menu

Saturday 17 August 2013

ဖိလစ်ပိုင် သင်္ဘောမှောက်မှု လူ၃၀၀ နီးပါး ပျောက်နေ

ကူတို့သဘောင်္နဲ့ တိုက်မိခဲ့တဲ့ ကုန်တင်သဘောင်္ကို တိုက်မိပြီးချိန်မြင်ရပုံ
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆာဘူးကျွန်းနားမှာ ခရီးသည်တွေ အပြည့် တင်ဆောင်လာတဲ့ ကူးတို့ သင်္ဘော တစင်း တိမ်းမှောက်သွား ခဲ့ရာမှာ အနည်းဆုံး လူ၂၄ဦး သေဆုံးသွားပြီး လူ၃၀၀ နီးပါးလောက် ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့် အဖွဲ့က ပြောပါတယ်။

ကုန်တင် သင်္ဘော တစင်းနဲ့ တိုက်မိအပြီး မိနစ်ပိုင်း အတွင်းမှာပဲ အဲဒီ St Thomas Aquinas သင်္ဘော နစ်မြုပ်သွားခဲ့တာပါ။

ခရီးသည် ၆၀၀ နီးပါးလောက်ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကမ်းခြေစောင့်အဖွဲ့က ပြောပါတယ်။

အီဂျစ်အကြမ်းဖက်မှု ၇၀ ကျော်ထပ်မံသေဆုံး

အီဂျစ်အကြမ်းဖက်မှု ၇၀ ကျော်ထပ်မံသေဆုံး 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )

အီဂျစ်နိုင်ငံမှာ သေဆုံးမှုတွေရှိခဲ့တဲ့ အဓိကရုဏ်းတွေ အများအပြားဆက်တိုက်ဖြစ်ပွားခဲ့တာမို့ ဒေါသထွက်နေတဲ့လူထုဟာ နိုင်ငံတလွှား သောကြာနေ့  နေ့လည်ဝတ်ပြုဆုတောင်းအပြီးမှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒတွေပြခဲ့ကြပါတယ်။
 
သောကြာနေ့ ဖြစ်ပွားတဲ့ အဓိကရုဏ်းကနေ လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးတာဝန်ခံတွေက ပြောကြားခဲ့ပြီး အများစုဟာ  ကိုင်ရိုမြို့တော် Ramses ရင်ပြင်တဝိုက်က ဖြစ်တယ်လို့ ဆိုပါတယ်။  တချို့သတင်းတွေမှာတော့ သေဆုံးသူအရေအတွက်  ဒီထက်ပိုများတယ်လို့ ပြောပါတယ်။  ဗလီဝတ်ကျောင်းတွေရဲ့  အပြင်ဘက်မှာ  ဒါဇင်နဲ့ချီတဲ့အလောင်းတွေ ချထားတာတွေ့ရပြီး  အဲဒီနေရာတွေကို ယာယီအလောင်းထားတဲ့ နေရာတွေအဖြစ် တွေ့နေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
 
ဖြုတ်အချခံရတဲ့ သမ္မတမိုဟာမက်မော်စီနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေက နိုင်ငံတော်အစိုးရရဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကိုအာခံပြီး ဒေါသနေ့ကျင်းပခဲ့တာကို  အကြမ်းဘက်နှိမ်နင်းရာက အဓိကရုဏ်းတွေ ထပ်ပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။  အီဂျစ်စစ်တပ်က လေယာဉ်သုံးပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ မူဆလင်ညီအကိုတော်များအဖွဲ့က ပြောပါတယ်။
 
ဗွီဒီယိုတစ်ခုမှာတော့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေကို  ဒေသခံတွေက ခဲတွေနဲ့ ပစ်ခတ်နေတာကိုတွေ့ရသလို အရပ်ဝတ်နဲ့ အီဂျစ်နိုင်ငံသားတွေ လမ်းမတွေပေါ်မှာ ပြေးလွှားရင်း တယောက်နဲ့ တယောက် ပစ်ခတ်နေတာတွေကိုပါ တွေ့ရပါတယ်။  Ramses ရင်ပြင်နားမှာ ရှိတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုရဲ့အဆောက်အဦးတွေ မီးလောင်နေတာကိုလည်း တွေ့ရပါတယ်။ ဒီမီး ဘယ်လို စတင်လောင်ကျွမ်းခဲ့တယ် ဆိုတာကို အခုထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။
 
အီဂျစ်နိုင်ငံမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် ဆန္ဒပြသူတွေကို တွေ့နေရပါတယ်။  အီဂျစ်ကြားဖြတ်သမ္မတရုံးကတော့ စနေနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ ဆိုပါတယ်။

http://burmese.voanews.com/content/egypt-violence-dead-70-more-august-16-2013-/1731565.html

အီဂျစ်နိုင်ငံမှာ သေဆုံးမှုတွေရှိခဲ့တဲ့ အဓိကရုဏ်းတွေ အများအပြားဆက်တိုက်ဖြစ်ပွားခဲ့တာမို့ ဒေါသထွက်နေတဲ့လူထုဟာ နိုင်ငံတလွှား သောကြာနေ့ နေ့လည်ဝတ်ပြုဆုတောင်းအပြီးမှာ လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒတွေပြခဲ့ကြပါတယ်။

သောကြာနေ့ ဖြစ်ပွားတဲ့ အဓိကရုဏ်းကနေ လူပေါင်း ၇၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျန်းမာရေးတာဝန်ခံတွေက ပြောကြားခဲ့ပြီး အများစုဟာ ကိုင်ရိုမြို့တော် Ramses ရင်ပြင်တဝိုက်က ဖြစ်တယ်လို့ ဆိုပါတယ်။ တချို့သတင်းတွေမှာတော့ သေဆုံးသူအရေအတွက် ဒီထက်ပိုများတယ်လို့ ပြောပါတယ်။ ဗလီဝတ်ကျောင်းတွေရဲ့ အပြင်ဘက်မှာ ဒါဇင်နဲ့ချီတဲ့အလောင်းတွေ ချထားတာတွေ့ရပြီး အဲဒီနေရာတွေကို ယာယီအလောင်းထားတဲ့ နေရာတွေအဖြစ် တွေ့နေရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဖြုတ်အချခံရတဲ့ သမ္မတမိုဟာမက်မော်စီနဲ့ မူဆလင်ညီအကိုတော်များအဖွဲ့ကို ထောက်ခံသူတွေက နိုင်ငံတော်အစိုးရရဲ့ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကိုအာခံပြီး ဒေါသနေ့ကျင်းပခဲ့တာကို အကြမ်းဘက်နှိမ်နင်းရာက အဓိကရုဏ်းတွေ ထပ်ပြီးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အီဂျစ်စစ်တပ်က လေယာဉ်သုံးပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ မူဆလင်ညီအကိုတော်များအဖွဲ့က ပြောပါတယ်။

ကစားစရာပစ္စတိုသေနတ်တစ်လက်နဲ့ လူငါးယောက် ကေတီဗွီဆိုင်ထဲ၌ သောင်းကျန်းမှုဖြစ်ပွား

ပစ္စတိုသေနတ်တစ်လက်နဲ့ လူငါးယောက် ကေတီဗွီဆိုင်ထဲ၌ သောင်းကျန်းမှုဖြစ်ပွား
****************************************************
မုံရွာ၊ သြဂုတ် ၁၆ ရက်နေ့ ၂၂ နာရီ ၄၅ မိနစ်
မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီဆိုင်တစ်ခုတွင် ယခုလ ၁၆ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ပစ္စတိုသေနတ် တစ်လက်နှင့် လူငါးယောက်မှ ဆူပူသောင်းကျန်းလက်ရှိကြောင်း သက်ဆိုင်ရာမှ သိရှိရသဖြင့် အချိန်မီသွားရောက် စီစစ်ခဲ့ရ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် ဧည့်သည်တော် သစ်ပွဲစားတစ်ဦးနှင့် သစ်ထုတ်ရေးဝန်ထမ်း တစ်ဦး အပါအ၀င် လူငါးယောက်တို့သည် မုံရွာ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီ ဆိုင်တစ်ဆိုင်သို့ ညနေ ၄ နာရီအချိန်မှစတင် ၍ရောက်ရှိကာ သီချင်းဆိုခြင်း၊ အဖျော်ရည်ယမကာများအား မှာယူစားသောက်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ စက်ရှင်(၆)နာရီမျှ ယူခဲ့ကြောင်း၊ ၎င်းဆိုင်များအား ည ၁၀ နာရီ အချိန်တွင် ဆိုင်ပိတ်ချိန်အဖြစ် သက်ဆိုင်ရာမှ သတ်မှတ်ထားသည့်အတွက် ဆိုင်ပိတ်ချိန်ကျရောက်နေသည့်အတွက် ဆိုင်တာဝန်ခံမှ မေတ္တာရပ်ခံခဲ့ရာ ထိုလူငါးယောက်အနက်မှ ကိုစိုင်းဆိုသူ သစ်ပွဲစား မှ ပစ္စတိုသေနတ်တစ်လက်ထုတ်၍ ၎င်းမှာ ဦးခွန်ဆာအဖွဲ့မှဖြစ်ကြောင်း၊ ဦးခွန်ဆာနှင့်လည်း မွေးချင်းတော်စပ်ကြောင်း၊ စသဖြင့် ပြောဆို၍ ဆိုင်လုပ်သားများအပေါ် မဖွယ်မရာ ပြုမူဆက်ဆံခဲ့သည်ဟု ၎င်း ဆိုင်ဝန်ထမ်းများမှ ဆိုသည်။
အဆိုပါ လူငါးယောက်၏ အမည်/အသက်/ မှတ်ပုံတင်အမှတ်/ နေရပ်လိပ်စာများအား အစုံအလင် သိရှိပြီးဖြစ်သော် လည်း သတင်းသမားတို့၏ ကျင့်ဝတ်အရ ဖော်ပြရန် မသင့်လျော်ဟု ယူဆရသဖြင့် ထုတ်ဖော်ရေးသားခြင်းမပြုရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။
သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ အဆိုပါ လူငါးယောက်မှ ကိုင်ဆောင်သော ပစ္စတိုသေနတ် တစ်လက်သည် မုံရွာမြို့၊ ကျောက္ကာလမ်းမကြီပေါ်ရှိ စတိုးဆိုင်ကြီးတစ်ခုမှ ငွေကျပ် ၅၀၀၀ ဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း သေနတ်အား ပစ်ခတ်အသုံးပြုရန် ကျည်ဆံအလုံးလေးများ ပါရှိကြောင်း သိရှိရသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ကြည့်သည့်အခါတွင် သစ်ပွဲစားလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်အနေဖြင့် တောတောင်များအတွင်း အချိန်အခါမတော် သွားလာရသည့်အတွက် ဟိတ်ဟန် အဆောင်အယောင်တစ်ခုအဖြစ် အသုံးပြု ရန် ရည်ရွယ်ချက်များဖြင့် ၎င်း ပစ္စတိုသေနတ်(အတု)အား ၀ယ်ယူခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ ရည်ရွယ်ချက်သဘော ရိုးသည်ဟု မဆိုသာသော်လည်း အပျော်လွန်၍ အသုံးပြုမှုလွဲမှာကာ အများပြည်သူ အထိတ်တလန့်ဖြစ်စေနိုင်သော လုပ်ရပ်များအဖြစ် အသွင်ကူးပြောင်းသွားသည့်အတွက် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာကိစ္စရပ်များပေါ်ပေါက်လာနိုင်ကြောင်း၊ ၎င်း သေနတ်သည် အတု သို့တည်မဟုတ် အစစ် ဖြစ်စေကာမူ ယင်းလုပ်ရပ်သည် မြို့၏ ဂုဏ်သိက္ခာအား ထိခိုက်နစ်နာ နိုင်စေကြောင်း၊ ရိုးသားမှုကိုအခြေခံ၍ ပျော်ရွှင်မှုများကို အမျိုးမျိုး ရယူနိုင်ပါကြောင်း၊ ဒေသခံ တစ်ယောက်အနေဖြင့် အကျွှနှုပ် သုံးသပ်ထင်မြင်မိရတော့သည်။
သတင်း+ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)
သတင်း+ဓာတ်ပုံ = ကိုတိုး(ချင်းတွင်း)
မုံရွာ၊ သြဂုတ် ၁၆ ရက်နေ့ ၂၂ နာရီ ၄၅ မိနစ်

မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီဆိုင်တစ်ခုတွင် ယခုလ ၁၆ ရက်နေ့ည ၁၀ နာရီအချိန်ခန့်က ပစ္စတိုသေနတ် တစ်လက်နှင့် လူငါးယောက်မှ ဆူပူသောင်းကျန်းလက်ရှိကြောင်း သက်ဆိုင်ရာမှ သိရှိရသဖြင့် အချိန်မီသွားရောက် စီစစ်ခဲ့ရ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့သို့ အလည်အပတ်ရောက်ရှိနေသည့် ဧည့်သည်တော် သစ်ပွဲစားတစ်ဦးနှင့် သစ်ထုတ်ရေးဝန်ထမ်း တစ်ဦး အပါအ၀င် လူငါးယောက်တို့သည် မုံရွာ စက်မှုဇုန်ရပ်ကွက်ရှိ ကေတီဗွီ ဆိုင်တစ်ဆိုင်သို့ ညနေ ၄ နာရီအချိန်မှစတင် ၍ရောက်ရှိကာ သီချင်းဆိုခြင်း၊ အဖျော်ရည်ယမကာများအား မှာယူစားသောက်ခြင်းများပြုလုပ်ခ
ဲ့ကြောင်း၊ စက်ရှင်(၆)နာရီမျှ ယူခဲ့ကြောင်း၊ ၎င်းဆိုင်များအား ည ၁၀ နာရီ အချိန်တွင် ဆိုင်ပိတ်ချိန်အဖြစ် သက်ဆိုင်ရာမှ သတ်မှတ်ထားသည့်အတွက် ဆိုင်ပိတ်ချိန်ကျရောက်နေသည့်အတွက် ဆိုင်တာဝန်ခံမှ မေတ္တာရပ်ခံခဲ့ရာ ထိုလူငါးယောက်အနက်မှ ကိုစိုင်းဆိုသူ သစ်ပွဲစား မှ ပစ္စတိုသေနတ်တစ်လက်ထုတ်၍ ၎င်းမှာ ဦးခွန်ဆာအဖွဲ့မှဖြစ်ကြောင်း၊ ဦးခွန်ဆာနှင့်လည်း မွေးချင်းတော်စပ်ကြောင်း၊ စသဖြင့် ပြောဆို၍ ဆိုင်လုပ်သားများအပေါ် မဖွယ်မရာ ပြုမူဆက်ဆံခဲ့သည်ဟု ၎င်း ဆိုင်ဝန်ထမ်းများမှ ဆိုသည်။

အမေရိကန်၏ အီဂျစ် ပေါ်လစီကြောင့် အိုဘားမားကို အမေရိကန် မီဒီယာများ ဝေဖန် ထိုးနှက်

Photo: အမေရိကန်၏ အီဂျစ် ပေါ်လစီကြောင့် အိုဘားမားကို အမေရိကန် မီဒီယာများ ဝေဖန် ထိုးနှက်

ဝါရှင်တန်၊ သြဂုတ် ၁၆

အရပ်သား ဆန္ဒပြသူ အတိုက်အခံများကို အီဂျစ် ကြားဖြတ် အစိုးရက အကြမ်းပတမ်းနည်းများ သုံးပြီး လူစုခွဲ ဖြိုခွင်းလျက်ရှိရာ သေဆုံးသူ အရေအတွက် မြင့်တက်လျက် ရှိပြီး အမေရိကန် အစိုးရက အီဂျစ်ကို ပေးနေ သည့် အကူအညီများကို မဖြတ်တောက်ခြင်းအတွက် သမ္မတ ဘားရက်ခ် အိုဘားမားကို အမေရိကန် ပြည်တွင်း မီဒီယာများက ဝိုင်းဝန်း ဝေဖန်လျက် ရှိကြောင်း NHK သတင်း တစ်ရပ်က ဖော်ပြထားသည်။

ကြားဖြတ် အစိုးရနှင့် လုံခြုံရေး တပ်များ၏ လုပ်ရပ်များကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင် အိုဘားမားက ပြောကြားခဲ့သည်။

လာမည့် လပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အီဂျစ် စစ်တပ်နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မည့် အစီအစဉ်ကိုလည်း အမေရိကန်သမ္မတက ဖျက်သိမ်း လိုက်သည်ဟု ကြေညာခဲ့သည်။

သို့သော် အီဂျစ် အစိုးရကို ပေးအပ်နေသည့် အမေရိကန် အကူအညီပေးရေး ပေါ်လစီကိုမူ အပြောင်းအလဲ တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။

အကယ်၍ အကြမ်းဖက်မှုများ မရပ်တန့်ပါက အမေရိကန်ပြည်ထောင်စု အနေနှင့် အနာဂတ်တွင် ခြေလှမ်းသစ်များ လှမ်းကာ အရေးယူရလိမ့်မည် ဟုလည်း ပြောဆိုသွားသည်။

အမေရိကန်ပြည်ထောင်စုသည် အီဂျစ်နိုင်ငံသို့ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုး အကူအညီ အထောက်အပံ့များ ပေးလျက် ရှိသည်။

အိုဘားမားသည် ၎င်း၏ အမျိုးသား လုံခြုံရေး ဝန်ထမ်းများကို လိုအပ်သည် များ လုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင် အကူအညီများ ဆိုင်းငံ့ရေး ကဲ့သို့သော လုပ်ဆောင်ချက်များ ပျက်ကွက် ခဲ့ကြောင်း သြဇာကြီး အမေရိကန် သတင်းစာ The New York Times က ဝေဖန် ရေးသားထားသည်။

လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းကို ပြင်းထန်သော တုံ့ပြန်မှု တစ်စုံတစ်ရာ မပြုလုပ်ခြင်းသည် အမေရိကန်ပြည်ထောင်စု အနေဖြင့် မိမိကိုယ်ကို ပြန်လည် တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း The Washington Post သတင်းစာ၏ အယ်ဒီတာ့ အာဘော်တွင် ရေးသားထား သေးသည်။

အကယ်၍ အမေရိကန်ပြည်ထောင်စုသည် အီဂျစ်အပေါ် သြဇာ သက်ရောက် လိုလျှင် အီဂျစ်စစ်တပ် အပေါ် ထားရှိသော မူဝါဒနှင့် အကူအညီပေးရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပြန်လည် ဆန်းစစ် ပြောင်းလဲ သင့်ကြောင်း ယင်းသတင်းစာက အစိုးရအဖွဲ့ကို တိုက်တွန်းသွားခဲ့သည်။

အီဂျစ်တွင် အာဏာမှ ဖြုတ်ချ ခံရသော အစ္စလာမ္မစ် သမ္မတ မိုဟာမက်မော်စီ ကို ထောက်ခံသူများ၏ ဆန္ဒပြပွဲကြီးများကို လက်ရှိ ကြားဖြတ် အစိုးရက နှိမ်နင်းခဲ့ရာ ထိပ်တိုက် တွေ့ဆုံမှုများကြောင့် သေဆုံးသူ ဦးရေ ၅၇၀ ကျော်သွားပြီ ဖြစ်ကြောင်း NHK သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ သြဂုတ် ၁၆

အရပ်သား ဆန္ဒပြသူ အတိုက်အခံများကို အီဂျစ် ကြားဖြတ် အစိုးရက အကြမ်းပတမ်းနည်းများ သုံးပြီး လူစုခွဲ ဖြိုခွင်းလျက်ရှိရာ သေဆုံးသူ အရေအတွက် မြင့်တက်လျက် ရှိပြီး အမေရိကန် အစိုးရက အီဂျစ်ကို ပေးနေ သည့် အကူအညီများကို မဖြတ်တောက်ခြင်းအတွက် သမ္မတ ဘားရက်ခ် အိုဘားမားကို အမေရိကန် ပြည်တွင်း မီဒီယာများက ဝိုင်းဝန်း ဝေဖန်လျက် ရှိကြောင်း NHK သတင်း တစ်ရပ်က ဖော်ပြထားသည်။

ကြားဖြတ် အစိုးရနှင့် လုံခြုံရေး တပ်များ၏ လုပ်ရပ်များကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်နေ့တွင် အိုဘားမားက ပြောကြားခဲ့သည်။

လာမည့် လပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အီဂျစ် စစ်တပ်နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မည့် အစီအစဉ်ကိုလည်း အမေရိကန်သမ္မတက ဖျက်သိမ်း လိုက်သည်ဟု ကြေညာခဲ့သည်။

နရသိန်ကို လေ့လာခြင်း(ရေးသားသူ- ရဲမိုး)

Photo: နရသိန်ကို လေ့လာခြင်း
---------------------------
ရေးသားသူ- ရဲမိုး

ခေတ်သစ်ကမ္ဘာ့ အာဏာရှင်များ သမိုင်းမှာ အော်ဂလီဆန်စရာ အကောင်းဆုံးနှင့် ရယ်စရာအကောင်းဆုံး စကားနှစ်ခွန်းရှိသည်။ ဇင်ဘာ
ဘွေသမ္မတရောဘတ်မူဂါဘီ၏“ဇင်ဘာဘွေနိုင်ငံကိုငါပိုင်တယ်”ဆိုသည့် စကားနှင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူး”ဆိုသည့် စကားများဖြစ်ပါသည်။
 
ယခုတော့ နိုင်ငံတော်သမ္မတ နိုင်ငံခြားသွားခါနီးတိုင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပြနေသည့်အတွက် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားရှိ၊ မရှိ အငြင်းပွားစရာမလိုတော့ပါ။
 
အခုမနက် အကျဉ်းထောင်များအကြောင်းကို ဆွေးနွေးကြရအောင်ပါ။
 
လူ့အဖွဲ့အစည်းအတွင်းမှာ ရာဇ၀တ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ခတ်ရန်နှင့် အမှားပြင်ဆင်ခွင့်ပေးရန်ရည်ရွယ်ဆောက်လုပ်သည့် အကျဉ်းစခန်းများသည် အာဏာရှင်များလက်ထက်တွင် ပြည်သူ့အရေးလှုပ်ရှားသူ၊ ပညာတတ်နှင့် တက္ကသိုလ်ကျောင်းသားများကို မသေမရှင်ထားရာ ငရဲခန်းများ ဖြစ်လာခဲ့ကြသည်။
 
ဒီမိုကရေစီတောင်းဆိုမှုများ ထပ်မံမပြုလုပ်ရဲအောင် ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် မိသားစုဝင်များကို ပြန်ပေးဆွဲပြီး တံခါးပိတ်လှောင်ထားရာ ပြန်ပေးစခန်းကြီးများဖြစ်လာကြသည်။ နိုင်ငံတော်ပြန်ပေးဂိုဏ်းတို့၏ နှစ်ထောင်ချီသည့် “ယဉ် ကျေးမှု”ကြီးဖြစ်ပါသည်။
 
အကျဉ်းစခန်းများကို အလွဲသုံးမှု (Abuse) ပြုလုပ်ခြင်းသည် လူ့အဖွဲ့အစည်း၏ စာရိတ္တနှင့် လုံခြုံရေးအပေါ် အဓမ္မပြုကျင့်ခြင်းဖြစ်သည်။ “အမှားပြန်လည် ပြင်ဆင်နိုင်ရန်နေရာ” (Correctional Facility)ဆိုသည့် အကျဉ်းစခန်းများသည် ပြစ်မှုကျူးလွန်သူများကို နောင်တရခွင့်ပေးခြင်း နှင့် မိမိကိုယ်ကိုယ် ပြန်လည်ထူထောင်ရာမှာကူညီအားပေးခြင်းဖြင့် လူ့အဖွဲ့အစည်းကို သန့်ရှင်းသထက် သန့်ရှင်းလာအောင် ပြုလုပ်ရမည့် တာဝန်ဖြစ်သည်။
 
အကျဉ်းထောင်တို့သည် အကျင့်စာရိတ္တအားနည်းသူနှင့် ပြစ်မှုကျူးလွန်သူများကို ပြန်လည်ပြင်ဆင်ခွင့်ပေးမည့်အစား အာဏာရှိသူတို့၏ ကလဲ့စား၊ အာဃာတနှင့် အမုန်းတရားတို့ကို ခစားဝပ်တွားခဲ့ကြရသည်။
 
အပြည်ပြည်ဆိုင်ရာ အကျဉ်းထောင်လေ့လာမှုစင်တာ International Centre for PrisonStudies ၏ ၂၀၁၃ ခုနှစ် စာရင်း ဇယားများအရကမ္ဘာတစ်ဝန်းမှာ အကျဉ်းသားပေါင်း ၁၀ ဒသမ ၁  သန်းကျော်ရှိသည်ဟုဆိုသည်။ နိုင်ငံတစ်နိုင်ငံချင်းမှာ အကျဉ်းသား ၂ ဒသမ ၂၉ မီလီယံရှိသည့်  အမေရိကန်ပြည်ထောင်စုက နံပါတ်တစ်ဖြစ်သည်။
 
ကမ္ဘာ့အကျဉ်းသားအရေအတွက်၏ ငါးပုံတစ်ပုံက အမေရိကန်ပြည်ထောင်စုမှာရှိနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံက ၁ ဒသမ ၆၅ သန်းနှင့် ဒုတိယလိုက်ပြီး ရုရှားက တစ်သန်းနီးနီးဖြင့် တတိယလိုက်ပါသည်။
 
လူဦးရေဖြင့် အချိုးချလျှင် လည်း အမေရိကန်ပြည်ထောင်စု က လူတစ်သိန်းမှာ အကျဉ်းသား ၇၄၃ ယောက်နှုန်းဖြင့် နံပါတ်တစ် နေရာကိုယူထားသည်။ အာဖရိ ကတိုက်က ရ၀မ်ဒါက လူတစ် သိန်းမှာ ၅၉၅ ယောက်နှုန်းဖြင့် ဒုတိယ၊ ရုရှားကတစ်သိန်းမှာ ၅၆၈ ယောက်နှုန်းနှင့် တတိယ နေရာအသီးသီးကို ယူထားကြ သည်။ စစ်တမ်းများအရ ကမ္ဘာ့ တိုက်ကြီးငါးတိုက်စလုံးမှာ အ ကျဉ်းသားအရေအတွက်က အဆက်မပြတ်မြင့်တက်လာနေ သည်။ အာဖရိကတိုက်ရှိ နိုင်ငံများ၏ ၇၁ ရာခိုင်နှုန်း၊ အမေရိကတိုက်ရှိ နိုင်ငံများ၏ ၈၂ ရာခိုင်နှုန်း၊ အာရှ၏ ၈၀ ရာခိုင်နှုန်း၊ ဥရောပ၏ ၇၄ ရာခိုင်နှုန်းနှင့် သမုဒရာနိုင်ငံများ၏ ၈၀ ရာခိုင်နှုန်းမှာ အကျဉ်းသားအရေအတွက် ပိုမိုမြင့်တက်လာနေသည်။
 
သို့သော် အရေအတွက်တစ်ခုတည်းက အကျဉ်းထောင်များအကြောင်းကို မရှင်းပြနိုင်ပါ။ အကျဉ်းထောင်များနှင့်ပတ်သက်လျှင် ကျွန်တော်က မေးခွန်းလေးခုကို မေးချင်ပါသည်။

(၁)ဘယ်သူတွေကို ထည့်ထားသလဲ။
 
အကျဉ်းထောင်များမှာဘယ်သူတွေကို ထည့်ထားသလဲဆိုသည့်အချက်က အရေးအကြီးဆုံးဖြစ်သည်။ သံလက်သီးဖြင့် အုပ်ချုပ်သည့်နိုင်ငံများမှာ တိုင်းပြည်ကို ထုဆစ်မည့် နိုင်ငံရေးသမား၊ ပညာတတ်နှင့် လူငယ်မျိုး ဆက်သစ်များကို အထဲမှာထည့် ထားခြင်းဖြင့် လူ့အဖွဲ့အစည်းကို အာဏာရှင်တို့ ဦးချိုးလိုက်သည်။ အပြင်ကမ္ဘာမှာနေပြီး နိုင်ငံကို ဦးဆောင်ရမည့်သူများက အကျဉ်း ထောင်များတွင်းမှာ ဘ၀ကိုအဆုံးရှုံးခံလိုက်ကြရသည်။ လူ့အဖွဲ့အစည်း၏ အနာဂတ်ကို ဖုတ်ကြည်းသဂြိုဟ်လိုက်ခြင်းဖြစ်သည်။

(၂)အထဲမှာ တကယ်ရှိရမည့်သူများက ဘယ်သူတွေလဲ။
 
ထောင်ထဲမှာ လူဦးရေနည်းတိုင်းလည်း ဂုဏ်ယူဝမ်းသာစရာ မဟုတ်ပါ။ “တရားဥပဒေစိုးမိုးမှု” မှန်ကန်ရဲ့လား၊ အပြစ်ပေးသင့်သူ များကို အရေးယူနိုင်ရဲ့လားဆိုသည့်အချက်က အလွန့်အလွန် အရေးပါသည်။ ဒုစရိုက်မှုကျူးလွန်သူများ၊ အကြမ်းဖက်သမားများ၊ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားပြုသူများ၊ နိုင်ငံ့သယံဇာတများကို လက်ဝါးကြီးအုပ်သုံးစွဲသူများကို ဘယ်လိုအရေးယူနေပါသလဲ။ 
 
အထဲမှာထည့်ထားပြီး သင်ခန်းစာယူစေရမည့်သူများက အပြင်ရောက်ပြီး အပြင်မှာ လူ့အဖွဲ့အစည်းကို ပခုံးထမ်းတွန်းတင်ရ မည့်သူများက အထဲမှာ ရောက်နေလား။

(၃)အထဲမှာ ဘယ်လောက်ကြာအောင် ထည့်ထားသလဲ။
 
ဆိုခဲ့ပြီးသည့်အတိုင်း အကျဉ်းထောင်စနစ်သည် အပြစ်ကျူးလွန်သူများကို ဒဏ်ခတ်ရန်နှင့် ပြန်လည်ပြင်ဆင်နိုင်ရန်ထား ရှိသည့် စနစ်ဖြစ်သည်။ အလွန့်အ လွန်အန္တရာယ်ရှိသူများမှအပ ကျန်သူများ အထူးသဖြင့် ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရသူ များကို ထောင်ဒဏ်အနှစ် ၂၀၊ ၃၀၊ ၄၀၊ ၅၀၊ ၆၀ အထိ ချမှတ်သည့် တရားစီရင်ရေးစနစ်ကိုတော့ ပြောစရာစကားမကျန် တော့ပါ။

(၄)အထဲမှာ သူတို့ကို ဘယ်လိုဆက်ဆံသလဲ။
 
၁၉၅၅ ခုနှစ် သြဂုတ် ၃၀ ရက်မှာ ကမ္ဘာ့ကုလသမဂအဖွဲ့ကြီးက ပြဋ္ဌာန်းခဲ့သည့် “အကျဉ်းသားများကို ဆက်ဆံရာတွင် လိုက်နာရမည့် အခြေခံစည်းမျဉ်းများ” (The Standard Minimum Rules for the Treatment of Prisoners) တွင် လမ်းညွှန်ချက်  များ ပါဝင်ခဲ့ပြီးဖြစ်သည်။ သို့တိုင်နိုင်ငံတော်ပြန်ပေးဂိုဏ်းကြီးများ ၏ အကျဉ်းထောင်များမှာတော့ ရိုက်နှက်နှိပ်စက်ခြင်း၊ ဂုဏ်သိက္ခာ မဲ့စွာ နှိမ့်ချဆက်ဆံခြင်း၊ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုမပေးခြင်း၊ လာဘ်စားခြင်းနှင့် ကြားဖြတ်ယူအနိုင်ကျင့်ခြင်း စသည့် လူ့ယဉ်ကျေးမှုတစ်ခုမှာ ပြောပြရန်ပင် မသင့်လျော်သည့် နှိပ်စက် ညစ်ပတ်မှုများအားလုံးကို တက်စုံရွက်ကုန်လွှင့်ကြပါတော့သည်။ ဆရာကြီးဦးဝင်းတင်၏ စကားနှင့် ပြောရလျှင် “လူ့ငရဲ”။ သဘောကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ အရှင်လတ်လတ် “ငရဲခန်း”တစ်ခုကို ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။
 
ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို အရေးတကြီးပြုပြင် ပြောင်းလဲဖို့ လိုအပ်သလို လူ့အ ဖွဲ့အစည်း၏ စာရိတ္တနှင့် အေး ချမ်းသာယာမှုအတွက် အရေးပါသည့် အကျဉ်းထောင်စနစ်ကို လည်း အမြန်ဆုံးပြုပြင်ပြောင်းလဲ ကြရမည်ဖြစ်သည်။ ခေတ်မီ သစ် လွင်သော မြို့သစ်ကြီးတစ်ခု၊ ဖြောင့်တန်းသော မြစ်ကူးတံတားကြီးများနှင့် ဆည်ကြီးများကို ညွှန် ပြဂုဏ်ယူတတ်သလို သဘောထားကြီးမားပြီး စည်းကမ်းစနစ် ပြည့်ဝသည့် “အမှားပြန်လည်ပြင်ဆင်ပေးသည့်စနစ်”ကို တည်ထောင်ဂုဏ်ယူတတ်သည့် စိတ်ဓာတ်အဆင့်အတန်းကိုလည်း ကျွန်တော်တို့ မွေးမြူဖို့လိုအပ်ပါသည်။
 
မိမိအစိုးရဖြစ်နေချိန်မှာ အကောင်အထည်ဖော်ဖို့ အကောင်းဆုံးဖြစ်ပါသည်။ သို့မှသာ ကံအကြောင်းမလှလို့ နရသိန်ကို အ လည်အပတ်ရောက်ခဲ့လျှင် မှန်ကန်စွာ အမှားပြင်ဆင်ခွင့်ရပါလိမ့်မည်။
 
မြန်မာ့နိုင်ငံရေးသည် အပိုင်း ၁၀၀ ကျော်သည့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲထက် ပိုမိုရှုပ်ထွေးနက်နဲသည်မဟုတ်ပါလား။
ခေတ်သစ်ကမ္ဘာ့ အာဏာရှင်များ သမိုင်းမှာ အော်ဂလီဆန်စရာ အကောင်းဆုံးနှင့် ရယ်စရာအကောင်းဆုံး စကားနှစ်ခွန်းရှိသည်။ ဇင်ဘာ
ဘွေသမ္မတရောဘတ်မူဂါဘီ၏“ဇင်ဘာဘွေနိုင်ငံကိုငါပိုင်တယ်”ဆိုသည့် စကားနှင့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ “မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိပါဘူး”ဆိုသည့် စကားများဖြစ်ပါသည်။

ယခုတော့ နိုင်ငံတော်သမ္မတ နိုင်ငံခြားသွားခါနီးတိုင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပြနေသည့်အတွက် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားရှိ၊ မရှိ အငြင်းပွားစရာမလိုတော့ပါ။

အခုမနက် အကျဉ်းထောင်များအကြောင်းကို ဆွေးနွေးကြရအောင်ပါ။

လူ့အဖွဲ့အစည်းအတွင်းမှာ ရာဇ၀တ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ခတ်ရန်နှင့် အမှားပြင်ဆင်ခွင့်ပေးရန်ရည်ရွယ်ဆောက်လုပ်သည့် အကျဉ်းစခန်းများသည် အာဏာရှင်များလက်ထက်တွင် ပြည်သူ့အရေးလှုပ်ရှားသူ၊ ပညာတတ်နှင့် တက္ကသိုလ်ကျောင်းသားများကို မသေမရှင်ထားရာ ငရဲခန်းများ ဖြစ်လာခဲ့ကြသည်။

Nissan ကားစက်ရုံ ပဲခူးတွင်ဆောက်မည်



ရန်ကုန် ၊ သြဂုတ် - ၁၆။       ။ မလေးရှား နိုင်ငံ NISSAN  မော်တော်ကား ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီမှ ပဲခူးတိုင်းဒေသကြီး၌ စက်ရုံတည်ဆောက်ကာ မော် တော်ယာဉ် ထုတ်လုပ်ရောင်းချ ရန် ခွင့်ပြုလိုက်ကြောင်း မြန်မာ့ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်မှ သိရ သည်။

မလေးရှားနိုင်ငံ  NISSAN   မော်တော်ကား ကုမ္ပဏီတစ် ခုဖြစ်သည့် ETCM (MM) Pte Ltd မှ ပြည်တွင်း၌  Tan Chong Motor(Myanmar)  ကုမ္ပဏီအ နေဖြင့် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပြီး APM  Auto Components Myanmar  ကုမ္ပဏီက မော်တော်ကားအပို ပစ္စည်းများ ထုတ်လုပ်ခွင့်ရရှိခဲ့ ကြောင်း သိရသည်။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော် မရှင်မှ တာဝန်ရှိသူတစ်ဦးက ''ပဲ ခူးတိုင်းရဲ့ ပြင်ပစက်မှုမြေနေရာ မှာလုပ်ဖို့တော့ မလေးရှားကုမ္ပဏီ က နစ်ဆန်း ကား တွေထုတ်ဖို့ရှိ တယ်။ လက်ရှိမှာခွင့်ပြုထားတယ်'' ဟု ပြောသည်။ အဆိုပါနစ်ဆန်းမော်တော် ယာဉ်တည်ဆောက်ရေးစက်ရုံကို ပဲခူးတိုင်းဒေသကြီး ပြင်ပစက်မှု မြေနေရာရှိ မြေဧက ၈ဝတွင်တည် ထောင်မည်ဖြစ်ပြီး APM Auto Components Myanmar   ကုမ္ပဏီ မှ မြေဧက ၃ဝတွင် မော်တော်ကား စက်အစိတ်အပိုင်းများထုတ်လုပ် မည်ဖြစ်ကာ ကျန်ဧက ၅ဝတွင် Chong Motor (Myanmar) ကုမ္ပဏီက မော်တော်ယာဉ်ကိုယ် ပိုင်းကို တာဝန်ယူထုတ်လုပ်သွား မည်ဖြစ် ကြောင်း သိရသည်။

သမ္မတအရည်အချင်း သတ်မှတ်ချက် ထိထိရောက်ရောက် ပြုပြင်မည်ဟု သူရ ဦးရွှေမန်းဆို

နေပြည်တော်၊ သြဂုတ် ၁၆

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့ က ပြင်ဆင်ပေးရန် တောင်းဆိုထား သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည်အချင်းဆိုင်ရာ အခန်းကို ထိထိရောက်ရောက် ပြုပြင်ပေး သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သြဂုတ်လ ၁၆ ရက်နေ့ တွင် နေပြည်တော် လွှတ်တော်ရုံး၌ ပြုလုပ်သည့် သတင်းမီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကလည်း အခြေခံဥပဒေပါ သမ္မတ အရည်အချင်း သတ်မှတ်ချက်ကို ပြင်ဆင်ရန် အလေးထား လုပ်ဆောင်နေကြောင်း သူရ ဦးရွှေမန်းက ဆက်လက် ပြောကြားသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီး ဗုံးပေါက်ကွဲ သေဆုံးခဲ့ရမှုနှင့်စွယ်တော်ဗုံးပေါက်ကွဲမှုများကို စစ်ဆေးဖော်ထုတ်သွားမည်

ရန်ကုန် ၊ သြဂုတ် ၁၆ ။              ။စစ်အစိုး ရလက်ထက်က ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး၏သမီး လုပ်ကြံခံရပြီး သေဆုံးမှုနှင့် ဗုဒ္ဒမြတ်စွယ်တော် ဗုံးပေါက်ကွဲမှု၏ အဓိကတရားခံ များကို ဖော်ထုတ်နိုင်ရေး အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ တို့ ပူးပေါင်းစစ် ဆေးသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ထုတ်ဖော်ပြော ကြားလိုက်သည်။

၁၉၉၆ခုနှစ် ဒီဇင်ဘာ၂၅ ရက်တွင်ဖြစ်ပွားခဲ့သော စွယ်တော် ဗုံးပေါက်ကွဲမှုနှင့် ၁၉၉ရခုနှစ် ဧပြီ ရရက်တွင် ဖြစ်ပွားခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး၏ နေအိမ် တွင် စာအိတ်ဗုံး ဖောက်ခွဲခံရမှု ကြောင့် သမီးဖြစ်သူ ဒေါ်ချိုလဲ့ ဦး အသက် (၃၃)နှစ် သေဆုံး ခဲ့သည့် ဖြစ်ရပ်များအတွက် အဆိုပါ ဗုံးပေါက်ကွဲမှုများ၏ တရားခံများ အား ဖော်ထုတ်ဖမ်းဆီးနိုင်ရန်အ တွက် အစီအစဉ်ကို နိုင်ငံတော် သမ္မတ၏အစိုးရအဖွဲ့ထံ မကြာမီ တင်ပြသွားရန်စီစဉ်ထားကြောင်း၊ လိုအပ်သည့် အကူအညီများ ပေး ရန်နှင့် သက်သေအထောက်အ ထားများရှာရန် လိုအပ်သည့်စစ် ဆေးမှုများကိုလည်း ပြုလုပ်ပိုင်ခွင့် များတောင်းဆိုရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြေယာကိစ္စ အကြောင်းပြု၍ KNU / KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် နယ်ခြားစောင့်တပ်တို့ မြ၀တီမြို့ အနီး၌ အခြေအနေ တင်းမာမှု ဖြစ်ပေါ်ခဲ့

မြေယာကိစ္စ အကြောင်းပြု၍ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF)တို့ မြ၀တီမြို့ အနီး၌ အခြေအနေ တင်းမာသည့် ဖြစ်စဉ်တစ်ခု သြဂုတ် ၁၃ ရက်က ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေယာကိစ္စနှင့် ပတ်သက်၍ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးတိုက်ဂါး၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ် (BGF)တပ်ရင်း ၁၀၂၂ မှ ဗိုလ်မှူးမုတ်သုန်၏ လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား သြဂုတ် ၁၃ ရက်မှ စတင်ကာ အခြေအနေ တင်းမာခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ သေဆုံးထိခိုက်ဒဏ်ရာ ရရှိမှုသတင်းများ ထွက်ပေါ်ခဲ့သော်လည်း မြ၀တီဒေသခံများ၊ နှစ်ဖက်အဖွဲ့နှင့် နီးစပ်သူများထံသို့ စုံစမ်းရာ အခြေအနေ တင်းမာခဲ့သည်မှာ မှန်သော်လည်း တိုက်ပွဲ ဖြစ်ပွားမှု မရှိကြောင်း ငြင်းဆိုခဲ့သည်။
မြ၀တီ အခြေစိုက် တပ်မတော်တပ်ရင်း ၂၇၅ ၏ အရှေ့ဘက်တွင်ရှိသော မြေဧက ၆၀ ခန့်၌ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးတိုက်ဂါး၏ လက်အောက်ခံ တပ်ဖွဲ့ဝင်အချို့မှာ ယခင်ကတည်းက အဆိုပါ မြေပေါ်တွင် လုပ်ကိုင်စားသောက် နေထိုင်ကြကြောင်း၊ သြဂုတ် ၁၃ ရက်က ယင်းမြေပေါ်၌ မြေယာရှင်းလင်းမှု ပြုလုပ်ခြင်းကို တပ်ရင်း ၂၇၅ ဗိုလ်မှူးအဆင့်ရှိ အရာရှိ တစ်ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင်ငါးဦးခန့်မှ တပ်ပိုင်မြေ ဖြစ်သဖြင့် မြေယာရှင်းလင်းခြင်း မပြုလုပ်ရန် တားမြစ်ရာက အခြေအနေ တင်းမာခဲ့ကာ

ရန်ကုန်ယာဉ်ကြော ကျပ်တည်းမှုအား ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ဟုဆို

ရန်ကုန်ယာဉ်ကြော ကျပ်တည်းမှုအား ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ဟုဆို

    Created on Saturday, 17 August 2013 00:37 


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိုမိုကျပ်တည်း ရှုပ်ထွေးလာမှုကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ကြောင်း သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိုမို ရှုပ်ထွေးရခြင်း၏ အဓိက အကြောင်းရင်း အချို့မှာ ၀န်ကြီးဌာနမှ ကားတင်ခွင့် အခွန်အား လျှော့ပေါ့ခဲ့ခြင်း၊ ကားပါကင် လုံလောက်မှု မရှိခြင်း၊ ယာဉ်သွားလမ်း အပြည့်အ၀ အသုံးမပြုနိုင်ခြင်း စသည့် အချက်များ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

''ယာဉ်ထိန်း ရဲတပ်ဖွဲ့တွေ အနေနဲ့ယာဉ် ကြောပိုမို ရှုပ်ထွေးလာလို့ အင်အားတိုးချဲ့ ချထားပြီး လမ်းရှင်းပေမယ့် မနိုင်ပါဘူး။ စည်ပင်ဌာန အနေနဲ့ လမ်းမပေါ်မှာ ဈေးသည်တွေ လုံးဝမရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေနဲ့ကလည်း လမ်းအပြည့်အ၀ အသုံးချဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ အခြေအနေကတော့ တိုက်ခန်းမှာ နေတဲ့သူတွေ အနေနဲ့ ကားပါကင်မရှိလို့ လမ်းပေါ်မှာ ထွက်ရပ်နေရတာ အများအပြားပါပဲ။ အခုရန်ကုန်မြို့ရဲ့ ယာဉ်ကြောရှုပ်ထွေး မှုပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တင်မကဘူး။ နိုင်ငံတော် အဆင့်ကပါ စိတ်ဝင်တစား ဖြေရှင်းဖို့ စီစဉ်နေကြပါတယ်'' ဟု သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

ယာဉ်တိုက်မှုဖြစ်စဉ် အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး မန္တလေးတိုင်းမှာ ဒုတိယ ယာဉ်တိုက်မှု အများဆုံးဖြစ်ကာ ပဲခူးတိုင်း ဒေသကြီးများ တတိယ အများဆုံး ဖြစ်ပွားနေကြောင်း သိရသည်။

ဆက်လက်၍ ရဲမှူးကြီးကျော်ထွေးက ''ဒီကားကျပ်တဲ့ ပြဿနာကို သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေပဲ ပူးပေါင်းဖြေရှင်းတာထက် ပြည်သူလူထုကပါ ပူးပေါင်းပါဝင်မယ်ဆိုရင် ထိုက်သင့်သလောက် လျော့ကျသွား လိမ့်မယ်လို့ ထင်ပါတယ်'' ဟု သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအရ ၁၄၄၂ ဦးထိ တိုးချဲ့သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၀န်ထမ်းအင်အား ၉၀၀ ကျော် ရှိနေကြောင်း သိရသည်။


သြဂုတ်လအတွင်း တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ယာဉ်ကြောရှုပ်ထွေး နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

အေးချမ်းမွန် Credit To > Eleven Media Group < Thanks
Re-posted By ACM 17-8-2013 Lao P.D.R
https://www.facebook.com/excellencemedia
သြဂုတ်လအတွင်း တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် ယာဉ်ကြောရှုပ်ထွေး နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြော ပိုမိုကျပ်တည်း ရှုပ်ထွေးလာမှုကို ယာဉ်ထိန်း ရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ရှင်းလင်း၍ မရနိုင်ကြောင်း သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောပိုမို ရှုပ်ထွေးရခြင်း၏ အဓိက အကြောင်းရင်း အချို့မှာ ၀န်ကြီးဌာနမှ ကားတင်ခွင့် အခွန်အား လျှော့ပေါ့ခဲ့ခြင်း၊ ကားပါကင် လုံလောက်မှု မရှိခြင်း၊ ယာဉ်သွားလမ်း အပြည့်အ၀ အသုံးမပြုနိုင်ခြင်း စသည့် အချက်များ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

''ယာဉ်ထိန်း ရဲတပ်ဖွဲ့တွေ အနေနဲ့ယာဉ် ကြောပိုမို ရှုပ်ထွေးလာလို့ အင်အားတိုးချဲ့ ချထားပြီး လမ်းရှင်းပေမယ့် မနိုင်ပါဘူး။ စည်ပင်ဌာန အနေနဲ့ လမ်းမပေါ်မှာ ဈေးသည်တွေ လုံးဝမရှိဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေနဲ့ကလည်း လမ်းအပြည့်အ၀ အသုံးချဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ အခြေအနေကတော့ တိုက်ခန်းမှာ နေတဲ့သူတွေ အနေနဲ့ ကားပါကင်မရှိလို့ လမ်းပေါ်မှာ ထွက်ရပ်နေရတာ အများအပြားပါပဲ။

အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်

အမျိုးသားလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူစာအုပ် ပြန်လည်ပေးအပ်

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ရေးသားခဲ့တဲ့ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့ မြို့မိမြို့ဖတွေထံ ဒီနေ့ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ် ပျက်စီးသွားမှာစိုးလို့ မိမိအနေနဲ့ စနစ်တကျ ထိန်းသိမ်းပေးခဲ့တာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌက ဒီနေ့နေပြည်တော်မှာကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ရဲ့လက်ရေးမူစာအုပ်နဲ့ ပတ်သက်ပြီး ပြေပြေလည်လည်ဖြစ်ကြဖို့ တိုက်တွန်းကြောင်း သမိုင်းတန်ဖိုးနဲ့အညီ ထိန်းသိမ်းသွားနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ရေနံချောင်းမြို့ မြို့မိမြို့ဖတွေကလည်း အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်ဟာ သူ့ရဲ့ ရေနံချောင်းမြို့ ခရီးစဉ်အတွင်း ရေနံချောင်း အထက (၁) မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူစာအုပ်ကို ယူဆောင်ခဲ့တာပါ။

ဒီစာအုပ်ပြန်လည်ပေးအပ်တဲ့ပွဲကို အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရေနံချောင်းမြို့က မြို့မိမြို့ဖတွေ တက်ရောက်ခဲ့ကြပါတယ်။

အေးချမ်းမွန် Credit To > RFA Burmese < Thanks
Re-posted By ACM 16-8-2013 Lao P.D.R
https://www.facebook.com/excellencemedia


ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ရေးသားခဲ့တဲ့ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ရေနံချောင်းမြို့ မြို့မိမြို့ဖတွေထံ ဒီနေ့ ပြန်လည်လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။

ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ် ပျက်စီးသွားမှာစိုးလို့ မိမိအနေနဲ့ စနစ်တကျ ထိန်းသိမ်းပေးခဲ့တာဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌက ဒီနေ့နေပြည်တော်မှာကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖခင်ရဲ့လက်ရေးမူစာအုပ်နဲ့ ပတ်သက်ပြီး ပြေပြေလည်လည်ဖြစ်ကြဖို့ တိုက်တွန်းကြောင်း သမိုင်းတန်ဖိုးနဲ့အညီ ထိန်းသိမ်းသွားနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ရေနံချောင်းမြို့ မြို့မိမြို့ဖတွေကလည်း အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဘောလုံးပွဲဆိုတာ အနုပညာ တစ်ခုပါပဲ ဆိုတဲ့ စာရေးဆရာ မင်းလူနှင့် တွေ့ဆုံခြင်း

ဒီတစ်ပတ် soccermyanmar.com ပရိသတ်ကြီး အတွက် တွေ့ဆုံ မေးမြန်းဖြစ်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ စာပေနယ်မှာ နာမည်တစ် လုံးနဲ့ အထင်ကရ ရှိနေတဲ့ စာရေးဆရာ မင်းလူ ပဲဖြစ်ပါတယ်။
 ဆရာမင်းလူဟာ နာမည်ကျော် စာရေးဆရာ၊ ဒါရိုက်တာ ဦးသာဓုရဲ့ သားဖြစ်ပြီး ဆရာ မောင်ဝဏ္ဏ၊ ဆရာ သုမောင်၊ ဦးရူပတို့ရဲ့ ညီအရင်း ဖြစ်ပါတယ်။ သူ့ရဲ့ သရုပ် မှန်ဆန်ပြီး သဘာဝကျတဲ့ စာပေတွေဟာ စာဖတ် ပရိသတ်တွေကြား ထင်ရှားလှပါတယ်။ သူဟာ ဟာသနဲ့ သရော်စာတွေလည်း ရေးလေ့ ရှိပါတယ်။ အခါ အားလျော်စွာ ဘောလုံးနဲ့ ပတ်သတ်တဲ့ ၀တ္တုနဲ့ အက်ဆေးတွေလည်း ရေးလေ့ရှိသူ ဖြစ်တာကြောင့် ဆရာမင်းလူကို သူနေထိုင်ရာ သင်္ကန်းကျွန်းက သာဓုခြံ နေအိမ်အထိ သွားရောက်ပြီး ဘောလုံး အားကစားနဲ့ ပတ်သတ် တာလေးတွေ မေးမြန်းဖြစ် ခဲ့ပါတယ်။

မေး - ဆရာ့အနေနဲ့ ဘောလုံး အားကစားကို ဘယ်အချိန်က စတင် စိတ်ဝင်စားခဲ့ တာပါလဲ?

ဖြေ - ပြောရရင်တော့ ငယ်ငယ်က ဘောလုံးကို စမြင်ဖူးကတည်းက ပေါ့ဗျာ။ ဒီအလုံးကြီးက ဒီလိုကန်ရင် လိမ့်တတ် တယ်လို့ စသိခဲ့တဲ့ အရွယ် ကတည်းကပေါ့။

ဒီက မဟုတ်ဘူး


တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်အတု “ ခွေးခြသေ့င်္ ”

Photo:BBC
Photo:BBC

တရုတ်နိုင်ငံက ဟီနန်တိရစ္ဆာန်ရုံမှာ အာဖရိကခြင်္သေ့အဖြစ် တိရစ္ဆာန်တစ်ကောင်ကို သတ်မှတ်ဖော်ပြခဲ့တယ်။ အဲ့ဒီ သတ္တ၀ါကြီးက ပရိသတ်ရှေ့မှာ ထ,ဟောင်လိုက်တဲ့အခါကျမှသာ လှည့်စားမှုတစ်ခုလို့ ပေါ်လွင်သွားပါတယ်။
အဲ့ဒီတိရစ္ဆာန်ရုံဟာ ခြင်္သေ့အစစ်နေရာမှာ အမွှေးတို တိဗက်ခွေးအကြီးစားတစ်မျိုးကို အစားထိုးခဲ့ကြောင်း တရုတ်မီဒီယာများက ဆိုတယ်။
ခြင်္သေ့အစစ်ကို မျိုးပွားဌာနဆီ ပို့ထားခိုက်မှာ လုပ်သားတစ်ဦးပိုင်ဆိုင်တဲ့ခွေးကြီးကို လှောင်အိမ်ထဲ သွင်းထားခဲ့တာလို့ ဟီနန်ပြည်နယ်တိရစ္ဆာန် ရုံတာဝန်ရှိသူတစ်ဦးက ပြောလိုက်တယ်။
အလည်ပတ်ရောက်လာတဲ့သူထဲက မိခင်တစ်ဦးဟာ သူ့သားကို ခေါ်ပြစဉ် ထွက်လာတဲ့အသံက ကွဲပြားနေပုံကို သတိထားမိပြီး လှည့်စားမှုကိုရိပ်မိ သွားခဲ့တာလို့ Beijing Youth Daily သတင်းစာမှာ ဖော်ပြခဲ့တယ်။
Louhe city မြို့က အဲ့ဒီတိရစ္ဆာန်ကို လာရောက်သူများအဖို့ အလိမ်ခံရတဲ့အတွက် အမျက်ထွက်ကုန်ကြပါတယ်။

ရခိုင်က ကြံ့ခိုင်ရေး ခေါင်းဆောင်တွေ အဂတိလိုက်စားဟု အချင်းချင်း စွပ်စွဲ


ကြံ့ခိုင်ရေးပါတီ သတင်းစာ ရှင်းလင်းပွဲ တခုတွင် ပါတီ ဒု ဥက္ကဌ ဦးဌေးဦး ရှင်းလင်းနေစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ) ခေါင်းဆောင်တွေဟာ အဂတိ လိုက်စားမှုတွေ ရှိနေသလို အာဏာအလွဲသုံးစားလုပ်ပြီး နီးစပ်သူတွေကို နေရာပေးတယ်လို့ ပါတီရဲ့ ရပ်/ကျေး စည်းရုံးရေးမှူး ဟောင်းတွေက အချင်းချင်း ပြန်ပြီးဖော်ထုတ် စွပ်စွဲမှုတွေ ရှိနေပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသာထွန်းအေး နဲ့ ထိပ်ပိုင်းခေါင်းဆောင် အချို့ဟာ မြို့နယ်ကော်မတီဝင် ဖြစ်လိုတဲ့ ရပ်/ကျေး စည်းရုံးရေးမှူးတွေဆီက ကျပ်ငွေ ၃ သိန်းမှ ၇ သိန်းထိ ကောက်ယူမှုတွေ ရှိခဲ့သလို ပိုက်ဆံ ပိုပေးတဲ့လူနဲ့ နီးစပ်သူတွေကို နေရာပေးမှုတွေရှိတယ်လို့ ရပ်/ကျေး စည်းရုံးရေးမှူးဟောင်းတွေက စွပ်စွဲပြောဆိုကြတာပါ။
“ပါတီမှာက မြို့နယ် ကော်မတီဝင်ဖြစ်တာနဲ့ ထောက်ပံ့ကြေးက ၁ သိန်းရမယ်၊ ကော်မတီဝင်ဖြစ်အောင် လုပ်ပေးမယ်ဆိုပြီး ကျနော်တို့ ရပ်/ကျေးတွေဆီကနေပိုက်ဆံကောက်တယ်၊ နာမည် ကျလာတော့၊ ပိုက်ဆံများများပေးတဲ့ လူတွေ ပါလာတယ်၊ ကျနော်ဆို ၃ သိန်းပေးရတယ်၊ ပါမလာဘူး၊ ဒါနဲ့ပတ်သက်ပြီး အဘ ဦးဋ္ဌေးဦးနဲ့ အဘ ဦးလှမောင်တင် တို့ကိုလည်း တိုင်ထား တယ်၊ ဘာမှမထူးဘူး”လို့ ပုဏ္ဏားကျွန်းမြို့ စံပြ ရပ်ကွက် ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးဟောင်း ဦးကျော်သိန်း က ဧရာဝတီကို ပြောပါတယ်။
ပိုက်ဆံတွေပေးထားပြီး ရွေးချယ်မခံခဲ့ရတဲ့  ဦးကျော်သိန်း အပါအဝင် ရပ်/ကျေးစည်းရုံးရေးမှူး ၆ ဦးဖြစ်ကြောင်း သူတို့ဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလမှာ ပုဏ္ဏားကျွန်းမြို့နယ် ကြံ့ခိုင်ရေးပါတီ အောင်နိုင်ရေးအတွက် ပါတီတာဝန်များကို အထူးကြိုးပမ်း လုပ်ဆောင် ခဲ့သူတွေဖြစ်ကြောင်း ရွေးကောက်ပွဲအပြီးကာလမှာ နေရာမရတဲ့ အပြင် စည်းရုံးရေးမှူး တာဝန်တွေ ကပါ ဖယ်ရှားခံခဲ့ရတယ်လို့ ဦးကျော်သိန်း ကပြောပါတယ်။

ဦးခင်ညွန့်အား ဦးမြတ်ခိုင်မှ မေးမြန်းခဲ့သည်များမှ ပြန်လည်ကောက်နုတ်ချက်များ

အဲဒီအချိန်က ပစ်ခတ်မှုတွေက ထောက်လှမ်းရေးက တာဝန်ရှိတယ်လို့ တချို့ကပြောတယ်။ ဖမ်းဆီးတာ၊ ထောင်ချတာ။ အဲဒီအပေါ်မှာ ဗိုလ်ချုပ်ကြီး အမြင်က။
ထောက်လှမ်းရေးက ဘယ်ရှိမလဲဗျာ။ ကျွန်တော်တို့က သတင်းနဲ့ အချက်အလက်ပဲ လုပ်တာပဲ။ ထောက်လှမ်းရေးမှာ သေနတ်တောင်မှ မရှိဘူး။ အဲဒီအချိန်တုန်းက ထောက်လှမ်းရေးကတောင် အဖမ်းခံရသေးတယ်ဗျ။ သရက်တောကျောင်းတိုက်က ဆရာတော်ကြီးတွေ ကယ်လိုက်လို့ လွတ်သွားတာ။
ဗိုလ်စည်သူတို့။
အင်း ဗိုလ်စည်သူတို့လေ။ အဲဒါ ဆရာတော်ကြီးတွေ ကယ်လိုက်လို့။ အဲဒါ လွတ်သွားတာဗျ။ နောက်ပြီးတော့မှ ထောက်လှမ်းရေးက စစ်တွေမှာ သုံးယောက် အသတ်ခံရတယ်။ ကျွန်တော်တို့မှာ သေနတ်ဘယ်ရှိမလဲဗျ။ ဝေါ့ကီ တော်ကီပဲ ရှိတာဗျ။ လူပရိသတ်ထဲမှာ ဝေါ့ကီတော်ကီနဲ့ သွားပြီးတော့ သတင်းယူရတာ။ အန္တရာယ်လည်း ကြီးပါတယ်။ ကျွန်တော်တို့က ဘယ်လိုလုပ် အမိန့်ပေးလို့ ရမလဲဗျာ။ ကျွန်တော်တို့က စစ်တပ်အကြီးအကဲမှ မဟုတ်ဘဲ။ ထောက်လှမ်းရေးဆိုတာ ခိုင်းတာလုပ်ရတာဗျ။ မဟုတ်ဘူးလား။ သူတို့က ထင်နေတာက ထောက်လှမ်းရေးက အကုန်လုံး လျှောက်ပြီးတော့မှ အကုန်လုံး အပေါ်မှာ စိုးမိုးလိမ့်မယ်လို့ ထင်တာ။ ဘယ်ဟုတ်မှာလဲဗျ။

ထိုင်းနိုင်ငံမှတစ်ဆင့် ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည် ဆိုသော သတင်းများကြောင့် မြိတ်တွင် လုံခြုံရေးတိုးမြှင့်

8.1.1
မြိတ်မြို့ အဝေးပြေးကားဝင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- ဇော်မိုးဦး (မြိတ်))
မြိတ်မြို့သို့ ဖောက်ခွဲရေးသမား သုံးဦး ရောက်ရှိနေနိုင်သည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံသား ခံယူထားသူ နှစ်ဦးနှင့် အင်ဒိုနီးရှား နိုင်ငံသား ခံယူထားသူ တစ်ဦးမှာ မြန်မာနိုင်ငံ တောင်ပိုင်း ကော့သောင်း-ဘုတ်ပြင်းမှ တဆင့် ရေလမ်းခရီးကို အသုံးပြု ၀င်ရောက်လာကြောင်း သတင်းများ ရရှိထားသဖြင့် တာဝန်ရှိသူများမှ ရပ်ကွက်အလိုက် လုံခြုံရေးများ တိုးမြှင့်ချထားသလို လူဝင်လူထွက်များ သိရှိနိုင်ရန် ညအချိန် ဧည့်စာရင်းများ လိုက်လံစစ်ဆေး လျက်ရှိကြောင်း သိရသည်။
''ဘိတ်ကို ဖောက်ခွဲရေး သမားတွေ ရောက်လာမယ်ဆိုလို့ လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။ အခုရက်ပိုင်း အတွင်းမှာ ကျွန်တော်တို့လည်း ရပ်ကွက်တွေမှာ လူဝင်လူထွက် စောင့်ကြည့်သလို ဧည့်စာရင်းလိုက် စစ်တာတွေ လုပ်နေပါတယ်။ သတင်းအရ ရေလမ်းခရီးကနေ ၀င်လာတယ်လို့ သိရပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေကို ခေါ်ယူအသိပေးထား ပြီးပါပြီ'' ဟု မြိတ်မြို့မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။
ဖောက်ခွဲရေးသမား သုံးဦး၏ ပုံပန်းသဏ္ဌာန်များကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများသို့ ပေးပို့ထားပြီး ရပ်ကွက်အလိုက် တာဝန်ကျသူများမှ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။

Ooredoo မှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချ၍ တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံမည်

Photo: Ooredoo မှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချ၍ တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံမည်

    Created on Saturday, 17 August 2013 00:38 

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခ များကိုလည်း တစ်မိနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၄၀ အတွင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လိုင်စင်ရရှိပြီး ခြောက်လအကြာ၌ မိုဘိုင်းဆင်းကတ်များကို စတင် ရောင်းချပေးသွားမည် ဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့ မိုဘိုင်းဆင်းကတ်တွေကို တန်းစီစောင့်ဆိုင်းပြီး ဈေးကြီး ပေးဝယ်စရာ မလိုအောင် လမ်းဘေးဆိုင် တွေမှာပါ ရောင်းချပေးသွားမှာပါ။ နောက် ရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်တွေအထိ လွယ်လွယ်ကူကူ ၀ယ်ယူအသုံးပြု နိုင်အောင် ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခကိုလည်း အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ ကျပ် ၃၅ နဲ့ ၄၀ ကြားဆိုတာက ယာယီတွက်ချက် ထားတာပါ။ နောက်ပိုင်း အတည်ပြု ကြေညာတဲ့ အခါမှာ မြန်မာပြည်သူတွေ အားလုံး စိတ်လှုပ်ရှားစေမယ့် ဈေးနှုန်းမျိုးနဲ့ ရောင်းချ ပေးသွားမှာပါ'' ဟု သြဂုတ် ၁၆ ရက်က ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲ၌ Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. Ross Cormack ပြောကြားသည်။

ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ပထမဆုံး အနေဖြင့် Station ပေါင်း တစ်သောင်းကျော် ဆောက်လုပ်၍ ဆက်သွယ်ရေး ၀န်ဆောင်မှု ၃၅ ရာခိုင်နှုန်းကို ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်း ကျေးလက်ဒေသများ အထိပါ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အလွန်ဝေးလံ ခေါင်ပါးသည့် ဒေသများကိုမူ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ၉၇ ရာခိုင်နှုန်းအထိ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ် အတွင်း၌ ၉၉ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသားများကို အလုပ်အကိုင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။


Ooredoo မှ Mr.Ross Cormack မီဒီယာများအား ရှင်းလင်း ပြောကြားနေစဉ်

အေးချမ်းမွန် Credit To > Eleven Media Group < Thanks
Re-posted By ACM 17-8-2013 Lao P.D.R
https://www.facebook.com/excellencemedia
Ooredoo မှ Mr.Ross Cormack မီဒီယာများအား ရှင်းလင်း ပြောကြားနေစဉ်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကာတာနိုင်ငံ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ဖုန်းခေါ်ဆိုခ များကိုလည်း တစ်မိနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၄၀ အတွင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် လိုင်စင်ရရှိပြီး ခြောက်လအကြာ၌ မိုဘိုင်းဆင်းကတ်များကို စတင် ရောင်းချပေးသွားမည် ဖြစ်သည်။

''ကျွန်တော်တို့ အနေနဲ့ မိုဘိုင်းဆင်းကတ်တွေကို တန်းစီစောင့်ဆိုင်းပြီး ဈေးကြီး ပေးဝယ်စရာ မလိုအောင် လမ်းဘေးဆိုင် တွေမှာပါ ရောင်းချပေးသွားမှာပါ။ နောက် ရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်တွေအထိ လွယ်လွယ်ကူကူ ၀ယ်ယူအသုံးပြု နိုင်အောင် ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခကိုလည်း အနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ ကျပ် ၃၅ နဲ့ ၄၀ ကြားဆိုတာက ယာယီတွက်ချက် ထားတာပါ။

ရုရှားတွင်ပြုပြင်ပြီး ပြန်လည်ပေးပို့ထားသော အိန္ဒိယ ရေငုပ်သင်္ဘော ပေါက်ကွဲနစ်မြုပ်မှု ဖြစ်ပွား

I-15-8
အိန္ဒိယရုပ်သံ NWS ထံမှ ရရှိခဲ့သော ဗီဒီယိုပြကွက်တွင် မွမ်ဘိုင်းရှိ အိန္ဒိယ ရေတပ်သင်္ဘောကျင်း၌ သြဂုတ် ၁၄ ရက်က မီးလောင်မှုကို တွေ့ရစဉ် (Photo:AFP)
ရုရှားတွင် ပြုပြင်မွမ်းမံပြီး ပြန်လည်ပေးပို့ ထားသည်မှာ တစ်နှစ်ပင် မပြည့်သေးသော အိန္ဒိယ ရေငုပ်သင်္ဘော တစ်စင်းမှာ မွမ်ဘိုင်းမြို့ ဆိပ်ကမ်းတစ်ခုတွင် သြဂုတ် ၁၄ ရက် အစောပိုင်းက ပေါက်ကွဲနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲချိန်က သင်္ဘောပေါ်တွင် ရှိနေသော သင်္ဘောသား ၁၈ ဦးအနက် သေဆုံးသူ မည်မျှရှိနေသည်ကို မသိရသေးကြောင်း သိရသည်။
ဒီဇယ်-လျှပ်စစ် စွမ်းအင်သုံး INS Sindhurakshak ရေငုပ်သင်္ဘောကို ရုရှားတွင် အဓိကပြုပြင် မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး အိန္ဒိယသို့ ပြန်လည်ပေးပို့ထားခြင်း ဖြစ်သည်။ အရုဏ်တက်ချိန် ၀န်းကျင်တွင် ရေငုပ်သင်္ဘော ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ကို ရိုက်ကူးထားသော ဗီဒီယိုဖိုင်အား NDTV ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်း ရေတပ်ပြောခွင့်ရပုဂ္ဂိုလ် နာရင်ဒရာကူမားဝီပုသီက ပြောကြားခဲ့သည်။ မီးလောင်မှုဖြစ်ရသည့် အကြောင်းရင်း တစ်ခုမှာ ဘက်ထရီစနစ် ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသော ရေတပ်အကြီးတန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သော်လည်း ကောက်ချက်ချရန်မှာ စောလွန်းနေသေးကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၈ ရပ်ကွက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွား

8.1.1
ရေကူးဘူတာရုံလမ်းနှင့် မြစံပယ်လမ်းထောင့်တွင် မီးလောင်ကျွမ်းနေသည်ကို သြဂုတ် ၁၆ ရက် ည ၁၂ နာရီကျော်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မရမ်းကုန်းမြို့နယ်၊ ၈ ရပ်ကွက် ရေကူးဘူတာရုံလမ်းနှင့် မြစံပယ်လမ်းထောင့်တွင် သြဂုတ် ၁၆ ရက် ည ၁၂ နာရီတွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀ ၀န်းကျင်ခန့် မီးလောင်ကျွမ်းသွားပြီး မီးသတ်ကား အစီး ၅၀ ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ရာ သြဂုတ် ၁၇ ရက် နံနက် ၀၀း၃၀ ခန့်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
မီးလောင်ကျွမ်းမှု အကြောင်းအရင်းမှာ ကနဦး စစ်ဆေးချက်များအရ အိမ်နံပါတ် ၈၂ မှ စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကာ ဆုံးရှုံးမှု တန်ဖိုးမှာ လတ်တလော ခန့်မှန်း၍ မရသေးကြောင်း မီးလောင်ကျွမ်း နေသည်ကို လာရောက်ကြီးကြပ် ငြှိမ်းသတ်နေသည့် မီးသတ်အရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Related Posts Plugin for WordPress, Blogger...

ShareThis