menu

Sunday 29 July 2012

တရုတ် ဓါတ်ငွေ့ပိုက်လိုင်းမှ ရခိုင်ပြည် လယ်သမားများကို ကန် ဒေါ်လာ ငါးသောင်း ထောက်ပံ့

မြန်မာနိုင်ငံအနောက်ဘက် ကျောက်ဖြူမှ တရုတ်နိုင်ငံ ကူမင်သို့ ဆက်သွယ်မည့်တရုတ်-မြန်မာ စွမ်းအင်ပိုက်လိုင်းတည်ဆောက်ရေး
ကုပ္မဏီမှ ရခိုင်ပြည်နယ်တောင်သူလယ်သမားများအတွက် အမေရိကန် ဒေါ်လာ ငါးသောင်းထောက်ပံ့ပေးခဲ့ကြောင်းယင်းပိုက်လိုက်စီမံကိန်းမှ ပြန်ကြားရေးဌာနက The Voice Weekly သို့
ပြောကြားသည်။

အရှေ့တောင်အာရှ ရေနံစိမ်း ပိုက်လိုင်း ကုမ္ပဏီ လီမီတက်နှင့်
အရှေ့တောင်အာရှ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း ကုမ္ပဏီ လီမီတက်တို့
ပူပေါင်းကာ ထောက်ပံ့ခြင်း ဖြစ်သည်။

မလေးရှား ကုန်တင်သင်္ဘောတစ်စင်း ပေါက်ကွဲ၊ မိုးကြိုးပစ်ချမှုကြောင့်ဟု ယူဆရ




ဓာတုပစ္စည်းများ သယ်ဆောင်လာသောသင်္ဘော လာဘူအန်ကျွန်းတွင် မီးလောင်ပေါက်ကွဲခဲ့သည်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်
မက်သနောဓာတုပစ္စည်းများ တင်ဆောင်လာသော မလေးရှား ကုန်တင်သင်္ဘောတစ်စီးသည် ဇူလိုင်လ ၂၆ ရက်နေ့က ပေါက်ကွဲမှုကြောင့် သင်္ဘောဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး လူလေးဦး ပျောက်ဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။
ယင်းပေါက်ကွဲမှုသည် မိုးကြိုးပစ်ခြင်းကြောင့်ဖြစ်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်းတွင်ရှိ Labuan ကျွန်းရှိ Petronasကုမ္မဏီသို့ မောင်းနှင်လာစဉ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောကုမ္မဏီ MIRS မှ ပြောကြား ခဲ့ခြင်းဖြစ်သည်။ Bunga Aplinia အမည်ရှိ သင်္ဘောသည် တန်ချိန် ၃၈၀၀၀ ခန့်လေးကာ ပေါက်ကွဲမှုကြောင့် ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

သစ်တောပြုန်းတီးခြင်း အပြင် တိရစ္ဆာန်ထွက် ပစ္စည်းများ တရားမ၀င် ရောင်းချမှုများကြောင့် မြန်မာနိုင်ငံ၌ ဆင်ကောင်ရေ လျော့ကျလာ




7437
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း လုပ်ငန်းခွင်တွင် အသုံးပြုသော ဆင်တစ်ကောင်ကို တွေ့မြင်ရစဉ်
သစ်တောပြုန်းတီးမှု မြင့်တက်လာခြင်းအပြင် တိရစ္ဆာန်ထွက်ပစ္စည်း များ တရားမ၀င် ရောင်းချမှုများကြောင့် မြန်မာနိုင်ငံတွင် ဆင်ကောင် ရေလျော့ကျလာကြောင်း သတင်းရရှိ ပါသည်။ မြန်မာနိုင်ငံသည် အာရှဒေသတွင် အာရှဆင်များ အဓိက ကျက်စားရာနိုင်ငံများ၌ အပါအ၀င်ဖြစ်နေပြီး သစ်လုပ်ငန်းသုံးဆင်များ၊ ပုဂ္ဂလိကပိုင်ဆင်များနှင့် တောဆင်များ ဟူ၍ရှိနေသည်။
“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ထုတ်တဲ့ စာအုပ်တွေအရတော့ အကောင်ရေ ၃၀၀၀ လောက်ဆိုတာ သိရတယ်။ တောဆင်လည်း ခန့်မှန်း ခြေ ၃၀၀၀ လောက်ဆိုတာ ဖတ်ဖူးတယ်။ ဒါပေမယ့် ဒီကနေ့ အခြေအနေမှာတော့ အဲဒီထက် လျော့နည်း သွားပြီဆိုတာတော့ ကျိန်းသေတယ် လို့ ယူဆတယ်”ဟု မြန်မာငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ကြီးကပြောကြားသည်။

"ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကုလတောင်းဆိုနေ"

Navi Pillay
ရခိုင်ပြည်နယ် ပဋိပက္ခတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အာဏာအလွဲသုံးစားပြု၍ ဖိနှိမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်၍ လွတ်လပ်ပြီး အမှီအခိုကင်းသော စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ရန် ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ အကြီးအကဲ(UN human rights chief) နာဗီ ပီလေး(Navi Pillay)က တောင်းဆိုသည်ဟု BBC သတင်းတစ်ရပ်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို ထိန်းသိမ်းနှိမ်နင်းရန် စေလွှတ်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ အစ္စလာမ်ဘာသာဝင်များကို အဓိက ဦးတည်တိုက်ခိုက်ခဲ့ကြသည်ဟု ရေးသားအစီရင်ခံမှုများ ရှိနေသည်ဟု မစ္စပီလေးက ဆိုသည်။

“ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာ။ နေချင်နေ မနေချင်ရင် ထွက်သွား” ဟုသြစတေးလျဝန်ကြီးချုပ်ပြောကြား

သြစတေးလျဝန်ကြီးချုပ် Julia Gillard
“ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာလေ။ သြစတြေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ မနေချင်ရင် ထွက်သွား”

“ကျွန်မတို့ဟာ တချို့ ပုဂ္ဂလိကတွေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှုတွေကို စော်ကားမိသလားဆိုတာကို တွေးတွေးပူနေရတဲ့ ဒီနိုင်ငံအတွက် ကျမ ငြီးငွေ့လာရပြီ။ ဘာလီကျွန်း တိုက်ခိုက်မှု ပြီးကတည်းက ကျွန်မတို့ သြစတြေးလျှသား အများစုမှာ မျိုးချစ်စိတ်ဓာတ်တွေ တချိန်ထိုး တိုးမြင့်လာတာတွေ သိခဲ့ရပါပြီ”

“ကျွန်မတို့ ယဉ်ကျေးမှုဟာ အနှစ် ၂၀၀ မျှမက အမျိုးသား/သမီး သန်းပေါင်းများစွာက ရုန်းကန်ကြိုးစား တိုက်ပွဲဝင် အောင်ပွဲဆင်ပြီးမှ ဖွံ့ဖြိုးတိုးတက်လာခဲ့တာပါ”

“ကျွန်မတို့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောပါတယ်။ စပိန်၊ လက်ဘနွန်၊ အာရပ်၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အခြားဘာသာစကားတွေ မပြောပါဘူး။ ဒါကြောင့် ရှင်တို့ ကျွန်မတို့ လူ့အသိုင်းအ၀ိုင်းမှာ အပါးအ၀င်းဖြစ်ချင်တယ်ဆိုရင် ဒီဘာသာစကားကို သင်ကြားပါ”

အာဏာရှင်ရဲ့ ချစ်သူ

ဒီတစ်ခါ မြောက်ကိုရီးယားသတင်းကတော့ အာဏာရှင်ရဲ့ ဖိနှိပ်မှုမဟုတ်ပါဘူး။ နျူးကလီးယား စီမံကိန်းကို ကမ္ဘာ့ပုလိပ်ကြီး ရွှေစိတ်တော် ငြိုငြင်အောင် လျှို့လျှို့ဝှက်ဝှက် စမ်းသပ်နေတဲ့ သတင်းလည်း မဟုတ်ပြန်ဘူး။ မြောက်ကိုးရီးယား စစ်လက်နက်ခဲယမ်း အပြည့်နဲ့  ကုန်တင်သင်္ဘောကို လှိုင်မြစ်ဝမှာ တွေ့တယ်ဆိုတဲ့ သတင်းလည်း မဟုတ်ပါဘူး။ ဒီဇာတ်လမ်းမှာ ၀တ်မှုံရွှေရည်လည်း မပါပါဘူး။
အာဏာရှင်ပေါက်စ ကင်ဂျုံးအန်းရဲ့ လက်ထပ်မင်္ဂလာ သတင်းပါ။ သတင်းအမှန်ပါပဲ။
နှစ်သက်ဖွယ်ရာ ရဲမေ ချစ်သူ ရီဆိုးဂျူရဲ့ ရင်ခွင်မှာ အာဏာရှင်စိတ်ရိုင်းတွေ ပျော့ပြောင်းလာဖွယ်ရာ ရှိနေတယ်လို့ မောက္ခက သုံးသပ်ရပါတယ်။

မြန်မာ အစိုးရ ၀ါကာ အူဒင် ကို တရားစွဲဆို မည်


Rohingya men are seen among houses set on fire during fighting
HKT၊   ၊အမေရိကန် တွင် နေထိုင်သည့် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာ
အူဒင် နှင့် အခြား နှစ်ဦး ကို မြန်မာ အစိုးရ က လိမ်ညာ ၀ါဒဖြန့် မှု ၊ သတင်း
မှား ဖြန့်  ချိမှု၊ လူမျိုးရေး အဓိရုဏ်းဖြစ်စေသည့် ပြော ဆိုမှု  များ ဖြင့် ၀ါရှင်တန်
ဒီစီ ရှိ ရှေ့ နေ အချို့  နှင့် တိုင်ပင် ကာ တရားရုံး တစ်ခု တွင် တရား စွဲ ဆို သွား
မည် ဟု FNG မှ သံတမန် သတင်း ရပ်ကွက်ကို ကိုးကား ပြီး စုံ စမ်း သိရှိရသည်။
နေပြည်တော် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည် မဖော် လို သည့် မြောက်အမေရိက
ရေးရာ ဌာန အကြီးတန်း အရာ ရှိ တစ်ဦး က ” ပြီးခဲ့ တဲ့ လတွေ က ရခိုင် ပြည်နယ် အရေး
မှာ ဖြစ်ခဲ့ တာ တွေ ကို သူက မီဒီယာ တွေ ကို လိမ်ညာ ပြီး ပြောတယ် လေ ၊ သတင်း
မှာ တွေ သာမက ဓာတ်ပုံ တွေ ကို လည်း မရိုးမသား ထုတ် ပြန်တယ် ” ဟု FNG
ကို ပြောသည်။

မိုးခါးရေ(မောင်နှင်းပန်း)




နေ့စဉ်နှင့် အမျှ ဘတ်စ်ကား စီးရသည့် ဒုက္ခကို ကျွန်တော် စိတ်ညစ်လှပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် မစီးချင်တော့။
ကိုယ်က ကျူရှင်ဆရာ ဆိုတော့ စာသင်ချိန်တွေကို အချိန်ကိုက် ရောက်ရန်အတွက် ဘတ်စ်ကားတွေကို အားကိုးရသည်။ ကိုယ်ပိုင် ကားစီးရန် အတွက် အိပ်မက်ထဲတွင်ပင် မရင်းနှီးသေးသော ကျွန်တော့် အတွက် ဘတ်စ်ကားတွေနှင့် ပတ်သက်နေရတုန်း ရှိသေးသည်။

တစ်နေရာရာကို  စာသင် သွားရတော့မည် ဆိုလျှင်  ကိုယ်က အချိန်အတိအကျ  ရောက်နေမှ ဖြစ်မည်။ နောက်ကျနေ၍ မဖြစ်။ ထို့ကြောင့် နေ့စဉ်နှင့် အမျှ ခရီးတိုတွေကို မိုင်ပေါင်းများစွာ  ဖြတ်သန်းနေရသည်။ ကျွန်တော်နေသည့် မြောက်ဥက္ကလာပမှ လှိုင်သာယာ။ လှိုင်သာယာမှ တောင်ဥက္ကလာ။ ထိုမှတစ်ဆင့် မင်္ဂလာဒုံ၊ ကမ္ဘာအေး အစရှိသဖြင့် အရပ် လေးမျက်နှာကို ဥဒဟို ပြေးလွှား နေရသည်။

လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွား လာစေနိုင်



7431
မြေဈေးနှုန်း ကြီးမြင့်သည့် ရန်ကုန်မြို့ ဆူးလေစေတီတော် အနီးဝန်းကျင်ကို တွေ့ရစဉ်
လုပ်ငန်းရှင်ကြီးအချို့အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာ ပေးထားခြင်းသည် နိုင်ငံအတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှု ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အကြံပြု
လုပ်ငန်းရှင်ကြီးအချို့(ဥပမာ -အိမ်ရာ၊ မြေယာ ရောင်းဝယ်ခြင်း) အပေါ် ခြွင်းချက်ပြု၍ အခွန်ကင်းလွတ်ခွင့် ရှည်ကြာစွာပေးထားခြင်းသည် နိုင်ငံတော်အတွက် အခွန်ငွေရရှိမှု နည်းပါးသကဲ့သို့ အခွန်တိမ်းရှောင်မှု၊ မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုကြီးထွားလာစေနိုင်ကြောင်း အမျိုးသားလွှတ်တော် ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ၏ အကြံပြုချက်စာတမ်းတွင် အကြံပြုထားကြောင်း သိရသည်။
ငွေကြေးအရင်းအနှီး မြောက်မြားစွာ ရင်းနှီးမြှုပ်နှံထားသည့် ကုန်ထုတ်လုပ်ငန်း မဟုတ်သည့် ၀ယ်လှောင်ရောင်းပုံသဏ္ဌာန်ဖြင့် ဆောင်ရွက်နေသည့် မြေ၊ အိမ်၊ ယာဉ်ရောင်းဝယ်မှုများ အပေါ်တွင်လည်း သင့်တော်သည့်နည်းလမ်းများဖြင့် စနစ်တကျစည်းကြပ်သွားရန် လိုအပ်သည် ဟု တင်ပြထားကြောင်း သိရသည်။

တရုတ်ပြည်က ရွှေနဲ့လုပ်တဲ့ကား

တရုတ်နိုင်ငံ၊ Jiangsu ပြည်နယ်- နန်ကျင်းမြို့မှာ ရွှေနဲ့လုပ် ထားတဲ့ ဇိမ်ခံပြိုင်ကားကို ယခုလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၂၀၁၂ခုနှစ် မတ်လ ၂၉ ရက်နေ့က တွေ့မြင်ရ တဲ့ ဓာတ် ပုံဖြစ်ပါတယ်။ ကားပိုင်ရှင်ဟာ ပါကင်မထိုးရနယ်မြေမှာ ကားရပ်ထားလို့ ရဲများက တင်ဆောင်သွားမှုဖြစ်ပါတယ်။ ယင်းအတွက် ကားပိုင်ရှင်ဟာ ဒဏ်ငွေဆောင်ပြီး ပြန် လည် ရွေးချယ်ခဲ့ ပါတယ်။ ဒါဟာ တမင် နာမည်ကြီးချင်လို့ လုပ်တဲ့အဖြစ်လို့ လူတိုင်းပြောဆိုကြပါတယ်။

Apple မှ ထုတ်လုပ်မည့် Bluetooth လက်စွပ်

ပုံမှာမြင်တွေ့နေရတာကတော့ Apple ကုမ္ပဏီမှ မကြာမီထုတ်လုပ်တော့မဲ့ Bluetooth လက်စွပ် iRing ဖြစ်တယ်လို့ သိရပါတယ်။

iRing ဟာ Wireless Bluetooth connectivity နဲ့ iPod, iPhone စတာတွေကို ချိတ်ဆက်အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ အသုံးပြုလို့ရမဲ့ function ကတော့ Playback နဲ့ အသံကို ထိန်းချုပ်ခြင်း (Control) တို့သာရှိသေးပြီး ယင်းထက် ပိုမိုအသုံးဝင်မည့် function နဲ့ နည်းပညာတွေ ထပ်မံ ပေါင်းစပ်နိုင်ဖို့ ကြိုး စားနေပါတယ်။

OLED display ပါဝင်ပြီး touch sensitive funtion နဲ့ ဖြစ်ပါတယ်။ ပြီးတော့ ဘက်ထရီအား တစ်ခါသွင်းထားရင် နှစ်ရက်ကြာအသုံးပြုနိုင်စေမှာ ဖြစ်ပါ တယ်။

ဆန္ဒပြခွင့်


ဆီရောင်းချ၍ မြန်မာ့မီးရထားမှ အရာရှိအပါအ၀င်ဝန်ထမ်း( ၄၇ ) ရာထူးမှရပ်ဆိုင်းခံရ



မြန်မာ့မီးရထားမှ အရာရှိ(၄)ဦးအပါအ၀င် ၀န်ထမ်း(၄၇)ဦးအာမြန်မာ့မီးရထားပိုင် တရားမ၀င်စက်ဆီရောင်း ချခြင်းနှင့်ပတ်သက်၍ရာထူးမှထုတ်ပယ်လိုက်ကြောင်း သတင်းရရှိရသည်။
မြန်မာ့မီးရထားတိုင်း အမှတ်(၃)ဖြစ်သည့် မိုးညှင်းမြို့တွင်ပြီးခဲ့သည့်ရက်ပိုင်းက စက်ခေါင်းစက်ရုံမှအရာရှိ   လေးဦးအပါအ၀င်ရထားဝန်ထမ်း လေးဆယ့်ခုနှစ်ဦးကို အလုပ်မှဖြုတ်ပစ်လိုက်သည်ဟုစုံစမ်းသိရှိရသည်။
ထိုကဲ့သို့ အလုပ်တာဝန်များမှ ရပ်စဲခဲ့ရခြင်းမှာ မြန်မာ့မီးရထားပိုင်စက်သုံးဆီများအား တရားမ၀င် ထုတ်ယူ ရောင်းချခဲ့ခြင်းကြောင့်ဖြစ်သည်ဟုမီးရထားဝန်ထမ်းအသိုင်းအ၀န်းမှ သိရသည်။

စာနယ်ဇင်းလောက အဟန့်အတားလုပ်ရပ်များကို ယာယီ စာနယ်ဇင်းသမဂ္ဂ ကော်မတီ ကန့်ကွက်

မြန်မာစာနယ်ဇင်းလောကမှာ သတင်းတွေ ရေးသားဖေါ်ပြတာနဲ့ ပတ်သက်လို့ ဂျာနယ်တချို့ တရားရင်ဆိုင်နေရတဲ့ ကိစ္စနဲ့ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရတာတွေ အပေါ် မြန်မာစာနယ်ဇင်းသမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီ (ယာယီ) က ကန့်ကွက်တဲ့ ကြေညာချက် တစောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
AFP
စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်ကို တရားစွဲထားတဲ့ ကိစ္စ၊ ဒလမြို့နယ်က ယာဉ်ရပ်နားစခန်း နဲ့ First Weekly ဂျာနယ်တို့ အပြန်အလှန် တရားစွဲထားတဲ့ကိစ္စ၊ ရန်ကုန်တိုင်းအစိုးရ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက လျှပ်တပျက်ဂျာနယ်ကို တရားစွဲထားပြီး ဂျာနယ်ထုတ်ဝေခွင့် ရပ်ဆိုင်းထားတဲ့ ဖြစ်ရပ်မျိုးတွေဟာ

ရိုဟင်ဂျာတွေကို ထပ်မံ လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် ငြင်းဆို

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို သူတို့ နိုင်ငံမှာ ထပ်မံလက်ခံဖို့  မဖြစ်နိုင်တော့ဘူးလို့  ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ပြောပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လက ဘင်္ဂလားဒေ့ခ်ျ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ်။
မိမိတို့ နိုင်ငံအနေနဲ့ လက်ရှိမှာတင် မြန်မာနိုင်ငံကလာတဲ့ ရိုဟင်ဂျာ ၃ သိန်းကို ဒုက္ခသည်တွေ အဖြစ် လက်ခံထားရပါတယ်။ ထွက်ပြေးလာတဲ့ ဒုက္ခသည် မှန်သမျှကို လက်ခံဖို့ လည်း မိမိတို့  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တာဝန်မရှိပါဘူးလို့  ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ က ပြောကြောင်း အယ်ဂျာဇီရား သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မှာ မကြာသေးခင်က  ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို  မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့ တွေက နှိမ်နင်းရာမှာ မမျှမတ  ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေကို မိမိတို့ ရရှိနေကြောင်း ကုလသမဂ္ဂ လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေ (Navi Pillay) က မနေ့ က ပြောဆိုလိုက်ပါတယ်။

တရုတ် သင်္ဘောသား ၁၃ ဦး၏ အသတ်ခံရမှု နှင့် ပက်သက်၍ စုံစမ်းရေး အဖွဲ့ များ မြန်မာနိုင်ငံသို့ လာရောက်


ရွှေတြိဂံ နယ်မြေ မဲခေါင်မြစ် အတွင်း ယမန်နှစ် အောက်တိုဘာလ တွင်းက တရုတ် သင်္ဘောသား ၁၃ ဦး၏ သတ်ဖြတ်ခံရမှု နှင့် ပက်သက်၍ တရုတ်နိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဗဟိုဌာနမှ ညွန်ကြားရေးမှူး လျူ ရီဂျင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံ မြို့တော် နေပြည်တော်သို့ ရောက်ရှိ ၍ ဆွေးနွေးကာ အကြံဥာဏ် ဖလှယ်၍ တိုင်ပင် မှုများ ပြုလုပ်နေကြောင်း တရုတ် အစိုးရမှ သတင်းထုတ်ပြန် သည်။

၎င်းသည် မဲခေါင်မြစ်အတွင်း ယမန်နှစ် အောက်တိုဘာလတွင်းက တရုတ် သင်္ဘောသား ၁၃ ဦး၏ သတ်ဖြတ်ခံရမှု နှင့် ပက်သက် ၍ စုံစမ်းနေသော စစ်ဆေးရေး အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး မြန်မာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်လည်း ဇူလိုင် ၂၇ ရက်နေ့က တွေ့ဆုံခဲ့သည်။

ထိုင်းတောင်ပိုင်း မြန်မာအလုပ်သမားများ လုံခြုံရေးစိုးရိမ်နေရ

ထိုင်းနိုင်ငံ နဲ့ မလေးရှားနိုင်ငံ နယ်စပ်က ဆုံခလာခရိုင် ရနုတ်မြို့က Charoen Pokphand Food Public ပုဇွန်စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃ ယောက်ကို ဇူလိုင်လ ၂၅ ရက်နေ့က မနက်အစောပိုင်းက အမည်မသိသူတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ စက်ရုံနဲ့ ၅ ကီလိုမီတာလောက် ဝေးတဲ့ ရနုတ်ကျေးရွာမှာ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေဟာ အဲဒီမှာနေဖို့အတွက် စိုးရိမ်ထိတ်လန့် နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မလေးနယ်စပ် ဆုံခလာ ခရိုင်ဟာ မြန်မာအလုပ်သမား အနည်းငယ်သာ အလုပ်လုပ်ကိုင်ကြပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေနဲ့ လူ သေဆုံးတာတွေ ရှိခဲ့ပြီးတဲ့နောက် အဲဒီဒေသက မြန်မာအလုပ်သမားတွေဟာ စိုးရိမ်ထိတ်လန့် နေကြပါတယ်။ အလုပ်သမားတဦး ပြောပြတာကတော့ -

မိခင်မှ မွေးဖွားပြီးချိန် ရက်(၂၀)ကျော်မှ ဦးခေါင်းကြီးလာသော ကလေးငယ်အား ကူညီဆောင်ရွက်ပေးရန်လိုအပ်နေ

 
စာရေးသူသည် စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်း မောက်မြို့နယ်သို့ မြေထောက်ပဲ နှင့် မြေပဲဝယ်ရန် ရောက်ရှိခဲ့ပါသည်။ ထိုသို့ သွားရောက်စဉ် ဗန်းမောက် မြို့နယ်တွင်းရှိ ကျွဲကောကြီးရွာ တွင် ကလေးတစ်ယောက် ဦးခေါင်းကြီးနေသည်ကို မြင်တွေ့ ခဲ့ရပါသည်။ ထိုသို့ ထူးခြားစွာ ခေါင်းကြီးနေသော ကလေးမိခင် အား စာရေးသူ မေးမြန်းခဲ့ပါ သည်။
စာရေးသူမေးမြန်းရာတွင် ကလေး၏ မိဘမှာ ကိုမောင်တိုး+ မမိသေးဖြစ်ပြီး ကလေး၏ နာမည်မှာ မောင်ရှိန်းနိုင်နိုင်ဖြစ်ပါ သည်။ မိခင်မှ ကလေးကို ကိုယ် လက်အင်္ဂါအကောင်းပကတိ မွေးဖွားပြီး ရက်ပေါင်း (၂၀)အရ တွင် မိခင်ရော ကလေးပါ ဖျား သဖြင့် အင်းတော်မြို့နယ် ပြည်သူ့ ဆေးရုံ၌ ဆေးရုံတက်ရပါသည်။ ဆေးရုံဆင်းပြီးချိန်တွင် မိခင်ရော ကလေးပါ ကျန်းမာရေးကောင်း လာသော်လည်း ကလေးမှာ တဖြည်းဖြည်းနှင့် ခေါင်းကြီးလာ ပါသည်။

''ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်''

လာမည့်ရွေးကောက်ပွဲများတွင် တစ်ပါတီတည်းအနိုင်ရမှုကိုကာကွယ်ရန် ရွေးကောက်ပွဲစံနစ်ပြုပြင်ရေးနှင့်ပတ်သတ်၍ ဒီမိုကရေစီမိတ်ဆွေပါတီများက
သဘောထားကြေည်ာချက်တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ေ၇ွးကောက်ပွဲကော်မရှင်က ဒါကိုလွှတ်တော်တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေအားလုံးပါဝင်လာအောင်လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီကတော့ ဒီသဘောထားကြေညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ MARUHAN မာရူဟန် ဂျပန်ဘဏ် ကိုယ်စားလှယ်ရုံး မြန်မာနိုင်ငံတွင် ဖွင့်လှစ် ”

မာရူဟန် ဂျပန်ဘဏ်ကိုယ်စားလှယ်ရုံးအား ရန်ကုန်မြို့ ၊ အမှတ် (၉၇-ဘီ)ကမ္ဘာအေးဘုရားလမ်းတွင် ဇူလိုင် ၂၈ ရက်နေ့မှ စတင် ဖွင့််လှစ်လိုက်ပြီ
ဖြစ်သည်။
အဆိုပါဘဏ်သည် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ဂျပန်နိုင်ငံသားပိုင် စီးပွားရေးဘဏ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားတွင် စက်မှုလုပ်ငန်းဦးဆောင်းသူ၊စီပွားရေးလမ်းထွင်သူအဖြစ် လျင်မြန်စွာနေရာယူထားသော ဘဏ်ဖြစ်ကြောင်း ယင်းနေ့နံနက်တွင်ကျင်းပသည့် ဖွင့်ပွဲအခမ်းအနားတွင် သိရသည် ။ ထိုကဲ့သို့နိုင်ငံခြားဘဏ်များ
မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးနှင့်ရုံးခွဲများအဖြစ် ဖွင့်လှစ်ပြီးနောက်ပိုင်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်များအပြင် တိုင်းရင်းသား
ဘဏ်များနှင့် ဒေါ်လာ ၊ ယူရို ၊ စင်ကာပူဒေါ်လာစသည့် နိုင်ငံခြားငွေဖြင့် တရားဝင်ကုန်သွယ်ခွင့်ပေးအပ်ခြင်း အစရှိသော
အရေးပါသည့် ပြုပြင်ပြောင်းလဲရေးများဖြစ်ပေါ်လာမည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များကခန့်မှန်းထားသည်။

ပြည်ပမှ ရိုပာင်ဂျာအရေးခြိမ်းခြောက်မှုများအား လက်ခံနိုင်ဖွယ်မရှိဟု ပြန်လည်တုံ့ပြန်

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ရိုဟင်ဂျာ အရေးနှင့် ပတ်သက်၍ ပြည်ပ လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ပပါလီမန်တို့   ၏ဝေဖန်ပြော ဆိုနေမှုအား  မြန်မာ ဒီမိုကရေစီ အရေး ပျက်ယွင်း အောင်ဆောင် ရွက်ခြင်းဟု သတ်မှတ်ထားကြောင်း RNDPပါတီ အထွေထွေ
 အတွင်းရေးမှူး ကပြောသည်။

ထိုသို့ သတ်မှတ်ရခြင်း အကြောင်းမှာ ပြည်ပမှ တိုက်ခံနေသော အဖွဲ့ အစည်း၊ ပါလီမန်များ၏ ပြောဆိုမှုများသည် ခိုင်မာမှုမရှိခြင်း၊ ထုတ်ပြန်နေသော သတင်းများ မှားယွင်းနေခြင်းကြောင့် ဖြစ်သည်ဟုရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ   (RNDP) က ဆိုလိုက်ခြင်းဖြစ်သည်။

ရင်သွေးတွေကို ဖခင်ခြေရာ နင်းစေချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏မဟေသီ မဟာသီရိသုဓမ္မဒေါ်ခင်ကြည်(ဟာဂျူလီ.ကသာ)

ကျွန်တော်တို့နိုင်ငံကအမျိုးသမီ
းအတော်များများဟာရာထူးတစ်ခုခုရှိတဲ့ ခင်ပွန်းသည်ကိုပိုင်ဆိုင်ခွင့်ရပြီ
ဆိုတာနဲ့“ရှင်ဘုရင်နဲ့ညားတော့မိဖုရား”ဆိုတဲ့စိတ်တွေဝင်သွားတတ်ကြပါတယ်။အချိုးတွေအတော်အတန်
ပြောင်းကုန်တတ်ပါတယ်။အခြားမပြောနဲ့၊အရပ်လူကြီးကတော်လေးဖြစ်တာနဲ့တောင် ၀တ်ပုံစားပုံက အချိုးပြောင်းသွားသေးတတ်ကြသေးတာပဲ။ရာထူးကြီးကြီးရှိတဲ့ အိမ်ရှင်မတွေဆို ပိုလို့သာဆိုးတော့တာပေါ့။
ဒါကလည်း လူညီကြလို့ “ဤ”ဟာ “ကျွဲ”ဖြစ်နိုင်သလို နောက်နွားတွေဖြောင့်ဖြောင့်လိုက်သွားတာလည်း
ဖြစ်နိုင်ပါတယ်။ဒီနေရာမှာ ကြုံလို့ပြောရဦးမယ်။အချို့ ရာထူးကြီးကြီးပုဂ္ဂိုလ်တွေများ နာမည်ကောင်းတွေ
ထွက်လိုက်ကြတာ။စာရိတ္တမဏ္ဍိုင် သိပ်ခိုင်တာပဲဆိုပြီးတော့ပေါ့၊ဒါပေမယ့်နောက်ဆက်တွဲထပ်ပြောကြ
တာကတော့ ကိစ္စကြီးငယ်ရှိရင် “နောက်ဖေးပေါက်ကနေ သူ့မိန်းမဆီ ၀င်မှ ရတာ”တဲ့။ဟုတ်တော့လည်း
ဟုတ်ရှာမှာပေါ့။မိန်းမဆိုတာမျိုးက၀တ်ချင်စားချင်တယ်လေ။စိတ်ချသေခြာရတဲ့ဘ၀မျိုးကိုပိုင်ဆိုင်ချင
ကြတယ်။နောင်ရေးကိုလည်း တွေးပြီးပူပန်တတ်တယ်။ဒီတော့ သူတို့တတွေရဲ့ တပ်မက်မှုစာရိတ္တဟာ
ယောက်ျားတွေထက်ပိုပြီးထိရှလွယ်ကြတာပေါ့။

ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်ပေါ်မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက်အရေးယူမည်ဟုဆို

  တရုတ်နိုင်ငံတွင် အပတ်စဉ်ထုတ်ဝေလျက်ရှိသော Southern Weekend (China) သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းချက်ကို အင်တာနက်တွင် ပျံ့နှံ့လျက်ရှိပြီး ပြည်တွင်းဂျာနယ်အချို့၌လည်း ဖော်ပြလျက်ရှိရာ ဦးအောင်သိန်းလင်းက ထိုဖော်ပြချက်များအတိုင်း အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်အပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ယနေ့(ဇူလိုင် ၂၈ရက်) ရက်စွဲဖြင့် တရားဝင်ကြေညာသည်။
Related Posts Plugin for WordPress, Blogger...

ShareThis