menu

Monday 14 October 2013

သံတွဲ ပဋိပက္ခတွင် သေဆုံး ၇ ဦး၊ ဖမ်းဆီးခံရသူ ၇၈ ဦး ရှိပြီဟုဆို

ရခိုင်ပြည်နယ် သံတွဲမြို့မှာ  ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သေဆုံး ၇ ဦး၊ ဒဏ်ရာ ရသူ ၅ ဦး၊ ဖမ်းဆီးခံရသူ ၇၈ ဦး ရှိသွားပြီလို့ ဒီကနေ့ထုတ် ကြေးမုံ သတင်းစာမှာ ပြည်ထဲရေး ၀န်ကြီးဌာနကို ကိုးကားပြီး သတင်း ဖေါ်ပြပါတယ်။

လူ ၇၈ ဦးကို စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အတွင်း ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမေးမြန်းနေတယ်လို့ ဖေါ်ပြပါတယ်။

ပဋိပက္ခ အတွင်း လူနေအိမ် ၁၁၂ လုံး၊ ဘာသာရေးအဆောက်အအုံ သုံးလုံး၊ ဆီဂိုဒေါင် တစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အိမ်ထောင်စု ၁၁၂ စု၊ လူဦးရေ စုစုပေါင်း ၄၈၇ ဦး အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ကြရတယ်လို့ ပြောပါတယ်။

ပြောင်းကိုင်နေသူ

ကာတွန်း အောင်မော်

အသက် (၇)နှစ်အရွယ် ကလေးငယ်အား အဓမ္မကျင့်သူအဘိုးအိုတစ်ဦးကို အမှုဖွင့်

နေအိမ်တွင် မွေးနေ့ပွဲပြုလုပ်မည်ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားသည့်အဘိုးအိုက အသက် (၇)နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်အတွင်း နေထိုင်သူ အသက် (၇)နှစ်အရွယ် မိန်းကလေးကို အောက်တိုဘာ ၈ ရက် နံနက် ၇နာ ရီတွင် အိမ်နီးနားချင်းဖြစ်ပြီး ခင်မင်နေသူ အသက် (၆၈) နှစ်အရွယ် ဦးမောင်မောင်စိန်က မွေးနေ့ပြုလုပ်မည်ဟုပြောဆိုကာ မိခင်ထံမှ ၎င်း၏နေအိမ်သို့ တစ်နေကုန်ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

ကလေးငယ်ခေါ်သွားပြီး နေအိမ်မီးဖိုချောင်အတွင်း သားမယားပြုကျင့်ခဲ့ကြောင်း ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။ ကလေးငယ်ကို အဓမ္မပြုကျင့်ပြီးနောက် ၎င်းက ည ၁၀ နာရီတွင် နေအိမ်သို့ ပြန်ပို့ခဲ့သည်ဟုဆိုသည်။

စစ်သတင်းထောက် ဦးလှမောင် (သို့မဟုတ်) ရုပ်ရှင်သရုပ်ဆောင် ဦးသာဂေါင်

Photo: စစ်သတင်းထောက် ဦးလှမောင် (သို့မဟုတ်) ရုပ်ရှင်သရုပ်ဆောင် ဦးသာဂေါင်

Written by တင်နိုင်တိုး 

ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကား အတော်များများတွင် ဟာသသရုပ်ဆောင် ဦးသာဂေါင်၏ ရယ်ရွှင်ဖွယ်ရာ သရုပ်ဆောင်ဟန်ကို တွေ့ရတတ်ပါသည်။ ယင်း ဟာသ သရုပ်ဆောင် ဦးသာဂေါင်မှာ တစ်ချိန်က ထင်ရှားခဲ့သည့် စစ်သတင်းထောက် တစ်ဦးလည်း ဖြစ်ပါသည်။

တောင်ငူဇာတိ

ဦးလှမောင် ခေါ် ဦးသာဂေါင်ကို ၁၄ မတ် ၁၉၁၁ ခုနှစ်တွင် တောင်ငူမြို့ အမှတ် ၃ ရပ်ကွက်၌ ဦးဖိုးသာ၊ ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း ရှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်မည်က မောင်ရွှေပြည့် ဖြစ်သည်။ လူငယ်ဘ၀ကပင် အေ၀မ်းရုပ်ရှင် ကုမ္ပဏီသို့ ရောက်ရှိကာ အေ၀မ်း ဦးတင်မောင်ထံမှ ရုပ်ရှင်ပညာ သင်ယူခဲ့သည်။

ဘီအိုင်အေခေတ် စစ်သတင်းထောက်

ဦးသာဂေါင်သည် ဘီအိုင်အေခေတ်တွင် စစ်သတင်းထောက် တစ်ဦးအဖြစ် စစ်မြေပြင်သို့ သွားရောက် သတင်းယူခဲ့သူဖြစ်ပြီး ရုပ်ရှင်ဖြင့်လည်း မှတ်တမ်း တင်ပေးခဲ့သည်။ စစ်တောင်း တိုက်ပွဲတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏ တပ်နှင့်အတူ လိုက်ပါကာ ရုပ်ရှင်ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ထို့အတူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၏တပ်ဖွဲ့ အထက်ဗမာပြည်သို့ ချီတက်စဉ် အေ၀မ်းဖလင်မှ ဒါရိုက်တာ ဦးတင်မောင်နှင့်အတူ လိုက်ပါကာ ဓာတ်ပုံနှင့် ရုပ်ရှင်မှတ်တမ်းများ ရိုက်ကူးပေးခဲ့သည်။

ရုပ်ရှင်လောကသို့

ဦးလှမောင်သည် စစ်ပြီးခေတ် အေ၀မ်းရုပ်ရှင် ကုမ္ပဏီမှ ရိုက်ကူးသော ရုပ်ရှင်ဇာတ်ကားများတွင် လူရွှင်တော် ဦးသာဂေါင် အမည်ဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည်။ အေ၀မ်းရုပ်ရှင်မှ တစ်သွေးတစ်မြေ၊ ချိန်တန်ပြီ၊ ချစ်သက်ဝေ၊ ၀ိဥာဏ်မေတ္တာ၊ ဘုမသိဘမသိ၊ သားရွှေဒေါင်းတောင်၊ ရတနာပုံ၊ ဖာတစ်လုံးခေါင်းကျား စသည့် ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။

ဦးလှမောင်က ဟာသလူရွှင်တော် အဖြစ်သာမက ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ဖြစ်သည်။

ရုပ်ရှင်ဒါရိုက်တာ

ဦးသာဂေါင်သည် အချို့ရုပ်ရှင် ဇာတ်ကားများတွင် ဓာတ်ပုံသတင်းထောက် ဦးလှမောင်အဖြစ် တာဝန်ယူခဲ့ပြီး ဇာတ်ကား အချို့ကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ရာ စွယ်စုံရ အနုပညာရှင် တစ်ဦးဟု ဆိုနိုင်ပါသည်။ ဦးလှမောင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများမှာ မောင်မောင်စိုးရုပ်ရှင်မှ မေ့တွက်တာ၊ ရွှေစင် ရုပ်ရှင်မှ လူယောက်ျား၊ ကေတုမတီရုပ်ရှင်မှ ဒေါက်တာမာလာ စသည့် ဇာတ်ကားများ ဖြစ်ကြသည်။

ပန်းသာမစာဥ

ဦးသာဂေါင် ပါဝင်သရုပ်ဆောင်ထားသည့် ထင်ရှားသော ဇာတ်ကားများအနက် ပရိသတ် အကြိုက်တွေ့ခဲ့ရသည့် ဇာတ်ကား တစ်ကားမှာ သခင်ဘသောင်း၏ ၀တ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက် ထားသည့် ပန်းသာမစာဥ ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ဦးသာဂေါင်သည် ယင်းဇာတ်ကားတွင် ပန်းသာမြို့စား အနွယ်မှ ဆင်းသက်လာသော ဆင်းရဲနွမ်းပါးသူ ဦးပန်းအောင်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။

ဦးသာဂေါင်နှင့်အတူ အသက် ၁၁ နှစ် သားအရွယ် သားဖြစ်သူ မောင်မျိုးဆက်သည်လည်း မစာဥ၏မောင် စိန်းအောင် အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့သည်။ ဦးသာဂေါင်နှင့် ဇနီး ဒေါ်သိန်းဟန်တို့၏သား မောင်မျိုးဆက်မှာ ရုပ်ရှင်ရိုက်ကူးအပြီး ဂျစ်ကား အတိုက်ခံရသဖြင့် ကွယ်လွန်သွားခဲ့သည်။ မောင်မျိုးဆက်သည် မစ္စနယ်လ်ဆင် ကျောင်းသားကလေး ဖြစ်ပါသည်။

စစ်မြေပြင်သို့

ဦးသာဂေါင်သည် အေ၀မ်းခြံ၌ လုပ်သားကလေး တစ်ဦးအဖြစ် စတင်ဝင်ရောက် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ဘီအိုင်အေတပ်များ စစ်မြေပြင်သို့ ချီတက်ကြစဉ် ဦးသာဂေါင်လည်း အတူလိုက်ပါ သွားခဲ့ခြင်း ဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏တပ် ရခိုင်သို့ စစ်ချီခဲ့စဉ်က ဦးသာဂေါင်သည် ဆင်းရဲပင်ပန်းစွာဖြင့် လိုက်ပါကာ စစ်မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။

ရုပ်ရှင်အနုပညာရှင်များ

မြန်မာ့လွတ်လပ်ရေး အတွက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြရာတွင် ရုပ်ရှင်နယ်မှ အနုပညာရှင် များသည်လည်း ကျရာကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ခဲ့ကြသည်။ ဦးသာဂေါင်တို့ ရခိုင်ဒေသသို့ စစ်ချီတက်ခဲ့ ကြစဉ်ကလည်း ရှေ့ပြေးကင်းတပ်မှူးမှာ မာနရှင် ဇာတ်ကားဖြင့် ထင်ရှားခဲ့သူ ဒါရိုက်တာဦးဘရှင် ဖြစ်သည်။ ဦးဘရှင်သည် အင်္ဂလိပ်ခေတ် ဆပ်ပါးမိုင်းနား တပ်သားဟောင်းကြီး ဗိုလ်ဘရှင်အဖြစ် ဦးသာဂေါင်နှင့်အတူ ဦးဆောင် ချီတက်ခဲ့သည်။

ဆင်းရဲပင်ပန်းမှု

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏ စစ်ကြောင်းမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ချီတက်ခဲ့ကြရရာ များစွာဆင်းရဲ ပင်ပန်းလှသည်။ တစ်ခါတစ်ရံ တောတွင်း၌ ဖြစ်သလို ချက်ပြုတ်စားသောက် ကြရ၏။ ၀မ်းပျက်ရောဂါ ဖြစ်ပွားမှုကြောင့် ရေကိုလည်း ခြိုးခြံချွေတာ သောက်ကြရသည်။ အချို့နေရာများတွင် သောက်ရေတွင်းတူးကာ ဆေးခတ်ပြီးမှ သောက်ကြရ၏။

တောစခန်းရောက် ဦးသာဂေါင်

တောစခန်း တစ်နေရာတွင် တွေ့ရသည့် ဦးသာဂေါင်၏ပုံကို ဘီအိုင်အေတပ်နှင့်အတူ ချီတက် လိုက်ပါသွားခဲ့သူ မိတ်ဆွေတစ်ဦးက '' တောလယ်ကောင် လက်ယက် တွင်းကလေး တစ်ခု၏ရှေ့တွင် ငှက်ပျောဖက်ပုံကို ခွကာ၊ ကာကီဘောင်းဘီတို၊ ကာကီအင်္ကျီ လက်တိုနှင့် ခြေပတ်ညိုညို ဒူးဆစ်အထိ ပတ်လျက် စစ်ဖိနပ်ကြီး စီးထားပြီး ဆောင့်ကြောင့်ကြီး ထိုင်နေသော ဗိုလ်သာဂေါင်ကြီးအား ချစ်ရေစင် ဇာတ်ကားတွင် ပန်းဒွေးကြီး အဖြစ်ဖြင့် မြင်ဖူးကြသူများအဖို့ တွေး၍မြင်ကြည့်ကြ စေချင်ပါသည်။ ကျွန်တော်နှင့် ဗိုလ်မင်းခေါင်တို့ နှစ်ဦးအဖို့တော့ ရယ်ချင်လွန်းပါလျက်နှင့် မနည်းကြိုးစား၍ ဣနြေ္ဒ ဆယ်နေ ခဲ့ကြရပါတော့သည်'' ဟူ၍ ရေးသားဖော်ပြ ခဲ့ဖူးပါသည်။

ပြည်တွင်း သောင်းကျန်းမှုများ

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် ပြည်တွင်း သောင်းကျန်းမှုများ ဆက်လက် ပေါ်ပေါက်ခဲ့ရရာ မြန်မာ့တပ်မတော် အနေဖြင့် တိုက်ခိုက်နှိမ်နင်းမှုများ လုပ်ဆောင်ခဲ့ရသည်။ ထိုစဉ်ကလည်း ဦးသာဂေါင်သည် စစ်သတင်းထောက်အဖြစ် စစ်မြေပြင်ကို သံချပ်ကာ ကားများစီးလျက် လိုက်ပါကာ စစ်သတင်းများ ရယူခြင်း၊ ဓာတ်ပုံမှတ်တမ်းများ ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဆေးစက်ကျရာ

ဦးသာဂေါင်သည် ရုပ်ရှင်လောက တွင်လည်း ၀ါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါသည်။ ဆေးစက်ကျရာ အရုပ်ထင်သူဟုပင် ဆိုနိုင်ပါသည်။ ရေငန်ပိုင် ဦးရှင်ကြီး အကြောင်း ရိုက်ကူးထားသော စောင်းတော်ရှင် ဇာတ်ကားတွင် ပြည်လှဖေ၏ သူငယ်ချင်းအဖြစ် အကောင်းဆုံး သရုပ်ဆောင် နိုင်ခဲ့သည်။ ရတနာပုံ ဇာတ်ကားတွင် တရားရုံး ဘီးလစ်စာရေးကြီးအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံး သရုပ်ဆောင်မှု

ဦးသာဂေါင်ခေါ် စစ်သတင်းထောက်အဖြစ် ထင်ရှားခဲ့သူ ဦးလှမောင်သည် ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ကျော်တွင် ပါဝင် သရုပ်ဆောင်ခဲ့ရာ နောက်ဆုံး ပါဝင်ခဲ့သော ဇာတ်ကားမှာ ပြည်တော်အေး ရုပ်ရှင်မှ ချစ်သူ့လိမ္မာနှင့် ရွှေဗမာ ရုပ်ရှင်မှ မွန်းဂျန်းရုပ်ရှင် ဇာတ်ကားများ ဖြစ်ကြသည်။ ဦးသာဂေါင်သည် ၁၉၇၅ ခုနှစ် တပေါင်း ပွဲတော်တွင် ရုပ်ရှင်ပညာသည် များနှင့်အတူ နောက်ဆုံးကပြ ဖျော်ဖြေခဲ့သည်။

ဘ၀နိဂုံး

ဦးသာဂေါင်သည် ၂ ဖေဖော်ဝါရီ ၁၉၇၆ ခုတွင် ရန်ကုန်မြို့ ဂေါ်ဒွင်လမ်း (ယခု မြို့မကျောင်းလမ်း)ရှိ စစ်ဆေးရုံသို့ တက်ရောက်ကာ သွေးတိုးနှင့် ဆီးချိုရောဂါများ ကုသခဲ့သည်။ ယင်းသို့ ကုသနေစဉ်အတွင်း ၁၉ ဖေဖော်ဝါရီ ၁၉၇၆ အသက် ၇၅ နှစ် အရွယ်တွင် ကွယ်လွန်သွားပါသည်။ ကွယ်လွန်စဉ် ဇနီးဒေါ်သိန်းဟန်နှင့် သားမောင်မျိုးတင့်တို့ ကျန်ရစ်ခဲ့သည်။

ဦးသာဂေါင်သည် မကွယ်လွန်မီကပင် ဆန္ဒအလျောက် မိမိ၏ ခန္ဓာကိုယ်အား ဆေးတက္ကသိုလ်(၁)သို့ လှူဒါန်းသွားခဲ့သည်။

မော်ကွန်းဝင် တတိယဆင့်

ဦးသာဂေါင်ခေါ် စစ်သတင်းထောက် ဦးလှမောင်၏ ဘီအိုင်အေ တပ်နှင့်အတူ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲများကို မှတ်တမ်းတင် ဓာတ်ပုံ၊ ရုပ်ရှင်များအား စွန့်စွန့်စားစား ရိုက်ကူးပေးခဲ့ခြင်း တို့ကြောင့် နိုင်ငံတော် အစိုးရက မော်ကွန်းဝင် တတိယဆင့် ပေးအပ်ချီးမြှင့် ခဲ့ပါသည်။

ရုပ်ရှင်သရုပ်ဆောင် ဟာသလူရွှင်တော် ဦးသာဂေါင် သို့မဟုတ် စစ်သတင်းထောက် ဦးလှမောင်ကား တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုခဲ့သူ အနုပညာရှင်တစ်ဦး ဖြစ်ပါသည်။

ကျမ်းကိုး ၁။ မြန်မာ့ရုပ်ရှင်သမိုင်း၊ ငွေရတုကာလ (၁၉၂၀-၁၉၄၅) ၂။ တောင်ငူနယ်ဖွားရုပ်ရှင်မင်းသား (မောင်ချိုမင်း-ကန္တရ၀တီ) ကေတုမတီ မဂ္ဂဇင်းအမှတ်(၂)၊ ၂၀၀၈ ဒီဇင်ဘာ ၃။ စစ်ပြန်ကြီးဗိုလ်သာဂေါင်(ကြည်လွင်-မြို့မ) စစ်ပြန်မဂ္ဂဇင်း

ပန်းသာ မစာဥ ဇာတ်ကားမှ ဦးပန်းအောင် အဖြစ် ဦးသာဂေါင်၏ သရုပ်ဆောင်ဟန်
ပန်းသာ မစာဥ ဇာတ်ကားမှ ဦးပန်းအောင် အဖြစ် ဦးသာဂေါင်၏ သရုပ်ဆောင်ဟန်
Written by တင်နိုင်တိုး

ခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကား အတော်များများတွင် ဟာသသရုပ်ဆောင် ဦးသာဂေါင်၏ ရယ်ရွှင်ဖွယ်ရာ သရုပ်ဆောင်ဟန်ကို တွေ့ရတတ်ပါသည်။ ယင်း ဟာသ သရုပ်ဆောင် ဦးသာဂေါင်မှာ တစ်ချိန်က ထင်ရှားခဲ့သည့် စစ်သတင်းထောက် တစ်ဦးလည်း ဖြစ်ပါသည်။

တောင်ငူဇာတိ

ဦးလှမောင် ခေါ် ဦးသာဂေါင်ကို ၁၄ မတ် ၁၉၁၁ ခုနှစ်တွင် တောင်ငူမြို့ အမှတ် ၃ ရပ်ကွက်၌ ဦးဖိုးသာ၊ ဒေါ်ရွှေမြင့်တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း ရှစ်ဦးအနက် အကြီးဆုံး ဖြစ်သည်။ ငယ်မည်က မောင်ရွှေပြည့် ဖြစ်သည်။ လူငယ်ဘ၀ကပင် အေ၀မ်းရုပ်ရှင် ကုမ္ပဏီသို့ ရောက်ရှိကာ အေ၀မ်း ဦးတင်မောင်ထံမှ ရုပ်ရှင်ပညာ သင်ယူခဲ့သည်။

ဘီအိုင်အေခေတ် စစ်သတင်းထောက်

ဦးသာဂေါင်သည် ဘီအိုင်အေခေတ်တွင် စစ်သတင်းထောက် တစ်ဦးအဖြစ် စစ်မြေပြင်သို့ သွားရောက် သတင်းယူခဲ့သူဖြစ်ပြီး ရုပ်ရှင်ဖြင့်လည်း မှတ်တမ်း တင်ပေးခဲ့သည်။ စစ်တောင်း တိုက်ပွဲတွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်၏ တပ်နှင့်အတူ လိုက်ပါကာ ရုပ်ရှင်ရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။ ထို့အတူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်၏တပ်ဖွဲ့ အထက်ဗမာပြည်သို့ ချီတက်စဉ် အေ၀မ်းဖလင်မှ ဒါရိုက်တာ ဦးတင်မောင်နှင့်အတူ လိုက်ပါကာ ဓာတ်ပုံနှင့် ရုပ်ရှင်မှတ်တမ်းများ ရိုက်ကူးပေးခဲ့သည်။

ထိုင်းမှာတွေ့တဲ့ ရုပ်အလောင်းတွေကို မြန်မာအာဏာပိုင်တွေ စစ်ဆေး

ရနောင်း, မြန်မာ, ထိုင်း, ရုပ်အလောင်း
ထိုင်းနိုင်ငံ ရနောင်းမြို့ ဆိပ်ကမ်းတွင် တွေ့ရသော ငါးဖမ်း လှေများ (ဓာတ်ပုံ – ဧရာဝတီ)

ထိုင်းနိုင်ငံတောင်ပိုင်း ကပ္ပလီပင်လယ် ကမ်းခြေမှာတွေ့တဲ့ ရုပ်အလောင်း ၁၃ လောင်းဟာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလို့ ယူဆရကြောင်း ထိုင်းရေတပ် ရဲတပ်ဖွဲ့က မနေ့တုန်းက ထုတ်ပြန်လိုက်ပြီးတဲ့နောက် ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ရှိ မြန်မာ အာဏာ ပိုင်တွေဟာ ဒီကနေ့ မနက်မှာပဲ အဲဒီရုပ်အလောင်းတွေကို သွားရောက် စစ်ဆေးပါတယ်။
အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး တဦးတို့ရဲ့ အလောင်းတွေကို ပင်လယ်ကမ်းခြေမှာ တွေ့ရှိကြောင်း ရနောင်းခရိုင်က ရေတပ် ရဲအရာ ရှိ တဦးဖြစ်သူ Nirat Chuayjit က AP သတင်းဌာနကို မနေ့က ထုတ်ပြန်ပြောဆိုအပြီးမှာ မြန်မာ အာဏာပိုင်တွေက အခုလို သွားရောက် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ရနောင်းခရိုင် ဆေးရုံကြီးမှာ ထားရှိတဲ့ အဲဒီ့ ရုပ်အလောင်းတွေကို ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှု ကြီးကြပ် ရေး ဌာန(လ၀က)၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့တို့ ကသွားရောက် စစ်ဆေးခဲ့ကြတာဖြစ်ပြီး ရုပ်အလောင်း အရေ အတွက် ကတော့ ၁၀ ဦးပဲ ဖြစ်တယ်လို့ မြန်မာ အာဏာပိုင်တွေဘက်က ပြောပါတယ်။

မူးယစ်ရာဇာနှင့် ဆက်နွှယ်ပြီး မန္တလေး စည်ပင် အရာရှိဟောင်း တစ်ဦးကိုပါ ဖမ်းမိ

မန္တလေး, စည်ပင်, မူးယစ်ဆေးဝါး
မူးယစ်ရာဇာအဖြစ် သက်သေခံပစ္စည်းများနှင့် အတူ ဖမ်းဆီးခံခဲ့ရသော ဦးဇော်ဝင်းနိုင်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု သုံးစွဲမှုဖြင့် အမှုဖွင့် ခံနေရသည့် စည်ပင်အရာရှိဟောင်း (ဓာတ်ပုံ – မန္တလေးတိုင်း ရဲတပ်ဖွဲ့)
မန္တလေးတွင် မူးယစ်ရာဇာတဦးကို ဖမ်းဆီးမိရာမှ ၎င်းနှင့် ဆက်နွှယ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသည့် စည်ပင် အရာရှိဟောင်းတဦးကို ဖော်ထုတ် ဖမ်းဆီးခဲ့မိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ သိရသည်။
လွန်ခဲ့သည့် ၂ နှစ်က မန္တလေး စည်ပင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာနတွင် ဦးစီးမှူးတာဝန် ထမ်းဆောင်ခဲ့သည့် ဦးခင်မောင်ဆွေကို လက်ရှိအချိန်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ (မူးယစ်/ စိတ်) ပုဒ်မ ၁၆ (ခ)၊ မယ (ပ) ၂/ ၂၀၁၃ ဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူထားသည်။
ဦးခင်မောင်ဆွေသည် လက်ရှိတွင် အငြိမ်းစားယူထားပြီး ဖြစ်ကာ ၎င်း စည်ပင်တွင် တာဝန်ထမ်းဆောင်သည့် အချိန် ကတည်းကပင် မူးယစ်ဆေးဝါးများ သုံးစွဲနေရုံသာမက၊ ရောင်းဝယ်မှုများကိုပင် လုပ်ဆောင်နေခဲ့ကြောင်း စည်ပင် အသိုင်းအဝန်းတွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တိုင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်း ဖမ်ဆီးနိုင်မှုများ မပြုလုပ်နိုင်ခဲ့ပေ။
အောက်တိုဘာ ၁၁ ရက်နေ့က မူးယစ်ဂိုဏ်း ခေါင်းဆောင် ဦးဇော်ဝင်းနိုင်ကို ဖမ်းဆီးခဲ့မိရာမှ ၎င်း၏ ဖော်ထုတ်ခဲ့မှုကြောင့် စည်ပင် အရာရှိဟောင်း၏ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ရောင်းဝယ်မှု သတင်းကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ဒုရဲတပ်ဖွဲ့မှူး ဦးအောင်ရွှေက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်နှင့် မန္တလေးတွင် မိုင်းနှင့် ချိန်ကိုက်ဗုံးထောင်မှုများ အချိန်မီတားဆီး

ရန်ကုန်မြို့ နှင့် မန္တလေးမြို့ရှိ အများပြည်သူ သွားလာလျက်ရှိသည့် နေရာများတွင် မိုင်းနှင့် ချိန်ကိုက် ဗုံးထောင်မှုများ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု မဖြစ်ပွားမီ တပ်မတော်နှင့်ရဲတပ်ဖွဲ့က  အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ မနက်ပိုင်း ၁၀ နာရီ ၀န်းကျင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အနောက်) ရပ်ကွက်၊ ကမ်းနား လမ်းတွင် ဖွင့်လှစ်ထား သော Western Park Ruby စားသောက်ဆိုင်တွင် ဆိုင်သန့်ရှင်းရေး ပြုလုပ်စဉ် မသကာင်္ဖွယ်ရာ အမည်းရောင် ကြွပ်ကြွပ်အိတ် တခုကို  စားပွဲထိုး ကိုကျော်ဇေယျာမင်းက တွေ့ရှိ၍ သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ကြောင်း၊ ယင်းနောက် အလုံမြို့နယ် ရဲစခန်းက လာရောက်စစ်ဆေးခဲ့ပြီး မိုင်းဟု အတည်ပြုခဲ့ကြောင်း သတင်း ရရှိသည်။

စည်ပင် သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး အမှိုက်သိမ်းယာဉ် တိုက်၍ သေဆုံး


ပခုက္ကူ၊ အောက်တိုဘာ ၁၃

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် စည်ပင်သာယာ အမှိုက်သိမ်းယာဉ် တိုက်မိ၍ သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ပခုက္ကူမြို့ မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီခန့်က ပခုက္ကူမြို့ အမှတ် (၁၅) ရပ်ကွက်ရှိ မြို့မလမ်းပေါ်တွင် စည်ပင်သာယာ ဝန်ထမ်း သန့်ရှင်းရေး လုပ်သားများ သန့်ရှင်းရေး ဆောင်ရွက်နေစဉ် ဦးတင်မျိုးထွန်း မောင်းနှင်လာသည့် အမှိုက်သိမ်းယာဉ်က အမှိုက်များ တင်ရန်အတွက် ယာဉ်ကို နောက်ဆုတ်ရာမှ သန့်ရှင်းရေး ဝန်ထမ်း ဒေါ်ပေါက်ကို ဝင်ရောက် တိုက်မိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

သမ္မတရုံးအထူးအဖွဲ့မှဟုဆိုကာ အင်းလျားလမ်း အိမ်တစ်အိမ်ကို ၀င်ရောက်

ဇော်ဇော်ထွေး | တနင်္လာနေ့၊ အောက်တိုဘာလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၀၅ မိနစ်

သမ္မတရုံးအထူးအဖွဲ့မှဟုဆိုကာ အင်းလျားလမ်းရှိ နေအိမ်တစ်အိမ်ကို ၀င်ရောက်ရန်ကြိုးပမ်းခဲ့သူအား ကမာရွတ် ရဲစခန်းက အယောင်ဆောင်မှုဖြင့် အောက်တိုဘာ ၁၂ ရက်တွင် ဖမ်းဆီးအမှုဖွင့်လိုက်သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးက ဆိုသည်။

အောက်တိုဘာ ၁၂ ရက်၊ နံနက်က ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်၊ အင်းယားလမ်း၊ အမှတ် (၈၆) နေအိမ်ခြံဝင်း အတွင်းသို့ ကြိုးပမ်းနေကြောင်း ရဲတပ်ဖွဲ့မှသတင်းရရှိခဲ့ပြီး စင်ထရယ်တာဝါတွင် နေထိုင်သူ သိန်းဇံမောင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကအတည်ပြုထားသည်။

စစ်ဆေးမေးမြန်းရာတွင်လည်း ၎င်းသည် သမ္မတရုံးအထူးဖွဲ့မှဖြစ်ပြီး တာဝန်ပေးချက်အရ အမှတ်(၈၆)၊ ခြံဝင်းအတွင်းသို့ ကားနံပါတ် 9F-9479 ကားရှိသည်ဟု သိရသဖြင့် ၀င်ရောက်စစ်ဆေးရန် လာခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အလုံမြို့နယ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ

Photo: *** အလုံမြို့နယ်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် မသင်္ကာဖွယ်အထုပ်တစ်ထုပ်တွေ့ရှိ ***

ရန်ကုန်၊ အောက်တိုဘာ ၁၄

အလုံမြို့နယ် ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်တွင်ယနေ့နံနက်၁၀၀၀အချိန်က စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းYangon Policeမှသိရသည်။
ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Popular Myanmar News
ရန်ကုန်၊ အောက်တိုဘာ ၁၄

အလုံမြို့နယ် ကမ်းနားလမ်း၊ Western Park II စားသောက်ဆိုင်တွင်ယနေ့နံနက်၁၀၀၀အချိန်က စားပွဲထိုးဝန်ထမ်းဖြစ်သူ မောင်ကျော်ဇေယျာမင်းသည် စားပွဲခုံများအား သန့်ရှင်းရေးဆောင်ရွက်စဉ် စားပွဲခုံအမှတ် (၁၉)၏အောက်တွင် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ်
အထုပ်တစ်ထုပ်အား တွေ့ရှိသဖြင့် ဆိုင်မန်နေဂျာဖြစ်သူ ဦးထွန်းထွန်းမှ အဆိုပါအထုပ်အား ကြည့်ရှုရာ အထုပ်ထဲတွင် ၀ါယာကြိုးနှစ်စ၊ ဘက္ထရီခြောက်တစ်ခုနှင့် အနက်ရောင်အထုပ်တို့အား တွေ့ရှိသဖြင့် ၎င်းအထုပ်အား ဆိုင်၏အပြင်ဘက်သို့ ထုတ်ထားကာ အလုံမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်းYangon Policeမှသိရသည်။
ထိုသို့အကြောင်းကြားချက်အရ အလုံမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ လာရောက်၍ မသင်္ကာဖွယ် အထုပ်အား တာယာကွင်းများဖြင့် ကာရံခဲ့ပြီး ရှင်းလင်းဆောင်ရွက်နိုင်ရေးအတွက် အမှတ်(၉၀၅) စစ်မြေပြင်
အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြားခဲ့သဖြင့် ဗိုလ်မှူး မျိုးဟိန်းစိုးနှင့်အဖွဲ့မှ လာရောက်၍ အဆိုပါအထုပ်အားရှင်းလင်းပြီး အသေးစိတ်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

Popular Myanmar News

မန္တလေး၌ ဗုံးတစ်လုံး ဖောက်ခွဲပြီးနောက် မသင်္ကာဖွယ်အိတ်တစ်လုံးထပ်မံတွေ့ရှိ

Photo by Thein Than Win Facebook photo (ရွေဘဲနားဗုံးတွေ့လို့တဲ့)
မန္တလေးမြို့ ၂၉လမ်းနှင့် ၃၀လမ်းကြား ၆၂လမ်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ ဝေပုလ္လာရာမကျောင်း မတ္တရာတိုက်အပေါက်ဝ၌ အောက်တိုဘာလ(၁၄)ရက်နေ့ ညနေ ၄း၃၀ ၀န်းကျင်က ကလေးကျောပိုးအိတ် အပြာရောင်တစ်လုံး မင်္သကာဖွယ် တွေ့ရှိ ရသဖြင့် တိုင်းရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးယူကာ အဆိုပါ အထုတ်ကိုကာရံထားသည်ဟု မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် မွန်းလွဲ ၂ နာရီကျော်ကလည်း မန္တလေးမြို့၊ ၁၆ လမ်းနှင့် လမ်း ၈၀ ကြားတွင် ဗုံးတစ်လုံးတွေ့ရှိရာ သက်ဆိုင်ရာက စနက်တံဖြုတ်ရန်ကြိုးပမ်းခဲ့ရာမှ စနက်တံအောင်မြင်စွာ မဖြုတ်နိုင်သည့်အတွက် မွန်းလွဲ ၃ နာရီအချိန်၌ ဖောက်ခွဲလိုက်သည်ဟု သိရှိရသည်။

Shwe MyitMaKha News Agency

ညွှန်မှူးယောက်ဖကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်း၊ မြင်းဆေး ၆၆ ပြားတွေ့

  မနေ့ညက ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲကား ၃ စီးက လိုင်စင်မဲ့ကားတစီးကို ရုပ်ရှင်ဆန်ဆန် ၀ိုင်းဖမ်းကြတယ်လို့ ဒီတပတ်ထုတ် မြန်မာပို့စ် ဂျာနယ်မှာ ရေးထားပါတယ်။
(ဓာတ်ပုံများ - ဇော်ရဲထက်)

ကားထဲမှာ စိတ်ကြွဆေး ၆၆ ပြား တွေ့တယ်၊ လိုင်စင်မဲ့ကားမောင်းသူက   ညွှန်ကြားရေးမှူးအဆင့်ရှိ အစိုးရအရာရှိကြီးတဦးရဲ့ ယောက်ဖ တော်စပ်သူဖြစ်တယ်လို့ ဘားအံမြို့ရဲစခန်းကို ကိုးကားပြီး ဂျာနယ်မှာ ရေးထားပါတယ်။

ဘားအံ ၉ ရပ်ကွက် ကညနရုံးအနီးမှာရှိတဲ့ အိမ်ထဲက ထွက်လာတဲ့ကားကို ၀ိုင်းဖမ်းကြတာလို့ ဂျာနယ်မှာ ရေးထားတာပါ။

ဖမ်းချုပ်ထိန်းသိမ်းရာမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုနိုင်တာကတော့ လက်ထိပ်ကိုင်ထားတဲ့ အမျိုးသမီးရဲ့ လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။

လူပွဲစားများကြောင့် ထိုင်းငါးဖမ်းလှေပေါ် ရောက်ရှိသွားသော မြန်မာရေလုပ်သားနှင့်တွေ့ဆုံခြင်း

“အမေ့နောက်ကို လိုက်သွားတာ အမေနဲ့မတွေ့ဘဲ ပွဲစားက ရောင်းစား လိုက်တာ”

(ရဲနိုင်ဦး)


လူပွဲစားများကြောင့် ထိုင်းငါးဖမ်းလှေပေါ် ရောက်ရှိရာမှ အင်ဒိုနီးရှားနိုင်ငံ ဆာဘန်းဆိပ်ကမ်းမြို့ရှိ ထိန်းသိမ်းရေး စခန်းတွင် ထိန်းသိမ်းခံရသည့် မြန်မာရေလုပ်သား ၃၇ ဦးသည် အောက်တိုဘာ ၉ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ၎င်းတို့အထဲမှ အသက် ၂၁ နှစ်ရှိ ရေလုပ်သား နေမင်းအောင်နှင့် The Voice က တွေ့ဆုံမေးမြန်းခဲ့သည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice ။ ။ ပြည်ပ မရောက်ခင် အစ်ကိုက ဘယ်မှာနေတာလဲ။
NMA ။ ။ ဇာတိက ကော့သောင်းပါ။ နေတာ ကလည်း ကော့သောင်းမြို့နယ်၊ ရွှေမင်းဝံ ရပ်ကွက် (၄) လမ်းပါ။

မလေးရှားရောက် မြန်မာရတနာကုန်သည် နေအိမ် ဓားပြတိုက်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၃

မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ ရတနာကုန်သည်တစ်ဦး နေအိမ် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဓားပြတိုက် ခံရကြောင်း မလေးရှားနိုင်ငံ အခြေစိုက် The Star သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကွာလာလမ်ပူမြို့တော် တမန်ဆရီတီလောတမ် ရပ်ကွက်ရှိ အဆိုပါ ရတနာကုန်သည်၏ နေအိမ်ကို အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဓားပြလေးဦး ဝင်ရောက်ပြီး နေအိမ်ရှိ လူလေးဦးကို ကြိုးဖြင့်တုပ်ကာ ရင်းဂစ် တစ်သိန်းခန့် (မြန်မာကျပ်ငွေ သိန်း ၂၉၀ ကျော်) တန်ဖိုးရှိ ကျောက်မျက် ရတနာများနှင့် ငွေများကို ယူဆောင်သွားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဓားပြတိုက်ခံရမှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု သံသယရှိသော နိုင်ငံခြားသား တစ်ဦးကို ဆီလန်ဂေါမြို့၊ ကလန်းဒေသရှိ ဂျလန်းဆန်းဂိုင်းပူတပ် ရပ်ကွက်တွင် အောက်တိုဘာ ၅ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း မလေးရှား စီအိုင်ဒီ လက်ထောက် တပ်ဖွဲ့မှူးချုပ် ရာဂျာရှာရွန်က အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောကြားသည်။

NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် လူထုဆန္ဒ စတင်ကောက်ယူ

Photo: NLD ပါတီ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေးအတွက် လူထုဆန္ဒ စတင်ကောက်ယူ 

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်သို့ အကြံပြုနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ခံမှုကို အောက်တိုဘာလ ၁၃ ရက်မှစ၍ စတင်ကောက်ယူလျက် ရှိကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာပေး ဆွေးနွေးပွဲတွင် ၎င်းကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး တွင် ပြည်သူများ၏ ဆန္ဒကို ၄၅ ရက်အတွင်း အပြီးသတ် ကောက်ယူမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့  နိုဝင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခြေခံဥပဒေမှာ ပြင်သင့်တဲ့ အချက်တွေကို ပြည်သူတွေသိအောင် အရင်ဆုံး ရှင်းပြရမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ တွင် ပါဝင်သော အခြေခံဥပဒေ ပြင်ဆင်လျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က သဘောတူရမည် ဆိုသောကြောင့် ပြင်ဆင်ရေးတွင် အခက်ခဲဆုံး ပုဒ်မတစ်ခု ဖြစ်နေကြောင်း နိုင်ငံရေး ဆောင်းပါးရှင် ထင်လင်းဦး (Wisdom  Villa) ကပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် စက်တင်ဘာ ပထမပတ်အတွင်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားပါတီများနှင့် သုံးကြိမ်တိုင်တိုင် ဆွေးနွေးကာ အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး အတွက် ပြည်သူ့ဆန္ဒ ကောက်ခံမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီတွင် ပါဝင်သော နိုင်ငံရေးပါတီ အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ လေ့လာ တွေ့ရှိချက်ကို အောက်တိုဘာလ နောက်ဆုံးပတ်တွင် လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင်သို့ အကြံပြုနိုင်ရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးအတွက် လူထုဆန္ဒ ကောက်ခံမှုကို အောက်တိုဘာလ ၁၃ ရက်မှစ၍ စတင်ကောက်ယူလျက် ရှိကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာပေး ဆွေးနွေးပွဲတွင် ၎င်းကယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေး တွင် ပြည်သူများ၏ ဆန္ဒကို ၄၅ ရက်အတွင်း အပြီးသတ် ကောက်ယူမည် ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ နိုဝင်ဘာလအတွင်း ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်နယ်စပ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပစ်ခတ်မူကြောင့် ဓါးပြများ အကျအဆုံး ရှိဟုဆို


ဓါးပြအဖွဲ့ဟု ယူဆရသော လက်နက်ကိုင် အဖွဲ့တစ်ခုနှင့် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် အနောက်ဘက် မောင်တော နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မူကြောင့် ဓါးပြ တစ်ဦး သေနတ်ထိမှန်သွားခဲ့ပြီး နောက်ပိုင်းတွင် ကျန်လူများနှင့် အတူ ထွက်ပြေးသွားသည်ဟု အမည်မဖေါ်လိုသူ အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းပြင် ဓါးပြများထံမှ  လှေ တစ်စီး၊ လုပ်သေနတ် ၂ လက်၊ ဓါးတစ်ချောင်း၊ လှံတစ်ချောင်းတို့ကို သိမ်ကို သိမ်းဆည်းရမိသည်ဟု ဆိုသည်။

“သူတို့ လှေနဲ့ဝင်လာတဲ့ အချိန်မှာ ဒီဘက်က လုံခြုံရေးတပ်ဖွဲ့နဲ့တွေက စပစ်ခတ်တာ ဖြစ်ပါတယ်။ တစ်ဦးကျတယ်။ ဘင်္ဂလာဘက်ခြမ်းကို ထွက်ပြေးသွားတယ်။ ကျန်နေတဲ့ လှေတစ်စီးက လုပ်သေနတ် အရှည် တစ်လက်နဲ့ အတို တစ်လက် ရပါတယ်။ လက်နက်ကိုင် ဓါးပြ အဖွဲ့ ဖြစ်ဖို့များပါတယ်” ဟု ဆိုသည်။

ရေကျိုငါးပိ ပြဿနာ ထပ်မံပေါ်လာပါက ငါးပိ လုပ်ငန်းရှင်အသင်း တာဝန်ယူမည်



ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြို့တော်တွင် ရေကျိုငါးပိနှင့် ပတ်သက်သော ပြဿနာများ ထပ်မံပေါ်ပေါက်ပါက မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းက တာဝန်ယူ ဖြေရှင်းပေးမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့ ပန်ဒါဟိုတယ်တွင် ပြုလုပ်သော ပြည်သူများ ဘေးကင်းလုံခြုံ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိ ဈေးကွက် ပေါ်ထွန်းရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်လတ်က ပြောကြားသည်။

လက်ရှိ အချိန်တွင် ငါးပိ ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းရှင်များ အသင်းတွင် အသင်းဝင် နှစ်ရာနီးပါး ရှိပြီး အသင်းဝင်တိုင်း၏ စားသောက်ကုန် အရည်အသွေးကို အသင်းက တာဝန်ယူ စစ်ဆေးပေးထားကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

နေပြည်တော် -ပျဉ်းမနားရှိ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများ လုံခြုံရေးတိုးမြှင့်


နေပြည်တော်၊ အောက်တိုဘာ ၁၃

ရန်ကုန်မြို့တော်နှင့် တောင်ငူမြို့များတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် နေပြည်တော်ကောင်စီ နယ်မြေ ပျဉ်းမနားမြို့နယ် အတွင်းရှိ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများအား လုံခြုံရေး တိုးမြှင့်ထားကြောင်း နေပြည်တော် ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် ဦးစီးမှူး ဦးလွှမ်းမိုးအောင်က The Voice သို့ ပြောကြားသည်။

ပျဉ်းမနားမြို့ရှိ တည်းခိုခန်းနှင့် ဧည့်ရိပ်သာများ၌ တည်းခိုသူများကို ရပ်ကွက် ထောက်ခံစာ သို့မဟုတ် မှတ်ပုံတင် မပါရှိပါက တည်းခိုခွင့် မပြုရန်နှင့် အဆိုပါ နေရာဒေသများကို လုံခြုံရေးအရ အချိန်မရွေး ဝင်ရောက် စစ်ဆေးရန် ညွန်ကြားထားကြောင်း ၎င်းကဆိုသည်။

ယင်းညွန်ကြားချက်ကို ပျဉ်းမနားမြို့နယ် အတွင်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ အကြောင်း ကြားစာများ ပို့ထားပြီး တည်းခိုခန်းနှင့် ဧည့်ရိပ်သာ ပိုင်ရှင်များက လက်ခံရရှိကြောင်း လက်မှတ်ရေးထိုး ပေးရသည်ဟု ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်မှ နယ်ထိန်း တပ်ကြပ်ကြီး သိန်းလှိုင်က ပြော ကြားသည်။

ရန်ကုန်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်မည်

Photo: ရန်ကုန်တွင် ရက်အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၃

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့တော်တွင် ရက် အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့ ကားမှတ်တိုင်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်တိုင်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်၍ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော မြို့နယ်၊ လူစည်ကားရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းကြောင့် လုံခြုံရေး စစ်ဆေးမှုများကို ပြည်သူများ အနေနှင့် ကြည်ဖြူစွာ ခံယူပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 

ယင်းသို့ ပြောကြားပြီးနောက် ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတမြို့နယ် မာန်ပြေ ရပ်ကွက်၌ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။
“ဆီးဂိမ်းလည်း နီးလာတဲ့အချိန် ရန်ကုန်မှာ ဗုံးပေါက်ကွဲတယ် ဆိုတော့ လုံခြုံရေးကို အရင်ကထက် ပိုဆောင်ရွက်ရမယ်။ ဖောက်ခွဲရေး သမားတွေ လုပ်ရပ်က ထိခိုက်ရင် ပြည်သူတွေ အရင် ထိခိုက်ခံရမှာ။ ဒါကြောင့် မသင်္ကာဖွယ် လူ၊ ပစ္စည်း တစ်ခုခု တွေ့ခဲ့ရင် သက်ဆိုင်ရာကို သတင်းပေးပို့ ပေးမှ  အချိန်မီ မဖြစ်သင့်တာတွေ ကာကွယ်ပေးနိုင်မှာ” ဟု ရန်ကုန်တိုင်း လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ရှင်းပြသည်။ 

ရန်ကုန်တိုင်း အတွင်းသို့ ဖောက်ခွဲရေး ပစ္စည်းများ တင်ဆောင်ကာ ဝင်လာမည်ဟု သတင်းများ ရရှိထားသောကြောင့် အင်းစိန်မြို့နယ် အတွင်းရှိ ရန်ကုန်-ပြည်လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့ စစ်ဆေးခြင်းများကို ယခုနှစ်ဆန်းပိုင်းမှစ၍ မြို့နယ်တွင်းရှိ အာဏာပိုင် အဖွဲများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ၂၄ နာရီတွင်း ဆောင်ရွက်လျက် ရှိကြောင်း အင်းစိန်မြို့နယ် မြို့မစခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားသော ဗုံးပေါက်ကွဲမှုသည် အများပြည်သူကို ထိတ်လန့်စေပြီး နယ်မြေ တည်ငြိမ်မှုကိုပါ ထိခိုက်စေသောကြောင့် နေထိုင်နေသူများက ရပ်ကွက်တွင်း  လူစိမ်း ဝင်ရောက်လာပါက သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားရန်နှင့် ရပ်ကွက်တွင်း လုံခြုံရေး အဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်ရန် လိုအပ်ကြောင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမြင့် (ခ) ဦးမောင်မောင်က ပြောဆိုသည်။ 

လတ်တလော ကာလသည် သီတင်းကျွတ်ကာလ ဖြစ်ပြီး ဗုံးပေါက်ကွဲသံနှင့် ဗြောက်အိုး ဖောက်ခွဲသံတို့သည် ဆင်တူသောကြောင့်  အများပြည်သူ့ အထိတ်တလန့် မဖြစ်စေရန် ဗြောက်အိုး ရောင်း ချခြင်းနှင့် ဗြောက်အိုး ဖောက်ခြင်းတို့ကို ယခင်ထက် ပိုမိုတားမြစ်မည် ဖြစ်ကြောင်း၊ ပြည်သူများ အနေနှင့် မိမိ၏ အပျော်ကြောင့် အများပြည်သူ အထိတ်တလန့် မဖြစ်စေရန် သတိပေး နှိုးဆော်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်- မန္တလေး လမ်းဟောင်း၊ ဖြူးမြို့နယ် ဆက်သွယ်ရေးစခန်း စာတိုက်ရှေ့တွင် ညောင်လေးပင်မှ တောင်ငူမြို့ သို့ ပြေးဆွဲသော လိုက်ထရပ် ခရီးသည် ယာဉ်ပေါ်၌ ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့သည်။

ယင်း လက်လုပ်ဗုံးတွေ့ပြီး နှစ်ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်က တောင်ငူမြို့နယ် (၁၇) ရပ်ကွက် ချမ်းမြေ့ဧည့်ရိပ်သာ အပေါ်ထပ် တောင်ငူမြို့ မီးရထား ရဲတပ်ဖွဲ့ တပ်ခွဲ ၁၀ မှ အသက် ၂၉ နှစ်အရွယ်ရှိ တပ်သား နေမျိုးကျော်နှင့် အမျိုးသမီး နှစ်ဦးတို့ တည်းခိုရာ အခန်းတို့တွင် ပလတ်စတစ် အိတ်ထုပ်ကို ရဲတပ်သားက ဖွင့်ကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး  အဆိုပါ တပ်သားနှင့် အမျိုးသမီးတစ်ဦးတို့  သေဆုံးခဲ့ကာ ကျန်အမျိုးသမီးမှာ တောင်ငူ ပြည်သူ့ ဆေးရုံကြီးတွင် ကုသလျက် ရှိကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။ 

စက်တင်ဘာလ ၁၃ ရက် နံနက် ၁ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့ ရန်ကုန်-ပြည်လမ်း နံဘေးတွင် ရန်ကုန်မှ မင်္ဂလာဒုံဘက်သို့အသွား ကားမှတ်တိုင်ရှိ အမြင့် ၁၁ ပေ၊ အလျား ၄၇ ပေ၊ ခရီးသည် နားနေဆောင် ပေ ၄၀ ခန့်ရှိသော အုတ်ခုံတန်း နောက်ကျော အောက်ခြေ သမံတလင်းပေါ်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် အုတ်ခုံတန်းဘောင် အနောက်ဘက် သမံတလင်းတွင် အနက် သုံးလက်မ၊ အကျယ်တစ်ပေ ပတ်လည်ခန့်ရှိ ချိုင့်ခွက်တစ်ခု ဖြစ်ပေါ်ခဲ့ပြီး နားနေဆောင် အုတ်ကြွပ်မိုး၊ အုတ်ခုံတန်းတွင် ကပ်ထားသော ကြွေပြား၊ ခရီးသည်ထိုင်ခုံ ကျောက်ပြား အချို့နှင့် ကြော်ငြာဆိုင်းဘုတ် သွပ်ပြားတို့ ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယင်းနောက် လက်လုပ်ဗုံး ပေါက်ကွဲပြီး တစ်နာရီမိနစ် ၃၀ အကြာတွင် မှတ်တိုင်နှင့် ပေ ၄၀ အကွာရှိ  အမှိုက်ပုံတွင် အနက်ရောက် ပလတ်စတစ် အိတ်ဖြင့် ထည့်ထားသော C4 ယမ်းများအပါ ချိန်ကိုက်နာရီနှင့် တွဲလျက် ဝါယာကြိုးများ တပ်ဆင်ထားသော လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ပြီး အမှတ် (၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်က မိုင်းရှာစက်များဖြင့်  ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အင်းစိန်မြို့နယ် မြို့မစခန်းမှူးက ပြောကြားသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၃

ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာသည့်အတွက် မြန်မာနိုင်ငံ၏ လူဦးရေ အထူထပ်ဆုံး ရန်ကုန်မြို့တော်တွင် ရက် အကန့်အသတ်မရှိ လုံခြုံရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက The Voice သို့ ပြောကြားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း ပွဲရုံနှင့် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းရှေ့ ကားမှတ်တိုင်တွင် လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ မြို့နယ်တိုင်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားကို တိုးမြှင့်၍ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော မြို့နယ်၊ လူစည်ကားရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လုံခြုံရေးကို အထူးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းကြောင့် လုံခြုံရေး စစ်ဆေးမှုများကို ပြည်သူများ အနေနှင့် ကြည်ဖြူစွာ ခံယူပေးရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားနှစ်စင်း ရာခိုင်နှုန်း ၉၀ ခန့် ပြီးစီး

Photo: ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားနှစ်စင်း ရာခိုင်နှုန်း ၉၀ ခန့် ပြီးစီး

ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ ခုံးကျော်တံတား စီမံကိန်း နှစ်ခုဖြစ်သည့် ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတား နှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၉၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်တန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ် ခဲ့ပြီးနောက်ပိုင်း ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို ဆက်လက်ဆောက်လုပ် ခဲ့ကြောင်း၊ တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ် ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနဲ့ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း နှစ်ခုစလုံး ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ကာ ယခုနှစ် ဧပြီလ ၁၀ ရက်တွင် စတင်အသုံးပြုခွင့် ပေးခဲ့ကြောင်း၊ လှည်းတန်းခုံးကျော်တံတား ဆောက်ပြီးသော်လည်း ယင်းအနီးတစ်ဝိုက်သာ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်ပြီး တံတားအဆင်းဖြစ်သော စိုက်ပျိုးရေးမှတ်တိုင် အနီးမှ စတင်၍ ယာဉ်များပိတ်ဆို့နေကြောင်း သိရသည်။

ယခု ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်များကြောင့်လည်း အနီးပတ်ဝန်းကျင်များတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားနေပြီး အချိန်များစွာ ကုန်ဆုံးနေရကြောင်း ယာဉ်မောင်းများက ဆိုသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းအား နိုဝင်ဘာလ တတိယပတ်တွင် အပြီးတည်ဆောက်မည်ဟု တံတားအား တာဝန်ယူ တည်ဆောက်နေသည့် Capital Development Co.Ltd မှ ထုတ်ပြန်ထားပြီး ယခု လက်ရှိတွင် တံတားဆောက်လုပ်ရေး လုပ်ငန်းများကြောင့် ရွှေဂုံတိုင် မီးပွိုင့်အား ကမ္ဘာအေး ဘုရားလမ်းပေါ်မှ ခရီးသည်တင်ယာဉ်နှင့် ယာဉ်ကြီးများ ဖြတ်သန်းခွင့် ယာယီပိတ်ထား၍ ရှောင်ကွင်းလမ်းများဖြစ်သည့် ရေတာရှည်လမ်း၊ အနောက်ရွှေဂုံတိုင် လမ်းများမှ ဖြတ်သန်းသွားလာ နေရသည်။

ဘုရင့်နောင် ခုံးကျော်တံတားကို FMI ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေကာ ဒီဇင်ဘာတွင် အပြီးတည်ဆောက်သွားမည်ဟု ထုတ်ပြန်ထားသည်။ ဘုရင်နောင် ခုံးကျော်တံတားမှာ နှစ်ထပ်တံတားဖြစ်ပြီး လက်ရှိအချောသပ် လုပ်ငန်းများသာ ကျန်ရှိတော့သည်ဟု သိရသည်။ 

ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်အား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်အား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ရှိ တည်ဆောက်ဆဲ ခုံးကျော်တံတား စီမံကိန်း နှစ်ခုဖြစ်သည့် ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတား နှစ်ခုစလုံးမှာ ရာခိုင်နှုန်း ၉၀ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်ပွားသည့် လမ်းဆုံများဖြစ်သော လှည်တန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေငါးလမ်းဆုံ မီးပွိုင့်တို့တွင် ခုံးကျော်တံတားများ တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း၊ ထို့နောက် လှည်းတန်းခုံးကျော်တံတားကို စတင်ဆောက်လုပ် ခဲ့ပြီးနောက်ပိုင်း ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများကို ဆက်လက်ဆောက်လုပ် ခဲ့ကြောင်း၊ တာမွေငါးလမ်းဆုံ မီးပွိုင့်မှာမူ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် မဆောက်လုပ်ဖြစ် ခဲ့တော့ကြောင်း ထုတ်ပြန်ခဲ့သည်။

"ဘုရင့်နောင် ခုံးကျော်တံတား စီမံကိန်းနဲ့ ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်း နှစ်ခုစလုံး ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းမှာ အပြီးသတ်နိုင်မှာ ဖြစ်ပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်၊ မထောင် ယခုနှစ်ကုန်ပိုင်း ဆုံးဖြတ်မည်


၈၈ မျိုးဆက်အဖွဲ့ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်သွားမည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းဇေယျက ပြောကြားသည်။

ယခုအချိန်တွင် အခြားလုပ်ငန်းများကိုသာ လုပ်ဆောင်နေပြီး အဆိုပါ ပါတီထောင်ခြင်း၊ မထောင်ခြင်းကို ယခုနှစ်ကုန်ပိုင်းတွင် အပြတ်ဖြတ်သွားမည်ဟု ရည်ရွယ်ထားကြောင်း ဦးမင်းဇေယျက ပြောကြားသည်။

"အခုထိတော့ ဒီကိစ္စကို မကိုင်တွယ် နိုင်သေးဘူး ဖြစ်နေတယ်။ ဒီနှစ်ကုန်ပိုင်းလောက် ဆိုရင်တော့ ဒီကိစ္စကို ကိုင်တွယ်ရမယ်။ ဒီနှစ်ကုန် သို့မဟုတ် ရှေ့နှစ်ဆန်းလောက်မှာ ပြတ်အောင်ဖြတ်မယ်ဆိုပြီး လျာထားတယ်" ဟု ဦးမင်းဇေယျက ဆိုသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း မျှော်လင့်

Photo: အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ ဆက်လက်ဖြစ်ပေါ်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်း မျှော်လင့်

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး အဆိုပါ တာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ဖြစ်ပေါ် လာလိမ့်မည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားကြောင်း သိရသည်။

အာဆီယံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အမြုံ (ASEAN Community) နှင့်အတူ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community) ကို အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ချက် ရှိနေသည်။

မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် AC နှင့် AEC အတွက် မျှော်မှန်းချက်များ ပြည့်မီရန် လုပ်ဆောင်ရမည့်အပြင် ဒေသတွင်း တည်ငြိမ်ရေး အပါအ၀င် နိုင်ငံတကာနှင့် ဆက်ဆံရေး ကိစ္စရပ်များ လုပ်ဆောင်ရာတွင် ဒေသတွင်း ခေါင်းဆောင်အနေဖြင့် ဦးဆောင်ရမည် ဖြစ်သည်။

သို့သော် ပြည်တွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ တိုင်းရင်းသားအရေး ပြေလည်မှု မရရှိသေးခြင်းနှင့် အာဆီယံကို ဦးဆောင်ရန် အဆင်သင့် ဖြစ်နိုင်၊ မဖြစ်နိုင်ခြင်းကိုလည်း နိုင်ငံတကာ မီဒီယာများက ဆန်းစစ်မှုများ ပြုလုပ်လျက် ရှိနေသည်။

အခြား တစ်ဖက်တွင်လည်း အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေးဆိုသည့် အာဆီယံ၏ မူဝါဒကြောင့် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပြည်တွင်းရေး ပြဿနာများ ပြေလည်မှု မရှိပါက အာဆီယံ အဖွဲ့အပေါ် ရိုက်ခတ်မှုများ ရှိလာနိုင်သည်။

၂၀၀၆ ခုနှစ်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို မြန်မာနိုင်ငံက ရရှိရန် အခွင့်အလမ်း ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဆိုးဝါးမှုများကြောင့် အာဆီယံ ဥက္ကဋ္ဌ တာဝန်ကို လက်လွှတ်ခဲ့ရ ပါသည်။ ထိုအချိန်က မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူမည်ကို အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) တို့က အပြင်းအထန် ကန့်ကွက်ခဲ့ပြီး အာဆီယံနှင့် ဆက်စပ်အစည်းအဝေးများ၊ အခြားဆက်နွှယ်မှုများ အားလုံးကို သပိတ်မှောက်မည်ဟု ထုတ်ဖော်ပြောကြား ခဲ့ကြသည်။ ထိုအခြေအနေများက အာဆီယံ သမိုင်း၌ မြန်မာနိုင်ငံ၏ ပုံရိပ်သည် အဆိုးဝါးဆုံး မှတ်တမ်းဝင်ခဲ့ပြီး မြန်မာနိုင်ငံက ရယူရမည့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက လွှဲပြောင်းရယူ ခဲ့သည်။ ထို့အပြင် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတိုင်းတွင် မြန်မာနိုင်ငံက အာဆီယံ၏ ပုံရိပ်ဆိုးတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး နိုင်ငံတကာနှင့် မီဒီယာများ၏ ဖိအားပေးမှုကိုလည်း ခံခဲ့ရသည်။

၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန်က အစိုးရ အဖွဲ့သစ်ကို တာဝန်ယူပြီးချိန်တွင် (၁၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လိုကြောင်း အဆိုပြုခဲ့သည်။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အဆိုပြုမှုကို အာဆီယံ ခေါင်းဆောင်များက လက်ခံခဲ့ကြပြီး ထိုအချိန်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသော အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံကို ထောက်ခံမှုများ ပေးအပ်ခဲ့သည်။

လက်ရှိ အချိန်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမှုကို နိုင်ငံတကာ မီဒီယာများက ဝေဖန်မှုများ ရှိနေသော်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကမူ အကောင်းဘက်က မျှော်လင့်ထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ မှုများသည် ပြီးပြည့်စုံခြင်း မရှိသေးသော်လည်း စိတ်လှုပ်ရှားဖွယ် ဖြစ်သည်ဟု (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ကာလအတွင်း အာဆီယံလူငယ် ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ဖြစ်ရေးအတွက် ထောက်ခံမှုများ ပြုလုပ်ခဲ့သော အင်ဒိုနီးရှား နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာတီနာ တလီဂါဝါကလည်း ၎င်းတွင် ဝေဖန်မှုများနှင့် ဆန့်ကျင်သော အမြင်ရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

"မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရယူခဲ့တဲ့အတွက် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု မာတီနာ တလီဂါဝါက ဆိုပါသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် အမြဲတစေ ဝေဖန်လေ့ရှိသော ဖိလစ်ပိုင်နိုင်ငံကလည်း အကောင်းမြင် ရှုထောင့်က ပြောကြားခဲ့သည်။

"ကိစ္စရပ်တွေ ကျန်ရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့ ၀န်ခံပါတယ်။ ဒါတွေကိုလည်း သူတို့ (မြန်မာအစိုးရ)အနေနဲ့ အတတ်နိုင်ဆုံး၊ အကောင်းဆုံး လုပ်ဆောင်ဖြေရှင်း နေကြတယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လုပ်ဆောင်ပေးနိုင်တဲ့ အကောင်းဆုံး အရာကတော့ မြန်မာနိုင်ငံကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် ဆက်လျှောက်လှမ်းဖို့ အားပေးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံဥက္ကဋ္ဌ တာဝန်ပေးပြီး ပြောင်းလဲမှုတွေကို ထောက်ပံ့အားပေး လိုက်တာပါပဲ" ဟု ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရစ်ကီကရန်တန်က ပြောကြားခဲ့သည်။

ထို့အပြင် အာဆီယံ၏ အတွင်းရေးမှူးချုပ် လီလောင်မင်းက မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ ထောက်ခံအားပေးမှုကို ရရှိနေသည်ဟု ဘရူနိုင်းတိုင်းမ် သတင်းစာနှင့် သီးခြားတွေ့ဆုံခန်းတွင် ပြောကြားခဲ့သည်။

"အာဆီယံနဲ့ အာဆီယံ ဥက္ကဋ္ဌအတွက် ၂၀၁၄ ခုနှစ်မှာ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အာဆီယံ အသိုက်အမြုံ တည်ဆောက်ဖို့အတွက် ၂၀၁၄ ဟာ အရေးပါတဲ့ နှစ်တစ်နှစ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အဖွဲ့ဝင် နိုင်ငံတွေအပြင် အာဆီယံ အတွင်းရေးမှူးချုပ် ဆီကပါ ခိုင်မာတဲ့ အားပေးထောက်ခံမှုတွေ ရနေပါတယ်။ လာမယ့် အာဆီယံ ဥက္ကဋ္ဌရာထူးကို မြန်မာနိုင်ငံက ထိထိရောက်ရောက် အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု အာဆီယံ အတွင်းရေးမှူးချုပ် လီလောင်မင်းက ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူထားသည့် ဘရူနိုင်းနိုင်ငံ၏ဘုရင် ဆူလတန် ဟာဂျီဟာဆန် နယ်လ်ဘိုကီးယားမူအစ် ဇာဒင်ဝါဒူလာက အာဆီယံ၏ မျှော်မှန်းချက်များ ပြည့်မီနိုင်ရန်အတွက် အဖွဲ့ဝင် နိုင်ငံအချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဆိုသည်။

"အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကူညီမှု၊ တူညီတဲ့ စိတ်ပိုင်းဖြတ်မှုတွေကြောင့် အာဆီယံဟာ ရရှိပြီးသား အောင်မြင်မှုတွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် အကျိုးဖြစ်ထွန်းစေမယ့် ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာတဲ့ ဒေသတစ်ခုကို ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု အာဆီယံ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ဆူလတန်ဟာဂျီဟာ ဆန်နယ်လ်ဘိုကီးယားမူ အစ်ဇာဒင် ၀ါဒူလာက ပြောကြားခဲ့သည်။

အာဆီယံ အနေဖြင့် အာဆီယံ အသိုက်အမြုံ (AE) နှင့်အတူ အဓိက အရေးပါသော အာဆီယံ စီးပွားရေး အသိုက်အ၀န်း (AEC) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် စတင် အကောင်အထည်ဖော်ရန် မျှော်မှန်းချက် ထားရှိပြီး AEC ကို အပြည့်အ၀ အကောင်အထည် ဖော်နိုင်ရန် ခက်ခဲမှုများစွာ ရှိနေသည်။

လက်ရှိအခြေအနေတွင် AEC အတွက် အဆင်သင့် ဖြစ်နေသည့် နိုင်ငံမှာ စင်ကာပူ တစ်နိုင်ငံတည်းသာ ရှိနေပြီး ထိုင်းနိုင်ငံမှာ AEC အတွက် ငွေကြေးအများဆုံး အသုံးပြုပြီး ပြင်ဆင်နေသော နိုင်ငံဖြစ်သည်။ AEC အတွက် ပြင်ဆင်မှုမှာ ရာခိုင်နှုန်း ၈၀ ခန့်သာ ပြီးစီးနေသည့် အခြေအနေ၌ ၂၀၁၅ ခုနှစ်အလွန် အာဆီယံ မျှော်မှန်းချက်အသစ် ချမှတ်နိုင်ရေးကို စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှား နိုင်ငံတို့က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် အာဆီယံ၏ ၂၀၁၅ ခုနှစ် မျှော်မှန်းချက် ပြည့်မီရေးကို လုပ်ဆောင်ရမည့်အပြင် ၂၀၁၅ အလွန် အာဆီယံ၏ မျှော်မှန်းချက်အသစ် ချမှတ်နိုင်ရေးကိုလည်း ဆုံးဖြတ်ပေးရမည့် အခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်သည်။

"မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ နိုင်ငံအားလုံးနဲ့အတူ အာဆီယံ အသိုက်အ၀န်း လမ်းပြမြေပုံကို အကောင်အထည်ဖော်ဖို့ ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းများကို ဖြည့်ဆည်းဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံ အသိုက်အ၀န်းကို ပိုမိုခိုင်မာစေမယ့် နောက်ဆက်တွဲ လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက် သွားလိုပါတယ်။ အာဆီယံ နိုင်ငံအသီးသီးရဲ့ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာတွေနဲ့ ကိုက်ညီတဲ့ အာဆီယံကို ပြည်သူဗဟိုပြုတဲ့ အဖွဲ့အစည်းအဖြစ် မြှင့်တင်လိုပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းလက်ခံသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် ပြည်တွင်းပဋိပက္ခများကို တည်ငြိမ်အောင် ဆောင်ရွက်နိုင်ရေးအပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားအရေး ပြေလည်မှု ရရှိနိုင်ရေး အစရှိသော ပြည်တွင်းရေး ပြဿနာများကိုလည်း ပြေလည်အောင် ဖြေရှင်းရမည့် အခြေအနေ ရှိနေသည်။

ထို့အပြင် ထိပ်သီးဆွေးနွေးပွဲ နှစ်ခုအပါအ၀င် အစည်းအဝေးပေါင်း ၁၀၀၀ ကျော်ကို မည်ကဲ့သို့ စီမံခန့်ခွဲပြီး ဦးဆောင်ကျင်းပမည် ဆိုခြင်းအပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

"ကျန်တဲ့ အာဆီယံ နိုင်ငံတွေမှာလည်း သူတို့နိုင်ငံတွေမှာ ပြည်တွင်းပဋိပက္ခ ရှိနေတဲ့ အချိန်မျိုးမှာပဲ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အောင်မြင်စွာ လုပ်ဆောင်ခဲ့တာပဲ။ နောက်တစ်ခါ ပထမဆုံးအကြိမ်ဆိုတော့ ဘယ်ကိစ္စမဆို ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲလေ။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေမှာလည်း ပထမဆုံးအကြိမ် ဥက္ကဋ္ဌတာဝန် ယူရတယ်ဆိုတဲ့ အတွေ့အကြုံ ရှိတာပဲ။ သူတို့လည်း အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်တော့ ကျွန်တော်တို့လည်း အောင်မြင်အောင် ကျော်ဖြတ်နိုင်ရမှာပေါ့" ဟု နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောကြားသည်။

သို့ရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် မီဒီယာများက ဆက်လက်စောင့်ကြည့်နေပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့် ပြည်တွင်းရေး ပြဿနာများကို မြန်မာအစိုးရက မည်မျှအထိ ဖြေရှင်းနိုင် ဆောင်ရွက်နိုင်မည် ဆိုခြင်းကို မေးခွန်းထုတ်မှုများ ဆက်ရှိနေသည်။ 

ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များနှင့် တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံကြစဉ်
ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် အာဆီယံ ခေါင်းဆောင်များနှင့် တောင်ကိုရီးယား သမ္မတတို့ တွေ့ဆုံကြစဉ်
၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်မည်ဖြစ်ပြီး အဆိုပါ တာဝန်ကြောင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆက်လက်ဖြစ်ပေါ် လာလိမ့်မည်ဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားကြောင်း သိရသည်။

အာဆီယံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ အသိုက်အမြုံ (ASEAN Community) နှင့်အတူ အာဆီယံ စီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community) ကို အကောင်အထည် ဖော်နိုင်ရန် မျှော်လင့်ချက် ရှိနေသည်။

မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် AC နှင့် AEC အတွက် မျှော်မှန်းချက်များ ပြည့်မီရန် လုပ်ဆောင်ရမည့်အပြင် ဒေသတွင်း တည်ငြိမ်ရေး အပါအ၀င် နိုင်ငံတကာနှင့် ဆက်ဆံရေး ကိစ္စရပ်များ လုပ်ဆောင်ရာတွင် ဒေသတွင်း ခေါင်းဆောင်အနေဖြင့် ဦးဆောင်ရမည် ဖြစ်သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးရေး အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် UNFC လိုလားချက်များ ထုတ်ပြန်

Photo: NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးရေး အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် UNFC လိုလားချက်များ ထုတ်ပြန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အကျေအလည် ညှိနှိုင်းဖြေရှင်းရေးကို အာမခံရန်ဆိုသည့် အချက်များ အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ လိုလားချက်များကို အောက်တိုဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သော UNFC အရေးပေါ် ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့သည်။

သက်သေများအဖြစ် လက်မှတ်ရေးထိုးမှုတွင် ၎င်းတို့နှစ်ဦးအပြင် UNA ဥက္ကဋ္ဌ၊ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ ခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင်များ၏ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများ၊ UNFC အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုတိယ ဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များ ပါဝင်လက်မှတ် ရေးထိုးရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်မှတ်ရေးထိုးမှုတွင် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် တရားသူကြီးချုပ်တို့ ပါဝင်လက်မှတ် ရေးထိုးရမည်ဖြစ်ပြီး အဆိုပါ ငါးဦးမှ တစ်ဦးဦး ပျက်ကွက်ပါက သဘောတူညီချက် အထမြောက်မှု မရှိဟု မှတ်ယူစေရမည်ဟု UNFC ၏ ကြေညာချက်၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပါဝင်ရမည့် အချက်များတွင် ပါရှိသည်။

လက်မှတ်ရေးထိုးပွဲ မပြုလုပ်မီတွင် လိုအပ်သော အချက်များအဖြစ် စစ်ရေးနှင့် ပတ်သက်၍ ရန်လိုမှုနှင့် စစ်ရေးပြုမူမှု အားလုံးကို ရပ်စဲရန်၊ နှစ်ဖက်ညှိနှိုင်း၍ အစိုးရ တပ်စခန်းများအား ပြန်လည်နေရာ ချထားခြင်းနှင့် နှစ်ဖက်တပ်လှုပ်ရှားမှုများ သတ်မှတ်ထားရှိရန်၊ Nationwide Ceasefire Accord (မူကြမ်း) ကို နှစ်ဖက်ကြိုတင်လေ့လာ ညှိနှိုင်းထားပြီး ရေးသားထားရန် စသည်ဖြင့် ပါဝင်သည်။

ထို့ပြင် အစိုးရမှ တစ်ပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲကြောင်းကို တရားဝင်ထုတ်ပြန် ကြေညာပေးရန်၊ နှစ်ဖက်လက်ခံနိုင်သော နိုင်ငံရေးလမ်းပြ မြေပုံကို ညှိနှိုင်းဆွေးနွေး သဘောတူထားပြီး ဖြစ်ရန်၊ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို သဘောတူပြီးနောက် အကောင်အထည် ဖော်ဆောင်မှုကို ကြီးကြပ်သည့် အဖွဲ့များ ထားရှိရန်ဟူသော အချက်များလည်း မပြုလုပ်မီ လိုအပ်သော အချက်များတွင် ထည့်သွင်းထားသည်။

လက်မှတ်ရေးထိုးပွဲတွင် အဓိက ပါဝင်ရမည့် အချက်များအဖြစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ် အခြေခံမူများနှင့်အညီ တည်ဆောက်သွားရန်နှင့် ပြည်ထောင်စု အဖွဲ့ဝင် အမျိုးသား အခြေခံ ပြည်နယ်များ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးကို အာမခံရန်၊ ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေး တပ်မတော် ဖွဲ့စည်းတည်ဆောက်သွားရန်၊ လက်မှတ်ရေးထိုးပွဲ ပြီးသည့်နောက် ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲအတွက် အခြေခံ မူဘောင်ကို ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရယူရန်၊ သဘောတူပြီးသော အခြေခံ မူဘောင်နှင့်အညီ နှောင့်နှေးခြင်း မရှိစေဘဲ လွှတ်တော်ပြင်ပ၌ နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပသွားရန်၊ လက်မှတ်ရေးထိုးပြီး အချိန်ပိုင်း အတွင်း၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို မတရားအသင်း ဥပဒေပုဒ်မနှင့် ငြိစွန်းခြင်းမှ ကင်းရှင်းကြောင်း တရားဝင် ထုတ်ပြန်ကြေညာ ပေးရန်နှင့် ဥပဒေကြောင်းအရ ဆောင်ရွက်မှုများကို ၁၅ ရက်အတွင်း စီစဉ်ပေးရန်၊ သဘောတူထားပြီးသော စစ်ဘက်ဆိုင်ရာ အချက်များကို အမြန်ဆုံး အကောင်အထည် ဖော်ရန်တို့ ပါဝင်သည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလကုန်တွင် ပြုလုပ်သွားရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ စီစဉ်နေပြီး အဖွဲ့အားလုံး မပါဝင် ပါကလည်း ပြုလုပ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

UNFC အဖွဲ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် အဖွဲ့ခြောက်ဖွဲ့၊ ကေအိုင်အေ အပါအ၀င် ဆွေးနွေးဆဲ အဖွဲ့နှစ်ဖွဲ့နှင့် ဆွေးနွေးမှု လုံးဝမပြုလုပ်ရသေးသည့် အဖွဲ့သုံးဖွဲ့ စသည်ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက ချင်းမိုင်မြို့၌ တိုင်းရင်းသား ညီလာခံ ပြုလုပ်စဉ်
၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်းက ချင်းမိုင်မြို့၌ တိုင်းရင်းသား ညီလာခံ ပြုလုပ်စဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌတို့ သက်သေအဖြစ် လက်မှတ်ရေးထိုးပေးရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ အကျေအလည် ညှိနှိုင်းဖြေရှင်းရေးကို အာမခံရန်ဆိုသည့် အချက်များ အပါအ၀င် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ လိုလားချက်များကို အောက်တိုဘာ ၇ ရက်မှ ၉ ရက်အထိ ပြုလုပ်ခဲ့သော UNFC အရေးပေါ် ကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်ခဲ့သည်။

သက်သေများအဖြစ် လက်မှတ်ရေးထိုးမှုတွင် ၎င်းတို့နှစ်ဦးအပြင် UNA ဥက္ကဋ္ဌ၊ ကမ္ဘာ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ ခေါင်းဆောင်များ၊ UNFC ဥက္ကဋ္ဌ၊ UNFC အဖွဲ့ဝင်များ၏ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများ၊ UNFC အဖွဲ့ဝင် မဟုတ်သော လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ (သို့မဟုတ်) ဒုတိယ ဥက္ကဋ္ဌများ (သို့မဟုတ်) အတွင်းရေးမှူးများနှင့် အခြားပါဝင်သင့် ပါဝင်ထိုက်သည့် ပုဂ္ဂိုလ်များ ပါဝင်လက်မှတ် ရေးထိုးရမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ငွေဖြင့်ဝယ်ယူခံ တရားမ၀င်တရုတ်ဇနီးများ လက်ဆင့်ကမ်းရောင်းချခံရမှုများရှိလာ


တရုတ်နိုင်ငံသို့ရောင်းစားခံရသည့် မြန်မာအမျိုးသမီးများမှာ တရုတ်အမျိုးသားက တရားမ၀င်ဇနီးမယားအဖြစ် ပေါင်းသင်းပြီး ၎င်းတို့အနေဖြင့် တရုတ်အမျိုးသမီးတစ်ဦးနှင့် တရားဝင် လက်ထပ်နိုင်သည့်အခါ ငွေဖြင့်ဝယ်ထားသည့် မြန်မာအမျိုးသမီးအား တခြားလူတစ်ဦးထံ ယွမ်ငွေ(၃)သောင်းနှင့်အထက် (မြန်မာငွေကျပ်သိန်းသုံးဆယ်နှင့်အထက်)ငွေကြေးများဖြင့် လက်ဆင့်ကမ်း ရောင်းချမှုများရှိကြောင်း နေပြည်တော် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့မှ သိရသည်။
အရင်တုန်းကတော့ လူကုန်ကူးတဲ့ပွဲစားတွေက လိမ်လည်ပြီးတော့ စုဆောင်းတယ်။ အခု နောက်ပိုင်းကျတော့ သူတို့ (ပွဲစား တွေ)က ပေါ်တင်စည်းရုံးတာပေါ့နော်။ တရုတ်မယား လုပ်ရမယ်။ ၆လပြည့်ရင် ပြန်လာလို့ရတယ်။ ရွှေတွေ ဘယ်လောက် ဆင် ပေးမယ်။ အိမ်အတွက် ဘယ်လောက်ပေးမယ် ဆိုပြီးတော့ ဒါမျိုးတွေနဲ့စည်းရုံးလာတယ်။ဟု နေပြည်တော်လူကုန်ကူးမှု တားဆီးရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံသို့ လူကုန်ကူးမှုများအတွက် လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့ဝင်များမှ  လွယ်ဂျယ်-ကျန့်ဖုန်း၊ မူဆယ်-ရွှေလီ၊ လောက်ကိုင် နမ့်ခမ်းစသည့် မြန်မာတရုတ်နယ်စပ်၃နေရာ၌ နှစ်နိုင်ငံလူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ကာ လူကုန်ကူးမှုလျော့ကျရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှန်ဟိုင်းမှ ပဟေဠိဆန်သော အဖော်အချွတ်မယ်ကို ရဲတပ်ဖွဲ့ စတင်စုံစမ်း

Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။

ရှန်ဟိုင်းမှ ပဟေဠိဆန်သော အဖော်အချွတ်မယ်ကို ရဲတပ်ဖွဲ့ စတင်စုံစမ်း
တရုတ်နိုင်ငံရှိ အင်တာနက် အသုံးပြုသူများကြား အမျိုးမျိုး ဝေဖန်မှုများ ဖြစ်ပေါ်နေစေသည့် ရှန်ဟိုင်း အဖော်အချွတ်မယ်ကို မြို့တော် ရဲတပ်ဖွဲ့က စတင်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။ သူမ၏ ဓာတ်ပုံများသည် တရုတ်ရှိ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့လာသော်လည်း ယင်းမိန်းကလေး မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူမနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များကို မည်သူမျှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။ လူအများရှေ့တွင် အဝတ်အစားများကို လှစ်ပြတတ်သည့် ပဟေဠိဆန်သော မိန်းကလေးကို ယခုအခါ ရှန်ဟိုင်းရဲတပ်ဖွဲ့က အလေးအနက် စုံစမ်းမှု စတင်နေပြီဟု သိရသည်။

ရန်ကုန်တိုင်းမ်သတင်းစာနှင့် ဆောင်းပါးရှင်ကို ELEVEN မီဒီယာ တရားစွဲဆိုထား


မင်းမင်း | တနင်္ဂနွေနေ့၊ အောက်တိုဘာလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၂၃ နာရီ ၃၆ မိနစ်

ရန်ကုန်တိုင်းမ်သတင်းစာတွင် စက်တင်ဘာလအတွင်း ဖေါ်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင် ပါရှိသော အချက်အလက်မှာ ELEVEN မီဒီယာ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟုဆိုကာ ဆောင်းပါးရှင်နှင့် ဖေါ်ပြခဲ့သည့် သတင်းစာကိုပါ ELEVEN မီဒီယာက တရားစွဲဆိုထားသည်ဟု ထိုမီဒီယာ၏ အယ်ဒီတာချုပ် ဦးဝေဖြိုးက မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့နဲ့ ပတ်သက်လို့ ရေးသားဖေါ်ပြတဲ့သူနဲ့ ဖေါ်ပြတဲ့သတင်းစာကို တရားစွဲထားတာပါ။ ရေးသားထားတာတွေက ကျွန်တော်တို့ကို ထိခိုက်စေတယ်လို့ ယူဆတဲ့အတွက် တရားစွဲတာပေါ့နော်။ ဂုဏ်သိက္ခာကို ထိခိုက်စေလို့ပေါ့" ဟု သူက ပြောသည်။

သို့သော် ဆောင်းပါးတွင်ရေးသားထားသော မည်သည့်အချက်က ဂုဏ်သိက္ခာကို ထိခိုက်စေသည်ကိုမူ ဦးဝေဖြိုးက ပြောကြားခြင်းမရှိပေ။ အစိုးရက နိုင်ငံခြားတွင် ဘဏ်အကောင့်ငါးခုဖွင့်ပြီး အမေရိကန်ဒေါ်လာ ၁၁ ဘီလျံသိမ်းထားသည်ဟူသည့် သတင်းဖေါ်ပြမှုနှင့် ပတ်သက်၍ ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်၏ ရေးသားချက်ကို အလဲဗင်းမီဒီယာက တရားစွဲဆိုခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများဟု ယူဆရသူ ၁၃ ဦး၏ အလောင်းများအား ထိုင်းရေတပ် တွေ့ရှိ


အောင်မင်း ဘာသာပြန်သည်

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သားများဟု ယူဆထားသူ ၁၃ ဦး၏ ရုပ်အလောင်းများအား ကပ္ပလီပင်လယ်ကမ်းခြေတောင်ပိုင်းတွင် တွေ့ရှိခဲ့ရသည်ဟု ထိုင်းရေတပ်မတော် မှ ရဲအရာရှိတစ်ဦးက လွန်ခဲ့သော တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

ကပ္ပလီပင်လယ်ကမ်းခြေတွင် တွေ့ရှိခဲ့သော ရုပ်အလောင်းများမှာ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ ရုပ်အလောင်းများဖြစ်ပြီး ၎င်းတို့မှာ ရာသီဥတုဆိုးရွားသည့် ယခုသီတင်းပတ်ဗုဒ္ဓဟူးနေ့တွင် လှေမှောက်ကာ သေဆုံးခဲ့ကြခြင်းဖြစ်သည်ဟု ယူဆကြောင်း ဘန်ကောက်မြို့ တောင်ပိုင်း ကီလိုမီတာ ၅၈၀ အကွာရှိ ရနောင်းခရိုင်မှ ရေတပ်ရဲအရာရှိတစ်ဦးဖြစ်သူ Nirat #Chuayjit က ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ် ထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်

လိုက်ပါမည့် လူဦးရေစာရင်း
(၁). ဒေါ်အောင်ဆန်းစုကြည် - (ဥက္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
(၂). ဒေါက်တာတင်မာအောင် - (Chief of Staff & Personal Assistant to Chairperson)
(၃). ကိုနိုင်ငံလင်း - (ဗဟိုကော်မတီဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
(၄). ဦးစိုးဝင်း - (Personal Aide to Chairperson)

ခရီးစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့မှ၊ နိုဝင်ဘာလ (၂)ရက်နေ့အထိ ဥရောပနိုင်ငံများသို့ ဆွေးနွေးပွဲများ တက်ရောက်ရန်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ လက်ခံရယူရန် နှင့် ဟောပြောပွဲများ ပြုလုပ်ရန်အတွက် ခရီးထွက်ခွာရန် အစီအစဉ်ရှိပါသည်။ အဆိုပါခရီးစဉ်တွင် Belgium, Luxemburg, France, United Kingdom, Italy နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ဥရောပပါလီမန်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ United Kingdom နိုင်ငံ Sandhurst Military Academy တွင် အမှာစကားပြောကြားခြင်း၊ Northern Ireland တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိစ္စရပ်များ (Peace Process) နှင့် ပတ်သက်၍ လေ့လာဆွေးနွေးခြင်း၊ ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် “Sakharov” လူ့အခွင့်အရေးဆု လက်ခံရယူခြင်း၊ အီတလီနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံခဲ့သော မြို့ (၄)မြို့သို့ သွားရောက်ခြင်း အစရှိသောအစီအစဉ်များ ပါရှိပါသည်။
From NLD Facebook Page

ဈေးပေါတဲ့ ဥပဒေ


လွှတ်တော်နိုင်ငံရေးနှင့် လုံးပါးပါးလာသော အတိုက်အခံ...(Written by - ဒေါက်တာရန်မျိုးသိမ်း)

Photo: လွှတ်တော်နိုင်ငံရေးနှင့် လုံးပါးပါးလာသော အတိုက်အခံ

Written by - ဒေါက်တာရန်မျိုးသိမ်း 

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ကာလတွင် ပြည်သူလူထု အများစုကြီး၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် သိသိသာသာ တိုးတက်ပြောင်းလဲမှုများ မရှိသေးသော်လည်း ပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်တည်မည့် အတိုက်အခံ အင်အားစုများမှာမူ လွှတ်တော်နိုင်ငံရေးတွင် တဖြည်းဖြည်း နည်းပါးလာသည့် အသွင်ဆောင်နေသည်။

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် အထွေထွေ ရွေးကောက်ပွဲများ၏ လွတ်လပ်၍ တရားမျှတမှုသည် လွှတ်တော်၏ ပြည်သူလူထုကို ကိုယ်စားပြုနိုင်ခြေနှင့် ဆက်စပ်နေသည်။ ရွေးကောက်ပွဲများအလွန် လွှတ်တော်နိုင်ငံရေးတွင် လွှတ်တော်တွင်း အတိုက်အခံများ၏ အင်အားသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိကကျသည်။ လတ်တလော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လွှတ်တော်အသီးသီး၌ လွှတ်တော်တွင်း အတိုက်အခံတို့၏ အခန်းကဏ္ဍသည် တဖြည်းဖြည်း မှေးမှိန်လာလျက် ရှိသည်ဟု သုံးသပ်နိုင်သည်။

လွှတ်တော်တွင်း အတိုက်အခံ သို့မဟုတ် အတိုက်အခံ နိုင်ငံရေး ပါတီများသည် အစိုးရ မူဝါဒများ၊ စီမံကိန်းများ၏ အားနည်းချက်များ၊ လိုအပ်ချက်များ၊ လွှတ်တော်မှ ပြဋ္ဌာန်းသည့် ဥပဒေများ၊ စည်းမျဉ်းများ၏ အားနည်းချက်များ၊ ဟာကွက်များကို မဲဆန္ဒရှင် ပြည်သူလူထုဘက်မှ ရပ်တည်လျက် ထောက်ပြဆွေးနွေးကြသည်။ ယေဘုယျအားဖြင့် လွှတ်တော်နိုင်ငံရေးတွင် အာဏာရပါတီနှင့် မိတ်ဆွေပါတီများမှလွဲ၍ ကျန်ပါတီများ အားလုံးသည် အတိုက်အခံ နိုင်ငံရေး ပါတီများပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လွှတ်တော် နိုင်ငံရေးတွင် ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေပါတီများမှလွဲ၍ ဒီချုပ်နှင့် တိုင်းရင်းသား ပါတီများ အပါအ၀င် ကျန်နိုင်ငံရေး ပါတီများသည် အတိုက်အခံနိုင်ငံရေး ပါတီများပင် ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။

လွှတ်တော်နိုင်ငံရေးတွင် အတိုက်အခံသည် အရေးကြီးသည့်နည်းတူ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်သည်လည်း အလွန်ပဓာန ကျသည်။ အတိုက်အခံ ခေါင်းဆောင်သည် လွှတ်တော်တွင်းရှိ အတိုက်အခံနိုင်ငံရေး ပါတီများအနက် လွှတ်တော်အမတ်နေရာ အများစု ရရှိထားသော နိုင်ငံရေးပါတီ၏ ခေါင်းဆောင်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့လွှတ်တော်၏ ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၄၂ ဦး အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် အာဏာရပါတီပြီးလျှင် ကိုယ်စားလှယ် ဒုတိယအများဆုံး ပါတီဖြစ်သဖြင့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်၏ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်အဖြစ် သတ်မှတ်ရမည် ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို မချိုးဖောက်ခြင်းနှင့် တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် သစ္စာရှိခြင်းတို့အပေါ် အခြေခံသော အတိုက်အခံ နိုင်ငံရေးကို ဒီမိုကရက်တစ် ၀န်းကျင်တွင် ရာစုနှစ်ပေါင်း များစွာကတည်းက လက်သင့်ခံပြီး ဖြစ်သော်လည်း မြန်မာ့လွှတ်တော် အခင်းအကျင်းတွင် မြန်မာလူထု အများစုကြီး အနေဖြင့် အတိုက်အခံ ခေါင်းဆောင်ကို လွှတ်တော်က ကွယ်နေသည့်ပုံစံ ခံစားကြရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူ လူထုအများစုကြီး၏ ယုံကြည်လေးစားခံရသော ခေါင်းဆောင်တစ်ဦး ဖြစ်လင့်ကစား လွှတ်တော်နိုင်ငံရေးတွင်မူ အတိုက်အခံခေါင်းဆောင် တစ်ဦးအဖြစ် ရပ်တည်မှု အပိုင်းတွင် အားနည်းလျော့ရဲလျက် ရှိသည်မှာ မငြင်းနိုင်သော အချက်ပင် ဖြစ်သည်။

ဒီမိုကရက်တစ် နိုင်ငံရေး၏ ကောင်းမွန်သော လက္ခဏာမှာ အာဏာရပါတီနှင့် အာဏာပိုင်တို့သည် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များကို နည်းပင်နည်းသော်ငြား မြင့်မြင့်မားမား အသိအမှတ်ပြုခြင်းနှင့် တန်ဖိုးထားခြင်း ဖြစ်သည်။ မဲအများစုရရှိသူ အနိုင်ရရှိသည့် ရွေးကောက်ပွဲ စနစ်တွင် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ် ဦးရေသည် တစ်ခါတစ်ရံ နည်းပင်နည်းနေသော်လည်း အတိုက်အခံ ကိုယ်စားလှယ် အနည်းစုကို ထောက်ခံသူဦးရေမှာ ပြည်သူထဲတွင် များစွာရှိနေတတ်သည်။ ထို့ကြောင့် လွှတ်တော်ထဲတွင် အတိုက်အခံ ကိုယ်စားလှယ်ဦးရေ နည်းပါးသော်လည်း မဲဆန္ဒရှင် ပြည်သူများအကြား အတိုက်အခံ ကိုယ်စားလှယ်များအပေါ် ထောက်ခံမှုသည် မြင့်မားနေတတ်သည်ကို မျက်ခြည်မပြတ် သင့်ပါ။

လွှတ်တော်နိုင်ငံရေးတွင် ပြည်သူသည် အတိုက်အခံ ကိုယ်စားလှယ်များကို နိုင်ငံရေး ရွှေဘအဖြစ် သတ်မှတ်လေ့ရှိပြီး အာဏာရပါတီ၏ ကိုယ်စားလှယ်များကိုမူ နိုင်ငံရေး လူကြမ်းများ၊ ဗီလိန်များအဖြစ် ရှုမြင်တတ်ကြသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အတိုက်အခံသည်လည်း ရွှေဘနှင့် လူကြမ်းဗီလိန် စည်းခြားရပ်ပြ ထားမှသာ ပြည်သူအနေဖြင့် ကောင်းစွာသိမြင် သဘောပေါက်မည် ဖြစ်သည်ကို သတိချပ်သင့်သည်။

မဲဆန္ဒရှင် ပြည်သူတို့သည် အစိုးရ၏ စီမံချက်များ၊ စီမံကိန်းများ၊ အစီအစဉ်များ၊ လွှတ်တော်၏ ဥပဒေများ၊ စည်းမျဉ်းများနှင့် ပတ်သက်၍ အားနည်းချက်များ၊ လိုအပ်ချက်များကို ပိုင်ပိုင်နိုင်နိုင် ဝေဖန်ထောက်ပြကာ၊ အချက်အလက် အပြည့်အစုံနှင့် ဆွေးနွေးပြနိုင် သူများကို သဘောကျ၊ တန်ဖိုးထားတတ်ကြသည်။ ထို့အပြင် မဲဆန္ဒရှင်များ အနေဖြင့် အတိုက်အခံများ၏ ဆွေးနွေးချက်များသည် ပကတိ အခြေအနေနှင့် အပ်စပ်လွန်းပါက အတိုင်းမသိ ၀မ်းသာအားကိုး တတ်ကြသည်။

ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးတွင် စတုတ္ထမဏ္ဍိုင်ဟု ဆိုနိုင်သော သတင်းမီဒီယာ များသည်လည်း အတိုက်အခံခေါင်းဆောင်၊ အတိုက်အခံ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကိုသာ စိတ်ဝင်စားတတ် နားစွင့်တတ်ကြပြီး အတိုက်အခံ၏ အသံကို သတင်းအဖြစ် ဦးစားပေး ဖော်ပြတတ်ကြသည်။ ပြည်သူလူထု၏ လွှတ်တော်အပေါ် စိတ်ဝင်စားမှုနှင့် ထောက်ခံမှုသည်လည်း အတိုက်အခံ ပါတီများ၊ အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း လှုပ်ရှားမှုများ၊ လွှတ်တော်တွင်း ဆွေးနွေးမှုများနှင့် များစွာဆက်စပ်လျက် ရှိသည်။ အတိုက်အခံ နိုင်ငံရေး ပါတီများနှင့် ခေါင်းဆောင်များ၏ အသံများကို သတင်းစာများတွင် မျက်နှာဖုံး၌ စာလုံးမည်းကြီးများနှင့် ဖော်ပြတတ်ကြသည်။ မြန်မာ့နိုင်ငံရေးတွင်မူ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်များနှင့် ပါတီများ၏ သဘောထား မှတ်ချက်များကို သတင်းစာများ၌ ခေါင်းစီးစာလုံး မည်းကြီးများဖြင့် ဖော်ပြနိုင်မှုအပိုင်းတွင် အားနည်းချို့တဲ့နေဆဲ ဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ လွှတ်တော်နိုင်ငံရေးတွင် အတိုက်အခံမရှိဟူသော ပြောဆိုမှုသည် နိုင်ငံရေးပြက်လုံး သက်သက်သာဖြစ်သည်။ အတိုက်အခံ နိုင်ငံရေးပါတီများနှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် မရှိသော နိုင်ငံရေး အခင်းအကျင်းသည် လက်တွေ့အားဖြင့် ဆားမပါသော ဟင်းလျာပင် ဖြစ်သည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အတိုက်အခံအဖြစ် အလားအလာကောင်းသော နိုင်ငံရေး ပါတီများကို စနစ်တကျ မြေတောင်မြှောက်ပေးရမည်မှာ လိုအပ်ချက်တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် အစိုးရနှင့် အာဏာရပါတီသည် အတိုက်အခံ နိုင်ငံရေး အားကောင်းလာအောင် ပံ့ပိုးကူညီ ပေးသင့်သည်ဟု အကြံပြုလိုပါသည်။ အာဏာရပါတီသည် တစ်ချိန်တွင် အတိုက်အခံပါတီ၊ အတိုက်အခံပါတီသည် တစ်ချိန်တွင် အာဏာရပါတီ ဖြစ်တတ်သည်မှာ နိုင်ငံရေး အနိစ္စသဘော၊ နိုင်ငံရေး သင်္ခါရသဘောပင် ဖြစ်သည်။ အတိုက်အခံရှိမှ ဒီမိုကရက်တစ် ယဉ်ကျေးမှု၏ အတောင်အလက်များ စုံလင်လာမည် ဖြစ်သည်။

အတိုက်အခံခေါင်းဆောင် သို့မဟုတ် ပါတီ၏ အဓိကတာဝန်များထဲမှ တစ်ခုသည် အစိုးရလုပ်ငန်း ဆောင်ရွက်မှုများကို တာဝန်ယူမှု၊ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ပွင့်လင်းမြင်သာမှု စသည့်ရှုထောင့်များမှ ဆန်းစစ်လေ့လာခြင်း ဖြစ်သည်။ အထူးသဖြင့် အစိုးရအဖွဲ့၏ နိုင်ငံတော် ဘဏ္ဍာငွေ ရယူသုံးစွဲမှုများနှင့် ပတ်သက်၍ အတိုက်အခံများ အနေဖြင့် ခရေစေ့တွင်းကျ စောင့်ကြည့်လေ့လာပြီး လွှတ်တော်အစည်းအဝေးများတွင် မေးခွန်းထုတ်ကြရမည် ဖြစ်သည်။ အတိုက်အခံများ၏ မေးခွန်းများနှင့် အဆိုများသည် ပြည်သူလူထု၏ ရင်ခုန်သံများ၊ ဆန္ဒများ၊ သဘောထားများနှင့် ထပ်တူကျ၊ စည်းဝါးကိုက်နေရန် လိုအပ်သည်။

လွှတ်တော်ကော်မတီများသည် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များအတွက် အစိုးရနှင့် အာဏာရ ပါတီတို့၏ နိုင်ငံရေး စွမ်းဆောင်ရည်ကို စောင့်ကြည့်လေ့လာနိုင်ရန် အကောင်းဆုံး မျက်နှာစာများ ဖြစ်သည်။ လုပ်ငန်းစစ်ဆေးရေး၊ စုံစမ်းစစ်ဆေးရေးတို့နှင့် ဆက်စပ်သော လွှတ်တော်ကော်မတီများတွင် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များကို ပိုမိုနေရာ ပေးသင့်သည်။ ထို့အပြင် အတိုက်အခံ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ကော်မတီများတွင် အတိုက်အခံ အမြင်နှင့် ပြည်သူလူထုဘက်မှ ရပ်တည်အလုပ်လုပ်ရမည်။ အတိုက်အခံ အမြင်နှင့် ပူးပေါင်းအလုပ် လုပ်သည်မှာ ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်သကဲ့သို့ အစိုးရနှင့် အာဏာပိုင်များ လုပ်သမျှကို ပုံအောကန့်ကွက် နေခြင်းမဟုတ်သည်ကို ကောင်းစွာနားလည်ပြီး ဖြစ်သည့်အလျောက် နိုင်ငံရေး အတိုက်အခံကို ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် ရောနှောတံဆိပ်မကပ်ရန် ဆော်သြလိုသည်။  

မြန်မာ့လွှတ်တော်တွင် ပါတီခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် သတင်းမီဒီယာများနှင့် မိတ်ဆွေပုံစံ တည်ဆောက်ထားသင့်သည့်အပြင် သတင်းမီဒီယာများကို ပါတီခေါင်းဆောင်များက လမ်းညွှန်ဆုံးမသည့် သဘောအပြောအဆိုများကို ရှောင်ကြဉ်ခြင်းဖြင့် သတင်းမီဒီယာများအပေါ် တူမျှသော အလေးထားမှု၊ တန်ဖိုးထားမှုကို ပြသသင့်သည်။ ထို့အပြင် အတိုက်အခံတို့သည် အာဏာရပါတီ၊ အစိုးရတို့နှင့် ထိတွေ့ဆက်ဆံမှုများကို ပြည်သူထံသို့ သတင်းမီဒီယာများမှတစ်ဆင့် ပွင့်လင်းမြင်သာမှုရှိရှိ အသိပေးနေရန် လိုအပ်သည်။   

အတိုက်အခံများသည် အာဏာရ ပါတီကဲ့သို့ အစိုးရကဲ့သို့ ပြုမူပြောဆိုမှုများကို အထူးဆင်ခြင် သင့်သည်။ ဒီမိုကရက်တစ် နိုင်ငံရေးတွင် အစိုးရသည် အစိုးရ၊ အာဏာပိုင်သည် အာဏာပိုင်၊ အတိုက်အခံသည် အတိုက်အခံပင် ဖြစ်သည်။ အတိုက်အခံများသည် အာဏာရပါတီနှင့် ပလူးပလဲ လုပ်လျှင်သော် လည်းကောင်း၊ အတိုက်အခံများသည် အစိုးရကဲ့သို့ ပြုမူ၊ ပြောဆိုလာလျှင်သော် လည်းကောင်း၊ ပြည်သူလူထုနှင့် သတင်းမီဒီယာများ အနေဖြင့် အတိုက်အခံ ပျောက်ဆုံးပြီဟု ခံစားလာရ တတ်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး ၀န်းကျင်တွင်လည်း အတိုက်အခံများသည် အာဏာပိုင်များနှင့် တတ်နိုင်သမျှ စည်းခြားရပ်တည်နိုင်ရန် လိုအပ်သည်။ အတိုက်အခံ အားမကောင်းသော နိုင်ငံရေး ၀န်းကျင်တွင် အတိုက်အခံကို အားကောင်းလာအောင် တည်ဆောက်ရမည်မှာ ဒီမိုကရက်တစ် စနစ်ကို ထူထောင်လိုသော အတိုက်အခံ နိုင်ငံရေး ပါတီများတွင် သာမက အာဏာပိုင်များနှင့် အာဏာရ ပါတီတွင်လည်း တာဝန်ရှိသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေး သို့မဟုတ် ယုံကြည်မှု တည်ဆောက်ရေးကို အကြောင်းပြုလျက် အတိုက်အခံများသည် အာဏာရပါတီ၊ အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ရသည့် အခြေအနေများ ရှိတတ်သည်မှာ သဘာဝဖြစ်သည်။ သို့သော် အတိုက်အခံများ အနေဖြင့် မိမိ၏ အတိုက်အခံဟူသော နိုင်ငံရေး ဆိုင်းဘုတ်ကို ပြုတ်ကျစေလောက်သည်အထိ အစိုးရ၊ အာဏာရ ပါတီတို့နှင့် အလွန်အကျွံ လုံးထွေးမသွားစေရန် သတိချပ်သင့်သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေး ပါတီများနှင့် ပါတီခေါင်းဆောင်များသည် အာဏာပိုင်များနှင့် ဆက်ဆံရာတွင် ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ယူမှုရှိရှိ၊ အသိပေး ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။

ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင် အတိုက်အခံ နိုင်ငံရေးပါတီများ အစုအဖွဲ့ကို စနစ်တကျ ဦးဆောင်မှု ပေးနိုင်သည့် အသွင်အပြင် မတွေ့ရှိရသည့်အပြင် တိုင်းရင်းသား နိုင်ငံရေး ပါတီများနှင့် အခြားအတိုက်အခံ ပါတီများကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စနစ်တကျ ခေါင်းဆောင်မှု ပေးနိုင်သည်ကိုလည်း မတွေ့ရှိရသေးပေ။ အကယ်စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်နိုင်ငံရေးတွင် အတိုက်အခံ ခေါင်းဆောင်အဖြစ် ပီပီပြင်ပြင် ရပ်တည်ပြီး မြန်မာ့နိုင်ငံရေး ပတ်ဝန်းကျင်တွင် ဒီမိုကရက်တစ် ယဉ်ကျေးမှု စစ်စစ်ကို တည်ဆောက်သင့်သည်။

နိဂုံး
အချုပ်အားဖြင့်ဆိုသော် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့တွင် အတိုက်အခံသည် မရှိမဖြစ် နိုင်ငံရေးမင်းသား ဖြစ်သည်။ လက်ရှိ လွှတ်တော်ထဲတွင် အတိုက်အခံမရှိ သို့မဟုတ် အတိုက်အခံ အားမကောင်းသည်ကို မည်သို့မည်ပုံ ပြုပြင်သင့်ကြောင်း၊ စီမံချက် ချမှတ်ပုံဖော်သင့်ပြီး ရေတို၊ ရေရှည် စီမံချက်ကို ကိုင်လျက် နိုင်ငံရေးအရ ကတုံးပေါ် ထိပ်ကွက်မည့် သူများကို ခေါင်းမထောင်နိုင်အောင် ပြုလုပ်သင့်သည်။ အတိုက်အခံ နိုင်ငံရေးသည် လုံးပါးပါး သွားမည်ဆိုလျှင် ပါတီစုံ ဒီမိုကရေစီ၏ အသွင်ရုပ်ကိုလည်း ထိခိုက်စေနိုင်သည်။ မြန်မာ့နိုင်ငံရေးတွင် ဒီချုပ်နှင့် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် အတိုက်အခံ နိုင်ငံရေး လမ်းပေါ်၌ အားကောင်းမောင်းသန် ရပ်တည်နိုင်ရန် အလားအလာကောင်းများ ရှိနေသည့်အလျောက် မဖြစ်မနေ အတိုက်အခံအဖြစ် ရပ်တည်နိုင်ရန် အားထုတ်သင့်သည်။ သို့မှသာ မြန်မာ့နိုင်ငံရေးသည် ပြည်သူလူထု၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသူများအတွက် ရင်ခုန်စရာများ ပြည့်နှက်နေသည့် ခေတ်ပြိုင်အခင်းအကျင်းတစ်ခု ဖြစ်လာနိုင်မည် ဖြစ်သည်။ အတိုက်အခံနိုင်ငံရေး လုံးပါးပါးမလာစေရန် ၀ိုင်းဝန်းထိန်းသိမ်း ကြရမည်မှာ တာဝန်သိသော၊ ပွင့်လင်းသော နိုင်ငံရေးဖြစ်တည်မှု၏ တွန်းအားပင် ဖြစ်သည်။

(အောက်တိုဘာ ဒုတိယပတ် အတွင်းက ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်)

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေး ကာလတွင် ပြည်သူလူထု အများစုကြီး၏ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် သိသိသာသာ တိုးတက်ပြောင်းလဲမှုများ မရှိသေးသော်လည်း ပြည်သူလူထုဘက်မှ ပြတ်ပြတ်သားသား ရပ်တည်မည့် အတိုက်အခံ အင်အားစုများမှာမူ လွှတ်တော်နိုင်ငံရေးတွင် တဖြည်းဖြည်း နည်းပါးလာသည့် အသွင်ဆောင်နေသည်။

ပါတီစုံ ဒီမိုကရေစီ စနစ်တွင် အထွေထွေ ရွေးကောက်ပွဲများ၏ လွတ်လပ်၍ တရားမျှတမှုသည် လွှတ်တော်၏ ပြည်သူလူထုကို ကိုယ်စားပြုနိုင်ခြေနှင့် ဆက်စပ်နေသည်။ ရွေးကောက်ပွဲများအလွန် လွှတ်တော်နိုင်ငံရေးတွင် လွှတ်တော်တွင်း အတိုက်အခံများ၏ အင်အားသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အဓိကကျသည်။ လတ်တလော မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် လွှတ်တော်အသီးသီး၌ လွှတ်တော်တွင်း အတိုက်အခံတို့၏ အခန်းကဏ္ဍသည် တဖြည်းဖြည်း မှေးမှိန်လာလျက် ရှိသည်ဟု သုံးသပ်နိုင်သည်။

လွှတ်တော်တွင်း အတိုက်အခံ သို့မဟုတ် အတိုက်အခံ နိုင်ငံရေး ပါတီများသည် အစိုးရ မူဝါဒများ၊ စီမံကိန်းများ၏ အားနည်းချက်များ၊ လိုအပ်ချက်များ၊ လွှတ်တော်မှ ပြဋ္ဌာန်းသည့် ဥပဒေများ၊ စည်းမျဉ်းများ၏ အားနည်းချက်များ၊ ဟာကွက်များကို မဲဆန္ဒရှင် ပြည်သူလူထုဘက်မှ ရပ်တည်လျက် ထောက်ပြဆွေးနွေးကြသည်။

လက်ပန်းတောင်းအခြေအနေ တင်းမာဆဲ


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့လယ်ယာမြေတွေကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတွေက ရဲအင်အား အလုံးအရင်းသုံးပြီး သံဆူးကြိုးခတ်ပြီး စိုက်ခင်းတွေကို ဖျက်ဆီးနေတဲ့အတွက် ဒေသခံတွေနဲ့ရဲတွေကြားမှာ အခြေအနေ တင်းမာနေကြပါတယ်။ လက်ပန်းတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ ဆုံးဖြတ်ထားချက်တွေကိုလည်း ကော်မတီက ဆောင်ရွက်ပေးတာမရှိဘူးလို့ ကော်ရှင်တာဝန်ရှိသူတွေက ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လက်ပန်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းထားတဲ့ မြေယာတွေကို ရွာသားအတော်များများက နစ်နာကြေးမယူဘဲ သူတို့စိုက်ခင်းတွေမှာ သီးနှံတွေကို စိုက်ပျိုးခဲ့ကြတာပါ။ စီမံကိန်းတာဝန်ရှိသူတွေက ရဲအင်အားတွေသုံးပြီး ဒေသခံတွေရဲ့ စိုက်ခင်းတွေပေါ် သံဆူးကြိုးတွေ ကာရံနေတဲ့အတွက် ၃ ရက်မြောက်နေ့အဖြစ် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဆက်ဖြစ်နေကြပါတယ်။

နိုင်ငံကြီးများကို အလဲထိုးသည့် ကျောင်းဆရာတစ်ဖြစ်လဲ စစ်ပါရဂူ

Photo: နိုင်ငံကြီးများကို အလဲထိုးသည့် ကျောင်းဆရာတစ်ဖြစ်လဲ စစ်ပါရဂူ

(ေဇယ်သူ)

၂၀ ရာစု၏ အတောက်ပြောင်ဆုံး စစ်သူကြီး တစ်ဦးဖြစ်သည့် ဗီယက်နမ် လွတ်လပ်ရေး သူရဲကောင်း ဗိုငွင်ဇပ် အသက် ၁၀၂ နှစ်တွင် ဆုံးပါးသွားပြီ။ ထိုသတင်းကို ဆုံးလျှင်ဆုံးချင်း အောက်တိုဘာ ၄ ရက် နေ့က ဗီယက်နမ် သူငယ်ချင်း တစ်ယောက်က Facebook ပေါ်တွင် ဝေမျှသည့်အတွက် ဦးဦးဖျားဖျား သိခွင့်ရလိုက်သည်။ 

ဆက်တိုက်ဆိုသလို အခြားဗီယက်နမ် သူငယ်ချင်းများကလည်း ဗိုငွင်ဇပ် ဆုံးသည့်သတင်းကို သူ့ထက်ငါ တင်လာကြသည်။ လူချစ်လူခင် များလှသည့် သူရဲကောင်းကြီးကို ဗီယက်နမ်သူ ဗီယက်နမ်သားတို့ အင်တာနက်ပေါ်တွင် လွမ်းဆွေး တမ်းတကြသည်။ ဗိုငွင်ဇပ် တစ်ယောက် ဆုံးပါးသောကြောင့် စိတ်မကောင်း ဖြစ်ကြသူများတွင် ဗီယက်နမ်စစ်ကို မမီလိုက်သူ ဗီယက်နမ် လူငယ်များစွာတို့ အပါအဝင် ဖြစ်သည့်အတွက် ဗီယက်နမ်တို့ သူ့ကိုလေးစားမှုအား မြင်နိုင်သည်။ ဗိုလ်ချုပ်ကြီး ဗိုငွင်ဇပ်သည် ခေတ်သစ် ဗီယက်နမ်ကို ထူထောင်သူ ရဲဘော်တစ်စု အနက်မှ နောက်ဆုံး ကျန်ရစ်သူ ဖြစ်သည်။ ဗီယက်နမ်၏ ဖခင်ကြီး ဟိုချီမင်းပြီးလျှင် အလေးစားခံရဆုံး ဗီယက်နမ် သူရဲကောင်း ဗိုငွင်ဇပ်သည် ဟိုချီမင်း၏ ညာလက်ရုံးလည်း ဖြစ်သည်။

ဗိုငွင်ဇပ်အကြောင်း မြန်မာပြန်ထားသော စာအုပ်ကို ငယ်စဉ်က ဖတ်မိကတည်းက သူ့ကို လေးစား မိသည်။ သူ့ကို လေးစားရင်း သူကိုယ်စားပြုသော ဗီယက်နမ်တို့၏ အနိုင်မခံ အရှုံးမပေး အလံမလှဲသော စိတ်ဓာတ်ကို မြတ်နိုးတတ်လာသည်။ နောင်ပြည်ပတွင် ကျောင်းသွားတက်၊ စာတမ်းသွားဖတ်၊ လေ့လာရေး ခရီးသွားရင်း ခင်လာသည့် ဗီယက်နမ် သူငယ်ချင်း အများစုသည်လည်း စိတ်ဓာတ် ပြင်းပြကြသည်။ မတော်သော ဗီယက်နမ်သာ တွေ့ဖူးသည်၊ မကြိုးစားသော ဗီယက်နမ် ကျွန်တော်မကြုံဖူးခဲ့။ ဗီယက်နမ်နိုင်ငံသည် ရုန်းကန်ရသော နိုင်ငံဖြစ်သည်။ သူ၏ ရပ်တည်မှုကို ခြိမ်းခြောက်သည့် နိုင်ငံများမှာ ထိတ်ထိတ်ကြဲတွေချည်း။ အိမ်နီးချင်း တရုတ်နှင့် နှစ်ထောင်ချီကာ တဂျိမ်းဂျိမ်း တိုက်ကြရသည်။ ရှုံးလိုက် နိုင်လိုက်၊ တရုတ်က စိုးမိုးထားချိန်များ လည်းရှိသည်။ သို့သော် ဗီယက်နမ်သည် တရုတ် ဖြစ်မသွား၊ ဗီယက်နမ်က ဗီယက်နမ်သာ။ နောက်ပိုင်းတွင် ပြင်သစ်လက်အောက်မှ လွတ်မြောက်အောင် ကြိုးစားရပြန်သည်။ ပြင်သစ်လက်မှ ကျွတ်သောအခါ မဟာအင်အားကြီး အမေရိကန်ပြည်ထောင်စုနှင့် ရင်ဆိုင် ရပြန်သည်။ ဗိုငွင်ဇပ်သည် ဗီယက်နမ် တပ်မတော်ကို ဦးဆောင်ပြီး ပြင်သစ်ရော အမေရိကန်ပြည်ထောင်စုကိုပါ အနိုင်တိုက်ခဲ့သည့် ခေတ်သစ် ဗီယက်နမ် သူရဲကောင်းကြီး ဖြစ်သည်။ 

သတင်းစာဆရာ၊ ကျောင်းဆရာ ဖြစ်သည့် ဗိုငွင်ဇပ်သည် စစ်ပညာကို ကိုယ့်ဘာသာကိုယ် လေ့လာ တတ်မြောက်ခဲ့သူ ဖြစ်သည်။ လူ ၃၄ ယောက်၊ အိုမင်းဟောင်းနွမ်း လက်နက်ငယ်များဖြင့် ပြောက်ကျားတပ် တစ်တပ်ကို ဗီယက်နမ်မြောက်ပိုင်း တောတွင်း၌  ၁၉၄၄ တွင် သူဖွဲ့စည်းခဲ့သည်။ ဗီယက်နမ်ကို တိုင်းတစ်ပါးသားတို့ လက်အောက်မှ လွတ်မြောက်အောင် သေသည်အထိ တိုက်ပွဲဝင်သွားရန် ကျိန်ဆိုခဲ့ကြသည့် ထိုလူ ၃၄ ယောက်သည် တပ်မတော် တစ်ရပ်အဖြစ် ကြီးထွားလာကာ ပြင်သစ် နယ်ချဲ့အင်ပါယာကို ပြိုကွဲစေခဲ့ပြီး နှစ်ခြမ်းကွဲနေသည့် ဗီယက်နမ်ကို ပေါင်းစည်းစေခဲ့သည်။ Red Napoleon ကွန်မြူနစ် နပိုလီယံဟု ပြင်သစ် စစ်သူကြီး နပိုလီယံနှင့် တင်စားခံရသော ဗိုငွင်ဇပ်သည် ပြောက်ကျား စစ်ပါရဂူဟု သူ၏ ပြိုင်ဘက်များရော စစ်ရေး ပညာရှင်များကပါ သတ်မှတ်ခြင်းခံရသည်။ သူ၏ ပြောက်ကျား နည်းစနစ်များကို ကမ္ဘာတစ်ဝန်း နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲများတွင် အတုယူ လက်ဆင့်ကမ်း သုံးစွဲခဲ့ကြသည်။ 

ကိုလိုနီအရှင်သခင် ပြင်သစ်တပ်များကို အငိုက်ဖမ်း အလဲထိုးကာ လွတ်လပ်ရေး အရယူနိုင်ခဲ့သည့် ဒိန်ဗင်ဖူး တိုက်ပွဲတွင် ဗိုငွင်ဇပ်၏ သမားရိုးကျ စစ်ပွဲတိုက်နိုင် စွမ်းအားကို အားလုံးက မျက်ဝါးထင်ထင် တွေ့မြင်ရသည်။ ဗိုငွင်ဇပ်သည် အမြောက်များကို ပြင်သစ်တို့ မသိအောင် အစိတ်အပိုင်းများအဖြစ် ဖြုတ်ပြီး စက်ဘီးနှင့်တင်ကာ တောကြီးမျက်မည်းနှင့် တောင်များကို ဖြတ်ပြီး ဗီယက်နမ်တပ်များ ချထားရာသို့ အရောက်ပို့သည်။ ဗီယက်နမ် အမြောက်များက တရစပ် စတင်ပစ်ခတ်သော အခါတွင် ပြင်သစ်တို့ အငိုက်မိပြီး ဗီယက်နမ်တို့ တိုက်အားကြောင့် နောက်ဆုံးတွင် လက်နက် ချလိုက်ရသည်။ ထိုအောင်ပွဲ အပြီးတွင် ဗိုငွင်ဇပ်သည် တစ်ဟုန်ထိုး နာမည်ကျော်ကြားသွားသည်။ ဒိန်ဗင်ဖူး တိုက်ပွဲအပြီးတွင် ဆွေးနွေးပွဲ စကားဝိုင်းသို့ ဗီယက်နမ် ရောက်ခဲ့သော်လည်း တောင်ဗီယက်နမ်နှင့် မြောက်ဗီယက်နမ်ဟု နှစ်ခြမ်းကွဲသည်။ တောင်ဗီယက်နမ်သည် အမေရိကန်၏ ရုပ်သေးဟုထင်သည့် မြောက်ဗီယက်နမ်နှင့် တောင်ဗီယက် နမ်တင်းမာမှု မြင့်သထက် မြင့်လာပြီး စစ်ဖြစ်သည်။ တောင်ဗီယက်နမ် ကျသွားလျှင် မီးခိုးကြွက်လျှောက် လိုက်ပြီး ဒေသတွင်း အခြားနိုင်ငံများပါ ကွန်မြူနစ်တို့ လက်အောက်ကျသွားမည် စိုးသဖြင့် တောင်ဗီယက်နမ်ကို အမေရိကန်ပြည်ထောင်စုက ပံ့ပိုးအားပေးသည်။ လက်နက်ရိက္ခာ ထောက်ပံ့ရာမှ ဗီယက်နမ် စစ်ရှိန် တက်လာချိန်တွင် စစ်ထဲသို့ အမေရိကန် ကိုယ်တိုင် ပါဝင်တိုက်ခိုက်သည်။ 

ဗိုငွင်ဇပ်သည် တောင်ဗီယက်နမ်ကို နှစ်သစ်ကူး တက်ပွဲတော်တွင် ထိုးစစ်ကြီး ဆင်သည်။ စစ်ရေးအရ အောင်မြင်သည်ဟု ပြောရခက်သော်လည်း နှစ်ဖက် အကျအဆုံး များလှသဖြင့် စစ်ကို လွယ်လွယ်ဖြင့် အဆုံးသတ်နိုင်မည်ဟု ထင်နေကြသော အမေရိကန် မူဝါဒ ချမှတ်သူများနှင့် သာမန်ပြည်သူများကို မျက်လုံး ပွင့်သွားစေသည်။ တီဗီ၊ သတင်းစာများတွင် တွေ့ရသော စစ်၏ အနိဋ္ဌာရုံများကြောင့် အမေရိကန်တွင် စစ်ဆန့်ကျင်ရေးများ ပေါ်ပေါက်လာသလို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သမ္မတတို့ကိုလည်း စစ်ဆက် လက်ဆင်နွှဲလိုစိတ် ကုန်ခန်းစေခဲ့သည်။ ဗိုငွင်ဇပ်သည် ဗီယက်နမ်စစ်ကို အမေရိကန်ပြည်ထောင်စု ဧည့်ခန်းများ အတွင်းသို့ အရောက်ပို့ခဲ့ခြင်းကြောင့် သမ္မတနစ်ဆင် လက်ထက်တွင် အမေရိကန်တို့ စတင်ဆုတ်ခွာပြီး ၁၉၇၃ တွင် တပ်များ အပြီးရုပ်သိမ်းသည်။ ၁၉၇၅ တွင် တောင်ဗီယက်နမ်မြို့တော် ဆိုင်ဂုံ (ယခု ဟိုချီမင်းစီးတီး) ကျသည်။ အမေရိကန်တို့ ပထမဆုံး ရှုံးနိမ့်သည့် ဗီယက်နမ်စစ်တွင် အမေရိကန် ငါးသောင်းရှစ်ထောင် သေဆုံးပြီး ထိုစစ်၏ ရိုက်ခတ်မှုများသည် ယနေ့ထက်တိုင် ရှိနေဆဲ။

ဗိုငွင်ဇပ်သည် နှစ်ဆယ်ရာစုအတွင်း အကြီးမြတ်ဆုံး စစ်သူကြီးများတွင် တစ်ဦး အပါအဝင်ဖြစ်ပြီး အောင်ပွဲများ အလီလီရသော်လည်း သူ့တပ်များသည် အကျအဆုံး များသဖြင့် ဝေဖန်သူတို့က သူသည် လူ့အသက်ကို ဖက်ရွက်မျှ မမှတ်ဟု ဆိုကြသည်။ ‘ကမ္ဘာပေါ်တွင် တစ်နေ့တစ်နေ့ ရောဂါဖြင့်၊ အခြား အကြောင်းဖြင့် သေသောသူများနှင့် နှိုင်းယှဉ်လျှင် တိုက်ပွဲများတွင် သေရသူများမှာ အနည်းငယ်သာ’ ဟု သူက တုံ့ပြန်သည်။ သို့သော် သူ့တပ်များထက် ခေတ်မီသော လက်နက်များ တပ်ဆင်ထား၊ ပိုပြီးလည်း ဝဝလင်လင် စားသောက်ရ၊ အထောက်အပံ့များလည်း ပိုကောင်းသည့် တပ်မတော်များကိုသာ သူ ရင်ဆိုင်ခဲ့ရသည်။ သူသည် ဗီယက်နမ် ရှေးသူရဲကောင်းများကို အားကျပြီး သူတို့၏ ဗျူဟာများကို ဖတ်ရှုလေ့လာသည်။ တရုတ်ခေါင်းဆောင် မော်စီတုန်း၏ စစ်ဗျူဟာများကို လည်း လေ့လာပြီး လက်တွေ့အသုံးချသည်။ မည်သည့် နှုန်းစံနှင့်ပင် ကြည့်ကြည့် ဗိုငွင်ဇပ်သည် ရန်သူများက ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသော စစ်ပါရဂူ ဂုရုကြီး ဖြစ်သည်။   ‘People should not be overawed by the power of modern weapons’ ‘ခေတ်မီ လက်နက်များ၏ စွမ်းအားကို အလေးစားမလွန်ဖို့ လိုသည်’ ဟု သူက ရေးသားသည်။ ‘လူသားတွေရဲ့ တန်ဖိုးကသာ အောင်မြင်မှုကို ဆုံးဖြတ်လိမ့်မယ်’ ဟုလည်း ဆိုသည်။ 
စစ်မြေပြင်တွင် သူ၏ အောင်မြင်မှုများကြောင့် အမိမြေတွင် ရန်သူများ ပွားစေခဲ့သည်ဟု ဆိုရမည်လော မသိ။ အာဏာလုပွဲများ အကြားတွင် ဗိုငွင်ဇပ်သည် တဖြည်းဖြည်း ဘေးရောက်သည်။ ဗီယက်နမ်စစ်ပွဲ အပြီးတွင် သူသည် အရာမှကျပြီး ပေါ်လစ်ဗျူရိုမှ ထွက်လိုက်ရသည်။ ဒုဝန်ကြီးချုပ် အဖြစ်ဖြင့် သိပ္ပံနှင့် ပညာရေးဝန်ကြီးဌာနကို တာဝန်ယူရပြီး တစ်ကြိမ်တွင် ကလေးမွေးဖွားမှုနှုန်း ထိန်းချုပ်ရေးကို ဆောင်ရွက်ရသည်ဟု ဆိုသည်။ နာမည်ကျော်ကြီး ဖြစ်သောကြောင့် အလွယ်တကူ ပမထုတ်လိုက်သော်လည်း တကယ့်အာဏာမူ မရှိတော့။ ဗီယက်နမ်သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ထိပ်တန်း ဧည့်သည်တော်များကို ဧည့်ခံသူအဖြစ်နှင့် လည်းကောင်း၊ စာပေများ လေ့လာဖတ်ရှုခြင်းဖြင့် လည်းကောင်း ဘဝနေဝင်ချိန်ကို ကုန်ဆုံးစေခဲ့သည်။ 

ဗိုငွင်ဇပ် အနိုင်တိုက်ခဲ့သော အမေရိကန်ပြည်ထောင်စုနှင့် ဗီယက်နမ်သည် ယခုအခါတွင် ရွှေလမ်းငွေလမ်း ပြန်ဖောက်နေကြပြီ။ ဗိုငွင်ဇပ် ကိုယ်တိုင်လည်း သူနှင့် ဗီယက်နမ်စစ်အတွင်း ရင်ဆိုင် ယှဉ်ပြိုင်ခဲ့သည့် ရန်သူဟောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် မက္ကနာမားရားနှင့် ၁၉၉၅ ခုနှစ်က ချစ်ကြည်ရင်းနှီးစွာ ပြန်လည် တွေ့ဆုံခဲ့သည်။ “အရင်ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ရန်သူဟာ ကျူးကျော်သူတွေပဲ။ ဒါကြောင့် စစ်တွေ တိုက်ခဲ့ကြရတယ်” ဟု ဗိုငွင်ဇပ်က ဆိုသည်။ 

“အခုတော့ ကျွန်တော်တို့ဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်နေပြီ။ ပြန်လည် ပေါင်းစည်းမိကြပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အကြီးဆုံး ရန်သူဖြစ်တဲ့ ဆင်းရဲ မွဲတေခြင်းနဲ့ စီးပွားရေး ခေတ်နောက်ကျနေတာကို တိုက်ဖို့ အချိန်ရောက်ပြီ” ဟု တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် စစ်သားဟောင်းကြီးက ပြောဆိုခဲ့သည်။

စစ်ပွဲကြီးများ၊ မဟာရန်သူကြီးများကို အနိုင်တိုက်ခဲ့သော ဗိုငွင်ဇပ်တစ်ယောက် သေမင်းနှင့် ခင်းရသော စစ်ပွဲတွင်တော့ အရှုံးပေးရပြီ။ သူ၏ နောက်ဆုံးခရီးကို နိုင်ငံတော်ဈာပန အဖြစ်ဖြင့် ကျင်းပပြီး နှစ်ရက်ကြာ အောက်မေ့လွမ်းဆွတ် ဂုဏ်ပြုကြသည်။ မိခင်နိုင်ငံ ဗီယက်နမ် သတင်းစာများရော ရန်သူဟောင်း အမေရိကန် သတင်းစာများကပါ သူ့အကြောင်းကို ချီးကျူး ရေးသားကြသည်။ 

သူ့ဘဝနှင့် ရင်းပြီး ချစ်ခဲ့ရသော ဗီယက်နမ်သည် အောင်မြင် ခေတ်မီသော လမ်းကြောင်းပေါ်တွင် ရောက်နေပြီ ဖြစ်သည့်အတွက် ကျောင်းဆရာ တစ်ဖြစ်လဲ စစ်ပါရဂူကြီး အသေဖြောင့်ပါ လိမ့်မည်။

(ေဇယ်သူ)

၂၀ ရာစု၏ အတောက်ပြောင်ဆုံး စစ်သူကြီး တစ်ဦးဖြစ်သည့် ဗီယက်နမ် လွတ်လပ်ရေး သူရဲကောင်း ဗိုငွင်ဇပ် အသက် ၁၀၂ နှစ်တွင် ဆုံးပါးသွားပြီ။ ထိုသတင်းကို ဆုံးလျှင်ဆုံးချင်း အောက်တိုဘာ ၄ ရက် နေ့က ဗီယက်နမ် သူငယ်ချင်း တစ်ယောက်က Facebook ပေါ်တွင် ဝေမျှသည့်အတွက် ဦးဦးဖျားဖျား သိခွင့်ရလိုက်သည်။

ဆက်တိုက်ဆိုသလို အခြားဗီယက်နမ် သူငယ်ချင်းများကလည်း ဗိုငွင်ဇပ် ဆုံးသည့်သတင်းကို သူ့ထက်ငါ တင်လာကြသည်။ လူချစ်လူခင် များလှသည့် သူရဲကောင်းကြီးကို ဗီယက်နမ်သူ ဗီယက်နမ်သားတို့ အင်တာနက်ပေါ်တွင် လွမ်းဆွေး တမ်းတကြသည်။ ဗိုငွင်ဇပ် တစ်ယောက် ဆုံးပါးသောကြောင့် စိတ်မကောင်း ဖြစ်ကြသူများတွင် ဗီယက်နမ်စစ်ကို မမီလိုက်သူ ဗီယက်နမ် လူငယ်များစွာတို့ အပါအဝင် ဖြစ်သည့်အတွက် ဗီယက်နမ်တို့ သူ့ကိုလေးစားမှုအား မြင်နိုင်သည်။ ဗိုလ်ချုပ်ကြီး ဗိုငွင်ဇပ်သည် ခေတ်သစ် ဗီယက်နမ်ကို ထူထောင်သူ ရဲဘော်တစ်စု အနက်မှ နောက်ဆုံး ကျန်ရစ်သူ ဖြစ်သည်။ ဗီယက်နမ်၏ ဖခင်ကြီး ဟိုချီမင်းပြီးလျှင် အလေးစားခံရဆုံး ဗီယက်နမ် သူရဲကောင်း ဗိုငွင်ဇပ်သည် ဟိုချီမင်း၏ ညာလက်ရုံးလည်း ဖြစ်သည်။

လူနင်းခံရလို့ လူ ၈၀ ကျော်သေဆုံး

အိန္ဒိယ ဟိန္ဒူဘုရားပွဲတော်ကို လာကြတဲ့လူတွေ လူနင်းမိပြီး လူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။

မဒရာ ပရာဒက်ရှ် မှာရှိတဲ့ ဟိန္ဒူ ဘုရား ကျောင်း တကျောင်း ဆီ သွားရာ ကျဉ်းမြောင်းတဲ့ တံတားလေး ပေါ်မှာ ဘုရား ဖူးလာတဲ့ ထောင်သောင်းချီ ပရိသတ်တွေ စုပြုံ တိုးဝှေ့ ကြရာကနေ လူနင်းမိပြီး သေဆုံးခဲ့ကြတာဖြစ်ပါတယ်။

လူနင်းမိပြီး သေဆုံးကြသူတွေ အပြင် တံတားအောက် မြစ်ထဲခုန်ချပြီး ရေနစ်သေဆုံးကြသူတွေလည်း ရှိပါတယ်။ မသေဘဲ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံအရာရှိ တယောက်ကပြောပြီး အရေးပေါ်ကယ်ဆယ်ရေး သမားတွေက လည်း မြစ်ထဲမှာ အလောင်းတွေ လိုက်လံ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဖြူးတွင် ဒုတိယအကြိမ် ခေါင်းဖြတ် လူသတ်မှု တစ်ခုဖြစ်ပွား

ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ခင်တန်းကြီးအုပ်စု၊ ကျွဲမကူး ကျေးရွာတွင် မနေ့ ညနေ ပိုင်း (၁၂.၁၀.၂၀၁၃)နေ့ ညနေ(၆း၀၀)အချိန်ခန့်က လင်မယား(၂)ယောက်အား ခေါင်းဖြတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါတယ်။

ကျွဲမကူးကျေးရွာ၏ အနောက်ဘက် (၁)ဖာလုံခန့် အကွာ ဒေါ်သန်းသန်းလွင်၊(၄၉)နှစ်၊(ဘ)ဦးစိုးမြင့်၊ ဈေးရပ်ကွက်(၂)လမ်း၊ မြို့မအနောက်ရပ်ကွက်၊ ဖြူးမြို့နေသူ၏ ပျဉ်းကတိုး စိုက်ခင်းတွင် အစောင့် လုပ်ကိုင်နေသော ဦးဇော်မင်း၊(၅၆)နှစ်၊(ဘ) ဦးဇသန်းဘဟာဒူး၊ဂေါ်တဂါး/ဗုဒ္ဓ၊နှင့်၎င်း၏ ဇနီးဖြစ်သူ ဒေါ်တင်ရွှေ ၊(၅၅)နှစ်၊တို့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။

အဆိုပါ လင်မယား ပြန်မလာသဖြင့် ကိုဝင်းလှိုင် နှင့် ကိုအေးနိုင်တို့ စိုက်ကွင်းအတွင်းသို့ သွား ရောက်ကြည့်ရှုရာ တဲအတွင်းရှိ မြေကြီးပေါ်၌ ဦးဇော်မင်းမှာ လည်ပင်းပြတ်၊ ခေါင်းရှာမတွေ့၊ ယာရင်အုံထိုးသွင်းဒ ဏ်ရာတစ်ချက်၊၄င်း၏ဇနီး ဒေါ်တင်ရွှေ မှာ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်း ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးသည်ကို တွေ့ရှိရတာပါ။
Related Posts Plugin for WordPress, Blogger...

ShareThis