menu

Tuesday 3 September 2013

အိန္ဒိယလည်း ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် တစ်စီး ပိုင်ပြီ

အိန္ဒိယလည်း ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ် တစ်စီး ပိုင်ပြီ

Boeing C-17 Globemaster III လို့အမည်ရတဲ့ လေယာဉ်ပါ။ ယင်းလေယာဉ်ကို ပိုင်ဆိုင်ရင် စစ်အင်အားကြီးတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အသတ်မှတ်ခံရပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံကတော့ အမေရိကန် ဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံ တွေကတော့ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ကာတာ၊ ယူအေအီး၊ နေတိုးတပ်ပေါင်းစု တို့ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း ထပ်တိုးလာတဲ့ နိုင်ငံ တစ်နိုင်ငံကတော့ အိန္ဒိယ ဖြစ်ပါတယ်။

ကုန်းကြောင်း၊ ရေကြောင်း စစ်အင်အား ဖြည့်တင်းမှုနဲ့အတူ လေကြောင်း စစ်အင်အား ဖြည့်တင်းဖို့အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ လေယာဉ် ဖြစ်ပြီး တစ်ခါပျံသန်းဖို့အတွက်လည်း ကုန်ကျစရိတ် များပါတယ်။ ဒါကြောင့် အိန္ဒိယ စစ်တပ်က တစ်စီးပဲ ဝယ်ယူသေးတာ ဖြစ်ပါတယ်။ လေယာဉ်ကို ၁၉၉၁ ခုနှစ်ကစပြီး ယနေ့တိုင် အမေရိကန်တို့ ထုတ်လုပ်လျက် ရှိနေပါသေးတယ်။

တိုက်ခိုက်ရေးအတွက် ဒုံး၊လောင်ချာတို့ အစုံအလင်ပါရှိပြီး လေထီးခုံ စစ်သားချည်းကိုလည်း အယောက် ၁၀၀ ကျော် တင်ဆောင်နိုင်ပါတယ်။ ဥရောပနဲ့ အရှေ့ အလယ်အပိုင်းက စစ်ပွဲတွေမျာ နေတိုးတပ်ဖွဲ့နဲ့ အမေရိကန်တို့ အသုံးများခဲ့ပြီး ယနေ့တိုင် ကမ္ဘာ စစ်တပ်ကြီးများက မျက်စိကျနေတဲ့ လေယာဉ် ဖြစ်ပါတယ်။ ရုရှားမှလည်း ယင်းကဲ့သို့ ကမ္ဘာ့အကြီးဆုံး စစ်လေယာဉ်မျိုးကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။ အန္ဒိယ စစ်တပ်ဟာ မျော်လင့်မထား နိုင်တဲ့ ပင်လယ်ကွေ့ စစ်ပွဲ၊ နယ်စပ်စစ်ပွဲ အတွက်ရည်ရွယ်လို့ ဝယ်ယူအားဖြည့် ထားခြင်း ဖြစ်ပြီး တိုင်းပြည် စစ်အင်အားကို ထပ်မံတိုးချဲ့ သွားဖို့ ရှိကြောင်း သိရပါတယ်။
.
Ref: Xinhua
ColyaAutomobile

http://myawadynews.blogspot.com/2013/09/blog-post_7553.html

Boeing C-17 Globemaster III လို့အမည်ရတဲ့ လေယာဉ်ပါ။ ယင်းလေယာဉ်ကို ပိုင်ဆိုင်ရင် စစ်အင်အားကြီးတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ် အသတ်မှတ်ခံရပါတယ်။ ထုတ်လုပ်တဲ့ နိုင်ငံကတော့ အမေရိကန် ဖြစ်ပြီး လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံ တွေကတော့ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ၊ ကနေဒါ၊ ကာတာ၊ ယူအေအီး၊ နေတိုးတပ်ပေါင်းစု တို့ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း ထပ်တိုးလာတဲ့ နိုင်ငံ တစ်နိုင်ငံကတော့ အိန္ဒိယ ဖြစ်ပါတယ်။
ကုန်းကြောင်း၊ ရေကြောင်း စစ်အင်အား ဖြည့်တင်းမှုနဲ့အတူ လေကြောင်း စစ်အင်အား ဖြည့်တင်းဖို့အတွက် ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးပါ။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ လေယာဉ် ဖြစ်ပြီး တစ်ခါပျံသန်းဖို့အတွက်လည်း ကုန်ကျစရိတ် များပါတယ်။ ဒါကြောင့် အိန္ဒိယ စစ်တပ်က တစ်စီးပဲ ဝယ်ယူသေးတာ ဖြစ်ပါတယ်။ လေယာဉ်ကို ၁၉၉၁ ခုနှစ်ကစပြီး ယနေ့တိုင် အမေရိကန်တို့ ထုတ်လုပ်လျက် ရှိနေပါသေးတယ်။

ကားချင်းဆက်သွယ်သည့် နည်းပညာ အမေရိကန်တွင် အသုံးပြုမည်

ကားချင်းဆက်သွယ်သည့် နည်းပညာ အမေရိကန်တွင် အသုံးပြုမည်

တီထွင်ရင်း တီထွင်ရင်းနဲ့ ကားတွေဟာ ကြာလာတော့ သင်္ဘောတစ်စီး လိုပဲ ဖြစ်လာတော့မယ် ထင်ပါတယ်။ ကား အချင်းချင်း ဆက်သွယ် လို့ရအောင် တီထွင်လိုက်တဲ့ နည်းပညာ သစ်ကတော့ DSRS လို့ ခေါ်တဲ့ Dedicated Short Range Communication စနစ် ပဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု Michigan ပြည်နယ်က Ann Brbor မြို့ မှာ စတင် စမ်းသပ် အသုံးပြုနေပါပြီ။ သင်္ဘောတစ်စီးလိုပါပဲ တစ်စီးနဲ့တစ်စီး ရေဒါ စက်ဝိုင်းအတွင်းသို့ ရောက်လာရင် အချက်ပေးစနစ် အမျိုးမျိုးနဲ့ သတင်း ပို့ပြီး ယာဉ်တိုက်မှု အန္တရာယ်က ကင်းဝေးအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ ကား တစ်စီးနဲ့ တစ်စီး လည်း ဆက်သွယ် စကားပြောလို့ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ ယာဉ်စည်းကမ်း လုံခြုံရေး တပ်ဖွဲ့ ကားနဲ့ လုံခြုံရေး ကား များမှာ စတင် အသုံးပြုစေမှာ ဖြစ်ပါတယ်။ နောက်တော့မှ တစ်ဆင့်ချင်းစီ သာမန် ကားငယ် များအထိ အသုံးပြုစေမှာ ဖြစ်ပါတယ်။

ယင်း နည်းပညာ အရ ကားအားလုံးမှာ ရေဒါစနစ် ထည့်သွင်းနိုင်မယ့် OBD စနစ်လည်း လိုအပ်ပါသေးတယ်။ မြန်မာခေါ် ကားကွန်ပြူတာ Box ဖြစ်ပါတယ်။ ဒါ့အပြင် Alarm system အမျိုးမျိုးလည်း ပါရှိရအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ကားတစ်စီးရဲ့  နည်းပညာက တစ်နှစ်ထပ် တစ်နှစ် ပိုမို မြင့်တက်လာဖို့ပဲ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ၂ နှစ်၊ ၃ နှစ်အတွင်း အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရ ပါတယ်။
.
Ref: autoblog
ColayAutomobile

http://myawadynews.blogspot.com/2013/09/blog-post_7822.html

တီထွင်ရင်း တီထွင်ရင်းနဲ့ ကားတွေဟာ ကြာလာတော့ သင်္ဘောတစ်စီး လိုပဲ ဖြစ်လာတော့မယ် ထင်ပါတယ်။ ကား အချင်းချင်း ဆက်သွယ် လို့ရအောင် တီထွင်လိုက်တဲ့ နည်းပညာ သစ်ကတော့ DSRS လို့ ခေါ်တဲ့ Dedicated Short Range Communication စနစ် ပဲ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စု Michigan ပြည်နယ်က Ann Brbor မြို့ မှာ စတင် စမ်းသပ် အသုံးပြုနေပါပြီ။ သင်္ဘောတစ်စီးလိုပါပဲ တစ်စီးနဲ့တစ်စီး ရေဒါ စက်ဝိုင်းအတွင်းသို့ ရောက်လာရင် အချက်ပေးစနစ် အမျိုးမျိုးနဲ့ သတင်း ပို့ပြီး ယာဉ်တိုက်မှု အန္တရာယ်က ကင်းဝေးအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ ကား တစ်စီးနဲ့ တစ်စီး လည်း ဆက်သွယ် စကားပြောလို့ရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး အနေနဲ့ ယာဉ်စည်းကမ်း လုံခြုံရေး တပ်ဖွဲ့ ကားနဲ့ လုံခြုံရေး ကား များမှာ စတင် အသုံးပြုစေမှာ ဖြစ်ပါတယ်။ နောက်တော့မှ တစ်ဆင့်ချင်းစီ သာမန် ကားငယ် များအထိ အသုံးပြုစေမှာ ဖြစ်ပါတယ်။

ရေဆင်းကူးသည့် သားခြေဖဝါး ဖခင်က ဓားလှီးဆားသိပ်

ရန်ကုန်၊ စက်တင်ဘာ ၂

ရပ်ကွက်တွင်းရေကန်မှ ရေကူးပြီး ပြန်လာသော အသက် ၁၁ နှစ်အရွယ် သား၏ခြေဖဝါး နှစ်ဖက်ကို ဖခင်ဖြစ်သူက ဓားဖြင့်လှီးကာ ဆားသိပ်ခဲ့မှု သြဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်က ရွှေပြည်သာမြို့နယ် ၅/၂ ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အောင်က The Voice သို့ ပြောကြားသည်။

သားသမီးလေးဦး ရှိသည့်အနက် ဒုတိယမြောက် သားဖြစ်သူသည် အကြိမ်ကြိမ်ပြောဆို ဆုံးမသော်လည်း နားမထောင်သဖြင့် ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အသက် ၃၂ နှစ်အရွယ်ရှိ ဖခင် ဦးဇော်မင်းဦးက နယ်ထိန်းရဲကို ပြောကြားခဲ့ကြောင်း ၎င်းကိုလိုက်လံ ဖမ်းဆီးသူများထဲတွင် ပါဝင်သူ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

မန္တလေးတွင် ရဲအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား

မန္တလေးဆေးရုံကြီး ရင်ခွဲရုံ အပေါက်မှ သေဆုံးသူ ရဲအလောင်းကို ထုတ်ယူလာစဉ် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)
 မန္တလေးတိုင်း ရဲရုံးတွင် တာဝန်ကျနေသော ရဲအချင်းချင်း စကားများရာမှ သေနတ်နှင့် ပစ်ခတ်မှု စက်တင်ဘာလ ၂ရက်နေ့ ဖြစ်ပွားခဲ့ရာ ရဲတစ်ဦး သေဆုံးခဲ့သည်။
ယင်းနေ့ ညပိုင်း ၁၁နာရီအချိန်တွင် မှုခင်းအကူတပ်ဖွဲ့ရုံးတွင် ရဲအုပ်ဦးမောင်တင့်ကို ဒုရဲအုပ် သိန်းသန်းစိုးမှ တာဝန်ကျရာ အခန်းတွင်းသို့ ၀င်ရောက်ပြီး ခြောက်လုံးပြူးသေနတ်ဖြင့် ဘယ်ဘက်နားထင်သို့ ပစ်ခတ်ရာ ကျည်ဆန်တုတ်ချင်းပေါက်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ပစ်သတ်ရသည့် အကြောင်းရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
တရားခံ ဒုရဲအုပ် သိန်းသန်းစိုးမှာ ယခင်က ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အကြမ်းဖက်နှိမ်နင်းတိုက်ဖျက်ရေးဘက် ပြောင်းလာခဲ့ပြီး လက်ရှိတွင် မှုခင်းအကူဌာနစိတ်တွင် ဒုရဲအုပ်ဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

၅ ဦးစာအခန်းတွင် လူ ၃၀ မျှ နေထိုင်ရသည့် အယ်လ်ဆာဗေးဒိုး အကျဉ်းသားများ

လူပေါင်း(၃၀)မျှကို ကွန်တိန်နာ အသေးစားလေး တစ်လုံးစာမျှ အခန်းထဲတွင် ပြွတ်သိပ်စုပြုံထည့်ကာ ချုပ်နှောင်ထားခြင်းသည် လူမဆန်သော ဖိနှိပ်မှု တစ်ခုအနေဖြင့် ပြစ်တင်စရာ ဖြစ်နေသော်လည်း အယ်လ်ဆာဗေးဒိုး အကျဉ်းဦးစီး အာဏာပိုင်များအတွက် ယင်းအခြေအနေကို ပြောင်းလဲရန် အဖြေမရှာနိုင်သေးဘဲ ရှိနေဆဲ ဖြစ်သည်။ နိုင်ငံအတွင်း ဆိုးရွားသောင်းကျန်းလွန်းလှသည့် MS-13နှင့် MS-18 လူရမ်းကား ဂိုဏ်းနှစ်ခုမှ အဖွဲ့ဝင်များကို အချင်းချင်း ရောနှောထားရန် မဖြစ်နိုင်သည့်နောက် သီးခြားခွဲထားရန်အတွက် ယခုကဲ့သို့ အကျဉ်းခန်းငယ်လေးများကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။

အလျား(၁၅)ပေ၊ အနံ(၁၂)ပေမျှသာ ကျယ်ဝန်းပြီး လူတစ်ရပ် သာသာမျှသာ အမြင့်ရှိသည့် အကျဉ်းခန်းငယ်လေးများသည် (၇၂)နာရီကြာ ယာယီထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့်သာ ဒီဇိုင်းထုတ် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ သာမန်အားဖြင့် ယင်းအခန်းလေးများတွင် လူ(၅)ဦးထက် ပိုထားရန် မသင့်တော်ချေ။ သို့သော်လည်း လက်ရှိ အခြေအနေတွင် ယင်းတို့ကို အမြဲတမ်း အချုပ်ခန်းများ အနေဖြင့် မဖြစ်မနေ အသုံးပြုနေရခြင်း ဖြစ်သည်။

ရှပ်ပြေးနှင့် ပဲ့ထောင်တိုက် အမျိုးသမီးတစ်ဦး ပျောက်ဆုံး

ကန်ကြီး ထောင့်မြို့နယ်အပိုင် ရှမ်းငူကျေး ရွာအနီးမှ ငဝန်မြစ်ထဲတွင် ခရီး သည်တင် ရှပ်ပြေးသင်္ဘောနှင့် စက်တပ်ပဲ့ထောင်လှေတို့ တိုက်မိ ရာ ပဲ့ထောင်တွင်ပါလာသည့် အ မျိုးသမီးတစ်ဦး ရေထဲပြုတ်ကျ၍ ပျောက်ဆုံးနေကြောင်း သိရသည်။
ပုသိမ်ခရိုင် ငပုတောမြို့ နယ် သင်္ကန်းကုန်းကျေးရွာမှ ပု သိမ်မြို့သို့ပြေးဆွဲသော နဒီရွှေစင် အမည်ရှိ ရှပ်ပြေးခရီးသည်တင် သင်္ဘောနှင့် သာပေါင်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာမှ အိမ် မဲမြို့သို့သွားရန် မောင်းနှင်လာ သည့် စက်တပ်ပဲ့ထောင်လှေတို့ တိုက်မိခြင်းဖြစ်ပြီး စက်လှေပေါ် တွင်ပါရှိသူများထဲမှ မချိုချိုအေး ၂၅နှစ်(ဘ)ဦးဘကျိုး၊ ကျောက် စရစ်ကုန်းကျေးရွာ သာပေါင်းမြို့ နယ်နေသူမှာ မြစ်အတွင်းပြုတ် ကျပြီး ပျောက်ဆုံးလျက်ရှိသည် ဟုသိရသည်။

ဆီးရီးယားအား အမေရိကန်တိုက်ခိုက်ပါက ဆီးရီးယားနိုင်ငံ ပြင်ပတွင်ပါတုံ့ပြန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အီရန်သတိပေး

ဆီးရီးယားအား အမေရိကန်တိုက်ခိုက်ပါက ဆီးရီးယားတွင်သာမက ဆီးရီးယားနိုင်ငံ ပြင်ပတွင်ပါတုံ့ပြန်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း အီရန်သတိပေး
( Mizzima - News in Burmese )

အမေရိကန်အနေဖြင့် ဆီးရီးယားအားတိုက်ခိုက်ပါက ဆီးရီးယားနိုင်ငံတွင်သာမက ဆီးရီးယားနယ်နိမိတ် ပြင်ပတွင်လည်း တုံ့ပြန်မှုများပေါ်ပေါက်လာနိုင်သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (Revolut- ionary Guards) ၏ အကြီးအကဲက သတိပေးလိုက်ကြောင်း စက်တင်ဘာ ၁ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံမှာ အီရန်၏ အဓိကမဟာမိတ်နိုင်ငံလည်း ဖြစ်သည်။
“စစ်ရေးအရ ကြားဝင်တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ နယ်နိမိတ်အတွင်းလောက်မှာပဲ အကျိုးဆက် တွေဖြစ်လာမှာလို့ အမေရိကန်ကယုံကြည်နေတာဟာ အတွေးမှားတစ်ခုပဲ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ကြောင့်၊ အဲဒီ့နိုင်ငံရဲ့ပြင်ပမှာလည်း တုံ့ပြန်မှုတွေဖြစ် ပေါ်လာနိုင်ပါတယ်” ဟု တော်လှန်ရေးအစောင့် တပ်ဖွဲ့ အကြီးအကဲမိုဟာမက်အလီဂျာဖာရီက ပြောခဲ့သည်။

“အစ္စလာမ်မစ်ကမ္ဘာအပေါ် အမေရိကန်ရဲ့စစ်ရေးတိုက်ခိုက်မှုတွေကြောင့် အစွန်းရောက်ဝါဒကို အား ကောင်းလာစေခဲ့ပါတယ်။ ဒါကြောင့် ဆီးရီးယားကိုကျူးကျော်ရန်စမယ်ဆိုရင်လည်း အီရတ်နဲ့အာဖဂန် နစ္စတန်ကိစ္စတွေတုန်းကလိုပဲ အကြမ်းဖက်ဝါဒ ခေါင်းထောင်လာနိုင်ပါတယ်။ ရလဒ်ကတော့ နာကျင်မှု တွေ၊ အစုလိုက်အပြုံလိုက် သေဆုံးမှုတွေနဲ့ အပြစ်မဲ့လူထုအနေနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်”ဟု သူကဆိုသည်။

အမေရိကန်အနေဖြင့် ဆီးရီးယားအားအကန့်အသတ်ဖြင့် အရေးယူတိုက်ခိုက်ရန် ချိန်ဆနေကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားကသောကြာနေ့က ပြောကြားခဲ့သည်။ ဆီးရီးယားသမ္မတ အာဆတ်ဦးဆောင်သည့် အစိုးရအဖွဲ့ကအဆိပ်ဓာတ်ငွေ့အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍ ကမ္ဘာကြီးအနေဖြင့် အရေးယူဆောင်ရွက်ရန် တာဝန်ရှိ ကြောင်းလည်း အိုဘားမားက ပြောခဲ့သည်။

ဆီးရီးယားအစိုးရကမူ၊ ဓာတုလက်နက်အသုံးပြုခဲ့သည်ဟူသည့် စွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး၊ အစိုးရ ဆန့်ကျင်ရေး သူပုန်များကိုသာ “အကြမ်းဖက်သမားများ” အဖြစ် လက်ညှိုးထိုးခဲ့သည်။

အခြေအနေများကို စစ်ဆေးလေ့လာရန်အတွက် အီရန်လွှတ်တော်အမတ်များ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် စနေနေ့ကဆီးရီးယားနှင့် လက်ဘနွန်သို့ ထွက်ခွာခဲ့ကြပြီး၊ “အကြမ်းဖက်အုပ်စုများ၏ ဓာတုလက်နက်များ အသုံးပြုခြင်းကို” ၄င်းတို့ကဝေဖန်ခဲ့ကြသည်ဟု အီရန်လွှတ်တော်အမတ်တစ်ဦးက ဆိုခဲ့သည်။

အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ဆီးရီးယားကိုဝင်တိုက်မည့် အရိပ်အခြေရှိနေခဲ့ရာ၊ ထိုကဲ့သို့ တိုက်ခိုက်ခြင်းမပြုရန် ဆီးရီးယား၏ဒေသတွင်း အဓိကမဟာမိတ်ဖြစ်သည့် အီရန်က ပြင်းပြင်းထန်ထန် သတိပေးခဲ့သည်။ အမေရိကန်အနေဖြင့် ဆီးရီးယားကိုဝင်တိုက်ပါက ဒေသတွင်းတွင် ကပ်ဆိုက်သွားနိုင် သည်ဟု အီရန်ဦးသျှောင်အယာတိုလာ အလီခါမေနီကလည်း သတိပေးခဲ့သည်။

အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရစ်ဖ်သည် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် Lakhdar Brahimi နှင့် သောကြာနေ့က တယ်လီဖုန်းဖြင့် စကားပြောခဲ့ကာ၊ ဆီးရီးယား ကိစ္စတွင် မည်သည့်စွန့်စားတိုက်ခိုက်မှုမျိုးကိုမဆို ပြင်းထန်ဆိုးရွားသည့် အကျိုးဆက်များဖြစ်ပေါ် လာစေ နိုင်ကြောင်းလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂကိုယ်စားလှယ်ကို ပြောခဲ့သည်။

AFP

အမေရိကန်အနေဖြင့် ဆီးရီးယားအားတိုက်ခိုက်ပါက ဆီးရီးယားနိုင်ငံတွင်သာမက ဆီးရီးယားနယ်နိမိတ် ပြင်ပတွင်လည်း တုံ့ပြန်မှုများပေါ်ပေါက်လာနိုင်သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (Revolut- ionary Guards) ၏ အကြီးအကဲက သတိပေးလိုက်ကြောင်း စက်တင်ဘာ ၁ ရက်က အေအက်ဖ်ပီ သတင်းဌာနမှ ဖော်ပြထားသည်။

ဆီးရီးယားနိုင်ငံမှာ အီရန်၏ အဓိကမဟာမိတ်နိုင်ငံလည်း ဖြစ်သည်။
“စစ်ရေးအရ ကြားဝင်တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ နယ်နိမိတ်အတွင်းလောက်မှာပဲ အကျိုးဆက် တွေဖြစ်လာမှာလို့ အမေရိကန်ကယုံကြည်နေတာဟာ အတွေးမှားတစ်ခုပဲ ဖြစ်ပါတယ်။ တိုက်ခိုက်မှု ကြောင့်၊ အဲဒီ့နိုင်ငံရဲ့ပြင်ပမှာလည်း တုံ့ပြန်မှုတွေဖြစ် ပေါ်လာနိုင်ပါတယ်” ဟု တော်လှန်ရေးအစောင့် တပ်ဖွဲ့ အကြီးအကဲမိုဟာမက်အလီဂျာဖာရီက ပြောခဲ့သည်။

HTC One နှင့် မီနီ အပြာရောင် ဗားရှင်း ထွက်မည်

HTC One နှင့် မီနီ အပြာရောင် ဗားရှင်း ထွက်မည်

မေလက ထွက်ရှိခဲ့တဲ့ HTC One နဲ့ သြဂုတ်လ အတွင်းက ထွက်ရှိတဲ့ HTC One mini တို့ကို အပြာရာင် ဗားရှင်းနဲ့ ထပ်မံထွက်ရှိအုံးမှာ ဖြစ်ပါတယ်။ 

ဈေးနှန်းတော့ မသိသေးပါဘူး။ လက်ရှိ ရောင်းချနေတဲ့ HTC One နဲ့ Mini တို့ရဲ့  ဈေးနဲ့ ကွာခြားမှု သိပ်မရှိဘူးလို့လည်း ဆိုပါတယ်။ လက်ရှိ HTC One က မြန်မာပြည်တွင်းမှာလည်း အရောင်းသွက်လျက် ရှိပါတယ်။ Samsung Galaxy S4 နဲ့ ယှဉ်ပြိုင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်လာပြီး လူကြိုက် များနေ ဆဲ ဖြစ်ပါတယ်။

Android Jelly Bean 2.2 OS နဲ့ထွက်ရှိ ပြီး အပြာရောင် ဗားရှင်းမှာ Upgrade လုပ်ထားတဲ့ HTC Sense 5.0 လည်း ပါဝင်ပါတယ်း။ 1.7GHz quad-core Qualcomm Snapdragon 600 chipset, LTE ဗားရှင်း, 32GB internal memory တို့ ပါဝင်မှာ ဖြစ်ပါတယ်။ 

ှုင်္IFA 2013 မှာ ဝင်ရောက်ပြသပြီး မကြာမှီ ဈေးကွက်သို့ ဖြန့်ချိတော့မယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

.

မေလက ထွက်ရှိခဲ့တဲ့ HTC One နဲ့ သြဂုတ်လ အတွင်းက ထွက်ရှိတဲ့ HTC One mini တို့ကို အပြာရာင် ဗားရှင်းနဲ့ ထပ်မံထွက်ရှိအုံးမှာ ဖြစ်ပါတယ်။

ဈေးနှန်းတော့ မသိသေးပါဘူး။ လက်ရှိ ရောင်းချနေတဲ့ HTC One နဲ့ Mini တို့ရဲ့  ဈေးနဲ့ ကွာခြားမှု သိပ်မရှိဘူးလို့လည်း ဆိုပါတယ်။ လက်ရှိ HTC One က မြန်မာပြည်တွင်းမှာလည်း အရောင်းသွက်လျက် ရှိပါတယ်။ Samsung Galaxy S4 နဲ့ ယှဉ်ပြိုင်တဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်လာပြီး လူကြိုက် များနေ ဆဲ ဖြစ်ပါတယ်။

MPT ကို အသွင်ပြောင်းရန် ကန်ဒေါ်လာ နှစ်သန်း သုံးမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂

ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ အပြိုင်အဆိုင် ပေးအပ်လာတော့မည့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရေး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို အသွင်ပြောင်း ဖွဲ့စည်းရန် အမေရိကန်ဒေါ်လာ နှစ်သန်း အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဈေးကွက်အတွင်း နည်းပညာနှင့် ဓနအင်အား တောင့်တင်းလှသည့် ပြည်ပကုမ္ပဏီနှစ်ခု ဝင်ရောက်လာတော့မည်ဖြစ်၍ ယင်းကုမ္ပဏီများနှင့် အဓိက ယှဉ်ပြိုင်နိုင်ရန် ဌာနမှဝန်ထမ်းများကို လေ့ကျင့်သင်တန်းများနှင့် လိုအပ်သည့် စက်ပစ္စည်းဆိုင်ရာ ဖြည့်တင်းမှုများအတွက် ယင်းငွေကို အသုံးပြုမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကမ္ဘာ့ဘဏ်က ဆက်သွယ်ရေးဝန်ကြီးဌာနကို ဒေါ်လာသန်း ၅၀ ချေးဖို့ ပြောထားတာရှိတယ်။ အဲဒီအထဲက ယူသုံးမှာ” ဟု ၎င်းကဆိုသည်။

ခွေး ကျောင်းနေသည့် အိမ်အကူတစ်ဦး အဓမ္မပြုကျင့်ခံရဟုဆို

ခွေးကျောင်းနေသည့် အိမ်အကူအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရသည်ဆိုသည့် အမှုတစ်ခုကို သင်္ဃန်းကျွန်း ရဲစခန်း က သြဂုတ်လ ၃၁ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သြဂုတ်လ ၃၀ ရက်နေ့ ည ၈ နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ လမ်းတစ်ခုအတွင်းတွင် အိမ်ရှင် မွေးထားသော ခွေးအား သံကြိုးဖြင့် ချည်လျက်ကျောင်းနေစဉ် အဓမ္မပြုကျင့်ခံရသည်ဟု တိုင်တန်းထားခြင်း ဖြစ်ကြောင်း ရဲဌာနက ဆိုထားသည်။

အဓမ္မပြုကျင့်ခံရကြောင်း တိုင်တန်းထားသူမှာ အသက် (၂၀)နှစ်ခန့်ရှိသော အိမ်အကူ အမျိုးသမီး တစ်ဦးဖြစ်ပြီး ၎င်းအား လမ်းအတွင်း ဆောက်လုပ်လျက်ရှိသော နေအိမ်တွင် ပန်းရံလုပ်ကိုင်သူ တစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်ဟု ရဲအား တိုင်တန်းထွက်ဆိုထားသည်။

အလုပ်သမားအရေး ဖြေရှင်းရန် မလေးရှားသို့ မြန်မာအထူးကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂

လတ်တလော၌ တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာလုပ်သားများအရေးကို နှစ်နိုင်ငံ ညှိနှိုင်းဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် မြန်မာအထူး ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံသို့ ရက်ပိုင်းအတွင်း သွားရောက်မည် ဖြစ်သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် အဆိုပါအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယခုလ ၉ ရက်နေ့ ဝန်းကျင်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ကျည်အတောင့် (၂၀၊ ကျည်ကပ် (၂)ခုနှင့် အတူ ဖမ်းဆီးရမိ

မြိတ်ဆိပ်ကမ်းမှ ရေကြောင်းပြမီးများ ထွန်းထားခြင်း မရှိဘဲ ပင်လယ်ပြင်ဘက်သို့ စက်တင်ဘာလ (၁) ရက် ည (၁၁း၅၀)နာရီအချိန်ခန့်တွင် မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ်လှေတစ်စီးကို တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှ မြိတ်ရေပြင်တွင် လုံခြုံရေးနှင့် ပိတ်ဆို့ရေးတာဝန်ထမ်းဆောင်လျက် ရှိသော ကမ်းခြေစောင့် တိုက်ရေယာဉ် (၄၀၃)မှ မီးအချက်ပြခေါ်ယူ၍ စစ်ဆေးခဲ့ရာ "ကောင်းမြတ်ဟင်္သာ" အမည်ရှိ တရားမ၀င်ကုန်လှေဖြစ်၍ ရေယာဉ်လိုင်စင်မှာ ၂၀၁၃ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးလျက်ရှိပြီး ရေယာဉ်စက်မကြီးနှင့် စက်လိုင်စင်ပါအချက်များမှာ ကွဲလွဲလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ လှေအား ကမ်းခြေစောင့်တိုက်ရေယာဉ် (၄၀၃)မှ ဗိုလ်မှူး မျိုးထက်ဝင်းနှင့် တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးခဲ့ကြရာ ရေယာဉ်၏ စက်ခန်းအတွင်းပုန်းအောင်းလျက်ရှိသော ဘင်္ဂါလီလူမျိုး (၃)ဦးအား AK-47 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည်အတောင့် (၂၀)ပါ ကျည်ကပ် (၁)ခုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ တရားခံများ၏ ထွက်ဆိုချက်အရ လှေပိုင်ရှင်မှာ မြိတ်မြို့ ကန်ဖျားရပ်ကွက်နေ ဦးနိုင်စိုက်ချမ်း (မွန်ပြည်သစ် ပါတီခွဲထွက် အလင်းဝင်) ဆိုသူဖြစ်ပြီး ၄င်းမှ ကော့သောင်းမြို့နေ ဦးဆန်းဦး ဆိုသူအား လွန်ခဲ့သော (၅)လခန့် က ငှားရမ်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

သားဖြစ်သူမှစိတ်ဖေါက်ပြန်ပြီး တုတ်ဖြင့်ရိုက်နှက်သဖြင့် ဖခင်သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃

၂.၉.၂၀၁၃ ရက်နေ့ ၂၃၅၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနေ ဒေါ်သန်းရီသည် နေအိမ်အိပ်ခန်းအတွင်း အိပ်ပျော်နေစဉ် အိမ်ရှေ့ဧည့်ခန်းမှ ဆူညံသံများကြား၍ထကြည့်ရာ သားငယ်ဖြစ်သူ ဇော်သူရိန် (၃၈)နှစ်၊ (ဘ)ဦးအေးကြူ မှာ စိတ်ဖေါက်ပြန်ပြီး သစ်သားတုတ်ဖြင့် သမီးဖြစ်သူမမေဇော် အားရိုက်နှက်ခဲ့၍ လဲကျသွားစဉ် ခင်ပွန်းဖြစ်သူ ဦးအေးကြူအား ဆက်လက်ရိုက်နှက်နေသဖြင့် သားကြီးဖြစ်သူ ကိုဇော်မျိုးအေးမှ ၀င်ရောက်ဆွဲရာ ကိုဇော်မျိုးအေးအား ထပ်မံရိုက်နှက်ပြီး နေအိမ်မှ ထွက်သွားခဲ့သည်ကိုတွေ့ရှိခဲ့ရပါသည်။

ထိုသို့ရိုက်နှက်ခဲ့သဖြင့် မမေဇော်နှင့် ကိုဇော်မျိုးအေးတို့တွင် ဦးခေါင်း ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ဦးအေးကြူမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့သောကြောင့် သားဖြစ်သူဇော်သူရိန်အား အရေးယူပေးပါရန် မိခင်ဖြစ်သူမှ တိုင်တန်းခဲ့၍ သုဝဏ္ဏနယ်မြေရဲစခန်း(ပ)၂၇၇/၂၀၁၃၊ ပုဒ်မ ၃၀၂/၃၂၅ ဖြင့်အရေးယူခဲ့ကာ ဇော်သူရိန်အား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပိုးဟပ်နှင့် ခြတို့အကြောင်း ----------( ရေးသားသူ- ရဲမိုး )

Photo: ပိုးဟပ်နှင့် ခြတို့အကြောင်း
----------------
ရေးသားသူ- ရဲမိုး

၂၀ ရာစု၏ အကြီးမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် အများကအသိအမှတ်ပြုကြသည့် မဟတ္တမဂန္ဓီက လူသားတို့အတွက် အဆိုးရွားဆုံး ဒုစရိုက်မှုခုနစ်ခု (Seven Deadly Sins)ကို အခုလို အနက်ဖွင့်ခဲ့သည်။

- အသိတရားမရှိသည့် ယစ်မူးမှု၊
- စွန့်လွှတ်အနစ်နာခံမှုမရှိသည့် ကိုးကွယ်ယုံကြည်မှု၊ 
- လူသားမဆန်သည့် သိပ္ပံပညာ၊ 
-  အမှားအမှန်မပါသည့် ဗဟုသုတ၊ 
- မူမရှိသည့် နိုင်ငံရေး၊ 
- အလုပ်မပါသည့် ကြွယ်ဝချမ်းသာမှု၊ 
- ကျင့်ဝတ်စာရိတ္တမဲ့သည့် စီးပွားရေး၊ 

နံပါတ် (၆)နှင့် (၇)ကို ဆွေးနွေးကြပါစို့။

အာဏာရှင်စနစ်က ရုန်းထွက်ဖို့ ကြိုးစားကြသည့် နိုင်ငံများအတွက် အလွတ်ရုန်းဖို့ အခက်ခဲဆုံး ပိုက်ကွန်ကတော့ အာဏာရှင်တို့ တည်ဆောက်ခဲ့သည့် ခြစားမှုစနစ်နှင့် ထိုစနစ်၏ ဒေါက်တိုင်များဖြစ်သည့် “ခရိုနီ”များဖြစ်သည်။ ပြည်သူအများစုက ဆာလောင်မွတ်သိပ်နေချိန်မှာ တစ်ရာခိုင်နှုန်းက ကမ်းကုန်အောင် ဇိမ်ခံနေကြသည့် ဒီမိုကရေစီနိုင်ငံအများအပြား ကမ္ဘာပေါ်မှာရှိပါသည်။

“ရေရှည်(မိတ်ဆွေ)” ဟု အဓိပ္ပာယ်ရသည့် ခရိုနီရော့စ်(Chronios)ဆိုသည့် ဂရိဘာသာစကားကနေ “ခရိုနီ”ဆိုသည့် ဝေါဟာရပေါ်ပေါက်လာခဲ့သည်။ ယခုခေတ်မှာတော့ “ခရိုနီအရင်းရှင်ဝါဒ” (Chrony Capitalism) ဆိုလျှင် အာဏာရသူ၊ လုပ်ပိုင်ခွင့်ရှိသူတို့နှင့် အကျိုးတူပူးပေါင်းပြီး နိုင်ငံ့စီးပွားရေးကို ထိန်းချုပ်သွေးစုပ်သည့်စနစ်ဟု အနက်ဖွင့်ကြသည်။ အာဏာရှင်စီးပွားရေးစနစ်မှာ ခရိုနီများက ဒင်္ဂါးပြား၏ “ပန်း” ဆိုလျှင်၊ အခြားမျက်နှာစာဖြစ်သည့် “ခေါင်း”ကတော့ ခြစားသည့် အုပ်ချုပ်သူများဖြစ်သည်။

အုပ်ချုပ်သူများခြစားသည်ကို “ကလက်တိုကရေစီ” (Kleptocracy)ဟု ညွှန်းဆိုကြသည်။ ဂရိဘာသာမှာ “ကလက်တပ်စ်” (Kleptes)သည် “သူခိုး”ဟု အဓိပ္ပာယ်ရသည်။ “ကရေစီ”ကတော့ “ကရာတော့စ်” (Kratos)က လာသည့် အုပ်ချုပ်မှု၊ “ကလက်တိုကရေစီ”ကို အရပ်စကားနှင့် ဘာသာပြန်ရလျှင် “သူခိုးများ၏ အုပ်ချုပ်မှု”ဟု ဆိုရမည်။

ခရိုနီအရှင်းရှင်ဝါဒနှင့် ကလက်တိုကရေစီတို့ ပူးပေါင်းသည့်အခါမှာတော့ ဆာလောင်မွတ်သိပ်နေသည့် ပြည်သူများ၊ ငါးနှစ်အရွယ်မတိုင်မီ သေဆုံးကြရသည့် ကလေးငယ်များ၊ ကျိုးကြေသွားခဲ့ရသည့် ဈေးကွက်ယှဉ်ပြိုင်မှုတစ်ခုနှင့် အစွန့်ပစ်ခံရသည့် မြတ်သောစာရိတ္တစံနှုန်းများက လူ့အဖွဲ့အစည်း၏ အကျအဆုံးစာရင်းဖြစ်လာပါတော့သည်။

ဆယ်စုနှစ်များစွာမှာ ပထမဆုံးအကြိမ် လက်ရှိအစိုးရက ခြစားမှုနှင့် ခရိုနီဝါဒကို တိုက်ဖျက်ဖို့ ရဲဝံ့စွာကြေညာသည့်တိုင် စနစ်ဟောင်းကတော့ မြန်မာနိုင်ငံမှာ အားကောင်းနေဆဲဖြစ်သည်။ ရုပ်မြင်သံကြားလုပ်ငန်းမှသည် အင်တာနက်ဝန်ဆောင်မှုနှင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများအထိ လက်ဝါးကြီးအုပ်လုပ်ပိုင်ခွင့်များကို ခွင့်ပြုနေဆဲဖြစ်သည်။

မြန်မာနိုင်ငံစီးပွားရေးကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာနေခဲ့သည့် သြစတြေးလျနိုင်ငံ၊ မက်ကွာရီတက္ကသိုလ်က ပါမောက္ခရှောင်တာနဲလ်ကတော့ သတင်းတစ်ပုဒ်မှာ မြန်မာ့ခရိုနီများကို အခုလိုမှတ်ချက်ချသည်။ “ခရိုနီတွေရဲ့ အကြီးမားဆုံးပြဿနာကတော့ သူတို့က ကုန်ပစ္စည်းသစ်တွေ ဒါမှမဟုတ် ဈေးကွက်အသစ်တွေကို ချဲ့ထွင်ပြီး ငွေရှာတာမဟုတ်ဘူး။ ပြီးခဲ့တဲ့စစ်အစိုးရက ပုဂ္ဂလိကကဏ္ဍကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားချိန်မှာ လုပ်ပိုင်ခွင့်ကို ရအောင်ယူတဲ့နည်းနဲ့ ငွေရှာခဲ့ကြတာ”

ခရိုနီများ၏ အလုပ်လုပ်ပုံကို သူက ဆက်ရှင်းပြသည်။

“သူတို့ဟာ (လူ့အဖွဲ့အစည်းကို ဘာမှပြန်မပေးဘဲ ဖဲ့ယူသွားကြတဲ့) အကျိုးအမြတ်ရှာဖွေသူတွေသာဖြစ်တယ်။ မြန်မာနိုင်ငံအနေနဲ့ တကယ်လိုအပ်တဲ့ စွန့်ဦးတီထွင်သူတွေမဟုတ်ဘူး။ အပြောင်းအလဲကို သူတို့ဆန့်ကျင်ခဲ့ကြတယ်။ ဆန့်ကျင်နေဆဲလည်းဖြစ်တယ်”

ပြည်သူအားလုံးပိုင်ဆိုင်သည့် သဘာဝသယံဇာတများကို “စာရင်းပျောက်” ထုတ်ယူသွားခဲ့ကြသည်ကတော့ မြန်မာ့သမိုင်း၏ အလီဘာဘာနှင့် ခိုးသား ၅၀၀ ဇာတ်လမ်းဖြစ်သည်။ နိုင်ငံတကာ အခွန်စောင့်ကြည့်ရေးအဖွဲ့(Revenue Watch) ၏ ယခုနှစ်ထုတ်ပြန်သည့် သယံဇာတစီမံအုပ်ချုပ်မှုအညွှန်း (Resource Governance Index) မှာ ကမ္ဘာတစ်လွှား သဘာဝသယံဇာတ ကြွယ်ဝသည့် နိုင်ငံ ၅၈ နိုင်ငံ၏ ပွင့်လင်းမြင်သာမှုနှင့် အုပ်ချုပ်ပုံအရည်အသွေးကို အမှတ်ပေးထားသည်။ ၅၈ နိုင်ငံတွင် နံပါတ်ဘယ်လောက်ချိတ်မည်ဟု ထင်ပါသလဲ။

မှန်ပါသည်ခင်ဗျား။ ၅၈ နိုင်ငံမှာ နံပါတ် ၅၈ ချိတ်ပါသည်။ အစီရင်ခံစာမှာ နိုင်ငံများကို “အင်စတီကျူးရှင်းနှင့် ဥပဒေစနစ်”၊ “အစီရင်ခံမှုအလေ့အထ”၊ “အရည်အသွေးထိန်းချုပ်ရေးနှင့် အကာအကွယ်များ”၊ “သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်မှု” စသည့်အချက်လေးချက်နှင့် တိုင်းတာခဲ့သည်။ 

ခေါင်းစဉ်တစ်ခုချင်းစီကို အမှတ် ၁၀၀ စီ ပေးသည့်အနက် မြန်မာနိုင်ငံက “အင်စတီကျူးရှင်းနှင့် ဥပဒေစနစ်မှာ”မှာ ရှစ်မှတ်၊ “သယံဇာတနှင့်ပတ်သက်၍ ပြည်သူကို အစီရင်ခံမှု” အပေါ်မှာ ငါးမှတ်၊ “အရည်အသွေးထိန်းချုပ်ရေး” မှာ နှစ်မှတ်နှင့် “သဘာဝပတ်ဝန်းကျင်စောင့်ရှောက်မှု” မှာ နှစ်မှတ်သာရသည်။ ကျောင်းသားစကားနှင့်ပြောရလျှင်တော့ “ဘာသာစုံကျသည်”။  ဘဲဥကွဲရုံဟုပြောရမည်။

ငိုရအခက် ရယ်ရအခက်ဖြစ်မိသည်ကတော့ အော့ကြောလန် အာဏာရှင်ရောဘတ်မူဂါဘီ၏ ဇင်ဘာဘွေက နံပါတ် ၅၁ ချိတ်ပြီး မြန်မာထက် ခုနစ်ဆင့်သာနေခြင်းဖြစ်သည်။ အာဆီယံမိတ်ဆွေ အင်ဒိုနီးရှားက အဆင့် ၁၄ ဖြစ်သည့်အတွက် အဆင့် ၄၄ ဆင့် သာနေပါသည်။

သတင်းကောင်းတစ်ခုတော့ရှိသည်။ လက်ရှိအစိုးရက မြန်မာနိုင်ငံအနေဖြင့် သယံဇာတတူးဖော်ရေးလုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှုအဖွဲ့ (Extractive Industries Transparency Initiative)ကို ဒီနှစ်ကုန်မှာဝင်ဖို့ ကြိုးပမ်းမည်ဆိုသည့် ကြေညာချက်ဖြစ်သည်။ သယံဇာတကရသည့် ငွေကြေးတစ်စုံတစ်ရာကို ပြည်သူတို့ ခံစားဖူးတော့မည်ဟု မျှော်လင့်ပြီး ယခုဆုံးဖြတ်ချက်ကို ကြိုဆိုပါသည်။

“ပိုးဟပ်” များအကြောင်းကို လေ့လာသည့်အခါ အခြားတိရစ္ဆာန်များထက်သာလွန်သည့် သူတို့၏ အရည်အချင်းတစ်ခုကို သတိထားမိသည်။ မည်သည့်ရာသီဥတု၊ ဒေသနှင့်မဆို အသက်ရှင်ရပ်တည်ရေးအတွက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနေထိုင်နိုင်စွမ်းဖြစ်သည်။ နိုင်ငံတော်တော်များများက ခရိုနီအများစုကလည်း ထိုအရည်အသွေးကို ပိုင်ဆိုင်ကြပါသည်။

နိုင်ငံရေးအခြေအနေများ ပြောင်းလဲလာသည့်အခါ ရေခင်းမြေခင်းအသစ်မှာ ရှင်သန်ဖို့အတွက် သူတို့ ကျွမ်းကျင်ပါးနပ်စွာ ကစားကြသည်။ တချို့က သူတို့ကိုသူတို့ ပါလီမန်အမတ်မင်းများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အလှူရှင်ကြီးများအဖြစ် အသွင်ပြောင်းလဲတတ်ကြသည်။

လူ့အဖွဲ့အစည်း ပြန်လည်တည်ဆောက်ရေးမှာ နောင်တ တရားဖြင့် ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားကြလျှင်တော့ ကြိုဆိုကြရန်ဖြစ်သည်။ မှန်ကန်သည့်နောင်တနှင့် ပိုးဟပ်တို့၏ ပြောင်းလဲနိုင်စွမ်းကို ခွဲခြားဖို့လိုသည်။

ကမ္ဘာတစ်လွှား ချမ်းသာကြွယ်ဝမှုကို တိုင်းတာသည့် Wealth-X ဆိုသည့်အဖွဲ့က မြန်မာနိုင်ငံမှာ ဒေါ်လာသန်း ၃၀ နှင့်အထက် ကြွယ်ဝသူ အယောက် ၄၀ ရှိပြီး သက္ကရာဇ် ၂၀၂၂ မှာ ၆၈၇ ယောက်အထိ ရှိလာမည်ဟု ခန့်မှန်းသည်။ ဂျက်လေယာဉ်ဝယ်စီးသူများ တိုးပွားလာခြင်းက ဆန်အိုးထဲတွင် ဆန်မရှိသူများအပေါ် အပြုသဘောအကျိုးသက်ရောက်မှုရှိစေဖို့ အားလုံးမှာ တာဝန်ရှိသည်။

လောလောဆယ်မှာတော့ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ သယံဇာတကြွယ်ဝလှသည့် မြန်မာနိုင်ငံ၏ ပြည်သူ ၂၆ ရာခိုင်နှုန်းက အလွန်အမင်းဆင်းရဲနေပြီး ၇၅ ရာခိုင်နှုန်းက လျှပ်စစ်မီးမရရှိကြသေးပါ။

လွတ်လပ်သန့်ရှင်းမှန်ကန်စွာ ယှဉ်ပြိုင်ရမည့် ဈေးကွက်စီးပွားရေးစနစ်တစ်ခုကို ကြိုးပမ်းတည်ဆောက်ကြရမည်။ မိသားစုကျန်းမာရေးအတွက် အိမ်ကို မကြာခဏ သန့်ရှင်းရေးလုပ်ဖို့ လိုအပ်သလိုဖြစ်ပါသည်။ 

ပိုးဟပ်နှင့်ခြတို့က မိသားစုကျန်းမာရေးကို ထိခိုက်စေသည်မဟုတ်ပါလား။    ။

၂၀ ရာစု၏ အကြီးမြတ်ဆုံးပုဂ္ဂိုလ်အဖြစ် အများကအသိအမှတ်ပြုကြသည့် မဟတ္တမဂန္ဓီက လူသားတို့အတွက် အဆိုးရွားဆုံး ဒုစရိုက်မှုခုနစ်ခု (Seven Deadly Sins)ကို အခုလို အနက်ဖွင့်ခဲ့သည်။

- အသိတရားမရှိသည့် ယစ်မူးမှု၊
- စွန့်လွှတ်အနစ်နာခံမှုမရှိသည့် ကိုးကွယ်ယုံကြည်မှု၊
- လူသားမဆန်သည့် သိပ္ပံပညာ၊
- အမှားအမှန်မပါသည့် ဗဟုသုတ၊
- မူမရှိသည့် နိုင်ငံရေး၊
- အလုပ်မပါသည့် ကြွယ်ဝချမ်းသာမှု၊
- ကျင့်ဝတ်စာရိတ္တမဲ့သည့် စီးပွားရေး၊

နံပါတ် (၆)နှင့် (၇)ကို ဆွေးနွေးကြပါစို့။

အာဏာရှင်စနစ်က ရုန်းထွက်ဖို့ ကြိုးစားကြသည့် နိုင်ငံများအတွက် အလွတ်ရုန်းဖို့ အခက်ခဲဆုံး ပိုက်ကွန်ကတော့ အာဏာရှင်တို့ တည်ဆောက်ခဲ့သည့် ခြစားမှုစနစ်နှင့် ထိုစနစ်၏ ဒေါက်တိုင်များဖြစ်သည့် “ခရိုနီ”များဖြစ်သည်။ ပြည်သူအများစုက ဆာလောင်မွတ်သိပ်နေချိန်မှာ တစ်ရာခိုင်နှုန်းက ကမ်းကုန်အောင် ဇိမ်ခံနေကြသည့် ဒီမိုကရေစီနိုင်ငံအများအပြား ကမ္ဘာပေါ်မှာရှိပါသည်။

ကန်ဒေါ်လာ နှစ်ဘီလီယံကျော် တရုတ်အစိုးရထံမှချေးမည်

ရန်ကုန်၊ စက်တင်ဘာ ၂

မြန်မာအစိုးရက တရုတ်အစိုးရထံမှ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ချေးရန် စီစဉ်နေကြောင်း တရုတ်နိုင်ငံအခြေစိုက် ပီကင်းသတင်းဌာနတွင် ဖော်ပြထားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မြန်မာအစိုးရက ချမှတ်ထားသော အခြေခံအဆောက်အဦးနှင့် သက်ဆိုင်သည့် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ဒဖြစ်ကြောင်း ယင်းသတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးသို့ ဆက်သွယ်မေးမြန်ရာ လုပ်ငန်းဆောင်ရွက်ရန် သေချာပါက ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း အဆိုပါကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မသိရှိသေးကြောင်း ပြောကြားသည်။

မိခင်ကိုလည်ပင်းညှစ်သည့်သား ဓားဖြင့်ပေါက်ခံရ၍သေဆုံး

ခင်ဦးမြို့နယ်တွင် ဩဂုတ် ၃၀ ရက် ည ၇ နာရီခွဲက မိခင်ဖြစ်သူကို သား အကြီး ဖြစ်သူ က သောက်စားမူးယစ်ပြီး လည်ပင်းညှစ်သဖြင့် သားငယ်ဖြစ်သူက ဓားဖြင့်ပေါက် သဖြင့် သေဆုံး ခဲ့ ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်း များအရ သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ရွာစဉ် ကျေးရွာနေ ဒေါ်စိန်မေသည် နေအိမ် ရှေ့မြေကွက်လပ်၌ သားငယ်ဖြစ်သူ ထွန်းဖြိုး (၂၆)နှစ်နှင့်အတူ ထမင်းစား နေစဉ် သားကြီးဖြစ်သူ ထွန်းစိုး (၃၀)နှစ်က သောက်စားမူးယစ်၍ ရောက်ရှိ လာပြီး ဆဲဆို ကာ မိခင်ဖြစ်သူ ဒေါ်စိန်မေ ကို လည်ပင်းညှစ်သဖြင့် သားငယ် ထွန်းဖြိုးက လှည်းပေါ်တွင် ချိတ်ထား သော ဓားဖြင့်ပစ်ပေါက်ရာ ထွန်းစိုး၏လည်ပင်းတွင် ပြတ်ရှဒဏ်ရာရရှိပြီး သေဆုံးခဲ့သည်။

ရုရှားက ဆီးရီးယားကို စပိုင်သင်္ဘောစေလွှတ်

Priazovye  စစ္သေဘာၤ
Monday, September 2, 2013

ရုရှားနိုင်ငံက ထောက်လှမ်း ရေးသင်္ဘောတစ်စင်းအား ဆီးရီး ယားကမ်းခြေရှိရာသို့ စေလွှတ် ခဲ့ကြောင်း သိရသည်။

စေလွှတ်ခဲ့သော သင်္ဘော မှာ ဘလက်ဆီးရှိ ၎င်း၏ရေတပ် သင်္ဘောတစ်စင်းဖြစ်ကြောင်း သတင်းများကဖော်ပြသည်။
လက်ရှိအချိန်တွင် အနောက် နိုင်ငံတို့က ဆီးရီးယားအစိုးရအား စစ်ရေးအရ အရေးယူဆောင် ရွက်ရန် စီစဉ်နေမှုအတွက် ရုရှား နိုင်ငံက စိုးရိမ်တကြီးစောင့်ကြည့် နေလျက်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ SSV- 201 ထောက်လှမ်းရေးသင်္ဘော Priazovye သည် ယူကရိန်းနိုင်ငံရှိ ၎င်း၏ရပ်နားထားရာ ဆီဗတ်စတို ပိုလ်ဆိပ်ကမ်းမှနေ၍ တနင်္ဂနွေ ညနေပိုင်းတွင် စတင်ထွက်ခွာ လာခဲ့သည်။ Priazovye သင်္ဘော သည် မြေထဲပင်လယ်အရှေ့ပိုင်း တွင် စစ်ရေးတာဝန်များကိုထမ်း ဆောင်ရန် တာဝန်ပေးစေလွှတ် ခြင်းလည်းဖြစ်သည်ဟု စစ်ဘက် ဆိုင်ရာ သတင်းအရင်းအမြစ်ဌာန က Interfax သတင်းအေဂျင်စီ သို့ ပြောကြားခဲ့ကြောင်း သိရ သည်။

တရုတ်တွင် မျက်မမြင်၊ စိတ်မနှံ့သောသားကို ဖခင်က ဂူထဲ၌ သံကြိုးဖြင့်ခတ်ထား

ဟီနန်၊စက်တင်ဘာ(၂)

ဖခင်ဖြစ်သူက ဘဝဆုံးနေ သောသားဖြစ်သူအား ဂူနေလူ ဘဝရောက်ရပုံကို ပြောပြခဲ့သည်။ ၎င်းအား တရုတ်ပြည် အလယ် ပိုင်းဒေသ၌ အဝတ်မပါဘဲ သံ ကြိုးဖြင့် ခတ်ထားခြင်းဖြစ်သည်။

အသက်၂၆နှစ်ရှိ ချန်ရှန်း တောင်၏ လွမ်းဆွေးဖွယ်ရာများ ကို အံ့အားသင့်စရာရုပ်ပုံများက ဖော်ပြနေပေသည်။ ချန်မှာ မွေး လာကတည်းက မျက်စိမမြင် စိတ် မနှံ့ဖြစ်ခဲ့ရသည်။ သူ့အား ခြေချင်း ဝတ်၌ သံကြိုးဖြင့် ချည်နှောင်ကာ ဟီနန်ပြည်နယ်မှ ဝေးလံသီခေါင် သည့် ချန်လင်းကျေးရွာရှိ ဂူသို့ ခေါ်လာခဲ့သည်။ သူ၏ဓာတ်ပုံကို တွေ့မြင်ရသူများက မခံမရပ်နိုင် ဖြစ်၍ ရိုင်းစိုင်းသောအပြုအမူ ဖြစ်သည်ဟု ပြောခဲ့ကြသည်။

အသက်၇ဝရှိ ဒက်ချန်ယွန် ချောင်သည် သူ၏နေအိမ်ဆုံးရှုံး သွားပြီးနောက် သူ၏သားကို စွန့် ပစ်ခဲ့သည်။ သူသည် သူ့သမီးထံ ၌ သွားနေခဲ့သည်။ ''ကျွန်တော့်မှာ ကိုယ်ပိုင် အိမ်မရှိဘူး။ ကျွန်တော့်သားကို ဘယ်အိမ်မှာ သွားထားရမလဲ။ ဒီလိုလုပ်တာဟာ ကျွန်တော် အကောင်းဆုံးလုပ်ပေးနိုင်တာပဲ။ ကျွန်တော် အစာနဲ့ရေပေးဖို့ သူ့ ဆီကို တစ်နေ့သုံးကြိမ်လာပါတယ်။ ဒါမှ သူ အစာနဲ့ရေရနိုင်မှာဖြစ် တယ်''ဟု ဖခင်ဖြစ်သူကပြောသည်။

သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်မည်

Photo: သုံးလောင်းပြိုင်လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်း ရိုက်မည်

ရန်ကုန်၊ စက်တင်ဘာ ၁

သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်းကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းကာ ‘လွတ်လမ်းမရှိ’ အမည်ဖြင့် ဇာတ်ကားရိုက်ကူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေနှင့် ၂၀၀၁ ခုနှစ်တွင် ရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှု အကြောင်းကို ရိုက်ကူးမည် ဖြစ်ကြောင်း ယင်းအမှုသည် အချိန် ၅ နှစ်ခန့်ကြာမှ တရားခံကို ပြန်လည် ဖော်ထုတ်နိုင်ကြောင်း၊ ယင်းဇာတ်လမ်းတွင် အဓိက ပညာပေးလိုသည်မှာ လူယုံသတ်၍ သေနိုင်သည်ဆိုသော အကြောင်းဖြစ်ပြီး ပထမဆုံး ဇာတ်လမ်းအဖြစ် ဖော်ပြခြင်းခံရ၍ ဝမ်းသာကြောင်း အဆိုပါ ဇာတ်ကားအတွက် ဝတ္ထုဇာတ်လမ်းရေးသားသူ ရဲအုပ်မောင်မောင်အေး (ငြိမ်း) စုံထောက်မောင်ရေခဲက ပြောကြားသည်။

“ဒီဇာတ်လမ်းမှာ အေးမြတ်သူက ရဲမေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်လမ်းက အစ်မအတွက် ပထမဆုံး ဂုဏ်ပြုဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ အခုလို ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ခေတ်မှာ ပြည်သူတွေကို အကျိုးပြုတဲ့ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုရတဲ့အတွက် ဝမ်းသာပါတယ်” ဟု သရုပ်ဆောင်အေးမြတ်သူက ပြောကြားသည်။

ယင်းဇာတ်လမ်း ရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုအပ်သည်များကို ဖြည့်ဆည်းပေးမည် ဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးရန်အတွက် အကောင်းဆုံး ရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ ယခု ရိုက်ကူးမည့် ဇာတ်လမ်းသည် ပညာပေးဇာတ်လမ်း ဖြစ်သောကြောင့် ပြည်သူများထံသို့ လောင်းကစားနှင့် ပတ်သက်သည့် အသိတစ်ခု ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း ဒါရိုက်တာမီးပွားက ပြောကြားသည်။

အဆိုပါဇာတ်လမ်းကို ဝတ္ထုဇာတ်လမ်း စုံထောက် မောင်ရေခဲက ရေးသားထားပြီး ဇာတ်ညွှန်းမြမြင့်မိုရ်၊ ဒါရိုက်တာမီးပွားနှင့် သရုပ်ဆောင်ဖြိုးငွေစိုး၊ အေးမြတ်သူ၊ သားညီတို့က အဓိကပါဝင် ရိုက်ကူးမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ရန်ကုန်၊ စက်တင်ဘာ ၁

သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ရပ်မှန်ဇာတ်လမ်းကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တို့ ပူးပေါင်းကာ ‘လွတ်လမ်းမရှိ’ အမည်ဖြင့် ဇာတ်ကားရိုက်ကူးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောကြားသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၄၉) ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသည့်အနေနှင့် ၂၀၀၁ ခုနှစ်တွင် ရွှေပြည်သာမြို့နယ်၌ ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှု အကြောင်းကို ရိုက်ကူးမည် ဖြစ်ကြောင်း ယင်းအမှုသည် အချိန် ၅ နှစ်ခန့်ကြာမှ တရားခံကို ပြန်လည် ဖော်ထုတ်နိုင်ကြောင်း၊ ယင်းဇာတ်လမ်းတွင် အဓိက ပညာပေးလိုသည်မှာ လူယုံသတ်၍ သေနိုင်သည်ဆိုသော အကြောင်းဖြစ်ပြီး ပထမဆုံး ဇာတ်လမ်းအဖြစ် ဖော်ပြခြင်းခံရ၍ ဝမ်းသာကြောင်း အဆိုပါ ဇာတ်ကားအတွက် ဝတ္ထုဇာတ်လမ်းရေးသားသူ ရဲအုပ်မောင်မောင်အေး (ငြိမ်း) စုံထောက်မောင်ရေခဲက ပြောကြားသည်။

သမ္မတဦးသိန်းစိန် တရုတ်သို့ ထပ်မံသွားရောက်

Photo: သမ္မတဦးသိန်းစိန် တရုတ်သို့ ထပ်မံသွားရောက် 

ရန်ကုန်၊ စက်တင်ဘာ ၂

(၁၀) ကြိမ်မြောက် ကျင်းပမည့် တရုတ်- အာဆီယံကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ စက်တင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်လေဆိပ်မှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှာ တရုတ်နိုင်ငံတွင် တစ်ရက်သာ နေထိုင်မည် ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ယင်းခရီးစဉ်အတွင်း အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ငါးဦးနှင့် ဒုတိယဝန်ကြီးများ၊ အကြီးတန်း အရာရှိကြီးများ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ အဆိုပါခရီးစဉ်သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေးကြိမ်မြောက် သွားရောက်မည့် ခရီးစဉ် ဖြစ်သည်။ 

သမ္မတဦးသိန်းစိန်သည် ၎င်း၏ နန်နင်းခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီကွန်ချန်နှင့် တွေ့ဆုံဖွယ် ရှိကြောင်း တရုတ်အစိုးရ သတင်းဌာန ဆင်ဟွာတွင် ဖော်ပြထားသည်။

နန်နင်း ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအစိုးရ အကြီးတန်း အရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင် ၁၅၀ ကျော် တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါသတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး တရုတ်အစိုးရ၏ ၂၀၁၃ ခုနှစ် ဇူလိုင်လ စာရင်းများအရ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၁၉ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကာ ယခုနှစ် ပထမသုံးလပတ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကျော် ရှိကြောင်း အစိုးရက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂

(၁၀) ကြိမ်မြောက် ကျင်းပမည့် တရုတ်- အာဆီယံကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့သို့ စက်တင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်လေဆိပ်မှ စတင်ထွက်ခွာသွားပြီ ဖြစ်ကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှာ တရုတ်နိုင်ငံတွင် တစ်ရက်သာ နေထိုင်မည် ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ယင်းခရီးစဉ်အတွင်း အစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ငါးဦးနှင့် ဒုတိယဝန်ကြီးများ၊ အကြီးတန်း အရာရှိကြီးများ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။

တပ်မတော်နှင့် ကေအိုင်အေ ဆွမ်ပရာဘွမ်အနီး တိုက်ပွဲဆက်တိုက်ဖြစ်

Photo: တပ်မတော်နှင့် ကေအိုင်အေ ဆွမ်ပရာဘွမ်အနီး တိုက်ပွဲဆက်တိုက်ဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၂

အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ရန် ဆွေးနွေးနေဆဲကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပူတာအိုခရိုင် ဆွမ်ပရာဘွမ်အနီးတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့်           ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များထံမှ သိရသည်။

ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား တပ်မတော် စစ်ကြောင်းနှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အင်ခါးခါရွာတွင် နေထိုင်သူ ၁၀၀ ကျော် တောထဲတွင် ပုန်းအောင်းနေရကြောင်း၊ ၇၀ ကျော်ကို နောင်ခိုင်ကျေးရွာ ကချင်နှစ်ခြင်း အသင်းတော်နှင့် မချမ်းဘော နှစ်ခြင်းအသင်းတော်က စောင့်ရှောက် ထားကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဆရာဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။

“ဒုက္ခသည်တွေ ထပ်တိုးနေတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ကေအိုင်အေ တပ်မဟာ (၁) အောက်ရှိ တပ်ရင်း (၇) နေရာကို တပ်မတော်နှင့် ရဝမ်ပြည်သူ့စစ်တို့ ပူးပေါင်း၍ စစ်ကြောင်း ချီလာသည့်အတွက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံအချို့နှင့် ဘာသာရေး ခေါင်းဆောင်များက ပြောကြားသည်။

ဒေသခံငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးကမူ “တပ်မတော်စစ်ကြောင်းကို ကေအိုင်အေက စပြီးချောင်းပစ်တာ” ဟု ဆိုသည်။

တပ်မတော်နှင့် ကေအိုင်အေတို့သည် ၂၀၁၃ ခုနှစ်နှစ်ဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများရပ်ဆိုင်း ထားသော်လည်း သြဂုတ်လကုန်ပိုင်းတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်းလည်း ဖြစ်သည်။

တရုတ်-မြန်မာနယ်ခြားမှတ်တိုင် အမှတ် (၆) အနီးတွင်လည်း နယ်ခြားစောင့်တပ် (NDA-K ဖျက်သိမ်း၍ အသွင်ပြောင်းလိုက်သည့် ဦးဇခုန်တိန့်ယိန်း၏ လက်နက်ကိုင်အဖွဲ့) နှင့် ဒေသခံပြည်သူစစ်များ ပါဝင်သည့် အဖွဲ့နှင့် ကေအိုင်အေတို့ သြဂုတ်လ တတိယပတ်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

အစိုးရအဖွဲ့နှင့် ကေအိုင်အိုတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို စက်တင်ဘာလအတွင်း ဆွေးနွေးနိုင်ရန် ပြင်ဆင်ထားကြောင်း နှစ်ဖက်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များထံမှ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၂

အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ရန် ဆွေးနွေးနေဆဲကာလတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပူတာအိုခရိုင် ဆွမ်ပရာဘွမ်အနီးတွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံများနှင့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များထံမှ သိရသည်။

ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား တပ်မတော် စစ်ကြောင်းနှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် အင်ခါးခါရွာတွင် နေထိုင်သူ ၁၀၀ ကျော် တောထဲတွင် ပုန်းအောင်းနေရကြောင်း၊ ၇၀ ကျော်ကို နောင်ခိုင်ကျေးရွာ ကချင်နှစ်ခြင်း အသင်းတော်နှင့် မချမ်းဘော နှစ်ခြင်းအသင်းတော်က စောင့်ရှောက် ထားကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဆရာဒေါက်တာခလမ်ဆမ်ဆွန်က ပြောကြားသည်။

“ဒုက္ခသည်တွေ ထပ်တိုးနေတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

ကုသိုလ်တော်ဘုရားအနီး တောင်းရမ်းနေသူ တရုတ်နိုင်ငံသား နေရပ်ပြန်ပို့


မန္တလေး၊ စက်တင်ဘာလ ၂

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော်ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာမျှ တောင်းရမ်း စားသောက်နေသော အသက် ၆၂ နှစ်အရွယ် တရုတ်နိုင်ငံသားကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တရားစွဲဆိုခြင်းမပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ၇ (၂) အရ လာရာလမ်းအတိုင်း ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အဆိုပါရုံးထံမှ ထပ်မံစုံစမ်းသိရှိရသည်။

“အဲဒီတရုတ်နိုင်ငံသားက ကုသိုလ်တော် ဘုရားနားမှာ နေလာတာတော့ ကိုးလကျော်လောက်ပြီ။ သူက ဗမာစကားလည်း တတ်တယ်။ တရုတ်လိုလည်း ငါးမျိုးလောက် ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ သူ့တို့တရုတ် လူမျိုးချင်းတွေ့ရင်လည်း သူ့ဘဝအကြောင်းလေးတွေ ပြောပြတယ်။ အဲဒီတရုတ်တွေက သူ့ကို ပိုက်ဆံတွေ ပေးသွားကြတယ်။ သူက အစတုန်းက အေးအေးဆေးဆေးပါပဲ။ ဘုရားနားမှာရှိတဲ့ ရေချိုးခန်းနားမှာ အိပ်လိုက်၊ ဇရပ်ထဲတွေမှာ အိပ်လိုက်ပါပဲ။ နောက်တော့ ဆိုင်ကယ် တက္ကစီသမားတွေနဲ့ပေါင်းပြီး အရက်တွေဘာတွေ သောက်တတ်လာတယ်။ အခုသူ့ကို မတွေ့တာတောင် ကြာလှပြီ” ဟု ကုသိုလ်တော် ဘုရားရှေ့တွင် ပန်းရောင်းသော မိသားစုမှ ဦးဝင်းကျော်က ပြောဆိုသည်။

အာဆီယံသမိုင်းတွင် အရှည်ဆုံးဆောင်ပုဒ် ၂၀၁၄ အတွက် မြန်မာရွေးချယ်


ရန်ကုန်၊ စက်တင်ဘာ ၂

၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးကို ပထမဦးဆုံး အလှည့်ကျ တာဝန်ယူမည့် မြန်မာအစိုးရက အာဆီယံ အဖွဲ့အစည်း ကိုယ်စားပြု အရှည်ဆုံး ဆောင်ပုဒ်တစ်ရပ်ကို ထုတ်ပြန် ကြေညာလိုက်သည်။

ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အာဆီယံစီးပွားရေး ဆိုင်ရာ ဝန်ကြီးဌာနများ ထိပ်သီးအစည်းအဝေးတွင် မြန်မာအစိုးရက ယင်းသို့တရားဝင် ကြေညာခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းပြီး၊ ကြွယ်ဝချမ်းသာသည့် အသိုက်အဝန်း တစ်ခုဆီသို့ တစ်စုတစ်စည်းတည်း ချီတက်ကြပါစို့” (“Moving forward in unity towards a peaceful and prosperous Community”) ဟူသော ဆောင်ပုဒ်တစ်ရပ်ကို မြန်မာအစိုးရက အကြိမ်ကြိမ်အခါခါ ဆွေးနွေးမှုများ၊ မူဝါဒဆိုင်ရာ ပညာရှင်၏ အကြံပြုချက်များ အပါအဝင် သမ္မတဦးသိန်းစိန် ကိုယ်တိုင် ပါဝင်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ကဝီက ရေးသားထားသည်။

မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် ၆ ဦး ရဲလက်က ထွက်ပြေး လွှတ်မြောက်

မသင်္ကာဖွယ်ရာ သင်္ကန်းဝတ် (၆) ဦးကို ဆားပြင်ကျောင်းအရောက်တွင် တွေ့ရစဉ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် မသင်္ကာဖွယ်ရာ သင်္ကန်းဝတ်ထားသူ ၆ ဦးသည် ရဲလက်မှ တဆင့် ထွက်ပြေး လွှတ်မြောက်သွားခဲ့သည်ဟု သတင်း ရရှိသည်။

၎င်းသင်္ကန်းဝတ် (၆) ဦးသည် လွန်ခဲ့သောလ ၀ါတွင်းကာလ အတွင်း တောင်ကုတ်မြို့နယ်သို့ အလှူခံ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး ကျေးရွာ အနှံ့သွားရောက်ကာ အလှူခံခဲ့ကြသည်ဟု သိရသည်။

သြဂတ်စ်လ ၃၁ ရက်နေ့က တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိလာရာ ကျောင်းထိုင် ဆရာတော်မှ သံဃာများ ကိုင်ဆောင်သည့် သံဃာ့အသင်းဝင် ကဒ်ပြားအား စစ်ဆေးရာ သူတို့ ကိုင်ဆောင် ထားသော သံဃာ့ စိစစ်ရေး ကဒ်ပြားတွင် တရားဝင် ဆီးလ် တံဆိပ် များ ရိုက်နှိပ်ထားခြင်း မရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ဒါရိုက်တာမီးပွား ရိုက်ကူးသည့် ကာလာစုံLesson ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းကို ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ်

9.2.23
ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု
ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားအား တရားဝင် ခွင့်ပြုချက်ဖြင့် ရိုက်ကူးခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ် ထားသည်ဟု သတင်း ရရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို Heart & Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်နေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ရိုက်ကူးခွင့်ပိတ်ပင်ထား ခြင်းနှင့်ပတ်သက်၍ Heart& Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ မခင်စန္ဒာမြင့်က ''ဒီဇာတ်ကားက ဗီဒီယိုကနေ ရုပ်ရှင်ကားကြီးပြောင်းတာ မဟုတ်ပါဘူး။ ဗီဒီယို အနေနဲ့ ရိုက်ကူးခွင့်တင်ပြီး လွန်ခဲ့တဲ့တစ်နှစ်ကျော်က ရိုက်နေတယ်။ ရိုက်တဲ့ ကင်မရာကလည်း ရုပ်ရှင်ကားကြီး ရိုက်တဲ့သူတွေ သုံးနေကျ ကင်မရာ အကောင်းစားနဲ့ပဲ။ သရုပ်ဆောင်တွေရဲ့ ရိုက်ကူးရက် အခက်အခဲကြောင့် ရိုက်လို့မပြီးခင်မှာဘဲ ခဏနားထားရတယ်။ အဲဒီအချိန်မှာ ရိုက်ပြီးသမျှ ဆက်ကြည့်လိုက်တဲ့ အခါမှာ ဇာတ်ကားရဲ့ အရည်အသွေးပိုင်းကလည်း အရမ်းကောင်းမွန်နေသလို ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေရဲ့ အနုပညာ အရည်အသွေး ပိုင်းကလည်း အရမ်းကောင်းမွန်တာကို တွေ့ရတယ်။ ဒါနဲ့ပဲ ရုပ်ရှင်ကားကြီး အနေနဲ့ ရိုက်ကူးရင် ကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရုပ်ရှင်လုပ်ငန်းကို ရုပ်ရှင်ရိုက်ကူးခွင့်တင်တယ်။
Related Posts Plugin for WordPress, Blogger...

ShareThis