
မြန်မာ ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု ကွန်ယက်
တစ်ခု ဖြစ်တဲ့ Facebook ကို သုံးစွဲ နေ ပြီး မိတ်ဆွေ ဆယ်ဦး လောက်သာ ရှိတယ် လို့  ဆို
တဲ့ သူ့  ရဲ့  Facebook နာမည် နဲ့  မြန်မာ သတင်း တွေ ၊ ဆွေးနွေး မှု မှတ် ချက် တွေ ကို လိုက်
လံ ကြည့် ရှု တယ် လို့  ဆို ပါတယ်။
ရံဖန် ရံ ခါ မှာ မြန်မာ Facebook page တွေ က တင် ဆက် မှု အချို့  ကို သူ LIKE လဲ လုပ်
တတ် တယ် ၊ သူ ကြိုက်တာ တွေ့ ရင် ပေါ့ လေ များ သော အား ဖြင့် တော့ တိတ်တိတ် ဆိတ်
ဆိတ် ပဲ ကြည့် တတ် ပါတယ် လို့  သူ ၏ မိသားစု နှင့် နီးစပ် သော အစိုးရ အရာ ရှိ ဟောင်း
တစ်ဦး က ပြောသည်။
ဗိုလ်ချုပ် မှုးကြီး သန်း ရွှေ နှင့် ပြီး ခဲ့ သည့် လ အတွင်း က ဆုံ ဖြစ်ခဲ့ သည့် အစိုးရ အရာ ရှိ ဟောင်း
တစ်ဦး က ” ကျွန်တော် ကို Facebook သုံးလား မေးတယ်။ သူက Facebook က နေ မြန်မာ သတင်း
တွေ ၊ ဝေဖန် ထားတာ တွေ ၊ မှတ် ချက် တွေ ကြည့် ဖို့  ပြောတယ်။ သူ အရင် က တာဝန် နဲ့  မအား
လပ် လို့  မကြည့် ဖြစ် ပေမယ့် အခု ပုံ မှန်ကြည့် ဖြစ်တယ် ” လို့  ထို အစိုးရ အရာရှိ ဟောင်း တစ်ဦး
က FNG ကို ပြောသည်။






မျက်ရည် အပြည့်နှင့် မျက်နှာ။ စူးစူးရဲရဲ အကြည့်။ လက်ထဲတွင် တမြမြ လက်နေသည့် ဓားတစ်ချောင်း။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ်ရုံးခန်း
ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ရက်နေ့နံနက်ပိုင်းက
ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ် ၅ရပ်ကွက်၊ အမှတ် ၂၆၊ကိုးမိုင်
ပြည်လမ်းနှင့် စော်ဘွားလမ်းထောင့်တွင် ကျင်းပခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဦးသန့်၏ ဘ၀ဖြတ်သန်းမှုအား
မှတ်တမ်းဇာတ်ကား အဖြစ် ၂၀၁၃ ခုနှစ်တွင် ဒါရိုက်တာ ၀ိုင်းက
ရိုက်ကူးဖန်တီးသွားမည်ဖြစ်ပြီး လိုအပ်သည့် ပြင်ဆင်မှုများအတွက် တစ်နှစ်ကာလ
အချိန်ယူပြင်ဆင်သွားမည်ဟု သိရှိရသည်။ ဦးသန့်သည် ၁၉၆၂ ခုနှစ်မှ ၁၉၇၁
ခုနှစ်အထိ ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့သူ
တစ်ဦးဖြစ်သည်။
“ကျွန်တော့်ကို ဦးသန့်ရဲ့သမီး ဖြစ်သူဒေါ်အေးအေးသန့်က မှတ်တမ်း
ဇာတ်ကားရိုက်ကူးဖို့ အကူအညီ တောင်းခံခဲ့တာပါ။ မြန်မာနိုင်ငံကို
ကမ္ဘာကသိတဲ့သူ သုံးဦးပဲရှိပါတယ်။ ဦးသန့်ရယ် ဗိုလ်ချုပ်အောင်ဆန်းရယ်
ဒေါ်အောင်ဆန်းစုကြည်ရယ်ပါ။အဲဒီ သုံးဦးအနက်က မှတ်တမ်းဇာတ်ကားရိုက်ဖို့
ကျန်တာဦးသန့်တစ်ဦးပဲ ကျန်ပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့
လက်ခံလိုက်တာပါ။ ဒီလို ကမ္ဘာကသိတဲ့ ခေါင်းဆောင်တစ်ယောက်ကို မှတ်တမ်းဇာတ်ကား
ရိုက်ကူးဖို့ဆိုတာ ကျွန်တော့်အတွက် အင်မတန် တာဝန်ကြီးပါတယ်။ ဒါကြောင့်
ကျွန်တော့်အနေနဲ့ ၂၀၁၃ သြဂုတ်လ အထိ ပြင်ဆင်ချိန် တစ်နှစ်ယူထားပါတယ်။
နောက်နှစ်သြဂုတ်လမှာ အမေရိကားကို သွားရောက်ပြီး ရိုက်ကူးမှာပါ။ ဒီတစ်နှစ်တာ
ကာလအတွင်းမှာတော့ ပြင်ဆင်စရာရှိတာအားလုံး ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်” ဟု
အဆိုပါ မှတ်တမ်းဇာတ်ကားအား ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက ရှင်း ပြခဲ့သည်။
ပလေးဘွိုင်းသန်းနိုင်၏ ၆၂ နှစ် ပြည့်မွေးနေ့ Sweet 17 ပွဲကို ၀ါရင့်
စတီရီယို အဆိုတော်များစွာဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင်
မြို့မကျောင်းလမ်းရှိ အမျိုးသား ဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရှိရသည်။


