menu

Tuesday 20 August 2013

ဇွန်လအတွင်းက ပျောက်ဆုံးသွားသောယာဉ်အား တိုက်ကြီးမြို့နယ် ဖူးကြီးလမ်း၌ ပြန်လည်တွေ့ရှိ

ဇွန်လအတွင်းက ပျောက်ဆုံးသွားသောယာဉ်အား တိုက်ကြီးမြို့နယ် ဖူးကြီးလမ်း၌ ပြန်လည်တွေ့ရှိ

ရန်ကုန်၊ သြဂုတ် ၁၉

သစ်ထုတ်လုပ်ရေး(မြန်မာ့သစ်လုပ်ငန်း)၊ လက်ထောက်မန်နေဂျာ ဦညီညီထွေးသည် သစ်ထုတ်လုပ်ရေးဌာနပိုင် မော်တော်ယာဉ် ၁ခ/---- ၊ ကိုရိုလာဗင်အဖြူရောင်ယာဉ်မှာ ၈.၆.၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်တွင်
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း ၊
အ.ထ.က (၄)ကျောင်းရှေ့တွင် ရပ်တန့်ထားခဲ့စဉ် ၂၂၁၅ အချိန်ခန့်တွင်
ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၁၆/၂၀၁၃၊ ပြည်သူပိုင်ပစ္စည်းကာကွယ်
စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့်အမှုဖွင့်စုံစမ်းရှာဖွေခဲ့ပါသည်။

အမှုမှပျောက်ဆုံးယာဉ်အား စုံစမ်းရှာဖွေနေစဉ် ၁၇.၈.၂၀၁၃ ရက်နေ့
၀၆၃၀ အချိန်ခန့်တွင် တိုက်ကြီးမြို့နယ်၊ တိုးဂိတ်အလွန် ဖေါင်ကြီး-
ပဲခူးလမ်းမှဖူးကြီးသို့သွားသည့်လမ်းတွင် ရှေ့နောက်နံပါတ်ပြားမပါရှိဘဲ ရပ်ထားသည်ကိုပြန်လည်တွေ့ရှိခဲ့ပါသည်။

အဆိုပါ ယာဉ်ခိုးယူခံရမှုမှ တရားခံအားစုံစမ်းဖော်ထုတ်ရမိရေး ဆောင်ရွက်
လျက်ရှိကြောင်းသတင်းရရှိပါသည်။

အေးချမ်းမွန် Credit To >ရဲဇာနည် < Thanks
Re-posted By ACM 19-8-2013 
https://www.facebook.com/excellencemedia

ရန်ကုန်၊ သြဂုတ် ၁၉
သစ်ထုတ်လုပ်ရေး(မြန်မာ့သစ်လုပ်င
န်း)၊ လက်ထောက်မန်နေဂျာ ဦညီညီထွေးသည် သစ်ထုတ်လုပ်ရေးဌာနပိုင် မော်တော်ယာဉ် ၁ခ/---- ၊ ကိုရိုလာဗင်အဖြူရောင်ယာဉ်မှာ ၈.၆.၂၀၁၃ ရက်နေ့ ၂၁၀၀ အချိန်တွင်
ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း ၊
အ.ထ.က (၄)ကျောင်းရှေ့တွင် ရပ်တန့်ထားခဲ့စဉ် ၂၂၁၅ အချိန်ခန့်တွင်
ပျောက်ဆုံးနေကြောင်းသိရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၁၆/၂၀၁၃၊ ပြည်သူပိုင်ပစ္စည်းကာကွယ်
စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) ဖြင့်အမှုဖွင့်စုံစမ်းရှာဖွေခဲ့ပါသည်။

ငြိမ်းချမ်းရေးမဟာတာရာ ကြွေလွင့်ခြင်း (ရေးသားသူ- ဥက္ကာကိုကို)

Photo: ငြိမ်းချမ်းရေးမဟာတာရာ ကြွေလွင့်ခြင်း
-------------------
ရေးသားသူ- ဥက္ကာကိုကို

ကျည်ဆန်ခြုံ၍မလုံ... မေတ္တာခြုံမှ လုံလိမ့်မည်ဆိုသည့် ငြိမ်းချမ်းရေး ကြယ်မဟာဖြစ်သော ကဗျာဆရာကြီး၊ စာရေးဆရာကြီး သခင်ဌေးမြိုင် (ခေါ်) ဒဂုန်တာရာသည် အသက် (၉၅)နှစ်အရွယ်၊ ၂၀၁၃ သြဂုတ် ၁၉ ရက် တွင် မငြိမ်းချမ်းသည့်ကမ္ဘာကြီးကို ငြိမ်းချမ်းစွာပင် စွန့်ခွာသွားခဲ့လေပြီ။

“ဌေးမြိုင်ကတော့ ငါ့ကိုအရိုင်းတဲ့ကွာ။ ငါအဲဒီလောက်လည်း မရိုင်းသေးပါဘူး”ဟု ဗိုလ်ချုပ်အောင်ဆန်းက အပါးတော်မြဲဗိုလ်ထွန်းလှဘက်သို့လှည့်၍ ခပ်ပြုံးပြုံးပြောလိုက်သည်။ 
အောင်ဆန်း (သို့မဟုတ်) အရိုင်းဟု ခေါင်းစဉ်တပ်၍ ရုပ်ပုံလွှာစာအုပ်တွင် ရေးသားခဲ့သည့် ဆောင်းပါးကိုဖတ်ရှုပြီးပြောခြင်းဖြစ်သည်။ 
ထိုဆောင်းပါးကို ရေးသားခဲ့သူ ကိုဌေးမြိုင်၏ ကလောင်အမည်က ဒဂုန်တာရာ။ 

ကျွန်တော်က သူ့ကို အရိုင်းဟု ၀ိသေသပြုခြင်းမှာ ဟန်ဆောင်ခြင်းမရှိဘဲ သူခံစားသည့်အတိုင်း ရိုးရိုးဘွင်းဘွင်းပြောတတ်သော သူ၏စရိုက်သဘာဝကို ပေါ်လွင်ထင်ရှားစေလို၍သာဖြစ်သည်ဟု ဒဂုန်တာရာက ပြန်လည်ဖြေရှင်းပြခဲ့သည်။ 

ဆရာကြီးဒဂုန်တာရာသည် ခေတ်သစ်စာပေကို ရဲရဲဝံ့ဝံ့ဖောက်ထွက်ခဲ့သူ စာပေသူရဲကောင်းတစ်ဦးဖြစ်သည်။ 

“ပင်လယ်ဝသို့ လှေကလေးနဲ့ ထွက်ခဲ့တယ်”ဟု ကာရန်မပါသည့်ကဗျာကို ဆရာဒဂုန်တာရာက ရေးခဲ့သည်။ ထိုစဉ်က ဝေဖန်သံတို့သည် ခေတ်သစ်စာပေလောကအတွက် ဆည်းလည်းသံများ ဖြစ်ခဲ့သည်။ ဆရာဒဂုန်တာရာသည် ငြိမ်းချမ်းရေးလုပ်ငန်းများ နှင့် မွေ့လျော်သော ကဗျာဆရာကြီးတစ်ဦးလည်းဖြစ်ပါသည်။

ထိုငြိမ်းချမ်းရေးကဗျာဆရာကြီးက “နိုင်ငံငြိမ်းချမ်းရေးအတွက် ညီညွတ်ရေးတည်ဆောက်ရန်လိုသည်”ဟု ပြောခဲ့သည်။ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် နိုးနိုးကြားကြားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း သူက ပန်ကြားခဲ့သည်။ 

“ကျည်ဆန်ခြုံ၍ မလုံ၊ မေတ္တာခြုံမှ လုံလိမ့်မည်”ဟု ၂၀၁၁ခုနှစ် သြဂုတ် ၈ရက်နေ့က အောင်ပန်းမြို့မှတစ်ဆင့် ငြိမ်းချမ်းရေးပန်ကြားချက်ထုတ်ပြန်ခဲ့သည့် ဆရာကြီးဒဂုန်တာရာသည် အသက် ၉၄နှစ် အရွယ်၊ သြဂုတ်လ ၁၉ရက်၊ နေ့ လယ် ၁နာရီ ၁၅မိနစ်တွင် အောင်ပန်းမြို့မှာပင် လူကြီးရောဂါဖြင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပါပြီ။

မိုးကုပ်ကုပ်ဝယ် 
အို ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ 
ဟ ..ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အရုဏ်ပေါ်စ ၀ိုးတ၀ါး။
မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ 
ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ 
မနီးမဝေးချောင်းရိုးဘေးမှ 
ဖြေးဖြေးညင်းညင်း
လှေတစ်စင်းထက် 
တောတွင်းသားပျို
ဖျင်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ 
ခြောက်သွေ့ မြက်ထုံးကောက်ရိုးဖုံးလျက်၊ 
ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျား မှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။
(ဒဂုန်တာရာ/မတ်လတော်လှန်ရေးကဗျာမှ)

ဒဂုန်တာရာဟုဖြစ်လာမည့် ဦးဌေးမြိုင်ကို ၁၉၁၉ခုနှစ်၊ မေ ၁၀ ရက်တွင် ဦးဘအုန်း၊ ဒေါ်ဖွားရှင်တို့မှ ထိုခေတ်က ဒေးဒရဲမြို့နယ်အပိုင်၊ ကျိုက်လတ်မြို့နယ်အနီးရှိ ထိုင်ကူမြစ်တန်းကျေးရွာ၌ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ ၇ လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာစာသင်ကျောင်း၊ ကျိုက်လတ်အမျိုးသားကျောင်း၊ ရန်ကုန်ရေကျော်မက်သဒစ်ကျောင်းတို့တွင် ပညာသင်ကြားပြီး ၁၉၃၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့၍ ၁၉၃၇ မှ ၁၉၄၀ အထိ ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ဆက်လက်သင်ကြားခဲ့သည်။

ထိုစဉ်က နိုင်ငံအရေး၊ ကျောင်းသားအရေး လှုပ်ရှားမှုများတွင် ဆရာဒဂုန်တာရာသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ရေနံမြေစည်းရုံးရေးကိုယ်စားလှယ်၊ တကသအမှုဆောင်၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ စသည့်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဒဂုန်တာရာသည် ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ်သိပံ္ပမဂ္ဂဇင်းတွင် “မှုံပြာရီ” ၀တ္တုကို စတင်ရေးသားပြီး စာပေနယ်ထဲသို့ဝင်ရောက်ခဲ့သည်။ ထိုစဉ်က သူ၏ကလောင်နာမည်မှာ မြိုင်သဇင်ဖြစ်ပြီး နောက်ပိုင်းမှ ဒဂုန်တာရာကလောင်အမည်ကို စတင်သုံးစွဲခဲ့သည်။ သူ၏ ကလောင်အမည်များမှာ မြိုင်သဇင်၊ မောင်နန်းနွယ်၊ စောထွတ်၊ ဦးတိုး၊ မောင်းလင်ထက်၊ ဗညားသီဟ၊ ဦး ဒဂုန်တို့ဖြစ်ကြသည်။

တာရာမဂ္ဂဇင်းကို ၁၉၄၆ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ဝေခဲ့ပြီး စာပေသစ်မဂ္ဂဇင်းကိုလည်း ထုတ်ဝေခဲ့သည်။ ဂန္တ၀င်ဂျာနယ် အယ်ဒီတာအလုပ်ကိုလည်း တစ်ပြိုင်နက်ဆောင်ရွက်ခဲ့သည်။ 
ဆရာကြီးဒဂုန်တာရာ ရေးသားပြုစုခဲ့သော စာအုပ်များအနက် “မေ” ၀တ္တုမှာ နာမည်အကျော်ကြားဆုံး ဖြစ်သည်။ အဆိုပါ မေ ၀တ္တုကို ၁၉၄၇ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ 

ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ ဒဂုန်တာရာ ၀တ္တုတိုပေါင်းချုပ်၊ ဖျတ်ခနဲတွေ့ရသော ရုပ်ပုံလွှာများ၊ ကြာပန်းရေစင် ၊ သဇင်သင်းပြန်တော့၊ မေ၊ ဂန္ဓာလရာဇ်ရုပ်ပုံလွှာ၊ ပန်းနုရောင်နှစ်ကာလများ (မိုးဝေစာပေမဂ္ဂဇင်း)၊ ဗညားသီဟစာပေ စစ်တမ်း(သံလွင်စာပေ)၊ ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ (မြေလတ်သားစာပေ) စသည့် စာအုပ်များသည် နာမည်ကျော်ကြားခဲ့သည်။
သူသည် စပယ်ဦးဟူသည့် ၀တ္တုတိုပေါင်းချုပ်ဖြင့် ၁၉၆၁ ခုနှစ်အတွက် စာပေဗိမာန် ၀တ္တုတိုပေါင်းချုပ်ဆုကိုရရှိခဲ့ ပြီး ၂၀၀၁ ခုနှစ်ပခုက္ကူ ဦးအုန်းဖေ တစ်သက်တာစာပေဆုပိုင်ရှင်လည်းဖြစ်သည်။

ဆရာကြီးသည် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့သဖြင့် ထင်ရှားကျော်ကြားခဲ့သည်။ တရုတ်-မြန်မာမိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ မြန်မာ- ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ်အမှုဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာ)၏ အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ၊ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာ)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ 
၁၉၅၃ခုနှစ်တွင် သြစတြေးလျနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီသို့လည်း တက်ရောက်ခဲ့သူဖြစ်သည်။

သူသည် ငြိမ်းချမ်းရေးနှင့် စာပေအရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ရန်သူမရှိ၊ မိတ်ဆွေသာရှိသည်ဟူသည့်မူကို အသက်ထက်ဆုံး လက်ကိုင်ထားခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက်လည်း အမြဲတစ်စေ ဆုမွန်တောင်းပေးနေခဲ့သည်။

ကွယ်လွန်သူစာရေးဆရာကြီး ဗန်းမော်တင်အောင်နှင့် အရင်းနှီးဆုံး ဆရာကြီးဒဂုန်တာရာသည် သေသည်အထိ လူပျိုကြီးအဖြစ် နေထိုင်သွားခဲ့သည်။ ကွယ်လွန်ချိန်၌ စာပေလောက၏ အသက်အကြီးဆုံး စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးပြယုဂ်တစ်ခုလည်း ဖြစ်သည်။

ဆရာကြီးဒဂုန်တာရာသည် လူသူကင်းဝေး၊ ရှုပ်ရှုပ်ထွေးထွေး၊ နိုင်ငံအရေးတို့မှ မျက်ကွယ်ရာတွင် တိတ်ဆိတ်စွာနေလိုသည့်ဆန္ဒ ရှိဟန်တူသည်။ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်တစ်လျှောက်လုံး တစ်ထောင့်တစ်နေရာမှ ပါဝင်လာခဲ့ပြီး ယခုလက်ရှိ နိုင်ငံ့အရေးကိစ္စများ ရှုပ်ထွေးပွေလီနေချိန်တွင် ကျန်းမာရေးမကောင်းမွန်တော့သည့် ဆရာကြီးသည် ရှမ်းပြည်နယ် အောင်ပန်းမြို့ကလေး၌ အေးချမ်းစွာ နားနေခဲ့သည်။ 
ငါတစ်မူကား
မည်သူကမျှ၊ အမိန့်မချ
မိမိဆန္ဒဖြင့်၊ မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည် 
(ဒဂုန်တာရာ/မိမိကိုယ်ကို မဲဇာသို့ပို့ခြင်းကဗျာမှ) 

မြန်မာ့သမိုင်းစဉ် တစ်လျှောက်တွင် ထင်ရှားကျော်ကြားသူများအကြောင်းကို သူထိတွေ့မိသမျှ ရေးသားခြယ်မှုန်းခဲ့သည့် ရုပ်ပုံလွှာဆောင်းပါးများသည် စာဖတ်သူတို့ နှလုံးသားတွင် စွဲလမ်းစေခဲ့သည်။ ယနေ့ လူလတ်ပိုင်း စာဖတ်ပရိသတ်အထိ ဒဂုန်တာရာ၏ မေ၀တ္ထုကို စွဲလမ်းနှစ်သက်ကြဆဲဖြစ်သည်။  

ဆရာကြီးဒဂုန်တာရာသည် အသက် ၉၅ နှစ်အရွယ် ၂၀၁၃ သြဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီ ၁၅ မိနစ် အချိန်တွင် ရှမ်းပြည်နယ် အောင်ပန်းမြို့၌ ချစ်ခင်သူတို့ကို နှုတ်ဆက်ခဲ့ပါပြီ။ 
“အောင်ပန်းမှာ ဆေးရုံတင်ထားပြီး ဒီနေ့မနက်က သက်သာလာလို့ ပြန်ဆင်းလာတယ်။ ပြီးမှ နေ့လယ်မှာ ဆုံးသွားပါတယ်။ အုတ်ဂူသေးသေးလေးတစ်လုံးဆောက်မယ်။ သုသာန်မှာ မဟုတ်ပါဘူး။ မျက်စိဆေးရုံဆောက်ဖို့  ၀ယ်ထားတဲ့မြေနေရာမှာ လုပ်မှာပါ”ဟု ဆရာကြီး၏ အိမ်သားတစ်ဦးက သြဂုတ် ၁၉ ရက် ညနေပိုင်းက ပြောပြသည်။

သြဂုတ်လသည် အနုပညာငွေကြယ်ပွင့်ကြီးများကို တစ်ပွင့်ချင်းဆွဲဖြုတ်သွားခဲ့သည်။ ပန်းချီ မြိတ်ဝင်းထိန်၊ မောင်ဝံသ၊ မင်းလူ၊ မျိုးမြင့်လေး စသည့်ကြယ်ပွင့်တို့ ကြွေလွင့်ခြင်းအပေါ် ၀မ်းနည်းမကုန်သေးခင်မှာပင် နောက်ထပ် အစားထိုးမရနိုင်သည့် ငြိမ်းချမ်းရေးငွေကြယ်ပွင့်ကြီးကို ထပ်မံ ကြွေလွင့်စေခဲ့သည်။

“မြန်မာပြည်အတွက် နောက်ထပ်ကြယ်တစ်ပွင့် လွင့်သွားပြန်ပြီ။ ကြွေတယ်ဆိုတာ ပွင့်ခြင်းဆိုရင် နောက်ထပ် ထောင်စုနှစ်တွေအထိ ကောင်းကင်ယံမှာ ဒဂုန်တာရာနာမည်နဲ့ ကြယ်တစ်ပွင့် ထွန်းလင်းပွင့်သစ်နေဦးမယ်ဆိုတာ ယုံကြည်ပါတယ်”ဟု ကဗျာဆရာလူပအောင်က ၀မ်းနည်းစကားဆိုသည်။

လူငယ်ကဗျာဆရာတစ်ဦးဖြစ်သည့် ဘလော့ဂ်ဂါကဗျာဆရာမိုးလှိုင်ညကလည်း “တစ်သက်တာပတ်လုံး ငြိမ်းချမ်းရေးနဲ့ ကဗျာအတွက် တစ်စိုက်မတ်မတ် ရပ်တည်သွားတဲ့ဆရာကြီးကို လေးစားအားကျပြီး အမြဲအမှတ်ရနေမှာပါ။ ဆရာက သမိုင်းခေတ်တွေကို ထဲထဲဝင်ဝင်ဖြတ်သန်းခဲ့သလို မြန်မာစာပေနဲ့ လူ့ဘောင်သမိုင်းမှာလည်း နက်နက်ရှိုင်းရှိုင်း ကျန်ရစ်ခဲ့ပါပြီ”ဟု ဆိုသည်။

စာရေးဆရာမင်းဒင်ကတော့ ဆရာကြီးကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ပြောပါသည်။ 

“ဆရာကြီးဒဂုန်တာရာ ကွယ်လွန်ခြင်းကြောင့် ၀မ်းနည်းကြေကွဲတဲ့သူတွေ အတော်များပါတယ်။ ကျွန်တော်ကတော့ တန်ဖိုးကြီးမားလှတဲ့ သူ့ဘ၀သူ့သမိုင်းကို သူမသေခင်မှာ ဘယ်နှယောက်ကများ တိကျခိုင်မာစွာ မှတ်တမ်းပြုထားနိုင်ခဲ့ပါလိမ့်ဆိုတာကို နှမြောစိတ်နဲ့ တွေးမိတယ်”

စာပေပညာရှင်ကြီး၊ ကဗျာဆရာကြီးသည် မငြိမ်းချမ်းသေးသော ကမ္ဘာကြီးကို စွန့်ခွာလျက် ပင်လယ်ဝဆီသို့ လှေကလေးနှင့်ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပြီဖြစ်ပါသည်။ 

ငြိမ်းချမ်းရေးအတွက် အကောင်းမျှော်ပြောခဲ့သည့်ဆရာ့စကားက “ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့အစိုးရဖြစ်ရင် ငြိမ်းချမ်းရေး ရကိုရမယ်”
ကျည်ဆန်ခြုံ၍မလုံ... မေတ္တာခြုံမှ လုံလိမ့်မည်ဆိုသည့် ငြိမ်းချမ်းရေး ကြယ်မဟာဖြစ်သော ကဗျာဆရာကြီး၊ စာရေးဆရာကြီး သခင်ဌေးမြိုင် (ခေါ်) ဒဂုန်တာရာသည် အသက် (၉၅)နှစ်အရွယ်၊ ၂၀၁၃ သြဂုတ် ၁၉ ရက် တွင် မငြိမ်းချမ်းသည့်ကမ္ဘာကြီးကို ငြိမ်းချမ်းစွာပင် စွန့်ခွာသွားခဲ့လေပြီ။

“ဌေးမြိုင်ကတော့ ငါ့ကိုအရိုင်းတဲ့ကွာ။ ငါအဲဒီလောက်လည်း မရိုင်းသေးပါဘူး”ဟု ဗိုလ်ချုပ်အောင်ဆန်းက အပါးတော်မြဲဗိုလ်ထွန်းလှဘက်သို့လှည့်၍ ခပ်ပြုံးပြုံးပြောလိုက်သည်။
အောင်ဆန်း (သို့မဟုတ်) အရိုင်းဟု ခေါင်းစဉ်တပ်၍ ရုပ်ပုံလွှာစာအုပ်တွင် ရေးသားခဲ့သည့် ဆောင်းပါးကိုဖတ်ရှုပြီးပြောခြင်းဖြစ်သည်။
ထိုဆောင်းပါးကို ရေးသားခဲ့သူ ကိုဌေးမြိုင်၏ ကလောင်အမည်က ဒဂုန်တာရာ။

ကျွန်တော်က သူ့ကို အရိုင်းဟု ၀ိသေသပြုခြင်းမှာ ဟန်ဆောင်ခြင်းမရှိဘဲ သူခံစားသည့်အတိုင်း ရိုးရိုးဘွင်းဘွင်းပြောတတ်သော သူ၏စရိုက်သဘာဝကို ပေါ်လွင်ထင်ရှားစေလို၍သာဖြစ်သည်ဟု ဒဂုန်တာရာက ပြန်လည်ဖြေရှင်းပြခဲ့သည်။

မန္တလေးမြို့တွင် နေ့ခင်းအချိန် ဆိုင်ကယ်ဖြင့် လုယက်မှု ပိုမိုများပြားလာ

မန္တလေးမြို့တွင် နေ့ခင်းအချိန် ဆိုင်ကယ်ဖြင့် လုယက်မှု ပိုမိုများပြားလာ
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

မန္တလေးတွင် နေ့အချိန် မြို့လယ်ကောင်၌ ဆိုင်ကယ်ဖြင့် လုယက်မှု ပိုမိုများပြားလာပြီး ဖြစ်ပွားသည့် မှုခင်းပြဿနာများတွင် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်လိုမှု နည်းပါးလာကြောင်း ရဲတပ်ဖွဲ့ဝင်များက သုံးသပ် ပြောကြားခဲ့သည်။

နေ့အချိန် လူစည်ကားရာ နေရာများဖြစ်သည့် ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဈေး တစ်ဝိုက်နေရာများ၊ နန်းရှေ့ဈေးကဲ့သို့ နေရာများတွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ပြေးခြင်း၊ ပိုက်ဆံအိတ် လုယူမှုများ ပိုများလာပြီး သက်သေလိုက်ရ ခြင်းများနှင့် ရဲလုပ်ထုံးလုပ်နည်းများကြောင့် စစ်ဆေးမေးမြန်း ခံရခြင်း၊ မိမိအန္တရာယ် ပြုခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြည်သူများ ကူညီဆောင်ရွက် လိုခြင်းများ မရှိတော့သဖြင့် လုယက်သူများ ပိုမိုရဲတင်းလာခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။

''ကျွန်တော်တို့ ပိုင်နက်နယ်မြေထဲမှာ တိုင်ကြားထားတာ တွေရှိတယ်။ တခြားမြို့ နယ် တွေမှာလည်း ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ် ခံရတာတွေ တိုင်တာများနေပြီ။ FZ ဆိုင်ကယ်နဲ့ လုတာများနေတာကို စစ်ဆေးတွေ့ ရပါတယ်။ နီးတော့နီးပါပြီ'' ဟု အမှတ် (၈) ရဲစခန်းမှ တာဝန်မှူးက ဆိုသည်။

''ဖားကန့်ကနေ အလုပ်ကိစ္စနဲ့လာတာ မို့ဟိုတယ်မှာပဲ တည်းတာပါ။ ခြေကျင်လမ်း ဖြတ်အကူးမှာ ဆိုင်ကယ်နဲ့လူက တည့်တည့် ၀င်တိုးလာပြီး ငါးကျပ်သား ရွှေဆွဲကြိုးကို ဆောင့်ဖြတ်သွားတာပါ။ ဖြစ်တဲ့နေရာက ရတနာပုံဈေးနား ၇၇လမ်း x ၃၂လမ်းထောင့် ဆိုက္ကားဂိတ်နဲ့ ဆိုင်ကယ်တက္ကစီ သမားတွေရော အများကြီးပါ။ အမှတ်(၈) ရဲစခန်းမှာ အမှုဖွင့် ထားပါတယ်'' ဟု သြ ဂုတ် ၁၇ ရက်က ဆွဲကြိုးဖြတ်ခံရသူ ဒေါ်မင်းမင်းခိုင်က ဆိုသည်။

မန္တလေးတွင် ယာဉ်တိုက်မှု ဖြစ်ပွားလျှင်လည်း သက်ဆိုင်ရာသို့ အကြောင်းကြား ကူညီပေးရာတွင် တာဝန်ကျဌာန အသီးသီးသို့ ပြန်လည် ညွှန်ကြားခြင်းနှင့် လူမှုကူညီရေး အသင်းများ အနေဖြင့်လည်း မှုခင်းရဲ အရာရှိများ၏ စစ်ဆေးမှုများကို ဖြေရှင်းရခြင်း တို့ကြောင့် အခက်အခဲ ဖြစ်ပေါ်ရကြောင်း သိရသည်။

''အက်စီးဒင့် တစ်ခုခုဖြစ်လို့ ပြည်သူတစ်ယောက်က ဖုန်းဆက်ခေါ်ရင် လာခွင့်မရှိပါဘူး။ တာဝန်ကျ ယာဉ်ထိန်းရဲနဲ့ ရဲဝန်ထမ်း တစ်ဦးက ဖုန်းဆက်မှ လာရပါတယ်။ မှုခင်းကိစ္စတွေမှာ ရဲက မစစ်ဆေးရသေးဘဲ ကျွန်တော်တို့ လူမှုကူညီရေး အသင်းကားက သယ်သွားလို့ ပြဿနာတွေ ရှင်းရပါတယ်'' ဟု ဗြဟ္မစိုရ် လူမှုကူညီရေး အသင်းက ဆိုသည်။

''ရတနာပုံဈေးနား တစ်ဝိုက်မှာ ဆွဲကြိုးဖြတ်ခံရတာ ဒါပါနဲ့ဆို နှစ်ခါရှိပြီ။ အဲဒီ ငါးကျပ်သား ဖြတ်ခံရတဲ့ နေ့မှာပဲ နန်းရှေ့မှာလည်း ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ်ခံရသေးတယ်။ သူတို့လို လုယက်တဲ့ သူတွေက တစ်ယောက်တည်း မဟုတ်ဘူး။ အဖွဲ့လိုက် လူအုပ်ထဲမှာရောပြီး ရှိနေလို့ တချို့ကလည်း ကိုယ့်အတွက် အန္တရာယ်ဖြစ်မှာ ကြောက်လို့ ၀င်မကူညီ ကြတော့တာ တွေလည်းရှိတယ်'' ဟု အခင်းဖြစ်နေရာတွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

Read More >>>> http://www.news-eleven.com/local/mandalay-news-and-local/22360

မန္တလေးတွင် နေ့အချိန် မြို့လယ်ကောင်၌ ဆိုင်ကယ်ဖြင့် လုယက်မှု ပိုမိုများပြားလာပြီး ဖြစ်ပွားသည့် မှုခင်းပြဿနာများတွင် ပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင်လိုမှု နည်းပါးလာကြောင်း ရဲတပ်ဖွဲ့ဝင်များက သုံးသပ် ပြောကြားခဲ့သည်။

နေ့အချိန် လူစည်ကားရာ နေရာများဖြစ်သည့် ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံဈေး တစ်ဝိုက်နေရာများ၊ နန်းရှေ့ဈေးကဲ့သို့ နေရာများတွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ပြေးခြင်း၊ ပိုက်ဆံအိတ် လုယူမှုများ ပိုများလာပြီး သက်သေလိုက်ရ ခြင်းများနှင့် ရဲလုပ်ထုံးလုပ်နည်းများကြောင့် စစ်ဆေးမေးမြန်း ခံရခြင်း၊ မိမိအန္တရာယ် ပြုခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ပြည်သူများ ကူညီဆောင်ရွက် လိုခြင်းများ မရှိတော့သဖြင့် လုယက်သူများ ပိုမိုရဲတင်းလာခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောကြားသည်။

''ကျွန်တော်တို့ ပိုင်နက်နယ်မြေထဲမှာ တိုင်ကြားထားတာ တွေရှိတယ်။ တခြားမြို့ နယ် တွေမှာလည်း ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ် ခံရတာတွေ တိုင်တာများနေပြီ။ FZ ဆိုင်ကယ်နဲ့ လုတာများနေတာကို စစ်ဆေးတွေ့ ရပါတယ်။ နီးတော့နီးပါပြီ'' ဟု အမှတ် (၈) ရဲစခန်းမှ တာဝန်မှူးက ဆိုသည်။

ရာဇ၀င်ကြားက စိန်ပွင့်များ


ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာဟာ စိန်ရယ်လို့ လူအများက လက်ခံကြသလို စိန်ဆိုတာဟာလည်း အမျိုးသမီးများရဲ့ သည်းခြေကြိုက် ရတနာတစ်ပါးဖြစ်ပါတယ်.. ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ကို ပိုင်ဆိုင်ခွင့်သာရမယ်ဆိုရင် ဘယ် အမျိုးသမီး မဆို လိုချင်ကြလိမ့်မယ် ထင်ပါတယ် ။ တကယ်လို့များ စိန်ထည် လက်ဝတ်ရတနာ လက်ဆောင် ပေးမယ်ဆိုရင်လည်း ငြင်းပယ်မဲ့သူ ဆိုတာ အင်မတန်မှ ရှားမယ် ထင်ပါတယ်. စိန်ဆိုရင် ကြီးကြီးသေးသေး လေဒီမမတို့က ကြိုက်ပြီးသား ဖြစ်ကြပါတယ်.. စိန်တစ်ပွင့်ဖြစ်လာဖို့ ကမ္ဘာမြေကြီးရဲ့ အောက်ခြေမှာ ဖိနှိပ်အားတွေနဲ့ ဖိနှိပ်ခံရပြီး နှစ်သန်းပေါင်းများစွာ အချိန်ကြာတဲ့အခါမှ စိန်ဆိုတာ ဖြစ်ပေါ်လာတာပါ။ စိန်ဟာ ရတနာအားလုံးထဲမှာ အမာကြောဆုံးနဲ့ အတောက်ပဆုံး ရတနာလည်း ဖြစ်ပါတယ်.. ဒါကြောင့်လည်း စိန်ကို ကျောက်မျက်ရတနာ လောကမှာ ရှားပါး တန်ဖိုးကြီးရတနာအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

စစ်သွေးကြွ တိုက်ခိုက်မှုကြောင့် အီဂျစ်ရဲ ၂၄ ဦးသေဆုံး

စစ်သွေးကြွ တိုက်ခိုက်မှုကြောင့် အီဂျစ်ရဲ ၂၄ ဦးသေဆုံး 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

ဆီနိုင်းကျွန်းဆွယ်မှာ ရဲတပ်ဖွဲ့ဝင် ၂၄ ယောက်ထက်မနည်းကို လက်နက်ကိုင်တွေက သတ်ပစ်ခဲ့ပါတယ်။ သမ္မတ မိုဟာမက် မော်စီ ကို စစ်တပ်က ပြီးခဲ့တဲ့လမှာ အာဏာသိမ်းယူပြီး ဖြုတ်ချလိုက်ပြီးကတည်းက အဲဒီဒေသမှာ တိုက်ပွဲတွေ အရှိန်မြှင့် ဖြစ်နေခဲ့တာပါ။
 
ဂါဇာကမ်းမြောင်ဒေသနဲ့ နယ်စပ်တလျှောက် ရာဖာမြို့နားမှာ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ ဘတ်စ်ကားတွေကို တနင်္လာနေ့ အစောပိုင်းမှာ လက်နက်ကိုင်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။
 
အီဂျစ်သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူက သူ့ရဲ့အမှုသည်ဟာ မကြာခင် ပြန်လွတ်လာတော့မယ်လို့ တနင်္လာနေ့မှာပဲ ပြောလိုက်ပါတယ်။
 
မစ္စတာ မူဘာရက်နဲ့ သူ့ရဲ့သားတွေဟာ သမ္မတနန်းတော်တွေအတွက် ငွေတွေကို အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေကနေ ပေါ်ပေါက်လာတဲ့ အကျင့်ပျက် ခြစားမှုဆိုင်ရာ စွဲချက်တွေကနေ မစ္စတာ မူဘာရက် ကင်းရှင်းကြောင်း အီဂျစ်တရားရုံးတခုက ဆုံးဖြတ်လိုက်တယ်လို့ ရှေ့နေ Fareed el-Deeb က ပြောတာပါ။
 
ဒီအပြောကို သက်ဆိုင်ရာ တရားရေး တာဝန်ရှိသူတွေဆီကနေ အတည်ပြုချက်တော့ ချက်ခြင်းမရသေးပါဘူး။ ဒါပေမဲ့လည်း မစ္စတာ မူဘာရက်ဟာ နောက်ထပ်စွဲချက်တစ်ခုနဲ့ ဆက်ပြီး အထိန်းသိမ်းခံနေရဦးမယ်လို့ တရားရေးဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP သတင်းဌာနက ပြောပါတယ်။ 

http://burmese.voanews.com/content/egyptian-police-attacked-in-latest-violence/1732543.html

ဆီနိုင်းကျွန်းဆွယ်မှာ ရဲတပ်ဖွဲ့ဝင် ၂၄ ယောက်ထက်မနည်းကို လက်နက်ကိုင်တွေက သတ်ပစ်ခဲ့ပါတယ်။ သမ္မတ မိုဟာမက် မော်စီ ကို စစ်တပ်က ပြီးခဲ့တဲ့လမှာ အာဏာသိမ်းယူပြီး ဖြုတ်ချလိုက်ပြီးကတည်းက အဲဒီဒေသမှာ တိုက်ပွဲတွေ အရှိန်မြှင့် ဖြစ်နေခဲ့တာပါ။

ဂါဇာကမ်းမြောင်ဒေသနဲ့ နယ်စပ်တလျှောက် ရာဖာမြို့နားမှာ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ ဘတ်စ်ကားတွေကို တနင်္လာနေ့ အစောပိုင်းမှာ လက်နက်ကိုင်တွေက ခြုံခိုတိုက်ခိုက်ခဲ့တာပါ။

အီဂျစ်သမ္မတဟောင်း ဟော်စနီ မူဘာရက်ရဲ့ ရှေ့နေတစ်ဦးဖြစ်သူက သူ့ရဲ့အမှုသည်ဟာ မကြာခင် ပြန်လွတ်လာတော့မယ်လို့ တနင်္လာနေ့မှာပဲ ပြောလိုက်ပါတယ်။

ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်သည်ကို တွေ့ရှိရသည်ဟုဆို

မြန်မာလူမျိုးများ အဓိက စားသုံးနေသော ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်သည်ကို တွေ့ရှိရသည်ဟု စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

လုပ်ငန်းရှင် တစ်ဦးက ငါးပိနှင့် ပတ်သက်သော စီးပွားရေး လုပ်လိုသဖြင့် ဧရာဝတီတိုင်းတွင် ငါးပိ ဝယ်ယူနိုင်ရန် စားသုံးသူ ကာကွယ်ရေးအသင်းက ကူညီရာတွင် ငါးပိများ၌ ဓာတ်မြေသြဇာများ ထည့်သွင်း အသုံးပြုထားခြင်း ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၌ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန FDA၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် စားသုံးသူ ကာကွယ်ရေးအသင်းတို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ခုနှစ်ဆင့် ရေတံခွန်ကို မြန်မာနိုင်ငံတွင် ပထမဆုံး တွေ့ရှိ


မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ခုနှစ်ဆင့်ပါသော ရေတံခွန်တစ်ခုကို ကချင်ပြည်နယ်မြစ်ကြီးနားမြို့နှင့် ၁၆ မိုင်ခန့်အကွာ ဆဒုံးမြို့နား မရောက်မီ တောနက်ကြီးတစ်ခုထဲတွင် အမှတ်မထင် တွေ့ရှိခဲ့ရကြောင်း သြဂုတ်လ ၁၄ ရက်တွေင် ဒေသခံတစ်ဦးကပြောကြားခဲ့ သည်။ “အရင်တုန်းက ဒီတောက တအားနက်တယ်။ သစ်ပင်တွေ ထူတယ်။ ပိန်းပိတ်အောင် ပေါက်ရောက် တယ်။ အဲဒီမှာ တရုတ်-မြစ်ကြီးနား ကမ်မန်စီလမ်းဖောက်တော့ သစ်ပင်တွေခုတ်ရင်းနဲ့ ဒီခုနှစ်ဆင့် ရေတံခွန်ကို တွေ့တာပါ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်းသို့ အမှတ်မထင် တွေ့ရှိခဲ့သော ခုနှစ်ဆင့် ရေတံခွန်သည် ဆဒုံးမြို့ နယ်နား၌ တွေ့ရသည့်အတွက် ဆဒုံးရေတံခွန် ဟု ခေါ်ဆိုကြပြီး ၄င်းရေတံခွန် ကို ၂၀၀၈ခုနှစ်က တွေ့ရှိခဲ့ကြသော်လည်း နယ်မြေ မလုံခြုံခြင်း နှင့် မိုင်းများ ပေါများသောကြောင့် ဒေသခံများအနေဖြင့် ရေတံခွန် အဆင့်သုံးဆင့်အထိသာ ရောက်ရှိကြပြီးခုနှစ်ဆင့်အထိ ရောက်ရှိခဲ့သူ အချို့လည်းရှိကြောင်း သိရသည်။ပြင်ဦးလွင်မှ နာမည်ကျော် ပွဲကောက် ရေတံခွန်သည် အဆင့်လေးဆင့်သာရှိကြောင်းသိရပြီး ယင်းဒေသ များ ကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်ပေးပြီး နယ်မြေအေးချမ်းပါ က ခရီးသွားများ အထူးနှစ်ခြိုက်စွာ သွားရောက်လည်ပတ် ကြမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယတွင် လမ်းဖြတ်ကူးသောဘုရားဖူးအဖွဲ့ကို အမြန်ရထားက အရှိန်ဖြင့်ဝင်တိုက် ၃၅ဦးသေ

အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင် အမြန်ရထားတစ်စီးသည် ဟိန္ဒူ ဘုရားဖူးလူအုပ်အတွင်းသို့ အရှိန် ဖြင့် ဝင်တိုးမိရာ လူပေါင်း ၃၅ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။
လူသေမှုဖြစ်ပွားခဲ့သည့် အတွက် လူအုပ်ကြီးကို အမျက် ဒေါသထွက်စေခဲ့ပြီး ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင် ရာအရာရှိတို့က ပြောကြားခဲ့ သည်။
အခင်းဖြစ်ပွားသည့်နေရာ မှာ ဘီဟာပြည်နယ်ရှိ ဘူတာရုံ တွင်ဖြစ်ပြီး ဘုရားဖူးတို့က ဘူတာ ရုံရှိ ရထားလမ်းကိုဖြတ်ကူးနေစဉ် အမြန်ရထားက လူအုပ်ကို အရှိန် ဖြင့် ဝင်ကျုံးခဲ့ခြင်းဖြစ်သည်။ အခင်း ဖြစ်ပွားမှုကြောင့် လူ၃၅ဦး သေ ဆုံးကာ အမြောက်အမြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လူအများအပြား သေဆုံး မှုကြောင့် ဒေါသထွက်နေသော လူအုပ်ကြီးက ရထားတွဲများကို မီးရှို့ခဲ့ကြသကဲ့သို့ ဒါဟာရာဘူ တာရုံကို မွှေနှောက်ဖျက်ဆီးခဲ့ကြ သည်ဟု သိရသည်။ ဒါဟာရာဘူ တာရုံသည် ပတ္တနားမြို့မှ ၁၇၈ ကီလိုမီတာအကွာတွင်ရှိကြောင်း သိရသည်။

အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦး အကြောင်း မှတ်တမ်းရိုက်ကူးရန် Discovery Channel မှ ကမ်းလှမ်း

8.1.1
ခွဲစိတ်ကုသရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ကိုဝင်ဇော်ဦးကို ဗီဒီယိုရိုက်ကူး နေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
အရပ် ၇ ပေ ၁၀ လက်မရှိ ကိုဝင်းဇော်ဦးအကြောင်း မှတ်တမ်းတင် ရိုက်ကူးပြသရန် Discovery Channel မှ လာရောက် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။
ကိုဝင်းဇော်ဦးနှင့် ပတ်သက်သည့် အကြောင်းအရာများကို Discovery Channel တွင် ရိုက်ကူးပြသရန် အတွက် တစ်နှစ်စာချုပ် ချုပ်လိုကြောင်း ကမ်းလှမ်းမှုများ ရှိနေပြီး လက်ရှိ ကိုဝင်းဇော်ဦး၏ ကျန်းမာရေးနှင့် ပတ်သက်၍ တာဝန်ယူ လုပ်ဆောင်ပေးနေသူများ အနေဖြင့် အဆိုပါ ကမ်းလှမ်းမှုအပေါ် လက်ခံမှု ရှိမရှိကိုမူ အတည်မပြု နိုင်သေးကြောင်း သိရသည်။
ထို့ပြင် ကိုဝင်းဇော်ဦး စင်ကာပူနိုင်ငံသို့ ရောက်ရှိနေစဉ် ယင်းနိုင်ငံတွင် ထုတ်လွှင့်ပြသနေသည့် CHANNEL NEWSASIA ရုပ်သံလိုင်းနှင့် တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Lianhe Zaobao Newspaper မှလည်း လာရောက် သတင်းယူခဲ့သည်။

ယာဉ်စစ်ဆေးသည့် ရဲအရာရှိ ဓားထိုးခံရ

ရန်ကုန်၊ သြဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အင်းလျားကန်ရှေ့ရှိ ဖူဆန်ဘုံကျောင်းရှေ့တွင် သြဂုတ်လ ၁၈ ရက် ည ၁၀ နာရီ ၃၀ မိနစ်ခန့်က လုံခြုံရေးအတွက် မတ်တူးယာဉ်ကို စစ်ဆေးသည့် ရဲအရာရှိတစ်ဦးကို အဆိုပါယာဉ်ပေါ်မှ အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိများ အပါအဝင် ရဲတပ်ဖွဲ့ဝင် ရှစ်ဦးနှင့် အခြားအဖွဲ့အစည်းမှ တာဝန်ရှိသူများက ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မတ်တူးယာဉ်ကို စစ်ဆေးစဉ် အဆိုပါ ယာဉ်မောင်းနှင်လာသူ ဗဟန်းရွှေတောင်ကြား ၂ ရပ်ကွက်၊ ကုက္ကိုင်းရိပ်သာလမ်းတွင်နေသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားက ယာဉ်စစ်ဆေးသူများကို မချေမငံ ဆက်ဆံခဲ့ပြီး ယာဉ်ကို မောင်းနှင်သွားခဲ့ကြောင်း၊ ထို့နောက် ည ၉ နာရီ ၅၅ မိနစ်တွင် ယာဉ်စစ်ဆေးသူများထံ ပြန်လည် ရောက်လာကာ ရန်စပြောဆိုမှု ပြုလုပ်ခဲ့ပြီး ယာဉ်ကို ပြန်လည် မောင်းနှင်သွားကြောင်း ဗဟန်းမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

အဓိကရုဏ်း နှိမ်နင်းရေးယာဉ် ၁၆၀ ကျော် ဝယ်မည်

Photo: အဓိကရုဏ်း နှိမ်နင်းရေးယာဉ် ၁၆၀ ကျော် ဝယ်မည်

ရန်ကုန်၊ သြဂုတ် ၁၉

ပဋိပက္ခ ဖြစ်ပွားသော ဒေသများတွင် အဓိကရုဏ်း နှိမ်နင်းရေးနှင့် လှည့်ကင်း အဖြစ် အသုံးပြုနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက မော်တော်ယာဉ် စီးရေ  ၁၆၀ ကျော် ဝယ်ယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် နတ်တလင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ဦးက လှည့်ကင်း/လုံခြုံရေးနှင့် အဓိကရုဏ်း နှိမ်နင်းရေးအတွက် တရားခံများ ဖမ်းဆီးရန် မည်သို့ စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိ လိုပါကြောင်း မေးမြန်းရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်အဖွဲ့ အနေနှင့် အဓိကရုဏ်းများ ဖြစ်ပွားရာ ဒေသများသို့ အချိန်မီ မသွားနိုင်ခြင်း၊ ယာဉ် မလုံလောက်ခြင်းများကို တွေ့နေရကြောင်း ဦးရဲထွဋ်ဦးက ပြောကြားသည်။

အဓိကရုဏ်း နှိမ်နင်းရေးနှင့် လှည့်ကင်း လှည့်ရာတွင် အသုံးပြုရန် ပြည်ထဲရေး ဝန်ကြီးဌာနက ဆလွန်း မော်တော်ယာဉ် ၄၄ စီး၊ ဒဘယ်ကတ် ဟိုင်းလပ် ယာဉ်စီးရေ ၁၀၀၊ အချုပ်ယာဉ် ၁၆ စီးနှင့် မော်တော် ဆိုင်ကယ် စီးရေ ၁၅၀ ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ဝယ်ယူသွား မည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ရှင်းပြသည်။ 

အဓိကရုဏ်း နှိမ်နင်းရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လတွင် အမျိုးသား စီမံကိန်းနှင့် စီပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနထံမှ ဒဘယ်ကတ် ဟိုင်းလပ် ယာဉ်စီးရေ ၆၃ စီး ခွဲတမ်း ရရှိထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနှင့် လုံခြုံရေးနှင့် လှည့်ကင်းအဖြစ် အသုံးပြုရန် မော်တော်ယာဉ်ပေါင်း ၂၇၂၅ စီး အသုံးပြုလျက် ရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြထားသည်။

မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ၊ ဝမ်းတွင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တို့တွင် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး အချိန်မီ မထိန်းသိမ်းနိုင် သဖြင့် နိုင်ငံတော် သမ္မတက အရေးပေါ် ကြေညာချက် ထုတ်ပြန်ကာ တပ်မတော်၏ အကူအညီကို ရယူခဲ့ရသည်။
ရန်ကုန်၊ သြဂုတ် ၁၉

ပဋိပက္ခ ဖြစ်ပွားသော ဒေသများတွင် အဓိကရုဏ်း နှိမ်နင်းရေးနှင့် လှည့်ကင်း အဖြစ် အသုံးပြုနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနက မော်တော်ယာဉ် စီးရေ ၁၆၀ ကျော် ဝယ်ယူမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် နတ်တလင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်ဦးက လှည့်ကင်း/လုံခြုံရေးနှင့် အဓိကရုဏ်း နှိမ်နင်းရေးအတွက် တရားခံများ ဖမ်းဆီးရန် မည်သို့ စီစဉ် ဆောင်ရွက်ထားသည်ကို သိရှိ လိုပါကြောင်း မေးမြန်းရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်အဖွဲ့ အနေနှင့် အဓိကရုဏ်းများ ဖြစ်ပွားရာ ဒေသများသို့ အချိန်မီ မသွားနိုင်ခြင်း၊ ယာဉ် မလုံလောက်ခြင်းများကို တွေ့နေရကြောင်း ဦးရဲထွဋ်ဦးက ပြောကြားသည်။

ဝမ်းတွင်းတွင် ရန်ငြိုးကြောင့် ချစ်သူ သားအမိကို ဓားဖြင့် ထိုးသတ်

မန္တလေး၊ သြဂုတ် ၁၉

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု ရွာသာ (အနောက်) ကျေးရွာတွင် သြဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက ချစ်သူ မိန်းကလေးနှင့် ၎င်းမိန်းကလေး၏ မိခင်ကို ရန်ငြိုးကြောင့် ဓားဖြင့် ထိုးသတ်မှု တစ်ခု ဖြစ်ပွားရာ သားအမိ နှစ်ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားကြောင်း ယင်းနယ်မြေ ရဲတပ်ဖွဲ့ စခန်းနှင့် ကျေးရွာ ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

“ည ၁၁ နာရီ ၃၀ မိနစ်လောက်က ဖြစ်တာ။ သားအမိ နှစ်ယောက်ကတော့ ပွဲချင်းပြီး သေတယ်။ တရားခံကတော့ ထွက်ပြေးတယ်” ဟု ယင်းဒေသခံ တစ်ဦးက ဆိုသည်။

အဆိုပါ တရားခံဟု ယူဆရသူ ဒင်ကြီး (ခ) ဇင်မင်းထွန်းနှင့် သေဆုံးသူ သားအမိ နှစ်ဦးအနက် သမီးဖြစ်သူ မမာမာသန်းတို့သည် သမီးရည်စား များ ဖြစ်ကြကာ လူငယ် သဘာဝ တွေ့ဆုံကြသည်ကို မမာမာသန်း၏ မိခင်ဖြစ်သူက ဇင်မင်းထွန်းကို ရိုက်နှက်မှုများ ရှိဖူးကြောင်း၊ ဇင်မင်းထွန်း သည် ယင်းရိုက်နှက်မှုကို အငြိုးအတေးထားကာ

တောင်ကိုရီးယား တိုက်လေယာဉ်များ ဈေးကွက်အတွင်း ဝင်လာမည်

Photo: တောင်ကိုရီးယား တိုက်လေယာဉ်များ ဈေးကွက်အတွင်း ဝင်လာမည်

ဆိုးလ်၊ သြဂုတ် ၁၉

အဆင့်မြင့် နည်းပညာသုံး လူသုံးကုန် ပစ္စည်းများနှင့် ကား၊ သင်္ဘော စသည့် ဈေးကွက်များတွင် ကျော်ကြားသော တောင်ကိုရီးယားနိုင်ငံသည် အာရှဒေသတွင်း နောင်လာမည့် ဆယ်စုနှစ်၌ ကာကွယ်ရေး စစ်လက်နက် ပစ္စည်း ဝယ်လိုအား တက်လာမည် ဖြစ်သောကြောင့် ဂျက် တိုက်လေယာဉ် များ တင်ပို့ ရောင်းချမည် ဖြစ်ကြောင်း Reuters သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

တောင်ကိုရီးယား ပြည်တွင်းဖြစ် အပေါ့စား ဂျက် တိုက်လေယာဉ် FA-50 ကို ကိုရီးယား အာကာသ စက်မှုလုပ်ငန်း လီမိတက်၏ တောင်ပိုင်းမြို့တော် ဆာချွန်ရှိ တပ်ဆင် စက်ရုံမှ အပြင်သို့ စတင် ထုတ်လာတော့မည် ဖြစ်သည်။

FA-50s နှင့် T-50s အမျိုးအစား တိုက်လေယာဉ် အစင်း တစ်ထောင်ခန့် အထိကို လာမည့် ဆယ်စုနှစ် သုံးခုအတွင်း အရှေ့တောင်အာရှ၊ ဥရောပ အရှေ့ပိုင်းနှင့် အမေရိကဒေသ ဈေးကွက်များကို ရောင်းချသွားရန် လျာထားလျက် ရှိကြောင်း KAI လီမိတက်မှ အရာရှိများ၏ အဆိုအရ သိရသည်။

“အရှေ့တောင်အာရှနဲ့ တောင်အမေရိကနိုင်ငံတွေအတွက် FA-50s တိုက်လေယာဉ်က ဈေးကွက် ဆွဲဆောင်မှု ရှိပါတယ်” ဟု ယင်းကုမ္ပဏီကြီး ၏ ပြင်ပရေးရာ အကြီးတန်း အရာရှိ ပတ်ခ်ဂျွန်ဆူးက သတင်းထောက်များ ကို ပြောကြားသည်။

၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စစ် အသုံးစရိတ်သည် ၉ ဒသမ ၃ ရာခိုင်နှုန်း တက်လာမည်ဖြစ်ကာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅ ထရီလီယံအထိ ရောက်လာနိုင်ကြောင်း HIS Janes မှ စစ်ရေး လေ့လာ သုံးသပ်သူများက ဆိုသည်။

ကိုရီးယား ဂျက် တိုက်လေယာဉ်များ အနေနှင့် အမြတ်အစွန်းများသော တိုက်လေယာဉ် ဈေးကွက် တွင် အမေရိကန်၊ ဥရောပ နိုင်ငံများ၊ တရုတ်၊ ရုရှားတို့ကို အဓိက ပြိုင်ဆိုင်ရမည် ဖြစ်သည်။

KF-X အမျိုးအစား ပိုကြီးသော တိုက်လေယာဉ်များကိုလည်း အမေရိကန် စစ်လက်နက်ပစ္စည်း ကန်ထရိုက်များ၏ အကူအညီဖြင့် ထုတ်လုပ်ရန် တောင်ကိုရီးယားက စီစဉ်နေလျက်ရှိပြီး ဘဏ္ဍာရေးအရ အကန့်အသတ်တော့ ရှိနေသည်။

ပထမဆုံး FA-50s တိုက်လေယာဉ် အစင်း ၂၀ ကို လက်ရှိ F5 တိုက်လေယာဉ် အဟောင်းများ သုံးနေသည့် တောင်ကိုရီးယား လေတပ် အတွက် ထုတ်လုပ်မည် ဖြစ်သည်။

ဖိလစ်ပိုင် နိုင်ငံနှင့်လည်း ညှိနှိုင်းလျက်ရှိကာ အဆိုပါ လေယာဉ် အမျိုးအစား ၁၂ စီးအတွက် အမေရိကန် ဒေါ်လာ သန်း ၄၆၀ ဖိုး အရောင်းအဝယ် ဖြစ်နိုင်ခြေ ရှိသည်ဟု ဖိလစ်ပိုင် ပြည်တွင်း မီဒီယာ တစ်ခု က ရေးသား ဖော်ပြထားသည်။
ဆိုးလ်၊ သြဂုတ် ၁၉

အဆင့်မြင့် နည်းပညာသုံး လူသုံးကုန် ပစ္စည်းများနှင့် ကား၊ သင်္ဘော စသည့် ဈေးကွက်များတွင် ကျော်ကြားသော တောင်ကိုရီးယားနိုင်ငံသည် အာရှဒေသတွင်း နောင်လာမည့် ဆယ်စုနှစ်၌ ကာကွယ်ရေး စစ်လက်နက် ပစ္စည်း ဝယ်လိုအား တက်လာမည် ဖြစ်သောကြောင့် ဂျက် တိုက်လေယာဉ် များ တင်ပို့ ရောင်းချမည် ဖြစ်ကြောင်း Reuters သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

တောင်ကိုရီးယား ပြည်တွင်းဖြစ် အပေါ့စား ဂျက် တိုက်လေယာဉ် FA-50 ကို ကိုရီးယား အာကာသ စက်မှုလုပ်ငန်း လီမိတက်၏ တောင်ပိုင်းမြို့တော် ဆာချွန်ရှိ တပ်ဆင် စက်ရုံမှ အပြင်သို့ စတင် ထုတ်လာတော့မည် ဖြစ်သည်။

FA-50s နှင့် T-50s အမျိုးအစား တိုက်လေယာဉ် အစင်း တစ်ထောင်ခန့် အထိကို လာမည့် ဆယ်စုနှစ် သုံးခုအတွင်း အရှေ့တောင်အာရှ၊ ဥရောပ အရှေ့ပိုင်းနှင့် အမေရိကဒေသ ဈေးကွက်များကို ရောင်းချသွားရန် လျာထားလျက် ရှိကြောင်း KAI လီမိတက်မှ အရာရှိများ၏ အဆိုအရ သိရသည်။

အီဂျစ် ထောင်ဖောက်ရန် ကြိုးစားမှုတွင် အစ္စလာမ္မစ် အကျဉ်းသား ၃၆ ဦး သေဆုံး

Photo: အီဂျစ် ထောင်ဖောက်ရန် ကြိုးစားမှုတွင် အစ္စလာမ္မစ် အကျဉ်းသား ၃၆ ဦး သေဆုံး

ကိုင်ရို၊ သြဂုတ် ၁၉

အီဂျစ်တွင် အကျဉ်းထောင် တစ်ခု၌ ပြီးခဲ့သည့် တနင်္ဂနွေနေ့ သြဂုတ် ၁၈ ရက်က ထောင်ဖောက် ထွက်ပြေးကြရန် ကြိုးစားမှု တစ်ခု ဖြစ်ခဲ့ရာ အကျဉ်းသား ၃၆ ဦး သေဆုံးခဲ့ရကြောင်း AFP သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ယင်းကိစ္စရပ် ဖြစ်ခဲ့ပြီးနောက် သမ္မတ မော်စီကို ထောက်ခံ ဆန္ဒပြနေသည့် အစ္စလာမ္မစ် အင်အားစုများ အား အစိုးရက အကြမ်းနည်းဖြင့် နှိမ်နင်းနေသည့် ငါးရက်အတွင်း သေဆုံးသူ အရေအတွက် ၈၀၀ နီးပါး ရှိသွားပြီ ဖြစ်သည်။

“ထောင်သားတွေ မလွတ်သွားအောင် မျက်ရည်ယိုဗုံးတွေနဲ့ တားဆီးနေတဲ့ အချိန်မှာ အကျဉ်းသား ၃၆ ဦးဟာ လူ ပိမိတာနဲ့ အသက်ရှူကျပ် တာတွေကြောင့် သေဆုံးသွားကြတာ ဖြစ်ပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မွတ်ဆလင် ညီနောင်များ အင်အားစုက ယင်းမတော်တဆမှုနှင့် ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကာ ယင်းထုတ်ပြန်ချက် တွင် “အာဏာသိမ်းပွဲကို မထောက်ခံတဲ့ ဆန္ဒပြသူတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ အကြမ်းဖက်တာကြောင့် ထိန်းသိမ်းခံ ၃၅ ဦး သေဆုံးခဲ့ရပါတယ်။  အာဏာပိုင်တွေဟာ သူတို့ ပစ်မှတ်ထားသူတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်နေကြခြင်း ဖြစ်ပါတယ်” ဟု ပါဝင်သည်။

တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း အသိပေး အမိန့်ကြေညာစာ တစ်စောင် ထုတ်ပြန်ခဲ့ကာ ယင်းစာတမ်းတွင် ပြည်သူများ အနေနှင့် ညမထွက်ရ အမိန့်ကို လေးစား လိုက်နာကြစေလိုကြောင်း သတိပေးထားသည်။

ရဲနှစ်ဦးလည်း ဆူးအက် တူးမြောင်းအနီး မြို့တော် အစ္စေမေးလီယာတွင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည် ဟု ဝန်ကြီးဌာနက သတင်း ထုတ်ပြန် ထားသေးသည်။

ဆန္ဒပြ လူအုပ်များကို သွေးမြေကျ ဖြိုခွင်းမှုများအတွက် နိုင်ငံတကာက စိုးရိမ်တကြီး ဝေဖန်ရှုတ်ချမှု များ ပြုလုပ်ကြပြီး အလွန် ဆိုးဝါးသော အဖြစ်အပျက်များ ဖြစ်ခဲ့ခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ထိုးနှက်ချက်များဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့သည်။

ဥရောပ သမဂ္ဂ၏ နိုင်ငံခြားရေးရာ မူဝါဒ အကြီးအကဲ ကက်သရင်း အက်ရှ်တန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တို့ကလည်း အင်အားသုံးပြီး ဖြိုခွင်းခြင်းကို ဝေဖန် ပြစ်တင်ထားသည်။ 

 နိုင်ငံရေး အကျပ်အတည်းများ ဖြစ်လျက် ရှိနေသည့် မွတ်ဆလင် ညီနောင် များ အင်အားစုကို ဖျက်သိမ်းလျှင် အီဂျစ်အတွက် ကောင်းမည် ဖြစ်ကြောင်း အီဂျစ် ဝန်ကြီးချုပ်ဟာဇမ်အယ်ဘီဘလာဝီက အကြံပြုထားသည်ဟု အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက သတင်း မီဒီယာများကို ပြောကြားခဲ့ သည်။

အီဂျစ် သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ရာထူးမှ ဖြုတ်ချခဲ့ခြင်းအား ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အင်အားသုံး ဖြိုခွင်းခဲ့ပြီးနောက် ဝန်ကြီးချုပ်၏ ထိုသို့ လက်ရှိ အစိုးရ ဆန့်ကျင်ရေး အင်အားစု မွတ်ဆလင် ညီနောင်များကို ဖျက်သိမ်းရန် အကြောင်းကြားမှု ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
ကိုင်ရို၊ သြဂုတ် ၁၉

အီဂျစ်တွင် အကျဉ်းထောင် တစ်ခု၌ ပြီးခဲ့သည့် တနင်္ဂနွေနေ့ သြဂုတ် ၁၈ ရက်က ထောင်ဖောက် ထွက်ပြေးကြရန် ကြိုးစားမှု တစ်ခု ဖြစ်ခဲ့ရာ အကျဉ်းသား ၃၆ ဦး သေဆုံးခဲ့ရကြောင်း AFP သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

ယင်းကိစ္စရပ် ဖြစ်ခဲ့ပြီးနောက် သမ္မတ မော်စီကို ထောက်ခံ ဆန္ဒပြနေသည့် အစ္စလာမ္မစ် အင်အားစုများ အား အစိုးရက အကြမ်းနည်းဖြင့် နှိမ်နင်းနေသည့် ငါးရက်အတွင်း သေဆုံးသူ အရေအတွက် ၈၀၀ နီးပါး ရှိသွားပြီ ဖြစ်သည်။

“ထောင်သားတွေ မလွတ်သွားအောင် မျက်ရည်ယိုဗုံးတွေနဲ့ တားဆီးနေတဲ့ အချိန်မှာ အကျဉ်းသား ၃၆ ဦးဟာ လူ ပိမိတာနဲ့ အသက်ရှူကျပ် တာတွေကြောင့် သေဆုံးသွားကြတာ ဖြစ်ပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ သတိပေး

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ သတိပေး
********************************************************************
ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ခန်းမတွင် ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား မြှင့်တင်ရေး အခမ်းအနားတွင် ပြောသွားသည်။

"ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူထုကရွေးချယ်တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တော်ဖို့
ကောင်းဖို့ အရေးကြီးပါတယ်။ ရှေးဦးစွာ ကျေးရွာတွေမှာ တရာဥပဒေစိုးမိုးအောင်၊ လောင်းကစားဝိုင်းတွေ၊ အရက်ပုန်းချက်လုပ်တာတွေ၊ ချဲထီဒိုင်တွေ၊ မူးယစ်ဆေးဝါးတွေ မရှိအောင် ထိထိရောက်ရောက်လုပ်ရပါမယ်။ သို့မှာသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုတွေကင်းစင်ပြီး တရားဥပဒေစိုးမိုးတဲ့ ကျေးရွာတွေဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ ဘယ်လိုမှ တိုးတက်လာနိုင်မည်မဟုတ်ပါဘူး။ ရာထူးဆိုတာ အာဏာပြဖို့ မဟုတ်ပါဘူး။" ဟု သမ္မတက ပြောသည်။

ယင်းအပြင် နေပြည်တော် ကောင်စီ ရှစ်မြို့နယ်အတွက်  ချေးငွေ ကျပ် ၇၂၀၆.၇ သိန်း ထုတ်ချေးသွားမည်ဖြစ်ပြီး လက်တွန်းထွန်စက်၊ ထွန်စက်၊ ထော်လာဂျီ၊ ထရပ်ကား၊ အင်ဂျင်၊ မီးစက်၊ ရေစုပ်စက်၊ သုံးဘီးဆိုင်ကယ်၊ ပရိုဘောက်
တက္ကစီကား၊ အပ်ချုပ်စက်၊ ဆိုက္ကားနှင့် မော်တော်ဆိုင်ကယ် စတဲ့ ပစ္စည်းတန်ဖိုး အပါအဝင် ကျပ်သိန်းပေါင်း ၁၂၅၈၂.၄၅ သိန်းထုတ်ချေးပေးသွားမည်ဟု သမ္မက ပြောသည်။

သမ္မတ အလုပ်လုပ်ကြရန် တိုက်တွန်းရာတွင် "အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်စားနေကြရင်တော့ တစ်နေ့မှာ ဆင်းရဲမွဲတေမှုနဲ့ပဲ ပြန်ပြီး သံသရာလည်နေကြရအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ကြပါ၊ ဥပဒေနဲ့
ညီညွတ်တဲ့ ဘယ်အလုပ်ကိုမဆို ရှက်စရာ၊ကြောက်စရာမရှိပါဘူး၊ ဂုဏ်ရှိပါတယ်" ဟု ဆိုသွားသည်။ 
မဇ္ဈိမသတင်းဌာန

ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ခန်းမတွင် ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား မြှင့်တင်ရေး အခမ်းအနားတွင် ပြောသွားသည်။

"ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို
့အတွက် လူထုကရွေးချယ်တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တော်ဖို့
ကောင်းဖို့ အရေးကြီးပါတယ်။ ရှေးဦးစွာ ကျေးရွာတွေမှာ တရာဥပဒေစိုးမိုးအောင်၊ လောင်းကစားဝိုင်းတွေ၊ အရက်ပုန်းချက်လုပ်တာတွေ၊ ချဲထီဒိုင်တွေ၊ မူးယစ်ဆေးဝါးတွေ မရှိအောင် ထိထိရောက်ရောက်လုပ်ရပါမယ်။ သို့မှာသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုတွေကင်းစင်ပြီး တရားဥပဒေစိုးမိုးတဲ့ ကျေးရွာတွေဖြစ်လာပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ ဘယ်လိုမှ တိုးတက်လာနိုင်မည်မဟုတ်ပါဘူး။ ရာထူးဆိုတာ အာဏာပြဖို့ မဟုတ်ပါဘူး။" ဟု သမ္မတက ပြောသည်။
Related Posts Plugin for WordPress, Blogger...

ShareThis