
ရှမ်းပြည်နယ်မှ ကျောက်စိမ်းများ တူးဖော်ရရှိနိုင်သော နေရာကို ကျောက်စိမ်းမှော်၊ ကချင်ပြည်နယ်မှ ရွှေကျင်ယူရရှိနိုင်သော နေရာကို ရွှေမှော်၊ မကွေးတိုင်းဒေသကြီးမှ ရေနံ တူးဖော်ရရှိနိုင်သော နေရာကို ရေနံ မှော်စသည်ဖြင့် သဘာဝ သယံဇာတပစ္စည်းများ ထွက်ရှိရာ တူးဖော်ထုတ်လုပ်ရာ နေရာများကို မှော်ဟု ခေါ်ဝေါ်လေ့ရှိကြသည်။ သာမန်လူ့ဘ၀တွင် ဖြစ်လေ့ဖြစ်ထမရှိသော အရာများကို ဖန်တီးပြသခြင်းမျိုး၊ ဒေးဗစ် ကော်ပါဖီးကဲ့သို့ လူ့ခန္ဓာကိုယ်အား လွှစက်ဖြင့် စိတ်ပိုင်းပြသခြင်းမျိုးကိုလည်း ပဉ္စလက်မှော်ပညာဟု ခေါ် ဝေါ်ကြပြန်သည်။ ကျွန်တော်ရောက်ရှိခဲ့ဖူးသော မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းမှ ရေနံမှော် ထဲတွင်တော့ ဆင်းရဲသူမှ ချမ်းသာသူ ဖြစ်သွားအောင် လုပ်ငန်းရှင်ဘ၀မှ အလုပ်သမားဘ၀ ရောက်သွားအောင် ကံကြမ္မာဇာတ်ဆရာမှ ဖန်တီးပြသနေသည့် မှော်ဆန်သော ဘ၀များကို တွေ့မြင်ခဲ့ရသည်။