menu

Friday 9 August 2013

ယူရိုယုတ္တိဗေဒ (မင်းလူ)



     ယူရို ၂၀၀၄ ဘောလုံးပွဲ ပြီးသွားသောအခါ ဝေဖန်ဆန်းစစ်မှုအမျိုးမျိုး ထွက်ပေါ်လာသည်။ အထူးသဖြင့် ၂၀၀၂ ကမ္ဘာ့ဖလားတုန်းကထက် မထင်မှတ်တာတွေ ပိုပြီးဖြစ်ခဲ့သောအချက်ကို လူပြောများသည်။
    ဗိုလ်စွဲနိုင်သည်ဟု ထိပ်ဆုံးက တစ်ပေးခံထားရသောအသင်းကြီးတွေ စောစောစီးစီး တဖြုတ်ဖြုတ် ထွက်ကုန်ကြရသည်။ နာမည်ကျော်ဘောလုံးသမားတွေ ခြေစွမ်းမပြနိုင်ဘဲ ဖြစ်ရသည်။ ဂိုးသွင်းချန်ပီယံအချို့ တစ်ဂိုးတလေတောင် မသွင်းလိုက်ရဘဲ အိမ်ပြန်သွားရသည်။ ဘောလုံးဆရာကြီးတွေ ခန့်မှန်းတွက်ချက် ဟောကိန်းထုတ်မှုများ တလွဲတချော်တွေဖြစ်ကုန်သည်။ လွဲချက်ကတော့ နီကိုရဲဝတ္ထုတွေထက်တောင် သာသေးသည်။ ဘယ်သူမှ အထင်မကြီးထားသော အသင်းကလေးက တက်ပြီး ဗိုလ်စွဲသွားသည်။
    ယူရို ၂၀၀၄ ပွဲသည် ဘောလုံးလောက၏ ကြီးကျယ်သောအချိုးအကွေ့ အပြောင်းအလဲကြီးဖြစ်သည်ဟု ဘောလုံး ဝေဖန်ရေးဆရာကြီးတွေက ဆိုကြသည်။ နာမည်ကြီးထိပ်သီးဘောလုံးသမားတွေပါတိုင်း အောင်မြင်မှုရမည်ဟု မပြောနိုင်။ အင်အားကြီးသူ နိုင်စတမ်းဆိုသော ခေတ်ကုန်သွားပြီ။ အနာဂတ်ဘောလုံးပွဲများသည် ဘောလုံးသမားချင်းယှဉ်ပြိုင်ကြခြင်း မဟုတ်တော့ဘဲ နည်းပြဆရာတို့၏နည်းဗျူဟာပြိုင်ပွဲများဖြစ်လာလိမ့်မည်ဟု သုံးသပ်ကြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis