menu
Thursday 1 August 2013
၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ် . . .
minzin-july30
ယခုတစ်ပတ်ထုတ် The Messenger Journal အတွဲ (၄)၊  အမှတ် (၁၀) တွင် "၂၀၁၅ အထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အသက်ရှင်နေဖို့ လိုတယ်..."  ခေါင်းစဉ်ဖြင့် ဖော်ပြထားသည့်  ဦးမင်းဇင်နှင့် အင်တာဗျူးပါ  အမေးအဖြေ အချို့အား ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။
မေး  ။  အခုပြောတဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၅ မှာ ဖြစ်လာမယ့် အခန်းကဏ္ဍကို လျှော့ချတဲ့ အနေနဲ့ အခုလို အခြေအနေတွေ ဖြစ်နေတယ်လို့ ယူဆပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို လျှော့ချချင်တဲ့ သူတွေက ဘယ်သူတွေများ ဖြစ်နိုင်မလဲ။
ဖြေ  ။  ပြောဖို့ ခက်တယ်ဗျ။ ကျွန်တော် ဒါနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါဆိုတာ ပြောရခက်တယ်။ ဒါပေမဲ့ သေချာတာကတော့ ဒါနဲ့ပတ်သက်လို့ မြန်မာပြည် ၂၀၁၅ မှာ တည်ငြိမ်ဖို့ အတွက်ကို ၂၀၁၅ ကို ချောချောမွေ့မွေ့နဲ့ ဖြတ်သန်းဖို့ အတွက်ဆိုရင် အချက်သုံးချက်က ... တကယ်အရေးကြီးဆုံး 'ကြီးသုံးကြီး' လို့ ပြောလို့ရတဲ့ Triangle ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးသိန်းစိန်ရယ်၊ ဦးရွှေမန်းရယ် သူတို့ရဲ့ ဆက်ဆံရေးက တည်ငြိမ်တဲ့ ဆက်ဆံရေးဖြစ်ဖို့ လိုတယ်။
"ကျပ်တန်ပုံပြင်" (မင်းလူ)
Photo: "ကျပ်တန်ပုံပြင်" (မင်းလူ)
==============
(၁)
 ဘတ်စ်ကား စပယ်ယာက လက်ကြားထဲတွင် အလျားလိုက်ခေါက်ပြီး ညှပ်ထားသော ငွေစက္ကူများထဲမှ ကျပ်တန်လေးရွက်ကို ဆွဲထုတ်ပြီး ...
 "ငါးကျပ်တန်ပေးတာ ဘယ်သူလဲ" ဟု မေးသည်။
 "ဒီမှာ ... ဒီမှာ"
 လူတွေကြားထဲက လက်တစ်ဖက် လျှိုထွက်လာသည်။ စပယ်ယာက ဖြန့်ထားသော လက်ထဲသို့ ကျပ်တန်တွေ ထည့်ပေးသည်။ လက်ကိုဆုပ်ပြီး ပြန်ရုပ်သွား၏။
 ဘတ်စ်ကားသည် တာမွေ၊ ကျောက်မြောင်း၊ မအူကုန်း၊ သိမ်ဖြူ စသည်ဖြင့် ကျော်ဖြတ်မောင်းနှင်လာသည်။ လမ်းသုံးဆယ် မှတ်တိုင်မှာ ရပ်သောအခါ လူတော်တော်များများ ဆင်းသည်။
(၂)
 စာရေးမလေးသည် ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် ခါးအပေါ်ကို တွန့်လိမ်တက်နေသော အင်္ကျီအောက်နားစကို ဆွဲဆန့်လိုက်သည်။
ထို့နောက် လမ်းကိုဖြတ်ကူးသည်။ ကမ်းနားလမ်းဘက်မှ လှည့်ပြီး ရုံးအပေါ်ထပ်သို့ တက်လာသည်။
 အခန်းထဲဝင်သည်။ စားပွဲပေါ် ခြင်းတောင်းချ၊ ကုလားထိုင်ဆွဲပြီး ထိုင်သည်။  ထို့နောက် ခြင်းတောင်းကို ပေါင်ပေါ်တင်လိုက်ပြန်သည်။ အလျားလိုက် ခေါက်ပြီး ထပ်ထားသော ကျပ်တန်လေးရွက်ကို နှိုက်ယူလိုက်သည်။ တစ်ရွက်စီဖြန့်ပြီး ထပ်သည်။ တတိယမြောက် ကျပ်တန်အလှည့်တွင် လက်က တုံ့ခနဲဖြစ်သွားသည်။
 ကျပ်တန်အလယ်တည့်တည့်က ထက်ပိုင်းစုတ်ပြဲနေသည်ကို စက္ကူဖြင့် ပြန်ကပ်ထားခြင်း ဖြစ်သည်။ သူ့မျက်နှာက နည်းနည်းအိုသွားသည်။ ပြီးတော့မှ နှုတ်ခမ်းထောင့်စွန်းကလေး တွန့်ရုံ ပြုံးလိုက်၏။
 ပိုက်ဆံအိတ်ဖွင့်၍ ကျပ်တန်အကောင်းဆုံး သုံးရွက်ကို ထည့်သည်။ ငါးကျပ်တန်တစ်ရွက် ပြန်ထုတ်သည်။ စောစောက ကျပ်တန်အစုတ်ကိုပါယူပြီး ခပ်လှမ်းလှမ်းရှိ စာရေးကြီး စားပွဲသို့ သွားသည်။
 "ဆပ်ပြာဖိုး ငွေသွင်းလို့ရပြီလား"
 စာရေးကြီးက ဖိုင်တွဲလေးကို လှန်လှောနေရာမှ မော့ကြည့်ပြီး ...
 "ရပြီလေ၊ သုံးပိုင်းအတွက် ခြောက်ကျပ်သွင်းရမယ်"
 စာရေးမလေးက ငွေခြောက်ကျပ် လှမ်းပေးသည်။ စာရေးကြီးက ကျပ်တန်အစုတ်ကို မြင်သွား၏။
 "ဟာဗျာ၊ ခင်ဗျားတို့ကလည်း အစုတ်အပြဲမှန်သမျှ ဒီမှာချည်း လာပေးတာပဲ။ ဟိုကျလို့ ငွေသွင်းတဲ့အခါ ခဏခဏစကားများရတယ်"
 "ရပါတယ်၊ ဟိုကလည်း ဘဏ်သွင်းရမှာပဲဟာ"
 စာရေးမလေးက ပြောပြောဆိုဆို လှည့်ထွက်သွား၏။ ထိုအချိန်မှာပင် သက်သာလက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကလေး ရောက်လာသည်။
 "အစ်ကိုရေ၊ အစိတ်ဖိုးလောက် လဲပေးပါဦး၊ ကျပ်တန်ချည်းပဲရရင် ပိုကောင်းတယ်"
 "သိပ်ရတာပေါ့ကွာ"
 စာရေးကြီးက ကျပ်တန်အရွက်အစိတ် ရေတွက်ပြီး ပေးလိုက်သည်။
(၃)
 ရုံးအုပ်ကြီးက ကောင်တာပေါ်သို့ ဆယ်တန်တစ်ရွက် တင်လိုက်ပြီး...
 "လက်ဖက်ရည် နှစ်ခွက်ဟေ့"
 ဟုပြောလိုက်သည်။ ကောင်တာထိုင်သူက တိုကင်ပြား နှစ်ပြားအရင်ပေးလိုက်သည်။ ထို့နောက် အကြွေပြားနှစ်ဆယ်၊ ကျပ်တန်သုံးရွက်နှင့် ငါးကျပ်တန်တစ်ရွက် ပြန်အမ်းသည်။ ရုံးအုပ်ကြီးက ပြန်အမ်းငွေကိုယူ၍ လက်ဖက်ရည်ဖျော်သည့်နေရာသို့ ထွက်လာပြီးမှ ပြန်လှည့်ကာ ...
 "ဟေ့ကောင်၊ ကျပ်တန်တစ်ရွက် ပြန်လဲပေးကွာ၊ အစုတ်ကြီး"
 "ကျပ်တန်က ဒါပဲရှိလို့ပါ၊ ခုနရုံးပေါ်က သွားအမ်းလာတာ အစိတ်ဖိုးက  ဒါနောက်ဆုံးကျန်တာပဲ။ သုံးလို့ရပါတယ် ဆရာရဲ့"
 "ဟာ ... ရမယ်မထင်ဘူးကွ၊ စုတ်တဲ့အပြင် နွမ်းလည်းနွမ်းနေသေးတယ်"
 "လွယ်ပါတယ်ဆရာရယ်၊ နောက်နေ့လည်း လက်ဖက်ရည် သောက်ဦးမှာပဲ။ အဲဒီတော့မှ ပြန်ပေးပေါ့"
(၄)
 ရသာမုန့်ဆိုင်ရှေ့ရှိသုံးဘီး၊ လေးဘီးဂိတ်တွင် လူတွေ ပုံနေသည်။ မှောင်စပြုလာသောအချိန်တွင် လူကပိုကျလာ၏။ ကားက အ၀င်နည်းနေသည်။
သုံးဘီးတစ်စီး ၀င်လာသည်။ နောက်ဘက်မှ တွယ်ပြီးလိုက်လာသော ကောင်လေးက  "တာမွေ တာမွေ" ဟုအော်သည်။ လူတစ်စု ပြုံပြီးတိုးတက်သည်။ ရုံးအုပ်ကြီးသည် အစွန်ဆုံး တစ်နေရာကို ရလိုက်၏။
 ကျောက်မြောင်း သီတာလမ်းထိပ်တွင် သူဆင်းသည်။ ကားမောင်းသမားကို ကျပ်တန်တစ်ရွက်ပေးပြီး ချာခနဲ လှည့်ထွက်လိုက်၏။ ခပ်သုတ်သုတ် လျှောက်သွားသည်။
 မိန်းကလေးက သုံးဘီးကားကို လှမ်းတာသည်။ ကားရပ်ပေး၏။ မိန်းကလေးကမေးသည်။
 "စိန်ဂျွန်းဈေးသွားချင်လို့"
 "ရပါတယ် ရှစ်ကျပ်တော့ပေးပေါ့"
 "ဟင် ...များတာပေါ့၊ သိပ်မှမဝေးတာ၊ ငါးကျပ်ပဲ"
 ကားဆရာက ခေါင်းခါပြီး ...
 "ငါးကျပ်တော့ မရဘူး၊ ပိုပြောတာမဟုတ်ပါဘူး။ တစ်မနက်လုံး ကားပြင်နေရလို့ အုံနာခတောင် မရသေးပါဘူးဗျာ"
 နောက်ဆုံး ခြောက်ကျပ်နှင့် ဈေးတည့်သွားသည်။ စိန်ဂျွန်းဈေးသို့ ရောက်အောင် ဆယ်မိနစ်တောင် မမောင်းရ။
 ဈေးရှေ့တွင် ကားရပ်သည်။ မိန်းကလေးက ငါးကျပ်တန် နှစ်ရွက်ပေးသည်။ ကားဆရာက ...
 "ကျပ်တန်မပါဘူးလား"
 မိန်းကလေးက ခေါင်းခါပြသည်။ ကားဆရာသည် ငါးကျပ်တန် နှစ်ရွက်ယူပြီး ကျပ်တန်လေးရွက် ပြန်အမ်းသည်။ မိန်းကလေးက ကျပ်တန်လေးရွက်ကို ရေတွက်ကြည့်နေရာမှ "ဟင်" ဟု
 အာမေဋိတ်ပြုလိုက်ပြီး...
 "ဒီမှာ ... ဒီမှာ  ဟိုး...ဟိုး..."
 ဟု လှမ်းအော်သည်။ သုံးဘီးကားက မောင်းထွက်သွားပြီ ဖြစ်၏။
(၄)
 အလှကုန်ဆိုင်ရှင် အမျိုးသမီးကြီးသည် ဆိုင်ရှေ့မှာ လာရပ်သော မိန်းကလေးကို ...
 "ဘာရှာသလဲ ညီမ"
 ဟု ဆီးကြိုလိုက်သည်။ မိန်းကလေးက ...
 "မဉ္ဇူခေါင်းလျှော်ရည်ရှိလား"
 "ရှိတယ် ညီမ"
 "ဘယ်လောက်လဲ"
 "ဆယ့်နှစ်ကျပ်ပါ"
 "ဟင် ... ဈေးကလည်းများလိုက်တာ"
 "မများပါဘူးကွယ်၊ ပစ္စည်းမှန် ဈေးမှန်ပါပဲ"
 "အရင်တစ်ခါဝယ်တုန်းက ကိုးကျပ်ပဲပေးရတယ်"
 "အခုမရတော့လို့ပါ ညီမရယ်၊ ကောက်တာတောင် ဆယ့်တစ်ခွဲပေးရပါတယ်။ အစ်မတို့ ငါးမူးစားရတာပါ"
 "တစ်ဆယ်အတိပဲ ထားလိုက်ပေါ့"
 "မရလို့ပါ၊ တခြားဆိုင်တွေလည်း မေးကြည့်ပါ"
 "ထားလိုက်ပါ၊ တစ်ဆယ်ပဲ"
 "ကဲ ... ဆယ့်တစ်နဲ့ယူသွား၊ ဟုတ်လား ။ နောက်လည်း ဒီမှာဝယ်ဖြစ်သွားအောင် ငါးမူးအရှုံးခံပြီး ပေးလိုက်မယ်"
 ရှိုးကေ့စ်ထဲမှ ခေါင်းလျှော်ရည်တစ်ပုလင်း ထုတ်ပေးသည်။ မိန်းကလေးက လှမ်းယူပြီး ကြွပ်ကြွပ်အိတ်ထဲသို့ ထည့်လိုက်သည်။
 ထို့နောက် ပိုက်ဆံအိတ်ကလေးထဲမှ ငါးကျပ်တန်နှစ်ရွက်ကို အရင်ထုတ်ပေးသည်။ ပြီးမှ ကျပ်တန်တစ်ရွက်ကို ခေါက်လျက်သား ပေးလိုက်၏။
(၅)
 မိန်းမကြီးတစ်ယောက် ထမင်းချိုင့်ထည့်ထားသော ပလတ်စတစ်လက်ဆွဲခြင်းကိုကိုင်လျက် ထော့နဲ့ထော့နဲ့ လျှောက်လာသည်။
ဆိုင်ရှေ့မှာ လာရပ်သည်။ ဆွဲခြင်းကို ဆိုင်ပေါ်တင်ပြီး နဖူးမှာသီးနေသော ချွေးသီးများကို လက်ဖြင့်သပ်ချလိုက်သည်။ ဆိုင်ရှင်အမျိုးသမီးက ...
 "နောက်ကျလှချည်လား"
 ဟု ပြောလိုက်သည်။ မိန်းမကြီးက ...
 "ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဟိုဒင်းဖြစ်နေလို့"
 "ဘာလဲ၊ လမ်းလျှောက်လာရလို့လား"
 "အင်း ... ကားကလည်း ကျပ်တာနဲ့"
 "နောက်နေ့တော့ စောစောလာပို့နော်"
 "ဟုတ်ကဲ့"
 ဆိုင်ရှင်အမျိုးသမီးက ပိုက်ဆံသေတ္တာထဲရှိ ငွေစက္ကူများထဲမှ ကျပ်တန်တစ်ရွက်ကို ယူလိုက်သည်။ လေးခေါက်ခေါက်ပြီး မိန်းမကြီး လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ မိန်းမကြီးက ကျပ်တန်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထော့နဲ့ထော့နဲ့ဖြင့် ပြန်ထွက်သွားသည်။
(၆)
 မိန်းမကြီးသည် စိန်ဂျွန်းဈေးမှ မြေနီကုန်းအထိ လမ်းလျှောက်ပြန်လာသည်။ လမ်းထိပ် ကွမ်းယာဆိုင်ကို ၀င်သည်။
 ကျားပျံမကောက်ဆေးပေါ့လိပ် တစ်လိပ်နှင့် မရန်းပြားတစ်ထုပ် ယူသည်။ ကျပ်တန်ကို လှမ်းပေးလိုက်၏။ ဆိုင်က ကောင်လေးကျပ်တန်ကို ဖြန့်ကြည့်ပြီး ...
 "အဒေါ်ကြီး ကျပ်တန်ပြန်လဲပေးပါ"
 "ဟဲ့ ...ဘာဖြစ်လို့လဲ"
 "ဒီမှာမတွေ့ဘူးလား၊ ထက်ပိုင်းပြဲနေလို့ စက္ကူနဲ့ ပြန်ကပ်ထားတာ"
 "ဟေ ...ဟုတ်လား၊ အမေကြီးလည်း မျက်စိကမွဲတော့ သေသေချာချာ မကြည့်မိဘူး။ နို့  အဲဒီပိုက်ဆံက သုံးလို့မရဘူးလား"
 "ပြန်အမ်းတဲ့အခါကျတော့ ဘယ်သူမှ မလိုချင်ဘူးဗျ၊ ပြီးတော့ အမေကလည်း ပြန်လာရင် ဆူနေမှာ"
 "အေးအေး... ဒါဆိုလည်း ပြန်ပေး"
 မိန်းမကြီးက ကျပ်တန်ကို ပြန်ယူလိုက်သည်။ ပြီးတော့ ချွေးခံအင်္ကျီထဲသို့ နှိုက်စမ်းပြီးထုတ်လိုက်ရာ မတ်စေ့တစ်စေ့ပါလာ၏။ ဆေးလိပ်မ၀ယ်တော့ဘဲ အချဉ်ထုပ်သာယူခဲ့သည်။
(၇)
 "အမေကြီး မရန်းပြားပါလား"
 ဟု ကလေးမလေးက မေး၏။ မိန်းမကြီးက မရန်းပြားထုပ်ကို လှမ်းပေးလိုက်ပြီးနောက် ကွပ်ပျစ်ကလေးဘေးတွင် ဟိုစမ်းဒီစမ်းလုပ်နေသည်။
 "ဟဲ့... အမေကြီး ဆေးလိပ်တိုလေးထားခဲ့တာ မတွေ့မိဘူးလား"
 "ဒီမှာလေ အမေကြီးရဲ့"
 ကလေးမလေးက ကြွက်လျှောက်ပေါ်က ဆေးလိပ်တိုကို ယူပေးရင်း...
 "အမေကြီး ဆေးလိပ်ကဖြင့် အစီခံနားကပ်နေပြီ။ အသစ်မ၀ယ်ခဲ့ဘူးလား"
 "၀ယ်မလို့ပဲကွယ်၊ ပိုက်ဆံက စုတ်နေလို့တဲ့။ သုံးလို့မရတာနဲ့ မ၀ယ်ခဲ့ရဘူး"
 "ဈေးထဲကပေးလိုက်တဲ့ ပိုက်ဆံလားဟင်"
 "အေးပေါ့"
 "ဒါဆို အကောင်းနဲ့ပြန်လဲခိုင်းပေါ့"
 "အမေကြီးက မျက်စိကမွဲတော့ မမြင်မိဘူး။ ပြန်လဲခိုင်းလို့လည်း မဖြစ်ပါဘူး။ တော်ကြာစိတ်ဆိုးပြီး နောက်မခိုင်းဘဲနေပါဦးမယ်"
 "အဲဒီပိုက်ဆံပြပါဦး"
 မိန်းမကြီးက ချွေးခံအင်္ကျီအိတ်ထဲက ကျပ်တန်ကို ထုတ်ပြသည်။ ကလေးမလေးက ယူကြည့်ပြီး...
 "ဟာ... ဟုတ်ပြီ၊ ဟိုဘက်လမ်းထဲကဆိုင်မှာ ဆေးလိပ်သွားဝယ်ရမယ်။ အဲဒီဆိုင်က အဘွားကြီးက မျက်စိသိပ်မကောင်းဘူး အမေကြီးရဲ့"
 "ဟဲ့... မလုပ်ကောင်းဘူး၊ အမေကြီးတောင် ဒီပိုက်ဆံကိုရတော့ တော်တော်စိတ်မချမ်းသာ ဖြစ်သွားရသေးတာ။ သူများတွေလက်ထဲ ရောက်သွားရင်လည်း ဒီလိုပဲခံစားရမှာပေါ့"
 "ဒါဆို ဒီလိုလုပ် အမေကြီး၊ ရှင်စောပုဘုရားက အလှူခံပုံးထဲထည့်လိုက်မယ် မကောင်းဘူးလား"
 မိန်းမကြီးက ခေါင်းကို တွင်တွင်ခါသည်။
 "မလုပ်ပါနဲ့ကွယ်၊ ဟိုဘ၀က လှူဒါန်းတာ မစင်ကြယ်ခဲ့လို့ ဒီဘ၀မှာ ဒုက္ခိတတစ်ပိုင်းလာဖြစ်နေတာ။ နောက်ဘ၀ကို ဆက်ပါနေပါဦးမယ်။ လှူတယ်ဆိုတာ သန့်သန့်ရှင်းရှင်းစိတ်ထားမှကွဲ့။ အင်း... ဒီပိုက်ဆံကို မသုံးဘဲထားလိုက်တာ အကောင်းဆုံးပါပဲလေ"
 မိန်းမကြီးသည် ကျပ်တန်စုတ်ကလေးကို ကွပ်ပျစ်ပေါ်မှာခင်းထားသော ဖျာအောက်သို့ အသာအယာထိုးထည့်လိုက်လေသည်။
မင်းလူ
-----------------
စံပယ်ဖြူမဂ္ဂဇင်း၊ 
ဖေဖော်ဝါရီ၊ ၁၉၈၅
(၁)
ဘတ်စ်ကား စပယ်ယာက လက်ကြားထဲတွင် အလျားလိုက်ခေါက်ပြီး ညှပ်ထားသော ငွေစက္ကူများထဲမှ ကျပ်တန်လေးရွက်ကို ဆွဲထုတ်ပြီး ...
"ငါးကျပ်တန်ပေးတာ ဘယ်သူလဲ" ဟု မေးသည်။
"ဒီမှာ ... ဒီမှာ"
လူတွေကြားထဲက လက်တစ်ဖက် လျှိုထွက်လာသည်။ စပယ်ယာက ဖြန့်ထားသော လက်ထဲသို့ ကျပ်တန်တွေ ထည့်ပေးသည်။ လက်ကိုဆုပ်ပြီး ပြန်ရုပ်သွား၏။
ဘတ်စ်ကားသည် တာမွေ၊ ကျောက်မြောင်း၊ မအူကုန်း၊ သိမ်ဖြူ စသည်ဖြင့် ကျော်ဖြတ်မောင်းနှင်လာသည်။ လမ်းသုံးဆယ် မှတ်တိုင်မှာ ရပ်သောအခါ လူတော်တော်များများ ဆင်းသည်။
(၂)
စာရေးမလေးသည် ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် ခါးအပေါ်ကို တွန့်လိမ်တက်နေသော အင်္ကျီအောက်နားစကို ဆွဲဆန့်လိုက်သည်။
ထို့နောက် လမ်းကိုဖြတ်ကူးသည်။ ကမ်းနားလမ်းဘက်မှ လှည့်ပြီး ရုံးအပေါ်ထပ်သို့ တက်လာသည်။
အခန်းထဲဝင်သည်။ စားပွဲပေါ် ခြင်းတောင်းချ၊ ကုလားထိုင်ဆွဲပြီး ထိုင်သည်။ ထို့နောက် ခြင်းတောင်းကို ပေါင်ပေါ်တင်လိုက်ပြန်သည်။ အလျားလိုက် ခေါက်ပြီး ထပ်ထားသော ကျပ်တန်လေးရွက်ကို နှိုက်ယူလိုက်သည်။ တစ်ရွက်စီဖြန့်ပြီး ထပ်သည်။ တတိယမြောက် ကျပ်တန်အလှည့်တွင် လက်က တုံ့ခနဲဖြစ်သွားသည်။
" မြန်မာ့အင်တာနက် ဝန်ဆောင်မှု ဘာလဲ ဘယ်လဲ"
Photo: " မြန်မာ့အင်တာနက် ဝန်ဆောင်မှု ဘာလဲ ဘယ်လဲ"
=============================
ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လက်ကမ်းစာစောင်တွေမှာ၊ သတင်း၊ ဆောင်းပါးတွေ၊ ကြော်ငြာတွေမှာ နိုင်ငံတကာအဆင့်မီ စီမံထုတ်လုပ်ထားသော စံချိန်စံညွှန်းကိုက်ညီသောဆိုတဲ့ စကားလုံးတွေ တော်တော်များများ မြင်ကြားနေရပါတယ်။ နောက်ကွယ်က နိုင်ငံတကာအဆင့်မီတာဝန်ယူမှုဆိုတာတော့ လုပ်ဆောင်ပေးတာ အားနည်းနေပါသေးတယ်။ မော်တော်ကားထုတ်လုပ် တဲ့ကုမ္ပဏီတစ်ခုဟာ ကားရောင်းလိုက်ရုံနဲ့မပြီးဘဲ ထုတ်လုပ်သူရဲ့ ချို့ယွင်းအားနည်းချက်ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို တာဝန်ယူရပါ မယ်။  ကုမ္ပဏီကနေ သူ့ရဲ့ထုတ်လုပ်မှုအားနည်း ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေအားလုံးကိုလည်း တာဝန်ယူတာတွေ့ရပါတယ်။ ဘယ်ကားကုမ္ပဏီကနေ ဘယ်နှခုနှစ်က ထုတ်လုပ်တဲ့ကားတွေရဲ့ ဘရိတ်စနစ် ချွတ်ယွင်းချက်တွေ တွေ့လို့ အဲဒီကားတွေအားလုံးကို ပြန်သိမ်းပြုပြင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ သတင်းတွေဖတ်မိ၊ ကြားမိကြမှာပါ။ 
လေကြောင်းလိုင်းတစ်ခုဟာ  လက်ဆွဲအိတ် မှားသွားတာ၊ နောက်ကျတာ၊ ပျောက်တာမျိုးဖြစ်ခဲ့ရင်ခရီးသည်တွေကို အဝတ်အစားဝယ်ဝတ်ဖို့ စရိတ်ထုတ်ပေးတာ၊ လေယာဉ်နောက်ကျတာ၊ ခရီးစဉ်ဖျက်တာမျိုးဆိုရင် အဲဒီည၊ အဲဒီရက်တွေ မှာတည်းခိုဖို့စီစဉ်ပေးတာ၊ စရိတ်ပေးတာမျိုးလုပ် ပေးဖို့ လိုပါတယ်။ လုပ်လည်းလုပ်ပေးပါတယ်။
ပြီးခဲ့တဲ့လေးနှစ်၊ ငါးနှစ်လောက်က အ ကြောင်းကိစ္စတစ်ခုနဲ့ တာချီလိတ်ကနေ ရန်ကုန် ကို လေယာဉ်နဲ့ပြန်ဖူးပါတယ်။ ရန်ကုန်မှာကိစ္စ ရှိလို့ ဒီညနေထွက်မယ့် လေယာဉ်ရှိလား၊ ရှိရင် အဲဒီလေယာဉ်နဲ့ လိုက်မယ်ဆိုပြီး လက်မှတ်ဝယ်ပါတယ်။ 
အဲဒီက မိတ်ဆွေတွေကို နှုတ်ဆက်ပြီး လေဆိပ်ဆင်းတော့မယ် ဆိုတော့ပြုံးစေ့စေ့နဲ့၊ ဘာလဲဟပေါ့။ လေဆိပ်ဆင်း၊ လေယာဉ်စောင့် ၊နောက်ဆုံးတော့ လေယာဉ်ခရီးစဉ်ဖျက်သိမ်းပါတယ်ဆိုလို့ တည်းတဲ့အိမ်ပြန် လာတော့မှ ပြန်လာမယ်ဆိုတာသိသားပဲတဲ့၊ ဒီမှာက လေယာဉ်စီးမယ့် ခရီးသည်နည်းရင် ကွင်းမဆင်းဘူး၊ နောက်နေ့မနက်မှ ကွင်းဆင်းလိမ့်မယ်၊ ဒီညတော့ စောင့်ဦးပေါ့တဲ့၊ ဒီမှာက လူမပြည့်ရင်တွက်ခြေမ ကိုက်ရင် လေယာဉ်ကွင်းမဆင်းဘဲ ခရီးစဉ်ပါ ဖျက်ပစ်တာတဲ့၊ ကောင်းကြသေးရဲ့လားဗျာ။ 
ကျွန်တော့်ကိစ္စက မနက်မှ ရောက်လည်းကိစ္စမရှိပေမယ့်၊ ဒီညမဖြစ်မနေ ရောက်ရမယ်ဆိုတဲ့သူတွေအတွက် ဘယ်လို ဖြေရှင်းပေးမလဲ၊ ဘယ်လိုတာဝန်ယူမလဲ ဆိုတာဘာမှမရှိပါ။ လေယာဉ်ခရီးစဉ် ဖျက်သိမ်း လို့တစ်ညပိုတည်းလိုက်ရတာအတွက်လည်း ဘာမှ တာဝန်မယူတဲ့အပြင် တောင်းပန်တာမျိုးတောင်မှ ဘာမှမရှိပါ။ လေယာဉ်လက်မှတ် ဝယ်ခွင့်ရတာကိုက မဟာကံထူးရှင်ကြီးလိုဖြစ်နေတဲ့ အခြေအနေမျိုးမှာတော့ လေယာဉ်ခရီးစဉ်ရွှေ့ လိုက်တာလောက်ကို ဘာမှပြောမနေနဲ့ ဆိုတဲ့ သဘောဖြစ်နေပါတယ်။ 
ဘယ်လိုလုပ်ပြီး နိုင်ငံတကာအဆင့် မီတော့မှာလဲ ။ သူ့အရပ်နဲ့ သူ့ ဇာတ်ကတော့ ဟုတ်နေတာပါပဲ။
တခြားစက်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုတွေ ခဏထားပြီး ကွန်ပျူတာတို့၊ အင်တာနက်တို့မှာ ဘာဖြစ်နေသလဲဆိုတာပြောချင်ပါတယ်။ အင်တာနက်ဆိုတာ ဘယ်တော့မှ၊ ဘယ်အချိန်မှ မပျက်အောင် စီမံထားပါတယ်။ 
စီမံထား နိုင်ပါတယ်။ မြေအောက်ကမရရင် မြေပေါ်၊ မြေပေါ်ကမရရင် ဂြိုဟ်တုက၊ ဒီဒေသကမရရင် တခြားဒေသကဆက်သွယ်နိုင်အောင် လုပ်ထားပြီးဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာခဲ့ ရင်တောင်မှ အရေးပေါ်ဆက်သွယ်လုပ်ဆောင်နိုင်အောင် စီစဉ်ထားပြီးဖြစ်ပါတယ်။ ဒီမှာကတော့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISP (Internet Service Provider) ကားတိုက်ခံရတာ၊ ပင်မကြောရိုးဆက်ကြောင်း (backbone) ခွေးကိုက်ခံရတာမကြာခဏဖြစ်နေပါတယ်။ ခဏခဏဖြစ်နေတော့ တကယ်ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ ရင်တောင်မှ သုံးစွဲသူတွေ အယုံအကြည်မဲ့သွားစေပါတယ်။
မြန်မာပြည်မှာရှိတဲ့အင်တာနက်ဆက်သွယ်မှု ဝန်ဆောင် ခတွေဟာ နိုင်ငံတကာဈေးနှုန်းတွေ ထက်မြင့် ပါတယ်။ တော်ရုံကုမ္ပဏီ၊ တော်ရုံစီးပွားရေးလုပ်ငန်းတွေဟာ အင်တာနက် ချိတ်ဆက်သုံးလောက်အောင် မတတ်နိုင်ကြပါဘူး။ ဒီကြားထဲမှာ မဖြစ်မနေသုံးဖို့လိုအပ်လို့ မတန်မဆပေး တပ်ဆင်ထားကြရတာပါ။
 ဒီကြားထဲမှာ အင်တာနက်ဆက်ရတာ နှေးနေတာ၊ မကြာခဏပျက်နေတာမျိုး မဖြစ်သင့်ပါဘူး။ နည်းပညာသမားတွေဘက်ကလည်း ဘယ် Plan၊ ဘယ် Bandwidth ၊ ဘယ်လောက်ကို သုံးလိုက်၊ ကျိန်းသေအဆင်ပြေမှာပါဆိုတာမျိုး အာမ မခံနိုင်ဘူးဖြစ်နေပါတယ်။ အင်တာနက်ဆက်မရတာကြောင့်  ISP နဲ့ ဆက်လိုက်တဲ့အခါမျိုးဆိုရင်လည်း ဘော်လီဘောပုတ်ခံရတာများပါတယ်။ အရင် ADSL sတွေသုံးတုန်းက ဆိုရင် ISP ကိုမေးရင် အိတ်ချိန်း၊ အိတ်ချိန်းမေးရင် ISP အိတ်ချိန်းရော ISP ပါမေးရင် backbone နဲ့ ပြောတိုင်းဖြစ်၊ လုပ်သမျှခံရတာ အသုံးပြုတဲ့သူတွေ ဖြစ်နေပါတယ်။
သတင်းတွေထဲမှာတော့ ဘယ်ဖိုင်ဘာဆက်ကြောင်း လုပ်ထားပြီးပြီ၊ ဘယ်အပိုင်းတွေကို ဘယ်လိုလုပ်ထားလို့ အသုံးပြုတဲ့သူတွေ ဘယ်လောက်အဆင်ပြေလာမယ်ဆိုတာတွေကတော့ မဖတ်ချင်မှအဆုံးပါ။ တကယ့်လက်တွေ့မှာ သုံးရတာ အခုထိ အဆင်မပြေသေးတာကတော့ သေချာပါတယ်။ 
အင်တာနက်ဝန်ဆောင်မှုတွေ ဈေးကွက်တင်ရောင်းတဲ့အခါမှာလည်း ဘယ် bandwidth သုံးရင် လစဉ်ကြေး ဘယ်လောက်၊ ဘယ် Service Plan ကဖြင့်ကနဦးဝန်ဆောင်ခဘယ်လောက်၊ လစဉ်ကြေးဘယ်လောက်ဆိုပြီး ရောင်းချထားပေမယ့် အဲဒီ bandwidth  အပြည့်မရပါ။ ဘာအာမခံချက်မှ မပေးပါဘူး။
 နိုင်ငံတကာအဆင့်မီ လစဉ်ကြေးတွေ၊ နှစ်စဉ်ကြေးတွေ ယူထားပြီးရင်တော့ နိုင်ငံတကာအဆင့်မီ တာဝန်ယူမှုတွေကိုပါ တာဝန်ယူပေးဖို့ လိုပါလိမ့်မယ်။ အင်တာနက်သုံးရတာနှေးနေလို့ bandwidth အပြည့်သုံးမရတာမျိုး၊ ဒါမှမဟုတ် အင်တာနက်သုံးခဲ့မှု ပြတ်တောက်ခဲ့ရင် လစဉ်ကြေးရဲ့ ၁ဝ ရာ ခိုင်နှုန်း၊ ၂ဝ ရာခိုင်နှုန်းလျှော့ပေးမယ်၊ တခြားဝန် ဆောင်မှု တစ်ခုခုလုပ်ပေးမယ်ဆိုတာမျိုးတော့ စီစဉ်ပေး၊ တာဝန်ယူပေးတာမျိုး လုပ်သင့်ပါတယ်။
မြန်မာနိုင်ငံမှာ ကွန်ပျူတာသုံးစွဲမှုက ထင်သလောက်ဖြစ်မလာသေးပါဘူး။ ကွန်ပျူတာတစ်လုံးကို ဈေးကြီးပေးဝယ်ပြီး အပြည့်အဝအသုံးမချနိုင်သေးပါ။ အဲဒီအထဲမှာ လျှပ်စစ်မီးပျက်တာနဲ့ အင်တာနက်ဆက်သွယ်မှု အားနည်းနေတာကလည်း အဓိကအချက်ဖြစ်နေပါတယ်။ 
ဘဏ်မှာငွေထုတ်ငွေသွင်းလုပ်တာ အွန်လိုင်းကျနေလို့ လက်နဲ့ပဲရေးပေး လိုက်မယ်ဆိုပြီး ဘဏ်စာအုပ်ပေါ်မှာ လက်ရေးနဲ့ဖြည့်လိုက်တာ၊ ငွေထုတ် ငွေသွင်းလိုအပ်တာထက်ကြာနေတာ၊ အွန်လိုင်းကျနေလို့ ATM ငွေထုတ်လို့ မရတာမျိုးတွေ ကြုံနေရပါတယ်။ အင်တာနက်နဲ့ဆက်မထားရင် အလကားသုံးခွင့်ရ တဲ့ဆောဖ့်ဝဲအသေးလေးတွေတောင်မှ Install လုပ်မရတာမျိုး၊ Products တွေမှတ်ပုံတင်မရတာ၊ ဆောဖ့်ဝဲတွေ update၊ upgrade လုပ်မရတာမျိုးဖြစ်နေလို့ ကွန်ပျူတာ လုပ်ငန်းတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ တိုးတက်လာဖို့အတွက် အင်တာနက်ကို ယုံကြည်စိတ်ချစွာ၊ မြန်မြန်ဆန်ဆန်သုံးစွဲဖို့ အဓိကအရေးပါနေပါတယ်။ 
သတင်းနဲ့ မီဒီယာတွေမှာလည်း အချိန်နဲ့ တစ်ပြေးညီဆက်သွယ် လုပ်ဆောင်လာနိုင်ဖို့အတွက် အင်တာနက်သုံးစွဲမှုက အဓိကပါ။ စာနယ်ဇင်းတွေမှာလည်း လစဉ်ထုတ်ကနေ အပတ်စဉ်၊  နေ့စဉ်သတင်းစာတွေအထိ ထုတ်လုပ်ဖြန့်ချိနေပြီ ဖြစ်လို့ လုပ်ငန်းစဉ်တစ်ခုခု နှောင့်နှေးကြန့်ကြာတာမျိုးဖြစ်လို့ မရတော့ပါဘူး။ 
အင်တာနက်ချိတ်ဆက်ခ လိုအပ်တဲ့အတိုင်းပေးထားပြီးပြီ၊ အင်တာ  နက်သုံးမရလို့ နောက်နေ့သတင်းစာမထွက်နိုင်ရင် ဘာလုပ်ပေးမလဲဆိုတာ မေးစရာဖြစ်လာပါတယ်။
သိပ်မကြာခင်မှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက လက်ခံကျင်းပပါလိမ့်မယ်။ သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ပို့ယူဖို့အင်တာနက်ကို သုံးကြပါ လိမ့်မယ်။ backbone ကဘာဖြစ်လို့၊ ဂြိုဟ်တုကချိတ်မရလို့၊ နေပူလို့၊ မိုးရွာလို့ အကြောင်းပြလို့မရပါ။ 
လူတစ်ဦးတစ်ယောက်၊ ကုမ္ပဏီတစ်ခု၊ နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ် ကိုနိုင်ငံတကာက ယုံကြည်မှုရှိအောင် တည်ဆောက်ရ မယ့်ကာလ ဖြစ်ပါတယ်။ ချွတ်ယွင်းမှုမရှိအောင် ကြိုတင်စီမံထားရပါမယ်။
အခုပြောတာလည်း ဘယ် ISP ကဖြင့် ဘယ်လိုဆိုတာမျိုး၊ ဘယ်အဖွဲ့အစည်းကဖြင့် ဘာကြောင့်၊ ပုဂ္ဂိုလ်ရေးအရ ပြောဆိုတာမျိုး မဟုတ်ပါ။ တိုင်းပြည်တစ်ခု တိုးတက်အောင်လုပ်ဆောင်ရာမှာ မဖြစ်မနေလုပ်ဆောင်ရမယ့် အခြေခံအဆောက်အအုံတစ်ခုဖြစ်တဲ့ ဆက်သွယ်ရေးလုပ်ငန်း အင်တာနက်ကို အဆင်ပြေပြေသုံးစွဲနိုင်အောင် လုပ်ဆောင်ပေးကြဖို့ လိုအပ်နေကြောင်း ပြောချင်တာပါ။
ဖိုးနိုင်ဝင်း (Masterpiece)
ကုမ္ပဏီတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လက်ကမ်းစာစောင်တွေမှာ၊ သတင်း၊ ဆောင်းပါးတွေ၊ ကြော်ငြာတွေမှာ နိုင်ငံတကာအဆင့်မီ စီမံထုတ်လုပ်ထားသော စံချိန်စံညွှန်းကိုက်ညီသောဆိုတဲ့ စကားလုံးတွေ တော်တော်များများ မြင်ကြားနေရပါတယ်။ နောက်ကွယ်က နိုင်ငံတကာအဆင့်မီတာဝန်ယူမှုဆိုတာတော့ လုပ်ဆောင်ပေးတာ အားနည်းနေပါသေးတယ်။ မော်တော်ကားထုတ်လုပ် တဲ့ကုမ္ပဏီတစ်ခုဟာ ကားရောင်းလိုက်ရုံနဲ့မပြီးဘဲ ထုတ်လုပ်သူရဲ့ ချို့ယွင်းအားနည်းချက်ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေကို တာဝန်ယူရပါ မယ်။ ကုမ္ပဏီကနေ သူ့ရဲ့ထုတ်လုပ်မှုအားနည်း ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေအားလုံးကိုလည်း တာဝန်ယူတာတွေ့ရပါတယ်။ ဘယ်ကားကုမ္ပဏီကနေ ဘယ်နှခုနှစ်က ထုတ်လုပ်တဲ့ကားတွေရဲ့ ဘရိတ်စနစ် ချွတ်ယွင်းချက်တွေ တွေ့လို့ အဲဒီကားတွေအားလုံးကို ပြန်သိမ်းပြုပြင် လုပ်ဆောင်ပေးမယ်ဆိုတဲ့ သတင်းတွေဖတ်မိ၊ ကြားမိကြမှာပါ။
လေကြောင်းလိုင်းတစ်ခုဟာ လက်ဆွဲအိတ် မှားသွားတာ၊ နောက်ကျတာ၊ ပျောက်တာမျိုးဖြစ်ခဲ့ရင်ခရီးသည်တွေကို အဝတ်အစားဝယ်ဝတ်ဖို့ စရိတ်ထုတ်ပေးတာ၊ လေယာဉ်နောက်ကျတာ၊ ခရီးစဉ်ဖျက်တာမျိုးဆိုရင် အဲဒီည၊ အဲဒီရက်တွေ မှာတည်းခိုဖို့စီစဉ်ပေးတာ၊ စရိတ်ပေးတာမျိုးလုပ် ပေးဖို့ လိုပါတယ်။ လုပ်လည်းလုပ်ပေးပါတယ်။
ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစားအစာထဲသို့ ပိုးသတ်ဆေးထည့်ခဲ့သူ တရုတ်အလုပ်သမားအား ရုံးတင်စစ်ဆေး
Photo: ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစားအစာထဲသို့ ပိုးသတ်ဆေးထည့်ခဲ့သူ တရုတ်အလုပ်သမားအား ရုံးတင်စစ်ဆေး
=======================================
 ၂ဝဝ၈ ခုနှစ်က ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစာသွပ်မုန့်အတွင်း၌ ပိုး သတ်ဆေးထည့်သည်ဆိုသော စွဲချက် ဖြင့် တရုတ်စက်ရုံလုပ်သား တစ်ဦးအား ရုံးတင်စစ်ဆေးလျက်ရှိပြီး အဆိုပါ အပြု အမူကြောင့် ဂျပန်လူမျိုး ၁ဝ ဦးနာမ ကျန်းဖြစ်ခဲ့ကြောင်း ဂျပန်နှင့်တရုတ်မီ ဒီယာများတွင် ဖော်ပြသည်။
 စက်ရုံလုပ်သား လုယွဲ့တင်သည် ပေါင်မုန့်လုံးထဲသို့အင်း ဆက်ပိုး သတ် ဆေးထည့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၄င်းမုန့် များအား ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ ကြောင်း စင်ဟွာသတင်းအေဂျင်စီကဖော် ပြသည်။ အဆိုပါဖြစ်ရပ်သည် ၂ဝဝ၈ ခု နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းကိစ္စ ရပ် ကြောင့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး တင်းမာခဲ့ကြောင်း သိရသည်။
 အဆင့်မြင့် ဂျပန်ဝန်ကြီးတစ်ဦး တရုတ်နိုင်ငံသို့လာရောက် လည်ပတ် သည့်အထိမ်းအမှတ်အနေဖြင့် ၄င်းကိစ္စ အားရုံးတင်စစ်ဆေးခြင်းဖြစ်သည်။
 လုယွဲ့တင်သည် ဟီပေးပြည်နယ် ရှိ ထျန်းယန်အစားအသောက် ကုမ္ပဏီ ၌ ၁၉၉၃ ခုနှစ်မှ ၂ဝဝ၉ ခုနှစ်အထိ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး လုပ်အားခ မကျေနပ်မှုများနှင့် လုပ်ဖော်ကိုင်ဖက် များနှင့်အဆင်မပြေမှု များကြောင့် အစာ သွပ်ပေါင်မုန့်အတွင်းသို့ ဆေးထိုးပြွန်သုံး ၍ ပိုးသတ်ဆေးထည့်ခဲ့ခြင်းဖြစ်သည်။
 ထို့ကြောင့် ၄င်းအား ၂ဝ၁ဝ ခုနှစ် က ဖမ်းဆီးခဲ့ကာ ဇူလိုင် ၃ဝ ရက်တွင် စတင်၍ ဟီပေးပြည်နယ်ရှီးကျားကျွမ်း မြို့၌ ရုံးတင်စစ်ဆေး ခဲ့သည်။
Ref:BBC
သိင်္ဂီဝင်း
၂ဝဝ၈ ခုနှစ်က ဂျပန်နိုင်ငံသို့ တင်ပို့မည့် အစာသွပ်မုန့်အတွင်း၌ ပိုး သတ်ဆေးထည့်သည်ဆိုသော စွဲချက် ဖြင့် တရုတ်စက်ရုံလုပ်သား တစ်ဦးအား ရုံးတင်စစ်ဆေးလျက်ရှိပြီး အဆိုပါ အပြု အမူကြောင့် ဂျပန်လူမျိုး ၁ဝ ဦးနာမ ကျန်းဖြစ်ခဲ့ကြောင်း ဂျပန်နှင့်တရုတ်မီ ဒီယာများတွင် ဖော်ပြသည်။
စက်ရုံလုပ်သား လုယွဲ့တင်သည် ပေါင်မုန့်လုံးထဲသို့အင်း ဆက်ပိုး သတ် ဆေးထည့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ၄င်းမုန့် များအား ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ ကြောင်း စင်ဟွာသတင်းအေဂျင်စီကဖော် ပြသည်။ အဆိုပါဖြစ်ရပ်သည် ၂ဝဝ၈ ခု နှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၄င်းကိစ္စ ရပ် ကြောင့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး တင်းမာခဲ့ကြောင်း သိရသည်။
" သွားသွား လာလာ"(ဆာသော်ဒိုး)
Photo: " သွားသွား လာလာ"
============
၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက် ည။ ‘ကာလသားကြည်စိုး’ ၏ ဖိတ်ကြားချက်အရ ကျွန်ုပ်နှင့် အဓိပတိချုပ်မှူးကြီး ကဗျာဆရာစောဝေတို့ နှစ်ဦးသားမှာ ‘လမ်းမတော်ဖိုးတုတ်’ ၏ အပိုင်စားနယ်မြေ မြို့တော် ရန်ကုန် ၉ လမ်းရှိ ‘ရွှေပြည်’ အမည်ရ ‘ကြက်ကာလသားချက်ဆိုင်’ သို့ ကြွလှမ်းခဲ့ကြရပါပေ၏။
‘ဆာသော်ဒိုးရေ..ညနေ ၆ နာရီမှာ မြေနီကုန်း City Mart ရှေ့မှာ ဆုံမယ်’
‘ဟုတ်ပါပြီ ကိုစောဝေရော…ကျွန်ုပ် တိတိကျကျ စောင့်နေပါ့မယ်’
7 Day Daily မနက်ဖြန် အာဇာနည်နေ့ အထူးထုတ်အတွက်ဆောင်းပါး သရုပ်ဖော်ပုံများကိုထုံးစံအတိုင်း သေသေချာချာတွေး၍ သေသေရပ်ရပ်ရေးကာပုံများကို Scan ဖတ်အရောင်ခြယ်ဒီဇိုင်း ဆင်ပြီးတာနှင့် ထုံးစံအတိုင်းသာ အီးမေးလ်ဖြင့်ပို့ပေးလိုက်ပါ၏။ ညနေ၅ နာရီခွဲခန့်မှာ မေးလ်ပို့ခြင်းလုပ် ငန်းအောင်မြင်စွာပြီးမြောက်သွား သည့် အတွက် ကျွန်ုပ်နေအိမ်မှ စမ်းချောင်းလမ်းထိပ်ပြည်လမ်းဘက်သို့ အညောင်းပြေလျှောက်ခဲ့ကာ City Mart အရှေ့မှာ အဓိပတိကဗျာဆရာ၏ကားကို မိုးလေးဖွဲဖွဲကြား မှာ စောင့်စားနေလိုက်ပါပေ၏။
များမကြာမီ သူရောက်လာပြီးနောက် ကျွန်ုပ်တို့နှစ်ဦးသားမှာ ပြည်သရေခေတ္တရာမြို့တော်မှ နာမည်ကျော် ကြက်ကာလသားဆိုင်ခွဲသစ်ဖွင့်လှစ်ထားရာ ရွှေပုစွန်ရှေ့ ၉ လမ်းထဲမှ ‘ရွှေပြည်’ဆိုင်သို့ ဆက်လက်လို့ထွက်ခွာခဲ့ကြပါပေရာ ၁ဝမိနစ်အတွင်း မှာပင် ဆိုင်သို့ဝင်ရောက်ခဲ့ကြပါပေ၏။ ‘အဓိပတိချုပ်မှူးကြီး ကဗျာဆရာ’မှာ အနှီကြက်သောက်ဆမ်း ဆိုင်မဟာ၏ အတွင်းဒဂရေးရှင်း အပြင်အဆင်ကို စိတ်နှလုံးတွေ့စွာ ခံစားနေပြီးသကာလ ကျွန်ုပ်တို့ ညီနောင် ၃ဦးသားမှာ အပေါ်ထပ်သို့ ဆက်၍ တက်လာခဲ့ကြပါပေ၏။ 
စင်စစ်…အနှီ ‘ကာလသားချက် သောက် ဆမ်း’ဆိုတာမျိုးဟာ ထမင်းနှင့်သာမကဘဲ သူရာယမကာ ဘာညာနှင့်တွဲဖက်မြည်းစမ်းလျှင်လည်း အလွန်တစ်ရာမှပဲ လိုက်ဖက်လှပါပေသော်ငြား ဤယခုဆိုင်မှာကား ‘ဥပဒေလိုက်နာဘေးကင်းကွာ’ ကာ မည်သည့်ယမကာ အဖြူအနီ အပြင်း ရောင်းချ ခြင်းအ လျဉ်းမရှိပါပေ။
သို့ပေသော်ငြား ယခုလို လူရှင်းသည့် ညဘက် ညဘက်များမှာတော့ဖြင့် ယခင့် ယခင် သူငယ်ချင်းမိတ်ရင်း ဘော်ဘော်အပေါင်းတို့မှာ ‘ကိုယ့်ဥစ္စာကိုယ်ဆွဲ’ တွဲလွဲ သယ်ဆောင်ခဲ့ကြကာ အနှီကြက်အရည်သောက် အရသာ ကို ‘စကော့တလန် စမ်းရေ’ ဖြင့် မျှောမျှောချကာ မိမိတို့၏ ကိုယ်ပိုင်လျှာများပေါ်မှာ အရသာခံကြပါပေ၏။ ဤသည်နှင့် တစ်ပြိုင်နက် ဘော်ဒါဘော်ချက် အနုပညာစာသမားတို့မှာ အနုပညာ အကြောင်းအရာမှအစ မြန်မာ့ရေးရာ၊ ကမ္ဘာ့ရေးရာ၊ စကြာဝဠာရေးရာ အထိ ပြောကြည့် ဆိုကြည့် ဆွေးနွေးမိကြကာ အကျိုးရှိရာရှိကြောင်းများကိုသာရွေး၍ ပြောဆိုငြင်းခုန်လျက် အစဉ်အလာမပျက် အရင်တကာထက် ပိုမိုပြီးသောက်မျိုပြီး သကာလ အချစ်ကြီး ချစ်ခဲ့ကြပါပေလေတော့၏။
‘ဟယ်လို..ကိုတောက်..ဘယ်လိုလဲ..အေး..ဒီမှာဗျာ..ကျုပ်ဆိုင်ကို ဒီ ည သူပုန် ၂ ယောက် ဓာတ်ကျပြီး ဝင်စီးနေလို့..အဲဒါ..အဲဒါ..ရော့ ရော့..’
‘ဟယ်လို..ကိုတောက်..ကျွန်ုပ် ဆာသော်ဒိုးပါ’
‘အေးပါ..နင့်အသံကြားကတည်းက ‘ဆာသော်ဒိုး’မှန်း တန်းသိပါတယ်’
‘အေးဗျာ..ဒီမှာတော့ ကျုပ်တို့ ၃ ယောက်ထဲ ‘ကျွန်တော်တို့ ဆွဲဖွင့်မိသော ပုလင်းများ’ အစီအစဉ် စတင်နေပြီခင်ဗျ..၊ ဘေးမှာ သူပုန်တစ်ယောက်ပြည့်ပြည့်ကြီး ပြုံးနေတယ် ဗျ..ရော့..ရော့..ကဗျာဆရာ’  ‘ကိုနေဇော်နိုင်..ကဗျာဆရာ စောဝေပါ..မဆုံကြတာ ကြာလှပါပြီကော’
သို့ဖြင့် ‘ကိုတောက်’ ခေါ် DVB မှ နာမည်ကျော် သတင်းတင်ဆက်သူ ‘သံလမ်းမဲ့ရထား ကဗျာဆရာနေဇော်နိုင်’ ဆိုတာနှင့်နောက်တစ်ပတ်တွေ့ဆုံကြမည့်ရက်ကို ချိန်းကြချက်ကြကာ ကျွန်ုပ်တို့ သူပုန် ၂ ယောက်နှင့် ရွာခံကာလ သားပေါင်း ၃ ယောက်သားမှာ ဆက်လက်၍ ‘ပွား’နေကြပါပေ၏။
 ‘ကာလသားကြည်စိုး’၏ ကြက်သောက်ဆမ်း’မှာ စားပွဲပေါ်ရှိ ‘ဟန်ပါပါ လမ်းလျှောက်သွားနေသည့် ကိုဂျော်နီ’နှင့် လိုက်ဖက်လှပေရာ ကျွန်ုပ်တို့မှာ ရှေးဟောင်း နှောင်းဖြစ်ချစ်စရာစာပေလောကမှ ‘စာပေအာဇာနည်’ လူပုဂ္ဂိုလ် ဆရာသမား များနှင့်တကွ နိုင်ငံ့လွတ်လပ်ရေး အာဇာနည်ပုဂ္ဂိုလ်များအကြောင်းအထိပကတိ စိတ်ရင်းရှင်းရှင်းဖြင့် ချစ်ကြည်မြတ်နိုးစွာ တမ်းတမ်းတတ မှန်းမှန်းဆဆ လွမ်းလွမ်း ခခ ပြောဆိုကြရင်း ဝိုင်းသိမ်းကြကာ လမ်းခွဲနှုတ်ဆက်ခဲ့ကြပါပေ၏။ မနက်ဖြန်ဆိုလျှင်ကား ကျဆုံးသွားကြ သည့် ကျွန်ုပ်တို့ နိုင်ငံတော်အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ (၆၆) နှစ်မြောက် နှစ်ပတ်လည်နေ့သာ ဖြစ်ပါပေတော့၏။
(၂)
၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက် မနက်မှာကား အိပ်ရာမှ စောစောထကာ TV မှ လွှင့်မည်ဆိုသည့် ယခုနှစ် အာဇာနည်နေ့ အခမ်းအနား အစီအစဉ်များကို ရင်ခုန် စွာ စောင့်မျှော်နေပါ၏။ အကြောင်းရင်းကား ဗိုလ်ချုပ်၏ မိန့်ခွန်းများ မှတ်တမ်းရုပ်ရှင်များကို ဘယ်လို ဘယ်ပုံဆက်၍ ဘယ်မျှလောက်အထိများ တင်ဆက် ပြသ သွားမလဲ ဆိုတာကို မျှော်လင့်နေတာ ဖြစ်ပါ၏။ ညက အိမ်ပြန်ရောက်စဉ်မှာပင် ချစ်ဇနီး ချစ်သမီးနှင့်တကွ ပြည်မှ ခေတ္တ ရောက်ရှိနေသည့် မိခင်တို့ကို ကျွန်ုပ်တွေးတောမိတာ၊ မှန်းဆမိတာကို ပြောပြဖြစ် ခဲ့ပါပေ၏။
‘မနက်ဖြန် မနက်တော့ အာဇာနည်နေ့ကို ဒုတိယသမ္မတ ဒေါက်တာစိုင်း မောက်ခမ်းလောက်တော့ တက်ရောက်ဂါရဝပြုလိမ့်မယ်လို့ ထင်တယ်’ တိုက်ရိုက် ထုတ် လွှင့်ရာ မြန်မာ့ရုပ်မြင်သံကြား ဖန်သားပြင်ပေါ်မှာကား ရှမ်း ရိုးရာဝတ်စုံ သားသားနားနား သေသေသပ်သပ်ဖြင့် ဒုတိယသမ္မတကြီးမှာ ခန့်ခန့် ညားညားဖြင့် နဂိုဟန်အ တိုင်း တည်ငြိမ်စွာ အလေးဂါရဝပြုတာ တွေ့ရပါလေ၏။ ဒုသမ္မတပြီးသည့်အခါ ‘ပြည်သူ့ဒီမိုကရေစီရှေ့ဆောင်’ ဒေါ်အောင်ဆန်းစုကြည် မှာ တည်ငြိမ်အေးဆေးစွာ ခန့်ခန့်ညားညား ရှိခိုဦးချပါပေ၏။ 
ပြီးသည်နှင့် ပြန်၍ မတ်တတ်ရပ်ကာ ဦးညွှတ်အလေးပြုပါလေ၏။ ဒေါ်စုပြီးသည့်နောက် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ကိုယ်စား ပုဂ္ဂိုလ် တစ်ဦး တက်ရောက်ဂါရဝပြုကာ နောက်ထပ်ဆက်တိုက်ဆက်တိုက်ဖြင့်ကား အာဇာနည် ပုဂ္ဂိုလ်ကြီးများ၏ မိသားစုဝင်များ အသီးသီး အလှည့်ကျ ဂါရဝပြုကြ ပါလေ၏။ သား သမီးများမှသည် မြေးများမြစ်များအထိ ဂါရဝပြုနေကြသည့် မြင်ကွင်းပုံရိပ်ကား ရင်ထဲမှာ တစ်စုံတစ်ရာ ခံစားရပါပေ၏။
မိသားစုဝင်များပြီးသည့်နောက်မှာ လွှတ်တော် အသီးသီး လူကြီးမင်းများ၊ ရန်ကုန်တိုင်းဒေသကြီးမှ လူကြီးမင်းများ တက်ရောက်ဂါရဝပြုတာ မြင်ရပါပေ၏။ သည့်နောက်မှာ လွတ်လပ်ရေး ကြိုးပမ်းစဉ် သတင်းမှတ်တမ်းရုပ်ရှင်အပိုင်းအစ လေးများကို သတင်းနှင့် သမအောင် ရောမွှေကာ တင်ဆက်ပြသလေရာ ကျွန်ုပ် တို့၏ အာဇာ နည် ခေါင်းဆောင် စတုတ္ထ မြန်မာနိုင်ငံတော်ကို စည်းရုံးတည်ထောင်ပေးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏ ပကတိ ကြည်လင်ပြတ်သားသည့် ချစ်စဖွယ် လှုပ်ရှားမှု များ နှင့်တကွ ပကတိ တိကျသေချာသည့် မိန့်ခွန်းမဟာများကို မြင်ရကြားရပေရာ ကျွန်ုပ်မှာ ကြက်သီးတွေ ထလာကာ မျက် လုံးအိမ်ထဲမှာ မျက်ရည်ဥတွေပါ ခိုတွဲလာ ပါပေတော့၏။
၃၂ နှစ်သား သာသာ ရှိသေးသည့် ဗိုလ်ချုပ်၏ လှုပ်ရှားမှုပုံရိပ်များကို သေသေချာချာခံစားကြည့်ရှုနေရင်း ပင် ဗိုလ်ချုပ်၏အသွင်ဟန်ပန်မှာ ‘တိုင်းပြည်ခေါင်းဆောင်’ ဆိုတာ ‘ဒါမျိုးမှ’ ပါလားလို့ကို ရင်ထဲမှာ စွဲထင်လာပါပေ၏။ လူ့ဘောင်လောကမှာ ၃၂ နှစ်သာ နေသွားရ ရှာသည့် ကျွန်ုပ်တို့၏ ‘ကိုအောင်ဆန်း’ မှာ တိုင်းပြည်နှင့် လူထုအပေါ် ရာသက်ပန် အဆုံးစွန်တာဝန်ကျေခဲ့ပါပေ၏။
သတင်းတင်ဆက်မှုထဲမှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမပေါ်မှ လူထုအားြ>ွမက် ကြားသည့် မိန့်ခွန်းတစ်ပိုင်းကို လွှင့်ပေးခဲ့ပေရာ ထုတ်လွှင့် ပြသပေးခဲ့ကြသည့် တာဝန်ရှိသူ..တာဝန်သိသူ လူကြီးမင်း များအား အနာဂတ်သားကောင်း ရတနာလူငယ်များကိုယ်စား ကျွန်ုပ်တို့က ကျေးဇူးအထူးကို တင်လှပါပေ၏။ ‘
တစ်ချောင်းတည်းသောစိတ်’ ဖြင့် ဦးတည်ကြိုး ပမ်းလှုပ်ရှားနေသည့် ပုံရိပ်တို့မှာ ဗိုလ်ချုပ်၏ ရိုးဖြောင့်ကြည် လင်သောမျက်နှာပေါ်တွင် လုံးဝကို သေ ချာစွာ မြင်ရပါပေ ၏။ ကြည့်နေရင်းကြည့်နေရင်းမှာပင် ဗိုလ်ချုပ်၏ ပုဆိုး တမမ ရွှင်ပျပျမျက်နှာအမူအရာကလေးများကို ဖျက်ခနဲ ဖျက်ခနဲ မြင်ရပြီး သဘောကျ ပြုံးရယ်မိ လျက်က မျက်လုံး အိမ်ထဲက မျက်ရည်စတို့ ထပ်မံလို့ စို့လာပြန်ပါ၏။
ဗိုလ်ချုပ်လို လူမျိုးကား ရှာမှရှားသည့် အာဂသမား ကမ္ဘာ့အာဇာနည်များ စာရင်းဝင် ပုဂ္ဂိုလ်မျိုးပါပေ။ တည်ကြည်သောစိတ်ဓာတ် ရုပ်လက္ခဏာ ပိုင်ရှင်တစ် ဦးထံမှ တိကျသောအယူအဆနှင့် တိကျပြတ်သားစွာ စေတနာ ရှေ့ထားမြွက်ကြား သွားသည့် မိန့်ခွန်းစကားလုံးတို့မှာ ရင်ထဲလှိုက်လာအောင်သာ တကယ့်ကို ခံစား ရပါပေ၏။ ‘တိုင်းပြည်လွတ်လပ်ရေးရတဲ့အခါ ကိုယ့်နိုင်ငံတာဝန်ကို ကိုယ်ပဲယူရမည်။ ဒါကြောင့် စည်းလုံးရမည်။ ညီညွတ်ရမည်။ 
သူများတကာ နိုင်ငံတွေထက် လေးငါး ဆယ်ဆ ကြိုးစားပါမှတန်ကာကျမည်။ လွတ်လပ်ပြီဆိုပြီး စည်းမဲ့ကမ်းမဲ့လုပ် ချင်ရာ လျှောက်လုပ်နေလို့ ဖြစ်မှာမဟုတ်ဘူး။ သုံးတာဖြုန်းတာ ဗုံးပေါလအော ကိစ္စတွေ လျှော့ကြ။ အလုပ်ဘာမှ မလုပ်ဘဲ ထိုင်နေလို့ကတော့ ‘ပဒေသာပင်’ မြေကပေါက် လာမှာ မဟုတ်ဘူး’ ဆိုတာတွေကို ဒေါင်းတင်မောင်းတင် တိတိကျကျ ပြတ်ပြတ်သား သားဂျောင်းဂျောင်းပြေး ပြောသွားလိုက်တာများ တကယ့်ကို ကြက်သီးထစွာ ခံစားရပါ၏။ ပြီးတော့ ပြောသေး၏။
‘ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေးရနဲ့ဆိုရင် ကြာလာတဲ့ အခါ ‘ဖာသည်’ လိုနိုင်ငံဖြစ်မယ်’ ဗိုလ်ချုပ်ကား တကယ့်ကို ပြတ်သား လှပါပေ ၏။ ခေတ်ရှေ့ပြေးလွန်းလှပါပေ ၏။ အမြော်အမြင် ရှိလှပါပေ၏။ ကြိုမြင်နိုင်စွမ်းအား ကြီးမားလှပါပေ၏။
(၃)
ဟိုလူ ‘လာ’၊ ဒီလူ ‘လာ’ မှရယ် မဟုတ်ပါ။ ဟိုလူ့ ‘သွား’ မျက်နှာချို သွေးရ၊ ဒီလူ့ ‘သွား’ မျက်နှာချိုသွေးနေရပြီဆိုလျှင်လည်း ‘ဖာသည်’ ထက်တော့ အဆင့် မလျော့နည်းမှာ သိပ်ကို သေချာလှပါပေ၏။ ဒါကြောင့်မို့လေ.. ဗိုလ်ချုပ်၏ စကားလုံးဝါကျဖြင့်သာ အနားသတ်ချင် ပါပေ၏ခင်ဗျာ..။ ‘ခင်ဗျားတို့ စောက်ကျင့်တွေကို ပြင်ကြပါ’
ဆာသော်ဒိုး
၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၈ ရက် ည။ ‘ကာလသားကြည်စိုး’ ၏ ဖိတ်ကြားချက်အရ ကျွန်ုပ်နှင့် အဓိပတိချုပ်မှူးကြီး ကဗျာဆရာစောဝေတို့ နှစ်ဦးသားမှာ ‘လမ်းမတော်ဖိုးတုတ်’ ၏ အပိုင်စားနယ်မြေ မြို့တော် ရန်ကုန် ၉ လမ်းရှိ ‘ရွှေပြည်’ အမည်ရ ‘ကြက်ကာလသားချက်ဆိုင်’ သို့ ကြွလှမ်းခဲ့ကြရပါပေ၏။
‘ဆာသော်ဒိုးရေ..ညနေ ၆ နာရီမှာ မြေနီကုန်း City Mart ရှေ့မှာ ဆုံမယ်’
‘ဟုတ်ပါပြီ ကိုစောဝေရော…ကျွန်ုပ် တိတိကျကျ စောင့်နေပါ့မယ်’
7 Day Daily မနက်ဖြန် အာဇာနည်နေ့ အထူးထုတ်အတွက်ဆောင်းပါး သရုပ်ဖော်ပုံများကိုထုံးစံအတိုင်း သေသေချာချာတွေး၍ သေသေရပ်ရပ်ရေးကာပုံများကို Scan ဖတ်အရောင်ခြယ်ဒီဇိုင်း ဆင်ပြီးတာနှင့် ထုံးစံအတိုင်းသာ အီးမေးလ်ဖြင့်ပို့ပေးလိုက်ပါ၏။ ညနေ၅ နာရီခွဲခန့်မှာ မေးလ်ပို့ခြင်းလုပ် ငန်းအောင်မြင်စွာပြီးမြောက်သွား သည့် အတွက် ကျွန်ုပ်နေအိမ်မှ စမ်းချောင်းလမ်းထိပ်ပြည်လမ်းဘက်သို့ အညောင်းပြေလျှောက်ခဲ့ကာ City Mart အရှေ့မှာ အဓိပတိကဗျာဆရာ၏ကားကို မိုးလေးဖွဲဖွဲကြား မှာ စောင့်စားနေလိုက်ပါပေ၏။
ဆီးဖြူဖန်ခါးလို ငုံထားမတတ်ပေမယ့် မယုံစားအပ်ပါပြီ -------------------( ရေးသားသူ- မောင်သာချို )
Photo: ဆီးဖြူဖန်ခါးလို ငုံထားမတတ်ပေမယ့် မယုံစားအပ်ပါပြီ  
-------------------
ရေးသားသူ- မောင်သာချို
(တစ်)
နည်းပညာရပ်တို့ တစ်ဟုန်းတိုး ပွင့်အန်ပေါက်ကွဲထွက်လာခြင်းနှင့်အတူ တစ်ချိန်က ဆိတ်ကွယ်ရာဟု ထင်ထားခဲ့သော အရာတို့ကို မှောက်လှန်သွန်ချဖွင့်ဟပြသနိုင်လာသဖြင့် တစ်ကိုယ်ရေစာဘ၀များကအစ မလုံမခြုံဖြစ်လာသော ကမ္ဘာကြီးတွင် မကြားရဲစရာ၊ မမြင်ဝံ့စရာ အသံများ ၊ အရုပ်များကို ကျွန်တော်တို့ နိုင်ငံ၌ ကြားခဲ့ကြရ၊ မြင်ခဲ့ကြရပြီဖြစ်ကြောင်း လူတိုင်းနီးပါးအသိပင်ဖြစ်ပါသည်။
ဓာတ်ပုံခေတ်တုန်းကလည်း ဓာတ်ပုံခေတ်အလျောက်လင်ခန်း မယားခန်းဓာတ်ပုံတို့ ထွက်ထွက်လာတတ်ကြပါသည်။ တိတ်ခွေ ခေတ်ကိုရောက်တော့ တိတ်ခွေတွေထဲကနေ ကိုယ့်နားကိုတောင် ကိုယ်မယုံကြည်ရဲလောက်စရာ အသံဗလံများစွာက နားရှိသဖြင့် ကြားခဲ့ရပြန်ပါသည်။ တယ်လီဖုန်းတွေခေတ်ကောင်းတော့ တယ်လီဖုန်းထဲက အပြန်အလှန်ပြောကြသည့် အယုတ္တ အနတ္တအသံများကို တိပ်ခွေဖြင့် ပြန်ကူးထားသော ဒိုင်ယာလော့ဂ် (Dialogue)များကို ကြောက်ခမန်းလိလိနားသောတဆင်ကြရပြန်ပါသည်။ CD တွေ၊           VCD တွေ၊ DVD တွေ၊ EVD တွေရှေ့တန်းကို ရောက်လာစဉ်တွင် ကားခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လိင်အသားပေးဇာတ်လမ်းများ၌ပင် မရိုက်ရဲ၊ မရိုက်ဝံ့ကြသည့် ဇာတ်ဝင်ခန်းများကို အရုပ်အသံကြည်လင်ပြတ်သားစွာဖြင့် ရှုစားလာကြရပါတော့သည်။
Celebrity ခေါ် ထင်ပေါ်ကျော်ကြားသူများအတွက်ကဖြင့် ဆိုးသလား၊ ကောင်းသလားကျွန် တော်မပြောတတ်ပါ။ ဟဲ့အဲဒါ ဘယ်သူ့အသံဟဲ့၊ ဟောဗျာ ကြည့်စမ်းပါဦး၊ အဲဒါဘယ်သူပေါ့၊ အေး ဟယ်... ပက်စက်လိုက်တာစသည် စသည်ဖြင့် အံ့အံ့သြသြ
ကောက်ချက်ချသံများ၏ နောက်ကွယ်၌ စုတ်ပြတ်သွားသူတွေလည်းရှိ၊ ပို၍ပင်ဇာတာစန်းလဂ်တက်ကာဈေးကွက်အကြိုက်ဖြစ်
သွားသူတွေလည်းရှိသည်မှာကား အများအသိပင်ဖြစ်ပါသည်။ ခိုးကြောင်ခိုးဝှက်သမားတို့၏ လက်ချက်ဖြင့် (သို့မဟုတ်) ကိုယ်ကိုယ်
တိုင်က သိရှိခွင့်ပြုထားချက်များဖြင့် ထွက်လာကြသည်ဆိုလျှင်ကား သိပ်ပြဿနာ မရှိလှပါ။ သို့မဟုတ်ဘဲ ကိုယ်က ယုံမှတ်သဖြင့် ပုံအပ်မိသူကိုယ်တိုင်က နှစ်ကိုယ်သိကို အလိုရှိရာ သုံးကြပေတော့ဟု ဖြန့်ချိလိုက်ခဲ့လေသောအခါတွင်ကား . . .။ ဟယ်၊ ဟောဗျာ၊ မထင်ရဘူးနော် စသည်၊ စသည်၊ စသည်။
(နှစ်)
အခုကြေကွဲဖို့ကောင်းလာသည်က Celebrity ခေါ် ထင်ပေါ်ကျော်ကြားသူတို့၏ လောကမှသာ မကတော့ဘဲနှင့် ရပ်ထဲရွာထဲက သူလိုကိုယ်လိုလူတွေ၏ လင်ခန်းမယားခန်းများတွေပါ ရပ်ကွက်ထဲသို့ပျံနှံ့လာခြင်းဖြစ်ပါသည်။ ပန်းခြံများ၊ ရေကန်များကဲ့သို့အများ ပြည်သူခိုနားရာနေရာများ၌ ဖြစ်ချင်ရာ ဖြစ်နေသည့် စုံတွဲများကို အလွန်ဆွဲအားကောင်းသည့် တယ်လီ (Tele) ဖြင့် လှမ်းရိုက်ထားသည့် အခွေများသာမကတော့ဘဲ နောက်ပိုင်းတွင် တည်းခိုခန်းများ၊ ကာရာအိုကေခန်းများ၊ စာသင်ခန်းများထဲက ဇာတ်ဝင်ခန်းများကိုပါ ခိုးရိုက်၍ ဖြန့်ဝေသည့် အခွေများ လူထုထဲသို့ရောက်ရှိ၍လာပါသည်။
သမီးကလေးတွေ၊ ညီမကလေးတွေ၊ နှမကလေးတွေအတွက် အဖေတို့၊ အမေတို့၊ အစ်ကိုတို့၊ မောင်တို့ ဘယ်လိုမျက်နှာထားကြရပါ့။
(သုံး)
ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ဟုဆိုလျှင် မြန်မာနိုင်ငံက ပရိသတ်တော်တော်များများတို့ သဘောကျသည့် အနုပညာရှင်ဖြစ်ကြောင်း လူတိုင်းသိပါသည်။
"On the 6(Sixth)" ဟူသည့် သီချင်းခွေ၊ "This is me . . . . then" ဟူသည့် သီချင်းခွေတွေက နာမည်ကျော်အခွေတွေပဲ ဖြစ်ပါသည်။Shall we dance? ကကြမလားဟူသည့် ဇာတ်ကား Maid in Mahhattan မက်ဟန်တန်မြို့က ဟိုတယ်အလုပ်သမလေးဟူသည့်ဇာတ်ကား၊ Anaconda ဟူသည့် မြွေဇာတ်ကားများကို မြန်မာပရိသတ်တော်တော့ကို နှစ်ခြိုက်ပါသည်။ ထို့အပြင်ဂျနီဖာလိုပက် (Jennifer Lopez) က Wedding Planner ခေါ် မင်္ဂလာပွဲများ စီစဉ်ရာတွင်လည်း နာမည်ကျော်ပါသည်။
သူ့ပထမအိမ်ထောင်က အဆိုတော်ခရစ်ဂျဒ်။ ၂၀၀၃ ခုနှစ်၌ ကွဲပါသည်။ မာ့ဒ်အန်ထော်နီနှင့်က ၂၀၀၄ တွင်လက်ထပ်ပြီး ထပ်၍ ကွဲပြန်ပါသည်။ ထို့နောက် ထပ်မံ၍ လက်ဆက်သည်က အိုဂျာနီနိုအာ။ 
၁၉၉၇ ကတည်းက မိုင်ယာမီ (Miami) ကမ်းခြေတွင် စတင်သိကျွမ်းခဲ့ဖူးသူဖြစ်ပြီး တတိယမြောက်လက်ထပ်သူလည်း ဖြစ်ပါသည်။ ထိုအိမ်ထောင်ရေးကလည်း ၁၁ လသာ ပေါင်းသင်းလိုက်ရပြီး ပြိုကွဲပါသည်။ သည်အထိကျွန်တော်မအံ့သြပါ။
သို့သော် အိုဂျာနီနိုအာက လျော်ကြေးတောင်းသည်ဟု ဆိုသောအခါ ကျွန်တော်အံ့သြသွားပါသည်။ အမေရိကန်ဒေါ်လာ ငါးသိန်းဆိုပါလား။ များလိုက်တဲ့ ပိုက်ဆံတွေ။ မပေးခဲ့လျှင်  . . .။ ဟုတ်ပါသည်၊ မပေးခဲ့လျှင် . . .။ ကြောက်စရာကောင်းသည့် မပေးခဲ့လျှင် . . .။ ယုတ်ကန်းစုတ်ပြတ်သည့် မပေးခဲ့လျှင် . . .။ အောက်တန်းကျသည့် မပေးခဲ့လျှင် . . .။ ယောက်ျားမဆန်သည့် မပေးခဲ့လျှင် . . .။ ဂျာနီဖာလိုပက်ဇ်နဲ့ အတူ ၁၁ လ ပေါင်းသင်းခဲ့စဉ်က လင်ခန်းမယားခန်းကိစ္စအ၀၀ကို တစ်တစ်ခွခွရေးပြီး စာအုပ်ထုတ်ဝေမည်ဆိုပါလား။ ယောက်ျားတစ်ယောက်ဆီမှာ သည်လောက် ညစ်စုတ်ပုပ်အက်နေတဲ့ စိတ်ဓာတ်မျိုးတွေ ရှိနေနိုင်သတဲ့လား။ အံ့သြပါရဲ့။
(လေး)
YMB သခင်တင်က သူ၏ အုံ့ပုန်းချစ်သီချင်းတစ်နေရာတွင် “ဆီးဖြူ ဖန်ခါးဆို ငုံ၍များတောင်ထားလိုက်ချင်ပါတယ်” ဟူ၍ ယောက်ျားတစ်ယောက်၏ မေတ္တာစိတ်ကို ဖွဲ့ခဲ့ဖူးပါသည်။
အခု၊ ဟိုအခွေ၊ သည်အခွေခေတ်ကြီးထဲမှာ အကြွင်းမဲ့ ယုံကြည်ဖို့ရာခက်ခဲလှပါပြီ။ ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ကို နိုအာက ငွေညှစ်သလို ငွေညှစ်လာကြရင် ဘယ်လိုရင်ဆိုင်ကြရပါ့။
ကျွန်တော်တို့၏ သမီးများ၊ ကျွန်တော်တို့၏ ညီမကလေးများ ဆင်ခြင်တုံတရားကြီးကြီးမားမားထားကာ ဆီးဖြူဖန်ခါးဆို ငုံ၍များ ပင်ထားချင်သည်ဆိုသူများကို အကြွင်းမဲ့မယုံကြည်အပ်သည့် နေ့ရက်များသို့ ရောက်ရှိလာပြီဆိုသည်ကို သဘောပေါက်ရမည့် ကမ္ဘာကြီးပါကလား။              ။
(တစ်)
နည်းပညာရပ်တို့ တစ်ဟုန်းတိုး ပွင့်အန်ပေါက်ကွဲထွက်လာခြင်းနှင့်အတူ တစ်ချိန်က ဆိတ်ကွယ်ရာဟု ထင်ထားခဲ့သော အရာတို့ကို မှောက်လှန်သွန်ချဖွင့်ဟပြသနိုင်လာသဖြင့် တစ်ကိုယ်ရေစာဘ၀များကအစ မလုံမခြုံဖြစ်လာသော ကမ္ဘာကြီးတွင် မကြားရဲစရာ၊ မမြင်ဝံ့စရာ အသံများ ၊ အရုပ်များကို ကျွန်တော်တို့ နိုင်ငံ၌ ကြားခဲ့ကြရ၊ မြင်ခဲ့ကြရပြီဖြစ်ကြောင်း လူတိုင်းနီးပါးအသိပင်ဖြစ်ပါသည်။
ဓာတ်ပုံခေတ်တုန်းကလည်း ဓာတ်ပုံခေတ်အလျောက်လင်ခန်း မယားခန်းဓာတ်ပုံတို့ ထွက်ထွက်လာတတ်ကြပါသည်။ တိတ်ခွေ ခေတ်ကိုရောက်တော့ တိတ်ခွေတွေထဲကနေ ကိုယ့်နားကိုတောင် ကိုယ်မယုံကြည်ရဲလောက်စရာ အသံဗလံများစွာက နားရှိသဖြင့် ကြားခဲ့ရပြန်ပါသည်။ တယ်လီဖုန်းတွေခေတ်ကောင်းတော့ တယ်လီဖုန်းထဲက အပြန်အလှန်ပြောကြသည့် အယုတ္တ အနတ္တအသံများကို တိပ်ခွေဖြင့် ပြန်ကူးထားသော ဒိုင်ယာလော့ဂ် (Dialogue)များကို ကြောက်ခမန်းလိလိနားသောတဆင်ကြရပြန်ပါသည်။ CD တွေ၊ VCD တွေ၊ DVD တွေ၊ EVD တွေရှေ့တန်းကို ရောက်လာစဉ်တွင် ကားခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း လိင်အသားပေးဇာတ်လမ်းများ၌ပင် မရိုက်ရဲ၊ မရိုက်ဝံ့ကြသည့် ဇာတ်ဝင်ခန်းများကို အရုပ်အသံကြည်လင်ပြတ်သားစွာဖြင့် ရှုစားလာကြရပါတော့သည်။
Related Posts Plugin for WordPress, Blogger...
ShareThis