menu

Friday 31 August 2012

မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်းတမ်း သတင်းစာရှင်းလင်းပွဲပြုလုပ်



မြန်မာပြည်လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများမှ ၉၂-ပါဂျောင်ရှင်း တမ်းသတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၃၁ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။၁၉၉၁ခုနှစ် သြဂုတ်လ ၈လေးလုံး သုံးနှစ်ပြည့် အခမ်းအနားကျင်းပရန် စီစဉ်နေစဉ် ABSDF (ဗဟို)မှ တပ်သားစိုးမင်းအောင် ထွက်ပြေးရာ ဖမ်းဆီးခဲ့ပြီး ဗန်းမောခရိုင်တွင် ကျောင်းသား ထောက်လှမ်းရေးအဖွဲ့မှ စစ်ဆေးခဲ့ရာ ၎င်း၏ ထွက်ဆိုချက်အရဟုဆိုကာ နောက်ထပ်ဖမ်းဆီးမှုများကိုလည်း ဆက်လက် ပြုလုပ်ခဲ့ကြောင်း စုစုပေါင်း ၁၀၇ဦးအား ဖမ်းဆီးစစ် ဆေးခဲ့ကြောင်း၊ ယင်းသို့ ဖမ်းဆီးစစ် ဆေးနေစဉ်အတွင်း ၃၈ဦးအား ညှင်း ပမ်း နှိပ်စက်သက်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ၁၉၉၂ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ တစ်ရက်တည်း၌ အထက်ဗမာပြည် ဗကသ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော် အ၀ါအ၀င် လူ ၁၅ဦးအား သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်းနှင့်

ဖားကန့် ပေါက်ကွဲမှု အစိုးရတပ်ဖွဲ့ဝင် ၇၀ ကျော် သေဆုံးဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် အစိုးရတပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တိုက်ပွဲကြောင့် ယမ်းဂိုဒေါင်တခု ပေါက်ကွဲခဲ့ကာ အစိုးရတပ်မှ တပ်ဖွဲ့ဝင် ၇၀ ကျော် ကျဆုံးသွားကြောင်း KIA မှ အရာရှိတဦးက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့က ဖားကန့်မြို့နှင့် ၄ မိုင်ခန့်အကွာ စိုင်းဂျာဘုံကျေးရွာ၏ အရှေ့ဘက်ရှိ ဝေအောင်ကမ္ဘာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီအနီးတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ရင်းနှင့် KIO တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှတဆင့် ယမ်းဂိုဒေါင်ပေါက်ကွဲကာ ကုမ္ပဏီအဆောက်အအုံကို အကာကွယ်ယူ တိုက်ခိုက်နေသော အစိုးရတပ်များ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ( ဂျူး )

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ ဘယ်ကိုပဲ သွားသွား အားကစားအင်္ကျီတံဆိပ် ကောင်းကောင်း တစ်ခု၊ အမျိုးအစား ကောင်းကောင်းတစ်ခု တွေ့ရင် သူ့ကို အားကစားမှန်မှန် လေ့ကျင့်စေချင်တဲ့ စိတ်နဲ့ သူ့အတွက် ဝယ်လိုက်မိတတ်တယ်။ ဝယ်လိုက်တော့လည်း သူ့ကိုယ်ခန္ဓာ အရွယ်အစားကို ခန့်မှန်းတဲ့ နေရာမှာ အလွန်မှန်ကန် နေလေ့ရှိတယ်။ ဖိနပ်တစ်ရန် ဝယ်ရင်တောင်မှ ဖိနပ်က သူ့ခြေထောက်နဲ့ အတော်ပဲ။
ယောက်ျား တစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူကလည်း ခရီးဝေးက အပြန် အင်္ကျီလက်ဆောင် ဝယ်လာတတ် တယ်။ ဒါပေမဲ့ သူခန့်မှန်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာဟာ တကယ့် အစစ်ထက် သေးနေတော့ သူမှန်းပြီး ဝယ်လာတဲ့ အင်္ကျီဟာ သေးနေတော့ တယ်။ အဲဒီတော့ သူမကို “တခြား တူမတွေ ဘာတွေကို ပေးလိုက်ပေါ့ မေရယ်၊ နောက်တစ်ခါကျရင် ဒီ့ထက် ဆိုက်ဇ်ကြီးကြီးလေး ဝယ်ခဲ့ ပါ့မယ်” လို့ သူက ပြောရတယ်။

" ၀ါခေါင်လနှင့် ဗုဒ္ဓဘာသာတို့ရဲ့ကောင်းမှုပွဲတော်များ "


                    
" မေတ္တာအခါသမယ ၀ါခေါင်လ "

ဂေါတမမြတ်စွာဘုရားရှင်လက်ထက်တော်အခါက ၊ ရဟန်း ၅၀၀ တို့ သည်ဘုရား
ထံမှ ကမ္မဋ္ဌာန်းတရားယူပြီးနောက် တောအုပ်တခု အတွင်းသို့ ဝင်ရောက်၍ ၀ါဆိုဝါကပ်
ပြုတော်မူကြသည် ၊ ရဟန်းများ သစ်ပင်ဝါးပင်များအောက်တွင် ၀င်ရောက်သီတင်းသုံး
ကြသောအခါ ၊ သစ်ပင်စောင့်နတ်များ နှင့် ရုက္ခစိုးနတ်တို့ မှာရဟန်းများ၏သီလတန်းခိုး
ကြောင့် မိမိတို့ နေရာသစ်ပင်များတွင် မနေနိုင်ဖြစ်ကြခါ၊ရဟန်းတို့ ကို အသံအမျိုးမျိုးတို့ 
ဖြင့်မနေနိုင်အောင်ခြောက်လှန့် ကြကုန်၏ ၊ရဟန်များလဲရုက္ခစိုးနတ်များ၏ခြောက်လှန့်
 မှုများကြောင့် တရားကိုကောင်းစွာအားမထုတ်နိုင်သောကြောင့် ၀ါတွင်းမှာပင်မြတ်စွာ
 ဘုရားသီတင်းသုံးနေရာဖြစ်သောသာဝတ္တပြည်ဇေတ၀န်ကျောင်းသို ပြန်ကြွသွားကြရလေသည်။

ဖားကန် အနီးမိုင်းထိ၍ မြန်မာ့ တပ်မတော် အရာရှိ ၆ ဦးပါဝင် ၄၈ ဦးကျဆုံး

ရန်ကုန် ဩဂုတ် ၃၁

အစိုးရတပ်ဖွဲ များနှင့်ကေအိုင်အေတို့တိုက်ပွဲ များဖြစ်ပွါးနေသော မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ် ဖားကန့် နယ်မြေအနီးတွင် မြန်မာ့တပ်မတော် ခလရ (၂၆၉) တပ်ရင်းသည်ဩဂုတ်လ ၂၉ ရက်နေ့က ကေအိုင်အေ များခိုအောင်းနေထိုင်နေသည် ကျေးရွာ ကိုဝင်ရောက်ရှင်းလင်းရာ ကေအိုင်အေ တို့ထောင်ထား သည် မိုင်းပဒေ သာအတွဲလိုက် ထိမှန်ပြီးအရာရှိ ၆ ဦးနှင့် အခြားအဆင့် တပ်သားစုစုပေါင်း ၄၂ ဦး စုစုပေါင်း ၄၈ ဦးကျဆုံးသွားကြောင်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာန ချုပ် မှတစ်ဆင့်သတင်းများရရှိ သည်။

 The Voice Weekly

မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်သော အဆိုကို အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်း


တက္ကသိုလ်တက်ရောက်မည့်ကျောင်းသား၊ ကျောင်းသူများအတွက် မိမိကြိုက်နှစ်သက်ရာ တက္ကသိုလ်တက်ရောက်နိုင်ရန် သီးခြား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း အဆိုကို ၂ဝ၁၂ခုနှစ် သြဂုတ်လ ၃ဝရက်နေ့၊ အမျိုးသားလွှတ်တော်တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။
 
'' ဆယ်တန်းအောင်ပြီး ကိုယ်ကြိုက်တဲ့ တက္ကသိုလ်တက်နိုင်ဖို့ကို ဆယ်တန်းအမှတ်စာရင်းကို မကြည့်တော့ဘဲနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲထပ်ဖြေဖို့ ဦးနုကအဆိုတင်သွင်းတာပေါ့ ဒီကိစ္စကိုလာမယ့် နှစ်ဆိုရင်တော့ အကောင်အထည်ဖော်ဖြစ်မယ် ထင်ရတယ်။'' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
 
၎င်းအဆိုတင်သွင်းခြင်းအား ရန်ကုန်တိုင်းဒေသကြီး အမှတ်(၃)အခြေခံပညာရေး၊ ညွှန်ကြားရေးမှူးဟောင်း ဦးနုမှ တင်သွင်းကာ ပညာရေးဒုဝန်ကြီးမှလည်း လက်ခံသဘောတူခဲ့ပြီး အခြေအနေပေးပါက ဆွေးနွေးန် အမျိုးသားလွှတ်တော် နာယကမှ အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။

အလုပ်သမားဝန်ကြီး ဌာနက အလုပ်သမားရေးရာ ကိစ္စရပ်များ ရှင်းလင်း

အစိုးရ အလုပ်သမားဝန်ကြီး ဌာနက အလုပ်သမားရေးရာ ကိစ္စရပ်များ ရှင်းလင်းပွဲကို လှိုင်သာယာမြို့နယ် စက်မှုဇုန်မှာရှိတဲ့ ကနောင်ခန်းမမှာ ဒီကနေ့က ပြုလုပ်ခဲ့ပါတယ်။

ဒီ ရှင်းလင်းပွဲကို လှိုင်သာယာ စက်မှုဇုန် အလုပ်သမား အဖွဲ့အစည်းတွေက

ခေါင်းဆောင်တွေ၊ အလုပ်ရှင်တွေ အပါအ၀င် ရန်ကုန် အခြေစိုက် IKO နိုင်ငံတကာ အလုပ်သမားအဖွဲ့ တာဝန်ရှိသူ Ross Wilson လည်း တက်ရောက်ခဲ့ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ
မှာ အလုပ်သမား ဝန်ကြီးဌာန အလုပ်ရုံ၊ အလုပ်သမားဥပဒေ စိစစ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်း ဥပဒေတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေးလုပ်ငန်း ပုဂ္ဂလိကသို့ စတင်ပေး


ရန်ကုန်(မဇ္ဈိမ) ။        ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်ရှိ လျှပ်စစ်ဓါတ်အား ဖြန့်ဝေရေး လုပ်ငန်းကို စက်တင်္ဘာ လဆန်းမှ စတင်၍ ပုဂ္ဂလိက ကုမ္ပဏီတခုအား လုပ်ကိုင်ခွင့် ပြုလိုက်ကြောင်း တိုင်းဒေသကြီး မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်းက ပြောသည်။

လျှပ်စစ်ဓါတ်အား ဖြန့်ဝေသည့် ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပုဂ္ဂလိက ကုမ္ပဏီသို့ ယခုလို လုပ်ကိုင်ခွင့်ပြုခြင်း မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း တိုင်းအင်ဂျင်နီယာ ဒေါ်အေးအေးမင်း က မဇ္ဈိမကို ပြောသည်။ လုပ်ကိုင်ခွင့် ရရှိသွားသူမှာ မန္တလေး အခြေစိုက် ပစိဖိတ် အီလက်ထရောနစ် ကုမ္ပဏီ ဖြစ်သည်။

“လျှပ်စစ် ဓါတ်အားကို ပုံမှန်နဲ့ ဗို့အားအပြည့် ဖြန့်ဝေနိုင်ဖို့ လောလောဆယ် 315 KTA ဗို့အားရှိ ထရန်စဖော်မာ ၂၂ လုံး ထပ်တပ်ဆင်ဖို့ စီစဉ်နေတယ်” ဟု ဒေါ်အေးအေးမင်း က ဆိုသည်။

ရခိုင်မှ အိုးအိမ်မဲ့ ဒုက္ခသည်များအား သြစတြေးလျ တိုက်ရိုက်ကူညီမည်


မဇ္ဈိမသတင်းဌာန ။        ။ သြစတြေးလျနိုင်ငံသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သည့် ပဋိပက္ခများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လူပေါင်း ၁၄,ဝဝဝ ခန့်အား လိုအပ်မည့် အခြေခံ ပစ္စည်းများ ပေးအပ်နိုင်ရန် ရည်ရွယ်၍ အရေးပေါ် အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံသို့ ပေးအပ်မည် ဖြစ်သည်။

“အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီအဖြစ် အဝတ်အစား၊ စောင်တွေ နဲ့ တခြား အခြေခံ ပစ္စည်းတွေ ဖြစ်တဲ့ ခြင်ထောင်၊ အိပ်ရာခင်း၊ ဆပ်ပြာလို ပစ္စည်းတွေကို ပေးအပ် ကူညီဖို့ ဖြစ်ပါတယ်” ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား Bob Carr က ဆိုသည်။


အိမ်တွေကို စွန့်ခွါထွက်ပြေးပြီး အခုလောလောဆယ် ယာယီစခန်းတွေမှာ ခိုလှုံနေကြတဲ့ လူ ၁၄,ဝဝဝ အတွက် အရေးပေါ် အကူအညီပေးအပ် ကူညီဖို့ ဖြစ်ပါတယ် (ဓါတ်ပုံ မဇ္ဈိမ)

ပဋိပက္ခအတွင်း ပျက်စီးသွားခဲ့သည့် သီးနှံပင်များအား ပြန်လည် အစားထိုး စိုက်ပျိုးရန် အတွက် မျိုးစေ့များနှင့်
မြေသြဇာများကိုလည်း ပေးအပ်ကူညီသွားမည် ဖြစ်သည်။

သတင်းထောက်များအား ဇာဂနာ ညစ်ညမ်းစွာဆဲဆို


Friday, 31 August 2012

ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာနို င်အောင် မြ န်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း ပြည်ပသတင်းထောက်များအားစွယ်စုံရ
အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊
ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။

ပြန်ကြားရေးဝန်ကြီးသစ်နဲ့ မူဝါဒအပြောင်းအလဲ


ဝန်ကြီးဦးအောင်ကြည်က သူကိုင်တွယ်ရမယ့် ပြန်ကြားရေးဌာနရဲ့ မူဝါဒတချို့ကို အပြောင်းအလဲ လုပ်မယ်လို့ သိရပါတယ်။
အဲဒီထဲမှာ "မီဒီယာကို မီဒီယာနဲ့တိုက်" ဆိုတဲ့ အစီအစဉ်ကို ဖျက်သိမ်းရေးဟာ ထိပ်ဆုံးက ပါဝင်နေပါတယ် တဲ့။
ဒီမူဝါဒအပြောင်းအလဲကြောင့် ၀န်ကြီးသစ်လက်ထက်မှာ တန်ပြန် ဝါဒဖြန့်တာတွေ ရပ်နားသွားဖွယ်ရှိပါတယ်။
သီချင်းဦးစားပေး ပိတောက်မြေ FM က ဆိုရင် ၀ါဒဖြန့်တာတွေတင်မက စော်ကားရိုင်းပျတာတွေကိုပါ ထုတ်လွှင့်ခဲ့တာပါ။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပြည်သူသည်အဓိက(ရေးသားသူ-ထင်အောင်ကျော်)


ကမ္ဘာ့နေရာ အများအပြားမှာပင် အဂတိလိုက်စားမှုက ဘ၀၏တစ်စိတ်တစ်ပိုင်းလို ဖြစ်နေပါသည်။ သမ္မတဦးသိန်းစိန်ကလည်းမြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုသည်

အောက်ခြေအဆင့်၌ နေရာတိုင်းလိုလိုတွင် ရှိနေသေးသည်ဟု ပြောခဲ့ပါသည်။ ထို့အပြင် အကျင့်ပျက်ခြစားမှုများကို အရေးယူရန် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ အတည်ပြုလိုက်ပြီဆိုသောသတင်းကိုလည်း ကြားလိုက်ရပါသည်။ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးအတည်ပြုသွားရန် အဆင့်များတော့ ကျန်နေပါသေးသည်။
    မည်သို့ဆိုစေ ဤသည်ကား အဂတိလိုက်စားမှုသည် မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကင်ဆာရောဂါလို လှိုက်စားနေတာကို
 ဆက်ပြီးမျက်နှာလွှဲမထားတော့ဘူးဆိုခြင်း၏ နိမိတ်ပုံပေတည်း။

ပြည်ထောင်စုဝန်ကြီးဌာနများ ပြင်ဆင်ဖွဲ့စည်းခွင့်ပြုနိုင်ရေး နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့သ၀ဏ်လွှာပေးပို့

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မူလ ပြည်ထောင်စုဝန်ကြီးဌာန ၃၄ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၀ ဦး ခန့်အပ်ခဲ့ရာမှ ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ဌာနတွင် ပြည်ထောင်စုဝန်ကြီး ၃၆ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ် ၃၁ ရက် ရက်စွဲဖြင့် သ၀ဏ်လွှာပေးပိ
ု့သည်။

နိုင်ငံတော် သမ္မတက ပြင်ဆင် ဖွဲ့စည်းလိုသော ပြည်ထောင်စုဝန်ကြီးဌာနများစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ပြင်ဆင်ဖွဲ့စည်းမှု အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နှစ်ခုမှ တစ်ခုတည်းသာဖြစ်လာပြီး၊ မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ဖျက်သိမ်းကာ၊ သမ္မတရုံး ၀န်ကြီးဌာနအောက်တွင် ၀န်ကြီးဌာန ၆ ခုရှိလာသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးဆောင်ကျင်းပမည့် ဂီတဖြေဖျော်ပွဲ Sky Net မှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် ဦးအောင်ကြည် ခွင့်ပြု

 ရန်ကုန်၊ သြဂုတ်-၃၁

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဆောင်ကျင်းပမည့် “စေတနာ့ဝသန်” ဂီတဖျော်ဖြေပွဲကို Sky Net ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့် ပြသနိုင်ရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ ၈၈ အဖွဲ့ခေါင်းဆောင်များ စာတင်လျှောက်ထားခဲ့ရာ ထုတ်လွှင့်ပြသခွင့်

ပြုခဲ့ကြောင်း ၈၈ အဖွဲ့မှ ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုကပြောသည်။

Sky Net ရုပ်သံလိုင်းသည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေသည့် အခပေး ရုပ်သံလိုင်းတစ်လိုင်းဖြစ်ပြီး ဖျော်ဖြေပွဲအများစုကို တိုက်ရိုက်ထုတ်လွှင့် ပြသလေ့ရှိနေသော်လည်း ၈၈ ကျောင်းသားများအဖွဲ့မှ စီစဉ်သည့်ပွဲ ဖြစ်နေခြင်းကြောင့် Sky Net ကုမ္ပဏီဘက်မှ တိုက်ရိုက်ခွင့်ပြုချက် မရရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်းကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ

ABSDF (မြောက်ပိုင်း)စခန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုရန် စီစဉ်

ကိုထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ)
ရန်ကုန်၊ သြဂုတ်-၃၁

ABSDF (မြောက်ပိုင်း)တွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သော ကိစ္စများနှင့် ပတ်သက်၍ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းပြန်များက သြဂုတ်လ ၃၁ ရက် မနက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“အမှုတည်ဆောက်နေပါ

တယ်”ဟု ကိုဆမားညီညီက ပြောသည်။ အချက်ခြောက်ချက်ပါ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ၏ ထုတ်ပြန်ချက်တွင် သေဆုံးသူများ၏ မိသားစုဝင်ဟောင်းများက တရားဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းပါက လက်တွဲမည်ဟုပါရှိပြီး ကာယကံရှင်ကိုယ်တိုင် တရားဥပဒေကြောင်းအရ ဖြေရှင်းရန် ရှိ၊ မရှိ မေးမြန်းရာတွင် ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒီဟာအားလုံးကို တစ်နေရာထဲမှာ တစ်စုတစ်ဝေးတည်း ဖြစ်ပြီးတော့မှ စွဲဆိုနိုင်အောင် ကြိုးစားနေပါတယ်”ဟု ၎င်းကဆိုသည်။ အမှုတည်ဆောက်ပြီးပါက တရားရေးနှင့် ပြည်ထဲရေးတို့ကို သီးခြားစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုသွားရန် အစီအစဉ်ရှိကြောင်း ၎င်းတို့ကပြောသည်။

ABSDF မြောက်ပိုင်းကိစ္စ၊ ထွန်းအောင်ကျော်၊ အောင်နိုင်၊ စိုးလင်းနဲ့ ကျွန်တော်( ဒေါက်တာသန်းထွဋ်အောင်)

ဒေါက်တာ(ကျော်မင်းဦး)၊ (ဒေါက်တာ)သန်းထွဋ်အောင်၊ ဒေါက်တာအောင်မြင့်ထွန်းနှင့် အောင်နိုင်(ကျောင်းမပြီး)တို့ကို ၁၂-၉-၁၉၈၈ နေ့က လမ်းမတော်ဆေးတက္ကသိုလ်(၁)တွင် ပြုလုပ်သည့်မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်(ယာယီ) ဖွဲ့စည်းသည့်နေ့တွင် တွေ့ရစဉ်


လွန်ခဲ့တဲ့ ၃-၄ နှစ်က စိုးလင်း(အနကလ ဒုဥက္ကဋ္ဌ)က ပြောတယ်။ အောင်နိုင်(အနကလ ဥက္ကဋ္ဌ)က ထွန်းအောင်ကျော်(အထက်ဗကသ ဥက္ကဋ္ဌ၊ နောက် ဒုဥက္ကဋ္ဌ) ကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ်ခဲ့တယ်။ ကျွန်တော့်ကိုလည်း ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်)က ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ဖို့ ကြိုးစားတယ်ဆိုတော့ ကြားစက ယုံတောင် မယုံဘူး။

ဟုတ်တယ်လေ။ ထွန်းအောင်ကျော်၊ ကိုလတ်၊ ဇော်ရဲတို့က ညီအစ်ကိုတွေ၊ သူတို့က ကျွန်တော်တို့နဲ့ စီဗွီလိုင်း တစ်ရပ်ကွက်ထဲ၊ ကိုနိုင်အောင်နဲ့ ကျွန်တော်က တစ်လမ်းထဲ(အရေးအခင်းမှာ မော်လမြိုင်ကနေပါသွားတာ)။ အောင်နိုင်(စီလမ်းထဲမှာ နေတယ်)ရဲ့ အဖေက ခွဲစိပ်ဆရာဝန်ကြီး။ သူက  Final Part I ၊ သူနဲ့ ဇော်မြင့်၊ ဇော်ရဲ၊ အောင်မြင့်ထွန်းတို့က အတွဲတွေ။ ကျွန်တော် ကိုဇာနည်အောင်(မနတ)၊ ထွန်းအောင်ကျော်(ဗကသ)၊ အောင်နိုင်၊ စိုးလင်း၊ မင်းလွင်(အနကလ) အားလုံး စားအတူ၊ သွားအတူ၊ လုပ်ဖော်ကိုင်ဖက်တွေ။ ကျွန်တော်က အားလုံးထဲမှာ အသက်အကြီးဆုံးနဲ့တူတယ်။ အဲဒီတုန်းက မန္တလေးဆိုတာက အကျယ်ကြီးလည်းမဟုတ်ဘူး။

ပြည်ပနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သူတချို့ အမည်မဲစာရင်းမှ ပယ်ဖျက်ပေးဖို့ မရှိသေး

ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ ယခင်အစိုးရ လက်ထက်က နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အမည်မဲစာရင်း Blacklist ထည့်သွင်းထားမှုကနေ ပယ်ဖျက်ပေးဖို့ လောလောဆယ် အစီအစဉ် မရှိသေးဘူးလို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ ပြောပါတယ်။
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ဒုတိယအကြိမ် စီမံကိန်းကော်မရှင် တတိယနေ့ အစည်းအဝေး ကျင်းပနေစဉ်။
"နိုင်ငံတော် လှို့ဝှက်ချက်၊ နိုင်ငံတော် သစ္စာဖောက်မှု၊ နိုင်ငံရေးခိုလှုံသွားတာတွေ တချို့ဆိုးဆိုးရွားရွားကြီးတွေပေါ့နော်။ အဲလိုဟာတွေ ဆိုရင်တော့ လွှတ်ထားရမှာပေါ့နော်"
ဦးသိန်းစိန်အစိုးရဟာ အရင်စစ်အစိုးရ လက်ထက်က နာမည်ပျက် စာရင်းထဲ ထည့်သွင်းထားခဲ့တဲ့ လူပုဂ္ဂိုလ် ၆၁၆၅ ဦးထဲက ၂၀၈၂ ဦးကို အခုလ ၂၈ ရက်နေ့က အမည်မဲ စာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။

ABSDF ခေါင်းဆောင်ဟောင်း ပြန်တော်ပြန်စဉ် အနှိပ်စက်ခံ ကျောင်းသားဟောင်းများ ရှင်းလင်းပွဲ ပြုလုပ်

ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ ယနေ့ (သြဂုတ်လ ၃၁ရက်နေ့) မွန်းလွဲပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဉ်
ရန်ကုန်၊ သြဂုတ် ၃၀

မြန်မာ တစ်နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ခေါင်းဆောင်များ အဖြစ်တာဝန်ယူခဲ့သော ဒေါက်တာ နိုင်အောင်နှင့် အဖွဲ့ဝင် အချို့ မနက်ဖြန် မြန်မာနိုင်ငံသို့ ခေတ္တပြန်လာချိန်တွင် ညှပ်ပမ်းနှိပ်စက်ခံခဲ့ရသည်ဆိုသော မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ကခ

ျင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အကြောင်းရှင်းလင်းမည်ဖြစ်သည်။

အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါက်တာနိုင်အောင် အပါအ၀င် အခြားအဖွဲ့ဝင် နှစ်ဦး နိုင်ငံအတွင်း ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မိုးသီးဇွန်က သန်ဘက်ခါတွင် အသီးသီး ရန်ကုန်မြို့တော်သို့ ရောက်ရှိမည် ဖြစ်သည်။

ထို့အတူ မနက်ဖြန်တွင် မြောက်ပိုင်း ABSDF ကျောင်းသားဟောင်းများက ၁၉၉၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသားများကို သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းပွဲတစ်ရပ် ရန်ကုန်မြို့တော်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ချယ်ရီကား အစီး ၂၀၀ ခန့် မြန်မာနိုင်ငံတွင်း ရောင်းချမည်

ရန်ကုန်၊ သြဂုတ် ၃၀

အန္တရာယ်ရှိ ဖိုက်ဘာ အစိတ်အပိုင်းများ ပါဝင်သည်ဟု သတင်းထွက်သော တရုတ်နိုင်ငံထုတ် ချယ်ရီ ဝက်ဂွန် မီနီ စလွန်းကား အစီး ၂၀၀ ခန့်ကို စက်တင်ဘာလ မှ စတင်ကာ ရောင်းချပေးမည်ဖြစ်ကြောင်း စက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ သြဂုတ်လ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

တရုတ် နိုင်ငံထုတ် ချယ်ရီ ဝက်ဂွန် ကား

များ၏ အင်ဂျင် ဂတ်စ်စကတ် ( gasket ) နှင့် မီးခိုး စွန့်ထုတ် စနစ်များတွင် “Asbestos” ဟုခေါ်သော အန္တရာယ်ရှိ ဖိုက်ဘာ အစိတ်အပိုင်းများ တွေ့ရှိရသဖြင့် သြစတြေးလျ နိုင်ငံတွင်းတွင် အဆိုပါ ကားများ ရောင်းချခြင်းကို ရပ်ဆိုင်းထားရန် ကားတင်သွင်းသည့် ကုမ္ပဏီ Ateco Aumotive က ညွှန်ကြား ထားကာ သြစတြေးလျ နိုင်ငံ ယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကော်မရှင် ( ACCC ) က အဆိုပါ ကားများ သိမ်းဆည်းမှုကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း AFP သတင်းတွင် သြဂုတ်လ ၂၅ ရက်နေ့က ရေးသားထားသည်။

ကချင်ဒုက္ခသည်များ အတင်းအကျပ် ပြန်မပို့ရန် အမေရိကန်တိုက်တွန်း

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ကချင်ဒုက္ခသည်တွေကို အတင်းအကျပ် ပြန်မပို့ဖို့နဲ့ ယာယီ ခိုလှုံခွင့်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
photo courtesy of Kachinnet.net
ဆဒုံးမြို့နယ်ခွဲ နယ်စပ်မှတ်တိုင် ၆ နှင့် ၈ ဒုက္ခသည်စခန်း၊ မိုးမောက်မြို့နယ် မိုင်ဂျာယန်အနီး ဆိုင်မိုင်ပါနဲ့ အင်ဘာပါ ဒုက္ခသည် စခန်းများ၌ UNOCHA, UNHCR, WFP တို့က အကူအညီပေးနေစဉ်။
တရုတ်အစိုးရက ကချင်ဒုက္ခသည် တစ်ထောင်လောက်ကို စစ်ပွဲဖြစ်နေရာ ဒေသတွေကို ပြန်ပို့ခဲ့ပြီး နောက်ထပ် လေးထောင်လောက်ကိုလည်း ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ လူ့အခွင့်ရေး စောင့်ကြည့်ရေးအဖွဲ့HRW က ပြောဆိုထားပါတယ်။

Thursday 30 August 2012

တရားဆိုင် ဟူးကောင်း လယ်မြေများ ယုဇနက အကုန် ပြန်ပေးမည်

ယုဇနကုမ္ပဏီက သိမ်းထားသည့် ကချင်ပြည်နယ်ဟူးကောင်း ဒေသမှ တရားစွဲဆိုထားသည့် လယ်မြေများ ကို အလုံးစုံပြန် လည် ပေးမည်ဟုကုမ္ပဏီဥက္က ဦးဌေးမြင့်က ပြောကြောင်းသိရသည်။

ဩဂုတ်၃ဝရက်နေ့တွင် ရန်ကုန်မြို့အဆိုပါ ကုမ္ပဏီရုံးချုပ်ရှေ့တွင် ဟူးကောင်းဒေသခံ တောင်သူများ ဆန္ဒပြ ရန်စီစ

ဉ်ထားစဉ် ဦးဌေးမြင့်က ယင်းတောင် သူများအားခေါ်ယူညှိုနှိုင်းခဲ့ခြင်းဖြစ် ကြောင်းသည့် အတွက် ဆန္ဒပြပွဲမဖြစ် မြောက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဆောင်သူ ဒေါ်ဘောက် ဂျာကပြောသည်။

''ကျွန်မတို့ကို ဦးဌေးမြင့်က နေပြည်တော်ခေါ်ပြီး ညှိုပေးတယ်။ဒါ ကြောင့်ဆန္ဒပြပွဲ လည်း ပျက်သွား တာပါ။ သူပြောတာကတော့ ကုမ္ပဏီကို တရားစွဲထားတဲ့လယ်မြေတွေအကုန်လုံး ကိုပြန်ပေးပါ့ မယ်လို့ ပြောတယ်။ အခု တရားရုံးမှာတိုင်ထားတဲ့တောင်သူတွေ ရဲ့လယ်ဧကသုံးထောင်လောက်ကို လယ် ပြန်စိုက်လို့ရတဲ့ အခြေအနေထိ လုပ်ပေး ပါ့မယ်လို့နှုတ်ကတိတော့ ရလာပါပြီ။ အရင်က ဒီလယ်မြေပေါ်မှာ အကျိုးအမြတ် ကို တစ်ဝက်စီယူမယ်လို့ပြောပေမယ့် တောင်သူတွေဘက်က လက်မခံကြ ပါဘူး။

လက်ခုပ်သံ ( ငွေဇင်ယော်ဦး (မိုးကုတ်))





“မြန်မြန် ရတာထက် အဲ့ဒီ စာတစ်ပုဒ်ကို ဘယ်အချိန်ပြန် မေးမေး မထစ်မငေါ့ ဒိုးဒိုးဒေါက်ဒေါက် ပြန်ဖြေနိုင်အောင် မှတ်မိ နေတာမျိုး ပိုဖြစ်စေချင်တယ်” ထင်သည့် အတိုင်းပဲ လာပါပြီ။
ထုံးစံအတိုင်း ခံစားမှုမဲ့သော ကျောက်ရုပ်ပမာ မပြုံးမရယ် မျက်နှာပေးနှင့် မပြေပြစ်သော စကား။ အစကတည်းက “တော်သားပဲ“ဟူသော  ချီးကျူး စကားမျိုးကို မျှော်လင့်ခဲ့၍ဖြင့် မဟုတ်ပါ။ သို့ပေမဲ့ “ဒီလောက်ဆို မဆိုးပါဘူး” ဆိုသည့် မှတ်ချက်မျှ လောက်တော့ ရရှိလိမ့်မည် ထင်ထားခဲ့သူ ကိုယ့်မှာသာ အောင့်သီးအောင့်သက် ဖြစ်မိရသည်။ အင်းလေ၊ တကယ် တမ်းတွေးကြည့်တော့လည်း သူ့အပြစ်တော့ မဟုတ်။ သူ့အကြောင်း သိပါလျက်နှင့် အမှတ်သည်းခြေ မရှိစွာ မျှော်လင့်ချင်ခဲ့သည့်  ကိုယ်သာလျှင် အပြစ်ရှိသူ။

“ကဲ အချိန်ဖြုန်း မနေနဲ့။ စာလုပ်ကြရအောင်”စာအုပ်ကို တမင်တကာ အသံမြည်အောင် စားပွဲပေါ်ပစ်တင်လိုက်သည်။ ကိုယ့်ကို တစ်စက်ကလေးမှ အထင်မကြီးသည့် အမျိုးသမီး။ အောင်စာရင်းတွေ ထွက်လာမှ ဘယ်လိုဆိုတာ သိသွားရလောက်အောင် ကြိုးစား ပြလိုက်ဦးမည်ဟု ခက်ဖြူသွယ် ရင်ထဲကြိတ်၍ တေးမှတ် ထားလိုက်သည်။

သြော်..လွှတ်တော်..လွှတ်တော်


အရှင်ဝီရသူဦးဆောင်သည့် ဆန္ဒဖော်ထုတ်ပွဲ မန္တလေး ၆ မြို့နယ်တွင် ပြုလုပ်မည်


သြဂုတ်လ(၂၁)ရက်ကပြုလုပ်သည့် သမ္မတအားထောက်ခံပြီး ကင်တားနားအားကန့်ကွက်သည့် ရှပ်အင်္ကျီမိတ်ဆက်သည့် အခမ်းအနားတွင် ဆရာတော်ဝီရသူကိုတွေ့ရစဉ်

ရခိုင်ပဋိပက္ခနှင့် ပတ်သက်ပြီးနိုင်ငံတော်သမ္မတအားထောက်ခံကာ မစ္စတာ ကင်တားနားကို ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲအား မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်းနာယက ဆရာတော် အရှင်ဝီရသူ(မစိုးရိမ်)က ဦးဆောင်ကာမန္တလေး(၆) မြို့နယ်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂ ရက်တွင် ချမ်းအေးသာစံမြို့နယ် ၊ မဟာအောင်မြေမြို့နယ်၊အောင်မြေသာစံမြို့နယ်၊ စက်တင်ဘာ ၃ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ စက်တင်ဘာ ၄ ရက်တွင် အမရပူရမြို့နယ်တို့ ၌ပြုလုပ်သွားမည်ဟု ဆရာတော် အရှင်ဝီရသူ က မိန့်ကြားသည်။

အိမ်သာသော နေ့များဆီသို့(ရေးသားသူ-မောင်သာချို)


 (တစ်)
ဝတ္ထုဆန်ဆန်၊ ဒဏ္ဍာရီဆန်ဆန် အဖြစ်အပျက်တို့နှင့် တင်းကျမ်း ပြည့်နှက်နေသည့်အတွက် ခေတ် သစ်သမိုင်းဆရာတို့အနေနှင့် လုံး စေ့ပတ်စေ့ ဘ၀င်ကျနိုင်စရာအ ကြောင်းမရှိသော ''ဦးကုလား မဟာရာဇ၀င်ကြီး''၏ အလိုအရ ဆိုလျှင်ဖြင့် ပုဂံဘုရင်တစ်ပါး၏ ကျဆုံးခန်းသည် ရေအိမ်နှင့်ပတ် သက်နေပါလေသည်။ ဟုတ်ပါ သည်ရေအိမ်။ သည်နေ့အိမ်သာ ဟု ခေါ်ဝေါ်သုံးနှုန်းနေကြသည့် ရေအိမ်။
    ပုဂံခေတ်က ခမည်းတော် အလောင်းစည်သူမင်းကိုသေအံ့ မူးမူး အခြေအနေသို့ ရောက်ရှိနေ သည် မှန်ပါလျက် ဘုရင်အမြန် ဖြစ်လိုဇောဖြင့် လုပ်ကြံခဲ့သည်ဆို သော အဖသတ်သား နရသူ၊ နောင်တော်မင်းရှင်စောကို လုပ် ကြံခဲ့သော နရသူ၊ နာမည်ကျော် ဓမ္မရံကြီးဂူဘုရားကို တည်ထားခဲ့ သော နရသူ၊ ထိုနရသူ၏ မိဖုရား တစ်ပါးက ပဋိက္ကရားမင်း၏ သမီး တော်ဖြစ်ပါသည်။ ဘုရင်နရသူက ရေအိမ်သို့ဝင်လေသောအခါ သန့် သက်ရေ တစ်နည်းအားဖြင့် ကိုယ် လက်သန့်စင်ရန် ရေကိုမဆောင် ယူဘဲ ၀င်ခဲ့ရာ ပဋိက္ကရားမင်းသမီး က မယူဆောင်ရကောင်းလားဟု အပြစ်တင်ပါ၏။ ဤတွင် ဘုရင် နရသူအမျက်ထွက်ကာ ကွပ်မျက် ပါလေသည်။ ယင်းကို ပဋိက္ကရား မင်းက မကျေမနပ်ဖြစ်လေရာ ပုဏ္ဏားရှစ်ယောက်ကို ပုဂံသို့ စေ လွှတ်ပြီး နရသူကိုလုပ်ကြံခိုင်းခဲ့ကြောင်း၊ သို့ဖြင့် အိမ်တော်ရှင်ခေါ် နရသူခေါ် ကုလားကျမင်း နတ် ရွာစံခဲ့ရကြောင်း ထိုရာဇ၀င်တို့က ဆိုကြရာ ရေအိမ်သို့ဝင်စဉ် ရေ မသုံးသည့်အတွက် ပြဿနာစခဲ့ရ ကြောင်း မြင်သာ ထင်သာရှိနေ သည့်အတွက် ပုဂံခေတ်က အိမ် သာတွေမှာ ရေသုံးနေပြီလားဟု စဉ်းစားစရာဖြစ်ပါသည်။

လမ်းဘေးအခွေ ရောင်းသူများ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်တောင်း

ရန်ကုန်၊ သြဂုတ် ၃၀

နိုင်ငံခြားကား ဇာတ်ကားများ ရောင်းချသည့် လမ်းဘေးခွေ ရောင်းချသူများက စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ရှေ့တွင် ဆန္ဒပြရန် ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၉ ရက်က စာတင် လိုက်ကြောင်း ဆန္ဒပြခွင့်ကို ဦးဆောင်လှုပ်ရှားနေသည့် ခွေရောင်းချသူ ကိုသန့်ဇင်က ပြောသည်။

“ဗဟန်း

မြို့နယ်စခန်းမှူးကို သွားတင်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင် ၄၈ နာရီအတွင်း ပြခွင့်ပေးမပေး အကြောင်းပြန်ပါ့မယ်။ လူကတော့ ၅၀ လောက်ပဲ လုပ်ပါလို့ မြို့နယ်မှူးကပြောပါတယ်။ ကျွန်တော်တို့ တင်ထားတာက လူတစ်ရာ လောက်ပြဖို့ပါ။ စီးတန်းလှည့်လည်ခွင့်ဥပဒေအရ ခွင့်ပြုတဲ့ လူထက်များရင် အဖမ်းခံရမှာစိုးလို့ လူငါးဆယ်ထက်မပိုအောင် စည်းကမ်းရှိရှိ ဆန္ဒပြသွားမှာပါ” ဟု ကိုသန့်ဇင်က ပြောသည်။

ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်ရခြင်းမှာ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများကို လွတ်လွတ်လပ်လပ်ရောင်းချခွင့်ပေးရန်နှင့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ ၃၂(ခ) အရ အရေးယူခံထားရသူများအား ဖြေလျှော့ပေးရန်အချက် နှစ်ချက်ကို အဓိကထားတောင်း ဆိုသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မိုးရွာရင် ခဏခဏပြင်ရတဲ့ ရန်ကုန်မြို့တွင် လမ်းများ ပြင်၍မဆုံးနိုင်




ရန်ကုန်မြို့ ဘုရင့်နောင်လမ်းမတစ်နေရာ
မိုးရာသီရောက်သည်နှင့် ရန်ကုန်မြို့ရှိ လမ်းများမှာ အကြိမ်ကြိမ်အခါခါ ဖာထေးပြင်ဆင်ရလေ့ရှိသည့် ထုံးစံအတိုင်း ယခုနှစ်မိုးရာသီတွင်လည်း လမ်းပျက်များစွာကို အကြိမ်ကြိမ် ဖာထေးပြင်ဆင်ရလျက်ရှိကြောင်း၊ သို့သော် မည်မျှပြင်ဆင်ဖြစ်စေ ပြင်၍မဆုံးနိုင်အောင် ရှိနေကြောင်း မြို့နေပြည်သူများက ပြောကြားခဲ့သည်။
ယခုမိုးတွင်းကာလ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခင်နှစ်များကထက် များစွာပို၍ လမ်းပြင်ဆင်ဖာထေးခြင်း ပြုလုပ်ပေးသည်ဆိုသော်လည်း လက်ရှိအချိန်အထိ ရန်ကုန်မြို့ရှိ လမ်းစုစုပေါင်း၏၀ ရာခိုင်နှုန်းမှာ ပျက်စီးသည့်လမ်းများ ဖြစ်နေဆဲဟု ထုတ် ပြန်ထားသည်။
ပြင်ဆင်ခြင်းမပြု၍ ပျက်စီးခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏ ဓလေ့အတိုင်း ရေရှည်ကောင်းမွန်မည့် လမ်းပြင်ဆင်မှု နည်းစနစ်များအအတိုင်း တိကျစွာ လိုက်နာပြင်ဆင်ခြင်းမပြုဘဲ ကာလတို အဆင်ပြေမည့် လမ်းခင်းစနစ်များကိုသာ အသုံးပြု၍ ပြင်ဆင်ခြင်းကြောင့် ပြင်ဆင်မဆုံး နိုင်အောင် ဖြစ်နေရခြင်းဟုလည်း ကျွမ်းကျင်သူများက ထောက်ပြခဲ့ကြပါသည်။

ထိုသို့ ရေတိုနည်းစနစ်ကိုသာ အသုံးပြုခြင်းသည် ရန်ကုန်မြို့နေ အများပြည်သူများ၏ သွားလာရေးအတွက်သာမက အများပြည်သူ ထည့်ဝင်ထားသည့် ဘတ်ဂျက်များကို မလိုအပ်ဘဲ ပိုမိုကုန်ကျစေသည်အထိ ထိခိုက်လျက်ရှိသည်ဟုလည်း သုံးသပ်ကြသည်။
ယခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အများပြည်သူ ပေးဆောင်ရသည့် အမှိုက်ခွန်၊ ရေခွန်စသည်ဖြင့် အခွန်များအား နှစ်ဆနီးပါးအထိ တိုးမြှင့်ကောက်ခံလျက်ရှိပြီး ယာဉ်ရပ်နားခနှင့် ညအိပ်ခွန်ကိုလည်း တိုးမြှင့်ကောက်ခံထားခြင်း ဖြစ်သည်။

တိုင်ဖုန်းမုန်တိုင်းဘိုလဗင်ကြောင့် တောင်ကိုရီးယားတွင် ၁၈ ဦးသေ၊ ၇ ဦးပျောက်ဆုံးလျက်ရှိ




ဂျေဂျူးကျွန်းတောင်ဘက် ဆိုဝီပိုတွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် သောင်တင်နေသော တရုတ်ငါးဖမ်းသင်္ဘောတစ်စင်းမှ အမှုထမ်းများကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရန် ကြိုးပမ်းနေစဉ်
တောင်ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၈ ရက်နေ့က အင်အားပြင်း တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်ခဲ့သောကြောင့် လူ ၁၈ ဦး သေဆုံးခဲ့ကာ ၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဆယ်စုနှစ်တစ်ခုအတွင်း၌ အပြင်းထန်ဆုံးဖြစ်သော အင်အားပြင်း တိုင်ဖုန်းမုန်တိုင်း Bolaven ဘိုလဗင်ကြောင့် နေအိမ် ၂၀၀၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့ရပြီး သင်္ဘောများ နစ်မြုပ်ခြင်း၊ သစ်ပင်များ လဲပြိုခြင်းများလည်း ဖြစ်ခဲ့ကြောင်း သိရသည်။

မုန်တိုင်းဘိုလဗင်သည် တောင်ကိုရီးယားအနောက်ဘက်ရှိ မြစ်ဝါမြစ်ဒေသတွင် တိုက်ခတ်ပြီးနောက် မြောက်ကိုရီးယားဘက်သို့ရွေ့လျားကာ မြေပြိုမှုများဖြစ်ပွားစေနိုင်ကြောင်း ခန့်မှန်းထားကြသော်လည်း အားပျော့သွားခဲ့ကြောင်း သိရသည်။

မိုက်ခရိုဆော့ဖ်က ၂၅ နှစ်အတွင်း ပထမဆုံး လိုဂိုဒီဇိုင်းပြောင်းလဲ





ဝင်းဒိုးစ်အသစ်နှင့် ဟာ့ဒ်ဝဲများပါထုတ်လုပ်တော့မည့် မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပြောင်းလဲလိုက်သည့် လိုဂိုဒီဇိုင်းကို သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ပြသခဲ့သည်။
ဝါစိမ်းနီပြာ လေးရောင်ခြယ် အကွက်လေးကွက်ကို ပြောင်းလဲခြင်းမရှိသော်လည်း ယင်းအကွက်လေးကွက်ကို အလံလွင့်နေသလို စောင်းထားခြင်းကို ဆက်မသုံးတော့ဘဲ လေးထောင့်အတုံးလိုက်ပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး ဘေးတွင် မိုက်ခရို ဆော့ဖ်ဆိုသော စာသားကိုရေးထိုးထားသည့်အသွင်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

မီဒီယာ ဘယ်ဘက်လိုက်မလဲ . . .( ဇော်ဇော်အောင်)


မီဒီယာသမားဟာ အမှန်တရားနဲ့ လူထု အများအကျိုးစီးပွားကို ဦးထိပ်ထားတယ်။ အမှန်တရားနဲ့ လူထု အများအကျိုးစီးပွားကိစ္စမှာ အခြားတစ်ဖက်နဲ့ ယှဉ်လာရင် မီဒီယာသမားဟာ လူထုဘက်က ရပ်တည်ရမယ်။ လူထုဘက်ကပဲ နေရမယ်။ ဘယ်သူ့မျက်နှာမှ မထောက်ရဘူး။ လူထုမျက်နှာပဲ ထောက်ရမယ် . . .

မုံရွာမြို့၊ လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းတွင် အသိမ်းခံခဲ့ရသည့် လယ်ယာဧက ၇၀၀၀ ကျော်အတွက် သြဂုတ်လ ၂၅ ရက်နေ့က ဆန္ဒဖော်ထုတ်နေသည့် ပြည်သူများ
၁။ အဆိုတစ်ခုရှိခဲ့တယ်။ ''ဒီ နေ့ခေတ်မှာ တိုင်းပြည်တစ်ပြည်ရဲ့ ဆက်သွယ်မှုလုပ်ငန်း မီဒီယာကို ကိုင်  ထားနိုင်တဲ့သူက အဲဒီတိုင်းပြည်ကို ပိုင်ပြီ . . .''ဆိုတဲ့အဆိုပါပဲ။ ကျွန် တော်တို့စကားမှာ ''ခါးပိုက်ထဲထည့် ထားတယ်ဆိုတဲ့ စကားရှိတယ်။ ပိုင် တယ်၊ လိုသလိုစေခိုင်းလို့ရတယ်ဆို တဲ့ သဘောပေါ့။ လူတစ်ယောက် (သို့မဟုတ်)လူတစ်စုဟာ နိုင်ငံတစ် နိုင်ငံမှာ''မီဒီယာ''ကို ခါးပိုက်ထဲ ထည့်ထားနိုင်ရင် အဲဒီနိုင်ငံကို သူ(သို့ မဟုတ်)သူတို့ပိုင်သွားပြီလို့ ဆိုပါ တယ်။ ဆက်ပြီး နားလည်ရမှာက နိုင်ငံကို ပိုင်သွားပြီဆိုတာ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးအာဏာအုပ်ချုပ်ရေးအာဏာ၊ စီးပွားရေးအာဏာ၊ အာဏာတွေအား လုံးကို ရသွားပြီ၊ ပိုင်သွားပြီလို့ ဆိုလို တာပါပဲ။

ထူးခြားတဲ့ အဖြစ်အပျက်တွေ တကယ့် reality တွေကိုလည်း ရိုက်ပြခွင့် ရချင်ပါတယ်၊ ဒါရိုက်တာကြည်ဖြူသျှင်နှင့် တွေ့ဆုံခြင်း





5222 လူငယ်အမျိုးသမီး ဒါရိုက်တာတစ်ဦးအဖြစ် ယုံကြည်ရာ အနုပညာခရီးလမ်းကို ရဲဝံ့စွာလျှောက်လှမ်းလာခဲ့သူ ဒါရိုက်တာကြည်ဖြူသျှင်သည် ယခုနှစ်ပိုင်းများအတွင်း အနုပညာလှုပ်ရှားမှုများတွင် သာမက ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားနေသည့်အပြင် လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှုများတွင်ပင် တက်ကြွလှုပ်ရှားလာခဲ့သည်။ ဒါရိုက်တာ ကြည်ဖြူသျှင် အပါအ၀င် အမျိုးသမီးသုံးဦး ပေါင်းစပ်ဖန်တီးထားသည့် မှတ်တမ်းဇာတ်ကားတိုအား ၀ဿန်ရုပ်ရှင်ပွဲတော်၏ အမျိုးသမီး အနုပညာဖန်တီးမှု ခေါင်းစဉ်အောက်တွင် တင်ဆက်ရန် ရွေးချယ်ထားသည်ဟုလည်း သိရှိရသည်။ NLD ပါတီသို့ ပါတီဝင်တစ်ဦးအဖြစ် မကြာခင်က ၀င်ရောက်ခဲ့သည့် ဒါရိုက်တာကြည်ဖြူသျှင်၏ လူမှုရေးနှင့် နိုင်ငံရေးလှုပ်ရှားမှုများအပေါ် ခံယူချက်၊ ရှေ့ဆက်သွားလိုသည့် လမ်းကြောင်းတို့ကို မေးမြန်းဖြစ်ခဲ့ပါသည်။

အသစ်ခန့်အပ်မည့် ၀န်ကြီးများ အရပ်သားပညာရှင် ပါဝင်ဖို့ရှိ

သမ္မတ ဦးသိန်းစိန် အခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အချိန်ကာလ (၂)လ လောက် ကြာမြင့်ဖို့ရှိပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားမှာ ဖြစ်သလို အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင် ပညာရှင်တွေ ပါဝင်လာဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
Photo: Myanmar President Office
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
သမ္မတ ဦးသိန်းစိန်အနေနဲ့ ရာထူးက အနားပေးလိုက်တဲ့အတွက် လစ်လပ်သွားတဲ့ ၀န်ကြီးတွေနေရာတွေကို အသစ်ခန့်အပ်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်နဲ့ တိုင်ပင် အတည်ပြုချက် ရယူပြီးမှ ဆောင်ရွက်သွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

သုံးရက်အတွင်း ပြည်ထောင်စု အဆင့် ရာထူး (၃၀) အပြောင်းအလဲ ဖြစ်

ရန်ကုန်၊ သြဂုတ် ၂၉

နိုင်ငံတော် သမ္မတရုံး သြဂုတ် ၂၇ ၊၂၈ ၊၂၉၊ ရက်နေ့များတွင် ထုတ်ပြန် ကြေညာချက်များ အရ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ် အပါအဝင် ပြည်ထောင်စု အဆင့် ရာထူးနေရာ ၃၀ အပြောင်းအလဲ ဖြစ်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက် များအရ သြဂုတ်လ ၂၇ ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီး ( ၉ ) ဦးကို နေရာပြောင်းရွှေ့  ခန့်ထားခဲ့ပြီး
ဒုဝန

်ကြီး ( ၁၅ ) ဦးကို အသစ် ခန့်ထားခဲ့သည်။ သြဂုတ်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက် တွင်မူ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တကွ ဝန်ကြီး ( ၂ ) ဦးအား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း ဖော်ပြ ပါရှိသည်။

အမည်ပျက်စာရင်းထဲက ထုတ်လိုက်တဲ့ နာမည် ၁,၁၄၇ ခု

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကင်မ် (ဓာတ်ပုံ - ဧရာဝတီ)

Black List မှ ပယ်ဖျက်လိုက်သော နိုင်ငံခြားသားများစာရင်းဆိုပြီး အခုလေးတင် သမ္မတရုံးဝက်ဘ်ဆိုဒ်မှာ တင်လာ ပါတယ်။
ပြည်ပနိုင်ငံအသီးသီးမှာ နိုင်ငံသားအဖြစ်ခံယူထားကြတဲ့ မြန်မာတွေ အပါအဝင် စုစုပေါင်း ၁,၁၄၇ ယောက်ပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးအမည်ကို ထိပ်ဆုံးမှာ တွေ့ရမှာပါ။
စာရင်းကို ဟိုတို့ဒီတို့ ဖတ်ကြည့်တဲ့အခါ နာမည် ၂ ခု ထပ်နေတာ ၄၊ ၅ ခုတွေ့ရတာမို့ ၁,၁၄၇ ဆိုပေမယ့် တကယ်တမ်း ၁,၁၃၅ နဲ့ ၁,၁၄၇ ကြားမှာ ရှိလောက်မယ် ထင်ပါတယ်။

စာရင်းထဲမှာ မကြာခင်ရက်ပိုင်းအတွင်း ပြည်ထဲကို အလည်သွားကြမယ့် ABSDF ဥက္ကဌဟောင်း ကိုမိုးသီးဇွန် နာမည်လည်း ပါပါတယ်။

ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဇာတ်လမ်း ရိုက်ကူးမှု လူအများ ထိပ်လန့်

အမေရိကန်ပြည်ထောင်စုသို့ သမ္မတ ဦးသိန်းစိန် လွတ်လပ်စွာသွားရောက်နိုင်အောင် အိုဘားမား လမ်းဖွင့်ပေး

ဝါရှင်တန်၊ သြဂုတ် - ၃၀

အမေရိကန်ပြည်ထောင်စု သမ္မတအိုဘားမားသည် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန် ကုလသမဂ္ဂထိပ်သီးဆွေးနွေးပွဲ တက်ရောက်နိုင်ရေးအတွက် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ကန့်သတ်မှုများကို လျှော့ချပေးပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ထောက်ခံမှုပြုသည် ဟူသောအချက်ကို ထုတ်ဖော်ပြသလိုက်ကြောင်း န

ိုင်ငံတကာ သတင်း ဌာနများကရေးသားဖော်ပြသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့်လာမည့် စက်တင်ဘာလ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်စဉ်ကာလအတွင်း လွတ်လပ်စွာနိုင်ရေးအတွက် အမေရိကန်သမ္မတ အိုဘားမားက ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ပိတ်ပင်မှုအနက် ခြွင်းချက်အနေဖြင့် လျှော့ပေါ့မှုအချို့ပြုလုပ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့လျှော့ပေါ့မှုမပြုလုပ်ပေးပါက သမ္မတဦးသိန်းစိန်အနေဖြင့် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်ရုံး အနီးတစ်ဝိုက်တွင်သာ နယ်မြေအကန့်အသတ်ဖြင့်သွားလာရမည်သာဖြစ်ကြောင်း အေပီသတင်းဌာနကရေးသားသည်။

သမ္မတက ကုလနှင့် INGO ဝန်ထမ်းသုံးဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပေး

ရခိုင်ပြည်နယ် မငြိမ်မသက်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ချမှတ်ခံရတဲ့ ဒေသခံ ကုလသမဂ္ဂနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ၀န်ထမ်း သုံးဦးကို နိုင်ငံတော် သမ္မတက ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အစိုးရက မနေ့က ကြေညာပါတယ်။
RFA
စစ်တွေအကျဉ်းထောင် ဖြစ်ပါသည်။
နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုးနဲ့ နိုင်ငံ့အကျိုး ထမ်းဆောင်သွားစေဖို့ ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးတာလို့ ဆိုပါတယ်။
မောင်တောမြို့နယ်အတွင်း ဆူပူမှု ဖြစ်ပွားရာမှာ ပါဝင်ပတ်သက်မှု၊ နိုင်ငံတော် အကြည်ညို ပျက်အောင် ပြောဆိုမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရတဲ့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့က ဦးကာယက်စ်ခေါ် ဦးခင်ရွှေ၊ ဒီ နှစ်မှုအပြင် တရားမ၀င် နိုင်ငံခြားငွေ လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၃ နှစ် ကျခံရတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ၀န်ထမ်း ဦးအဏာဝါ ဆာဒဏ်နဲ့ ဆူပူမှုမှာ ပါဝင်ပတ်သက်ရုံမက အိမ်မီးရှို့ဖို့ လောင်စာထားရှိမှု၊ တရားမ၀င်ငွေ လက်ဝယ် ထားရှိမှုနဲ့ ထောင်ဒဏ် ၆ နှစ် ကျခံရတဲ့ CSSEP - ရပ်ရွာလူထု ဖွံ့ဖြိုးရေး စီမံချက်ဝန်ထမ်း ဒေါ်ချိုလေးမာတို့ကို ပြစ်ဒဏ်က လွတ်ငြိမ်းခွင့် ပေးလိုက်တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆောင်ရွက်ချက် စစ်ဆေးကြားနာဖို့ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့

ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေး ကြားနာဖို့အတွက် ပြည်သူ့လွှတ်တော်က စုံစမ်းစစ်ဆေးရေး ကော်မတီတစ်ခုကို ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်က လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ဒီကော်မတီကို ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။
မိမိတို့ အနေနဲ့ အဖြစ်မှန် ဖော်ထုတ်ရေးကို အဓိကထား ဆောင်ရွက်မှာ ဖြစ်တယ်လို့ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

မြန်မာစစ်တပ်ကို ကလေး အခွင့်အရေး ချိုးဖောက်သည့် အဖွဲ့အစည်းစာရင်းမှ ပယ်ဖျက်မည်

ရန်ကုန် ၊ သြဂုတ် ၂၉

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ဂီမွန်း၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသော ကလေး အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်သည့် အဖွဲ့အစည်း စာရင်းမှ မြန်မာ့တပ်မတော်ကို ပယ်ဖျက်တော့မည် ဖြစ်ကြောင်း ယူနီဆက်(မြန်မာ)၏ ဌာနေ ကိုယ်စားလှယ် မစ္စတာရာမက်(ရှ်)ရှရသာ က ပြောကြားသည်။

မြန်မာ့တပ်မတော် အနေဖြင့် ကလေးစစ်သား ၄၂ ဦ

း ကို ကုလသမဂ္ဂ နှင့် လူမှုဝန်ထမ်း ဌာနတို့ ပူးပေါင်းပြီး နှုတ်ထွက်ခွင့် ပေးသည့် အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်းက အနီးကပ် စောင့်ကြည့်ပြီး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အလားတူပင် ၂၀၀၄ ခုနှစ် မှ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ကလေးစစ်သား ၆၀၀ ကျော်ကို စစ်မှုထမ်းမှ နှုတ်ထွက်စေခဲ့ပြီး မိဘနေရပ်ထံ ပြန်ပို့ ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီး ဌာနမှ ဗိုလ်မှူးကြီး မောင်မောင်ရှင်းက သြဂုတ်လ ၂၂ ရက်နေ့တွင် ဒညင်းကုန်း စုဆောင်းရေး၌ ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ကလေးစစ်သားရှိကြောင်း မြန်မာ့တပ်မတော်ဝန်ခံ

ရန်ကုန် ၊ သြဂုတ် ၂၉

ယခုနှစ် ဇွန်လ အတွင်း ကလေးစစ်သားပပျောက်ရေး ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးထားသည့် မြန်မာ့တပ်မတော်က အသက် ၁၈ နှစ်အောက် စစ်မှုထမ်းကလေး ၄၂ ယောက်ကို စက်တင်ဘာလ ၃ ရက်နေ့တွင် တပ်မတော်မှ တရားဝင် နုတ်ထွက်ခွင့်ပြုလိုက်ခြင်းသည် ကလေးစစ်သားမြန်မာ့တပ်မတော် တွင်ရှိကြောင်း ၀န်ခံလိုက်ခြင်းဖြစ်ကြောင်း ယူနီဆက်(မြန်မာ)မှ ဌာနေကိုယ်စားလှယ် မစ္စတာ ရာမက

်(ရှ်)ရှရသာ က ပြောကြားသည်။

အမေရိကန် စတိုးဆိုင်တွေပေါ်က ခုန်ချပေးရမယ့် ဆမ်ဆောင်း


တောင်ကိုရီယားနိုင်ငံက ဆမ်ဆောင်း အီလက်ထရောနစ် ကုမ္ပဏီကတော့ ဆမ်ဆောင်က ထုတ်လုပ်တဲ့ စမတ်ဖုန်းအပါ အ၀င် ဆမ်ဆောင်တံဆိပ် ပစ္စည်း ၈ မျိုးကို အမေရိကန်က စတိုးဆိုင်တွေပေါ်မှာ တင်မရောင်းဘို့ Apple က တောင်းဆိုမှုကို ကတိပေးလိုက်ရပါပြီ။

လွန်ခဲ့တဲ့ အပတ်က အမေရိကန် တရားရုံးမှာ Apple ကုမ္ပဏီက ဆမ်ဆောင်ဆီက အမေရိကန် ဒေါ်လာ ၁.၀၅ ဘီလျံ အလျော်ပေးဖို့ တရားစွဲဆိုမှုကို တရားရုံးက လက်ခံလိုက်တဲ့အတွက် Apple က လွန်ခဲ့တဲ့ တနင်္လာနေ့က တရားရုံးမှာ ဆက်လက် လျှာက်ထား လိုက်တာကတော့ ဆမ်ဆောင်က ထုတ်တဲ့ Galaxy၊ Droid စမတ်ဖုန်းတွေ နဲ့ ဆမ်ဆောင်ထုတ် မိုဘိုင်း ပစ္စည်း ၈ မျိုးကို တားမြစ်ပေးဖို့ ဖြစ်ပါတယ်။

ပျဉ်းမနားတွင် ရဲအရာရှိတစ်ဦး မီးရှို့သေဆုံး

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအုပ်အဆင့်ရှိတဲ့ ထောက်လှမ်းရေး အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို ဓာတ်ဆီလောင်း မီးရှို့အဆုံးစီရင် သွားခဲ့တယ်လို့ ယူဆရတဲ့ ဖြစ်ရပ်တစ်ခု နေပြည်တော် ပျဉ်းမနားမြို့မှာ မနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူ ရဲအရာရှိဟာ SB ရဲသတင်းတပ်ဖွဲ့က ရဲအုပ် ဝင်းမင်းသန့်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ပျဉ်းမနားမြို့ အနောက်မြောက်ဘက် ပန်းခင်းရပ်ကွက်မှာရှိတဲ့ ဘောရဇ္ဇ ဘုရားဝင်း အတွင်းမှာ ဖြစ်ပါတယ်။
သေမှုသေခင်းနဲ့ ပက်သက်လို့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပျဉ်းမနား မြို့နယ်ရဲစခန်းမှူး ရဲအုပ် ဦးကျော်မြင့်က RFA ကို အတည်ပြု ပြောကြားပါတယ်။

Tuesday 28 August 2012

ထောင်ထွက် (သို့မဟုတ်) လက်မထောင်၍ ထွက်လာသူ(ကိုနော်(ပုဂံ))



ညောင်ဦးမြို့ သန်လျက်ချောင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း သြဂုတ်လ တတိယပတ်က ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒေသခံများတွေ့ဆုံစဉ်
(၁)    

အရိပ်အာဝါသ ကောင်းမွန်လှသော ကျောင်းသင်္ခမ်းလေးတစ်ခု၏ ပရိဝုဏ်အတွင်း၌ ဖြစ်၏။  
ထိုကျောင်းသင်္ခမ်းလေးတွင် အချိန်ကာလ တိုင်းတာခန့်မှန်း၍ မရနိုင်သော အနာဂတ်တစ်ခု၌ သားကောင်းရတနာများဖြစ်လာနိုင်သည့် ကျောင်းသား၊ ကျောင်းသူတချို့လည်း အခမဲ့ ပညာရည်နို့ သောက်သုံးလျက်ရှိကြသည်။  
ထိုနေ့တွင်မူ ဆိုခဲ့သည့်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မြို့သူ၊ မြို့သားအများစုပါ ထိုကျောင်းသင်္ခမ်းလေး၏ ပရိဝုဏ်အတွင်းသို့ စုရုံးရောက်ရှိနေကြကုန်၏။ ပရိဝုဏ်အတွင်း ကွင်းပြင်ကျယ် တွင်အခင်းစောင်၊ ဖျာများခင်းလျက် ဖြင့်လည်းကောင်း၊ မန်ကျည်းရိပ်၊ တမာရိပ်၊ စိန်ပန်းရိပ်ဝယ် စုဖွဲ့ဝန်းဝိုင်း စကားဖောင်ဖွဲ့ရင်းဖြင့်လည်းကောင်း နေ့မွန်းလွဲ တစ်ချက်တီးမှသည် နေစွယ်ကျိုးချိန်တိုင် တစ်စုံတစ်ရာကို မျှော်လင့်တကြီး စောင့်စားနေကြသည်။  

အရက်နှင့် စီးကရက်ကို မြင့်မားသည့်နှုန်းဖြင့် အခွန်ကောက်ခံရန် ထိုင်းအစိုးရသဘောတူ

ဘန်ကောက်၊ သြဂုတ် - ၂၈

ထိုင်းနိုင်ငံတွင်း အရက်နှင့် စီးကရက် စားသောက်ကုန်ပစ္စည်းနှစ်မျိုးအပေါ် အဆမတန်ကြီးမားသည့် အခွန်နှုန်းထားဖြင့် တိုးမြှင့်ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဆိုပြုချက်ကို ကက်ဘိနက်အဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့တွင် သဘောတူခွင့်ပြုလိုက်ကြောင်း The Nation သတင်းစာကရေးသားဖော်ပြသည်။

ယင်းသို့ အခွန်နှု

န်းထားများ များစွာတိုးမြှင့်ကောက်ခံခြင်းကြောင့် အစိုးရအနေဖြင့်လည်း အခွန်ဘဏ္ဍာပိုမိုရရှိမည်ဖြစ်သလို ကျန်းမာရေးကို ထိခိုက်စေသည့် စားသောက်ကုန်များဖြစ်သည့် စီးကရက်နှင့် အရက် သောက်သုံးမှုနှုန်းလည်း နိုင်ငံတွင်းကျဆင်းသွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းသော အဆိုပြုချက်တွင် အကြောင်းပြချက်အဖြစ်ဖော်ပြထားသည်။

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
( အမိန့်အမှတ်၊ ၂၃ / ၂၀၁၂ )
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်)

ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ (ခ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၈၊ ပုဒ်မခွဲ(က) တို့အရ အော

က်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီး များအား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်-

(၁)ဦးခင်မောင်မြင့်
ဆောက်လုပ်ရေးဝန်ကြီးဌာန

(၂)ဦးဇော်မင်း
အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန


(ပုံ) သိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်

ဦးခေါင်းတစ်ခုစာ အသားပိုပါလာသော ကလေးငယ်တစ်ဦး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသလျှက်ရှိ

ပခုက္ကူမြို့တွင် အုပ်စုဖွဲ့ရမ်းကားမှုတစ်ခုဖြစ်ပွား

ပခုက္ကူမြို့တွင် သြဂုတ်လ ၂၇ ရက် ည ၉နာရီခွဲအချိန်ခန့်က အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၅၀ ခန့်ရှိ လူအင်အားတစ်စုသည် ပခုက္ကူမြို့ အမှတ် ၁၂ ရပ်ကွက်အတွင်းဝင်ရောက်ကာ ၄င်းရပ်ကွက်အတွင်းတွင်ရှိသော လူအများကို ရိုက်နှက်ခြင်း၊ ဈေးဆိုင်အချို့ရှိ ပစ္စည်းများကိုဖျက်စီးခြင်း၊နေအိမ်များကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ၀န်းထရံများကို ချိုးဖျက်ခြင်းနှင့် အဆိုပါ ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအပါအ၀င် ရပ်ကွက်နေပြည်သူများကို ယုတ်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းမှု ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်က ခုံရုံးအားစွပ်စွဲပြစ်တင်သောအဆိုကို အတည်ပြု

နေပြည်တော်၊ သြဂုတ် - ၂၈
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ ဥပဒေအရ ပေးအပ်သောတာဝန် များကို ကျေပွန်စွာ မထမ်းဆောင် ခြင်းတို့အရ စွပ်စွဲပြစ်တင်သည့် အဆိုကို သြဂုတ် ၂၈ ရက်တွင် ကျင်းပသော အမျိုးသားလွှတ် တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ် ရာ တက်ရောက်သောကိုယ်စား

လှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော် ထောက်ခံသဖြင့် အထက်ပါအဆို မှာ အတည်ဖြစ်သွားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မဲခွဲမဆုံးဖြတ်မီတွင် ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးကပြန်လည်ရှင်းလင်းရာတွင် "ယခုကိစ္စမှာ ဥပဒေပြုရေးကဏ္ဍက တရားစီရင်ရေးကို လွှမ်းမိုးစွက်ဖက်ခြင်းဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပါတယ်။ တရားစီရင်ရေးရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေပြု အမတ်များကမဲခွဲဆုံးဖြတ်ခြင်းဟာ ကမ္ဘာ့အစဉ်အလာမရှိပါ။ တရားရုံးရဲ့ စီရင်ခွင့်ကို ပြင်ပမှ မဲခွဲဆုံးဖြတ်ခြင်းက အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများကို မျက်ကွယ်ပြုခြင်းဖြစ်ပါတယ်" ဟု ပြောကြားသွားသည်။

မိတ္ထီလာတွင် စက်သုံးဆီဆိုင် မြို့ပြင်ပြောင်းရွှေ့ရေး ဆန္ဒဖော်ထုတ်

မိတ္ထီလာ၊ သြဂုတ် - ၂၈
မိတ္ထီလာမြို့ အောင်ဆန်းနယ်မြေ(၁)ရပ်ကွက်တွင် ဖွင့်လှစ်ရောင်းချနေသော ကျော်စက်သုံးဆီဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန်
၎င်းရပ်ကွက်ရှိ ရပ်ကွက်သူရပ်ကွက်သားများက ယနေ့နံနက် (၉)နာရီမှ စတင်ကာ  နည်းဥပဒေနှင့်အညီ တစ်နာရီခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စက်သုံးဆီဆိုင်ကို မြို့ပြင်သို့ ထုတ်ပေးရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး
 အစရှိသည့် ဆိုင်းဘုတ်များကို ချိတ်ဆွဲပြီး လူအင်အား ၁၀၀ ခန့် ပါဝင်သော ဆန္ဒထုတ်ဖော်ပွဲကို ယင်းစက်သုံးဆီဆိုင်အနီးတွင်ပင် ပြုလုပ်ခဲ့သည်။

ဗဟန်းမြို့နယ် အောင်ချမ်းသာအိမ်ရာရှိ ဒီလှိုင်းဂျာနယ်တိုက်ရှေ့ ကားပေါ်တွင် မိုင်းအတုတစ်လုံးတွေ့ရှိ







dwave4
အမှတ် (၉၀၅) ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့မှ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက် အောင်ချမ်းသာ အိမ်ရာရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တိုက် ရှေ့ကားပေါ်တွင် မိုင်းအစစ်၏ အစိတ်အပိုင်း ၅၀ ရာခိုင်ပါဝင်သည့် မိုင်းအတုတစ်လုံး တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
 ဖြစ်စဉ်မှာ Forward S E C ကုမ္ပဏီလီမိတက်ပိုင် ဆူဇူကီးပစ်ကပ်ကားပေါ်တွင် မသင်္ကာဖွယ်ရာ ဂဏန်းပေါင်းစက်နှင့် ၀ါယာကြိုးများ ပါဝင်သည့် ကြွပ်ကြွပ်အိတ် အမဲထုတ်အား အဆိုပါကုမ္ပဏီယာဉ်မောင်း ဖြစ်သူ ကိုမိုးဝင်းသန်းကနံနက် ၈ နာရီဝန်းကျင်အချိန်တွင် စတင် တွေ့ရှိခဲ့ရာ သက်ဆိုင်ရာသို့ သတင်း ပေးပို့ခဲ့ကြောင်းနှင့် ၉ နာရီဝန်းကျင် အချိန်ခန့်တွင် အမှတ် (၉၀၅) ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့ ၀င် ၅ဦး ရောက်ရှိလာပြီး စတင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

၈၈ မျိုးဆက် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာထုတ်ပြန်

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ရက်က ပြုစုတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၇ ရက်က ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးတွင် ပြုလုပ်သည့် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာ ရှင်းလင်းပွဲ၌ ဦးကိုကိုကြီးက ရှင်းလင်းပြောဆိုနေစဉ်။
၈၈ မျိုးဆက် ကျောင်းသားတွေ အနေနဲ့ ဧပြီလ (၁) ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လေ့လာတွေ့ရှိချက်တွေကို ဒီအစီရင်ခံစာထဲမှာ ဘက်လိုက်မှု ကင်းကင်းနဲ့ ပကတိအတိုင်း ဖော်ပြထားသလို နောင်လာမယ့် မျိုးဆက်တွေ အနေနဲ့လည်း အဲဒီလိုတင်ပြရဲတဲ့ သတ္တိရှိဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အမည်ပျက်စာရင်း (Black List ) အဖြစ် သတ်မှတ်ထားခံထားရသော ပြည်ပရောက် မြန်မာနိုင်ငံသား ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်



ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် အမည်ပျက် စာရင်း (Black List ) သတ်မှတ်ခံထားရသည့် ၆၁၆၅ ဦးအနက် ၂၀၈၂ ဦးကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သြဂုတ်လ ၂၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပါသည်။

ထိုသို့ ပယ်ဖျက်ပေးလိုက်သည့် နည်းတူ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး အတွက်လည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။

ယခင်အစိုးရလက်က နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း အလို့ငှာ ကုမ္ပဏီများ၊ နယ်ပယ် အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာ သမားများ အပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်ပျက် စာရင်း (Black List ) သတ်မှတ်ရေးသွင်းခဲ့ပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်ဟု သတင်းတွင် ဖော်ပြခဲ့ပါသည်။

Monday 27 August 2012

ကျွန်တော်တို့က လူတွေပါဗျာ . . . (ကျော်သူ)

၂ဝ၁၂ခုနှစ်၊ သြဂုတ်လ၊ ၂၄ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက်(၁ဝးဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်၊ အလုပ် အမှုဆောင် ဦးဖြိုးကိုကိုတို့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သွားရောက်ခဲ့ပြီး စစ်တွေမြို့သို့ ကြိုတင်ပြီး ရှေ့ပြေး ရောက်ရှိနေကြသော နာရေးကူညီမှုအသင်း (ရန်
ကုန်) အသင်းသားများ ဖြစ်ကြသော ဦးကျော်ဝင်း၊ ဦးရောဘတ်အောင်၊ ဦးထွန်းထွန်းဝင်း(ပန်းသီး) နှင့် နာရေးကူညီမှုအသင်း(စစ်တွေ) အဖွဲ့သားများ ပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ကူညီလှူဒါန်း အားပေးစကားများ ပြောကြားခဲ့ကြသည်။ စစ်တွေမြို့သို့ရောက်ရှိသည်နှင့် စစ်တွေမြို့ဘုရားကြီးသို့ ဦးစွာဝင်ရောက်ဖူးမျှော်ပြီးသည့်နောက် ဓညဝတီ ဘောလုံးကွင်း ၊ မင်းဂံကွက်သစ်(အမှတ်-၈)၊ ဓညဝတီ ရပ်ကွက် (နာဇီအနီး)၊ ရွှေစေတီကျောင်း၊ ဂစ်ခြေကျောင်း၊ မဟာသီဝဘုရားကျောင်း(ဟိန္ဒူ) ကျောင်းတို့ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ကာ ဒုက္ခသည် အပေါင်းတို့အား ဆန်အိတ်များလှူဒါန်းခဲ့ပြီး အားပေးနှစ်သိမ့်မေတ္တာပို့သမှုများကို ပြုလုပ်ပေးခဲ့ကြသည်။
Related Posts Plugin for WordPress, Blogger...

ShareThis