menu

Saturday 31 March 2012

ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....(ဟာဂျူလီ.ကသာ)


ထက်ထက်မိုးဦးအမှုကို ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေလို့ဆုံးဖြတ်လိုက်တဲ့ တရားသူကြီးမင်း
ခင်ဗျား..
ကျွန်တော်ကတော့ မီဒီယာသမားတစ်ဦးပါ၊မီဒီယာသမားတစ်ဦးမို့ မီဒီယာသမားတစ်ဦးကို ပါးရိုက်လိုက်တဲ့ မင်းသမီးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းလို့ ပြောတယ်လို့တော့ မထင်လိုက်ပါနဲ့၊တရားခံတစ်ဦးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းတယ်ထင်လို့ ထပြောနေရတာပါ၊
 တကယ်လို့ ဒီလိုလက်ရောက်မှုအတွက် တရားခံ မင်းသမီးကိုထောင်ဒါဏ်(၅)နှစ် (၁၀)နှစ်ချလိုက်ရင်လည်း မင်းသမီးဘက်က လိုက်ပြီး ပြောပြရေးသားသွားမှာပါပဲ၊ကျွန်
တော်ပြောချင်တာ ပြစ်ဒါဏ် မမျှတမှုအပေါ်ကိုသာ ပြောချင်တာပါ၊
အခု အမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်အပေါ်ကို သေခြာစွာစိစစ်မယ် ဆိုရင် သတင်းထောက်နဲ့ သရုပ်ဆောင်တို့ရဲ့ဖြစ်စဉ်ဆိုတာထက် တာဝန်ထမ်းဆောင်
သူနဲ့ကိုယ်ထိလက်ရောက် ကျူးလွန်သူတို့ရဲ့ ဖြစ်စဉ်လို့ပဲပြောရမှာပါ၊ဒီနေရာမှာ သတင်းထောက်မှားခြင်းမှန်ခြင်း၊သရုပ်ဆောင် မှန်ခြင်းမှားခြင်းတွေကို
မပြောလိုပါဘူး၊ဥပဒေမဲ့ ပြုမူခဲ့ခြင်းအပေါ်ပြောချင်တာပါ၊အမှန် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်လို့ သရုပ်ဆောင်က ယူဆရင် ဥပဒေကြောင်းအရ တရား
စွဲလို့ရနိုင်သလို အယ်ဒီတာချုပ်ထံတိုင်ကြားပြီး အရေးယူခိုင်းလို့လည်း ရနိုင်ပါတယ်၊(သတင်းထောက်းမှားတယ်မပြောဘူးနော်)၊ဒီနေရာမှာ အရိုက်ခံလိုက်
ရတဲ့ သတင်းထောက်မလေးကို ကျွန်တော်ချီးကျူးတာတစ်ခုက ကိုယ့်အပေါ် ကိုယ်ထိလက်ရောက် စော်ကားတာကိုပင် ပြန်မတုန့်ပြန်ပဲ ဥပဒေကြောင်းအရ
ပြန်ဖြေရှင်းတာ မှန်ကန်တဲ့ တုန့်ပြန်ချက်ပါ၊ကိုယ်နေထိုင်ရာတိုင်းပြည်ရဲ့ ဥပဒေကိုယုံကြည်လိုက်မိတယ်လို့သုံးသပ်ရမှာပါ၊သို့သော် သူယုံကြည်ခဲ့တဲ့
ဥပဒေရဲ့ ဆုံးဖြတ်ချက်ကတော့

Myanmar Times Weekly ဂျာနယ်ကို စတင် တည်ထောင်သူ မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခြင်း

"ရာစုနှစ်တစ်ဝက်ကျော် လျစ်လျူရှုခံထားရတဲ့ စတုတ္ထမဏ္ဍိုင်ဟာ ထိုက်သင့်တဲ့ သူ့နေရာကို ပြန်လည်ရရှိလာတော့မှာပါ"

ခေတ်နောက်ကျနေသော နိုင်ငံပိုင် သတင်းစာများသာရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ပေါ်ထွက်လာရေးနှင့် ပတ်သက်၍ များစွာပြောဆိုနေခဲ့ကြရာ တကယ့် လက်တွေ့တွင် အဓိပ္ပာယ်မည်သို့ရှိပါသနည်း။ မည်သူတွေ အကျိုးအမြတ်ရပြီး မည်သူတွေ အရှုံးပေါ်ကြမည်နည်း၊ မြန်မာတိုင်း(မ်)၏ ဒုတိယသတင်းအယ်ဒီတာ ရတနာထွန်း က အလန့်တကြားဖြစ်စေလောက် သော ထိရောက်မှုဆန်းစစ်ခြင်း အပါအ၀င် ရင်ဆိုင်တွေ့ကြုံရမည့် အရေးကြီး အခက်အခဲပြဿနာများအကြောင်းကို သတင်းစာ ဆရာကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းကို ဤကဏ္ဍတွင် ဖော်ပြသွားပါမည်။ ဤကဏ္ဍတွင် အပိုင်းနှစ်ပိုင်း ပါဝင်ရာ ပထမတစ်ပိုင်း အဖြစ် ကျွန်ုပ်တို့ အပတ်စဉ်ဂျာနယ်ကို စတင် တည်ထောင်သူဖြစ်သော မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြ လိုက်ပါသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဘာသာစုံ ဆုတောင်းပွဲ ကျင်းပ


မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ကျောင်းတော်တွင် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - လွင်ကိုတိတ်
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေ သော စစ်မီးများ ငြှိမ်းသတ်၍ မြန်မာနိုင်ငံ အတွက် ထာဝရငြိမ်းချမ်းရေးဖော်ဆောင် နိုင်ရန်နှင့် မကြာမီ ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲ အောင်အောင် မြင်မြင် ကျင်းပနိုင်စေရန် ဘာသာ ပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ယုဒဿန်ကျောင်းတော်တွင် ကျင်းပခဲ့ သည်။
ဆုတောင်းပွဲအခမ်းအနားတွင် တိုင်း ရင်းသားပေါင်းစုံအပါအ၀င် ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ အင်န်ဂျီအိုများနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်ပေါင်း ၄၀၀ ၀န်းကျင်က ငြိမ်းချမ်းရေး ဖယောင်း တိုင်များ ကိုယ်စီကိုင်ကာ မိမိတို့သက်ဆိုင် ရာ ဘာသာအလိုက် အာရုံပြုကာ ကချင် ပြည်နယ် ထာဝရငြိမ်းချမ်းရေးအတွက် အလေးအနက်ထား ဆုတောင်းခဲ့ကြ သည်။
"အခုလို ဘာသာပေါင်းစုံ ဆုတောင်း တဲ့ဖြစ်ရပ်က သမိုင်းမှာ တော်တော် ရှားပါ တယ်။

အပန်းဖြေခရီးသွားသူများတဲ့ အားလပ်ရက် နွေရာသီ




အလောင်းတော်ကဿပ၌ ခရီးသွားများအား တွေ့ရစဉ်
ဆောင်းကုန်လို့ နွေရာသီထဲ ချင်းနင်းဝင်ရောက်ခဲ့တာ တစ်လ ရှိခဲ့ပါပြီ။ နွေရာသီ အားလပ်ရက်လို့ ပြောလိုက်ရင် ကျောင်းသား ကျောင်းသူတွေကို ပြေးမြင်ယောင်မိတတ်ကြသလို ကျောင်းသားမိဘတွေ တစ်ခဏ အနား ရချိန်လို့လည်း တွေးမိစေပါတယ်။ တစ်နှစ်တာပတ်လုံး သားသမီးတွေစာနဲ့ လုံးပန်းနေခိုက်မှာ မိဘတွေဆိုတာဟာလည်း သားသမီးတွေနဲ့အပြိုင် ပင်ပန်းခဲ့ကြရတာပါ။ အထူးသဖြင့် သားသို့မဟုတ် သမီးဟာ တက္ကသိုလ် ၀င်တန်း ကျောင်းသား ကျောင်းသူဆိုရင်တော့ သာမန်ထက် လူပင်ပန်း စိတ်ပင်ပန်း ဖြစ်ကြရပါတယ်။ တက္ကသိုလ်ဝင် တန်းဆိုတာဟာ ရှေ့ဆက်လျှောက်ရမယ့် ဘ၀လမ်းကို ပြဋ္ဌာန်းပေးတဲ့ အချိုးအကွေ့ တစ်ခုလည်း ဖြစ်နေတာကြောင့်ပါပဲ။

အခုတော့ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းတွေသာမက တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေလည်း ပြီးဆုံးချိန်ရောက်ပြီမို့ အားလပ်ရက် နွေရာသီကို အပြည့်အ၀ စတင်ခဲ့ပါပြီ။ မြို့ပြမှာတော့ နွေက အပူကဲလို့။ နယ်ဒေသတွေမှာလည်း နွေနေ့လယ်ခင်းတွေဟာ နွေသရုပ် ပီပြင်နေခဲ့ပြီ။ သဘာဝပတ်ဝန်းကျင် လှပတဲ့ဒေသတွေမှာတော့ နွေဦးရာသီဟာ ပူပြင်းတဲ့နေရောင်ကိုသာ မေ့ထားတတ်ရင် ပန်းရောင်စုံ၊ ရွက်သစ်စိမ်းစိမ်းတွေနဲ့ ကဗျာဆန်ဆန် လှပနေတော့တာပါ။
Related Posts Plugin for WordPress, Blogger...

ShareThis