menu

Saturday 21 September 2013

ဆီဒိုးနားသတင်းမှာ မိမိတို့ နောက်ပြောင်မှုတစ်ခုသာဖြစ်ကြောင်း Blink Hacker Group (BHG) အဖွဲ့သတင်းထုတ်ပြန်

ကျနော် နဲ့  SE-Do-Nar :P

September 21, 2013 at 12:12pm

ဇာတ်လမ်းအစ ကတော့….

ဆီဒိုးနားသို့  taxi လည်း ရောက်ခဲ့လေတော့ ကောင်တာကိုသွားပြီး ကောင်တာက ကောင်မလေးကတော့ အပြုံးများစွာနဲ့  မိတ်ဆက်ပီး ID တောင်းတော့ Passport ထုတ်ပေးလိုက်ပါတယ်။

အကိုက မြန်မာပြည်ကို အလည် လာတာလား…

ဟုတ်.. မရောက်တာ ကြာလို့ ပေါ့…

ဘယ်နှစ်ရက်လဲ အကို

၁ ရက်တည်းပါ..

ဒီမှာ တစ်ရက်တည်းဘဲ လာလည်တာလား အကို

ဟုတ်ဘူး ညီမ ရေ ..  ချောင်းသာတို့  နေပြည်တော်ကို သွားမှာလေ…

အော် ဟုတ်ကဲ့ပါ.. ရှင် ..

Key card ကို  ကောင်မလေးက ပေးတော့ ယူပြီး ကိုယ့်အခန်းရှိရာသို့  ထွက်လာခဲ့တော့တယ်၊ အခန်းထဲကိုရောက်တော့ ကုတင်ပေါ်တွင် ခဏတာနားပြီး ထထိုင်မိလိုက်တယ်၊ အခန်းကိုတော့ မကြိုက်၊  အောက်သို့ ဆင်းလာခဲ့ပြီး ကောင်တာဆီသို့  ခြေဦးတည့်ခဲ့လေတော့သည်။

ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ

Photo: ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူ ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု
 ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောပြီ

ရန်ကုန်-စက်တင်ဘာ၂၁
ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာသမားများအား
ယနေ့တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ငွေစာရင်းဖွင့်ထားသည့် သတင်းထွက်ပေါ်ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်းအမည်တပ်ရေးသားဖော်ပြမှုအား ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။
အကယ်၍ ဂျာနယ်က ဖော်ပြသည့်သတင်းမှန်ကန်ပါက သက်သေအထောက်အထားနှင့်တကွ ဖော်ပြစေလိုကြောင်းနှင့် 
ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းဆိုခဲ့သည်။
နိင်ငံတော်အစိုးရ၏ ပြည်ထောင်စုဝန်ကြီးများထဲ၌ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့မှာ ပြုပြင်ပြောင်းလဲမှုကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းတို့၌ 
လှုပ်ရှားပါဝင်မှုအများဆုံးဖြစ်သည့်အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစုတို့နှင့် တွေ့ထိမှု အများစုပြုလုပ်နိုင်ခဲ့ကြသူများဖြစ်သည်။၀၅၁

ရန်ကုန်-စက်တင်ဘာ၂၁
ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် မမှန်မကန်ရေးသားဖော်ပြသူက ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက မီဒီယာသမားများအား
ယနေ့တွင် Myanmar Peace Centre ၌ တွေ့ဆုံပြောဆိုလိုက်သည်။
အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က နိုင်ငံခြား၌ငွေစာရင်းဖွင့်ထားသည့် သတင်းထွက်ပေါ်ဟူသော သတင်းခေါင်းစဉ်ဖြင့် ၄င်းအမည်တပ်ရေးသားဖော်ပြမှုအား ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
“စာပေလွတ်လပ်ခွင့် က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။ မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။ ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကိုချိုးဖောက်တာပဲ”ဟု ၀န်ကြီးဦးစိုးသိန်းကပြောသည်။
အကယ်၍ ဂျာနယ်က ဖော်ပြသည့်သတင်းမှန်ကန်ပါက သက်သေအထောက်အထားနှင့်တကွ ဖော်ပြစေလိုကြောင်းနှင့်
ဟုတ်မှန်ပါက ၄င်းကို စစ်ဆေး၍ ထောင်ချနိုင်ကြောင်း ဦးစိုးသိန်းက ထပ်လောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ မော်တော်ယာဉ် စထုတ်မည်ဟု နစ်ဆန်းကြေညာ

နေပြည်တော်၊ စက်တင်ဘာ ၂၀

ဂျပန်နစ်ဆန်း (Nissan) ကုမ္ပဏီနှင့် မလေးရှားမှ Tan Chong Group တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် နစ်ဆန်း မော်တော်ယာဉ် စက်ရုံက ၂၀၁၅ ခုနှစ...်မှ စတင်၍ နှစ်စဉ် မော်တော်ယာဉ်စီးရေ တစ်သောင်း ထုတ်လုပ်မည် ဖြစ်ကြောင်း နစ်ဆန်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Carlos Ghosn က ပြောကြားသည်။
“ဒီမှာခေတ်စားနေတဲ့ ဆီဒင်ပုံစံမျိုးတွေနဲ့ ဆန်နီတွေ စထုတ်မယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ရုံစီမံကိန်းကို သုံးနှစ် စီမံကိန်းဖြင့် စတင်မည်ဖြစ်ပြီး လုပ်သား ၃၀၀ ခန့် လိုအပ်ချက်ရှိနိုင်မည် ဖြစ်ကြောင်း Tan Chong ကုမ္ပဏီမှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Dato’ Tan Heng Chew က ပြောကြားသည်။

အဆိုပါ စက်ရုံ၌ အမေရိကန်ဒေါ်လာ ၇၄ သန်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး သန်း ၅၀ မှာ စက်ရုံတည်ဆောက်မှု သီးသန့်အတွက် ဖြစ်သည်ဟု Mr.Carlos Ghosn က ဆိုသည်။

ရွာသားများနှင့် ရဲများ ပဋိပက္ခဖြစ်ခဲ့မှု ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံဝတ် ဝင်ဖမ်းခြင်း မရှိဟုဆို


နေပြည်တော်၊ စက်တင်ဘာ ၂၀

နေပြည်တော် ပုဗ္ဗသီရိ အပူပိုင်း စိမ်းလန်းစိုပြည်ရေး စီမံကိန်းဝင်းအတွင်း စိုက်ပျိုးထားသည့် ယူကလစ်ပင်များ ဝင်ခုတ်မှုဖြင့် ဝဲကြီးရွာသားလေးဦးကို ဖမ်းဆီးရာမှ ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ခဲ့မှုတွင် ကျေးရွာကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံဝတ်ဆင်ကာ ဖမ်းဆီးမှုတွင် ပါဝင်သည်ဆိုသည့် ကောလာဟလမှာ မမှန်ကန်ကြောင်း ပုဗ္ဗသီရိမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သို့သော် ရဲတပ်ဖွဲ့၏ ဝင်ရောက် ဖမ်းဆီးမှုခံရသူ ဦးဇော်လတ်ကမူ ကျေးရွာ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးက ရဲဝတ်စုံ ဝတ်ဆင်ကာ ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်နှင့် ပူးပေါင်းပြီး ၎င်းတို့ကို ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ပြောကြားသည်။
“ကျွန်တော့်ကို ရဲတစ်ယောက်က ဖမ်းထားပြီး လည်ပင်းကို တက်နင်းထားတယ်” ဟု ၎င်းက ဆိုသည်။

ယူကလစ်ပင်များ ခုတ်မှုဖြင့် သက်ဆိုင်ရာက ဖမ်းဝရမ်း ထုတ်ထားသည့် ဝဲကြီးရွာသားများဖြစ်သော ဦးဇော်လတ်၊ ဦးထွန်းထွန်း၊ ဦးဝင်းနိုင်နှင့် ဦးဝင်းကြည်တို့ကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင် ၃၀ တို့က ဝင်ရောက် ဖမ်းဆီးစဉ် ဝဲကြီး ကျေးရွာအုပ်စုတွင် ပါဝင်သည့် အင်းတိမ်ကျေးရွာ ကြံ့ခိုင်ရေး စည်းရုံးရေးမှူးသည် ရဲတပ်ဖွဲ့ဝတ်စုံ ဝတ်ဆင်၍ ဝင်ရောက် ဖမ်းဆီးရာတွင် ပါဝင်သည်ကို သက်သေနှင့် တကွ ပြောနိုင်ကြောင်း

အသည်းကွဲသူများအသင်း နှစ်ပတ်လည် အစီရင်ခံစာ....(မင်းလူ)



အသည်းကွဲသူများအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို အသင်းပိုင် ချစ်ဒုက္ခခန်းမ၌ပြုလုပ်ရာ အသင်းသားများ စုံညီစွာ တက်ရောက်ကြပါသည်။ ရှေးဦးစွာ သဘာပတိက အမှာစကားပြောကြားရာတွင် ...
မိမိတို့၏ အသည်းကွဲသူများအသင်းကို စတင်တည်ထောင်ခဲ့သည်မှာ ဆယ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ တစ်နှစ်ထက်တစ်နှစ် အသင်းဝင်ဦးရေ ပိုမိုတိုးတက်များပြားလာသည်ကို တွေ့ရကြောင်း ၊ အသင်းဝင်ဦးရေ လက်ခံရာတွင် စည်းကမ်းချက်များနှင့်အညီ စိစစ်ရန်လိုကြောင်း၊ သက်ဆိုင်ရာတာဝန်ခံများအနေဖြင့် အကြံဥာဏ်ပေးစေလိုကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ အခမ်းအနားမှူးက အစီရင်ခံစာကို တင်သွင်းဖတ်ကြားရာတွင် အသင်း၏ ဘဏ္ဍာရေး အခြေအနေ ၊ တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းများ ၊ ရှေ့လုပ်ငန်းစဉ်များကို ပြောကြားပြီး အသင်း၏ စည်းကမ်းချက်များကို ဖတ်ကြားရာ စည်းကမ်းချက်များမှာ

သမ္မတ ဦးသိန်းစိန် နိုဘယ်ဆု စာရင်း ထပ်မံတင်သွင်းခံရ

ရန်ကုန် ၊ စက်တင်ဘာ ၂၀။ ။ နိုင်ငံ တော်သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ် မည့် နိုဘယ်ဆုဆန်ခါတင်စာရင်း တွင်ပါဝင်နေကြောင်း သတင်းရ ရှိသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ရရက်မှ ၁၁ရက်အထိ နော်ဝေ နိုင်ငံ၌ကျင်းပမည့် (၉၁)ကြိမ် မြောက် နိုဘယ်ဆုချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေးနို ဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသည်ဟု သတင်း များထွက်ပေါ်နေကြောင်း နိုဘယ် ဆုကော်မတီနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ သိရသည်။

''ဒီကိစ္စကတော့ ဆုရွေးချယ် ရေးအဖွဲ့ကတော့ ဆုမရွေးချယ်မီ တရားဝင်ထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။ ဘယ်လို ဒီသတင်း ထွက်လာလဲတော့ မသိပါဘူး။ သူ တို့အဖွဲ့ကနေ တစ်ယောက်ယောက် ကတော့ နီးတဲ့အခါ ထုတ်ပြော တာမျိုးတွေတော့ ရှိတတ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

မှန်မှန်ပြော.....


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်

Photo: ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများနှင့် အဓိကလမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် သတ်မှတ်

    Created on Saturday, 21 September 2013 02:02 

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် စတင်သတ်မှတ် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ခဲ့သည့် လမ်းများမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားဂရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးများဖြစ်ပြီး၊ ယင်းလမ်းမကြီးများတွင် ယာဉ်များခေတ္တ ရပ်နားခြင်းမှအပ ရပ်နားခြင်း မပြုကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလိုမျိုး လမ်းမကြီး ၂၆ လမ်းမှာ ယာဉ်မရပ်ရ ဇုန်အဖြစ် ရာသက်ပန် သတ်မှတ်ရခြင်း အဓိက အကြောင်းရင်းကတော့ ယာဉ်ကြောတွေ ကျပ်တည်းပြီးတော့ ပိတ်ဆို့နေခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလမ်းမကြီးတွေပေါ်မှာ ရပ်နားတဲ့ယာဉ်တွေကို စတင်အရေးယူ နေပါပြီ" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားခဲ့သည်။

"ရန်ကုန်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ တော်တော်ဆိုးနေပြီ။ ကားပါကင် မရှိတော့ လမ်းပေါ်မှာ ကားတွေရပ်ပြီး ကားတွေပိတ်နေရတာ။ အဲဒီထဲမှာ စည်းကမ်းမဲ့ ရပ်ထားတဲ့ ကားတွေကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ ယာဉ်ရပ်နား စခန်းတွေဖော်ပြီး စည်းကမ်းမဲ့ ကားတွေကိုလည်း ပိုတင်းကျပ်မယ်ဆိုရင် လမ်းပေါ်က ကားကျပ်တာလည်း အထိုက်အလျောက် လျော့နည်းနိုင်ပါတယ်" ဟု မြို့ပြသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ လမ်းမကြီးများပေါ်တွင် စည်းကမ်းမဲ့ ရပ်နားနေသည့် ယာဉ်များကို  (၁၉၆၄) ခုနှစ် မော်တော်ယာဉ် နည်းဥပဒေဖြင့် အရေးယူ သွားမည့်အပြင် စီမံချက် ဒဏ်ငွေဖြင့်လည်း အရေးယူ သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ရဲမှူးသာဌေးထံမှ သိရသည်။

ယာဉ်မရပ်ရ လမ်းအဖြစ် သတ်မှတ်ထားသည့် အနော်ရထာလမ်းအား စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 21-9-2013 
https://www.facebook.com/excellencemedia
ယာဉ်မရပ်ရ လမ်းအဖြစ် သတ်မှတ်ထားသည့် အနော်ရထာလမ်းအား စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Created on Saturday, 21 September 2013 02:02

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခြောက်လမ်းသွား လမ်းမကြီးများ အပါအ၀င် အဓိက လမ်းမကြီး ၂၆ လမ်းတွင် ရာသက်ပန် ယာဉ်မရပ်ရဇုန်အဖြစ် စတင်သတ်မှတ် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယာဉ်မရပ်ရ လမ်းများအဖြစ် သတ်မှတ်ခဲ့သည့် လမ်းများမှာ ပြည်လမ်းတစ်လျှောက်၊ ကမ္ဘာအေးစေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/အနောက်ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းလမ်း၊ ဝေဇယန္တာလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းလျားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားဂရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင် လမ်းမကြီးများဖြစ်ပြီး၊ ယင်းလမ်းမကြီးများတွင် ယာဉ်များခေတ္တ ရပ်နားခြင်းမှအပ ရပ်နားခြင်း မပြုကြောင်း သိရှိရသည်။

ယာဉ် ကိုးစီးနှင့် ဆိုင်ကယ် တစ်စီးတို့ကို ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့သည့် ၁၂ ဘီးကား

Photo: ယာဉ် ကိုးစီးနှင့် ဆိုင်ကယ် တစ်စီးတို့ကို ဘရိတ်ပေါက်ပြီး ဝင်တိုက်ခဲ့သည့် ၁၂ ဘီးကား


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့တွင် စက်တင်ဘာ ၁၉ ရက် ညနေ ၃ နာရီခန့်က ရပ်ကွက်(၈) ရေပန်း လမ်းဆုံ၌ ၁၂ ဘီးကားတစ်စီး မန္တလေးမှ မူဆယ်သို့အသွား ဘရိတ် ပေါက်၍ ကားကိုးစီးအား ဆင့်ကဲ ဆင့်ကဲတိုက်မိသည်ဟု သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက်(၈) ရေပန်းလမ်းဆုံအရောက် ပြည်ထောင်စု လမ်းမကြီးအတိုင်း ယာဉ်မောင်း သန်းမြင့်(၄၁) နှစ်သည် ယာဉ်အမှတ် ၉ခ/--- နီဆန်းဒီဇယ်(ဏန) ၁၂ ဘီး ယာဉ်အား မန္တလေးမှ မူဆယ်သို့ နှမ်း ၁၆ တန် တင်ဆောင် မောင်းနှင် လာစဉ် လေပေါင်လျော့နည်းကာ ဘရိတ်ပေါက်သွားပြီး မိခင်နှင့် ကလေးရုံးရှေ့အရောက် ရှေ့မှ သွားနေ သော ၂ဂ/--- မတ်တူးအဖြူရောင်ယာဉ်အား ဝင်တိုက်ပြီး ယာဉ်ကိုးစီးနှင့် ဆိုင်ကယ်တစ်စီးတို့အား အဆင့်ဆင့်တိုက်၍ ရပ်တန့်သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ၂ဂ/--- မတ်တူး ရှေ့ဘန်ဘာအဖုံး ပျက်စီး၊ နောက်ဘန်ဘာ ဘောနက်ပျက်စီး၊ ရှေ့မီးလုံးများ ပျက်စီးကာ လိုက်ထရပ် ၈ည/---ရှေ့ခေါင်းကျိုးကြေ လေကာမှန်ပျက်စီး၊ ၆င/--- တောင်းအေ့စ်မှာ ရှေ့မီးသီး နှစ်လုံးကွဲ၊ ဘန်ပါကျိုး၊ ဗင်ကား ၁က/--- မှာ နောက်မှန် ကြီးကွဲ၊ ဘယ်ခြမ်းစုတ်ပြတ်၊ ဘေးမှန် ကွဲ၊ ပရိုဘောက် ၁ခ/--- (ဆပ်ဆီး) ဘယ်ဘက်ခြမ်းစုတ်ပြတ်၊ မှန်ကွဲ၊ ကယ်လ်ဒီနာဗင် စီစီ/--- ဘယ် နောက်တံခါး၊ ရှေ့တံခါးဘေး ပိန်ချိုင့်၊ ဗင် ၁က/--- ရှေ့နောက် ဘယ်ညာ တစ်စီးလုံး တွန့်လိမ်ပျက်စီး၊ ဗင် ၁က/--- နောက်ခြမ်းစုတ်ပြတ်၊ မှန်ကွဲ၊ ရှေ့နောက်ပိန်ချိုင့်၊ အေအေ/ --- ဗင် နောက်တစ်ခြမ်းလုံး ကြေမွ ပျက်စီးခဲ့ပြီး ဆိုင်ကယ်စီးနင်းသူ ယာပါးပွန်းပဲ့၊ ဆိုင်ကယ်နောက်မှ စီးသူ ယာခြေသလုံးပေါက်ပြဲဒဏ်ရာ ရ၊ လိုက်ထရပ်ပေါ်မှ ကိုဇော်မင်းနိုင် ဝဲ၊ ယာခြေသလုံးပေါက်ပြဲ၊ ဒေါ်နေနီလွင် ဝဲခြေကျင်း ဝတ် ကျိုးကြေဒဏ်ရာများ ရရှိသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး၌ တက် ရောက်ကုသမှုခံယူစေပြီး ယာဉ်တိုက် မှုဖြစ်စေသူ ယာဉ်မောင်းသန်းမြင့် အသက်(၄၁)နှစ် စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်နေသူအား အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း < Thanks
Re-posted By ACM 21-9-2013 
https://www.facebook.com/excellencemedia

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့တွင် စက်တင်ဘာ ၁၉ ရက် ညနေ ၃ နာရီခန့်က ရပ်ကွက်(၈) ရေပန်း လမ်းဆုံ၌ ၁၂ ဘီးကားတစ်စီး မန္တလေးမှ မူဆယ်သို့အသွား ဘရိတ် ပေါက်၍ ကားကိုးစီးအား ဆင့်ကဲ ဆင့်ကဲတိုက်မိသည်ဟု သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ ရပ်ကွက်(၈) ရေပန်းလမ်းဆုံအရောက် ပြည်ထောင်စု လမ်းမကြီးအတိုင်း ယာဉ်မောင်း သန်းမြင့်(၄၁) နှစ်သည် ယာဉ်အမှတ် ၉ခ/--- နီဆန်းဒီဇယ်(ဏန) ၁၂ ဘီး ယာဉ်အား မန္တလေးမှ မူဆယ်သို့ နှမ်း ၁၆ တန် တင်ဆောင် မောင်းနှင် လာစဉ် လေပေါင်လျော့နည်းကာ ဘရိတ်ပေါက်သွားပြီး မိခင်နှင့် ကလေးရုံးရှေ့အရောက် ရှေ့မှ သွားနေ သော ၂ဂ/--- မတ်တူးအဖြူရောင်ယာဉ်အား ဝင်တိုက်ပြီး ယာဉ်ကိုးစီးနှင့် ဆိုင်ကယ်တစ်စီးတို့အား အဆင့်ဆင့်တိုက်၍ ရပ်တန့်သွားခဲ့သည်။

ဇာတ်မတူသည့် ချစ်သူစုံတွဲ လက်ထပ်ရန်စီစဉ်၍ မိန်းကလေးရှင်မိသားစုဘက်က သတ်ဖြတ်


နယူးဒေလီ စက်တင်ဘာ ၂ဝ

ဇာတ်မတူသည့် မိသားစုနှစ်စုမှ လက်ထပ်ရန်ရည်စူးထားသော ချစ်သူ စုံတွဲတစ်တွဲကို သတ်ဖြတ်မှုဖြင့် အိန္ဒိယနိုင်ငံ ဟာရာနာပြည်နယ်တွင် လူလေးဦးကို ရဲကဖမ်းဆီးထား ကြောင်း ဘီဘီစီသတင်းတွင် စက်တင် ဘာ ၁၉ ရက်က ဖော်ပြသည်။
ရိုဟတိတ်ခ်ျ ခရိုင်အတွင်း အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသားကို ထုရိုက်ကန်ကျောက် ခေါင်းဖြတ် သတ်ပြီး ချစ်သူ အသက် ၂ဝ ရှိ မိန်းကလေးတို့ သတ်ဖြတ်ခံခဲ့ရသည် ဟု ရဲဌာန၏ ပြောကြားချက်အရ သိရသည်။
မိန်းကလေးဖြစ်သူ၏ မိဘနှစ်ပါး နှင့်အစ်ကိုတော်သူတို့အပြင် အခြား သူတစ်ဦး တို့ကိုပါ အဆိုပါလူသတ်မှုနှင့် ပတ်သက်၍ ဖမ်းဆီးထားကြောင်း၊ ¤င်းတို့က မည်သည့် ထင်မြင်ချက်မှ မပေးကြောင်း ဘီဘီစီ သတင်းဌာနသို့ ရဲဝန်ထမ်းများက ပြောကြားသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်ပေးတယ် ဆိုတဲ့ ကားပါမစ် ၂ ခု



ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးသိန်းအောင်ထံကနေ ကားပါမစ်တွေ ရရှိခဲ့ကြောင်း ပုသိမ်မြို့နယ် သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းဝေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သာသနာ့အကျိုးတော်ဆောင်အဖွဲ့က မြန်မာသံတော်ဆင့်ဂျာနယ်ပါ သတင်းတွေနဲ့ပတ်သက်ပြီး ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရားအနီးက ၀ိသာခါဓမ္မာရုံမှာ မနေ့က ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဥက္ကဋ္ဌဦးထွန်းဝေက ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်

သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဦးထွန်းဝေရဲ့ ရှင်းချက်

“ကားပါမစ်ကြောင့် ၂၂ သိန်းရတယ်ဆိုတဲ့ကိစ္စ။ ဒါကိုအားလုံးသိအောင် ကျနော်ပြောပါ့မယ်။ ဒီကားဟာ ကျနော်တို့ကို Personal (ကိုယ်ရေးကိုယ်တာကိစ္စ) အရ ပေးတာပါ။
ကျနော်တို့ဘာသာ ရောင်းရောင်း၊ ပေါင်ပေါင်၊ မီးရှို့ရှို့ ဒါက ကျနော်တို့အကြောင်းပါ”

နိုင်ဂျီးရီးယားစစ်တပ်နှင့် အစ္စလာမ္မစ် စစ်သွေးကြွများအကြား တိုက်ပွဲများပြင်းထန်

  1. Photo: နိုင်ဂျီးရီးယားစစ်တပ်နှင့် အစ္စလာမ္မစ် စစ်သွေးကြွများအကြား တိုက်ပွဲများပြင်းထန်

အဘူဂျာ၊ စက်တင်ဘာ  ၁၈

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ဘော်နိုပြည်နယ်၌ တပ်မတော်နှင့် အစ္စလာမ္မစ် ဘိုကိုဟာရမ် စစ်သွေးကြွများကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံးနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစိုးရတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးနေကြောင်း စစ်တပ်က ထုတ်ပြန်သွားသော်လည်း တပ်ဖွဲ့ဝင်ပေါင်း ၁၀၀ ကျော် သေဆုံးကြောင်း ဒေသခံမီဒီယာများက ခန့်မှန်းထားသည်။

ဘော်နိုပြည်နယ် မြို့တော်မိုင်ဒူဂူရီ မြောက်ပိုင်းတောအုပ် အတွင်းရှိ စစ်သွေးကြွ စခန်းတစ်ခုကို နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၂ ရက်နေ့အတွင်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ အတာဟီရူက ပြောကြားသည်။

ယင်းကဲ့သို့ စစ်ရေးသတင်းများကို ထုတ်ဖော်ပြောကြားမှုမှာ ပထမဆုံးအကြိမ်ဖြစ် လူသိရှင်ကြား ပြောကြားမှု ဖြစ်ကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

စစ်သွေးကြွများက တင့်ဖျက်လက်နက်များ၊ လေကြောင်းရန် ကာကွယ်ရေး လက်နက်များကို မော်တော်ယာဉ်များပေါ်တွင် တပ်ဆင်ထားပြီး တပ်အင်အား စုစည်းမှုများ ပြုလုပ်ထားကြောင်း နိုင်ဂျီးရီးယား တပ်မတော် ပြောရေးဆိုခွင့်ရှိသူ အတာဟီရူက ပြောကြားသည်။

ထို့အပြင် ဆုငွေဒေါ်လာ ၆၂,၀၀၀ ထုတ်ထားသော စစ်သွေးကြွခေါင်းဆောင် အတ်ဘာကိုလည်း သတ်ဖြတ်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အစ္စလာမ္မစ် စစ်သွေးကြွများ သောင်းကျန်းနေသည့် ဘော်နိုပြည်နယ်အတွင်း ပြီးခဲ့သည့် မေလမှစတင်၍ အရေးပေါ် အခြေအနေ ကြေညာထားပြီး အခြားသော ဒေသများနှင့် ဘော်နိုပြည်နယ်ကြား ဆက်သွယ်ရေး အခြေအနေများလည်း ဆိုးရွားလျက်ရှိသည်။

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း၌ အစ္စလာမ္မစ်နိုင်ငံ တည်ထောင်နိုင်ရန် ရည်ရွယ်ပြီး ဘိုကိုဟာရမ်အဖွဲ့က ၂၀၀၉ ခုနှစ်မှစ၍ လက်နက်ကိုင် တော်လှန်မှုများ ပြုလုပ်နေပြီး အကြမ်းဖက်မှုများကြောင့် လူပေါင်းထောင်နှင့်ချီ၍ သေဆုံးခဲ့ရသည်။
စစ်သွေးကြွများကို တန်ပြန်နိုင်ရေးအတွက် အစိုးရတပ်ဖွဲ့ဝင် ထောင်နှင့်ချီ စေလွတ်ခြင်း၊ ဒေသခံ စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းခြင်းစသည့် အရေးယူမှုများ ဆောင်ရွက်ခဲ့သော်လည်း  စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် အစိုးရလိုလားသူ အများအပြား သေဆုံးခဲ့ရသည်။

ဘိုကိုဟာရမ် စစ်သွေးကြွ အဖွဲ့ခေါင်းဆောင် အဘူကာဘာရှီကူကို သတ်ဖြတ်နိုင်လိုက်ကြောင်း နိုင်ဂျီးရီးယား တပ်မတော်က ပြီးခဲ့သည့်လအတွင်း ကြေညာခဲ့သော်လည်း ယင်းသတင်းကို အတည်ပြုနိုင်ခြင်း မရှိသလို စစ်သွေးကြွများ၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

နိုင်ဂျီးရီးယား တပ်မတော်နှင့် ဘိုကိုဟာရမ်အဖွဲ့အကြား ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်မှာ ရှင်းရှင်းလင်းလင်း သိနိုင်ပြီး တပ်မတော် အကျအဆုံးစာရင်းကို အမြဲတမ်းလျှော့ပြလေ့ ရှိကြောင်း နိုင်ဂျီးရီးယားရေးရာ ကျွမ်းကျင်သူ အဘူလာရှီက ပြောကြားသည်။

ထို့အပြင် နိုင်ဂျီးရီးယားမြို့တော် အဘူဂျာအရှေ့ပိုင်း၌ရှိသော နာဆာရာဝါ ပြည်နယ်အတွင်း လူမျိုးစုရေးရာ ပဋိပက္ခများ ဖြစ်ပေါ်လာခြင်းကြောင့် တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ချထားရန် နိုင်ဂျီးရီးယားသမ္မတ ဂျွန်နသန်က အမိန့်ပေးထားရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
    အဘူဂျာ၊ စက်တင်ဘာ ၁၈

    နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ဘော်နိုပြည်နယ်၌ တပ်မတော်နှင့် အစ္စလာမ္မစ် ဘိုကိုဟာရမ် စစ်သွေးကြွများကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံးနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

    အစိုးရတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးနေကြောင်း စစ်တပ်က ထုတ်ပြန်သွားသော်လည်း တပ်ဖွဲ့ဝင်ပေါင်း ၁၀၀ ကျော် သေဆုံးကြောင်း ဒေသခံမီဒီယာများက ခန့်မှန်းထားသည်။

    ဘော်နိုပြည်နယ် မြို့တော်မိုင်ဒူဂူရီ မြောက်ပိုင်းတောအုပ် အတွင်းရှိ စစ်သွေးကြွ စခန်းတစ်ခုကို နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၂ ရက်နေ့အတွင်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ အတာဟီရူက ပြောကြားသည်။

iPhone 5S နဲ့ 5C ယနေ့ စတင်ရောင်းပြီ

iPhone 5S နဲ့ 5C ယနေ့ စတင်ရောင်းပြီ
Saturday, September 21, 2013

ယနေ့ iPhone အသစ်တွေကို နိုင်ငံအနှံ့မှာ စတင် ရောင်းချနေခဲ့ပြီ ဖြစ်ပါတယ်။ iDevice အသစ်ထွက်တိုင်း လမ်းဘေးမှာ အိပ်ပြီး နာရီပေါင်းများစွာ တန်းစီ စောင့်ကြရတဲ့ အလေ့အကျင့်ကြီးကလည်း ယနေ့လို ၂၁ရာစုကြီးမှာ UKလို နိုင်ငံကြီးမှာတောင် ရှိနေတာ အံ့အားသင့်ဖို့ တော်တော် ကောင်းပါတယ်။

Think Different ဆိုတဲ့ Slogan နဲ့ Steve ရဲ့ Brand ကို တည်ဆောာက် ထားခဲ့မှုဟာ လူများကို အရူးအမူး စွဲလမ်းစေနိုင်ခဲ့တော့ လုံးဝမငြင်းနိုင်ပါဘူး။

ယခုလည်း Supply မမျှတဲ့အတွက် လူပေါင်းများစွာ တန်းစီပြီး Stock ပျက်လပ်တဲ့အဖြစ်မျိုး နိုင်ငံအ၀ှမ်းမှာ ဖြစ်နေပါပြီ။

August Myanmar က Editor In Charge တွေကလည်း iPhone 5S Hand On ကို အစစ်အမှန် တကယ်ကိုင်ပြီး ဦးဦးဖျားဖျား ရေးနိုင်အောင်လို့ Order မှာထားလေတော့ ဘယ်တော့များ Package ရောက်လာမလဲလို့ ရင်ခုံစွာနဲ့ စောင့်နေကြပါသေးတယ်။

တကယ်တော့ iDevice တွေဟာ လူတိုင်းအတွက် မရှိမဖြစ် အသုံးဝင်တယ် မဟုတ်ပါဘူး။ သို့ပေမဲ့ လူတိုင်းလိုချင်ကြတာတော့ ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ အချက် တစ်ခုပါပဲ။

http://www.usatoday.com/story/tech/2013/09/20/apple-iphone-sales/2841427/

TechSpace Journal

Saturday, September 21, 2013

ယနေ့ iPhone အသစ်တွေကို နိုင်ငံအနှံ့မှာ စတင် ရောင်းချနေခဲ့ပြီ ဖြစ်ပါတယ်။ iDevice အသစ်ထွက်တိုင်း လမ်းဘေးမှာ အိပ်ပြီး နာရီပေါင်းများစွာ တန်းစီ စောင့်ကြရတဲ့ အလေ့အကျင့်ကြီးကလည်း ယနေ့လို ၂၁ရာစုကြီးမှာ UKလို နိုင်ငံကြီးမှာတောင် ရှိနေတာ အံ့အားသင့်ဖို့ တော်တော် ကောင်းပါတယ်။

Think Different ဆိုတဲ့ Slogan နဲ့ Steve ရဲ့ Brand ကို တည်ဆောာက် ထားခဲ့မှုဟာ လူများကို အရူးအမူး စွဲလမ်းစေနိုင်ခဲ့တော့ လုံးဝမငြင်းနိုင်ပါဘူး။

ယခုလည်း Supply မမျှတဲ့အတွက် လူပေါင်းများစွာ တန်းစီပြီး Stock ပျက်လပ်တဲ့အဖြစ်မျိုး နိုင်ငံအ၀ှမ်းမှာ ဖြစ်နေပါပြီ။

စင်ကာပူနိုင်ငံ ရောက် NLD အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ ညစာစားပွဲတက်ရောက်

Photo: စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီး ဆွေးနွေးပွဲ ညစာစားပွဲကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ မနေ့ညက တက်ရောက်ပါတယ်။

၂၁.၉.၂၀၁၃ စနေနေ့

၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်တင်မြှောက်ခံ ရရင် သူဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မစ္စတာလီရှန်လွန်းက အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတွေက သတင်းစာဆရာတွေကို စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့တယ်လို့ Channel News Asia သတင်းမျာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ်ရုံးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီး Grace Fu နဲ့ ခရီးစဉ်ပထမနေ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။ နှစ်ရှည်လများကောင်းမွန်လာတဲ့ စင်ကာပူနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ့်အကြောင်းနဲ့ မြန်မာ့စီးပွားရေးနဲ့ လူမှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို စင်ကာပူက ပံ့ပိုးကူညီမယ့်အကြောင်း ဒုဝန်ကြီး Grace Fu က ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဝန်ကြီး Grace Fu တို့ဟာ မြန်မာ့ပြည်တွင်းရေး နောက်ဆုံးအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ငန်းတာဝန် တွေနဲ့ ဒီအသွင်ကူးပြောင်းရေးကာလမှာ မြန်မာပြည်သူတွေရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေအပေါ် ရှုမြင်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြပါတယ်။

ဒုဝန်ကြီး Grace Fu က သူ့ facebook မှာ လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲက ကောင်းမွန်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့နိုင်ငံနဲ့ သူ့ပြည်သူလူထုအတွက်ထားရှိတဲ့ မျှော်လင့်ချက်တွေ ကို ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့တဲ့အကြောင်း ရေးသားထားပါတယ်။

စင်ကာပူကို ဒေါ်အောင်ဆန်းစုကြည် မနေ့က ရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံ သား ၂ဝဝ လောက်က Changi လေဆိပ်မှာ သောင်းသောင်း ဖျဖျကြိုဆိုကြ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးညီလာခံမှာ ဒီနေ့ မိန့်ခွန်းပြောကြားပါမယ်။ မနက်ဖြန်မှာတော့ စင်ကာပူရောက် မြန်မာမိသားစု တွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

RFA


အေးချမ်းမွန် Credit To >မြန်မာ့လင်းရောင်ခြည်< Thanks
Re-posted By ACM 21-9-2013 
https://www.facebook.com/excellencemedia
စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိနေတဲ့ NLD အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီး ဆွေးနွေးပွဲ ညစာစားပွဲကို စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ မနေ့ညက တက်ရောက်ပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်တင်မြှောက်ခံ ရရင် သူဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင် တစ်ဦးဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မစ္စတာလီရှန်လွန်းက အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်နိုင်ငံတွေက သတင်းစာဆရာတွေကို စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့တယ်လို့ Channel News Asia သတင်းမျာဖော်ပြထားပါတယ်။

တမူးမြို့နယ်တွင် ကျည်ဆန် သုံးထောင်နီးပါး ရှာဖွေတွေ့ရှိ


တမူး စက်တင်ဘာ ၂၀

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနယ်စပ်ကုန်သွယ်ရေး မြို့ကြီး ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ရှိ စော်ဘွား ရပ်ကွက်တွင် စက်တင်ဘာ ၁၄ ရက် နံနက် ၁၁ နာရီက အမှတ် (၃၀၃) အမျိုးအစားကျည်ဆန်သုံးထောင်နီးပါး တွေ့ရှိ သဖြင့် ထိုရပ်ကွက်၏ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းက မြို့မ ရဲစခန်းသို့ သတင်းပေးပို့ခဲ့ကြောင်း သိရသည်။
ကျည်ဆန်များတွေ့ရှိသည့်နေရာသို့ နယ်မြေခံတပ်ဖွဲ့ နှင့်အတူ မြို့မရဲစခန်းရှိ နယ်ထိန်းရဲအရာရှိ ဒုတိယရဲအုပ် မျိုးမြင့်ဆွေနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါအဖွဲ့များက စစ်ဆေးခဲ့ရာ ကျည်ဆန်များ သည် အမှတ် (၃၀၃) အမျိုးအစားဖြစ်ကြပြီး စုစုပေါင်း ၂၉၀၀ တောင့်ရှိကြောင်း၊ ဦးခင်မောင်မြင့် ပိုင်ဆိုင်သည့် ခြံဝင်းအတွင်း၌ သစ်မြစ်ငုတ်တူးဖော်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ် ပြီး

ဒီပဲယင်းကိစ္စ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကိုသာမေးရန် ပြန်ကြားရေး ဒုတိယ၀န်ကြီး ပြောကြား

Photo: ဒီပဲယင်းကိစ္စ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်ကိုသာမေးရန် ပြန်ကြားရေး ဒုတိယ၀န်ကြီး ပြောကြား

    Created on Saturday, 21 September 2013 01:52 

ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပြောသည်ဆိုလျှင် သူ့ကိုသာ မေးရန်နှင့် တပ်မတော်သည် အမျိုးသား နိုင်ငံရေးအတွက် လုပ်နေခြင်းဖြစ်ပြီး အာဏာနိုင်ငံရေးအတွက် လုပ်နေခြင်း မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ထိုင်းခရီးစဉ်တွင် ပြောကြားခဲ့သော "မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှုကို လျှော့ချသွားမည်ဟု ပြောကြားခဲ့မှုအပေါ် အစိုးရအနေဖြင့် မည်သို့သဘောထားကြောင်းနှင့် မည်သည့်အချိန်တွင် စတင်အကောင်အထည် ဖော်မည်ဆိုသော မေးခွန်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်မှ သူ့မိသားစု၏ အသက်အန္တရာယ်ကို အကာအကွယ်ပေးလျှင် ဒီပဲယင်း အရေးအခင်းကို ဖော်ထုတ်မည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ဒီပဲယင်းကိစ္စတွင် မည်သူတာဝန်ရှိသည် ဆိုခြင်းကို အမှန်အတိုင်း ပြည်သူအား ချပြရန် ရှိမရှိ မြန်မာတိုင်းမ်ဂျာနယ်မှ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် "ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နဲ့ ပတ်သက်လို့ ကျွန်တော်တို့လည်း မီဒီယာတွေမှာ တွေ့ပါတယ်။ Facebook မှာလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ဒီဟာကို သူမပြောပါဘူးလို့ ငြင်းထားတယ်ဆိုတာ တွေ့တယ်။ သူပြောတဲ့ စကားကို သူပဲတာဝန်ယူမှာ ဖြစ်တဲ့အတွက် သူ့ကိုမေးတာပဲ ကောင်းမယ်ထင်တယ်။ ဆက်လက်မေးတာ နိုင်ငံတော်အနေနဲ့ ဒီပဲယင်းကိစ္စကို ရှင်းပြဖို့ ရှိသလား။ ကျွန်တော်တို့ လောလောဆယ် မရှိပါဘူး။ ဒါဟိုတုန်းက ဖြစ်တဲ့ဟာကို ဟိုတုန်းက ရှင်းပြထားပြီးပြီ။ အခု သူပြောတယ်ဆိုရင် သူ့ကိုပဲ မေးရမှာ။ သူကဘာသတင်း အချက်အလက်တွေ ရှိလဲ။ သူဘာတွေလုပ်သလဲ ရှင်းပြရမှာပေါ့။ ကျွန်တော့်အနေနဲ့ ဒီဟာကို သီးခြားမှတ်ချက်ပေးစရာ အကြောင်းမရှိပါဘူး" ဟု ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြားသည့်အပေါ် ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဦးရဲထွဋ်က "တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ဟာအတိုင်း အရင်တုန်းကလည်း တပ်မတော်က အချိန်မီ ပြောခဲ့ပြီးသား ကိစ္စပဲ။ တပ်မတော်က အမျိုးသားနိုင်ငံရေးကိုပဲ လုပ်နေတယ်။ အာဏာနိုင်ငံရေးအတွက် သူလုပ်နေတာ မဟုတ်ဘူး။ နောက်တစ်ခါ ဟိုတုန်းကလည်း ကျွန်တော်ထင်တယ်။ ၂၀၀၈-၂၀၀၉ လောက်တုန်းက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အခုကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ဆောင်ရွက်နေခြင်းသည် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဖြစ်တယ်၊ အဆုံးမဟုတ်သေးဘူး၊ အစပဲရှိတယ်။ ဒီမိုကရေစီ အရေးမှာ ပတ်သက်နေတဲ့ အင်အားစု အားလုံးကို ရင့်ကျက်လာတာနဲ့အမျှ၊ ဒီမိုကရေစီ ကျင့်စဉ်နဲ့ အသားကျလာတာနဲ့အမျှ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြောင်းလဲသွားလို့ ရတယ်လို့ ပြောခဲ့တာ ရှိပါတယ်။ သမ္မတကြီးကလည်း ဒီအခြေခံဥပဒေဟာ လူတွေရေးဆွဲထားတာ ဖြစ်တဲ့အတွက်ကြောင့် ပြင်သင့်ရင် ပြင်လို့ရပါတယ်။ တာဝန်ရှိတဲ့ ပြည်ထောင်စု လွှတ်တော်နဲ့ စတင်ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ တပ်မတော် အနေနဲ့လည်း သူ့ရဲ့သဘောထားကိုပဲ ပြောတာဖြစ်ပါတယ်။ ဘယ်အချိန် စလုပ်မလဲ ဆိုတာတော့ ဒီမြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံးရဲ့ ရင့်ကျက်မှု၊ ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းနိုင်မှု၊ အဖြေရှာနိုင်မှုပေါ်မှာ မူတည်တယ်။ ဒါကတော့ အချိန်ဇယားနဲ့ အတိအကျပြောလို့ ရတယ်လို့ ကျွန်တော်မထင်ဘူး" ဟု ပြောကြားခဲ့သည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 21-9-2013 
https://www.facebook.com/excellencemedia
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ပြုလုပ်သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ပြောသည်ဆိုလျှင် သူ့ကိုသာ မေးရန်နှင့် တပ်မတော်သည် အမျိုးသား နိုင်ငံရေးအတွက် လုပ်နေခြင်းဖြစ်ပြီး အာဏာနိုင်ငံရေးအတွက် လုပ်နေခြင်း မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ဖြစ်သည်ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် ကျင်းပသည့် မီဒီယာတွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ ထိုင်းခရီးစဉ်တွင် ပြောကြားခဲ့သော "မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ပါဝင်မှုကို လျှော့ချသွားမည်ဟု ပြောကြားခဲ့မှုအပေါ် အစိုးရအနေဖြင့် မည်သို့သဘောထားကြောင်းနှင့် မည်သည့်အချိန်တွင် စတင်အကောင်အထည် ဖော်မည်ဆိုသော မေးခွန်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်မှ သူ့မိသားစု၏ အသက်အန္တရာယ်ကို အကာအကွယ်ပေးလျှင် ဒီပဲယင်း အရေးအခင်းကို ဖော်ထုတ်မည်ဆိုသော သတင်းထွက်ပေါ်မှုနှင့် ပတ်သက်၍ ဒီပဲယင်းကိစ္စတွင် မည်သူတာဝန်ရှိသည် ဆိုခြင်းကို အမှန်အတိုင်း ပြည်သူအား ချပြရန် ရှိမရှိ မြန်မာတိုင်းမ်ဂျာနယ်မှ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆန်းပြားသည့် အသွင်အပြင်ဖြင့် လက်စွပ်သဖွယ်ဝတ်ဆင်နိုင်သောနာရီ

Photo: ဆန်းပြားသည့် အသွင်အပြင်ဖြင့် လက်စွပ်သဖွယ်ဝတ်ဆင်နိုင်သောနာရီ

သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသော မိုဘိုင်းအီလက် ထရွန်နစ်ပစ္စည်းများကို လူငယ်၊ လူကြီးများ စတိုင်ကျကျ ဝတ်ဆင်နိုင်ရန် ဒီဇိုင်းအမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။ ကမ္ဘာ့နာမည်ကြီး မိုဘိုင်းအီလက်ထရွန်နစ် လုပ်ငန်းစု ပန်းသီးမှ iRing ခေါ် လက်စွပ်သဖွယ် ဝတ်ဆင်နိုင်သော အဆင့်မြင့်လက်စွပ်နာရီတစ်မျိုးကို ထုတ်လုပ်မည်ဟု သတင်း များ ထွက်ပေါ်ခဲ့ပြီး လက်တွေ့ဈေးကွက်တွင် အမှန်တကယ် ထွက်ပေါ်လာတော့မည့် အဆင့်မြင့် လက်စွပ် နာရီတစ်မျိုးကို မိုဘိုင်းမီဒီယာစာမျက်နှာများတွင် တွေ့ရှိရသည်။

အဆိုပါနာရီကို အမေရိကန်ဒေါ်လာ   ၂၀၀ ဝန်းကျင်ဖြင့် ဈေးဖြတ်ထားပြီး လာ မည့် ၂၀၁၄ ခုနှစ် ဧပြီ လ နောက်ဆုံးပတ် တွင် ဈေးကွက်အတွင်း ရောက်ရှိမည်ဟု သိရှိရသည်။ ဖက်ရှင်ဒီဇိုင်းပိုင်းအမြင်အား ဖြင့် ယင်းနာရီသည် သာမန် လူငယ်များ ဝတ်ဆင်လေ့ရှိသည့် ဒီဇိုင်းဖော်စတီး လက်စွပ်ပုံစံသာဖြစ်သော်လည်း ဖန်တီးမှုနည်းပညာပိုင်းမှာ မြင့်မားသည်။ နာရီ၏ အဓိကကျသော အချိန်ပြနံပါတ်များကို ထင်ရှားစွာမြင်တွေ့နိုင်စေရန် အပြာရောင် LED မီးလုံးများ ကိုအသုံးပြုထားပြီး ယင်းနာရီသည် ရေအောက် မီတာ ၁၀၀ အထိ ရေစိမ်ခံနိုင်စွမ်းရှိသည်။ နာရီအတွင်း ထည့်သွင်းတပ်ဆင် ထားသော ဓာတ်ခဲမှာ သုံးနှစ်အထိ အလုပ်လုပ်နိုင်ပြီး စွမ်းအင်ကုန်ဆုံး သွားပါက   ပြန်လည် စွမ်းအင်ဖြည့်တင်းပေး၍   အသုံးပြုနိုင် သည်ဟု    ဆိုသည်။

Indie GOGO ဟု အမည်ပေးထားသော အဆိုပါနာရီကို အဆင့်မြင့် နည်းပညာများအသုံးပြုထားပြီး ကိုယ်ထည် တစ်ခုလုံးအတွက် သံမဏိ အသုံးပြု ဖန်တီးထားကာ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားများတွင်ပါဝင်သော နာရီများကဲ့သို့ ကြိုးမဲ့စနစ်ဖြင့် ချိတ်ဆက်အသုံးပြု၍ ရနိုင်ခြင်း၊ နှိုးစက်ပမာ နေ့စဉ်အသုံးပြုနိုင်ခြင်း၊  ဖက်ရှင်နှင့်  ဝတ်စားဆင်ယင်မှု အထောက်အကူ ဖြစ်စေခြင်း၊  လူ့ခန္ဓာကိုယ်လှုပ်ရှားမှုပြုခြင်းဖြင့်  စွမ်းအင်ပြန်လည် ပြည့်ဝစေနိုင်ခြင်းတို့ ကြောင့် ဈေး ကွက်အတွင်း နေရာတစ်ခုကို ရရှိနိုင်သည်ဟု ဆိုထားသည်။ ၎င်းနာရီထုတ်လုပ်ဖြန့်ချိမှုမစတင်မီကပင် ကြိုတင်မှာကြားစာ အများအပြားကိုလည်း ရရှိနေပြီဖြစ်ကြောင်း Indie GOGO ၏ စာမျက်နှာ များတွင် တွေ့ရှိရသည်။ မည်သို့ပင်ဖြစ်စေ ပန်းသီးလုပ်ငန်းမှ iRing ကို မထုတ်လုပ်မီ  အဆိုပါ  လက်စွပ်နာရီကို  ပန်းသီးထက်ဆောလျင်စွာ ထုတ်လုပ်နိုင်သော ကြောင့် အဆင့်မြင့်နာရီဈေးကွက်အတွက် အသုံးပြုမည့် သူများက စောင့်မျှော်လျက်ရှိကြောင်း သိရသည်။

TIKILA


အေးချမ်းမွန် Credit To >သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း < Thanks
Re-posted By ACM 21-9-2013 
https://www.facebook.com/excellencemedia

သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူသော မိုဘိုင်းအီလက် ထရွန်နစ်ပစ္စည်းများကို လူငယ်၊ လူကြီးများ စတိုင်ကျကျ ဝတ်ဆင်နိုင်ရန် ဒီဇိုင်းအမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ချိလျက်ရှိသည်။ ကမ္ဘာ့နာမည်ကြီး မိုဘိုင်းအီလက်ထရွန်နစ် လုပ်ငန်းစု ပန်းသီးမှ iRing ခေါ် လက်စွပ်သဖွယ် ဝတ်ဆင်နိုင်သော အဆင့်မြင့်လက်စွပ်နာရီတစ်မျိုးကို ထုတ်လုပ်မည်ဟု သတင်း များ ထွက်ပေါ်ခဲ့ပြီး လက်တွေ့ဈေးကွက်တွင် အမှန်တကယ် ထွက်ပေါ်လာတော့မည့် အဆင့်မြင့် လက်စွပ် နာရီတစ်မျိုးကို မိုဘိုင်းမီဒီယာစာမျက်နှာများတွင် တွေ့ရှိရသည်။

အဆိုပါနာရီကို အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်ဖြင့် ဈေးဖြတ်ထားပြီး လာ မည့် ၂၀၁၄ ခုနှစ် ဧပြီ လ နောက်ဆုံးပတ် တွင် ဈေးကွက်အတွင်း ရောက်ရှိမည်ဟု သိရှိရသည်။ ဖက်ရှင်ဒီဇိုင်းပိုင်းအမြင်အား ဖြင့် ယင်းနာရီသည် သာမန် လူငယ်များ ဝတ်ဆင်လေ့ရှိသည့် ဒီဇိုင်းဖော်စတီး လက်စွပ်ပုံစံသာဖြစ်သော်လည်း ဖန်တီးမှုနည်းပညာပိုင်းမှာ မြင့်မားသည်။ နာရီ၏ အဓိကကျသော အချိန်ပြနံပါတ်များကို ထင်ရှားစွာမြင်တွေ့နိုင်စေရန် အပြာရောင် LED မီးလုံးများ ကိုအသုံးပြုထားပြီး ယင်းနာရီသည် ရေအောက် မီတာ ၁၀၀ အထိ ရေစိမ်ခံနိုင်စွမ်းရှိသည်။ နာရီအတွင်း ထည့်သွင်းတပ်ဆင် ထားသော ဓာတ်ခဲမှာ သုံးနှစ်အထိ အလုပ်လုပ်နိုင်ပြီး စွမ်းအင်ကုန်ဆုံး သွားပါက ပြန်လည် စွမ်းအင်ဖြည့်တင်းပေး၍ အသုံးပြုနိုင် သည်ဟု ဆိုသည်။

ကော့သောင်းထောင်အတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်အပေါ် စုံခုံဖွဲ့စစ်ဆေးမှု ရက်ပိုင်းအတွင်း ပြီးဆုံးမည်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ထောင်အတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်အပေါ် စုံခုံဖွဲ့စစ်ဆေးမှု ရက်ပိုင်းအတွင်း ပြီးဆုံး မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းက စက်တင် ဘာ ၁၉ ရက် ညနေပိုင်းက ပြောကြားခဲ့ပါ သည်။

ကော့သောင်းအကျဉ်းထောင်မှ အကျဉ်း သားအချို့ကို စက်တင်ဘာ ၁၈ ရက်တွင် အခြားထောင်များသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
"ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံခုံစစ်ဆေး ရေးရာ နောက်နှစ်ရက်လောက်ဆိုရင် ပြီးပါ ပြီ။ ဘာတွေ ဆက်လက်လုပ်ဆောင်ရမယ်ဆို တာကတော့ မသိသေးပါဘူး"ဟု တနင်္သာရီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးကြီးကြည် လင်းက စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ယခုလက်ရှိအချိန်တွင် ကော့သောင်း အကျဉ်းထောင်အတွင်း စည်းကမ်းထိန်းသိမ်း မှုအပိုင်းများကို ဆောင်ရွက်နေကြောင်း သိရ သည်။

ရဲအင်အားများဖြင့် ၀င်ရောက်စီးနင်း ခံရသော ၀ဲကြီးကျေးရွာမှ ရွာသူရွာသား ၁၀ ဦးအား အမှုသုံးခုဖြင့် အမှုဖွင့်ထား

စက်တင်ဘာ ၁၉ ရက် ည ၂ နာရီ ၀န်းကျင်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ၀ဲကြီးကျေးရွာတွင် ရဲအင်အားဖြင့် ၀င်ရောက်စီးနင်းခဲ့သော ရွာရှိရွာသူရွာသား ၁၀ ဦးအား ဇေယျာသီရိမြို့နယ် ကျည်ထောင်ကန် ရဲစခန်းက ပုဒ်မ ၃၃၃ အပါအ၀င် အမှုသုံးမှုဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ဇေယျာသီရိ မြို့နယ်ရဲမှူးမှ တရားလို ပြုလုပ်၍ ပုဗ္ဗသီရိမြို့နယ် ကျည်ထောင်ကန် ရဲစခန်းသို့ ၀ဲကြီးကျေးရွာနေ ကိုဇော်လတ်၊ ဦးဝင်းလှိုင်၊ ဦးဝင်းရွှေ၊ ဦးထွန်းထွန်း၊ ဒေါ်မာသင်း၊ ကိုအောင်ကျော်မိုး၊ ကိုဆန်းလွင်၊ ကိုသက်နိုင်၊ ကိုထွန်းလတ်နှင့် ကိုစိုးမြင့်တို့အား စက်တင်ဘာ ၁၉ ရက်တွင် ပုဒ်မ ၃၃၃၊ ၂၉၄၊ ၁၁၄ ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ၀ဲကြီးကျေးရွာ ဦးခင်မောင်တင့်က "ဒီ ၁ နာရီခွဲ ၂ နာရီမှာဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရဲဆိုက်က ပြောထားတာက ၁၉ ရက် မွန်းလွဲ ၂ နာရီမှာ ၆၁ မှုနဲ့ ဆင့်စာပို့ထားတဲ့လူ ခြောက်ယောက်မလာလို့ ၀င်ဖမ်းတာပါလို့ ပြောထားတယ်။ သူတို့ မိန်းထားပြီးဖမ်းတဲ့ ကိုဇော်လတ်ဆိုတာက ၆၁ အမှုနဲ့ စွဲထားတဲ့ အထဲမှာ မပါဘူး။ ပြီးတော့ ဘာဖြစ်လို့ ဒီလို ကိုဇော်လတ်ကို ၀င်ဖမ်းတာလဲ။ ဒီကိုဇော်လတ်ဆိုတာ အဲဒီလို မကျူးလွန်ဖို့၊ မရောက်ဖို့ မပြောဖို့ NLD ပါတီ အနေနဲ့ အတင်းအကျပ် တားထားတာ။ ဒါပေမဲ့ အဲလို လုပ်ကိုင်ပေမယ့်လို့ သူကနေပြီး လုပ်ကိုင်ဆောင်ရွက်အောင် လှုံ့ဆော်ပါတယ်ဆိုပြီး သူ့ကိုအဓိကထားပြီး ၀င်ရောက်ဖမ်းဆီးပါတယ်" ဟု ပြောကြားသည်။

နိုင်ငံခြား ဘဏ်များတွင် တရားဝင် စာရင်းဖွင့် နိုင်ငံခြား ငွေပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံသာရှိကြောင်း ဗဟိုဘဏ် ထုတ်ပြန်


ဗဟိုဘဏ်၊ အစိုးရဘဏ်နှင့် ပုဂ္ဂလိကဘဏ်များ စာရင်းဖွင့်ထားသည့် နိုင်ငံခြား ငွေပမာဏမှာ စက်တင်ဘာ ၁၀ ရက်အထိ စာရင်းအရ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနတွင် စက်တင်ဘာ ၂၀ ရက်က ကျင်းပခဲ့သည့် မီဒီယာ တွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၁ ဘီလျံ ကိစ္စမှာလည်း ဗဟိုဘဏ်၊ အစိုးရဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များမှ နိုင်ငံခြားငွေစာရင်း ဖွင့်ထားသည့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံနှင့် ပတ်သက်ခြင်း မရှိကြောင်းကို ဗဟိုဘဏ် ဥက္ကဋ္ဌက အတည်ပြု ပြောကြားခဲ့သည်။

ပြည်ထောင်စု ၀န်ကြီးတစ်ဦး ပြည်ပ၌ ငွေစာရင်း ဖွင့်ထားသည်ဆိုသော သတင်းမှန်ကန်ပါက အရေးယူခံမည်ဟုဆို

ပြည်ထောင်စုဝန်ကြီးတစ်ဦး ပြည်ပ၌ ငွေစာရင်း ဖွင့်ထားသည်ဆိုသော သတင်းမှန်ကန်ပါက အရေးယူခံမည်ဟု ပြောကြားကြောင်း ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က စက်တင်ဘာ ၂၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

"ဒီနေ့ပုဂ္ဂလိက ဂျာနယ်တစ်ခုမှာ တွေ့ပါတယ်။ ပြည်ထောင်စု ၀န်ကြီးတစ်ဦးက နိုင်ငံခြားမှာ ဘဏ်အကောင့်တစ်ခု ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒါနဲ့ ၀န်ကြီးကို ကျွန်တော်ဆက်သွယ်ပြီး မေးမြန်းပါတယ်။ ၀န်ကြီးကလည်း အဲဒီလို ရှိတယ်ဆိုရင် ပြောပါလို့ ပြန်ပြောပါတယ်။ သူ့နာမည်နဲ့ အတိအကျပြော။ မှန်ရင်အရေးယူ ခံမယ်လို့ ပြောပါတယ်။ မဟုတ်ရင်တော့ ရေးတဲ့သူဘက်မှာလည်း တာဝန်ရှိမယ်လို့ ပြောကြားခဲ့ပါတယ်" ဟု ဦးရဲထွဋ်က ဆိုပါသည်။
Related Posts Plugin for WordPress, Blogger...

ShareThis