menu

Friday 30 March 2012

မတန်မရာ ငါးကြင်းခေါင်းကိုမိသလိုဖြစ်ပြန်ပြီအကြောင်းက ဒီလိုပါ(လေဗျောက်အိုး)


လေဗျောက်အိုးသည် ဇာတ်ညွှန်း မရေးတတ်ပါ။ ဗိုလ်ချုပ်ရုပ်ရှင်အသံပလူပျံ လာသောအခါ ဗိုလ်ချုပ်၏ မိသားစု ဇာတ်ဝင်ခန်းလေးတစ်ခန်းကို မရဲတရဲ ဇာတ်ညွှန်းချရေးကြည့်မိ၏။ ဗိုလ်ချုပ်အိမ် ကို လူတစ်ယောက်ဝင်လာမည်။ အိမ်တံ ခါးကို ဒေါ်ခင်ကြည်က ဖွင့်ပေး။ (ကဒ်)
ဧည့်ခန်းထဲ၌ ထိုလူကို ဒေါ်ခင်ကြည်  က ဧည့်ခံစကားပြောခန်း ရိုက်ပြ၊ ထိုသူ က ခြေဟန်လက်ဟန်အာဘောင်အာရင်း သန်သန်ပြောနေသည်ကို အသံသဲသဲကွဲ ကွဲမကြားနိုင်သော ရှုထောင့်တစ်နေရာက  မြင်ရပုံကိုပြ။ (ကဒ်)
ဒေါ်ခင်ကြည်ကို အနီးကပ်ရိုက်ပြ၊ သက်ပြင်းချပြီး အဝေးကိုငေးမောဆွတ်ပျံ စွာဖြင့် စကားလုံး လေးလေးနက်နက် တည်တည်ကြည်ကြည်ပြောမည်။
““ခုလို စေတနာနဲ့ အကြံဉဏ်ပေး တာ ကျွန်မကျေးဇူးတင်ပါတယ်။ ကျွန်မ ဒေါ်သန်းခင်မိသားစုအပေါ်မှာ ဘယ်လို စိတ်မှ မအောက်မေ့မိပါဘူး။ ဗိုလ်ချုပ်  အောင်ဆန်းဆိုတာ အဖိုးမဖြတ်နိုင်တဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အတွက် သူ့ကိုမီခိုနေရတဲ့ ကျွန်မတို့မိသား  စုတင်မက တစ်တိုင်းပြည်လုံး နစ်နာသွား တဲ့ကိစ္စပါ။ ဒါကို အကြောင်းပြုပြီး ရှင် အကြံပေးသလို၊ တစ်ဖက်ကို နစ်နာမှု လျောကြေးငွေရမှုနဲ့ တရားစွဲဆိုပြီး တောင်း ချင်သလောက် တောင်းခွင့်ရှိတယ်ဆိုတာ လည်း ကျွန်မသဘောပေါက်ပြီးသားပါ။ ဒါပေမဲ့””

ဧည့်သည်လူ၏ မျှော်လင့်ချက်မျက် နှာကို အနီးကပ်ပြပါ။ ဘယ်လိုများ ဒေါ်ခင်ကြည်ဆက်ပြောမလဲဆိုတာ ငံ့လင့် နေသည်ကိုပြ။
““ဒါပေမဲ့ သူလည်း မုဆိုးမ၊ ကျွန်မ လည်း မုဆိုးမ မုဆိုးမချင်းအတူတူ ကျွန်မက ဂုဏ်ရှိပြီးကျန်ခဲ့ရတဲ့ မုဆိုးမပါ။ သူ့ခမျာ အရှက်တကွဲ အကျိုးနည်းစွာနဲ့ လောက အလယ်ကျန်ခဲ့တဲ့ မုဆိုးမပါ။ ကျွန်မသူ့ကို နစ်နာကြေးတောင်းဖို့ စိတ်ကူးထဲမရှိပါဘူး””
ဟို ဧည့်သည် ပါးစပ်အဟောင်းသား  ဖြစ်ခါ အံ့အားသင့် (ကဒ်)။
အပြင်ဘက်ရှိ မိုးများဖွဲဖွဲကျနေသည်။ သစ်ပင်သစ်ကိုင်းများ လေတိုက်တိုင်းယိမ်း ရည်နွဲ့ခါယမ်းနေသည်။ မျက်အ၀ိုင်းသားဖြင့် ရုတ်တရက် မတ်တပ်ရပ်လျက်အပြင်ဘက်  သို့ ဒေါ်ခင်ကြည်ငေးမောကြည့်ရှုနေသည်။ မစု (အောင်ဆန်းစုကြည်ကလေး)က အမေ့ထဘီစကိုကိုင်ပြီး မော့ကြည့်နေချိန် ၌ (ဗမာ့ လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် တကယ်လည်း အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာကြံစည် တယ်။ သီချင်းသံ မျှင်းမျှင်းလေးကြား ရောင်နေသံပြ။) ချောင်းဟန့်သံပေးပြီး ဧည့်သည်ရှေ့နေက ““ကျွန်တော်သွားလိုက်  ပါဦးမယ် ဗိုလ်ချုပ်ကတော်””ဟု ရိုသေစွာ နှုတ်ဆက်ပြီး ဧည့်သည်ရှေ့နေပြန်ထွက် သွား။ မိုးသဲထဲမှာ ထီးမပါပဲ ပြန်ထွက်သွား။  (ကဒ်) (ကန်တော်ကြီးတစ်နေရာ ရိုက်ကွင်း)  ကန်တော်ကြီး ကန်ဘောင်အနီး၌ ကား တစ်စီးရပ်ထား။ ထိုကားရှေ့၌ မင်္ဂလာဝတ်  စုံဝတ်ဆင်ထားသော
သတို့သား- သတို့သမီးနှစ်ယောက်ရပ်နေ။
သတို့သမီး- ““ဒုက္ခပါပဲ ကိုကိုရယ်။ မွန် မွန်ကြိုက်တဲ့ လီလီပန်းဟာ ဒီလောက် တောင်မှ ရှားသလား မသိဘူးနော်။ ရန်ကုန်  မြို့ တစ်မြို့လုံးနှံ့နေတာပဲ။ စိတ်ရှုပ်လိုက် တာ””
သတို့သား- ဒီလောက်လည်း အစွဲအလန်း ကြီးမနေပါနဲ့တော့ မွန်ရယ်။ မင်္ဂလာဘိ သိက်ပန်းပဲဟာ။ တစ်ခြားပန်းကိုပဲ ကိုတို့ ရှာဝယ်ကြစို့နော်။ မင်္ဂလာအချိန်နီးနေပြီ မို့ စိတ်လျှော့လိုက်ပါကွယ်။ ကားပေါ်တက်  တော့နော်။ သတို့သားက ကားတံခါးဖွင့် ပေ။ မွန်မွန်ရင် ကားပေါ်တက်။ သတို့သား က ကားတံခါးပိတ်ပေးပြီး ဒရိုင်ဘာနေရာ   ၌ အပြေးအလွှားနေရာယူ။ ကားစက်နိုး ချိန် ကားပြတင်းပေါက်၌ စိတ်အလိုမကျ ဖြစ်နေရှာသော မွန်မွန်ရင်မျက်နှာကို အနီး ကပ်ပြ။ သတို့သားက မသိမသာ အကဲ ခတ် (ကဒ်)။ ကားထွက်သည်ကို အဝေး ကရိုက်။ (က်ဒ်)
ဒေါ်ခင်ကြည်အိမ်ကို အဝေးမှ ဇသသာ ဖြင့်ဆွဲပြ။ ခြံထဲက လီလီပန်းခင်းကို ဆက် ပြ။ ကားမောင်ရင်း ကားပေါ်မှ မြင်ရ သော ရှုခင်းများကိုရိုက်။ ဗိုလ်ချုပ်အိမ် ရှေ့မှ ကားဖြတ်မောင်း။ မွန်မွန်ရင်က ““ကိုကို ဟိုမှာ ဟိုမှာ လီလီပန်း လီလီ”” ဆိုပြီး ၀မ်းသာအားရပြု၊ ကားရပ်။ သတို့ သား အံ့အားသင့်စွာ ၀မ်းသာပြီးမှ မျက် နှာညှိုးငယ်သွား။ (ကဒ်)
သတို့သား- မွန် သေချာလည်း သတိ ထားပါဦးကွာ။ အဲဒါ ဗိုလ်ချုပ်တို့အိမ် လေ။ မွန်မွန် ဖိုးဖိုးကြောင့် သူတို့ခမျာ မိသားစု သေကွဲကွဲထားတာလေ။ မွန် ကြိုက်တဲ့ ပန်းကို ၀ယ်လို့ရောင်းပါ့မလား။  သွားကြပါစို့နော်။ တော်ကြာ အဆင်မပြေ  ဖြစ်ကုန်ပါ့မယ်။
ဘေဘီစော- ကိုကိုရယ်။ မွန်မွန် ဖိုးဖိုး ကြောင့် သူတို့ခမျာ ဒုက္ခရောက်ကုန်ကြ တာ မွန်မွန်သိပါတယ်။ ဒါပေမဲ့ ဒီပန်း တွေကို မွန်လိုချင်တယ်။ ရရမရရ ဘွား ဘွားဒေါ်ခင်ကြည်ဆီက တောင်းကြည့် ချင်တယ်။
သတို့သား- ခေါင်းမမာချင်ပါနဲ့ မွန်။ မွန့်ကိုမြင်ရင် အဘွားကြည် စိတ်အနှောက် အယှက်ဖြစ်သွားပါလိမ့်မယ်ကွာ။ ကိုတို့ မင်္ဂလာပွဲကိုပဲ အမှီသွားကြပါစို့နော်။
ဘေဘီစော- ဟင့်အင်း ကိုကိုရာ။ အဘွား  ကြည်ဟာ ကိုကိုထင်သလို မဟုတ်ဖူးဆို တာ မွန်မွန့်စိတ်ထဲမှာ သိနေတယ်။ မွန် သက်သေပြမယ်။ ကြည့် မွန်မွန်ရင် ပြော ပြောဆိုဆို ကားပေါ်မှ ဆင်းသွားပုံကိုပြ။ ခြံထဲ ကောင်မလေးတစ်ယောက် ခြံတံ ခါးနားရောက်လာ။ မွန်မွန်ရင်က ကောင်း မလေးကို စကားတွေပြောပြီး မေးမြန်း ပြောဆိုပုံကို အဝေးမှပြ။ ကားသံ ကြား ၍ ထွက်ကြည့်သော ဒေါ်ခင်ကြည်သည် ခြံအောက်ကိုလှမ်းမေး။ ကားထဲမှ သတို့ သား စိုးရိမ်စိတ်ပျက်စွာသက်ပြင်းချနေပုံ ကိုပြ။
ဒေါ်ခင်ကြည်- ခြံပေါက်ဝမှာ ဘယ်က ဧည့်သည်တွေလဲသမီး။ အိမ်အကူ ကောင်မလေးက ခေါင်းကုတ်ပြီး (ဟိုဟို) ဟုပဲ ပြောရင်း ဘာပြောရမှန်းမသိဖြစ်နေ။ ပြီးမှ ခြံတံခါးနားသွားပြီး သေချာအောင် ပြန်မေး။ ပြီးမှ (ဟို ဟို) ဟု ပြောနေ။
ဒေါ်ခင်ကြည်- ဒီလာတဲ့ ဧည့်သည်တွေ ဆိုရင်လည်း တံခါးဖွင့်ပေးလိုက်ပါကွယ်။
ခြံစောင့်ကောင်မလေး- လက်ခါခါ ခြေ ခါခါဖြင့် မေမေကြီး မလာနဲ့။ မလာနဲ့။ မေမေကြီးသူက မမွန်မွန်ရင်ပါတဲ့။ ဂဠုန် ဦးစောမြေးလို့ပြောတယ်။ သမိုင်းနဲ့ချီပြီး စိတ်အနှောက်အယှက်ဖြစ်ရင်လည်း ခွင့် လွှတ်ပါတဲ့။ ရောင်းမယ်ဆိုရင် ပန်းဝယ် ပါရစေတဲ့။ သူတို့မင်္ဂလာဆောင်မှာမို့ပါတဲ့။
ဒေါ်ခင်ကြည်- သြော် ဟုတ်လား။ ဒါဆို ရင် သူတို့လိုသလောက် ခူးပေးလိုက်ပါ ကွယ်။ ရော့ရော့ခြံတံခါးသော့ကွဲမေမေ ကြီးက မှာလိုက်ပါတယ်လို့ ပန်းခအတွက်  ပိုက်ဆံမပေးရပါဘူးလိုသလောက်ယူသွား ပြော၊ အားမနာပါနဲ့လို့ပြောလိုက်နော်။သြော် ဦးစောမြေးတောင်အရွယ်ရောက် နေပြီပဲ။ ဒေါ်သန်းခင်က မြေးတွေဘာတွေ နဲ့ ဆိုတော့ သူက ပိုပြီး ကံကောင်းတာ ပေါ့။
မွန်မွန်ရင်က ပန်းစည်းယူလာသော ကလေးမကို ပိုက်ဆံပေးနေ။ ကလေးမ က လက်ကာ။ ကလေးမက ဒေါ်ခင်ကြည်  မှာသည့်အတိုင်း စကားပြောဆိုနေသည် ကို အဝေးကမြင်ရသည့် မြင်ကွင်းမျိုးပြ။ မွန်မွန်ရင်က ကလေးမကို နှုတ်ဆက်။ ကားတံခါးဖွင့်ပြီးမှ ၀ရံတာပေါ်မှ ဒေါ်ခင်ကြည်ကို သူကိုင်ထားသော ပန်း စီးနှစ်ဘက်ကို တယုတယကိုင်ရင်း လက် အုပ်ချီကြည့်နေပုံမျိုး (၃) စက္ကန့်မျှပြ၊ ကားကလေး ဖြည်းဖြည်းချင်းမောင်းထွက် သွား။
နှလုံးသားကို အလှဆင်မယ်သီချင်း  တီလုံးသာ နောက်ခံတီး။ မမစု (အောင် ဆန်းစုကြည်လေး) ၀ရန်တာဘက်ထွက် လာ။ မိခင်ဖြစ်သူကိုမေး။ ဒေါ်ခင်ကြည် က သမီးဖြစ်သူ ဘာမှပြန်မဖြေသေးပဲ လက်ကိုကိုင်ထား။ မွန်မွန်ရင်တို့ မင်္ဂလာ မောင်နှံ၏ ရွေ့လျားထွက်ခွာသွားသော ကားကလေးကိုငေးကြည့်နေ။ (ကဒ်)
““စုစုတို့ မေမေ””
စာရှုသူအပေါင်းတို့ခင်ဗျာ။ ဇာတ် ညွှန်းရေးသူမတီထွင်ပါ။ မူရင်းများသာ ဖြစ်ပါ၏။
ထူးဆန်းပါသည်။ အတော့်ကို ထူး  ဆန်းပါသည်။ သမိုင်းဝင်အောင် ရာဇ၀င်  တွင်အောင် မော်ကွန်းတင်လောက်သော အဖြစ်အပျက်များ ဖြစ်ရုံသာကမ ထိုဖြစ် ရပ်များကို ဒေါ်ခင်ကြည်ဘာကြောင့် ထားနိုင်ရတာလဲ။ ကိုယ့်ရဲ့ နစ်နာမှုကိုပဲ ခံစားဝမ်းနည်းမနေဘဲ အခြားသူတစ်ထူ ၏ နစ်နာမှုကိုပါ ထည့်ထွက်ပြီး ဖြည့်စွက်  ခံစားပေးနိုင်သော ဒေါ်ခင်ကြည် စိတ်ဓာတ် သည် မွန်မြတ်ပါပေသည်ဟူသောစကား များနှင့်ပင် မလုံလောက်နိုင်တော့ပေ။
ဂဋ္ဌုန်ဦးစောနှင့် သူ၏ကျန်ရစ်သူ မိသားစုအပေါ်၌ ထားရှိသော ဒေါ်အောင်  ဆန်းစုကြည်၏ သဘောထားကို ကြား ရပြန်သောအခါ လေဗျောက်အိုးခမျာ အံ့ သြခြင်းများစွာဖြင့် ပီတိသောမနဿဖြစ် ရပြန်ပါ၏။ မိသားစုတစ်ခုခြင်းစီ၌ စိတ် ဓာတ်ကြီးမြတ်မှု မတူညီကြပါ။ သို့သော် လည်း ဗိုလ်ချုပ်ဇနီး၊ ဗိုလ်ချုပ်သမီးတို့၏ အပြုအမှုအယူအဆတူညီပြီး တသံတည်း  ထွက်နေသည်ကို ကြားရပြန်တော့ ““ဒါ အောင်ဆန်းဇနီးကွ”” ““ဒါ အောင်ဆန်း သမီးကွ”” ဟု ဂုဏ်ယူမိ၏။ ထို့နည်းတူ ဒေါ်ခင်ကြည်၏ သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်က ““ကိုယ်မလုပ်ခဲ့တဲ့ကိစ္စ အတွက် ဒီလိုခံစားနေရတာကို စိတ်မ ကောင်းဘူး။ ကလေးတွေက ဘာမှလုပ် ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးက လည်း သူ့အဖြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူတွေမှာ ဘာအပြစ် မှမရှိဘူး။ ဒီကလေးတွေကို အေးအေး ချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ် သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး””ဟု ပြောပြန်သည်။ ထို့အပြင် ““ဖေဖေနဲ့ ပတ်သက်ပြီးတွေးရင်  ဦးစောကြောင့် ဖေဖေဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲဖြစ်တတ်ပါတယ်”” တဲ့။ ကိုင်း ဒါကြောင့်လည်း ““ဗိုလ်ချုပ် သမီးကွ””  ဟု အားရဂုဏ်ယူခြင်းဖြစ်ရသည်မှာ အမှန်။ ဧတေန သစ္စ၀ဇ္ဇေန ဤမှန်သော သစ္စာ စကားကြောင့် လောကလူသားအားလုံး အထူးသဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးအချင်းချင်းအပေါ်၌ မေတ္တာရနံ့ ထုံပျံ့နိုင်ကြပါစေ။ လူသားအချင်းချင်း ဖြူစင်သော မေတ္တာတရားတွေနဲ့ သာယာ  သောလူ့ဘောင်သစ်ကိုတည်ဆောက်နိုင် ပါစေဟုဆန္ဒပြုမိ၏။
မှတ်ချက်- ဟိုခေတ်ကတည်းက မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ အမျိုးသမီးများကောင်စီဥက္ကဋ္ဌတို့ အပြင် တာဝန်အရ နိုင်ငံတော်ကိုယ်စား ပြု သံအမတ်ကြီးတာဝန်ထမ်းဆောင်ခဲ့ သော အမေဒေါ်ခင်ကြည်တာဝန်ကျေခဲ့ ပါသည်။ အနုပညာသဘောအရ ဇာတ် ညွှန်းထဲ၌ ရှေ့နေဇာတ်ကောင်ဖန်တီးထား  ပါသည်။ အမှန်မှာ ရှေ့နေအစစ်မဟုတ် ပါ။ ထိုခေတ်က အထင်ကရသြဇာရှိသူ ၀န်ကြီးဖြစ်ပါသည်။ နစ်နာကြေးကိစ္စကို ထိုဝန်ကြီးက အကြံပေးခဲ့ခြင်းဖြစ်ပါသည်။ (အမည်မဖော်ပြခြင်းကိုတော့) လေဗျောက် အိုးအပေါ်နားလည်ပေးတော်မူကြပါ။ပို၍ ထူးဆန်းသည်က ဤအကြောင်း အရာများကို ဂဋ္ဌုန်ဦးစောသမီးဖြစ်သူ ဒေါ်ဘေဘီစောကတစ်စုံတစ်ယောက်အား တခုပ်တရပြန်လည်ပြောပြခဲ့ပါသည်ဟုဆို လျှင်။
 Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis