menu

Saturday 14 January 2012

ဧရာဝတီပုံပြင် (ဂျူး)


Among the many rivers of Myanmar, the Ayeyarwaddy River (formerly known as Irrawaddy River) is the most important and by far the largest. An about 1,550 km (960 miles) long, with a total drainage area of about 158,700 square miles (411,000 square km), the river also serves as a commercial waterway to the whole nation stretching from the north to the south before meeting the Andaman Sea. People believed that the name "Ayeyarwaddy" meaning "elephant river" came from a Sanskrit word airavati".

               ကလေးများသည် လူကြီးများထက်ပို၍ စိတ်ကူးယဉ် တတ်ကြသည်။ တစ်နည်းအားဖြင့် လူကြီးများထက်ပို၍ စိတ်ကူးဥာဏ်ကွန့်မြူးတတ်ကြသည်ဟု ဆိုရပါလိမ့်မည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်သည် လူကြီးတို့၏ အိပ်မက်ထက်ပို၍ လှပဆန်းကြယ်လေ့ရှိသည်။ ထို့ကြောင့်လည်း ကလေးတို့၏ အိပ်မက်ကို လက်မခံနိုင်သော လူကြီးများက ရယ်မောကာ မေ့ပျောက်ပစ်လိုက်ကြခြင်းဖြစ်သည်။ သို့သော် အဖေကတော့ အခြားလူကြီးများလို သား၏ အိပ်မက်ကို မမေ့နိုင်ခဲ့ပေ။

ပြုပြင်ပြောင်းလဲမှုများအတွက်အချိန်သတ်မှတ်ပေးပြီး အကြမ်းဖက်မှုများနှိမ်နင်းသွားမည်ဟု ဆီးရီးယားသမ္မတပြောကြား


ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်က ကတိပေးထားသော ပြုပြင်ပြောင်းလဲမှုများအတွက် အချိန်သတ်မှတ်ပေးခဲ့ပြီး အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမည်ဟု ဇန်န၀ါရီလ ၁၀ ရက်နေ့က ပြောကြားခဲ့သော မိန့်ခွန်းတွင် အတည်ပြုပြောကြားခဲ့ရာ အတိုက် အခံတို့က ဝေဖန်ခဲ့ကြသည်။

အာဖဂန်ရောက် စစ်သားများလုပ်ရပ် အမေရိကန် ရှုတ်ချ

တာလီဘန်အလောင်းတွေကို အမေရိကန် ကမ်းတက်တပ်သားတွေက ၀ိုင်းဝန်းကျင်ငယ် စွန့်နေကြတဲ့ပုံကို ဖော်ပြထားတဲ့ ဗွီဒီယို မှတ်တမ်းအပေါ် အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

အပျော်တွေလွှမ်းခဲ့တဲ့ ညနေ (ညီသစ်)


မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အားလုံး မျှော်နေခဲ့တဲ့ နေ့ကတော့ ဇန်န၀ါရီ ၁၃ ရက်နေ့မှာ အကောင်အထည် ပေါ်လာခဲ့ပါပြီ။ တရက်ကြိုပြီး ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၆၅၁ ယောက်မှာ နိုင်ငံရေး အကျဉ်းသားတွေ အများဆုံး ပါမယ် ဆိုတာကြောင့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ အဖွဲ့ရဲ့ မိသားစုဝင်တွေ အပါအ၀င် ကျန် ယုံကြည်မှုကြောင့် အကျဉ်းကျနေသူတွေရဲ့ မိသားစုဝင်တွေဟာ မယုံတ၀က် အပျော်တ၀က်နဲ့ သတင်းကောင်းကို စောင့်မျှော်နေခဲ့ရတာပါ။

အိမ်ကလေး ၁၁ (နေ၀င်းမြင့်)


လက်သမားဆရာ ကိုသာဆောင်တို့ လင်မယား ကျနော်တို့အိမ်နှင့် မနီးမဝေးကို ပြောင်းလာတာ မကြာသေးပါ။ က လေးတွေက တပြုံတောင်ကြီး ပါလာသည်။ ငယ်စဉ်ကြီးလိုက်ဆိုတော့ ခြောက်လုံးပတ်ကလေးတွေ ထောင်ထားတာ နှင့်ပင် တူတော့သည်။ ကိုသာဆောင်မယား မစိန်နွဲ့ကတော့ ရောဂါသည်ပုံ ပေါက်နေသော်ငြား ပဋိသန္ဓေတည်ခြင်း အ င်္ဂါသုံးပါးဖြစ်သော မိဘနှစ်ပါး ပေါင်းဆုံခြင်းလည်း တပါး၊ အမိဥတု စဲစဝမ်းအိမ်၌ အညစ်အကြေး ကင်းရှင်းခြင်းလည်း တပါး၊ သဋိသန္ဓေ တည်မည့် သတ္တဝါ ရှေးရှုတည်လာခြင်းလည်း တပါးတို့ကြောင့် နှစ်နှစ်ခြားလျှင် တသား မှန်မှန်ကြီး ပေါက်ရှာသူဖြစ်၏။ ကိုသာဆောင်ကတော့ လက်သမားဆရာဖြစ်သည်။ မြင်းခြံနယ် မြောက်လက်ကျေးရွာတရွာကဖြစ် သည်။

ဆက်သွယ်ရေးမှ လူကြီးမင်းများခင်ဗျာ (မာဂျေ)

ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများခင်ဗျား၊ နိုင်ငံအတွင်း တစ်ခုတည်းသော ဆက်သွယ်ရေးဌာနဖြစ်သည့် လူကြီးမင်းတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအပေါင်း သုံးစွဲနေရ သည်မှာ ငြင်းမရသောအချက် ဖြစ်ပါသည်။
ယခုအခါ တယ်လီဖုန်းများ ပေါလာသည်နှင့်အမျှ ခေါ်ဆိုရခက်ခဲမှုများ ကြုံတွေ့လာရပါသည်။
သူငယ်ချင်း တစ်ဦးကမူ ယခုအယူအဆမှာ မှားကြောင်း၊ ဖုန်းများ ရှားပါးပစ္စည်းဘ၀ကလည်း ဆက်သွယ်ရခက်ကြောင်း ပြောပါ သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်

ပြင်သစ် နိုင်ငံခြားရေး ရာနှင့် ဥရောပရေးရာဝန်ကြီး မစ္စတာ ALain juppe` သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်ထိ တရားဝင် ခရီးလာရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြင်သစ် သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။ ထို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးခရီး ဖြစ်သည်။ ထိုခရီးတွင် ပြင်သစ်ဝန်ကြီးသည် မြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် အာဏာပိုင်များ ၏ အမျိုးသားပြန်လည်သင့် မြတ်ရေး ၊ လူ့အခွင့်ရေးနှင့် တိုင်းရင်းသားရေး ၊ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြင့်စွာ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် အားပေးရန် ဖြစ်ကြောင်း သိရသည်။

မြန်မာ-အမေရိကန် သံအမတ်ကြီးအဆင့် ဆက်သွယ်တော့မည်


ဓာတ်ပုံ US State Department

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား အများအပြားကို လွှတ်ပေးလိုက်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့တာလို အပြောင်းအလဲတွေ ထွက်ပေါ်လာတဲ့အတွက် အမေရိကန် အစိုးရက ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က ကြေညာလိုက်ပါတယ်။ မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးတွေ အပြန်အလှန် ခန့်အပ်တဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း သောကြာနေ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ပြုလုပ်တဲ့ အထူးသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားလွှတ်ပေးမှု အိုဘားမားချီးကျူး


မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အတော်များများ ပြန်လွှတ်ပေးလိုက်တာကို အမေရိကန်သမ္မတ ဘရက်အိုဘားမားက
“ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် ထိရောက်တဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဘယ်လို အားပေးနိုင်တယ်၊ နှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို တိုးတက်လာနိုင်တယ် ဆိုတာ ကျနော် လွန်ခဲ့တဲ့နှစ်လလောက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ရော၊ သမ္မတ ဦးသိန်းစိန်နဲ့ရော ဆက်သွယ် ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ဟီလာရီကလင်တန်ဟာ ရာစုဝက်အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။

တံခါးဟောင်းကြီးရဲ့ တကျွိကျွိမြည်သံ(မောင်ဝံသ)

“ဒီကနေ့ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံရေး အပြောင်းအလဲတွေအကြောင်း စဉ်းစားတဲ့အခါ ကျွန်တော်က သဘောလွယ်သူပဲပြောပြော သံသယထက် ယုံကြည်မှုကို ရှေ့တန်းပိုတင်ပြီး လုပ်ဆောင်ချင်သူ ဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ရင်တော့ လုပ်တဲ့သူတွေကို သမိုင်းခုံရုံးက ပြစ်ဒဏ်စီရင်ချက်ချမှာပေါ့ဗျာ …”

ပြည်တွင်းမှာ Google ဆာဗာ ထားမယ်ဆိုရင်

ဂူဂဲလ်ဆာဗာကို ပြည်တွင်းမှာ လာထားမယ်ဆိုရင် အိုင်တီနဲ့ ပတ်သက်တဲ့ နည်းပညာသမား တွေ အခွင့်အလမ်းတွေ ပိုများလာနိုင်သလို ပိုပြီးကြိုးစားဖို့လည်း လိုအပ်တယ်လို့ သိရတယ်။

သည်ရက်ပိုင်းမှာ ဂူဂဲလ်ဆာဗာကို ပြည်တွင်းမှာ လာထားမယ်ဆိုပြီး သတင်းတွေကြားနေရပါ တယ်။ လာထားမယ်ဆိုရင် ဂူဂဲလ်က ရုံးခန်းလောက်ပဲ လာဖွင့်နိုင်တယ်လို့ ပြောတဲ့သူရှိတယ်လို့ ဆိုသူလဲ ရှိပါ တယ်။ ဂူဂဲလ်ဆိုတာ နည်းပညာလောကကို ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ပြည်တွင်းမှာ ဂူဂဲလ် ဆိုတာနည်းပညာလောကကို ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ အတွက် ပြည်တွင်းမှာ ဂူဂဲလ်ဆာဗာပဲ လာ ထားထား၊ ရုံးခန်းပဲလာထားထား အိုင်တီနည်းပညာသမားတွေအခွင့်အလမ်းတွေ ပိုတိုးလာနိုင်မှာဖြစ်တယ်လို့ သိရတယ်။

ဖိုးချစ် ဇာတ်အဖွဲ့ ကားမှောက်မှု နှစ်ဦးသေဆုံး

သရုပ်ဆောင် ဇာတ်မင်းသားဖိုးချစ်ရဲ့ ဇာတ်အဖွဲ့ကားတိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာ ရရှိမှု ဇန်န၀ါရီလ ၉ ရက်နေ့က ဖြစ်ပွားကြောင်း သိရတယ်။

မကွေးတိုင်းဒေသကြီးရေနံမြေဘက်ကို ဇာတ်ကဖို့အသွားမှာ အခုလိုယာဉ်တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး သတင်းစာရှင်းလင်းပွဲပြုလုပ်

လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဇန်န၀ါရီလ (၁၄)ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis