menu

Saturday 21 April 2012

သင်ခန်းယူစရာ လူကြီး ၊ လူငယ် ခေါင်းဆောင်မှုပြဿနာများ(စောကျော်အေး)


လွန်ခဲ့သော နှစ်ပေါင်း (၆၀)ကျော် ကအချိန်- ကာလအားဖြင့် စစ်ပြီး၍မြန် မာ့လွတ်လပ်ရေးပြန်လည်ရရှိမှုအတွက် မြန်မာပြည်သူအားလုံးကကြိုးပမ်းနေသည့် ကာလ၊ ရက်စွဲအားဖြင့် တိကျစွာပြောရ လျှင် ၁၉၄၅ ခုနှစ်သြဂုတ်လ(၁၅)ရက်နေ့ တွင် ဂျပန်တို့ချွင်းချက်မရှိလက်နက်ချ သည့် စစ်အတွင်းအိန်္ဒိယပြည်သို့ရှောင် တိမ်းနေထိုင်ခဲ့သည့်ဘုရင်ခံဆာဒေါမံစမစ် သည် ဂျပန်များစစ်ရှုံး၍ မြန်မာပြည်မှ ဆုတ်ခွာသောအခါ မြန်မာပြည်ကို၎င်းတို့ အသက်ရှည်စွာ အုပ်ချုပ်နိုင်ရန် ပြန်လာ ခြင်းဖြစ်သည်။ ဘုရင်ခံမြန်မာပြည်သို့ပြန် လာမှီ၊ ရှေ့တော်ပြေးရောက်ရှိလာသူမှာ မြန်မာပြည်ပြန်လည်ထူထောင်ရေးဆိုင်ရာ အတိုင်ပင်ခံ အရာရှိဦးတင်ထွဋ် (အိုင်စီ အက်စ်)ပင်ဖြစ်သည်။  ဦးတင်ထွဋ်က မကြာမီ ဘုရင်ခံပြန်ရောက်လာမည်ဖြစ် ကြောင်း၊ ဘုရင်ခံ၏ အတိုင်ပင်ခံက လို လားကြောင်း စကားဦးသန်း၍ ပြောခဲ့ သည်။

ပါကစ္စတန်လေယာဉ်ပျက်ကျ ၁၂၀ ကျော် သေဆုံး

ပါကစ္စတန်နိုင်ငံမှာ ခရီးသည်တင်လေယာဉ်ပျက်ကျမှုဖြစ်ပြီး လေယာဉ်ပေါ်ပါလာသူ ၁၀ ခန့် အကုန် သေဆုံးခဲ့ရတယ်လို့ အစိုးရအရာရှိတွေက ဆိုပါတယ်။ ဒီ ဘိုးရင်း ၇၇ လေယာဉ်ဟာ တောင်ပိုင်း ဆိပ်ကမ်းမြို့၊ ကရာချိကနေ အစ္စလာမ်မာဘတ်မြို့တော်ကို သောကြာနေ့က ထွက်ခွာလာပြီး မုန်တိုင်းဝင် လာစဉ်မှာ အစ္စလာမ်မာဘတ်မြို့က နိုင်ငံတကာလေယာဉ်ကွင်းကို ဆင်းကာနီးမှာပဲ ပျက်ကျသွားခဲ့ရ တာ ဖြစ်ပါတယ်။
ဒီလေယာဉ်ဟာ ကရာချိမြို့ကြီးကနေ အစ္စလာမ်မာဘတ်ကို သောကြာနေ့မှာ ပထမဆုံးအသုတ် စထွက် တဲ့ လေယာဉ်ဖြစ်တယ်လို့ အရာရှိတွေက ဆက်ပြောပါတယ်။ မျက်မြင်သက်သေတွေကတော့ ဒီလေယာဉ် လယာဉ်ဟာ လေယာဉ်ကွင်းနားက လူနေထူထပ်တဲ့ နေရာနားမှာ ပျက်ကျခဲ့တာဖြစ်ပြီး မပျက်ကျခင်မှာ မီးလောင်သွားခဲ့ပုံရတယ်လို့ဆိုပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂၇ဦးလုံး သေခဲ့ပေမဲ့ မြေကြီးပေါ်က လူတွေကိုတော့ ထိခိုက်ခဲ့တာ လုံးဝမရှိဘူးလို့ အရာရှိတွေက ပြောကြပါတယ်။

မြန်မာ့ကြွေးမြီ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကို လျော်ပစ်ရန်ဂျပန်စီစဉ်





ဂျပန်က မြန်မာနိုင်ငံ၏ အကြွေးဒေါ်လာ ၃ ဒသမ ၇ ဘီလျံ(ယန်း ၃၀၀ ဘီလျံ)ကို လျော်ပေးမည်ဖြစ်ပြီး ဆိုင်းငံ့ထားသော အထောက်အပံ့များ ပြန်ပေးရန် စီစဉ်နေကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ဧပြီလ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

မြန်မာသမ္မတဦးသိန်းစိန်နှင့် ဧပြီလ ၂၁ ရက်နေ့တွင်တွေ့ဆုံစဉ် ကြွေးမြီလျော်ပေးရေး အစီအစဉ်ကို ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက ကြေညာဖွယ်ရှိကြောင်း သတင်းစာကဆိုသည်။ ကြွေးမြီလျော်ပေးမည့် အစီအစဉ်ကို ကြေညာမည့်အပြင် မြန်မာနိုင်ငံအတွက် ချေးငွေအစီအစဉ်ကိုလည်း ဂျပန်ကကြေညာဖွယ်ရှိသည်။ မြန်မာသမ္မတ ဦးသိန်းစိန်သည် ဧပြီလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မည်ဖြစ်ပြီး မြန်မာခေါင်းဆောင်တစ်ဦး၏ ၂၈ နှစ်အတွင်း ပထမဆုံးဂျပန်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် တက်ရေး၊ မတက်ရေး စကားလုံးအငြင်းပွားမှုနှင့် ပတ်သက်ပြီး သုံးသပ်ဝေဖန်မှုများရှိနေ



 
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်ရေး၊ မတက်ရေး စကားလုံးအငြင်းပွားမှုနှင့် ပတ်သက်ပြီး လူအများစုက သုံးသပ်ဝေ ဖန်ပြောကြားခဲ့ပါသည်။
ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့်နီးပါးဖြင့် အနိုင်ရရှိခဲ့ရာတွင် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄ နေ ရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ၄၃ နေရာ၌ အနိုင်ရရှိခဲ့ပြီး ၉၈ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့သည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်ရေး၊ မတက်ရေး စကားလုံးအငြင်းပွားမှုနှင့် ပတ်သက်ပြီး လူအများစုက သုံးသပ်ဝေ ဖန်ပြောကြားခဲ့ပါသည်။
ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရာနှုန်းပြည့်နီးပါးဖြင့် အနိုင်ရရှိခဲ့ရာတွင် ကြားဖြတ်ရွေးကောက်ပွဲများ၌ ကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄၄ နေ ရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ၄၃ နေရာ၌ အနိုင်ရရှိခဲ့ပြီး ၉၈ ရာခိုင်နှုန်းနီးပါးဖြင့် အနိုင်ရရှိခဲ့သည်။

တောင်ကိုးရီးယား ပဲ့ထိန်းတပ် ဒုံးလက်နက် လွှတ်နိုင်စွမ်းရှိပြီ

ဓာတ်ပုံ AP
တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီး ဌာန က စမ်းသပ် ပစ်လွှတ်လိုက်သော ပဲ့ထိန်းတပ် ဒုံးကျည်အား တွေ့ရစဉ်။ မြောက်ကိုးရီးယား နိုင်ငံရှိ မည်သည့် ပစ်မှတ် မဆို ပစ်ခတ်နိုင်စွမ်းရှိသည် ဟု ဆိုသည်။ ဧပြီ ၁၉၊ ၂၀၁၂။



မြောက်ကိုရီးယား နျုးကလီးယားနဲ့ ဒုံးလက်နက်တွေရှိတဲ့ နေရာတွေကို ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည်တွေ တပ်ဆင်ထားပြီးပြီလို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။
အဲဒီ ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်လိုက်တဲ့အကြောင်း တောင်ကိုရီးယား စစ်ဖက်အရာရှိတဦးက တောင်ကိုရီးယား သတင်းထောက်တွေ နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာပါ။ မြောက်ကိုရီးယားဖက်က မအောင်မြင်တဲ့ ဒုံးပျံ စမ်းသပ်ပစ်လွှတ် လိုက်ပြီး နောက်ထပ် နျုးကလီးယား စမ်းသပ်ဖောက်ခွဲမှုအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာကြောင့် အခုလို တပ်ဆင်တာလဲ ဖြစ်ပါတယ်။

အိန္ဒိယ တာဝေးပစ် ဒုံးကျည် အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်

India's  launch of its Agni-V missile being launched from Wheeler Island off India's east coast, April 19, 2012.
ဓာတ်ပုံ AP
အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာန မှ ပြသတဲ့ ဓာတ်ပုံတွင် တွေ့ရသော မိုင် ၃၁၀၀ (ကီလိုမီတာ ၅၀၀၀) အထိ ရောက်နိုင်သော အဂနီ ငါး (Agni-V) ဒုံးကျည်အား တွေ့ရစဉ်။ ဧပြီလ ၁၉၊ ၂၀၁၂။



တရုတ်နဲ့ ဥရောပက ပစ်မှတ်တွေအထိ ရောက်နိုင်ပြီး နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ တာဝေးပစ် ဒုံးကျည် တခုကို အိန္ဒိယက စမ်းသပ် ပစ်လွှတ်လိုက်ပါတယ်။ အခုလိုမျိုး အဆင့်မြင့်ဒုံးကျည်ကို ပြည်တွင်းမှာ အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့တဲ့အတွက်  အိန္ဒိယနိုင်ငံ ဟာ တိုက်ချင်းပစ် နျူကလီးယား လက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံအနည်းငယ်တွေကြားမှာ တနိုင်ငံအဖြစ် ပါဝင်လာပါတော့တယ်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်အထိကို နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်စွမ်းရှိတဲ့ ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ် နိုင်တဲ့အကြောင်း ဒီကနေ့ပဲ ကြေညာလိုက်တဲ့အတွက် အရေးပါတဲ့ ဒုံးလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံတခု ဖြစ်လာခဲ့တာပါ။
အဂနီ ငါး (Agni V) လို့ အမည်ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်ကို မနက် ၈ နာရီနောက်ပိုင်းမှာ အိန္ဒိယနိုင်ငံ သြရသ (Orissa) ပြည်နယ်အရှေ့ဘက်မှာရှိတဲ့ ဝီလာ (Wheeler) ကျွန်းပေါ်ကနေ စမ်းသပ်ပစ်လွှတ်လိုက်တာပါ။

နိုဘယ်လ်ဆုရှင်များရဲ့The Elders အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် အနားယူရမည်

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ၊ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတဲ့ လက်ရှိ The Elders အဖွဲ့မှာ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်နိုင်ငံရေးထဲ မကြာခင် ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် The Elders အဖွဲ့ရဲ့ မူဝါဒစည်းမျဉ်းအရ အဲဒီနေရာကနေ အနားယူရတော့မှာ ဖြစ်တယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
Photo courtesy of The elders web page
The Elders web page တွင် အဖွဲ့၏ ဂုဏ်ထူးဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ပုံအား ဖော်ပြထားပါသည်။
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်ခဲ့ပြီဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်အောင် ဆတက်ထမ်းပိုး လုပ်ဆောင်နိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ကြောင်း၊ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သလို နိုင်ငံအနှံ့မှာ ဆက်လက် ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေက ပြောကြပါတယ်။

သမ္မတ ဦးသိန်းစိန် ဂျပန်ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ မဲခေါင်ဒေသ (၅) နိုင်ငံ ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့၊ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားအောင် အကူအညီပေးကြဖို့ ဂျပန် လုပ်ငန်းရှင်တွေကို ပန်ကြားလိုက်ကြောင်း ကျိုဒို သတင်းဌာနက ဖော်ပြပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်က ဂျပန်နိုင်ငံတွင် သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဧကရာဇ် Akihito တွေ့ဆုံနေစဉ်။
ဂျပန်ရဲ့ အောင်မြင်ကျော်ကြားနေတဲ့ လုပ်ငန်းကြီးတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ စက်မှုလုပ်ငန်း တိုးတက်ထွန်းကားရေးမှာ ကူညီကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ မိမိတို့ဟာ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ လမ်းခုလပ်ကာလမှာ ရောက်ရှိနေကြောင်း၊ အထူး စီးပွားရေးဇုန်တွေကိုလည်း ထူထောင်နေပါကြောင်း၊ ဒီအတွက် ဂျပန်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ပါကြောင်း ဂျပန် စီးပွားရေး လုပ်ငန်းရှင်များအသင်းက တည်ခင်းတဲ့ နေ့လည်စာ စားပွဲမှာ ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။

သရုပ်ဆောင် ဇင်ဝိုင်း (ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)နှင့် အင်တာဗျူး

မြန်မာ့ရိုးရာ အတာသင်္ကြန်တွင်း ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးအချို့၏ ဝတ်စားဆင်ယင်မှုများနှင့် ပတ်သက်၍ အမိန့်အာဏာဖြင့် အရေးယူ လုပ်ဆောင်သွားမည် မဟုတ်ဘဲ မေတ္တာရပ်ခံ ပညာပေးနည်းဖြင့်သာ တုန့်ပြန်သွားမည်
ဟု လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။

လွတ်လပ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့တွင် သရုပ်ဆောင် ဇင်ဝိုင်း ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

မြန်မာ့ရုပ်ရှင်လောကအကြောင်း၊ ရုပ်ရှင်အစည်းအရုံး၏ ဖွဲ့စည်းပုံနှင့် လှုပ်ရှားမှုများ၊ ပြန်ကြားရေးဌာန လက်အောက် ရှိ မြန်မာ့ရုပ်ရှင်လုပ်ငန်း၏ လုပ်ဆောင်ချက်များ၊ မြန်မာ့ရုပ်ရှင်လောကအတွက် အနာဂတ် ရည်မှန်းချက်တို့ကို သိရှိနိုင်ရန်အတွက် ဦးဇင်ဝိုင်းအား မဇ္ဈိမ သတင်းထောက် မျိုးသန့် က မေးမြန်းထားသည်။
actristelection
၂ဝ၁၂ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲတွင် သရုပ်ဆောင်ဇင်ဝိုင်းနှင့် ဇာဂနာ တို့အား မတ်လ ၂၃ ရက်နေ့က တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ရုပ်ရှင်လုပ်ငန်းရှိ အလွှာအလိုက် လျို့ဝှက်မဲဖြင့် ရွေးချယ်ကြရာ အဓိကသရုပ်ဆောင်အလွှာတွင် ဇင်ဝိုင်းနှင့် လူမင်း တို့အား ရွေးချယ်ခံခဲ့ရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis