်ပြန် သွားမည်ဖြစ်ပြီး အဆိုပါကြေညာ ချက် သည် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် စုပေါင်းကာ ထုတ်ပြန်သည့် ပထမဆုံးကြေညာ ချက်ဖြစ်ပြီး သဘောထား မှတ်ချက် အနေ ဖြင့် မပေးလိုကြောင်း၊ ဆွေးနွေးလျှက်ပင် ရှိနေသည့် အတွက်တိုင်းရင်းသား များအလို ကျ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ရခိုင် အရေးကိစ္စ သည် လွယ်လွယ်ကူကူပြီးဆုံး သွားမည်မဟုတ်သကဲ့သို့ လွယ်လွယ်ကူကူ ဖြေရှင်းလို့မရကြောင်း၊ပထမဆုံးတရားဥ ပဒေစိုးမိုးရေးနှင့် လုံခြုံရေး ကို ဂရုစိုက်ရ မည်ဖြစ်ရန်လိုအပ်ကြောင်း၊ ရခိုင်အရေး သည် တရာဥပဒေ စိုးမိုးမှုအခြေအနေပေါ် မူတည်ကြောင်း၊ သာမန် အခြေအနေမ ဟုတ် သည့်အတွက် အမြန်ဆုံးသာမန် အခြေအ နေရရှိရန် လိုအပ်ကြောင်း မီဒီယာများ က မေးမြန်းစဉ်ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ''ဥပဒေစိုးမိုးရေးဆိုတာက တရားရုံးတွေ တဆင့်သွားရမှာ။ဒါပေမယ့် လုံခြုံရေးတပ် တွေမှာလည်း တာဝန်ရှိတာပေါ့ ။ဒီလိုထူး ခြားတဲ့အခြေအနေတွေမှာ အဓိကက တော့ ရဲတပ်ဖွဲ့ တွေက တရားဥပဒေစိုးမိုး ရေးနဲ့ပတ်သက်ပြီး အခြားအဖွဲ့တွေရဲ့အကူ အညီတွေတောင်း ရမှာပေါ့။ အရေးကြီးတာ ကသာမန်အခြေအနေ ကိုရောက်သွားဖို့ လိုပါတယ်''ဟုဆိုသည်။

နိုဝင်ဘာ(၅)ရက်နေ့ ညနေ တွင် အမျိုးသားဒီ မိုက ရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နှင့်ပါတီ အသီးသီး မှတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် အဓိက ထားဆွေး နွေးခဲ့သည့် ရခိုင်အရေး ကိစ္စနှင့် ပတ်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်မည့် တွေ့ဆုံပွဲ ဆုံးဖြတ်ချက် ပေါ် မူတည်၍ မေးမြန်းကြစဉ် ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

အေးချမ်းမွန်မှ  Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Google
ရခိုင်အရေးတွင် အဓိကတာ ဝန်ရှိသူသည် အစိုးရဖြစ်ကြောင်းနှင့် သာမန်အခြေအနေ သို့ပြန်လည် ရောက်ရှိ ရန်အရေးကြီးကြောင်း ပြည် သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစု ကြည်က ယနေ့ကျင်း ပလျှက်ရှိသည့် ပြည် သူ့လွှတ်တော်အစည်းအဝေးခေတ္တ ရပ် နား ချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေ ကြားခဲ့သည်။

ရခိုင်ပဋိပက္ခသည် အားလုံးညီ ညီညတ်ညွှတ် နှင့်နိုင်ငံပြဿနာအဖြစ် ရင် ဆိုင်ဖြေရှင်းလိုသော စိတ်များ မွေးမြူရမည် ဟုယုံကြည်ကြောင်း ကိုလည်းပြည် သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်းဖြစ်သည်။

Nexus စမတ်ဖုန်းနှင့် tablet များကို Google ပွဲထုတ်မိတ်ဆက်

Photo: Nexus စမတ်ဖုန်းနှင့် tablet များကို Google ပွဲထုတ်မိတ်ဆက်

စန္ဒီမုန်တိုင်းကြောင့် နယူးယောက်တွင်ကျင်းပမည့် ပြပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း Nexus ထုတ်ကုန်သစ်များကို blog post မှတစ်ဆင့် Google ကုမ္ပဏီက မိတ်ဆက်ကြေညာခဲ့သည်။

Google ကုမ္ပဏီက မိ
တ်ဆက်ပေးခဲ့သည့် ထုတ်ကုန်များမှာ Nexus 4 စမတ်ဖုန်းနှင့် Nexus 10 tablet တို့ ဖြစ်သည်။ Nexus 4 စမတ်ဖုန်းကို LG နှင့် တွဲဖက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၎င်းတွင် quad-co
re ပရိုဆက်ဆာ၊ ၄.၂ လက်မ display နှင့် ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်သည်။ Android 4.2 (Jelly Bean) ကို အသုံးပြုထားပြီး ၃၆၀ ဒီဂရီ panorama မြင်ကွင်းကို ဖန်တီးပေးနိုင်မည့် Photo Sphere feature ပါဝင်လာ ကြောင်းသိရသည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၉ ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်တွင် ရောင်းချမည်ဖြစ် သည်။

Nexus 10 tablet ကို Samsung နှင့် တွဲဖက်ထုတ်လုပ်ထားခြင်းဖြစ်သည်။ အသုံးပြုထားသည့် display မှာ 2560x1600 pixel နှင့်ဖော်ပြပေးနိုင်ပြီး ဗီဒီယိုကြည့်ရှုခြင်းအတွက် ကိုးနာရီခန့်အသုံးပြုနိုင်ကြောင်း Google မှ ပြောကြားသည်။ ထို့အပြင် အသုံးပြုသူများစွာထံ tablet ကို အလွယ်တကူဝေမျှအသုံးပြုနိုင်ရန်အတွက် account-switching feature ပါဝင်ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၄ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး တန်ဖိုးမှာ 16GB အတွက် အမေရိကန်ဒေါ်လာ ၃၉၉၊ 32GB အတွက် အမေရိကန်ဒေါ်လာ ၄၉၉ ဖြစ်သည်။

ထို့အပြင် Google ကုမ္ပဏီသည် Nexus 7 Wi-Fi အမျိုးအစားသစ်များနှင့် HSPA+ cellular connection ဗားရှင်းတို့ကို မိတ်ဆက်ပေးခဲ့သည်။ Wi-Fi အမျိုးအစားသစ်များတွင် 16GB ကို အမေရိကန်ဒေါ်လာ ၁၉၉၊ 32GB ကို အမေရိကန်ဒေါ်လာ ၂၄၉ သတ်မှတ်ထားသည်။ HSPA+ cellular အမျိုးအစားအတွက် 32GB ကို အမေရိကန်ဒေါ်လာ ၂၉၉ ကျသင့်မည်ဖြစ်သည်။ ၎င်းတို့ကို နိုဝင်ဘာလ ၁၃ ရက်တွင် စတင်ရောင်းချမည်ဖြစ် ကြောင်း သိရသည်။

Ref: CNET

အေးချမ်းမွန်မှ  Internet Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Internet Journal
စန္ဒီမုန်တိုင်းကြောင့် နယူးယောက်တွင်ကျင်းပမည့် ပြပွဲအစီအစဉ်ကို ဖျက်သိမ်းခဲ့သော်လည်း Nexus ထုတ်ကုန်သစ်များကို blog post မှတစ်ဆင့် Google ကုမ္ပဏီက မိတ်ဆက်ကြေညာခဲ့သည်။

Google ကုမ္ပဏီက မိတ်ဆက်ပေးခဲ့သည့် ထုတ်ကုန်များမှာ Nexus 4 စမတ်ဖုန်းနှင့် Nexus 10 tablet တို့ ဖြစ်သည်။ Nexus 4 စမတ်ဖုန်းကို LG နှင့် တွဲဖက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ၎င်းတွင် quad-co
re ပရိုဆက်ဆာ၊ ၄.၂ လက်မ display နှင့် ကြိုးမဲ့အားသွင်းစနစ်တို့ ပါဝင်သည်။ Android 4.2 (Jelly Bean) ကို အသုံးပြုထားပြီး ၃၆၀ ဒီဂရီ panorama မြင်ကွင်းကို ဖန်တီးပေးနိုင်မည့် Photo Sphere feature ပါဝင်လာ ကြောင်းသိရသည်။ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉၉ ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်တွင် ရောင်းချမည်ဖြစ် သည်။

အငှားယာဉ်မောင်းအား လည်ပင်းညှစ် ချွန်ထက်သောအရာဖြင့် ထောက်ကာ လုယက်သူ တစ်စုအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ

Photo: အငှားယာဉ်မောင်းအား လည်ပင်းညှစ် ချွန်ထက်သောအရာဖြင့် ထောက်ကာ လုယက်သူ တစ်စုအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိ -

နိုဝင်ဘာ ၆ ရက် ၂၀၁၂ခုနှစ် အင်္ဂါနေ့ ၊ သတင်း - သစ်ထူးလွင်

၅.၁၁.၂၀၁၂ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် ယာဉ်မောင်း ရဲဇော် မောင်း နှင်သည့် ဒ/……………….. ယာဉ်အား ဘုရားလမ်းတွင် အမည်မသိ လူငယ် (၄)ဦးမှ သုဝဏ္ဏတံတားအဆင်း “ DC ” နိုက်ကလပ်သို့ ငှားသွားရာ နိုက်ကလပ် ရောက်ခါနီး တွင် ယာဉ်နောက်ခန်း wGif စီးနင်း လာသူမှ ယာဉ်မောင်းအား ချွန်ထက်သော အရာဖြင့် ထောက်၍ အခြားတစ်ဦးမှ လည်ပင်းညှစ်သဖြင့် ယာဉ်မှာ သုဝဏ္ဏ အားကစားရုံ အနီး သစ်ပင်အား ၀င်တိုက်ပြီး ရပ်သွားစဉ် ယာဉ်မောင်းဘေးထိုင်သူမှ ယာဉ်မောင်းထံမှ ငွေ သုံးသောင်း ( ၃၀၀၀၀)ကျပ် နှင့် လိုင်စင်အားလုယူကာထွက်ပြေးသွားကြသဖြင့် သင်္ဃန်းကျွန်းရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်းသိရှိရပါသည်။
...
ဖြစ်စဉ်အားတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုးရုံးမှ တိုင်း/ ခရိုင် မြို့ နယ်အသီးသီးတွင် မင်းမဲ့ စရိုက်ဆန်ပြစ်မှုများနှိမ်နှင်းခြင်း အထူးစီမံချက်ဆောင်ရွက်နေသည့်အဖွဲ့ များအားဆက်သွယ်ကွပ်ကဲညွှန်ကြားခဲ့ ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ ဝင်များသည် ပြစ်မှုကျုးလွန်သူ (၄)ဦးအနက်မှ သာကေတနေ တင်စိုး(ခ)ကုလား ဆိုသူနှင့် ပြည်မြို့ နေကောင်းပြည့်(ခ) ရေခဲ တို့ (၂)ဦးအား မူခင်းဖြစ်ပြီး ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now မှသတင်းရပါသည်။

Myanmar News Now

အေးချမ်းမွန်မှ  Infinity Power တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Infinity Power
နိုဝင်ဘာ ၆ ရက် ၂၀၁၂ခုနှစ် အင်္ဂါနေ့ ၊ သတင်း - သစ်ထူးလွင်

၅.၁၁.၂၀၁၂ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် ယာဉ်မောင်း ရဲဇော် မောင်း နှင်သည့် ဒ
/……………….. ယာဉ်အား ဘုရားလမ်းတွင် အမည်မသိ လူငယ် (၄)ဦးမှ သုဝဏ္ဏတံတားအဆင်း “ DC ” နိုက်ကလပ်သို့ ငှားသွားရာ နိုက်ကလပ် ရောက်ခါနီး တွင် ယာဉ်နောက်ခန်း wGif စီးနင်း လာသူမှ ယာဉ်မောင်းအား ချွန်ထက်သော အရာဖြင့် ထောက်၍ အခြားတစ်ဦးမှ လည်ပင်းညှစ်သဖြင့် ယာဉ်မှာ သုဝဏ္ဏ အားကစားရုံ အနီး သစ်ပင်အား ၀င်တိုက်ပြီး ရပ်သွားစဉ် ယာဉ်မောင်းဘေးထိုင်သူမှ ယာဉ်မောင်းထံမှ ငွေ သုံးသောင်း ( ၃၀၀၀၀)ကျပ် နှင့် လိုင်စင်အားလုယူကာထွက်ပြေးသွားကြသဖြင့် သင်္ဃန်းကျွန်းရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်းသိရှိရပါသည်။
...

အစိုးရက ထိရောက်စွာ မကိုင်တွယ်လျှင် ရခိုင်တွင် တတိယအကြိမ်မြောက် တကျော့ပြန် ဆူပူ အကြမ်းဖက်မူ ပြန်လည် ဖြစ်ပွားနိုင်

Photo: အစိုးရက ထိရောက်စွာ မကိုင်တွယ်လျှင် ရခိုင်တွင် တတိယအကြိမ်မြောက် တကျော့ပြန် ဆူပူ အကြမ်းဖက်မူ ပြန်လည် ဖြစ်ပွားနိုင်


သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက ထိထိရောက်ရောက် မကိုင်တွင်လျှင် တတိယ အကြိမ်မြောက် တကျော့ပြန် ဆူပူအကြမ်းဖက်မူများ ရခိုင်ပြည်နယ်တွင်  ပြန်လည် ဖြစ်ပွား လာနိုင်ဖွယ် ရှိသည်ဟု ပန်းမြောင်း ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ဦးမောင်ဘေချေ၏ သားဖြစ်သူ မောင်စိုးဝင်းအား နာဂါရာကျေးရွာနှင့် လက်မ မွတ်ဆလင်ရွာမှ ဘင်္ဂလီ ၂၀ ခန့်က ဂျင်ဂလိ လေးဂွများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး မင်းပြားဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

မောင်စိုးဝင်း ဂျင်ဂလိဖြင့် တိုက်ခိုက်ခံရ၍ ဆေးရုံတင်ပို့ရသည့် အခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ပန်းမြောင်းဒေသခံ လူကြီး တစ်ဦးက နိရဉ္စရာသို့ ထိုသို့ ပြောကြားသွားခဲ့သည်။

“ အခု ကျွန်တော်တို့ ရခိုင်တွေဘက်က ဘာမှ မလုပ်တော့ဘူး။ ဘင်္ဂလီတွေဘက်က ပြန်ရစနေတယ်။ မနေ့ ညနေပိုင်းက လယ်တဲ စောင့်နေတဲ့ မောင်စိုးဝင်းဆိုတဲ့ ကောင်လေး တစ်ယောက်ကို မွတ်ဆလင်တွေက ဂျင်ဂလိတွေနဲ့ တိုက်ခိုက်တဲ့ အတွက် ဒဏ်ရာ ပြင်းထန်စွာန် ရသွားတာကြောင့်  မင်းပြားမြို့နယ်ဆေးရုံကို တင်လိုက်ရတယ်။ ဒါပြင် ပန်းမြောင်းက နွားနှစ်ကောင်ကိုလည်း သူတို့ ဆွဲယူသွားပြီး သတ်စားပစ်တယ်။ ဒီလို ရန်စနေတာကို သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေက အချိန်မှီ မတားဆီးဘူးရင် ပြဿနာ ပြန်ဖြစ်နိုင်တယ်” ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျေးရွာသားများမှ ပန်းမြောင်းကျေးရွာရှိ ရဲနှင့် စစ်တပ်သို့ သွားရောက် တိုင်ကြားခဲ့သဖြင့် အခင်းဖြစ်ရာ နေရာသို့ သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ပန်းမြောင်းကျေးရွာ အနီးရှိ ဥယာဉ်တောင် ရွာ လယ်တဲ တစ်ခုတွင် စုပုံထားသော  ရခိုင် လူမျိုးပိုင် ကောက်လိုင်း ၂၀၀ ကျော် ၃၀၀ ကျော်ကို ဘင်္ဂလီ မွတ်ဆလင် အုပ်စု တစ်ခုမှ လာရောက် မီးရှို့သွားခဲ့သည်ဟု သူက စွပ်စွဲပြောဆိုသည်။

၎င်းပြင် မင်းပြားမြို့သို့ စက်လှေဖြင့်သွားရာတွင်လည်း မြစ်ကမ်းဘေးရှိ မွတ်ဆလင် ကျေးရွာများမှ ဂျင်ဂလိ လေးဂွများဖြင့် တိုက်ခိုက်သဖြင့် သွားလာရေး အခက်အခဲ ရှိနေသည်ဟု ပန်းမြောင်းမှ ကျောင်းဆရာ တစ်ဦးက ပြောသည်။

“ အခု ဒီမှာ ဖြစ်နေတာက ခရီးတစ်ခုသွားမယ်ဆိုရင် မလွယ်တဲ့ အခြေအနေကို ရောက်နေပါတယ်။ ကျွန်တော်တို့ အခု မင်းပြားကို သွားဖို့တောင် တော်တော် အခက်အခဲ ဖြစ်နေပါတယ်။ မွတ်ဆလင်တွေက လမ်းကနေ စက်လှေတွေကို ဂျင်ဂလိတို့ လေးဂွတို့နဲ့ တိုက်ခိုက်တာတွေ ရှိတယ်။ တရားဥပဒေ စိုးမိုးမူက လုံးဝ မရှိဘူး ဖြစ်နေပါတယ်” ဟု သူက ဆိုသည်။

ယခုအချိန်ထိ မင်းပြား၊ မြောက်ဦးမြို့နယ်များတွင် ဂျင်ဂလိ၊ လေးဂွများကို ဖမ်းဆီး သိမ်းဆည်းမူများ မရှိသေးသဖြင့်  ဆက်လက်တိုက်ခိုက်မူများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ အာဏာပိုင်တွေ၊ စစ်တပ်တွေလည်း ရခိုင်တွေကို ဖမ်းဆီးမေးမြန်းနေတယ်။ သေနတ် ပစ်သတ်ခံရတာလည်း ရခိုင်တွေ ဖြစ်တယ်။ အခု တစ်ခါ ဖမ်းဆီး စစ်ဆေးနေတာမှာလည်း ရခိုင်တွေကိုဘဲ ဖြစ်နေပါတယ်။ ဘင်္ဂလီတွေဘက်ကိုကျတော့ နိုင်ငံတကာနဲ့ မွတ်ဆလင်နိုင်ငံတွေရဲ့ ဖိအားကို ကြောက်ပြီး အထက်က ဘာမှ မလုပ်ဖို့ ညွှန်ကြားထားပုံရပါတယ်။ ခုလို ကိုယ်ထိ လက်ရောက် တိုက်ခိုက်တာတောင်မှ ဘာမှ မလုပ်ရဲဘဲ ဖြစ်နေတယ်” ဟု မြောက်ဦးမြို့ပေါ်မှ နိုင်ငံရေး လူပ်ရှား နေသူ တစ်ဦးကလည်း ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ဒုတိယ အကြိမ် ဆူပူ တိုက်ခိုက်မူ မဖြစ်ပွားမှီ ကျောက်တော်မြို့နယ်တွင်လည်း အလားတူ မွတ်ဆလင်များဘက်မှ ရန်စမူများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ပြီး အာဏာပိုင်များနှင့် စစ်တပ်ကို သွားရောက် တိုင်ကြားသော်လည်း တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် ပြဿနာမှာ ထိန်းသိမ်းမရအောင်ထိ ကြီးကျယ်သွားခဲ့ပြီး  စစ်တပ်က ၀င်ရောက်လာကာ အရေးအခင်း အတွင်း ရခိုင်လူမျိုး တစ်ဒါဇင်နီးပါးခန့်ကို ပစ်သတ် ပစ်ခဲ့သည်။

ကျောက်တော်တွင် စစ်တပ် လက်ချက်ဖြင့် သေဆုံးခဲ့ကြရသူများ။ (ဓါတ်ပုံ- နိရဉ္စရာ)

အေးချမ်းမွန်မှ  နိရဉ္စရာ တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :နိရဉ္စရာ
ကျောက်တော်တွင် စစ်တပ် လက်ချက်ဖြင့် သေဆုံးခဲ့ကြရသူများ။ (ဓါတ်ပုံ- နိရဉ္စရာ)
သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများက ထိထိရောက်ရောက် မကိုင်တွင်လျှင် တတိယ အကြိမ်မြောက် တကျော့ပြန် ဆူပူအကြမ်းဖက်မူများ ရခိုင်ပြည်နယ်တွင် ပြန်လည် ဖြစ်ပွား လာနိုင်ဖွယ် ရှိသည်ဟု ပန်းမြောင်း ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့က မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ဦးမောင်ဘေချေ၏ သားဖြစ်သူ မောင်စိုးဝင်းအား နာဂါရာကျေးရွာနှင့် လက်မ မွတ်ဆလင်ရွာမှ ဘင်္ဂလီ ၂၀ ခန့်က ဂျင်ဂလိ လေးဂွများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး မင်းပြားဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု သိရသည်။

"ရှေးဟောင်းဘုရားကုန်းမှန်းသိလျက်နှင့်ဖျက်ဆီးခြင်း"

Photo: သရေခေတ္တရာဘုရားကုန်းကို ဖြိုဖျက်ခြင်း

TUESDAY, NOVEMBER 06, 2012  ZARNY WIN 

ပြည်မြို့ ခြံ အမှတ် (၃၉၁) ဗိုလ်ချူပ်လမ်း၊ မူယာပင်ရပ်၊ (သံလမ်းဂိတ်အနီး)   ခြံ၏ နောက်တွင် အလျား ၁၇၂ ပေ၊ အနံ  ၁၂၀ ပေ ဘုရားကုန်း ရှိပါသည်။ 
ဘုရားကုန်းသည် ၂၀ ပေ ခန့်မြင့်ပြီး စေတီအုတ်ပုံနေရာသည် ၇ ပေခန့် မြင့်ပါသည်။ 

၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းခန့်က  ခြံမြေနေရာကို ကျပ်သိန်း ၆၀၀  / ဘုရားကုန်းအတွက် ကျပ်သိန်း ၅၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့သည်ဟု  ကြားသိရပါသည်။ 

မူလ ခြံပိုင်ရှင်သည် ယခုအခါရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ကြောင်း သိရှိရပါသည်။

          ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် သံဇကာကွက် ခြံစည်းရိုးခတ်၍ ရှေ့မျက်နှာစာတွင် ၁၀×၁၅ ပေခန့် သွပ်ကာသွပ်မိုးတဲ ဆောက်ထားပါသည်။

          ၁၅.၁၀.၂၀၁၂ နေ့မှစ၍ အလုပ်သမားများနှင့် ဘုရားကုန်း အတွင်းပိုင်း ရှင်းလင်းပြီး ဘုရား အလယ်တွင်ရှိသော ဖျောက်ဆိပ်ပင်ကို ချန်လှပ်၍ ဖြိုပါသည်။

တူးဖော်တွေ့ရှိသော ၁၈ လက်မ ခန့် ဥာဏ်တော်အမြင့်ရှိသော မြေဘုရား ၁၆ ဆူ၊ ဥာဏ်တော်အမြင့်  ၉ လက်မခန့် ကြေးဘုရား ၂ ဆူ ဖွက်ထားသည်ကို တက်ရောက်ကြည့်ရှုသူများ မြင်တွေ့ခဲ့ကြပါသည်။

         ၂၅.၁၀.၂၀၁၂ နေ့တွင် ထန်းတုံးများကို ဖြတ်၍ ကားဖြင့် သယ်ယူသွားပါသည်။ 

၂၆.၁၀.၂၀၁၂ တွင် ကားဖြင့် စက္ကူသေတ္တာများ၊ ပီနံအိတ်ခွံများ လာရောက် ပို့ဆောင်သွားပါသည်။

          ၂၈.၁၀.၂၀၁၂ နေ့တွင် လုပ်ငန်း ရပ်ဆိုင်း၍ ၃၀.၁၀.၂၀၁၂ နေ့ နံနက် ၄ နာရီခန့်တွင် ရှေ့တံခါးများ ဖွင့်ထားခြင်း၊ ဆိုင်ကယ်များရပ်ထားခြင်း တွေ့ရပါသည်။

          ၃၁.၁၀.၂၀၁၂ ညနေ ၆း၀၀ နာရီတွင် ပီနံအိတ်များ၊ ခြင်းတောင်းများ၊ စက္ကူပုံးများဖြင့် ထုတ်ပိုး၍ ယာဉ်အမှတ် ၈ခ/ ၅၉၂၈ light truck ကားဖြင့်သယ်ယူသွားပါသည်။

 
          ၃.၁၁.၂၀၁၂ နေ့တွင် လုပ်သားများဖြင့် ဘုရားကုန်းမြေကို ရှင်းပြီး အုတ်ပုံများ ရှင်းလင်းပါသည်။ 

၎.၁၁.၂၀၁၂ နေ့တွင် ကားဝင်နိုင်ရန် လမ်းခင်းခြင်း၊ ခြူံနွယ်ပိတ်ပေါင်းများ ရှင်းလင်း၍ အုတ်ပုံများ ရှင်းပါသည်။

           ၅.၁၁.၂၀၁၂ နေ့တွင် နံနက် ၈း၀၀ မှစ၍ လုပ်သားများနှင့် ဂေါ်တပ်ထွန်စက်ဖြင့် စတင် ရှင်းလင်းပါသည်။
ထိုသို့ ရှေးဟောင်းစေတီမှန်းသိလျှက်နှင့်ဖျက်ဆီးခြင်းကို ရပ်ကွက်အတွင်းမှ ပြည်သူများက  ရပ်ကွက်အုပ်ချူပ်ရေးမှူး ၊ မြို့နယ်အုပ်ချူပ်ရေးမှူး၊ ရဲစခန်း၊ သာသနာရေးဦးစီးဌာန၊ ရှေးဟောင်းသုတေသနဦးစီးဌာန၊ တို့သို့  သွားရောက် တိုင်ကြားခဲ့ကြရပါသည်။

          ၁၂း၀၀ နာရီ ခရိုင် အစည်းအဝေးအပြီးတွင် ရှေးဟောင်းသုတေသနဌာနမှ၊ လက်ထောက်ညွန်ကြားရေးမှူး နှင့် အဖွဲ့ သွားရောက် စစ်ဆေးပါသည်။
ရှေးဟောင်းအုတ်ခွက်ဘုရား ၂၂ ခု ၊ ၁၂×၆×၂ အုတ်ချပ် အကောင်း ၆ ချပ် ကို ရှာဖွေပုံစံဖြင့် သိမ်းဆည်း၍ သာသနာရေး ဦးစီးဌာနက သိမ်းဆည်းခဲ့ပါသည်။ 
အုတ်ချပ်များစွာ အောက်ခြေတွင် ကျန်ရှိပါသည်။
ဂေါ်ထိုးထွန်စက်ကို နေ့လည် ၁း၀၀ နာရီတွင် ပြန်သိမ်းဆည်းသွားပါသည်။

          အထက်ပါကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အစိုးရက မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာအမွေအနှစ်စာရင်းဝင်ရန် ကြိုးစားအားထုတ်လျက်ရှိရာ သရေခေတ္တရာပျူမြို့ဟောင်း၏ သမိုင်းအမွေအနှစ် ရှေးဟောင်း ယဉ်ကျေးမှုများရှာဖွေဖော်ထုတ်ကြရမည့်အစား ၊ ယခုကဲ့သို့ ဖျက်ဆီးခြင်းသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ဖျက်ဆီးခြင်းပင်ဖြစ်ပါသည်။ 

"ရှေးဟောင်းဘုရားကုန်းမှန်းသိလျက်နှင့်ဖျက်ဆီးခြင်း"

အေးချမ်းမွန်မှ  ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :ဧရာဝတီသတင်း
ပြည်မြို့ ခြံ အမှတ် (၃၉၁) ဗိုလ်ချူပ်လမ်း၊ မူယာပင်ရပ်၊ (သံလမ်းဂိတ်အနီး) ခြံ၏ နောက်တွင် အလျား ၁၇၂ ပေ၊ အနံ ၁၂၀ ပေ ဘုရားကုန်း ရှိပါသည်။
ဘုရားကုန်းသည် ၂၀ ပေ ခန့်မြင့်ပြီး စေတီအုတ်ပုံနေရာသည် ၇ ပေခန့် မြင့်ပါသည်။

၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းခန့်က ခြံမြေနေရာကို ကျပ်သိန်း ၆၀၀ / ဘုရားကုန်းအတွက် ကျပ်သိန်း ၅၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့သည်ဟု ကြားသိရပါသည်။

မူလ ခြံပိုင်ရှင်သည် ယခုအခါရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်ကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် သံဇကာကွက် ခြံစည်းရိုးခတ်၍ ရှေ့မျက်နှာစာတွင် ၁၀×၁၅ ပေခန့် သွပ်ကာသွပ်မိုးတဲ ဆောက်ထားပါသည်။

ရန်ကုန်တိုင်း၌ GSM ဆက်သွယ်မှု လိုင်းများ ယာယီပျက်တောက်မည်

Photo: ရန်ကုန်တိုင်း၌ GSM ဆက်သွယ်မှု လိုင်းများ ယာယီပျက်တောက်မည်

ဉာဏ်ဉာဏ် (မြစ်မခ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ GSM ,ZTE Network ဧရိယာ (၂၆) မြို့နယ်၌ GSM တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများမှာ နိုဝင်ဘာ (၁၇)ရက်နေ့တွင် ဆယ်မိနစ်ခန့် ပျက်တောက်မည်ဖြစ်သည်။

လာမည့် နိုဝင်ဘာ(၁၇) ရက်နေ့ နံနက်(၂)နာရီမှ (၂)နာရီ (၁၀)မိနစ် အထိ (၁၀) မိနစ်ခန့် ယာယီဆိုင်းငံ့ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းက သိရသည်။

“ ဒီလို ဆက်သွယ်မှု ယာယီဆိုင်းငံ့ရတာဟာ ရန်ကုန်မြို့ ZTE- GSM( UMTS) စနစ်ကို MGW Capacity Expansion ပြုလုပ်ဖို့ အတွက်ပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ပြောသည်။

ယာယီ ဆိုင်းငံ့သွားမည် မြို့နယ်များမှာ အလုံ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာ၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း အစရှိသည့် မြို့နယ်များဖြစ်သည်။

ထို့အပြင် သုဝဏ္ဏ၊ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ ခရမ်း၊ သုံးခွ၊ ဒလ၊
တွံတေး၊ ဆိတ်ကြီး ခနောင်တို၊ ကွမ်းခြံကုန်း နှင့် ကော့မှူး အစရှိတဲ့ မြို့နယ်များ၌လည်း မိနစ်ပိုင်းခန့် ဆက်သွယ်မှုယာယီဆိုင်းငံ့သွားဖြစ်ကြောင်း သိရှိရသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ GSM ,ZTE Network ဧရိယာ (၂၆) မြို့နယ်၌ GSM တယ်လီဖုန်း ဆက်သွယ်မှု လိုင်းများမှာ နိုဝင်ဘာ (၁၇)ရက်နေ့တွင် ဆယ်မိနစ်ခန့် ပျက်တောက်မည်ဖြစ်သည်


လာမည့် နိုဝင်ဘာ(၁၇) ရက်နေ့ နံနက်(၂)နာရီမှ (၂)နာရီ (၁၀)မိနစ် အထိ (၁၀) မိနစ်ခန့် ယာယီဆိုင်းငံ့ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းက သိရသည်။

“ ဒီလို ဆက်သွယ်မှု ယာယီဆိုင်းငံ့ရတာဟာ ရန်ကုန်မြို့ ZTE- GSM( UMTS) စနစ်ကို MGW Capacity Expansion ပြုလုပ်ဖို့ အတွက်ပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုအတွက် မီးပွိုင့်မှန်ကန်မှုနှင့် လမ်းဧရိယာပြည့်ဝမှုက အရေးပါ

Photo: ယာဉ်ကြောပိတ်ဆို့မှုအတွက် မီးပွိုင့်မှန်ကန်မှုနှင့် လမ်းဧရိယာပြည့်ဝမှုက အရေးပါ

ယမင်း (မြစ်မခ)

မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ ပိတ်ဆို့နေရခြင်း၏ အဓိက အကြောင်းအရင်းမှာ အချက်ပြ မီးပွိုင့် မှန်ကန်မှုမရှိခြင်းနှင့် သတ်မှတ်လမ်းဧရိယာမပြည့်၍ဖြစ်ကြောင်း ယာဉ်မောင်းများထံက သိရသည်။ 
 
"ကားတွေ များလာတာနဲ့တော့ မဆိုင်ပါဘူး။ သူများနိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ နိုင်ငံထက် များပါတယ်။ ဘယ်ကားသမားပဲ မေးကြည့်ကြည့်ပါ။ မီးပွိုင့်ပေးချိန် မမှန်တာက အဓိက လိုဖြစ်နေတာ။"ဟု ရန်ကုန်မြို့တွင်း တက္ကစီပြေးဆွဲနေသူ ကျော်ထက်က ပြောသည်။ 
 
ရန်ကုန်မြို့တွင်းရှိ ကိန်းကဏန်းဖြင့် ဖော်ပြသော မီးပွိုင့်များမှာ စက္ကန့် (၃၀)ကြာချိန်၊ စက္ကန့် (၉၀)ကြာချိန်သတ်မှတ်ချက်များရှိပြီး အဆိုမီးပွိုင့်များသည် မီး ၀ါ၊ စိမ်း၊ နီဖြင့်သာ အသုံးပြုနေခြင်းဖြစ် သည်။ 
 
မီးပွိုင့်များတွင် တစ်ဖက်ယာဉ်ကြောမှ ထွက်ခွာရန် မီးစိမ်းပြနေချိန်၌ အခြားတစ်ဖက်ယာဉ်ကြောမှ ရပ်တန့်ရန်၊ မီးနီပြအခြေအနေတွင် လမ်းမကြီးများပေါ်၌ ယာဉ်များ ရပ်တန့်ထားခြင်းကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်လာပြီး အချိန်ကြာမြင့်စွာ လမ်းပိတ်ဆို့မှု များဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများထံက သိရသည်။ 
 
"လမ်းတွေမှာကြည့် သတ်မှတ်ထားတဲ့ လမ်းဧရိယာကို မပြည့်တော့ဘူး။ ရန်ကုန်မြို့ထဲမှာဆို ကျွန်မ တို့ တွေ့တာ ပြည်လမ်းမကြီး တစ်ခုပဲရှိတယ်။ ဒါတောင်ပြည်လမ်းက အစအဆုံး မဟုတ်ဘူးနော်။(၈) မိုင်ကနေ လှည်းတန်း လောက် အထိပဲ။ ဘယ်ကားမှ မကြပ်ဘူး။ အင်းစိန်လမ်းဆို အချိန်ပြည့် လမ်း ပိတ်တာ ကြုံရတယ်"ဟု အင်းစိန်မှလှည်းတန်းသို့ နေ့စဉ်သွားလာနေသူ မအေးမိစံက ပြောသည်။
 
ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး (၇)ခုမှာ (၇၂)ပေရှိပြီး အခြားလမ်းများမှာ (၄၈)ပေနှင့် ပေ(၆၀)ရှိပြီး (၂၀၁၀) ခုနှစ်အတွင်းက အဆိုပါလမ်းမများ၌  ယာဉ်တစ်သိန်းကိုးသောင်းကျော်သာ သွားလာ နေကြပြီး ယခု (၂၀၁၂) ခုနှစ်တွင် ယာဉ်အ စီးရေ နှစ်သိန်း နှစ်သောင်း ကျော်  သွားလာမှုရှိကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 
 
"အခုဆို ကားသစ်တွေ ၀င်လာတာများတာနဲ့အမျှ လမ်းတွေ ကြပ်လာနိုင်ပါတယ်။ အင်းစိန်လမ်းတို့ မြို့ထဲတို့ ကမ်းနားလမ်းတို့ဆိုတာ လမ်းမကြီးတွေပေါ်မှာ ဟိုဘက်မှာ တစ်စီး ဒီဘက်လမ်းမှ တစ်စီးရပ်ထားတာတွေရှိတော့လမ်းက နှစ်လမ်းသွားဆို တစ်လမ်းသွားပဲဖြစ်တော့တယ်လေ၊ အဲလိုမဖြစ်ရအောင် လမ်းမပေါ်တွေမှာ နေ့စဉ်ရက်ဆက် ရပ်ထားတဲ့ ကားတွေကို အရေးယူမှုတွေ ဆောင်ရွက်သင့်တယ်"ဟု ကုမ္ပဏီဝန်ထမ်း ကိုတရုတ်ကြီးက ပြောသည်။
 
ရန်ကုန်မြို့တွင်းရှိ လမ်းများအား သတ်မှတ်ထားသော ဧရိယာပြန်လည်ပြည့်မှီအောင် ဆောင်ရွက်ခြင်း ဖြင့် ယာဉ်ကြောပိတ်ဆို့မူများ ဖြေရှင်းနိုင်ကြောင်း ကားအရောင်းအ၀ယ်ပြုလုပ်သူများထံက သိရသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Myit Makha Mediagroup
မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ ပိတ်ဆို့နေရခြင်း၏ အဓိက အကြောင်းအရင်းမှာ အချက်ပြ မီးပွိုင့် မှန်ကန်မှုမရှိခြင်းနှင့် သတ်မှတ်လမ်းဧရိယာမပြည့်၍ဖြစ်ကြောင်း ယာဉ်မောင်းများထံက သိရသည်။

"ကားတွေ များလာတာနဲ့တော့ မဆိုင်ပါဘူး။ သူများနိုင်ငံတွေမှာဆိုရင် ကျွန်တော်တို့ နိုင်ငံထက် များပါတယ်။ ဘယ်ကားသမားပဲ မေးကြည့်ကြည့်ပါ။ မီးပွိုင့်ပေးချိန် မမှန်တာက အဓိက လိုဖြစ်နေတာ။"ဟု ရန်ကုန်မြို့တွင်း တက္ကစီပြေးဆွဲနေသူ ကျော်ထက်က ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ကိန်းကဏန်းဖြင့် ဖော်ပြသော မီးပွိုင့်များမှာ စက္ကန့် (၃၀)ကြာချိန်၊ စက္ကန့် (၉၀)ကြာချိန်သတ်မှတ်ချက်များရှိပြီး အဆိုမီးပွိုင့်များသည် မီး ၀ါ၊ စိမ်း၊ နီဖြင့်သာ အသုံးပြုနေခြင်းဖြစ် သည်။

ဖော်တော်ဦးဘုရား ဂေါပကအဖွဲ့၏ လူလည်ကျမှုတာဝနှ်ရှိသူများ သိစေချင်ဟုဆို

Photo: ဖော်တော်ဦးဘုရား ဂေါပကအဖွဲ့၏ လူလည်ကျမှုတာဝနှ်ရှိသူများ သိစေချင်ဟုဆို

November 6, 2012Home, သတင်း 

အင်းလေးဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ဝင် (၉)ဦးတို့ ၏ ဘုရားဆိုင်ခန်းများအား သတ် မှတ်စပေါ်ငွေသွင်းခြင်းမပြုဘဲ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေခြင်း၊ ဘုရားပိုင်ဆိုင် ခန်းများအား မိမိတို့သဘောဖြင့် ရောင်းစားခြင်းများပြုလျက်ရှိနေ ခြင်း၊ ဘုရားနှင့် ပတ်သက်၍ တာဝန်ကင်းစွာနေလျက်ရှိနေခြင်း တို့အား ပြည်နယ်အဆင့် တာဝန် ရှိသူများ သိရှိ၍ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ပေးစေလိုကြောင်း ဖောင်တော်ဦးဘုရား နမ့်ဟူး ကျောင်းတိုက်မှ ဆရာတော် ဦး…က ဆိုသည်။
““ဦးဇင်းက လူလည်ကျတာ မျိုး လုံးဝလက်မခံဘူး။ ဂေါပက အဖွဲ့က ဘုရားလာတယ်။ ရုံးထဲ ၀င်ထိုင်ပြီးရင်ပြန်သွားတာလဲ။ ဘုရားရင်ပြင်မှာ ပြီးတော့ ဘာမှ လိုက်လံစစ်ဆေးတာမျိုးလုံးဝမရှိ ဘူး။ ဒီဂေါပက လက်ထက်မှာ ၁၀ပေ ပတ်လည် ဆိုင်ခန်းတွေ ကို နှစ်ခန်းခွဲပြီး လူနှစ်ဦးကို ငှား တယ်။ ဒီဂေါပကက ဘယ်လောက် လူလည်ကျသလဲဆိုတော့ ဆယ် ပေခန်းတစ်ခန်းနှစ်ယောက်ပေး တာကို သူတို့က  ၁၀ပေခန်းနှစ် ခန်းကို တစ်ယောာက်တည်းယူ တယ်။ စုစုပေါင်း သူတို့(၉) ယောက်ရှိတာ ဆယ်ပေခန်းတွေ ကို နှစ်ခန်းခွဲပြီး ငှားတဲ့သူတွေ တောင် ဘုရားအတွက်ဆိုပြီး ဘာ မျှမသွင်းဘူး။ ပြီးတော့ တချို့ ဂေါပကတွေ အဲဒီဆိုင်ခန်းတွေကို (၂၆)သိန်း၊  သိန်း(၅၀)စသဖြင့် ရောင်းစားကြတယ်။ နောက်ကြ တော့ ဘာဖြစ်လာသလဲဆိုတော့ ဘုရားမှာ ဈေးသည်တွေများလာ တယ်။ ကိုယ့်သဘောနဲ့ကိုယ် ဆိုင် ခန်းတွေ ဖွင့်လာကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဂေါပကကသွား ပြောတော့ နင်တို့တောင် ဘုရား ဆိုင်ခန်းတွေ ရောင်းစားနေတာ။ ငါတို့က ဈေးရောင်းပြီးပြန်မှာဆို ပြီး ဂေါပကလူတွေကို ပြန်အော်။ အဲဒီမှာ ဂေါပကလူတွေလည်း ဘာမျှ မပြောရဲတော့ဘူး။ ဘုရား မှာ ဈေးရောင်းရင် ဘုရားဘဏ္ဍာ အတွက်လည်း ပြန်ပေးရမယ် လေ။ အခု သူတို့ကိုယ်တိုင် စည်း ကမ်းမရှိတော့ ဘယ်သူ့မှ ဘုရား ပေါ်မှာ  စည်းကမ်းဆိုတာကို မလိုက် နာတော့ဘဲ ဖြစ်ချင်သလို ဖြစ်နေတာ””ဟု နမ့်ဟူးကျောင်း တိုက်မှ ဆရာတော်ဦး…က ပြေကြားခဲ့သည်။
ဖောင်တော်ဦးဘုရား ဂေါပ က အဖွဲ့အနေဖြင့်လည်း ဘုရား ပေါ်ရှိ ဈေးသည်များထံမှ ဘုရား အတွက် သတ်မှတ်ဘဏ္ဍာငွေ များလုံးဝကောက်ခံနိုင်ခြင်းမရှိဘဲ ကောက်ခံခြင်းပြုပါကလည်းယင်း တို့၏ ဘုရားဆိုင်ခန်းများ ရောင်း စားနေမှု၊ ဘုရားပိုင်ဆိုင်ခန်းများ အား လစဉ်ငွေပေးသွင်းခြင်းမရှိ ဘဲ ကိုယ်ကျိုးအတွက် သုံးစွဲနေမှု စသည်တို့အား ပြန်လည်ထောက် ပြမည်ကိုစိုးသဖြင့် မည်သို့မျှ ဘုရားအတွက် ငွေကောက်ခံနိုင် ခြင်းမရှိကာ အချို့ဈေးသည်များ ဆိုလျှင် နှစ်ရှည် ဘုရားအတွက် ငွေမပေးကြောင်း အဆိုပါ ဦးဇင်း ၏ ပြောပြချက်အရ သိရသည်။ 

ခန့်ခန့် (ဒဿနိက)

အေးချမ်းမွန်မှ  The Hot News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :The Hot News
အင်းလေးဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့ဝင် (၉)ဦးတို့ ၏ ဘုရားဆိုင်ခန်းများအား သတ် မှတ်စပေါ်ငွေသွင်းခြင်းမပြုဘဲ မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံ
းချနေခြင်း၊ ဘုရားပိုင်ဆိုင် ခန်းများအား မိမိတို့သဘောဖြင့် ရောင်းစားခြင်းများပြုလျက်ရှိနေ ခြင်း၊ ဘုရားနှင့် ပတ်သက်၍ တာဝန်ကင်းစွာနေလျက်ရှိနေခြင်း တို့အား ပြည်နယ်အဆင့် တာဝန် ရှိသူများ သိရှိ၍ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ပေးစေလိုကြောင်း ဖောင်တော်ဦးဘုရား နမ့်ဟူး ကျောင်းတိုက်မှ ဆရာတော် ဦး…က ဆိုသည်။
““ဦးဇင်းက လူလည်ကျတာ မျိုး လုံးဝလက်မခံဘူး။ ဂေါပက အဖွဲ့က ဘုရားလာတယ်။ ရုံးထဲ ၀င်ထိုင်ပြီးရင်ပြန်သွားတာလဲ။ ဘုရားရင်ပြင်မှာ ပြီးတော့ ဘာမှ လိုက်လံစစ်ဆေးတာမျိုးလုံးဝမရှိ ဘူး။ ဒီဂေါပက လက်ထက်မှာ ၁၀ပေ ပတ်လည် ဆိုင်ခန်းတွေ ကို နှစ်ခန်းခွဲပြီး လူနှစ်ဦးကို ငှား တယ်။ ဒီဂေါပကက ဘယ်လောက် လူလည်ကျသလဲဆိုတော့ ဆယ် ပေခန်းတစ်ခန်းနှစ်ယောက်ပေး တာကို သူတို့က ၁၀ပေခန်းနှစ် ခန်းကို တစ်ယောာက်တည်းယူ တယ်။ စုစုပေါင်း သူတို့(၉) ယောက်ရှိတာ ဆယ်ပေခန်းတွေ ကို နှစ်ခန်းခွဲပြီး ငှားတဲ့သူတွေ တောင် ဘုရားအတွက်ဆိုပြီး ဘာ မျှမသွင်းဘူး။ ပြီးတော့ တချို့ ဂေါပကတွေ အဲဒီဆိုင်ခန်းတွေကို (၂၆)သိန်း၊
Related Posts Plugin for WordPress, Blogger...

ShareThis