menu

Sunday 18 December 2011

BIG CALLER ID(Mobile)

Big Caller IDလို့ခေါ်တဲ့ ဒီဆော့ဝဲလ်လေးဟာ သင့်ရဲ့ Phone Contacts List ထဲကအမည်တွေနဲ့တွဲထားတဲ့ဓာတ်ပုံတွေကို Phone Screen အပြည့်မြင်ရအောင်
လုပ်ပေးပါလိမ့်မယ်၊အသုံပြုချင်တယ်ဆိုရင် www.mobile9.com မှာ
Download ရယူအသုံးပြုနိုင်ပါတယ်။

အလင်းသစ်ရွေးသီရာ ၀တ္ထုတိုများ (၂၀၁၀)

စာရေးဆရာ၊ဆရာမ(၂၄)ယောက်တို့ရဲ့မဂ္ဂဇင်းဝတ္ထုတို (၂၄)ပုဒ်ကို စုစည်းပြီး အလင်းသစ်စာပေက ထုတ်ဝေပေးထားတာပါ၊လူ့အဖွဲ့အစည်း
အတွင်းက ၀ိရောဓိတွေ၊အနိုင်ကျင့်မှူတွေ၊ဘ၀အားမာန်တွေ၊နေထိုင်မှုပုံ
စံတွေကို မတူညီတဲ့တင်ပြမှုတွေနဲ့ ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ စာအုပ်ဖြစ်ပါ
တယ်၊ရသစာပေချစ်မြတ်နိုးသူတွေ ရှာဖွေဖတ်ရှုသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်
ပါကြောင်း..........

ကျဆင်းနေတဲ့စာဖတ်ခြင်း


   မြန်မာနိုင်ငံရဲ့ကျောင်းအတော်များများမှာရောမြို့အတော်များများမှာပါ စာကြည့် တိုက်လေးတွေရှိကြပါတယ်၊ဒါပေမယ့်စာကြည့်တိုက်အတော်များများဟာ စာဖတ်သူအရေအတွက်နဲ့စာအုပ်အရေအတွက် တဖြည်းဖြည်းလျော့နည်းလာပြီး စာကြည့်တိုက်မှူးတွေရဲ့စိတ်အားမတက်ကြွမှုတွေနဲ့အတူ သော့ခတ်ပိတ်ထားရတဲ့အခြေအနေတွေများလာပါတယ်၊ကလေးတွေ လူငယ်တွေရဲ့စာဖတ်ဝါသနာကို အစပြုပေးနိုင်တဲ့ ကျောင်းစာကြည့်တိုက်၊ရပ်ကွက်စာကြည့်တိုက်တွေနည်းပါးလာတာကြောင့် ယနေ့ခေတ်လူငယ်တွေရဲ့ ခံယူချက်အမြင်တွေ၊အနေအထိုင်အပြုအမူတွေနဲ့ လူမှုရေးလုပ်ဆောင်ချက်တွေကိုအနည်းနှင့်အများ ထိခိုက်လာနိုင်ပါတယ်။
                   အလိမ္မာ စာမှာရှိ ဆိုသလို ကလေးတွေလိမ္မာရေးခြားရှိမှုအတွက် မိဘနဲ့ဆရာတွေက အားလုံးပြည့်စုံအောင် မသွန်သင်နိုင်ပါဘူး၊စာအုပ် စာပေတွေဖတ်ရှူပြီး အမှားအမှန်ခွဲခြားကာ မိမိကိုယ်မိမိပြည့်စုံအောင် ပြုပြင်သင်ကြားရမှာဖြစ်ပါတယ်၊ရိုသေလေးစားတတ်အောင်၊အပြောအဆိုအနေအထိုင်ယဉ်ကျေးအောင်၊
စည်းကမ်းရှိတတ်အောင်၊တိုင်းပြည်နဲ့လူမျိုးကိုချစ်တတ်လာအောင် စာအုပ်တွေကအများကြီးထောက်ပံ့ပေးနိုင်ပါတယ်၊ခံယူချက်အမြင်တွေ၊လူမှုရေးအမြင်တွေ၊ဗဟုသုတတွေ
ဖွင့်ဖြိုးလာအောင်လည်း စာအုပ်တွေကတတ်နိုင်ပါတယ်။ဒီနေ့ခေတ်လူငယ်တွေရဲ့ အပန်းဖြေအားလပ်ချိန်တွေကို အင်တာနက်ဆိုင်၊ဂိမ်းဆိုင်တွေကဘဲ သိမ်းယူထားပြီး စာအုပ်စာပေတွေနေရာမရဖြစ်နေတယ်ဆိုတာကို ရပ်ကွက်တွေထဲမှာရှားပါးပျောက်ကွယ်လာတဲ့
စာအုပ်အငှားဆိုင်တွေကသက်သေပြနေပါတယ်။
                  တိုးတက်လာတဲ့ခေတ်နဲ့အညီအပန်းဖြေမှုပုံစံပြောင်းလဲလာတာအပြစ်ပြောစရာမဟုတ်ပေမယ့်
အခြေခံအသိပညာ၊ဗဟုသုတတွေရရှိနိုင်တဲ့ စာဖတ်အားတွေ လူငယ်တွေဆီမှာကျဆင်းလာတာစိတ်မကောင်းစရာဖြစ်ပါတယ်။ဒါကြောင့်ဘက်စုံထူးချွန်ပြီး လူရောစိတ်ပါ အဆင့်အတန်းမြင့်တဲ့ လူငယ်တွေများလာအောင် မိဘတွေက မိမိသားသမီးတွေစာဖတ်ဝါသနာပါလာအောင် လမ်းပြစွဲဆောင်သင့်ပြီး ဆရာတွေကလည်းစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုသဘောပေါက်လက်ခံလာအောင်ညွှန်ပြ
သွန်သင်သင့်ပါတယ်၊ကျောင်းစာကြည့်တိုက်တွေရပ်ကွက်စာကြည့်တိုက်တွေအနေနဲ့လည်း ၀ါသနာအရင်းခံပြီး စေတနာနဲ့ကြိုးစားလိုစိတ်အပြည့်ရှိတဲ့ စာကြည့်တိုက်မှူးတွေကိုရွေးချယ် ခန့်ထားသင့်ပါတယ်၊အများပြည်သူတွေကလည်း မိမိဖတ်ရှုပြီးသားစာအုပ်စာပေတွေကို နီးစပ်ရာစာကြည့်တိုက်တွေ စာဖတ်ဝါသနာပါသူတွေဆီကို လက်ဆင့်ကမ်းလှူဒါန်းကြမယ်ဆိုရင်ဖြင့် ယနေ့လူငယ်တွေကြားမှာကျဆင်းလာပြီဖြစ်တဲ့ စာဖတ်အလေ့အကျင့်လေးကို ပြန်မြှင့်တင်နိုင်ပါလိမ့်မည်ဟု
ယုံကြည်မိပါကြောင်း...........
Related Posts Plugin for WordPress, Blogger...

ShareThis