menu

Thursday 14 November 2013

နိုင်ငံတကာကူညီထောက်ပံ့သော အဖွဲ့များကို ခြိမ်းခြောက်မှုနှင့် မောင်း ထုတ်မှု အမေရိကန် မြန်မာကိုသတိပေး

နိုင်ငံတကာကူညီထောက်ပံ့သော အဖွဲ့များကို ခြိမ်းခြောက်မှုနှင့် မောင်း ထုတ်မှု အမေရိကန် မြန်မာကိုသတိပေး
Thursday, November 14, 2013

ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးများ လုပ်ဆောင်နေသော လုပ်သားများကို နှောင့်ယှက်သူ၊ ခြိမ်းခြောက်သူ၊ ရန်စသူ၊ အန္တရာယ်ပေးသူ မည်သူ့ကိုမဆို အပြင်းအထန် ချက်ချင်း အရေးယူဖို့ ပြည်နယ်အာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာ ၁၄ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ရခိုင်ပြည်နယ်သို့ အမေရိကန်၊ ဆွစ်ဇာလန် သံအမတ်ကြီးများနှင့် ဗြိတိသျှသံအရာရှိများ မြန်မာဝန်ကြီး နှစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီတို့နှင့်အတူ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁မှ ၁၂ရက်အထိ သွားရောက်  လေ့လာခဲ့ပြီး ဒုက္ခသည်များအခြေ အနေနှင့် နှစ်ဖက် လူ့အသိုင်းအဝိုင်းကြားမှ တင်းမာမှုများကိုပါ လေ့လာခဲ့ သည်ဟု သံရုံး ကြေညာချက်က ဆိုသည်။ 

အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချဲလ်ဦးဆောင်သော အဆိုပါသံအရာရှိများအဖွဲ့သည် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း၊ အမျိုးသားရေးလက္ခဏာဆိုသော ကြွေးကြော်သံဖြင့် လူမျိုးတစ်မျိုးအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ လူသားချင်းစာနာ ထောက်ထား သော ကူညီထောက်ပံ့မှုများကို နှောင့်ယှက်ဟန့်တားမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းကလုံးဝသည်းခံမည် မဟုတ်သလို မည်သည့်အခြေအနေအောက် တွင်မဆို လုံးဝ လက်မခံကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။ 

နယ်စည်းမခြား ဆရာဝန်များအဖွဲ့အပါအဝင် အခြား နိုင်ငံတကာ အဖွဲ့အစည်းများသည် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် များကိုသာ ထောက်ပံ့ကူညီနေသည်ဟူသော စွပ်စွဲချက် များဖြင့် ဒေသခံများက ကူညီသူများ၊ အဖွဲ့အစည်းများကို ရခိုင် ပြည်နယ်မှ ထွက်ခွာသွားရန် သတိပေးခြိမ်းခြောက်ခြင်းများ ဆက်တိုက်ပြုလုပ် ခဲ့ကြသည်။ ယင်းလုပ်ရပ်အပေါ် မြန်မာ အစိုးရက တရားဝင် တုံ့ပြန်ခြင်းမရှိသလို ယင်းကဲ့သို့ ခြိမ်းခြောက်နေသူများကိုလည်း အရေးယူတားမြစ်ခြင်းများ ဆောင်ရွက်ခြင်းမရှိသေးပေ။
ုkamayutmedia

Thursday, November 14, 2013

ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးများ လုပ်ဆောင်နေသော လုပ်သားများကို နှောင့်ယှက်သူ၊ ခြိမ်းခြောက်သူ၊ ရန်စသူ၊ အန္တရာယ်ပေးသူ မည်သူ့ကိုမဆို အပြင်းအထန် ချက်ချင်း အရေးယူဖို့ ပြည်နယ်အာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာ ၁၄ရက်နေ့တွင် ကြေညာချက် ထုတ်ပြန် ခဲ့သည်။

ရခိုင်ပြည်နယ်သို့ အမေရိကန်၊ ဆွစ်ဇာလန် သံအမတ်ကြီးများနှင့် ဗြိတိသျှသံအရာရှိများ မြန်မာဝန်ကြီး နှစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဦးခင်ရီတို့နှင့်အတူ ရခိုင်ပြည်နယ်သို့ နိုဝင်ဘာ ၁၁မှ ၁၂ရက်အထိ သွားရောက် လေ့လာခဲ့ပြီး ဒုက္ခသည်များအခြေ အနေနှင့် နှစ်ဖက် လူ့အသိုင်းအဝိုင်းကြားမှ တင်းမာမှုများကိုပါ လေ့လာခဲ့ သည်ဟု သံရုံး ကြေညာချက်က ဆိုသည်။

အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချဲလ်ဦးဆောင်သော အဆိုပါသံအရာရှိများအဖွဲ့သည် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း၊ အမျိုးသားရေးလက္ခဏာဆိုသော ကြွေးကြော်သံဖြင့် လူမျိုးတစ်မျိုးအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၊ လူသားချင်းစာနာ ထောက်ထား သော ကူညီထောက်ပံ့မှုများကို နှောင့်ယှက်ဟန့်တားမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းကလုံးဝသည်းခံမည် မဟုတ်သလို မည်သည့်အခြေအနေအောက် တွင်မဆို လုံးဝ လက်မခံကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဒီဇင်ဘာ (၃)ရက်နေ့တွင် Pee Mak မင်းသမီးနှင့် မြန်မာနိုင်ငံ အနုပညာရှင်များစွာဖြင့် ဆီးဂိမ်းစ်လှုံ့ဆော်မှု ပြုလုပ်မည်

 
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ဆီးဂိမ်းစ်အကြို လှုံ့ဆော်မှုအဖြစ် ထိုင်းမင်းသမီး Davika Hoorne အပါအ၀င် မြန်မာနိုင်ငံမှ အနုပညာရှင် များစွာဖြင့် ဆီးဂိမ်းစ်အကြို လှုံ့ဆော်ပွဲ ပြုလုပ်သွားမည် ဖြစ်သည်။

ယင်းအစီအစဉ်တွင် ထိုင်းမင်းသမီး Davika Hoorne ၊ လူမင်း၊ စိုင်းစိုင်းခမ်းလှိုင်တို့နှင့် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်မည့် Moss Patiphan Patavikran လည်း ပါဝင်ကူညီ ပေးသွားမည် ဖြစ်သည်။ ဒါ့အပြင် အရှေ့တောင် အာရှ သူရဲကောင်းများ တေးသီချင်း အယ်လဘမ်တွင် ပါဝင်သီဆို ပေးထားကြသည့် အနုပညာရှင်များက ပရိသတ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကာ အမှတ်တရ လက်မှတ်များ ရေးထိုးပေးခြင်း၊ ဆီးဂိမ်းတွင် အသုံးပြုမည့် လဘ်ကောင်ရုပ် ဇီးကွက်ဖြင့် အမှတ်တရ ဓါတ်ပုံတွဲရိုက်ပေးခြင်း၊ အယ်လဘမ် ပရိုမိုးရှင်း ပြုလုပ်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်တို့ပါဝင်မည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်နှင့် ထိုင်းမင်းသမီး Davika Hoorne တို့အတူ တွဲရိုက်ထားသည့် ပိုစတာများကို ပရိသတ်များအား အခမဲ့ ဝေငှပေးသွားမည် ဖြစ်သည်။ အဆိုပါ လှုံ့ဆော်ပွဲတွင် ပါဝင်ကူညီပေးမည့် Davika Hoorne အနေဖြင့် ဒီဇင်ဘာ(၃)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး
Moss Patiphan Patavikran ကမူ ဒီဇင်ဘာ(၂) ရက်နေ့တွင်
မြန်မာနိုင်ငံသို့ ရောက်ရှိလာမည် ဖြစ်သည်။

အဆိုပါဖျော်ဖြေရေးပွဲကို ဒီဇင်ဘာ (၃)ရက်နေ့တွင်
Junction Square တွင် ညနေ (၆)နာရီမှ ည(၁၀)အထိ စည်စည်ကားကား
ပြုလုပ်သွားမည်ဖြစ်ပြီး ၀င်ကြေးမှာ အခမဲ့ဖြစ်ကြောင်း သိရသည်။

Ref : ADMA Media Co., Ltd
27th Sea Games, Myanmar 2013

အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့သောက်စားပျော်ပါးသူ ၄၂ ဦးကို ရှင်းလင်း

ပြည်လမ်းမကြီးအနီး မြင်တွေ့ရသော အင်းယားကန်ပေါင် ဓာတ်ပုံ-နစ်ကီ - 7Day Daily
အင်းယားကန်ပေါင်တွင် ၀ိုင်းဖွဲ့၍ အရက်သောက်စားပျော်ပါးသူများကို စစ်ဆေးရာ နိုဝင်ဘာ ၁၂ ရက် တစ်ရက်တည်းတွင် ၄၂ ဦးကို ရှင်းလင်းခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကမာရွတ်မြို့နယ် ပြည်လမ်း အရှေ့ဘက်၊ အင်းယားကန်ပေါင်ပေါ်တွင် နိုဝင်ဘာ ၁၂ ရက် ည ၁၂ နာရီကျော်ချိန်၌ ၀ိုင်းဖွဲ့၍ အရက်သေစာ သောက်စား ပျော်ပါးသူများအား လိုက်လံရှင်းလင်းရာ ၄၂ ဦး တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
““အင်းယားကန်ပေါင်ပေါ်မှာ သောက်ကြစားကြနဲ့ ပြီးရင်ရန်ဖြစ်ကြ၊ မှုခင်းတွေကျူးလွန်ကြဆိုတော့ ည ၁၂ နာရီကျော် နောက်ပိုင်းကို နေခွင့်မပေးတော့ဘူး။ မှုခင်းတွေက အဲဒီကစဖြစ်တော့တာပဲ။ ဒါကြောင့် အထက်က အမိန့်နဲ့ ဆောင်ရွက်နေတယ်။ ည ၁၂ နာရီနောက်ပိုင်းနေတာတွေ့ ရင် သတိပေးပြီး ရေးမှတ်တယ်။ ဖမ်းမထားပါဘူး”” ဟု လှိုင်မြို့မရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၁၃ ရက် ညနေတွင် ပြောသည်။

မြို့နယ်နှစ်ခု ဆက်စပ်နေသောကြောင့် ကမာရွတ်မြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိများလည်း မြို့နယ်နှစ်ခု ဆက်နေသောကြောင့် မြို့နယ်ချင်း အတူပူးပေါင်းကာ မြို့နယ်ရဲတပ်ဖွဲ့မှူးများကိုယ်တိုင် လိုက်ပါဆောင်ရွက်နေကြောင်း သိရရှိရသည်။

OIC နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ မရှိကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ဦးဖြိုးဇေယျာသော် ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု OIC ဂျာနယ်ရဲ့ အယ်ဒီတာ မစ္စ မာဟာ အာကီးလ်က ပြောကြားသော်လည်း NLD ပြောရေးဆိုခွင့် ရှိသူ
ဦးဖြိုးဇေယျာသော်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဖို့ မရှိကြောင်းနှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်ခြင်းလည်း မရှိပါဘူးလို့ ဗွီအိုအေကို စာနဲ့ လက်မှတ်ရေးထိုး အကြောင်းကြားခဲ့

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မြန်မာနိုင်ငံကိုရောက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ OIC ဂျာနယ်ရဲ့ အယ်ဒီတာ မစ္စ မာဟာ အာကီးလ် က ပြောပါတယ်။

ဒါပေမဲ့ ဒီသတင်းဟာ မဟုတ်မှန်တဲ့အကြောင်း NLD ပြောရေးဆိုခွင့် ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဗွီအိုအေကို စာနဲ့ လက်မှတ်ရေးထိုး အကြောင်းကြားခဲ့ပါတယ်။

"အင်ဂျလီနာ ဂျိုလီ ပေးပို့သည့် သဝဏ်လွှာ ချစ်သုဝေ ဖတ်ကြား"

Photo: "အင်ဂျလီနာ ဂျိုလီ ပေးပို့သည့် သဝဏ်လွှာ ချစ်သုဝေ ဖတ်ကြား"


နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းတွင် အင်ဂျလီနာ ဂျိုလီ ပေးပို့ သည့် သဝဏ်လွှာကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ကြားပေး ခဲ့ကြောင်း ချစ်သုဝေက ပြောသည်။

''ဂျိုလီရဲ့ သဝဏ်လွှာထဲမှာက ထရီဇာတို့နိုင်ငံကြီး တိုးတက် ပြောင်း လဲနေတဲ့ကာလကြီးမှာ အမျိုးသမီးတွေက ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးဆွေး နွေးခြင်းတွေ နဲ့ နိုင်ငံရဲ့ အရေးအရာ ခေါင်းဆောင်မှုပိုင်းတွေမှာ ပါဝင်ဆွေးနွေးတဲ့အခါ ဒီအမျိုး သမီးတွေကို လျစ်လျူရှုထားလို့ မရ ဘူး။ ဒီအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပါဝင်ဖို့ကို သူမျှော်လင့်တယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက် လှုပ်ရှားမှုတွေ၊ နိုင်ငံသား အခွင့်အရေး ပျောက်ဆုံးမှုတွေကို အရေးတယူ စဉ်းစားပေးဖို့ သူ မျှော်လင့်တယ်။ အမျိုးသမီး အဖွဲ့အစည်းတွေ လုပ်နေတဲ့ ၁ဝ နှစ်စာ စီမံကိန်းကိုလည်း သူအမြဲတမ်း စောင့်ကြည့်နေပါ့မယ်။ အမြဲတမ်း အားပေးနေတဲ့အကြောင်း သဝဏ်လွှာပေးလိုက်တာပါ'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ လုံး ဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းကို နိုဝင်ဘာ ၉ မှ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့ Sky Star  ဟိုတယ်တွင် ကျင်းပခဲ့သည်။

ချစ်သုဝေက ''အမျိုးသမီးများ ကွန်ရက်က ဦးစီးပြီးလုပ်တာပါ။ အဲဒီပွဲ မှာ နိုင်ငံခြောက်နိုင်ငံက အမျိုးသမီးတွေလာကြတယ်။ လိုင် ဘေးရီးယားက ၂ဝ၁၁ ခုနှစ်မှာ နိုဘယ်ဆုရခဲ့တဲ့ Laymah Gabwabi  က မိန့်ခွန်းပြောတယ်။ သူတို့ လိုင်ဘေးရီးယား အမျိုး သမီးတွေ ကြုံခဲ့ရတာကို ပြောပြတယ်။ စစ်အာဏာရှင် အစိုးရ အောက်မှာ ပြည်တွင်း စစ်ဖြစ်နေတာ ၁၄ နှစ်ကြာ တယ်။ အဲဒီ ၁၄ နှစ် ကြာခဲ့တာကို လိုင်ဘေးရီးယား အမျိုးသမီးLay Mah ခေါင်း ဆောင်တဲ့ အမျိုးသမီးထုက တွန်းလှန်ကြတယ်။ ငြိမ်းငြိမ်း ချမ်းချမ်း လေးနဲ့ပဲ တောင်းဆိုကြတယ်။ အမျိုးသမီးများဆိုင်ရာ လိုအပ် ချက် တွေကို အမျိုးသားတွေ တောင်းဆိုပေးစရာ မလိုဘူး။ ခေါင်းဆောင် မှုပိုင်းတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမျိုးသားတွေပဲ လုပ်ကြတယ်။ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ထည့်သွင်း မစဉ်းစားကြဘူး။ အဲဒီမှာ အမျိုးသမီးထုက မဆုတ်မနစ်သော ဇွဲနဲ့ ပါဝင်ရအောင် ဆန္ဒပြကြတယ်။ သူတို့ အောင်အောင်မြင်မြင်နဲ့ အာဖရိကနိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး သမ္မတကို တင်မြှောက် နိုင်ခဲ့တယ်။ ထရီဇာတို့အတွက် အတုယူ ဖို့ကောင်းတယ်။ အတွေ့ အကြုံအသစ်တွေလည်း ရခဲ့ပါတယ်'' ဟု ပြောသည်။

ခိုင်ဝေလွင်

နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းတွင် အင်ဂျလီနာ ဂျိုလီ ပေးပို့ သည့် သဝဏ်လွှာကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖတ်ကြားပေး ခဲ့ကြောင်း ချစ်သုဝေက ပြောသည်။

''ဂျိုလီရဲ့ သဝဏ်လွှာထဲမှာက ထရီဇာတို့နိုင်ငံကြီး တိုးတက် ပြောင်း လဲနေတဲ့ကာလကြီးမှာ အမျိုးသမီးတွေက ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေးဆွေး နွေးခြင်းတွေ နဲ့ နိုင်ငံရဲ့ အရေးအရာ ခေါင်းဆောင်မှုပိုင်းတွေမှာ ပါဝင်ဆွေးနွေးတဲ့အခါ ဒီအမျိုး သမီးတွေကို လျစ်လျူရှုထားလို့ မရ ဘူး။ ဒီအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပါဝင်ဖို့ကို သူမျှော်လင့်တယ်။ အမျိုးသမီးတွေအပေါ် အကြမ်းဖက် လှုပ်ရှားမှုတွေ၊ နိုင်ငံသား အခွင့်အရေး ပျောက်ဆုံးမှုတွေကို အရေးတယူ စဉ်းစားပေးဖို့ သူ မျှော်လင့်တယ်။ အမျိုးသမီး အဖွဲ့အစည်းတွေ လုပ်နေတဲ့ ၁ဝ နှစ်စာ စီမံကိန်းကိုလည်း သူအမြဲတမ်း စောင့်ကြည့်နေပါ့မယ်။ အမြဲတမ်း အားပေးနေတဲ့အကြောင်း သဝဏ်လွှာပေးလိုက်တာပါ'' ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ လုံး ဆိုင်ရာ အမျိုးသမီးများ စကားဝိုင်းကို နိုဝင်ဘာ ၉ မှ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရန်ကုန်မြို့ Sky Star ဟိုတယ်တွင် ကျင်းပခဲ့သည်။

ဒဏ်ရာရသူကို ဝင်ကူဖို့ တွန့်ဆုတ်နေရခြင်း အကြောင်းရင်း

ယာဉ်တိုက်မှု, မတော်တဆ, တရားရုံး, မျက်မြင်သက်သေ, အရေးပေါ်ဌာန
ဇူလိုင်လ အတွင်းက ရန်ကုန် – မန္တလေး အဝေးပြေး ကားလမ်း မိုင်တိုင် ၂၉၁/ ၃ တွင် မတော်တဆ ကားဘီးပေါက်ပြီး တိမ်းမှောက်ခဲ့သည့် အဆိုတော် ဆိုတေး လိုက်ပါခဲ့သည့်ကားကို တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ကမာရွတ် လှည်းတန်းရှိ အင်းစိန်လမ်းမပေါ်တွင် အမျိုးသမီးတဦး ပက်လက်အနေအထားဖြင့် လဲကျနေသည်။ သူ၏ ဦးခေါင်းမှ သွေးများသည် ကတ္တရာလမ်းမ၏ နိမ့်ရာဘက်သို့ စီးကျနေ၏။
သူ၏ ဘေးလွယ်အိတ်နှင့် ဖိနပ်တို့က တနေရာစီ ပြန့်ကျဲနေသည်။ သူ့ ဘေးပတ်လည်တွင် ၀ိုင်းအုံကြည့်နေသူများ ထဲမှ စာနာသနားမှုဖြင့် စုပ်တသပ်သပ် ဖြစ်နေသည့် အမျိုးသမီးတချို့ကို တွေ့ရသည်။ ကားများက ၀ိုင်းအုံကြည့်နေသော လူအုပ်ကြီးကို ကွေ့ရှောင် မောင်းနှင် သွားကြသည်။ အမျိုးသမီးငယ်တချို့က မကြည့်ရဲ၊ မမြင်ရဲသဖြင့် မျက်နှာလွှဲကာ ထိုနေရာမှ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်။
သူ အချိန်မည်မျှကြာအောင် လဲကျနေသည်ကို ခဲစပြုနေသည့် သွေးစီးကြောင်းများက သက်သေပြနေသလို ရှိနေသည်။ အသက်ရှင်လျှက် ရှိနေသလား၊ သေဆုံးသွားပြီလား မည်သူမျှ မသိနိုင်ဘဲ ဘေးမှသာ ၀ိုင်းအုံကြည့်ရှု နေကြလေသည်။
“နေပူနေတယ်။ သူ့ကို လမ်းဘေးအရိပ်ထဲ ၀ိုင်းရွှေ့ကြရင် မကောင်းဘူးလားဟင်” ဆိုသည့် အမျိုးသမီးတဦး၏ အသံကို ကြားရသည်။
တဆက်တည်းမှာ “ရဲမလာသေးဘူး။ သွားမကိုင်နဲ့။ အမှုပတ်နေမယ်။ လူနာတင်ကား ခေါ်ထားတယ်” ဆိုသည့် အမျိုးသား တဦး၏ အသံကိုလည်း ကြားရသည်။
မီးပွိုင့်အမီဖြတ်ရရေး အတွက် အပြေးမောင်းနှင်လာသည့် ယာဉ်တစီးက လှည်းတန်းရှိ ဦးထွန်းလင်း ခြံလမ်းထိပ်မှ တဘက်သို့ ဖြတ်ကူးရန် ကြိုးစားသည့် သူနာပြုဆရာမလေး တဦးအား တိုက်မိခဲ့ခြင်း ဖြစ်သည်။ လူနာများအား ပြုစု ကုသပေးရသည့် သူနာပြု ဆရာမလေး၏ ပြုစုသူမဲ့ လဲကျနေဟန်ကို လွန်ခဲ့သော နှစ် အနည်းငယ်က မြင်တွေ့ခဲ့ရဖူးသည်။
လူနာတင်ယာဉ် ရောက်လာပြီးနောက် ရန်ကုန်ပြည်သူ့ဆေးရုံသို့ သယ်ဆောင် ရောက်ရှိချိန်တွင် ထိုသူနာပြု ဆရာမလေးမှာ အသက်ရှင်လျှက် ရှိသေးသော်လည်း အချိန်နောက်ကျမှုကြောင့် သွေးထွက်လွန်ကာ အသက် ဆုံးရှူံးခဲ့ရကြောင်း ပြန်လည် သိရှိရသည်။

ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ရွာလုံးကျွတ် ပျောက်ဆုံး

 မြစ်ရေတိုက်စားမှု, မြေယာဧက, ဘိုးစဉ်ဘောင်ဆက်, မကွေးတိုင်းဒေသကြီး
သတင်းထောက်များနှင့် လူမှုကူညီထောက်ပံ့ရေး ဝန်ထမ်းများကို စောင့်ကြိုနေသော ငါးမြာကြီးကျေးရွာမှ ရွာသားများ (ဓာတ်ပုံ – Myanmar Mobile Institute)

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရေစကြိုမြို့နယ်၊ ဧရာဝတီမြစ် အနောက်ကမ်းပါးပေါ်ရှိ ငါးမြာကြီးကျေးရွာ ရွာလုံး ကျွတ် ပျောက်ဆုံးခဲ့ရသဖြင့် နေထိုင်စရာနှင့် လုပ်ကိုင်စားသောက်မည့် မြေနေရာများကို သက်ဆိုင်ရာမှ စီစဉ်ပေး စေလိုကြောင်း ဒေသခံများက ပြောသည်။
“ကျနော်တို့ ဒေသခံတွေ အကူအညီတွေ လိုအပ်နေပါတယ်။ ကျနော်တို့ အတွက် အ၀တ်အစားထက် နေစရာနဲ့ လုပ်ကိုင် စားသောက်စရာ မြေနေရာ အကူအညီ ပိုပြီးလိုအပ်ပါတယ်” ဟု ငါးမြာကြီး ကျေးရွာသား အသက် ၄၀ ကျော်အရွယ် ဦးတင်ဝင်းက ပြောသည်။
ယခုလ ဒုတိယပတ်အတွင်းက ရွာသားများ လက်ရှိနေထိုင်ရာ နေရာတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်း မီဒီယာများသို့ အထက်ပါအတိုင်း ရှင်းပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ ငမြာကြီးကျေးရွာအား ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှု ဖြစ်စဉ်များသည် ၁၉၉၄ ခုနှစ်မှ စတင်ခဲ့ပြီး၊  ယခု ၂၀၁၃ ခုနှစ်အထိ မြစ်ရေတိုက်စားမှုများကြောင့် ကမ်းပါးပြိုကာ ပျက်စီးခဲ့သော မြေယာဧက ပေါင်း ၂ ထောင်နီး ပါး  ရှိခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မြေယာဆုံးရှုံးမှုများကြောင့် မူလကျေးရွာ၏ အနောက်ဘက် မြေကွက်လပ်များတွင် ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီး၊ လက်ရှိ အချိန်တွင် ထပ်မံပြောင်းရွှေ့ရန် နေရာမရှိတော့ကြောင်း ဒေသခံ ဦးတင်ဝင်းက ဆက်လက်ပြောသည်။
ဒေသခံများက နေထိုင်လုပ်ကိုင် စားသောက်ရမည့် မြေယာလက်မဲ့ဖြစ်နေခြင်းကို ကူညီဖြေရှင်းပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။
၁၉၄၄ ခုနှစ်တွင် မြစ်ရေတိုက်စားခြင်းကို စတင်ခံစားခဲ့ရပြီး၊ ၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင်  မြစ်ရေတိုက်စားမှု ကြောင့်ပင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက်ခဲ့သည့် လယ်ယာမြေများ ဆုံးရှုံးခဲ့ရကြောင်း ငါးမြာကြီးကျေးရွာ အတွက် ကူညီမှုများ ပေးနေသည့် မြန်မာအစိမ်းရောင် ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေ၀ီသန့်စင်က သတင်းမီဒီယာများသို့ ပြောသည်။

အဆိပ်သင့်အနမ်းများ

arti_astanm_SY

ကော်ဖီဆိုင်ဟု အမည်တပ်ထားသော ဆိုင်လေးထဲသို့ ဆယ်ကျော်သက် စုံတွဲတစ်တွဲ ဝင်ရောက်လာပြီး “အခန်းရှိသေးလား” ဆိုသောအသံက ဆယ်ကျော်သက် လူငယ်ကောင်လေးထံမှ ထွက်ပေါ်လာသည်။
ဆယ်ကျော်သက် ကောင်မလေးက သူ၏ချစ်သူကောင်လေး၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကော်ဖီဆိုင်နှင့် “အခန်း ရှိသေးလား” ဆိုသော မေးခွန်းက လားလား မျှ မသက်ဆိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ကော်ဖီဆိုင်ဟု အမည်တပ် ထားသည့်ဆိုင်တွင် အတွဲများအတွက် အခန်းငယ်လေးများ စီစဉ်ပေးထား ကြသည်။
အဆိုပါဆိုင်သည် မြို့သစ်ပိုင်းဟု ခေါ်သော မန္တလေးမြို့တွင်းနှင့် မလှမ်းမကမ်းနေရာတွင် တည်ရှိပြီး ဆိုင်သည် အပြင်ပန်းမှ ကြည့်လျှင် Café Shop ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် မီးရောင် ဖျော့ဖျော့ဖြင့် အခန်းငယ် ကလေးများ ကန့်ထားသည်။
ဆယ်ကျော်သက် လူငယ်စုံတွဲက မီးအရောင်ဖျော့ဖျော့ ထွန်းထားသော အခန်း ငယ်တစ်ခန်းသို့ ဝင်သွားပြီး ဆူညံသော သီချင်းသံများ အဆိုပါ အခန်းငယ်လေးထဲမှ တစ်ချက်တစ်ချက် အခန်းပြင်သို့ ပျံ့လွင့်လာသည်။ အမှောင်ဆိတ်ကွယ်ရာသည် လူတို့၏ မသိစိတ်ကို နိုးကြားစေပြီး မီးရောင်ဖျော့သော အခန်းငယ်တွင် စုံတွဲတို့သည် မတွေ့မကြုံ ဖူးသေးသည့် အတွေ့အကြုံ သစ်နှင့် ပျော်ဝင်မှု အသစ်အဆန်းများ ရှာဖွေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။
မန္တလေးသည် မြို့လယ်တွင် ဆေးတက္ကသိုလ်၊ မြို့ပြင်တွင် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များ၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ တည်ရှိပြီး ကျောင်းသားအများစု နေထိုင်ရာ မိန်းဟုခေါ်သော မဟာမြိုင်ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့သစ်များတွင် Café Shop အအေးခန်း ကော်ဖီဆိုင် အမည်တပ်၍ အတွဲများအတွက် အခန်းငယ်လေးများ ဖန်တီးထားသည့်ဆိုင်များ ယခုနှစ်ပိုင်း အတွင်း ပိုမိုတွေ့ မြင်လာရသည်။

သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်က တပ်မတော်သားများအမိန့်မစောင့်ဘဲ ကူညီရမည်ဟု ကာချုပ်ပြောကြား

တပ်မတော်သားများအနေဖြင့် နိုင်ငံတော်၏ သယံဇာတ၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကို ကာကွယ်မည်ဆိုသည့် အတွေးအခေါ်၊ အမြင်ရှိရန် လိုအပ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာလျှင် အမိန့်ကိုမစောင့်ဘဲ သွားရောက်ကူညီရမည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ နိုဝင်ဘာ ၁၂ ရက်တွင် တောင်ငူတပ်နယ်၊ ရေတာရှည်တပ်နယ်နှင့် အုတ်တွင်းတပ်နယ်ရှိအရာရှိနှင့် စစ်သည်မိသားစုများနှင့်တွေ့ဆုံပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်လုပ်ပါက စစ်ဖြစ်နိုင်ဟု အိမ်ဖြူတော်ကလွှတ်တော်ကိုသတိပေး


အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်မည်ဆိုပါက အမေရိကန်အနေနှင့် စစ်ပွဲတစ်ခုဆီသို့ ချီ တက်နေသကဲ့သို့ ဖြစ်သွားမည်ဖြစ်ကာ အီရန်၏ နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်နိုင်ရေး သံတမန် နည်းလမ်း ကြိုးပမ်းချက်များ လမ်းချော်သွားနိုင်သည်ဟု အိမ်ဖြူတော်က အမေရိကန်လွှတ်တော်အမတ် များအား သတိပေးခဲ့ကြောင်း နိုဝင်ဘာ ၁၃ ရက်က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။

ထိုသတိပေးချက်မှာ ယုံကြည်မှုကင်းမဲ့နေကြသော အမေရိကန် လွှတ်တော်အမတ်များက အီရန်အားအ ရေးယူပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ် လိုကြခြင်းအပေါ် သဘောမတူသည့် အမေရိကန်သမ္မတဘား ရက်အိုဘားမား၏ ရပ်တည်ချက်ကို ဖော်ပြနေပေသည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားအနေ ဖြင့် ယခုလထဲတွင် အီရန်နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အီရန်နှင့် သံတမန်နည်းလမ်းအရ ညှိနှိုင်းမှု များ ပြန်လည်စတင်ရန် ပြင်ဆင်လျက်ရှိသည်။

“အမေရိကန်ပြည်သူတွေ စစ်ပွဲ တစ်ခုဆီကို ချီတက်တာမျိုး အလိုမရှိကြပါဘူး” ဟု အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ Jay Carney က ပြောကြားခဲ့သည်။

အီရန်အား နျူကလီးယား လက်နက် လုပ်ဆောင်ခွင့် ပြုမည်မဟုတ်ဟု အိုဘားမားက အမေရိကန်ပြည်သူ များအား ကတိပေးထားခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်အပတ်က အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင် ငံတို့ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် အီရန်နျူကလီးယားအစီအစဉ် ရပ်ဆိုင်းရေးနှင့် ပတ်သက် ၍ ကြားဖြတ်သဘောတူညီချက်မရရှိဘဲ ဖြစ်ခဲ့ရသည်။

KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ် ၀င်ရောက် နှစ်ဘက်တပ်များအကြား စစ်ရေးတင်းမာနေဆဲဟုဆို


ဖနိဒါ| ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၃ ခုနှစ်

ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ တပ်ရင်း(၃)လက်အောက်ခံ ဒေသသို့ အစိုးရတပ်က လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေခြင်းကြောင့် စစ်ရေးတင်းမာလျက်ရှိသည်ဟု KIA တပ်ရင်းမှူး ဗိုလ်မှူးဂျွန်းအောင်က မဇ္ဈိမကို ပြောသည်။

“အစိုးရစစ်တပ်က တိုက်ပွဲမှာကျသွားတဲ့ စစ်သားတွေ၊ ဒဏ်ရာရသွားတဲ့ စစ်သားတွေနေရာ အစားထိုး၊ ရိက္ခာတွေ ထပ်ဖြည့်နေတယ်။ ခုလောလောဆယ်တော့ နားနေတဲ့သဘောပဲ။ ဆုတ်ဖို့မရှိဘူး။ တိုးမြှင့်ဖို့ပဲ ရှိတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက အစိုးရ၏စစ်တပ်က မန်စီမြို့မှ ရှမ်းပြည်နယ် မိုးမိတ်ဘက်အထိ ဖောက်လုပ်ထားသော ပြည်ထောင်စု လမ်းမဟောင်းအား ကြည့်ရှုမည်ဟုဆိုကာ ၀င်ရောက်လာရာမှ ယ နေ့ထိတပ်စွဲထားကာ အင်အားဖြည့်တင်းမှုများ ဆက်လက်ရှိနေသဖြင့် နယ်မြေစိုးမိုးရေး ဆက်လက်လုပ် ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဗိုလ်မှူးဂျွန်းအောင်က ပြောသည်။

ဆဋ္ဌမတန်းကျောင်းသားတစ်ဦးကို အစိုးရစစ်တပ်ပစ်ခတ်ဟု မိသားစုဝင်ပြောကြား၊ တပ်ဘက်က ငြင်းဆို


မန်စီမြို့၊ မုန်းဒိန်ပါ ကျေးရွာအနီးရှိ မခေါယန်ကျေးရွာတွင် တပ်မတော်သားများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဆဋ္ဌမတန်းကျောင်းသားတစ်ဦး ဗန်းမော်ပြည်သူ့ဆေးရုံကြီးသို့ နိုဝင်ဘာ ၁၂ ရက် ညတွင် ရောက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိနေကြောင်း သတင်းရရှိသည်။

““ဒဏ်ရာကတော့ ခေါင်းမှာရော၊ လက်မောင်းမှာရော။ လက်မောင်းကဒဏ်ရာက ဆရာဝန်ပြောတော့ ခွဲစိတ်ရမယ်လို့ ပြောတယ်”” ဟု ကျောင်းသားမိခင်က ဆိုသည်။

၎င်းသည် မုန်းဒိန်ပါ မူလွန်ကျောင်းတွင် ကျောင်းတက်နေသည့် ကျောင်းသားတစ်ဦးဖြစ်ပြီး ၂၀၁၃ နိုဝင်ဘာ ၇ ရက်တွင် မုန်ခေါင်းကျေးရွာမှ မခေါယန်ကျေးရွာသို့ ဆိုင်ကယ်နှင့်အသွား လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တပ်မတော်စစ်ကြောင်းနှင့်တွေ့ကာ လမ်းဘေး၌ ခေတ္တစစ်ဆေးမှုများ ခံယူနေစဉ် လမ်းဘေးမှ ဗုံးတစ်လုံးပေါက်ကွဲလာသဖြင့် ဗုံးကျည်ဆံထိကာ ဒဏ်ရာရရှိသွားသဖြင့် ကြောက်လန့်ပြီး ထွက်ပြေးသွားရာ တပ်မတော်သားများက သေနတ်ဖြင့် လိုက်ပစ်ခဲ့ကြကြောင်း ဆဋ္ဌမတန်းကျောင်းသား မောင်ဇော်မိုင်က ဆိုသည်။

ဖိ​လစ်​ပိုင် ​မုန်​တိုင်း​ဒဏ်​ခံ ​မြို့​အ​ချို့​တွင် ​လု​ယက်​မှု​ဖြစ်


ဆူ​ပါ ​တိုက်​ဖွန်း​မုန်​တိုင်း ​ဖျက်​ဆီး​ခံ​ခဲ့​ရ​တဲ့ ​မြို့​တွေ​မှာ ​နိုဝင်​ဘာ ၁၃ ​ရက်​နေ့​က ​လု​ယက်​မှု​တွေ​နဲ့ ​ဓား​မြ​မှု ​သ​တင်း​တွေ​ကြောင့် ​ဖိ​လစ်​ပိုင်​လူ​ထု​အ​တွင်း ​ကြောက်​ရွံ့​မှု​တွေ​နဲ့ ​စိုး​ထိတ်​မှု​တွေ ​များ​ပြား​လာ​နေ​ပါ​တယ်။

မုန်​တိုင်း ​တိုက်​ခတ်​ပြီး ၅ ​ရက် ​အ​ကြာ​မှာ​တော့ ​ထိ​ခိုက်​ခံ​ရ​တဲ့ ​လူ​တွေ​ထဲ​မှာ ​အ​နည်း​စု​က​သာ ​အ​စား​အ​စာ၊ ​ရေ​နဲ့ ​ဆေး​၀ါး​တွေ ​ရ​ရှိ​နေ​ပါ​တယ်။

 အ​စား​အ​စာ၊ ​ရေ​နဲ့ ​တ​ခြား​ပ​စ္စည်း​တွေ​အ​တွက် ​ဈေး​ဆိုင်​တွေ​နဲ့ ​ဂို​ဒေါင်​တွေ​ကို ​နေ​ရာ​အ​နှံ့ ​လု​ယူ ​နေ​ကြ​တာ​ကြောင့် ​တ​ချို့​နေ​ရာ​မှာ ​မင်း​မဲ့​တိုင်း​ပြည် ​ဆန်​ဆန် ​ဖြစ်​နေ​ရ​ပါ​တယ်။

 လေ​တီ​ခ​ရိုင်​အ​တွင်း​က ​တက်​က​လို​ဘန်​မှာ ​လူ​အ​များ​အ​ပြား ​မြှုပ်​နှံ​ထား​တဲ့ ​မြေ​ကျင်း​အ​နီး​မှာ ​လုံ​ခြုံ​ရေး​တပ်​ဖွဲ့​တွေ​နဲ့ ​လက်​နက်​ကိုင် ​လူ​တ​စု​အ​ကြား ​ပစ်​ခတ်​မှု​တွေ ​ရှိ​တယ်​ဆို​တဲ့ ​သ​တင်း​တွေ ​ထွက်​ပေါ်​နေ​ပါ​တယ်။ ​ဒါ​ပေ​မယ့်​လည်း ​မြို့​တော် ​အုပ်​ချုပ်​ရေး​မှူး ​တက်​ဆန် ​ဂျွန်​လင်း​မ်​က ​တိုက်​ခိုက်​မှု ​ဖြစ်​တယ်​ဆို​တာ ​မ​ဟုတ်​ဘူး​လို့ ​ငြင်း​ဆို​ပါ​တယ်။

ဒီ​သ​တင်း​ ဟာ ​ဒေ​သ​ခံ ​လူ​ထု​အ​တွင်း ​ပျံ့​နှံ့​သွား​ပြီး ​လက်​နက်​ကိုင် ​သူ​ပုန်​တွေ​ကို ​ကြောက်​ရွံ့​တာ​ကြောင့် ​ကျေး​ရွာ​အ​များ​အ​ပြား​က ​လူ​တွေ ​ထွက်​ပြေး​သွား​ကြ​ပါ​တယ်။ ​တိုက်​ပွဲ​ဖြစ်​တယ်​ဆို​တဲ့ ​သ​တင်း​ကြောင့် ​ကြောက်​ရွံ့​ပြီး ​အ​ရပ်​သား​တွေ​ဟာ ​ထ​ရပ်​ကား​တွေ၊ ​မော်​တော်​ဆိုင်​ကယ်​တွေ​နဲ့ ​ထွက်​ပြေး​ကြ​ပါ​တယ်။

သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသောယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူ

Photo: သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသောယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို ကရိန်းယာဉ် (ဆယ်တင်ယာဉ်) များဖြင့် လိုက်လံဆွဲယူ အရေးယူလျက်ရှိရာ နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း ပိုင်ရှင်မရှိသော ယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယရဲမှူး အောင်ကြည်က ပြောကြားသည်။

စည်းကမ်းမဲ့ ရပ်နားယာဉ်များကို ဖမ်းဆီး အရေးယူရာတွင် ယာဉ်အနီးတွင် ယာဉ်မောင်းရှိပါက အဆိုပါယာဉ်ကို စည်ပင်သာယာရေး ကော်မတီ ဥပဒေဖြင့် ချလန်ဖြတ် အရေးယူပြီး ယာဉ်မောင်း မရှိပါက အဆိုပါယာဉ်ကို ကရိန်းယာဉ်ပေါ် တင်ဆောင်ကာ ရှင်စောပုလမ်းရှိ မြေနီကုန်း ယာဉ်ရပ်နားကွင်းတွင် သွားရောက် ထိန်းသိမ်းကြောင်း၊ သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသော ယာဉ် ၄၄ စီးအနက် ယာဉ်မောင်းနှင့်အတူ မရှိသောယာဉ် ၁၅ စီးကို ကရိန်းဖြင့် ဆွဲယူ အရေးယူခဲ့ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
“အရင်တုန်းက မရပ်ရတဲ့ နေရာမှာ ရပ်တဲ့ကားတွေကို မော်တော်ယာဉ် ဥပဒေနဲ့ အရေးယူတယ်။ ယာဉ်မောင်း မရှိဘူးဆိုရင် စတေကာကပ် မှတ်သားပြီး ဓာတ်ပုံရိုက် အရေးယူတယ်။ အခုကတော့ စည်ပင်ဥပဒေအရဘဲ အရေးယူသွားမယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။ 

ဖမ်းဆီးရမိသည့် ယာဉ်များကို စည်ပင်သာရေး ကော်မတီ တရားရုံးသို့ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးက တရားလိုလုပ်၍ စည်ပင်သာယာရေး ကော်မတီ ဥပဒေဖြင့် တရားစွဲ တင်ပို့ကြောင်း၊ ချလံဖြတ် အရေးယူသည့် ပုဒ်မမှာ ထောင်ဒဏ်တစ်နှစ်နှင့် ငွေဒဏ်တစ်သောင်းမှ ငါးသိန်းထိ ချမှတ်နိုင်သော်လည်း တရားရုံးက လတ်တလော ဒဏ်ငွေ နှစ်သောင်းခွဲသာ ကျခံစေရန် အမိန့်ချမှတ်ထားကြောင်း ဗဟန်းမြို့နယ် စည်ပင်သာယာမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောကြား သည်။
“တရားရုံးမှာက နှစ်သောင်းခွဲ ဆိုပေမယ့် ယာဉ်မောင်းမရှိလို့ ကရိန်းနဲ့ သယ်ရမယ်ဆိုရင် သယ်ယူခ တစ်စီးကို ငါးသောင်း (ကျပ်) နဲ့ ရပ်နားကွင်းခက တစ်နာရီကို နှစ်ရာနှုန်း၊ တစ်ရက်ဆိုရင် သုံးထောင်နှုန်း ရပ်နားကွင်းကို ပေးရပါမယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။ 

နိုဝင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြိုတော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ လမ်းမကြီးပေါင်း ၃၇ လမ်းတွင် ယာဉ်ရပ်နားခြင်း မပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှ ယာဉ်ထိန်းရဲ အရာရှိများ၊ စည်ပင်သာယာရေး ကော်မတီမှ ရဲအရာရှိများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) ထံမှ  စုံစမ်းသိရှိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ ရပ်နားသော ယာဉ်များကို ကရိန်းယာဉ် (ဆယ်တင်ယာဉ်) များဖြင့် လိုက်လံဆွဲယူ အရေးယူလျက်ရှိရာ နိုဝင်ဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ သုံးရက်အတွင်း ပိုင်ရှင်မရှိသော ယာဉ် ၁၅ စီးကို ကရိန်းယာဉ်ဖြင့် သယ်ယူခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး (ရန်ကုန်) မှ ဒုတိယရဲမှူး အောင်ကြည်က ပြောကြားသည်။

စည်းကမ်းမဲ့ ရပ်နားယာဉ်များကို ဖမ်းဆီး အရေးယူရာတွင် ယာဉ်အနီးတွင် ယာဉ်မောင်းရှိပါက အဆိုပါယာဉ်ကို စည်ပင်သာယာရေး ကော်မတီ ဥပဒေဖြင့် ချလန်ဖြတ် အရေးယူပြီး ယာဉ်မောင်း မရှိပါက အဆိုပါယာဉ်ကို ကရိန်းယာဉ်ပေါ် တင်ဆောင်ကာ ရှင်စောပုလမ်းရှိ မြေနီကုန်း ယာဉ်ရပ်နားကွင်းတွင် သွားရောက် ထိန်းသိမ်းကြောင်း၊ သုံးရက်အတွင်း စည်းကမ်းမဲ့ ရပ်နားသော ယာဉ် ၄၄ စီးအနက် ယာဉ်မောင်းနှင့်အတူ မရှိသောယာဉ် ၁၅ စီးကို ကရိန်းဖြင့် ဆွဲယူ အရေးယူခဲ့ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
“အရင်တုန်းက မရပ်ရတဲ့ နေရာမှာ ရပ်တဲ့ကားတွေကို မော်တော်ယာဉ် ဥပဒေနဲ့ အရေးယူတယ်။ ယာဉ်မောင်း မရှိဘူးဆိုရင် စတေကာကပ် မှတ်သားပြီး ဓာတ်ပုံရိုက် အရေးယူတယ်။ အခုကတော့ စည်ပင်ဥပဒေအရဘဲ အရေးယူသွားမယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။

Pee Mak မင်းသမီးနှင့် ရိုက်ရမည့် ရုပ်ရှင်ဇာတ်ကားသည် စိန်ခေါ်မှုတစ်ခုဟု လူမင်းဆို

Photo: Pee Mak မင်းသမီးနှင့် ရိုက်ရမည့် ရုပ်ရှင်ဇာတ်ကားသည် စိန်ခေါ်မှုတစ်ခုဟု လူမင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ထိုင်းနိုင်ငံရဲ့ စံချိန်တင် ဝင်ငွေ ရရှိခဲ့တဲ့ Pee Mak ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် မင်းသမီး Davika Hoorne နဲ့ မြန်မာသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ ခေါင်းဆောင်အဖြစ် ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ အပ်နှံခံထားရတဲ့ သရုပ်ဆောင် လူမင်းက ဒီဇာတ်ကားဟာ သူ့အတွက် အနုပညာအရ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်လို့ The Voice ကို ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး “ဒီဇာတ်ကားအတွက် ကိုယ်အများကြီး ပြင်ဆင်ရဦးမယ်။ အချိန်အများကြီး ပေးရမယ်။ ကိုယ်လုပ်နိုင်လိမ့်မယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ကိုယ်ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ကျန်စစ်မင်း ဇာတ်ကားကြီးကို ရိုက်ကူးတုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက ကိုယ့်ကို အများကြီး အထောက်အပံ့ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုကတော့ ဇာတ်လမ်းတည် ဆောက်နေတာနဲ့၊ ဇာတ်ညွှန်းရေးဖို့ ပြင်ဆင်နေတုန်း အဆင့်ပဲ ရှိပါသေးတယ်” လို့ လူမင်းက ပြောပါတယ်။ 

ကျန်စစ်မင်း ဇာတ်ကားကို ရိုက်ကူးပြီးချိန်က ယခုလိုမျိုး ပြည်ပနိုင်ငံတစ်ခုနဲ့ ပူးပေါင်းပြီး ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ကြောင်း၊ ယခုရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားက မြန်မာ့ရုပ်ရှင် လောကအတွက် ဈေးကွက်အသစ်တစ်ခု ချဲ့ထွင်ပြီးသား ဖြစ်မယ်လို့ မျှော်လင့်ထားကြောင်း သရုပ်ဆောင်လူမင်းက ထပ်လောင်း ပြောကြားပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားက အလောင်းဘုရား လက်ထက်က စစ်ပွဲအပြီးမှာ မြန်မာနိုင်ငံကို ပါသွားတဲ့ အဘွားဖြစ်သူရဲ့ အုတ်ဂူကို လာရောက် ကန်တော့တဲ့ ထိုင်းမိန်းမပျိုလေးတစ်ဦးနဲ့ မြန်မာနိုင်ငံသား ဧည့်လမ်းညွှန် အမျိုးသားလေး တစ်ဦးရဲ့ အချစ်ဇာတ်ကားကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှ သရုပ်ဆောင်များနဲ့ ထိုင်းနိုင်ငံမှ သရုပ်ဆောင်များ ပါဝင်မည် ဖြစ်ကြောင်း၊ ဒီဇာတ်ကားကို ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ စတင်ရိုက်ကူးမှာ ဖြစ်ကြောင်း ဇာတ်ကားကို စီစဉ်ထုတ်လုပ် မယ့် ADMA  MEDIA မှ ဒုတိယဥက္ကဋ္ဌ ဦးဝေမင်းမောင်က ပြောပါတယ်။

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ထိုင်းနိုင်ငံရဲ့ စံချိန်တင် ဝင်ငွေ ရရှိခဲ့တဲ့ Pee Mak ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် မင်းသမီး Davika Hoorne နဲ့ မြန်မာသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ ခေါင်းဆောင်အဖြစ် ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးဖို့ အပ်နှံခံထားရတဲ့ သရုပ်ဆောင် လူမင်းက ဒီဇာတ်ကားဟာ သူ့အတွက် အနုပညာအရ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်လို့ The Voice ကို ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး “ဒီဇာတ်ကားအတွက် ကိုယ်အများကြီး ပြင်ဆင်ရဦးမယ်။ အချိန်အများကြီး ပေးရမယ်။ ကိုယ်လုပ်နိုင်လိမ့်မယ်လို့တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်။ ကိုယ်ဒါရိုက်တာအဖြစ် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ ကျန်စစ်မင်း ဇာတ်ကားကြီးကို ရိုက်ကူးတုန်းက ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက ကိုယ့်ကို အများကြီး အထောက်အပံ့ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုကတော့ ဇာတ်လမ်းတည် ဆောက်နေတာနဲ့၊ ဇာတ်ညွှန်းရေးဖို့ ပြင်ဆင်နေတုန်း အဆင့်ပဲ ရှိပါသေးတယ်” လို့ လူမင်းက ပြောပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပစဉ် ကိုယ်စားလှယ်တစ်ဦး သေဆုံး


နိုဝင်ဘာလ(၁၄)ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(၂၂)ရက်မြောက်နေ့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပန်ဘဲတန်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းမှာ လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်အတွင်း ရုတ်တရက်လဲကျပြီး သေဆုံးခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းထံမှသိရသည်။
ပန်းဘဲတန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်း အစည်းအဝေးအတွင်း ရုတ်တရက် လဲကျ ။ ဝိုင်းဝန်းပြုစု သည့်ကြားကအသက်မကယ်နိုင်ဘဲ သေဆုံး ။ ဟု ၎င်း၏ လူမှုရေးစာမျက်နှာ၌ ဓါတ်ပုံနှင့်တကွဖော်ပြခဲ့သည်။
 ယနေ့အစီအစဉ်တွင် SEA GAME အားကစားပွဲများနှင့်ပတ်သက်သော ဦးအောင်ဆန်း၏မေးခွန်းပါလာရာ အားကစား ဒုဝန်ကြီး ဖြေကြားမှု အပေါ်အားရဝမ်းသာဖြစ်နေပြီး၎င်းမှာ အထူးစိတ်လှုပ်ရှားမှုရှိခဲ့ ကြောင်းကိုလည်း ဦးရဲထွန်းကနိုဝင်ဘာ(၁၄)ရက်နေ့ နေ့လည် ၃ နာရီခန့်က ထပ်မံဖော်ပြခဲ့သည်။
ယနေ့လွှတ်တော်အစီအစဉ်တွင် ဦးအောင်ဆန်းမေးသည့်မေးခွန်းမှာ ၂၀၁၃ ခုနှစ်၊ဩဂုတ်လ ၄ ရက်နေ့၌ ဝဏ္ဏသိဒ္ဓိ အားကစားရုံ တွင် ဖြစ်ပွားခဲ့သောအပြုအမူမျိုးကြောင့် မကြာမီကျင်းပတော့မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ထပ်မံမဖြစ်ပွား စေရေးလုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ပြိုင်ပွဲကျင်းပခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်းသည့် မေးခွန်းဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များထံသို့ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးကျင်းပစဉ်ကာလဖြစ်သဖြင့် ဆက်သွယ်၍ မရခဲ့ပေ။

MyitMaKha News Agency

မေမြတ်မွန် စနေနေ့မှာ မင်္ဂလာဆောင်မယ်

လာမယ့် စနေနေ့မှာ မင်္ဂလာဆောင်မယ် လို့ အွန်လိုင်းမှာလူသိများနေတဲ့
မေမြတ်မွန်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။


သတို့သားလောင်းကတော့ သူ့ဖေ့စ်ဘုတ်မှာ သူနဲ့ တရင်းတနှီးတွေ့ရသူဖြစ်ပါလိမ့်မယ်။

သူ့ မင်္ဂလာသတင်းကို သိပ်မကြာသေးခင်ကပဲ အွန်လိုင်းမှာ အသိပေးထားတာပါ။
အသေးစိတ်အချက်အလက်ကိုတော့ တင်မထားပါဘူး။

မေမြတ်မွန်ဟာ ကိုယ်တိုင်ရိုက်သီချင်းဆိုရုပ်သံတွေကြောင့် ဒီရက်ပိုင်း ထင်ရှားလာတာပါ။
သီချင်းရုပ်သံတွေ ရိုက်ထားတာ ကြာပြီလို့ ယူဆရပါတယ်။
သူ့မင်္ဂလာပွဲနီးမှ ဒီရုပ်သံတွေ အွန်လိုင်းမှာ ဆက်တိုက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

သူ့မင်္ဂလာပွဲမှတ်တမ်းဓာတ်ပုံတွေကို သူ့ဖေ့စ်ဘုတ်မှာ တင်မယ်လို့လည်း ယူဆရပါတယ်။

အစာစားပြီးတိုင်း သွားတိုက်ပါက သွား၏ အပေါ်ယံ ကြွေလွှာများ ပါးပြီး သွားကျဉ်ခြင်းများ ဖြစ်နိုင်


“အစာစားပြီးတိုင်းသာ သွားတိုက်မယ်ဆိုရင် သွားရဲ့ အပေါ်ယံ ကြွေလွှာတွေ ပါးပြီး သွားကျဉ်တာမျိုးတွေ ဖြစ်နိုင်တယ်။ အဲဒီလောက်အထိ သွားတိုက်ဖို့ မလိုအပ်ဘူး” ဟု သွားနှင့်ခံတွင်း အထူးကု ဆရာဝန် ဒေါက်တာကျော်သူဦးက ပြောသည်။ အချို့သူများက အစားအစာ တစ်ခုစားပြီးတိုင်း သွားတိုက်လေ့ ရှိကြပြီး တစ်ရက်လျှင် ၁၀ ကြိမ်ခန့်အထိ သွားတိုက်သည်ကိုပင် တွေ့ရှိရကြောင်း၊ ယင်းမှာ သွားကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဒေါက်တာ ကျော်သူဦးက ဆိုသည်။

ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းမှာ အဓိက အရေးကြီး

ညအိပ်ရာမဝင်မီ သွားတိုက်ခြင်းသည် အဓိက အရေးကြီးပြီး ညအိပ်ရာဝင် သွားတိုက်အိပ်ခြင်းသည် တစ်နေကုန် စားကြွင်း စားကျန်များမှအစ မရှိနိုင်တော့ဘဲ သန့်စင်သွားစေသောကြောင့် ညအိပ်ရာဝင်ချိန်တွင် သွားတိုက်ခြင်းသည် ကောင်းမွန်သော အလေ့အထ ဖြစ်ကြောင်း သိရသည်။

အစာစားပြီးတိုင်း ပလုတ်ကျင်းပါ

နံနက် အိပ်ရာထချိန်နှင့် ညအိပ်ရာဝင်ချိန်များတွင် သွားတိုက်ခြင်းဖြင့် လုံလောက်သော သွားကျန်းမာရေးနှင့် ခံတွင်းသန့်ရှင်းမှုကို ရရှိစေနိုင်ပြီး အစားအစာများ စားပြီးတိုင်း ပလုတ်ကျင်းသည့် အလေ့အကျင့်ကို ပြုလုပ်သင့်ကြောင်း၊ သွားတိုက်သည့် အခါတွင်လည်း နည်းစနစ် မှန်ကန်မှုသည် အရေးပါကြောင်း သိရသည်။

ကျွန်မသာ ညဥ့်ငှက် တစ်ကောင်ဆိုရင် ရှင်လက်ထပ်မလား ...( နိုင်းနိုင်းစနေ)


ကျွန်မမှာအိမ်မရှိဘူး။ ကျွန်မအိမ်ပေါ်က ဆင်းလာတုန်းက အမေက မျက်ရည်စက်လက်နဲ့ မသွားဖို့ တားတယ်။ အဖေက “သွား... သွားပြီးရင် ဘယ်တော့မှ ငါ့အိမ်အရိပ်ကို မနင်းနဲ့။. နင့်လို့ သမီးမျိုး
ငါ့မှာ မရှိဘူး” လို့ ဒေါသတကြီး အော်တယ်။ ငိုနေတဲ့ အမေ့ကို ကျွန်မ တစ်ချက် ကြည့်လိုက်ပြီး
ပစ္စည်းတွေ ကောက်သိမ်းပြီး အိမ်ပေါ်က ကျွန်မ ဆင်းလာခဲ့တယ်။ ဒီတစ်သက် အဲဒီအိမ်ကို ကျွန်မ
ဘယ်လိုနည်းနဲ့မှ ပြန်လို့မရတော့ဘူးဆိုတာ ကျွန်မသိတယ်။ ၀မ်းစာအတွက် ကျွန်မ ညဥ့်ငှက်တစ်ကောင်
ဖြစ်ခဲ့တယ်။ လူတွေရဲ့ အသုံးတော်ခံ ဖြစ်ခဲ့တယ်။ ကိုယ့်ကိုကိုယ် လေးစားမှုတွေ လျော့အောင်
ကျွန်မ လုပ်ခဲ့မိတယ်။


နှိုက်ကလပ်တစ်ခုမှကျွန်မ အလုပ်လုပ်တယ်။ အဲဒီကလပ်မှာ ကျွန်မဟာ အချောဆုံး အလှဆုံး စာရင်းဝင်ပါ။ ပိုင်ရှင်သူဌေးကကျွန်မကို သဘောကျတယ်။ သူ သဘောကျမယ်ဆိုလည်း ကျသင့်ပါတယ်။ သူနဲ့ ကျွန်မက မကင်းမရှင်းလေ။လူတွေရဲ့ အသုံးတော်ခံ ဖြစ်နေမှတော့ တစ်ယောက်ပိုလာလို့၊ တစ်ယောက် လျော့သွားလို့လည်းကျွန်မအတွက် ထူးမှ မထူးတော့တာ။ နောက်ပြီး သူက ကျွန်မရဲ့ အလုပ်ရှင်ဆိုတော့ ဒီနေရာမှာအာဏာက ငွေကြေးထက် ပိုတန်ဖိုး ရှိနေပြီလေ။

၂ လင် ၁ မယား

လောကမှာ ထူးဆန်းတာတွေ ရှိကြတဲ့အထဲ ဒီကနေ့ လန်ဒန်က သတင်းတခုက တလင် ၂ မယား မဟုတ်ပဲ  ၂ လင် ၁ မယား ဆိုတော့ စိတ်ဝင်စားစရာမို့ ပြန်လည် ဖောက်သည် ချလိုက်ပါတယ်။ အခု ဓာတ်ပုံထဲ မှာ တွေ့ရတဲ့ အမျိုးသမီး မာရီယာ ဘူဇကီဟာ ခင်ပွန်း ဖြစ်သူ ပေါလ်ရယ်၊ မာရီယာရဲ့ ချစ်သူ ပီတာ တို့နဲ့ အတူတူ တအိမ်တည်း ချစ်ချစ်ခင်ခင် နေထိုင်ပါသတဲ့။ 


 ပေါလ်၊ မာရီယာ၊ ပီတာ၊ ဓာတ်ပုံ- The Mirror
ကလေး ၂ ယောက်အမေ မာရီယာက ပေါလ်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦးထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ထူးခြား တာက သူဟာ ချစ်သူအသစ် ပီတာ ဂရုမန် မရှိရင် အသက်ရှင်လို့ ရမှာတောင် မဟုတ်ဘူးလို့ သူက ထင်ပါသတဲ့။ 

အမှုဖွင့်ခံထားရသော လယ်သမားကို ဖမ်းဆီးရာက လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ

Photo: အမှုဖွင့်ခံထားရသော လယ်သမားကို ဖမ်းဆီးရာက လက်ထိပ်ခတ် ခံထားရသည့် လယ်သမား သေနတ်ကျည်ဆန် ထိမှန် ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက စပါးရိတ်သိမ်းခြွေလှေ့နေသော လယ်သမားအား ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ လယ်သမားအား သေနတ်ကျည်ဆန် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ထန်းတပင်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသူ (ပ) ၈၂/၂၀၁၃၊ နယ်မြေပိုင်နက် ကျူးကျော်မှု ပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်ခံထားရသူ လယ်သမား ကိုငယ် အသက်၃၀ (ဘ) ဦးမောင်ဦး၊ အောင်းကြီး၊ တပြေးရွာ၊ ထန်းတပင်မြို့နယ် နေသူအား ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းနိုင်၊ တပြေး ရဲကင်းမှူး ရဲအုပ်မျိုးဝင်းထွန်း၊ ဒုတပ်ကြပ် စိုးလင်း၊ ဒုတပ်ကြပ် ဇော်ကိုလတ်၊ တပ်သား ဇင်ကိုဦး၊ တပ်သား ဥာဏ်လင်း၊ တပ်သား မောင်မောင်တင့်ဝေ၊ တပ်သား အောင်ကိုဝင်း၊ တပ်သား အောင်သူရနှင့် အဖွဲ့မှ လယ်ထဲသို့ သွားရောက် ဖမ်းဆီးရာ ကိုငယ်မှာ အဖမ်းမခံဘဲ ရဲအုပ် မျိုးဝင်းထွန်းအား ပြန်လည် လုံးထွေးသတ်ပုတ် ခုခံရာမှ ဒုတပ်ကြပ် စိုးလင်း ကိုင်ဆောင်သော သေနတ် အမ် ၂၂ နံပါတ် ၁၈၀၅၈၅၄ မှ ကျည်ပေါက်ထွက်မှု နှစ်ချက်ဖြစ်ကာ ကိုငယ်၏ ယာခြေသလုံး အား ထိမှန်ဒဏ်ရာ ရရှိကာ ခြေသလုံးမှာ စုတ်ပြတ် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

"ကျွန်တော်တို့က စပါးခြွေပြီးတော့ လယ်တဲထဲမှာ ခဏ၀င်နားနေတာ လေးယောက်ပါ။ ၁၁ နာရီ ထိုးလောက်ကျတော့ ဆိုင်ကယ် လေးငါးစီးလောက်နဲ့ ရဲရှစ်ယောက်လောက်က ရောက်လာပြီး အတင်း ၀င်ဖမ်းပါတယ်။ ကိုငယ်ကို လက်ထိပ်နဲ့ နှစ်ဆင့်ခတ်ပြီး ဖမ်းတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်တယ်။သေနတ်နဲ့ ဆောင့်ထိုးတယ်။ လက်သီးနဲ့ ထိုးတယ်။ သေနတ်နဲ့ ပစ်တာက ဆက်တိုက်ပဲ လေးငါးချက်လောက် ရှိမယ်။ သေနတ်က အ ရှည်ပါ။ သေနတ်နဲ့ ပစ်တာက လက်ထိပ်ခတ်ပြီးမှ ပစ်တာပါ" ဟု လက်ထိပ်ခတ် ဖမ်းဆီးထားသည့် လယ်သမားအား သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားစဉ် အတူရှိနေသည့် လယ်သမား ကိုသန့်ဇင်ဦးက ပြောကြားသည်။

လက်ထိပ်ခတ်လျက်ဖြင့် သေနတ်ဒဏ်ရာ ရရှိခဲ့သူ လယ်သမားကိုငယ်အား တွေ့ရစဉ်
လက်ထိပ်ခတ်လျက်ဖြင့် သေနတ်ဒဏ်ရာ ရရှိခဲ့သူ လယ်သမားကိုငယ်အား တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက စပါးရိတ်သိမ်းခြွေလှေ့နေသော လယ်သမားအား ဖမ်းဆီးစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရာမှ လယ်သမားအား သေနတ်ကျည်ဆန် ထိမှန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲခန့်က ထန်းတပင်မြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခံရသူ (ပ) ၈၂/၂၀၁၃၊ နယ်မြေပိုင်နက် ကျူးကျော်မှု ပုဒ်မ ၄၄၇/၄၂၇ ဖြင့် အမှုဖွင့်ခံထားရသူ လယ်သမား ကိုငယ် အသက်၃၀ (ဘ) ဦးမောင်ဦး၊ အောင်းကြီး၊ တပြေးရွာ၊ ထန်းတပင်မြို့နယ် နေသူအား ထန်းတပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ၀င်းနိုင်၊ တပြေး ရဲကင်းမှူး ရဲအုပ်မျိုးဝင်းထွန်း၊ ဒုတပ်ကြပ် စိုးလင်း၊ ဒုတပ်ကြပ် ဇော်ကိုလတ်၊ တပ်သား ဇင်ကိုဦး၊ တပ်သား ဥာဏ်လင်း၊ တပ်သား မောင်မောင်တင့်ဝေ၊ တပ်သား အောင်ကိုဝင်း၊ တပ်သား အောင်သူရနှင့် အဖွဲ့မှ လယ်ထဲသို့ သွားရောက် ဖမ်းဆီးရာ ကိုငယ်မှာ အဖမ်းမခံဘဲ ရဲအုပ် မျိုးဝင်းထွန်းအား ပြန်လည် လုံးထွေးသတ်ပုတ် ခုခံရာမှ ဒုတပ်ကြပ် စိုးလင်း ကိုင်ဆောင်သော သေနတ် အမ် ၂၂ နံပါတ် ၁၈၀၅၈၅၄ မှ ကျည်ပေါက်ထွက်မှု နှစ်ချက်ဖြစ်ကာ ကိုငယ်၏ ယာခြေသလုံး အား ထိမှန်ဒဏ်ရာ ရရှိကာ ခြေသလုံးမှာ စုတ်ပြတ် ပျက်စီးသွားကြောင်း သတင်းရရှိသည်။

စစ်တွေတွင် အိုအိုင်စီကို ဆန္ဒပြရန် ခွင့်ပြုလိုက်ပြီ


နိုဝင်္ဘာလ ၁၂ ရက်နေ့က ရန်ကုန်တွင် ဆန္ဒပြကန့်ကွက်နေသူ အမျိုးသမီး (၂) ဦး။
နိုဝင်္ဘာလ ၁၅ ရက်နေ့၌ စစ်တွေမြို့တွင် ပြုလုပ်မည့် အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့အား ဆန္ဒပြခွင့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ပြီဟု သတင်း ရရှိသည်။

“ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (အမှတ်စဉ် ၅ / ၂၀၁၃)။ စာအမှတ် ၁၀၄၄ (၁) / ၁၁/ ၂၀၁၃ နဲ့ ဒီကနေ့ နေ့စွဲနဲ့ ခွင့်ပြု ပေးလိုက်ပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

ခွင့်ပြုချက်တောင်းခံသူမှာ  ဦးမောင်နုနု ဖြစ်ပြီး သူ့ အမည်ဖြင့် ခွင့်ပြုလိုက်သည်ဟု သူက ဆိုသည်။

“ ခွင့်ပြုတဲ့ စာထဲမှာ လူ ၅၀၀ ကို ခွင့်ပြုတယ်။ နံနက် ၉ နာရီက ၁၂ နာရီထိ စစ်တွေ လေဆိပ် အပြင်ဘက်မှာ ပြုလုပ်ခွင့်ပေးတယ်လို့ ပါဝင်ပါတယ်။  သတ်မှတ်ထားတဲ့ စည်းကမ်းများ အတိုင်း ဆောင်ရွက်ကြရန် ဆိုပြီး စာထဲမှာ ညွှန်ကြားထားပါတယ်” ဟု သူက ဆိုသည်။

၎င်းပြင် ဦးဆောင် ဆန္ဒပြရန် ဦးအောင်နိုင်ချေ ( မိဇံရပ်ကွက်)နှင့် ပိုစတာများ၊ ဆိုင်းဘုတ်များကို လျှောက်ထားသူ ဦးမောင်နုနု လျှောက်ထားစာပါ အတိုင်း ခွင့်ပြုကြောင်း စာထဲတွင် ဖေါ်ပြထားသည်ဟု သိရသည်။

အိုအိုင်စီ ( အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့)သည် ယနေ့ နံနက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး နိုဝင်္ဘာလ ၁၅ ရက်နေ့တွင် စစ်တွေသို့ ရောက်ရှိလာမည်ဟု သိရသည်။

(နိရဉ္စရာ- ၁၃ နိုဝင်္ဘာ ၂၀၁၃)

လက်ပံတောင်းတောင် ဒေသရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တည်းကျေးရွာ အကူးလမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့မှုကြောင့် ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွား

Photo: လက်ပံတောင်းတောင် ဒေသရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တည်းကျေးရွာ အကူးလမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့မှုကြောင့် ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွား

စစ်ကိုင်းတိုင်း ဒေသကြီး၊ လက်ပံတောင်းတောင်ဒေသ ဆားလင်းကြီးမြို့နယ်ရှိ မိုးကြိုး ပြင်ရွာနှင့် ဆည်တည်း ရွာအကူးလမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီခန့်က ပုသိမ်-မုံရွာ ကားလမ်းနံဘေး မိုးကြိုးပြင် တောင်ရွာထိပ်တွင် လုံခြုံရေး အဖွဲ့အစည်းများက သံဆူးကြိုး အတားအဆီးများဖြင့် ကျေးရွာသုံးလမ်းအား ပိတ်ဆို့ထားမှုကြောင့် မိုးကြိုးပြင်တောင်ရွာနှင့် အလယ်ရွာမှ ဒေသခံ ၁၅၀ ၀န်းကျင်ခန့်က ဖယ်ရှား ရှင်းလင်းပေးရန် တောင်းဆိုခဲ့ကြသည်။

"နိုင်ဝင်ဘာ ၁၂ ရက် ည ၈ နာရီခန့်ကစပြီး လမ်းထိပ်ကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာကြတယ်။ အဲဒီညမှာပဲ လုံခြုံရေး ရဲကင်းတဲကို အပြီးဆောက်လိုက်ကြပြီး သံဆူးကြိုး အကာအရံတွေနဲ့ ပိတ်လိုက်ကြတယ်။ မနက်ရောက်တော့ ရွာအကူးလမ်းကို ပေးမဖြတ်တော့ဘူး" ဟု မိုးကြိုးပြင် အလယ်ရွာမှ ဦးကျော်မြင့်လေးက ပြောကြားသည်။

"သူတို့ပိတ်ထားတဲ့ လမ်းက ရွာသူ၊ ရွာသားတွေ အမြဲတမ်း သုံးနေတဲ့ လမ်းဖြစ်သလို လျော်ကြေးယူထားတဲ့ မြေတွေလည်း မဟုတ်ဘူး။ စီမံကိန်းနဲ့လည်း ဝေးတယ်။ ဒီနေ့မနက် အဲဒီလမ်းကနေ နွားစာရိတ်သွားတော့ ပေးမ၀င်ဘူး။ လှည်းမောင်းလည်း လက်မခံဘူး။ လက်မှတ်ထိုးပြီးမှ သွားရမယ်လို့ ပြောတယ်ဓ ဟု မိုးကြိုးပြင်တောင်ရွာမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အာဏာပိုင်များက လမ်းပိတ်ဆို့ထားခြင်းနှင့် ပတ်သက်ပြီး အချေအတင် စကားများခဲ့ရာ လုံခြုံရေး အင်အားများစွာဖြင့် တားဆီး ပိတ်ပင်ခဲ့ကြောင်း၊ ယာခင်းပိုင်ရှင် စာရင်းပေးရန်နှင့် ထိုသူများသာ ယာခင်းထဲသို့ ၀င်ခွင့်ပြုမည်ဆိုသောကြောင့် ဒေသခံများက လက်မခံဘဲ အတားအဆီးများကို ဖယ်ရှားပေးရန် ဆက်လက် တောင်းဆိုခဲ့ကြသည်။

အဆိုပါ ပဋိပက္ခ ဖြစ်ပွားရာနေရာသို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သောင်း ရောက်ရှိလာပြီး ၎င်းက "ဒါဟာ စီမံကိန်းဖြစ်တဲ့အတွက် အခုလို တားဆီးပိတ်ပင်တာပါ။ အင်ကြင်းတောင်ပေါ်မှာ သပိတ် စခန်း ဖွင့်ထားတဲ့အတွက် ပိတ်ထားတာလည်း ဖြစ်တယ်။ ဒီယာမြေတွေက အစိုးရပိုင်တာပါ။ ဒီကျေးရွာတွေကလည်း တရားဝင်ကျေးရွာ တွေမဟုတ်ဘူး။ အချိန်မရွေး ဖျက်သိမ်းလို့ရတယ်" ဟု ပြောကြားခဲ့သည်။

ထိုသို့ ဖြစ်ပွားရာနေရာတွင် ၀တ်စုံပြည့် ၀တ်ဆင်ထားသည့် လက်နက်ကိုင်ဆောင်ထားသော အမျိုးသား၊ အမျိုးသမီး လုံခြုံရေး ရဲအင်အား စုစုပေါင်း ၂၀၀ ၀န်းကျင်ခန့်ရှိပြီး ဒေသခံများ၏ တောင်းဆိုမှုနှင့် ပဋိပက္ခ ဖြစ် ပွားမှုမှာ မွန်းလွဲ ၁ နာရီကျော်အထိ ပြေလည်မှုမရှိဘဲ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသ ဆားလင်းကြီးမြို့နယ်ရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တည်းရွာအကူး လမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားစဉ်

စစ်ကိုင်းတိုင်း ဒေသကြီး၊ လက်ပံတောင်းတောင်ဒေသ ဆားလင်းကြီးမြို့နယ်ရှိ မိုးကြိုး ပြင်ရွာနှင့် ဆည်တည်း ရွာအကူးလမ်းအား လုံခြုံရေးအဖွဲ့က ပိတ်ဆို့ထားမှုကြောင့် ဒေသခံများနှင့် ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီခန့်က ပုသိမ်-မုံရွာ ကားလမ်းနံဘေး မိုးကြိုးပြင် တောင်ရွာထိပ်တွင် လုံခြုံရေး အဖွဲ့အစည်းများက သံဆူးကြိုး အတားအဆီးများဖြင့် ကျေးရွာသုံးလမ်းအား ပိတ်ဆို့ထားမှုကြောင့် မိုးကြိုးပြင်တောင်ရွာနှင့် အလယ်ရွာမှ ဒေသခံ ၁၅၀ ၀န်းကျင်ခန့်က ဖယ်ရှား ရှင်းလင်းပေးရန် တောင်းဆိုခဲ့ကြသည်။

"နိုင်ဝင်ဘာ ၁၂ ရက် ည ၈ နာရီခန့်ကစပြီး လမ်းထိပ်ကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာကြတယ်။ အဲဒီညမှာပဲ လုံခြုံရေး ရဲကင်းတဲကို အပြီးဆောက်လိုက်ကြပြီး သံဆူးကြိုး အကာအရံတွေနဲ့ ပိတ်လိုက်ကြတယ်။ မနက်ရောက်တော့ ရွာအကူးလမ်းကို ပေးမဖြတ်တော့ဘူး" ဟု မိုးကြိုးပြင် အလယ်ရွာမှ ဦးကျော်မြင့်လေးက ပြောကြားသည်။

နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

Photo: နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပြောကြား

နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ရှိမည့်ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

သင်္ဃန်းကျွန်း မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ယခင် အစိုးရအဆက်ဆက် ထုတ်ဝေခဲ့သော ငွေစက္ကူများ၌ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို အလေးထား ဖော်ပြ ထုတ်ဝေခဲ့ကြောင်း၊ ယခု ထုတ်ဝေလျှက်ရှိသော ငွေစက္ကူများတွင် တစ်ထောင်ကျပ်တန် အထိမှာ ခြင်္သေ့ပုံများ ဖော်ပြထားသည် ဖြစ်ရာ အဆိုပါ ခြင်္သေ့ပုံသည် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ်အမှတ်အသား ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့အတွက် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ်အမှတ်အသားကို နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆကြောင်း၊ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါ လေးစားခံရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုးအသီးသီးတွင် ယခင် ခေတ်အဆက်ဆက်ကအတိုင်း ပြန်လည် အစားထိုး ထုတ်ဝေပေးရန် လွှတ်တော်က ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးပြီးနောက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ယခုကဲ့သို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက "မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ကေသရာဇာ ခြင်္သေ့မင်းပုံပါ ငွေစက္ကူများအား ၁၉၅၂ ခုနှစ်ကတည်းက ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ်၊ မေလတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပါတီအဖွဲ့အစည်း တစ်ခု၏ တံဆိပ် အမှတ်အသားကို ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေခြင်း မဟုတ်ပါ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် ထင်ရှားသော နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများ စသည်များကို အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ် ထုတ်ဝေသွားမည်"ဟု ပြန်လည် ဖြေကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် အတည်ပြု ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအခန်း(၉)ပုဒ်မ ၆၂ (ခ)တွင် ဗဟိုဘဏ်သည် ငွေစက္ကူများ ပြင်ဆင်ရိုက်နှိက် ထုတ်ဝေရန် အစိုးရအဖွဲ့၏ သဘော တူညီချက် ရရှိရန် လိုအပ်သည်ဟု ပါရှိကြောင်းလည်း ဒေါ်ခင်စောဦးက ထည့်သွင်း ပြောကြားသည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ငွေစက္ကူများ၌ အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား ရိုက်နှိပ်ထုတ်ဝေမည့် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၌ နိုဝင်ဘာ ၁၃ ရက်က လာရောက် ရှင်းလင်းစဉ်
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ငွေစက္ကူများ၌ အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေရှိမည့် ပုံများအား ရိုက်နှိပ်ထုတ်ဝေမည့် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၌ နိုဝင်ဘာ ၁၃ ရက်က လာရောက် ရှင်းလင်းစဉ်
 
နောက်ထပ် ငွေစက္ကူများ ထပ်မံထုတ်ဝေရန် ရှိသည့်အခါတွင် နိုင်ငံ့ခေါင်းဆောင်များ အပါအ၀င် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ ရှိမည့်ပုံများအား အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရိုက်နှိပ် ထုတ်ဝေမည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

သင်္ဃန်းကျွန်း မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ယခင် အစိုးရအဆက်ဆက် ထုတ်ဝေခဲ့သော ငွေစက္ကူများ၌ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကို အလေးထား ဖော်ပြ ထုတ်ဝေခဲ့ကြောင်း၊ ယခု ထုတ်ဝေလျှက်ရှိသော ငွေစက္ကူများတွင် တစ်ထောင်ကျပ်တန် အထိမှာ ခြင်္သေ့ပုံများ ဖော်ပြထားသည် ဖြစ်ရာ အဆိုပါ ခြင်္သေ့ပုံသည် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ်အမှတ်အသား ဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့အတွက် နိုင်ငံရေး ပါတီတစ်ခု၏ တံဆိပ်အမှတ်အသားကို နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆကြောင်း၊ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးက ကြည်ညိုလေးစားပြီး ကမ္ဘာကပါ လေးစားခံရသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများဖြင့် ငွေစက္ကူများ၏ တန်ဖိုးအသီးသီးတွင် ယခင် ခေတ်အဆက်ဆက်ကအတိုင်း ပြန်လည် အစားထိုး ထုတ်ဝေပေးရန် လွှတ်တော်က ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်တွင် ဆွေးနွေးပြီးနောက် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ယခုကဲ့သို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ

မက္ကစီကို နိုင်ငံသို့ အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၅၈)နှစ်ရှိ ဒူဂီသွမ်ဆန်သည် သူငယ်ချင်း တစ်ဦး၏ မင်္ဂလာပွဲကို တက်ရောက်ရန် မက္ကစီကိုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်း ဖြစ်သည်။ သို့သော်လည်း ကန်ကွန်ရှိ ဂေါက်ကလပ်တွင် ဖြစ်ပွားသော မိကျောင်းတိုက်ခိုက်မှုအတွင်း ဒူဂီ၏ သူငယ်ချင်းများ၏ ဆုံးဖြတ်ချက် မှန်ကန်မြန်ဆန်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိကျောင်းကို ဂေါက်တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဒူဂီက "ကျွန်တော့် ဘောလုံးက သဲကျင်းထဲ ကျသွားတယ်။ အနားမှာက ခြုံပုတ်တွေ ရှိတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ရေရှိမှန်း မသိဘူး။ ကျွန်တော် ဘောလုံးကို ရိုက်တင်လိုက်ပြီးချိန်မှာ နောက်ဘက်က အသံတွေ ကြားလိုက်ရတယ်။ လှည့်ကြည့်တော့ မိကျောင်းကြီးတစ်ကောင်။ ပြီးတော့ ကျွန်တော့် ခြေထောက်ကို အဟပ်ခံလိုက်ရတယ်"ဟု ရှင်းပြခဲ့သည်။ ၎င်းက "ကျွန်တော် နာမသွားဘူး။ အဲဒီအချိန်မှာ တုန်လှုပ်တဲ့စိတ်ပဲ ဖြစ်နေမိတယ်။ အဲဒီကောင်ကြီးက အရုပ်အကြီးကြီးနဲ့တူတယ်။ မျက်လုံးနက်နက်ကြီးတွေနဲ့လည်း ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူ့ကို ဝိုင်းရိုက်ကြတာက အုတ်နံရံကို ရိုက်နေရသလိုပဲ"ဟုလည်း ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဒူဂီသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်တိုင် ပေါင်တွင် အချက်(၂၀၀) ချုပ်ခဲ့ရသည်။ လတ်တလောတွင် ၎င်းသည် မက္ကစီကိုရှိ ဆေးရုံတစ်ခု ကုသမှု ခံယူနေရပြီး မိသားစုက လိုက်ပါသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ဒူဂီက "မိကျောင်းက ထွက်ပြေးသွားတော့ ကျွန်တော့်ပေါင်သားတွေ ပါသွားတယ်။ ကျွန်တော့်ခြေထောက်ကို ကြည့်ရတာ သားသတ်ရုံ မှန်ပြူတင်းပေါက်ကို ကျော်မြင်ရတဲ့ မြင်ကွင်းမျိုးဗျ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။

Planet Myanmar Network

နိုင်ငံခြားသား ယူဆရသည့် ပုပ်ပွအလောင်းတစ်လောင်း ကျောက်ဖြူပင်လယ်ပြင်၌တွေ့ရှိ




ရခိုင်ပြည်နယ် ကျောက်ဖြူ၌ ကမ်းလွန်ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေသည့် CNPC ၏ လက်အောက်ခံ ကိုးရီးယားအခြေစိုက် ကျောက်ဖြူဒေ၀ူးကုမ္ပဏီ၏ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်၌ နိုင်ငံခြားသားဟု ယူဆရပြီး နိုင်ငံခြား အလုပ်သမားဝတ်စုံဝတ်ဆင်ထားသည့် လူသေရုပ်အလောင်း တစ်လောင်းကို ပုပ်ပွလျက် ကျီးကန်းများနားကာ မျောပါလာသည်ကို တွေ့ရှိခဲ့ကြောင်းကျောက်ဖြူ(M.0.G.E)မှ အမည်မဖေါ်လိုသည့် ၀န်ထမ်းတစ်ဦးထံမှ သိရှိရသည်။
အဆိုပါနိုင်ငံခြားသားဟုယူဆရသည့်ရုပ်အလောင်းကို နိုဝင်ဘာ ၁၂ ရက်နေ့ နေ့လယ်တစ်နာရီခွဲအချိန်ခန့်က ဒေ၀ူးကုမ္ပဏီ၏ YS-483MK-11T0ISASONATA သင်္ဘောမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ M.O.G.E ၀န်ထမ်းမှ နိုဝင်ဘာ ၁၃ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။
 ''လူသေအလောင်းတွေ့လို့ဆိုပြီးM.O.G.Eမှအထူးအရာရှိဦးကြည်သောင်းကစခန်းကို အကြောင်းကြား သတင်းပေး ပို့လို့ ကျောက်ဖြူဆိမ်ကမ်းကို ဆယ်ယူပြီးတော့ ရဲလုပ်ထုံးလုပ်နည်းနဲ့အညီစစ်ဆေးဖို့ ကျောက်ဖြူခရိုင် ပြည်သူဆေးရုံကြီး ကို ပေးပို့ခဲ့ပါတယ်''ဟု ကျောက်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။
Related Posts Plugin for WordPress, Blogger...

ShareThis