menu

Saturday 10 August 2013

တတိယလှိုင်းတွင် ပါခဲ့သော်လည်း(ရေးသားသူ- အောင်သူရ)

Photo: တတိယလှိုင်းတွင် ပါခဲ့သော်လည်း
---------------------------------
ရေးသားသူ- အောင်သူရ

“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ခြောက်တာမပါဘူး”ဟု အာဏာရှင် ဦးနေ၀င်း၏ စိန်ခေါ်သံကို ၁၉၈၈ ခုနှစ် ဇူလိုင် ၂၅ ရက် ည၈ နာရီတွင် ပြည်သူအားလုံးကြားလိုက်ရသည်။
 
“အဲဒါနောက်ကို ဆူဆူပူပူလုပ်လို့ရှိရင်တော့ ဆူတဲ့လူတွေ မသက်သာဘူးလို့ သာမှတ်ပေတော့”ဟု လည်း ဦးနေ၀င်းက ဆက်
လက်ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုကဒေါသဖြစ်နေ သောပြည်သူများကို ကြောက်ရွံ့မ သွားစေဘဲ လမ်းပေါ်သို့ ပိုတက် လာစေခဲ့သည်။
 
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌ ဦးနေ၀င်း၏အရေးပေါ် ပါတီညီလာခံတွင်ပြောသော ထိုအသံကို ရေဒီယိုမှ တစ်ဆင့် ကြားလိုက်ရသော (၁၉) နှစ်အရွယ်သာရှိသေးသည့် ကိုဉာဏ်လင်းမှာ ကြက်သီးများထလာပြီး သူ၏မှတ်စုစာအုပ်တွင်ထိုစာသားကို ရေး မှတ်ထားလိုက်သည်။ ထို့နောက်သူ့အိမ်တွင်ရှိသော အခြားမိသားစုများနှင့် သူငယ်ချင်းများအား ထိုစာသားကိုပြသလိုက်သည်။
 
နောက်ပိုင်းဦးနေ၀င်းမှာ ပါတီဥက္ကဋ္ဌနိုင်ငံတော်အကြီးအကဲ ရာထူးမှ နုတ်ထွက်ခဲ့သော်လည်း တစ်တိုင်းပြည်လုံးဆန္ဒပြမှုများ ဖြစ်ခဲ့
ပြီး ရှစ်လေးလုံးအရေးအခင်းကြီးဖြစ်ပွားခဲ့သည်။
 
ထိုအချိန်သည်တိုက်တိုက် ဆိုင်ဆိုင်တစ်ကမ္ဘာလုံးတွင် အာဏာရှင်တစ်ပါတီစနစ်၏ မအောင်မြင်မှုများအားစိတ်ပျက်နေချိန်၊ အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန် နိုင်ငံများကြိုးပမ်းနေချိန်ဖြစ်သည်။ ထိုကာလကို ပညာရှင်များက တတိယလှိုင်းဟု တင်စားခေါ်ဝေါ်ခဲ့ကြ
သည်။  ပေါ်တူဂီနိုင်ငံတွင်အာဏာ ရှင်အစိုးရအား ၁၉၇၄ ခုနှစ်ဧပြီ ၂၅ ရက်တွင် အငယ်တန်းစစ် ခေါင်းဆောင်များနှင့် ဒီမိုကရေစီ လိုလားသူများက အာဏာသိမ်းမှု ပြုလုပ်နိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ တတိယလှိုင်းစတင်ခဲ့သည်ဟု ပညာရှင်များကဆိုသည်။
 
ထိုလှိုင်းလုံးကြီးမှာ ပေါ်တူဂီနိုင်ငံမှ တစ်ဆင့်အရှေ့ဥရောပနိုင်ငံများသို့ ကူးစက်ခဲ့ပြီး စပိန်နှင့် ဂရိနိုင်ငံများတွင် ပြောင်းလဲမှုများ ဖြစ် ပေါ်ခဲ့သည်။ ထို့နောက် လက်တင်အမေရိကသို့ရောက်ရှိသွားပြီး တစ်ကမ္ဘာလုံးသို့ပျံ့နှံ့သွားခဲ့သည်။ တတိယလှိုင်းကို ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော် ထိတွေ့ခဲ့ပြီး အချို့မှာအောင်မြင်မှုရရှိခဲ့သည်။ မြန်မာနိုင်ငံသို့  တတိယလှိုင်းမှာ ၁၉၈၈ ၀န်းကျင်တွင်ရောက်လာသည်။
 
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပထမလှိုင်းမှာ ၁၈၃၈ မှ ၁၉၂၆ ခုနှစ်အထိဖြစ်ပွားခဲ့သည်။ အမေရိကန်လွတ်လပ်ရေးစစ်ပွဲနှင့် ပြင် သစ်တော်လှန်ရေးစစ်ပွဲတို့မှ စ တင်ဖြစ်ပေါ်လာခဲ့သည်။ ခေတ် ဟောင်း ပဒေသရာဇ်စနစ်နှင့် ပြတ်ပြတ်သားသား လမ်းခွဲပြီး အပြီး
တိုင်ဖယ်ရှားသော တော်လှန်ပြောင်းလဲနည်းဖြင့် သွားခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံအားလုံး၏ ၄၅ ဒသမ ၃ ရာခိုင်နှုန်းလောက် ဒီမို
ကရေစီနိုင်ငံရေးနယ်ပယ်ထဲသို့ ရောက်သွားခဲ့သည်။

ဒုတိယလှိုင်းကိုမူ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၃ မှ ၁၉၆၂ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။ စစ်ရှုံးနိုင်ငံများဖြစ်သော ဂျာမနီ၊ ဂျပန်နှင့်လွတ်လပ်ခါစနိုင်ငံများ တွင် ဗဟိုပြုဖြစ်ပေါ်ခဲ့သည်။ ဒုတိယလှိုင်း၏ ပုံစံမှာအပေါ်မှလာ သော ဖြစ်ပေါ်ပြောင်းလဲမှုဟုဆို
နိုင်သည်။ ဒုတိယလှိုင်းကာလအတွင်း ကမ္ဘာ့နိုင်ငံအားလုံး၏၃၂ ဒသမ ၄ ရာခိုင်နှုန်း ဒီမိုကရေစီ နိုင်ငံရေး နယ်ပယ်ထဲသို့ရောက်
ရှိခဲ့သည်။
 
မြန်မာနိုင်ငံအနေဖြင့် ဒုတိယလှိုင်း ကာလအတွင်း စစ်တလင်းဖြစ်ခဲ့ရသည်။ ၁၉၄၂ ခုနှစ်တွင် ဖက်ဆစ်ဂျပန်နှင့် ပူးပေါင်းကာ အင်္ဂလိပ်တို့အား တိုက်ထုတ်ခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ်တွင် မဟာမိတ်တို့နှင့် ပူးပေါင်းကာ ဖက်ဆစ်ဂျပန်တို့အား ပြန်လည်တိုက်ခိုက်ခဲ့ပြီး ၁၉၄၈ ခုနှစ် တွင် လွတ်လပ်ရေးရရှိခဲ့သည်။
 
လွတ်လပ်ရေးရပြီး မြန်မာ နိုင်ငံတွင် ပါလီမန်ဒီမိုကရေစီ စနစ်ကျင့်သုံးခဲ့သည်။ ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရသဖြင့် ထိုစနစ်အား
ကောင်းအောင် မဆောင်ရွက်နိုင်မီ ၁၉၆၂ခုနှစ်တွင်တပ်မတော်မှ အာဏာသိမ်းပြီးနောက် တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးခဲ့ကြ
သည်။ ထိုကဲ့သို့တစ်ပါတီအာဏာ ရှင် စနစ်ကျင့်သုံးခဲ့ပြီး မှားယွင်းသော မူဝါဒများကြောင့် တစ်ချိန်က အရှေ့တောင်အာရှတွင် ချမ်းသာ
ခဲ့သော မြန်မာနိုင်ငံမှာ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ  (LCD)  နိုင်ငံစာရင်းဝင်သွားခဲ့သည်။
 
ထိုကဲ့သို့တိုင်းပြည်ဆင်းရဲနေချိန် ၁၉၈၈ ခုနှစ်မတ်လ ၁၂ ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် အရပ်သား အချို့ခိုက်ရန်ဖြစ်ပွားရာ အစိုးရနှင့် ကျောင်းသားများကြားတင်းမာမှုများစခဲ့သည်။ ထိုကိစ္စကို အစိုးရတာဝန်ရှိသူများက ပြေလည်
အောင်မဖြေရှင်းပေးသည့် အပြင် အင်အားသုံးဖြိုခွင်းခဲ့သည့် အတွက် ကျောင်းသားလှုပ်ရှားမှုများမှတစ်ဆင့် လူထုအုံကြွမှုကြီး ဖြစ်
လာခဲ့သည်။
 
ထိုကြောင့် ထိုအချိန်ကတစ် ပါ တီအာဏာရှင်ဖြစ်ခဲ့သော ဦးနေ၀င်းမှာ အရေးပေါ်ပါတီညီလာခံ ကို ဇူလိုင် ၂၃ ရက်တွင် ခေါ်ယူပြီး ပြည်သူလူထုအား စိန်ခေါ်သည့် သမိုင်းဝင်မိန့်ခွန်း ပြောကြားခဲ့သည်။ ထို့နောက်ဇူလိုင် ၂၅ ရက် တွင် ဦးနေ၀င်းမှာ ပါတီဥက္ကဋ္ဌ ရာ
ထူးမှ နုတ်ထွက်ခဲ့ပြီးနောက် ဦးစိန်လွင်မှာ ဇူလိုင် ၂၆ ရက်တွင် ပါတီဥက္ကဋ္ဌဖြစ်လာပြီး ယင်းနေ့တွင်ပင် နိုင်ငံတော် သမ္မတရာထူးအား
လက်ခံရယူခဲ့သည်။
 
ဦးစိန်လွင်နိုင်ငံတော်သမ္မတဖြစ်လာပြီးနောက် ဆန္ဒပြသူများအား စစ်တပ်အင်အားသုံး၍ ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ကျောင်းသားများ၊ပြည်သူများ သွေးမြေကျခဲ့သည်။ ထို့နောက်ဦးစိန်လွင် ပါတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ပြီးဥပဒေပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာမောင်မောင် သမ္မတဖြစ်လာခဲ့သည်။
 
ထိုကာလအတွင်း ဆန္ဒပြပွဲများအား  တပ်မတော်မှ အင်အားသုံးပစ်ခတ်မှုများရှိသလို အချို့သော ကြည်း၊ ရေ၊ လေတပ်မတော် သားအချို့ ဆန္ဒပြပွဲများသို့ ပါဝင်လာခဲ့ကြသည်။
 
“တပ်ထဲမှာအချို့တပ်မှူးတွေ ကပါဝင်ချင်ကြတယ်။ ဒါပေမဲ့ ကာချုပ်(ဟောင်း)ဦးတင်ဦးက တပ်နှစ်ခြမ်းကွဲပြီး အချင်းချင်းပြန် ပစ်မှာ စိုးရိမ်တဲ့အတွက် အချို့တပ်မှူးတွေကနေရာယူပေးမယ်ဆိုတာကို ဦးတင်ဦးက လက်မခံခဲ့ဘူး”ဟု အရေးအခင်းတွင် ပါဝင် ဆနပြခဲ့သူ မင်္ဂလာဒုံလေတပ်မှ တပ်ကြပ်ဦးမြင့်ဝေကပြောသည်။
  
 သို့သော်ပြည်သူများက ဒေါက်တာ မောင်မောင်နုတ်ထွက်ပေးရန်နှင့် အထွေထွေရွေးကောက်ပွဲကျင်းပပေးရန်သာ ဆက်လက်
တောင်းဆိုခဲ့ကြပြီး ဆနပြပွဲများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။ 
 
နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြပွဲကြီးများ ဖြစ်ပေါ်လာခဲ့သည်။
 
၁၉၈၈ ခုနှစ်စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီတွင် စစ်တပ်မှ အာဏာလွှဲပြောင်းရယူ လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီး  မြန်မာနိုင်ငံ
သည် စစ်အုပ်ချုပ်ရေးအောက်သို့ ရောက်ရှိခဲ့သည်။ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ
ပေးခဲ့သော်လည်းအနိုင်ရရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား အာဏာမပေးဘဲ ဆက်
လက်အုပ်ချုပ်ခဲ့သည်။
 
“အတိုက်အခံဘက်ကလည်းတွေ့ဆုံဆွေးနွေးဖို့ပြောတယ်။ဗိုလ်ချုပ်ခင်ညွန့်တို့ ဘက်ကလည်းတွေ့ဆုံဆွေးနွေးဖို့ခေါ်တယ်။ ဒါပေမဲ့ဆွေးနွေးပွဲတွေ တကယ်ဖြစ်မလာခဲ့ဘူး။ တစ်ဖက်နဲ့တစ်ဖက် တွေ့ဆုံဆွေးနွေးပါမယ်လို့ပြောတာပဲဖြစ်သွားတယ်”ဟု
၈၈ အရေးအခင်းတွင်ပါဝင်ခဲ့ဖူးပြီး လက်ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် အကြီးတန်းအရာရှိအဖြစ်လုပ်ကိုင်နေသူ ဦးအောင်နိုင်
ဦးကပြောသည်။ ထိုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် မဆွေးနွေးနိုင်ခဲ့သည်များကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၂၀ ကျော်ကြာ နောက်ကျ ကျန်ခဲ့သည်ဟု ဦးအောင်နိုင်ဦး ကသုံးသပ်သည်။
 
ထိုအချိန်ကအဓိက အတိုက်အခံခေါင်းဆောင်ဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ တွေ့ဆုံဆွေးနွေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အထမ မြောက်ခဲ့ဘဲ ၎င်းင်းအပါအ၀င် အ တိုက်အခံခေါင်းဆောင်များနှင့် ကျောင်းသားခေါင်းဆောင်များ အဖမ်းခံခဲ့ရပြီး အချို့နယ်စပ် ဒေသများသို့ထွက်သွားခဲ့ကြသည်။
 
“နံပါတ်အနေနဲ့ကတော့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ယူတဲ့တပ်မတော်က ဒီအပြောင်းအလဲမှာ တစ်သားတည်းမပါလာတာက နံပါတ်တစ်ပဲ။ စစ်တပ်သြ ဇာရှိတဲ့ နိုင်ငံအများစုကို ပြန်ကြည့်လိုက်ရင် နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့အခါမှာ စစ်တပ်က ပုံစံ
တစ်မျိုးနဲ့အဲဒီအပြောင်းအလဲကို ထောက်ခံအားပေးပြီး စစ်တပ်သြဇာရှိတဲ့ နိုင်ငံတွေမှာအဲဒီလိုထောက်ခံမှုမရှိဘူးဆိုရင် အဲဒီအပြောင်း
အလဲက လုပ်လို့ကိုမရဘူး”ဟု ပဋိပက္ခရေးရာများသင်ယူခဲ့သူ ဒေါက်တာမင်းဇော်ဦးကပြောသည်။
 
၁၉၈၈ ခုနှစ်အရေးအခင်း ကာလတွင် တပ်မတော်သားအချို့မှာ ဆန္ဒပြပြည်သူများနှင့် ပူးပေါင်းခဲ့သော်လည်း ထိုပမာဏမှာ မြန်မာနိုင်ငံတွင် ထိုအချိန်က ရှိခဲ့သော တပ်မတော်အင်အားနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးခဲ့သည်။ မြန်မာ့နိုင်ငံရေးတွင် တပ်မ
တော်မှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာ့တပ်မတော် အား မြန်မာနိုင်ငံလွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ပေးခဲ့ပြီး မြန်မာနိုင်ငံရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ခဲ့၍ ဦးသန့် အရေးအခင်းမတိုင်မီအထိ ပြည်သူချစ်သော တပ်မတော်ဖြစ်ခဲ့သည်။
 
“နိုင်ငံတော်လုံခြုံရေးကို ထိပါးတဲ့ကိစ္စမျိုးအထူးသဖြင့် အစိုးရကနေပြီးတော့ တည်ငြိမ်အေး ချမ်းရေးအတွက်မထိန်းနိုင်တော့ ဘူးဆိုတဲ့ အခြေအနေမျိုးတွေဖြစ် လာရင်တော့ နိုင်ငံတော်လုံခြုံရေးကို တာဝန်ရှိတဲ့တပ်မတော်အနေနဲ့ နိုင်ငံရေးထဲဝင်လာတာကျွန်တော်
တို့တစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အခြားနိုင်ငံတွေမှာလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်” ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။
 
ထို့ကြောင့် တိုင်းပြည်အပြောင်းအလဲဖြစ်နေချိန်တွင် တပ် မတော်အနေဖြင့် နိုင်ငံရေးထဲ ပြန်ပါမလာရန်နှင့် တပ်မတော်ကိုယ် တိုင်က အပြောင်းအလဲကို လိုလိုလားလားနှင့် လက်ခံလာရန်လိုအပ်သည်။ ထို့ကြောင့် နိုင်ငံရေးအကျပ်အတည်းများနှင့် စီးပွား ရေးအကျပ်အတည်းများ နောက်ထပ်မဖြစ်ရန် လိုအပ်သည်ဟုလည်း ပညာရှင်များက အကြံပြုပြောကြားကြသည်။
 
အာဏာရှင်စနစ်မှ ဒီမိုကရေ စီစနစ်သို့သွားရာတွင် လက်နက် ကိုင်အင်အားစုဖြစ်သော တပ်မတော်အား ဒီမိုကရေစီအလေ့အ ထများလက်ခံလာအောင်၊ နားလည်လာအောင် ဆောင်ရွက်ရသည်ဟု တာတေစနေသားစာအုပ်တွင် ၀န်ကြီးချုပ်ဟောင်း ဦးနု ကရေးသားထားသည်။
 
ထို့ကြောင့်ပင် မြန်မာ့ဒီမိုက ရေစီခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် မြန်မာ့တပ်မတော်အား ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီသောတပ်မတော်ဖြစ်ရန် ဗြိတိန်နိုင်ငံသို့ အကူအညီတောင်းခဲ့သည်။ ထို့ကြောင့်လည်းဗြိတိန်နိုင်ငံတွင် မြန်မာနိုင်ငံဆိုင်
ရာ စစ်သံမှူးခန့်အပ်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံမှုများပြုလုပ်လာခဲ့သည်။ အလားတူ အမေရိကန်တပ်မတော်အနေ ဖြင့်လည်း မြန်မာ့တပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ လုပ်လာခဲ့သည်။

ထို့အပြင် မြန်မာ့တပ်မတော်တွင် တတိယခေါင်းဆောင်ဖြစ်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ရင်းရင်းနှီးနှီးဆက်
ဆံမှုများ၊ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လာပြီး ပြီးခဲ့သည့်နှစ် တပ်မတော်နေ့အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်
တိုင် တက်ရောက်အားပေးခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်လုံခြုံ ရေး တာဝန်ယူထားသော တပ်မတော်နှင့် ဒီမိုကရေစီ အင်အားစု
များကြားဟန်ချက်ညီညီ သွားနိုင်မှသာ မြန်မာ့ဒီမိုကရေစီအရေးဖြောင့်ဖြူးမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်ပေါင်း နှစ်ဆယ်ကျော်သင်ခန်းစာအားပြန်ကြည့် လျှင် ပြည်သူချစ်သော တပ်မတော်ဖြစ်ခဲ့သည့် မြန်မာ့တပ်မတော်
သည်လည်း ပြည်သူလူထုနှင့် ဝေးကွာခဲ့ရသည်။ တိုင်းပြည်လည်းချွတ်ခြုံကျခဲ့သည်။ တိုင်းပြည်လည်း နောက်ကျ ကျန်ခဲ့ရသည်။ မျိုးဆက်များစွာ ပျက်စီးခဲ့သည်။

ထိုအရာသည်ကား သမိုင်း ကပေးသော သင်ခန်းစာဖြစ်ခဲ့ သည်။  ပညာရှင်များ၏ အဆိုအရ၊လေ့လာချက်အရ တတိယလှိုင်း၏ အဖြေမှာ “အပေးအယူသဘော၊ ညှိနှိုင်းအဖြေရှာကြရသည့် စားပွဲဝိုင်းယဉ်ကျေးမှုတစ်ခုကို ဖြတ်သန်းဖို့လို့လိမ့်မည်ဟု သတိပေးသည်။
ကိုးကား-မြန်မာနိုင်ငံရေး၊ ဓလေ့နှင့် တတိယလှိုင်းအတွေ့(ကျော်ဝင်း)  OUTRAGE BURMA'S STRUGGLE FOR DEMOCRACY (Bertil Limtner)
“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ခြောက်တာမပါဘူး”ဟု အာဏာရှင် ဦးနေ၀င်း၏ စိန်ခေါ်သံကို ၁၉၈၈ ခုနှစ် ဇူလိုင် ၂၅ ရက် ည၈ နာရီတွင် ပြည်သူအားလုံးကြားလိုက်ရသည်။

“အဲဒါနောက်ကို ဆူဆူပူပူလုပ်လို့ရှိရင်တော့ ဆူတဲ့လူတွေ မသက်သာဘူးလို့ သာမှတ်ပေတော့”ဟု လည်း ဦးနေ၀င်းက ဆက်
လက်ခြိမ်းခြောက်ခဲ့သည်။ ထိုခြိမ်းခြောက်မှုကဒေါသဖြစ်နေ သောပြည်သူများကို ကြောက်ရွံ့မ သွားစေဘဲ လမ်းပေါ်သို့ ပိုတက် လာစေခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဥက္ကဋ္ဌ ဦးနေ၀င်း၏အရေးပေါ် ပါတီညီလာခံတွင်ပြောသော ထိုအသံကို ရေဒီယိုမှ တစ်ဆင့် ကြားလိုက်ရသော (၁၉) နှစ်အရွယ်သာရှိသေးသည့် ကိုဉာဏ်လင်းမှာ ကြက်သီးများထလာပြီး သူ၏မှတ်စုစာအုပ်တွင်ထိုစာသားကို ရေး မှတ်ထားလိုက်သည်။ ထို့နောက်သူ့အိမ်တွင်ရှိသော အခြားမိသားစုများနှင့် သူငယ်ချင်းများအား ထိုစာသားကိုပြသလိုက်သည်။

အာဏာသိမ်းဖို့ "အဖေကြီး" စီစဉ်ပေးခဲ့

မဆလခေတ် ၁၉၈၈ လူထုအုံကြွမှုကာလမှာ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

အာဏာသိမ်းတဲ့နေ့က စက်တင်ဘာ ၁၈ ရက်နေ့ပါ။

အဲဒီမနက်မှာ ဦးနေ၀င်းအိမ်ကနေ  မဆလ ပါတီ အထွေထွေအတွင်းရေးမှူးကို ဖုန်းဆက်ခေါ်တယ်၊ ဒါနဲ့မဆလ ထိပ်သီး ၆ ယောက် ဦးနေ၀င်းအိမ်ကို အခစားဝင်ကြပါတယ် တဲ့။


အဲဒီ ၆ ယောက်က
"သမ္မတဒေါက်တာမောင်မောင်၊ ဝန်ကြီးချုပ်က သူရဦးထွန်းတင်၊ ဒုဝန်ကြီးချုပ်က ဗိုလ်ချုပ်သန်းတင်၊   ပါတီ အထွေထွေ အတွင်းရေးမှူးကတော့ ဗိုလ်ချုပ်ကြီးအေးကို၊ တွဲဖက်က ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ နိုင်ငံခြားရေးဝန်ကြီးက ဦးရဲခေါင်" တို့ ဖြစ်ကြောင်း ဦးခင်ညွန့်က ပြောတယ်လို့ အင်္ဂါနေ့ရက်စွဲနဲ့  ထုတ်ဝေတဲ့ မော်နီတာဂျာနယ်မှာ ရေးထားပါတယ်။

ဖုန်းလာချိန်မှာ ကာချုပ် ဗိုလ်ချုပ်ကြီးစောမောင်၊ ထောက်လှမ်းရေးချုပ် ဗိုလ်မှူးချုပ်ခင်ညွန့်တို့လည်း ရှိနေတော့ စုစုပေါင်း ၈ ယောက်သား ဦးနေ၀င်းအိမ်ကို ချီတက်သွားကြတယ်လို့ ဆိုပါတယ်။
ဟိုရောက်တော့ ဥက္ကဋ္ဌကြီးဦးနေ၀င်းက သူတို့ကို စစ်အာဏာသိမ်းဖို့ ပြောပါတယ် တဲ့။

ဥက္ကဋ္ဌကြီးပြောဆိုပုံကို ဦးခင်ညွန့် ရှင်းပြတာက ဒီလိုပါ ...

အရှင်မွေး နေ့ချင်းကြီးစေ

Photo: အရှင်မွေး နေ့ချင်းကြီးစေ
================

အရှင်မွေးတော့နေ့ချင်းကြီး ဆိုသ လိုပင်ထင်ပါ့။ ကော့မှူးမြို့နယ်ထဲကို စ တင်ဝင်လိုက်ကတည်းက ဗဟိုလမ်းမကြီး ၏ ခင်းကျင်းထားမှုကပင် လမ်းတစ်လျှောက် လုံးအနေအထားနှင့် ကွာဟ သွားခဲ့သည်။ ဘေးဝဲယာ လမ်းသွယ်များပင် ကွန်ကရစ် လမ်းအသီးသီးဖြင့်တင့်တယ်လှပနေခဲ့၏။ ”ဦးခင်ရွှေကောင်းမှုတွေထင်တယ်” ဟု အတူပါလာသော ရုံးက ဂျူနီယာ သတင်းထောက်က ပြော၏။”အင်း” ဟု တစ်ခွန်းတည်းသာ သူ့ကိုပြန်ဖြေဖြစ်သည်။  ၂ဝ၁၂ခုနှစ် ဧပြီလကကျင်းပခဲ့သော ကြားဖြတ်ေ ရွးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်

သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေ ရာဝင်ရောက်ယှဉ်ပြိုင် အရွေးခံပြီးနောက် ပိုင်း ကော့မှူးမြို့နယ်သည် နေ့ချင်းဆိုသ လိုဖီးလိမ်ပြင်ဆင်ပြုပြင်လိုက်သော တော သူမအလှမယ်လေး သဖွယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း သူမို့ လိုအပ်သည်ဆိုလျှင် ကူညီပေးချင်ကြသူများကလည်း ဒုနှင့်ဒေးပင်မဟုတ်လား။ မည်သို့ပင်ဖြစ်ဖြစ် ကော့မှူးမြို့နယ်သည် ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်လာ ပြီးနောက်ပိုင်း ဒေသခံများနှင့် တွေ့ဆုံရန် လာရောက်ခဲ့သည့် အကြိမ်ပေါင်း ၁၂ ကြိမ် အတွင်း ရုပ်ဝတ္ထုပိုင်း၌ များစွာဖွံ့ဖြိုးလာ သည်ဟု ဆိုရမည် ဖြစ်၏။

ထို့အတူ ၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်ကဖြစ်သည်။ ဂျပန်နိုင်ငံ ဟီးနိုးကုမ္ပဏီ မှ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်း ထားသော ရွေ့လျားစာကြည့်တိုက်ဘတ်(စ်) ကား ၂စီး (လောလောဆယ် တွင် တစ်စီး သာရောက်ရှိ လည်ပတ်နိုင်သေးခြင်းဖြစ် သည်)ဖြင့်လည်ပတ် မည့် ရွေ့လျားစာကြည့် တိုက်လုပ်ငန်းကို ကော့မှူးမြို့နယ် ပြန် ဆက် ( ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး)ရုံးတွင် စတင်ဖွင့်လှစ်ခဲ့ ပြန်သည်။ ယင်းသည် မြန်မာနိုင်ငံ၌ ပထမဦး ဆုံးသော ရွေ့လျားစာကြည့် တိုက်တစ်ခု ဖြစ်ပြီး ယခင် ပြန်ဆက် ရုံးစာကြည့်တိုက် အား သိန်း ၆ဝဝ အကုန်အကျခံ ပြုပြင်မွမ်းမံစာအုပ်စာတမ်းများဖြည့်စွက်ပြီး နောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။  (ကုန် ကျခံနိုင်မှု မှန်းချက် သိန်း ၃ဝဝဝ ထားရှိ ကြောင်းသိရသည်)ရွေ့လျားစာကြည့်တိုက်အတွက်အထူးသီးသန့် အသုံးပြုနိုင်ရန် အမေရိကန် ဒေါ်လာ ၄ဝဝဝဝ  အကုန်အကျခံပြုပြင် ထားသော ဟီးနိုးကားဖြင့် ကော့မှူးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာကို အ လှည့်ကျစနစ်ဖြင့် သွားရောက်မည့် လုပ် ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။ နေ့စဉ် ၃ ကြိမ် ၃ နေရာသို့သွားရောက်မည်ဖြစ်ပြီး လူထု ၅၈ဝဝဝ ထိ ရောက်ရှိ ဝန်ဆောင် မှုပေးနိုင်မည်ဖြစ်ကာ ကော့မှူးမြို့နယ်အ တွင်းရှိ ကျောင်းသားကျောင်းသူပေါင်း ၁၁ဝဝဝ ထံ ရောက်ရှိ သွားမည် ဖြစ်သည်။

ရွေ့လျားစာကြည့်တိုက်သည် ကလေး ငယ်များအတွက် အထူးရည်ရွယ် ထားခြင်း ဖြစ်ပြီး စာအုပ်ပေါင်း ၁၅ဝဝဝ၊ အမျိုးအ စားပေါင်း ၁၂ဝ ကျော်ဖြင့် စတင်လည် ပတ်သွားမည်ဖြစ်သည်။ ယင်းသည် ရွေ့ လျားစာကြည့်တိုက် လုပ်ငန်းဆိုင်ရာ ရည် မှန်းချက်များဖြစ်၏။  ”ကားတစ်စီး အခန်း တစ်ခန်းမှာအခြေပြုပြီးတော့ ကျွန်မတို့နိုင်ငံ တစ်နိုင်ငံလုံးအနှံ့မှာ ပညာဗဟုသုတ တိုးပွားရေးအတွက် လုပ်နိုင်မယ်ဆိုရင် မြို့နယ်လေး တစ်ခုကနေ စင်မြင့်တစ် ခုရောက်အောင်လို့ ကျွန်မတို့ ပြုစုပျိုး ထောင် လိုက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ရွေ့လျား စာကြည့်တိုက် နှင့်ပတ်သက်ပြီးသူ၏ ဆန္ဒကို ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခြင်းနှင့် ဗဟို စာကြည့်တိုက် မွမ်းမံပြင်ဆင်လှူဒါန်းခြင်း အခမ်းအနားသို့ ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ပြီး ဇေကမ္ဘာဦးခင်ရွှေ၊ မြန်မာ နိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ ဒေါ်ဥမ္မာ မိုးမြင့် အစရှိသူတွေလည်း တက်ရောက် ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနား တွင် ဒေါ်အောင် ဆန်းစုကြည် က ၁၂ မိနစ်ကြာ အမှတ်တရ စကား ပြောကြားခဲ့ပြီး ရွေ့လျား စာကြည့် တိုက်ကြောင့် စာပေဖတ်ရှုလေ့လာခွင့်ရ ရှိမည့် အခွင့်အရေး ကို ပြည့်ပြည့်ဝဝအသုံး ချရန် လိုအပ်ကြောင်း ဒေသခံများကို တိုက်တွန်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၅ဝ နီးပါးကာလအတွင်း မြန်မာနိုင်ငံ၏ ပညာရေးသည် များစွာနိမ့် ကျသွားခဲ့ပြီး လေ့လာဖတ်ရှုကိုးကားစရာ စာကြည့်တိုက်များလည်း ရှားပါးသွားခဲ့သည်။ ယခင်ပြန်ကြားရေးဝန်ကြီးဟောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း (ယခုသမဝါယမ ဝန်ကြီးဦးကျော်ဆန်း) လက်ထက် မြန်မာ နိုင်ငံအနှံ့ စာကြည့်တိုက်တွေ ဖွင့်လှစ်ခဲ့ သော်လည်း
ဟန်ပြစာကြည့်တိုက်များသာ ဖြစ်ခဲ့ပြီး ဒေသခံများ၏ လှိုက်လှိုက်လှဲလှဲ စာပေဖတ်ရှုချင်စိတ်ကို  ပံ့ပိုးပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့ လျားစာကြည့်တိုက် ဖွင့်လှစ်ခဲ့သည့် နေရာသည်လည်း ယခင်က ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးရုံးက ဖွင့်လှစ်ထား သည့်

မြို့နယ်စာကြည့်တိုက် တစ်ခုဖြစ်ပြီး မှုန်မှိုင်း ခြောက်ကပ်စွာ ရှိနေခဲ့ခြင်းဖြစ် ကြောင်း ကော့မှူးမြို့နယ် မကျည်းကန် အခြေခံ မူလတန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဦးရီဌေးက ပြောသည်။ မှုန်မှိုင်းသည်ဖြစ်စေ။ လင်းရှင်းရှု ချင်စဖွယ်ဖြစ်စေ အဆိုပါရွေ့လျားစာကြည့် တိုက် ရေရှည်အောင်မြင်ရန် အဓိက စိန် ခေါ်ချက် သည် ဒေသခံပြည်သူ များ၏ ပူး ပေါင်းပါဝင်မှုပင်ဖြစ်သည်။ ဒေသခံပြည် သူများ ပူးပေါင်းပါဝင်မှု မရှိလျှင် ရွေ့လျား စာကြည့်တိုက် လည်း ရေရှည် ရပ်တည် နိုင်ရန် ခက်ခဲမည်မှာ အသေအချာပင်ဖြစ် သည်။ အထူးသဖြင့် ရွေ့လျားစာကြည့် တိုက်သည် ကလေးငယ်များကို ဦးတည် ထားသဖြင့် ကလေးငယ်များ အမှန် တကယ်ပါဝင် လာပါ့ မလားဆိုသည်က လည်း စိန်ခေါ်ချက်တစ်ခု ပင် ဖြစ်သည်။ လွယ်လင့်တကူ ရယူဖတ်ရှုခွင့်ရှိမည်ဆို လျှင်တော့ ကလေးငယ်များ စာကြည့် တိုက်သို့ရောက် ရှိလာမည်မှာသေချာသည်။

”လာမှာပါ ။ အန်တီတို့ စာကြည့် တိုက်မဖွင့်ခင် ပြင်ဆင်နေကတည်းက လာဖတ်ကြတဲ့ ကလေးတွေရှိတယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း ရွေ့လျား နှင့် ဗဟိုစာကြည့်တိုက်မှူး ဒေါ်ခင်နှင်းဦးက မှတ်ချက်ပြု၏ ။ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းလည်ပတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံအခြေစိုက် Society for Support Burma အဖွဲ့မှ ထောက်ပံ့ကူညီပေးထားခြင်းဖြစ် ပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ဝဝဝဝ ဖြင့် ၃နှစ်ထောက်ပံ့သွားရန် ရှိကြောင်း အဆိုပါအဖွဲ့မှ မစ်နာဆူရှီမီ လာရှိကာ၏ ပြောကြား ချက်အရသိရသည်။

ထိုအရာများသည် ရင်းနှီးမြှုပ်နှံမှု များပင်ဖြစ်သည်။ လွန်ခဲ့သော နှစ် ၅ဝက နိုင်ငံအတွက် ဆုံးရှုံးနစ်နာခဲ့မှုများကို ယခုမျိုးဆက် အား ပြုစု ပျိုးထောင်ခြင်း ဖြင့် သာ ပြန်လည်တည်ဆောက် အစားထိုး နိုင်မည်ဖြစ် သည်။ ကော့မှူးမြို့နယ် ၂၁ရွာ အတွင်းရှိ လူပေါင်း ၅၈ဝဝဝ၊ ကျောင်း သူ ကျောင်းသားပေါင်း ၁၁ဝဝဝ အနက် ၅ဝ ရာခိုင်နှုန်း ရွေ့လျား စာကြည့်တိုက်ကို အ သုံးပြုလာမည်ဆိုလျှင် ယင်းသည် လက္ခ ဏာကောင်းတစ်ခုပင် ဖြစ်သည်။ သို့ မဟုတ်လျှင်  …

”ကျွန်တော်တို့ဆီက စာကြည့်တိုက် တော်တော်များများ ကတော့ ကောက်ရိုးမီး ဖြစ်သွားတာများတယ်။ ကျွန်တော်တို့က တော့ အဲဒီလိုအဖြစ်မခံနိုင်ဘူး။ ”ကျွန်တော်စိုးရိမ်တာက လူထုဆီ ကပူပေါင်း ပါဝင်မှုမရှိမှာကိုပဲ။ လူထုဆီက ပူးပေါင်းပါဝင်မှုရှိပြီဆို အားလုံး  အောင် မြင်ပြီ။ အဲဒါဖြစ်အောင်လည်း ကျွန်တော် တို့ လှုံ့ဆော်မှုလုပ်ငန်းတွေလုပ်သွားမယ်” ဟု ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပရော ဂျက် ဒါရိုက်တာဒေါက်တာ သန့်သော် ကောင်းက ပြောသည်။

နိုင်ငံတိုးတက်ရေးအတွက် ရည် ရွယ်ပြီး ရွေ့လျားစာကြည့် တိုက်ကို     ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သူပြောခဲ့သော အမှတ်တရ စကားအရ သိခွင့် ရသည်။ ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေး ခရီးစဉ်စတင်ကတည်းက ပင် အရပ်သားအစိုးရပုံစံထဲ၊ လွှတ်တော် နိုင်ငံရေးထဲ ဝင်ရောက်ခဲ့ကြပြီး နေရာ အသီးသီးတွင် တာဝန်အသီးသီးယူခဲ့ကြ သူများ၊ ပြည်ထောင်စု လွှတ်တော်ထိုင်ခုံ များတွင် ဝင်ရောက်နေရာယူခွင့်ရခဲ့သူများ အားလုံးနီးပါးသည်လည်း ယင်းအခြေ အနေ၏ အစကနဦး တွင် နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးဟူသောစကားကို တွင်တွင်ကျယ် ကျယ်ပြောကြားခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁ဝ ခုနှစ် အထွေထွေရွေး ကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲကာလများက မဲဆန္ဒနယ်အသီး သီးရှိ ပြည်သူ များကို မစားရ ဝခမန်းပေး ခဲ့သော ကတိများအတွက် မည်သူတွေ မည်မျှ အကောင်အထည်ဖော်နိုင်ပြီလဲဆို သည်က မေးကြည့်စရာပင် လိုမည်မထင် ပေ။ လွှတ်တော်၌ တင်သွင်းအ ဆိုပြုသော မေးခွန်း အဆိုများအား စောင့်ကြည့်လေ့ လာလျှင်လည်း မိမိကိုယ်စားလှယ်သည် မိမိမဲဆန္ဒနယ်ကို မည်မျှအကျိုးပြုသည် လဲဆိုသည်မှာ လည်း မေးကြည့်စ ရာပင် လိုမည် မထင်ပေ။ သို့သော် ထိုသို့အကျိုးပြုနိုင်ရန်မှာ လည်း နောက် ခံပံ့ပိုးပေးမည့် အရာများ စွာလိုအပ်သည်ဆိုသည်က အမှန်တရား တစ်ခုပင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည်မို့ ပံ့ပိုးချင်သူ များကြောင့် ကော့မှူး မြို့နယ်သည် တောသူမ လှလှကလေး ဖြစ်လာ ခဲ့ခြင်း ဖြစ်သည်။ သို့သော် နွေ အခါ ဖုန်ထူသော ဝါးသင်္ခရွာကလေး သည် မိုးအခါ ဗွက်ထနေတုန်းပင် ဖြစ် သည်။ အခြားသော တောင်တန်းဒေသများ မဆိုထားဘိ အစိုးရရုံးစိုက်ရာ ပထမ မြို့ တော်အဖြစ် ခေါ်ဝေါ်နေကြပြီဖြစ် သည့် နေပြည်တော်ကောင်စီ နယ်မြေ ကွန်ကရစ် မြို့တော်အနီး ရွာများပင်လျှင် လျှပ်စစ်မီး ကို လင်းလင်းချင်းချင်း မရရှိသေးပေ။

သူမို့ဖြစ်သည်ဟု ဆိုလျှင်ရ ကောင်း သော်လည်း ယခုအချိန်သည် အမှန် တကယ်သာ ပြည်သူ့အတွက် တိုင်းပြည် အတွက် အကျိုးရှိသောလုပ်ငန်း များကို လုပ်ကိုင်မည်ဆိုလျင် ပံ့ပိုးထောက်ကူမှု သည် လွယ်လင့် တကူဖြစ် ပေါ်လာမည်ဟု ထင်မိသည်။ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့ လျားစာကြည့်တိုက်ကားများ ကော့မှူး မြို့လေးမှာ အစတည်ပြီး မြန်မာနိုင်ငံ အနှံ့မောင်းနှင်သွားရောက်မှုဖြစ်ပေါ်လာ ချိန်နှင့်အတူ အခြားသော ပုဂ္ဂိုလ်များ၏ အခြားသော ( ပြည်သူအတွက် အမှန် တကယ်အကျိုးဖြစ်စေေ သာ) မောင်း နှင်မှုများလည်း ရေရှည်ထာဝရ ပေါ် ပေါက်စေချင်မိသည်။ တိတိကျကျဆိုရလျင်  မြန်မာနိုင်ငံ အနှံ့ဒေသများစွာ အရှင်မွေးလို့ နေ့ချင်း ကြီးဖြစ် စေချင်မိသည်က အမှန်ပင် ဖြစ်သည်။

ဥာဏ်လင်းအောင်
အရှင်မွေးတော့နေ့ချင်းကြီး ဆိုသ လိုပင်ထင်ပါ့။ ကော့မှူးမြို့နယ်ထဲကို စ တင်ဝင်လိုက်ကတည်းက ဗဟိုလမ်းမကြီး ၏ ခင်းကျင်းထားမှုကပင် လမ်းတစ်လျှောက် လုံးအနေအထားနှင့် ကွာဟ သွားခဲ့သည်။ ဘေးဝဲယာ လမ်းသွယ်များပင် ကွန်ကရစ် လမ်းအသီးသီးဖြင့်တင့်တယ်လှပနေခဲ့၏။ ”ဦးခင်ရွှေကောင်းမှုတွေထင်တယ်” ဟု အတူပါလာသော ရုံးက ဂျူနီယာ သတင်းထောက်က ပြော၏။”အင်း” ဟု တစ်ခွန်းတည်းသာ သူ့ကိုပြန်ဖြေဖြစ်သည်။ ၂ဝ၁၂ခုနှစ် ဧပြီလကကျင်းပခဲ့သော ကြားဖြတ်ေ ရွးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကော့မှူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်

သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေ ရာဝင်ရောက်ယှဉ်ပြိုင် အရွေးခံပြီးနောက် ပိုင်း ကော့မှူးမြို့နယ်သည် နေ့ချင်းဆိုသ လိုဖီးလိမ်ပြင်ဆင်ပြုပြင်လိုက်သော တော သူမအလှမယ်လေး သဖွယ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာကျော် ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်တစ်ယောက်ဖြစ်တာကြောင့်လည်း သူမို့ လိုအပ်သည်ဆိုလျှင် ကူညီပေးချင်ကြသူများကလည်း ဒုနှင့်ဒေးပင်မဟုတ်လား။ မည်သို့ပင်ဖြစ်ဖြစ် ကော့မှူးမြို့နယ်သည် ဒေါ်အောင်ဆန်းစုကြည် အမတ်ဖြစ်လာ ပြီးနောက်ပိုင်း ဒေသခံများနှင့် တွေ့ဆုံရန် လာရောက်ခဲ့သည့် အကြိမ်ပေါင်း ၁၂ ကြိမ် အတွင်း ရုပ်ဝတ္ထုပိုင်း၌ များစွာဖွံ့ဖြိုးလာ သည်ဟု ဆိုရမည် ဖြစ်၏။
Related Posts Plugin for WordPress, Blogger...

ShareThis