menu

Wednesday 25 January 2012

နေပြည်တော်အနာဂတ်သဘောတူညီချက် (မှူးဇော်)

71712
နိဒါန်း
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် လက်ထက်မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးထားချက်များ ကို အကောင်အထည်ဖော်သည့် လုပ်ဆောင်ချက်များ ပါဝင်နေသော်လည်း အဓိကအားဖြင့် သမ္မတကြီးနှင့် ခေါင်းဆောင်များ၏ နိုင်ငံရေးစိတ်ရင်း စေတနာမှ ထွက်ပေါ်လာသော ရလဒ်များဖြစ်သည်။ သမ္မတကြီးအတွက် အဓိကစိန်ခေါ်မှုကြီး(၃)ရပ် (နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး)သည်

ခရီးရှည်ကို ဖြတ်သန်းခြင်း (မြတ်သစ်)



သဘောတရားများသည် မရှိမဖြစ် အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာလောက၌  သဘောတရားမရှိဘဲ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုပတ်ဝန်းကျင်နှင့် ဆက်စပ်ပြီး မိမိ၏နေရာကို မပြုလုပ်နိုင်။ ကျွန်ုပ်တို့ အသက်မရှင်သန်နိုင်။

ကိုယ်ပိုင်ကျောင်းဆရာ နှင့် အစိုးရကျောင်းဆရာ တို့အားပြိုင်တော့မည်(မြတ်ပန်းရှင်)

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဥပဒေများ ထုတ်ပြန်လာခဲ့အပြီး ကိုယ်ပိုင်ကျောင်းဆရာအလုပ် ခေတ်စားလို့ လာနေကြောင်း သတင်းရရှိပါသည်။ ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေအရ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်ရှိဖို့လိုအပ်တယ်လို့လည်း သိရပါတယ်။
အစိုးရကျောင်းဆရာများနှင့် ပုဂ္ဂလိကကျောင်းဆရာတို့ အားပြိုင်ကြတော့မည်

ပြည်သူ (ဟာကျူလီကသာ)

ဟာဂျူလီ ကသာ ဖေ့စ်ဘွတ်ခ်မှ …

အိမ်ကလေး-၉ (နေ၀င်းမြင့်)


သည်အိမ်ကို လူတွေက မြွေအိမ်ဟု ခေါ်ကြကတည်းက ကျနော် စိတ်ဝင်စားမိပါသည်။ ဘယ်လိုကြောင့် မြွေအိမ်ဖြစ်ရ တာလဲ။ သည်ရပ်ကွက်ကလေးကို ကျနော်တို့ ရောက်သွားကတည်းက သည်အိမ်အကြောင်းကို ကြားရသော်လည်း ကန ဦးကတော့ ကျနော်တို့ကိုယ်တိုင် စိတ်မဝင်စားခဲ့။ အိမ်က ကျနော်တို့ အိမ်ခြံကလေးနှင့် မနီးမဝေးမှာ ရှိသည်။ ပေလေး ဆယ် ကိုယ့်ခြံကိုယ့်ဝင်းနှင့် နေကြသော်လည်း ခြံစည်းရိုးရယ်လို့ ရှိကြသည် မဟုတ်တော့ သူ့အိမ် ကိုယ့်အိမ် ထင်းထင်း ကြီး မြင်ရလေ့ရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို သူရဦးရွှေမန်း ဦးဆောင်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့
လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်း
              ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေး ကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပါတီအား ဦးဆောင်၍ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံ
ဓါတ်ပုံ-NLD
မကြာသေးခင်ကမှ အကျဉ်းထောင်တွေအတွင်းကနေ လွတ်မြောက်လာကြတဲ့  ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်၊ ဒါဟာ  လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်ကြာ တွင်း ပထမဆုံးအကြိမ် တွေ့ဆုံဖြစ်သလို မြန်မာနိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစူကြည်နဲ့အတူ ပူးပေါင်းလက်တွဲ သွားမယ်လို့လည်း  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကပြောပါတယ်၊၊

မင်းကိုနိုင်တို့ရပ်တည်ချက်ကို ကြိုဆိုတယ်(လူထုစိန်ဝင်း)

မင်းကိုနိုင်တို့လွတ်လာပြီးနောက်တစ်ရက်မှာမိတ်ဆွေတစ်ဦးရောက်လာပြီးစကား ပြောပါတယ်။ ဒီအချိန်ဟာမင်းကိုနိုင်တို့ အားလုံးအတွက်တစ်ဘ၀စာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုမဖြစ်မနေချရတော့မယ့် အချိန်ဖြစ်တယ်လို့ယူဆကြောင်းစပြောပါ တယ်။

ရွှေဆိုင်အားဖုန်းဆက် ခြိမ်းခြောက်ပြီး ရွှေသုံးပိသာတောင်းသူအားဖမ်းမိ

မန္တလေးမြို့ပေါ်ရှိနာမည်ကြီး ရွှေဆိုင်တစ်ဆိုင်အား ဗုံးဖောက်ခွဲမည်ဆိုကာ တယ်လီဖုန်းဖြင့် ခြိမ်းခြောက်၍ ရွှေသုံးပိဿာတောင်းသူတစ်ဦးအား သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားသည်။

ဒီနှစ် အကယ်ဒမီ ဘယ်လိုလဲ.....

e4431a
နှစ်တစ်နှစ်၏ ဆန်းစကာလသို့ ရောက်ရှိပြီဆိုလျှင် ရုပ်ရှင်အနုပညာရှင်များရော၊ ရုပ်ရှင်ကိုချစ်သည့် ပရိသတ်များအတွက်ပါ ရင်ခုန်ရသည့် ပွဲတစ်ပွဲအတွက် စကားသံများ၊ သတင်းစကားများ စတင် ထွက်ပေါ်လာတတ်မြဲ ဖြစ်သည်။ မျှော်လင့်ရင်ခုန်ရင်း ကြိုတင်ပြင်ဆင်မှုများ ရှိသကဲ့သို့ ပွဲနေ့မရောက်ခင် အချိန်ထိလည်း ခန့်မှန်းသည့်၊ မျှော်လင့်သည့်၊ ရင်ခုန်သည့် ခံစားချက်အဖုံဖုံတို့ဖြင့် ကိုယ်တိုင် အတွက်တစ်မျိုး၊ ကိုယ်စားဝမ်းသာစေရန် အတွက်တစ်ဖုံ ခံစားချက်အစုံစုံ ရှိနေကြစမြဲဖြစ်သည်။ ယင်းသို့ ရုပ်ရှင်ချစ်သူတို့ အတွက် ရင်ခုန်မျှော်လင့်စရာ ပွဲတစ်ပွဲဖြစ်သည့် အကယ်ဒမီဆု ချီးမြှင့်ပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် နေပြည်တော် လဟာပြင် ကဇာတ်ရုံ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ အကယ်ဒမီနှင့် ပတ်သက်သည့် သတင်းစကား၊ အချက်အလက် တို့ကို စုစည်းဖော်ပြပေးဖြစ်ပါသည်။

မှောင်ခိုတင်သွင်းမှုများ သုံးလအတွင်းလျော့ကျသွားအောင်ဆောင်ရွက်မည်ဟုဆို

4431
ရန်ကုန်မြို့ မင်္ဂလာဈေး ၀င်ပေါက်တစ်နေရာအား တွေ့ရစဉ်
မှောင်ခိုတင်သွင်းမှုများ အား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
“မှောင်ခိုတွေ လှိမ့်သွင်းတဲ့အတွက် ပြည်တွင်းက ကုန်ပစ္စည်းထုတ်လုပ်သူတွေ စက်ရုံတွေတောင် ပိတ်ရတော့မယ့် အခြေအနေတောင် ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရတယ်။

အထွက်နှုန်းကျဆင်းမှုနှင့် ဈေးနှုန်းနိမ့်ဆင်းနေမှုကြောင့် ပဲစိုက်တောင်သူများတွက်ခြေမကိုက်

4437a
၂၀၁၂ ဇန်န၀ါရီလသို့ ရောက်လာပြီ ဖြစ်သောကြောင့် ဆောင်းပဲများ လှိုင်လှိုင်ပေါ်ထွက်လာပြီ ဖြစ်ကြောင်း၊ သို့သော် ပဲစိုက်ချိန်မှဆွတ်ခူးသည့် ကာလအတွင်း ပိုးကျသည့် ဧရိယာများခဲ့သောကြောင့် တစ်ဧကအထွက်နှုန်း သိသိသာသာ ကျဆင်းနေပြီး ဈေးနှုန်းများမှာလည်း ယခင်နှစ်ထက် နိမ့်နေသောကြောင့် ပဲစိုက်တောင်သူများ တွက်ခြေကိုက်မှု နည်းပါးကြောင်း သတင်းရရှိသည်။

ပြင်သစ်သမ္မတရွေးကောက်ပွဲ မြင်းလေးကောင်ပြိုင်သည့်ပြိုင်ပွဲ အသွင်ဖြစ်ပေါ်လာ


ကျင်းပရန် သုံးလသာလိုတော့သည့်အချိန်တွင် ပြင်သစ်သမ္မတရွေးကောက်ပွဲ၌ အဓိကပြိုင်ဘက်များ ဖြစ်သည့် လက်ရှိသမ္မတဆာကော်ဇီနှင့် ဆိုရှယ်လစ်ဝါဒီ ဖရွန်ဆွာဟော်လန်ဒေးတို့အပြင် လက်ယာစွန်းနှင့် ဗဟိုဝါဒီတို့ ပါဝင်လာခဲ့သည်။ ယခုရွေးကောက်ပွဲမှာ ၁၉၆၅ ခုမှ၂၀၀၇ ခုနှစ်ကာလအတွင်းမှာကဲ့သို့ သမ္မတလောင်းသုံးဦးသာ ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲမဟုတ်ဘဲ ပထမဆုံးအကြိမ် လေးဦးထိ ယှဉ်ပြိုင်မည့်ပွဲဖြစ်ကြောင်း လက်ဝဲယိမ်း Liberation သတင်းစာက မကြာသေးမီက ၎င်း၏ အယ်ဒီတာအာဘော်တွင် ဖော်ပြခဲ့သည်။

အခမဲ့ကြည့်ရှု နိုင်မည့်ရေပန်းရုပ်ရှင် တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းပြီးစီး

4439
ပြည်သူ့ဥယျာဉ် အပန်းဖြေက စားကွင်းအတွင်းမှ ရေပန်းရုပ်ရှင် တည်ဆောက်ပြီးစီးမှု အခြေအနေကို တွေ့ရစဉ်
ပြည်သူ့ဥယျာဉ် အပန်းဖြေ ကစားကွင်းတွင် ရေပန်းရုပ်ရှင် တည်ဆောက်မှုမှာ ၈၀ ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကာ ဖေဖော်ဝါရီလ တတိယပတ်လောက်မှ စ၍ အများပြည်သူတို့ အခမဲ့ လေ့လာကြည့်ရှုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
“ရေပန်းရုပ်ရှင်ကိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်လောက်ကစပြီး တည်ဆောက်ခဲ့တာပါ။ အခုဆိုရင်တော့ တည်ဆောက်မှုက ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ ပြီးတော့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွှေတိဂုံစေတီတော် မြတ်ကြီးရဲ့ နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အမီ ဖွင့်လှစ်နိုင်ဖို့တော့ မျှော်မှန်းထားပါတယ်”ဟု Natural World Co. Ltd မှတာဝန်ရှိသူတစ်ဦး က ပြောခဲ့သည်။

မုတ္တမ ပင်လယ်ကွေ့ကို မှတ်တမ်းရုပ်ရှင်လာရောက်ရိုက်ကူးရန် BBC ကမ်းလှမ်းထား

4435
မုတ္တမပင်လယ်ကွေ့ အနီးရှိ မြန်မာ့ကမ်းရိုးတန်း တစ်နေရာ
မြန်မာနိုင်ငံတောင်ပိုင်းရှိ မုတ္တမ ပင်လယ်ကွေ့အား မှတ်တမ်းရုပ်ရှင် လာရောက် ရိုက်ကူးနိုင်ရန် BBC က ကမ်းလှမ်းထားကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံတောင်ပိုင်းရှိ မုတ္တမ ပင်လယ်ကွေ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့နှင့် ဆက်စပ်တည်ရှိနေကာ ဆောင်းခိုငှက်များအတွက် အရေးပါသော ရေတိမ်ဒေသဖြစ်သည်။ နှစ်စဉ် ရေငှက်မျိုးစုံ အကောင်ရေ တစ်သိန်းခွဲနှင့် နှစ်သိန်းအထက် ဆောင်းခိုသည့် အရပ်ဖြစ်ပြီး Birdlife International ၏ အရေးကြီးသော ငှက်ဧရိယာ (Important Bird Area- IBA) ဖြစ်သည်ဟု သိရှိရသည်။

ပါကစ္စတန် သမ္မတ အလီဇာဒါရီ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့နှင့်သီးခြားစီတွေ့ဆုံဆွေးနွေး


ပါကစ္စတန် သမ္မတ အာဆစ်အလီဇာဒါရီသည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာခရီးအဖြစ် ဇန်န၀ါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က လာရောက်ခဲ့သည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်သွယ်ရေးတိုးမြှင့်ရန် ရည်ရွယ်သည့် ခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။

မေတ္တာမွန်ဂိုဒေါင် ပြင်းထန်စွာမီးလောင်ရခြင်းအကြောင်းဖော်ထုတ်နိုင်ပြီဟုဆို

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်ရှိ မေတ္တာမွန်သိုလှောင်ရုံဝင်းအတွင်း ဒီဇင်ဘာ ၂၉ ရက်နေ့ကဖြစ်ပွားခဲ့သည့် ပရ ဆေးဂိုဒေါင်မီးလောင်ရာ၌ ပေါက်ကွဲမှုအား များစွာပြင်းထန်ရခြင်းမှာ သိုလှောင်ထားသော ဓာတုပစ္စည်းများကြောင့်ဖြစ်သည်ဟု စုံစမ်း စစ်ဆေးရေးအဖွဲ့မှ သုံးသပ်ကြောင်း သိရသည်။

ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား ဗန်းကိုင်စာရင်းထွက်ပေါ်လာ

ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင်
၂၀၁၀ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားအတွက် ဗန်းကိုင်စာရင်းထွက်ပေါ် လာကြောင်းသိရသည်။ ယခုနှစ်အတွက် ဗန်းကိုင်လှပျိုဖြူလေးများ၏ အမည်စာရင်းမှာ- (၁) ထက်မိုးမြတ်ဦး၊ (၂) ၀င့်လဲ့နု၊ (၃) ထိုက်ဆုဝင်း၊ (၄) အိနြေ္ဒဘုန်းမြင့်၊ (၅) ယုသန္တာတင်၊ (၆) သဲနော်ဇာ၊ (၇) ခင်ရတနာစိုး၊ (၈) သဲစုနိုင် တို့ဖြစ်ကြသည်။ ယခုနှစ် ဗန်းကိုင်စာရင်းတွင် ပါဝင်သော ယုသန္တာတင်မှာ အနုပညာပျိုးခင်းက စင်တင်သည့် အနုပညာရှင် မင်းသမီးတစ်ဦး ဖြစ်ကြောင်းသိရသည်။
၂၀၁၀ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု အခမ်းအနားတွင် ဗန်းကိုင် လှပျိုဖြူများအတွက် မိတ်ကပ်၊ ပိုးထည်၊ ဖက်ရှင်(ဒီဇိုင်း)၊ လက်ဝတ်ရတနာ၊ ဖိနပ်စသည်များကို အောက်ပါကုမ္ပဏီများ
မှ ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis