menu

Sunday 26 August 2012

ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာလယ်သမားများ အရေး ဆောင်ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာကုမ္ပဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရု
ပ်သိမ်းခံရကြောင်း ကာယကံရှင်က ပြောကြားသည်။

ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံး၏ တင်ပြသော စုံစမ်း စစ်ဆေးမှု အစီရင်ခံစာအရ သြဂုတ် ၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၎င်းအား ရှေ့နေလိုက်သူများ အက်ဥပဒေ ပုဒ်မ ၁၃/စ ဖြင့် အထက်တန်းရှေ့နေအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

"ကချင်တိုင်းရင်းသား ဒုက္ခသည်များအား မြန်မာနိုင်ငံတွင်း စစ်ပွဲ ဖြစ်ပွားရာဒေသများသို့ အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဆိုခြင်းကို တရုတ်ငြင်းပယ်"

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကချင်တိုင်းရင်းသား ဒုက္ခသည်များအား မြန်မာနိုင်ငံတွင်း စစ်ပွဲ ဖြစ်ပွားရာ
ဒေသများသို့ အတင်းအကျပ် ပြန်လည်လွှတ်နေသည်ဟူသော လူ့အခွင့်အရေးဆိုင်ရာထောက်ခံအားပေးသူများ၏ အစီရင်ခံစာအား ငြင်းပယ်လိုက်ပြီး ၄င်းတို့၏ဆန္ဒအရသာ ပြန်ကြခြင်းဖြစ်ကြောင်းပြောသည်။

သြဂုတ်လ ၂၄ ရက် သောကြာနေ့ထုတ် နယူးယော့တိုင်းမ်သတင်းစာတွင် ပါရှိသော ဆောင်းပါးအား တုံ့ပြန်သောအားဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မြန်မာအစိုးရနှင့် ကေအိုင်အေတို့၏တိုက်ပွဲမှာ လျော့ပါးသွားခြင်းကြောင့် ဒုက္ခသည်များမှာ မူရင်းဒေသသို့ ပြန်ကြခြင်းသာဟု ပါရှိ သည်။ သို့ရာတွင် ဒေသခံများကမူ နှစ်ဘက်တိုက်ပွဲများ အရှိန်မြင့်တက်လာကြောင်း ဆိုကြသည်။

အမေရိကန် အားကစား သံတမန် အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

ရန်ကုန်၊ သြဂုတ် - ၂၆

မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြ
ှင့်ရန်အလို့ငှာ အမေရိကန်ကြေးစား ဘတ်စကက်ဘောအားကစားသမားများနှင့် နည်းပြများကို 'အားကစားသံတမန်'များအဖြစ် ယခုရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြာင်း ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးမှ တရားဝင် သတင်း ထုတ်ပြန်လိုက်သည်။

အမေရိကန် အားကစား သံတမန်လေးဦး ပါဝင်သည့် အဖွဲ့သည် ယခု ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း၊ ထိုသို့ လာရောက်မှုသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက စပွန်ဆာ ပြုလုပ်သော "ပညာရပ်ပိုင်း ဆိုင်ရာ၊ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ နှင့် မတူကွဲပြား ခြားနားမှု အပေါ်အသိအမှတ်ပြု လေးစား လိုက်နာမှု ဆိုင်ရာ အရေးပါမှုများကို အလေးပေးသည့် အစီအစဉ်" တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား ကြက်ခြေနီ အကူအညီပေးရေး အဖွဲ့တဖွဲ့ မြန်မာသို့ စေလွှတ်


အင်ဒိုနီးရှား ကြက်ခြေနီ (Red Cross) အဖွဲ့မှ  အကူအညီ ပေးရေး အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်၏ ပဋိပက္ခအတွင်း ဒုက္ခရောက်နေကြသူများအား  ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရန် ယနေ့သြဂတ်(စ်)လ ၂၅ရက်နေ့က ထွက်ခွာသွားပြီ ဖြစ်ကြောင်း The Jakartaglobe သတင်းတွင် ရေးသားသည်။

အဖွဲ့ဝင် ၈ဦးပါ အဆိုပါအဖွဲ့သည် အင်ဒိုနီးရှား စစ်လေယာဉ်ကွင်း တစ်ခုမှ ဂျက်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီး လေယာဉ်ပေါ်၌ အလှူပစ္စည်း များဖြစ်သည့် ရောဂါ ကာကွယ်ရန် တကိုယ်ရည် သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး ကိရိယာ ၅၀၀၊ စောင် ၃၀၀၀၊ လုံ ချည် ၁၀၀၀၀တို့ ပါဝင်သည်ဟု ဆိုသည်။
“ခုခရီးစဉ်ဟာ မြန်မာ သမ္မတဦးသိန်းစိန်နဲ့ အင်ဒိုနီးရှား Red Cross တို့သတောတူညီ ချက်အရ စေလွှတ်လိုက် တာဖြစ်တယ်” ဟု ၄င်းအဖွဲ့၏ အရာရှိတဦးက ဒေသ သတင်းထောက်သို့ ပြောကြားသည်။

လယ်သမား နှစ်ထောင်ကျော် လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ် စိုက်ထူ

မနေ့က စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမား အင်အား နှစ်ထောင်ကျော်လောက်ဟာ ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေတဲ့ လက်ပန်းတောင်းတောင် အနီးတ၀ိုက်မှာ လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ်တွေ စိုက်ထူခဲ့ကြတယ်လို့ သိရပါတယ်။
Photo courtesy of open society.monywa
စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမားများ လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ် စိုက်ထူနေစဉ်။
ဒါ့အပြင် ဗြိတိသျှကိုလိုနီ လက်အောက် ကာလက လယ်သမားခေါင်းဆောင် ဂဠုန်ဆရာစံ တိုက်ပွဲဝင်ခဲ့သလို ရိုးရာ မောင်းတီးပြီး ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ထောင်နဲ့ချီတဲ့ ဒေသခံတွေ မြေယာသိမ်းပိုက်ပွဲ ဆင်နွှဲနေတဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အနီးတ၀ိုက်ကို အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် မနေ့က ထုတ်ပြန်လိုက်တယ်လို့ ဒေသခံ လယ်သမား တစ်ယောက်က RFA ကို ပြောပါတယ်။

DVB မကွေးသတင်းထောက်နှင့် ကျောင်းသားမိဘတစ်ဦးတို့အား မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း သိရ



DVB သတင်းဌာနမှ မကွေးသတင်းထောက် ဦးဇော်ဖေ(ခေါ်) ဦးသူရသက်တင်၊ အသက်(၄၀)နှစ်နှင့် တောင်တွင်းကြီးမြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးလှိုင်လှိုင် (ခေါ်) ဦးမြင့်လှိုင် အသက် (၄၁)တို့ နှစ်ဦးအား မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယတိုင်းပညာရေးမှူးက ပုဒ်မ ၄၄၈ ပိုင်နက်ကျူးလွန်မှု၊ ပုဒမ ၃၅၃ တာဝန်ဝတ္တရား နှောက်ယှက်မှုတို့ဖြင့် သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က မကွေးမြို့ အမှတ်(၁)ရဲ တပ်ဖွဲ့ စခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
အဆိုပါသတင်းထောက်နှင့် ကျောင်းသားမိဘ ဦးလှိုင်လှိုင်တို့မှာ ဂျပန်နိုင်ငံ KIZUNA ပရောဂျက်အတွက် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်အတွင်း ကျောင်းသားများ လေ့လာရေးခရီး စေလွှတ်ရန်အတွက် ကျောင်းသားများ အရည်အချင်းသတ် မှတ်ရွေးချယ်မှုနှင့် ပတ်သက်၍ မေးမြန်းရန် ပညာရေးမှူးရုံးသို့ သြဂုတ် လ ၂၄ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က သွားရောက်ခဲ့ကြကြောင်း

တိုက်ချင်း ပစ် အပါအ၀င် မည်သည့် ဒုံးလက် နက် မဆို ဖမ်းယူ နိုင်သည့် ရေဒါ ကို ဂျပန် မှာ တပ် ဆင်


nextgov-medium
မြေပြင်မှာ ဝေဟင် ၊ ဝေဟင် မှာ မြေပြင် အပါ အ၀င် မည် သည့် ဒုံးလက် နက် ၏ လှိုင်း
ကို မဆို ဖမ်း ယူ ရရှိ နိုင်သည့် ခောတ် မှီ X Band Radar ကို
အမေရိကန် အမှတ် ၇ ရေ တပ်မတော် တည် ရှိ ရာ ဂျပန် နိုင်ငံ တွင် ချ ထား
မည် ဟု ယနေ့  ပင် တဂွန် က အတည် ပြု သည်။ X Band သည် ဘက်စုံ သုံး
ရေဒါ ဖြစ် ပြီး ယခင် က အမေရိကန် နိုင်ငံ တွင်း နှင့် အရှေ့  ဥရော ပ
ဉ် တပ် ဆင် ခဲ့ သည်။ မည် သည့် တုန် ခါ မှု လှိုင်း ကို မဆို ဖမ်း ယူ ရရှိ နိုင်ပြီး
မော် တော် ကား ၊ သင်္ဘော ၊ လေယာဉ် ပျံ စ သည် တို့  ၏ အမြန်နှုန်း လှိုင်း များ
ကို မဆို ဖမ်း ယူ ရရှိ နိုင်သည့် ရေဒါ ဖြစ်သည်။ ရာသီ
ဥတု နှင့် အမိန့် ပေး စနစ် ကို လည်း ကျင့် သုံး နိုင်သည်။

ပွဲမလန့်ခင် ကြိုရက်နေတဲ့ ဖျာတစ်ချပ်အကြောင်း( ဇေ၀င်းနောင်)

ကကကကကကကကကကက. . .

ဓာတ်ပုံ-ကိုနော်(ပုဂံ)
အပြောင်းအလဲတွေကလည်းများ၊ အငြင်းပွားစရာတွေကလည်းပေါ၊ ဖြေရှင်းစရာတွေကလည်း အနမတဂ္ဂရှိနေတဲ့ မြန်မာပြည်ကြီးမှာ ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့တော့ ပြောမကုန်၊ ရေးမကုန်နိုင်အောင်ကို အရှုပ်အထွေးတွေက များလွန်းလှပါတယ်။
ဒီလောက် ရှင်းစရာများတဲ့ အခြေအနေမျိုးမှာ နောက်ထပ် အငြင်းပွားစရာကိစ္စတွေကို သယ်လာဖို့ ကြိုးစားနေကြသူတွေကလည်း ရှိနေပါသေးတယ်။ ၂၀၁၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ အရေးမလှခဲ့ကြသူများ တင်လာတဲ့အချိုးကျ ကိုယ်စားပြုစနစ် PR(Propotional Representation) ဆိုတာပါ။ သဘောတရားအရတော့ ဟုတ်သလိုလိုရှိပေမဲ့ သဘောရိုး မရိုး ဆိုတာရယ်၊ ဒီစနစ်ကို တင်သွင်းတဲ့ ရွှေစွန်ညိုကြီးတွေက ဘာကိုလိုလို့ ၀ဲတယ်ဆိုတာရယ်ကတော့ မေးခွန်းထုတ်စရာကောင်းနေလို့ ဒီကိစ္စကို ပြောဖို့ ဖြစ်လာတာပါ။

မြစ်ချောင်းတွေ လက်မခံတော့တဲ့ . . . မိုးရေ( ဇော်ဝင်းချစ်(တောင်ငူ))

မိုးက မရွာလိုက်နှင့် ရွာလိုက်တာနဲ့ ရေကတက်လာပြီ၊ ရက်ကလေး နည်းနည်းရလာသည်နှင့် ရေကကြီးတော့သည်။   ချောင်းကပဲ ပိတ်နေတာလား၊ မြစ်ကပဲ ရေမစီးတော့တာလား၊ မြစ်ကြမ်းပြင်တွေကပဲ မတန်မဆမြင့်တက်နေသလား၊ ရေက ကြီးချင်တိုင်း ကြီးနေသည်ကတော့ ငြင်းဖွယ်ရာမရှိ  . . .

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေတက်ကာ တောင်ငူမြို့အတွင်း ရေ၀င်၍ ၀ါးဖောင်ဖွဲ့ သွားလာနေသည်ကို သြဂုတ်လ ဒုတိယပတ်က တွေ့ရစဉ်
...မိုးရေတက်ရေ တဖွေးဖွေး၊ ကွင်းကျယ်အဝေးဝေး ... လယ်စောင့် တဲလေးခြေတံရှည် မိုးကုပ်အောက်မှာနေ ... ကြာနီတစ်ပွင့်၊ ဖြူတစ်ပွင့်၊ တဲနှင့် ပနံတင့်တယ်လို့ ကျောင်းစာတွေ အော်ကျက်ရင်းနဲ့ ... မိအေးနဲ့တို့ အဖော်တွေ ... ကျောင်းကအပြန်လယ် ကွက်ထဲ မိုးထဲ ရေထဲ ပျော်လည်း ပျော်ကြတယ် ... လွယ်အိတ်ကလေးနဲ့ မလွတ်တလွတ်လွယ် ... မိအေးရယ် ငါ့ကိုပေးခဲ့ လွယ်အိတ်ကလေးကို ၀ိုင်းလို့လွယ်...
လွမ်းစရာ ကောင်းလှပါသည်၊ အောက်မေ့ဖွယ် ကောင်းလှပါသည်။ မြန်မာ့တောဓလေ့ကို သာယာလှပစွာ ပုံဖော်ထားတဲ့ ငယ်ငယ်တုန်းက ကြားဖူးနေကြ သီချင်းလေး၊ ဘာကြောင့်တော့မသိ၊ မကြားဖြစ်တာတော့ အတော်ကြာပြီ။

အင်ပါယာစတိတ် အဆောက်အအုံရှေ့တွင် သေနတ်ပစ်ခတ်မှုကြောင့် နှစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရရှိ




သြဂုတ်လ ၂၄ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားရာ အင်ပါယာစတိတ် အဆောက်အအုံအနီးတွင် လုံခြုံရေးချထားစဉ်
အမေရိကန်နိုင်ငံ နယူးယောက် မြို့ရှိ အင်ပါယာစတိတ်အဆောက် အအုံရှေ့တွင် သြဂုတ်လ ၂၄ ရက်နေ့က မကျေမနပ်ဖြစ်နေသော အလုပ်သမားဟောင်းတစ်ဦးက အတူအလုပ်လုပ်ခဲ့သူနှင့် အချင်းများခဲ့ရာမှ သေနတ်နှင့် ပစ်သတ်ခဲ့ပြီးနောက် ရဲများနှင့်ဆက်လက်၍ သေနတ်ပစ်ပွဲ ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အနည်းဆုံးလူ ရှစ်ဦးဒဏ်ရာရခဲ့သည်။
ဂျပ်ဖရီဂျွန်ဆင်အမည်ရှိ အသက် ၅၈ နှစ်အရွယ်ရှိ သေနတ်သမား၏ ပစ်ခတ်မှုကြောင့် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်း သေဆုံးခဲ့ပြီး ရဲများနှင့်ဂျွန်ဆင်တို့ ပစ်ခတ်မှုဆက်လက်ဖြစ်ပွားရာမှ ဂျွန်ဆင်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်။
ဂျွန်ဆင်သည် ပြီးခဲ့သည့်နှစ်က ဟဇန်သွင်းကုန်လုပ်ငန်းတွင် အမျိုးသမီးအသုံးအဆောင် ဒီဇိုင်နာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့သော ရဲအရာရှိ နှစ်ယောက်အား မန်ဟက်တန်ဆေးရုံသို့ ပို့ဆောင်ကုသထားပြီး စိုးရိမ်စရာအခြေအနေမရှိကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း မြန်မာပြည်မှာ သက်ဆင် ရှိမယ်

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ ဓာတ်ပုံ- Thaksin.tk
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှနာဝတ်ဟာ လာမယ့် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။

ဖွေ့ထိုင်းပါတီ က လွှတ်တော်အမတ်တဦးဖြစ်တဲ့ Nakhon Ratchasima Suchart Pinyo က ဒီကနေ့ သြဂုတ်လ ၂၆ ရက်၊ တနင်္ဂနွေနေ့မှာ ပြောလိုက်တာကို ဘန်ကောက်ပို့စ်က ဖော်ပြထားပါတယ်။

Mr Pinyo က ဆက်ပြောတာမှာတော့ သူတို့ဖွေ့ထိုင်းပါတီ အမတ်တွေနဲ့ ရှပ်နီထောက်ခံသူတွေဟာ သက်ဆင် နဲ့ တွေ့ဖို့ တသီးပုဂ္ဂလအနေနဲ့ရော အုပ်စုလိုက်ပါ မြန်မာပြည်ကို သွားဖို့ ရှိပါတယ်တဲ့။

ဒါပေမယ့် သူက သက်ဆင်ဟာ မြန်မာပြည်ခရီးစဉ် ဘာကြောင့် သွားတယ်ဆိုတာတော့ သူက မပြောခဲ့ပါဘူးတဲ့။

လ ပေါ် ပထမဦးဆုံး ခြေချ နိုင်ခဲံ့ သည့် အကာသ သူ ရဲ ကောင်း အမ်းစထရောင်း ကွယ်လွန်


neil-armstrong-nasa-600
လူ့ သမိုင်း တစ်လျှောက် မှာ စွမ်းဆောင် ရည် အမြင့် ဆုံး နဲ့  စွန့် လွှတ် စွန့် စား မှု လုပ် ခဲ့ တဲ့
အာကာသ သူ ရဲ  ကောင်း နီးလ် အမ်းထရောင်း ဟာ အသက် ၈၂ နှစ် အရွယ် သြဂုတ်လ ၂၅
ရက် နေ့ မှာ ကွယ် လွန် ခဲ့ ပါတယ်။
အမ်းစထရောင်း ဟာ ၁၉၆၉ ခုနှစ် ဇူ လိုင်လ ၂၀ ရက်နေ့  မှာ အပိုလို အကာသ ယာဉ် နဲ့ 
ကမ္ဘာ က နေ မိုင်ပေါင်း နှစ် သိန်း လေး သောင်း နီး ပါး ကွာ ဝေး တဲ့ လကမ္ဘာ ပေါ် ကို
ပထမ ဦး ဆုံး ခြေချ နိုင် ခဲ့ တဲ့ လူသား တစ်ဦး လည်း ဖြစ်ပါတယ်။
၁၉၆၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့  ဆိုဗီယက် အာကာသ ယာဉ်မှုး ယူရီဂါဂါ ရင် ပထမ ဆုံး
အကာသယာဉ် နဲ့  ကမ္ဘာ ကို တစ် ပတ် ပတ် ခဲ့ ပြီး နောက် မှာ အမေရိကန် နဲ့  ဆိုဗီယက်
တို့  အာကသာ ပြိုင် ဆိုင် မှု တွေ တိုး မြှင့် လာ ခဲ့ ပါတယ်။
၁၉၆၁ ခုနှစ် မေလ ၂၅ ရက်နေ့ မှာ အဲဒီအချိန် က အမေရိကန် သမ္မတ ဂျွန် အက်(ဖ) ကနေဒီ
က  လ ကမ္ဘာ ပေါ် ကို အမေရိကန် နိုင်ငံ သား တစ်ဦး ပို့ ဆောင် မှာ ဖြစ် ပြီး ကမ္ဘာ ဂြိုလ် ကို
အောင် မြင် စွာ နဲ့  ပြန်လည် ရောက် ရှိ လာ အောင် ဒီ ဆယ် စု နှစ် အကုန် ပိုင်း မှာ လုပ် ပြ
မယ် လို့  ကြေငြာ ခဲ့ ပါတယ်။

လူရွှင်တော် အရိုင်း ကန့်ကွက် ခံရ

ဓာတ်ပုံ- နေမျိုးဝေ ဖေ့စ်ဘုတ်
လူရွှင်တော် အရိုင်းက "လက်ရှိအချိန်မှာ တိုင်းပြည်အတွက် လွန်စွာ အရေးကြီးကြောင်း" ဆိုပြီး ပြောဆိုမှုကို သြဂုတ်လ ၄ ရက်နေ့ထုတ် UNITY ဂျာနယ်နယ်မှာဖော်ပြထားတာနဲ့ပတ်သက်ပြီး လယ်သမားအရေး ကူညီ လှုပ်ရှားပေးနေတဲ့ မတူကွဲပြား ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေ က လူရွှင်တော် အရိုင်းကို ကန့်ကွက်လိုက် တာပါ။

"အခုအချိန်မှာ ပါတီတွေ များစွာပေါ်ထွက်လာပါတယ်။ အဖွဲ့အစည်း အသီးသီး ပေါ်ထွက်လာတဲ့အခါ တချို့က သွယ်ဝိုက်သောအားဖြင့် တိုင်းပြည်ကို အပျက်အစီး လုပ်ချင်တာ နေရာတိုင်းမှာ တွေ့နေရပါတယ်။ ဒါတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်ဖြစ်မယ်ထင်လို့ .. " ဆိုတဲ့ ပြောဆိုမှုနဲ့

"တောင်သူလယ်သမားများ အရေးနှင့်ပတ်သက်၍ နိုင်ငံရေး အမြတ်ထုတ်မှု တချို့ကို တွေ့နေရသည့်အတွက် နားမယောင်ဘဲ... " စတဲ့ လူရွှင်တော် အရိုင်းရဲ့ ပြောဆိုမှုတွေကို ဦးနေမျိုးဝေ က ကန့်ကွက်တာပါ။

မြန်မာ ဆင်ဆာ ဖယ်ရှားမှု တရုတ် မှာ အုတ်အော်သောင်းနင်း ဖြစ်

408046_10150634040267588_1398093359_n
မြန်မာ နိုင်ငံ တွင်း မှာ ထုတ် ဝေ  နေတဲ့ သတင်း မီဒီယာ ကိုယ်စား ပြု ဂျာနယ် တွေ ကို ယခင်
က လို စာ ပေ စီစစ် ရေး တင် စရာ မလို တော့ ဘဲ ထုတ် ဝေ ခွင့် ပြု လိုက် တဲ့ သတင်း ဟာ
ကွန်မြူနစ် စနစ် ကို ကျင့် သုံး ပြီး တစ်ပါ တီ ဦးဆောင် တဲ့ တရုတ် နိုင်ငံ မှာ အတော် ဂယက်
ရိုက် ခတ် နေ တယ် လို့   အခု မနက် ထုတ် ဝေ တဲ့ ဝေါလ်စထရိ ဂျာနယ် မှာ ဖော် ပြ ထား ပါ
တယ်။
မြန်မာ နိုင်ငံ တွင်း မှာ သတင်း မီဒီယာ တွေ စာပေ စီစစ် ရေး ကို ဖြတ် သန်း စရာ မလို တော့
တဲ့ သတင်း ကို တရုတ် ကွန်မြူ နစ် ပါ တီ ရဲ့  အာဘော် People Daily သတင်းစာ က ဖော်
ပြခဲ့ ပေမယ့် တရုတ် ရုပ်သံ CCTV ကတော့  မြန်မာ နိုင်ငံ ဟာ နိုင်ငံ သေးငယ် တဲ့ အတွက်
တရုတ် နိုင်ငံ လို  များ ပြ လှ သတင်းမီဒီယာ အဖွဲ့  အစည်း ကြီး တွေ မရှိ သေး ဘူး ၊ ဒါကြောင့်
သတင်း မီဒီယာ လွတ် လပ် ခွင့် ပေးပေး ၊ မပေး ပေး  မြန်မာ  နိုင်ငံ တွင်း က သတင်း  မီဒီယာ
တွေ ရဲ့  တင် ဆက် မှု ဟာ နိုင်ငံ ရဲ့ နယ် န မိတ် ဘောင် အပြင် ဘက် ကို ကျော် မ ထွက် နိုင်
ဘူး လို့  ဆို ပါတယ်။

ဘီလ်ဂိတ်ဖောင်ဒေးရှင်းက အိမ်သာကိုပြန်လည်တီထွင်ရန် ငွေကြေးထောက်ပံ့





နေရောင်ခြည်စွမ်းအင်သုံးပြီး ရေပြန်သုံးနိုင်သည့် ဆုရ အိမ်သာကိုပြသနေစဉ်
ခေတ်မီသည့် သန့်စင်ခန်းများ ကို သုံးစွဲနိုင်ခြင်းမရှိသည့် ကမ္ဘာတစ်ဝန်းမှ လူ ၂ ဒသမ ၅ ဘီလျံခန့်အတွက် အိမ်သာများကို ပြန်လည်ဆန်းသစ်တီထွင်ရန် ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းတို့က ငွေကြေးထောက်ပံ့မှုများ ပြုလုပ်နေသည်။
နေရောင်ခြည်စွမ်းအင်သုံးစွဲပြီး ရေကို ပြန်လည်သုံးစွဲနိုင်သော သန့်စင်ခန်း တီထွင်မှုအတွက် ကာလီးဖိုးနီးယား နည်းပညာသိပ္ပံကို ဒေါ်လာ ၁၀၀၀၀၀ ဆုပေးခဲ့ကြောင်း ဂိတ်ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ အန္တရာယ်ကင်းပြီး ရေကုန်ခမ်းမှုမရှိသည့် လိုအပ်ချက်များကိုယ်တိုင် ဖြည့်ဆည်းနိုင်သော တစ်ရက်လျှင်  ငါးဆင့်သာကုန်ကျမည့် အိမ်သာဖန်တီးရန်အတွက် ဘီလ်ဂိတ်ဖောင်ဒေးရှင်းသည် တက္ကသိုလ်ရှစ်ခုကို ဒေါ်လာလေးသန်း ထောက်ပံ့ပေးခဲ့သည်။

အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ် မြန်မာပြည် ဆွေးနွေးပွဲတွင် ကိုမင်းကိုနိုင် ပါဝင်ဆွေးနွေး




ကိုမင်းကိုနိုင် ဆွေးနွေးပြောကြားနေစဉ်
အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆွေးနွေးပွဲကို သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ ပါဝင်ဟော ပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကိုမင်းကိုနိုင်မှ ''တိုင်းပြည်ကို တိုးတက်အောင် တည်ဆောက်မယ်ဆိုရင် ပြည်သူတွေ ပါမှရမယ်ဆိုတာကို သက်ဆိုင်ရာ အာဏာသုံးရပ်က ပုဂ္ဂိုလ်တွေ သိထားရမှာဖြစ်သလို ကျွန်တော်တို့ ပြည်သူတွေကလည်း သိထားရမှာပါ။ ပြည်သူတွေဆိုတာ နောက်လှည့်ကြည့်ရင် ကျောကုန်းပဲရှိတယ်ဆိုတဲ့ အခြေအနေတွေပဲ ကြုံခဲ့ရပါတယ်။ အရပ်သားတက္ကသိုလ် ဘွဲ့ရတွေ တိုင်းပြည်ကိုဘယ်တော့မှ အုပ်ချုပ်လို့ မရတော့ဘူးလား။ ပြည်သူတွေရဲ့ စုပေါင်းမှု အားကောင်းမယ်ဆိုရင် ဘယ်လိုလက်နက်ကိုင်ယူ နီဖောင်းဝတ်တဲ့လူမျိုးကိုမဆို ပြန်လှည့်ကြည့်နိုင်တဲ့ အနေအထားမျိုး ရောက်မှာပါ။ ဒီလိုမျိုးဖြစ်ဖို့ဆိုရင် အရပ်ဖက် အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုအပ်တယ်ဆိုတာ အားလုံးဝိုင်း ၀န်းစဉ်းစားပေးစေချင်ပါတယ်'' ဟု ပြောပြခဲ့ပါသည်။

ပူတင်ဆန့်ကျင်ရေး စတန့် ကြောင့် ရုရှားပန့်(ခ)တီးဝိုင်း ထောင် ၂ နှစ်ကျ


ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ကန့်ကွက် ဆန္ဒပြကွက်တစ်ခုကို လွန်ခဲ့သည့် ဖေဖော်ဝါရီက Cathedral of Christ ဘုရားကျောင်း၌ စင်တင် ကပြခဲ့မှုအတွက် အမျိုးသမီးငယ် ၃ ဦးကို မော်စကို တရားသူကြီးက သောကြာနေ့တွင်    ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် စီရင်ခဲ့သည်။
Pussy Riot အမည်ရှိ မိန်း ကလေးသုံးဦးပါ တေးဂီတအဖွဲ့ကို တေပေရမ်းကားမှု စွဲချက်ဖြင့် တရားလိုက ထောင်ဒဏ် ၃ နှစ် ချမှတ်စေလိုသော်လည်း ၂ ဦးမှာ ကလေးငယ် မိခင်များဖြစ်သဖြင့် သက်သက်ညှာ ညှာစီရင်ရန် ပူတင်က မဲတင်းပေးခဲ့သည်။
ရုရှား ပန့်(ခ်) တီးဝိုင်း
ရုရှား ပန့်(ခ်) တီးဝိုင်း
သို့သော် ရုရှားနှင့် ကမ္ဘာအနှံ့တွင် နိုင်ငံရေးအရ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချုပ်ချယ်မှုအဖြစ် ဝေဖန်မှုများ ပေါ်ထွက် လာခဲ့သည်။ တရား သူကြီးက စီရင်ချက်အရှည်ကြီးကို ဖတ်ပြနေစဉ် တရားရုံးအပြင်၌ ဆန္ဒ ပြသူ ရာပေါင်းများစွာက “ပူစီရိုင်းရက်ကို လွှတ်ပေး”ဟူ၍ အော်ဟစ်ကြသည်။ အဓိကရုဏ်း နှိမ်နင်းရေး ရဲများက သူတို့အထဲမှ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ရာ စစ်တုရင် ချန်ပီယံဟောင်း ဂယ်ရီ ကက်(စ)ပါရော့လည်း ပါဝင်သည်။

လက်ပံတောင်းတောင် ဒေသခံ ဦးရေ ၁၀၀၀ ခန့် မောင်းများတီး၍ ဆန္ဒဖော်ထုတ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရွာခံ ၂၆ ရွာမှ လျော်ကြေးမရရှိဘဲ သိမ်းခံရသည့် လယ်ယာမြေ ဧကပေါင်း ၇၀၀ ကျော်အတွက် ဒေသခံများက သြဂုတ်လ ၂၄ ရက်နေ့က ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာတွင် အဆိုပါစီမံကိန်းမှ လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများကို ရာဘာတုတ်ဖြင့် ရိုက်ပြီး အသံဖြင့် လူခွဲစေခဲ့သည့်အပေါ် ဒေသခံများမှ မကျေမနပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းကဲသို့ မကျေနပ်မှုကြောင့် သြဂုတ်လ ၂၅ ရက်နေ့ မွန်လွဲ ၂ နာရီ ၅၂ မိနစ်အချိန်တွင် ဒေသခံ ဦးရေ ၁၀၀၀ ၀န်းကျင်ခန့်က အဆိုပါ စီမံကိန်း ဧရိယာအတွင်းသို့ မောင်းများတီး၍ ဆန္ဒဖော်ထုတ်မှုတပ်ရပ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။ 
Eleven Media Group Facebook Page

ထိုင်းလူမျိုး ၈ ဦး တရားမဝင် လက်နက် ကိုင်ဆောင်မှုနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်

နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထောင်ဒဏ် အပြစ်ပေး ခံထားရတဲ့ ထိုင်းလူမျိုး ၉၂ ဦးအထဲက ၈ ဦးကို တရားမဝင် လက်နက် ကိုင်ဆောင်မှုနဲ့ပါ မနေ့က ထောင်ဒဏ် ၇ နှစ်စီ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(က) နဲ့ တရားစွဲဆိုထားတဲ့ ဒီအမှုကို တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။
ဒါကြောင့် အဲဒီ ထိုင်းလူမျိုး ၈ ဦးဟာ တရားမ၀င် နိုင်ငံဖြတ်ကျော် ၀င်ရောက်မှုအတွက် မူလချမှတ်ခံထားတဲ့ ထောင်ဒဏ်အပြင် အခုချမှတ်လိုက်တဲ့ လက်နက် ကိုင်ဆောင်မှုအတွက် ထောင်ဒဏ်ကိုပါ ထပ်မံကျခံရမှာ ဖြစ်ကြောင်း ထိုင်းမြန်မာ နယ်ခြားကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာ့ ပြုပြင်ပြောင်းလဲရေးနှင့် ကျေးလက်ပြည်သူတို့ အသံများ

မြန်မာ့ လယ်ယာ လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
မြန်မာ့ လယ်ယာ လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
အချိန်ကာလတို့ အလီလီ ရွှေ့ပြောင်းခဲ့သော်လည်း၊ မြန်မာ့စပါးကျီ ဒေသတွင်းမှ ဝါးဖက်ဦးထုပ် ဆောင်းထားသော လယ်သမား လုပ်သားတို့ကား၊ ခြေသလုံး မြုပ်သည့် ရေပြင်တွင် မျိုးစေ့ ကြဲပက်ကာ၊ နွားနှင့် ဖက်၍ ရွှံ့ညွန်ထဲတွင် ရုန်းရသည့် သမားရိုးကျ နည်းလမ်းများအတိုင်း လှုပ်ရှားနေရဆဲပင် ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ၊ လယ်သမားကြီး ဦးတင့်စိန်သည်၊ သူ၏ သက်ငယ်မိုးတဲငယ်မှနေ၍၊ တောတောင် သဘာဝ ရှုခင်းကို စိုးရိမ်ကြောင့်ကြစွာ ငေးမော လေ့လာနေသည်။ ချေးငွေ တရားမဝင် ထုတ်ပေးသူများထဲ၌  အကြွေးနစ် ပိတ်မိနေသည့် ဦးတင့်စိန်က မိသားစုဝင် လေးယောက်ရှိသော သူ့မိသားစုအတွက် ငွေစုဆောင်း နိုင်ရန် ယခုမှစကာ ထမင်းမစားတော့ကြောင်း ပြောကြားခဲ့သည်။

လူ ၇၇ ဦးသတ်သူ နော်ဝေ အကြမ်းဖက်သမားကို ထောင်ချလိုက်ပြီ

~
ဓာတ်ပုံ- Mirror

လွန်ခဲ့တဲ့ နှစ်လယ်က အေးချမ်းမှုရှိပြီး နိုင်ငံရေး အလွန်တည်ငြိမ်ပါတယ်ဆိုတဲ့ နော်ဝေနိုင်ငံမှာ စုစုပေါင်း လူ ၇၇ ဦးသေဆုံးခဲ့ရတဲ့ ကားဗုံးခွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေကို ကျူးလွန်ခဲ့သူ Anders Behring Breivik ကို တရားရုံးက ယမန်နေ့က ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်ပါတယ်။

အခုလို အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့သူကို ထောင်ဒဏ်ချမှတ်လိုက်တာဟာ နော်ဝေနိုင်ငံရဲ့ တရားစီရင်ရေး အားကောင်းမှုတွေကို ထုတ်ဖော် ပြသလိုက်တာလည်းဖြစ်တယ်လို့ Mirror အွန်လိုင်း သတင်း တပုဒ်က ဆိုပါတယ်။

KNU နှင့် အစိုးရ အပစ်ရပ် ဆွေးနွေးပွဲ ရွှေ့ဆိုင်း

ယမန်နေ့က ဘားအံမြို့တွင် တွေ့ရသော အစိုးရ၏ ကရင်ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်များ နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်များ၏ ညစာစားပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
ကရင် အမျိုးသားအစည်း KNU နှင့် အစိုးရတို့ရဲ့ လာမယ့် သြဂုတ်လ ၂၇ ၊ ၂၈ ရက်နေ့ ကရင်ပြည်နယ် ဖားအံမြို့မှာ တတိယအကြိမ်အဖြစ် အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲ လုပ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်း ထားကြောင်း KNU ဌာနချုပ်ရုံးက ကြေညာချက် တစောင်ကို ယမန်နေ့ သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန် လိုက်ပါတယ်။

အခုလို ရွှေ့ဆိုင်းလိုက်ရခြင်းဟာ KNU ဘက်က တဖက်သတ် ရွှေ့ဆိုင်းလိုက်တာဖြစ်ပါတယ် လို့ ကြေညာချက် က ဆိုပါတယ်။

အစိုးရဘက်က ကိုယ်စားလှယ်က လာမယ့် သြဂုတ်လ ၂၇၊ ၂၈ ကို ဆွေးနွေးကြဖို့ နုတ်အားဖြင့် အတည်ပြုပေ မယ့် KNU ဘက်က စိတ်ပျက်စရာ အခြေအနေတွေကြောင့် အခုလို ရွှေ့ဆိုင်းလိုက်တာလည်းဖြစ်တယ်လို့ ကြေ
ညာချက်က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူတွေကို သွားရောက်တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နေ့လယ်က ရောက်ရှိလာစဉ်။
မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ တစ်နေရာနဲ့ တစ်နေရာ တူညီနေကြကြောင်း၊ အလုပ်လက်မဲ့ ပြဿနာ၊ ပညာရေး၊ ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး လုံလုံလောက်လောက် မရှိတဲ့ ပြဿနာများ ဖြစ်ကြောင်း၊  ဒီအခက်အခဲတွေကို ဒေသ မခွဲခြားဘဲ ကူညီပေးမှာ ဖြစ်ကြောင်း၊ တဦးချင်းကို အကူအညီပေးနိုင်မှာ မဟုတ်ပေမဲ့ တတ်နိုင်သမျှ ကူညီသွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သတိ..လူမှားတတ်သည်


PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ

PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ တောင်ကြီးမြို့မှာ ဒီကနေ့တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ ရှေ့မှောက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။
Photo Courtesy of Nay Min
အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူလက်မှတ် ရေးထိုးရန် PNLO ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်တို့ တောင်ကြီးမြို့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ကြစဉ်။
ဒါဟာ PNLO နဲ့ အစိုးရကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပထမဆုံးအကြိမ် ပြည်နယ်အဆင့် အနေနဲ့ သဘောတူ လက်မှတ်ရေးထိုးတာလို့ PNLO အတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ အချက် ၅ ချက်အပေါ်မှာ ပြည်နယ်အဆင့်အနေနဲ့ သဘောတူညီမှုကို လက်မှတ်ရေးထိုးကြပါတယ်။ PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဖြစ်တဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန် ဦးဆောင်ပြီးတော့ လက်မှတ်ရေးထိုးပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis