menu

Tuesday 27 March 2012

ပြန်ပေးဆွဲခံ ဆွစ်စုံတွဲ လွတ်မြောက်


ပါကစ္စတန် တာလီဘန်တို့ ပြန်ပေးဆွဲထားရာမှ လွတ်မြောက် လာခဲ့သော ဆွစ်ဇာလန်နိုင်ငံသား စုံတွဲ။
ဓာတ်ပုံ - အေအက်ဖ်ပီ
ရာဝါပင်ဒီ - ပါကစ္စတန်တာလီဘန် တို့ ရှစ်လကျော်ကြာ ဖမ်းဆီး ထားသော ဆွစ်နိုင်ငံသားစုံတွဲတစ်တွဲသည် လွတ် မြောက်လာပြီ ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁၅ ရက်နေ့၌ ပြောသည်။
ရဲတစ်ဦးဖြစ်သော အိုလီဗီယာဒေးဗစ် အို့ခ်ျ (၃၁ နှစ်)၊ ဒင်နီလာဝတ်မာ (၂၈ နှစ်) တို့အတွက်ရွေးရန် ငွေမပေးရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒီဒီယာဘာ့ခ် ဟောလ်တာက ပြောသည်။
၎င်းတို့နှစ်ဦး သည် ပါကစ္စတန်နိုင်ငံမြို့တော်အစ္စလ မ္မာဘတ်သို့သွားရန် လေယာဉ်ပေါ်တက် စဉ် ပြုံးရွှင်စွာလက်ဝှေ့ယမ်းနှုတ်ဆက်ကြရာ ကျန်းမာနေကြောင်း ပေါ်လွင်သည်။
၎င်းစုံတွဲသည် အားလပ်ရက်ခရီး ထွက်စဉ် အနောက်တောင်ပိုင်း ပြည်နယ် ဖြစ်သော ဘလူချီစတန်တွင် ဇူလိုင်လ ၁ ရက်နေ့၌ ပြန်ပေး ဆွဲခံခဲ့ရခြင်းဖြစ်သည်။
အာဖဂန်နစ္စတန်နယ်စပ်ပေါ်ရှိ တာ လီဘန်နှင့် အယ်လ်ကေဒါတို့၏ အမာခံ နယ်မြေဖြစ်သည့် မျိုးနွယ်စုရပ်ဝန်းရှိ စစ်ဆေးရေးဂိတ်တွင် ၎င်းတို့အားတွေ့ ရှိသည်ဟု ပါကစ္စတန်နိုင်ငံမှ တာဝန်ရှိ သူများက ပြောသည်။

အစ္စလမ္မာဘတ်မြို့နှင့် ကပ်လျက်ရှိ သော ပါကစ္စတန်စစ်တပ်ဌာနချုပ် ရာဝါပင်ဒီမြို့ရှိ ကွာဆင်မ်လေတပ်စခန်းတွင် သတင်းစာ ဆရာများနှင့် ပထမဦး ဆုံးတွေ့ရှိသော ၎င်းတို့သည် ပြုံးရွှင်စွာ လက်ဝှေ့ယမ်းနှုတ်ဆက်သော်လည်း စကားပြောခွင့် မရပေ။
၎င်းတို့သည် စစ်ဘက်ရဟတ်ယာဉ်မှ ဆင်းလာပြီး မီနီဘတ်စ်ကားဖြင့် သံရုံး အရာရှိများနှင့်အတူ လေတပ်စခန်းမှ ထွက်ခွာသွား ကြောင်း မျက်မြင် သက်သေများက အေအက်ဖ်ပီသို့ ပြော ကြသည်။
၎င်းတို့ဘေးကင်းစွာ လွတ်မြောက် လာပြီး စစ်ဆေးရေးဂိတ်သို့ သတင်းပို့ ကြောင်း ထောက်လှမ်းရေးအဖွဲ့များသို့ ပြောပြသည်ဟု စစ်တပ်မှ ပြောဆိုခွင့်ရှိ သူ ဗိုလ်ချုပ် အတ်သာအက်ဘတ်စ်က အေအက်ဖ်ပီသို့ ပြောပြသည်။
ထိုစုံတွဲသည် ပါကစ္စတန်ရှိ ဘေးကင်းရာအရပ်၌ရှိနေပြီး ၎င်းကိုဆွစ်ဇာလန် နိုင်ငံသို့ ပြန်ရေးကိစ္စကို မြန်နိုင်သမျှ မြန်အောင်စီစဉ် နေကြောင်း ဆွစ်နိုင်ငံ ခြားရေးရုံးမှ ထုတ်ပြန်ချက်တွင် ဖော်ပြ ပါရှိသည်။
MM Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis