menu

Monday 6 August 2012

ကျောင်းတော်ရာ ငါးစာကျွေးဆိပ်ဖွင့်ပွဲ(အောင်သူငြိမ်း(မကွေး))

မြန်မာနိုင်ငံ အထက်ပိုင်းတွင် မိုးနည်းခြင်းကြောင့် ဧရာဝတီမြစ်နှင့် မုန်းချောင်းတို့တွင် ရေနည်း၍ သောင်ခုံအများအပြား ဖြစ်ထွန်းလာကြောင်း၊ မုန်းချောင်းအထက်ဘက်တွင် ဆည်များ တည်ဆောက်ထားခြင်းကြောင့် ဘုရားငါးများ ၀င်ရောက်ရန် ရေပမာဏ မလုံလောက်ကြောင်း  . . .



ကျောင်းတော်ရာ ငါးစာကျွေးဆိပ်ဖွင့်ပွဲ လာရောက်ကြသူများ
ဝါဆို ၀ါခေါင် ရေဖောင်ဖောင်ဆိုသည့်အတိုင်း ဧရာဝတီမြစ်က သူ့ကျောပြင်မှ အမာရွတ်လို သောင်ခုံတွေကို သူ့လှိုင်းတွေနဲ့ ပြန်ငုံထားဖို့ ကြိုးစားနေသယောင်။ ဧရာဝတီတံတား(မကွေး)ပေါ်မှ မြစ်အထက်ဘက် စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်တည်ရှိသည့် မုန်းချောင်းဝ ဆီမျှော်ကြည့်ရင်း ဆိုင်ကယ်ကို လီဘာတင်းတင်း ဆွဲထားမိသည်။ ကိုယ်က ဆိုင်ကယ်တွေကားတွေကို ကျော်တက်လိုက်၊ ဆိုင်ကယ်တွေကားတွေက ကိုယ့်ကို ကျော်တက်လိုက်နှင့် မကွေး-မင်းဘူး-လယ်ကိုင်းလမ်းမကြီးတစ်လျှောက် ဧရာဝတီမြစ်ရေစီးနှင့် ဆန့်ကျင်ဘက်လား ရာမှ ယှဉ်လျက် ယာဉ်စီးတန်းကြီး တစ်ခုဖြစ်ပေါ်နေတော့သည်။ ယာဉ်ကိုယ်စီ၏ လားရာမှာတော့ နှစ်စဉ်နှစ်တိုင်း ၀ါဆိုလပြည့်နေ့တွင် ဖွင့်လှစ်လေ့ရှိသည့် ကျောင်းတော်ရာ ငါးစာကျွေးဆိပ်ဖွင့်ပွဲဆီသို့ ဖြစ်ပါသည်။

The VoiceWeekly နှင့် Envoy တို့အပိတ်ခံရပြီး ၂ ပတ်အကြာ ပြန်လည် ထုတ်ဝေခွင့်ရမည်ဟုဆို

ထုတ်ဝေခွင့်ရပ်ဆိုင်းခံထား ရသော The VoiceWeekly နှင့် Envoy သတင်းဂျာနယ်များ ကိုထုတ်ဝေခွင့်(၂) ပတ်ပိတ်အပြီး တွင်ပြန်လည် ထုတ်ဝေ ခွင့်ပြုတော့မည်ဖြစ်ကြောင်းအစိုးရအဖွဲ့ထံမှ သိရှိရသည်။
ယင်းသတင်း

ဂျာနယ်နှစ် စောင်အားသတင်းများကိုစာပေစီစစ် ရေးသို့မတင်ပြပဲပုံနှိပ်ဖေါ်ပြခဲ့သည်ဟု ဆိုကာ ဇူလိုင် (၃၁)ရက့်တွင်ထုတ်ဝေခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။
''ဂျာနယ်(၂)စောင်စလုံး ကို(၂)ပတ်ပိတ် အပြီးမှာ ပုံမှန်ပြန်လည် ထုတ်ဝေခွင့်ပြုတာ့မှာဖြစ်ပါတယ်'' ဟု အမည်မဖေါ်လိုသူ အစိုးရ အရာရှိကြီး တစ်ဦးကရန်ကုန်တိုင်းမ်သို့ ထုတ်ဖေါ် ပြောကြားသည်။

မျက်နှာဖုံးမည်းသုံး၍ ဂျာနယ်များ သတင်းလွတ်လပ်ခွင့် တောင်းဆို

 
Messenger ဂျာနယ် ဖတ်နေသူတဦး (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
သတင်းလွတ်လပ်ခွင့် ကော်မတီ၏ လှုပ်ရှားမှု သတင်းများကို ဂျာနယ်များတွင် မဖော်ပြကြရန် စာပေစိစစ်ရေးက ပိတ်ပင် လိုက်သဖြင့် သတင်းဂျာနယ်များက ဂျာနယ်မျက်နှာဖုံးများကို အမည်းရောင် ခြယ်သ ထုတ်ဝေကြ ခြင်းဖြင့် ဆန္ဒထုတ်ဖော် လိုက်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင် သြဂုတ်လ ၄ ရက်နေ့က စတင်သော သတင်းလွတ်လပ်ခွင့် ကော်မတီ၏ The Voice နှင့် Envoy ဂျာနယ် နှစ်စောင် ပြန်လည် ထုတ်ဝေခွင့်ရရှိရေး၊ သတင်းလွတ်လပ်ခွင့် ရရှိရေး လှုပ်ရှားမှု သတင်းများကို ဖော်ပြခွင့်အတွက် ဂျာနယ် များက စာပေစိစစ်ရေးကို တင်ပြကြသော်လည်း ယင်းသတင်းများကို ဖော်ပြခွင့်မပြုဟု စာပေစိစစ်ရေးက အသိပေး အကြောင်းကြား လာကြောင်း၊ တချို့သတင်းဂျာနယ်များက စာပေစိစစ်ရေး၏ တားမြစ်မှုကို မလိုက်နာတော့ဘဲ သတင်းများ ထည့်သွင်း ဖော်ပြကြသကဲ့သို့ တချို့ သတင်းဂျာနယ်များကလည်း ဂျာနယ်မျက်နှာဖုံးများကို အမည်းရောင်များဖြင့် ခြယ်သပြီး သတင်းလွတ်လပ်ခွင့် မရှိကြောင်း ဆန္ဒ ထုတ်ဖော်လိုက်ကြကြောင်း သိရှိရသည်။

ပဋိပက္ခစုံစမ်းရေး မြန်မာအစိုးရလက်ခံရန် OIC တောင်းဆို

ရိုဟင်ဂျာအရေး သမ္မတဦးသိန်းစိန်ကို ထောက်ခံကြောင်း ရန်ကုန်ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင် ဆန္ဒပြနေစဉ် (ဓာတ်ပုံ- ဧရာဝတီ)
၅၇ နိုင်ငံဖွဲ့စည်းထားသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအသင်း Organisation of Islamic Cooperation (OIC) က ရခိုင်ပဋိပက္ခများနှင့် ပတ်သက်၍ အချက်အလက်ရှာဖွေ စိစစ်ရန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်ရန် ရှိပြီး မြန်မာအစိုးရက လက်ခံခွင့်ပြုရန် တောင်းဆိုလိုက်သည်။
ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျဒ္ဒါမြို့တွင် တနဂ်နွေနေ့က ကျင်းပသော အလုပ်အမှုဆောင်အဖွဲ့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာရာ OIC အထွေထွေအတွင်းရေးမှူး မစ္စတာ အက်မီလဒ်ဒင် အီစနိုဂလူးက “ရိုဟင်ဂျာ လူနည်းစုများ၏ ဒုက္ခကို လုံခြုံရေးကောင်စီ အနေဖြင့် အာရုံစိုက်လာရေး တိုက်တွန်းရန် ကုလသမဂ္ဂရှိ မိမိတို့၏ ရုံးများကို ညွန်ကြားထားသည်” ဟု ဆိုသည်။

အင်းစိန်ပန်းခြံအနီး လမ်းဘေးဈေးသည်များ ဈေးမရောင်းရ၍ ဆန္ဒထုတ်ဖော်


ယနေ့ သြဂုတ်လ ၆ ရက်နေ့ နေ့လည် ၂ နာရီတွင် အင်းစိန်မြို့နယ် အင်းစိန်ပန်းခြံအနီးတွင် လမ်းဘေးဈေးသည် ၂၀ ကျော်ခန့်က အင်းစိန်မြို့နယ် စည်ပင်မှ ဈေးရောင်းချခွင့် တားမြစ်၍ ဈေးရောင်းချခွင့် မရသောကြောင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်

အဆိုပါဈေးသည်များမှာ ပြီးခဲ့သည် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ အင်းစိန်မြို့နယ် စည်ပင်သာယာရာရေး ကော်မတီမှ ဈေးရောင်းချခွင့်အား စတင်တားမြစ်ခဲ့ရာ သြဂုတ်လ ၂ ရက်နေ့ ကြာသာပတေးနေ့ တွင် ဈေးရောင်းချခဲ့ သူများကို အရေးယူမှုများ ရှိခဲ့ကြောင်း သိရသည်။

"ကြာသာပတေးနေ့က မနက် ၈ နာရီခွဲမှာ ဈေးစရောင်းရောင်းချင်း အဖမ်းခံရတယ် ခုံနဲ့မရောင်းရဘူးဆိုလို့ ဗန်းနဲ့လည်ရောင်းတာပါ အဲဒါကို သူတို့ကဖမ်းတယ် taxi ဂိတ်ကလူတွေ အကုန်မြင်တယ်" ဟု ကွမ်းယာဆိုင်ဖွင့်လှစ်ရောင်းချသူ မမြင့်က ပြောကြားသည်။

ဦးကျော်သူရဲ့ ပုံတူ ရေးဆွဲထုလုပ်တဲ့ အခမ်းအနားကျင်းပ

နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)က ပန်းချီ၊ ပန်းပုပညာရှင် (၄၀) က ဦးကျော်သူရဲ့ ပုံတူရေးဆွဲ ထုလုပ်တဲ့ အခမ်းအနားတစ်ရပ်ကို မနေ့က ကျင်းပခဲ့ပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက နာရေးကူညီရေး အသင်းရုံးချုပ်မှာ မနေ့ မနက် (၉) နာရီ ကနေ ညနေ (၅) နာရီအထိ ကျင်းပခဲ့တာပါ။ အခုလို အနုပညာသည်တွေ လာရောက်ပြီး အနုပညာနဲ့ ဂုဏ်ပြုတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဦးကျော်သူက RFA ကို ပြောပါတယ်။

မြန်မာကျန်းမာရေးဌာနနှင့်မယ်တော်ဆေးခန်း မကြာမီကျန်းမာရေးဝန်ဆောင်မှု ပူးတွဲလုပ်ဆောင်မည်

Photo

ယနေ့ မွန်လွဲပိုင်း အစိုးရပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဆရာဝန်များ မယ်တော်ဆေးခန်းတွင်လာရောက်ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းချက်များ
အရ မယ်တော်ဆေးခန်းမှလူနာအချို့ကို မြ၀တီရှိဆေးရုံတွင်လွှဲပြောင်းကုသပေး မည့်အစီအစဉ်ပါရှိပြီး မကြာမီလုပ်ငန်းအကောင်အထည်ဖော်မည်ဟုသိရသည်။ မြန်မာဆရာဝန်အဖွဲ့မှဆရာဝန်ကြီတစ်ဦးက”ဒီကလူနာတွေကိုမဲဆောက်ဆေးရုံကြီးပို့ရင် ကုန်ကျမဲ့စားရိတ် ထက်မြန်မာဘက်ကဆေးရုံကိုပို့ရင် သုံးပုံတပုံဘဲကုန်ကျမယ်ဖြစ်တယ် ဒီကအခြေအနေတွေကို ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုပြန်တင်ပြသွားမယ်”ဆွေးနွေးပွဲတွင်ပြောသည်။

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ မြန်မာခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်မှ ကောက်နုတ်ချက်များ


 ကျွန်တော်ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ သိသိသာသာ ရိုက်ခတ်မှုတွေရှိခဲ့တဲ့ အပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသော နောက်ခံအခြေအနေရှိနေချိန်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မကြာသေးမီက အောင်မြင်တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ ဥပမာအားဖြင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ အတင်းအကျပ် အလုပ်စေခိုင်းမှုအားလုံး ပပျောက်ရေးနဲ့ ကုလသမဂ္ဂနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးချခြင်းများကို တားဆီးရေးလိုမျိုးဖြစ်ပါတယ်။

သင်္ကြန်ရုံးပိတ်ရက် လျှော့ရန်မေးခွန်းကို လက်ရှိအတိုင်း ၁၀ရက်သာ ပိတ်မည်ဟု တာဝန်ရှိသူဖြေကြား

လသာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြီးမြင့်က မဟာသင်္ကြန်ရုံးပိတ်ရက်ကို လေးရက် သို့မဟုတ် အကြတ်နှစ်ရက်ဖြစ်ပါက ၅ ရက်သာ ပြန်လည် သတ်မှတ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ယနေ့(သြဂုတ်လ၆ရက်)ကျင်းပသည့် ပြည်သူ့လွှတ်တော် ၂၀ ရက်မြောက်နေ့တွင် မေးမြန်းခဲ့ရာ သမ္မတရုံး ၀န်ကြီးဌာန ပြည
်ထောင်စုဝန်ကြီး ဦးစိုးမောင်က လက်ရှိကောင်းမွန်တဲ့ အစဉ်အလာကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြန်လည်ဖြေကြားခဲ့သည်။
ဦးကြီးမြင့်က မြန်မာနိုင်ငံသည် အစစအရာရာ နိမ့်ကျနေသေးသည့် နိုင်ငံဖြစ်သည့်အတွက် ကုန်ထုတ်စွမ်းအားများ ပိုမိုတိုးတက်နိုင်ရန် အတွက် အကြောင်းပြကာ အထက်ပါမေးခွန်းကို မေးမြန်းခြင်းဖြစ်သည်။

မြစ်ငါးစင်း ရေကြီးမည်ဖြစ်၍ ထိုမြစ်ကြောင်းတစ်လျှောက် မြို့၊ ရွာများ သတိထားရန်လို

ရန်ကုန်၊ သြဂုတ် - ၆

မြစ်ငါးစင်းမှာ စိုးရိမ်ရေမှတ်ထက်ကျော်၍ မြစ်ရေကြီးမည်ဖြစ်သောကြောင့် ထိုမြစ်တစ်လျှောက်ရှိ မြို့နှင့် ကျေးရွာများတွင် မြစ်ရေကြီး ရေတက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းမြစ်များမှာ င၀န်မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ မြစ်ငယ်မြစ်၊ ရွှေကျင်မြစ်များဖြစ်ပြီး၊ ထိုမြစ်များတစ်လျှောက်ရှိ ငသိုင်းချောင်းမြိ
ု့၊ ကလေးဝမြို့၊ တောင်ငူမြို့၊ မြစ်ငယ်မြို့၊ မဒေါက်မြို့အောက်ပိုင်းတစ်လျှောက် မြို့နှင့်ကျေးရွာများတွင် မြစ်ရေကြီးမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

ရခိုင် အရေးအခင်း စုံစမ်းစစ်ဆေးရေး အဖွဲ့ အမှန်တကယ် လွတ်လပ်ရန် ၈၈ တိုက်တွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနား၏ ခရီးစဉ်အတွင်း တောင်းဆိုသွားခဲ့သော ရခိုင် အရေးအခင်းအတွက် ဖွဲ့စည်းမည့် စုံစမ်းရေး ကော်မရှင် အနေနှင့် အမှန်တကယ် လွတ်လပ်ရန် လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။

ယနေ့ ညနေပိုင်းတွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျော
င်းသားခေါင်းဆောင်များ၏ ရခိုင်ခရီးစဉ် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့တာ ငြင်းစရာမရှိပါဘူး။ အမှန်တကယ် လွတ်လပ်ဖို့။ အလုပ်လုပ်ဖို့ပဲ လိုပါတယ်”ဟု ဦးမင်းကိုနိုင် က ပြောကြားသည်။

ကျောက်တော်တွင် နေအိမ် ၁၆၀ကျော် မီးရှို့ခံရ

ရန်ကုန်၊ သြဂုတ် ၆

မြန်မာနိုင်ငံကို ဝေဖန်သူများက လက်ညိုးထိုး ပြစ်တင်စရာရေပန်းစား ခေါင်းစဉ်တစ်ခု ဖြစ်လာနေသည့် နိုင်ငံ၏ အနောက်ဖက် ကျောက်တော်မြို့နယ်တွင် သြဂုတ်လ ၅ရက်နေ့မှ စတင်ကာ ဆူပူအကြမ်းဖက်မှု ထပ်မံဖြစ်ပွါးခဲ့ကြောင်း၊ နေအိမ်ပေါင်း ၁၆၀ကျော် မီးရှို့ခံရပြီး လူသေဆုံးမှုများ လည်းရှိကြောင်း အဆိုပါ မြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဒေသခံများ
ထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက်မှုသည် ကျောက်တော်မြို့  အပေါက်ဝ ကျေးရွှာမှ ကျောက်တော်မြို့  ပေါ်သို့ သုံးဘီးဆိုင်ကယ် မောင်းနှင်လာသော ရခိုင်တိုင်းရင်းသား တစ်ဦးကို သြဂုတ်လ ၅ရက်နေ့ နေ့လယ် ၁နာရီ ခန့်က ကျောက်တော်မြို့အ၀င် ကစ္စပနဒီ တံတားအနီးတွင် ဘင်္ဂါလီလူမျိုး လေးဦးခန့်က ဓါးဖြင့် ခုတ်ရာမှ စတင်ဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြန်ကြားရေးမှူး ဦးဦးစံသိန်းက ပြောကြားသည်။
“သေတော့ မသေခဲ့ဘူး။ ဓါးတွေနဲ့ ၀ိုင်းခုတ်တာမှာ ထွက်ပြေးလို့ တင်ပါးမှာ ဒဏ်ရာရသွားတယ်။“ ဟု ၄င်းက ဆိုသည်။

ကလေးစစ်သား အသုံးမပြုရေး ဂျီနီဗာ သဘောတူညီချက် မွန် နဲ့ ကရင်နီ အဖွဲ့ လက်မှတ်ရေးထိုး

အသက် (၁၈) နှစ်အောက် ကလေးသူငယ်များကို စစ်မှုမထမ်းခိုင်းရေး အတွက် ဂျီနီဗာ သဘောတူညီချက်ကို မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့က သြဂုတ် (၃) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ တရားဝင် သဘောတူ လက်မှတ် ရေးထိုးလိုက်တယ်လို့ သိရပါတယ်။
ကလေးသူငယ်များ စစ်မှု မထမ်းခိုင်းရေးအတွက် Deep of Commitment စာချုပ်ကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး(၁) ခူးဦးရယ်၊ အမြဲတမ်း ဗဟိုကော်တီဝင် ဦးရီမာန်ထူး တို့နဲ့အတူ မွန်ပြည်သစ်ပါတီ (NMSP) က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လဝီကောင်းတို့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်၊ ဒီသဘောတူ စာချုပ်ပါ အချက် (၆) ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။

ကချင်ပြည်နယ်ပူတာအိုမြို့တွင် ဆန်ပြတ်လပ်မှုဒေသခံပြည်သူများ ခံစားနေရ

  ကချင်ပြည်နယ်ပူတာအိုမြို့ နယ်အတွင်း ဆန်ပြတ်လပ်နေမှု ကြောင့်ဆန်တစ်ပြည်ကို ကျပ်ငွေ (၄၀၀၀)နဲ့တောင် ၀ယ်ယူဖို့မရှိတဲ့ အပြင် ပြီးခဲ့တဲ့နှစ်ကစပါးထွက်နှုန်း နည်းတာရယ်၊ နောက် ဒီနှစ်မိုး တွင်းမှာ လမ်းပန်းဆက်သွယ်ရေး တွေ ခက်ခဲတာကြောင့် တစ်လ ကျော်ကြာ ဆန်ပြတ်လက်မှုဒဏ် ကို ဒေသခံပြည်သူတွေ ခံစားနေ ရတယ်ဟု ကြားသိရသည်။
ပူတာအိုမြို့နယ်မှာဆန်စပါး ပြတ်လပ်မှုဖြစ်နေတာပြီးခဲ့တဲ့လ ဇူလိုင်(၂၃)ရက်နေ့ကစပြီး အစိုးရ ကဒေသခံပြည်သူတွေနဲ့ ၀န်ထမ်း တွေအတွက် ဆန်အိတ်ပေါင်း (၇၀၀)ကျော်အပြင် စားသုံးဆီ (၄)ပေပါနှင့် အခြားထောက်ပံ့ ရေးပစ္စည်းတွေပို့ဆောင်ခဲ့ပြီး ယခု ဆန်ပြတ်လပ်မှုဟာ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA ) က တံတားတစ်စင်းကို မိုင်းခွဲဖျက် ဆီးလို့ ဆက်သွယ်ရေးလမ်းကြောင်း တွေ ပြတ်တောက်ခဲ့ကြောင်းကို မြန်မာနိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါသည်။

တရုတ် အင်တာနက် ပြစ်မှု နှိမ်နင်းရာတွင် လူထောင်ချီ ဖမ်း

တရုတ်နိုင်ငံ၏ နောက်ဆုံးဆိုက်ဘာ ပြစ်မှု နှိမ်နင်းရာတွင် သံသယရှိသူ ပေါင်း ၁ဝဝဝဝ ကျော်နှင့် ရာဇဝတ် ဂိုဏ်းပေါင်း ၆ဝဝ ကို ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးခဲ့ကြောင်း တရုတ်အာဏာပိုင်များက ပြောကြားလိုက် သည်။
ဇွန်လအတွင်း အန္တရာယ်မကင်းသော သတင်းပေးပို့ချက် ၃.၂ သန်း ကို စစ်ထုတ်ခဲ့ရပြီး အင်တာနက် ဝန်ဆောင်မှု ပေးသူ Provider ၃ဝ အား လိုင်စင်မရှိသော ဝက်ဘ်ဆိုက်များကို ခွင့်ပြုခဲ့ခြင်းအတွက် အပြစ်ပေး အရေးယူခဲ့ကြောင်း လူထုလုံခြုံရေး ဝန်ကြီးဌာနက ဆိုသည်။
တရုတ်နိုင်ငံ ပေကျင်းမြို့ အင်တာနက် ကဖေးဆိုင် တစ်ဆိုင် မြင်ကွင်း
တရုတ်နိုင်ငံ ပေကျင်းမြို့ အင်တာနက် ကဖေးဆိုင် တစ်ဆိုင် မြင်ကွင်း
ဤနှိမ်နင်းမှုမှာ ညစ်ညမ်းဓာတ်ပုံနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ ဥပဒေမဲ့ ရောင်းချမှုတို့ကို ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အွန်လိုင်းပေါ်မှ အစိုးရကို ဝေဖန်ချက်များအား ဆင်ဆာလုပ်ရန် အသုံးချခြင်း ဖြစ်သည်ဟု အချို့က ဆိုသည်။

ရခိုင်ပြည်နယ် ပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်းနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပြောကြား




ရခိုင်ပြည်နယ် ပြဿနာသည် ဘာသာရေး ပဋိပက္ခမဟုတ်ကြောင်း နှင့် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ကမ္ဘာတွင် အစ္စလာမ်ဘာသာဝင် အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဆီလိုဘန်ဘမ်း ယူဒိုယူနိုက သြဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။
''မြန်မာအစိုးရအနေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ့အဖွဲ့အစည်းများ  ပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်မှု အပါအ၀င် ဒီမိုကရေစီဖော်ဆောင်ရေး လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ မြန်မာအစိုးရအနေနဲ့ မေလနဲ့ ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပြီးမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်''ဟု အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘမ်းယူဒိုယူနိုက အင်ဒိုနီးရှားနိုင်င်ငံ၊ အနောက်ဂျားဗားရှိ သူ၏နေအိမ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဏုမြူစစ်၏ သားကောင်များ (၁၉၄၅-ခုနှစ်၊ သြဂုတ်-၆ ရက်)

တိုမီကို မိုရီမိုတို
သားကောင်(၁)
၁၉၄၅-ခုနှစ်က တိုမီကို မိုရီမိုတို(Tomiko Morimoto)၏ အသက် မှာ ၁၃နှစ်သာ ရှိသေးသည်။ အမေရိကန် ဘီ-၂၉ ဗုံးကြဲ လေယာဉ်တစ်စီးတည်း ဟီရိုရှီးမားမြို့၏ တိမ်ကင်းစင်သော ကောင်းကင်တွင် ပျံသန်းလာသည်ကို မြင်စက၊ သူနှင့် သူ့အတန်းဖော်များမှာ ထူးထူးခြားခြား ကြောက်စရာဟု မထင်မိကြ။ သူတို့မြို့မှာ တစ်ကြိမ် တစ်ခါမျှ ဗုံးကြဲ မခံရဖူးခဲ့။ ထောက်လှမ်းရေး လေယာဉ်တစ်စင်းဟုသာ ရိုးရိုးလေး တွေးမိသည်။
ထိုစဉ်၊ မျက်စိ ကျိန်းစပ်လောက်အောင် စူးသော အလင်းရောင်ကြီးတစ်ခုကို သူတို့ မြင်လိုက်ရသည်။ နားကွဲ မတတ် အသံကြီးတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် မြေပြင်ပေါ်တွင် ရှိရှိသမျှ အရာတိုင်း လဲပြိုသွားသည်။ အဆောက်အအုံများက တစ်စစီလွင့်ပျံထွက်ကုန်ကြသည်။ မိုးရေလိုမျိုး အစက်အပေါက်တို့ ကျလာသည်။ မိုးမဲ ဟုခေါ်ကြသောအရာ ဖြစ်မည်လား သူတွေးမိသည်။

iPhone 5 အတွက် ဖန်သားပြင်များ ထုတ်လုပ်ပေးပို့နေပြီဟု Sharp ကုမ္ပဏီဥက္ကဋ္ဌ ကြေညာ




အက်ပဲလ်၏ စမတ်ဖုန်း မျိုးဆက်သစ် iPhone 5 အတွက် ဖန်သား ပြင်များယခုလအတွင်း စတင်ထုတ်လုပ် ပေးပို့သွားမည်ဖြစ်ကြောင်း Sharp ကုမ္ပဏီဥက္ကဋ္ဌက ထုတ်ဖော်ဝန်ခံသွားခဲ့သည်။
တိုကျိုတွင်ပြုလုပ်သော Sharp ကုမ္ပဏီ၏ လေးလပတ် ၀င်ငွေထုတ်ပြန်မှုတွင် ကုမ္ပဏီဥက္ကဋ္ဌသစ် တာကာရှီအိုကူဒါက တရားဝင်ပြောသွားခဲ့ခြင်းဖြစ်ပြီး အသေးစိတ်ကိုမူ မဖြေကြားခဲ့ပေ။ Sharp သည် အက်ပဲလ်ပစ္စည်းသစ် များအတွက် ဖန်သားပြင် ထုတ်လုပ်ပေးရန် အော်ဒါလက်ခံထားသော ကုမ္ပဏီသုံးခုအနက်မှ တစ်ခု ဖြစ်သည်။ ကျန်နှစ်ခုမှာ LG Display နှင့် Japan Display တို့ဖြစ်သည်။
အက်ပဲလ်၏ နည်းပညာသစ်အရ ယခင်အိုင်ဖုန်းများကဲ့သို့ ထိတွေ့မျက်နှာပြင်အလွှာ သီးခြားမပါတော့ဘဲ အယ်လ်စီဒီဖန်သားပြင်တွင် တစ်ပါတည်းထည့်သွင်းပြီးဖြစ်သည့် စနစ်ကို သုံးသွားမည်ဖြစ်ကာ ပိုပါးလာမည်ဖြစ်ကာ ဖန်သားပြင်အကျယ်မှာမူ လက်မ၀က် ပိုကြီးလာဖွယ် ရှိနေသည်။

မိလ္လာကန်အတွင်း လူတစ်ဦးသေဆုံးနေမှု တောင်တွင်းကြီးမြို့နယ်၌ ဖြစ်ပွား


  မကွေးတိုင်းဒေသကြီးတောင် တွင်းကြီးမြို့နယ် တောင်ပြင်(၁) ရပ်ကွက်တွင် မိလ္လာကန်အတွင်း  လူတစ်ဦးသေဆုံးနေကြောင်းသ တင်းရရှိသည်။
ဖြစ်စဉ်မှာ ၅.၈.၂၀၁၂ရက်   နေ့ နေ့လည် ၁နာရီ ၁၅နာရီအချိန်  ခန့်က တောင်တွင်းကြီးမြို့မ ရဲစခန်း    ၌စခန်းမှူးရဲအုပ်လှငွေသည် ရဲ စခန်းတာဝန်ထမ်းဆောင်နေစဉ်  တောင်တွင်းကြီးဆေးရုံသို့ မိလ္လာ ကန်အတွင်းဆင်းရာမှ လူတစ်ဦး  သေဆုံး၍ ရောက်ရှိနေကြောင်း သတင်းအရသက်သေများဖြင့် သွားရောက်စစ်ဆေးရာသေဆုံး သူမှာ တောင်တွင်းကြီးမြို့ရွှေအိုး  (၁)ရပ်ကွက်နေ(ဘ)ဦးသာငွေ၏  သားဦးစံငြိမ်း ၄၉နှစ်ဖြစ်ကြောင်း  သိရပြီး ၎င်း၏နှာခေါင်းနှင့်ပါးစပ် ၀ဲဘက်ဒေါင့်မှ သွေးအနည်းငယ်  ထွက်ကာ အသားများဖြူလျော် နေကြောင်း အိမ်ပိုင်ရှင် ဦးဝင်းကို  ၅၇နှစ် (ဘ)ဦးစိန်မြင့်(အထပြ)  ဆရာတောင်ပြင်(၁)ရပ်ကွက်နေသူ မှ ခေါင်းမူး၍မောပန်းနေသည်ကို တွေ့ရကြောင်းအခင်းဖြစ်အရပ်သို့  သွားရောက်စစ်ဆေးရာ
Related Posts Plugin for WordPress, Blogger...

ShareThis