menu

Saturday 11 January 2014

သားနှစ်ယောက်သတ်ပြီး အဆုံးစီရင်တဲ့ဇနီး

NWS_RTD-Brent Child Murders
ဇန်နဝါရီ(၁၀)ရက်နေ့က လန်ဒန်မြို့ မြောက်ပိုင်းရှိ Harrow တွင် အသက်(၃၃)နှစ်အရွယ် Jeyavani Vageswaran ဆိုသူ အမျိုးသမီးတစ်ဦးက သူမ၏ ငါးနှစ်သားနှင့် ရှစ်လသားအရွယ် သားနှစ်ဦးကို သတ်ပစ်ပြီး အိတ်အမည်းတစ်ခုထဲ ထည့်ထားကာ ၎င်းကိုယ်တိုင်လည်း အဆုံးစီရင်သွားသကဲ့သို့ သေဆုံးနေခဲ့ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်က ကိုယ်ဝန်ပျက်ကျခဲ့ဖူးတဲ့ Jeyavani Vageswaran နှင့် (၃၆)နှစ်အရွယ် ခင်ပွန်းတို့၏ ဆက်ဆံရေးဟာ ဒုတိယသားရလာခဲ့ပြီးနောက် ပိုမို တင်းမာလာခဲ့ကာ ၎င်းတို့အိမ်ပတ်ဝန်းကျင်နေသူများ၏ အပြောအရ တစ်လလျှင် လေးခါလောက်အထိ သူတို့ဇနီးမောင်နှံဟာ အော်ဟစ်စကားများလေ့ရှိကြောင်း သိရသည်။

Jeyavani Vageswaran ဟာ အမြဲ ပြုံးရယ်ပြီး ပျော်ရွှင်စွာ နေထိုင်တတ်လေ့ရှိသူတစ်ဦးဖြစ်ကာ ထိုနေ့ နံနက်ပိုင်းက ခင်ပွန်းကို ထမင်းဗူးပင် ထုပ်ပိုးပေးခဲ့ကြောင်းနှင့် အလုပ်မှ ခင်ပွန်းပြန်လာသောအခါ အိမ်ထဲတွင် ၎င်း၏ ဇနီးသည်နှင့် သားနှစ်ယောက်ဟာ သေဆုံးနေခဲ့တာဖြစ်ကြောင်း သိရသည်။
ကလေးနှစ်ဦးနှင့် သူမ၏ သေဆုံးမှုအတွက် ရဲများက အခြားတစုံတဦးကို လိုက်လံရှာဖွေနေခြင်းမျိုးမရှိဘဲ သေဆုံးသူ Jeyavani Vageswaran ဟာ ယခင်က စိတ်ကျရောဂါ ခံစားခဲ့ရခြင်း ရှိ ၊ မရှိ ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရဲများ၏ စစ်ဆေးချက်အရ Jeyavani Vageswaran ဟာ လည်ပင်းကို အဖိခံထားရလို့ သေဆုံးသွားခဲ့ရသည်ဟု ဆေးစစ်ချက် ထွက်ရှိလာခဲ့ကာ ကလေးနှစ်ဦး၏ အလောင်းကိုမူ လာမည့် အင်္ဂါနေ့တွင်မှ စစ်ဆေးမည်ဟု သိရသည်။

မိတ္ထီလာတွင် လုံခြုံရေးအခြေအနေ အရေးပေါ်တိုးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ပဋိပက္ခကြောင့် လူ၅၀ ကျော် သေဆုံးခဲ့သောမိတ္ထီလာမြို့ တွင် ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သောလူသတ်မှု တစ်ခု ကြောင့် ပဋိပက္ခပြန်လည်ဖြစ်ပွားမလာစေရန် လုံခြုံရေးအခြေအနေ အရေးပေါ် တိုးမြင့်ခဲ့ကြောင်း မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးမှုရုံး ထံမှ သိရသည်။

မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် တွင် တစ်အိမ်တည်းအတူနေထိုင်သော မယားညီအကိုနှစ်ဦး အရက်အတူ သောက်ရာမှစကားများရန်ဖြစ်ခဲ့ရာ အစ်မဖြစ်သူ၏ အမျိုးသားဖြစ်သူ ဝင်းကိုကို(ခ) ဖိုးဖြူ ဝဲဘက် ဗိုက်တွင် ဓားဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း ပြည်သာရပ်ကွက်တွင် နေထိုင်သူများထံမှ စုံစမ်းသိရသည်။

ယင်းကဲသို့ လူသတ်မှုဖြစ်ပွားခဲ့ပြီး နာရီပိုင်းအတွင်း၌ ထွက်ပေါ်လာသောသတင်းများကြောင့် မိတ္ထီလာမြို့ပေါ်ရှိ လမ်းဆုံ၊ လမ်းခွများ၊ ဒုက္ခသည် စခန်းများနှင့် မိတ္ထီလာကန်၏ တံတားတို့တွင် လုံခြုံရေးများ ချထားပေးကြောင်း မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့တွင် ဖဲဝိုင်းတွင်း စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖြစ်ပွား

မိတ္ထီလာမြို့၊ ပြည်တော်သာ တောင်ဘက်ကမ်းမှာ ယနေ့ ညနေ (၅) နာရီ ၀န်းကျင်လောက်က ဖဲဝိုင်းမှတဆင့် လူငယ်ချင်း ရန်ဖြစ် စကားများရာမှ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လူသတ်မှုအတွင်း ဓားနဲ့ထိုးခံရ၍ ပွဲခြင်းပြီး သေဆုံးသွားသူမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့အတွက် ဒေသတ၀ိုက် အနီးရှိ ကျေးရွာများမှ ရွာသားများ မိတ္ထီလာမြို့ပေါ်သို့ တက်လာကြတယ်လို့ သိရပါတယ်။

ပြဿနာဖြစ်ပွားပြီးနောက် သက်ဆိုင်ရာ ရဲဌာနက တရားခံလို့ သံသယရှိသူကို ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် ကျေးရွာများက တက်လာတဲ့ ဗုဒ္ဓဘာသာဝင်များက တရားခံကို ထုတ်ပေးရန် တောင်းဆိုမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်၊ ရဲနဲ့ လုံခြုံရေးတာဝန်ရှိသူများကတော့ အခြေအနေအား သတိနဲ့ စောင့်ကြည့်နေကြပြီး၊ ကျေးရွာသားများကိုတော့ ပြဿနာများ ကြီးထွားလာခြင်းမရှိစေရန် တားဆီးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ကတ်ကိုမလို အခွံကိုသာ လိုသည် (သီရိ)

Photo: ကတ်ကိုမလို အခွံကိုသာ လိုသည် (သီရိ)

“အစ်မဖုန်းက တက္ကစီပေါ်မှာ ကျန်ခဲ့တာ။ ဆင်းဆင်းချင်း ကျန်ခဲ့မှန်းသိလို့ လှည့်ကြည့်လိုက်တော့ ကားက မရှိတော့ဘူး။ ဒါနဲ့ ဖုန်းဆက်ကြည့်လိုက်တော့ ဖုန်းမကိုင်ဘူး။ ၁၀ မိနစ် ၁၅ မိနစ်လောက်ကျတော့ ကိုင်တယ်။ ဖုန်းတစ်လုံး ကောက်ရထားတယ်တဲ့။ ဒီတော့ အစ်မက ကျွန်မဖုန်းပါ ဘယ်မှာ လာယူရမလဲဆိုတော့ ညီမလေးဖုန်းက ဈေးလည်းကြီးတယ်၊ တန်ဖိုးလည်း ကြီးတယ်၊ ငါးသောင်းနဲ့ လာရွေးပါလို့ ပြောတယ်။ နောက်ဆုံး သုံးသောင်းနဲ့ ဈေးတည့်သွားတယ်။ သွားရွေးတော့လည်း မှတ်တိုင်မှာပဲ စောင့်ခိုင်းတယ်။ ဖုန်းဆက်လိုက်တော့ ကောင်လေးနှစ်ယောက်နဲ့ အန်တီကြီး တစ်ယောက် ရောက်လာတယ်။ အန်တီကြီးက ကလေးတွေချည်း လွှတ်လိုက်ရင် ခံလိုက်ရမှာစိုးလို့ လိုက်လာတာတဲ့။ မသိရင် သူ့ဖုန်းကိုပဲ ကျွန်မက မဟုတ်တာ လုပ်မှာ ကျနေတာပဲ”

“ကျွန်တော်က ဖုန်းပျောက်လို့ ပျောက်မှန်းတောင် မသိဘူး။ ကျွန်တော့်အထင် တက္ကစီပေါ်ကအဆင်း ကျကျန်ခဲ့တာလို့ ထင်တယ်။ ကျွန်တော့်ဆီကို သူငယ်ချင်းတွေက ဖုန်းတွေ ဆက်ကြတယ်။ သူတို့က လည်း ကျွန်တော်ဖုန်း ပျောက်သွားမှန်း မသိဘူး။ နောက် တော်တော်ကြာတော့မှ ဖုန်းပျောက်မှန်း သိလို့ ဖုန်းဆက်ကြည့်တော့ သူတို့ ဖုန်းကောက်ရထားတယ်။ ဆူးလေဘုရားက သူတို့ဆိုင်မှာ လာယူပါဆိုလို့ သွားယူတယ်။ ပိုက်ဆံလည်း မတောင်းသလို ပေးလည်း မပေးခဲ့ရဘူး။ သူတို့ကတောင် ကိုယ့်ကို လက်ဖက်ရည် ပြန်တိုက်လိုက်သေးတယ်”။

အပြည့်အစုံဖတ်ရှုရန် -
http://thevoicemyanmar.com/2013/index.php/component/k2/item/4098-kk.html

ကျောင်းစအပ်သည့် နေ့တွင်ပင် ဖုန်းပျောက်သွား၍ ဒဂုံတက္ကသိုလ်တွင် ပထမနှစ် တက်ရောက်မည့် မငြိမ်းတစ်ယောက် ခေါင်းမီးတောက်သွားသည်။
မငြိမ်းမှာ ဖုန်းပျောက်မှန်း သိလျှင်သိချင်း သူ့ဖုန်းကို ဆက်လိုက်ရာ တစ်ဖက်မှ အသံရှင် အမျိုးသမီးက နောက်တစ်နေ့ နံနက်တွင် ကျောင်းမှာပင် ဖုန်းကို ပြန်ပေးမည်ဟုဆိုကာ ဖုန်းပြန်ပေးမည့် နေရာ၊ အချိန်များကို အချိန်းအချက် ပြုလိုက်သည်။ နောက်တစ်နေ့ မငြိမ်း ထိုနေရာတွင် သွားစောင့်နေသော်လည်း ထိုအမျိုးသမီးလည်း မလာ၊ ဖုန်းလည်း ပြန်မရသဖြင့် ပျောက်သွားသော ထိုဖုန်းနံပါတ်ကို အကြိမ်ကြိမ် ခေါ်ဆိုရာ စက်ပိတ်ထားသည် ဟူသော အသံသာ ကြားရကာ သူ့ဖုန်းပြန်ရရေး လမ်းစ ပျောက်သွားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ကာ မငြိမ်း၏မိခင် ဒေါ်နှင်းနှင်းက “အဲဒီနေ့က ဖောင်ဖြည့်ရင်းနဲ့ ဖုန်းက ကျန်ခဲ့တာလား။ တမင်တကာ ယူသွားတာလားတော့ မသိဘူး။ ဖုန်းပျောက်နေမှန်း တော်တော်ကြာမှ သိတာ။ အဲဒါနဲ့ ဆက်ကြည့်လိုက်တော့ ပြန်ပေးပါမယ်လို့ ပြောတယ်။ ဖြစ်ချင်တော့ ဖုန်းက အားကုန်တော့မှာလေ။ ဒါကြောင့် သူ့ရဲ့ ဖုန်းနံပါတ်တောင်းတော့ မပေးဘူး။ ချိန်းထားတဲ့ နေရာ သွားစောင့်တော့ မလာဘူးလေ။ နောက်ကျတော့ စက်ပိတ်ထားတယ်။ အဲဒီဖုန်းကိုပဲ ဆက်တဲ့ သူငယ်ချင်းတွေကို ဒီဖုန်းက မူလပိုင်ရှင်ရဲ့ ဖုန်းမဟုတ်တော့ပါဘူး ဆိုပြီးပြောတယ်။ ဖုန်းလေးကတော့ HTC ပါ။ ဖုန်းကိုတော့ သိပ်မနှမြောပေမယ့် ဖုန်းထဲမှာ ဓာတ်ပုံတွေ ရိုက်ထားတာ အများကြီးပဲ။ အဲဒါတွေကို ပိုနှမြောတယ်” ဟု ဖုန်းပြန်ပေးမည်ဟု ချိန်းဆိုခဲ့သည့် နေရာကို သွားရောက် ခဲ့သော်လည်း ပြန်မရရှိခဲ့ပုံကို ပြောဆိုသည်။

အကျဉ်းကျခံရဆဲ ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ရသည့် ဒု-ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိဖြစ်ကြောင်း ဖွင့်ဟ

အကျဉ်းကျခံရဆဲ ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်သည် ရဟတ်ယာဉ်ပျက်ကျ ကွယ်လွန်ခဲ့ရသည့် ဒု-ဗိုလ်ချုပ်ကြီး တင်ဦး၏ ကိုယ်ရေးအရာရှိဖြစ်ကြောင်း ဖွင့်ဟ – လင်းယုန်
*************
    မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေးကို ဖော်ထုတ်ခဲ့သည်ဟု ထင်မှတ်ခံထားရကာ စစ်အစိုးရ လက်ထက် ကနိုင်ငံတော် သစ္စာဖောက်မှု၊ အီလက်ထရွန်နစ် ပုဒ်မ စသည်တို့ဖြင့် သေဒဏ်နှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ် ခံခဲ့ရသည့် ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်နှင့် ပတ်သက်၍ လက်ရှိ အစိုးရသစ်ကာလ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးလျက်ရှိရာတွင် ပါဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပေ။ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား အနည်းငယ်အနက် ပြန်လည် လွတ်မြောက်ရန် အမျိုးမျိုးသော အခက်အခဲများ ကြုံတွေ့ နေရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးအနေဖြင့် ၄င်း၏မိသားစုဝင် ဇနီးသည် ဒေါ်ခင်မိုးစမ်းနှင့် မြန်မာသံတော်ဆင့်တို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် – …

**အခု နိုင်ငံတော် သမ္မတက နိုင်ငံရေး အကျဉ်းသားတွေ၊ အရင် စစ်ထောက်လှမ်းရေးတွေကို လူသားချင်း စာနာ ထောက်ထားမှုနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာတွေ လုပ်နေတော့ ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ ပတ်သက်လို့ ဘာများ ကြားသိရလဲခင်ဗျ။**
အခု နိုင်ငံရေး အကျဉ်းသား စိစစ်တဲ့ အထဲမှာလည်း ပါထားပြီးပြီလေ။ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတဲ့ ၁၉၅၀ ပြည့် စီမံကိန်း အက်ဥပဒေပေါ်မှာလည်း အကျုံးဝင်တယ်။  ဟိုနေ့က သတင်းတစ်ပုဒ်မှာ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ယောက် ပြောတဲ့အခါမှာ ဘာဖြစ်လို့ သူ့ကို မလွှတ်ပေးသေးတာလဲ ပြောတဲ့အခါ သူက အခြားပုဒ်မတွေနဲ့ စွပ်စွဲထားတယ်လို့ ပြောတယ်။ တခြားပုဒ်မ ဆိုတာက အီလက်ထရွန်နစ် ဥပဒေ။ **အီလက်ထရွန်နစ် ဥပဒေနဲ့ ဆွဲထားတဲ့ အခြားသူတွေကိုကျတော့ အားလုံးကို ဒီပုဒ်မနဲ့ပဲ လွှတ်ပေးတယ်လေ။ အခုအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီ အီလက်ထရောနစ်က ဘာကြောင့် မပါတာလဲ။ ** 
ဆွဲတဲ့ ပုဒ်မ ကလည်း အီလက်ထရွန်နစ်ပဲလေ။ အစ်မတို့မှာ ဘာသက်သေ ဘာတစ်ခုမှ မရှိဘဲနဲ့ကို အီလက်ထရွန်နစ် နဲ့ဆွဲတဲ့ အခါကျတော့ ဒီတစ်ခုတည်းမှာပဲ အမှုသုံးခုကို စွဲလိုက်တာ။ အမှုသုံးခုနဲ့ ပြစ်ဒဏ်သုံးခု ပေးထားတာ။ ဒီဟာတစ်ခုနဲ့ လာငြိ နေရတာလေ။ နိုင်ငံတော် သမ္မတပေးတဲ့ လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြစ်ဒဏ်ချမ်းသာခွင့် တွေနဲ့ဆိုရင် ဆရာဦးသိန်းညွန့် လွှတ်တော်မှာ တင်ပြလို့ ၇နှစ် ဖြစ်သွားပြီးပြီ။ အခု လွတ်ငြိမ်းချမ်းသာခွင့် နှစ်ခါမှာ ဒီပုဒ်မတွေနဲ့ဆိုရင် ချုပ်ရက်တွေနဲ့ဆိုရင် လွတ်နေပြီ။ အခုထိ မလွှတ်တာကတော့ ပုဂ္ဂိုလ်ရေး မုန်းတီး မှုကြောင့် ဒီလိုပဲ ကောက်ချက်ချတယ်။
အီလက်ထရွန်နစ် ဥပဒေနဲ့ ပတ်သက်တဲ့ ဦးဇာဂနာအပါအ၀င်  အကျဉ်းကျသူတွေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာတယ်။ ဒီတော့ အစ်မပြောသလို အငြိုးဆိုတာ မြောက်ကိုရီးယားနဲ့ မြန်မာပတ်သက်မှုတွေကို ဖွင့်ချတယ် ဆိုတဲ့အတွက် များလားခင်ဗျ။
မြောက်ကိုရီးယားနဲ့ ပတ်သက်တာလည်း သူတို့ပဲ စွပ်စွဲတာလေ။ သူတို့ လေဆိပ်က ဖမ်းခဲ့တုန်းက ဘာမှမရှိဘူး။ ပြောမယ်ဆိုရင် တမင်တကာ အကွက်ချပြီးတော့မှ ဖမ်းတာ။ အစိုးရနဲ့ ညှိနေတယ်။ အစ်မတို့က တပ်မတော်နဲ့ မညှိဘူး။ အပြစ်မရှိတဲ့ဟာကို အစ်မတို့ကို ပြစ်ဒဏ် ချပြီးတော့မှ အပြစ် လုပ်တာလေ။ နိုင်ငံခြားငွေနဲ့ ဖမ်းတယ်။ အီလက်ထရွန်နစ်နဲ့ ဖမ်းတယ်။ တမင်တကာ ဒီဟာအတွက် အကွက်ချထားပြီးသား။ အခုသူတို့ ချထားတဲ့ ပုဒ်မ တွေသည် အငြိုးအတေးနဲ့ ချထားတာ။ မြောက်ကိုရီးယား ကိစ္စမျိုး လုံးဝမရှိဘူး။ အခုက ရှင်းရှင်း ပြောရရင် ဓားစာခံ လုပ်ထားတာ။
**ဗိုလ်မှူး ၀င်းနိုင်ကျော်ကို စတင်ဖမ်းဆီးတဲ့ အချိန်နဲ့ အခု ဘယ်နှနှစ်လောက် ကြာသွားပြီလဲ ခင်ဗျ။**
၅ နှစ် နီးနီးရှိပြီ။ လျှော့ရက်တွေဆိုရင် လွတ်နေပြီ။ သမ္မတရဲ့ လေးပုံတစ်ပုံ လျှော့ရက်တွေနဲ့ဆိုရင် လွတ်နေပြီ။ အီလက်ထရွန်နစ်က ၁၅ နှစ်ကနေ ၇ နှစ်ဖြစ်သွားပြီဆိုရင် လွတ်ပြီ။
**စတင် ဖမ်းဆီးခံရစဉ်က ဖြစ်ပျက်ပုံကို ပြောပြပေးပါဦးခင်ဗျ။**
အစ်မယောက်ျားက ကမ္ဘောဒီးယားမှာ ပဋိပက္ခ ဖြေရှင်းရေးကို ၂ နှစ်တက်ပြီးတော့  အဲဒီက ပြန်လာချင်း လေဆိပ်က ဆိုက်ရောက် မလုပ်ချိန်ကတည်းက အဖမ်းဆီးခံရတာ။ ပြည်ပ၀င်ခွင့် မလုပ်ခင်မှာဘဲ အဖမ်း ခံရတယ်ဆိုတော့ ပြည်ပတစ်ယောက် အနေနဲ့ပဲ ရှိဦးမယ်။ အစ်မတို့ လက်ထဲမှာ နိုင်ငံခြားငွေ ဆိုတာရှိမယ်။ အဲဒီ နိုင်ငံခြား ငွေနဲ့ပဲ အမှုစဖွင့်တာ။ အဲဒီပိုက်ဆံကို ဘယ်မှာမှ မဖျက်ရသေးဘဲနဲ့ ဆိုက်ရောက်ရောက်ချင်းပဲ နိုင်ငံခြားငွေနဲ့ အစ်မတို့ကို စဖမ်းလိုက်တယ်။ အဲဒီမှာတင် နိုင်ငံခြားငွေ၊ အီလက်ထရွန်နစ်ရယ် စဆွဲတယ်။ အဲ ဒီမှာ လက်မှတ် အတင်းထိုးခိုင်းပြီးတော့ ပုဒ်မလေးခုတောင် စွဲလိုက်တာ။ အားလုံးပေါင်းကတော့ နှစ် ၂၀၊ သေဒဏ်ပေါ့။  အီလက်ထရွန်နစ် စဆွဲပြီးတော့ ၁၅ နှစ်ချတယ်။ ပဋိပက္ခ ဖြေရှင်းရေးကို သူသင်တန်း တက်နေတဲ့အတွက် တိုင်းရင်းသား ဒေသတွေရဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ အဲဒါတွေနဲ့လည်း မငြိဘူး။ ပုဒ်မထဲမှာ အစိုးရ စာရွက်စာတမ်းတွေကို ယူဆောင် သွားတာတွေလည်းပါ တယ်လေ။ အဟောင်းတွေကို ပြန်ဖော်ပြီးတော့ ပြစ်ဒဏ်ချတာလေ။
**ဗိုလ်မှူးဝင်းနိုင်ကျော်ကို ဖမ်းဆီးစဉ် ကာလက အမှုတွဲတွေထဲကရော လွတ်လာတာ ရှိသေးလားခင်ဗျ။**
အမှုတွဲတွေနဲ့  သုံးယောက် ကျန်သေးတယ်။ နိုင်ငံရေး အကျဉ်းသား အဖွဲ့ကနေပြီး စိစစ်ပြီးတော့ အီလက်ထရွန်နစ်နဲ့ စွဲခံထားရတဲ့ သူတစ်ဦးဆို အမှုတွဲထဲကဆို လွတ်သွားပြီ။ လွတ်ငြိမ်းချမ်းသာခွင့်မှာ တကယ်ပေးမယ်ဆိုရင် အစ်မတို့က လွတ်သွားပြီ။ သူတို့ ဘာမှ ကန့်သတ်စရာကို မရှိတော့ဘူး။ အခုက အငြိုးနဲ့ပဲ စွပ်စွဲထားတယ်လို့ ထင်တယ်။
**ဗိုလ်မှူးဝင်းနိုင်ကျော် တပ်မတော်မှာ ဘာတာဝန်တွေများ ထမ်းဆောင်ခဲ့လဲခင်ဗျ။ သူ့ရဲ့ အထက်အရာရှိက ဘယ်သူများလဲခင်ဗျ။**
ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး(အတွင်းရေးမှူး-၂)ရဲ့ အနားမှာ ကိုယ်ရေးအရာရှိ အဖြစ်နဲ့ တာဝန်ယူခဲ့တာ။
**ရဟတ်ယာဉ် ပျက်ကျစဉ်အထိလား။**
ဟုတ်တယ် ပျက်ကျစဉ်အထိ။ ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျတုန်းက သူက တာချီလိတ် ရောက်နေလို့။ နယ်နိမိတ်တိုင်းတဲ့ဆီ ၄၅ ရက် ပါသွားတာ။ အဲဒါကြောင့် ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ မပါခဲ့တာ။
**ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီး ဘယ်နှနှစ်လောက် အကြာမှာ ခုလိုဖြစ်တာလဲ။**
ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီး တစ်နှစ်လောက်နေတဲ့အချိန်မှာ  ဆရာသမားလည်း မရှိတော့ဘူး ဆိုတော့ အရပ်ဘက်ကို ပြောင်းလိုက်တာ။ အရပ်ဘက်ဌာနက အမျိုးသား စီမံကိန်းနဲ့ စာရင်းအင်းဌာနမှာ အစ်မ အမျိုးသားက နိုင်ငံခြား စီးပွားဆက်သွယ် UNDP ဌာနပေါ့။ UNDP မှာ အစ်မအမျိုးသားက ဒုတိယညွှန်ကြား ရေးမှူးနဲ့ တာဝန် ထမ်းဆောင်နေတာ။ အဲဒီမှာ လေးနှစ် တာဝန်ထမ်းဆောင်ပြီးတော့မှ ထွက်လိုက် ပြီးတော့မှ အဲဒီတုန်းက ပဋိပက္ခ ဖြေရှင်းရေး ဆိုတဲ့ဟာ အင်္ဂလန် ကနေပြီးတော့ စကောလားရှစ်ကို ရတော့မှ အဲဒီမှာ သွားတက်တာ အစ်မအမျိုးသားက။
**ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ် ပျက်ကျပြီးတော့ ဘယ်နှနှစ်အကြာမှာ ဗိုလ်မှူးဝင်းနိုင်ကျော်ကို အခုလိုမျိုး ဖမ်းဆီးမှု လုပ်တာလဲခင်ဗျ။**
ဆယ်နှစ်လောက်ကြာမှဖြစ်တာ ဒီဇာတ်လမ်းက။
**နောက်တစ်ခုပေါ့လေ ဗိုလ်မှူးဝင်းနိုင်ကျော် အဖမ်းခံရပြီး နောက်ပိုင်းပေါ့လေ မိသားစုအနေနဲ့ ဘယ်လို အခက်အခဲ တွေနဲ့များ ရင်ဆိုင်ခဲ့ရတာ ရှိလဲခင်ဗျ။**
အစ်မအမျိုးသား စအဖမ်းခံရတဲ့ အချိန်မှာတော့ အခုနကလိုမျိုးပေါ့ အစ်မ အမျိုးသားကို ဖြောင့်ချက် ပေးခိုင်းတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့။ SB တို့ သတင်းတပ်ဖွဲ့ တွေကနေပြီးတော့ ထုတ်ထားတဲ့ဟာတွေ အကုန်လုံးကို အစ်မ အမျိုးသားကို ဖြောင့်ချက်ပေးခိုင်းတာ။ ဖြောင့်ချက် တကယ်လို့မှ မပေးဘူးဆိုရင် မိဘတွေကို ပေါ့နော်၊ မိဘတွေဆိုရင် အသက်ရှစ်ဆယ်ကျော်ပြီ၊ အခု အမေဆိုရင် ၈၉ နှစ်ကျော်ပြီ။ အဖေဆိုရင် လည်း ၈၁ လောက်ဖြစ်နေပြီ။ ဒါတွေ အစ်မတို့ မိသားစုတွေ အကုန်လုံးကို ခေါ်ယူ စစ်ဆေးမယ် ဆိုပြီးတော့ ခြိမ်းခြောက် တယ်ပေါ့နော်။ အဲလို လုပ်ပြီးတော့မှ အစ်မအမျိုးသားကို လက်မှတ်ထိုးခိုင်းတာ။ ဒီဟာနဲ့ပတ် သက်ပြီးတော့ ဗိုလ်မှူး ဘာမှမကျဘူး၊ နှစ်နှစ်ပဲကျမယ် ဆိုပြီးတော့ ခြိမ်းခြောက်ပြီးတော့ လက်မှတ် ထိုးခိုင်းပြီးတော့မှ သူတို့ အချင်းချင်း တရားသူကြီးရှေ့မှာ သူတို့ လိုချင်တဲ့ ပုံစံအတိုင်းပဲ ဘောင်သွင်းပြီးတော့မှ နှုတ်တိုက် ကျက်ခိုင်းတယ်၊ အလွတ်ကျက်ခိုင်းတယ်၊ အဲလို ကျက်ခိုင်းပြီးတော့မှ သူတို့လိုချင်တဲ့ ပုံစံအတိုင်းကို တရားသူကြီးတွေရှေ့မှာ ဖြောင့်ချက်ပေးရတာပေါ့နော်။ ဆိုရတယ်၊ ပြောရတယ်၊ မှားနေရင်ပြင် အဲလိုမျိုး အလီလီ အခေါက်ခေါက် လုပ်ပြီးတော့မှ အစ်မအမျိုးသားကို ပုံစံချပြီးတော့မှ ဖြောင့်ချက်ပေးခိုင်းတာ။ အဲလိုမျိုး ဖြောင့်ချက် မပေးဘူးဆိုရင် မိသားစုတွေကို ခေါ်ယူ စစ်ဆေးမယ် အဲလိုမျိုး ခြိမ်းခြောက်တယ်။ အစ်မ ယောက္ခမ ဆိုရင်လည်း ဒီစိတ်နဲ့ ဆုံးသွားရတာ။ အမေဆိုရင်လည်း အခုထက်ထိ အသက်ရှင်တုန်းပဲ ရှိသေးတယ်၊ မနေ့ တစ်နေ့ကအထိ သူ့သားကို ထောင်ဝင်စာ သွားတွေ့နေတုန်းပဲ အသက် ၈၉ နှစ်ရှိပြီ။ အစ်မတို့မှာ အခက် အခဲတွေ အများကြီး ရှိတာပေါ့နော်။ မိသားစုတွေ ဆုံးရှုံးရတယ်။ အဖေဆိုရင်လည်း အသက် ဆုံးရှုံးရတယ်။ အကြိမ်ကြိမ်အခါခါ သမ္မတဆီကို အသနားခံစာ တင်တယ်။ လူသားချင်း စာနာသော အနေနှင့်။ ဒါပေမဲ့လည်း တခြားသူတွေ လွတ်တာတောင်မှ အခုထက်ထိ လွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ ၁၉၅၁ ဆိုပြီးတော့ ပါရဲ့သားနဲ့၊ အစ်မတို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးရဲ့သားနဲ့ လူကို မလွတ်ဘူး။ အမိန့်သာ ထွက်လာတာ လူကို မလွတ်ဘူးလေ။
ဒီလအတွင်းမှာ လုပ်မယ့် နိုင်/ကျဉ်း ကော်မတီက ဆွေးနွေးပွဲမှာ ဗိုလ်မှူးဝင်းနိုင်ကျော် အပါအ၀င်ပေါ့လေ အကျဉ်းထောင်ထဲမှာ ကျန်ရှိနေသေးတဲ့လူတွေ လွတ်မြောက်ရေးအတွက် ဆွေးနွေးသွားမယ်လို့ သိရတယ်။ အစ်မတို့ ဘက်ကနေရော သမ္မတဆီကို ဒီအတောအတွင်းမှာ ထောက်လှမ်းရေးတွေကို လွှတ်လိုက်သလိုမျိုး လူသားချင်း စာနာ ထောက်ထားမှု အနေနဲ့ ဗိုလ်မှူးဝင်းနိုင်ကျော်ကို လွှတ်ပေးဖို့ ထပ်ပြီးတော့ အသနားခံစာ တင်ဖို့ရှိလား ခင်ဗျ။
အဲလိုတော့ရှိပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ အစ်မတို့လည်း အကြိမ်ကြိမ် အခါခါ တင်နေတာပဲလေ။ ခုန ပြောသလိုပေါ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ထဲမှာ အစ်မတို့ပါတယ်။ ပါရဲ့သားနဲ့ မလွတ်လာတဲ့အတွက် အစ်မတို့ကတော့ အသနားခံစာ တင်သွားမှာပါပဲ။

   မြန်မာသံတော်ဆင့်
- See more at: http://www.dawnmanhon.com/2014/01/blog-post_5564.html#sthash.yfw0hTwU.dpuf..
ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော် (၀ဲဘက်အစွန်) နှင့် ဗိုလ်ချုပ်ရဲမြင့် (ယခုမန္တလေး ၀န်ကြီးချုပ်)၊ ဦးစိုးသာ (ကြံ့ခိုင်ရေးပါတီဗဟို အတိုင်အပင်ခံ) တို့ကို အတူတကွတွေ့ခဲ့ရစဉ်။
ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော် (၀ဲဘက်အစွန်) နှင့် ဗိုလ်ချုပ်ရဲမြင့် (ယခုမန္တလေး ၀န်ကြီးချုပ်)၊ ဦးစိုးသာ (ကြံ့ခိုင်ရေးပါတီဗဟို အတိုင်အပင်ခံ) တို့ကို အတူတကွတွေ့ခဲ့ရစဉ်။
လင်းယုန်
မြောက်ကိုရီးယားနှင့် မြန်မာဆက်ဆံရေးကို ဖော်ထုတ်ခဲ့သည်ဟု ထင်မှတ်ခံထားရကာ စစ်အစိုးရ လက်ထက် ကနိုင်ငံတော် သစ္စာဖောက်မှု၊ အီလက်ထရွန်နစ် ပုဒ်မ စသည်တို့ဖြင့် သေဒဏ်နှင့် ထောင်ဒဏ် အနှစ်(၂၀) ချမှတ် ခံခဲ့ရသည့် ဗိုလ်မှူးဟောင်း ၀င်းနိုင်ကျော်နှင့် ပတ်သက်၍ လက်ရှိ အစိုးရသစ်ကာလ နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးလျက်ရှိရာတွင် ပါဝင် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းဆိုမှုများ ရှိနေသော်လည်း ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးပေ။ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသား အနည်းငယ်အနက် ပြန်လည် လွတ်မြောက်ရန် အမျိုးမျိုးသော အခက်အခဲများ ကြုံတွေ့ နေရသည့် နိုင်ငံရေး အကျဉ်းသား တစ်ဦးအနေဖြင့် ၄င်း၏မိသားစုဝင် ဇနီးသည် ဒေါ်ခင်မိုးစမ်းနှင့် မြန်မာသံတော်ဆင့်တို့ ဆက်သွယ် မေးမြန်းခဲ့ရာတွင် – …

**အခု နိုင်ငံတော် သမ္မတက နိုင်ငံရေး အကျဉ်းသားတွေ၊ အရင် စစ်ထောက်လှမ်းရေးတွေကို လူသားချင်း စာနာ ထောက်ထားမှုနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာတွေ လုပ်နေတော့ ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ ပတ်သက်လို့ ဘာများ ကြားသိရလဲခင်ဗျ။**

အမျိုးသမီးများ ရာသီဆုံးချိန်နဲ့ ဓာတ်စာ

အမျိုးသမီးအများစုဟာ အသက် ၅ဝ ကျော်ရင် သွေးဆုံးပါတယ်။ အီစတြိုဂျင် ဟော်မုန်းလျော့နည်း လာတယ်။ သွေးဆုံးတာ အမျိုးသမီးတိုင်း ရှောင်လို့မရတဲ့ သဘာဝဖြစ်စဉ် တစ်ခုပဲဖြစ်ပါတယ်။

ရာသီဆုံး၊ စချိန်မှာချွေးပြန်၍ ပူနွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲနဲ့ နှလုံးရောဂါ၊အရိုးပွရောဂါတို့ ဖြစ်တတ်ပါတယ်။ချွေးပြန်၍ ပူနွေးခြင်းဆိုရာမှာ ခန္ဓာကိုယ်တစ်လျှောက်မှာ အပူလှိုင်းဖြစ်နေပြီး ညဘက်ချွေးထွက်တတ်ကာ သွေးကြော ကျယ်လာတဲ့အတွက် သွေးဖိအားထိန်းညှိ ဆေးဝါး ဗိုက်တာမင် အားဆေး၊ အိပ်ဆေးကျွေးရင် သက်သာမယ်။ ဒီဝေဒနာကို အသက် ၄၅ နှစ်မှ ၅၂ နှစ်အတွင်း အမျိုးသမီးတွေ တွေ့ကြုံရစမြဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီဆုံးချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ စိတ်မအီမသာဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ မှတ်ဥာဏ်အားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်းနဲ့ မောပန်းနွမ်းနယ်မှုတွေကို တွဲလျက်တွေ့ရပြီး ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာကြောင့် ဖြစ်ရတာမို့ အိပ်မပျော်တတ်ကြဘူး။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုအနေနဲ့ ရင်သားတွေ သေးငယ်သွားပြီး အဆီပြင်တစ်သျှူးများ ပြန်စုပ်ယူနိုင်တဲ့အတွက် ပုံသဏ္ဌာန်ပါ ပြောင်းလာတယ်။ ဆီးကျိတ် မကြာခဏရောင်ပြီး ဆီးလမ်းကြောင်းပိုးဝင်တာ တွေ့ရတယ်။

ဆေးမင်ရည် စုတ်ထိုးဟာ မြန်မာတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုပါ

ခန္ဓာကိုယ်ပေါ်မှာ ဆေးမင်ကြောင်တွေ ရေးထိုးကြတယ်ဆိုတာ နှစ်ထောင်နဲ့ချီရှိပြီဖြစ်တဲ့ လူသားတွေရဲ့ ယဉ်ကျေးမှုသမိုင်းမျက်နှာစာတစ်ခုပါ။ ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်တွေမှာ ဆေးမင်ကြောင်တွေ ရေးထိုးမှုဟာ အခိုင်အမာ သက်သေခံနေပါတယ်။ မြန်မာပြည်ဟာလည်း ဆေးမင်ကြောင်နဲ့ တစိမ်းပြင်ပြင် ဖြစ်မနေခဲ့ပါဘူး။

ကိုလိုနီလှိုင်းလုံးတွေ ရိုက်ခတ်ချိန်မှာ ဆေးမင်ကြောင်ထိုးတဲ့ဓလေ့၊ သျှောင်ကြီးပွေနဲ့မောင်တွေ တဖြုတ်ဖြုတ် ပျောက်ကွယ်ခဲ့ပါတယ်။ ယဉ်ကျေးမှုအရထိုးတဲ့ ဆေးမင်ကြောင်အဖြစ်ကနေ အလှအပအတွက်၊ ဒဿနအတွက် ရေးထိုးတဲ့ ဆေးမင်ကြောင်တွေ ဂလိုဘယ်စီးကြောင်းထဲ ခုန်ပေါက်ဝင်ရောက်လို့ လာပါပြီ။

မီဒီယာတွေအားကောင်းမောင်းသန်ဖြစ်လာတဲ့ ဒီကနေ့ခေတ်မှာ တက်တူးလို့ခေါ်တဲ့ ဆေးမင်ကြောင်တွေကို လူငယ်တွေ တကျော့ပြန်စိတ်ဝင်စားလာနေပါတယ်။ နိုင်ငံတကာယဉ်ကျေးမှုတွေ ဒွေးရောယှက်တင်လာချိန်နဲ့ တက်တူးထိုးသူတွေရဲ့ အနုပညာလက်ရာတွေ ဖန်တီးမှုကို အသိအမှတ်ပြုလာချိန် လူငယ်ရော လူကြီးပါ တက်တူးကို စိတ်ဝင်စားကြတယ်လို့ မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး Tattoo Artist မဖြူသဇင်စိုးက ဆိုပါတယ်။

Tattoo Artist တွေဟာ စက္ကူပေါ်မှာတောင် ရေးဆွဲဖို့ခက်တဲ့လက်ရာတွေကို လူရဲ့အရေပြားပေါ် ရသမြောက်အောင် ဖန်တီးနိုင်လာကြပြီမို့ တက်တူးကို အနုပညာတစ်ခုအနေနဲ့ မသတ်မှတ်လို့မရဘူးလို့ တက်တူးထိုးတဲ့စက်တွေ မြန်မာပြည်မရောက်ခင်ကတည်းက တက်တူးအနုပညာရှင်အဖြစ် ရပ်တည်ခဲ့တဲ့ ကိုတွတ်ပီက ဆိုပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘာ့ရေးရာ မှတ်တိုင်များ

၂၀၁၃ ခုနှစ် ကုန်ဆုံး၍ နှစ်သစ်သို့ကား ကူးပြောင်းခဲ့ချေပြီ။ နိုင်ငံတကာ ဇာတ်ခုံတွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ နှစ်ဟောင်း၏ နိုင်ငံတကာရေးရာ များကို ပြန်လည် လေ့လာကြည့်ရင်း ရှေ့နှစ် အလားအလာများကို စောင့်ကြည့်နိုင်စေရန် အတွက် Al-Jazeera သတင်းဌာန၏ နှစ်ဟောင်းသုံးသပ်ချက် များကို ရေးသား ဖော်ပြလိုက်ရပါသည်။

အာရပ်နွေဦး ပြောင်းပြန်ရိုက်ခတ်မှုများ

ကုန်လွန်ခဲ့သော ၂၀၁၃ ခုနှစ်သည် အာရပ်နွေဦး လူထုလှုပ်ရှားမှုများ၏ စတုတ္ထမြောက်နှစ် ဖြစ်ပေသတည်း။ တူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ အီရန်၊ ဘာရိန်းစသည့် နိုင်ငံများတွင် နွေဦးလှုပ်ရှားမှု များ၏ သက်ရောက်မှု များကြောင့် အပြောင်းအလဲများ ဖြစ်သည်တော့ ရှိသည်။ တန်ပြန် သက်ရောက်မှုများက ဆိုးကျိုးများဖြစ်စေ ခဲ့သည်ကိုလည်း တွေ့ရသည်။ တန်ပြန် တော်လှန်ရေးများ ဖြစ်သကဲ့သို့ တန်ပြန်ခြင်းကို ပြန်လည် တန်ပြန်သည့် တော်လှန်ရေးများလည်း ဖြစ်သည်။ အချို့ကိစ္စရပ်များက ငြိမ်းချမ်းစွာဖြစ်ခဲ့သည်။ သို့သော် သွေးထွက်သံယို အကြမ်းဖက်မှု များလည်း ဖြစ်ကြသည်။
အာရပ်ဒေသ အပြောင်းအလဲများ တွင် ၂၀၁၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဆီးရီးယား အဖြစ်အပျက်များက အလှုပ်ခတ်ဆုံးဟု ဆိုရပေမည်။ သေဆုံးသူပေါင်း တစ်သိန်းကျော်အထိ ရောက်ရှိသွားခြင်းက သွေးလန့်လောက်သည့် ကိန်းဂဏန်း ဖြစ်သည်။

ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း ယင်းလပ်ပြောကြား

Photo: ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း ယင်းလပ်ပြောကြား

ဘန်ကောက်၊ ဇန်နဝါရီ ၁၀

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါက ထိုင်းစစ်တပ်မှာ အာဏာသိမ်းမည်ကို စိုးရိမ်သည်ဟု အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောကြားလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

ထိုင်းစစ်တပ်အနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ထောက်ခံမှု အမျိုးမျိုးသော ဆန္ဒပြမှုများတွင် အရပ်သားများ ထိခိုက်မှု မရှိစေရန် တာဝန်အပြည့်ဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း၊ လာမည့် တနင်္လာနေ့တွင် ပြုလုပ်မည့် မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် လူတစ်ဦး တစ်ယောက်မျှ ထိခိုက်နာကျင်ခြင်း မရှိစေရန် ထိုင်းစစ်တပ် အနေနှင့် ကိုင်တွယ်သွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက ပြောကြားလိုက်သည်။

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က ယင်းကဲ့သို့ ပြောကြားလိုက်ပြီးနောက် ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်က ထုတ်ဖော် ပြောကြားခြင်းလည်း ဖြစ်သည်။

ထိုင်းစစ်တပ်အနေနှင့် အာဏာသိမ်းနိုင်ခြင်းရှိ မရှိ ခန့်မှန်းချက်များနှင့် ပတ်သက်၍ ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က မကြာခဏ ပယ်ချခဲ့သော်လည်း ပြတ်ပြတ်သားသား ပြောကြားခြင်း မရှိကြောင်း လေ့လာသုံးသပ်သူ အချို့က ပြောသည်။

ထိုင်းစစ်တပ် ခေါင်းဆောင်းပိုင်း အနေဖြင့် ယခင်က အာဏာ သိမ်းခဲ့သည်များမှ သင်ခန်းစာများ ရရှိထားကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြားသည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက တင့်ကားများ၊ စစ်သားများ ပါဝင်သော ဒါဇင်နှင့်ချီသော ထိုင်းစစ်တပ် တပ်ရင်းများသည် နယ်မှ ဘန်ကောက်မြို့စွန်ရှိ အမှတ် ၁၁ ခြေလျင်တပ်ဖွဲ့သို့ ရောက်ရှိ လာသောကြောင့် ထိုင်းတွင် စစ်တပ် အာဏာသိမ်းမည် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ခဲ့ရသည်။

သို့သော် ယင်းကဲ့သို့ ဘန်ကောက်သို့ နယ်မှစစ်တပ်များ ရောက်ရှိလာခြင်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျရောက်သည့် ထိုင်း တပ်မတော်နေ့အတွက် စစ်ရေးပြ အခမ်းအနား ပြုလုပ်ရန် ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ အာဏာသိမ်းမည်ဟူသော ကောလာဟလ များကို အမှတ် ၁ ခြေလျင်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် ဗာရာဘွန်းရာဆစ်က ငြင်းဆိုခဲ့သည်။

ထိုင်းတွင် ယင်းလပ် ဆန့်ကျင်သော အင်အားစုများက ဇန်နဝါရီလ ၁၃ ရက်နေ့တွင် မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမည် ဖြစ်သကဲ့သို့၊ ထိုင်းမြောက်ပိုင်း ပြည်နယ်များတွင်လည်း ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက ဆန္ဒပြကြမည်ကြောင်း ရှပ်နီခေါင်းဆောင် ချက်တူပေါင်ပရွန်ပန်က ပြောကြားသည်။

ဘန်ကောက်၊ ဇန်နဝါရီ ၁၀

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် ယင်းလပ် ဆန့်ကျင်သူများ၏ မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပါက ထိုင်းစစ်တပ်မှာ အာဏာသိမ်းမည်ကို စိုးရိမ်သည်ဟု အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ပြောကြားလိုက်ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

ထိုင်းစစ်တပ်အနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ထောက်ခံမှု အမျိုးမျိုးသော ဆန္ဒပြမှုများတွင် အရပ်သားများ ထိခိုက်မှု မရှိစေရန် တာဝန်အပြည့်ဖြင့် ကာကွယ်သွားမည် ဖြစ်ကြောင်း၊ လာမည့် တနင်္လာနေ့တွင် ပြုလုပ်မည့် မြို့တော်ဘန်ကောက် ရပ်ဆိုင်းပစ်ရေး ဆန္ဒပြမှုတွင် လူတစ်ဦး တစ်ယောက်မျှ ထိခိုက်နာကျင်ခြင်း မရှိစေရန် ထိုင်းစစ်တပ် အနေနှင့် ကိုင်တွယ်သွားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက ပြောကြားလိုက်သည်။

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ်က ယင်းကဲ့သို့ ပြောကြားလိုက်ပြီးနောက် ထိုင်းစစ်တပ် အာဏာသိမ်းမည်ကို စိုးရိမ်ကြောင်း အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ယင်းလပ်က ထုတ်ဖော် ပြောကြားခြင်းလည်း ဖြစ်သည်။

ရေမြောင်းတူးရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အုတ်ခဲပြားများတွေ့ရှိ

Photo: ရေမြောင်းတူးရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အုတ်ခဲပြားများတွေ့ရှိ

ပြည်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဝက်ထီးကန် တိုက်နယ် နတ္တလင်း ကျေးရွာအုပ်စု အတွင်းရှိ လယ်ကွင်းအတွင်း ရေမြောင်း တူးရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အုတ်ခဲပြားများ တွေ့ရှိခဲ့ရကြောင်း အဆိုပါ ကျေးရွာ ဒေသခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့က နွေစပါး စိုက်ပျိုးရန်အတွက် လယ်ကွက်ပိုင်ရှင် ဦးကြည်ခိုင်က ရေနုတ်မြောင်းတူးစဉ် အုတ်ရိုးပုံသဏ္ဌာန် အုတ်ချပ်များ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နတ္တလင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ပြောကြားသည်။
“ဒီအုတ်တွေက ရှေးဟောင်း အုတ်ချပ်တွေ ဟုတ်မဟုတ် သက်ဆိုင်ရာက လာရောက် စစ်ဆေးပေးဖို့အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တင်ပြသွားမယ်။ ထုက နှစ်လက်မခွဲ၊ အနံက ကိုးလက်မရှိတယ်။ အလျားကတော့ ကျိုးပဲ့နေလို့ တိုင်းတာကြည့်လို့ မရသေးဘူး” ဟု ၎င်းကဆိုသည်။

ရှေးဟောင်းပစ္စည်းဟု ယူဆရသည့်အတွက် ဆက်လက်တူးဖော်ခြင်း မပြုဘဲ ရပ်ဆိုင်းထားကြောင်း၊ ယင်းလယ် တစ်ဝိုက်တွင် ယခင် ကာလများက ရှေးဟောင်း မြေဆေးတံ၊ ကြေးတိုကြေးစများ တွေ့ရှိ ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပြည်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ ဝက်ထီးကန် တိုက်နယ် နတ္တလင်း ကျေးရွာအုပ်စု အတွင်းရှိ လယ်ကွင်းအတွင်း ရေမြောင်း တူးရာမှ ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အုတ်ခဲပြားများ တွေ့ရှိခဲ့ရကြောင်း အဆိုပါ ကျေးရွာ ဒေသခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့က နွေစပါး စိုက်ပျိုးရန်အတွက် လယ်ကွက်ပိုင်ရှင် ဦးကြည်ခိုင်က ရေနုတ်မြောင်းတူးစဉ် အုတ်ရိုးပုံသဏ္ဌာန် အုတ်ချပ်များ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း နတ္တလင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ပြောကြားသည်။
“ဒီအုတ်တွေက ရှေးဟောင်း အုတ်ချပ်တွေ ဟုတ်မဟုတ် သက်ဆိုင်ရာက လာရောက် စစ်ဆေးပေးဖို့အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို တင်ပြသွားမယ်။ ထုက နှစ်လက်မခွဲ၊ အနံက ကိုးလက်မရှိတယ်။ အလျားကတော့ ကျိုးပဲ့နေလို့ တိုင်းတာကြည့်လို့ မရသေးဘူး” ဟု ၎င်းကဆိုသည်။

ငါးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး မဏိပူရ ပြည်နယ်တွင် မုဒိမ်းကျင့်ခံရ၍ သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရပြည်နယ် ချူရာချန်ဒရာ ပူးရ်မြို့ရှိ ငသည် ကျေးရွာတွင် နေထိုင်သော မြန်မာလူမျိုး ဇနီးမောင်နှံနှစ်ဦး၏ သမီးဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ် ဇင်ဇင်မူးသည် ဇန်နဝါရီ လ ၈ ရက်နေ့က မုဒိမ်းကျင့်ခံရ၍ သေဆုံးသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်သည် ဇန်နဝါရီ လ ၇ ရက်နေ့ နံနက်ပိုင်းက အဒေါ်ဖြစ်သူ၏ အိမ်သို့ ထွက်သွားခဲ့ရာမှ နေအိမ်သို့ ပြန်လည် ရောက်မလာ၍ မိသားစုဝင်များက ရဲစခန်းသို့ တိုင်တန်းသဖြင့် ရှာဖွေရာတွင် ငသည်ရွာနှင့် မိုင်ဝက်ကျော် ကွာဝေးသော ဝါးတောအနီးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်၏ ကိုယ်ပေါ်တွင် အဝတ်အစားများ ကင်းမဲ့နေကြောင်း၊ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိသော်လည်း အထိတ်တလန့် ဖြစ်ခဲ့မှုကြောင့် နှလုံးခုန်ရပ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဆေးစစ်ချက်များအရ သိရသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စီးပွားရေးတက္ကသိုလ်ပါမောက္ခတစ်ဦးအား မယူမနေရပင်စင်ဖြင့် ထုတ်ပယ်

0106 copy

ရန်ကုန်၊ ဇန်နဝါရီ ၁၁။
ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ်တွင် ဆရာမ တစ်ဦးအား ဆရာမကျင့်ဝတ်နှင့် မညီဟုဆိုကာ ဆရာမအလုပ်ဖြစ်မှ ထုတ်ခဲ့ပြီး ယခုတွင်လည်း ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာနမှ ပါမောက္ခတစ်ဦးအား နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၄၁ မယူမနေရ ပင်စင်ဖြင့် ထုတ်ပယ်လိုက်ကြောင်း ဇန်နဝါရီ ၁၁ ရက်နေ့က  သိရသည်။
ပထမ ကျောင်းဆရာမတစ်ဦးအား ၈၈ တက်ပွဲအား တက်ရောက်ခဲ့သည့်အတွက် အကြောင်းမဲ့ ထုတ်ပယ်ခဲ့ဖူးပြီး ယခုတွင်လဲ ၎င်းအား မည့်သည့်အကြောင်းပြချက်ဖြင့် မယူမနေရ ပင်စင်ပေးကာ ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်းကို မသိရှိကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် စီးပွားရေး ပညာဌာနမှ (ဌာနမှူး) ပါမောက္ခ ဒေါက်တာ ဒေါ်ကျင်ဌေးက ပြောသည်။
“ကျွန်မဝန်ထမ်း တစ်လျှောက်လုံးမှာ နိုင်ငံ့ဝန်ထမ်းဥပဒေအရ ဌာနဆိုင်ရာ စစ်ဆေးမှု ရှေးဦးစုံစမ်းစစ်ဆေး မှုပြုလုပ်ခံရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်မကို သမ္မတရုံးက နေပြီးတော့ အမိန့်ကြော်ငြာစာ ထွက်လာတော့မှ မယူမနေရပင်စင် ပေးခံခဲ့ရတယ်ဆိုတာကို သိတာပါ ” ဟု ဒေါ်ကျင်ဌေး က ဆိုသည်။
ပြည်ထောင်စုသမ္မတနိုင်ငံ ဝန်ထမ်းဥပဒေ ပုဒ်မ ၄၁ တွင် ဝန်ထမ်းတစ်ဦးသည် အပြစ်ရှိကြောင်း ပေါ်လွင် ထင်ရှားနေသည့် ကိစ္စတွင် ထင်ရှားနေပါက အဆိုပါဝန်ထမ်းအား စုံးစမ်းစစ်ဆေးခြင်းအား မပြုနိုင်ပဲ ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်အားချမှတ်နိုင်သည်ဟုဆိုထားသည်။

iPhone 6 နဲ့ အပြိုင် ထွက်လာတော့မည့် Samsung GALAXY S5

အားလုံး စိတ်ဝင်စားနေကြတဲ့ Samsung ရဲ့ Galaxy S5 စမတ်ဖုန်းဟာ လာမယ့် ဧပြီလထဲ ပွဲထွက်လာမှာ ဖြစ်ကြောင်း နိုင်ငံတကာ သတင်းတွေအရ သိရှိရပါတယ်။ အစောပိုင်းတည်းက သတင်းတွေ ထွက်ရှိထားတဲ့အတိုင်း အဆိုပါ စမတ်ဖုန်းမှာ သုံးစွဲသူရဲ့ မျက်ဝန်းကို ဖတ်နိုင်မယ့် ‘Iris Scanner’ လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ လက်ရှိ Galaxy S4 မှာလည်း မျက်လုံးရဲ့ ရွေ့လျားမှုကို အာရုံခံနိုင်မယ့် Sensor ပါဝင်ပေမယ့် ထင်သလောက် မကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် Galaxy S5 ဟာ ပိုမိုကောင်းမွန်လာမယ့် Sensor တွေ၊ Scanner တွေနဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

ဒီသတင်းကို Samsung ရဲ့ မိုဘိုင်းဌာနအကြီးအကဲ လီယွန်ဟီးမှ အတည်ပြု ပြောကြားခဲ့တာပါ။ ဒီသတင်းအရ Samsung အနေနဲ့ နောက်လထဲ စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ကျင်းပမယ့် MWC (Mobile World Congress) မှာ ဘယ်စမတ်ဖုန်းအသစ်ကိုမှ မိတ်ဆက်ပွဲထုတ်မှာ မဟုတ်ဘဲ ဧပြီလရောက်မှသာ Launch လုပ်မှာ ဖြစ်ပါတယ်။

အခုထွက်ရှိမယ့် Galaxy S5 ဟာ လက်ရှိ iPhone 5S နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ၂၀၁၄ ထဲမှာတင် ထွက်ရှိလာမယ့် iPhone 6 နဲ့ပါ ဆက်လက်ယှဉ်ပြိုင် သွားရမှာပါ။ သေချာတာကတော့ ဒီဖုန်းမှာ မျက်ဝန်းကိုဖတ်မယ့် ‘Iris Scanner’ ပါဝင်လာမှာ ဖြစ်ပြီး အခြားသော Scanner လည်း ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် အရင်ကထွက်ရှိခဲ့သမျှ Samsung ဖုန်းတွေနဲ့ ကွဲပြားစေမယ့် ဒီဇိုင်းပုံစံအသစ်ကိုလည်း တွေ့ရမှာ ဖြစ်တယ်လို့ Samsung ရဲ့ အကြီးအကဲ မစ္စတာ လီယွန်ဟီးက ဆက်လက်ပြောကြားခဲ့ပါတယ်။ ကွဲပြားတယ်ဆိုပေမယ့် ပုံမှာတွေ့ရတဲ့အတိုင်း အရင်ဖုန်းတွေရဲ့ ဒီဇိုင်းပုံစံကိုပဲ အခြေခံထုတ်လုပ်ထားတာပါ။

တရုတ်ဗလီမှ ရုတ်ရုတ်သည်းသည်းနှင့် လူသေသည့်ဖြစ်ရပ် သက်ဆိုင်ရာ အရာရှိများ ရာထူးမှ ဖယ်ရှားခံရ

02
ဇန်နဝါရီ ၁၁။
ယခုတစ်ပတ်အတွင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှ ရှိကျိနယ်တွင် ဗလီတစ်ခုတွင် ဘာသာရေး ခေါင်းဆောင် လာရောက်လည်ပတ်ပြီးနောက်ပိုင်း ဆင်းရဲသားများကို အစားအစာ လှူဒါန်းနေချိန်တွင် ရုတ်တရက် လူအများ အထိတ် တလန့် ထပြေးကြသဖြင့် လူပိသေဆုံးသူ ၁၄ဦးနှင့် ဒဏ်ရာရသူ ၁၀ဦးကျော်ခန့် ရှိခဲ့သည်။ ထိုဖြစ်ရပ်အတွက် စီရင်စုမှ အကြီးအကဲနှင့် အခြားအရာရှိသုံးဦးကို ဆင်ရဲသားပရိသတ်များအပေါ် စီမံခန့်ခွဲမှု ညံ့သည်ဟူသော ပြစ်ချက်ဖြင့် ဇန်န၀ါရီ ၉ရက်တွင် ရာထူးမှ ဖယ်ရှားလိုက်သည်။
ဇန်န၀ါရီ ၆ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အတွက် ရှိကျိစီရင်စုမှ ခေါင်းဆောင် ရန်လီရှင်သာမက ဗလီမှ အုပ်ချုပ် ရေးမှူးကိုလည်း ရာဇ၀တ်မှုတာဆီးရေးတွင် ပေါ့ဆမှုဖြင့် ထိန်းသိမ်းထားသည်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ Ningxia Hui ဒေသမှ ရှိကျိစီရင်စုတွင် တရုတ်စကားပြော မွတ်စလင်အများ စုနေုထိုင်ရာအရပ်ဖြစ်သည်။
တရုတ်တွင် ကွန်ပြူနစ်ပါတီ၏  အုပ်ချုပ်မှုအောက်တွင် ဘာသာရေးနှင့် ယဉ်ကျေးမှုဘ၀များ တင်းကြပ်မှုများ စွာ ရှိနေဆဲ ဖြစ်သည်။
Ref: Xinhua
The Myanma Age

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ဆွမ်းဘုန်းပေးခြင်းမရှိ လမ်းလျှောက်မေတ္တာပို့နေသောဆရာတော် ဆင်ပေါင်ဝဲမြို့နယ် သို့ရောက်ရှိ

030
အောင်လံ၊ ဇန်န၀ါရီ ၁၁။
နိုင်ငံအ၀ှမ်း အကျဉ်းထောင် အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆွမ်းဘုန်းမပေးဘဲ လမ်းလျှောက်ကာ မေတ္တာပို့ ဆုတောင်းနေသော ဆရာတော် ဦးရက္ခ၀ံသ သည် ဇန်န၀ါရီလ (၁၀)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။
“ ဦးဇင်းက (၅)ရက်နေ့ကတည်းကဂွေးပင်ကစထွက်လာတာ၊ ခြောက်ရက်ရှိပြီ ရခိုင်ပြည်နယ်ကျောက်တော်က မဟာမြတ်မုနိဘုရားကြီးကို ခဏ ၀င်ဖူးမယ်၊နောက် စစ်တွေမြို့ပေါ်က ဦးဥတ္တမ ပန်းခြံမှာ  ခရီးစဉ်ကို အဆုံး သတ် မှာပါ” ဟု ဆရာတော်ကပြောသည်။
ဆရာတော်၏ ခရီးစဉ်အတွင်းတွင် ကြီးမားသောနှောင့်ယှက်ဟန့်တားမှုများ မကြုံတွေ့ရသော်လည်း ဖြတ်သန်းခဲ့ ရာလမ်းတစ်လျှောက် မြို့ရွာများတွင် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ထားသည်ဟု ကြားသိရကြောင်းလည်း ဆရာတော်၏ ပြောကြားချက်အရ သိရသည်။
“ ဂွေးပင်ကနေ စထွက်လာတာ၊ ရေနံချောင်း စတဲ့ ဖြတ်လာခဲ့တဲ့မြို့တွေမှာ ပုဒ်မ(၁၈)နဲ့ တရားစွဲထားတယ်လို့ တော့ကြားတယ်၊ ခုထိ တရားဝင်လာပြောတာတော့ မရှိသေးဘူး” ဟု ဆရာတော်က ပြောသည်။

ကန်ဒေါ်လာ ၂ ဒသမ ၃ သန်းတန် ပဲလောက ငွေကြေး အရှုပ်အရှင်း ထပ်မံပေါ်ပေါက်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကျပ်သိန်းသောင်းနှင့်ချီသော ၂၀၀၈ ခုနှစ် ပဲလောက ငွေကြေး အရှုပ်အရှင်း ပေါ်ပေါက်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းတန် ငွေကြေး အရှုပ်အရှင်းတစ်ရပ် ထပ်မံပေါ်ပေါက်ကြောင်း ပြည်တွင်း ပဲဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စင်ကာပူနှင့် ကာတာနိုင်ငံတို့မှ ကုမ္ပဏီ ၁၁ ခုက မြန်မာဘက်ရှိ Great Light ကုမ္ပဏီနှင့် ဆက်သွယ်၍ ပဲဝယ်ရန် ငွေကြိုပေးခဲ့ကြောင်း၊ သို့သော်ပဲဈေး မြင့်တက်ပြီး ပစ္စည်း မအပ်နိုင်ခြင်းကြောင့် ယင်းသို့ငွေကြေး ပြဿနာများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဘဉာဏ်က ပြောကြားသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ သန်းတန် ပဲကွန်တိန်နာ ၁၅၀ ခန့်ကို တင်ပို့ရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်ပြီး ကွန်တိန်နာပုံး တစ်ပုံးလျှင် ပဲတန်ချိန် ၂၄ တန်ရှိပြီး စုစုပေါင်း ပဲတန်ချိန် ၃၆၀၀ ခန့် ရှိနိုင်သည်ဟု ၎င်းက ထပ်မံပြောကြားသည်။

ရန်ကုန်-သုံးခွ ကားပေါ်မှ မူးဝေအော့အန်နေသူ အမျိုးသမီးကို အိမ်ပြန်ပို့ပေးမည်ဟုဆိုကာ အမျိုးသားနှစ်ဦး အဓမ္မကျင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ခရီးသည်တင်ယာဉ် စီးနင်းလာသော အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ခေါင်းမူးကာ အော့အန်နေသောကြောင့် အမျိုးသားနှစ်ဦးက အိမ်လိုက်ပို့ပေးမည်ဟုဆိုကာ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းက မြောက်ဥက္ကလာပ မြို့နယ်တွင်းရှိ တည်းခိုခန်းသို့ ခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခဲ့မှုကို ဇန်နဝါရီလ ၉ ရက်နေ့တွင် မြောက်ဥက္ကလာပ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်းကြားခဲ့ကြောင်း ယင်းစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

လှိုင်သာယာမြို့နယ်၊ (၁၃) ရပ်ကွက်တွင် နေထိုင်သော အထည်ချုပ် အလုပ်သမ အမျိုးသမီးမှာ ဇန်နဝါရီလ ၅ ရက်နေ့က ဆွေမျိုးများရှိရာ ခရမ်းမြို့သို့ နေ့ချင်းပြန် အလည်သွားရောက်ခဲ့ပြီး ရန်ကုန်-သုံးခွ ပြေးဆွဲနေသော ခရီးသည်ယာဉ်ဖြင့် ပြန်လာစဉ် ကားမူးကာ အော့အန်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားစဉ် အမျိုးသမီး၏ အနီးတွင် လိုက်ပါလာသော အသက် ၃၀ အရွယ်ခန့် အမျိုးသားနှစ်ဦးက ပေးသော ရေသန့်ဘူးဖြင့် ပလုတ်ကျင်းခဲ့ရာမှ ပိုမိုမူးဝေ သွားခဲ့ကြောင်း အဆိုပါ အမျိုးသမီး၏ တိုင်တန်းချက်အရ သိရှိရသည်။

ကျောက်တန်းမြို့သို့ ရောက်ရှိချိန်တွင် မူးဝေနေသော အမျိုးသမီးကို အမျိုးသားနှစ်ဦးက နေအိမ်သို့ ပို့ဆောင် ပေးမည်ဟုဆိုကာ ခရီးသည်ယာဉ်မှ ဆင်းပြီး အငှားယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက် သုဇိတာလမ်းရှိ တည်းခိုခန်းသို့ ခေါ်ဆောင်ခဲ့ပြီး အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ

Photo: စက်ဘီးပြင်သမားကနေ သန်းကြွယ်သူဌေး ဖြစ်လာသူ

အမေရိကန်နိုင်ငံမှာပါ။ Chris Zane လို့အမည်ရတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ မိဘ ၂ ပါးက စက်ဘီး ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်တာပါ။

နောက်တော့ စက်ဘီးဆိုင်က အရောင်းမထွက်ပဲ ပိတ်ခါနီးအချိန် အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ Chris Zane က ဆက်ဖွင့်ရန် တောင်းဆိုပါတယ်။ အဘိုးဖြစ်သူထံက အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကိုအတိုးနဲ့ ချေးငှားခဲ့ပြီး စက်ဘီးဆိုင်လေးကို ပြန်ဖွင့် ပါတယ်။ စက်ဘီးပဲ ရောင်းတာ မဟုတ်တော့ ပါဘူး။ စက်ဘီး လေထိုး၊ ကျွတ်ဖာတာကစလို့ သူကိုယ်တိုင် လုပ်ကိုင်ပါ တယ်။ မနက်ပိုင်း ကျောင်းသွားချိန် အမေ့ကို ဆိုင်စောင့်ခိုင်းပြီး ညနေမှာ ဆိုင်ကို သူတာဝန်ယူပါတယ်။

ယနေ့ Chris Zone ရဲ့  အသက်က ၄၆ နှစ်ရှိသွားပါပြီ။ သူ့ရဲ့ နှစ်စဉ်ဝင်ငွေ ကလည်း အမေရိကန်ဒေါ်လာ ၂၁ သန်းအထိ မြင့်တက် သွားပါတယ်။ သူ အသက်ငယ်စဉ် စတင်လုပ်ကိုင်တုန်းက စက်ဘီး သိပ်အများကြီး မတင်ရောင်းနိုင်ခဲ့ပါတယ်။ တစ်နှစ်ပြီး တစ်နှစ် သူ့လုပ်ငန်းငယ်လေးကို တိုးချဲ့ လာတာ အမေရိကန်က စက်ဘီး ကုမ္မဏီတို့ အားထားရတဲ့ အရောင်းဆိုင် တစ်ခု ဖြစ်လာပါတယ်။ ယနေ့မှာ Chris Zone ဟာ သန်းကြွယ် သူဌေးဖြစ်ပြီး အများလေးစားခံရတဲ့ Entrepreneur တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။
.
Ref: inc
အောင်ခမ်း ( ရိုးရာလေး )

.YoYarLy

LG ရဲ့ Lifeband Touch လက်ပတ်

Photo: LG ရဲ့ Lifeband Touch လက်ပတ်
===================

စမတ် လက်ကောက်တွေ၊ လက်ပတ်တွေ၊ လက်စွပ်တွေ ခေတ်စားနေချိန်မှာ LG ကလည်း အားကျမခံ ရွှေလက်ပတ်ကိုထုတ်လိုက်ပါပြီ။
သူကတော့ LG Version Smart Fitness Gear ပါ။ Samsung  Galaxy Gear လိုမျိုးပေါ့၊ 

Touch OLED Display နဲ့ဖြစ်ပါတယ်။ LG ရဲ့ ပထမဦးဆုံး စမတ်လက်ပတ်တစ်ခုဆိုလည်းမမှားပါဘူး။ 

အခြားတွေ့နေကြ စမတ်လက်ပတ်တွေလိုပဲ ဒီ LG
 စမတ်လက်ပတ်ကို ရင်းနှီးကျွမ်းဝင်စေမှာ ဖြစ်ပါတယ်။  
သူက ဖုန်းခေါ်ဆိုမူတွေ၊ အချက်ပေးစနစ်တွေကို အဓိကထား အချက်ပေးသွားမှာ ဖြစ်ပါတယ်။
မက်ဆေ့ရောက်ရင် ရောက်နေပြီး အဲဒီလိုမျိုးပေါ့ ။ 

Music ထိန်းချုပ်မူတွေနဲ့ အခြား အသံကွန်ထရိုး၊ အသံတိတ်ခေါ်ဆိုမူစတဲ့ အရာများကိုလည်း ဒီ Touch Screen ဖြစ်တဲ့နေရာကနေ ထိန်းချုပ်နိင်မှာ ဖြစ်ပါတယ်။

နာရီတွေ အချက်ပေးမူတွေကို ကြည့်ချင်ရင် လက်ကောက်ဝတ်ကို တစ်ချက်ပင့်တင်လိုက်ရုံပါပဲ။ စမတ်ကျလှတဲ့ LG လက်ပတ်လေးပါ။

ဖုန်းမှာ Apps တစ်ခုနဲ့ ပူးတွဲသုံးရမှာ ဖြစ်ပါတယ်။RunKeeper နဲ့  MyFitnessPal လိုမျိုး Apps တွေပေါ်မှာ လည်းအသုံးပြုနိင်ပါလိမ့်မယ်။

iOS နဲ့ Android နှစ်မျိုးလုံးမှာ သုံးနိင်ပါတယ်။

Aung Heine ( www.smart.com.mm )

စမတ် လက်ကောက်တွေ၊ လက်ပတ်တွေ၊ လက်စွပ်တွေ ခေတ်စားနေချိန်မှာ LG ကလည်း အားကျမခံ ရွှေလက်ပတ်ကိုထုတ်လိုက်ပါပြီ။
သူကတော့ LG Version Smart Fitness Gear ပါ။ Samsung Galaxy Gear လိုမျိုးပေါ့၊

Touch OLED Display နဲ့ဖြစ်ပါတယ်။ LG ရဲ့ ပထမဦးဆုံး စမတ်လက်ပတ်တစ်ခုဆိုလည်းမမှားပါဘူး။

အခြားတွေ့နေကြ စမတ်လက်ပတ်တွေလိုပဲ ဒီ LG
စမတ်လက်ပတ်ကို ရင်းနှီးကျွမ်းဝင်စေမှာ ဖြစ်ပါတယ်။
သူက ဖုန်းခေါ်ဆိုမူတွေ၊ အချက်ပေးစနစ်တွေကို အဓိကထား အချက်ပေးသွားမှာ ဖြစ်ပါတယ်။
မက်ဆေ့ရောက်ရင် ရောက်နေပြီး အဲဒီလိုမျိုးပေါ့ ။

Music ထိန်းချုပ်မူတွေနဲ့ အခြား အသံကွန်ထရိုး၊ အသံတိတ်ခေါ်ဆိုမူစတဲ့ အရာများကိုလည်း ဒီ Touch Screen ဖြစ်တဲ့နေရာကနေ ထိန်းချုပ်နိင်မှာ ဖြစ်ပါတယ်။

သမ္မတဖြစ်ရေး အဓိကမကျဟု ဒေါ်အောင်ဆန်းစုကြည်ဆို

သမ္မတဖြစ်ရေး အဓိကမကျဟု ဒေါ်အောင်ဆန်းစုကြည်ဆို

ကလေး၊ ဇန်နဝါရီ ၁၀

အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေခြင်းသည် မိမိသမ္မတ ဖြစ်ရေးအတွက် မဟုတ်ဘဲ ပြည်သူအားလုံး တန်းတူအခွင့်အရေး ရရှိစေရန်သာ အဓိကကျကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်သော ကလေးမြို့ လူထုနှင့် တွေ့ဆုံ ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“တကယ်အဓိကကတော့ သမ္မတဖြစ်ရေး၊ မဖြစ်ရေးက အဓိက မဟုတ်ပါဘူး။ ပြည်သူအားလုံး တန်းတူညီတူ သမ္မတဖြစ်နိုင်ရေး အခွင့်အရေး ရရှိရေးသာ အဓိကပါ” ဟု ၎င်းကပြောဆိုသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံများက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ဖျက်ဆီးသော အခြေခံဥပဒေအား မပြင်လျှင် သမ္မတ မဖြစ်နိုင်မည်ကို စိုးရိမ်သောက ရောက်နေ သဖြင့် ဖြေကြားပေးရန် မေးမြန်းမှုနှင့် ပတ်သက်၍  အထက်ပါအတိုင်း ဖြေကြားသွားခြင်း ဖြစ်ပြီး မိမိလည်း ပြည်သူတစ်ယောက် အနေဖြင့် ယင်းအခွင့်အရေးအား ရလိုကြောင်း ဆက်လက် ပြောကြားသည်။
“ကျွန်မလည်း ပြည်သူထဲက တစ်ယောက်အနေနဲ့ ဒီအခွင့်အရေး ရရှိချင်ပါတယ်။ ဒါပေမဲ့ ကျွန်မကလေ ကိစ္စတစ်ခုကို မဖြစ်နိုင်ဘူးဆိုတာ ဘယ်တော့မှ မရှိဘူး။ ဘာမှမဖြစ်နိုင်တာ မရှိဘူး။ ဖြစ်အောင်လုပ် သွားမယ်လို့ ကျွန်မစိတ်ထဲမှာ ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဇန်နဝါရီ ၉ ရက်နေ့က ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် မတူပီမြို့ခံ ချင်းတိုင်းရင်းသား တစ်ဦးက ပုဒ်မ ၅၉ (စ) ကို မပြင်ပေးလျှင် မည်သို့ ဆောင်ရွက်မည် နည်းဟု မေးမြန်းသော မေးခွန်းကို ဖြေကြားရာတွင် “ဒီတော့ ၅၉ (စ) ကို မပြောင်းခဲ့လို့ ရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို လုပ်မလဲဆိုပြီးတော့ မေးတဲ့ မေးခွန်းကိုတော့ ပြောင်းမလား၊ မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့ အခါကျမှ ကျွန်မတို့ ပြောပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်တစ်ခုဟာ သိပ်ပြီးတော့ စောပြီးတော့ လုပ်လို့ ရှိရင်လည်း မသင့်တော်ပါဘူး။ ကျွန်မတို့ရဲ့ မူဝါဒဟာ ဘာလဲဆိုတာ ထုတ်ပြောပါမယ်။ ကျွန်မတို့မှာ စဉ်းစားထားပြီးတာတော့ ရှိပါတယ်လို့ ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၇ ရက်နေ့တွင် စတင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ချင်းပြည်နယ် ဒေသခံများ၏ သဘောထားရယူရန် ခရီးတွင် တီးတိန်၊ ဖလမ်း၊ ဟားခါးမြို့များသို့ သွားရောက်ခဲ့ပြီး ဒေသခံများက ရာနှုန်းပြည့် နီးပါး ပြင်ဆင်ရန် ထောက်ခံ ခဲ့ကြကြောင်း၊ ကလေးမြို့တွင်လည်း တက်ရောက်လာသော ပရိသတ် ၄၀၀၀ ခန့်မှ ၉၉ ရာခိုင်နှုန်း ပြင်ဆင်ရန် ထောက်ခံခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်သည်။

ကလေး၊ ဇန်နဝါရီ ၁၀

အခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်နေခြင်းသည် မိမိသမ္မတ ဖြစ်ရေးအတွက် မဟုတ်ဘဲ ပြည်သူအားလုံး တန်းတူအခွင့်အရေး ရရှိစေရန်သာ အဓိကကျကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပြုလုပ်သော ကလေးမြို့ လူထုနှင့် တွေ့ဆုံ ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“တကယ်အဓိကကတော့ သမ္မတဖြစ်ရေး၊ မဖြစ်ရေးက အဓိက မဟုတ်ပါဘူး။ ပြည်သူအားလုံး တန်းတူညီတူ သမ္မတဖြစ်နိုင်ရေး အခွင့်အရေး ရရှိရေးသာ အဓိကပါ” ဟု ၎င်းကပြောဆိုသည်။

တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံများက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် ဖျက်ဆီးသော အခြေခံဥပဒေအား မပြင်လျှင် သမ္မတ မဖြစ်နိုင်မည်ကို စိုးရိမ်သောက ရောက်နေ သဖြင့် ဖြေကြားပေးရန် မေးမြန်းမှုနှင့် ပတ်သက်၍ အထက်ပါအတိုင်း ဖြေကြားသွားခြင်း ဖြစ်ပြီး မိမိလည်း ပြည်သူတစ်ယောက် အနေဖြင့် ယင်းအခွင့်အရေးအား ရလိုကြောင်း ဆက်လက် ပြောကြားသည်။
“ကျွန်မလည်း ပြည်သူထဲက တစ်ယောက်အနေနဲ့ ဒီအခွင့်အရေး ရရှိချင်ပါတယ်။ ဒါပေမဲ့ ကျွန်မကလေ ကိစ္စတစ်ခုကို မဖြစ်နိုင်ဘူးဆိုတာ ဘယ်တော့မှ မရှိဘူး။ ဘာမှမဖြစ်နိုင်တာ မရှိဘူး။ ဖြစ်အောင်လုပ် သွားမယ်လို့ ကျွန်မစိတ်ထဲမှာ ရှိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်တွင်းထုတ် အရက်၊ ဘီယာအခွန် ပြင်ပပေါက်ဈေး၏ ၆၅ ရာခိုင်နှုန်းဖြင့် ကောက်ခံမည်

ပြည်တွင်းထုတ် အရက်၊ ဘီယာအခွန် ပြင်ပပေါက်ဈေး၏ ၆၅ ရာခိုင်နှုန်းဖြင့် ကောက်ခံမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပြည်တွင်းမှ ထုတ်လုပ်သော အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့ကို အခွန်ကောက်ခံရာတွင် ပြင်ပတွင် ရောင်းချနေသော ပေါက်ဈေးနှုန်းထား၏ ၆၅ ရာခိုင်နှုန်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ယင်းနှုန်းထားဖြင့် ဇန်နဝါရီလအတွင်း စတင်ကောက်ခံမည် ဖြစ်ပြီး အခွန် ပိုမိုရရှိစေရန်နှင့် ပြင်ပဈေးနှုန်းနှင့် စက်ရုံထုတ် ဈေးနှုန်းများ ကွာဟချက် မကြီးမားရန် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

လတ်တလောတွင် ပြည်ပ အရက်၊ ဘီယာ ရောင်းချခြင်းနှင့် တင်သွင်းခွင့်များကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပိတ်ပင်ထားခြင်းကြောင့် ပြည်တွင်း အရက်၊ ဘီယာများ ဈေးနှုန်းများ မြင့်မားလျက် ရှိပြီး စက်ရုံထုတ်ဈေးနှင့် ပြင်ပရောင်းချဈေးနှုန်း ကွာဟနေမှု များကြောင့် ယင်းသို့ ပြင်ပပေါက်ဈေးအတိုင်း အခွန်ကောက်ခံခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“စက်ရုံက ၃၀၀ လောက်နဲ့ ထုတ်တယ်။ ပြီးတော့အပြင်မှာ ၂၀၀၀ လောက်နဲ့ ပြန်ရောင်းနေတယ်။ အဲဒီတော့ အပြင်မှာ ရောင်းတဲ့ဈေးကိုပဲ စက်ရုံ ဈေးသတ်မှတ်ပြီးတော့ အခွန်ကောက်မယ်” ဟု ၎င်းကပြောဆိုသည်။ 

ပြည်တွင်းရှိ အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးကို ကုန်သွယ် လုပ်ငန်းခွန်အဖြစ် ပြည်တွင်းအခွန်များ ဦးစီးဌာနသို့ ၅၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည် ဖြစ်ကြောင်း ဇယား ၆ ပါ အခွန်ဥပဒေအဖြစ် သတ်မှတ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အရက်၊ ဘီယာ စက်ရုံပေါင်း ၁၀၀ ကျော် ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပြည်တွင်းမှ ထုတ်လုပ်သော အရက်၊ ဘီယာနှင့် ဝိုင်အမျိုးမျိုးတို့ကို အခွန်ကောက်ခံရာတွင် ပြင်ပတွင် ရောင်းချနေသော ပေါက်ဈေးနှုန်းထား၏ ၆၅ ရာခိုင်နှုန်းဖြင့် တွက်ချက် ကောက်ခံမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

ယင်းနှုန်းထားဖြင့် ဇန်နဝါရီလအတွင်း စတင်ကောက်ခံမည် ဖြစ်ပြီး အခွန် ပိုမိုရရှိစေရန်နှင့် ပြင်ပဈေးနှုန်းနှင့် စက်ရုံထုတ် ဈေးနှုန်းများ ကွာဟချက် မကြီးမားရန် ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

လတ်တလောတွင် ပြည်ပ အရက်၊ ဘီယာ ရောင်းချခြင်းနှင့် တင်သွင်းခွင့်များကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပိတ်ပင်ထားခြင်းကြောင့် ပြည်တွင်း အရက်၊ ဘီယာများ ဈေးနှုန်းများ မြင့်မားလျက် ရှိပြီး စက်ရုံထုတ်ဈေးနှင့် ပြင်ပရောင်းချဈေးနှုန်း ကွာဟနေမှု များကြောင့် ယင်းသို့ ပြင်ပပေါက်ဈေးအတိုင်း အခွန်ကောက်ခံခြင်း ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
“စက်ရုံက ၃၀၀ လောက်နဲ့ ထုတ်တယ်။ ပြီးတော့အပြင်မှာ ၂၀၀၀ လောက်နဲ့ ပြန်ရောင်းနေတယ်။ အဲဒီတော့ အပြင်မှာ ရောင်းတဲ့ဈေးကိုပဲ စက်ရုံ ဈေးသတ်မှတ်ပြီးတော့ အခွန်ကောက်မယ်” ဟု ၎င်းကပြောဆိုသည်။

မနက်အိပ်ယာထချိန် နွားနို့မသောက်သင့်

(ဝမ်းထဲအစာမရှိလျှင် နွားနို့မသောက်သင့်)

မနက်အိပ်ယာထထခြင်း ရေသောက် တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။

အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ ဆေးပညာရှင်တို့ လေ့လာအကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး မနက်အိပ်ယာထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ အရှင်းကြီးမဟုတ်ပဲ ချေဖြတ်ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန်မှာ ရေတစ် ခွက် သောက်ရုံတင် လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။

နွားနို့ဆိုရင် ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ အများစုသိထားတာက ပရိုတိန်းကြွယ်ဝတယ် ဆိုခြင်း ဖြစ်ပြီး ဗိုက်ထဲမှာ အက်ဆစ်ဓာတ်တွေပြည့်နေတာတော့ သတိထားမိသူနည်းမှာ ဖြစ်ပါတယ်။

မြန်မာယူထားတဲ့ အကြွေး ခရိုနာငွေ ၂၉၅ သန်းကို ဒိန်းမတ်လျှော်ပစ်

မြန်မာယူထားတဲ့ အကြွေး ခရိုနာငွေ ၂၉၅ သန်းကို ဒိန်းမတ်လျှော်ပစ်

ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံကနေ ရစရာရှိတဲ့အကြွေး ဒိန်းမတ် ခရိုနာငွေ ၂၉၅ သန်းကို လျှော်ပစ်လိုက်ပြီလို့ သိရပါတယ်။ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး မစ္စတာ ရာစ်မို့စ် ဟားလ်ဗက်ပီတာဆန် Rasmus Helveg Petersen က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ၉ ရက်နေ့ကတွေ့ဆုံပွဲမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆို လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက် မှုကို မိမိတို့နိုင်ငံက ထောက်ခံတယ်ဆိုတာ မြန်မာပြည် သူတွေကို သိစေချင်တဲ့အတွက် အခုလိုအရေးကြီးတဲ့ သတင်းစကားပါးလိုက်တာပါလို့ မစ္စတာ ပီတာဆန် က ပြောပါတယ်။

အခုလိုမိမိတို့ ဒိန်းမတ်အစိုးရကို အကြွေးပြန်ဆပ်စရာ မလိုတော့တဲ့အတွက်၊ ဒီငွေတွေကို မြန်မာပြည်သူတွေ ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက် သွယ်ရေးတွေမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုအရ လျှော်ပေးလိုက်တဲ့ ကြွေးမြီအများစုဟာ မြန်မာအစိုးရရဲ့ နှစ် ၃၀ ချေးငွေဖြစ်ပြီး၊ အဲဒီအကြွေးဟာ မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းစောင့်ကြည့်ဖို့ ဒိန်းမတ်နိုင်ငံက ဆောက်လုပ်တဲ့ သင်္ဘောတွေ ဝယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒိန်းမတ် ဖွံ့ဖြိုးရေးဝန်ကြီး မစ္စတာ ပီတာဆန်က ဆင်းရဲတဲ့ မြန်မာပြည်သူတွေ အကျိုးဖြစ်ထွန်းမယ့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆက်လက်ဆောင်ရွက်တဲ့အခါ အခုလို ကြွေးဟောင်းလျှော်ပေး တာဟာ အချိန်အခါအရ အသင့်တော်ဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။ အကြွေးလျှော်ပေးလိုက်တယ် ဆိုတာဟာလဲ ဒိန်းမတ်နိုင်ငံကနေ မြန်မာနဲ့ အခြားဆင်းရဲတဲ့နိုင်ငံတွေကို နောက်ထပ်ငွေကြေး ထောက်ပံ့ကူညီမယ့် အခြေအနေနည်းသွားပြီလို့ ဆိုလိုတာမဟုတ်ကြောင်းလည်း မစ္စတာ ပီတာဆန်က ပြောပါတယ်။

ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံကနေ ရစရာရှိတဲ့အကြွေး ဒိန်းမတ် ခရိုနာငွေ ၂၉၅ သန်းကို လျှော်ပစ်လိုက်ပြီလို့ သိရပါတယ်။ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး မစ္စတာ ရာစ်မို့စ် ဟားလ်ဗက်ပီတာဆန် Rasmus Helveg Petersen က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ၉ ရက်နေ့ကတွေ့ဆုံပွဲမှာ ဒီကိစ္စကို ထုတ်ဖေါ်ပြောဆို လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက် မှုကို မိမိတို့နိုင်ငံက ထောက်ခံတယ်ဆိုတာ မြန်မာပြည် သူတွေကို သိစေချင်တဲ့အတွက် အခုလိုအရေးကြီးတဲ့ သတင်းစကားပါးလိုက်တာပါလို့ မစ္စတာ ပီတာဆန် က ပြောပါတယ်။

အခုလိုမိမိတို့ ဒိန်းမတ်အစိုးရကို အကြွေးပြန်ဆပ်စရာ မလိုတော့တဲ့အတွက်၊ ဒီငွေတွေကို မြန်မာပြည်သူတွေ ရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လမ်းပန်းဆက် သွယ်ရေးတွေမှာ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်၏ ပထမဆုံး ဆေးခြောက်တရားဝင် လက်လီအရောင်းဆိုင်များကို ကော်လိုရာဒိုပြည်နယ်တွင် ဖွင့်လှစ်

ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့တွင် ဆေးပေးခန်းတစ်ခုတွင် ဇန်န၀ါရီ ၁ ရက်က ဆေးခြောက်ရွေးချယ်နေသူတစ်ဦး (Photo:AFP)
အမေရိကန်တွင် ကော်လိုရာဒိုပြည်နယ်၌ ဆေးခြောက်လက်လီ အရောင်းဆိုင်များကို ဇန်န၀ါရီ ၁ ရက်က စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးနောက် နိုင်ငံတွင်း၌ ဆေးခြောက်ကို ပထမဆုံး တရားဝင်ရောင်းချခွင့်ပြုသည့်ပြည်နယ် ဖြစ်လာခဲ့သည်။ စကိတ်အပန်းဖြေစခန်းများနှင့် တောင်ပေါ်ရှုခင်း မြင်ကွင်းများကြောင့် ကျော်ကြားသော အနောက်ဘက်ပြည်နယ် ကော်လိုရာဒိုတွင် အသက် ၂၁ နှစ်နှင့်အထက် ရှိသူများအား ဆေးခြောက် ၂၈ ဂရမ်အထိ ရောင်းချနိုင်သော လက်လီဆိုင် ၃၄၈ ဆိုင်အား လိုင်စင်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဝါရှင်တန်ပြည်နယ်တွင်လည်း ဆေးခြောက်ရောင်းချမှုများကို ဇွန်၌စတင်ခွင့်ပြုသွားမည်ဖြစ်ပြီး ဆိုင် ၃၀၀ ကျော် ဖွင့်လှစ်ဖွယ်ရှိသည်။

အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ပြည်သူလူထုကို လေးစားခြင်း ဆိုသည့်မူအရ လုပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ပြည်သူလူထုကို လေးစားခြင်း ဆိုသည့်မူအရ လုပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား 

အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော  ပြည်သူလူထုကို လေးစားခြင်းဆိုသော မူအရ လုပ်ခဲ့သည်ဟု ဇန်န၀ါရီ ၁၀ ရက် ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“တစ်တိုင်းပြည်လုံးမှာ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုရယူခဲ့တာဟာ အဓိကအားဖြင့် ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ပြည်သူလူထုကို လေးစားခြင်းဆိုတဲ့မူအရ လုပ်တာပါ။ ပြည်သူလူထုကို မလေးစားဘဲနဲ့ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းကို ထူထောင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီရဲ့ အဓိပ္ပာယ် ဆိုတာက ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးရေး၊ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်လို့ ပြောရမယ်။ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်ကို လက်ခံတယ်ဆိုရင် ပြည်သူလူထုကို လေးစားရမှာပေါ့။ ကိုယ်မလေးစားတဲ့သူကို ကိုယ်ကနေပြီးတော့ ကိုယ့်ကိုအုပ်ချုပ်ခွင့် ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။  ပြည်သူလူထုကို လေးစားတယ်ဆိုရင် ပြည်သူလူထု သိသင့်သိထိုက်တာတွေ အားလုံးကို တင်ပြရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကလေးမြို့ စတောင်မ်ဘောလုံးကွင်း အတွင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲသို့ ချင်းတွင်းမြစ်ရိုးမှ ဒေသခံများ၊ ချင်းတောင်ခြေမှ ဒေသခံများ စုစုပေါင်း ငါးသောင်းကျော်ခန့် တက်ရောက်ခဲ့ပြီး ပရိသတ် အများဆုံးနှင့် စည်းကမ်းအရှိဆုံး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး ဆိုတာဟာ ဟိုယခင်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆုပ်ကိုင်ခဲ့တဲ့မူတစ်ခု ဖြစ်ပါတယ်။ အခုမှပြောတော မဟုတ်ပါဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်တုန်းက အချိန်တုန်းက တင်ပြတာလည်း ပထမဆုံး မဟုတ်ပါဘူး။ ၂၀၀၈ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကတည်းက ကန့်ကွက်ခဲ့တာပါ။ ဒီမိုကရေ စီစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီလို့ ကန့်ကွက်ခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ဆန္ဒခံယူပွဲဟာလည်း တကယ်တော့ ပြည်သူလူထုတွေရဲ့ ဆန္ဒအမှန်ကို ရောင်ပြန်ဟပ်တာ မဟုတ်ပါဘူးလို့ ကန့်ကွက်ခဲ့ပါတယ်။ နိုင်ငံရေးအရ ဘယ်မူပဲချချ ပြည်သူလူထုကို သေသေချာချာ ရှင်းပြပါတယ်။ တကယ် ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ပထမဆုံး ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူတဲ့အခါမှာ ပထမဆုံး ပြည်သူလူထုက ဘာကိုထောက်ခံ နေတာလဲ ဆိုတာကို နားလည်အောင် ပြောပြရမယ်။ ခေါင်းညိတ်ပြီးတော့ ထောက်ခံတာကို မလိုချင်ပါဘူး။ ခေါင်းသုံးပြီးတော့ တကယ်ကို ယုံကြည်ပြီး ထောက်ခံတာကို လိုချင်ပါတယ်။ ဒါ့ကြောင့် ပြည်သူလူထုကို ရှင်းပြတာပါ” ဟုဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်ကို ဇန်န၀ါရီ ၆ ရက်မှ စတင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့သို့ ရောက်ရှိခဲ့ပြီး ချင်းပြည်နယ် ဟားခါးမြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့များသို့ သွားရောက်ခဲ့ကာ ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းတွင် ကလေးမြို့ လူထုနှင့် တွေ့ဆုံကာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ ခဲ့သည်ဟု သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍  “ဒီခရီးစဉ်ကို အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ ရာသီဥတု အေးမြလွန်းတာနဲ့ လမ်းပန်းဆက်သွယ်ရေးပါ။ ဒါပေမဲ့ ဒါကလည်း ချင်းတောင်ပြည်သူလူထုက နေ့စဉ်တွေ့ကြုံနေတဲ့ အခက်အခဲပဲလေ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကရော ဒေါ်အောင်ဆန်းစုကြည်ကရော ပြည်သူတွေနဲ့ တစ်သားတည်းနေတဲ့ သူတွေဆိုတော့ ဒါကလည်း အခက်အခဲလို့ ပြောစရာ မလိုပါဘူး။ ခရီးစဉ်မှာ လုံခြုံရေးပိုင်း တာဝန်ယူပေးတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။ အဆင်မပြေတာကတော့ ဟားခါးမြို့မှာ တည်းခိုဖို့အတွက် စီစဉ်ထားပြီးမှ ရက်ကပ်ပြီးမှ မရတော့ဘူးဆိုတော့ သေးငယ်တဲ့ သာမန်တည်းခိုခန်းမှာပဲ တည်းခိုခဲ့ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေ လမ်းကြောင်းအတိုင်း လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြည်နယ်နဲ့ တိုင်းအလိုက်မှာ ဆောင်ရွက်နေတာ ကိုးဆယ်ရာခိုင်နှုန်းလောက်က ဖြစ်နိုင်တဲ့ နည်းလမ်းဖြစ်တဲ့ ပြင်ဆင်ရေး လမ်းကြောင်းကို ရွေးချယ်တာ တွေ့ရပါတယ်။ တွေ့ရှိရတဲ့ အချက်တွေ ဆန္ဒသဘောထားတွေ၊ ပြင်မယ်လို့ သတ်မှတ်ထားတဲ့ ၁၆၈ ချက်ကို လွှတ်တော်ပူးပေါင်း ကော်မတီကို တင်ပြသွားပါ့မယ်။ တင်ပြီးတော့ NLD ရဲ့သဘောထား တွေကိုလည်း ပြည်သူလူထုကို ထုတ်ပြန်သွားမှာပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြန်ကြားရေး အဖွဲ့ဝင် ဦးကြည်တိုးက ပြောကြားသည်။   

(ဇန်န၀ါရီ ၁၀ ရက်က ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်)

အခြေခံဥပဒေ ပြုပြင်ရေးနှင့် ပတ်သက်ပြီး ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ခြင်းသည် ဒီမိုကရေစီ၏ အခြေခံဖြစ်သော ပြည်သူလူထုကို လေးစားခြင်းဆိုသော မူအရ လုပ်ခဲ့သည်ဟု ဇန်န၀ါရီ ၁၀ ရက် ကလေးမြို့ လူထုတွေ့ဆုံပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“တစ်တိုင်းပြည်လုံးမှာ အခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုရယူခဲ့တာဟာ အဓိကအားဖြင့် ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ ပြည်သူလူထုကို လေးစားခြင်းဆိုတဲ့မူအရ လုပ်တာပါ။ ပြည်သူလူထုကို မလေးစားဘဲနဲ့ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းကို ထူထောင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီရဲ့ အဓိပ္ပာယ် ဆိုတာက ပြည်သူလူထုရဲ့ သြဇာလွှမ်းမိုးရေး၊ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်လို့ ပြောရမယ်။ ပြည်သူလူထုရဲ့ အုပ်ချုပ်ရေးစနစ်ကို လက်ခံတယ်ဆိုရင် ပြည်သူလူထုကို လေးစားရမှာပေါ့။ ကိုယ်မလေးစားတဲ့သူကို ကိုယ်ကနေပြီးတော့ ကိုယ့်ကိုအုပ်ချုပ်ခွင့် ပေးတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ပြည်သူလူထုကို လေးစားတယ်ဆိုရင် ပြည်သူလူထု သိသင့်သိထိုက်တာတွေ အားလုံးကို တင်ပြရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကလေးမြို့ စတောင်မ်ဘောလုံးကွင်း အတွင်း၌ ကျင်းပသော လူထုတွေ့ဆုံပွဲသို့ ချင်းတွင်းမြစ်ရိုးမှ ဒေသခံများ၊ ချင်းတောင်ခြေမှ ဒေသခံများ စုစုပေါင်း ငါးသောင်းကျော်ခန့် တက်ရောက်ခဲ့ပြီး ပရိသတ် အများဆုံးနှင့် စည်းကမ်းအရှိဆုံး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သမ္မတဖြစ်ခွင့် ကန့်သတ်ချက်အပေါ် အမေရိကန် သံအမတ်ကြီး မေးခွန်းထုတ်

farmer-usaid-305.jpg
ရန်ကုန်မြို့မှာ မေလ ၆ ရက်နေ့ကပြုလုပ်တဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်လာသော အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
photo: RFA/ Kyaw Zawe Win
၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတတဲ့ နိုင်ငံရေးဖြစ် စဉ်အဖြစ်သာ မြင်တွေ့လိုပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ဟာ အတိတ်ရဲ့ အမွေတစ်ခုသာ ဖြစ်ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ပြည်တွင်းထုတ် သတင်းမီဒီယာတွေကို အမေရိကန် သံရုံးက ဒီကနေ့ပေးပို့တဲ့ အထူးမှတ်ချက်မှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံ မှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို သမ္မတဖြစ်ခွင့် ကန့်သတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မမျိုးကို သူနားမလည်နိုင်ပါဘူးလို့လည်း Mr. Mitchell က ပြောကြားပါတယ်။

ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံ တောင်သူများ ဆန္ဒပြ

Photo: ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းက သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံ တောင်သူများ ဆန္ဒပြ 

ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေယာလျော်ကြေး များအတွက် ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ စုဝေးဟောပြောကာ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ အားလုံးကို ဆွေးနွေးဆောင်ရွက်မှု မရှိမချင်း ဆန္ဒပြသွားမည်ဟု ဒေသခံများက ပြောကြားထားသည်။

“ဒေသခံတွေ တောင်းဆိုချက်တွေကို အကောင်အထည် ဖော်မဖော်နဲ့ ပတ်သက်ပြီး တောင်းဆိုချက် ရှစ်ချက်ထဲက ဒေသအာဏာပိုင် အနေနဲ့ ဆောင်ရွက်နေတာဆိုလို့ တိုက်နယ်ဆေးရုံ ဆောက်ပေးနေတာရယ်၊ ဇန်န၀ါ ရီ ၆ ရက်ကစပြီး လုပ်နေတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားက မြေစာတွေ ဖယ်ရှားပေးနေတာကိုပဲ မြင်ရပြီး ဘယ်ကာလအတွင်း လုပ်ဆောင်ပေးမယ်လို့ မသိရဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကံကုန်းရွာသား ကိုအောင်စိုးက ပြောပြသည်။

စုဝေးဟောပြောရာတွင် ဒေသခံတောင်သူများသည် ကံကုန်းရွာထိပ်ရှိ ဦးမြို့ခင်၏ ယာကွက်အတွင်း နံနက် ၁၀ နာရီမှ ၁၁ နာရီ အထိ ဟောပြောခဲ့ပြီး အက်စစ်စက်ရုံအတွက် စုံစမ်းရေးကော်မရှင်၏ အကြံပြုချက်အား လိုက်နာဆောင်ရွက်ရေး၊ အမြန်ဆုံး ရွှေ့ပြောင်းပေးရေး၊ ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းမှ မြေယာလျော်ကြေး အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ စွန့်ပစ်မြေများဖယ် ရှားရေးတို့ကို တောင်သူအင်အား တစ်ရာခန့်ဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကြေးစင်တောင်နဲ့ စံပယ်တောင်အတွက် မြေဧက ၅၄၁၁ ဧကကို အရင်ကတည်းက သိမ်းဆည်းခဲ့တာ။ မြေယာလျော်ကြေး မရတဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်။ ဆန္ဒပြတာကို တရားဝင် လုပ်တာဖြစ်ပြီး မိုးကြိုးဆာလဖျူရစ်အက်စစ် စက်ရုံကို ကံကုန်းရွာအနီးက ရွှေ့ပေးရေး၊ မုံရွာ-ပုသိမ် လမ်းပေါ်မှာရှိတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားမှာရှိတဲ့ ဒုတ္ထာမြေများ ဖော်ထုတ်ရှင်းလင်းရေး လက်ပံတောင်းတောင်နဲ့ စံပယ်တောင်၊ ကြေးစင်တောင်တို့အတွက် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီထံ တောင်းဆိုထားတဲ့ အချက် (၈) ချက်ကို အမြန်ဆုံး ဆောင်ရွက်ပေးရေး၊ ကြေးနီစီမံကိန်းအတွက် မလိုအပ်တဲ့ မြေတွေကို စိုက်ပျိုးမြေအဖြစ် ခွင့်ပြုပေးရေးတို့ကို တောင်းဆိုခဲ့ပါတယ်” ဟု ကံကုန်းကျေးရွာမှ ဆန္ဒပြတောင်သူ တစ်ဦးက ပြောပြသည်။

“မိုးကြိုးဆာလဖျူရစ် အက်စစ်စက်ရုံကို ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၀၇ ဧပြီလမှာ စတင်လည်ပတ်တယ်။ ၂၀၁၀ ကနေ ၂၀၁၂ အထိ ကံကုန်းရွာသား ၁၄ ယောက် လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာတွေနဲ့  သေဆုံးတာကို သတိပြုမိပါတယ်။ သောက်ရေကလည်း ကံကုန်းကျေးရွာမှာ အဆင်မပြေဘူး။ ရေတွင်းသုံးတွင်းရှိပြီး မြန်မာ-ယန်စီက ရေတွင်းတစ်တွင်းနဲ့ ရေသန့်စက်တစ်လုံး၊ မြို့နယ်က ရေတစ်တွင်းနဲ့ အကောင်အထည် ဖော်ဆောင်ရေး ကော်မတီက တစ်တွင်း မေလကတည်းက လာတူးတယ်။ ဒါပေမဲ့ အဲဒီရေတွင်းက မအောင်ဘူး။ ဘူမိဗေဒ ပညာရှင်တွေနဲ့ စနစ်တကျ လာစစ်တော့ ရေ Level က ၁၇၅ ပေမှာရှိပြီး အောက်မှာ ပဲခူးကျောက်လွှာက ခံနေတယ်။ ရေအရင်းအမြစ် ဌာနကတော့ သောက်သုံးဖို့  မသင့်ဘူးလို့ မှတ်ချက်ပေးတယ်။ ရွာကသုံးရေအတွက် ရွာနဲ့သုံးမိုင်ဝေးတဲ့ မြစ်ရေတင်စီမံကိန်းကို သွားခပ်ရတယ်။ မိုင်းနဲ့အက်စစ်စက်ရုံက ရေတိုင်တွေမှာလည်း သွားခပ်ရပါတယ်” ဟု ကံကုန်းကျေးရွာသား တစ်ဦးက ပြောကြားခဲ့သည်။

(ဇန်န၀ါရီ ၁၀ ရက် နံနက်က ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်း သိမ်းဆည်းထားသော မြေယာများအတွက် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်စဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်))

ဆားလင်းကြီးမြို့နယ် ကြေးစင်တောင်နှင့် စံပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းဆည်းထားသော မြေယာလျော်ကြေး များအတွက် ဇန်န၀ါရီ ၁၀ ရက် နံနက် ၁၀ နာရီ မှ ၁၁ နာရီအထိ စုဝေးဟောပြောကာ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် သြဂုတ် ၁၆ ရက်က ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်များ အားလုံးကို ဆွေးနွေးဆောင်ရွက်မှု မရှိမချင်း ဆန္ဒပြသွားမည်ဟု ဒေသခံများက ပြောကြားထားသည်။

“ဒေသခံတွေ တောင်းဆိုချက်တွေကို အကောင်အထည် ဖော်မဖော်နဲ့ ပတ်သက်ပြီး တောင်းဆိုချက် ရှစ်ချက်ထဲက ဒေသအာဏာပိုင် အနေနဲ့ ဆောင်ရွက်နေတာဆိုလို့ တိုက်နယ်ဆေးရုံ ဆောက်ပေးနေတာရယ်၊ ဇန်န၀ါ ရီ ၆ ရက်ကစပြီး လုပ်နေတဲ့ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားက မြေစာတွေ ဖယ်ရှားပေးနေတာကိုပဲ မြင်ရပြီး ဘယ်ကာလအတွင်း လုပ်ဆောင်ပေးမယ်လို့ မသိရဘူး” ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကံကုန်းရွာသား ကိုအောင်စိုးက ပြောပြသည်။

ကေအိုင်အေက ဖမ်းဆီးထားသည့် ဒေသခံ ရှမ်းလူမျိုးများအားလုံး ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘဲ ဆက်လက် ကျန်ရှိနေဟုဆို

ကချင်လွတ်မြောက်ရေး တပ်မတော်မှ စစ်သားအဖြစ် စုဆောင်းခံထားရသည့် ဒေသခံ ရှမ်းလူမျိုးများမှာ အားလုံးပြန်လည် လွတ်မြောက်သေးခြင်း မရှိဘဲ ကျန်ရှိနေသေးဆဲ ဖြစ်ကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့မှ ဦးစန်းဝေက ဇန်န၀ါရီ ၁၀ ရက်တွင် ပြောကြားသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အနေဖြင့် ဒီဇင်ဘာ လဆန်းပိုင်းမှစကာ ဒေသခံ ရှမ်းလူမျိုးများကို ဖမ်းဆီးခေါ်ဆောင်မှုများ ရှိခဲ့ပြီး ဦးရေငါးဆယ် ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ သိရသလောက်ကတော့ မန်ခွရွာက ၁၇ ယောက်က ပြန်မလွတ်သေးဘူး။ စခန်းမှာ သင်တန်းတက်နေ ရတယ်လို့ ကြားတယ်။ ဖမ်းဆီးခံထား ရတာတွေက တခြားစခန်းတွေ မှာလည်းရှိတယ်။ တာလောကြီးဘက်မှာ ဆိုရင်လည်း အမျိုးသမီးနှစ်ယောက် ပြန်မလွတ်သေးဘူး။ တစ်ယောက်ကဆိုရင် သင်တန်းကျောင်းမှာတောင် တာဝန်ပြန်ပေး ထားတယ်လို့ကြားတယ်” ဟု ဦးစန်းဝေက ဆိုသည်။

နှစ်ပါတီ ပေါင်းစည်းရေးအတွက် လိုအပ်ပါက ပါတီကိုပင် ဖျက်သိမ်းပေးမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောကြား

Photo: နှစ်ပါတီ ပေါင်းစည်းရေးအတွက် လိုအပ်ပါက ပါတီကိုပင် ဖျက်သိမ်းပေးမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပြောကြား

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ပါတီနှင့် ပါတီပေါင်းစည်းရေးတွင် အမျိုးသားရေးအတွက် လိုအပ်ပါက ပါတီကိုပင် ဖျက်သိမ်းပေးမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က The Daily Eleven သို့ ပြောကြားသည်။

ပါတီအရေးနှင့် ပုဂ္ဂိုလ်ရေး ယှဉ်လာပါက ပါတီအရေးအား ဦးစားပေးမည်ဖြစ်ပြီး ပါတီနှင့် အမျိုးသားရေး သို့တည်းမဟုတ် တိုင်းပြည်အရေး ယှဉ်လာပါက တိုင်းပြည်အရေးအား ဦးစားပေးမည်ဖြစ်ကာ တစ်ဦးချင်း စီးပွားရေးကိစ္စများ၊ ရာထူးကိစ္စများ ရှောင်ရှား၍ ထည့်မထွက်ဘဲ စဉ်းစားခြင်းဖြစ်ပြီး ထည့်တွက်ခဲ့ပါက ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုး မချနိုင်ကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

"လိုအပ်ရင်တော့ ကျွန်တော်တို့က ဖျက်ပေးမှာပေါ့။ ကျွန်တော်တို့ရဲ့ သဘောထားပါ။ လိုအပ်ရင်နော်။ အလကားနေရင်းတော့ ဘယ်ဖျက်မလဲဗျာ။ ကျွန်တော်တို့က ပါတီအရေးနဲ့ တိုင်းပြည်အရေးဆို တိုင်းပြည်အရေးကိုပဲ ဦးစားပေးရမယ်ဗျ။ ပုဂ္ဂိုလ်ရေးနဲ့ ပါတီဆို ပါတီဦးစားပေးရမယ်" ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ပါတီပေါင်းစည်းရေးနှင့် ပတ်သက်၍ ဇန်န၀ါရီ ၈ ရက်မှ ၉ ရက်ထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့သော SNDP ၏ ပါတီညီလာခံတွင် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ညီလာခံ ကိုယ်စားလှယ်များအား ပါတီပေါင်းစည်းရေး အတွက်  ပါတီဖျက်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ သဘောထား တောင်းခံခဲ့ရာ ပါတီမဖျက်သိမ်းနိုင်ကြောင်း သဘောထား ပေးကြပြီး SNLD မှ ပါတီဖျက်သိမ်း၍ ၀င်လာမည်ဆိုပါက လက်ခံကြောင်း သဘောထားများ ပေးခဲ့ကြကြောင်း သိရသည်။

SNDP နှင့် ပါတီပူးပေါင်းရေးကိစ္စ ဆွေးနွေးရန် SNLD မှ တရားဝင်စာဖြင့် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းထားပြီး SNDP မှလည်း ညီလာခံပြီးဆုံးမှသာ ဆွေးနွေးရေးကိစ္စအား ဆက်လက် ဆောင်ရွက်မည်ဟု မီဒီယာများသို့ ပြောကြားထားသည်။

ပါတီပူးပေါင်းရေး ကိစ္စအား ညီလာခံမတိုင်မီ နှစ်ပါတီတွေ့ဆုံ ဆွေးနွေး၍ ရရှိလာသော ရလဒ်များအား ညီလာခံသို့ တင်ပြကာ ဆွေးနွေးသင့်သော်လည်း ထိုသို့လုပ်ဆောင်ခြင်း မရှိဘဲ ညီလာခံတွင် အပြီးပြတ် ဆွေးနွေးဆုံးဖြတ် လိုက်သဖြင့် ဆက်လက် ဆွေးနွေးရေးတွင် အကျပ်အတည်း ဖြစ်နိုင်ကြောင်းနှင့် ညီလာခံဆွေးနွေး ဆုံးဖြတ်ချက်များကိုလည်း တရားဝင်ပေးပို့ခြင်း မရှိသေးသဖြင့် အတည်မပြုသေးကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

"ဆွေးနွေးပွဲအတွက် အကျပ်အတည်း ဖြစ်နိုင်တယ်လို့ထင်တယ်။ ဒီနေ့အထိတော့ ကျွန်တော်တို့က ဆွေးနွေးပွဲကို ကမ်းလှမ်းထားတဲ့ ကိစ္စကို မရုပ်သိမ်းပါဘူး" ဟုဦးစိုင်းညွန့်လွင်က ပြောကြားသည်။

SNDP အနေဖြင့် ပါတီပေါင်းစည်းရေးအား ညှိနှိုင်းရေး ငါးဦးကော်မတီမှ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

"ပေါင်းစည်းရေးက ငါးဦးကော်မတီက ဆွေးနွေးမှာပေါ့။ ဒါပေမဲ့ကျားခေါင်း (SNLD) က သူတို့ညှိနှိုင်းတဲ့ အခါမှာတဲ့ ပါတီကိုဖျက်မယ် ဆိုရင်လည်း ဖျက်လို့ရပါတယ် ဆိုတာကို သူတို့ပါတီကထုတ်တဲ့ စာစောင်မှာ ပြောထားတယ်လေ။ သူတို့ဖျက်ပြီးတော့ ကျွန်တော်တို့နဲ့ လာပေါင်းရင်လည်း ဒါကရပါတယ်။ ဘာမှပြဿနာ မရှိပါဘူး" ဟု ဦးစိုင်းအိုက်ပေါင်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်၍ လွှတ်တော်အတွင်း တတိယ အင်အားအကြီးဆုံး ပါတီဖြစ်ကာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဒုတိယမြောက် လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံး ရရှိသော ပါတီဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။

(၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းက လားရှိုးမြို့၌ ပြုလုပ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီညီလာခံသို့ တက်ရောက်လာသော ပါတီဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-SNLD))

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (SNDP) ပါတီနှင့် ပါတီပေါင်းစည်းရေးတွင် အမျိုးသားရေးအတွက် လိုအပ်ပါက ပါတီကိုပင် ဖျက်သိမ်းပေးမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က The Daily Eleven သို့ ပြောကြားသည်။

ပါတီအရေးနှင့် ပုဂ္ဂိုလ်ရေး ယှဉ်လာပါက ပါတီအရေးအား ဦးစားပေးမည်ဖြစ်ပြီး ပါတီနှင့် အမျိုးသားရေး သို့တည်းမဟုတ် တိုင်းပြည်အရေး ယှဉ်လာပါက တိုင်းပြည်အရေးအား ဦးစားပေးမည်ဖြစ်ကာ တစ်ဦးချင်း စီးပွားရေးကိစ္စများ၊ ရာထူးကိစ္စများ ရှောင်ရှား၍ ထည့်မထွက်ဘဲ စဉ်းစားခြင်းဖြစ်ပြီး ထည့်တွက်ခဲ့ပါက ယခုကဲ့သို့ ဆုံးဖြတ်ချက်မျိုး မချနိုင်ကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

"လိုအပ်ရင်တော့ ကျွန်တော်တို့က ဖျက်ပေးမှာပေါ့။ ကျွန်တော်တို့ရဲ့ သဘောထားပါ။ လိုအပ်ရင်နော်။ အလကားနေရင်းတော့ ဘယ်ဖျက်မလဲဗျာ။ ကျွန်တော်တို့က ပါတီအရေးနဲ့ တိုင်းပြည်အရေးဆို တိုင်းပြည်အရေးကိုပဲ ဦးစားပေးရမယ်ဗျ။ ပုဂ္ဂိုလ်ရေးနဲ့ ပါတီဆို ပါတီဦးစားပေးရမယ်" ဟု ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

စက်ရုံ ရုတ်တရက် ပိတ်သိမ်းမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၉ ဦး အလုပ်လက်မဲ့ဖြစ်

Photo: စက်ရုံ ရုတ်တရက် ပိတ်သိမ်းမှုကြောင့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၉ ဦး အလုပ်လက်မဲ့ဖြစ်

ထိုင်း-မြန်မာ နယ်စပ်ရှိ ၀မ်းဒါးဖူး (ဟန်ထိုင်း)အထည်ချုပ် စက်ရုံကို ဇန်န၀ါ ရီ ၈ ရက်က ရုတ်တရက် ပိတ်သိမ်းမည်ဟု ကြေညာလိုက်သောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၉ ဦး အလုပ်လက်မဲ့ ဖြစ်သွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သတင်းရရှိသည်။

စက်ရုံပိတ်သိမ်းရခြင်းနှင့် ပတ်သက်ပြီး ၀မ်းဒါးဖူးစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုနန်းဦးက “မနေ့ကပဲ ရုတ်တရက် အကြောင်းကြားပြီး ဒီနေ့ပဲ စက်ရုံထဲက ထွက်ရမယ်လို့ မန်နေဂျာက လာပြောတယ်။ အခုလို ရုတ်တရက် လုပ်လိုက်တော့ အားလုံးအခက်တွေ့ ကုန်တာပေါ့။ ထိုင်းရဲ့ အလုပ်ရှင် ဥပဒေထဲမှာ ဒါမျိုးလုပ်လို့ မရဘူး။ ပိတ်မယ်ဆိုရင် ရက်ပေါင်း ၆၀ ကြိုတင် အကြောင်းကြားရမယ်။ ဒါဟာ ဥပဒေကို အလုပ်ရှင်က မလိုက်နာတာ ဖြစ်တယ်” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဟန်ထိုင်းစက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ၂၀၁၃ ခုနှစ် ကတည်းက စတင်ပြဿနာများ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်ဘက်မှ အလုပ်သမားတို့အား အလုပ်ထုတ်ခဲ့ခြင်းများ ရှိကြောင်းကိုလည်း ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမ တစ်ဦးဖြစ်သည့် မသော်တာက “၂၀၁၃ နိုဝင်ဘာလ ကတည်းက ပြဿနာ စဖြစ်နေတာပါ။ အဲဒီတုန်းက အလုပ်သမား ၃၅၀ ကျော်ရှိတယ်။ တတိတိနဲ့ ဖြုတ်လာလိုက်တာ အခု ၂၀၉ ဦးပဲ ကျန်တော့တယ်။ အခုဖြစ်နေတာကလည်း ဥပဒေပါအတိုင်း နေ့စားခ တစ်ရက်ကို ဘတ် ၃၀၀ တောင်းတာ မဟုတ်ဘူး။ နေ့စားခဘတ် ၂၁၀ နဲ့ အချိန်ပိုကြေး တစ်နာရီ ၂၈ ဘတ်နဲ့ သဘောတူပြီးတော့မှ လစဉ်ဖြတ်တောက်ကြေး ဘတ် ၁၇၀၀ မဖြတ်ပါနဲ့လို့ ပြောတာကို အလုပ်ရှင်က လက်မခံဘူး။ ဒါနဲ့ အချေအတင် ဖြစ်နေတုန်းမှာပဲ အလုပ်ရှင်က စက်ရုံပိတ်တော့မယ်လို့ ရုတ်တရက် ကြေညာလိုက်တာ ဖြစ်တယ်” ဟု ဖြစ်ပေါ်ခဲ့သည် အခြေအနေနှင့် ပတ်သက်ပြီး ပြောကြားသည်။ မသော်တာက ဆက်လက်ပြီး စက်ရုံကို ရုတ်တရက် ပိတ်သိမ်းလိုက်သောကြောင့် နစ်နာသွားခဲ့သည့် အလုပ်သမား ၂၀၉ ဦးအတွက် ပုံမှန်လုပ်အားခကို ဇန်န၀ါရီ ၁၃ ရက်တွင် ရှင်းပေးမှာဖြစ်ပြီး နစ်နာကြေး ရရှိစေရန်အတွက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) နှင့် ထိုင်းရှေ့နေရုံး (LLC) က ကြိုးပမ်းပေးနေကြောင်းနှင့် နစ်နာကြေးအဖြစ် (၁) လုပ်သက်အလိုက် နစ်နာကြေး၊ (၂) နှစ်လကြိုတင် အကြောင်းမကြားဘဲ ရုတ်တရက် ပိတ်သိမ်းလိုက်သဖြင့် နစ်နာသွားသည့် အတွက်ဟူ၍ နှစ်မျိုးတောင်းမှာ ဖြစ်ကြောင်းကိုလည်း ပြောကြားသည်။

ယခုပြဿနာ ဖြစ်ပေါ်နေသည့် ၀မ်းဒါးဖူး(ဟန်ထိုင်း) စက်ရုံသည် မဲဆောက်မြို့၊ အမှတ်(၇) ရပ်ကွက်တွင် တည်ရှိပြီး ၂၀၀၇ တွင် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ကာ ထိုစဉ်က အလုပ်သမားများအား ထိုင်းဥပဒေပါ သတ်မှတ်နေ့စားခနှင့် သတ်မှတ်အချိန်ပို ကြေးများထက် လျော့နည်း ခံစားစေခဲ့သည့်အပြင် လစဉ်အကြောင်း အမျိုးမျိုးပြကာ ဖြတ်တောက်သည့် ငွေပမာဏမှာ များပြားလွန်းသော ကြောင့်လည်း မကြာခဏ ဆန္ဒထုတ်ဖော်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာရွေ့ပြောင်း အလုပ်သမားများနေနှင့် မိမိ၏ နစ်နာမှုများအား ဆန္ဒထုတ်ဖော်ခွင့် မပြုသည့် အပေါ်တွင် အလုပ်ရှင်များက အခွင့်ကောင်းယူကာ ခေါင်းပုံဖြတ်မှုများ ဖြစ်ပွာေးသာကြောင့် မကြာခဏ ဖြေရှင်းရသည်ဟုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခုဖြစ်သည့် JACBA မှ ဦးမိုးကြိုးက ပြောကြားသည်။

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်အတွင်း တရားဝင်စက်ရုံ၊ အလုပ်ရုံပေါင်း ၂၈၀ ခန့်ရှိပြီး တရားမ၀င် ဖွင့်လှစ်ထားသည့် စက်ရုံပေါင်း ၁၆၀၀ ခန့် ရှိသည်ဟုလည်း သိရသည်။ မဲဆောက်မြို့ ပတ်ဝန်းကျင်တွင် တရားဝင် စက်ရုံပေါင်း ၂၀၀ ခန့်ရှိကာ တရားမ၀င် စက်ရုံပေါင်း ၁၀၀၀ ခန့် ရှိကြောင်းလည်း သိရပြီး တာခ့်ခရိုင်အတွင်း မြန်မာအလုပ်သမား လေးသိန်းခန့်ရှိပြီး၊ မဲဆောက်မြို့ ပတ်ဝန်းကျင်တွင် မြန်မာအလုပ်သမား နှစ်သိန်းခန့် ရှိသည်ဟုလည်း သိရသည်။  

(မဲဆောက်မြို့ အမှတ်(၇) ရပ်ကွက်ရှိ ဟန်ထိုင်း အထည်ချုပ် စက်ရုံအား တွေ့ရစဉ် )

ထိုင်း-မြန်မာ နယ်စပ်ရှိ ၀မ်းဒါးဖူး (ဟန်ထိုင်း)အထည်ချုပ် စက်ရုံကို ဇန်န၀ါ ရီ ၈ ရက်က ရုတ်တရက် ပိတ်သိမ်းမည်ဟု ကြေညာလိုက်သောကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၀၉ ဦး အလုပ်လက်မဲ့ ဖြစ်သွားပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း သတင်းရရှိသည်။

စက်ရုံပိတ်သိမ်းရခြင်းနှင့် ပတ်သက်ပြီး ၀မ်းဒါးဖူးစက်ရုံမှ အလုပ်သမားခေါင်းဆောင် ကိုနန်းဦးက “မနေ့ကပဲ ရုတ်တရက် အကြောင်းကြားပြီး ဒီနေ့ပဲ စက်ရုံထဲက ထွက်ရမယ်လို့ မန်နေဂျာက လာပြောတယ်။ အခုလို ရုတ်တရက် လုပ်လိုက်တော့ အားလုံးအခက်တွေ့ ကုန်တာပေါ့။ ထိုင်းရဲ့ အလုပ်ရှင် ဥပဒေထဲမှာ ဒါမျိုးလုပ်လို့ မရဘူး။ ပိတ်မယ်ဆိုရင် ရက်ပေါင်း ၆၀ ကြိုတင် အကြောင်းကြားရမယ်။ ဒါဟာ ဥပဒေကို အလုပ်ရှင်က မလိုက်နာတာ ဖြစ်တယ်” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဟန်ထိုင်းစက်ရုံတွင် အလုပ်ရှင်နှင့် အလုပ်သမားများ ၂၀၁၃ ခုနှစ် ကတည်းက စတင်ပြဿနာများ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်ဘက်မှ အလုပ်သမားတို့အား အလုပ်ထုတ်ခဲ့ခြင်းများ ရှိကြောင်းကိုလည်း ထိုစက်ရုံတွင် အလုပ်လုပ်နေသည့် အလုပ်သမ တစ်ဦးဖြစ်သည့် မသော်တာက “၂၀၁၃ နိုဝင်ဘာလ ကတည်းက ပြဿနာ စဖြစ်နေတာပါ။ အဲဒီတုန်းက အလုပ်သမား ၃၅၀ ကျော်ရှိတယ်။ တတိတိနဲ့ ဖြုတ်လာလိုက်တာ အခု ၂၀၉ ဦးပဲ ကျန်တော့တယ်။ အခုဖြစ်နေတာကလည်း ဥပဒေပါအတိုင်း နေ့စားခ တစ်ရက်ကို ဘတ် ၃၀၀ တောင်းတာ မဟုတ်ဘူး။

ခရီးသည် ၃၀ ကျော် တင်ဆောင်လာသည့် ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဉ် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်၌ မီးလောင်မှုဖြစ်ပွား

Photo: ခရီးသည် ၃၀ ကျော် တင်ဆောင်လာသည့် ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဉ် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်၌ မီးလောင်မှုဖြစ်ပွား

ခရီးသည် ၃၀ ဦးကျော် တင်ဆောင်လာသည့် ရန်ကုန်-ထားဝယ် ခရီးသည်တင် ယာဉ်တစ်စီး ဇန်န၀ါရီ ၁၀ ရက် နံနက် ၆ နာရီခန့်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ထားဝယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ငွေငန်းဖြူ မော်တော်ယာဉ်လိုင်းမှ ၉င/၅၁၂၇ ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင်ယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၂/၁ အနီးအရောက် ကားနောက်ပိုင်းရှိ အင်ဂျင်စက်ခန်း အတွင်းမှ မီးခိုးများ ထွက်လာကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ မရှိကြောင်း သိရသည်။

“စသိသိချင်းက နောက်အင်ဂျင်စက်ခန်းက မီးခိုးတွေ ထွက်လာတယ်။ ၀ိုင်ယာရှော့ခ် ဖြစ်တာပဲပေါ့။ သိသိချင်း မီးခိုးတွေ ထွက်လာတော့ ခရီးသည်တွေကို အရင်ပေးဆင်းတယ်။ ယာဉ်အောက်ရောက်တော့ မီးလောင်တဲ့ နေရာကို စက်ဖုံးဖွင့်ပြီးတော့ မီးသတ်ဆေးဘူးနဲ့ ဖျန်းတယ်။ ခရီးသည်တွေကလည်း သဲတွေနဲ့ နိုင်သလောက် ၀ိုင်းပတ်ဝိုင်းဖျန်း ပေးပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ မီးက မနိုင်တော့ဘူး။ မီးအရမ်းများတယ်။ တစ်နာရီတောင် မပြည့်ပါဘူး။ အဲဒီအတော အတွင်းမှာ တစ်စီးလုံး လောင်သွားတယ်။ တစ်ခါမှလည်း ဒီလိုမျိုး မကြုံဖူးဘူး။ အရမ်းလည်း စိတ်မကောင်းဖြစ်တယ်။ ၀မ်းလည်း ၀မ်းနည်းပါတယ်” ဟု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ငွေငန်းဖြူ မော်တော်ယာဉ်မှ ခရီးသည်များအား ၀န်ဆောင်မှုပေးသူ မခင်သန္တာဝင်းက ပြောကြားသည်။                              

“မီးလောင်လောင်ချင်းမှာ ကျွန်မ ၁၉၉ ကို ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီးတော့ နီးစပ်ရာ မီးသတ်ကားရဲ့ ဖုန်းနံပါတ်ကို တောင်းပါတယ်။ ဘုရားကြီးရဲ့ မီးသတ်ကား ဖုန်းနံပါတ်ကို ပေးတယ်။ အဲဒီကို ဖုန်းဆက်လိုက်ပါတယ်။ ဆက်လိုက်တော့ မီးသတ်ကားတွေ ရဲတွေရောက်လာပါတယ်။ ခရီးသည်တွေက သူတို့ရဲ့ ပစ္စည်းတွေ လိုချင်တယ်ဆိုလို့ စပယ်ယာက သယ်ထုတ်ပေးပါတယ်။ ခရီးသည်တွေလည်း အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ယာဉ်မောင်း ဦးအောင်မော်အား ပြစ်မှုပုဒ်မ (ပ) ၂၈၅၊ ၂/၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“ဖြစ်စဉ်က ဒီနေ့ မနက် ၆ နာရီ ၂၀ လောက်က ခရီးသည်တင် ယာဉ်တစ်စီး မီးလောင်တယ်လို့ သတင်းရတယ်။ ထားဝယ်ဘက်က လာတဲ့ကားပါ။ အင်ဂျင်ခန်းမှာရှိတဲ့ ၀ိုင်ယာတွေ ရှော့ဖြစ်ပြီးတော့ လောင်သွားတာပေါ့။ သူတို့ပါတဲ့ မီးသတ်ဆေးဘူးတွေနဲ့ ငြှိမ်းသတ်သေးတယ်။ မနိုင်တော့လို့။ ခရီးသည်တွေက ၃၂ ယောက်ပါတယ်။ ဘယ်သူမှတော့ ဒဏ်ရာမရဘူး။ ယာဉ်မောင်းကိုတော့ ဥပဒေအရ ဆက်လက် အရေးယူ သွားမှာပါ” အမှတ် (၃) လမ်းဆုံ အမြန်လမ်း ရဲစခန်းမှ ဒုရဲမှူး ဦးခင်မောင်အေးက ပြောကြားသည်။

အဆိုပါ ခရီးသည်တင်ယာဉ်သည် လမ်းခရီးတွင် ခရီးသည်များ အနားယူရန် စုစုပေါင်း သုံးကြိမ်ခေတ္တ ရပ်နားခဲ့ကြောင်း သိရသည်။

(လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ခရီးသည်တင်ယာဉ် အတွင်းပိုင်း မြင်ကွင်းအား တွေ့ရစဉ်)

ခရီးသည် ၃၀ ဦးကျော် တင်ဆောင်လာသည့် ရန်ကုန်-ထားဝယ် ခရီးသည်တင် ယာဉ်တစ်စီး ဇန်န၀ါရီ ၁၀ ရက် နံနက် ၆ နာရီခန့်က ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ထားဝယ်မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ငွေငန်းဖြူ မော်တော်ယာဉ်လိုင်းမှ ၉င/၅၁၂၇ ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင်ယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၂/၁ အနီးအရောက် ကားနောက်ပိုင်းရှိ အင်ဂျင်စက်ခန်း အတွင်းမှ မီးခိုးများ ထွက်လာကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူ မရှိကြောင်း သိရသည်။

“စသိသိချင်းက နောက်အင်ဂျင်စက်ခန်းက မီးခိုးတွေ ထွက်လာတယ်။ ၀ိုင်ယာရှော့ခ် ဖြစ်တာပဲပေါ့။ သိသိချင်း မီးခိုးတွေ ထွက်လာတော့ ခရီးသည်တွေကို အရင်ပေးဆင်းတယ်။ ယာဉ်အောက်ရောက်တော့ မီးလောင်တဲ့ နေရာကို စက်ဖုံးဖွင့်ပြီးတော့ မီးသတ်ဆေးဘူးနဲ့ ဖျန်းတယ်။ ခရီးသည်တွေကလည်း သဲတွေနဲ့ နိုင်သလောက် ၀ိုင်းပတ်ဝိုင်းဖျန်း ပေးပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ မီးက မနိုင်တော့ဘူး။ မီးအရမ်းများတယ်။ တစ်နာရီတောင် မပြည့်ပါဘူး။ အဲဒီအတော အတွင်းမှာ တစ်စီးလုံး လောင်သွားတယ်။ တစ်ခါမှလည်း ဒီလိုမျိုး မကြုံဖူးဘူး။ အရမ်းလည်း စိတ်မကောင်းဖြစ်တယ်။ ၀မ်းလည်း ၀မ်းနည်းပါတယ်” ဟု မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် ငွေငန်းဖြူ မော်တော်ယာဉ်မှ ခရီးသည်များအား ၀န်ဆောင်မှုပေးသူ မခင်သန္တာဝင်းက ပြောကြားသည်။

သရဲကားရိုက်တဲ့ နန်းစုရတီစိုးကြုံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်

အခုတလောမှာ ပရိသတ်တွေက သရဲ ဇာတ်ကားတွေ စိတ်ဝင်စားတဲ့ အချိန်ဖြစ်တဲ့ အတွက် သူလက်ရှိ ရိုက်နေတဲ့ ဇာတ်ကားတွေ ကလည်း တိုက်ဆိုင်စွာနဲ့ သရဲကားတွေ ဆက်တိုက် ဖြစ်နေတယ်လို့ နန်းဆုရတီစိုးက ပြောပါတယ်။ အခုဒါရိုက်တာ မီးပွား ရိုက်တဲ့ သရဲ ဇာတ်ကားမှာ စူးရှနဲ့ သရုပ်ဆောင်နေတဲ့ နန်းဆုရတီစိုး က ရွာသူအဖြစ် သရုပ်ဆောင် ရပါတယ်။

အဲဒီ ဇာတ်ကားမှာ ဥစ္စာ စောင့်ဆန်ဆန်နဲ့ ယောက်ျားတွေကို တအား စိတ်နာနေပြီး လိုက်ခြောက်လှန့်ရတဲ့ သရဲမ အဖြစ်နဲ့ သရုပ်ဆောင်ခဲ့ရ တာဖြစ်ပါတယ်။ နောက်ထပ် ရိုက်ကူးတဲ့ “ဥပဒါန်စံအိမ်” ဆိုတဲ့ သရဲဇာတ် ကားမှာတော့ နေမျိုးအောင် နဲ့ သရုပ်ဆောင်ရပြီး ဒီဇာတ်လမ်းကတော့…
“လွန်ခဲ့တဲ့ ၃နှစ်လောက် မြို့နဲ့ အလှမ်းဝေးတဲ့ မနော သုခ စံအိမ်ကြီးထဲမှာ နေထိုင်ကြတဲ့ မိသားစု တစ်စုလုံးက ဓားပြတွေကြောင့် သေသွားပြီး မကျွတ်လွတ်ခဲ့ ကြကြောင်း သူတို့က ဧည့်သည်ကို မျှော်နေကြပြီး အိမ်ထဲမှာ ဧည့်သည်နဲ့ အတူ ထမင်းစား ရေသောက် လုပ်ကြကြောင်း၊ နောက်ပိုင်း ဧည်သည့်နဲ့ ချစ်သူဖြစ်သွားကြတဲ့ ဇာတ်လမ်းလေး ပဲဖြစ်တယ်” လို့ နန်းဆုရတီစိုး က ပြောပါတယ်။

အရင်တုန်းက သရဲဇာတ်ကားတွေ ဆိုရင် ဆင်ဆာလည်း ခွင့်မပြုတဲ့ အခါကျတော့ အိပ်မက်အဖြစ် ပြန်ဖြေရတဲ့ အတွက် ပရိသတ် အတွက် စိတ်လှုပ်ရှားစရာ ဇာတ် လမ်း မဖြစ်ကြောင်း၊ အခုဆိုရင် ရာခိုင်နှုန်း တော်တော်များများ ရိုက်ခွင့်ပေးတဲ့ အတွက် ထူးခြားပြီး စိတ်ဝင်စားစရာ ဇာတ်ကားတွေ ရိုက်လာရပြီ ဖြစ်ကြောင်း နန်းဆု ရတီစိုး က ပြောပါတယ်။
နန်းဆုရတီစိုးက ဒီဇာတ်ကား ရိုက်ကူး ပြီးသွားရင် မကွေးတိုင်း ချောက်မြို့က ရွာသစ်ကုန်းမှာ သီချင်း သွားဆိုမှာ ဖြစ်ပါတယ်။ ဒီရွာက နန်းဆုရတီစိုး ရဲ့ ကျေးဇူး ရှင်ရွာ ဖြစ်နေကြောင်းကို “လွန်ခဲ့တဲ့ ၄ နှစ်လောက်က နန်းဆုတံတား ကြော်ငြာ သွားရိုက်တယ်။ အဲဒီက အပြန်မှာ သဲချောင်းကြီး ရှိတယ်။ အလာတုန်း က ကားနဲ့ဖြတ် လာတာ။
Related Posts Plugin for WordPress, Blogger...

ShareThis