menu

Sunday 20 October 2013

လက်ဖက်ရည်....(မင်းလူ)




   “လက်ဖက်ရည်အဖန် သောက်လျှင်ဖြင့် ကျက်သရေအမှန်ရောက်ပေလိမ့်၊ ကြံသလောက်ပြီးတဲ့ရည်”
    ဟု စလေဆရာကြီးဦးပုညက ရေးခဲ့ပါသည်။ စာကြောင်းသုံးကြောင်း၊ စာလုံးရေအနည်းငယ်သာပါသော်လည်း အလွန် အဓိပ္ပာယ်ပြည့်ဝသောစာဖြစ်လေသည်။ လက်ဖက်ရည်ကြမ်းကိုသောက်လျှင် အလှကျက်သရေတိုးသည့်အပြင် အကြံအစည်လည်း ထမြောက်အောင်မြင်သည်ဟု အဓိပ္ပာယ်ကောက်နိုင်၏။ ချဲ့ထွင်စဉ်းစားလျှင် ဆင့်ပွားအနက်တွေ ရနိုင်ပါသေးသည်။
    ဦးပုညတို့ခေတ်တွင် လက်ဖက်ရည်အကြမ်းကိုသာ သောက်လေ့ရှိသဖြင့် လက်ဖက်ရည်အဖန်ဟု ဆိုလိုက်ခြင်း ဖြစ်ပါလိမ့်မည်။ ယခုခေတ်လိုမျိုးဆိုလျှင်တော့...
    “လက်ဖက်ရည်အချိုသောက်လျှင်ဖြင့် ကျက်သရေ အလိုလိုရောက်ပေလိမ့်၊ ဆိုသလောက်ပြီးတဲ့ရည်”
    ဟု ရေးစပ်ကောင်းရေးစပ်ပေလိမ့်မည်။
    အခုအခါတွင် လက်ဖက်ရည်ဆိုလျှင် လက်ဖက်ရည်အချိုကို ဆိုလိုကြောင်း အားလုံးသိပြီးဖြစ်သည်။ လက်ဖက်ရည် အကြမ်းကိုတော့ ရေနွေးကြမ်းဟု ခေါ်ကြ၏။
    ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် ကာကာကုလားများနှင့် တရုတ်များသာ လက်ဖက်ရည်ဆိုင်ဖွင့်လေရှိကြသည်။

နန်းခင်ဇေယျာ ဦးဆောင်မယ့် နိုင်ငံခြား မယ်တွေနဲ့ မြန်မာဝတ်စုံ၊ သနပ်ခါး

အခုဓာတ်ပုံထဲမှာ တွေ့ရတဲ့ မြန်မာဝတ်စုံတွေ၊ မြန်မာ့သနပ်ခါးတွေတွေ့ရသူတွေကနန်းခင်ဇေယျာနဲ့  နိုင်ငံခြား
သူ မယ်တချို့ပါ။ မြန်မာနိုင်ငံမှာ နိုင်ငံကိုယ်စားပြု မယ်ပြိုင်ပွဲမှာ ပြန်လည်ဆန်းသစ်မှုရဲ့ အဖွင့်စာမျက်နှာကို ပိုင်ဆိုင်ခဲ့သူ ကတော့ နန်းခင်ဇေယျာပါဘဲ။ 



နန်းခင်ဇေယျာနဲ့ နိုင်ငံခြားသူ Miss တချို့၊ ဓာတ်ပုံ- နန်းခင်ဇေယျာ 

နန်းခင်ဇေယျာဟာ တိုးရစ် ဂိုက်လည်း လုပ်သလို မနှစ်ကတော့ မြန်မာကိုယ်စားပြုပြီး ဂျပန်နိုင်ငံမှာ ကျင်းပ တဲ့ Miss International ပြိုင်ပွဲမျာ အင်တာနက်ဆုအပါအ၀င် ဆုတွေရခဲ့လို့ အခုတော့ သူဟာ ကြေညာမင်းသမီး လည်း ဖြစ်လာ ပါတယ်။ 

တဖက်ကလည်း လူမှုရေးလုပ်ငန်းတွေ လုပ်နေသလို အခုတော့ မြန်မာနိုင်ငံကို အလည်အပတ် လာရောက် တဲ့ Miss တချို့ကို နန်းခင်ဇေယျာက တိုးရစ်ဂိုက်အနေနဲ့ လိုက်ပါ ပို့ဆောင် ရှင်းလင်းပြသဖို့ ရှိပါတယ်။ 

သူရိယအလင်း ဂျာနယ်နှင့် ပတ်သက်ပြီး ဂျာနယ်အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များ ငြင်းဆို


အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီ အချိန်ခန့်က ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ သူရိယအလင်း ဂျာနယ်တိုက်အား ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်နှင့် လက်ရှိစီးပွားကူသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သော လူ (၁၅)ဦးခန့်က ၀င်ရောက်ပြီး ကွန်ပျူတာများနှင့် လုံခြုံရေး ကင်မရာ ထိန်းချုပ်သည့် ဆာဗာတို့အား ယူဆောင်သွားခဲ့သည်ဟုဆိုသော ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များက ငြင်းဆိုခဲ့ကြသည်။

ဦးမိုးဟိန်း၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်အား အောက်တိုဘာ ၂၀ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရှယ်ယာရှင်တွေနဲ့ ထုတ်ဝေသူရဲ့ ဆုံးဖြတ်ချက်ကတော့ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ အဖွဲ့ကတဆင့် အမှုဆောင် အရာရှိချုပ်ကို ရေးတာသားတာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီရေးဖို့ အကြိမ်ကြိမ် သတိပေးခဲ့ ဖူးပါတယ်။ အယ်ဒီတာ အဖွဲ့ရဲ့ ပြောကြားချက်အရ ရေးတာ သားတာတွေဟာ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာအဖွဲ့ထံ ဖြတ်သန်းခြင်း မရှိပဲနဲ့ သူ့သဘောနဲ့သူ အကြိမ်ကြိမ် ရေးနေတယ်။ အဲဒီလို ရေးသားနေတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ သဘောဆန္ဒ မပါတဲ့အတွက် ရှယ်ယာရှင်နဲ့ ထုတ်ဝေသူတွေက ဒီသူရိယအလင်း ဂျာနယ်ကို ဆက်မထုတ်တော့ဘဲနဲ့ ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ထားတယ်။

ဗုံးပေါက်ကွဲမှုတွေမှာ အောက်ခြေအဆင့် တပ်ဖွဲ့ဝင် ပါဝင်ပတ်သက်ဟု ကေအန်ယူ ပြော

လတ်တလော ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်တွေမှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူက အောက်ခြေအဆင့်တပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ကေအန်ယူက ပြောဆို လိုက်ပါတယ်။
ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ အောက်တိုဘာ ၂၀ ရက် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ကေအန်ယူရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကေအန်ယူ ဗဟိုဦးဆောင်ကော်မတီဝင် ပဒို မန်းငြိမ်းမောင်က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“သူက မြို့နယ်အဆင့်မှာပဲ ရှိတယ်။ အောက်ခြေရဲ့ စီးပွားရေး တာဝန်ခံ။ ကေအန်ယူဗဟိုရဲ့ စီးပွားရေး တာဝန်ခံမဟုတ်ဘူး။ ဒေသဆိုင်ရာ အစိတ်အပိုင်းလေးတခုရဲ့ စီးပွားရေးတာဝန်ခံဖြစ်တယ်။ ကိုယ်ကျိုးစီးပွား ရှေ့တန်းရောက်မှုကြောင့် စီးပွားရေးသမား နိုင်ငံရေးသမားတွေ နောက်ကွယ်က စီစဉ်ညွှန်ကြားမှုတွေကြောင့်လို့ လေ့လာသုံးသပ်လို့ရပါတယ်။ ဒါကြောင့် ဒါကို လေ့လာသုံးသပ်ပြီး နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွေမှာ ဗုံးပေါက်ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။ 

DVB News

လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်

လူသေကို မော်ဒယ်အဖြစ် ထားတဲ့ အပ်ချုပ်ဆိုင်
=================================
ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။

နောက်တစ်ချက်ကတော့ သူဟာ အရုပ်တစ်ရုပ်မဟုတ်ပါဘူး..၊ Little Pascuala ဆိုတဲ့ သူမဟာ ဒီဆိုင်ရဲ့ ပထမဦးဆုံး ပိုင်ရှင်ဖြစ်ပြီး သူရဲ့အလောင်းကို သေချာပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်..။

ဒီအရုပ်ကို မတ်လ ၂၅ ရက်နေ့ ၁၉၃၀ မှာ စတင်ပြသခဲ့ပါတယ်..၊ သတို့သမီး ၀တ်စုံလေးနဲ့ပေါ့..၊ အဲ့ဒီ အချိန်ကတည်းကစပြီး သူမကို လူတွေ စိတ်ဝင်စားခဲ့တာပါ..၊ ဒီအစီအစဉ်ကိုတော့ Little Pascuala ရဲ့ သမီးဖြစ်သူက ပြုလုပ်တာဖြစ်ပြီး အမြဲတမ်း သူမကို သတိရနေအောင်လို့ ဆိုပါတယ်..။

ဆိုင်က အလုပ်သမားတွေက တစ်ခါတစ်လေ Little Pascuala က သူတို့တွေကို စိုက်ကြည့်နေတတ်သလို တစ်ချို့ကလည်း သူမရဲ့အသားဟာ နွေးနေတယ်လို့ပြောကြပါတယ်..။ တစ်ယောက်ကဆိုရင် သူမရဲ့လက် မှာ တစ်ခါတစ်လေ ချွေးလေးတွေထွက်နေတတ်တယ်လို့တောင် ပြောပါတယ်..။ အောက်က ပုံမှာ သူမရဲ့ လက်ကိုကြည့်လိုက်ပါ..။ တစ်ကယ့် သက်ရှိတစ်ယောက်ရဲ့ လက်ပုံစံပါပဲ။

Little Pascuala ကို တစ်ပတ်နှစ်ကြိမ် အ၀တ်လဲပေးပါတယ်..၊ ဒီလိုအ၀တ်လဲပေးတဲ့ တာဝန်ကိုယူထား တဲ့ Burciaga က သူမကို အ၀တ်လဲပေးတဲ့အခါတိုင်း သူမရဲ့လက်တွေကို သတိထားကြည့်မိပါတယ်..။ သူမ လက်မှာ ချွေးတွေရှိနေပြီး လက်ထဲမှာ သွေးတွေ လည်ပတ်စီးဆင်းနေတယ်လို့တောင် ထင်မိပါတယ်..၊ ကျွန်မကတော့ သူ့ကို သက်ရှိလူတစ်ယောက်လို့ပဲ ထင်ပါတယ်..။

အောင်ထွန်းဦး
Aung Htun

ဒီစက်ချုပ်ဆိုင်ကို အဝေးကကြည့်လိုက်ရင်တော့ လှပနေမှာပါ..၊ ဒါပေမယ့် သေချာ အနီးကပ်ကြည့်လိုက် မယ်ဆိုရင် ဆိုင်ရှေ့မှာရှိတဲ့ အလှပြထားတဲ့ မော်ဒယ်အရုပ်က တစ်ခုခုထူးခြားနေတယ်ဆိုတာကို သင်သတိထားမိမှာပါ..၊ ဒီအရုပ်ကို Little Pascuala လို့ခေါ်ပြီး Mexico နိုင်ငံ Chihuahua မှာတော့ သူက star ပါပဲ..၊ ဘာလို့များ ဒီလိုအရုပ်တစ်အရုပ်က ကျော်ကြားနေတာပါလိမ့်..? 

အကြောင်းရှိပါတယ်..။ ပထမ တစ်ချက်က သူမဟာ ဒီနေရာမှာ ရှိနေတာ နှစ်ပေါင်း ၈၀လောက်ရှိနေပါပြီ...။

နောက်တစ်ချက်ကတော့ သူဟာ အရုပ်တစ်ရုပ်မဟုတ်ပါဘူး..၊ Little Pascuala ဆိုတဲ့ သူမဟာ ဒီဆိုင်ရဲ့ ပထမဦးဆုံး ပိုင်ရှင်ဖြစ်ပြီး သူရဲ့အလောင်းကို သေချာပြင်ဆင်ထားတာပဲ ဖြစ်ပါတယ်..။

ဒီအရုပ်ကို မတ်လ ၂၅ ရက်နေ့ ၁၉၃၀ မှာ စတင်ပြသခဲ့ပါတယ်..၊ သတို့သမီး ၀တ်စုံလေးနဲ့ပေါ့..၊ အဲ့ဒီ အချိန်ကတည်းကစပြီး သူမကို လူတွေ စိတ်ဝင်စားခဲ့တာပါ..၊ ဒီအစီအစဉ်ကိုတော့ Little Pascuala ရဲ့ သမီးဖြစ်သူက ပြုလုပ်တာဖြစ်ပြီး အမြဲတမ်း သူမကို သတိရနေအောင်လို့ ဆိုပါတယ်..။

မြန်မာ့ဆက်သွယ်ရေးတွင် ကံစမ်းမဲပေါက်သည် ဟုဆိုကာ ငွေကျပ် ၂၁ သိန်းလိမ်လည်

ကျိုင်းတုံ၊ အောက်တိုဘာ ၁၈

ရွှေတြိဂံဒေသ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းကံစမ်းမဲတွင် ငွေကျပ်သိန်းသုံးရာနှင့် ကွန်ပျူတာတစ်လုံး မဲပေါက်သည် ဟုဆိုကာ ငွေကျပ် ၂၁ သိန်း လိမ်လည်တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း ယင်းငွေကြေးများ လိမ်လည်ခြင်း ခံခဲ့ရသည့် ပါဆံကျကျေးရွာနေ အာခါတိုင်းရင်းသား ဦးကျဂက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၂၃ မိနစ်က ၄င်း၏ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် ၀၉-၇၃၀၂၈၉၀၄ ဖြင့် ဆက်သွယ်ကာ ရန်ကုန်မြို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ဖုန်းကံစမ်းမဲ ငွေကျပ် သိန်းသုံးရာနှင့် ကွန်ပျူတာတစ်လုံး ထုတ်ယူရန်အတွက် ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကမ္ဘောဇဘဏ်သို့ ငွေကျပ် ၂၁ သိန်း လွှဲပေးရန် ပြောဆိုသဖြင့် ညနေ ၃ နာရီ ၁၃ မိနစ်တွင် ဦးသန့်ဇင်ဦး (၁၄/ကကန(နိုင်) ၁၄၉၃၅၉) ထံ ငွေလွှဲပို့ခဲ့ကြောင်း ၄င်းကရှင်းပြသည်။
"ငွေလွှဲပေးပြီးတော့ ပိုက်ဆံနဲ့ ကွန်ပျူတာ ဘယ်မှာ ထုတ်ယူရမလဲ မေးတော့ အိမ်ပြန်စောင့်နေ လို့ပြောတယ်။ ကိုယ့်မှာက ငွေရှိတာမဟုတ်ဘူး။ မဲပေါက်တာ လိုချင်တော့ ရွာထဲကနေ ဟိုလူ၊ ဒီလူ ဆီကနေ ငွေချေးပြီး ပို့ပေးလိုက်တာ" ဟု ၄င်းကဆိုသည်။

မန္တလေးတိုင်း ယာဉ်မောင်းလိုင်စင် လျှောက်ထားမှု တရုတ်နိုင်ငံသား အများဆုံးဟုဆို

မန္တလေး၊ အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသား များတွင် တရုတ်နိုင်ငံသား အများဆုံး ဖြစ်ကြောင်း အဆိုပါ ဌာန၏ မှတ်တမ်းများအရ သိရသည်။

ဒုတိယအများဆုံးမှာ တူရကီလူမျိုးများ ဖြစ်ပြီး ဟော်လန်နှင့် အမေရိကန် နိုင်ငံသား လျှောက်ထားမှုမှာ တစ်ဦးစီသာ ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံတွင်းသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေသည့် နိုင်ငံခြားသားများအား ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် မြန်မာနိုင်ငံသားများ နည်းတူ လိုင်စင်သက်တမ်း သတ်မှတ်ထားပြီး စည်းကမ်းချက် များမှာလည်း အတူတူဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံခြင်း

interv_wskth_TZO_01_MMN
အဆွေးသီချင်းများကို ခံစားချက်အပြည့်ဖြင့် သီဆိုလေ့ရှိသူ သရုပ်ဆောင်တေးသံရှင် ဝိုင်းစုခိုင်သိန်းနှင့် တွေ့ဆုံ၍ မကြာခင် ထွက်ရှိတော့မည့် ၄င်း၏ တတိယမြောက် တစ်ကိုယ်တော် အာဘွားစီးရီး အကြောင်း၊ မင်္ဂလာသတင်းအကြောင်းနှင့် အနုပညာလှုပ်ရှားမှုများ အကြောင်းကို The Voice က မေးမြန်းထားခြင်း ဖြစ်ပါသည်။
Voice : ဒုတိယစီးရီး မျက်လှည့်နဲ့ အခု အာဘွားနဲ့ဆို ကြားထဲမှာ အချိန် ဘယ်လောက်ကွာလဲ။
WSKT : ဝိုင်းစုက စီးရီးတွေထွက်ရင် စီဒီကိုတစ်နှစ်၊ VCD ကို တစ်နှစ် အဲဒီလို ခြားပြီး ထွက်တာဆိုတော့ တစ်နှစ်ပဲ ရှိပါသေးတယ်။
Voice : ဒီ အာဘွားစီးရီးမှာက ကော်ပီနဲ့ ကိုယ်ပိုင်သံစဉ် ဘယ်နှပုဒ်စီပါလဲ။
WSKT : ဝိုင်းစု ဒီအာဘွားစီးရီးထဲမှာ တော့ တစ်ခွေလုံး ကိုယ်ပိုင်သံစဉ်တွေချည်း ထည့်ထားပါတယ်။
Voice : ဝိုင်းစုရဲ့ သီချင်းတွေက ကိုယ်ပိုင်သံစဉ်တွေ များတယ်နော်။ အဲဒီ ကျတော့ ဘယ်လိုစိတ်ကူးနဲ့ ကိုယ်ပိုင်သံစဉ် တွေကို လုပ်ဖြစ်တာလဲ။

သာကေတမြို့နယ်အတွင်းမှ ဆိုင်ကယ်(၅) စီး ခိုးယူသူအား ဖမ်းဆီးရမိ

Photo: သာကေတမြို့နယ်အတွင်းမှ ဆိုင်ကယ်(၅) စီး ခိုးယူသူအား ဖမ်းဆီးရမိ

ရန်ကုန် အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူး မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း 
သတင်းရရှိထားသူဟန်လင်းဖြိုး(ခ)ဟန်ထွန်း၊ (ဘ)ဦးလှဆင်၊ လှိုင်သာယာ
မြို့နယ်နေသူအား ၁၂.၁၀.၂၀၁၃ ရက်နေ့(၁၂း၃၀)အချိန်တွင် ဖမ်းဆီးရမိ
သဖြင့် ရီမန်ယူ စစ်ဆေးခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဟန်လင်းဖြိုး(ခ) ဟန်ထွန်း အားစစ်ဆေးရာ ၄င်းသည်  
၂၀၁၃ ခုနှစ် (၈)လပိုင်းအတွင်းက သာကေတမြို့နယ်၊ (၇)ရပ်ကွက်၊ 
ဂိတ်ဟောင်း (၁၃)လမ်းရှိ နေအိမ်အတွင်းမှ HONDA WAVE 110 
အမျိုးအစားနက်ပြာရောင် ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက်သဖြင့် သာကေတနယ်မြေရဲစခန်း(ပ) ၇၄၀/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၉)လပိုင်းအတွင်းတွင် သာကေတမြို့နယ်၊(၇)ရပ်ကွက် ကန်ဘောင်ဘေးအနီးရှိနေအိမ်အတွင်း
မှ CZI အမျိုးအစား အပြာရောင်ဆိုင်ကယ် (၁)စီးအားခိုးယူခဲ့ကြောင်း 
စစ်ဆေးပေါ်ပေါက်သဖြင့် သာကေတနယ်မြေရဲစခန်း (ပ)၇၄၁/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း၊ (၇) ဈေး (၂) လမ်း ခြံဝန်းအတွင်းမှ 
CZI KENBO 125 ဖြူနီကြား ဆိုင်ကယ်(၁)စီးအားခိုးယူခဲ့ကြောင်း
စစ်ဆေးပေါ်ပေါက်သဖြင့် သာကေတမြို့မရဲစခန်း (ပ) ၅၇၈/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ ဖြင့် လည်းကောင်း၊ သာကေတမြို့နယ် ရန်ပြေ
ရပ်ကွက် ရှိနေအိမ်မှ SUZUKI SMART အမျိုးအစား အပြာရောင် 
ဆိုင်ကယ် (၁)စီးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သာကေတမြို့မရဲစခန်း (ပ) ၅၇၇/၂၀၁၃၊ ပုဒ်မ ၃၈၀/၅၄ ဖြင့် 
လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၁၀) လပိုင်းတွင် သာကေတမြို့နယ် 
(၁၄) ရပ်ကွက် (၁၃)လမ်းရှိ နေအိမ် ခြံဝန်းအတွင်း မှ KENBO R 
အမျိုးအစား အနက်ရောင် ဆိုင်ကယ်(၁) စီးအား ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်သာကေတနယ်မြေရဲစခန်း(ပ)၇၄၂/၂၀၁၃၊ 
ပုဒ်မ ၃၇၉/၅၄ ဖြင့် လည်းကောင်း အမှုဖွင့်အရေး ယူပြီး 
သက်သေခံပစ္စည်များ သိမ်းဆည်းဆောင်ရွက်ထားရှိကြောင်း 
သတင်းရရှိပါသည်။

ရန်ကုန် အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူး မှုခင်းနှိမ်နင်းရေး ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ခိုးမှုများကျူးလွန်ထားကြောင်း
သတင်းရရှိထားသူဟန်လင်းဖြိုး(ခ)ဟန်ထွန်း၊ (ဘ)ဦးလှဆင်၊ လှိုင်သာယာ
မြို့နယ်နေသူအား ၁၂.၁၀.၂၀၁၃ ရက်နေ့(၁၂း၃၀)အချိန်တွင် ဖမ်းဆီးရမိ
သဖြင့် ရီမန်ယူ စစ်ဆေးခဲ့ပါသည်။

ဖမ်းဆီးရမိသူ ဟန်လင်းဖြိုး(ခ) ဟန်ထွန်း အားစစ်ဆေးရာ ၄င်းသည်
၂၀၁၃ ခုနှစ် (၈)လပိုင်းအတွင်းက သာကေတမြို့နယ်၊ (၇)ရပ်ကွက်၊
ဂိတ်ဟောင်း (၁၃)လမ်းရှိ နေအိမ်အတွင်းမှ HONDA WAVE 110
အမျိုးအစားနက်ပြာရောင် ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက်သဖြင့် သာကေတနယ်မြေရဲစခန်း(ပ) ၇၄၀/၂၀၁၃၊
ပုဒ်မ ၃၇၉/၅၄ ဖြင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ် (၉)လပိုင်းအတွင်းတွင် သာကေတမြို့နယ်၊(၇)ရပ်ကွက် ကန်ဘောင်ဘေးအနီးရှိနေအိမ်အတွင်း
မှ CZI အမျိုးအစား အပြာရောင်ဆိုင်ကယ် (၁)စီးအားခိုးယူခဲ့ကြောင်း

ရန်ကုန် Junction Maw Tin ရှေ့တွင် ဗုံးလန့်မှုဖြစ်ပွားပြန်

မင်းမင်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၂၀ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၀၁ မိနစ်

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်လမ်းရှိ Junction Maw Tin ဈေးဝယ်စင်တာ၏ မျက်နှာချင်းတိုက်အရှေ့ ပလက်ဖောင်းတွင် ကြွပ်ကြွပ်အိတ်တစ်လုံးတွေ့ရှိရာမှ အောက်တိုဘာ ၂၀ ရက်က ဗုံးလန့်မှု တစ်ခုဖြစ်ပွားခဲ့သည်။

"အိတ်အမဲထုတ်တွေ့တာပေါ့။ ဒီရက်ထဲမှာကလည်း ခဏ၊ ခဏ ဖြစ်သံတွေကြားနေတော့ ရဲကို ဖုန်းဆက်အကြောင်းကြားလိုက်တာပါ။ သူတို့တော်တော်မြန်တယ်။ ငါးမိနစ်လောက်ဆို ရောက်လာတာပဲ"ဟု ထိုတိုက်တွင်နေသည့် အမည်မဖေါ်လိုသူ အသက် ၅၀အရွယ် အမျိုးသမီးက ပြောပြသည်။

မြန်မာ့ဖြစ်ထွန်းမှု ဥရောပကော်မရှင်သတိနဲ့စောင့်ကြည့်

ဒေါ်အောင်ဆန်းစုကြည် (ဝဲ) နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso (ယာ)
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် လုပ်စရာတွေ အများကြီးရှိနေသေးတာကို EU ဥရောပသမဂ္ဂအနေနဲ့ ကောင်းကောင်း သိပါတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ Jose Manuel Barroso နဲ့ ပြောလိုက်ပါတယ်။ Belgium နိုင်ငံ Brussels မြို့တော်က ဥရောပကော်မရှင်မှာ ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ Mr. Barroso က ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေအပေါ်မှာ အထူးသတိနဲ့ စောင့်ကြည့်နေတယ်”-လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။ နိုင်ငံရေးနဲ့ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေမှာ ဥရောပသမဂ္ဂအနေနဲ့ ထိပ်တန်းကနေ မြန်မာပြည်သူတွေအတွက် ဆက်ပြီး ပံ့ပိုးကူညီသွားမယ်လို့လည်း Mr. Barroso က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူသားချင်းစာနာမှု အကူအညီတွေကို ပေးနေတဲ့ EU ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွေကို စတင်ပေးတော့မယ်လို့လည်း Mr. Barroso က ပြောပါတယ်။

နိုင်ငံတည်ဆောက်ရေး ထိပါးလာသည့် စာပေများကို ဖယ်ရှားသင့်ကြောင်း ပြန်ကြားရေးဝန်ကြီးဆို

photo for news no  6 1
မြန်မာနိုင်ငံအတွင်း ထုတ်ဝေလျှက်ရှိသည့် စာပေများအတွင်းအချို့စာပေများသည် သံသယများ၊ အမုန်းတရားများ ပါဝင်နေပြီး အဖွဲ့အစည်းအချို့နှင့် တစ်ဦးတစ်ယောက်ချင်း၏ လွတ်လပ်မှုကို နယ်ကျူးနေခြင်းများ တွေ့မြင်နေရခြင်းမှာ နိုင်ငံတော် တည်ဆောက်ရေးကိစ္စများအတွက် သံချေးတက်စေသော ကိစ္စများသာဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောကြားသည်။
ယခုလအောက်တိုဘာလ ၂၀ရက်နေ့၌ UMFCCI တွင် ကျင်းပသော စာအုပ်စာပေဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 လွတ်လပ်ခွင့်အပေါ်မှာ နယ်ကျူးမှုတွေရှိတွေ တွေ့ရှိနေပါတယ်၊ အဲ့ဒါတွေက နိုင်ငံတစ်နိုင်ငံအတွက် ခိုင်မာတောင့်တင်းတဲ့ အင်အားဖြစ်ပေါ်လာရေးကိစ္စတွေမှာ အကျိုးကျေးဇူးသိပ်ပြီးတော့ မြန်မြန်ရလာ စရာမရှိဘူး၊ ကျွန်တော်တို့ နိုင်ငံမှာ စာပေလွတ် လပ်ခွင့်ရှိလာတယ်၊ ပွင့်လင်းမြင်သာမှုရှိလာတယ်ဆိုတဲ့ အမှတ်လက္ခဏာတစ်ခုအဖြစ် တန်ဖိုးထားပါတယ် ဟု ပြည်ထောင်စု ၀န်ကြီးမှ ပြောကြားခဲ့ခြင်းဖြစ်သည်။
စာပေကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်လာရေး  ၄င်းအနေဖြင့် ရရှိလာသည့်လမ်းကြောင်းအတိုင်း ကူညီသွားမည်ဖြစ်ကြောင်း၊ ပြန်ကြားရေး ၀န်ကြီးဌာနတစ်ခုတည်းဖြင့် မရပါက သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ကူညီမှုပေးမည်ဖြစ်ကြောင်း၊ စာပေ ဖွံ့ဖြိုးရန် မြန်မာနိုင်ငံမှာ လိုနေပြီဟု ခံစားမိကြောင်း၊ နိုင်ငံတော်တည်ဆောက်ရေးကို ထိပါးလာသည့် စာပေများကို ဖယ်ရှားသင့်ကြောင်း ဦးအောင်ကြည်က ဆက်ပြောသည်။

Titanic တယော ဒေါ်လာ ၁.၄ သန်းနဲ့ လေလံဆွဲ

Titanic သင်္ဘောနစ်တဲ့အထိ တီးမှုတ်သွားတဲ့ သံစုံတီးဝိုင်းခေါင်းဆောင် Wallace Hartley နဲ့ သူနောက်ဆုံးတီးခတ်သွားတဲ့ ဒေါ်လ ၁.၄ သန်းနဲ့ လေလံတင်ရောင်းချလိုက်တဲ့ တယော။

နစ်သွားတဲ့ Titanic ဇိမ်ခံ သင်္ဘောပေါ်က သံစုံတီးဝိုင်းရဲ့ ခေါင်းဆောင်ထိုးတဲ့ တယောကို ဒေါ်လာ 1.4 သန်းနဲ့ ရောင်းလိုက်ရပါတယ်။ အင်္ဂလန်တောင်ပိုင်း လေလံပွဲတခုမှာ စနေနေ့က လေလံ စ ပစ်ပြီး မကြာခင်မှာပဲ တယောကို ရောင်းလိုက်နိုင်တာ ဖြစ်ပါတယ်။

ဝယ်သွားသူဟာ ယူကေနိုင်ငံကပဲဖြစ်ပြီး Titanic အမှတ်တရ ပစ္စည်းတွေထဲမှာ စံချိန်တင်အောင် ဈေးအများဆုံး ဖြစ်တယ်လို့ Titanic သင်္ဘောထဲက ပစ္စည်းတွေကို အဓိကလေလံတင်တဲ့ Henry Aldridge and Son လေလံကုမ္ပဏီက ပြောပါတယ်။

ကမ္ဘာတဝန်းက အမှတ်တရပစ္စည်းစုဆောင်းသူတွေကြားမှာ ဒီတယောကို ဝယ်ချင်သူတွေများတယ်လို့ လေလံကုမ္ပဏီကဆိုပါတယ်။ Titanic သင်္ဘောကြီးနစ်နေစဉ်မှာ စွန့်ခွာမသွားဘဲ တီးမှုတ်ခဲ့တဲ့ တီးဝိုင်းအဖွဲ့ ခေါင်းဆောင် Wallace Hartley ပိုင် တယောဖြစ်ပါတယ်။ အဲဒီတီးဝိုင်းအဖွဲ့ဝင်တွေအားလုံး သေဆုံးခဲ့ကြပါတယ်။

လူဗန်းကက်သလစ် တက္ကသိုလ် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ဒေါ်အောင်ဆန်းစုကြည်လက်ခံရယူ

ဘယ်လ်ဂျီယံဘုရင်နဲ့ မိဖုရားက ဒေါ်အောင်ဆန်းစုကြည်ကို Laeken နန်းတော်တွင် တွေ့ဆုံစဉ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၉ ရက်၊ စနေနေ့ ဒီကနေ့မှာ ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ရောက်နေပြီဖြစ်ပြီး လူဗန်း ကက်သလစ်တက္ကသိုလ် (Universite catholique de Louvain) မှာ စကားပြောခဲ့ပါတယ်။ ဒါ့အပြင် အဲဒီတက္ကသိုလ်က ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကိုလည်း လက်ခံ ရယူခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တတိယအကြိမ် ဥရောပခရီးစဉ်အကြောင်းကိုတော့ ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဘရပ်ဆဲလ်မြို့ဆီ ရောက်သွားပြီးတဲ့နောက် ဒေသစံတော်ချိန် ညနေ ၃ နာရီက လူဗန်း ကက်သလစ် တက္ကသိုလ်မှာ စကားပြောခဲ့ပါတယ်။ အဲဒီပွဲကို လူ ၁,၀၀၀ ကျော် တက်ရောက်မယ့်အကြောင်း တက္ကသိုလ်ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဘရူနို ဒန်ဗူး (Bruno Denvaux) က အစောပိုင်းမှာ ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဆီးဂိမ်းစ်တွင် အမျိုးသား ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတာဝန် ထမ်းဆောင်ရန် ရဲမေ ၉၀ ကျော် ခန့်အပ်

Photo: ဆီးဂိမ်းစ်တွင် အမျိုးသား ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတာဝန် ထမ်းဆောင်ရန် ရဲမေ ၉၀ ကျော် ခန့်အပ်

၂၇ နှစ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် အတွက် ဒုရဲအုပ် ရဲမေများ အပါအ၀င် အခြားအဆင့် ရဲမေစုစုပေါင်း ၉၀ ကျော်အား ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်အဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အတွက် ဒုရဲအုပ်အဆင့်ရှိသည့် ရဲမေ ၄၂ နှစ်ဦးနှင့် အခြားအဆင့် ရဲမေ ၅၂ ဦးတို့ကို အသစ်ခန့်အပ်ထားပြီး သင်တန်းများ ပို့ချနေကြောင်း သိရသည်။

''စက်တင်ဘာ ၂၇ ရက် တုန်းက ဒုရဲအုပ်ရဲမေတွေ တပ်ဖွဲ့ဝင်သင်တန်း ဆင်းတယ်။ အဲဒီအထဲကမှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ အရပ် ၅ ပေ ၅ လက်မရှိတဲ့ သူတွေကို ရွေးချယ်ပြီး ခန့်အပ်ခဲ့တာပါ။ အခုခန့်အပ်ခဲ့တဲ့ ရဲမေတွေ အကုန်လုံးကလည်း ရဲတပ်ဖွဲ့ဝင်တွေထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတွေ ဖြစ်ပါတယ်။ အခု အသစ်ခန့်အပ်လိုက်တဲ့ ရဲမေတွေကိုတော့ ဆီးဂိမ်းစ်ကျင်းပမယ့် အားကစားကွင်းတွေနဲ့ ကျင်းပမယ့် နေရာတွေမှာ အမျိုးသား ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း အမျိုးပေါင်း ၃၃ မျိုး ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားသမားပေါင်း ၁၀၂၁ ဦး ဖြင့် ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ယခုလက်ရှိ အချိန်ထိ အာဆီယံ နိုင်ငံများမှ ၀င်ရောက်ယှဉ်ပြိုင်မည့် အားကစားသမား အရေအတွက် စာရင်းများအရ မြန်မာနိုင်ငံမှ အများဆုံးဖြစ်ပြီး စင်ကာပူနိုင်ငံမှ ၈၂၀ ဦးဖြင့် ဒုတိယ အများဆုံး၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံတို့မှ အားကစားသမား ဦးရေ ၆၈၉ ဦးစီတို့ဖြင့် တတိယ အားကစားသမား အများဆုံးဖြင့် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားကြောင်း အားကစား ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။

(ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကျားတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))
(ဆူးလေမီးပွိုင့်ရှိ လူကူးမျဉ်းကျားတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲမေ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))
၂၇ နှစ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ရန် အတွက် ဒုရဲအုပ် ရဲမေများ အပါအ၀င် အခြားအဆင့် ရဲမေစုစုပေါင်း ၉၀ ကျော်အား ခန့်အပ်လိုက်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်အဖြစ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အတွက် ဒုရဲအုပ်အဆင့်ရှိသည့် ရဲမေ ၄၂ နှစ်ဦးနှင့် အခြားအဆင့် ရဲမေ ၅၂ ဦးတို့ကို အသစ်ခန့်အပ်ထားပြီး သင်တန်းများ ပို့ချနေကြောင်း သိရသည်။

''စက်တင်ဘာ ၂၇ ရက် တုန်းက ဒုရဲအုပ်ရဲမေတွေ တပ်ဖွဲ့ဝင်သင်တန်း ဆင်းတယ်။ အဲဒီအထဲကမှ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ အရပ် ၅ ပေ ၅ လက်မရှိတဲ့ သူတွေကို ရွေးချယ်ပြီး ခန့်အပ်ခဲ့တာပါ။ အခုခန့်အပ်ခဲ့တဲ့ ရဲမေတွေ အကုန်လုံးကလည်း ရဲတပ်ဖွဲ့ဝင်တွေထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတွေ ဖြစ်ပါတယ်။ အခု အသစ်ခန့်အပ်လိုက်တဲ့ ရဲမေတွေကိုတော့ ဆီးဂိမ်းစ်ကျင်းပမယ့် အားကစားကွင်းတွေနဲ့ ကျင်းပမယ့် နေရာတွေမှာ အမျိုးသား ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားသည်။

ခရက်ဒစ်ကတ် ထုတ်ပေးရေး ဗဟိုဘဏ် လက်တွန့်နေ

စီးပွားရေး, ခရက်ဒစ်ကတ်, ဗဟိုဘဏ်, အကြွေးဝယ်ကတ်, ငွေပေးချေခြင်း, ပုဂ္ဂလိကဘဏ်, အသေးစားငွေချေးလုပ်ငန်း, ငွေကြေးအကျပ်အတည်း
ရန်ကုန်နှင့် အခြားမြို့ကြီးများ၏ အချက်အချာ နေရာအချို့တွင် ATM စက်အနည်းငယ် ရှိနေပြီဖြစ်သော်လည်း ပလပ်စတစ်ငွေကြေးကတ် စနစ် ထွန်းကားရေး အလှမ်းဝေးနေဆဲ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ခေတ်မီ ဘဏ်စနစ်က အလုံးစုံနီးပါး လွှမ်းခြုံထားသည့် ကမ္ဘာတွင် ATM စက်များနှင့် အကြွေးဝယ်ကတ်များ ကင်းမဲ့နေ ခြင်းသည် စီးပွားရေးစနစ် ခေတ်နောက်ကျနေကြောင်း ပြသနေခြင်းဟု ဆိုနိုင်ပါသည်။
ရာစုနှစ်ပေါင်းများစွာ စီးပွားရေးတံခါးပိတ်နေခဲ့သည့် နိုင်ငံတခုဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုအခါ မြို့ပြ၏ အချက်အချာ နေရာအချို့တွင် ATM စက်အနည်းငယ် ရှိနေပြီး အခြားနိုင်ငံများတွင် ရရှိနေခဲ့ပြီး ဖြစ်သည့် ငွေကြေးဝန်ဆောင်မှုမျိုး ပေး နေပြီ ဖြစ်သည်။
သို့သော်လည်း ခရက်ဒစ် အကြွေးဝယ်ကတ်များနှင့် ပတ်သက်၍ ယခုထက်ထိ ရေရေရာရာ သိနိုင်ခြင်း မရှိသေးပါ။
နိုင်ငံခြားသား ခရီးသည်များ နှင့် ဆက်ဆံဆောင်ရွက်နေရသော ဟိုတယ်ကြီး အချို့နှင့် စတိုးဆိုင်ကြီးများကို သာလျှင် Visa သို့မဟုတ် Master ကဒ်များ ဖြင့် ငွေပေးချေခြင်းကို လက်ခံခွင့်ပြုရန် သက်ဆိုင်ရာမှ စဉ်းစားခဲ့သည်။ ထိုကဒ် အမျိုးအစားများနှင့် အခြားသော အသုံးနည်းသည့် အကြွေးဝယ်ကတ်များ ဖြစ်သည့် JCB ကဒ် နှင့် China Union Pay ကဒ်များကိုပါ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန်  မြန်မာနိုင်ငံတွင် အောက်တိုဘာလ အတွင်းမှာမှ ခွင့်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် ပလပ်စတစ်ကတ်များကို ငွေပေးချေသည့် နည်းလမ်းတခုအဖြစ် အသုံးပြုရန် ဘာကြောင့် ဤကဲ့သို့ နှောင့်နှေးနေရပါသနည်း။ အဓိက အကြောင်းပြချက်မှာ ဘဏ်များသည် ပြည်တွင်းရှိ စားသုံးသူများလက်သို့ အကြွေးဝယ်ကဒ်များ ထုတ်ပေးရန် အခွင့်အာဏာ ယခုအချိန်အထိ မရရှိသေးခြင်း ဖြစ်သည်။

Adidas လည်း စမတ်နာရီထုတ်ပြီ

Photo: Adidas လည်း စမတ်နာရီထုတ်ပြီ 

Adidas အားကစား ပစ္စည်း ကုမ္မဏီလည်း စမတ်နာရီ ထုတ်လုပ် မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၉၉ ပါ။ ဈေးတော့ကြီးပါတယ်။ ဈေးအဲ့လောက်ကြီးရအောင် ဘာတွေ ဘာသလဲ ဆိုတာ လေ့လာကြည့်တဲ့အခါမှာတော့ - 

သူက အခြား မိုဘိုင်းဖုန်းတွေနဲ့တော့ Syns လုပ်လို့ မရပါဘူး။ နာရီရဲ့  မျက်နှာပြင် Display မှာပဲ လိုအပ်တဲ့ Information အစုံအလင် ပြသစေဖို့ ဖြစ်ပါတယ်။ GPS ပါဝင်ပါမယ်။ Heart rate sensor လို့ခေါ်တဲ့ နှလုံးခုန်နှန်းကို ထောက်လှမ်းပေးမယ့် စက် ပါဝင်ပါမယ်။ ပတ်ထားတဲ့ လက်ရဲ့  သွေးကြောတွေကိုပါ ထောက်လှမ်းပြီး ကျန်းမာရေး အခြေအနေကို report လုပ်ပေးပါတယ်။ Earphone ပါလို့ တပ်ဆင်လိုက် ရင်လည်း အပြေး အားကစား နည်းပြ တစ်ယောက်အနေနဲ့ လိုက် လံကြီးကြပ်ပေးမယ့် အသံကို ကြားရမှာပါ။ အကယ်၍ အဲ့လိုမဟုတ်ပဲ သီချင်းနားထောင်ချင်ရင်လည်း ရပါတယ်။ 

ရသမျှ သတင်းအချက်အလက်အားလုံးကို ကွန်ပြူတာထဲလည် ပြန်ပို့ပေးနိုင် ပါတယ်။ အချိန်ကိုပဲ ပြတဲ့ နာရီ မဟုတ်တော့ပါဘူး။ Nike က ထုတ်တဲ့ Fuel Band ထပ်လည်း function ပိုစုံသွားတာတွေ့ရမှာ ဖြစ်ပါတယ်။ Adidas ရဲ့ ပထမဆုံး စမတ်နာရီကို မကြာခင် ဈေးကွက်ဖြန့်ချိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref:engadget
Aung Kham ( TSJ Team )

http://blog.techspace.com.mm/2013/10/adidas.html

.

Adidas အားကစား ပစ္စည်း ကုမ္မဏီလည်း စမတ်နာရီ ထုတ်လုပ် မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၉၉ ပါ။ ဈေးတော့ကြီးပါတယ်။ ဈေးအဲ့လောက်ကြီးရအောင် ဘာတွေ ဘာသလဲ ဆိုတာ လေ့လာကြည့်တဲ့အခါမှာတော့ -

သူက အခြား မိုဘိုင်းဖုန်းတွေနဲ့တော့ Syns လုပ်လို့ မရပါဘူး။ နာရီရဲ့  မျက်နှာပြင် Display မှာပဲ လိုအပ်တဲ့ Information အစုံအလင် ပြသစေဖို့ ဖြစ်ပါတယ်။ GPS ပါဝင်ပါမယ်။ Heart rate sensor လို့ခေါ်တဲ့ နှလုံးခုန်နှန်းကို ထောက်လှမ်းပေးမယ့် စက် ပါဝင်ပါမယ်။ ပတ်ထားတဲ့ လက်ရဲ့  သွေးကြောတွေကိုပါ ထောက်လှမ်းပြီး ကျန်းမာရေး အခြေအနေကို report လုပ်ပေးပါတယ်။ Earphone ပါလို့ တပ်ဆင်လိုက် ရင်လည်း အပြေး အားကစား နည်းပြ တစ်ယောက်အနေနဲ့ လိုက် လံကြီးကြပ်ပေးမယ့် အသံကို ကြားရမှာပါ။ အကယ်၍ အဲ့လိုမဟုတ်ပဲ သီချင်းနားထောင်ချင်ရင်လည်း ရပါတယ်။

ရန်ကုန်မန္တလေးနည်းပညာတက္ကသိုလ်နှစ်ခုကို ကန်ဒေါ်လာ (၁၃ .၅) သန်းထောက်ပံ့ပေးမည်


 

ရန်ကုန်နည်းပညာတကကသိုလ်  နှင့် မန္တလေးနည်းပညာတက္ကသိုလ်  တို့အားဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) က သင်ထောက်ကူပစ္စည်း  များနှင့် နည်းပညာပိုင်းတို့အတွက်  အမေရိကန်ဒေါ်လာ (၁၃.၅) သန်းထောက်ပံ့သွားမည်ဖြစ်ကြောင်းJICAဥက္ကဋ္ဌဒေါက်တာအာကီဟီကို တာနာကာကပြောသည်။
အင်းစိန်မြို့နယ်ရှိရန်ကုန်နည်း ပညာတက္ကသိုလ်(YIU) တွင်(JICA)နှင့် ဂျပန်တက္ကသိုလ် (၆) ခုတို့မှနည်းပညာပူးပေါင်းဆောင်ရွက် ရေးအတွက်အောက်တိုဘာလ (၄) ရက်နေ့က လက်မှတ်ရေးထိုးပွဲပြု လုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီးဒေါက်တာဦးကိုကိုဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မြန်မာနိုင်ငံတွင် အဓိကကျ သည့်တက္ကသိုလ်နှစ်ခုကို ပထမဆုံး  ပံ့ပိုးသွားခြင်းဖြစ်ပြီး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းကို သြဂုတ်လမှ စတင်ခဲ့ခြင်းဖြစ်သည်။JICA အနေဖြင့် သင့်ထောက်  ကူပစ္စည်းတွေသာမကနည်းပညာ နှင့် ပတ်သက်ပြီးလိုအပ်တာအားလုံး   ကူညီသွားမယ်။

Samsung Galaxy S4 ဘက်ထရီအခမဲ့ လဲလှယ်ပေး

Photo: Samsung Galaxy S4 ဘက်ထရီအခမဲ့ လဲလှယ်ပေး 


ဂျာမနီနိုင်ငံမှာ ၃၀ ရာခိုင်နှုန်းသော Samsung Galaxy s4 စမတ်ဖုန်းများ ဘက်ထရီ ပြဿနာ တက်ပြီးနောက် အခမဲ့ အစားထိုး လဲလှယ်တဲ့ အစီအစဉ်ကို Samsung တို့ ပြုလုပ်ပေးနေပါတယ်။ 

ဂျာမနီမှာတင် မကပဲ Official Samsung Showroom ရှိတဲ့ နိုင်ငံတိုင်းမှာ အခမဲ့ လဲလှယ်ပေးလို့ရအောင် စီစဉ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ Samsung Galaxy S4 မှာ ကြုံတွေ့ရတဲ့ ဘက်ထရီ ပြဿနာ ကတော့ တစ်နာရီအတွင်း အားအကုန်မြန်တာတို့၊ အလိုအလျောက် အားကုန်တာတို့ အပြင် မလိုအပ်ပဲ ဘက်ထရီ Power ဆုံးရှုံးနေမှုများ ဖြစ်ပါတယ်။ ဒါတွေ ကို ဖြေရှင်းပေးဖို့အတွက် Samsung ဟာ return များရရှိပြီးနောက် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။ ယင်း ဆုံးဖြတ်ချက်အရ Customer တွေကို ဘက်ထရီ အလကား လဲလှယ်ပေးခြင်း ဖြစ်ပါတယ်။ 

ဂျာမနီမှာတင်မက၊ ဗြိတိန်မှာပါ ပြုလုပ်ပေးမှာပါ။ ဆက်လက်ပြီး အခြားနိုင်ငံများအထိလည်း Samsung တို့ စီစဉ်ထားကြောင်း ဆိုပါတယ်။ Samsung Galaxy S4 ဟာ ပြီးခဲ့တဲ့ သြဂုတ်လက ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း တစ်လုံး ဖြစ်ခဲ့ပြီး ယနေ့အထိလည်း အရောင်းတွင်နေဆဲ စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )
.
http://blog.techspace.com.mm/2013/10/samsung-galaxy-s4.html

.

ဂျာမနီနိုင်ငံမှာ ၃၀ ရာခိုင်နှုန်းသော Samsung Galaxy s4 စမတ်ဖုန်းများ ဘက်ထရီ ပြဿနာ တက်ပြီးနောက် အခမဲ့ အစားထိုး လဲလှယ်တဲ့ အစီအစဉ်ကို Samsung တို့ ပြုလုပ်ပေးနေပါတယ်။

ဂျာမနီမှာတင် မကပဲ Official Samsung Showroom ရှိတဲ့ နိုင်ငံတိုင်းမှာ အခမဲ့ လဲလှယ်ပေးလို့ရအောင် စီစဉ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။ Samsung Galaxy S4 မှာ ကြုံတွေ့ရတဲ့ ဘက်ထရီ ပြဿနာ ကတော့ တစ်နာရီအတွင်း အားအကုန်မြန်တာတို့၊ အလိုအလျောက် အားကုန်တာတို့ အပြင် မလိုအပ်ပဲ ဘက်ထရီ Power ဆုံးရှုံးနေမှုများ ဖြစ်ပါတယ်။ ဒါတွေ ကို ဖြေရှင်းပေးဖို့အတွက် Samsung ဟာ return များရရှိပြီးနောက် ဆုံးဖြတ် လိုက်ခြင်း ဖြစ်ပါတယ်။ ယင်း ဆုံးဖြတ်ချက်အရ Customer တွေကို ဘက်ထရီ အလကား လဲလှယ်ပေးခြင်း ဖြစ်ပါတယ်။

ထောင်မှလွတ်ပြီးသူတပ်မတော်အရာရှိဟောင်းတစ်ဦးမိန်းဂျေးသို့ ၀င်လာသဖြင့်ထောင်အရာရှိနှင့် ၀န်ထမ်းအချို့အရေးယူခံရ


 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးအကျဉ်း ထောင်၌ (၂.၁၀.၁၃)ရက်နေ့က ထောင်အဓိကနေရာမိန်းဂျေးသို့ ထောင်မှလွတ်မြောက်ပြီးသော တပ်မတော်အရာရှိဟောင်းတစ်ဦး ၀င်ရောက်လာသည့်ကိစ္စနှင့်ပတ်သက် တာဝန်မှူးမှထောင်စည်းကမ်း ချိုးဖောက်သည်ဟုဆိုကာဒုထောင် မှူး (၂) ဦး၊ တံခါးစောင့် (၂) ဦး တို့အားတိုင်ကြားရာ (၄.၁၀.၁၃) ရက်နေ့တွင် ၎င်းတို့ (၄)ဦးအား အရေးယူမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒုထောင်မှူးတစ်ဦးအား ရာထူးမှထုတ်ပယ်လိုက်ပြီးကျန် ဒုထောင်မှူးတစ်ဦးအားရာထူး ရှော့စေသည့်အပြင်အခြားအဆင့် (၂) ဦးအားသတိပေးမှုများပြုလုပ် ခဲ့ပါသည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး KNU သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


ရန်ကုန်၊ အောက်တိုဘာ ၁၉

ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများဟိုတယ် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးအချို့၌ ဗုံးပေါက်ကွဲမှု များနှင့် ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး KNU က အောက်တိုဘာလ ၂၀ ရက်နေ့ (ယနေ့) ညနေ ၃နာရီတွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်မည် ဖြစ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဗုံးပေါက်ကွဲမှုများကို KNU က လုပ်ဆောင်နေခြင်း မဟုတ်ကြောင်းနှင့် ဗုံးပေါက်ကွဲမှု များအတွက် အစိုးရနှင့် ပူးပေါင်းတားဆီး နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောဆို ရှင်းလင်းသွားမည်ဟု ၄င်းကဆိုသည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နှင့် စားသောက်ဆိုင်အချို့ကို ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သူ စောမြင့်လွင် (ခ) မောထသည် KNU တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ဖြစ်ပြီး KNU စီးပွားရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူ စောနေတိုးက ခိုင်းစေ၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အောက်တိုဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများ အကုန်လုံး လွှတ်ပေးမည်ဟု သမ္မတက ပြောကြားထားသော်လည်း ထပ်မံဖမ်းဆီးခံရသည့် နိုင်ငံရေး အကျဉ်းသား ရှိနေသည်ဟု AAPP ထုတ်ပြန်

Photo: ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားများ အကုန်လုံး လွှတ်ပေးမည်ဟု သမ္မတက ပြောကြားထားသော်လည်း ထပ်မံဖမ်းဆီးခံရသည့် နိုင်ငံရေး အကျဉ်းသား ရှိနေသည်ဟု AAPP ထုတ်ပြန်

ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ဦးမကျန် ပြန်လွှတ်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသော်လည်း အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားဦးရေ မြင့်တက်နေဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ စက်တင်ဘာလအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး စက်တင်ဘာလအတွင်း ၃၃ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကာ ၂၃၂ ယောက်မှာ တရားရင်ဆိုင် နေရဆဲ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၃၃ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ပြီး လယ်သမား ခြောက်ဦးအား ပုဒ်မ ၄၄၇ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခဲ့ကာ မျိုးမြင့်အောင် (ခ) အရှည်ကြီးအား မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ ဖောက်ခွဲဖြင့် ထောင်ဒဏ်ခုနစ်နှစ်၊ ပုဒ်မ ၁၈ ဖြင့် တောင်ကုတ်မြို့နယ်မှ ကိုစိုးဝင်း၊ ကိုသံလုံး၊ ကိုသံလွင်တို့အား ထောင်ဒဏ်သုံးလ၊ ထို့အပြင် တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအား ဆန့်ကျင်ဆန္ဒ ပြခဲ့သည့် မဒေးကျွန်းမှ ၁၀ ဦးအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ၊ ထို့နောက် ရခိုင်ပြည်နယ်မှ ဒေါ်မလှမေ၊ ဦးမောင်ဝင်း၊ ဒေါ်တင်တင်အေး၊ ဦးမောင်သိန်းလှတို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ အစရှိသူတို့သည် စက်တင်ဘာအတွင်း ထောင်ဒဏ်ချခံ ခဲ့ရသူများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထို့နောက် ၂၀၁၃ ခုနှစ်အတွင်း လွတ်မြောက်လာခဲ့ပြီး အင်းစိန်ထောင်တွင် ၂၃ နှစ် နေခဲ့ရသူများ၏ သတင်းစာ ရှင်းလင်းပွဲတွင် အကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသားများအား စိတ်ပိုင်းနှင့် ရုပ်ပိုင်းနှိပ်စက်ညှဉ်းပန်း မှုများကြောင့် ထိခိုက်ခံစား ရမှုများလည်း ရှိနေသည်ဟု ဖော်ပြထားသည်။ ထို့အပြင် ဒေါ်နော်အုန်းလှ အပါအ၀င် နိုင်ငံရေး အကျဉ်းသားအား မိသားစုများနှင့် အလှမ်းဝေးသည့် နေရာရှိ အကျဉ်းထောင်များသို့ ပို့ဆောင် ထားကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် လူတစ်ဦးအား ပုဒ်မ ၁၈ ဖြင့် နေရာ ၁၉ နေရာတွင် တရားစွဲဆို ခံခဲ့ရခြင်းများလည်းရှိကြောင်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ၏ စာရင်းများအရ အကျဉ်းထောင်များအတွင်း ၁၂၅ ဦး ကျန်ရှိနေပြီး ၂၁ ဦးအား ပြန်လည်စိစစ် နေသည်ဟုလည်း သိရသည်။  

AAPP အဖွဲ့၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘိုကြည်က "ပုဒ်မ ၁၈ တို့၊ ၅၀၅ (ခ)တို့ မလွှတ်တာနဲ့ ပတ်သက်ရင် အစိုးရနဲ့ ပိုပြီးတော့ သက်ဆိုင်ပါတယ်" ဟု ပြောကြားသည်။

အစီရင်ခံစာ၏ အနှစ်ချုပ် အနေနှင့် မြန်မာနိုင်ငံတွင် အစိုးရက ဒီမိုကရက်တစ် ပြောင်းလဲမှုများကို ပြုလုပ်နေသော်လည်း အကျဉ်းထောင်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုများ ဆက်လက်ရှိနေကြောင်းနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်နေသည်ဟု ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုနေမှုများလည်း ရှိနေကြောင်း၊ AAPP အနေနှင့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းမည် ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများအား ဆက်လက်ထောက်ပံ့ နေမှာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က "ဒီနှစ်ကုန်မှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်၊ မလွတ်ဆိုတာက သမ္မတရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်တယ်။ ထောင်ထဲမှာ အရင်ကျန်နေတဲ့ လူတွေကိုရော နောက်မှအသစ် ထပ်ရောက်လာတဲ့ လူတွေကိုရော သူလွှတ်ပေးချင်တဲ့ ဆန္ဒရှိရင် သူလွှတ်ပေးလိုက်မှာပဲ။ ဒီပုံစံအတိုင်း ဆိုရင်တော့ ထောင်ထဲမှာ နောက်နှစ်ဆန်းရင်လည်း နိုင်ငံရေး အကျဉ်းသားက ကုန်မှာမဟုတ်ဘူး၊ ထပ်ရောက်နေဦးမှာပဲ။ ကျွန်တော်တို့ကတော့ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ကျန်နေရင်လည်း ကျန်နေတဲ့အကြောင်း ပြောမှာပဲ။ အခုအချိန်အထိ ကော်မတီမှာ ပုဒ်မ ၁၈၊ ၅၀၅(ခ)နဲ့ ပတ်သက်ပြီး ထည့်သွင်းစဉ်းစားမယ်၊ မစဉ်းစားဘူး ဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ အဖြေမသိရဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ သူတို့ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။ ကော်မတီ အနေနဲ့ အခုအချိန်အထိ ထည့်သွင်းစဉ်းစားခြင်း မရှိသေး တာကတော့ သေချာတယ်" ဟု ပြောကြားသည်။

(ရန်ကုန်မြို့ အင်းစိန်ထောင် အပေါက်ဝအား အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်)
(ရန်ကုန်မြို့ အင်းစိန်ထောင် အပေါက်ဝအား အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်)
ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသား တစ်ဦးမကျန် ပြန်လွှတ်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသော်လည်း အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားဦးရေ မြင့်တက်နေဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)မှ စက်တင်ဘာလအတွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး စက်တင်ဘာလအတွင်း ၃၃ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကာ ၂၃၂ ယောက်မှာ တရားရင်ဆိုင် နေရဆဲ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ၃၃ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ပြီး လယ်သမား ခြောက်ဦးအား ပုဒ်မ ၄၄၇ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခဲ့ကာ မျိုးမြင့်အောင် (ခ) အရှည်ကြီးအား မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ ဖောက်ခွဲဖြင့် ထောင်ဒဏ်ခုနစ်နှစ်၊ ပုဒ်မ ၁၈ ဖြင့် တောင်ကုတ်မြို့နယ်မှ ကိုစိုးဝင်း၊ ကိုသံလုံး၊ ကိုသံလွင်တို့အား ထောင်ဒဏ်သုံးလ၊ ထို့အပြင် တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအား ဆန့်ကျင်ဆန္ဒ ပြခဲ့သည့် မဒေးကျွန်းမှ ၁၀ ဦးအား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ၊ ထို့နောက် ရခိုင်ပြည်နယ်မှ ဒေါ်မလှမေ၊ ဦးမောင်ဝင်း၊ ဒေါ်တင်တင်အေး၊ ဦးမောင်သိန်းလှတို့အား ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ်သုံးလ အစရှိသူတို့သည် စက်တင်ဘာအတွင်း ထောင်ဒဏ်ချခံ ခဲ့ရသူများဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သီတင်းကျွတ် လပြည့်နေ့မှစ၍ ရွှေတိဂုံ စေတီတော်၌ CID၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်မည်


အောက်တိုဘာ ၁၉ ရက်တွင် ကျရောက်သည့် သီတင်းကျွတ် လပြည့်နေ့မှ စတင်၍ ရွှေတိဂုံစေတီတော်၌ လုံခြုံရေးဆောင်ရွက်မှုကို CID ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း အပါအ၀င် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ယခုနှစ် ရွှေတိဂုံစေတီတော် ပွဲတော်ကာလအတွင်း လုံခြုံရေး ဆောင်ရွက်မှုမှာ ယခင်နှစ်ကထက် တိုးချဲ့ထားပြီး ရဲတပ်ဖွဲ့အားလုံး ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

"ရွှေတိဂုံဘုရားရဲ့ ပွဲတော်တစ်လျှောက်မှာတော့ လုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်သွားမယ်။ ရဲတပ်ရင်းက ဦးဆောင်ပြီးတော့ မြို့နယ်ရဲတပ်ဖွဲ့တွေ၊ CID ရဲတပ်ဖွဲ့၊ SB ရဲတပ်ဖွဲ့အပြင် ရဲတပ်ဖွဲ့အားလုံး ပူးပေါင်း ဆောင်ရွက်သွားမယ်။ ပြည်သူတွေ အနေနဲ့လည်း မသင်္ကာတဲ့ ပစ္စည်းတွေ၊ မသင်္ကာတဲ့ အခြေအနေတွေကို တွေ့ရင်တော့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဖို့ လိုအပ်ပါတယ်"ဟု အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် လိုင်စင်မဲ့ ကားတစ်စီး စွန့်ပစ်ထားရာမှ ဖြစ်ခဲ့သော ဗုံးလန့်မှု အပါအ၀င် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်

Photo: မန္တလေးမြို့တွင် လိုင်စင်မဲ့ ကားတစ်စီး စွန့်ပစ်ထားရာမှ ဖြစ်ခဲ့သော ဗုံးလန့်မှု အပါအ၀င် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်

မန္တလေးမြို့၌ အောက်တိုဘာ ၁၄ ရက်က ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် လိုင်စင်မဲ့ကားတစ်စီး စွန့်ပစ်ထားရာမှ ဖြစ်ပွားခဲ့သော ဗုံးလန့်မှု အပါအ၀င် အများပြည်သူ သွားလာရာ နေရာများတွင် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်က မန္တလေးမြို့ ၆၆ လမ်းမပေါ်ရှိ အမျိုးသားကဇာတ်ရုံ အနီးတွင် မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီး ဖွင့်လှစ်စစ်ဆေးခဲ့ရာ ဟန်းဖုန်းတစ်လုံးအား ဓာတ်ခဲဖြင့် ပူးတွဲချည်နှောင် ထားသည်ကိုသာ တွေ့ရှိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ၂၃ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ အမှိုက်ပုံ တစ်ခုမှ မီးခိုးများ ထွက်ရှိလာသောကြောင့် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ ဗြောက်အိုးဖောက်မှုကြောင့်သာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က အတည်ပြု ပေးခဲ့သည်။

သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်တွင်လည်း မန္တလေးမြို့ ကျွဲဆည်ကန် အဝေးပြေးကားဝင်း အတွင်း၌ မတ်ခ်တူးအမျိုးအစား လိုင်စင်မဲ့ ကားတစ်စီး လာရောက်စွန့်ပစ်ထားမှုကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ၁၂ ဗို့အား ဘက်ထရီအိုး တစ်လုံး၊ ထီးတစ်ချောင်း၊ ရေသန့်ဘူး တစ်ဘူးနှင့် Red Label အမျိုးအစား အရက်ပုလင်း တစ်လုံးတို့ကိုသာ တွေ့ရှိခဲ့ကြောင်း သိရသည်။

"လက်ရှိအချိန်မှာ ဗုံးနဲ့ပတ်သက်ပြီး ပြည်သူလူထုက စိုးရိမ်နေတာကြောင့် ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာကို အကြောင်းကြားကြလို့ ဒီလိုကောလာဟလတွေ ထွက်နေတာပါ။ ရဲတပ်ဖွဲ့ဝင်တွေကလည်း သတင်းရရချင်း ဗုံးဟုတ်၊ မဟုတ်ကို ကျန်တဲ့တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး အတည်ပြု ဆောင်ရွက်ပေးနေပါတယ်။ ဒီလို အသိရှိရှိနဲ့ ပြည်သူက သတင်းပေးနေတာကလည်း လုံခြုံရေးအတွက် အကျိုးရှိပါတယ်" ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဖြူး၊ တောင်ငူ၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသည့် ဗုံးတွေ့ရှိမှုများ၏ ဖြစ်စဉ်များမှ ကျူးလွန်သူများနှင့် ဆက်စပ်ပါဝင်သူများကို ဖော်ထုတ်နိုင်ခဲ့ပြီဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့သော်လည်း ရန်ကုန်၊ မန္တလေးနှင့် ဘားအံမြို့တို့တွင်မူ ဗုံးဟုမသင်္ကာဖွယ်ရာ ပစ္စည်းတွေ့ရှိမှုများ ဖြစ်ပွားခဲ့သည်။

(အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ကျွဲဆည်ကန် အဝေးပြေးကားဝင်းအတွင်း လိုင်စင်မဲ့ ကားတစ်စီးအား သက်ဆိုင်ရာမှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်)
(အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက ကျွဲဆည်ကန် အဝေးပြေးကားဝင်းအတွင်း လိုင်စင်မဲ့ ကားတစ်စီးအား သက်ဆိုင်ရာမှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ်)

မန္တလေးမြို့၌ အောက်တိုဘာ ၁၄ ရက်က ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု ဖြစ်ပွားခဲ့ပြီးနောက်တွင် လိုင်စင်မဲ့ကားတစ်စီး စွန့်ပစ်ထားရာမှ ဖြစ်ပွားခဲ့သော ဗုံးလန့်မှု အပါအ၀င် အများပြည်သူ သွားလာရာ နေရာများတွင် ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီ ၀န်းကျင်ခန့်က မန္တလေးမြို့ ၆၆ လမ်းမပေါ်ရှိ အမျိုးသားကဇာတ်ရုံ အနီးတွင် မသင်္ကာဖွယ်ရာ အထုပ်တစ်ထုပ် တွေ့ရှိခဲ့ပြီး ဖွင့်လှစ်စစ်ဆေးခဲ့ရာ ဟန်းဖုန်းတစ်လုံးအား ဓာတ်ခဲဖြင့် ပူးတွဲချည်နှောင် ထားသည်ကိုသာ တွေ့ရှိခဲ့ပြီး ယင်းနေ့ညပိုင်းတွင် ၂၃ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ အမှိုက်ပုံ တစ်ခုမှ မီးခိုးများ ထွက်ရှိလာသောကြောင့် သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာ ဗြောက်အိုးဖောက်မှုကြောင့်သာဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က အတည်ပြု ပေးခဲ့သည်။

သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့် အောက်တိုဘာ ၁၉ ရက်တွင်လည်း မန္တလေးမြို့ ကျွဲဆည်ကန် အဝေးပြေးကားဝင်း အတွင်း၌ မတ်ခ်တူးအမျိုးအစား လိုင်စင်မဲ့ ကားတစ်စီး လာရောက်စွန့်ပစ်ထားမှုကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ ၁၂ ဗို့အား ဘက်ထရီအိုး တစ်လုံး၊ ထီးတစ်ချောင်း၊ ရေသန့်ဘူး တစ်ဘူးနှင့် Red Label အမျိုးအစား အရက်ပုလင်း တစ်လုံးတို့ကိုသာ တွေ့ရှိခဲ့ကြောင်း သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis