menu

Friday 6 January 2012

ဗြိတိန် Standard Chartered ဘဏ်မြန်မာနိုင်ငံတွင် လုပ်ကိုင်လို

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ် William Hague မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ဗြိတိသျှ ဘဏ်ကြီးတခုဖြစ်သည့် Standard Chartered Plc က မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လိုကြောင်း
ပြောဆိုလိုက်သည်။

အမေရိကန်နှင့်ဗြိတိန်တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းလိုက်ပါက မြန်မာနိုင်ငံကို ပြန်လည်သွားရောက် လုပ်ကိုင်လိုကြောင်း Standard Chartered ဘဏ် အာရှ အမှုဆောင်အရာရှိချုပ် Jaspal Bindra က ဟောင်ကောင်တွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

Facebook ၏လုံခြုံရေး အားနည်းချက် ရာဇ၀တ်မှုအားပေးရာရောက်


ကမ္ဘာတွင် လူသုံးအများဆုံး ဖြစ်သည့် လူမှု ဆက်သွယ်ရေး ဝက်ဘ်ဆိုက်ြ ဖစ်သော Facebook အား ပိုင်ပိုင်နိုင်နိုင် အသုံးချ၍  အိမ်များကို ဖောက်ထွင်းခိုးယူမှု ကျူးလွန်သူ ၃ ဦးအား အမေရိကန် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဖြစ်စဉ်မှာ အမေရိကန်နိုင်ငံ နယူးဟမ့်ရှိုင်းယားပြည်နယ်၌ မာရီယိုရိုဂျက်စ်၊ လီယိုနာဒိုဘာရိုဆိုနှင့် ဗစ်တာရိုဒရီဂွတ်ဟု ခေါ်ဆိုသောသူ ၃ ဦးသည် Facebook အား အသုံးပြု၍ အိမ် ၁၈ လုံးအား ဖောက်ထွင်း ခဲ့ပြီးဒေါ်လာ ၂ သိန်းနီးပါးမျှ ခိုးယူ နိုင်ခဲ့ကြသည်ဟုသိရသည်။

အန္တရာယ်ရှိ တရုတ်နို့ထွက်ကုန်များ ဖျက်ဆီး


တရုတ်နိုင်ငံ အနောက်တောင် ပိုင်း ဇီချွန်ပြည်နယ်ရှိ China Mengniu Diary ကုမ္ပဏီကြီးသည် ၄င်းတို့ ထုတ်လုပ်သော နို့ထွက် ပစ္စည်းစားသောက်ဖွယ်ရာများအတွင်း စားသုံးသူများအား အန္တရာယ် ဖြစ်စေနိုင်ပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် Aflatoxin  ဓာတု ပစ္စည်းများမြင့်မားစွာ ပါဝင် နေခြင်း ကြောင့် ပထမအသုတ်အဖြစ် ကုန် ပစ္စည်းများစွာကို ဖျက်ဆီးပစ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန် ပြောကြား ခဲ့သည်။ ယခုလက်ရှိကာလတွင် ထိုကုန်ပစ္စည်းများကို ဈေးကွက်သို့ ရောင်းချခြင်း မရှိသေး   သောကြောင့် စားသုံးသူများအနေဖြင့် မည်သို့မျှ ထိခိုက်မည် မဟုတ်ကြောင်း၊ မိမိ တို့ ကုမ္ပဏီထုတ် ပစ္စည်းများကိုလည်း ဆက်လက်၍ စစ်ဆေးမှုများ   ပြုလုပ်နေကြ   ကြောင်း ဖော်ပြထား သည်။

၂၀၁၁ ခုနှစ် နှင့် အပြောင်းအလဲများအပါ် အနုပညာရှင်များအမြင်

၂၀၁၁ တစ်နှစ်တာ ကာလက ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ တစ်နှစ်တာအတွင်း နယ်ပယ်ကဏ္ဍစုံ၌ အပြောင်းအလဲများ အသီးသီးဖြစ်ပေါ်ခဲ့ကြသည်။ ကောင်းသော ပြောင်းလဲခြင်းများကို တွေ့ကြုံခံစားခဲ့ရခြင်းများ ရှိသည့်အပြင် မျှော်လင့်မထားသည့် အပြောင်းအလဲများကို ရင်ဆိုင်ကြုံ တွေ့ရသည်များလည်း ရှိသည်။ မည်သို့ပင်ဆိုစေလှုပ်ရှားမှုများ၊ အပြောင်းအလဲများစွာ ဖြတ်သန်းတွေ့ကြုံခဲ့ရသည့် ၂၀၁၁ တစ်နှစ်လုံးအပေါ် အနုပညာရှင်တို့၏အမြင်မှာ . . .

ဒေါ်အောင်ဆန်းစုကြည် နှင့် ဒိန်းမတ်ဝန်ကြီးတွေ့ဆုံဆွေးနွေး

DSC_0011
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့တို့သည် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဇန်န၀ါရီလ ၆ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တစ်နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုပြီးနောက် မီဒီယာများနှင့် တွေ့ဆုံရာတွင်

သရုပ်ဆောင် အဆိုတော် သဇင် မင်္ဂလာလက်မှတ်ရေးထိုး


e4401
ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အဆိုတော် သဇင်နှင့် မောင်သက်နိုင်အောင် ဇေယျတို့၏ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ဇန်န၀ါရီ လ၁ ရက်နေ့က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ် Executive Club ၌ ပြုလုပ်ခဲ့ရာ နှစ်ဖက်မိဘဆွေမျိုး အသိုင်းအ၀န်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၅၀၀၀ တန်ဖုန်းရောင်းမည့် ဦးလွင်နိုင်ဦး နှင့်တွေ့ဆုံခြင်း

ငွေကျပ် ငါးထောင်ရှိရုံဖြင့် ဂျီအက်စ်အမ်မိုဘိုင်းလ်ဖုန်း ၀ယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း ဇန်န၀ါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်လ် ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှုပေးမည့် ရွှေပြည်တံခွန်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့သည်။ အဆိုပါ သတင်းနှင့် ပတ်သတ်ပြီး The Messenger ဂျာနယ်က ဦးလွင်နိုင်ဦးနှင့် ဆက်သွယ်မေးမြန်းထားချက်များကို ဖော်ပြလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ မြန်မာနိုင်ငံ သမိုင်းဝင် ခရီးစဉ်အစမှာပဲ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague က မြန်မာ ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။


RFA
နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague ရဲ့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နဲ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံနေစဉ်။ ဓါတ်ပုံ - RFA
Mr. Hague ရဲ့ နှစ်ရက်ကြာ ခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံပါတယ်။ ဒါဟာ နှစ် ၅၀ ကျော်အတွင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးပါ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံချိန်တဲ့ အခါ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတာတွေကို

မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂရုံးဖွင့်မည်

ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲတခု ဖွင့်တော့မယ်လို့ ပြောလိုက်ပါတယ်။ ရုံးခွဲဖွင့်ရေး ကိစ္စနဲ့ ပတ်သက်ပြီး EU နဲ့ မြန်မာအစိုးရကြားမှာ အချိန်အတော်ကြာကြာ ဆွေးနွေးနေခဲ့ကြပြီးတဲ့နောက် အခုလို သဘောတူ လိုက်ကြတာလည်း ဖြစ်ပါတယ်။ EU ရုံးခွဲဖွင့်တော့မယ်လို့ ပြောလိုက်တဲ့အချိန်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ်မ် ဟိတ်ဂ် (William Hague) မြန်မာနိုင်ငံမှာ ရောက်နေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီအခြေအနေအပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis