menu

Wednesday 18 July 2012

Samsung Galaxy SIII ဖုန်းများတွင် Class B ဖုန်းများဝင်ရောက်လာ



မိုဘိုင်းဖုန်းဈေးကွက်အတွင်းသို့ ၀င်ရောက်လျက်ရှိသော Galaxy SIII ဖုန်းများတွင် Class B ဖုန်းများ ဈေးကွက်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ အသုံးပြုသူများအနေဖြင့် မိမိတို့အသုံးပြုလိုသော ဖုန်းများအား ၀ယ်ယူရာတွင် ကြည့်ရှုဝယ်ယူသင့်ကြောင်း သိရသည်။

အဆိုပါဖုန်းများ၏ နောက်ကျောဖက် ဘက်ထရီအောက်ဖက်တွင် Class B ဟုရေးသားထားပြီး ဗီယက်နမ်နိုင်ငံမှထုတ်လုပ်သော ဖုန်းများဖြစ်ကာ Made In Vietnam ဟုရေးသားထားကြောင်း သိရသည်။ ယင်းဖုန်းများနှင့်ပတ်သက်၍ မိုဘိုင်းဖုန်းအရောင်းဆိုင်များမှ ကျွမ်းကျင်သူများကပြောပြရာတွင် “ခုဈေးကွက်ထဲကို Class B လို့ရေးသားထားတဲ့ Samsung ဖုန်းတွေဝင်လာနေတာကို တွေ့ရတယ်။ ဈေးကတော့ နဂိုဈေးကွက်ထဲမှာရောင်းနေတဲ့ Original ဖုန်းတွေနဲ့ သိပ်မကွာဘူး။ ဈေးတန်းတူတူလောက်ပဲ။ ဆိုင်မှာ ရောင်းချင်ပေမယ့် ဒီဖုန်းတွေမှာ ဘယ်လိုကွာခြားချက်ရှိမှန်း ဘယ်လိုအမျိုးအစားဖြစ်မှန်း မသိသေးတဲ့အတွက် မရောင်းသေးပါဘူး။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် ခရီးသွားဝင်ရောက်မှု အလျင်မြန်ဆုံး တိုးတက်သည့် နိုင်ငံဖြစ်ကြောင်း UNWTO ထုတ်ပြန်




5163
ကမ္ဘာလှည့်ခရီးသွားများ ညောင်ဦးလေဆိပ်သို့ လာရောက်ကြသည်ကို ဇူလိုင်လအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် ပြီးခဲ့သည့်နှစ်များနှင့် ခရီးသွားဝင်ရောက်မှုချင်း နှိုင်းယှဉ်ပါက အလျင်မြန်ဆုံး တိုးတက်လာသည့် နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် World Tourism Organization UNWTO) က ထုတ်ပြန်ခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ တစ်နိုင်ငံချင်းအလိုက် ခရီးသွားဝင်ရောက်မှုများ၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ် တို့၌ ရာခိုင်နှုန်း အတက်အကျနှိုင်းယှဉ်မှုများအပေါ် သုံးသပ်မှုများကို ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်ရာ၌ ယင်းသို့ ပါရှိခဲ့သည်။
အရှေ့တောင်အာရှ၌ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့သည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့ကို နှိုင်းယှဉ်ရာ၌ သိသိသာသာ မြင့်တက်ခဲ့ကြောင်း၊ မြန်မာ သည် ၂၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိနေကာ ယင်းနောက်တွင်ကမ္ဘော ဒီးယားနှင့် ထိုင်းက ၂၀ ရာခိုင်နှုန်း စီ၊ ဗီယက်နမ်က ၁၉ ရာခိုင်နှုန်းစီ ရှိခဲ့ပြီး ထိုင်းနိုင်ငံသည် ခရီးသွားဦးရေ အများဆုံးနိုင်ငံဖြစ်ခဲ့ကြောင်းUNWTO က ထုတ်ပြန်ခဲ့သည်။

ခွေးမျိုး (နေဇင်လတ်)




ဘမောင်တို့ မြန်မာမှု နယ်ပယ်မှာ တော်တော် ဆိုးဆိုးဝါးဝါး ဆိုရင် “ခွေးမျိုး”လို့ ပြောလေ့ ရှိတယ်။
တော်တော်လေး အသုံး မကျရင်ပဲ ဖြစ်ဖြစ်၊ လူမှု နယ်ပယ်က လက်မခံနိုင် စရာကို ကျူးလွန်ခဲ့ရင်ပဲ ဖြစ်ဖြစ်၊ လူတစ်ဦး တစ်ယောက်မှာ ရှိသင့် ရှိထိုက်တဲ့ အရည်အသွေးနဲ့ တော်တော်လေး ကွာခြားနေ ရင်ပဲဖြစ်ဖြစ အဲဒီ “ခွေးမျိုး” ဆိုတဲ့ ၀ိသေသနဲ့ ခိုင်းနှိုင်း ပြောလေ့ရှိတာ သတိ ထားမိတယ်။ အနောက်ဘက်မှာလည်း ‘son of the bitch’ ဆိုတဲ့ “ခွေးမသား” ဆိုတာမျိုး သုံးတတ်တယ်။ အဲဒီတော့ ဘမောင်က ခွေးတွေဟာ အနိမ့်ကျဆုံး သတ္တ၀ါတွေထဲမှာ ထိပ်ဆုံးကလားဆိုပြီး တစ်ခါတစ်ခါမကတွေးမိတဲ့အခါ ရှိတယ်။ တွေးမိလာလေ ခွေးတွေဘက်က ပိုပြီး ရှေ့နေ လိုက်ချင်လာလေ ဖြစ်ခဲ့ရတယ်။  ခွေးချစ်တတ်တဲ့သူဆိုတော့ ဘမောင်က ခွေးတွေမွေးဖြစ်တယ်။

အခုပဲအိမ်မှာ ရော့ဝိုင်လာ (၄) ကောင်နဲ့ ခြောင်ခြောင်တစ်ကောင် ရှိနေလေရဲ့။ အသက် အကြီးဆုံး အထီးကြီးတောင် သွားတွေ ၀ါနေပြီ။ အကြောနည်းနည်း ဆွဲနေပြီ။ သူ့နောက်ဆုံး အချိန်တွေ အတွက် အသေအချာ ပြုစုပေးနေရသေးတယ်။

ခုန်ဖိနပ်(မြေမှုန်လွင်)




ကျာ်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ သူ့အိမ်ရှေ့မှာ တဗွမ်းဗွမ်းနဲ့ အားရပါးရ ရေချိုးနေတယ်။
တော်တော်ကြာတဲ့ အထိတောင် မပြီးနိုင်ဘဲ ဆော့နေတဲ့ အတွက် ဒေါ်မြတ်ချယ်လို့ အမည်ရှိတဲ့ အမေ ဖြစ်သူက အော်ငေါက် ခေါ်မှသာ ရေချိုးတာ ရပ်သွားပါတော့တယ်။ အိမ်ထဲကို ၀င်မလို့ လုပ်တုန်းမှာပဲ...

“အဲ...” ကျော်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ သူစီးလာတဲ့ ခုံဖိနပ်ကို ရှာလို့ မတွေ့တော့ပါဘူး။ ရေမချိုးခင်က ဒီနားမှာ သေသေချာချာ ချွတ်ခဲ့တာ ပါ။ အခု မရှိတော့ဘူး။ ရေစီးနဲ့ပဲ မျောပါ သွားပါပြီလား။ သူ့အလစ်မှာပဲ ခွေးတစ်ကောင်ကောင်က ချီပြေး သွားပြီးလား။ နေဦး။ ခွေးဆိုတာ သားရေဖိ နပ်လောက်ပဲ ချီတာ မဟုတ်လား။  ခုံဖိနပ်ကို ချီလို့လား။

ကျာ်ကျော်လို့ အမည်ရှိတဲ့ ကောင်လေးဟာ စိတ်ပျက်သွားတယ်။ အခု ပျောက်သွားတဲ့ ခုံဖိနပ်က သူတို့ တစ်မိသားစုလုံး ရေချိုးရင် စီးတဲ့ဖိနပ်။ အခုတော့ မရှိတော့ဘူး။ သူ့ကြောင့် ပျောက်သွားပြီ။ သူ့အမေသာ သိသွားရင်။

လယ်သမားတွေကို ဆန္ဒပြခွင့်ပြု

ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) က လယ်ယာမြေ အဓမ္မ သိမ်းယူခံထားရတဲ့ လယ်သမားတွေကို သက်ဆိုင်ရာက ဆန္ဒပြခွင့် မနေ့က ပေးလိုက်ပြီလို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က လယ်ယာမြေ အငြင်းပွားမှု ဖြစ်နေသည့် ဒဂုံဆိပ်ကမ်းမြို့နယ် လေးထောင့်ကန် လယ်သမားများနှင့် ရှေ့နေ ကိုဖိုးဖြူတွေ့ဆုံ ဆွေနွေးနေစဉ်။
လူ (၉၀၀) ကျော် ပါဝင်ဆန္ဒပြဖို့ လျှောက်ထားခဲ့ပေမယ့် လူ (၃၀၀) ကျော်လောက်ပဲ ခွင့်ပြုချက် ရရှိခဲ့တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်မယ့် ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။

တိုကျိုတွင် နျူဆန့်ကျင်ရေး လူတစ်သိန်းကျော်ဆန္ဒပြ




တိုကျိုတွင် နျူစွမ်းအင်သုံးစွဲမှု ပိတ်ပင်ရေး ဆန္ဒပြသူများကို ဇူလိုင်လ ၁၆ ရက်တွင် တွေ့ရစဉ် Photo:AFP
ဂျပန်နိုင်ငံမြို့တော် တိုကျိုတွင် လူထောင်ပေါင်းများစွာသည် ဇူလိုင်လ ၁၆ ရက်က နျူစွမ်းအင် အသုံးပြုမှု ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ရာ ဖူကူရှီးမား နျူကလီးယားအကျပ်အတည်းအပြီး နျူစွမ်းအင် အသုံးပြုမှု ရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြမှုများအနက် နောက်ဆုံးဆန္ဒပြမှုတစ်ခု ဖြစ်လာခဲ့သည်။
အစိုးရ ရုံးပိတ်ရက်ဖြစ်သည့် ယင်းနေ့တွင် နေမှာပူပြင်းနေသော်လည်း ဆန္ဒပြသူများအတွက် ယိုယိုဂျီပန်းခြံအနီး လမ်းများတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ပြီး ''နျူစွမ်းအင်စီမံကိန်း ပြန်စခြင်း ရပ်ဆိုင်းပါ။ ၀န်ကြီးချုပ် နိုဒါ နုတ်ထွက်သင့်ပါတယ်''ဟူသော ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

နတ်မောက်မြို့ကောင်းကင်ယံက အလျှံတညီးညီးကြယ်တစ်ပွင့်(ရေးသားသူ-မောင်သာချို)

 (တစ်)

ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်ကြီး တစ်ယောက်ရှိပါသည်။ သူ့နာမည်က စတီဗင်စပီးလ်ဘာ့ဂ် (Steven Spielberg)။ E.T ဆိုသည့် ရုပ်ရှင်ကား၊ Jaws ဆိုသည့် ရုပ်ရှင်ကား၊ Jurassic Park ဆိုသည့် ရုပ်ရှင်ကား၊ Schinler's List ဆိုသည့် ရုပ်ရှင်ကားစသည်ဖြင့် ပရိသတ်အသည်းစွဲ ရုပ်ရှင်ကား တော်တော်များများကို ရိုက်ကူးခဲ့သော ဒါရိုက်တာကြီးလည်း ဖြစ်ပါ၏။

တပ်သားရမ်းကို ကယ်တင်ခြင်းဟု ဘာသာပြန်ဆိုနိုင်သည့် Saving Private Ryan ရုပ်ရှင်ပြသ၍ အပြီးတွင်ကား အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က စတီဗင်စပီးလ်ဘာ့ဂ်ကိုခေါ်ကာ ဧည့်ခံပါသည်။ Distinguished Public Service ဆုတံဆိပ်ကိုလည်း တပ်ပေးခဲ့ပါသည်။

ဘာဖြစ်လို့ လွန်လေပြီးသော အကြောင်းအရာများကို ရုပ်ရှင်ရိုက်ခဲ့ရပါသလဲ ဟူသောအမေးနှင့် ပတ်သက်၍ သူက...

“ကျွန်တော့် သားသမီးတွေ အတိတ်ကို အလေးထားလာစေဖို့”ဟု ဖြေဆိုသွားခဲ့ပါသည်။

"အဖွဲ့ဝင် ၁၅၀၀၀ နယ်ထွက်ခြင်းမှာ မဟုတ်မှန်ကြောင်း NDF ငြင်းဆို"

“အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်မျိုးမင်းနှင့်အဖွဲ့ဝင် ( ၁၅၀၀၀ )NLD သို့ပြန်ဝင်မည်”ဆိုသောသတင်းမမှန်ကြောင်း NDF ပါတီက ဇူလိုင်လ ၁၈နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
အဆိုပါ NDF ပါတီပဲခူးတိုင်း ဥက္ကဌ တစ်ဦးတည်း၏ နုတ်ထွက်စာကိုသာ NDF ဌာနချုပ်က လက်ခံရရှိထားကြောင်း ဦးအောင်မျိုးဝင်း စုဆောင်းလာခဲ့သော ပါတီဝင်စုစုပေါင်းမှာ ၁၀၀ ခန့်သာရှိကြောင်း လမ်းပြကြယ် ဦးအေးမြင့် မ၀င်ရောက်ခင်က ပဲခူးတိုင်းတစ်တိုင်းလုံးတွင် NDF ပါတီဝင် ၂၀၀ ကျော်( ၃၀၀ )ခန့်သာရှိသည့်အတွက် ယခုကဲ့သို့ ပါတီဝင် ၁၅၀၀၀ ကျော် NLDသို့ပြန်ဝင်ရောက်သည်ဆိုခြင်းမှာ လုပ်ကြံသတင်းသာဖြစ်ကြောင်း NDF ပါတီအထွေထွေအတွင်းရေး မှူး ဒေါက်တာဝင်းနိုင်က ပြောသည်။

ယနေ့လူကုန်ကူးမှု(၀င်းနိုင်ထွန်း)

မြန်မာနိုင်ငံ၏ လူကုန်ကူးခံရသူတွင် အမျိုးသမီးပါဝင်မှုသည် ၈၅ ရာခိုင်နှုန်းရှိပြီး၊ ကလေးသူငယ် လူကုန်ကူးခံရမှုသည် ၄.၃၈ ရာခိုင်နှုန်းဖြစ်သည်  . . .


နိုင်ငံတကာ ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ အဖွဲ့အစည်း (International Organization for Migrantion,IOM)၏ ကိန်းဂဏန်းများအရ လူကုန်ကူးခံရသည့် ကလေးများကို ကူညီသည့် အရေအတွက်သည် ၂၀၁၁ ခုနှစ်အတွင်း ၂ç၀၄၀ ဦးထိ တိုးတက်များပြားလာခဲ့သည်။ ၂၀၀၈ ခုနှစ်ကဆိုလျှင် ကလေးငယ် ၁ç၅၆၅ ဦးအား ကူညီပေးခဲ့သဖြင့် ကူညီမှုနှုန်း မြင့်တက်လာခဲ့သည်။ ထိုအဖွဲ့အစည်းသည် ၉၁ နိုင်ငံတွင် ၈၉ ဖွဲ့ ဖွဲ့စည်းအလုပ်လုပ်နေရာ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူး ခံနေရသူ အရွယ်ရောက်သူ ၃ç၀၁၂ ဦးမှ ၃ç၄၀၄ ဦးထိ တိုးပွားမြင့်တက်စွာ အကူအညီပေးခဲ့ကြရသည်။ ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းမြင့်တက် အကူအညီပေးခဲ့ကြသည်။ လူကုန်ကူးခံခဲ့ရသည့် အမျိုးသမီးများ၏ အကူ အညီပေးသည့် အရေအတွက်မှာမူ ၂၀၀၈ ခုနှစ်က ၃,၄၀၄ဦး အကူအညီပေးခဲ့ရပြီး ၂၀၁၁ ခုနှစ်တွင်လည်း အရေအတွက် သိသိသာသာ မြင့်တက်လာခြင်းမရှိ ၃,၄၁၅ ဦးကို အကူအညီပေးခဲ့ကြရသည်။

ဂီတအစည်းအရုံးသစ် ပြန်လည်ရွေးချယ်မည့် အပေါ် ဂီတလောကသား အချို့၏ သဘောထား အမြင်များ




e5164 အစိုးရသစ် ပြောင်းလဲပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာလောကသားများ ကိုယ်တိုင်ပါဝင် ဖွဲ့စ်းထားသ့် အဖွဲ့အစ်းသစ်များ ပေါ်ထွက်လာစေရန် ကြိုးပမ်းခဲ့ရာ၌ ရုပ်ရှင်လောကသားများ ကိုယ်တိုင်ရွေးချယ် တင်မြှောက်သ့် ရုပ်ရှင်အစ်းအရုံး အမှုဆောင်သစ် ပြန်လ်ရွေးချယ်ခဲ့ပြီး ဖြစ်သ်။ ဒုတိယမြောက် လှုပ်ရှားမှုအဖြစ် ဂီတအစ်းအရုံး ပြန်လ်ရွေးချယ်တင်မြှောက်ရန် စီစဉ်ရာ၌ လူငယ်ဂီတသမားများ ပါဝင်ခွင့်ရရှိရန်  အတွက် ခေတ်သစ်အလွှာတစ်ခုအဖြစ် ထပ်မံဖွဲ့စ်းပေးရန် တောင်းဆိုခဲ့ကြသ်။ ယခုအခါ ပ်ြသူ့လွှတ်တော်၏ ခွင့်ပြုချက်ဖြင့် ခေတ်သစ်အလွှာတစ်ခု ဖွဲ့စ်းခွင့်ရရှိပြီးနောက် ဇူလိုင်လအတွင်း ပြုလုပ်မ့် ဂီတအစ်းအရုံး ပြန်လ်ရွေးကောက် တင်မြှောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မ့်သူများ၊ မိမိဆန္ဒအလျောက် မဲပေးမ့်သူများ စသ်ဖြင့် ပြင်ဆင်နေကြပြီဖြစ်သ်။ ဂီတလောကအတွက် ခြေလှမ်းသစ် တစ်ခုဟု ဆိုနိုင်မ့် အဆိုပါ ရွေးကောက်တင်မြှောက်ပွဲနှင့် ပတ်သက်၍ ဂီတအလွှာစုံမှ အနုပာရှင်များအား တွေ့ဆုံမေးမြန်း ဖော်ပြပေးဖြစ်ပါသ်။

စီတန်းလှည့်လည်ခြင်း


ပုဒ်မ ၅ ည ဖျက်သိမ်းဖို့ ဥပဒေကြမ်း ပြည်သူ့လွှတ်တော်လက်ခံ(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကို ဆက်သွယ်မေးမြန်းခြင်း)

"နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံ"

အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယ သမ္မတ တက်ရောက် ဂါရ၀ ပြုမည်

နှစ်ပေါင်း ၂၀ကျော် ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် ရန်ကုန်မြို့တွင် ပြုလုပ်မည့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် ဂါရ၀ ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန၏ ၀က်ဆိုဒ် စာမျက်နှာတွင်ဖော်ပြသည်။

အာဇာနည်နေ့တွင်အထူးအစီအစဉ်အဖြစ်
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကိုလည်း နံနက် ရှစ်နာရီမှ ညနေ လေးနာရီ အထိ အခမဲ့ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း ယင်းသတင်းတွင်ဖော်ပြချက်အရ သိရှိရသည်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ ၀င်ခွင့်အမှတ်တိုးမြှင့် ကျောင်းသားလက်ခံမှုလျှော့

နည်းပညာတက္ကသိုလ်၊ ကောလိပ်များ၊ ရေကြောင်းပညာတက္ကသိုလ်၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့၏ ကျောင်းဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များကို တိုးမြှင့်သတ်မှတ်လိုက်ပြီး ကျောင်းသားလက်ခံမှုကိုလည်း လျှော့ချသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ယခင်နှစ်က နည်းပညာတက္ကသိုလ်များ၊ အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပံ္ပများတွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၂၀ နှင့်အထက် ရရှိထားသူများကို ကျောင်းလျှောက်ခွင့် ပြုခဲ့သော်လည်း ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ၃၆၀နှင့်အထက် ရရှိထားသူများသာ ကျောင်းလျှောက်ခွင့် ရရှိမည်ဖြစ်သည်။

စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည်သွားမည်


နေပြည်တော်၊ ဇူလိုင်-၁၈
လာမည့် စက်တင်ဘာလတွင် အမေရိကန်နိုင်ငံသို့သွားရောက်ကာ
ဆုတစ်ဆု လက်ခံရယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မကြာသေးမီ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ဥရောပတိုက်သို့ ခရီးဆန့်ခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အားတက်သရော ကြိုဆိုမှုများရရှိခဲ့သည်။ ရှေ့လာမည့် အမေရိကန် ခရီးစဉ်တွင်လည်း ယင်းကဲ့သို့သော အာရုံစိုက်မှု ရရှိလိမ့်မည်ဖြစ်ကြောင်း အေပီသတင်းက ဖော်ပြသည်။

နှစ်၊ လ၊ နာရီ ခါရာသီရွေ့ပေမယ့် . . .(ရေးသားသူ-ချမ်းငြိမ်း)


 (၁)

ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဆန်းလိုက်ပါလာသော RC-2874 အနက်ရောင် မော်တော်ကားလေးသည် တာဝါလိန်းလမ်းအတိုင်း မောင်းနှင်လာခဲ့ပြီး ကန်တော်ကြီးပတ်လမ်းအား ချိုးကွေ့လိုက်သည့်အခါ နံနက် ၁၀ နာရီခန့်မျှ ရှိခဲ့ပြီ။ ကားမှန်အပြင်ဘက်တွင်မူ မိုးစက်မိုးပေါက်တို့ တဖွဲဖွဲရွာသွန်းလျက်ရှိသည်။ ကောင်းကင်ပြင်ကျယ်ကြီး တစ်ခုလုံးသည် ညို့ညို့ဆိုင်းဆိုင်း မှိုင်းမှောင်လျက်၊ ကားပေါ်တွင် ဦးအောင်ဆန်းသည် အပါးတော်မြဲ ဗိုလ်ထွန်းလှနှင့် စကားဟက်ဟက်ပက်ပက် မပြောဖြစ်။ ၎င်း၏ စိတ်အစဉ်သည် မြန်မာပြည်ကြီး၏ အနာဂတ်ရှေ့ရေးကိုသာ မျှော်တွေးနေပုံရသည်။

အမေရိကန်လွှတ်တော်အမတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့မှုဆွေးနွေး

အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ည ၈ နာရီကျော်က တယ်လီဖုန်း ပြောဆိုဆွေးနွေးရာမှာ အမေရိကန် အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ Burma Freedom and Democracy Act နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။
senate (photo)
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
"ဆွေးနွေးတဲ့ အကြောင်းအရာက ၃ ခုပဲတဲ့။ တစ်ခုက မြန်မာနဲ့ အမေရိကန် ချစ်ကြည်စွာ ဆက်ဆံရေး အခု တိုးတက်လာတဲ့ကိစ္စ၊ ပိုမိုပြီးတော့ တိုးတက်ဖို့၊ နောက်မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ ပြောင်းလဲမှုတွေ ပိုမို အရှိန်အဟုန်နဲ့ တိုးတက်လာစေဖို့၊ ပြည်သူလူထုရဲ့ ဘဝများ တိုးတက်ဖွံ့ဖြိုး သာယာလာဖို့ အဲဒီခေါင်းစဉ်တွေနဲ့ ဆွေးနွေး ဖြစ်ကြတယ်တဲ့။ ကျွန်တော်တို့ ပြန်ပြောရရင် ဒီကိစ္စတွေက ဟိုတနေ့ကတုန်းက ဒေါ်နန်းဝါနုတို့တင်တဲ့ အဲဒီအဆိုတွေနဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော်ကတော့ အဲဒီလို ယုံကြည်တယ်။ အဲဒါဆိုရင်တော့ အလားအလာကောင်းတွေ ဖြစ်ပေါ်လာမယ်လို့ ကျွန်တော်ကတော့ အဲတာလေး ပြောချင်တယ်"

ပါလီမန်ခေတ် အာဇာနည်နေ့အခမ်းအနား(တင်နိုင်တိုး)



 
ပါလီမန်ခေတ်တစ်လျှောက်တွင် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ကြရာ၌ ၁၉၅၃-၅၄ ခုနှစ်များအတွင်း အာဇာနည်နေ့ အခမ်းအနားကျင်းပခဲ့ပုံများကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။
၁၉၅၃ ခုနှစ် အာဇာနည်နေ့ အခမ်းအနား 
၁၉၅၃ ခုနှစ် (၆)ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အောင်ဆန်းအားကစားကွင်း၌ ကျင်းပခဲ့သည်။ နံနက် ၉ နာရီအချိန်တွင် ရန်ကုန်၊ အင်းစိန်၊ ကမာရွတ်၊ ဒလ စသည့်ရပ်ကွက်များတွင် နေထိုင်ကြသူများ၊ ဖဆပလအလံတော်အောက်ရှိ အဖွဲ့အစည်းများက ခြေလျင်ချီ တက်ရောက်ရှိလာကြ၏။ မကြာမီ ၀န်ကြီးချုပ်ဦးနုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ရောက်ရှိလာကြကာ အခမ်းအနားကို စတင်ခဲ့ပါသည်။
အခမ်းအနားမှူး သခင်ကြီးမောင်က နံနက် ၉ နာရီ ၂၀ မိနစ်တွင် အခမ်းအနားကို ဖွင့်လှစ်ကြောင်း ကြေညာသောအခါ ပြည်သူ့သူနာပြု တပ်တီးဝိုင်းမှ နိုင်ငံတော်သီချင်းကို တီးမှုတ်ပေးခဲ့သည်။ ထို့နောက် သဘာပတိ ၀န်ကြီးဦးထွန်းဖေက မိန့်ခွန်းပြောကြားခဲ့သည်။

ကမ္ဘာပေါ်ရှိ နေထိုင်စားသောက်ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများစာရင်းတွင် ရန်ကုန်မြို့ အဆင့် ၃၅ အထိခုန်တက်




ကမ္ဘာပေါ်ရှိ နေထိုင်စားသောက် ကုန်ကျစရိတ် အမြင့်ဆုံး မြို့ကြီးများ စာရင်းတွင် ရန်ကုန်မြို့မှာ အဆင့် ၃၅ အထိ ခုန်တက်လာခဲ့ကြောင်း ဈေးကွက်သုတေသနဆိုင်ရာ ၀က်ဘ်ဆိုက်တစ်ခုဖြစ်သော Mercer တွင် ဖော်ပြထားသည်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးနှင့် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် နေထိုင်စားသောက် ကုန်ကျစရိတ်မှာ ကမ္ဘာ့မြို့ကြီးများစာရင်းတွင် အဆင့် ၁၅၉ အထိသာ ရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်မူ အဆင့် ၇၀ သို့ ခုန်တက်ခဲ့ပြီး ၂၀၁၂ ခုတွင်မူ အဆင့် ၃၅သို့ ဆက်တိုက်ခုန်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့နာမည်ကျော် မြို့ကြီးများဖြစ်သည့် မီလန်၊ ရိုးမား၊ ဗီယင်နာ၊ မက်ဒရစ်၊ ဘာစီလိုနာ၊ မြူးနစ်၊ ဘာလင်၊ ဒူဘိုင်းကဲ့သို့သော မြို့ကြီးများကို နှစ်နှစ်အတွင်း ဆက်တိုက်ဖြတ်ကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ယခုစာရင်းမှာ ၂၀၁၂ မတ်လအထိ သုတေ သနပြု ကောက်ယူထားသည့် စာရင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Related Posts Plugin for WordPress, Blogger...

ShareThis