menu

Tuesday 26 June 2012

တီဘီပိုးနှင့် သလိပ်ခပ်ခြင်း အနုပညာ



တီဘီပိုးအတွက် သလိပ်စစ်ရအောင် သလိပ်ခပ်ပေးပါလို့ဆိုလာတဲ့ သူနာပြုဆရာမလေးရဲ့ စကားအဆုံးမှာ သလိပ်ထည့်တဲ့ ခွက်ကို ခပ်မြန်မြန်လှမ်းယူလိုက်ကာ အလျှင်စလို တံတွေးထွေးထည့်လိုက်တဲ့ ဝေဒနာရှင်တစ်ဦးရဲ့ အပြုအမူကြောင့် ကျွန်မရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသေးသည်။
ward ထဲမှာ လူနာတော်တော်များများ ကျန်သေးတာမို့ နောက်ထပ် သလိပ်ခွက်အသစ်ပေးပြီး သလိပ်ခပ်ပုံကို သေချာသင်ပေးဖို့ သူနာပြုဆရာမလေးကို ပြောရင်း လူနာတွေ ဆက်ကြည့်နေဖြစ်လိုက်သည်။ ဆေးရုံ ဆေးခန်းတွေမှာ မကြာခဏ မြင်နေရတတ်တဲ့  အဖြစ်အပျက်ပေမယ့် သလိပ်ခွက်ကလေး တခွက်က ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဝေဒနာရှင် ကိုယ်တိုင်လည်း သိဖို့အရေးကြီးတယ် မဟုတ်လား။

တိုင်းရင်းသားတွေမှာ အမုန်းမီးပွားဖို့ နေနေသာသာ ... [ဇေ၀င်းနောင်]

ဒီဖြစ်ရပ်တွေမှာ ရခိုင်လူမျိုးတွေရဲ့ အမုန်းက အရင်းခံခဲ့တာ မဟုတ်ပါဘူး။ ဒီလိုမုန်းမယ်ဆိုရင် ရခိုင် ၉၀ ဘင်္ဂါလီ ၁၀ ရှိတဲ့မြို့တွေမှာ ပြာကျကုန်မှာပေါ့။ ရခိုင်လူများစုရှိတဲ့ နေရာအများစုမှာ အဓိကရုဏ်းတွေ မဖြစ်ခဲ့တာကို ကြည့်ရင် ပြည်ပကို ရိုဟင်ဂျာဆို သူတွေက ထုတ်ပြန်ခဲ့သလို လူမျိုးတုန်း သတ်ဖြတ်မှုမျိုး မလုပ်ခဲ့ဘူးဆိုတာ ရှင်းနေပါတယ်။ မခံနိုင်တဲ့အခါကျမှ ရခိုင်တွေက လက်တုန့်ပြန်မှုအချို့ ဖြစ်ခဲ့ရတာပါ



ရိုဟင်ဂျာအကြောင်း ရှင်ပြောတဲ့အခါ ရှင်ဘယ်သူတွေကို ပြောနေတယ်ဆိုတာ ကျွန်မတို့ မသေချာတဲ့အတွက် ကျွန်မမသိဘူးလို့ ပြောရပါမယ်။ ပြဿနာက ဘယ်သူ့ကို ရည်ညွှန်းနေသလဲ ဆိုတာပါပဲ''

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (အော်စလိုတွင် ရိုဟင်ဂျာများ နိုင်ငံသားအဖြစ် မှတ်ယူရန်သင့်မသင့်၊ နိုင်ငံသားဖြစ် မဖြစ် မေးမြန်းမှုအပေါ် ဖြေကြားချက်)

ဖောင်းကြွခလုတ်များ ပေါ်ထွက်လာပြီး မလိုသောအချိန်တွင် ပြန်ပျောက်သွားနိုင်သည့် ထိတွေ့မျက်နှာပြင်သုံး စမတ်ဖုန်းနှင့် သင်ပုန်းများ ဖန်တီးနိုင်ခဲ့





လိုအပ်ပါက စာရိုက်ရန်၊ ဖုန်းနံပါတ်နှိပ်ရန်၊ အဝေးထိန်းခလုတ်အဖြစ်သုံးရန် လိုအပ်သလို ခလုတ်များ ဖောင်းကြွထွက်လာနိုင်ပြီး အသုံးမလိုတော့ပါက ပုံမှန်အတိုင်း မျက်နှာပြင် ပြန်ပြားသွားသည့် ဖန်သားပြင်တစ်မျိုးကို စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အနာဂတ်တွင် ယင်းဖန်သား ပြင်စနစ်ကို စမတ်ဖုန်းနှင့်သင်ပုန်း ကွန်ပျူတာများတွင် အသုံးပြုသွားနိုင်မည်ဖြစ်သလို ဂီတတူရိယာအဖြစ်ပါ သုံးနိုင်မည်ဟု မျှော်လင့်ထားသည်။

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် Tactus ကုမ္ပဏီကဖန်တီးသည့် ယင်းဖန်သားပြင်မှာ ပုံမှန်ထိတွေ့ မျက်နှာပြင်များကဲ့သို့ပင် ထုထည်ထူထဲခြင်း မရှိဟုလည်း ဆိုသည်။ ယခုနည်းပညာသည် လက်ရှိသုံးစွဲနေသော ထိတွေ့မှုကို တုန်ခါမှုဖြင့် တုံ့ပြန်သည့် စနစ်ထက် များစွာ အဆင့်မြင့်ပြီး ပိုမိုအဆင်ပြေစေနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ဦးအောင်ဆန်းဦး စွဲဆိုမှု ကို အမိန့်ချမှတ်


                                              ဦးအောင်ဆန်းဦး နဲ့ ဇနီး

မြန်မာနိုင်ငံ မှ အပတ်စဉ် စာစောင် Favourite News မှာ ဦးအောင်ဆန်းဦး က ဒေါ်အောင်ဆန်းစုကြည် အပေါ် အမွေပုံ ခွဲဝေ စီမံမှု အရ တရားစွဲခဲ့တာ နဲ့ ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတော်မှ ဇွန်လ ၂၂ ရက် နေ့ က သား နဲ့ သမီး ဖြစ်ကြ လို့ အညီအမျှ ရစေ၊ တဝက်စီ ခွဲဝေယူစေ လို့ အမိန့်ချမှတ် လိုက်ပါတယ်။

 မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ အရ မိဘ အမွေကို ကျန်ရစ်သူ သားသမီး တွေ အနေနဲ့ အမွေပုံ စီမံခန့်ခွဲ ရာမှာ ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း စတာတွေ ခွဲဝေရာမှာ သီးခြား ဥပဒေ ရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင် ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

အနောက်ဖက်ပင်လယ်မှ မီးတောက်များ[ဥက္ကာကိုကို]

ငါးချက်ခန့်ဆက်တိုက်ထွက်ပေါ်လာသည့် လုံထိန်းရဲတို့၏ သေနတ်သံများနှင့်အတူ
မလှမ်းမကမ်း တစ်ဖက်စီမှ လူပေါင်း လေးရာခန့်ရှိ သည့် လူအုပ်နှစ်ခုမှာ
မိမိတို့ကျေးရွာထိပ်ဆီသို့ ခပ်သုတ်သုတ်ပင် ပြန်လည်ဆုတ်ခွာသွားကြသည်။

သို့သော် ထိုလူအုပ်နှစ်ခုမှာ လူစုကွဲသွားခြင်းမရှိဘဲ မိမိတို့လူမျိုး၊

မိမိတို့အသက်၊ မိမိတို့ကျေးရွာလုံခြုံရေးအတွက်
ရရာလက်နက်များကိုမလွတ်တမ်းကိုင်
စွဲထားဆဲပင်ဖြစ်သည်။

“ကျေးဇူးပြုပြီး လူစုခွဲပါ…..မိမိတို.နေအိမ်ကို

မိမိတို့ပြန်ဝင်ကြပါ…..မဟုတ်ရင်
ပစ်ရပါလိမ့်မယ် “ဟူသည့် လုံခြုံရေး

လုံထိန်းတပ်ဖွဲ့ဝင်တဦး၏ အော်လံဖြင့် ထပ်မံအော်ဟစ်သတိပေးသံက များပြားလှသည့်

လူထု၏အသံများနှင့်အတူ လယ် ကွင်းပြင်အတွင်း ကျယ်လောင်စွာထွက်ပေါ်လာသည်။

ထိုင်းနိုင်ငံတွင် H1N1 ဖြစ်ပွားသူ ၄၁ ဦး တွေ့ရှိ





ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် လူ ၄၁ ဦး၌ H1N1 တုပ်ကွေး ဖြစ်ပွားနေကြောင်း ဇွန်လ ၂၁ ရက်နေ့က အတည်ပြု ထုတ်ပြန်ခဲ့သည်။ ယင်းတို့အနက် ခြောက်ဦးသာ ဆေးရုံမှဆင်းခွင့်ပြုခဲ့၍ ကျန်လူနာများ အား ရောဂါမပြန့်ပွားစေရန် မိသားစုဝင်များနှင့်ပါ တွေ့ခွင့်ပိတ်ပင်ခဲ့ပြီး ဆေးရုံရှိ ရောဂါထိန်းချုပ်ရေးဌာနတွင်သာ ထားရှိထားကြောင်း သိရသည်။

Nakhon Ratchasima Rajanagarindra Psychiatric ဆေးရုံတွင် ပထမ ဆုံး H1N1 တုပ်ကွေးဖြစ်ပွားသူကို ခုခံအားနည်းနေပြီး ရောဂါပိုး အလွယ်တကူ ကူးစက်နိုင်သော အရက်ဖြတ်ဌာနမှ လူနာတစ်ဦးတွင် စတင်တွေ့ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ၀န်ကြီးဌာနမှ အထွေထွေစစ်ဆေးရေးမှူး Kamron Chaisiri က ပြောကြားခဲ့သည်။

အလုပ်အကိုင် ရှာဖွေရေး အခမဲ့ဝန်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် ဖွင့်လှစ်

မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အလုပ်အကိုင် ရှာဖွေတာနဲ့ ပတ်သက်လို့ နိုင်ငံကျော် အဆိုတော် သားစိုး စီစဉ်တဲ့ ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနားကို မနေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
Photo:Myanmarbestjob.com
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သော ရာသက်ပန် အခမဲ့ ၀န်ဆောင်မှု အင်တာနက် ၀က်ဘ်ဆိုဒ် မိတ်ဆက်ပွဲ အခမ်းအနားတွင် အဆိုတော် သားစိုးအား သတင်းထောက်များက တွေ့ဆုံမေးမြန်းနေစဉ်။
အလုပ်အကိုင်ရှာဖွေရေးနဲ့ ပတ်သက်လို့ အလုပ်အေဂျင်စီတွေကနေ အခကြေးငွေ မတရားယူနေတာတွေကြောင့် အလုပ်သမားတွေ နစ်နာဆုံးရှုံးမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို အင်တာနက်ဝက်ဘ်ဆိုဒ် ၀န်ဆောင်မှုကို ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ အဆိုတော် သားစိုးက RFA ကို ပြောပါတယ်။

ရခိုင် ဆူပူမူကြောင့် ဘင်္ဂလာ ဒေခ်ျ့တွင် သောင်တင်နေသူ မြန်မာ စီးပွားရေး သမား ၄၄ ဦးကို ပြန်ပို

ရခိုင်ပြည် နယ်တွင် ပေါ်ပေါက် ခဲ့သော ဆူပူအ ကြမ်းဖက်မူ များကြောင့် မြန်မာ ဘက်ကို မပြန်နိုင်ဘဲ ဘင်္ဂလာ ဒေခ်ျ့နိုင်ငံတွင် သောင်တင်နေသူ မြန်မာနိုင်ငံမှ စီးပွားရေးသမား ၄၄ ဦးကို ဇွန်လ ၂၄ ရက်နေ့က တက်ကနက်မြို့မှ တဆင့် မောင်တောသို့ ပြန်လည်ပို့ဆောင်လိုက်သည်။

ဘင်္ဂလားဒေ့ခ်ျ လူဝင်မှုကြီး ကြပ်ရေးဌာနမှ သောင်တင်နေသော မြန်မာ စီးပွားရေးသမား ၄၄ ဦးကို တရားဝင်ပြန်လည် ပို့ဆောင် လိုက်ခြင်း ဖြစ်ကြောင်း  တက်ကနက် ဆိပ်ကမ်း ဌာနမှ တာဝန်ရှိပုဂ္ဂိုလ် အာဘဒူလ် ကာဒဲလ်ကတ်က ဒေသခံ သတင်းထောက်များသို့ ပြောသည်။

စက္ကူပန်းတွေနဲ့ဆရာ့အိမ်[နေထွန်းနိုင်]

ပြည်သူဘက်၊ အမှန်တရားဘက်က ရပ်တဲသတင်းစာဆရာ၊ ပြည်သူ့စကားပြန်၊ တိုင်းပြည်အတွက် အဖိုးတန်သူတစ်ဦးဆိုတာတွေထက် ပြောလို့ရတာတွေ အများကြီး ရှိနေပါသေးတယ်။ ဘာကိုပဲတွေးတွေး၊ ဘာကိုပဲရေးရေး နိုင်ငံရေးအသိကို အခြေခံပြီးလုပ်ရင် အဖြေတွေ့မှာပါလို့ ဆရာက အမြဲတမ်း ပြောတတ်ပါတယ်။


(၁)
ဆရာ့အိမ်ပေါ်ကို လှမ်းတက်လိုက်တိုင်း စက္ကူပန်းရုံလေးက ဦးစွာ ကြိုနှင့်လျက်။ ဖွင့်ထားတဲ့ တံခါးရွက်ပေါ်မှာ လူထု-ဦးစိန်ဝင်း(၀င်းဇော်) ဆိုတဲ့ ဆိုင်းဘုတ်ငယ်ကို ချိတ်ဆွဲထားတယ်။ ဆရာက သူ့အိမ်တံခါးကို အမြဲတန်း ဖွင့်ထားတယ်။ သူ့ဆီရောက်လာသမျှ လူတိုင်းရဲ့ ရင်ဖွင့်သံတွေကို မငြီးမငြူ နားထောင်ပေးခဲ့တယ်။ 
၂၀၁၂ ခုနှစ်။ ဇွန်လ ၁၇ ရက်။ ဆရာ့အိမ်တံခါးက ဖွင့်ထားလျက်ပါပဲ။ ဆရာ့အိမ်အ၀င်က စက္ကူပန်းရုံလေးလည်း အပွင့်တွေ ဝေဆာနေမြဲပါပဲ။ ဒါပေမယ့် ဆရာက မရှိတော့ပြီ။ ပြည်သူတွေရဲ့စကားသံကို ပြည်သူတွေဆီ ပြန်ပို့ပေးနေတဲ့ ပြည်သူ့စကားပြန်ကြီးတစ်ယောက် သံသရာ ခရီးရှည်ထွက်သွားခဲ့ပါပြီ။

ဆရာလူထုစိန်ဝင်း နောက်ဆုံးရေးခဲ့သော ဆောင်းပါး (၆-၆-၂၀၁၂) “ပြန်လာပြီဗျို့”[လူထုစိန်ဝင်း]



5123
မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးယားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး အလုပ်သွား၊ ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့ လူတွေ့တွေ့၊ မတွေ့ တွေ့ ‘ပြန်လာပါပြီ’ လို့ နှုတ်ဆက် လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့ ပါးစပ်ကရွတ်ကြည့်တယ်။ ပါးစပ်ဖျားက ၀တ္တရားအရထွက်လာတဲ့ အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့ အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီ အားရှိပါးရှိ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ‘ပြန်လာပြီဗျို့’ လို့ပဲ ပွဲဦးထွက် နှုတ်ဆက်လိုက်ပါရစေ။
ကိုကိုးကျွန်းက ပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ‘အလံမလှဲစတမ်း’ ဆိုတဲ့စာအုပ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရတော့ ‘၀င်းဇော် ပြန်လာပြီ။ ချောအိမာန် ပြန်လာပြီ’ လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ထုတ်ဝေခွင့်မရခဲ့တဲ့ ‘အလံမလှဲစတမ်း’ တတိယအကြိမ် ပြန်လည် ထုတ်ဝေခွင့်ရတာနဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း နာလန်ထူစပြုလာပြီမို့ တိုက်ဆိုင်စွာ ‘ပြန်လာပြီဗျို့’ လို့ နှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis