ပြည်ပမှ တင်သွင်းလာသည့်ကားများအား ဆူးလေဆိပ်ကမ်းတွင် တွေ့ရစဉ်
အဓိကအားဖြင့် ဆိပ်ကမ်း၌ ယာဉ်စစ်ဆေးမှု အပိုင်းရှိ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းအချို့၊ ကွဲလွဲချက်များအပေါ် ဒဏ်တပ်ရိုက်သည့် နှုန်းထားများ စသည်တို့မှာ ကားတင်သွင်းသူများအပေါ် အထိခိုက်ဆုံးဖြစ်ကြောင်း ကားတင်သွင်းသူများက ပြောကြားခဲ့ကြသည်။ လက်ရှိကြုံတွေ့နေရသည့် အဓိက ပြဿနာမှာ ဂျပန်နိုင်ငံတွင် ကားလေလံတင် ရောင်းချသည့် ကုမ္ပဏီများမှ ထုတ်ပြန်ထားသည့် ကားထုတ်လုပ်သည့် ခုနှစ်နှင့်မြန်မာနိုင်ငံမှ ဌာနဆိုင်ရာ တာဝန်ရှိသူများစစ်ဆေးသည့် ကားထုတ်လုပ်သည့် ခုနှစ်လွဲမှားကာ အပြင်းထန်ဆုံး ဒဏ်ကြေးတပ်ရိုက်မှုဖြင့် ရင်ဆိုင်ရသည့် အခက်အခဲဖြစ် ဖြစ်ကြောင်း သိရသည်။ |
(တစ်)
ပညာပြည့်ဝ၊ နှလုံးလှသော်ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ် တောက်လိုရာ၊ ပြီးနိုင်စွာ၏။
လူတိုင်းနှင့် ရင်းနှီးသည့် ကဗျာကောက်နုတ်ချက်ကလေးပဲ ဖြစ်ပါသည်။စာမျက်နှာတစ်နေရာရာ ဒါမှမဟုတ် ရုံးခန်း၊ဧည့်ခန်း၊ အ စည်းအဝေးခန်းမ နံရံတစ်နေရာ ရာတို့၌ သည်ကဗျာ ကောက်နုတ် ချက်ကလေးကို အများပြည်သူ မြင်သာစေရန် သပ်သပ်ရပ်ရပ် ရေးသားချိတ်ဆွဲထားသည်များကို မကြာခဏတွေ့ရတတ်ပါသည်။ ငယ်ငယ် တုန်းကတော့သည်ကဗျာ ကောက်နုတ်ချက်အတိုကလေး ပေါ်မှာ ဘာမှ အလေးအနက်မရှိလှ။ နောက်တော့ကြီးလာလေလေ တစိမ့်စိမ့်တွေးမိလေလေ အောင် မြင်ခြင်း၏ သော့ချက်ကို ရိပ်စား မိလေဖြစ်လာရသည်ကို ၀န်ခံလိုပါသည်။

ဂျီပီအက်စ်စနစ်သုံး မြေပုံဖြင့် တည်နေရာကြည့်ရှုခြင်း၊ အီးမေးလ်
လက်ခံခြင်းနှင့် အီးမေးလ်ပို့ခြင်း၊ အင်တာနက်သုံး ရှာဖွေခြင်းများပြု
လုပ်နိုင်သော မှော်မျက်မှန်ဟုဆိုရ မည့် နည်းပညာမြင့်မျက်မှန်တစ်မျိုး
ဖန်တီးနေကြောင်း ဂူးဂဲလ်က တရား ၀င်ထုတ်ပြန်ခဲ့သည်။

ပုသိမ်မြို့၊ ၁၃ ရပ်ရှိ လောင်စာဆီဇုန်တွင် ဧပြီလ ၈ ရက်နေ့ ညနေ ၅
နာရီအချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး သိုလှောင်ရုံတစ်ခုနှင့်
သိုလှောင်ရုံအတွင်းရှိ ဆီပေပါများ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး
လူနှင့်အခြားတစ်စုံတစ်ရာ ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် တာဝေးပစ်ဒုံးကျည် ပထမအဆင့်ကို
လွှတ်တင်စင်ပေါ်သို့ ရွှေ့လာသည်ဟု ယူဆရပြီး လာမည့်အပတ်တွင်
လွှတ်တင်ဖွယ်ရှိကြောင်း အမေရိကန်ဝက်ဘ်ဆိုက်တစ်ခုက ရရှိထားသော ဓာတ်ပုံ
အထောက်အထားများဖြင့် သုံးသပ်ဖော်ပြခဲ့သည်။