menu

Saturday 1 September 2012

မနုတ်လောက် တစ်ဆယ်ချေး(သွင်ဆန်းမောင်)




မျက်စိရှေ့က ဒေါ်ပြားသည် အရင်မြင်တွေ့နေကျ ဒေါ်ပြားမှ ဟုတ်ပါလေစ။ ကြည့်ကြပါဦး။ ခြေလှမ်းတွေက သွက်သွက်အပြုံး မွဲမွဲတွေက မျက်နှာပေါ် ဟိုနားတစ်ကွက် ဒီနားတစ်ကွက်ရင်ဘတ်ကြီးက ကော့ကက်တက်လို့။
မာန်ပါပါ လွှဲနေသည့် လက်တစ်ဖက်ထဲမှာ စက္ကူလိပ်ကြီး တစ်ခုကို တင်းတင်းဆုပ်လို့။ မထုံတက်သေးကုပ်ချောင်းချောင်းရှက်မရဲတရဲ စသည့် မွေးရာပါ အမူအရာတွေ ဒေါ်ပြားဆီမှာ ရှိမနေတော့ပါ။

ကြည့်နေတုန်းမှာပင် အပေါင်ခံသည့် အိမ်ခေါင်ရင်းက အိမ်ထဲ တန်းတန်း မတ်မတ်ဝင် သွားလေ၏။ ချက်ချင်းဆိုသလို ပြန်ထွက်လာ၏။ အိမ်မှားပြီး ၀င်သွားခြင်း ဖြစ်သည်။ အပေါင်ခံသည့် အိမ်ထဲမှာက သူ့ထက် အရင်ရောက်နှင့် သူတွေအများ ကြီး။ အဲသည် အများကြီးသည် ဆီးရွက်သာသာ မျက် နှာလေးတွေကို အောက်ချပြီး ကျုံ့ကျုံ့လေးတွေ ထိုင်နေကြ၏။ တစ်ယောက်နှင့် တစ်ယောက် လက်ကုတ်ခြေကုတ် ဖြင့် အသံတိတ် ပြောဆိုကြ၏။ ဒါမှလည်း ချေးချင် ငှားချင်စိတ်တွေ ယိုစိမ့် ထွက်လာမှာကိုး။ အကင်းမပါးလှ သည့် ဒေါ်ပြားတစ်ယောက် ကတော့ သိန်းတစ်ထောင်ဆု ပေါက်လာသည့် အတိုင်းပင်။ ခါးကြီးထောက်လို့။ မကြောက် မလန့်။

ဖိုလ်ဝင်တောင်သို့ အလည်တစ်ခေါက်....(မိုတေး)


ဖိုလ်ဝင်တောင် ဘုရားဖူးများကိုတွေ့ရစဉ်။
ဓာတ်ပုံ - မိုတေး
ဖိုလ်ဝင်တောင်သို့ အလည်တစ်ခေါက် သွားကြည့်ချင်စိတ် .. အကြောင်းအရာ အထွေအထူး သမိုင်းကြောင်း သိပ်သိလို့ တော့ မဟုတ်ခဲ့။ လူတန်းစားမျိုးစုံ ခုံခုံ မင်မင် အသုံးများတဲ့ နေ့စဉ်ဘ၀ထဲက ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ်က ဓာတ်ပုံ တွေကြောင့်ပါပဲ။
ပုံတွေထဲက တောရိပ်တောင်ရိပ်ကို မြင်လိုက်ရတာနဲ့ သွားချင်စိတ်က ခဏ ခဏ ထိန်းမရနိုင်ခဲ့။ ခရီးကလည်း မဝေးလှ။ မုံရွာဟိုဘက်ဆို တော့ သွားဖို့ကလည်း အခက်အခဲ ကြီးကြီး မားမား မရှိလှပါ။ မုံရွာက နေ နည်းနည်းလွန်လာ၊ ယင်း မာပင် မြို့နယ်လောက်ရောက်တော့ ဖိုလ်ဝင်တောင်ကို လှမ်းမြင်နေရပြီ။
လိုက် ပို့တဲ့ ကားဆရာက ရောက်တော့မယ်လို့ အမေရယ်၊ ညီမလေး ရယ်ပါ ပါတဲ့ ကျွန်မတို့သားအမိကို ပြောပြပါတယ်။ တောင်ခြေကျတော့ ဖိုလ်ဝင်တောင်သို့ ဆိုပြီး ရေး ထားတာတွေ့လိုက်ရပါတယ်။

““ပြည်သူထဲမှ ပြည်သူတစ်ဦး(သို့မဟုတ်) လူထုချစ်သော အဘွားအိုကလေး””(ဥက္ကာကိုကို)

သူမကို လူထုခေါင်းဆောင်ဟု ခေါ်ကြသည်။ ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင်ဟု ခေါ်ကြသည်။ တချို့ကတော့ လေဒီ(Lady) ဟု သုံးစွဲကြသည်။ အန်တီစု၊ အမေစု စသဖြင့်လည်း ချစ်စနိုးဖြင့်ခေါ်ဝေါ်ကြသည်။
သူမသည် နှစ်အတန်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် မကြာခဏနေထိုင်ခဲ့ရသည့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ဖြစ်သည်။
            သူမသည် အသက်အရွယ်ကြီးလာသောလည်း နုပျိုဆဲဖြစ်၏။ သူမသည် နွမ်းနယ်သော်လည်း ပေါ့ပါးသွက်လက် ဆဲဖြစ်၏။ သူမသည် မောပန်းသော်လည်း ပြုံးရိပ်သန်းမြဲဖြစ်၏။ သူမသည် ပြည်သူ့အတွက် ခွန်အားပေးသကဲ့သို့ ပြည်သူ များသည်လည်း သူမအတွက် အားဆေးတစ်ခွက်ဖြစ်၏။ သူမသည် လူငယ်များထက် ပိုမိုအပင်ပန်းခံနိုင်စွမ်းရှိ၏။ သူမကား မြန်မာ့ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သည်ဟု ကမ္ဘာမြေကကြိုဆိုကြ၏။

ပြုပြင်ရေး အရှိန်မြင့်ဖို့ မိုးသီးဇွန် တိုက်တွန်း

မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဒီထက် ပိုပြီးလုပ်ဆောင် လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေး သွားမယ်လို့ မိုးသီးဇွန်က ပြောပါတယ်။
မြန်မာနိုင်ငံ ခေတ်သစ် သမိုင်းမှာ အထင်ရှားဆုံး နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော် ပုံကြီးအတွင်း ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကျောင်းသား ခေါင်းဆောင် ဦးမိုးသီးဇွန်နဲ့ လုပ်ဖော်ကိုင် ဖက်တချို့  စက်တင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာ လက်ရှိ ပြုလုပ်နေတဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေ ဒီထက် ပိုပြီးလုပ်ဆောင် လာနိုင်အောင် အာဏာပိုင်တွေနဲ့ တွေ့တဲ့အခါ သူတို့အနေနဲ့ တိုက်တွန်း ဆွေးနွေးသွားမယ်လို့ ဦးမိုးသီးဇွန်က ပြောပါတယ်။ သူ့ခရီးစဉ်အတွင်း ဘယ်သူတွေကို တွေ့ဖို့ စီစဉ်ထားလဲ။ ဘာတွေ လုပ်သွားဖို့ရှိ လဲဆိုတာကိုတော့ ကိုမိုးသီးဇွန်ကို ကိုယ်တိုင် သွားရောက်တွေ့ဆုံထားတဲ့ ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ABSDF မြောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲ ရန်ကုန်တွင် ကျင်းပ

ရန်ကုန် လေဆိပ်၌ ABSDF ဥက္ကဌ ဟောင်း ဒေါက်တာ နိုင်အောင်ကို သတင်းမီဒီယာများကြားတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မြောက်ပိုင်းဒေသ၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင်ကျင်းပကြောင်း သတင်း ရရှိသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ABSDFမြောက်ပိုင်း ရဲဘော်ဟောင်းများက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး သြဂုတ်လ ၃၁ ရက်စွဲဖြင့် ကြေညာချက် တစောင်လည်း ထုတ်ပြန်ခဲ့သည်။
၁၉၉၁-၉၂ ခုနှစ်ကာလ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ် ပါဂျောင်ဒေသရှိ ABSDF မြောက်ပိုင်းစခန်း အကျဉ်းထောင်၌မတ ရား စွပ်စွဲခံရကာ ညှဉ်းပန်းနှိပ်စက်ခံရပြီး ကျဆုံးသွားသူများ၏ နစ်နာမှုကို ပြန်လည် ဖော်ထုတ်ပေးလိုကြောင်း၊ တရား ဥပဒေ လမ်းကြောင်းအရ ဖြေရှင်းသည်များကို အားပေးကူညီနိုင်ရေးတို့အတွက် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း ဦးဆောင် ကျင်းပသူ တဦးဖြစ်သည့် ABSDF မြောက်ပိုင်း ရဲဘော်ဟောင်း ကိုရဲလင်းက ဧရာဝတီကို ပြောသည်။

ပြန်ကြားရေး ဒုဝန်ကြီးသစ်ရဲ့ အံထွက်လာတဲ့ စကားများ

ပြန်ကြားရေး ဒုဝန်ကြီးသစ်ဖြစ်လာတဲ့ ဦးရဲထွဋ် ၊ ဓာတ်ပုံ - ဧရာဝတီ

ဒု ၀န်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရတဲ့ ပြန်ကြားရေး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က သတင်းကြေညာ
အပြီး မိနစ်ပိုင်းမှာဘဲ သူ့ကို ရာထူး တဆင့် တိုးပေးလိုက်တဲ့ သမ္မတကြီးကို လေးစားကျေးဇူးတင်ကြောင်း
သူ့ ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ရေးသား ထားပါတယ်။

ဒု ၀န်ကြီးဖြစ်သွားပေမယ့် သူ့ဖေ့စ်ဘုတ် စာမျက်နှာကိုလည်း ဆက်လက်ထားရှိမှာ ဖြစ်ပြီး ဖေ့စ်ဘုတ်က အကြံပြုမှုတွေကိုလည်း ကြိုဆိုနေမယ်လို့ သူက ရေးထားပါတယ်။

သူကတိပေးထားတဲ့ အတိုင်း စောင့်ကြည့်သွားကြရမည်သာဖြစ်ပါကြောင်း။

"ကျွန်တော့်ကို တစ်ဆင့်မြင့်ရာထူးအတွက် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့တဲ့ သမ္မတကြီး ကို လေးစား ကျေးဇူး တင်ပါတယ်။

ဒီလို တာဝန်မျိုးကိုထမ်းဆောင်နိုင်အောင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ပျိုးထောင်ပေးခဲ့တဲ့ ဗိုလ်လောင်းဘ၀ကနေ ဒီကနေ့အထိ ကြုံတွေ့ခဲ့ရတဲ့ သင်ဆရာ၊ မြင်ဆရာအားလုံးကို ကျေးဇူး တင်ပါတယ်။

Related Posts Plugin for WordPress, Blogger...

ShareThis