menu

Saturday 20 October 2012

တောင်းတောင် ကြေးနီစီမံကိန်း လုံခြုံရေး တာဝန်ကျနေတဲ့ ရဲအရာရှိ တချို့ ဖမ်းဆီး စစ်ဆေးခံနေရ

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ကလက်ပံ တောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့် ပေးဖို့ တောင်းဆိုတဲ့ ပြည်သူ့ ညီလာခံကျင်းပ နေစဉ်မှာပဲ စီမံကိန်း လုံခြုံရေး တာဝန်ကျနေတဲ့ ရဲအရာရှိ တချို့ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။

လုံခြုံရေး တာဝန်ကျ ရဲအုပ်အောင်ကြည်စိန်နဲ့ ရဲဒုတပ်ကြပ် အောင်ဝင်းထွန်း တို့ နှစ်ဦးဟာ မုံရွာမြို့  အမှတ် ၂ ရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးခံနေရတာပါ။

ကမ္ဘာတစ်ဝန်း အင်တာနက်သုံးနိုင်သော စမတ်ဖုန်းကိုင်ဆောင်သူ သန်းတစ်ထောင်ကျော်ရှိလာ

Photo: ကမ္ဘာတစ်ဝန်း အင်တာနက်သုံးနိုင်သော စမတ်ဖုန်းကိုင်ဆောင်သူ သန်းတစ်ထောင်ကျော်ရှိလာ

ကွန်ပျူတာတစ်လုံးကဲ့သို့ အလုပ်လုပ်နိုင်၍ အင်တာနက်ပါ အသုံးပြုနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်သူက ကမ္ဘာတစ်ဝန်းတွင် သန်းတစ်ထောင်ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

အင်တာနက်ပါ အသုံးပြုနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်သူအရေအတွက်သည် ၂၀၁၂ တတိယသုံးလပတ်တွင် သန်းတစ်ထောင်မှတ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း အမေရိကန်ရှိ သုတေသနနှင့် အကြံပေးအတိုင်ပင်ခံအဖွဲ့ကြီး Strategy Analytics ၏ စစ်တမ်းအရ သိရသည်။ ကမ္ဘာပေါ်တွင် ခုနစ်ယောက်တွင် တစ်ယောက်သည် အင်တာနက်ပါ သုံးစွဲနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်နေကြပြီဖြစ်သည်။

အင်တာနက်ပါ သုံးစွဲနိုင်သော ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကို နိုကီယာကုမ္ပဏီက ၁၉၉၆ ခုနှစ်တွင် Nokia Communicator အမည်ဖြင့် ထုတ်လုပ်ခဲ့သော်လည်း မတွင်ကျယ်ခဲ့ဘဲ ၂၀၀၇ ခုနှစ်တွင် အက်ပဲလ်၏ အိုင်ဖုန်း ထွက်လာပြီးနောက်တွင်မှ အလုပ်မျိုးစုံလုပ်နိုင်၍ အင်တာနက်ပါ အသုံးပြုနိုင်သည့် စမတ်ဖုန်းများ အလွန်အမင်း တွင်ကျယ်လာခြင်း ဖြစ်သည်။

၂၀၁၁ တတိယသုံးလပတ်တွင် ကမ္ဘာတစ်ဝန်း စမတ်ဖုန်းသုံးသူဦးရေသည် ၇၀၈ သန်းထိ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ၀ယ်လိုအားများ အလွန်အမင်း ထိုးတက်လာမှုကြောင့် ၂၀၁၂ တတိယသုံးလပတ်တွင် ၁၀၃၈ သန်းထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ သုံးစွဲသူ အရေအတွက်သည် လာမည့် သုံးနှစ်အတွင်းမှာပင် သန်းနှစ်ထောင်မှတ်ကို ကျော်လွန်မည်ဖြစ်ကြောင်းလည်း Strategy Analytics က ဖော်ပြထားသည်။

Source: AFP

မူရင်းသတင်း----Messenger News Journal
Post By :  အေးချမ်းမွန်
ကွန်ပျူတာတစ်လုံးကဲ့သို့ အလုပ်လုပ်နိုင်၍ အင်တာနက်ပါ အသုံးပြုနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်သူက ကမ္ဘာတစ်ဝန်းတွင် သန်းတစ်ထောင်ကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

အင်တာနက်ပါ အသုံးပြုနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်သူအရေအတွက်သည် ၂၀၁၂ တတိယသုံးလပတ်တွင် သန်းတစ်ထောင်မှတ်ကို ကျော်လွန်သွားပြီဖြစ်ကြောင်း အမေရိကန်ရှိ သုတေသနနှင့် အကြံပေးအတိုင်ပင်ခံအဖွဲ့ကြီး Strategy Analytics ၏ စစ်တမ်းအရ သိရသည်။ ကမ္ဘာပေါ်တွင် ခုနစ်ယောက်တွင် တစ်ယောက်သည် အင်တာနက်ပါ သုံးစွဲနိုင်သော စမတ်ဖုန်းများကို ကိုင်ဆောင်နေကြပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ငန်းများအား ကန့် သတ်ရန် တိုင်း ၀န်ကြီးချုပ် ၏ ညွန်ကြားချက်

Photo: ဒေါ်အောင်ဆန်းစုကြည် ၏ လုပ်ငန်းများအား ကန့် သတ်ရန် တိုင်း ၀န်ကြီးချုပ်     ၏ ညွန်ကြားချက်

အကြောင်းအရာ ။ ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ အစည်းအဝေး ညွန်ကြားချက်အား တင်ပြခြင်း

ရည်ညွှန်းချက် ။ ။ ၁၉-၁၀-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ကျင်းပ
...ပြုလုပ်သော အစည်းအဝေး ညွန်ကြားချက်။

အထက်ပါ အကြောင်းအရာ ပါတီကိစ္စနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် ကော့မှူးမြို့ နယ် အခြေခံ
ပညာ ဦးစီးဌာနမှ ဆရာ ၊ ဆရာမများအား ခေါ်ယူတွေ့ ဆုံခြင်း ၊ စာသင်ချိန်အတွင်း ကျောင်းဝန်း အတွင်းသို့ ဝင်ရောက် ကြည့်ရှု စစ်ဆေးများ ဆောင်ရွက်ခဲ့ပါသည်။ ၄င်းဖြစ်စဉ် အပေါ် တိုင်း
ဒေသကြီး ၀န်ကြီးချုပ်မှ "အထက် ဌာန၏ ခွင့်ပြုချက် မရဘဲ ဌာနဆိုင်ရာများသို့ လာရောက်
ကြည့်ရှု စစ်ဆေးခြင်းအား ခွင့်မပြုရန် ၊ လိမ္မာ ပါးနပ်စွာ ပြောကြားရန်" ညွန်ကြားခဲ့ ပါကြောင်း သိသာနိုင်ပါရန်နှင့် လိုအပ်သလို ညွန်ကြားနိုင်ပါရန် အစီရင်ခံ တင်ပြအပ် ပါသည်။

By Myanmar News Now
ွှThit Htoo Lwin

ခေတ်သတင်း မှကူးယူဖော်ပြပါသည်
Post By :  အေးချမ်းမွန်
အကြောင်းအရာ ။ ။ တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ အစည်းအဝေး ညွန်ကြားချက်အား တင်ပြခြင်း

ရည်ညွှန်းချက် ။ ။ ၁၉-၁၀-၂၀၁၂ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ 
ရုံးတွင် ကျင်းပ
...ပြုလုပ်သော အစည်းအဝေး ညွန်ကြားချက်။

အထက်ပါ အကြောင်းအရာ ပါတီကိစ္စနှင့် ပတ်သတ်၍ အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ် ပါတီ ဥက္ကဌ ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ၊
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် ကော့မှူးမြို့ နယ် အခြေခံ
ပညာ ဦးစီးဌာနမှ ဆရာ ၊ ဆရာမများအား ခေါ်ယူတွေ့ ဆုံခြင်း

လူသိများသော သီချင်းရေးဆရာကြီးဒေါက်တာစိုင်းခမ်းလိတ်အကြောင်း

Photo: လူသိများသော သီချင်းရေးဆရာကြီးဒေါက်တာစိုင်းခမ်းလိတ်အကြောင်း

လူသိများသော သီချင်းရေးဆရာကြီးဒေါက်တာစိုင်းခမ်းလိတ်(ရှမ်းလူမျိုး)
မန္တလေးက ထင်ရှားတဲ့ သီချင်းရေးဆရာတဦးဖြစ်တဲ့ ဆရာစိုင်းခမ်းလိတ်ဟာ ရှမ်းတိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။ ၁၉၄၉ ဧပြီလ ၂၇ ရက်နေ့မှာ အဖ နမ္မတူအမတ်ကြီး ဦးရွှေကြီး နဲ့ မိခင် ဒေါ်စိန်ဥတို့က ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ မွေးခဲ့ပါတယ်။ ဦးရွှေကြီးဟာ ရှမ်းကဗျာဆရာကြီးတဦးဖြစ်ပြီး ကလောင်နာမည်က ခမ်းကာ (တုံဟုံး) ဖြစ်ပါတယ်။

နမ္မတူ ပန်ဟိုက်ရပ်မူလတန်းေ...ကျာင်းမှာ ပညာစသင်ကြားပြီး နမ္မတူက Our Lady’s Convent ကျောင်းမှာ ၇ တန်းအထိ ပညာသင်ခဲ့ပါတယ်။ နောက်တော့ မေမြို့ (ပြင်ဦးလွင်)က စိန့်အဲလ်ဘတ် (St. Albert’s) အထက်တန်းကျောင်းကနေ ၉ တန်းနဲ့ ၁၀တန်းအောင်ခဲ့ပါတယ်။
၁၉၆၆ မှာ မန္တလေး ဆေးတက္ကသိုလ်ကို ရောက်ပြီး ဆေးဘွဲ့ရပြီးနောက်မှာ မေမြို့မှာ ၄ နှစ်၊ ရန်ကုန်မှာ ၆ နှစ်၊ မန္တလေးဆေးတက္ကသိုလ်မှာ ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆေးပင်စင်ယူခဲ့ပါတယ်။
၁၉၆၅ မှာ ရှမ်းဘာသာနဲ့ တောင်ကြားတွင်းမှ တောနှင့်တောင် သီချင်းကို ကော်ပီသံစဉ်နဲ့ စပြီးရေးခဲ့ပါတယ်။ ၁၉၆၆ မှာ ရှမ်းဘာသာနဲ့ အိမ်မက်ထဲက အချစ် ကို ကိုယ်ပိုင်သံစဉ်နဲ့ စရေးတယ်လို့ သိရပါတယ်။ ၁၉၆၈ မှာ ရှမ်းသီချင်းများစွာရေးခဲ့ပြီး ၁၉၇၃ မှာ မြန်မာကိုယ်ပိုင်သံစဉ် သီချင်းတွေကို စပြီးရေးပါတယ်။
စိုင်းထီးဆိုင်သီဆိုတဲ့ တတိယတေးစီးရီးဖြစ်တဲ့ ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံ စီးရီးက မန္တလေးရောက် ရှမ်းတယောက် သီချင်းနဲ့ စပြီးထင်ရှားခဲ့ပါတယ်။
မြန်မာသီချင်း ၅၀၀ ခန့် ရေးသားခဲ့ပြီး အများစုဟာ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ သီချင်းတွေဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ တက္ကသိုလ်များ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ အဖြစ်တာဝန်ယူပြီး ရှမ်းသီချင်းကဗျာတွေ၊ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သီချင်းတွေကို ရေးသားခဲ့ပါတယ်။ ဇနီးက ဒေါက်တာဒေါ်နွဲ့နွဲ့တင်ဖြစ်ပြီး သမီး လေး ယောက်ရှိတဲ့ အနက် နန်းခမ်းနွဲ့လိတ် ဟာ တေးသီချင်းတွေ သီဆိုတဲ့ အဆိုရှင်တဦးဖြစ်ပါတယ်။ မန္တလေးတက္ကသိုလ်အနီးက မဟာမြိုင်ရပ်မှာ မိသားစုနဲ့ နေထိုင်ပါတယ်။

စိုင်းခမ်းထွန်း

မူရင်းသတင်း---- Shan News
Post By :  အေးချမ်းမွန်
လူသိများသော သီချင်းရေးဆရာကြီးဒေါက်တာစိုင်းခမ်းလိတ်(ရှမ်းလူမျိုး)
မန္တလေးက ထင်ရှားတဲ့ သီချင်းရေးဆရာတဦးဖြစ်တဲ့ ဆရာစိုင်းခမ်းလိတ်ဟာ ရှမ်းတိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။ ၁၉၄၉ ဧပြီလ ၂၇ ရက
်နေ့မှာ အဖ နမ္မတူအမတ်ကြီး ဦးရွှေကြီး နဲ့ မိခင် ဒေါ်စိန်ဥတို့က ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ မွေးခဲ့ပါတယ်။ ဦးရွှေကြီးဟာ ရှမ်းကဗျာဆရာကြီးတဦးဖြစ်ပြီး ကလောင်နာမည်က ခမ်းကာ (တုံဟုံး) ဖြစ်ပါတယ်။

Cobra Gold မှာ မြန်မာ လေ့လာခွင့်ရဖို့ US ထောက်ခံ

Photo: Cobra Gold မှာ မြန်မာ လေ့လာခွင့်ရဖို့ US ထောက်ခံ

ဗွီအိုအေ (မြန်မာပိုင်း)
19.10.2012

နောင်နှစ်ကျင်းပမယ့် ထိုင်း၊ အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကို ဖိတ်ကြားဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ခံထားတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ George Litte ကပြောပါတယ်။ ဒါပေမယ့် ဒီဖိတ်ကြားချက်ကို အမေရိကန်နိုင်ငံကမဟုတ်ပဲ ထိုင်းနိုင်ငံက ဖိတ်ကြားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဘက်က သီးခြားအတည်ပြုချက်တော့ ထွက်မလာသေးပါဘူး။ နှစ်စဉ်ပြုလုပ်တဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သည် ထောင်ပေါင်းများစွာနဲ့အတူ ထိုင်းနဲ့ အာရှနိုင်ငံတချို့က တပ်မတော်တွေ ပူးတွဲပြီးတော့ ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

အခုလိုဖိတ်ကြားတာဟာ ၁၉၈၈ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဖြတ်တောက်မှုပြီးတဲ့နောက်ပိုင်းမှာမှ အမေရိကန် မြန်မာစစ်ရေး အရ ပူးတွဲပြီးတော့ ဆက်ဆံလာတဲ့ ပထမဦးဆုံး ခြေလှမ်းအဆင့်ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။

ပြီးခဲ့တဲ့နှစ် Cobra Gold စစ်ရေးလေ့ကျင့်မှု ဆင်နွှဲခဲ့တုန်းက အမေရိကန်တပ်သား တသောင်းခန့်၊ ထိုင်းတပ်သား သုံးရာခန့်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံက တပ်သားတွေ ပါဝင်ခဲ့ပါတယ်။ တရုတ်အပါအဝင် ၉နိုင်ငံကလည်း ဒီစစ်ရေးလေ့ကျင့်မှုကို လေ့လာသူတွေ စေလွှတ်ခဲ့ပါတယ်။

နောင်နှစ်ကျင်းပမယ့် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာတော့ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား ၊ အင်ဒိုနီးရှား၊ မလေးရှားတို့ ပါဝင်မှာဖြစ်ပြီးတော့ လေ့လာသူနိုင်ငံ ၁၃နိုင်ငံ တက်ရောက်မယ်လို့ မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။

Cobra Gold စစ်ရေးလေ့ကျင့်မှု
 
မူရင်းသတင်း----VOA
Post By :  အေးချမ်းမွန်
Cobra Gold စစ်ရေးလေ့ကျင့်မှု
နောင်နှစ်ကျင်းပမယ့် ထိုင်း၊ အမေရိကန်အပါအဝင် ဒေသတွင်းနိုင်ငံတွေရဲ့ ကမ္ဘာ့အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာနိုင်ငံကိ
ု ဖိတ်ကြားဖို့ အမေရိကန်ပြည်ထောင်စုက ထောက်ခံထားတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရသူ George Litte ကပြောပါတယ်။ ဒါပေမယ့် ဒီဖိတ်ကြားချက်ကို အမေရိကန်နိုင်ငံကမဟုတ်ပဲ ထိုင်းနိုင်ငံက ဖိတ်ကြားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဘက်က သီးခြားအတည်ပြုချက်တော့ ထွက်မလာသေးပါဘူး။ နှစ်စဉ်ပြုလုပ်တဲ့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်စစ်သည် ထောင်ပေါင်းများစွာနဲ့အတူ ထိုင်းနဲ့ အာရှနိုင်ငံတချို့က တပ်မတော်တွေ ပူးတွဲပြီးတော့ ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။

သမ္မတကြီးကို မဝေဖန်ထိုက်ကြောင်း၊ တစ်ချိန်ကပြည်ခိုင်ဖြိုးနှင့် ယခုအခြေ အနေလွဲနေဟု ဗဟိုနာယကအဖွဲ့ဝင်ဟောင်းဦးခင်ညွန့်ပြောကြားခဲ့

Photo: သမ္မတကြီးကို မဝေဖန်ထိုက်ကြောင်း၊ တစ်ချိန်ကပြည်ခိုင်ဖြိုးနှင့် ယခုအခြေ အနေလွဲနေဟု ဗဟိုနာယကအဖွဲ့ဝင်ဟောင်းဦးခင်ညွန့်ပြောကြားခဲ့.....
Myanmar Tandawsint 

သမ္မတဦးသိန်းစိန်ကို ဝေဖန်ခဲ့သည့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင်တစ်ဦးနှင့်စပ်လျဉ်း၍ တစ်ချိန်ကပြည်ခိုင်ဖြိုး စတင်ဖွဲ့စဉ်က အဓိကပါဝင်ခဲ့သည့် ဗဟိုနာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇူလိုင် ၂၉ ရက်က မြန်မာသံတော်ဆင့်နှင့်တွေ့ ဆံ...ုမေးမြန်းစဉ်ပြောကြားခဲ့သည်။

““သမ္မတကြီးကို သူမဝေဖန် ထိုက်ဘူးလေ။ သမ္မတက လုပ်ပိုင်ခွင့်ရှိတယ်လေ။ လုပ်ပိုင်ခွင့်ထဲမှာ သူလုပ်သွားတာ။ သမ္မတက တိုင်းပြည်ရဲ့ အရေးကိစ္စ၊ ပြည်သူတွေရဲ့ လိုလားချက်ကို ကြည့်ပြီးတော့မှ တကယ်လိုအပ်ချက်အတိုင်း လုပ်မှာပဲ။ တစ်ယောက်တည်း မဆုံးဖြတ်ပါဘူး။ တိုင်ပင်ဦးမှာပဲ။ တိုင်ပင်ရမယ့် ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်တာ၊ သမ္မတကြီးဆုံး ဖြတ်တာကို ပြည်သူတွေကအမှန်လို့ပဲ ခံယူတယ်။ အဘလည်း သမ္မတဆုံးဖြတ်တာကို အမှန်ပဲလို့ခံယူတယ်”” ဟု ဦးခင်ညွန့်ကပြောသည်။

ပြည်ခိုင်ဖြိုးနှင့်ပတ်သက်၍လည်း တစ်ချိန်တုန်းက ဗဟိုနာယကကြီးအဖြစ် ပါဝင်ခဲ့ကြောင်း၊ ထိုစဉ်က ရည်ရွယ်ချက်ထားရှိခဲ့သည့်လမ်းကြောင်း၊ အယူအဆစေတနာနှင့်ပတ်သက်၍မေးမြန်းခဲ့ရာ “အခုတော့ လွဲနေပြီ အဲဒါပဲ” ဟူ၍ ပြန်လည်ဖြေကြားပေးခဲ့သည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ယခင်က တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး၊ န၀တ အတွင်းရေးမှူး(၁)၊ ပြည်ခိုင်ဖြိုးအသင်းဗဟိုနာယက အဖွဲ့ဝင်တာဝန်များ ထမ်းဆောင်ခဲ့ပြီး နယက အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ ၃ ဦးမှာ ထိပ်ပိုင်းခေါင်း ဆောင် ၃ဦးအဖြစ် နိုင်ငံရေးနယ်ပယ်၌ ထင်ရှားခဲ့ဖူးသည်။

Ponnya Swe မှကူးယူဖော်ပြပါသည်။
Post By :  အေးချမ်းမွန်
သမ္မတဦးသိန်းစိန်ကို ဝေဖန်ခဲ့သည့် ပြည်ခိုင်ဖြိုးဗဟိုအလုပ်မှုဆောင်တစ်ဦးနှင့်စပ်လျဉ်း၍ တစ်ချိန်
ကပြည်ခိုင်ဖြိုး စတင်ဖွဲ့စဉ်က အဓိကပါဝင်ခဲ့သည့် ဗဟိုနာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် ဇူလိုင် ၂၉ ရက်က မြန်မာသံတော်ဆင့်နှင့်တွေ့ ဆံ...ုမေးမြန်းစဉ်ပြောကြားခဲ့သည်။

““သမ္မတကြီးကို သူမဝေဖန် ထိုက်ဘူးလေ။ သမ္မတက လုပ်ပိုင်ခွင့်ရှိတယ်လေ။ လုပ်ပိုင်ခွင့်ထဲမှာ သူလုပ်သွားတာ။ သမ္မတက တိုင်းပြည်ရဲ့ အရေးကိစ္စ၊ ပြည်သူတွေရဲ့ လိုလားချက်ကို ကြည့်ပြီးတော့မှ တကယ်လိုအပ်ချက်အတိုင်း လုပ်မှာပဲ။ တစ်ယောက်တည်း မဆုံးဖြတ်ပါဘူး။ တိုင်ပင်ဦးမှာပဲ။ တိုင်ပင်ရမယ့် ပုဂ္ဂိုလ်တွေနဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်တာ၊ သမ္မတကြီးဆုံး ဖြတ်တာကို ပြည်သူတွေကအမှန်လို့ပဲ ခံယူတယ်။ အဘလည်း သမ္မတဆုံးဖြတ်တာကို အမှန်ပဲလို့ခံယူတယ်”” ဟု ဦးခင်ညွန့်ကပြောသည်။

ရည်းစားကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့်ခုတ်

မကွေးတိုင်း ဒေသကြီး အောင်လံမြို့နယ် စစ်အောင် ကျေးရွာ ၌ အောက်တိုဘာ လ ၁၂ရက် နေ့ နေ့လည် ၂နာရီ တွင် ယင်း ကျေးရွာ၌ နေထိုင်သူ နေဝင်းထွန်း သည် ၄င်း ရည်းစားဖြစ်သူ ကို မတွေ့ရ၍ လူငါးဦးကို ဓါးဖြင့် ခုတ်ခဲ့ရာ နှစ်ဦး သေဆုံး ခဲ့ကြောင်း အဆိုပါ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူ သည် ၄င်းနှင့် ချစ်ကြိုက် ခဲ့ဖူးသူ မိ
န်းကလေးနှင့် မိသားစုရှိရာ ယာခင်းဘက် သို့ ငှက်ကြီးတောင် ဓါးကိုင်ကာ အဆိုပါ မိန်းကလေး နှင့် တွေ့ဆုံရန် ကြိုးစားစဉ် တွေ့ခွင့် မပေး သည့် ၄င်း၏ ရည်းစားနှင့် မိသားစုဝင် နှစ်ဦးကို ဓါးဖြင့် ခုတ်ပြီး ပြန်လာစဉ် လွန်ခဲ့သော သုံးနှစ်ခန့် က အမှု ရင်ဆိုင်ခဲ့သူ အမျိုးသမီး နှစ်ဦးကို လမ်းတွင် တွေ့ဆုံ သဖြင့် ထပ်မံ၍ ဓါးဖြင့် ခုတ်ခဲ့ကြောင်း၊

ရခိုင်လူမျိုးနှင့်ဘင်္ဂလီတို့ ယုံကြည်မှုပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ကူညီထောက်ပံ့

Photo: ရခိုင်လူမျိုးနှင့်ဘင်္ဂလီတို့ ယုံကြည်မှုပြန်လည်တည်ဆောက်ရေးအတွက် အမေရိကန်ကူညီထောက်ပံ့

မေသင်္ကြန်ဟိန်(မြစ်မခ)အောက်တိုဘာ ၁၉၊ ရန်ကုန်မြို့။

အောက်တိုဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမေရိကန်သံရုံးတွင်
အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ရှယ်မှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
...ခဲ့သည်။ 

အဆိုပါသ သတင်းစာရှင်းလင်းပွဲတွင်အမေရိကန်ပြည်ထောင်စုက
ရခိုင်ပြည်နယ်တွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက်လူသားချင်း
စာနာထောက်ထားသောအားဖြင့် အလှုငွေဒေါ်လာ ၂.၇၃ သန်းထောက်ပံ့ပေး
မည်ဖြစ်ကြောင်း ပြောသည်။ 

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းရခိုင်နှင့်ဘင်္ဂါလီလူမျိုး
များ၏ ပြဿနာအရေးအခင်းကြောင့် လူ ၈၀ ဦးသေဆုံးခဲ့၇ပြီး လူ ရ သောင်းခန့် နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ 

အဆိုပါ ဒေသရှိ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးအတွက်
အမေရိကန်အစိုးရက အကူအညီပေးခြင်းဖြစ်ကြောင်း ပြောသည်။ 

`အမေရိကန်အစိုးရရဲ့ ကူညီပံ့ပိုးမှုက ရခိုင်ပြည်နယ်တွင်း ရခိုင်လူမျိုးနဲ့
ရိုဟင်ဂျာတို့ရဲ့ ယုံကြည်မှု ပြန်လည်တည်ဆောက်ရေးတွက်အထောက်
အပံ့ဖြစ်စေလိုတယ်` ဟု သံအမတ် ဒဲရစ်မစ်ရှယ်က ပြောသည်။ 

အဆိုပါ ထောက်ပံ့ငွေသည် ရခိုင်ပြည်နယ်ရှိဒုက္ခသည်များအဖြစ်နေ
ထိုင်လျက်ရှိသော ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုး လူ့အသိုင်း
အ၀ိုင်းနှစ်မျိုးစလုံး အတွက်ရည်ရွယ်ခြင်းဖြစ်ကြောင်း၊အဆိုပါထောက်ပံ့ငွေ
အား နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားသော မှုနှင့်စည်းမျဉ်း
များအတိုင်း ဖြစ်ရမည်ဖြစ်ကြောင်း ပြောသည်။

အဆိုပါထောက်ပံ့ငွေကြေးအား UNHCR အတွက် ဒေါ်လာ ၂သန်း၊ UNICEF အတွက် ဒေါ်လာ၇၃၀,၀၀၀ နှင့် နောက်ထပ်ငွေ ဒေါ်လာ ၂.၇၃ ကို အမေရိကန်အစိုးရကရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂ တာဝန်ယူဆောင်
ရွက်နေသော အဖွဲ့များသို့ထပ်မံပေးလိုက်ခြင်းဖြစ်သည်။ 

ရန်ပုံငွေအသစ်ကို ရခိုင်ပြည်နယ်အတစွင်း နေရပ်စွန့်ပြေးနေရသူများ
အတွက်အိမ်၊ စခန်း များ အစားသောက်မဟုတ်သော လိုအပ်ချက်များကို
ဖြည့်ပေးရန်နှင့် ရေသန့်ရရှိရေး၊ ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေး
များအတွက် အစားအစာနှင့်အဟာရ ဖြည့်တင်းပေးရေးတို့အတွက် ယူနီဆက်က ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။ 

မြန်မာအစိုးရ၏ တောင်းဆိုချက်အရ မောင်တောဒေသရှိ ရခိုင်များမှာ ဘင်္ဂါလီများ၏ဖျက်ဆီးမှုကြောင့် ပျက်ဆီးခဲ့ရသော အဆောက်အအုံ များအား နှင့် မောင်းတောရှိနေအိမ်ပျက်ဆီးခဲ့သော ရခိုင်များအတွက် အိမ်များ ဆောက်လုပ်ခြင်းကို UNHCR ကအမေရိကန်မှ ထောက်ပံ့သော ရန်ပုံငွေထဲမှ စီမံ သုံးစွဲမည်ဖြစ်ကြောင်းသိရသည်။

မူရင်းသတင်း----Shwe Myitmakha Media Group
Post By :  အေးချမ်းမွန်
အောက်တိုဘာလ ၁၉ ရက်နေ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ အမေရိကန်သံရုံးတွင်
အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ရှယ်မှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
.ခဲ့သည်။
အဆိုပါသ သတင်းစာရှင်းလင်းပွဲတွင်အမေရိကန်ပြည်ထောင်စုက
ရခိုင်ပြည်နယ်တွင်းရှိ နေရပ်စွန့်ခွာ ထွက်ပြေးသူများအတွက်လူသားချင်း
စာနာထောက်ထားသောအားဖြင့် အလှုငွေဒေါ်လာ ၂.၇၃ သန်းထောက်ပံ့ပေး
မည်ဖြစ်ကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းရခိုင်နှင့်ဘင်္ဂါလီလူမျိုး
များ၏ ပြဿနာအရေးအခင်းကြောင့် လူ ၈၀ ဦးသေဆုံးခဲ့၇ပြီး လူ ရ သောင်းခန့် နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ရသည်။

တိုင်းရင်းသားဝန်ကြီးများ၏ လစာပြင်ဆင်ရန် လွှတ်တော်က အတည်ပြု

Photo: တိုင်းရင်းသားဝန်ကြီးများ၏ လစာပြင်ဆင်ရန် လွှတ်တော်က အတည်ပြု

ဝင့်သင်ဇာကျော် (မြစ်မခ)

ပဉ္စမပုံမှန်အစည်း ဒုတိယမြောက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် သမ္မတရုံးမှ တင်သွင်း လာသည့် တိုင်းရင်းသားရေးရာဝန်ကြီးများ၏ လစာနှင့်ပတ်သက်သော ဥပဒေဟောင်းပြင်ဆင်ရေး အဆိုအား ဆွေးနွေးရန်အတည်ပြုခဲ့ကြောင်း သိရသည်။

“တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ အဆောင်အယောင်အခမ်းအနား လစာနဲ့ပတ်သက်တဲ့ဥပဒေ အဟောင်းကိုပြင်ဖို့ ပြည်ထောင်စုဝန်ကြီးကနေ အဆိုတင်သွင်းတယ်။ အဲ့ဒါကို ဆွေးနွေး ဖို့အတည်ပြုတယ်။” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။

၎င်းအဆို ဆွေးနွေးခြင်းအား အောက်တိုဘာ(၂၂)ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်ကိုလည်း အောက်တိုဘာ(၂၂)ရက်နေ့တွင် ပြန်လည်စတင်သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဘားဂျက်သုံးငွေနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိနေခြင်းကြောင့် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမည့်အဆိုအား ပြည်ထောင်စုလွှတ်တော်ဘားဂျက်ကိစ္စ ဆွေးနွေးပြီးမှ သာ ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ဆက်ပြောသည်။

ယနေ့ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းအချို့နှင့် အဆိုတစ်ခုသာတင်သွင်း ခဲ့ပြီး လွှတ်တော် စောစီးစွာပြီးဆုံးခဲ့သည် ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

“စီးပွားရေးပိတ်ဆို့တဲ့အချိန်က နစ်နာခဲ့တဲ့အရာအတွက် အထူးအခွင့်အရေးပေးဖို့အဆိုက ဆွေးနွေး ဖို့ နောက်ကျနေတဲ့အတွက် မှတ်တမ်းပဲ တင်ထားလိုက်တယ်။ သူ့အဆိုက ဇွန်(၁၉)ရက်နေ့က တည်းက တင်ထားတာ အခုမှဆွေးနွေးတော့ အရမ်းနောက်ကျနေပြီလေ။ “ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

ပြည်သူ့လွှတ်တော်တွင် နည်းပညာအထက်တန်းကျောင်းများ ဖွင့်ပေးနိုင်ခြင်း
ရှိ/မရှိ၊ လိုင်စင်မဲ့ကား များအတွက် နစ်နာသူများအား ကားပါမစ်ပေးခြင်းရှိ /မရှိနှင့် ဆေးတက္ကသိုလ်များတွင် ဆေးပညာ ဆိုင်ရာကျင့်ဝတ်များကို ဘာသာရပ်တစ်ခုအနေဖြင့်သင်ကြားပေးနိုင်ခြင်းရှိ/မရှိတို့ကို မေးမြန်းခဲ့
သည်ဟု ၄င်းက ဆက်ပြောသည်။

မူရင်းသတင်း----Shwe Myitmakha Media Group
Post By :  အေးချမ်းမွန်
ပဉ္စမပုံမှန်အစည်း ဒုတိယမြောက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် သမ္မတရုံးမှ တင်သွင်း လာသည့် တိုင်းရင်းသားရေးရာဝန်ကြီးများ၏ လစာနှင့်ပတ်သက်သော ဥပဒေဟောင်းပြင်ဆင်ရေး
အဆိုအား ဆွေးနွေးရန်အတည်ပြုခဲ့ကြောင်း သိရသည်။

“တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ အဆောင်အယောင်အခမ်းအနား လစာနဲ့ပတ်သက်တဲ့ဥပဒေ အဟောင်းကိုပြင်ဖို့ ပြည်ထောင်စုဝန်ကြီးကနေ အဆိုတင်သွင်းတယ်။ အဲ့ဒါကို ဆွေးနွေး ဖို့အတည်ပြုတယ်။” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။

လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျလာသဖြင့် တစ်ဦးသေဆုံး




19mt1 လားရှိုးမြို့၊ ရပ်ကွက်(၂)၊ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ရေပန်းလမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်က သီပေါဖက်မှ မောင်းနှင်လာသော (၁၂)ဘီးကုန်တင်ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ကာ လမ်းဘေးသို့ထိုးကျခဲ့ပြီး လမ်းဘေးလေထိုးကျွတ်ဖာဆိုင်မှ အလုပ်လုပ်နေသူတစ်ဦးအား တိုက်ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သီပေါဖက်မှ ယာဉ်မောင်း အောင်မျိုး၊ အသက်(၂၆)နှစ် (ဘ)ဦးဘသန်း၊ နမ့်ဆန်မြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ်၂ခ/၈၈၄၉(၁၂)ဘီးကားသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ၊ ရေပန်းလမ်းဆုံအရောက်တွင် လမ်းဘေးရှိ ကျော်လေထိုးကျွတ်ဖာဆိုင်အား တိုက်မိခဲ့ရာ ဆိုင်ရှေ့တွင်ရပ်ထားသော ဆိုင်ကယ်(၂)စီးအား တိုက်ကြိတ်ကာ ကျော်လေထိုးကျွတ်ဖာဆိုင်ရှေ့တွင် အလုပ်လုပ်နေသော ဦးမောင်မောင်လေး အသက်(၄၅)နှစ်အား တိုက်ကြိတ်ခဲ့ကြောင်း သိရသည်။

အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

Photo: အာဏာရပါတီအတွင်း ကွဲလွဲမှုကြီးထွားလာ

(The Financial Times မှ 17 Oct 2012 ရက်စွဲပါ “Unrest grows in Myanmar’s ruling party” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွားလာခြင်းကြောင့် သမ္မတ ကို ထောက်ခံကြသူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှု များသည် ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက်လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲသမားများအ...ကြား ပါတီတွင်း အကွဲအပြဲဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန် ပြည်လည်အရွေးခံရသည့် ကိစ္စကအစပျိုးပေးလိုက်ပုံ ရသည်။

ယခင်နှစ် မတ်လ အာဏာရယူချိန်တွင် ပါတီဥက္ကဌတာဝန်ကို စွန့်လွှတ်ခဲ့သော သမ္မတ ဦးသိန်းစိန်အား အင်္ဂါနေ့က ဥက္ကဌ အဖြစ် ပြန်လည်ရွေးချယ်ခဲ့ခြင်းအပေါ် ၎င်းပါတီအတွင်းမှ လူများစုပင် အံအားသင့် သွားခဲ့ကြသည်။

ပါတီဥက္ကဌနေရာကို ၂၀၁၅ သမ္မတ ရွေးကောက်ပွဲအတွက် အလားအလာကောင်းသူ အောက်လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ရရှိလိမ့်မည်ဟု အများစုက မျှော်လင့်ထားကြသည်။ 

သို့ရာတွင် ရန်ကုန်မှ အကဲခတ်လေ့လာသူများကမူ “ယခုကဲ့သို့ ဦးသိန်းစိန် ကို ပြန်လည်ရွေးချယ်ခဲ့ခြင်းသည် အာဏာရှင်စစ်အုပ်ချုပ်ရေး စနစ်ဟောင်း၏ လက်ကျန်နိုင်ငံရေးယန္တရားကို နောက်ဆုံး ထပ်မံ ပြင်ဆင်လိုက်သည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်” ဟု ရှုမြင်ကြသည်။

အာဏာရှင် အသိုင်းအဝိုင်းနှင့် တပ်မတော်ကို ကိုယ်စားပြုသူအဖြစ် သတ်မှတ်ခြင်းခံထားရသော ပြည်ခိုင်ဖြိုးပါတီသည် တစ်ချိန်က ပါတီဝင် ၁၅ သန်းကျော်ရှိခဲ့ပြီး၊ လွှတ်တော်တွင်း၌လည်း တပ်မတော်သား အမတ်များမှအပ ကျန်နေရာအများစုကို ထိန်းချုပ်ထားဆဲပင်ဖြစ်သည်။

သို့သော် သမ္မတဦးသိန်းစိန်လက်ထက် သိသာသော အပြောင်းအလဲများက ပါတီကို ယိမ်းယိုင်သွားစေခဲ့သည်။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် နောက်ကောက်ကျ ရှုံးနိမ့်မှုအပေါ် ပါတီဝင် အများစုမှာ ယခုတိုင် တုန်လှုပ်နေဆဲဖြစ်သည်။

ထို့အပြင် ယခင် ခရိုနီသူဌေးကြီးများက NLD ပါတီနှင့် အခြားအဖွဲ့အစည်းများထံ ပြောင်းလဲလှူဒါန်းနေကြသောကြောင့် ပြည်ခိုင်ဖြိုး ပါတီ၏ ရန်ပုံငွေရလမ်းများ ခမ်းခြောက်လာနေပြီ ဖြစ်သည်။ အကြီးတန်းပါတီဝင်များသည်လည်း နိုင်ငံရေးရာထူး၊ အစိုးရ ကန်ထရိုက်နှင့် စီးပွားရေးခွင်များကို နောက်ထပ်မရနိုင် ကြတော့ပါ။

၃ရက်ကြာ ပါတီညီလာခံတွင် ရွေးကောက်ပွဲ မဟာဗျူဟာကို ဆွေးနွေးကြခြင်းသည် တစ်ချိန်က တန်ခိုးထွား ပါတီအတွင်း တစ်ငွေ့ငွေ့ လောင်နေသော ပြဿနာ ဖွဲ့မီးရှိကြောင်း ထင်ဟပ်နေသည်ဟု အတွင်းသတင်းများက ဆိုသည်။

ညီလာခံ ကျင်းပရာနေရာ အဝန်းအဝိုင်းတွင် တီးတိုးပြောဆိုကြသော အကြောင်းအရာများထဲတွင် အချို့က ခွဲထွက်၍ ပါတီထောင်ချင်ကြသော ကိစ္စလည်း ပါဝင်သည်ဟု သိရှိရသည်။

“ကြားဖြတ်ရွေးကောက်ပွဲအပြီး ပထမဆုံးစုဝေးတဲ့ ညီလာခံဟာ များသောအားဖြင့် အခက်တွေ့တတ်ပါတယ်။ အဆင်မပြေတာမျိုးတောင် ရှိတတ်တယ်။ ဒါပေမယ့် ဒီလိုအဖြေရလာဒ်မျိုးကို မျှော်လင့်ထားသူ အနည်းငယ်ပဲရှိပါတယ်” ဟု ရန်ကုန်အခြေစိုက် သံတမန်တစ်ဦးက ပြောကြားသည်။

လုပ်ငန်းများကို ကိုင်တွယ်ရန် ယာယီဥက္ကဌအဖြစ် တာဝန်ပေးသည်။ အောက်လွှတ်တော် ဥက္ကဋ္ဌသည် ပါတီဒုတိယ ဥက္ကဋ္ဌ ၃ဦး ထဲမှ တစ်ဦးအဖြစ် ပြန်လည်အရွေးခံရသည်။

အကဲခတ် လေ့လာသူများ၏ အဆိုအရ ပါတီ၏ ယိမ်းယိုင်မှု မှန်သမျှသည် ဦးသိန်းစိန်အပေါ် ဖိအားပိုမိုကျရောက်စေခြင်းဖြင့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ရှုတ်ထွေးစေနိုင်သည်ဟု သိရှိရသည်။ 

ရန်ကုန်မှ အကဲခတ်လေ့လာသူ တစ်ဦးက “ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုး ပါတီထဲမှာ အာဏာတည်ဆောက်နေတုန်းလို့ ထုတ်ဖော်ပြသနေပေမယ့် ပါတီသစ်ခွဲထောင်မယ့် လှုပ်ရှားမှု မှန်သမျှဟာ လွှတ်တော်မှာကော ရွေးကောက်ပွဲမှာပါ ဆန္ဒမဲအင်အား ပြန့်ကျဲသွားစေနိုင်ပါတယ်” ဟု ပြောကြားသည်။

အချို့ကမူ ပါတီနှစ်ခြမ်းကွဲစေမည့် ကိစ္စသည် ပုဂ္ဂိုလ်ရေး အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။ 
ဦးသိန်းစိန် ကဲ့သို့သော ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်သူ သူရဦးရွှေမန်းကို သစ္စာခံသူ နောက်လိုက်များဟူ၍ ရှိကြသည်။ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံးသည်လည်း အာဏာရှင် အကြီးအကဲဟောင်း၏ သစ္စာခံများ ဖြစ်ကြသည်။

ဖိနှိပ်သောအဏာရှင် တပ်မတော်အစိုးရအဖွဲ့တွင် နှစ်ပေါင်းများစွာ အမှုထမ်းခဲ့ကြပြီးအချိန်တွင် ၎င်းတို့နှစ်ဦးသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြနေကြသည်။

ဝန်ထမ်းလစာ ကိစ္စအပါအဝင် မူဝါဒနှင့် ဥပဒေပြုရေးတွင် ဝိရောဓိများ ရှိနေသော်လည်း အပေါ်ယံဆက်ဆံရေး ချောမွေ့အောင် ထိန်းသိမ်းနေကြခြင်းက ပြိုင်ဆိုင်မှု ကြီးထွားနေကြောင်း ထင်မြင်ယူဆချက်ကို ဖြစ်ပေါ်စေသည်။

“ဦးသိန်းစိန်က ဦးရွှေမန်းအား ပါတီယာယီ ဥက္ကဋ္ဌနေရာပေးခဲ့သော အကြောင်းအရင်းမှာ အိမ်ထဲမှ ထွက်မသွားအောင် ထိန်းသိမ်းရန် ဖြစ်သည်။ လောလောဆယ် တစ်ဦးကိုတစ်ဦး အပြန်အလှန် လိုအပ်နေကြသည်” ဟု သံတမန်တစ်ဦးက မှတ်ချက်ပေးသည်။

မည်သို့ပင်ဖြစ်စေ ပြည်ခိုင်ဖြိုးပါတီအပေါ် အဓိက ခြိမ်းခြောက်မှုမှာ ဒေါ်အောင်ဆန်းစုကြည်သာလျှင် ဖြစ်သည်ဟု ဆိုကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းတို့မှာ ပြည်ပနိုင်ငံသားများဖြစ်သောကြောင့် အခြေခံဥပဒေအရ သမ္မတလမ်းကြောင်းတွင် အတားအဆီး ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများ ၂၀၁၅ မတိုင်ခင် မအောင်မြင်သည့်တိုင်အောင် သူမ၏ NLD ပါတီမှာမူ အင်အားကြီးပါတီ ဖြစ်သွားပါလိမ့်မည်။ 

လွှတ်တော်အမတ် တစ်ဦးက “ခင်ဗျား ဘာတွေတွေ့လာနိုင်သလဲ ဆိုတော့ ပြည်ခိုင်ဖြိုးပါတီထဲက အခွင့်အလမ်းတွေ လက်မလွှတ်ချင်သူတွေရဲ့ အံ့သြဖွယ် အယူအဆတွေ၊ အခွင့်အလမ်း မဆုံးရှုံးအောင် ကြိုးပမ်းမှုတွေပေါ့။ ဒါမှမဟုတ် ဦးရွှေမန်းက ကိုယ်ပိုင်ပါတီ ထောင်တာမျိုးပေါ့။ ဘာမဆို ဖြစ်လာနိုင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

Tun Wai | Yangon chronicle
General Knowledge မှကူးယူဖော်ပြပါသည်
Post By :  အေးချမ်းမွန်
(The Financial Times မှ 17 Oct 2012 ရက်စွဲပါ “Unrest grows in Myanmar’s ruling party” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

တစ်ချိန်က တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုးပါတီအတွင်း မငြိမ်သက်မှုများ ကြီးထွ
ားလာခြင်းကြောင့် သမ္မတ ကို ထောက်ခံကြသူများနှင့် သမ္မတ၏ ပြုပြင်ပြောင်းလဲမှု များသည် ဒေါ်အောင်ဆန်းစုကြည်အား စင်ပေါ်ရောက်လာစေသည်ဟု အပြစ်တင်သူ ခေတ်နောက်ပြန်ဆွဲသမားများအ...ကြား ပါတီတွင်း အကွဲအပြဲဖြစ်နေပြီဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။

ယင်းကဲ့သို့ ပါတီတွင်း မကျေမနပ် ပြောဆိုကန့်ကွက်မှုများကို ပါတီဥက္ကဌအဖြစ် ဦးသိန်းစိန် ပြည်လည်အရွေးခံရသည့် ကိစ္စကအစပျိုးပေးလိုက်ပုံ ရသည်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို လာမည့်လ သွားမယ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ 

ဒါဟာ နှစ်ပေါင်း ၄၀ လောက် ကင်းကွာခဲ့တဲ့ အိန္ဒိယ နိုင်ငံကို ပြန်လည် ရောက်ရှိ မှာလည်းဖြစ်တယ်လို့ ဟိန္ဒူ စီးပွားရေး သတင်းနဲ့ The Telegraph သတင်းစာတွေက ဆိုပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရက်သတ္တ တပတ်ကြာနေထိုင်မှာဖြစ်ပြီး ဂျာဝါဟာလာ နေရူး အမှတ်တရ အနေနဲ့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိန့်ခွန်းတခု ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဆယ်ကျော်သက်တို့ အုပ်ထိန်းသူနှင့် ပွင့်ပွင့် လင်းလင်း ဖြစ်စေရန်

Photo: ဆယ်ကျော်သက်တို့ အုပ်ထိန်းသူနှင့် ပွင့်ပွင့် လင်းလင်း ဖြစ်စေရန်

19 OCTOBER 2012 

အရွယ်ရောက် ကာစ ဆယ်ကျော်သက်တွေ အနေနဲ့ အုပ်ထိန်းသူ မိဘတွေနဲ့ စကားပြောဆိုဖို့ ကြောက်ရွံ့နေ တတ်တာမျိုး တွေရှိပါတယ်။ တကယ်တော့ အရာအားလုံးကို ကြောက်နေ တတ်တာဟာ မှားယွင်း တဲ့အပြုအ မူတွေကို ပြုလုပ်မိစေတတ်ပါ တယ်။ နွေးထွေမှုရှိတဲ့ မိသားစုဆက်ဆံရေးကြောင့် ကလေးငယ် တွေရဲ့ ဘဝ ပိုမိုတိုးတက်စေဖို့ အကြံပြု ချက်လေးတွေရှိ ပါတယ်။
ကိစ္စသေးသေးလေးတွေကအစ မိဘကို ပြောပြပါ 
ကျောင်းမှာ ဘောလုံးကစားတာပဲဖြစ်စေ၊ အိမ်မှာ ဂိမ်း ကစားတာပဲဖြစ်စေ၊ သင့်သူငယ်ချင်းနဲ့ အချေအတင် စကား ပြောခဲ့တာပဲဖြစ်စေ သင်လုပ်ခဲ့တဲ့ အကြောင်းအရာတချို့ကို ည နေ ထမင်းစားဝိုင်းမှာပဲဖြစ်စေ၊ မိသားစုနဲ့အတူ ညဘက် တီဗီ ကြည့်မယ့်အချိန်မှာပဲဖြစ်စေ သင့်မိဘတွေကို ပြောပြပါ။
မသိတာကို ချက်ချင်းမေးပါ 
ရွယ်တူ သူငယ်ချင်းတွေက ပြောကြတဲ့ စကားတွေ ဥပမာ- လိင်မှုဆိုင်ရာကိစ္စနဲ့ အမျိုးသမီးရာသီစက်ဝန်းကိစ္စတွေကို ကြားသိ လာချိန်မျိုးမှာ နားမလည်တာမျိုးတွေရှိရင် မိဘနဲ့တိုင်ပင်သင့်ပါ တယ်။ လူပျိုဖော်ဝင်ချိန်မျိုးမှာ ပြောင်းလဲတတ်တဲ့ အသံပိုင်းဆိုင် ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို သင့်မိဘကနေတစ်ဆင့် သိရှိနားလည်ပြီး ပွင့်လင်းတဲ့ ဆက်ဆံရေးကို တည်ဆောက်ပါ။
လိုချင်တာနဲ့ ဖြစ်ချင်တာကို စာနဲ့ ရေးချပါ
" ငါပြောတဲ့အတိုင်းလုပ်ရမယ်၊ ငါပြောတာကိုနားထောင်ရ မယ်၊ ငါခိုင်းတာကို လုပ်ရမယ်" စတဲ့ စကားသံတွေကို ဆယ် ကျော်သက်တွေ အရမ်းကို မုန်းတတ်ကြပါတယ်။ ကိုယ့်မိဘ အုပ်ထိန်းသူတွေက ပြောနေတဲ့အချိန်မျိုးမှာ ပြန်ပြောခွင့်မရှိ လောက်အောင်ကို အခက်တွေ့ကြရတတ်ပါတယ်။ သူတို့ပြောတဲ့ အကြောင်းအရာတွေကို သင် ဘာကြောင့်လက်မခံနိုင်သလဲဆို တာ အကြောင်းရင်း တိတိကျကျရှိတယ်ဆိုရင်၊ အဲဒီ့အကြောင်းပြ ချက်တွေကို ဘယ်သူ့ကိုမှ လျှောက်ပြောဖို့ အခွင့်အရေးလည်းမရှိ ဘူးဆိုရင် စာအုပ်တစ်အုပ်ထဲမှာ ရေးချထားလိုက်ပါ။ သင့်မိဘ တွေက သင်ရေးထားတာကို တွေ့ပြီး နားလည်ပါလိမ့်မယ်။ 
သက်သောင့် သက်သာဖြစ်စေဖို့ တစ်ဦးတည်းကို အရင်မေးပါ 
အထူးသဖြင့် မျိုးပွားနည်းဆိုင်ရာကိစ္စတွေနဲ့ လိင်မှုဆိုင်ရာ ကိစ္စတွေကို အိမ်မှာ သင်နဲ့ အရင်းနှီးဆုံးလို့ ထင်တဲ့ အဖေ၊ ဒါမှ မဟုတ် အမေတစ်ဦးတည်းနဲ့ တိုင်ပင်တာက ပိုပြီး သက်သောင့် သက်သာဖြစ်စေနိုင်ပါတယ်။ 
မျက်နှာချင်းဆိုင် ဖြေရှင်းပါ 
ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒတွေကို စာထဲမှာချရေးထားရင်း သင့် ထင်မြင်ချက်တွေဟာ သင့်အတွက် မှန်ကန်တဲ့နည်းလမ်းတွေဖြစ် တယ်ဆိုရင် သင့်မိဘတွေ ကလည်း နားလည်လာနိုင်တာကြောင့် ကြာရင် လူကြီးမိဘတွေရဲ့ ယုံကြည်မှုကို လည်းရရှိစေနိုင်ပါတယ်။ ဒီတော့ သင်ပြောတာတွေကို လက်ခံ လာပါ လိမ့်မယ်။ 
အချိန်အခါနဲ့ အခြေအနေကို နားလည်ပါ 
မိဘတွေ စကားများရန်ဖြစ်နေလား၊ မိဘတွေမျက်နှာကြည် လင် ရွှင်ပျမှုရှိရဲ့လားဆိုတာမျိုးကိုတော့ နားလည်သဘောပေါက် တတ်ဖို့လိုပါတယ်။ သူတို့စိတ်ဆိုးနေချိန်မှာ သင်ကပြန်ပြောရင် ပိုပြီး စိတ်ဆိုးဒေါသထွက်စေနိုင်တာကြောင့် တစ်ယောက်တည်းပဲ အခန်းထဲမှာ ငိုချင်ရင် ငိုချလိုက်ပါ။ ဒေါသထွက်ရင် သင့်ခေါင်းအုံး ကို ထုရိုက်လိုက်ပါ။ 
ပြောစကားကို နားထောင်ပါ 
ဘာပြောပြော မှန်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ကို တစ်ခုခုခိုင်းတာပဲဖြစ်စေ၊ မှာတာပဲဖြစ်စေ သေချာ ဂရုစိုက်နား ထောင်ပေးဖို့ပါ။ သင်သိပြီးသားကိစ္စဆိုရင်တောင် ငါးမိနစ်လောက် တော့ သေချာနားထောင်ပြီး၊ မိဘတွေ ပြောတဲ့စကားဆုံးတော့မှ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာမျိုးကို ပြန်ပြောပါ။ ဘာမှ မပြော၊ မခိုင်းရ သေးခင် မလုပ်နိုင်ဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့။ 
တခြားချစ်ခင်သူကို ရှာဖွေပါ 
သင့်မိဘကိုပြောဖို့ ခက်ခဲတယ်လို့ သင့်စိတ်ထဲမှာခံစားရရင်၊ ဒါမှမဟုတ် သင့်အမေကိုပြောလို့ လက်မခံတာကြောင့်၊ သင့်အ ဖေကိုလည်းမပြောချင် ဘူးဆိုရင်တော့ သင့်ကိုချစ်တဲ့ တခြား အဒေါ်၊ အဘွား၊ ဦးလေး စတာတွေနဲ့ တိုင်ပင်ပြောဆိုဖို့ ရွေးချယ် လိုက်ပါ။  


လမင်းလေး

မူရင်းသတင်း----GOOD HEALTH
Post By :  အေးချမ်းမွန်
အရွယ်ရောက် ကာစ ဆယ်ကျော်သက်တွေ အနေနဲ့ အုပ်ထိန်းသူ မိဘတွေနဲ့ စကားပြောဆိုဖို့ ကြောက်ရွံ့နေ တတ်တာမျိုး တွေရှိပါတယ်။ တကယ်တော့ အရာအားလုံးကို ကြောက်နေ တတ်တာဟာ မှားယွ
င်း တဲ့အပြုအ မူတွေကို ပြုလုပ်မိစေတတ်ပါ တယ်။ နွေးထွေမှုရှိတဲ့ မိသားစုဆက်ဆံရေးကြောင့် ကလေးငယ် တွေရဲ့ ဘဝ ပိုမိုတိုးတက်စေဖို့ အကြံပြု ချက်လေးတွေရှိ ပါတယ်။
ကိစ္စသေးသေးလေးတွေကအစ မိဘကို ပြောပြပါ
ကျောင်းမှာ ဘောလုံးကစားတာပဲဖြစ်စေ၊ အိမ်မှာ ဂိမ်း ကစားတာပဲဖြစ်စေ၊ သင့်သူငယ်ချင်းနဲ့ အချေအတင် စကား ပြောခဲ့တာပဲဖြစ်စေ သင်လုပ်ခဲ့တဲ့ အကြောင်းအရာတချို့ကို ည နေ ထမင်းစားဝိုင်းမှာပဲဖြစ်စေ၊ မိသားစုနဲ့အတူ ညဘက် တီဗီ ကြည့်မယ့်အချိန်မှာပဲဖြစ်စေ သင့်မိဘတွေကို ပြောပြပါ။

Miss နန်းခင်ဇေယျာ People's Choice ဆု ရရှိ

Photo: Miss နန်းခင်ဇေယျာ People's Choice ဆု ရရှိ

ဂျပန်နိုင်ငံ အိုကီနာဝါ၌ ကျင်းပသည့် Miss International 2012 မှ ချီးမြင့်မည့် Miss Internet နှင့် People's Choice ဆုများကို မြန်မာပြည်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် Miss နန်းခင်ဇေယျာမှ ရရှိခဲ့ကြောင်း နန်းခင်ဇေယျာနှင့်ပတ်သက်သည့်သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြပေးနေသော သက်တံချို၏ လူမှုကွန်ရက်စာမျက်မှာတွင်ဖော်ပြထားချက်အရသိရသည်။

မူရင်းသတင်း----Popular Myanmar News Journal
Post By :  အေးချမ်းမွန်
ဂျပန်နိုင်ငံ အိုကီနာဝါ၌ ကျင်းပသည့် Miss International 2012 မှ ချီးမြင့်မည့် Miss Internet နှင့် People's Choice ဆုများကို မြန်မာပြည်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သည့် Miss နန်းခင်ဇေယျာမှ ရရှိခဲ့ကြော
င်း နန်းခင်ဇေယျာနှင့်ပတ်သက်သည့်သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြပေးနေသော သက်တံချို၏ လူမှုကွန်ရက်စာမျက်မှာတွင်ဖော်ပြထားချက်အရသိရသည်။

Popular Myanmar News Journal
Related Posts Plugin for WordPress, Blogger...

ShareThis