menu

Friday 5 October 2012

မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့  စကားလက်ဆုံ ကျခြင်း

Photo: မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့  စကားလက်ဆုံ ကျခြင်း


Bill Keller: နိုင်ငံရေးကိစ္စတွေကို မမေးခင်မှာ သမတကြီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ
ကို မေးချင်ပါတယ်၊ အမေရိကန်လူမျိုးတွေက သမတကြီးကို ကောင်းကောင်းသိပ်မသိကြသေးဘူး
ဆိုတော့ သမတကြီးရဲ့မိဘတွေအကြောင်းနဲ့ ပညာရေးနောက်ခံအကြောင်းလေး ဦးစွာပြောပြပါဦး၊၊
Thein Sein: ကျနော်က အညတြဘ၀ လာပါတယ်၊ ကျနော့်မိဘတွေက လက်လုပ်လက်စားတွေပါ၊၊
မြစ်ဝကျွန်းပေါ်ဒေသ၊ ဟိုင်းကြီးကျွန်းနားက ရွာလေးတရွာမှာ ကျနော့်ကို မွေးပါတယ်၊ ကျနော့် 
မိဘတွေက လယ်သမားတွေပါ၊၊

BK: ကျနော် ဖတ်ဖူးတာက သမတကြီးရဲ့ ဖခင်က ဘုန်းကြီးဝတ်ဖူးသလား
လို့၊၊ အဲဒါအမှန်ပဲလား၊၊

TS: ကျနော့်ဖခင်က အမေဆုံးပြီးတော့မှ ရဟန်းဘောင်ဝင်ခဲ့တာပါ၊ သူ့ဇနီးဆုံးပြီးတော့ အဖေက 
ကျနော်နဲ့ ဆယ်နှစ်လောက်နေပါတယ်၊ပြီးတော့မှ ရဟန်းဘောင်ဝင်သွားတာပါ၊ ရဟန်း
ဘ၀နဲ့ပဲ ကွယ်လွန်သွားပါတယ်၊ (ဗုဒဘာသာဝင်အမျိုးသားတွေဟာ ဇနီးသည်တွေ ကွယ်လွန်သွား
တဲ့အခါမှာ ရဟန်းဘောင်ဝင်ပြီး ရဟန်းဘ၀နဲ့ ခေါင်းချတာက ထုံးစံပဲလို့ 
သမ္မတရဲ့လက်ထောက်တစ်ယောက်က နောက်တော့ ပြောပြပါတယ် )

BK: အဲဒီတော့ သမ္မတက အဲဒီရွာမှာပဲ ကျောင်းတက်ခဲ့တာလား၊။

TS: ရွာမှာက မူလတန်းကျောင်းပဲရှိတယ်လေ၊၊ အဲဒါကြောင့် မြို့ (ပုသိမ်) တက်ပြိးတော့
တနှစ်လောက် ကျောင်းသွားတက်ခဲ့တယ်။ ကျနော့်ရွာမှာက အလယ်တန်းကျောင်းလည်းမရှိပါဘူး၊ 
အနီးဆုံးကျောင်းက မိုင် ၄၀-၅၀လောက်သွားရတယ်။ အဲဒီမှာ သုံးနှစ်လောက် သွားတက်ရတယ်။ 
အဲဒါပြီးတော့ မြို့(ပုသိမ်)ကို ပြန်တက်ပြီးတော့ နောက်ထပ် သုံးနှစ်လောက်
ကျောင်းပြန်တက်တယ်၊ ကျောင်းပြီးတော့ ဗိုလ်လောင်းသင်တန်းဖြေတယ်၊
အောင်သွားတယ်။ ဗိုလ်လောင်သင်တန်းမှာ ၄ နှစ်တက်တယ်။ ၀ိဇာဘွဲ့ရတယ်။ ဒုဗိုလ် ဖြစ်လာတယ်၊

BK: ဘယ်အချိန်လောက်မှ မြန်မာပြည်ကနေ နိုင်ငံခြားကို ခရီးထွက်ဖူး
တာလဲ၊၊

TS: ကာနယ် (ဗိုလ်မှူး) ဘ၀မှာ အရင်ဆုံး စစ်ရုံးရဲ့ ရုံးအုပ်ကြီးအဖြစ်နဲ့ တရုတ်ပြည်နဲ့ စင်ကာပူကို အရင်ဆုံး ရောက်ဖူးတယ်။

BK: အဲဒီအချိန်တုန်းက အသက်ဘယ်လောက်ရှိနေပြီလဲ၊၊

TS: ၄၀ ကျော်လောက်ရှိမယ်။။

BK: မြန်မာပြည်က နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအောက်မှာ
နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်
မြန်မာပြည်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်လို့
ပြောချင်လဲ၊၊

TS: ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် သာမန်ပြည်သူတွေကို အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်လို့ 
ကျနော်ယူဆတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွေ မရခဲ့ဘူး။ သာမန်ပြည်သူတွေ
အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးခဲ့တယ်။ အိမ်နီးချင်း
နိုင်ငံတွေကို ထွက်ပြီးတော့ အလုပ်သွားလုပ်ရတယ်။ မြန်မာအလုပ်သမား
၃ သန်း လောက်က ထိုင်းနဲ့ ဒေသတွင်းက နိုင်ငံတွေမှာ အလုပ်လုပ်နေ
ကြတယ်။ ဒဏ်ခတ်ပိတ်ဆို့မှု တွေက စစ်အစိုးရကို အင်အားလျှော့နည်း
အောင် ရည်ရွယ်ပေမယ့် တကယ်တမ်းကျတော့ သာမန်ပြည်သူတွေက ပိုပြီးတော့ ထိခိုက်ခဲ့ပါတယ်။

BK: ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်အစိုးရခေါင်းဆောင်ပိုင်းတွေကြားမှာ စစ်အုပ်ချုပ်ရေးကနေ
ဒီမိုကရေစီစနစ်ကို ပြောင်းဖို့ လိုတယ်လို့ စဉ်းစားလာတာမျိုးရော ရှိခဲ့ရဲ့လား၊

TS: အစကတည်းက ဒီမိုကရေပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ အစီအစဉ်ရှိပါတယ်၊ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို နှစ်ပေါင်း ၂၀ လောက်
အချိန်ယူပြီးတော့ လုပ်ခဲ့ရပါတယ်၊ ပညာရေးစနစ်ကို တိုးတက်အောင်
လုပ်ခဲ့တယ်။ လမ်းပြမြေပုံ ၇ ချက်ကို ချမှတ်ခဲ့တယ်၊ ဖွဲ့စည်းပုံအခြေခံ
ဥပဒေမူကြမ်းကို ရေးဆွဲခဲ့တယ်။ဆန္ဒခံယူပွဲလုပ်ခဲ့တယ်၊ ပြီးတော့
ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ ဒဏ်ခတ် ပိတ်ဆို့မှုတွေ မရှိလည်း
ပြုပြင်ပြောင်းလဲရေးက လုပ်ဖို့ပါပဲ၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဒါတွေကို လုပ်ခဲ့တာမျိုးမဟုတ်ပါဘူး။

BK: မနေ့တုန်းက Asia Society မှာ ရှင်းပြခဲ့တဲ့ အဖြေကို ပြန်ကောက်ချင်
ပါတယ်၊ ကျွန်တော့်စိတ်ထဲမှာ သိပ်မရှင်းလို့ပါ၊ စစ်အစိုးရက အပြောင်းအလဲ လုပ်လာတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမျိုးမျိုး
ပြောနေကြတယ်။ တချို့ကျတော့ နာဂစ်ဆိုင်ကလုန်း ကြောင့် သမ္မတကြီး စိတ်ပြောင်းသွားတာလို့ ပြောကြတယ်၊ တချို့ကျတော့လည်း အာရပ်နွေဦး
က အကြောင်းရင်းလို့ ပြောနေကြတယ်။

TS: အဓိက အကြောင်းရင်းက ပြည်သူလူထုရဲ့ ဆန္ဒပါ၊ အစကတည်းက
ပြည်သူတွေက ဒီမိုကရေစီနစ်ကို လိုလားတယ်ဆိုတာကို ကျနော်တို့ သိပါတယ်၊ 
ဒါပေမယ့် ရုတ်ချည်း အပြောင်းအလဲတွေကို ကျနော်တို့ မလုပ်ချင်ဘူး။ အဲ့လို အပြောင်းအလဲမျိုးက လူ့အဖွဲ့အစည်းအတွက်
အလွန်အန္တရာယ်များပါတယ်။ ကျနော်တို့ နိုင်ငံရဲ့အပြောင်းအလဲက တဖြည်းဖြည်းချင်း အပြောင်းအလဲမျိုးဖြစ်ပါတယ်၊ ဒါကလည်း ပြည်သူတွေ
ရဲ့ ဆန္ဒကြောင့် လုပ်ခဲ့တာပါ၊ အာရပ်နွေဦးတို့ တခြား အကြောင်းတွေနဲ့ မဆိုင်ပါဘူ။

BK: လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီမိုကရေစီအတွက် အကန့်အသတ်
ဖြစ်နေတဲ့ ပြဌာန်းချက်တွေ ပါဝင်နေတယ်၊ အရေးပေါ် အခြေအနေမှာ စစ်ဦးစီးချုပ်က အာဏာကို ပြန်သိမ်းလို့ ရနေတယ်၊ စစ်တပ်ကလည်း ပါလီမန်မှာ ၂၅ ရာခိုင်နှုန်းကို ယူထားတယ်၊ ဒီလို ပြဌာန်းချက်တွေက ဘယ်အချိန်လောက်ထိ လိုအပ်နေမယ်လို့ သမ္မတကြီး ယူဆသလဲ၊၊

TS: ကာကွယ်ရေးဦးစီးချုပ်က သူ့သဘောနဲ့သူ အရေးပေါ်အခြေအနေ
ကို ကြေညာလို့ မရပါဘူး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက ခန့်အပ်တာပါ။ 
အရေးပေါ်အခြေအနေဖြစ်လာရင် သမ္မတနဲ့ အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက 
အဆုံးအဖြတ်ပေးရပါတယ်၊ ဒါကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့သဘောနဲ့သူ
အာဏာသိမ်းနိုင်တယ် ဆိုတာ မဟုတ်ပါဘူး။ ဒုတိယမေးခွန်းဖြစ်တဲ့ ပါလီမန်ထဲမှာ တပ်မတော်သား
ကိုယ်စားလှယ်တွေ ပါဝင်နေရာယူထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြောရရင် ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေး
အခန်းကဏ္ဍမှာ တပ်မတော်က အရေးကြီးတဲ့ နေရာက ပါဝင်ခဲ့တဲ့ အစဉ်အလာရှိပါတယ်၊ 
ဒါကြောင့် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ တပ်မတော်ကို ဘေးဖယ်ထားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ 
တဖြည်းဖြည်းနဲ့တော့ ပါလီမန်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့
အရေအတွက်ကတော့ လျှော့သွားမှာပေါ့။ အင်ဒိုနီးရှားမှာလည်း အချိန်ကြာလာတာနဲ့အမျှ လွှတ်တော်ထဲက 
တပ်မတော်သားကိုယ်စားလှယ်အရေအတွက် လျော့သွားတာပဲ၊ ကျနော်တို့မှာလည်း ဒီလိုမျိုးတွေ
ဖြစ်လာမှာပေါ့၊၊

BK: ဒါဖြင့်တချိန်ကျရင် လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်
တွေ ရုပ်သိမ်းသွားတာမျိုးဖြစ်လာမယ်လို့ ထင်လား၊

TS: အခြေအနေအပေါ် မူတည်ပါတယ်၊

BK: အရေးပေါ် အခြေအနေကြေညာတဲ့ ပြဌာန်းချက်ရော၊ ဆက်ရှိနေဦးမှာလား။၊

(သမတ အကြံပေးကြားဖြတ်ဝင်ဖြေ)၊ ဖွဲ့စည်းပုံအရ အရေးပေါ်အခြေအနေ
က သမ္မတနဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရ
ပါတယ်၊ အဓိက အဆုံးအဖြတ်ပေးတာက သမ္မတပါ၊၊

BK: ဒါဖြင့်ရင် ဘယ်လိုအခြေအနေမျိုးမှာ အရေးအပေါ် အခြေအနေက ထုတ်ပြန်ရတာလဲ၊

TS: အရေပေါ်အခြေအနေက ဒေသတခုအတွက်ဖြစ်ဖြစ်၊ တနိုင်လုံး
အတိုင်းအတာနဲ့ဖြစ်ဖြစ် ထုတ်ပြန်နိုင်ပါတယ်၊ တိုင်းသူပြည်သားတွေ အန္တရာယ်ကျရောက်နိုင်
တဲ့အခြေအနေမှာ သမ္မတက ထုတ်ပြန်တာပါ။ တရားဥပဒေစိုးမှုရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက်
ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ သမ္မတက ယူဆတဲ့အခြေအနေမှာ သမ္မတက ကာကွယ်ရေးဦးစီးချုပ်
ကို တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်ဖို့ အမိန့်ထုတ်ပေးတာမျိုးလည်း ရှိပါတယ်။

BK: အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ သမ္မတကြီးနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ အပြန်အလှန်လေးစားတဲ့ လက္ခဏာတွေကို တွေ့ရတယ်။ တနေ့မှာ သမ္မတလုပ်ဖို့ ရည်ရွယ်ထား သလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးတဲ့အခါမှာ ပါတီခေါင်းဆောင်
တိုင်းက နိုင်ငံအကြီးအကဲ ဖြစ်ချင်ကြတာချည်းပဲလို့ ပြောတယ်၊
သမ္မတကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တယောက်အနေနဲ့ စိတ်ကူးကြည့်လို့ ရလား၊၊

TS: ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီဖို့ 
အရင်လုပ်ဖို့ လိုပါတယ်၊ (မှတ်ချက်၊ ၊ လက်ရှိဖွဲ့စည်းပုံ အရ နိုင်ငံခြားသားခံယူထားတဲ့ ကလေးတွေ
ရှိနေတာကြောင့် သမ္မတအရည်အချင်းနဲ့ မကိုက်ညီပါဘူး) အဲ့လို ကိုက်ညီသွားပြီဆိုရင်တော့
ပြည်သူလူထုရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်ပါတယ်၊

(စက်တင်ဘာလ ၂၈ ရက်နေ့က နယူးယော့ခ်တွင် New York Times မှ ဆောင်းပါးရှင် Bill Keller က မေးပြီး သမ္မတ ဦးသိန်းက စကားပြန်မှ တဆင့် ပြန်လည်ဖြေကြားထားချက်ဖြစ်ပါသည်)

ရည်ညွန်း၊ ၊ A Conversation with President U Thein Sein of Myanmar

မူရင်း http://keller.blogs.nytimes.com/2012/09/30/a-conversation-with-president-u-thein-sein-of-myanmar/

News from : Freedom News Group(Burma)
Post By : Aye Chan Mon
Bill Keller: နိုင်ငံရေးကိစ္စတွေကို မမေးခင်မှာ သမတကြီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ
ကို မေးချင်ပါတယ်၊ အမေရိကန်လူမျိုးတွေက သမတကြီးကို ကောင်းကောင်းသိပ်မသိကြသေးဘူး
ဆိုတော့ သမတကြီးရဲ့မိဘတွေအကြောင်း
နဲ့ ပညာရေးနောက်ခံအကြောင်းလေး ဦးစွာပြောပြပါဦး၊၊
Thein Sein: ကျနော်က အညတြဘ၀ လာပါတယ်၊ ကျနော့်မိဘတွေက လက်လုပ်လက်စားတွေပါ၊၊
မြစ်ဝကျွန်းပေါ်ဒေသ၊ ဟိုင်းကြီးကျွန်းနားက ရွာလေးတရွာမှာ ကျနော့်ကို မွေးပါတယ်၊ ကျနော့်
မိဘတွေက လယ်သမားတွေပါ၊၊

BK: ကျနော် ဖတ်ဖူးတာက သမတကြီးရဲ့ ဖခင်က ဘုန်းကြီးဝတ်ဖူးသလား
လို့၊၊ အဲဒါအမှန်ပဲလား၊၊

TS: ကျနော့်ဖခင်က အမေဆုံးပြီးတော့မှ ရဟန်းဘောင်ဝင်ခဲ့တာပါ၊ သူ့ဇနီးဆုံးပြီးတော့ အဖေက
ကျနော်နဲ့ ဆယ်နှစ်လောက်နေပါတယ်၊ပြီးတော့မှ ရဟန်းဘောင်ဝင်သွားတာပါ၊ ရဟန်း
ဘ၀နဲ့ပဲ ကွယ်လွန်သွားပါတယ်၊ (ဗုဒဘာသာဝင်အမျိုးသားတွေဟာ ဇနီးသည်တွေ ကွယ်လွန်သွား
တဲ့အခါမှာ ရဟန်းဘောင်ဝင်ပြီး ရဟန်းဘ၀နဲ့ ခေါင်းချတာက ထုံးစံပဲလို့
သမ္မတရဲ့လက်ထောက်တစ်ယောက်က နောက်တော့ ပြောပြပါတယ် )

BK: အဲဒီတော့ သမ္မတက အဲဒီရွာမှာပဲ ကျောင်းတက်ခဲ့တာလား၊။

ထူးထရိတ်ဒင်းကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆေးကျောင်းသားတစ်ဦးကို ယာဉ်နှင့်တိုက်ခဲ့သဖြင့်မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထား

Inya Lake Hotel


ထူးထရိတ်ဒင်းကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆေးကျောင်းသားတစ်ဦးကို ယာဉ်နှင့်တိုက်ခဲ့သဖြင့် ဆေးကျောင်းသားမှ အဆိုပါဝန်ထမ်းအား မရမ်းကုန်းမြို့နယ် ရဲစခန်းတွင် သေစေရန်ကြံရွယ်၍ ယာဉ်နှင့်တိုက်မှုဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၃ရက်နေ့ နံနက် ၁၂နာရီ ခွဲအချိန်တွင် ဆေးတက္ကသိုလ်-၂ နှင့် ဆေးတက္ကသိုလ်-၁ တို့မှ နောက်ဆုံးနှစ် ကျောင်းသားများဖြစ်သူ မောင်ဝေအောင်၊ ၂၀နှစ်၊ အာကာပြည့်ဇော်၊ ကောင်းစံ၊ ၂၁နှစ်၊ သန်းထိုက်ဇော်၊ ၂၂နှစ်တို့သည် မရမ်းကုန်းမြို့နယ်၊ အင်းယားလိတ် ဟိုတယ်ဝင်းအတွင်းရှိ DJ Bar Club သို့သွားရောက်ခဲ့ရာ ကလပ်တွင် အာကာပြည့်ဇော်နှင့် ထူးထရိတ်ဒင်းကုမ္ပဏီ ၀န်ထမ်းဖြစ်သူ ဇော်ဇော်(ခ)ဇော်စိုးဝင်း၊ ၂၇နှစ်၊ မရမ်းကုန်းမြို့နယ်နေသူတို့ စကားများသဖြင့် ဇော်ဇော်(ခ)ဇော်စိုးဝင်းအား လုံခြုံရေးဝန်ထမ်းမှ အပြင်သို့ခေါ်ထုတ်သွားခဲ့ကြောင်း သိရှိရသည်။
နံနက် ၃နာရီအချိန်တွင် ဆေးတက္ကသိုလ်-၂မှ နောက်ဆုံးနှစ်တက်နေသော ကျောင်းသားဖြစ်သူ မောင်ဝေအောင်နှင့်အဖွဲ့ နေအိမ်သို့ပြန်ရန်အတွက် ဆေးတက္ကသိုလ်-၁ နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ အာကာပြည့်ဇော်၏ ယာဉ်ရှိရာသို့လာရာ ထူးထရိတ်ဒင်းကုမ္ပဏီ ၀န်ထမ်းဖြစ်သူ ဇော်ဇော်(ခ)ဇော်စိုးဝင်းမှ ၄င်း၏ယာဉ်ဖြင့် ပိတ်၍ ရပ်ထားသဖြင့် သွားရောက်တောင်းပန်ပြီး ကားအားဖယ်ပေးရန် ပြောဆိုရာ ဇော်ဇော်မှ လမ်းဖယ်ပေးခြင်းမရှိဘဲ ၄င်း၏ယာဉ်ဖြင့် အာကာပြည့်ဇော်၏ ယာဉ်အား ၀င်တိုက်ပြီးနောက် မောင်ဝေအောင်နှင့် လူအများရပ်နေသည့် နေရာအတွင်းသို့ အရှိန်ပြင်းစွာ ၀င်ရောက်တိုက်ခဲ့ကြောင်း သိရှိရသည်။

မြစ်ဆုံစီမံကိန်းကုမ္ပဏီ အမြန်ထွက်ခွာဖို့ ဒေသခံများတောင်းဆို

ဧရာဝတီ မြစ်ဆုံစီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီကို မြန်မာနိုင်ငံ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကနေ အမြန်ဆုံး ထွက်ခွာပြီး မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ ဒေသခံပြည်သူတွေက ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
AFP
ဧရာဝတီမြစ် ထိမ်းသိမ်းစောင့်ရှောက်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ရေးတို့ အတွက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ ပြုလုပ်ခဲ့သော ရန်ကုန်မြို့က ဆန္ဒပြပွဲတခုတွင် လှုံ့ဆော်ရေး စာတန်းပါ ခမောက်ဆောင်းထားသူ တဦးကို တွေ့ရစဉ်။
တန်ဖရဲ-မြစ်ဆုံကျေးရွာ၊ မာရီးယား ကောင်းကင်ဘုံသခင်မ ကက်သလစ်ဘုရားကျောင်းမှာ ကချင်ပြည်နယ် ကက်သလစ် အသင်းတော်က ဒီကနေ့ပြုလုပ်တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမိန့်နဲ့ ရပ်ဆိုင်းလိုက်တဲ့ မြစ်ဆုံစီမံကိန်း ၁ နှစ်ပြည့် အခမ်းအနားမှာ ဖာသာရ်နော်ဒင်းက ပြောဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မီးလောင်ခြင်းသည် လင်မယားချင်း ရန်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်

Photo: သင်္ဃန်းကျွန်းမြို့နယ် မီးလောင်ခြင်းသည် လင်မယားချင်း ရန်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် လေးထောင့်ကန်လမ်း ခြံအမှတ် ၅၂ တွင် မနေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ထိုမီးလောင်မှုမှာ ဆိုင်ရှင်ဖြစ်သူသည် ၎င်းဇနီးနှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဆိုင်ခန်းအား ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုးထရံကာ ဆိုင်ခန်းတစ်ခုနှင့် စက်သုံးဆီပစ္စည်းများ မီးလောင် ပျက်စီးခဲ့သည့်အပြင် ထိုဆိုင်ခန်း၌ နေထိုင်သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့မှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ် ၂၅ သိန်း ၅ သောင်းခန့်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုမီးလောင်မှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်းရဲစခန်းမှ (ပ) ၆၅၀/၁၂/ ပုဒ်မ (၄၂၆/ ၄၃၆) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်

News from : Royal Hero Media
Post By : Aye Chan Mon
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက် လေးထောင့်ကန်လမ်း ခြံအမှတ် ၅၂ တွင် မနေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သ
ည်။

ထိုမီးလောင်မှုမှာ ဆိုင်ရှင်ဖြစ်သူသည် ၎င်းဇနီးနှင့် လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ ဆိုင်ခန်းအား ဓါတ်ဆီလောင်း၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကြောင့် သွပ်မိုးထရံကာ ဆိုင်ခန်းတစ်ခုနှင့် စက်သုံးဆီပစ္စည်းများ မီးလောင် ပျက်စီးခဲ့သည့်အပြင် ထိုဆိုင်ခန်း၌ နေထိုင်သူ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့မှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရပြီး ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ် ၂၅ သိန်း ၅ သောင်းခန့်ဖြစ်ကြောင်း သတင်းရရှိသည်။

ဗြိတိန်တွင် 4G မိုဘိုင်းကွန်ရက် အသုံးပြုနိုင်တော့မည်

Photo: ဗြိတိန်တွင် 4G မိုဘိုင်းကွန်ရက် အသုံးပြုနိုင်တော့မည်


မိုဘိုင်းလ်ကွန်ရက် လုပ်ငန်းစု EEသည် ဗြိတိန်တွင် ပထမဆုံးသော 4Gကွန်ရက် စနစ်ကို အောက်တိုဘာ (၃၀)ရက်နေ့တွင် စတင်ထုတ်လွှင့်
သွားမည်ဟု သိရှိရသည်။ တရားရေးအရ အားပြိုင်မှုများ ရှိခဲ့သော်လည်း ယခုအခါ လက်ရှိသုံးစွဲနေသော ကွန်ရက်စနစ်ထက် (၅)ဆ ပိုမြန်မည့် 4Gကွန်ရက်ကို ဗြိတိန်တွင် အသုံးပြုခွင့်ပေးရန် EEက စီစဉ်လာနိုင်ခဲ့သည်။ 

မိုဘိုင်းလ်ကွန်ရက် လုပ်ငန်းစု EEသည် ဗြိတိန်တွင် ပထမဆုံးသော 4G မိုဘိုင်းကွန်ရက် စနစ်ကို အောက်တိုဘာ (၃၀)ရက်နေ့တွင် စတင်
ထုတ်လွှင့်သွားမည်ဟု သိရှိရသည်။ တရားရေးအရ အားပြိုင်မှုများ ရှိခဲ့သော်လည်း ယခုအခါ လက်ရှိသုံးစွဲနေသော ကွန်ရက်စနစ်ထက် (၅)ဆ ပိုမြန်မည့် 4G မိုဘိုင်းကွန်ရက်ကို ဗြိတိန်တွင် အသုံးပြုခွင့်ပေးရန် EEက စီစဉ်လာနိုင်ခဲ့သည်။ EE၏ အမှုဆောင် အရာရှိချုပ် အိုလက်ဖ် ဆွမ်တီးက "ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေကို စူပါမြန်နှုန်းမြင့် ပထမဆုံး 4G မိုဘိုင်းကွန်ရက်ကို အောက်တိုဘာလ (၃၀)ရက်နေ့မှာ စပြီး မိတ်ဆက်
ပေးနိုင်မယ့်အကြောင်း တရားဝင် ကြေညာခွင့် ရတဲ့အတွက် သိပ်ကို ဝမ်းသာမိပါတယ်"ဟု အတည်ပြု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ "ဒါဟာ ဗြိတိန် နိုင်ငံသားတွေအတွက် နည်းပညာ
ဆိုင်ရာ ကြီးမားတဲ့ အကျိုးခံစားခွင့်ပါပဲ။ ခုချိန်မှာ 4G မိုဘိုင်းကွန်ရက်ကို ပထမဆုံး အသုံးပြုနိုင်ခဲ့ပြီး EEက တစ်နိုင်ငံလုံးအတွက် ဝန်ဆောင်မှု
ပေးသွားမှာပါ"ဟုလည်း ဆိုသည်။ 4G မိုဘိုင်း ကွန်ရက်ဖြင့်နှောင့်နှေးမှု 
ကင်းသော အင်တာနက်စနစ်ကို ချိတ်ဆက်နိုင်သလို အရည်အသွေးမြင့် HDဗီဒီယိုများကိုလည်း အင်တာနက်မှတစ်ဆင့် တိုက်ရိုက် ကြည့်ရှုရန် အဆင်ပြေလာမည် ဖြစ်သည်။ ယင်းသည် လက်ရှိ သုံးစွဲနေသော 3Gကွန်ရက်ထက် (၅)ဆ ပိုမြန်ပြီး iPhone 5၊ HTC၊ Samsung၊ Nokiaနှင့် Huaweiထုတ်ကုန် ပစ္စည်းများနှင့် လွယ်ကူစွာ ချိတ်ဆက်နိုင်မည်ဟု သိရှိရသည်။

Everything Everywhereဟု လူသိများခဲ့သော EEသည် ခရစ္စမတ် မတိုင်မီ မိမိတို့သည် နိုင်ငံအတွင်းရှိ မြို့ကြီး (၁၆)မြို့မှ လူပေါင်း သန်း(၂၀)အတွက် 4G မိုဘိုင်းကွန်ရက်ကို ထောက်ပံ့ပေးသွားရန် ရည်ရွယ်ထားကြောင်း
ပြောကြားခဲ့သေးသည်။

4G မိုဘိုင်းကွန်ရက် ကိစ္စနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ အရှုပ်အထွေးများကြောင့် တရားရေးအရ ရင်ဆိုင်ရမည်ဆိုသော ခြိမ်းခြောက်မှုများ ရှိခဲ့သော်လည်း EEသည် ယခုအခါ တရားဝင်
ကြေညာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်စနစ်ကို စောင့်ကြည့်သော Ofcomက ယခုအခါ 4G မိုဘိုင်းကွန်ရက်ကို တပ်ဆင်ခွင့်အတွက် ခွင့်ပြုပေးခဲ့ကြောင်း
ပြောကြားခဲ့သည်။ Ofcomက လာမည့်နှစ် အစောပိုင်းလောက်တွင်
နိုင်ငံအတွင်း၌ 4G မိုဘိုင်းကွန်ရက် Operatorများ အပြိုင်အဆိုင်
ဖြစ်လာစေရန် မျှော်လင့်ကြောင်းလည်း မှတ်ချက်ပြု ပြောဆိုသွားသည်။

Source: DailyMail

News from : Planet Myanmar Network
Post By : Aye Chan Mon
မိုဘိုင်းလ်ကွန်ရက် လုပ်ငန်းစု EEသည် ဗြိတိန်တွင် ပထမဆုံးသော 4Gကွန်ရက် စနစ်ကို အောက်တိုဘာ (၃၀)ရက်နေ့တွင် စတင်ထုတ်လွှင့်
သွားမည်ဟု သိရှိရသည်။ တရားရေးအရ အားပြိုင်မှုများ ရှိခဲ့သော်လည်း ယခုအခါ
လက်ရှိသုံးစွဲနေသော ကွန်ရက်စနစ်ထက် (၅)ဆ ပိုမြန်မည့် 4Gကွန်ရက်ကို ဗြိတိန်တွင် အသုံးပြုခွင့်ပေးရန် EEက စီစဉ်လာနိုင်ခဲ့သည်။

မိုဘိုင်းလ်ကွန်ရက် လုပ်ငန်းစု EEသည် ဗြိတိန်တွင် ပထမဆုံးသော 4G မိုဘိုင်းကွန်ရက် စနစ်ကို အောက်တိုဘာ (၃၀)ရက်နေ့တွင် စတင်
ထုတ်လွှင့်သွားမည်ဟု သိရှိရသည်။ တရားရေးအရ အားပြိုင်မှုများ ရှိခဲ့သော်လည်း ယခုအခါ လက်ရှိသုံးစွဲနေသော ကွန်ရက်စနစ်ထက် (၅)ဆ ပိုမြန်မည့် 4G မိုဘိုင်းကွန်ရက်ကို ဗြိတိန်တွင် အသုံးပြုခွင့်ပေးရန် EEက စီစဉ်လာနိုင်ခဲ့သည်။

စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ဖြစ်ပွား၍ တောင်ကိုရီးယား နျူဓာတ်ပေါင်းဖိုနှစ်ခု ပိတ်ထားရ

Photo: စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ ဖြစ်ပွား၍ တောင်ကိုရီးယား
နျူဓာတ်ပေါင်းဖိုနှစ်ခု ပိတ်ထားရ


နည်းပညာ ချို့ယွင်းမှုနှင့် သက်ဆိုင်ခြင်းမရှိသော စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကြောင့် တောင်ကိုရီးယားနိုင်ငံရှိ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခုကို ပိတ်ထားရကြောင်း အဆိုပါ နျူကလီးယား
ဓာတ်ပေါင်းဖိုမှ ၀န်ထမ်းများက အောက်တိုဘာ ၂ ရက်တွင် ပြောကြားထားသည်ဟု သိရသည်။

ပိတ်ထားရသော ဓာတ်ပေါင်းဖိုနှစ်ခုအနက် တစ်ခုသည်
ဘေးအန္တရာယ်ရှိသော ဓာတ်ရောင်ခြည် ပျံ့လွင့်နိုင်မည့် 
အန္တရာယ်ရှိကြောင်း ကိုရီးယားရေအားနှင့် နျူကလီးယား
ဓာတ်အားဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 

ပထမပိတ်ခဲ့သော နျူကလီးယားဓာတ်ပေါင်းဖိုမှာ ဘူဆန်မြို့ရှိ ရှင်ဂိုရီ-၁ အမည်ရှိ ဓာတ်ပေါင်းဖိုဖြစ်ပြီး ဆိုးလ်မြို့တောင်ဘက် မိုင် ၂၈ အကွာတွင် တည်ရှိသည်။ 

ယင်းနျူကလီးယား ဓာတ်ပေါင်းဖို၏ အတွင်းပိုင်း ပေါက်ကွဲမှုဖြစ်စဉ်ကို ထိန်းချုပ်သော အထိန်းတံ၌ ပြဿနာရှိကြောင်း စုံစမ်းသိရှိရပြီးနောက်တွင် ယင်းဓာတ်ပေါင်းဖိုကို ပိတ်ထားလိုက်ခြင်းဖြစ်သည်။ 

ယန်ဂွမ်ဟု အမည်ရှိသည့် ဒုတိယဓာတ်ပေါင်းဖိုကို ပထမဓာတ်ပေါင်းဖိုပိတ်အပြီး နှစ်နာရီအကြာတွင် ပိတ်ခဲ့ရပြီး ယင်းဓာတ်ပေါင်းဖိုမှာ ဆိုးလ်မြို့တောင်ဘက် မိုင် ၂၂၀ အကွာ တောင်ဂျီအိုလာပြည်နယ်တွင် တည်ရှိသည်။

ယင်းဓာတ်ပေါင်းဖို၏ဓာတ်ပေါင်းဖိုအမှတ်(၅)မှာ ရေအမှတ်
နိမ့်ပါးမှုဖြစ်ခြင်းကြောင့်လည်ပတ်မှုကို ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။ တောင်ကိုရီးယားနိုင်ငံတွင် လည်ပတ်နေသော
နူကလီးယား ဓာတ်အားပေးစက်ရုံ ၂၃ ရုံရှိပြီး ယင်းနိုင်ငံ၏ ဓာတ်အား ထုတ်လုပ်မှုပမာဏ၏ ၃၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရသည်။

(ယူပီအိုင်)

News from : ခေတ်လူငယ်
Post By : Aye Chan Mon
နည်းပညာ ချို့ယွင်းမှုနှင့် သက်ဆိုင်ခြင်းမရှိသော စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကြောင့် တောင်ကိုရီးယားနိုင်ငံရှိ နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်ခုကို
ပိတ်ထားရကြောင်း အဆိုပါ နျူကလီးယား
ဓာတ်ပေါင်းဖိုမှ ၀န်ထမ်းများက အောက်တိုဘာ ၂ ရက်တွင် ပြောကြားထားသည်ဟု သိရသည်။

ပိတ်ထားရသော ဓာတ်ပေါင်းဖိုနှစ်ခုအနက် တစ်ခုသည်
ဘေးအန္တရာယ်ရှိသော ဓာတ်ရောင်ခြည် ပျံ့လွင့်နိုင်မည့်
အန္တရာယ်ရှိကြောင်း ကိုရီးယားရေအားနှင့် နျူကလီးယား
ဓာတ်အားဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

ဝင်ငွေနည်းသူများ အတွက် ၁၅နှစ် အတွင်း အိမ်ခန်းပေါင်း တစ်သန်းကျော်ဆောက် လုပ်ပေးမည် ဟုဆို

Photo: ဝင်ငွေနည်းသူများ အတွက် ၁၅နှစ် အတွင်း အိမ်ခန်းပေါင်း တစ်သန်းကျော်ဆောက် လုပ်ပေးမည် ဟုဆို

04 OCTOBER 2012 

ဝင်ငွေနည်း မိသားစုများ အတွက် လာမည့် ၁၅ နှစ် အတွင်း မြန်မာ တစ် နိုင်ငံလုံးတွင် အိမ်ခန်းယူနစ်ပေါင်း တစ်သန်းကျော် တည်ဆောက်ပေးရန်
လျာထားသည်ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာ နညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက ပြောသည်။
 
”ရတဲ့ ဘတ်ဂျက်ပေါ်မူတည် ပြီး အိမ်ရာတွေကို ဆောက်လုပ်ရ တာကြောင့် ပြည်သူ တွေရဲ့ လိုအပ် ချက်ကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အစိုးရက ထိထိရောက်ရောက် ထောက်ပံ့မှသာ ဝင်ငွေနည်း မိသားစုတွေ အိမ်ရာ ပိုင်ဆိုင်ခွင့် လျင်မြန် စွာရရှိမှာဖြစ်ပါတယ်။ ပြီးတော့ ပုဂ္ဂလိကပိုင်းက လည်း ပါဝင်ဆောင်ရွက်ဖို့လိုပါ တယ်။ သူတို့ထည့်ဝင်ဆောင်ရွက် ရင် ပိုပြီးတော့မှ မြန်မှာဖြစ်ပါ တယ်”ဟုဒေါ်မြင့်မြင့်မူက ပြောသည်။ အထက်ပါအိမ်ရာ စီမံကိန်း တွင် လိုအပ်လာမည့် ငွေကြေး စိုက်ထုတ်မှုကဏ္ဍအတွက် နိုင်ငံ တော် ဘတ်ဂျက်ကို ထည့်သွင်းလျာ ထားကြောင်း၊ အိမ်ရာမြေကွက်များ ဖော်ထုတ်ခြင်း၊ အသစ်တည် ဆောက်ခြင်းများ အတွက်ကို မူ နိုင်ငံတော် မှ ချေးငွေ ယူခြင်းအား ဖြင့် လည်းကောင်း၊ နိုင်ငံခြားမှ ချေး ငွေများ၊ ကူညီထောက်ပံ့မှုများယူ ခြင်းအားဖြင့်လည်းကောင်း၊ ပြည် တွင်းဘဏ်များ၊ ငွေရေးကြေးရေး ဆိုင်ရာ အဖွဲ့အစည်းများမှ ချေးငွေ ယူခြင်းအားဖြင့်လည်းကောင်း လျာ ထားစီမံထားသည်ဟု ၄င်းက ဆိုသည်။
”ဝန်ထမ်းတွေ၊ ဝင်ငွေနည်း မိသားစုတွေ အနေနဲ့ ဒီအိမ်ရာတွေ ဝယ်ယူနိုင်ရေးအတွက် လျာထား တာကတော့ အပေါင် စာချုပ်တွေ နဲ့ ချေးငွေ ထုတ် ပေးတာမျိုး၊ ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်း တွေကနေ ချေးငွေယူတာ မျိုးပြီးတော့ မစုမနေရစနစ်မျိုးနဲ့ စုဆောင်း ရန်ပုံငွေတစ်ရပ် တည်ထောင်ပြီး အိမ်ရာအတွက် ထောက်ပံ့ကြေးပေး တာမျိုးတွေပေါ့”ဟု အထက်ပါ ညွှန်ကြားရေးမှူးက ပြောသည်။ စီမံကိန်းကာလ ၁၅ နှစ် ကို အပိုင်းသုံးပိုင်း ပိုင်းခြား ထားပြီး တစ်ပိုင်းလျှင် ၅ နှစ်သတ်မှတ် ထားရာ ပထမ ငါးနှစ် ၂ဝ၁၃ မှ ၂ဝ၁၈ ခုနှစ် အတွင်း အိမ်ခန်းယူ နစ်ပေါင်း ၃၅ဝဝဝဝ၊ ဒုတိယ ငါးနှစ် ၂ဝ၁၉ မှ ၂ဝ၂၃ ခုနှစ် အတွင်း အိမ်ခန်း ယူနစ်ပေါင်း ၃၅ဝဝဝဝ၊ တတိယငါးနှစ် ၂ဝ၂၄ မှ ၂ဝ၂၈ ခုနှစ် အတွင်း အိမ်ခန်း ယူနစ်ပေါင်း ၃၅ဝဝဝဝ စသည်ဖြင့် အကောင်အထည် ဖော်ဆောက်လုပ် ပေးသွား မည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်မှ စတင်၍ ၂ဝ၁၂ ခုနှစ်အထိ ၂၄ နှစ်တာ ကာလအတွင်း နိုင်ငံတော် က အိမ်ရာ မြေကွက် အမြောက်အမြား ဖော်ထုတ်နိုင် ရန် လိုအပ်သော ငွေကြေးကို အတိုးမဲ့ ထုတ်ချေးခဲ့ရာ ယင်းကာလအတွင်း စီမံချက် အဆင့် ၁ဝ ဆင့်မှ နေအိမ်၊ တိုက် ခန်းနှစ်သိန်းကျော်အကောင် အထည်ဖော် ပေးနိုင် ခဲ့ကြောင်း သိရ သည်။

စွမ်းရဲထွဋ်

News from :  POPULAR NEWS
Post By : Aye Chan Mon
ဝင်ငွေနည်း မိသားစုများ အတွက် လာမည့် ၁၅ နှစ် အတွင်း မြန်မာ တစ် နိုင်ငံလုံးတွင် အိမ်ခန်းယူနစ်ပေါင်း တစ်သန်းကျော် တည်ဆောက်ပေးရန်
လျာထားသည
်ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာ နညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်မူက ပြောသည်။

”ရတဲ့ ဘတ်ဂျက်ပေါ်မူတည် ပြီး အိမ်ရာတွေကို ဆောက်လုပ်ရ တာကြောင့် ပြည်သူ တွေရဲ့ လိုအပ် ချက်ကို ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ အစိုးရက ထိထိရောက်ရောက် ထောက်ပံ့မှသာ ဝင်ငွေနည်း မိသားစုတွေ အိမ်ရာ ပိုင်ဆိုင်ခွင့် လျင်မြန် စွာရရှိမှာဖြစ်ပါတယ်။ ပြီးတော့ ပုဂ္ဂလိကပိုင်းက လည်း ပါဝင်ဆောင်ရွက်ဖို့လိုပါ တယ်။ သူတို့ထည့်ဝင်ဆောင်ရွက် ရင် ပိုပြီးတော့မှ မြန်မှာဖြစ်ပါ တယ်”ဟုဒေါ်မြင့်မြင့်မူက ပြောသည်။

တက္ကသိုလ်ဝင်ခွင့် စုစုပေါင်းရမှတ် ၄၀၀ အ ထက်ရှိသူများ B.ATourism လျှောက် ထားနိုင်

Photo: တက္ကသိုလ်ဝင်ခွင့် စုစုပေါင်းရမှတ် ၄၀၀ အ ထက်ရှိသူများ B.ATourism လျှောက် ထားနိုင်

04 OCTOBER 2012 

ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု B.A(Tourism)ဘွဲ့အတွက် အင်္ဂလိပ်စာဘာသာရပ်၌
အနည်းဆုံးအမှတ် ၆၀ ရရှိထားပြီး ရမှတ် ၄၀၀ နှင့်အထက် ရရှိထားသူများသည် ရန်ကုန်မြို့ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ယခုနှစ် ကျောင်းဝင်ခွင့်အတွက် စီးပွားရေးစီမံခန့်ခွဲမှု (BBM)နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာ B.A (EPP) ဘွဲ့တို့အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၄၄၀ နှင့်အထက် ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။ ၂၀၁၂ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသားများသည် အဆိုပါကောလိပ်၌ သတ်မှတ်လျှောက်လွှာပုံစံများ ထုတ်ယူ၍ အောက်တိုဘာလ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။ စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဟိုတယ်နှင့်ခရီးသွား ၀န်ဆောင်မှု ဘွဲ့တို့အတွက် ကျောင်းသား ၁၀၀ ဦးစီနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာဘွဲ့အတွက် ကျောင်းသား ၅၀ ဦး လက်ခံ သင်ကြားမည်ဖြစ်ပြီး အချိန်ပြည့်လေးနှစ် တက်ရောက် ပညာသင်ကြားရမည်ဖြစ်သည်။ စီးပွားရေးစီမံခန့်ခွဲမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာဘွဲ့တို့အတွက် ယခင်နှစ်ကထက် သင်တန်းသား တိုးမြှင့်ခေါ်ယူခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုဘွဲ့ကို ယခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
 
နေလင်းထွန်း

News from : 7DAY NEWS
Post By : Aye Chan Mon
ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှု B.A(Tourism)ဘွဲ့အတွက် အင်္ဂလိပ်စာဘာသာရပ်၌
အနည်းဆုံးအမှတ် ၆၀ ရရှိထားပြီး ရမှတ် ၄၀၀ နှင့်အထက် ရရှိထားသူများသည် ရန်က
ုန်မြို့ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ကောလိပ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ယခုနှစ် ကျောင်းဝင်ခွင့်အတွက် စီးပွားရေးစီမံခန့်ခွဲမှု (BBM)နှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အင်္ဂလိပ်စာ B.A (EPP) ဘွဲ့တို့အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ် ၄၄၀ နှင့်အထက် ရရှိထားသူများ လျှောက်ထားနိုင်ကြောင်း ကြေညာထားသည်။ ၂၀၁၂ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသားများသည် အဆိုပါကောလိပ်၌ သတ်မှတ်လျှောက်လွှာပုံစံများ ထုတ်ယူ၍ အောက်တိုဘာလ ၁၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

Angry Birds ဂိမ်းနောက်ဆက်တွဲ ၀က်တွေရဲ့ကလဲ့စား Bad Piggies ဂိမ်း





thn-30-9-6
Angry Birds ဂိမ်းများဖြင့် နာမည်ကျော်ခဲ့သည့် ဖင်လန်ဂိမ်းကုမ္ပဏီ Rovio က လောက်လေးဖြင့် ပျံသန်းတိုက်ခိုက်သော ငှက်တို့ကို လက်စားချေသည့် ၀က်များအဖြစ် သရုပ်ဖော်ထားသည့် Bad Piggies ဂိမ်းကိုထုတ်လုပ်လိုက်ပြီဖြစ်သည်။
စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ဖြန့်ချီသည့် ဂိမ်းကို Angry Birds ဂိမ်းများကို ဒေါင်းလုပ်ရယူမှု အများဆုံးမြို့တစ်မြို့ဖြစ်သော တိုင်ပေတွင် စတင်မိတ်ဆက်ခဲ့သည်။
Angry Birds ဂိမ်းများဖြင့်  စီးပွားဖြစ်ခဲ့ပြီး နိုကီယာကုမ္ပဏီ ရုံးချုပ်အနီးသို့ပြောင်းရွှေ့အခြေစိုက်ကာ ကမ္ဘာကျော်ကုမ္ပဏီဖြစ်လာခဲ့ သည့် Rovio သည် နောက်ပိုင်း ထွက်ရှိသည့် ဂိမ်းများတွင် အောင်မြင်မှုလျော့ပါးလာခဲ့သည်။ မူလဂိမ်း များအပေါ်လည်း စိတ်ဝင်စားမှုလျော့ကျလာခြင်းနှင့် ရင်ဆိုင်လာခဲ့ရသည်။

စင်္ကာပူ၌ မြန်မာ့သီးနှံထွက်ကုန်ပြပွဲ ပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ အောက်တိုဘာ ၁၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်




thn-10-4-10
စင်္ကာပူနိုင်ငံ၌ မြန်မာ့သီးနှံထွက်ကုန်ပြပွဲအား ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့၌ သွားရောက်ပြုလုပ်မည်ဖြစ်ပြီး ပြပွဲဝင်ရောက်ပြသရန် စိတ်ပါဝင်စားသူများအနေဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထားကာ စာရင်းလာရောက် ပေးသွင်းနိုင်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သတင်းရရှိသည်။
အဆိုပါ ပြပွဲအား မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် မာလာမြိုင်ကုမ္ပဏီတို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ပြည်ပဈေးကွက်၌ မြန်မာ့ထွက်ကုန်သီးနှံ ဈေးကွက်ရရှိရန်နှင့် ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရန် ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ကန်တော်မင်္ဂလာပန်းခြံအတွင်း ကာဘိုင်ကျည်အကောင်း ၁၉၉တောင့်အား တွေ့ရှိ





 

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အတွင်းရှိ ကန်တော်မင်္ဂလာပန်းခြံတွင် အမှိုက်များရှင်းလင်းရာမှ ကာဘိုင်ကျည်အကောင်း ၁၉၉တောင့်အား အောက်တိုဘာလ ၃ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ကန်တော်မင်္ဂလာပန်းခြံ၊ မြောက်ဘက်ကန်စောင်း၊ ငုဝါပင်ကြီးအောက်ခြေတွင် ပုံထားသော အမှိုက်များအား ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ဒေါ်---၊ ၃၇နှစ်၊ သာကေတမြို့နယ်နေသူက ရှင်းလင်းရာမှ ကာဘိုင်ကျည်အကောင်းဟု ယူဆရသော ကျည် ၁၉၉ တောင့်အား တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။

ခေတ်မီ ရဲစခန်းပေါ် ထွန်းရေး ပြည်ထောင်စု အစိုးရသို့ တင်ပြမည်

Photo: ခေတ်မီ ရဲစခန်းပေါ် ထွန်းရေး ပြည်ထောင်စု အစိုးရသို့ တင်ပြမည်

04 OCTOBER 2012  

ရဲတပ်ဖွဲ့ဝင် များအား အဆောင် အယောင် အပြည့်ပေး၍ စွမ်းရည်မြှင့်
တင်ပေးရန်နှင့် ခေတ်မီ ရဲစခန်းများ ပေါ်ပေါက်လာရန် ပြည်ထောင်စု အစိုးရသို့ တင်ပြ သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။
 
ရန်ကုန်တိုင်း ဒေသကြီး လွှတ် တော် စတုတ္ထပုံမှန် အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင် များအားအသုံးအဆောင်ပစ္စည်း အ ပြည့်အဝပေးနိုင်ရေးတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှ ပြည်ထောင်စုအစိုးရသို့တင် ပြ သွားမည်ဖြစ်ပြီးလွှတ်တော်မှလည်း ပြည်ထောင်စုအစိုးရသို့တင်ပြပေး မှသာ အကောင်အထည်ဖော်နိုင် မည်ဟု ဝန်ကြီးချုပ်ကပြောသည်။
ရဲတပ်ဖွဲ့ဝင်များအတွက် ဘတ် ဂျက် သီးသန့်ရရှိခြင်းမဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနမှသာ ခွဲဝေ ရရှိခြင်းဖြစ်ကြောင်း ၂ဝ၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထဲရေးဝန် ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များအတွက် ဘတ်ဂျက် ၈ ဒသမ ၂ ဘီလီယံ ချထားပေးပြီး အဆိုပါငွေအား ရဲတပ်ဖွဲ့ဝင်များ၏ လစာ၊ ပြည်တွင်းခရီးစရိတ်၊ ရုံးအ သုံးအဆောင်များ၊ စက်ကိရိယာ များအတွက် အသုံးစရိတ် များ၊မော် တော်ယာဉ် စရိတ်များနှင့် အခြား စရိတ် အများအပြားကို ကျခံသုံးစွဲရ သည်ဟု လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြော သည်။ နိုင်ငံတော်မှ ရဲတပ်ဖွဲ့ဝင်များ အား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးသင့်သကဲ့သို့ရဲတပ် ဖွဲ့ဝင်များ၏ အကျင့်ပျက်ခြစားမှု များ ပပျောက်ရန်လည်း လူ့အခွင့် အရေးဆိုင်ရာ သင်တန်းများ၊ လူ သားချင်း ညှာတာထောက်ထားမှု ဆိုင်ရာ သင်တန်းများကို ပို့ချပေး သင့်သည်ဟု လွှတ်တော်ကိုယ်စား လှယ်များကလည်း အထက်ပါ အ ဆိုနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေး ခဲ့သည်။ အစိုးရသစ်လက်ထက် တွင် ပညာရေးအတွက် ဘတ်ဂျက် နှစ်ဆနှင့် ကျန်းမာရေးအတွက် ဘတ်ဂျက်လေးဆ တိုးမြှင့်ပေးခဲ့ပြီး ပြည်ထောင်စုအစိုးရမှ ခွင့်ပြုချက် ရရှိပါက ရဲတပ်ဖွဲ့ဝင်များအတွက် လည်း ဘတ်ဂျက်ငွေတိုးမြှင့်ပေး သွားမည်ဟု ဝန်ကြီးချုပ်ကထပ် လောင်း ပြောသည်။
ဝေမာထွန်း

News from :  POPULAR NEWS
Post By : Aye Chan Mon
ရဲတပ်ဖွဲ့ဝင် များအား အဆောင် အယောင် အပြည့်ပေး၍ စွမ်းရည်မြှင့်
တင်ပေးရန်နှင့် ခေတ်မီ ရဲစခန်းများ ပေါ်ပေါက်လာရန် ပြည်ထောင်စု အစိုးရသို့ တင်ပြ သွားမည်ဟု ရန်ကုန်တိုင်း
ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ် တော် စတုတ္ထပုံမှန် အစည်းအဝေး တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသောရဲတပ်ဖွဲ့ဝင် များအားအသုံးအဆောင်ပစ္စည်း အ ပြည့်အဝပေးနိုင်ရေးတင်ပြမှုအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ မှ ပြည်ထောင်စုအစိုးရသို့တင် ပြ သွားမည်ဖြစ်ပြီးလွှတ်တော်မှလည်း ပြည်ထောင်စုအစိုးရသို့တင်ပြပေး မှသာ အကောင်အထည်ဖော်နိုင် မည်ဟု ဝန်ကြီးချုပ်ကပြောသည်။

အရက်ကြောင့် စိတ်ရောဂါဖြစ်ပွားသူအရေအတွက် ပိုမိုများပြားလာ

Photo: အရက်ကြောင့် စိတ်ရောဂါဖြစ်ပွားသူအရေအတွက် ပိုမိုများပြားလာ


အရက်ကို စွဲလမ်းနှစ်ခြိုက်စွာဖြင့် ရေရှည်သောက်သုံးမှုကြောင့် စိတ်ရောဂါ
ဝေဒနာ ခံစားနေရသည့် လူနာအရေ အတွက်မှာ ပိုမိုများပြားလာကြောင်း ရန်ကုန် စိတ်ကျန်းမာရေးအထူးကုဆေးရုံကြီးတွင် အတိုင်ပင်ခံစိတ်ရောဂါ အထူးကုဆရာဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ လွန်ခဲ့သည့်
နှစ်လကအငြိမ်းစားယူခဲ့သော ဒေါက်တာ ဂျော်ထက်ဒိုးက ပြောသည်။

"ရန်ကုန် စိတ်ကျန်းမာရေးအထူးကု ဆေးရုံကြီးမှာ ဆေးရုံရောက်လာတဲ့ လူနာတစ်ဝက်ကျော်ဟာ အရက်ကြောင့် စိတ်ရောဂါဝေဒနာ ဖြစ်တဲ့သူတွေပါ"
ဟု ၎င်းက ပြောသည်။

ရန်ကုန် စိတ်ကျန်းမာရေးအထူးကု ဆေးရုံကြီးတွင် လာရောက်ကုသသည့် လူနာအရေအတွက်မှာ ယခုနှစ်တွင် ၁,၀၀၀ ကျော်ခန့်ရှိပြီး ယခင်နှစ်က ၉၀၀ ခန့်ရှိသည်ဟု ရန်ကုန်စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး
ဒေါက်တာကျော်စိုးက ပြောသည်။

အရက်စွဲနေသူများ၏ ၃၇ ရာခိုင်နှုန်း သည် စိတ်ရောဂါတစ်မျိုးမျိုးကို ခံစားနေ ရသည်ကို တွေ့ရှိရပြီး အရက်စွဲရောဂါ ဖြစ်ပွားနေသူ သုံးဦးတွင် တစ်ဦးမှာ စိတ် ရောဂါ ပူးတွဲလျက်ရှိကြောင်း ဒေါက်တာ ဂျော်ထက်ဒိုးက ပြောသည်။

"အရက်ကိုမသုံးစွဲဘဲ မနေနိုင်အောင် အရက်စွဲရောဂါကို ဆိုးဆိုး
ဝါးဝါးခံစား နေရသောသူများသည် ထပ်ဆင့် စိတ် ရောဂါကို ခံစား 
လာနိုင်ပြီး ဥပမာအား ဖြင့် စိတ်ဓာတ်အလွန်အမင်းကျဆင်းပြီး 
မိမိကိုယ်မိမိ အဆုံးစီရင်လိုစိတ် ဖြစ်ပေါ် လာခြင်း၊ ဒေါသပေါက်ကွဲ တတ်လာခြင်း၊ နားထဲတွင် ဆိုးဝါးသော အသံများ စသည့် စိတ်ရောဂါများ ခံစားရတတ်ကြောင်း ၎င်းက ပြောသည်။

လူငယ်များအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အရက်ကို စမ်းသပ်
သောက်သုံးခြင်း ပြုလုပ်တတ်ရာမှ အချိန်ကာလကြာမြင့်လာပြီး လူကြီးဘ၀သို့ ၀င်ရောက်ချိန်တွင် ဆေး၊ အရက် သုံးစွဲခြင်းဒဏ်ကြောင့် စိတ်ရောဂါများ စသည်တို့သည် နောက်ဆက်တွဲရောဂါအဖြစ်
ဖြစ်လာနိုင်သည်ဟု ၎င်းကဆိုသည်။

အရက်သောက်ခြင်းကြောင့် ဒုက္ခ ရောက်သူဦးရေမှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တိုးပွားလျက်ရှိနေကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့ ၏ ၂၀၁၁
တွေ့ရှိချက်တွင် ဖော်ပြထားသည်။

၎င်း၏တွေ့ရှိချက် အရက်စွဲနေသူများသည် အရက်မစွဲသူ များထက် ပုံမှန် ၁၀ နှစ်စောပြီး သေကြ သည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်လည်း လူမှုရေး၊ စီးပွား ရေး အခြေအနေကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်မှုများလာပြီး မိမိကိုယ်မိမိ အဆုံးစီရင်မှုများ ထဲတွင် အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ကျ ရောဂါနှင့် စိတ်ကစဥ့်ကလျားဖြစ်ခြင်း
ကြောင့်လည်း ပါဝင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်း မှတ်တမ်း ဌာနတာဝန်ရှိသူတစ်ဦးက ပြောသည်။

"မိမိကိုယ်မိမိ အဆုံးစီရင်မှုတွေက မနှစ်က အမှု ၄၀ ကနေ အခုနှစ်မှာ အမှု ပေါင်း ၆၀ ကျော်ရှိပါတယ်။ သေဆုံးသူ အများစုဟာ အသက် ၃၀ မှ ၅၀ ကြား ဖြစ်ပြီး အမျိုးသား ၆၀ ရာခိုင်နှုန်းနဲ့ အမျိုး သမီး ၄၀ ရာခိုင်နှုန်း ရှိပါတယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် အရက်အလွန်အကျွံသောက် သုံးမှုနှင့်ပတ်သက်သည့်
ပြဿနာများ ကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ် လူပေါင်း ၂ ဒသမ ၅ သန်း သေဆုံးနေရပြီး အရက်ကြောင့် သေဆုံးသည့် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား လူငယ်အရေအတွက်မှာ သုံးသိန်းနှစ်သောင်းရှိသည်ဟု သိရသည်။

ရွှေရည်စောမြင့်

News from : Myanmar Times
Post By : Aye Chan Mon
အရက်ကို စွဲလမ်းနှစ်ခြိုက်စွာဖြင့် ရေရှည်သောက်သုံးမှုကြောင့် စိတ်ရောဂါ
ဝေဒနာ ခံစားနေရသည့် လူနာအရေ အတွက်မှာ ပိုမိုများပြားလာကြောင်း ရန်ကုန် စိတ်ကျန်းမာရေးအထူးကုဆေးရုံကြီးတွင် အတိုင်ပင်
ခံစိတ်ရောဂါ အထူးကုဆရာဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ကာ လွန်ခဲ့သည့်
နှစ်လကအငြိမ်းစားယူခဲ့သော ဒေါက်တာ ဂျော်ထက်ဒိုးက ပြောသည်။

"ရန်ကုန် စိတ်ကျန်းမာရေးအထူးကု ဆေးရုံကြီးမှာ ဆေးရုံရောက်လာတဲ့ လူနာတစ်ဝက်ကျော်ဟာ အရက်ကြောင့် စိတ်ရောဂါဝေဒနာ ဖြစ်တဲ့သူတွေပါ"
ဟု ၎င်းက ပြောသည်။

ရန်ကုန် စိတ်ကျန်းမာရေးအထူးကု ဆေးရုံကြီးတွင် လာရောက်ကုသသည့် လူနာအရေအတွက်မှာ ယခုနှစ်တွင် ၁,၀၀၀ ကျော်ခန့်ရှိပြီး ယခင်နှစ်က ၉၀၀ ခန့်ရှိသည်ဟု ရန်ကုန်စိတ်ကျန်းမာရေး အထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး
ဒေါက်တာကျော်စိုးက ပြောသည်။

ဟေတီနိုင်ငံ သားများက ပေါ့ပ်အဆိုတော် သမ္မတကို ဆန္ဒပြ

Photo: ဟေတီနိုင်ငံ သားများက ပေါ့ပ်အဆိုတော် သမ္မတကို ဆန္ဒပြ

04 OCTOBER 2012 

 ဟေတီနိုင်ငံသမ္မတ မစ်ရှဲလ် မာတဲလ်လီ (Michel Martelly) အစိုးရကို ကန့်ကွက် ဆန္ဒပြရန်၊ ထောင်ပေါင်းများစွာသော လူအုပ် ကြီး သည်ဟေတီ မြို့တော်လမ်းများ ပေါ် သွန်ချသလို အုံကျင်းဖွဲ့ထွက် လာကြကြောင်း သတင်းရရှိသည်။
ဆန္ဒပြသူများသည် တနင်္ဂနွေ (စက်တင်ဘာ၃၀ရက်)တွင် ပေါ့အို ပရင့်စ် (Port-Au-Prince) မြို့တစ် လျှောက်ကွေ့ကောက် သွားလာရင်း နေထိုင်မှု စရိတ်မြင့်မားနေကြောင်း နှင့် အဂတိလိုက်စားမှု များနေ ကြောင်း စသည်တို့ကို အော်ဟစ် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟုသိရ သည်။ ယခင်ပေါ့ပ်သီချင်းသီဆိုသူ သမ္မတမာတယ်လီသည် ၂၀၁၁ ခုနှစ် မေလတွင် သမ္မတအဖြစ်ကျမ်း သစ္စာကျိန်ဆိုပြီးစဉ်ကစ၍ ပြစ်ချက် များစွာကို ကျူးလွန်ထားကြောင်း ဖော်ပြရန်၊ ဆန္ဒပြကန့်ကွက်သူများ က စက္ကူကတ်ပြားအနီချပ်များကို ကိုင်ဆောင်လာကြသည်ဟုသိရ သည်။ မာတယ်လီ အစိုးရသည် အဆိုပါဆန္ဒပြကန့်ကွက်မှုကို လူ သိရှင်ကြား ချက်ချင်းတုံ့ပြန်နိုင်ခြင်း မရှိဟု The Telegraph သတင်း စာတွင်ဖော်ပြခဲ့သည်။
နိုင်ငံရေးဘက်သို့ကူးမလာမီ က ပေါ့ပ်သီချင်းတေးသံရှင်မာ တဲလ်လီသည် သမ္မတရွေးကောက် ပွဲအတွက် လှုပ်ရှားစဉ်က သူ့ကိုယ် သူအပြင်လူတစ်ယောက်အဖြစ်သာ ဖော်ပြခဲ့သည်။ မာတဲယ်လီသည် ၂၀၁၀ ခုနှစ် ငလျင်ကြီးလှုပ်ခတ်ခဲ့ စဉ်က အိုးအိမ်နေရာအခြေပျက် သွားသောပြည်သူလူထုအတွက် အိမ်ရာများနှင့် အခမဲ့ကျောင်းတက် ခွင့်များပေးစွမ်းမည်ဟု ကတိပြုခဲ့ သည်။ သို့ရာတွင် မာတဲယ်လီက ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဟေတီနိုင်ငံတွင် ၄င်းတို့၏ အသက်အိုးအိမ်များကို ဆုတ်ယုတ်အောင်လုပ်ခဲ့ကြောင်း ဟေတီနိုင်ငံသားအချို့က ဆန္ဒပြ ပြောဆိုခဲ့သည်ဟု The Telegraphတွင်ဖော်ပြခဲ့သည်။ "သမ္မတက ကတိတွေအများ ကြီးပေးထားပေမယ့် အမှန်တကယ် တော့ဘာမှဖြစ်မလာသေးပါဘူး။ သူ့အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ငွေရှာတဲ့ အုပ်စုလောက်သာဖြစ် နေပါတယ်"ဟု ဆန္ဒပြကန့်ကွက် သူ မက်ဇ်ဒေါရ်လိန်းက ဆိုသည်။
အဆိုပါ တနင်္ဂနွေနေ့ ဆန္ဒပြ ကန့်ကွက်မှုသည် သီတင်းပတ် ပေါင်းများစွာက ကျေးလက်ဒေသ တွင် ငြိမ်းချမ်းစွာဆန္ဒပြကန့်ကွက်မှု များမှ ပေါ်ပေါက်လာခြင်းဖြစ် သည်။ ၄င်းဆန္ဒပြပွဲသည်ခုနစ်နှစ်ကြာ ပြည်ပြေးအဖြစ် နေထိုင်ခဲ့ရသူ ယခင်က တရားဟောဆရာလည်း ဖြစ်၊ သမ္မတသက်တမ်းနှစ်ကြိမ်ရ ယူခဲ့ဖူး၍ ပထမဆုံးဖြုတ်ချခံရသူ လည်းဖြစ်သည့် "ယန်းဘာထရန် အရစ်စတိုက်" ဟေတီနိုင်ငံသို့ပြန် ရောက်လာသည့် အထိမ်းအမှတ် လည်း ဖြစ်သည်ဟု အဆိုပါ သတင်းစာတွင်ဖော်ပြထားသည်။

News from :  VENUS NEWS JOURNAL
Post By : Aye Chan Mon
ဟေတီနိုင်ငံသမ္မတ မစ်ရှဲလ် မာတဲလ်လီ (Michel Martelly) အစိုးရကို ကန့်ကွက် ဆန္ဒပြရန်၊ ထောင်ပေါင်းများစွာသော လူအုပ် ကြီး သည်ဟေတီ မြို့တော်လမ်းများ ပေါ် သွန်ချသလို အုံကျင်းဖွဲ့ထ
ွက် လာကြကြောင်း သတင်းရရှိသည်။
ဆန္ဒပြသူများသည် တနင်္ဂနွေ (စက်တင်ဘာ၃၀ရက်)တွင် ပေါ့အို ပရင့်စ် (Port-Au-Prince) မြို့တစ် လျှောက်ကွေ့ကောက် သွားလာရင်း နေထိုင်မှု စရိတ်မြင့်မားနေကြောင်း နှင့် အဂတိလိုက်စားမှု များနေ ကြောင်း စသည်တို့ကို အော်ဟစ် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟုသိရ သည်။ ယခင်ပေါ့ပ်သီချင်းသီဆိုသူ သမ္မတမာတယ်လီသည် ၂၀၁၁ ခုနှစ် မေလတွင် သမ္မတအဖြစ်ကျမ်း သစ္စာကျိန်ဆိုပြီးစဉ်ကစ၍ ပြစ်ချက် များစွာကို ကျူးလွန်ထားကြောင်း ဖော်ပြရန်၊ ဆန္ဒပြကန့်ကွက်သူများ က စက္ကူကတ်ပြားအနီချပ်များကို ကိုင်ဆောင်လာကြသည်ဟုသိရ သည်။ မာတယ်လီ အစိုးရသည် အဆိုပါဆန္ဒပြကန့်ကွက်မှုကို လူ သိရှင်ကြား ချက်ချင်းတုံ့ပြန်နိုင်ခြင်း မရှိဟု The Telegraph သတင်း စာတွင်ဖော်ပြခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိ

အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ သွားရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၄ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသည်
EMG
Related Posts Plugin for WordPress, Blogger...

ShareThis