Saturday, 17 March 2012
စာရွက်မဲ့ကျောင်းများဖြင့် အနာဂတ်ကိုပြင်ဆင်ခြင်း(တင်ညွန့်)
စက္ကူမဲ့၊
စာရွက်မဲ့ကျောင်း (paperless school) တွေကို တည်ဆောက်ဖို့ ပထမဦးဆုံး
ကွန်ပျူတာ network နဲ့ အင်တာနက်ကို ထူထောင်ရမယ်။ ဆရာတွေကိုယ်တိုင် စက္ကူနဲ့
စာရွက်တွေကို ဖြတ်တောက်နိုင်ရမယ်။ ကျောင်းသားတွေကို ကျောင်းခေါ်ကြိမ်ယူတာ
အွန်လိုင်းကနေ ဆက်သွယ်မှုနဲ့ သတ်မှတ်မယ်။ အွန်လိုင်းကနေ ပြန်တင်တဲ့
ဖြေဆိုချက်တွေကိုပဲ အမှတ်ပေးမယ်။ ကျွန်တော်ယခုပြောနေတာ ပညာစိတ်ကူး (Edutopia) လို့ဆိုချင်ဆို၊ လက်တွေ့ အကောင်အထည်ဖော်မယ် ဆိုရင် မဖြစ်နိုင်စရာ အကြောင်းဘာမှ မရှိပါဘူး။ ပညာရေးမှာ စာရွက်မဲ့ကျောင်းတွေကို စိတ်ကူးသူတွေက စိတ်ကူး၊ အကောင်အထည်ဖော်သူတွေ ဖော်နေကြ တယ်ဆိုတာ ပြောလိုရင်းပါ။
အမေရိကန်ပြည်ထောင်စု ကင်တာ့ကီ ကျေးလက်ဒေသလေးမှာရှိတဲ့ ကျောင်းလေးတစ်ကျောင်းမှာ “အိမ်စာတွေ ညီမလေး ဆွဲဖြဲလိုက်လို့” “ရေစိုသွားလို့” ဆိုတဲ့ ဆင်ခြေတွေမရှိပါဘူး။ ဆရာ စာသင်နေချိန်မှာလည်း ခဲတံချွန်နေရလို့ နောက်ကျသွားတယ်ဆိုတာလည်းမရှိဘူး။ ဒီကျောင်းအမည်က “Eminence” အလယ်တန်းကျောင်းလို့ခေါ်တယ်။
အိန္ဒိယမှ ထုတ်လုပ်တဲ့ ၃၅ ဒေါ်လာတန် အာကက်ရှ် တက်ဘလက်

အိန္ဒိယနိုင်ငံ တက်ဘလက်ဈေးကွက်မှာ အာကက်ရှ် (Aakash) ဆိုတဲ့ တက်ဘလက် PC တွေရောက်လာတယ်။ အိန္ဒိယ ရူးပီးငွေနဲ့ဆိုရင် ၂၅၀၀ လောက်ရှိတယ်ဆိုတော့ ကာလပေါက်ဈေးအရကြည့်ရင် ၃၅ ဒေါ်လာတော့ တန်တယ်။ ပြင်ပကိုရောင်းတော့ ရူပီး ၂၅၀၀ ဆိုတာ ဒေါ်လာ ၅၀ လောက်နဲ့ ညီပါတယ်။ ဒါလည်း အတော်လေး သက်သာ နေသေးတယ်။
ပညာရေးဌာနနဲ့ ကျောင်းတွေအတွက် ရောင်းတော့သာ စီမံချက်နဲ့ ရောင်းတာဖြစ်လို့ ၃၅ ဒေါ်လာ လောက်နဲ့ ရောင်းတာလို့လည်း သိရတယ်။ ပြိုင်ဘက်တွေအားလုံး လက်ဖျားခါသွားတယ်။ တက်ဘလက် တစ်လုံး ၃၅ ဒေါ်လာဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တာလို့ အံ့အားသင့်သွား ကြပေမယ့် တကယ့်လက်တွေ့မှာ ထွက်လာခဲ့ပါတယ်။
အာကက်ရှ် မထွက်မီကတည်းက တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြတယ်။ ၃၅ ဒေါ်လာလောက်နဲ့ အလကားပါ၊ ကောင်းမှာ မဟုတ်ပါဘူးလို့ ဝိုင်းဝန်းဝေဖန်ကြတယ်။ အာကက်ရှ်ကို ၂၀၁၁ ဒီဇင်ဘာလောက်ကတည်းက အွန်လိုင်းမှာ စရောင်းတယ်။ မကောင်းပါဘူးပြောနေတဲ့ တက်ဘလက်ဟာ တစ်ပတ်အတွင်းရောင်းလို့ ကုန်သွား တယ်။ Ncarry.com မှာ ကြိုတင်မှာထားတဲ့ လုံးရေက ၁.၄ သန်းရှိတယ်။ အဲဒီလောက် အများကြီးကို အမှန်တော့ မထုတ်နိုင်ခဲ့ဘူး။
ဒဂုံ ဝန်ထမ်းမြေကွက်များဖယ်ရှားခိုင်းမှု လွှတ်တော် ပြန်သုံးသပ်
ဒဂုံမြို့
သစ် အရှေ့ပိုင်းက ဝန်ထမ်းတွေအတွက် နေရာချထားပေးတဲ့ အိမ်ယာတွေ
ဖယ်ရှားခိုင်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက
ပြန်လည်သုံးသပ် ဆောင်ရွက်တော့မယ်လို့သိရပါတယ်။
ဝန်ထမ်းတွေကို ချပေးထားတဲ့ မြေကွက်ပေါင်း (၈) ထောင်ကျော်ကို အိုးအိမ်ဦးစီး
ဌာနက ဒီလကုန်အပြီး ဖယ်ရှားခိုင်းနေတဲ့အကြောင်း မတ်လ ၁၅ ရက်က
ကျင်းပတဲ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင် အားစုပါတီက
အလုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီက
မေးခွန်း ထုတ်ခဲ့ပါတယ်။
အဲဒီမေး
ခွန်းကို သက်ဆိုင်ရာဝန်ကြီးက ပြန်လည် ဖြေကြားပြီးတဲ့နောက် လွှတ်တော်
ဥက္ကဋ္ဌ သူရဦး ရွှေမန်းက မြေကွက်တွေ ဖယ်ရှားပေးရမယ့်ကိစ္စနဲ့
ပတ်သက်ပြီး မြေကွက်ပိုင်ရှင်တွေ နစ်နာနေတာကို သက်သေ
အထောက်အထားတွေနဲ့ သူ့ထံအမြန်တင်ဖို့ ပြောကြားခဲ့ပါတယ်။
မြန်မာစစ်သင်္ဘော ၂ စီး ဗီယက်နမ်ကို ပထမဆုံးအကြိမ် ရောက်ရှိ
မြန်မာရေတပ်မတော်က
စစ်ရေယာဉ် ၂ စီးဟာ ဗီယက်နမ်နိုင်ငံ ဒါနန်မြို့ ဆိပ်ကမ်းကို သင်္ဘော
လွန်းတင်ဖို့ ပထမဆုံးအကြိမ် တရားဝင် ရောက်ရှိနေပါတယ်။
အရှည် ၁၀၃
မီတာရှိတဲ့ F21 မဟာဗန္ဒုလစစ်သင်္ဘော နဲ့ F23 မဟာသီဟသူရ စစ်သင်္ဘော တို့ 
ဗီယက်နမ်ကို ရောက်ရှိနေတာ ဖြစ်ပြီးတော့ ရေယာဉ် ၁ စီးစီမှာ ရေတပ်သား ၁၂၃ ဦး
ပါဝင် ပါတယ်လို့ ဗီယက်နမ် နိုင်ငံထုတ် သတင်းတွေ မှာ ဖော်ပြထား ပါတယ်။
မြန်မာ
ရေတပ်မတော် အရာရှိတွေဟာ မကြာခင် ရက်ပိုင်း အတွင်းမှာ ဒါနန်မြို့ ဗီယက်နမ်
ပြည်သူ့ ကော်မတီက ခေါင်းဆောင်တွေ၊ ဗီယက်နမ် နိုင်ငံ အမှတ် ၃ ရေတပ်ဌာနချုပ်က
တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။
ယာဉ်စီးခ ပေးချေသည် ipay စနစ် ပါရမီနှင့် အဓိပတိကားများတွင် စတင်
ဗန္ဓုလ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း များဖြစ်သည့် ပါရမီနှင့် အဓိပတိအပြာတို့ တွင် ယခုလ ၁၅ ရက်နေ့မှ စတင်၍ ပထမဆုံး ကြိုးမဲ့စနစ်ဖြင့် ငွေပေးသွင်းနိုင် သည့် ipay စနစ်အသုံးပြုသွားနိုင်မည် ဖြစ်ကြောင်း၊ မထသ အောက်ရှိ ယာဉ်လိုင်းများကို တဖြည်း ဖြည်းဖြင့် အသုံးပြုသွားနိုင်ရန် လုပ်ဆောင်သွား ရန် အစီအစဉ်ရှိကြောင်း၊ ရထား၊ တက္ကစီ၊ သင်္ဘောများတွင်လည်း ipay စနစ်ကို အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း Kispa Nadi Express Limited မှ သိရသည်။
လိုင်းကားများ စီးသည့်အခါတွင် အကြွေပြဿနာ အဖြစ်များပြီး တစ်ခါ တစ်ရံတွင် ယာဉ်နောက်လိုက်နှင့် ခရီးသည် အချင်းများသည့် အခြေအနေ များပင် ဖြစ်တတ်ကြောင်း၊ ယခုလို ကတ်ကို ပြုလုပ်လိုက်သည့်အတွက် အကြွေမရှိသည့် ပြဿနာများလည်း ရှိတော့မည် မဟုတ်ကြောင်း စီမံကိန်း မန်နေဂျာ ကိုအောင်ကျော်က ပြော သည်။
လူရမ်းကား အမေရိကန်တပ်သား၏ အာဖဂန်နစ္စတန် လူသတ်ပွဲတွင် အာဖဂန်နိုင်ငံသား ၁၆ ဦး သေဆုံး

အာလ်ကိုဇိုင်း(အာဖဂန်နစ္စတန်) - မတ်လ ၁၁ ရက် အရုဏ်မတက်မီ ပြုလုပ်ခဲ့သော အမေရိကန်လူရမ်းကား စစ်သည်တစ်ဦး အရမ်းကာရော ပစ်ခတ် သတ်ဖြတ်မှုကြောင့် မိန်းမသားများနှင့် ကလေးငယ်များ အပါအ၀င် အာဖဂန် နိုင်ငံသား ၁၆ ဦး သေဆုံးသွားပြီး နှစ်နိုင်ငံ အကြား ဆက်ဆံရေး အကျပ် အတည်းသစ် ဖြစ်ပေါ်လာခဲ့ရသည်။
အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက အဆိုပါသတ်ဖြတ်မှုအား ခွင့်လွှတ် နိုင်ဖွယ်မရှိကြောင်း ရှုတ်ချပြောကြား လိုက်သည်။
"အာဖဂန်နိုင်ငံသားတွေကို အမေရိ ကန်စစ်သားတွေက တမင်တကာ ပစ်ခတ်သတ်ဖြတ်နေကြတဲ့ အခုအခါ မှာ အခုသတ်ဖြတ်မှုဟာ လူသတ်မှု ကျူးလွန်ခြင်းနဲ့ အကြမ်းဖက်ခြင်းဖြစ်ပြီး ခွင့်လွှတ်နိုင်ဖွယ်မရှိကြောင်း" ကာဇိုင်း က ထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် ပြောကြားလိုက်သည်။
"အဆိုပါအမေရိကန်စစ်သားသည် ကန်ဒါဟာ တောင်ပိုင်းရှိ အရပ်သား များနေထိုင်သည့်အိမ်အတွင်းသို့ ၀င် ရောက်ပြီး ကလေးငယ် ကိုးယောက်နဲ့ အမျိုးသမီးသုံးဦးအပါအ၀င်ဖြစ်သော လူ ၁၆ ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း"အဆိုပါကြေညာချက်တွင် ဖော်ပြလိုက်သည်။
နံရံကြားထဲက အနုပညာ
''ပန်းချီဆိုတာ ကိုယ့်စိတ်ထဲက ခံစားမှုတွေကို တစ်နည်းတစ်ဖုံ ဖော်ပြနိုင်တဲ့ အနုပညာတစ်မျိုးလို့ ထင်တယ်'' တောက်ပတဲ့မျက်ဝန်းတွေနဲ့ အထက်ပါစကားကို ပြောလာသူကတော့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်နိုင်ပဲ ဖြစ်ပါတယ်။ သူက နံရံများနောက်မှာ နေထိုင်ခဲ့ရစဉ်က စိတ်ရဲ့ထွက်ပေါက်အဖြစ် ပန်းချီကားတွေကို ဖန်တီးခဲ့ဖူးသူတစ်ဦး။ ''အမှန်အတိုင်းပြောရရင် ပန်းချီကို အရင်တုန်းက မဆွဲဖူးဘူး။ ဒါပေမယ့် ကျွန်တော် ငယ်ငယ်ကတည်းက ကိုမင်းကိုနိုင်တို့အိမ်မှာ ကြီးပြင်းလာခဲ့တော့ ကိုမင်းကိုနိုင်ရဲ့အဖေ ကျွန်တော့်ဘကြီး ဦးသက်ညွန့် ပန်းချီဆွဲတာတွေကို ယဉ်ပါးနေခဲ့တယ်။ ထောင်ထဲရောက်နေတဲ့ အချိန်ကျတော့မှ ပန်းချီဆွဲချင်စိတ် ဖြစ်လာတယ်။ နေ့တိုင်း နေ့တိုင်း စာရေး၊ စာဖတ်၊ လေးဘက်လေးတန် နံရံတွေကြားမှာ တစ်ချိန်က ကိုယ်မြင်ဖူးခဲ့တဲ့ ရှုခင်းတွေ၊ ကိုယ်မြင်ချင်တဲ့ အရာတွေကို ပန်းချီဆွဲပြီး ပုံဖော်ရတာကလည်း ကိုယ့်အတွက် စိတ်ဖြေရာ တစ်မျိုးဖြစ်ခဲ့တာပေါ့''လို့ ကိုအောင်နိုင်က ဆိုပါတယ်။ |
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် မက္ကဆီကို ဆက်သွယ်ရေးလုပ်ငန်းရှင် ကားလို့စလင်း သုံးနှစ်ဆက်တိုက် ရပ်တည်
ဖော့ဘ်စ်မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်သည့် ကမ္ဘာ့အချမ်းသာဆုံး
ပုဂ္ဂိုလ်စာရင်းတွင် မက္ကဆီကို ဆက်သွယ်ရေးလုပ်ငန်းရှင် ကားလို့စလင်းသည်
သုံးနှစ်ဆက်တိုက် နံပါတ်တစ်နေရာ၌ ဖော်ပြခံခဲ့ရသည်။
ဆက်သွယ်ရေးလုပ်ငန်းများမှ ဆောက်လုပ်ရေး လုပ်ငန်းများအထိ စီးပွားရေး
ရင်းနှီးမြှုပ်နှံမှုများလုပ်သည့် စီးပွားရေးလုပ်ငန်းရှင် ကားလို့စလင်း၏
ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၉ ဘီလျံရှိသည်ဟု ဖော့ဘ်စ်မဂ္ဂဇင်းက ခန့်မှန်းခဲ့သည်။
ဖော့ဘ်စ်မဂ္ဂဇင်း၏ အချမ်းသာဆုံးစာရင်း ဒုတိယ နေရာတွင် ဖော်ပြခံရသည့်
မိုက္ကရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၆၁
ဘီလျံရှိပြီး တတိယနေရာတွင် ဖော်ပြခံရသည့် အမေရိကန်ရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းရှင် ၀ါရင်းဘက်ဖက်၏ ပိုင်ဆိုင်မှုမှာဒေါ်လာ ၄၄ ဘီလျံရှိကြောင်း
သိရှိရသည်။ ဥရောပ နိုင်ငံသားနှစ်ဦးဖြစ်သည့် ပြင်သစ်ဇိမ်ခံကုန် ပစ္စည်းများထုတ်လုပ်သည့် LVMH အဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဘားနတ်အာနိုးနှင့် Zara စပိန် ဖက်ရှင်လုပ်ငန်း တည်ထောင်သူ အမန်စီယိုအော်တေဂါတို့က စတုတ္ထနှင့် ပဉ္စမနေရာတွင် ဖော်ပြခံရသည်။ |
ကျွန်တော်နှင့် မိတ်ဆွေများ(ချစ်ဝင်းမောင်)
ဟိုတုန်းက စာနယ်ဇင်းသမားတစ်ဦးဖြစ်ခဲ့သော သူငယ်ချင်းသည် ယခုတော့ 'ဘလော့ဂ်ဂါ'တစ်ဦး ဖြစ်နေပြီ။ ရန်ကုန်မှာတုန်းက ကွန်ပျူတာကိုပင် ကောင်းစွာမသုံးဖူးခဲ့သော သူငယ်ချင်းသည် ယခုတော့ အွန်လိုင်းမီဒီယာသမားတစ်ဦး ဖြစ်နေပြီ . . . |
နံနက်စောစော ဝေလီဝေလင်း အချိန်နှင်းများ မကွဲသေးမီ ကျွန်တော်သည်
သူငယ်ချင်းဖြစ်သူနေထိုင်သော မြို့ကေးလသို့ ရောက်ရှိသွားသည်။ ကျွန်တော့်အား
သယ်ဆောင်လာသည့် အဝေးပြေးဘတ်(စ်)ကားကြီးသည် လမ်းမှာခရီးသည်တွေ
တစ်စုပြီးတစ်စု ချပေးရင်း ဂိတ်ဝင်းထဲသို့ နောက်ဆုံးနားခိုရာအဖြစ်
ဝင်ရောက်ခဲ့သည်။ ကားပေါ်မှာ ကျွန်တော်အပါအ၀င် ခရီးသည်သုံးလေးဦးမျှသာ
ကျန်တော့သည်။ အဝေးပြေးဂိတ်မှာ မကြီးကျယ်လွန်းလှ။ နံနက်မိုးလင်းအထိ
ဖွင့်ထားသော စားသောက်ဆိုင်တစ်ဆိုင်နှင့် အသုံး ဆောင် သွားရည်စာရောင်းသည့်
စတိုးဆိုင်တစ်ဆိုင်မှာ လျှပ်စစ်မီးတွေလင်းနေသည်။ ခရီးသွားကျဲပါးချိန်
ခန်းမဆောင် တစ်ခုအောက်က ထိုင်ခုံတန်းတစ်ခုမှာ ကျောပိုးအိတ်ကိုချရင်း
ခေတ္တအမောဖြေနေမိသည်။ သူငယ်ချင်းဖြစ်သူကို ဖုန်းဆက်ရမည်။ |
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လားရှိုးခရီးစဉ် စတင်
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ စုံပြီး လူဦးရေ
များတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိရပါမယ်လို့ NLD အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို နိုင်ငံရေး
စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ရန်တိုင်းအောင် ဘုရားကြီးဝင်းမှာ
ထောင်သောင်းချီတဲ့ လူထုပရိသတ်ကို မိန့်ခွန်းပြောရာမှာ အဲဒီလို ထည့်သွင်း
ပြောကြားတာပါ။ လာရောက်ကြည့်ရှု နားထောင်တဲ့ ပရိသတ် ၈ သောင်းနီးပါး
ရှိမယ်လို့ ဒီခရီးစဉ်မှာ အတူ လိုက်ပါလာတဲ့ ဦးခွန်သာမြင့်က ပြောပြပါတယ်။
National League for Democracy
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းကြည် ၂ဝ၁၂ မတ်လ ၁၇ ရက်နေ့က လားရှိုးမြို့ ရန်တိုင်းအောင်ကွင်းတွင် လူထုကို မိန့်ခွန်းပြောကြားစဉ်။
မင်းသား George Clooney ဆန္ဒပြ အဖမ်းခံရ
ဆူဒန်အရေး ဆန္ဒပြခဲ့တဲ့ အမေရိကန်အကယ်ဒမီဆုရှင် သရုပ်ဆောင် George
Clooneyကို ၀ါရှင်တန်မြို့တော်၊ ဆူဒန်သံရုံးအပြင်ဘက်မှာ လုံခြုံရေး
ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
သောကြာနေ့က မင်းသား Clooney ၊ ကွန်ကရက်အမတ်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ မာတင်လူသာကင်းရဲ့ သားအကြီးဆုံးပါ ပါဝင်တဲ့ ဆန္ဒပြလူပ်ရှားတဲ့ အုပ်စု သံရုံးနားက မြေပြင်မှာ ဆန္ဒပြမူကို ဆုတ်ခွာပေးဖို့ ရဲသုံးဦးက သတိပေးပြောဆိုမှုကို မနာခံတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာဖြစ်ပါတယ်။
သောကြာနေ့က မင်းသား Clooney ၊ ကွန်ကရက်အမတ်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ မာတင်လူသာကင်းရဲ့ သားအကြီးဆုံးပါ ပါဝင်တဲ့ ဆန္ဒပြလူပ်ရှားတဲ့ အုပ်စု သံရုံးနားက မြေပြင်မှာ ဆန္ဒပြမူကို ဆုတ်ခွာပေးဖို့ ရဲသုံးဦးက သတိပေးပြောဆိုမှုကို မနာခံတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကို အချုပ်ခန်းထဲ ထည့်လိုက်တာဖြစ်ပါတယ်။
NATO ရဟတ်ယာဉ်ပျက် တူရကီစစ်သား ၁၀ ဦးကျော် သေဆုံး
မတ်လ (၁၆) ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ် (Kabul) ပြည်နယ၊်
ကာဘူးလ် မြို့တော်အနီး ဘာဂရာမီ (Bagrami) အရပ်မှာ မြောက်အတ္တလန္တိတ်
စစ်စာချုပ် (NATO) အဖွဲ့ဝင် တူရကီတပ်ဖွဲ့ရဲ့ ဆာကော့စကီး(Sikorsky)
အမျိုးအစား ရဟတ်ယာဉ်တစ်စီး အိမ်တစ်လုံးပေါ်ကို ပျက်ကျခဲ့တာကြောင့်
လိုက်ပါလာတဲ့ တူရကီစစ်သား (၁၂) ဦးနဲ့ မြေပြင်ပေါ်က အရပ်သား(၄)ဦး
သေဆုံးသွားခဲ့တယ်လို့ တူရကီစစ်တပ်က ပြောကြားခဲ့ပါတယ်။
ဒီရဟတ်ယာဉ်ဟာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားနေစဉ်မှာ ပျက်ကျသွားခဲ့တာဖြစ်ပြီးတော့ အင်မတန် ပူဆွေးဝမ်းနည်းဖွယ်ကောင်းတဲ့ မတော်တဆ ဖြစ်မှုပါပဲလို့ တူရကီနိုင်ငံခြားရေး ၀န်ကြီး အာမက်ဒါဗူတိုဂလူ (Ahmet Davutoglu)က၊ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။
ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ အိမ်ထဲက ကလေးငယ် ၂ ဦးနဲ့ အနီးက အရပ်သား ၂ ဦးတို့ပါ သေဆုံးခဲ့ရတယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောကြပါတယ်။ အာဖဂန်နစ္စတန်က NATO တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး အမေရိကန် ဗိုလ်ချုပ်ကြီး ဂျွန်အယ်လင်(General John Allen) က သေဆုံးသူ တူရကီစစ်သားတွေနဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီ ၀မ်းနည်းခြင်း သ၀ဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
ဒီရဟတ်ယာဉ်ဟာ အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားနေစဉ်မှာ ပျက်ကျသွားခဲ့တာဖြစ်ပြီးတော့ အင်မတန် ပူဆွေးဝမ်းနည်းဖွယ်ကောင်းတဲ့ မတော်တဆ ဖြစ်မှုပါပဲလို့ တူရကီနိုင်ငံခြားရေး ၀န်ကြီး အာမက်ဒါဗူတိုဂလူ (Ahmet Davutoglu)က၊ သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။
ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့ အိမ်ထဲက ကလေးငယ် ၂ ဦးနဲ့ အနီးက အရပ်သား ၂ ဦးတို့ပါ သေဆုံးခဲ့ရတယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောကြပါတယ်။ အာဖဂန်နစ္စတန်က NATO တပ်ဖွဲ့တွေရဲ့ တပ်မှူးကြီး အမေရိကန် ဗိုလ်ချုပ်ကြီး ဂျွန်အယ်လင်(General John Allen) က သေဆုံးသူ တူရကီစစ်သားတွေနဲ့ အာဖဂန်နိုင်ငံသားတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီ ၀မ်းနည်းခြင်း သ၀ဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် ဗီယက်နမ် နိုင်ငံသို့သွားရောက်မည်
မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဗီယက်နမ် သမ္မတTruong Tan Sang ၏ ဖိတ်ကြားချက်အရ ဗီယက်နမ် သမ္မတနိုင်ငံသို့
မတ်(၂၀) ရက်မှ (၂၁) ရက်အထိ ၂ ရက်ကြာ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း
ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မတ်လ (၁၆) ရက်နေ့က ထုတ်ပြန်ကြေညာသည်။
မြန်မာနှင့် ဗီယက်နမ်တို့သည် ၁၉၇၅ ခုနှစ် မေ(၂၈) ရက်တွင် နေ့တွင် သံတမန်ဆက်သွယ်မှု ပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၃၆) နှစ်ကျော်ကြာခဲ့ပြီး မြန်မာသမ္မတကြီး၏ ယခု ခရီးစဉ်တွင် နှစ်နိုင်ငံကြား စီးပွား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက် ရန်ရှိကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်သည်(၄) ကြိမ်မြောက် ဂျီအမ်အက်(စ်) ထိပ်သီး အစည်းအဝေးတက်ရောက်ရင်း မြန်မာနိုင်ငံ နေပြည်တော်သို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။
မြန်မာနှင့် ဗီယက်နမ်တို့သည် ၁၉၇၅ ခုနှစ် မေ(၂၈) ရက်တွင် နေ့တွင် သံတမန်ဆက်သွယ်မှု ပြုလုပ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၃၆) နှစ်ကျော်ကြာခဲ့ပြီး မြန်မာသမ္မတကြီး၏ ယခု ခရီးစဉ်တွင် နှစ်နိုင်ငံကြား စီးပွား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက် ရန်ရှိကြောင်း သတင်းရရှိသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်သည်(၄) ကြိမ်မြောက် ဂျီအမ်အက်(စ်) ထိပ်သီး အစည်းအဝေးတက်ရောက်ရင်း မြန်မာနိုင်ငံ နေပြည်တော်သို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။
မကြာခင် ပြည်ပခရီး ထွက်နိုင်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မဝေးတော့တဲ့ ကာလအတွင်း ပြည်ပခရီးထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မနေ့က ဟောင်ကောင်တက္ကသိုလ်က ချီးမြှင့်တဲ့ ဥပဒေပညာရပ်ဆိုင်ရာ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံတဲ့ ဗီဒီယိုမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။
National League for Democracy
၂ဝ၁၂ ခုနှစ် မတ်လ ၁ဝ ရက်နေ့က မွန်ပြည်နယ်သို့
ပါတီစည်းရုံးရေးခရီး ရောက်ရှိလာသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကို မော်လမြိုင်မြို့ ကမ်းနားလမ်း စထရင်းဟိုတယ်တွင်
ကြိုဆိုနှုတ်ဆက်စဉ်။
Subscribe to:
Comments (Atom)




''ပန်းချီဆိုတာ ကိုယ့်စိတ်ထဲက ခံစားမှုတွေကို တစ်နည်းတစ်ဖုံ ဖော်ပြနိုင်တဲ့ အနုပညာတစ်မျိုးလို့ ထင်တယ်''
ကားလို့စ်ဆလင်းမ်(နံပါတ်-၁)
ဘီလ်ဂိတ်(နံပါတ်-၂)
ဝါးရင်းဘတ်ဖတ်(နံပါတ်-၃)
ဘားနတ်အာနိုးလ်(နံပါတ်-၄)
အမန်စီယိုအော်တေဂါ(နံပါတ်-၅)
ခရစ္စတီဝေါ်လ်တန်(အချမ်းသာဆုံးအမျိုးသမီး)
နံနက်စောစော ဝေလီဝေလင်း အချိန်နှင်းများ မကွဲသေးမီ ကျွန်တော်သည်
သူငယ်ချင်းဖြစ်သူနေထိုင်သော မြို့ကေးလသို့ ရောက်ရှိသွားသည်။ ကျွန်တော့်အား
သယ်ဆောင်လာသည့် အဝေးပြေးဘတ်(စ်)ကားကြီးသည် လမ်းမှာခရီးသည်တွေ
တစ်စုပြီးတစ်စု ချပေးရင်း ဂိတ်ဝင်းထဲသို့ နောက်ဆုံးနားခိုရာအဖြစ်
ဝင်ရောက်ခဲ့သည်။ ကားပေါ်မှာ ကျွန်တော်အပါအ၀င် ခရီးသည်သုံးလေးဦးမျှသာ
ကျန်တော့သည်။ အဝေးပြေးဂိတ်မှာ မကြီးကျယ်လွန်းလှ။ နံနက်မိုးလင်းအထိ
ဖွင့်ထားသော စားသောက်ဆိုင်တစ်ဆိုင်နှင့် အသုံး ဆောင် သွားရည်စာရောင်းသည့်
စတိုးဆိုင်တစ်ဆိုင်မှာ လျှပ်စစ်မီးတွေလင်းနေသည်။ ခရီးသွားကျဲပါးချိန်
ခန်းမဆောင် တစ်ခုအောက်က ထိုင်ခုံတန်းတစ်ခုမှာ ကျောပိုးအိတ်ကိုချရင်း
ခေတ္တအမောဖြေနေမိသည်။ သူငယ်ချင်းဖြစ်သူကို ဖုန်းဆက်ရမည်။

