menu

Wednesday 29 January 2014

နယ်ဆင်မင်ဒဲလား၏ ဇနီး ပိုင်ဆိုင်ဖူးသော ဖော်ကာလေယာဉ် ပေါ်တွင် ပြခန်းဖွင့်မည်

Photo: နယ်ဆင်မင်ဒဲလား၏ ဇနီး ပိုင်ဆိုင်ဖူးသော ဖော်ကာလေယာဉ် ပေါ်တွင် ပြခန်းဖွင့်မည်

မန္တလေး၊ ဇန်နဝါရီ ၂၈

လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု အတွက် ရပ်တည်ပေးခဲ့သော တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်ဆင်မင်ဒဲလား၏ ဇနီး ပိုင်ဆိုင်ခဲ့ဖူးသော FOKKER အမျိုးအစားလေယာဉ် F-28  ပေါ်၌ လေယာဉ်ပြခန်းနှင့် ကော်ဖီဆိုင်ကို မန္တလေးမြို့တော် ချမ်းမြသာစည် လေဆိပ်တွင် ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ချမ်းမြသာစည် လေဆိပ် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိ ရသည်။

မြန်မာ့လေကြောင်းက ပြေးဆွဲခြင်း မရှိတော့သည့် FOKKER အမျိုးအစား လေယာဉ် F-28 ပေါ်တွင် ယင်းကဲ့သို့ ဆိုင်ပြောင်းလဲဖွင့်ရန် စီစဉ်ရခြင်းမှာ မြန်မာ့လေကြောင်းနှင့် ဒေသခံများကို ဆက်ပြီး အလုပ်အကျွေးပြုရန် အတွက်ဖြစ်ကြောင်း၊ ယင်းအပြင် လေယာဉ်မောင်းခန်း ထဲရှိ ပစ္စည်းများကို အရှိအတိုင်း ထားရှိထားမည် ဖြစ်ပြီး မိမိ၏ လေယာဉ်မှူးဝတ်စုံ ကိုလည်း  လေယာဉ်ပေါ် တက်ကြည့်သူများ အလှဓာတ်ပုံ ရိုက်နိုင်စေရန် ထားရှိထားမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်း လေယာဉ်မှူးကြီး ဦးထင်လင်းက  ပြောကြားသည်။

"လေယာဉ်သက်တမ်းက ပစ္စည်းဝယ်ထည့်ရင် မောင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ FOKKER ကုမ္ပဏီက ဖျက်လိုက်တော့ စက်အရန်ပစ္စည်းက ဈေးကြီးတယ်။ စိတ်မချရဘူး။ ဒါကြောင့် F-28 လေယာဉ်ကို အနားပေးလိုက်တာပါ" ဟု ၄င်းက ဆိုသည်။

ယင်း F-28 လေယာဉ်သည် ချမ်းမြသာစည် လေဆိပ်တွင် အပြီးအပိုင် ရပ်နားထားရန် ဇန်နဝါရီလ ၂၇ ရက်နေ့က ရောက်ရှိလာခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်ကို နယ်သာလန်နိုင်ငံ Fokker Company က ထုတ်လုပ်ပြီး  ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိက နိုင်ငံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း F-28 လေယာဉ်ကို အာရပ်သူဌေး တစ်ဦးနှင့်  တောင်အာဖရိကသမ္မတ နယ်ဆင်မင်ဒဲလား၏ ဇနီးတို့ ပိုင်ဆိုင်ခဲ့ ဖူးကြောင်း  မြန်မာ့လေကြောင်း မှတ်တမ်းများအရ သိရှိရသည်။

နယ်ဆင်မင်ဒဲလားသည် ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

မန္တလေး၊ ဇန်နဝါရီ ၂၈

လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှု အတွက် ရပ်တည်ပေးခဲ့သော တောင်အာဖရိက လူမည်းခေါင်းဆောင် နယ်ဆင်မင်ဒဲလား၏ ဇနီး ပိုင်ဆိုင်ခဲ့ဖူးသော FOKKER အမျိုးအစားလေယာဉ် F-28 ပေါ်၌ လေယာဉ်ပြခန်းနှင့် ကော်ဖီဆိုင်ကို မန္တလေးမြို့တော် ချမ်းမြသာစည် လေဆိပ်တွင် ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ချမ်းမြသာစည် လေဆိပ် တာဝန်ရှိသူများထံမှ စုံစမ်းသိရှိ ရသည်။

မြန်မာ့လေကြောင်းက ပြေးဆွဲခြင်း မရှိတော့သည့် FOKKER အမျိုးအစား လေယာဉ် F-28 ပေါ်တွင် ယင်းကဲ့သို့ ဆိုင်ပြောင်းလဲဖွင့်ရန် စီစဉ်ရခြင်းမှာ မြန်မာ့လေကြောင်းနှင့် ဒေသခံများကို ဆက်ပြီး အလုပ်အကျွေးပြုရန် အတွက်ဖြစ်ကြောင်း၊ ယင်းအပြင် လေယာဉ်မောင်းခန်း ထဲရှိ ပစ္စည်းများကို အရှိအတိုင်း ထားရှိထားမည် ဖြစ်ပြီး မိမိ၏ လေယာဉ်မှူးဝတ်စုံ ကိုလည်း လေယာဉ်ပေါ် တက်ကြည့်သူများ အလှဓာတ်ပုံ ရိုက်နိုင်စေရန် ထားရှိထားမည် ဖြစ်ကြောင်း မြန်မာ့လေကြောင်း လေယာဉ်မှူးကြီး ဦးထင်လင်းက ပြောကြားသည်။

"လေယာဉ်သက်တမ်းက ပစ္စည်းဝယ်ထည့်ရင် မောင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ FOKKER ကုမ္ပဏီက ဖျက်လိုက်တော့ စက်အရန်ပစ္စည်းက ဈေးကြီးတယ်။ စိတ်မချရဘူး။ ဒါကြောင့် F-28 လေယာဉ်ကို အနားပေးလိုက်တာပါ" ဟု ၄င်းက ဆိုသည်။

အိပ်ပျော်နေစဉ်အသက်ရှုရပ်ခြင်းကြောင့် သေဆုံးမှုများအား ကာကွယ်ပေးမည့် အလိုအလျောက်အသက်ရှုခြင်းစနစ်

အိပ်ပျော်နေစဉ်အသက်ရှုရပ်ခြင်းကြောင့် သေဆုံးမှုများအား ကာကွယ်ပေးမည့် အလိုအလျောက်အသက်ရှုခြင်းစနစ်
================================
ပြန်ဆိုသူ- World Wide 

         လေဖြတ်ခြင်းနှင့် ရုတ်တရက်နှလုံးထိခိုက်ခြင်းများကြောင့် အသက်ရူရပ်ဆိုင်းသွားခြင်း ဖြစ်စဉ်များသည် ယခုအခါတွင် ပိုမိုတိုးပွားလာခဲ့ပါသည်။ ထိုသို့ဖြစ်စဉ်များအား ကုသရာတွင် CPAP မျက်နှာစွပ်ကိရိယာအား အသက်ရှုရန်အလို့ငှာ တပ်ဆင်ထားရသော်လည်း ၄င်းကိရိယာအနေဖြင့် လူနာများအတွက် သက်တောင့် သက်သာမရှိလှကြောင်း ကြားသိနေရပါသည်။

 ထို့ကြောင့် ဗြိတိန်နိုင်ငံ၏ New England ဟုခေါ်သော ဆေးပညာဂျာနယ်တစ်ခုမှ လူ၏ ခနကိုယ်အတွင်းသို့ အီလက်ထရောနစ်ကိရိယာတစ်ခု (ပုံတွင်ပြထားသည့်အတိုင်း) ထည့်သွင်း၍ ယခုကဲ့သို့ ဖြစ်စဉ်မျိုးအား ၇၀ ရာခိုင်နှုန်းအထိလျော့ချနိုင်ရန်ကြိုးစားခဲ့ကြပါသည်။ အဆိုပါကိရိယာအနေဖြင့် လည်ချောင်းကြွက်သွားများအား အိပ်ပျော်နေစဉ်အမြဲတမ်း အသက်ရှုနိုင်ရန် (ပါးစပ်အနည်းငယ်ဟချင်းဖြင့်) ပြုလုပ်ခိုင်းမည်ဖြစ်ပါသည်။ ယခုစနစ်ကို အလိုအလျောက်အသက်ရှုခြင်းစနစ်ဟုလည်း အမည်ပေးထားပါသည်။

 အဆိုပါကိရိယာအား ရင်ဘက်အရေပြားအောက်တွင် ထည့်သွင်းထားရမည် ဖြစ်ပါသည်။ ၄င်းအနေဖြင့် နံရိုးနံပတ် ၄ နှင့် ၅ ကြားတွင်ထည့်သွင်းထားပြီး အသက်ရူခြင်းဆိုင်ရာအချက်အလက်များကို Hypoglossal Nerve ဆီသို့ပေးပို့မည်ဖြစ်သည်။ အဆိုပါ Nerve မှ မေးရိုးရှိကြွက်သားများအား အိပ်ပျော်နေစဉ်အတွင်း အသက်ရူနိုင်ရန် ပြုလုပ်ပေးမည်ဖြစ်ပါသည်။ ထို့အပြင် လူနာအနေဖြင့် အဆိုပါကိရိယာအား အိပ်ချိန်၌သာ အသုံးပြုနိုင်ရန်အတွက် ထိန်းချုပ်အမိန့်ပေးနိုင်ပါသည်။ ဆိုလိုသည်မှာ အိပ်သည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် ကိရိယာအား လူနာအနေဖြင့် ပိတ်ထားနိုင်မည်ဖြစ်ပါသည်။

 သုတေသနပြုလေ့လာတွေ့ရှိချက်များအရ ၁၂ အတွင်း လူနာပေါင်း ၁၂၆ ယောက်အား အဆိုပါကိရိယာ တပ်ဆင်ပေးပြီး စမ်းသပ်ခဲ့သည့်ရလဒ်မှာ လူနာများ အိပ်ပျော်နေစဉ် အသက်ရှုရပ် သေဆုံးခြင်းအား ၇၀ ရာခိုင်နှုန်းထိ လျော့ချနိုင်ခဲ့သည်ဟု သိရပါသည်။ သို့သော် အဆိုပါကိရိယာသည် လူတိုင်းအတွက်တော့ သင့်တော်မည်မဟုတ်ကြောင်းကိုလည်း သုတေသနသမားများမှ ပြောကြားခဲ့ပါသည်။

Ref:http://www.gizmodo.com.au/2014/01/this-electronic-sleep-apnea-cure-is-like-auto-pilot-for-breathing/

ပြန်ဆိုသူ- World Wide

လေဖြတ်ခြင်းနှင့် ရုတ်တရက်နှလုံးထိခိုက်ခြင်းများကြောင့် အသက်ရူရပ်ဆိုင်းသွားခြင်း ဖြစ်စဉ်များသည် ယခုအခါတွင် ပိုမိုတိုးပွားလာခဲ့ပါသည်။ ထိုသို့ဖြစ်စဉ်များအား ကုသရာတွင် CPAP မျက်နှာစွပ်ကိရိယာအား အသက်ရှုရန်အလို့ငှာ တပ်ဆင်ထားရသော်လည်း ၄င်းကိရိယာအနေဖြင့် လူနာများအတွက် သက်တောင့် သက်သာမရှိလှကြောင်း ကြားသိနေရပါသည်။

ထို့ကြောင့် ဗြိတိန်နိုင်ငံ၏ New England ဟုခေါ်သော ဆေးပညာဂျာနယ်တစ်ခုမှ လူ၏ ခနကိုယ်အတွင်းသို့ အီလက်ထရောနစ်ကိရိယာတစ်ခု (ပုံတွင်ပြထားသည့်အတိုင်း) ထည့်သွင်း၍ ယခုကဲ့သို့ ဖြစ်စဉ်မျိုးအား ၇၀ ရာခိုင်နှုန်းအထိလျော့ချနိုင်ရန်ကြိုးစားခဲ့ကြပါသည်။ အဆိုပါကိရိယာအနေဖြင့် လည်ချောင်းကြွက်သွားများအား အိပ်ပျော်နေစဉ်အမြဲတမ်း အသက်ရှုနိုင်ရန် (ပါးစပ်အနည်းငယ်ဟချင်းဖြင့်) ပြုလုပ်ခိုင်းမည်ဖြစ်ပါသည်။ ယခုစနစ်ကို အလိုအလျောက်အသက်ရှုခြင်းစနစ်ဟုလည်း အမည်ပေးထားပါသည်။

ကြက်မောက်သီး၏ ကျန်းမာရေး စွမ်းပကား

Photo: ကြက်မောက်သီး၏ ကျန်းမာရေး စွမ်းပကား

ကြက်မောက်သီး အခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင် သန်းနေပြီး အရသာ အနေနဲ့ ချိုမြပါတယ်။

ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ

၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ဒီလို အာဟာရ တန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေး စွမ်းပကားတွေကို ရရှိစေပါတယ်။

ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ် နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။

ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

ကြက်မောက်သီးမှာ ဗီတာမင်စီနဲ့ ဘီတာကယ် ရိုတင်းတို့ များစွာ ပါဝင်တဲ့ အပြင် ဖလေဗိုးနွိုက်လို့ ခေါ်တဲ့ အပင်ထွက် အင်တီ အောက်ဆီးဒင့်လည်း ပေါများစွာ ပါဝင်ပါတယ်။ ဖလေဗိုးနွိုက်ဟာ သွေးတွင်း မကောင်းတဲ့ ကိုလက် စထရောကို လျော့ကျစေပြီး ကင်ဆာ ဆန့်ကျင် ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှု လျော့ကျစေတဲ့ ဂုဏ်သတ္တိတို့လည်း ရှိပါတယ်။

ကြက်မောက်သီး အရေခွံမှာ Gallic acid ပါဝင်ပြီး ခန္ဓာကိုယ်တွင်းမှာ ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုတွေ မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါ မဖြစ်အောင် လည်း ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။ အင်တီအောက်ဆီးဒင့် အစွမ်းကြောင့် ကြက်မောက် သီး Extract ကို ဆေးဝါး ဒါမှမဟုတ် ဖြည့်စွက်ဆေး တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါတယ်။

ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပါတယ်။ ကြက်မောက်သီး ၁၀- ၁၂ လုံးမှာ အက်စ်ကောဗစ် အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ် ပါဝင်ပြီး လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါတယ်။ ဗီတာမင်စီဟာ ခန္ဓာကိုယ် ဆဲလ်တွေကို ဖရီးရယ်ဒီ ကယ်ကြောင့် ထိခိုက်မှုမှ ကာကွယ်ပေးနိုင်ပြီး သံဓာတ် စုပ်ယူ နိုင်အောင် ကူညီ ပေးပါတယ်။

ကြက်မောက်သီးမှာ သွေးနီဥနဲ့ သွေးဖြူဥတွေ ပြုလုပ်ရေး အတွက် လိုအပ်တဲ့ ကြေးနီဓာတ် အနည်းငယ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က အင်ဇိုင်းတချို့ ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ မဂ္ဂနိစ်လည်း လိုအပ်ပါတယ်။

ကြက်မောက်သီးရဲ့ လုပ်ငန်းဆောင်တာ တစ်ခုကတော့ သံဓာတ် အရင်းအမြစ်  ကောင်းကောင်း ရရှိစေတာပဲ ဖြစ်ပါတယ်။ စားတဲ့အထဲမှာ ပါတဲ့ သံဓာတ်ဟာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မှန်ကန်တဲ့ အတိုင်းအတာ ရအောင် ကူညီပေးနိုင်ပြီး သွေးအားနည်း တာကြောင့် မူးဝေတာ၊ နုံးချည့် ပင်ပန်းတာနဲ့ ဖျော့တော့နွမ်းနယ် တာတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားတဲ့အခါ တစ်နေ့တာ လိုအပ်တဲ့ ဖော့စ်ဖရပ်စ်ရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဖော့စ်ဖရပ်စ်ဟာ ကျောက်ကပ်ထဲက အညစ်အကြေးနဲ့ စွန့်ပစ် ပစ္စည်းတွေကို စွန့်ထုတ်ပေးပြီး တစ်သျှူးနဲ့ ဆဲလ်တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြုပြင်မှုနဲ့ ကောင်းမွန်အောင် ထိန်းသိမ်းမှုတွေမှာ အရေးပါပါတယ်။

ကြက်မောက်သီးမှာ ကယ်လ်စီယမ် အနည်းငယ် ပါဝင်ပြီး ဖော့စ်ဖရပ်စ်နဲ့ ကယ်လ်စီယမ်ဟာ သွားနဲ့ အရိုးတွေ အားပြည့် ခိုင်ခံ့စေဖို့ အတူတွဲပြီး အလုပ်လုပ်ပါတယ်။ ကြက်မောက်သီးမှာ အာဟာရ ဆိုင်ရာ အကျိုးကျေးဇူးတွေ အပြင် ဆေးကုသမှုဆိုင်ရာ ကောင်းကျိုးတွေလည်း ရှိပါတယ်။

ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းရှိ ကပ်ပါး ကောင်တွေကို  သေစေတာကြောင့် ဝမ်းလျှောတဲ့ ဝေဒနာကို သက်သာ စေပါတယ်။ မလေးရှားမှာ ရိုးရာ အနာကျက်ဆေး အဖြစ် ကြက်မောက်သီးကို သုံးလေ့ရှိကာ ဖျားနာ နေသူတွေကို ကျွေးလေ့ရှိပါတယ်။ သင့်အနေနဲ့ နာမကျန်း ဖြစ်နေပါက ကြက်မောက်သီး မစားခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင် ဆွေးနွေးဖို့ လိုပါတယ်။

ကြက်မောက်သီး အခွံက အနီရောင်ရှိပြီး အထဲက အသီးအနှစ်ဟာ အဝါရောင် သန်းနေပြီး အရသာ အနေနဲ့ ချိုမြပါတယ်။

ကြက်မောက်သီး တစ်ခွက်စာ ပမာဏမှာ ကယ်လိုရီ ၁၂၃၊ အဆီ ၀ ဒသမ

၃ ဂရမ်၊ ဆိုဒီယမ် ၁၇ မီလီဂရမ်၊ ကာဗိုဟိုက်ဒရိတ် ၃၁ ဒသမ ၃ ဂရမ်၊ အမျှင်ဓာတ် ၁ ဒသမ ၄ ဂရမ်၊ ပရိုတင်း တစ်ဂရမ်တို့ ပါဝင်ကြပြီး ကိုလက်စထရောနဲ့ ပြည့်ဝဆီတို့ ပါဝင်မှု မရှိပါဘူး။ဒီလို အာဟာရ တန်ဖိုးတွေ ပါဝင်တဲ့ ကြက်မောက်သီးကို စားပေးရင် အောက်ပါ ကျန်းမာရေး စွမ်းပကားတွေကို ရရှိစေပါတယ်။

ကြက်မောက်သီးမှာ သကြားဓာတ်၊ အထူးသဖြင့် ဖရက်တို့စ်နဲ့ ဆူးခရို့စ်တို့ များစွာ ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ ပျမ်းမျှအားဖြင့် ကြက်မောက်သီး တစ်လုံးမှာ ကယ်လိုရီ ၆၀ လောက်ပဲ ပါဝင်ပါတယ်။ ကြက်မောက်သီးမှာ ဗီတာမင်စီ များစွာ ပါဝင်ပြီး ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း (ဒါမှမဟုတ်) ဗီတာမင်အေ၊ ကယ်လ်စီယမ် နည်းနည်း၊ မဂ္ဂနီဆီယမ်၊ သွပ်(ဇင့်)၊ ဆိုဒီယမ်၊ နိုင်ယာစင်၊ အမျှင်ဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။

ကြက်မောက်သီးကို မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတွေမှာ ရိုးရာဆေးတစ်လက်အဖြစ် နှစ်ရာပေါင်းများစွာကပင် ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်းမှုပေါင်း များစွာကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ်။

အသည်းပုံ မျက်နှာ လိုချင်လို့ လူမဆန်မေးရိုးခွဲစိတ်ပြုပြင်မှု လုပ်ခဲ့တဲ့ တောင်ကိုရီးယားသူလေး

ကိုရီးယား ရုပ်သံလိုင်းမှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားသူလေးဟာ  သူမရဲ့မျက်နှာကို သူမကိုယ်တိုင်ဖျက်စီးမှုနဲ့ အပြစ်တင်ခံနေရပါတယ်။ သူမရဲ့ “မပြုပြင်ခင်” နဲ့ “ပြုပြင်ပြီး” မျက်နှာပုံတွေဟာ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့ပါတယ်။
ဒီ တောင်ကိုရီးယားသူလေးရဲ့ အမည်ကိုတော့ ဘယ်သူဘယ်ဝါဆိုတာ မဖော်ပြထားပါဘူး။ တောင်ကိုရီးယား ရုပ်သံလိုင်းက သတင်းကြေညာသူလို့တော့ ဆိုကြပါတယ်။ အရှေ့အာရှသူတွေ အလိုချင်ဆုံး မျက်နှာပုံစံဖြစ်တဲ့ အသည်းပုံ မျက်နှာကို သူမ လိုချင်ခဲ့တာကြောင့် အခုလို လူမဆန်မျက်နှာ ခွဲစိတ်ပြုပြင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မကြာသေးမှီက စားရင်း ကိန်းဂဏန်းတွေအရဆိုရင် တခြားတိုင်းပြည်တွေနဲ့ယှဉ်ရင် ပလတ်စတစ်ဆာဂျရီ အလုပ်အများဆုံးနိုင်ငံဟာ တောင်ကိုရီးယားပါပဲ။ အထူးသဖြင့် အသက် ၁၉နှစ်ကနေ ၄၉နှစ်ကြား အမျိုးသမီးတွေ ရူးသွပ်ကြပါတယ်။
ဂျပန် အွန်လိုင်းဖိုရမ်မှာ တွေ့ရတဲ့ မှတ်ချက်တွေကတော့ “ဟုတ်ရဲ့လားဟယ်၊ ဖိုတိုရှော့ ထားတာလို့ ပြောစမ်းပါ။” “လူတစ်ယောက်ရဲ့ မေးစေ့ကို အဲ့လောက်ထိ သွယ်အောင် လုပ်လို့ရနိုင်ပါ့မလား။” “အလှစစ်ဆိုတဲ့အရာကို သူမ တကယ်မသိပါဘူး။” စသဖြင့်ပါပဲ။

သစ်ခေါက်ခွာသူတို့၏ မရေရာသောအနာဂတ်

Photo: သစ်ခေါက်ခွာသူတို့၏ မရေရာသောအနာဂတ်
-----------------------
ရေးသားသူ- ညီညီဇော်

ဧရာဝတီမြစ်ရေက အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသည်။ မြစ်ကမ်းစပ်အထက်နားတွင်တော့ ကျိုးတိုးကျဲတဲ တည်ဆောက်ထားသော တဲအိမ်စုလေးများက ဆိတ်ငြိမ်စွာတည်ရှိနေသည်။ သို့သော် တဲအိမ်လေးတွေရဲ့ရှေ့မှာ၊ ဘေးမှာ၊ တဲပေါက်ဝမှာ ရှိနေတဲ့လူများ၏ မျက်လုံးတွေကတော့ ဂနာမငြိမ်ဘဲတစ်စုံတစ်ရာကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို ငေးမောနေကြသည်။

ထိုအချိန် မြစ်ဆိပ်ကနေ အမျိုးသမီးတစ်ဦး သဲသောင်များကိုဖြတ်ကာ တစ်ခုခုကိုအော်ဟစ်ရင်း အူယားဖားယားပြေးတက်လာသည်။ “ထင်းတွဲကြီးလာပြီဟေ့”တဲ့။ သူ့အသံကြားတော့ ထိုင်နေကြတဲ့လူတွေ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ မြစ်ထဲကိုလှမ်းကြည့်လိုက်တော့ သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောတစ်စီးက တလှုပ်လှုပ်ဖြင့် မျှော်နေသူတို့ဆီ လာနေချေပြီ။

ဟုတ်ပါသည်။ ထင်းတွဲကြီးလာပါပြီ။ သူတို့တွေ ကိုယ်စီကိုယ်စီမျှော်နေကြသည့် ထင်းတွဲကြီးလာချေပြီ။ စောစောက ပျင်းရိလေးတွဲဖွယ်ဖြစ်နေသည့် မျက်နှာတွေ ကိုယ်စီကိုယ်စီဝင်းပသွားကာ တဲအိမ်လေးတွေအတွင်း အမြန်ဝင်လိုက်ကြသည်။ တဲအိမ်အတွင်းမှ ယူလာသည်ကတော့ သံတူးရွင်းတစ်ခုစီ။ သံတူးရွင်းကိုယ်စီဖြင့် မြစ်ဆိပ်ကို အလုအယက်ပြေးဆင်းကြသည်။ သစ်ခေါက်များ သွားခွာရန်ပင်ဖြစ်သည်။ ထို့ကြောင့် သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောကြီးကို ကလေးတွေက အမည်ပေးတတ်ကြသည်။

“ထမင်းအိုးကြီးမျောလာပြီ” တဲ့။ ထမင်းအိုးကြီးလို့အမည်ပေးရလောက်အောင်ပင် သူတို့အတွက် သစ်တင်သင်္ဘောကြီးတွေက တကယ့်ထမင်းအိုးကြီးတွေဖြစ်လာအောင် ဖန်တီးပေးတတ်သည်ဟု သစ်ခေါက်ခွာသူ အသက်(၅၅)နှစ်အရွယ် ဒေါ်ခင်ဝင်းကပြောပြသည်။ ဧရာဝတီမြစ်အထက်ပိုင်းမှ စုန်ဆင်းလာသည့် သစ်တင်သင်္ဘောတွေက ရတနာပုံတံတားအနီးက မြန်မာ့သစ်လုပ်ငန်းတွင် မျှောစာယူရန် မြစ်လယ်တွင် ကျောက်ချလေ့ရှိသည်။

ထိုအချိန် သစ်တင်သင်္ဘောပေါ်က ကြီးမားလှသော သစ်တုံးကြီးများ၏ အခေါက်ကလေးများကို အလုအယက်လိုက်ခွာရင်း ထမင်းအိုးဖြစ်အောင် ဖန်တီးကြသူတွေက ဧရာဝတီမြစ်ကူး ရတနာပုံတံတားအနောက်ဘက်ကမ်း စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင့် တစ်ပုံတစ်ပင်။ ဟိုအရင် ရတနာပုံတံတားမထိုးခင် စစ်ကိုင်းသစ်ဆိပ်နဲ့ ရွှေကြက်ယက်ဆိပ်ကမ်းကို ငှက်လှေတွေနဲ့ကူးကြတော့ လှေသမားတွေအလုပ်ဖြစ်ခဲ့သည်။

ခုတော့ ရတနာပုံတံတားပေါ်လာတော့ ငှက်လှေနဲ့မကူးကြတော့။ ငှက်လှေအလုပ်မဖြစ်တော့ ရရာသစ်ခေါက်ခွာတဲ့အလုပ် ၀င်လုပ်ခဲ့ရသည်ဟု အသက်(၅၅)နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောပြသည်။ နောက်တော့ တဖြည်းဖြည်း သစ်ခေါက်ခွာသူ များလာလိုက်တာ စစ်ကိုင်းသစ်ဆိပ်အနီးမှာဖြင့် တဲအိမ်လေးတွေကိုပုံလို့။ 

သစ်တင်သင်္ဘောများ ၀င်လာပြီဆိုရင် မြစ်ဆိပ်မှာရပ်ထားတဲ့ ငှက်လှေတွေပေါ် အပြေးအလွှားတက်ကာ စက်ကိုအသားကုန်မောင်းပြီး သူ့ထက်ငါအပြိုင်အဆိုင် သစ်တင်သင်္ဘောကြီးဆီ ပြေးကြလေပြီ။ တဝေါဝေါစီးဆင်းနေသည့် ဧရာဝတီမြစ်ပြင်ကျယ်ကြား သစ်တင်သင်္ဘောကြီးဆီသို့ ငှက်လှေလေးတွေ အပြိုင်အဆိုင်မောင်းနှင်သွားကြသည်က အစာကိုအပြိုင်သုတ်ကြတော့မည့် သိမ်းငှက်များနှယ်။ ယခင်ကတော့ ငှက်လှေမှာ စက်မတပ်နိုင်ခင်က အပြိုင်အဆိုင်လှော်ခတ်ကာ သင်္ဘောနောက်လိုက်ရသည်။ ခုတော့ စက်တပ်ပြီး နည်းနည်းတော့ အမောသက်သာသည်။ သို့သော် သင်္ဘောနားရောက်တော့မှ သစ်ခေါက်ဈေးကောင်းကောင်းမရသည့် ကျွန်းသစ်မျိုးဖြစ်နေတဲ့အခါကျရင် မောပြီသာမှတ်။

“ကျွန်းသစ်အခေါက်ကျတော့ ဈေးကမရဘူး။ အင်သစ်ခေါက်ကမှဈေးကရတာ။ ကျွန်းသစ်တွေနဲ့တိုးပြီဆိုရင် ဆီဖိုးငါးရာလောက်ရှုံးပြီပဲ”ဟု သစ်ခေါက်ခွာရန်လိုက်လာသူ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။ ထို့အပြင် သင်္ဘောနားရောက်မှ ပြောင်ရှင်းနေသည့် သစ်တုံးကြီးတွေတွေ့ရပြီဆိုရင် သင်္ဘောပေါ်က သူလိုကိုယ်လို ဘ၀တူသင်္ဘောဝန်ထမ်းလေးတွေက သစ်ခေါက်တွေခွာခဲ့ပြီးပြီဖြစ်လို့ သက်ပြင်းချကာ သင်္ဘောပေါ်က ပြန်ဆင်းခဲ့ရသည်မှာလည်း အကြိမ်ကြိမ်။

သစ်တင်သင်္ဘောနားရောက်တော့ ငှက်လှေကိုစက်သတ်ရင်း မောင်းနေဆဲသင်္ဘောနား တဖြည်းဖြည်းကပ်ရသည်။ ငှက်လှေကို သင်္ဘောနဲ့ကပ်ချည်ပြီးတော့ ပါလာသမျှလူအားလုံး သင်္ဘောပေါ်တက်ကြသည်။ သစ်လုံးတွေဆီက သစ်ခေါက်တွေကို သံတူးရွင်းတွေကိုယ်စီဖြင့် ခွာကြပြီ။ သစ်ခေါက်ခွာတာကို သင်္ဘောဝန်ထမ်းတွေက ကိုယ်ချင်းစာစိတ်ဖြင့် ဘာမျှမပြော။ ထို့ကြောင့် သူတို့တစ်တွေကလည်း အလိုက်သိစွာဖြင့် သစ်သားကိုယ်ထည်ကိုမထိခိုက်စေရေး အသာအယာသစ်ခေါက်ကိုခွာရသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုသည်။ “၀န်ထမ်းတွေကလည်း ကျွန်တော်တို့ကို သနားကြတယ်နဲ့တူပါတယ်။ တစ်ခါတလေ ထမင်းတောင်ကျွေးသေးတယ်”ဟု သစ်ခေါက်ခွာသူ ကိုသီဟဇော်ကပြောပြသည်။ ဧရာဝတီမြစ်လယ် နေအပူရှိန်ကြောင့် ချွေးများက တစက်စက်ကျနေလည်း သူတို့မမှု။ “ဒီအလုပ်က အူစိုတယ်။ ဒါပေမဲ့ပင်ပန်းတယ်”ဟု သစ်ခေါက်ခွာရင်း ကိုသီဟဇော်ကပြောသည်။ ဒီလောက်ပင်ပန်းနေသည့်အတွက် သစ်ခေါက်တွေ ဈေးကောင်းကောင်းရပုံပဲဟု ထင်နိုင်စရာရှိသည်။ ၀မ်းဗိုက်ကားကား ငှက်လှေတစ်စင်း အပြည့်အမောက်မှ ကျပ်ခြောက်ထောင်ခန့်သာရသည်။ 

ငှက်လှေတစ်စီးအပြည့်ဖြစ်ဖို့အတွက် လူသုံးယောက်ခန့် အင်တိုက်အားတိုက် သစ်ခေါက်ခွာမှသာရနိုင်သည်ဟု သစ်ခေါက်ခွာသူများကပြောသည်။ ထို့ကြောင့် သစ်ခေါက်ခွာသူများက မိမိတို့ရှာလာတဲ့သစ်ခေါက်တွေကို မီးမမြှိုက်ရက်။ ရလာတဲ့သစ်ခေါက်တွေ ဟိုဒီရွှေ့ရင်း ပဲ့ကျသွားသည့်သစ်ခေါက်အစနလေးတွေကိုသာ သုံးပါသည်ဟု သစ်ခေါက်ခွာသူအမျိုးသမီးတစ်ဦးကဆိုပါသည်။

သစ်ခေါက်ခွာသူတွေ ပိုမိုအကျပ်အတည်းဖြစ်စေတဲ့ ကာလတွေကလည်း လာတတ်ပါသေးသည်။ နှစ်ကုန်ပြီဆို သစ်တင်သင်္ဘောတွေ အလာကျဲချေပြီ။ သစ်ခေါက်ခွာသူတွေ အသီးသီးတိုင်ပင်ကြပြီ။ ငွေစုထားတာရှိတဲ့သူကထုတ်၊ ပေါင်နှံစရာရှိသူက အပေါင်ဆိုင်ပြေး၊ သစ်ခေါက်ပွဲစားဆီက ငွေကြိုထုတ်လို့ရသူကထုတ်ကာ ဧရာဝတီမြစ်တစ်လျှောက် ငှက်လှေဖြင့်ဆန်တက်ရင်း သစ်တင်သင်္ဘောရှာပုံတော်ဖွင့်ရန်စီစဉ်ရသည်။ သစ်တင်သင်္ဘောကိုတွေ့ဖို့ ရက်က ဘယ်လောက်ကြာမည်ဆိုတာ မသေချာတော့ ငှက်လှေပေါ်မှာ ဆန်နဲ့သီးနှံတွေတင်၊ ထမင်းအိုး၊ ဟင်းအိုးတွေပါဆွဲကာ သစ်တင်သင်္ဘောဆီလိုက်ရသည်။ တစ်ခါတလေ ကံကောင်းရင်တော့ ရက်တိုတိုနဲ့ သစ်တင်သင်္ဘောတွေ့တတ်သည်။ သစ်တင်သင်္ဘောမတွေ့ရင်တော့ ဆန်တက်ပေဦးတော့။ ငှက်လှေတွင် စက်မတပ်နိုင်ခင်က လက်ဖြင့်လှော်ကာ ဆန်တက်ရတာမို့ ခြေကုန်လက်ပန်း ကျလာတတ်ကြသည်။ ထို့ကြောင့် ကမ်းပါးမြင့်သည့်နေရာရောက်လာပါက တစ်ယောက်က ကမ်းပါးပေါ်တက်ကာ ငှက်လှေကိုကြိုးဖြင့်ဆွဲရင်း ခရီးဆက်ရသည်။ ညမှောင်လာပြီဆို တွေ့သည့်သောင်ပြင်မှာ မိုးကာတဲထိုးကာ တစ်ထောက်နားရသည်။ သစ်တင်သင်္ဘောတွေ့ပြီဆိုရင် အရမ်းပျော်မိသည်ဟု မိသားစုလိုက် ငှက်လှေဖြင့် သစ်တင်သင်္ဘောရှာခဲ့သူ ဒေါ်ခင်ဝင်းကဆိုပါသည်။ မြစ်ကြောင်းတစ်လျှောက် သစ်ခေါက်တွေကို ခွာလာလိုက်တာ စစ်ကိုင်းသစ်ဆိပ်ကျတော့ ချကာရောင်းချလိုက်မှ အမောပြေတော့သည်ဟု သစ်ခေါက်ခွာသူများကဆိုပါသည်။

သစ်တင်သင်္ဘောပေါ်တင်မကဘဲ လှေတွေဖြင့်ကပ်ချည်ကာ သယ်ဆောင်လာသည့် သစ်တွဲများတွင်လည်း သစ်ခေါက်ခွာကြပါသေးသည်။ လူကရေထဲကိုဆင်းပြီး ခွာရသည့်အတွက် အောက်ကအေးအေး အပေါ်ကနေပူပူဖြင့် ညဆို ခါးတွေကနာတာလွန်ပါရောဟု ကိုသီဟဇော်ကပြောပြသည်။ သစ်ခေါက်တွေ အပြေးအလွှားခွာကြဖို့အရေး ပြေးရင်းလွှားရင်း သင်္ဘောပေါ်ကရေညှိများကြောင့် ချော်လဲကာ ခိုက်မိတာတွေ၊ သစ်လုံးတစ်လုံးကနေတစ်လုံးကူးရင်း ခြေချော်ကျကာ ဒဏ်ရာရတာတွေက သူတို့အတွက်မဆန်းတော့။ သစ်ခေါက်ခွာရင်း ကံဆိုးခဲ့သူတချို့လည်း ရှိခဲ့ဖူးသည်။ အပြေးအလွှားသစ်ခေါက်တက်ခွာရင်း တုံးညပ်သေခဲ့တာတွေ၊ သင်္ဘောတစ်စီးနဲ့တစ်စီး သစ်လွှဲတင်နေတဲ့ကရိန်းနဲ့ ခိုက်မိခဲ့တာတွေလည်း ဖြစ်ခဲ့ဖူးသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုပါသည်။

ဧရာဝတီမြစ်ထဲ လှိုင်းအရမ်းကြီးနေသည့်အခါ၊ လေကြီးမိုးကြီးကျနေသည့်အခါမျိုးတော့ တော်တော်များများက မသွားဝံ့ကြတော့။ စွန့်စွန့်စားစားသွားသူတွေလည်းရှိပါ၏။ သစ်ခေါက်ခွာပြီး ကမ်းစပ်ပြန်ရောက်မှ ဟင်းချနိုင်သည်ဟု ကိုသီဟဇော်ကပြောပြသည်။

သစ်ခေါက်ခွာသူတို့ကတော့ သူတို့မျက်စိအောက်ကနေ နေ့စဉ်ဖြတ်သန်းနေသည့် သစ်လုံးကြီးတွေ ဘယ်ဆီရောက်သွားသည်ကို သူတို့မသိ။ သိရန်လည်းမလို။ သူတို့က သစ်ခေါက်ကလေးတွေခွာခွင့်ရတာကိုပင် ဆုလာဘ်တစ်ခုလို့ ယူဆနေကြသည်။ ခုရက်ပိုင်း သစ်တင်သင်္ဘောတွေ အ၀င်နည်းလာသည်ဟု သစ်ခေါက်ခွာသူတို့ကဆိုပါသည်။ “သင်္ဘောပေါ်က၀န်ထမ်းတွေကတော့ ပြောတယ်။ နောက်သုံးလလောက်ဆိုရင် သစ်ခေါက်တွေ ခွာလို့ရမှာမဟုတ်တော့ဘူးတဲ့။ သစ်တွေကို လေးထောင့်လှီးပြီးမှ တင်လာတော့မယ်ပြောတာပဲ”ဟု ဒေါ်ခင်ဝင်းက သူတစ်ဆင့်ကြားသည်ကို ပြန်ပြောပြသည်။ သို့သော် နောင်ခါလာနောင်ခါဈေး ဒေါ်ခင်ဝင်းတို့လို သစ်ခေါက်ခွာပြီး ထမင်းအိုးတည်မည့်သူတွေအတွက်ကတော့ ဧရာဝတီမြစ်ထဲက သစ်တင်သင်္ဘောတွေကို မကြာခဏ လှမ်းမျှော်နေကြဦးမှာကတော့မလွဲ။

ဓာတ်ပုံ- ညီညီဇော်

ရေးသားသူ- ညီညီဇော်

ဧရာဝတီမြစ်ရေက အေးဆေးတည်ငြိမ်စွာ စီးဆင်းနေသည်။ မြစ်ကမ်းစပ်အထက်နားတွင်တော့ ကျိုးတိုးကျဲတဲ တည်ဆောက်ထားသော တဲအိမ်စုလေးများက ဆိတ်ငြိမ်စွာတည်ရှိနေသည်။ သို့သော် တဲအိမ်လေးတွေရဲ့ရှေ့မှာ၊ ဘေးမှာ၊ တဲပေါက်ဝမှာ ရှိနေတဲ့လူများ၏ မျက်လုံးတွေကတော့ ဂနာမငြိမ်ဘဲတစ်စုံတစ်ရာကို မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်မျှော်နေကာ ဧရာဝတီမြစ်ပြင်ကျယ်ကြီးကို ငေးမောနေကြသည်။

ထိုအချိန် မြစ်ဆိပ်ကနေ အမျိုးသမီးတစ်ဦး သဲသောင်များကိုဖြတ်ကာ တစ်ခုခုကိုအော်ဟစ်ရင်း အူယားဖားယားပြေးတက်လာသည်။ “ထင်းတွဲကြီးလာပြီဟေ့”တဲ့။ သူ့အသံကြားတော့ ထိုင်နေကြတဲ့လူတွေ လှုပ်လှုပ်ရွရွဖြစ်သွားသည်။ မြစ်ထဲကိုလှမ်းကြည့်လိုက်တော့ သစ်တွေအပြည့်တင်ဆောင်လာသည့် သင်္ဘောတစ်စီးက တလှုပ်လှုပ်ဖြင့် မျှော်နေသူတို့ဆီ လာနေချေပြီ။

ဟုတ်ပါသည်။ ထင်းတွဲကြီးလာပါပြီ။ သူတို့တွေ ကိုယ်စီကိုယ်စီမျှော်နေကြသည့် ထင်းတွဲကြီးလာချေပြီ။ စောစောက ပျင်းရိလေးတွဲဖွယ်ဖြစ်နေသည့် မျက်နှာတွေ ကိုယ်စီကိုယ်စီဝင်းပသွားကာ တဲအိမ်လေးတွေအတွင်း အမြန်ဝင်လိုက်ကြသည်။ တဲအိမ်အတွင်းမှ ယူလာသည်ကတော့ သံတူးရွင်းတစ်ခုစီ။ သံတူးရွင်းကိုယ်စီဖြင့် မြစ်ဆိပ်ကို

အင်တာနက်ဘန်းဝစ်ရှ် 10 Gbps ထပ်မံတိုးချဲ့ အသုံးပြုနိုင်တော့မည်

အင်တာနက် ပြည်ပဆက်ကြောင်းမှ ချိတ်ဆက်မှုများကို တိုးချဲ့ဆောင်ရွက်ရာတွင် မကြာမီရက်ပိုင်းအတွင်း အင်တာနက်ကျောရိုး ဘန်းဝစ်ရှ် (Backbone Bandwidth) 10 Gbps ထပ်မံချိတ်ဆက်ပြီး အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

““ရှိပြီးသား ကုန်းတွင်းနယ်စပ်ဖြတ်ကျော် ဖိုက်ဘာဆက်ကြောင်းပေါ်မှာ Capacity ထပ်တိုးလိုက်တဲ့ သဘောပါ။ လိုအပ်တဲ့လုပ်ငန်းတွေ အကုန်လုံးကိုတော့ အချောသပ်ပြီးသွားပါပြီ။

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ အခုတိုးလိုက်တဲ့ Capacity ကို အသုံးပြုနိုင်တော့မှာပါ”” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
ပြည်ပဆက်သွယ်ရေးစခန်းမှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်ဌေးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အင်တာနက်ပြည်ပဆက်ကြောင်းမှ ချိတ်ဆက်မှုများ ဆောင်ရွက်ရာ၌ အင်တာနက်ကျောရိုး ဘန်းဝစ်ရှ် 16.86 Gbps ချိတ်ဆက်ထားပြီး လက်ရှိတွင် 10 Gbps ကို ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်။

လိုအပ်ပါက မြန်မာပြည်ကို ကာကွယ်ရန် အသင့်ရှိဟု ရခိုင်တပ်မတော် စစ်ဦးစီးချုပ်ဆို

အခြေ အနေအရ လိုအပ်လာပါက  ရခိုင်ပြည်နယ်အပါ အဝင် မြန်မာ ပြည်ကို ကာကွယ်ရန် အသင့်ရှိ သော်လည်း အမှားအယွင်း အဖြစ်မခံနိုင်ဟု  ရခိုင်တပ်မ တော် စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်က ဆို သည်။

 ၂၀၁၁ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားခဲ့သည့်  ပဋိပက္ခ ဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး ပဋိပက္ခဖြစ်စဉ်များ၏နောက် ကွယ်မှ ကြိုးကိုင်ကာသွေးထိုး လှုံ့ဆော်မှုများမှာ တိုင်းပြည် ၏အချုပ်အခြာကို မလေးစား ရာရောက်သည်ဟု ၎င်းင်းက KNU ဌာနချုပ်၌ ဇန်နဝါရီ ၂ဝမှ ၂၆ရက်အထိ ကျင်းပခဲ့ သော ဒုတိယအကြိမ် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း များညီလာခံ၌ ပြောကြားခဲ့ ခြင်းဖြစ်သည်။

““တရားသည် မတရား သည်ဆိုတာထက် ဘင်္ဂါလီမှန် ပါတယ်လို့ တစ်ဘက်သတ်ပြော ဆိုတာတွေရှိတယ်။ ဒါက တိုင်း ပြည်ရဲ့ အချုပ်အခြာကိုမလေး စားတာပါ။ ပြီးတော့ ကိုယ့် ဘက်က အစစအရာရာအား နည်းတာလဲပါတယ်။ တပ်မ တော် တစ်ရပ် က တစ်ပွဲထိုးတော့ မဟုတ်ဘူး။ လိုအပ်လာရင် တိုင်းပြည်ကို ကာကွယ်ဖို့အသင့် ပဲ။ ဒါပေမဲ့ဒေါသအလျောက် လုပ်လို့တော့ မရဘူးပေါ့။ ဘာ လို့လဲဆိုတော့ အမှားအယွင်းအ တွက် ကျွန်တော်တို့မှာ နောက် ဆုတ်စရာ မြေမရှိ ဘူး ဗျ””ဟု ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

လက်ပံတောင်း လယ်တီသိမ် ရွှေ့ပြောင်းရန် ပြင်ဆင်

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသမှာ ရှိတဲ့ လယ်တီသိမ်၊ ကျောင်းနဲ့ ဘုရားတွေကို ကြေးနီစီမံကိန်းဧရိယာအတွင်း ကျရောက်နေတဲ့အတွက်ကြောင့် မူလနေရာနဲ့ မီတာ ၁၅၀၀ လောက်ဝေးတဲ့ ကျော်ရွာအနားကို ရွှေ့ပြောင်းဖို့ ပြင်ဆင်နေပါတယ်။

ဆားလင်းကြီးကနေ ပုသိမ်မုံရွာသွားတဲ့ ကားလမ်းပေါ်မှာ ရှိတဲ့ ကျော်ရွာ တောင်ဘက် ကွင်းအမှတ် ၇၇၄ (က) ကို ရွှေ့ပြောင်းဖို့ ဆားလင်းကြီးမြေစာရင်းရုံးက ပြင်ဆင်နေတာပါ။
ဆားလင်းကြီးမြို့နယ် ကြေးတိုင်နဲ့ မြေစာရင်း ဦးစီးဌာနက ဦးစီးအရာရှိ ဦးကျော်သက်က “ဖောင်းကတာ ကျေးရွာအုပ်စု ၇၇၄ က ကွင်းမှာ မြေ ဧရိယာ ၁ ဒဿမ ၈၄ ဧကကို သာသနိက အဆောက်အအုံ ရွှေ့ပြောင်းရန် ဆိုပြီးတော့ နှစ် ၆၀ ဂရမ် ပယ်ဖျက်ဖို့အတွက် မြေစာရင်းဌာနက ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို တင်ပြထားပြီးတော့ ၁ လခွဲလောက် တော့ ကြာသွားပြီပေါ့ဗျာ။ တင်ပြထား ရှိပြီးတော့ ဒီသာသနိက အဆောက်အအုံ ပယ်ဖျက်မယ့် ခွင့်ပြုမိန့်ရဖို့အတွက် ဆက်လက်ပြီးတော့ ဆောင်ရွက်ထားတယ် ဒီလောက်ပဲ ရှိတယ်” လို့ ပြောပါတယ်။

(၁၀၉)လိုင်းကားသန်လျင်၌လမ်းဘေးထိုးကျ ဆေးရုံသို့ပို့သည့် ရေပိုက်လိုင်း ပေါက်သွားခဲ့

ချစ်ဟန်ဝင်း၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့ ဆေးရုံအောက်ကွေ့ မှတ်တိုင်အနီး၌ ဇန်န၀ါရီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် (၁၀၉) ယာဉ်လိုင်း သန်လျင်-ရန်ကုန် ခရီးသည်တင်လိုင်းကား လမ်းဘေး ထိုးကျမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် သန်လျင်-ရန်ကုန် ခရီးသည်တင်ယာဉ်သည် သန်လျင်မြို့ ဆေးရုံ ကွေ့ မှတ်တိုင်အနီး၌ ရန်ကုန်သို့သွားရန် မောင်းနှင်လာစဉ်ယာဉ်၏ စက်ပိုင်းဆိုင်ရာချွတ်ယွင်း မှုကြောင့် လမ်းဘေးဝဲဘက်သို့ ဦးခေါင်းပိုင်းထိုးကျသွားခဲ့ပြီး ဆေးရုံ သို့ပို့ပေးသည့် ရေပိုက်အား ထိခိုက်မိသဖြင့် ရေများဒလဟောပန်း ထွက်နေသည်ကို တွေ့ခဲ့ရသည်။

မောင်တော မွတ်စလင် ၄၈ ဦး အသတ်ခံရမှု သတင်း စုံစမ်းရန် နိုင်ငံတကာ တောင်းဆိုမှု အစိုးရ ပယ်ချ

ရခိုင်, မောင်တော, ဒုချီးရားတန်း, မွတ်စလင် ၄၈ ဦး အသတ်ခံရမှု, ICG, MSF, အစိုးရ, နိုင်ငံတကာ, ကုလသမဂ္ဂ
မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ ဆိုင်းဘုတ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေးရွာတွင် မွတ်စလင် ၄၈ ဦး အကြမ်းဖက် သတ်ဖြတ်ခံရမှု သတင်းနှင့် ပတ် သက်၍ မြန်မာအစိုးရက တရားဝင် ငြင်းဆိုလိုက်ပြီး ယင်းသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုကို လက်မခံ ဘဲ ပယ်ချလိုက်သည်။
ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ရုံးခန်းတွင် ဇန်န၀ါရီလ ၂၈ ရက်နေ့ က ပြုလုပ်သော ကုလသမဂ္ဂနှင့် သံတမန်များ၊ နိုင်ငံ တကာ အဖွဲ့အစည်းများကို ရှင်းလင်းပွဲအပြီးတွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးရဲထွဋ်က သတင်းထောက်များကို ပြောဆိုခြင်း ဖြစ်သည်။
ဒု ချီးရားတန်း ကျေးရွာတွင် ဇန်န၀ါရီ ၁၄ ရက်က မွတ်စလင် ၄၈ ဦး သတ်ဖြတ်ခံရသည် ဆိုသော သတင်းများနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင်တို့က သွားရောက်စစ်ဆေး ခဲ့သော် လည်း သတင်းများ မမှန်ကန်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း အစိုးရ တာဝန်ရှိသူများက နိုင်ငံတကာ အဖွဲ့အစည်းများသို့ ရှင်း လင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။
ယင်း မောင်တော အကြမ်းဖက် သတ်ဖြတ်မှုနှင့်ဆက်စပ်၍ အစိုးရ၏ စုံစမ်း စစ်ဆေးမှုများတွင် နိုင်ငံတကာမှ ပူးပေါင်း ပါဝင်ခွင့်ကို အမေရိကန် သံအမတ်က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က ငြင်းပယ်ခဲ့သည်။

ဆီးချိုနဲ့ ဆင်တုံးမနွယ်

Photo: ဆီးချိုနဲ့ ဆင်တုံးမနွယ်

ဆီးချို ပျောက်နည်း မျာစွာထဲ့က နည်းလမ်းလေး တစ်ခုပါ .... ( ဆီးချိုနဲ့ ဆင်တုံးမနွယ် moonseed vine )

အကျိုးရှိသော စကားသည် မှတ်သားသူများ အဖို့ အဖိုး ထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက် တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက် ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူး လေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။

ဆရာဝန်ကြီးဟာ ခေတ်ပေါ် နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာ ဆေးပညာကို ကျွမ်းကျင်ပါတယ်။

ကျွန်တော့်ကို ပေးတဲ့ နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ် အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာ ထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြား ပါသည့် အချိုများ မစားရပါ။

ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။

ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီ ဆရာဝန် ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင် နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့ စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီး အငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။

စီမံတဲ့အခါ တစ်ခု သတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊

သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်း ပျောက်တဲ့အထိ ဆက်လက် သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများ ကိုယ်တိုင် ခံစား နေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာ ရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။

တူသောအကျိုး ခံစားရပါစေ

ဦးစန်းမောင် (မန်း)

ဆီးချို ပျောက်နည်း မျာစွာထဲ့က နည်းလမ်းလေး တစ်ခုပါ .... ( ဆီးချိုနဲ့ ဆင်တုံးမနွယ် moonseed vine )

အကျိုးရှိသော စကားသည် မှတ်သားသူများ အဖို့ အဖိုး ထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက် တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက် ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူး လေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။

ဆရာဝန်ကြီးဟာ ခေတ်ပေါ် နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာ ဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကို ပေးတဲ့ နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ် အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာ ထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

Photo: အန္တရာယ်ကင်းအောင် စားသောက်နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။

အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။အဆိပ်အတောက် များသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝ မစားဘဲနေက အန္တရာယ် ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

သို့မဟုတ်- မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

၎။ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက် ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။

ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည် တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။

၅။အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။

မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှင့် ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။

မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။

အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။

တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက် ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ

credit to မင်္ဂလာသတင်းစဉ်

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင် ဝါးစားပြီးမှ ထမင်းစားပါ။
အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ် များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။ ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။အဆိပ်အတောက် များသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝ မစားဘဲနေက အန္တရာယ် ကင်းပါသည်။ စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

သို့မဟုတ်- မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

နှစ် ၂၀၀ ကျော်အသက်ရှင်သော ရွှေငါးများ

Photo: နှစ် ၂၀၀ ကျော်အသက်ရှင်သော ရွှေငါးများ

ဂျပန်ရွှေငါးလို့လည်း လူသိများတဲ့ Koi Fish ဟာ သက်တမ်းအားဖြင့် ၂၃၀ နီးပါးလောက်အထိ အသက်ရှင် နိုင်တာကို Research တစ်ခုမှာ တွေ့ရှိခဲ့ ပါတယ်။ 

အာရှမှာ အများဆုံး တွေ့မြင်ရတဲ့ ယင်းငါးများဟာ မြန်မာပြည်မှာလည်း အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။ သို့ပေမယ့် ရာသီဥတုနဲ့ရေ အပူချိန်ပြောင်း လဲမှုဒဏ်ကိုတော့ သိပ်မခံနိုင်ပါဘူး။ ၁၅ ကနေ ၂၅ ဒီဂရီ စင်တီဂရိတ် ကြားမှာ ရှိတဲ့ ရေအပူချိန်နဲ့ပဲ သင့်တော်တဲ့ငါး ဖြစ်ပြီး အဲ့ထက် နည်းတာနဲ့ များတာကို မခံနိုင်ပဲ သေဆုံး တတ်ပါတယ်။ ဒါကြောင့်မို့ သက်တမ်းမပြည့်ပဲ Koi Fish သေဆုံးရင် အပြင်ပယောဂကြောင့် ဖြစ်ပါတယ်။ 

အနက်ရောင်၊ အဖြူရောင်၊ ရွှေရောင်၊ ပုလဲရောင်၊ အနီရောင် အစရှိသဖြင့် အရောင်မျိုးစုံ ရှိပြီး လူမွေး အများဆုံး အလှငါး စာရင်းထဲမှာ ပါဝင်ပါတယ်။ Koi Fish များကို ဂျပန်မှာ အများဆုံး တွေ့ရပေမယ့် နှစ်အနည်းငယ်အတွင်း ရှားပါး အလှမွေးငါးစာရင်းထဲ ပါဝင်လာတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref:wiki
အောင်ခမ်း ( ရိုးရာလေး ) 

YoYarLay

ဂိမ်းဆော့ဖို့အတွက် တရုတ်ပြည်မှ ဇနီးမောင်နှံက သားသမီး ၃ဦးကိုရောင်း

Photo: ဂိမ်းဆော့ဖို့အတွက် တရုတ်ပြည်မှ ဇနီးမောင်နှံက သားသမီး ၃ဦးကိုရောင်း 

တရုတ်ပြည် ဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းဂိမ်း ဆော့ကစားသူ အများဆုံး နိုင်ငံ အဖြစ် စံချိန်တင်ထားပါတယ်။ ဒါကြောင့်မို့လည်း ဂိမ်းနဲ့ ပက်သက်ပြီး ပေါက်ပေါက် ရှာရှာ ဖြစ်ရပ်များလည်း အမြဲလိုလို ဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Sanxiang City မှာ သားသမီး ၃ ဦး စလုံးကို ရောင်းချပြီး ဂိမ်း ဆော့ခဲ့တဲ့ ဇနီးမောင်နှံ ၂ ဦးကို ဖမ်းဆီးထောင်ကျကြောင်း သိရပါတယ်။ 

တရုတ်လူမျိုး ဂိမ်မာ လူငယ် အမျိုးသမီနဲ့ အမျိုးသားတို့ဟာ အွန်လိုင်းဂိမ်း တစ်ခုမှာ တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြ ပါတယ်။ ပြီးတော့ ဂိမ်းဆိုင်တစ်ခုမှာ ချိန်းတွေ့ ဂိမ်းအတူဆော့ရင်း ချစ်ကြိုက်သွားပါတယ်။ ပြီးတော့ အိမ်ထောင်ပြု နေထိုင်ကြပြီး အသက် ၂၁ နှစ် မပြည့်သေးတဲ့ လူငယ် ဇနီးမောင်နှံနှစ်ဦးက ပထမဆုံး သားဦးမွေးပါတယ်။ သားဦး အသက် လပိုင်းပဲ ရှိနေသေးချိန်မှာ အိမ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး ဂိမ်းသွားဆော့ တဲ့အထိ ဂိမ်းစွဲခဲ့ကြပါတယ်။ ဒုတိယမြောက် သမီးမွေးလာချိန် ငွေကြေး အဆင် မပြေတဲ့ ဇနီးမောင်နှံဟာ ဒုတိယ သမီးကို ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ အောက်သာ ရရှိခဲ့ ပါတယ်။ ယင်းငွေကို ဂိမ်း အတွက် အသုံးပြုပြီး ဆော့တာ အချိန်မကြာပဲ ကုန်သွား ပါတယ်။ 

ဒီတော့ ဂိမ်းအတွက် ကလေးရောင်းလို့ ငွေရှာနိုင်တာ သိတော့ သားဖြစ်သူ ကို အမေရိကန်ဒေါ်လာ ၄၆၀၀ ဝန်းကျင်နဲ့ ရောင်းချခဲ့ ပါတယ်။ အဲဒီငွေကုန် သွားချိန်မှာတော့ နောက်ထပ် သားတစ်ယောက်ကိုမွေးပြီး ဈေးကြီးရောင်းချ ခဲ့ပါတယ်။ နောက်ဆုံး ကလေး ဖြစ်သူကို ရောင်းချလိုက်ချိန်မှာ ၎င်းတို့ မိဘ ဖြစ်သူတို့ သိရှိ တွေ့ရှိ လိုက်ပြီး သက်ဆိုင်ရာသို့ တိုင်ကြား ပြစ်ဒဏ် ချမှတ် စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref:dyknow
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/asia/39836-chinese-couple-sell-their-3-kids

.

တရုတ်ပြည် ဟာ ကမ္ဘာပေါ်မှာ အွန်လိုင်းဂိမ်း ဆော့ကစားသူ အများဆုံး နိုင်ငံ အဖြစ် စံချိန်တင်ထားပါတယ်။ ဒါကြောင့်မို့လည်း ဂိမ်းနဲ့ ပက်သက်ပြီး ပေါက်ပေါက် ရှာရှာ ဖြစ်ရပ်များလည်း အမြဲလိုလို ဖြစ်နေ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Sanxiang City မှာ သားသမီး ၃ ဦး စလုံးကို ရောင်းချပြီး ဂိမ်း ဆော့ခဲ့တဲ့ ဇနီးမောင်နှံ ၂ ဦးကို ဖမ်းဆီးထောင်ကျကြောင်း သိရပါတယ်။

တရုတ်လူမျိုး ဂိမ်မာ လူငယ် အမျိုးသမီနဲ့ အမျိုးသားတို့ဟာ အွန်လိုင်းဂိမ်း တစ်ခုမှာ တွေ့ဆုံ ချစ်ကြိုက်ခဲ့ကြ ပါတယ်။ ပြီးတော့ ဂိမ်းဆိုင်တစ်ခုမှာ ချိန်းတွေ့ ဂိမ်းအတူဆော့ရင်း ချစ်ကြိုက်သွားပါတယ်။ ပြီးတော့ အိမ်ထောင်ပြု နေထိုင်ကြပြီး အသက် ၂၁ နှစ် မပြည့်သေးတဲ့ လူငယ် ဇနီးမောင်နှံနှစ်ဦးက ပထမဆုံး သားဦးမွေးပါတယ်။ သားဦး အသက် လပိုင်းပဲ ရှိနေသေးချိန်မှာ အိမ်မှာတစ်ယောက်ထဲ ထားခဲ့ပြီး ဂိမ်းသွားဆော့ တဲ့အထိ ဂိမ်းစွဲခဲ့ကြပါတယ်။ ဒုတိယမြောက် သမီးမွေးလာချိန် ငွေကြေး အဆင် မပြေတဲ့ ဇနီးမောင်နှံဟာ ဒုတိယ သမီးကို ရောင်းချခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀၀ အောက်သာ ရရှိခဲ့ ပါတယ်။ ယင်းငွေကို ဂိမ်း အတွက် အသုံးပြုပြီး ဆော့တာ အချိန်မကြာပဲ ကုန်သွား ပါတယ်။

နေစရာမရှိ အနာဂတ်မရှိ....(ရေးသားသူ- ငြိမ်းချမ်း)

Photo: နေစရာမရှိ အနာဂတ်မရှိ
-------------
ရေးသားသူ- ငြိမ်းချမ်း

နေစရာအိမ်မရှိသူများနှင့် သွားစရာနေရာမရှိတော့သည့် လူဦးရေတစ်ရာကျော်သည် ချောင်းပတ်လမ်းရှိ ကွန်ကရစ်လမ်းပေါ်တွင် အသေးစားယာယီတဲများထိုးကာ နေထိုင်နေသည်။

ထိုတဲများဘေးတွင်ရှိသည့် စွန့်ပစ်အမှိုက်ပုံများပေါ်တွင် ကလေးငယ်များက ပျော်မြူးစွာဆော့ကစားနေပြီး လူကြီးများကတော့ အရုပ်ကြိုးပြတ်ထိုင်နေကြသည်။ ထိုမြင်ကွင်းသည် ဇန်န၀ါရီ ၂၂ ရက်က လှိုင်သာယာမြို့နယ် အမှတ် ၁၅ ရပ်ကွက် ချောင်းပတ်လမ်းဘေးရှိ ကျူးကျော်တဲတစ်ထောင်ဝန်းကျင်ကို အာဏာပိုင်များက ဖယ်ရှားပြီးနောက် ဇန်န၀ါရီ ၂၆ ရက် နံနက်ခင်းက တွေ့ခဲ့ရသည့် မြင်ကွင်းဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ တွေးထားတယ်”ဟု ယခင်က လှိုင်သာယာမြို့နယ်တွင် အိမ်ငှားနေရာမှဆင်းလာပြီး ပိုက်ဆံခြောက်သောင်းအကုန်အကျခံကာ ကျူးကျော်တဲထိုးနေထိုင်ခဲ့၍ အာဏာပိုင်များ၏ ဖယ်ရှားခံရမှုကြောင့် ဆက်နေချင်စိတ်မရှိတော့သည့်အကြောင်းကို ဒေါ်အုံးရင်ကငိုရင်းပြောသည်။

၎င်းကျူးကျော်သမားများ၏ နေထိုင်ရေးသည် နည်းလမ်းကုန်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ စည်ပင်ပိုင်မြေနေရာနှင့် အိုးအိမ်ပိုင်မြေနေရာများတွင် ၎င်းတို့ကို ၀င်ရောက်နေထိုင်ခွင့်မပြု။ ရန်ကုန်မြို့၏ အိမ်ငှားသူများနှင့် အခန်းငှားသူများက ကျူးကျော်သမားများကို လုံးဝလက်မခံ။ လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက်များကလည်း ၎င်းတို့ကို လာရောက်နေထိုင်ခြင်းမပြုလုပ်ရန် ငြင်းဆန်ထားသည်။ ၎င်းတို့လက်ရှိနေထိုင်သည့် ချောင်းပတ်လမ်းနေရာတွင်လည်း အမြန်ဆုံးဖယ်ရှားပေးရန် အာဏာပိုင်များက အမိန့်စာထုတ်ထားပြန်သည်။

ဇန်န၀ါရီ ၂၂ ရက်က တဲများဖယ်ရှားခံရမှုကြောင့် သွားစရာနေရာမရှိသည့် အိမ်ထောင်စု ၅၂ စုမှ လူဦးရေ ၁၀၉ ဦးရှိသည်။ ကလေးငယ် ၂၀ ၀န်းကျင်နှင့် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်လေးဦးရှိနေသည်။ တဲများဖယ်ရှားခံရမှုကြောင့် ယခုလက်ရှိ ပြောင်းရွှေ့နေထိုင်သော ချောင်းပတ်လမ်းနေရာသည် သာမန်လူတစ်နာရီထက်ပိုမနေနိုင်သော နေရာဖြစ်ပြီး အမှိုက်ပုံများ၏အနံ့ကြောင့် နံစော်နေသည်။

“ဒီနေရာလေးမှာရရင် နေချင်ပါသေးတယ်။ ကလေးတွေကလည်း ကျောင်းမပြီးသေးဘူး။ ဒီနေရာကနေ ပြောင်းပေးရမယ်ဆိုရင် ဘယ်နေရာကို ပြောင်းရမယ်မှန်းမသိသေးဘူး။ နေစရာအတွက် လမ်းဆုံးဖြစ်နေပြီ”ဟု နာဂစ်မုန်တိုင်းဒဏ် ရိုက်ခတ်ခံရပြီးနောက်တွင် ဖျာပုံမြို့နယ်၊ ကျုံးကတွတ်ကျေးရွာမှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာပြီး ကျပန်းလုပ်ကိုင်နေသည့် ဒေါ်ရီဝင်းက သူကလေးငယ်များ၏ အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စွာပြောသည်။

ကျူးကျော်သမားများသည် ၎င်းတို့သားသမီးများ၏ အနာဂတ်အတွက် စိတ်ပူနေပြီး လက်ရှိ ရှိနေသော ကလေးငယ် ၂၀ ထဲမှ အနာဂတ်တွင် ပညာတတ်များဖြစ်လာနိုင်သူများ ရှိနိုင်သည်ဟု ကလေးနှစ်ဦး၏ဖခင်ဖြစ်သူ ဦးတင်ဝင်းကဆိုသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ကျူးကျော်တဲဝင်ရောက်ထိုးသူများကတော့ ဧရာဝတီတိုင်းဒေသကြီးမှ အများစုဖြစ်ပြီး နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဘ၀ပျက်ကာ အလုပ်ရရှိရန်အတွက် ရန်ကုန်မြို့သို့တက်လာကြောင်း ၎င်းတို့ကဆိုသည်။ ရန်ကုန်မြို့တွင် စက်ရုံလုပ်သား၊ ပန်းရန်၊ ကျပန်း စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြသည်။ သို့သော် ယခုအခါ စက်ရုံအလုပ်ရုံများနှင့် အခြားအလုပ်စေခိုင်းသူများက ကျူးကျော်သမားများကို အလုပ်စေခိုင်းခြင်းမရှိတော့ကြောင်း ၎င်းတို့ကဆိုသည်။

“အခုဆို ကျွန်မတို့ရဲ့သားတွေသမီးတွေကို ကျူးကျော်ဆိုပြီး ဘယ်သူမှအလုပ်မခိုင်းတော့ဘူး။ နေစရာကမရှိဘူးဆိုမှ အလုပ်ကမရှိတော့ ပိုဆိုးတာပေါ့”ဟု မိသားစုဝင်ရှစ်ဦးရှိသည့် ဒေါ်အုံးရင်က ၎င်းမိသားစု၏ လက်ကျန်တစ်ထောင်တန်တစ်ရွက်ကိုင်ကာ နေ့လယ်စာအတွက်စီစဉ်ရင်း ပြောသည်။

ကျူးကျော်တဲဆောက်လုပ်ရာတွင် တဲတစ်လုံး ကျပ်ခြောက်သောင်းဝန်းကျင်ကုန်ကျပြီး မိသားစုတွင် ရှိသမျှပိုက်ဆံဖြင့် စုဆောင်း၍ တဲဆောက်ခြင်းဖြစ်သည်။ ကျူးကျော်သမားများသည် နာမည်ပျက်နေခြင်းနှင့် မိသားစုဝင်ကလေးများနေခြင်းကြောင့် ၎င်းတို့ကို ရပ်ကွက်အတွင်း၌ အခန်းငှား၊ အိမ်ငှားခြင်းမပြုပေ။

ရန်ကုန်မြို့အတွင်း ကျူးကျော်တဲများ ၀င်ရောက်ထိုးသူများအနက် နေစရာအိမ်မရှိသည့် တဲထိုးသူများနောက်တွင် နေစရာအိမ်ရှိပြီး မြေတစ်ကွက်ရရှိရန် တဲထိုးသော အခွင့်အရေးသမားအများစု လာရောက်နေရာယူမှုကြောင့် ကျူးကျော်တဲများ များပြားလာခြင်းဖြစ်ကြောင်း ချောင်းပတ်လမ်းဘေးတွင် ယာယီတဲထိုးနေထိုင်သည့် ကျူးကျော်များကဆိုသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင်ပင် ကျူးကျော်တဲများ ၀င်ရောက်နေရာယူသည့် နေရာ ၁၀ ခု ထက်မနည်းရှိပြီး ၎င်းတို့အားလုံးကို အကုန်ဖယ်ရှားမည်ဟု အာဏာပိုင်များက ပြောဆိုထားသည်။ ဇန်န၀ါရီ ၁၄ ရက်နှင့် ၁၅ ရက်တွင် ပန်းလှိုင်တံတားအနီးနှင့် တွံတေးမြို့သို့သွားသော လမ်းဘေးရှိ ကျူးကျော်တဲ ၅၀၀၀ ကျော်ကို အာဏာပိုင်များက စတင်ဖယ်ရှားခဲ့သည်။

ဇန်န၀ါရီ ၂၀ ရက်တွင် မန္တလေးမြို့ ဧရာဝတီမြစ်ကမ်းဘေး တောပေါင်းကျိုးအနီးရှိ ကျူးကျော်တဲ ၇၀ ကို ထပ်မံဖယ်ရှားခဲ့ပြီး ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်ရှိ နေရာနှစ်ခုတွင် ဆက်တိုက်ဖယ်ရှားခဲ့သည်။

နိုင်ငံတော်၏ စီမံကိန်းနယ်မြေများနှင့် နီးစပ်ခြင်း၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူနေချိန်တွင် သက်ဆိုင်ရာမြို့နယ်များ၏ မြို့အင်္ဂါရပ်နှင့်ညီစေရန်အတွက် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများမှ ကျူးကျော်များကို စတင်ဖယ်ရှားရန် သက်ဆိုင်ရာဝန်ကြီးဌာနများ အပါအ၀င် ဒေသဆိုင်ရာအာဏာပိုင်များနှင့်ပူးပေါင်းပြီး အင်အားသုံးဖြေရှင်းရန် စီစဉ်နေရခြင်းဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ဇန်န၀ါရီ ၂၂ ရက်တွင် ပြောသည်။

ကျူးကျော်များကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အမျိုးအစားလေးမျိုး ခွဲခြားလေ့ရှိသည်။ ပထမအမျိုးအစားသည် အစစ်အမှန်ကျူး (Real squatter) ဖြစ်ပြီး ဒုတိယအမျိုးအစားသည် ကျူးမြေကို အရင်ရောက်ပြီး နောင်မှရောက်ရှိလာသူများကို ပြန်ငှားစားသည့် အိမ်ငှားကျူး (Landlord squatter) ဖြစ်သည်။ တတိယအမျိုးအစားမှာ စီးပွားဖြစ်ကျူး (Professional squatter) ဖြစ်ပြီး စတုတ္ထအမျိုးအစားသည် မင်းမဲ့စရိုက်ကျူး (Anarchistic squatter) ဖြစ်သည်ဟု စာရေးဆရာမြင့်မိုရ်ဆွေ ရေးသားထားသည့် စီးပွားရေးမြို့တော်လော၊ ကျူးမြို့တော်လော ဆောင်းပါးတွင် ဖော်ပြထားသည်။

ပထမအမျိုးအစားသည် မြို့ပြဒေသရှိ အလွန်ဆင်းရဲနွမ်းပါးသည့် မိသားစုများနှင့် အလုပ်အကိုင်ကို အကြောင်းပြုပြီး ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့ခိုဝင်လာသူများပါဝင်သည်။ ရန်ကုန်မြို့တွင်ရှိသော ကျူးကျော်နေထိုင်သူများမှာ ယခင်က ပထမအမျိုးအစားကျူးများသာ အများစုဖြစ်နေရာ ၂၀၁၃  နှစ်ဆန်းမှစပြီး စတုတ္ထအမျိုးအစား မင်းမဲ့စရိုက်ကျူးများ နေရာအနှံ့မှာ အလုံးအရင်းမင်းမူလာကြောင်း အဆိုပါဆောင်းပါးတွင်ဖော်ပြထားသည်။

သက်ဆိုင်ရာအာဏာပိုင်များသည် ကျူးကျော်တဲများကို ဖယ်ရှားရန်သာ ပြုလုပ်နေကြပြီး ဖယ်ရှားခံကျူးများအား ပြန်လည်နေရာချထားပေးရန်အတွက် လုပ်ဆောင်ခြင်းမျိုး မရှိသေးပေ။

ရန်ကုန်မြို့တွင် နေထိုင်စရိတ်ကြီးမားလာမှုကြောင့် အိုးမဲ့အိမ်မဲ့များအပေါ် ယနေ့အထိ နေထိုင်စရာ မပေးနိုင်သည်မှာ ပေါ်လွင်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်စိုးကသုံးသပ်သည်။

“သူတို့ကိုနေဖို့ အစိုးရကပေးရမှာ။ ဒါဆိုရင် ဒီပြဿနာ ဖြစ်လာစရာမရှိဘူး”ဟု ဦးစိုးမြင့်ကပြောသည်။

“နေစရာမရှိတိုင်း နေလို့မရဘူး။ ဥပဒေဘောင်အတွင်းကပဲ နေရမယ်။ နေလို့မရမှန်းသိရက်နဲ့ လာနေကြတာ”ဟု လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးထိန်စိုးကပြောသည်။

“ကျူးတွေနဲ့ပတ်သက်ပြီးတင်ပြဖို့ အစီအစဉ်မရှိဘူး။ ဒီကိစ္စက သံသရာဆုံးမှာမဟုတ်ဘူး။ စီးပွားရေးသမားတွေပါနေတာ တွေ့ရတယ်။ ဒီလူတွေကို နေရာပေးရင်လည်း နောက်ထပ် ထပ်ကျူးနေဦးမှာပဲ”ဟု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြ၀င်းကပြောသည်။

ဇန်န၀ါရီ ၂၂ ရက် နံနက်တွင် ၎င်း၏တဲဖယ်ရှားခံရမည်ကို ကြိုတင်သိနေသော ဒေါ်အုံးရင်သည် ထိုည လင်းအားကြီးအချိန်တွင် အာဏာပိုင်များက အင်အား ၂၀၀၀ ကျော်ဖြင့် တဲများဖျက်ဆီးသွားခဲ့သည်ကို မည်သို့မျှတားဆီးနိုင်ခြင်းမရှိဘဲ ထိုင်ကြည့်နေခဲ့ရသည့် မြင်ကွင်းကို အမြဲပြန်မြင်ယောင်နေသည်ဟု ဒေါ်အုံးရင်ကဆိုသည်။

ကျူးကျော်တဲများကို ဖယ်ရှားရုံမျှဖြင့် ကျူးကျော်ပြဿနာ အဖြေထွက်လာမည်မဟုတ်ပေ။ အိမ်ရာမဲ့ဖြစ်နေသည့်ကျူးများမှာ အခြားနေရာလွတ်များကိုရှာဖွေ၍ ဆက်လက်နေထိုင်ကြဦးမည်သာ ဖြစ်သည်။

“ဒီလိုပဲ လွတ်တဲ့နေရာတွေ လိုက်ရှာဦးမှာပဲ”ဟု ဒေါ်အုံးရင်ကပြောသည်။

လက်ရှိ အိမ်ရာမဲ့ဖြစ်နေသော ကျူးများသည် ၎င်းတို့၏ စွန့်ခွာလာသောဇာတိမြေသို့ ပြန်လည်ဝင်ရောက်ရန် ရှက်မိသည့်အတွက် ပြန်မသွားလိုကြောင်း ပြောဆိုသည်။

“ရေလုပ်ငန်းလည်း ပြန်မလုပ်ချင်တော့ဘူး။ ပြန်လုပ်ဖို့ရာလည်း နာဂစ်မှာ အကုန်ပါသွားလို့ မရှိတော့ပါဘူး”ဟု ဧရာဝတီတိုင်းမှ လာရောက်နေထိုင်သူ ဒေါ်ရီဝင်းကပြောသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း

နေစရာအိမ်မရှိသူများနှင့် သွားစရာနေရာမရှိတော့သည့် လူဦးရေတစ်ရာကျော်သည် ချောင်းပတ်လမ်းရှိ ကွန်ကရစ်လမ်းပေါ်တွင် အသေးစားယာယီတဲများထိုးကာ နေထိုင်နေသည်။

ထိုတဲများဘေးတွင်ရှိသည့် စွန့်ပစ်အမှိုက်ပုံများပေါ်တွင် ကလေးငယ်များက ပျော်မြူးစွာဆော့ကစားနေပြီး လူကြီးများကတော့ အရုပ်ကြိုးပြတ်ထိုင်နေကြသည်။ ထိုမြင်ကွင်းသည် ဇန်န၀ါရီ ၂၂ ရက်က လှိုင်သာယာမြို့နယ် အမှတ် ၁၅ ရပ်ကွက် ချောင်းပတ်လမ်းဘေးရှိ ကျူးကျော်တဲတစ်ထောင်ဝန်းကျင်ကို အာဏာပိုင်များက ဖယ်ရှားပြီးနောက် ဇန်န၀ါရီ ၂၆ ရက် နံနက်ခင်းက တွေ့ခဲ့ရသည့် မြင်ကွင်းဖြစ်သည်။

“ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ တွေးထားတယ်”ဟု ယခင်က လှိုင်သာယာမြို့နယ်တွင် အိမ်ငှားနေရာမှဆင်းလာပြီး ပိုက်ဆံခြောက်သောင်းအကုန်အကျခံကာ ကျူးကျော်တဲထိုးနေထိုင်ခဲ့၍ အာဏာပိုင်များ၏ ဖယ်ရှားခံရမှုကြောင့် ဆက်နေချင်စိတ်မရှိတော့သည့်အကြောင်းကို ဒေါ်အုံးရင်ကငိုရင်းပြောသည်။

စက်ရုပ်မြို့တော် ....(ရေးသားသူ- ဥက္ကာကိုကို)

Photo: စက်ရုပ်မြို့တော်
---------------
ရေးသားသူ- ဥက္ကာကိုကို

“အောင်ပြီ.. အောင်ပြီ.. အောင်ပြီ”ဟု အော်ဟစ်ကြွေးကြော်၍ ရန်ကုန်မှ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာလာကြသည့် ၀န်ထမ်းပေါင်းစုံတို့ကြောင့် ပြည်သူများမမျှော်လင့်ထားသည့် မြို့တော်ကြီးတစ်ခုသည် မြန်မာပြည်၏ ဗဟိုအချက်အချာကျသည့်နေရာတွင် လွန်ခဲ့သည့်ရှစ်နှစ်က ဘွားခနဲပေါ်ပေါက်လာခဲ့သည်။

ရန်ကုန်မြို့တော်မှ အစိုးရဌာနဆိုင်ရာဝန်ထမ်းများစွာကို နေပြည်တော်ဟုအမည်တွင်သည့် မြို့တော်သစ်ကြီးဆီသို့ တစ်သုတ်ပြီးတစ်သုတ် ပြောင်းရွှေ့ပေးခဲ့စဉ်က မင်္ဂလာဒုံတစ်နေရာရှိ စုရပ်တွင် “အောင်ပြီ”ဟု အော်ဟစ်၍ ကားပေါ်တက် ထွက်ခွာခဲ့ကြရခြင်းဖြစ်သည်ဟု ပထမဆုံးအသုတ်ပြောင်းရွှေ့ရာတွင် ပါဝင်ခဲ့သူများက ပြောပါသည်။

၂၀၀၃ ခုနှစ်ခန့်ကပင် စတင်တည်ဆောက်နေသည့် များပြားလှသည့် အဆောက်အအုံများကို ဒေသခံများက အစိုးရရုံးစိုက်ရာ ဗဟိုမြို့တော်ကြီးတစ်ခုဖြစ်လာလိမ့်မည်ဟု ကနဦးက မထင်မှတ်ထားခဲ့ကြပါ။ အချို့က ရန်နိုင်အမည်ဖြင့် မြို့တစ်မြို့တည်ဆောက်မည်ဟု ယူဆခဲ့သူလည်း ရှိပါသည်။

သို့သော် နိုင်ငံတော်ဘဏ္ဍာငွေများစွာပုံအောကာ စက်အင်အား၊ လူအင်အားဖြင့် တည်ဆောက်ခဲ့ရာ ခမ်းနားလှသည့် အဆောက်အအုံများစွာက နှစ်အနည်းငယ်အတွင်း ပေါ်ထွက်လာသည်။ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့က ဦးဆောင်လျက် ဆောက်လုပ်ရေးကုမ္ပဏီများစွာက လက်စွမ်းပြခဲ့ကြသည်။ ဆောက်လုပ်ရေးကုမ္ပဏီများ၊ အင်ဂျင်နီယာများလည်း မြို့တော်သစ်ကြောင့် ပိုချမ်းသာကုန်သည်။

ထိုစီမံကိန်းကြီးကို ဇာတ်လိုက်ကျော်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြေပုံပေါ်တုတ်ချောင်းထောက်၍ စီမံခန့်ခွဲခဲ့သည်။ ပျဉ်းမနားမြို့နယ်အနီးရှိ ကျေးရွာများကိုဖျက်သိမ်းကာ လွန်စွာကျယ်ပြန့်သည့် လွင်ပြင်ကြီးတစ်ခုအား အဓိကမြို့ငါးမြို့ပါဝင်သည့် ဗဟိုအစိုးရရုံးစိုက်ရာ မင်းနေပြည်အဖြစ် သတ်မှတ်ခဲ့သည်။

ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီမှ နာမည်ကျော်ခေါင်းဆောင်ကြီးများ ကျင်လည်ကျက်စားခဲ့ရာဒေသ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)ကို ရုံးထိုင်ကွပ်ကဲခဲ့သည့်ဒေသ၊ ဗကပကို အပြုတ်တိုက်နိုင်ခဲ့သည့် မြန်မာ့တပ်မတော်၏ အောင်မြေတစ်ခုဖြစ်သည့် ပျဉ်းမနားနှင့်အနီးတစ်ဝိုက် အင်တိုင်းတောကြီးသည် ယနေ့အချိန်တွင်တော့ ခေတ်မီလွန်းလှသည့်ဒေသတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

နေပြည်တော်တည်ဆောက်ခြင်းအပေါ် အမျိုးမျိုးဝေဖန်ခြင်းများရှိနေသော်လည်း လက်တွေ့တွင် တစ်ချိန်က မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာဆက်ဆံရေးအနေအထား စသည်တို့နှင့် ဆက်စပ်လျက် အဓိကအားဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးမဟာဗျူဟာအရ ဖြစ်ပေါ်လာခဲ့ခြင်းဟု ဆိုနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးမှဆိုသည်။

စစ်ရေးမဟာဗျူဟာများအရ နိုင်ငံတော်ကာကွယ်ရေးကို ရေရှည်မြော်မြင်သုံးသပ်ရာတွင် Heart Land Theory ကို ထည့်သွင်းစဉ်းစားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်သည် စစ်ရေးအရ Heart Land မဟုတ်ဘဲ Venerable Area အတွင်း ကျရောက်နေသည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲများ၊ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မြေပြင်သမိုင်းကြောင်းများ စသည်တို့အရ မြန်မာနိုင်ငံကို ပြည်ပကျူးကျော်စစ်များမှ ကာကွယ်ရာတွင် ရန်ကုန်၌ Command Post ထား၍ မဖြစ်နိုင်တော့ဟူသော အယူအဆတစ်ရပ်ကြောင့် နေပြည်တော်ပေါ်ပေါက်လာရခြင်းဖြစ်သည်။

ထိုအချိန်က ကမ္ဘာ့အရေးအရာ စစ်ရေးမဟာဗျူဟာအရ မြန်မာနိုင်ငံကို အဆင့်ဆင့်ကာကွယ်နိုင်သော မိတ္ထီလာလွင်ပြင်၊ ပျဉ်းမနားလွင်ပြင်၊ ပဲခူးလွင်ပြင်ဟူ၍ လွင်ပြင်သုံးခုရှိခဲ့ရာ မိတ္ထီလာလွင်ပြင်မှာ မဟာမိတ်များအကျွမ်းတ၀င်ရှိခဲ့ခြင်း၊ ပဲခူးလွင်ပြင်မှာ ပြည်တွင်းစစ်မှတ်တမ်းများရှိခဲ့ခြင်း၊ ပျဉ်းမနားမှာ ဗမာ့ကာကွယ်ရေးတပ်မတော်၏ ဌာနချုပ်ဖြစ်ခဲ့ခြင်း၊ မြေနေရာများစွာရရှိနိုင်ခြင်း စသည့်အကြောင်းခြင်းရာများအရ နေပြည်တော်ဟူ၍ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဤသို့ ရွှေ့ပြောင်းနိုင်ရေးအတွက်လည်း ကမ္ဘာအရပ်ရပ်ရှိ မြို့တော်ရွှေ့ပြောင်းခဲ့သော အခြားနိုင်ငံများ၏ ဥပမာများ၊ သင်ခန်းစာများကို ရယူ၍ဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုသည်။ ထို့ကြောင့် အုပ်ချုပ်ရေးမြို့တော်သစ် ပေါ်ပေါက်လာခြင်းမှာ အစိုးရက ၂၁ ရာစုနှစ်နောက်ပိုင်း ပြည်ပကျူးကျော်မှုများကို ကာကွယ်ရန်ဟု သုံးသပ်ရသည်။ 

စီမံကိန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် နယ်နိမိတ်အတွင်း မလွတ်ကင်းသည့်ကျေးရွာများကို ဖျက်သိမ်းခဲ့သည်။ တောင်ယာလယ်လုပ်ကြသည့် ရွာသူရွာသားများကို ကြာပင်ဟူသည့် ကျေးရွာနယ်မြေသို့ မြေကွက်များအစားထိုးပေးအပ်၍ အိမ်ဆောက်ပစ္စည်းနှင့် ငွေကြေးအနည်းငယ် ထောက်ပံ့လျက်နေရာပေးထားခဲ့သည်။ ပြန့်ကျဲနေသော ကျေးရွာငယ်လေးများ တစ်စုတစ်စည်းတည်း စုပေါင်းလိုက်သဖြင့် ရုတ်ခြည်းစည်ကားသွားခဲ့ကာ ရွှေကြာပင်ဟူသည့် အမည်သစ်တွင်ခဲ့သည်။

သို့ရာတွင် စစ်အစိုးရသည် မင်းနေပြည်တော်ဖြစ်မြောက်ရေးကိုသာ အဓိကအာရုံထားခဲ့ပြီး မူလဒေသခံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက်မူ ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိပေ။

ကျေးရွာမြေနေရာများကို သိမ်းဆည်းစဉ်က မြေတစ်ကွက်စီ ပြန်လည်ပေးအပ်သည့်စနစ်ကို ကျင့်သုံးခဲ့ရာ လယ်ယာများကို ထပ်မံသိမ်းဆည်းသည့်အခါတွင်လည်း လယ်သိမ်းခံရသူများကို မြေကွက်ထပ်မံပေးလျော်ရခြင်းမျိုး ရှိလာခဲ့သည်။ ထိုအခါ ပထမမြေတစ်ကွက်ကို အိမ်ဆောက်လုပ်နေထိုင်လျက် လယ်သိမ်းရာမှ ထပ်မံရရှိသည့် မြေကွက်ကို ရောင်းချခြင်းမှစ၍ လယ်ဧကများများသိမ်းခံရသူများတွင် မြေကွက်များများပိုင်ဆိုင်လာခဲ့သည်။

ဤတွင် မလိုအပ်သည့်မြေကွက်ကို သင့်လျော်သည့်ဈေးဖြင့် ပြန်လည်ရောင်းချကြရာမှ အစပြု၍ ဒေသခံများအကြား မြေဈေးကစားမှုကြီးတစ်ရပ် ဖြစ်ပေါ်ခဲ့ဖူးသည်။ 

“မြေကွက်တွေရောင်းပြီး ပိုက်ဆံသိန်းရာဂဏန်းလောက်လေး လက်ထဲမှာရလာတော့ မလုပ်တတ်မကိုင်တတ်နဲ့ သုံးဖြုန်းကြ။ နောက်ဆုံးရှိတာအကုန်ကုန်ပြီး မွဲသွားတဲ့လူတွေရှိတယ်”ဟု ပျဉ်းမနားမြို့ခံတစ်ဦးကဆိုသည်။

အချို့က ရရှိသည့်ငွေကြေးဖြင့် ဆိုင်ကယ်ဝယ်ခြင်း၊ ကားဝယ်စီးခြင်းတို့ကြောင့် ယခုအခါ ဒေသခံအများစုက ဆိုင်ကယ် ကယ်ရီဆွဲသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိကြသည်။

ဧရိယာ ၁၇၄၃၈၄၄ ဧက၊ စတုရန်းမိုင် ၂၇၂၄ ဒသမ ၇၆ ကျယ်ဝန်းသည့် နေပြည်တော်မြို့ကို မန္တလေးတိုင်းဒေသကြီးအပိုင်တွင် ထည့်သွင်းခဲ့ရာမှ ၂၀၀၉ ခုနှစ် တပ်မတော်နေ့မတိုင်မီ ၁ ရက်အလိုတွင် ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ် စသည့်မြို့နယ်ငါးခုနှင့် ရပ်ကွက် ၁၈ ခု၊ ကျေးရွာအုပ်စု ၄၁ ခုတို့ပူးပေါင်း၍ နေပြည်တော်ကောင်စီနယ်မြေအဖြစ် သတ်မှတ်လျက် ပြည်ထောင်စုနယ်မြေတစ်ခု သီးခြားရပ်တည်စေခဲ့သည်။

နေပြည်တော်နယ်မြေတစ်ခုလုံးရှိ လူဦးရေသည် ကျား၊ မ စုစုပေါင်းဆယ်သိန်းကျော် ၁၀၇၂၄၇၂ ဦးဖြစ်ပြီး အစိုးရ၀န်ထမ်းပေါင်း ၃၄၈၉၉ ဦး တာဝန်ထမ်းဆောင်လျက်ရှိသည်။

ပြည်ထောင်စုအစိုးရရုံးစိုက်ရာ နယ်မြေဖြစ်သည့်အတွက် သမ္မတအိမ်တော်များ၊ နိုင်ငံ့အကြီးအကဲစံအိမ်များ၊ ၀န်ကြီးဌာနရုံးကြီးများ၊ ကြီးမားသည့် လွှတ်တော်အဆောက်အအုံကြီးများကို အခိုင်အမာတည်ဆောက်ခဲ့သည်။ မဟာဗျူဟာကျကျ စီမံခဲ့သည့်အတွက် သမ္မတအိမ်တော်များအပါအ၀င် လွှတ်တော်အဆောက်အအုံကြီးတစ်ခုလုံး၊ လွှတ်တော်ဥက္ကဋ္ဌနေအိမ်များ အားလုံးကို ငလိုက်ချောင်းက ကျုံးသဖွယ်ဝန်းရံထားသည်ကို ဂြိုဟ်တုမှတစ်ဆင့် လေ့လာနိုင်သည်။

နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်ဘက်၊ အရပ်ဘက်ဝန်ထမ်းများကို မြို့နယ်ငါးခုအလိုက် နေရာချထားပေးသည်ကို တွေ့ရသည်။ ဇမ္ဗူသီရိမြို့နယ်တွင် သမ္မတအိမ်တော်မှစ၍ ပြည်ထောင်စုဝန်ကြီးဌာနရုံးများအပြင် လက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ နေထိုင်လျက်ရှိကြသည်။ အစိုးရ၀န်ထမ်းများအတွက် ၀န်ထမ်းအိမ်ရာတိုက်နှင့် အဆောင်ပေါင်း ၁၂၉၄ လုံး တည်ဆောက်ပေးထားပြီး အခန်းပေါင်းမှာ ၂၃၅၂၇ ဖြစ်သည်။

ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိမြို့များမှာ သတ်မှတ်ချက်အလိုက်၊ လုပ်သက်အလိုက်မူတည်၍ အစိုးရ၀န်ထမ်းများအား မြေကွက်ချထားပေးသည့် နေရာများဖြစ်သည်။ ရရှိထားသည့်မြေကွက်တွင် သတ်မှတ်ကာလအတွင်း နေအိမ်ဆောက်လုပ်ရန်ဖြစ်ပြီး မြေကွက်များကို ပြန်လည်မရောင်းစားရန်လည်း ဗိုလ်ချုပ်မှူးကြီး(ဟောင်းက)ညွှန်ကြားခဲ့သည်။ 

“ပင်စင်ယူပြီးရင် နေစရာမြေတစ်ကွက်ရှိသွားတော့ အဆင်ပြေသွားတာပေါ့”ဟု အစိုးရ၀န်ထမ်းတစ်ဦးကပြောသည်။ 

ဇေယျာသီရိမြို့နယ်မှာတော့ တပ်မြို့သဖွယ်ဖြစ်သည်။ စစ်ရုံးချုပ်အပြင် တပ်မတော်တပ်ရင်းအစုံကို အခိုင်အမာတည်ဆောက်ထားသည့်နေရာဖြစ်ပြီး အမှတ်(၈၅) တပ်ရင်းအတွင်း ဗိုလ်ချုပ်အောင်ဆန်း ဗမာ့ကာကွယ်ရေးတပ်မတော်ကို ရုံးထိုင်ကွပ်ကဲခဲ့သည့် စစ်ရုံးဟောင်းလေးကို ပြုပြင်ထိန်းသိမ်းထားသည်ဟု သိရသည်။

နေပြည်တော်ကို (၈)လမ်းသွား လမ်းမကြီးများဖြင့် ခင်းကျင်းထားသည့်အတွက် ရန်ကုန်နှင့် မန္တလေးကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားစရာမရှိဘဲ ကားလမ်း၊ ဆိုင်ကယ်လမ်းဟူ၍ သတ်မှတ်ထားသဖြင့် လွတ်လပ်စွာမောင်းနှင်သွားလာနိုင်ကြသည်က စိတ်ချမ်းသာစရာဖြစ်သည်။ သို့ရာတွင် လူသူကင်းရှင်းသည့် လမ်းမကြီးများပေါ်၌ စက်သံတဗြဲဗြဲဖြင့် အရှိန်မြှင့်မောင်းနှင်ကြသော ဆိုင်ကယ်နှင့် ကားစီးသူများကတော့ အန္တရာယ်များလှသည်။

စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် နေပြည်တော်မှ ရန်ကုန်သို့ ကားလက်မှတ်ရရှိရန် ခက်ခဲသည်။ မိသားစုနှင့်ခွဲခွာ၍ လာရောက်တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာအရာရှိများစွာ ရန်ကုန်ပြန်ကြ၍ဖြစ်သည်။ အရာထမ်းများက ရန်ကုန်နေအိမ်သို့ ပြန်ကြသော်လည်း အမှုထမ်းများနေထိုင်သည့် တိုက်တန်းများတွင် စည်ကားအသက်ဝင်နေမည်ဖြစ်သည်။ “အရာရှိတွေလိုမဟုတ်ဘူး။ တို့အမှုထမ်းတွေက ပြေးစရာမြေမှမရှိတာ။ ဘယ်မှပြန်စရာမရှိဘူး”ဟု သမ္မတရုံးမှ အမှုထမ်းတစ်ဦးကဆိုသည်။

အများစုသော အမှုထမ်းအဆင့်ဝန်ထမ်းများမှာ အစိုးရကသတ်မှတ်ပေးထားသည့် တိုက်ခန်းများတွင် မိသားစုနှင့်အတူ နေထိုင်ကြသည်။ များသောအားဖြင့် မိန်းမရော၊ ယောက်ျားဖြစ်သူပါ ၀န်ထမ်းများဖြစ်လေ့ရှိသည့်အတွက် တနင်္လာမှ သောကြာနေ့အထိ ပုံမှန်ရုံးတက်ချိန်များတွင် နေပြည်တော်လူနေရပ်ကွက်များသည် တိတ်ဆိတ်လျက်ရှိသည်။

နံနက်ရုံးတက်ချိန်တွင် ၀န်ထမ်းအားလုံးကို ၀န်ကြီးဌာနအသီးသီးသို့ ပို့ဆောင်ပေးသည့် ကားကြီးများ၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ပြည့်နှက်နေပြီး နေ့လယ်ပိုင်းမှာတော့ ကျဲကျဲတောက်ပူလောင်သည့် နေရောက်အောက် အေးစိမ့်သည့် လေတိုးမှုတို့အောက်တွင် ဆိုင်ကယ်နှင့်ကားတချို့သာ လမ်းမပေါ်တွေ့ရတတ်သည်။

ဇေယျာသီရိမှ နေပြည်တော်ဘူတာကြီးအထိ တစ်ဦးလျှင် တစ်ဆယ်ကျပ်ဖြင့် ဈေးသက်သာစွာ ပြေးဆွဲပေးသည့် ဘတ်စ်ကားအချို့ရှိသော်လည်း ကြာမြင့်စွာစောင့်ဆိုင်းရပါလိမ့်မည်။

ပျင်းရိဖွယ်နေ့လယ်ခင်းများအလွန် နေညိုလေပြိုချိန်မှာတော့ သပြေကုန်းဈေး၊ မြို့မဈေး၊ အာဟာရသုခဈေး (ဒေသအခေါ် ကမြင်းတန်းဈေး)တစ်ဝိုက်ရှိ စားတော်ဆက်များတွင် အလွှာအစုံစုံ၊ ရာထူးအဆင့်အစုံစုံမှ ပုရိသကြီးငယ်တို့ဖြင့် ပြည့်နှက်သွားတော့သည်။

အမျိုးသမီးငယ်များသီဆိုပြသည့် စင်တင်တေးဂီတစားသောက်ဆိုင်များရှိသော်လည်း ကေတီဗီများခေတ်စားလာပြီးနောက်ပိုင်းတွင် လူကျဲပါးသွားခဲ့သည်။ ကေတီဗီနှင့် မာဆတ်(ခေါ်) အနှိပ်ခန်းများသည် နေပြည်တော်လူထုနှင့် ၀န်ထမ်းများအတွက် ပျော်တော်ဆက်အပျင်းပြေနားနေစခန်းများ ဖြစ်လာခဲ့သည်။ တစ်နေကုန် ရုံးအလုပ်လုပ်ကိုင်ကြရသူများဖြစ်သည့်အတွက် အညောင်းမိသည့်ဝေဒနာကို အနှိပ်သည်မလေးများက ကုစားပေးလျက်ရှိသည်။

“ဒီမှာ နှစ်လပြည့်ရင် ရန်ကုန်က ကေတီဗီတစ်ခုကိုပြန်သွားမယ်။ အဲဒီမှာလုပ်ပြီးရင် နေပြည်တော်ပြန်လာမယ်”ဟု ကေတီဗီတစ်ခုမှ အမျိုးသမီးငယ်တစ်ဦးက ရန်ကုန်နှင့် နေပြည်တော် ကူးသန်း၍ အလုပ်လုပ်ကိုင်နေခြင်းကို ပြောပြသည်။ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းရပ်ကွက်များအတွင်း အများဆုံးတည်ရှိနေသည့် ကေတီဗီကာရာအိုကေဆိုင်များသို့ အလွှာစုံမှ သီချင်းဝါသနာကြီးသူတို့သာမက ရာထူးကြီးကြီးတာဝန်ယူထားသူများမှအစ လွှတ်တော်ကိုယ်စားလှယ်တချို့အဆုံး လာရောက်အပန်းဖြေလေ့ရှိကြသည်။

ပေါင်းလောင်းရပ်ကွက်မှာ ပျဉ်းမနားအပိုင်ဖြစ်ပြီး မျက်နှာချင်းဆိုင်တွင် နေပြည်တော်အပိုင် အမည်မပေးရသည့်ရပ်ကွက်တစ်ခုတည်ရှိသည်။ အဆိုပါရပ်ကွက်တွင် မာဆတ်(ခေါ်)အနှိပ်ခန်းများ ခြောက်ဆယ်ဝန်းကျင်တည်ရှိပြီး ဆံပင်ရွှေရောင်ဆိုးထားသည့် အမျိုးသမီးငယ်များကို တွေ့ရှိရမည်ဖြစ်သည်။ လမ်းထိပ်များတွင် ရပ်လိုက်ပါက ဆိုင်ကယ်သမားများက အနီးသို့စုပြုံတိုးဝှေ့လာပြီး သူတို့နှင့်ရင်းနှီးသည့်အနှိပ်ခန်းကို လမ်းမမှားရအောင် စေတနာဖြင့် လိုက်လံပို့ဆောင်ပေးတတ်ကြသည်။ ပျဉ်းမနားမြို့ခံများ၊ နေပြည်တော်မှဝန်ထမ်းများကတော့ ထိုရပ်ကွက်ကို မင်းမနိုင်ရပ်ကွက်ဟု တညီတညွတ်တည်း ကင်ပွန်းတပ်ပေးထားကြသည်။

“နေပြည်တော်က ဆေးဆိုင်တွေမှာ အရောင်းရဆုံးက သန္ဓေတားဆေးနဲ့ ကွန်ဒုံးတွေပဲ။ ပြည့်တန်ဆာအမှုတွေ ဖမ်းဆီးမှုတော့ ဒီနှစ်ပိုင်းလျော့သွားတယ်။ ပြည့်တန်ဆာနည်းသွားလို့တော့မဟုတ်ဘူး။ ပိုများလာတယ်”ဟု နေပြည်တော်အခြေစိုက်ဒေသခံသတင်းထောက် ကိုကျော်ဇေယျကပြောသည်။

အနှိပ်ခန်းတစ်ခုမှ အသက်(၂၄)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကတော့ “သမီးတို့မှာ လာဘ်ခေါ်တယ်ဆိုတာလည်းရှိတယ်။ ဒီကို တစ်ရက်မှာ ပထမဆုံးလာတဲ့ ဧည့်သည်ရဲ့ဖိနပ်ကို အဲဒီဧည့်သည်ကို နှိပ်ပေးရတဲ့ကောင်မလေးရဲ့ဖိနပ်နဲ့ ရိုက်ရတယ်”ဟု ယတြာဆန်ဆန်လာဘ်ခေါ်မှုတစ်မျိုး ပြုလုပ်ခြင်းကို ဖောက်သည်ချသည်။

မင်းမနိုင်ရပ်ကွက်နှင့် ပေါင်းလောင်းရပ်ကွက်တို့အလယ်တွင် အဓိကလမ်းမကြီးဖြစ်သည့် ရာဇဌာနီလမ်းကြီးက ကန့်လန့်ဖြတ်တည်ရှိနေသည်။ ရာဇဌာနီလမ်းမကြီး၏ အမည်ပြောင်မှာ မာဆတ်ဌာနီလမ်းဟူ၍ဖြစ်သည်။ 

စုစုပေါင်း ၃၅၂ မိုင် ၆ ဖာလုံရှည်လျားသည့် ရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးမှ မြန်ဆန်စွာလာရောက်နိုင်သည့် နိုင်ငံတကာအဆင့်မီမြို့တော်တွင် အဆင့်မြင့်ဟိုတယ်ကြီး ၂၁ လုံး အပါအ၀င် ဟိုတယ်သစ်များ ဆောက်လုပ်လျက်ရှိသည်ကိုလည်း တွေ့ရသည်။ ရွာသုသာန်ဟောင်းပေါ်တွင် တည်ဆောက်ထားသည့် စည်ပင်ဧည့်ရိပ်သာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များမှစ၍ မည်သူမဆိုတည်းခိုနိုင်ကြသည်။

ရေပန်းဥယျာဉ်၊ ရေပူစမ်း၊ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တို့ကို နေပြည်တော်တွင်သာ စုံလင်စွာတွေ့ရှိရပါသည်။ ယခင်က သမိုင်းဝင်စေတီဘုရားများကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြန်လည်မွမ်းမံတည်ဆောက်ခဲ့သည့်အတွက် လှပခမ်းနားလျက်ရှိပြီး ရွှေတိဂုံစေတီတော်ပုံစံတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ၂၀၀၉ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သောကြောင့် ရန်ကုန်တွင် ရှိသမျှအရာအားလုံး နေပြည်တော်တွင် တည်ရှိနေပြီဟု ဆိုနိုင်သည်။ သို့သော် လူကျဲပါးခြင်းကတော့ ပုံမှန်သာ။

အလုပ်အကိုင်အခွင့်အလမ်းအားဖြင့် များစွာတိုးတက်သည်ဟု မဆိုနိုင်သော်လည်း ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်များရှိ ဒေသခံလူငယ်များမှာ အစိုးရ၀န်ထမ်းအဖြစ် လူရိုသေရှင်ရိုသေ အလုပ်တစ်ခုခုရရှိသွားခဲ့ခြင်းတော့ရှိသည်။ နေပြည်တော်ပေါ်ပေါက်လာပြီး မြေဈေးကစားမှုများကြောင့် လူနေမှုအဆင့်အတန်း မြင့်မားသွားသူများရှိသကဲ့သို့ ဆင်းရဲမွဲတေသွားသူများလည်း ရှိခဲ့သည်။ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းတို့မှ မြို့ခံလူထုအတွက်တော့ ကြီးကြီးမားမား တိုးတက်ပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းသာ ပုံမှန်လည်ပတ်လျက်ရှိပါသည်ဟု ပြောကြသည်။ 

၂၀၀၃ ခုနှစ်မှစတင်၍ မြို့တည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ဒေသခံလူထုအမြောက်အမြား ၀င်ရောက်လုပ်ကိုင်ခဲ့ကြ၍ လက်ဖျားငွေသီးသည့်ကာလ ရှိခဲ့သော်လည်း ယခုအခါ စီမံကိန်းများမရှိတော့သည်မို့ ဒုံရင်းဘ၀ဖြင့် ဆိုင်ကယ်ကယ်ရီပြေးဆွဲသည့်အလုပ်ကိုသာ လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။

သဘာ၀၀န်းကျင်အားဖြင့် ယခင်က အင်တိုင်းတောကြီးဖြစ်ခဲ့ပြီး နေပြည်တော်ဖြစ်တည်လာစအချိန်ထိ လွင်တီးခေါင်ဖြစ်ကာ ရာသီဥတုပြောင်းလဲမှုမမှန်သည့် အခြေအနေက ယခုပုံမှန်ပြန်ဖြစ်လာပြီဟု ဒေသခံများကဆိုသည်။ နေပြည်တော်နှင့် အနီးတ၀ိုက်တွင်လည်း သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြည်စွာ စတင်ပေါက်ရောက်နေပြီကို တွေ့မြင်ရသည်။

နေပြည်တော်တွင် အဖြစ်အများဆုံးမှုခင်းများမှာ ခိုးမှုနှင့်လိမ်လည်မှုများဖြစ်သည်။ လူပြတ်သည့်လမ်းမကြီးများပေါ် တစ်ခါတစ်ရံ လုယက်မှု၊ ရိုက်နှက်မှုကတော့ ဖြစ်ခဲလှသည်။ ဆိုင်ကယ်မတော်တဆမှုများက မကြာခဏဖြစ်ပွားသည်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နယ်မြေကို သမ္မတရုံးဝန်ကြီးဦးသိန်းညွန့် ဦးဆောင်သည့် ရှစ်ဦးပါဝင်သော နေပြည်တော်ကောင်စီက စီမံခန့်ခွဲအုပ်ချုပ်လျက်ရှိသည်။ သို့ရာတွင် ဒေသခံအများစုကတော့ နေပြည်တော်ကောင်စီအဖွဲ့တွင်း ဒေသခံပြည်သူလူထုက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ်တစ်ဦး ပါဝင်စေလိုကြသည်။ ဦးသိန်းညွန့်ဦးဆောင်သည့်ကောင်စီက အလုပ်မလုပ်ဟုလည်း ဒေသခံအချို့က ဝေဖန်သည်။ အခိုင်အမာ အခြေစိုက်တည်ထောင်ထားသည့် ဗဟိုမြို့တော်ဖြစ်သည့်အတွက် နောင်ငါးနှစ်မှ ဆယ်နှစ်အတွင်း ယခုထက် ပိုမိုကျယ်ပြန့်စည်ကားလာလိမ့်မည်ဟုလည်း ဒေသခံများက မျှော်လင့်လျက်ရှိကြသည်။

“နေပြည်တော်က ဗဟိုချက်မဖြစ်နေလေတော့ အုပ်ချုပ်ရေးမြို့တော်အပြင် အခြားသော အခွင့်အလမ်းတွေဖြစ်လာနိုင်တယ်။ ရန်ကုန်ကတော့ စီးပွားရေးမြို့တော် ဖြစ်နေဦးမှာပါပဲ။ နှစ်ကာလရှည်ကြာလာတာနဲ့အမျှ နေပြည်တော်ရဲ့ အချက်အချာကျမှုဟာ ယုတ်လျော့သွားဖို့မရှိဘဲ တိုးမြင့်လာဖို့သာရှိပါတယ်”ဟု နိုင်ငံတော်သမ္မတရုံးမှ ညွန်ကြားရေးမှူးတစ်ဦးဖြစ်သည့် ဦးဇော်ဌေးကသုံးသပ်သည်။

အကယ်၍ သင်သည် နေပြည်တော်သို့ အလုပ်အရဖြစ်စေ၊ အလည်အပတ်သဘောဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိခဲ့ပါက တိတ်ဆိတ်၍ အသက်မဲ့အထီးကျန်နေသည့်မြို့ဟု မထင်မှတ်ပါနှင့်။  

နေ့ခင်းဘက်တွင် ၀န်ထမ်းတိုက်ခန်းနှင့် အဆောင်ပေါင်းနှစ်သောင်းကျော်သည် တိတ်ဆိတ်မှုဖြင့် အသားကျနေနိုင်ပါသည်။ ညခင်းတွင် စားသောက်ဆိုင်တန်းများနှင့် မင်းမနိုင်ရပ်ကွက်ကြီးသည် ဆိုင်ကယ်သံ၊ ကားစက်သံများဖြင့် စည်ကားနေနိုင်ပါသည်။

နံနက်ခင်းတွင် စောစောထ၍ ထမင်းဟင်းချက်ပြုတ်၊ ထမင်းချိုင့်ကိုယ်စီထည့်၍ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရရုံးခန်းများဆီသို့ လိုက်လံပို့ဆောင်သည့် ဖယ်ရီကားကြီးများပေါ် အသီးသီးတက်ရောက်သွားကြခြင်းအားဖြင့် တစ်နေ့တာ နိုင်ငံ့တာဝန်များကို စက်ရုပ်များသဖွယ် တိတိကျကျ ထမ်းဆောင်ကြပါလိမ့်မည်။ ကျောင်းသွား၊ ရုံးသွားသူတို့ကြောင့် ၀န်ထမ်းတိုက်ခန်းများသည် တိတ်တဆိတ်ဖြင့်သာ ကျန်ရစ်ခဲ့ပါလိမ့်ဦးမည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင်တော့ ရန်ကုန်ပြန်သည့် ၀န်ထမ်းများမှအပ ကျန်ဝန်ထမ်းများသည် တစ်ပတ်စာစိတ်ပင်ပန်းမှုများနှင့် နွမ်းနယ်နေကြပါလိမ့်မည်။ 

အောင်ပြီဟုကြွေးကြော်၍ တစ်မုဟုတ်ချင်း ပေါ်ပေါက်လာခဲ့သည့် အုပ်ချုပ်ရေးယန္တရားများရုံးစိုက်ရာ မြို့တော်ကြီးသည် ထိုကဲ့သို့ပင် နိစ္စဓူဝလုပ်ငန်းကိစ္စများဖြင့် အစိုးရယန္တရားကြီးကို သတိကြီးကြီးထား၍ ကိုင်တွယ်မောင်းနှင်လျက်ရှိပါသည်။ နယ်ချဲ့ရန်ကြောက်ပြီး မဟာဗျူဟာမြောက် ညွှန်ကြားတည်ဆောက်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးဟောင်းသည်လည်း နေပြည်တော်တွင် ကျန်းမာစွာနေထိုင်လျက်ရှိပါသည်။

စာဖတ်နေသူကြီးဟု နာမည်ကျော်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်းနေထိုင်သည့်နေအိမ်၏ တည်နေရာကိုတော့ အများစုသော ဒေသခံများနှင့် အစိုးရအမှုထမ်းများက တိတိကျကျမပြောနိုင်ကြပါ။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

“အောင်ပြီ.. အောင်ပြီ.. အောင်ပြီ”ဟု အော်ဟစ်ကြွေးကြော်၍ ရန်ကုန်မှ တစ်သုတ်ပြီးတစ်သုတ် ထွက်ခွာလာကြသည့် ၀န်ထမ်းပေါင်းစုံတို့ကြောင့် ပြည်သူများမမျှော်လင့်ထားသည့် မြို့တော်ကြီးတစ်ခုသည် မြန်မာပြည်၏ ဗဟိုအချက်အချာကျသည့်နေရာတွင် လွန်ခဲ့သည့်ရှစ်နှစ်က ဘွားခနဲပေါ်ပေါက်လာခဲ့သည်။

ရန်ကုန်မြို့တော်မှ အစိုးရဌာနဆိုင်ရာဝန်ထမ်းများစွာကို နေပြည်တော်ဟုအမည်တွင်သည့် မြို့တော်သစ်ကြီးဆီသို့ တစ်သုတ်ပြီးတစ်သုတ် ပြောင်းရွှေ့ပေးခဲ့စဉ်က မင်္ဂလာဒုံတစ်နေရာရှိ စုရပ်တွင် “အောင်ပြီ”ဟု အော်ဟစ်၍ ကားပေါ်တက် ထွက်ခွာခဲ့ကြရခြင်းဖြစ်သည်ဟု ပထမဆုံးအသုတ်ပြောင်းရွှေ့ရာတွင် ပါဝင်ခဲ့သူများက ပြောပါသည်။

၂၀၀၃ ခုနှစ်ခန့်ကပင် စတင်တည်ဆောက်နေသည့် များပြားလှသည့် အဆောက်အအုံများကို ဒေသခံများက အစိုးရရုံးစိုက်ရာ ဗဟိုမြို့တော်ကြီးတစ်ခုဖြစ်လာလိမ့်မည်ဟု ကနဦးက မထင်မှတ်ထားခဲ့ကြပါ။ အချို့က ရန်နိုင်အမည်ဖြင့် မြို့တစ်မြို့တည်ဆောက်မည်ဟု ယူဆခဲ့သူလည်း ရှိပါသည်။

Propose လုပ်ထားသူတွေရှိပေမယ့် ဘယ်သူ့ကိုမှတော့ မစဉ်းစားရသေးဘူးဆိုတဲ့ သဉ္ဇာနွယ်ဝင်း

မော်ဒယ်လောကမှာ အနုပညာလှုပ်ရှားမှု မစိပ်မကျဲနဲ့ ခြေလှမ်းမှန်မှန်လေး လျှောက်လှမ်းနေပြီး အရှုပ်အရှင်း သတင်းတွေ ကင်းရှင်းတဲ့ ခပ်အေးအေး မော်ဒယ်မင်းသမီးချောလေး တစ်ယောက်ကို ပြပါဆိုရင်တော့ သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါလိမ့်မယ်။ ပရိတ်သတ်ကို အေးချမ်းတဲ့ အပြုံးလေးတွေနဲ့ ဖမ်းစားထားနိုင်တဲ့ သဉ္ဇာနွယ်ဝင်းကို ဓါတ်ပုံ ရိုက်ကွင်းတစ်ခုမှာ တွေ့ဆုံဖြစ်တုန်း ပရိသတ်သိချင်နေမယ် ထင်တာလေးတွေ မေးမြန်းကြည့်မိပါတယ်။
  • အခုလတ်တလော ဘာတွေလုပ်ဖြစ်နေလဲ ။
အခုကတော့ ဗီဒီယိုပဲ အများဆုံးရိုက်ဖြစ်ပါတယ်။
  • ရုပ်ရှင်ကားကြီး ရိုက်ဖို့ အစီအစဉ်တွေရော ရှိလား။
ပြောထားတာ တစ်ခုတော့ရှိတယ်။ ဒါပေမယ့် ဇာတ်လမ်းကလဲ ကိုယ့်ဆီကို အသေအချာ မရောက်လာသေးဘူးဆိုတော့ အဲဒါကို သိပ်ပြီးမပြောချင်သေးဘူး။
  • အချစ်ရေးနဲ့ပတ်သက်ပြီးတော့ရော propose လုပ်ထားတဲ့သူ ။ စဉ်းစားထားတဲ့သူတွေဘာတွေ ရှိနေပြီလား။

မိစန္ဒီပြောပြခဲ့တဲ့ သူမရဲ့ အချစ်အကြောင်း

မိစန္ဒီကို လတ်တလောအနုပညာလှုပ်ရှားမှုနဲ့အတူ သူမရဲ့အချစ်အကြောင်းနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့ ‘မိစန္ဒီလတ်တလောမှာတော့ နယ်ရှိုးတွေ ဆိုဖြစ်တာများတယ်။ ရန်ကုန်ရှိုး သိပ်မရှိဘုး။ နှစ်လပိုင်းမှာ ရှိုးပွဲတွေ နည်းနည်းနားပြီး ဒုတိယအခွေဖြစ်တဲ့ ပစ်တိုင်းထောင် စီးရီးအတွက်ကိုပဲ ပြင်ဆင်သွားမယ်။ CityFmမှာလည်း ပါဝင်သီဆိုထားတာရှိပါတယ်။ မာစတာသင်္ကြန်မှာလည်း သီဆိုထားတာရှိပါတယ်။’လို့ သူမက ပြောပါတယ်။
အချစ်ဆိုတဲ့ အကြောင်းအရာနဲ့ ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းမယ် ဆိုတာကိုတော့ ‘မိစန္ဒီတစ်ယောက်တည်းပါပဲ။ ဘာအစီအစဉ်မှမရှိပါဘူး။ အလုပ်တွေရှိရင်အလုပ်တွေပဲ လုပ်ဖြစ်မှာပါ။ အချစ်ကတော့အမျိုးမျိုးပေါ့။ အချစ်ဆိုတာလူတစ်ယောက်နဲ့ တစ်ယောက်ချစ်ဖို့က အဓိကပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိပြီးတော့ ချစ်နေဖို့အဓိကပါပဲ။ မိစန္ဒီကတော့ အချစ်ဆိုတာ ရယူခြင်းတွေရော၊ ပေးဆပ်ခြင်းတွေရော အကုန်ရောနေတယ်လို့ မြင်ပါတယ်။ အချစ်ကိုငယ်ငယ်တုန်းက စိတ်ကစားမှုတွေနဲ့ ကြုံဖူးတာပေါ့။ ငယ်ငယ်စိတ်ကစားခဲ့ချိန်တုန်းကလည်း ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်ခဲ့ဖူးတယ်လို့ မြင်တယ်။ ငယ်ငယ်တုန်းက ဆယ်ကျော်သက်အရွယ် စိတ်ကစားတယ်ပေါ့။ ဒါပေမဲ့ ကြီးလာတော့လည်း ဒါတွေက တကယ်ချစ်တယ်လို့ မထင်တော့ပြန်ဘူး။ အချစ်ကို စတင်တွေ့ရှိချိန်က သိပ်မကြာသေးဘူးလို့ပဲ ပြောရမှာပေါ့။ ငယ်ငယ်တုန်းကတော့ ရူးရူးမိုက်မိုက်နဲ့ဆိုတော့ အချစ်ကို ဘာမှန်းသေချာမသိဘူးပေါ့။ ဒီတိုင်းချစ်လာပြီဆို တွေ့ချင်တယ်။

တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလိုင်စင် လာမည့် သုံးရက်အတွင်း ချပေးမည်

Photo: တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလိုင်စင် လာမည့် သုံးရက်အတွင်း ချပေးမည် 

ရန်ကုန်၊ ဇန်နဝါရီ  ၂၇

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားသော တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့၏ လုပ်ငန်း လိုင်စင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင် လက်မှတ် ရေးထိုး ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က The Voice သို့ ပြောကြားသည်။
“အစိုးရဘက်က ရွေးချယ် ခံထားရတဲ့ မိုဘိုင်းလ် အော်ပရေတာ နှစ်ခုကို ဒီလ ၃၀ ရက်နေ့မှာ လက်မှတ်ထိုးပေးဖို့ လျာထားတယ်” ဟု ၎င်းက ဆိုသည်။ 

မြန်မာအစိုးရက လိုင်စင် အတည်ပြုပြီးနောက် လိုင်စင်ဆိုင်ရာ စာရွက်စာတမ်းကို တယ်လီနော မြန်မာဘက်မှ  စိစစ်နေပြီး သတ်မှတ်ထားသော အချိန်အတွင်း အစိုးရထံ အကြောင်းပြန်ကာ လိုင်စင်ယူမည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ကုမ္ပဏီထံမှ သိရသည်။

ဖုန်းဆင်းမ်ကတ် ရောင်းချခြင်းကို အော်ရီဒူးက လိုင်စင်ရပြီး ခြောက်လအကြာတွင် စတင်မည် ဖြစ်ပြီး တယ်လီနောက ရှစ်လ အကြာတွင် စတင်မည်ဟု ကြေညာထားသည်။ 

တယ်လီနော ကုမ္ပဏီသည် ငါးနှစ်အတွင်း မိုဘိုင်းလ် ဝန်ဆောင်မှုနှင့် ဆင်းမ်ကတ် ရောင်းချမည့် လက်လီဆိုင်ခွဲပေါင်း တစ်သိန်းအထိ ဖွင့်လှစ်ပြီး ဝန်ထမ်း ၉၉ ရာခိုင်နှုန်း ကိုလည်း ပြည်တွင်းမှ ဒေသခံများကိုသာ ခန့်အပ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

အော်ရီဒူး ကုမ္ပဏီကလည်း ၅ နှစ်အတွင်း ဆင်းမ်ကတ် အရောင်းဌာန ၂၄၀,၀၀၀ နှင့် လက်ခွဲ အရောင်းဌာန ၇၂၀,၀၀၀ အထိ ဖွင့်လှစ်ပြီး ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည် ဖြစ်သည်။

ယမန်နှစ်အတွင်းက လိုင်စင်ကိစ္စ အပြီးသတ်မည်ဟု ဆိုခဲ့သော်လည်း အချိန်များစွာ နောက်ကျပြီးမှ အပြီးသတ်နိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာ ပျက်စရာဖြစ်ကြောင်း ကွန်ပျူတာပရိုဂရမ်မာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့်က သုံးသပ်သည်။ 

မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံ တယ်လီပို့၊ တယ်လီနောနှင့် အော်ရီဒူးစသည့် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီများ အနေနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ် ဖုန်းအလုံးရေ ၃၉ ဒသမ ၅ သန်း ချထားပေးရမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာထားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်းက နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် တယ်လီနော ကုမ္ပဏီနှင့် ကာတာအစိုးရ ပါဝင် ပတ်သက်မှုရှိသော အော်ရီဒူး ကုမ္ပဏီတို့ကို ပြည်တွင်းတွင် မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ရန်  ရွေးချယ်ခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါ အောင်မြင်ထားသော တယ်လီနောနှင့် အော်ရီဒူး ကုမ္ပဏီတို့၏ လုပ်ငန်း လိုင်စင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင် လက်မှတ် ရေးထိုး ချထားပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က The Voice သို့ ပြောကြားသည်။
“အစိုးရဘက်က ရွေးချယ် ခံထားရတဲ့ မိုဘိုင်းလ် အော်ပရေတာ နှစ်ခုကို ဒီလ ၃၀ ရက်နေ့မှာ လက်မှတ်ထိုးပေးဖို့ လျာထားတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာအစိုးရက လိုင်စင် အတည်ပြုပြီးနောက် လိုင်စင်ဆိုင်ရာ စာရွက်စာတမ်းကို တယ်လီနော မြန်မာဘက်မှ စိစစ်နေပြီး သတ်မှတ်ထားသော အချိန်အတွင်း အစိုးရထံ အကြောင်းပြန်ကာ လိုင်စင်ယူမည် ဖြစ်ကြောင်း တယ်လီနော မြန်မာ ကုမ္ပဏီထံမှ သိရသည်။

ဖုန်းဆင်းမ်ကတ် ရောင်းချခြင်းကို အော်ရီဒူးက လိုင်စင်ရပြီး ခြောက်လအကြာတွင် စတင်မည် ဖြစ်ပြီး တယ်လီနောက ရှစ်လ အကြာတွင် စတင်မည်ဟု ကြေညာထားသည်။

မြန်မာအထက်တန်း ကျောင်းသားများကို တရုတ်သရုပ်ဆောင် ဂျက်လီ ကွန်ဖူးသင်ပေးမည်

Photo: မြန်မာအထက်တန်း ကျောင်းသားများကို တရုတ်သရုပ်ဆောင် ဂျက်လီ ကွန်ဖူးသင်ပေးမည်

မန္တလေး၊ ဇန်နဝါရီ ၂၈

မြန်မာ-တရုတ် ကုန်သွယ်မှု အချက်အချာ ဗဟိုကျသည့် အထက်မြန်မာနိုင်ငံ မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ်နှစ် မြို့နယ်ရှိ အထက်တန်း ကျောင်းသားများကို တရုတ်ရာဇဝင်နှင့် ကွန်ဖူး အက်ရှင်ကားများတွင် သိုင်းပညာဖြင့် ပါဝင် သရုပ်ဆောင်ခဲ့သည့် ဟောင်ကောင် အခြေစိုက် ရုပ်ရှင် သရုပ်ဆောင် ဂျက်လီက ကွန်ဖူးပညာ သင်ပေးရန် ကမ်းလှမ်းလာကြောင်း မန္တလေး အခြေစိုက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဝင် ဒေါ်တင်တင်လှိုင်က ပြောကြားသည်။

တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ သင်ပေးလိုသည့် အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်းမှာ သပိတ်ကျင်းမြို့ အထက်တန်းကျောင်းနှင့် စဥ့်ကူးမြို့နယ် အထက်တန်းကျောင်းတို့ ဖြစ်သည်။

ယင်းကျောင်း နှစ်ကျောင်းရှိ ကျောင်းသားများကို ၎င်း၏ သိုင်းပညာ ပြန့်ပွားရေးအတွက် ဂျက်လီကိုယ်စား ဂျက်လီ ဖောင်ဒေးရှင်းက သိုင်းပညာ အခြေခံများကို ဦးစွာ လာရောက် သင်ပေးမည် ဖြစ်ကြောင်း ယင်းသင်ကြားပေးမည့် အစီအစဉ်ကို ယင်းအထက်တန်းကျောင်း နှစ်ကျောင်းတွင် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဂျက်လီ ဖောင်ဒေးရှင်းက ဂျက်လီ လှူဒါန်းသည့် အားကစားဥယျာဉ်နှင့် ကစားစရာ အရုပ်များကို လာရောက် လှူဒါန်းမှု ပြီးစီးသည့် အချိန်တွင် ဖောင်ဒေးရှင်းက ကိုယ်ခံသိုင်းပညာ သင်ပေးရန် ကမ်းလှမ်းမည် ဖြစ်ကြောင်း ဒေါ်တင်တင်လှိုင်ထံမှ သိရသည်။

ကျောင်းသားများ ကိုယ်ခံပညာ တတ်မြောက်မှု အခြေအနေများအပေါ် မူတည်ပြီး ဂျက်လီကိုယ်တိုင် ကျောင်းသားများကို လာရောက် တွေ့ဆုံ၍ ၎င်း၏ သိုင်းပညာကို လာရောက်ပြသ သင်ကြားပေးမည့် အစီအစဉ် များကိုလည်း ရေးဆွဲထားသည်ဟု ၎င်းက ပြောကြားသည်။

“ဂျက်လီကိုယ်တိုင် ဒီနှစ်အတွင်း မရောက်ရောက်အောင် အဲဒီကျောင်းတွေကို လာမှာပါ။ နာမည်ကြီး မင်းသားဖြစ်တော့ အလုပ်တွေ များပြားတယ်” ဟု ၎င်းကဆိုသည်။

ဂျက်လီ ဖောင်ဒေးရှင်းက လှူဒါန်းသည့် အားကစားနှင့် ပတ်သက်သည့် ကစားစရာများကို မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ လာရောက် အပ်နှံသွားပြီး တရုတ်နှစ်သစ်ကူး ပြီးသည့်အချိန်တွင် ၎င်းတို့ လှူဒါန်းသည့် ကျောင်းများသို့ သွားရောက် တပ်ဆင်ပေးမည် ဖြစ်ကြောင်း စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိသူများက ပြောကြားသည်။
“ကလေးတွေ ဗီဒီယိုဂိမ်းဆိုင်မှာ အချိန်ဖြုန်းနေတဲ့ အနေအထားရှိတဲ့ အချိန်မှာ ဂျက်လီက သိုင်းပညာ လာသင်ပေးမယ်ဆိုတော့ ကလေးတွေရဲ့အားကစား စိတ်ဓာတ်ကိုလည်း တစ်နည်းတစ်ဖုံ မြှင့်တင်ပေးရာ ရောက်တဲ့အတွက် ကြိုဆိုပါတယ်” ဟု မန္တလေးမြို့ အခြေစိုက် ကလေးချစ်သူများ ကွန်ရက်မှ ဦးတင်ထွန်းအောင်က ဆိုသည်။

ဂျက်လီဖောင်ဒေးရှင်းက အားကစားပစ္စည်းများ လာရောက် လှူဒါန်းသည့် ကျောင်းနှစ်ကျောင်းသည် မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၃ ခုနှစ်က လှုပ်ခဲ့သည့် ငလျင်ဘေးဒဏ် အကြီးအကျယ် ခံရသည့် ကျောင်းများ ဖြစ်ကြောင်း၊ မြန်မာငွေ ကျပ်သိန်းပေါင်းငါးရာ ကုန်ကျခံပြီး အားကစားပစ္စည်းများကို လာရောက် လှူဒါန်းရခြင်း ဖြစ်ကြောင်း၊ ယင်းကဲ့သို့ လာရောက် လှူဒါန်းမှုကို မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှတစ်ဆင့် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး သိုင်းပညာ သင်ကြားပေးမည့် အစီအစဉ်ကိုလည်း ဂျက်လီ ဖောင်ဒေးရှင်းက မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းဝင်များကို ဦးစွာ အသိပေးခဲ့ခြင်း ဖြစ်ကြောင်း မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်းဝင်များက ပြောကြားသည်။

ဂျက်လီ ဖောင်ဒေးရှင်းသည် တရုတ်နိုင်ငံတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများကို သွားရောက် လှူဒါန်းရန်အတွက် တရုတ်ပြည်သူ တစ်ဦးလျှင် တစ်ယွမ်နှုန်း စုဆောင်းပြီး ဖွဲ့ထားသော ဖောင်ဒေးရှင်းဖြစ်ပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် သဘာဝ ဘေးအန္တရာယ်အတွက် မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့သည့် ဖောင်ဒေးရှင်း ဖြစ်သည်။

တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီချမ်းသည်လည်း ၂၀၁၃ ခုနှစ်တွင် မန္တလေးမြို့ပေါ်ရှိ အထကကျောင်းများသို့ သွားရောက် လည်ပတ်ခဲ့ဖူးသည်ဟု မန္တလေးအခြေစိုက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဝင်များထံမှ သိရှိရသည်။           

၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့သော နာမည်ကျော် တရုတ်ကွန်ဖူး သရုပ်ဆောင် ဂျက်လီသည် ရုပ်ရှင်ဇာတ်ကားပေါင်း များစွာကို ရိုက်ကူးထားပြီး ၂၀၁၃ ခုနှစ် အတွင်းတွင် ရိုက်ကူးလျက်ရှိသော  The Expendables 3 တွင် ပါဝင် သရုပ်ဆောင်ထားသည်။

မန္တလေး၊ ဇန်နဝါရီ ၂၈

မြန်မာ-တရုတ် ကုန်သွယ်မှု အချက်အချာ ဗဟိုကျသည့် အထက်မြန်မာနိုင်ငံ မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ်နှစ် မြို့နယ်ရှိ အထက်တန်း ကျောင်းသားများကို တရုတ်ရာဇဝင်နှင့် ကွန်ဖူး အက်ရှင်ကားများတွင် သိုင်းပညာဖြင့် ပါဝင် သရုပ်ဆောင်ခဲ့သည့် ဟောင်ကောင် အခြေစိုက် ရုပ်ရှင် သရုပ်ဆောင် ဂျက်လီက ကွန်ဖူးပညာ သင်ပေးရန် ကမ်းလှမ်းလာကြောင်း မန္တလေး အခြေစိုက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဝင် ဒေါ်တင်တင်လှိုင်က ပြောကြားသည်။

တရုတ် ရုပ်ရှင်သရုပ်ဆောင် ဂျက်လီ သင်ပေးလိုသည့် အခြေခံပညာ အထက်တန်းကျောင်း နှစ်ကျောင်းမှာ သပိတ်ကျင်းမြို့ အထက်တန်းကျောင်းနှင့် စဥ့်ကူးမြို့နယ် အထက်တန်းကျောင်းတို့ ဖြစ်သည်။

ယင်းကျောင်း နှစ်ကျောင်းရှိ ကျောင်းသားများကို ၎င်း၏ သိုင်းပညာ ပြန့်ပွားရေးအတွက် ဂျက်လီကိုယ်စား ဂျက်လီ ဖောင်ဒေးရှင်းက သိုင်းပညာ အခြေခံများကို ဦးစွာ လာရောက် သင်ပေးမည် ဖြစ်ကြောင်း ယင်းသင်ကြားပေးမည့် အစီအစဉ်ကို ယင်းအထက်တန်းကျောင်း နှစ်ကျောင်းတွင် ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ဂျက်လီ ဖောင်ဒေးရှင်းက ဂျက်လီ လှူဒါန်းသည့် အားကစားဥယျာဉ်နှင့် ကစားစရာ အရုပ်များကို လာရောက် လှူဒါန်းမှု ပြီးစီးသည့် အချိန်တွင် ဖောင်ဒေးရှင်းက ကိုယ်ခံသိုင်းပညာ သင်ပေးရန် ကမ်းလှမ်းမည် ဖြစ်ကြောင်း ဒေါ်တင်တင်လှိုင်ထံမှ သိရသည်။

သီရိမင်္ဂလာဈေးဟောင်း ညသန်းခေါင်ယံတွင် မီးလောင်

Photo: သီရိမင်္ဂလာဈေးဟောင်း ညသန်းခေါင်ယံတွင် မီးလောင်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင်ရှိသော သီရိမင်္ဂလာ ဈေးဟောင်း သီရိမင်္ဂလာဈေး ကားပွဲစားတန်း အပေါ်ထပ်တွင် ဇန်နဝါရီ ၂၈ ရက်နေ့ ညသန်းခေါင်ယံ (ည ၁၂ နာရီ  အချိန်) က Sima ပရိဘောဂစက်ရုံမှ စတင်၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပရိဘောဂ စက်ရုံတွင် တပ်ဆင်ထားသော အပူထုတ်ပန်ကာမှ စတင်လောင်ကျွမ်းသော မီးမှာ အပေါ်ထပ်တွင်ရှိသော သီရီစံ မိုတယ်သို့ပါ ကူးစက် လောင်ကျွမ်းခဲ့သော်လည်း အောက်ထပ် ကားပွဲစားတန်းမှ ကားများနှင့် Happy World  ကလေးကစားကွင်းသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။ 

တစ်နာရီခွဲကြာ လောင်ကျွမ်းသော ယင်းမီးလောင်မှုကို  ရန်ကုန် ၄ ခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်ကား အစီး ၆၀ ကျော် လာရောက် ငြိမ်းသတ်ခဲ့ရပြီး ကမ်းနားလမ်းနှင့် ယင်းလမ်းနှင့် အပြိုင်ဖောက်ထားသော ကွန်တိန်ယာဉ်များ သွားရာလမ်းမှာ ၂ နာရီကြာ ယာဉ်ကြော ပိတ်ဆိုနေခဲ့ကြောင်း ဆက်လက် သတင်းပေးပို့သည်။

ည ၁ နာရီ ၃၈ မိနစ်တွင် မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီး အရပ်သား နှစ်ဦးနင့် မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။
“တစ်ဖက်ခန်းမှာ လောင်တာကို သိသိခြင်း ရေသန့်ဘူးတွေနဲ့ သွားငြိမ်းကြပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ မနိုင်ဘဲ မီးက ပိုကြီးလာတယ်” ဟု ယင်းစက်ရုံက ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယခု မီးလောင်မှု မတိုင်မီ ညဦးပိုင်းကလည်း ဗဟန်းမြို့နယ် ရွှေဂုံတိုင် ခုံးကျော်တံတားအနီး Excel Tower တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

Excel Tower မီးလောင်မှု ဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာတွင် ယခုကဲ့သို့ သီရီမင်္ဂလာ ဈေးဟောင်း မီးလောင်မှု ထပ်မံဖြစ်ပွားရာ ရန်ကုန်မြို့တော်၌ တစ်ညတည်း မီးလောင်ကျွမ်းမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင်ရှိသော သီရိမင်္ဂလာ ဈေးဟောင်း သီရိမင်္ဂလာဈေး ကားပွဲစားတန်း အပေါ်ထပ်တွင် ဇန်နဝါရီ ၂၈ ရက်နေ့ ညသန်းခေါင်ယံ (ည ၁၂ နာရီ အချိန်) က Sima ပရိဘောဂစက်ရုံမှ စတင်၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပရိဘောဂ စက်ရုံတွင် တပ်ဆင်ထားသော အပူထုတ်ပန်ကာမှ စတင်လောင်ကျွမ်းသော မီးမှာ အပေါ်ထပ်တွင်ရှိသော သီရီစံ မိုတယ်သို့ပါ ကူးစက် လောင်ကျွမ်းခဲ့သော်လည်း အောက်ထပ် ကားပွဲစားတန်းမှ ကားများနှင့် Happy World ကလေးကစားကွင်းသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။

တစ်နာရီခွဲကြာ လောင်ကျွမ်းသော ယင်းမီးလောင်မှုကို ရန်ကုန် ၄ ခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်ကား အစီး ၆၀ ကျော် လာရောက် ငြိမ်းသတ်ခဲ့ရပြီး ကမ်းနားလမ်းနှင့် ယင်းလမ်းနှင့် အပြိုင်ဖောက်ထားသော ကွန်တိန်ယာဉ်များ သွားရာလမ်းမှာ ၂ နာရီကြာ ယာဉ်ကြော ပိတ်ဆိုနေခဲ့ကြောင်း ဆက်လက် သတင်းပေးပို့သည်။

ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်များ ရွေးချယ်ပွဲ ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံမည် မဟုတ်ဟု လူမင်းဆို

Photo: ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်များ ရွေးချယ်ပွဲ ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံမည် မဟုတ်ဟု လူမင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးအတွက် အမှုဆောင်သစ်များ ရွေးချယ်ပွဲကို ဧပြီလတွင် ပြုလုပ်သွားမည် ဖြစ်ရာ ဥက္ကဋ္ဌအဖြစ် အရွေးခံတော့မည် မဟုတ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက The Voice သို့ ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေနှင့် အိပ်ချိန်၊ စားချိန်၊ နားချိန်နှင့် ကားရိုက်ရက်များ လျှော့၍ပါ အစည်းအရုံးအတွက် အချိန်ပေး လုပ်ဆောင်ခဲ့သော်လည်း ယင်းမျှနှင့် မလုံလောက်နိုင်ဟု ယူဆကြောင်း၊ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နောက်ပိုင်းတွင် အနုပညာနှင့် ပတ်သက်သော ၎င်း၏ စိတ်ကူးအိပ်မက်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများကို မေ့ထားခဲ့ရကြောင်း၊ ယင်းအချက် နှစ်ချက်ကြောင့် ဧပြီလတွင် ပြုလုပ်မည့် အမှုဆောင်သစ်များ ရွေးချယ်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံတော့မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။  

ယင်းအမှုဆောင်သစ်များ ရွေးချယ်ပွဲအတွက် ရုပ်ရှင် အစည်းအရုံးတွင် မူလရှိပြီးသား  ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်း စည်းကမ်းများကို မွမ်းမံပြင်ဆင်နေကြောင်း၊ ယင်းသို့ ပြင်ဆင်ရခြင်းမှာ အနုပညာ လောကသားအချို့၏ စည်းကမ်း မလိုက်နာမှုများကို  ကာကွယ် တားဆီးရန်နှင့် စစ်မှန်သော ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဉ်းစည်းကမ်းများ ပေါ်ပေါက်လာစေရန်အတွက် ဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံး နာယက တစ်ဦးဖြစ်သူ ဦးအောင်လွင်က ပြောကြားသည်။

“လူတစ်ယောက်က အစည်းအရုံးမှာ အရွေးခံချင်တဲ့အတွက် သူနဲ့သိတဲ့သူတွေကို ကတ်လုပ်ပေးတယ်။ အဲဒီလူတွေရဲ့ မဲပေးမှုနဲ့ သူပြန်အရွေးခံရတာမျိုးတွေ ရှိတယ်။ အဲဒီလို လုပ်ရပ်တွေကို ကာကွယ်ဖို့အတွက် နှစ်အပိုင်းအခြား ဘယ်လောက်ကနေ  ဘယ်လောက်အထိမှာ အစည်းအရုံးဝင် ဖြစ်တဲ့သူတွေသာ အမှုဆောင်အဖြစ် ရွေးချယ်ခံပိုင်ခွင့်နဲ့ မဲပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်မျိုးကို ကျွန်တော်တို့ ထည့်ထားတယ်” ဟု အမှုဆောင်သစ်များ ရွေးချယ်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ဦးအောင်လွင်က ပြောဆိုသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလွှာအသီးသီးအတွက် အမှုဆောင်သစ်များ ရွေးချယ်ပွဲကို ဧပြီလတွင် ပြုလုပ်သွားမည် ဖြစ်ရာ ဥက္ကဋ္ဌအဖြစ် အရွေးခံတော့မည် မဟုတ်ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက The Voice သို့ ပြောကြားသည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ တစ်ယောက်အနေနှင့် အိပ်ချိန်၊ စားချိန်၊ နားချိန်နှင့် ကားရိုက်ရက်များ လျှော့၍ပါ အစည်းအရုံးအတွက် အချိန်ပေး လုပ်ဆောင်ခဲ့သော်လည်း ယင်းမျှနှင့် မလုံလောက်နိုင်ဟု ယူဆကြောင်း၊ အစည်းအရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး နောက်ပိုင်းတွင် အနုပညာနှင့် ပတ်သက်သော ၎င်း၏ စိတ်ကူးအိပ်မက်များ၊ ရည်မှန်းချက်များ၊ စီမံကိန်းများကို မေ့ထားခဲ့ရကြောင်း၊ ယင်းအချက် နှစ်ချက်ကြောင့် ဧပြီလတွင် ပြုလုပ်မည့် အမှုဆောင်သစ်များ ရွေးချယ်ပွဲတွင် ဥက္ကဋ္ဌအဖြစ် ထပ်မံအရွေးခံတော့မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

" နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြားသဘောထားကွဲ လွဲမှု ပဋိပက္ခ ဖြစ်မည်ကို မစဉ်းစားဘဲ ပြေလည်အောင် ဖြေရှင်းမည်ဟူသော စိတ်ဓာတ်ထားရှိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း "

Photo: " နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြားသဘောထားကွဲ လွဲမှု ပဋိပက္ခ ဖြစ်မည်ကို မစဉ်းစားဘဲ ပြေလည်အောင် ဖြေရှင်းမည်ဟူသော စိတ်ဓာတ်ထားရှိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း "

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြား သဘောထားကွဲလွဲမှုရှိနေသည့်အပေါ် ပြဿနာဖြစ်လာပါက ဖြေရှင်းရမည်ဖြစ်ပြီး ယခင်ကတည်းက မည်သို့ပဋိပက္ခ ဖြစ်မည်ကို မစဉ်းစားဘဲပြေလည်အောင် ဖြေရှင်းမည်ဆိုသည့် စိတ်ဓာတ်ထားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
 
၎င်းအနေဖြင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဇန်န ဝါရီ ၂၈ ရက်နေ့က လွှတ်တော်၌ ပြော ဆိုခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပွားရခြင်းသည် ဥပဒေများ ပြဋ္ဌာန်းခြင်းဆောင်ရွက်သည့် အခါတွင်နိုင်ငံတော်သမ္မတ၏သဘောထား အား လွှတ်တော်မှ စိစစ်ခြင်းအပေါ် လက်မခံသည့် သဘောမျိုးဖြစ်ပါသလား ဟု မေးမြန်းခြင်းကိုလည်း နှစ်ဖက် မျှမျှတတကြည့်ရမည်ဟုလည်း သုံးသပ် ပြောကြားခဲ့သည်။
 
''ဒီလိုလည်း ကြည့်လို့ မရဘူးလေ။ နှစ်ဖက်ကြည့်ရမှာပေါ့။ ဒီဘက်က သမ္မတရဲ့ သဘောထားတွေကို လက်မခံတာလား၊ သမ္မတက ဒီဘက်က သဘောထားတွေကို လက်မခံတာလား။ အဲဒါ ဟိုဘက်ဒီဘက် ကြည့်ရမှာပေါ့။ တစ်ဖက်သတ်ကြည့်လို့ ဘယ်ဖြစ်မလဲ။ မျှမျှတတကြည့်ရမယ်''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

P-048

နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြား သဘောထားကွဲလွဲမှုရှိနေသည့်အပေါ် ပြဿနာဖြစ်လာပါက ဖြေရှင်းရမည်ဖြစ်ပြီး ယခင်ကတည်းက မည်သို့ပဋိပက္ခ ဖြစ်မည်ကို မစဉ်းစားဘဲပြေလည်အောင် ဖြေရှင်းမည်ဆိုသည့် စိတ်ဓာတ်ထားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

၎င်းအနေဖြင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဇန်န ဝါရီ ၂၈ ရက်နေ့က လွှတ်တော်၌ ပြော ဆိုခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပွားရခြင်းသည် ဥပဒေများ ပြဋ္ဌာန်းခြင်းဆောင်ရွက်သည့် အခါတွင်နိုင်ငံတော်သမ္မတ၏သဘောထား အား လွှတ်တော်မှ စိစစ်ခြင်းအပေါ် လက်မခံသည့် သဘောမျိုးဖြစ်ပါသလား ဟု မေးမြန်းခြင်းကိုလည်း နှစ်ဖက် မျှမျှတတကြည့်ရမည်ဟုလည်း သုံးသပ် ပြောကြားခဲ့သည်။

ဖုန်းဆင်းကတ်ပျောက်၍ ပြန်လျှောက်သူ စာချုပ်မရှိက နောက်ဆုံးခေါ်ယူခဲ့ သည့်ဖုန်း 3-Calls သက်သေပြရမည်

Photo: ဖုန်းဆင်းကတ်ပျောက်၍ ပြန်လျှောက်သူ စာချုပ်မရှိက နောက်ဆုံးခေါ်ယူခဲ့ သည့်ဖုန်း 3-Calls သက်သေပြရမည်

********************************************

 ဖုန်းဆင်းကတ်ပျောက်ဆုံးသူများ စာရွက်စာတမ်း မရှိပါက နောက်ဆုံးခေါ် ယူထားသည့် ဖုန်းခေါ်ဆိုမှုသုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ် ပေးတော့မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

”ဘာစာချုပ်မှမပြဘဲ ရဲစခန်း ထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ် ကိုဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေး တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဒုတိယမိုဘိုင်းအင်ဂျင်နီယာ ချုပ် ဦးကိုကိုအောင်က ပြောသည်။

စာရွက်စာတမ်းအချက်အလက် အပြည့်အစုံပါရှိသည့် ဖုန်းများကိုမူ ယခင်အတိုင်း စစ်ဆေးမှုများ ပြုလုပ်၍ ဆင်းကတ်ပြန်လည်ထုတ်ပေးသွား မည် ဖြစ်ပြီး နောက်ဆုံးခေါ် ဆိုထားသည့် ဖုန်3း Calls  ပြစရာမလိုကြောင်း ၄င်းက ဆက်လက်ပြောသည်။

”နောက်ဆုံးဖုန်း 3 Calls  မမှတ်မိ ဘူးလို့ပြောကြမှာပါ။ ဒါပေမဲ့ ဖုန်း ပျောက်သူတွေအနေနဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆက်မိကြမှာပါ။ ကျွန်တော်တို့အနေ နဲ့ ကောက်ရိုးမျှင်တစ် မျှင်ရှာဖွေသလိုမျိုး အစရှိရုံနဲ့ ကတ်ပြန် လည်လုပ်ပေးလို့ရပါတယ်”ဟု ၄င်းက ဆက်ပြောသည်။

ယင်းသို့ ပြုလုပ်ရခြင်းမှာ ရဲစခန်း ထောက်ခံချက်ဖြင့် လာရောက်လျှောက် ထားသည့်ဖုန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တရားရုံးများတွင် သက် သေထွက် ဆိုပေးနေရသည့်အတွက် ပိုမို လွယ်ကူသောစနစ် ကိုပြောင်းလဲခြင်း ဖြစ်သည်ဟု ၄င်းကပြောသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဆင်းကတ်ပျောက်ဆုံးမှု ကို စာချုပ်မရှိပါက နောက်ဆုံးခေါ်ဆို သည့်ဖုန်း 3 Calls  ပြနိုင်မှ လျှောက် ထားခွင့်ပြုမည်ဟု အထက်ပါပုဂ္ဂိုလ်မှ ပြောဆိုထားသော်လည်း ဆင်းကတ်ပြန် လည်ထုတ်ပေးသည့် ဆက်သွယ်ရေးရုံး များ၌မူ စာချုပ်ပါရှိပါက လည်း နောက် ဆုံးခေါ်ဆိုသည့်ဖုန်း 3 Calls ကို သက် သေပြခိုင်း၍ ဖုန်းဆင်းကတ် ပျောက်သူ များ အခက်တွေ့နေကြောင်း သိရသည်။

”ကိုယ့်ဖုန်းပျောက်လို့ ကိုယ်တိုင် လာပြီးစာချုပ်နဲ့လာတာတောင် မရဘူး ပြောနေတယ်။ ရုံးချုပ်ရွှေဂုံတိုင် ရုံးကို သွားပါ။ အကူအညီပေးပါလိမ့်မယ်လို့ လမ်းညွှန်နေပါတယ်” ဟု ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး၌ ဖုန်းဆင်းကတ် လျှောက်ထားသူတစ်ဦးကပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် မိုဘိုင်းဖုန်းဆင်းကတ်များ ပျောက် ဆုံးမှုပြန်လည် လျှောက်ထား ခြင်းကို ယခင်ကျပ်ငါးသိန်းဖုန်း များ ပေါ်ပေါက်စဉ်ကာလတွင် ကျပ်ငါး သောင်းကောက်ခံခဲ့သော်လည်း ကျပ် နှစ်သိန်းတန်ဖုန်းများ ပေါ်ပေါက်လာပြီး နောက် ကျပ်ငါးသောင်းမှ ကျပ်နှစ် သောင်းသို့ လျှော့ချပေးခဲ့သည်။ လက် ရှိကျပ် တစ်ထောင့်ငါးရာဖုန်းများ ရှိလာ သည့်အချိန်အထိ ကျပ်နှစ်သောင်းနှုန်း အတိုင်း ဆက်လက်ကောက်ခံနေကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေး မှ ဖုန်း ဆင်းကတ်ပျောက်ဆုံးမှုကြောင့် ပြန်လည်လျှောက် ထားပါက နောက်ဆုံးဖုန်း 3 Calls  ပြခိုင်းမှုကို ယခုလ ၂၇ ရက်နေ့မှ စတင်ခဲ့ကြောင်း အဆိုပါဌာနမှ သိရ သည်။

အောင်ဇော်

ဖုန်းဆင်းကတ်ပျောက်ဆုံးသူများ စာရွက်စာတမ်း မရှိပါက နောက်ဆုံးခေါ် ယူထားသည့် ဖုန်းခေါ်ဆိုမှုသုံးကြိမ်ကို ပြနိုင်မှသာ ဆင်းကတ်ပြန်လည် ထုတ် ပေးတော့မည် ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှသိရသည်။

”ဘာစာချုပ်မှမပြဘဲ ရဲစခန်း ထောက်ခံချက်တွေနဲ့ လုပ်ပေးတဲ့စနစ် ကိုဖျက်သိမ်းလိုက်တာပါ။ ဒီအချက်တွေ မပြနိုင်ရင်တော့ ဆင်းကတ် ထုတ်မပေး တော့ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဒုတိယမိုဘိုင်းအင်ဂျင်နီယာ ချုပ် ဦးကိုကိုအောင်က ပြောသည်။

စာရွက်စာတမ်းအချက်အလက် အပြည့်အစုံပါရှိသည့် ဖုန်းများကိုမူ ယခင်အတိုင်း စစ်ဆေးမှုများ ပြုလုပ်၍ ဆင်းကတ်ပြန်လည်ထုတ်ပေးသွား မည် ဖြစ်ပြီး နောက်ဆုံးခေါ် ဆိုထားသည့် ဖုန်3း Calls ပြစရာမလိုကြောင်း ၄င်းက ဆက်လက်ပြောသည်။

”နောက်ဆုံးဖုန်း 3 Calls မမှတ်မိ ဘူးလို့ပြောကြမှာပါ။ ဒါပေမဲ့ ဖုန်း ပျောက်သူတွေအနေနဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဆက်မိကြမှာပါ။ ကျွန်တော်တို့အနေ နဲ့ ကောက်ရိုးမျှင်တစ် မျှင်ရှာဖွေသလိုမျိုး အစရှိရုံနဲ့ ကတ်ပြန် လည်လုပ်ပေးလို့ရပါတယ်”ဟု ၄င်းက ဆက်ပြောသည်။

မောင်းတော ဒုချီးရားတန်းမီး ရှို့မီးဖြစ်ကြောင်း အာဏာပိုင်များပြော

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း အနောက်ရွာတွင် ယမန်နေ့ညနေက လောင်ခဲ့သော မီးမှာ ရှို့မီး ဖြစ်ကြောင်း မောင်တောခရိုင် ကွပ်ကဲရေးမှူး ရဲမှူးကြီး ဦးတင်ကိုကိုက နိရဉ္စရာသို့ ပြောကြားသည်။

၎င်းမီးသည် ဒုချီးရားတန်း အနောက်ရွာတွင် ညနေ ၈ နာရီ ၄၅ မိနစ်တွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ညနေ  ၁၀ နာရီတွင် မီးညွှန့်ကျိုးကာ ငြိမ်းသွားခဲ့သည်ဟု သိရသည်။

ယခု မီးလောင်မူမှာ ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဇန်န၀ါရီလ ၁၃ ရက်နေ့က  ဒုချီးရားတန်း (အလယ်ရွာ) တွင် ဖြစ်ပွားခဲ့သောပြဿနာနှင့် ပတ်သက်ပြီး နိုင်ငံခြား သံတမန်များနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များအား သတင်းစာရှင်းလင်းပွဲ အပြီး နာရီပိုင်းအကြာတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

မီးလောင်မူကြောင့် အိမ်ကြီး ၄လုံး အပါအ၀င် တဲသာသာသာ အိမ် ၁၂ လုံး၊ စုစုပေါင်း ၁၆ လုံး မီးထဲပါသွားခဲ့သည်။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ

Photo: #emg_opinions

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ 

(Written by: မြမြင့်မိုရ်)

ဤခေါင်းစဉ်မှာ ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီး၏ ပါဠိမှ မြန်မာဘာသာပြန် မေတ္တာပို့စာစုမှ အပိုဒ်တစ်ပိုဒ် ဖြစ်ပါသည်။ မေတ္တာပို့ဆိုသည်ထက် လောကီထုပ္ပတ် လူတို့ဇာတ်အရှုပ်အထွေးကိုကြည့်ပြီး လွတ်မြောက်အေးချမ်းစေလိုသော ဆန္ဒနှင့် ကရုဏာရှေ့ထားကာ ဆုတောင်းပေးခဲ့သည့် သူတော်စင်တစ်ဦး၏ မှာတမ်းပါပဲ။ သည်ခေတ်အခါမှာတော့ မကြာခဏ ဆုတောင်းရသည့် စကားလည်းဖြစ်ပါသည်။

အင်း ကျွန်တော်ဘာပြောချင်တာပါလိမ့်၊ သိပြီ။ ပထမဦးစွာ ၂၃-၁-၂၀၁၄ နေ့ထုတ် The Daily Eleven သတင်းစာတွင်ပါသော Public Voice အထူးအချပ်ပို စာမျက်နှာ C ၌ “လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” ဆိုသည့် ဆောင်းပါးမှ စာပိုဒ်ကို ဖော်ပြလိုပါသည်။

“စီးပွားရေးလုပ်ငန်းကြီးတွေ အပြိုင်အဆိုင် ပေါများလာမှုနှင့်အတူ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် စကားအတိုင်း စီးပွားရေး ၀ိသမလောဘသမားတွေ များပြားလာပါသည်။ ငွေရဖို့လောက်ကိုသာ အဓိက ထားလာကြသည်။ စီးပွားရေးအရ အယောင်ဆောင်ပြီး ဟန်ဆောင်နေသူတွေကို ရှောင်နိုင်ဖို့ကလည်း အရေးကြီးလှပါသည်။ အကျင့်သီလ သိက္ခာမရှိသည့် ၀ိသမ စီးပွားရေးသမား၊ လောဘသမားတွေရဲ့ လှည့်စားဉာဏ်၊ အလိမ်ဉာဏ်၊ ပရိယာယ်မာယာဉာဏ်တွေကလည်း များလွန်းလှတော့ သူတို့တစ်တွေရဲ့ မျက်နှာမှာ ကောက်ကျစ်စဉ်းလဲမှုတွေ မပေါ်အောင် ဟန်ဆောင်အပြုံးတွေနှင့် ဖုံးဖိထားကြသော်လည်း ကျားငစဉ်းလဲလို၊ မြေခွေးလို အမြဲကောက်ကျစ်စဉ်းလဲမယ့် အကြံဉာဏ်တွေကို ထုတ်နေကြတဲ့ စီးပွားရေးသမား၊ ၀ိသမလောဘသမားတွေရဲ့ လှည့်ပတ်ခြင်း အန္တရာယ်ကိုတော့ အစဉ်သတိထားသင့်ကြောင်း” ရေးသားထားရာ လူအများစုကြီးအတွက် ဆောင်းပါးရှင်၏ စေတနာစကားဟု နှလုံးသွင်းမိသည်။ တစ်ပြိုင်နက်တည်းမှာပဲ ငွေကြေးနှင့် အာဏာပိုင်ကို ထင်သလို ခြယ်လှယ်နိုင်သော ၀ိသမလောဘသမားတို့ ပေါက်ဖွားရာမြစ်ဖျားကိုလည်း ပြန်ဆန်းစစ်မိသည်။

၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ သူ့ကျွန်ဘ၀က လွတ်လာတော့ လွတ်လပ်ရေးအတွက် စိတ်ရင်းစေတနာမှန်နှင့် ကြိုးစားတည်ဆောက်ခဲ့ကြသော ဗိသုကာ နိုင်ငံ့ခေါင်းဆောင်ကြီးအချို့ ကွယ်လွန်ခဲ့ကြပြီးဖြစ်သည်။ ကျန်ရစ်ခဲ့သော ခေါင်းဆောင်တွေက ပြည်သူလူထုကို ဦးဆောင်ကာ လွတ်လပ်ရေးနှင့် ထိုက်တန်သော ဂုဏ်သိက္ခာရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် မလုပ်နိုင်မီ ပြည်တွင်းစစ်နွံ၌ နစ်ကာ နှစ်ပေါင်း ၅၀၊ ၆၀ လောက် ကျွန်တော်တို့တစ်သက် ဆိုပါတော့။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသည်။ လွတ်လပ်ရေးရသည်နှင့် ချိန်ကိုက်မလုပ်နိုင်ခဲ့။ ထိုနောက်ကျချိန်ကို အခွင့်ကောင်းယူပြီး အစိုးရ၊ အကျင့်ပျက်ဝန်ထမ်းနှင့် ၀ိသမလောဘသမားတို့ နီးနီးစပ်စပ်ပေါင်းကာ နှစ်ပေါင်း ၅၀၊ ၆၀ အတွင်းခေတ်က ခေတ်သူရဲကောင်းများကို မွေးထုတ်သလို၊ ခေတ်ပျက်သူဌေးများကိုလည်း မွေးထုတ်ပေးခဲ့သည်။

သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး မပေါ်ပေါက်မီ ညစ်ပတ်သောအစိုးရနှင့် အဂတိလိုက်စားသော အုပ်ချုပ်ရေးအောက်တွင် အဲဒီခေတ်ပျက်သူဌေးတွေပဲ မီဂါသူဌေးကြီးတွေဖြစ်၊ မီဂါလုပ်ငန်းရှင်ကြီးတွေဖြစ်၊ အဲဒီသူတွေပဲ မီဂါစီမံကိန်းကြီးတွေ အကောင်အထည်ဖော်၊ မီဂါပါဝါတွေ ထူထောင်ပြီး မြန်မာနိုင်ငံအပေါ် ထင်တိုင်းကြဲကြသည်။ ပြီးတော့သူတို့တစ်တွေပဲ ပြဋ္ဌာန်းဥပဒေတွေကို လက်တစ်လုံးခြား ရှောင်းတိမ်းကြ၊ အခွင့်အရေးတွေ ယူကြသည်။ ပညာရှင်တွေကိုလည်း နည်းမျိုးစုံနှင့်ဝယ်ကာ သူတို့လုပ်ငန်းတွေကို အကာအကွယ်ယူကြသည်။ နင့်နေအောင်ရခဲ့သော အမြတ်ငွေများထဲမှ အစွန်းထွက်လောက်သုံးကာ မိမိအတ္တကို ဖုံးကွယ်ဖို့၊ ဂုဏ်သိက္ခာထူထောင်ဖို့ ပရဟိတလုပ်ငန်းတွေ၊ အလှူအတန်းတွေနှင့် ချမ်းသာကြွယ်ဝမှု အပေါ်တွင် ဂုဏ်သတင်းကောင်းတွေ ထပ်ဆောင်းဖို့ လုပ်ကြသည်မှာ ခေတ်ပျက်သူဌေးအချို့၏ ဘ၀နေထိုင်မှု ပုံသေနည်းများ ဖြစ်လာကြသည်။ သူတို့စိတ်ရင်းကဘာလဲ။ မေးခွန်းထုတ်စရာ များစွာနှင့်အတူ ဆင်းရဲချမ်းသာကွာဟမှု ချောက်ကမ်းပါးမှာ နက်လဲနက်၊ ကျယ်လဲကျယ်လာသည်။ ထိုအခြေအနေ၌ ချမ်းသာသူကလည်း ထင်တိုင်းကြဲ၍ ဆင်းရဲသူကလည်း ညစ်တွန်းတွန်းခဲ့ရာ နောက်ဆုံးတိုင်းပြည်လည်း အဆင်းရဲဆုံးဘ၀ရောက်ပြီး အခွင့်အရေးပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။

ယနေ့ထိတိုင်လည်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုသည်မှာ ကလေးတစ်ယောက်က ဖိုးလမင်းကြီးထံမှ ထမင်းဆီဆမ်းကို ရွှေလင်ပန်းနှင့် တောင်းသလိုမျိုး စကားအဖတ်တင်နေခဲ့သည်မှာ ကြာပါပြီ။ လုပ်သားအခွင့်အရေး ဆိုတာလည်း အလုပ်လက်မဲ့နှုန်း မြင့်မားသော တိုင်းပြည်ဖြစ်သလို ရရာအလုပ်ကို ၀င်လုပ်ရင်း ကျားသနားမှနွားချမ်းသာ ဆိုသကဲ့သို့ အလုပ်ရှင်မျက်နှာတွေ ကြည့်နေရဆဲဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဟိုတယ်ကြီးတစ်ခု ဆောက်နေသော လုပ်ငန်းခွင်၌ နေ့စား၊ လစား ၀န်ထမ်းများမှာ တစ်နေ့ ၁၂ နာရီ နေ့ဆိုင်း၊ ညဆိုင်း ပိတ်ရက်မရှိ အလုပ်ဆင်းနေကြရပြီး တစ်နေ့အချိန်ပို လေးနာရီခိုင်းသည့် အချိန်ပိုလုပ်ခ၊ စနေ၊ တနင်္ဂနွေပိတ်ရက်ဆင်းရသည့် အချိန်ပိုလုပ်ခတွေကို ဘယ်လိုတွက်ချက် ရှင်းပေးနေသလဲ မသိပါဟု ၀န်ထမ်းလူငယ်တချို့၏ ရင်ဖွင့်သံမှတစ်ဆင့် သိခဲ့ရသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကတော့ သုညပါပဲ။ အစိုးရနှင့်နီးစပ်သော ကုမ္ပဏီများနှင့် အကျင့်ပျက်ဝန်ထမ်းတို့ ပူးပေါင်းကာ မြေပေါ်မြေအောက် သယံဇာတတွေ အလွန်အကျွံ ထုတ်ယူမှုကြောင့် ဂေဟစနစ် တော်တော်များများ ပျက်စီးနေပြီး ဒီကြားထဲ NASA က ထုတ်ပြန်သည်ဆိုသော သတင်းတစ်ပုဒ်၌ ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့အပူနွေးဆုံး နှစ်တွေထဲပါဝင်နေပြီး ၂၀၁၄ ခုနှစ်တွင်လည်း အယ်လ်နီညို ပြန်ဖြစ်နိုင်သဖြင့် ပိုပြီးပူနွေးဦးမည်တဲ့။ သဘာဝတရားကနှိပ်စက်၊ လူလည်လူနပ်တွေကနှိပ်စက်နှင့် ပြည်သူလူထု၏ ရုပ်အခြေအနေနှင့် စိတ်အခြေအနေတို့မှာ ပိုမိုနိမ့်ကျသွားဖို့သာ ရှိတော့သည်။ ပြီးတော့ အဂတိလိုက်စားမှု၊ အဲဒီကိစ္စကတော့ တရားဥပဒေစိုးမိုးမှု နိမ့်ကျခြင်းနှင့်အတူ မြန်မာနိုင်ငံမှာ ဌာနတိုင်း အသားကျနေခဲ့တာကြာပါပြီ။ 

ထိုအခြေအနေ၌ “UNGC ၌ ယခင်အစိုးရနှင့် နီးစပ်သော ကုမ္ပဏီများပါဝင်” ဆိုသည့် သတင်းတစ်ပုဒ်ကို The Daily Eleven သတင်းစာ၌ပင် ထပ်ဆင့်ဖတ်ရပြန်ရာ စောစောကဖတ်ခဲ့သော ဆောင်းပါးနှင့် ဆက်စပ်စဉ်းစားသွားရသည်။ UNGC ဆိုတာဘာလဲ။ အဲဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တွေက ဘာလဲ၊ ဘယ်လိုအကျိုးအပြစ်တွေ ရှိသလဲ...စသဖြင့်။

UNGC ဆိုသည်မှာ UN Global Compact ဆိုသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ကိုင်သည့် အချိန်တွင် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ခြင်း (Corporate Social Responsibility) လုပ်ငန်းများအား အဓိကလုပ်ကိုင်သည့် ကုမ္ပဏီများ ဖြစ်လာရေး တွန်းအားပေးသည့် နိုင်ငံတကာ သိက္ခာရှိ အဖွဲ့အစည်းဖြစ်သည်ဟု ဆိုသည်။ ဤအဖွဲ့၏ Active Level ၌ ပါဝင်ခြင်းဖြင့် နိုင်ငံတကာသိက္ခာရှိ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်မည်။ အဲဒီအဖွဲ့က လူ့အခွင့်အရေး၊ လုပ်သားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးများ လုပ်ဆောင်မည်ဟုဆိုသည်။ ထို UNGC ၌ မြန်မာနိုင်ငံအခြေစိုက် ကုမ္ပဏီ ၁၀၀ နီးပါး ပါဝင်နေသည်ဟု ဆိုပါသည်။

UNGC ၏ ရည်ရွယ်ချက်ကောင်းပါသည်။ ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် ပြဿနာဖြစ်နေသည်က လူ့အခွင့်အရေး၊ လုပ်သားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အဂတိလိုက်စားမှု ပပျောက်ရေးများပင်ဖြစ်ရာ အဓိကကျသော ယင်းပြဿနာများကို ဖြေရှင်းရမည်သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ယခင်အစိုးရနှင့် နီးစပ်သည်ဖြစ်စေ၊ မနီးစပ်သည်ဖြစ်စေ အင်အားရှိသော ကုမ္ပဏီကြီးများ UNGC ၏ မူဘောင်ထဲဝင်ကာ Active Level ၌ ပါဝင်လာကြသည်ကို ကြိုဆိုရမည်သာဖြစ်သည်။ သို့သော် ထိုကုမ္ပဏီကြီးများ၏ လူ့အခွင့်အရေးမှတ်တမ်း၊ လုပ်သားအခွင့်အရေးမှတ်တမ်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှတ်တမ်းနှင့် အဂတိလိုက်စားမှု မှတ်တမ်းများအပေါ်၌ မမေ့မလျော့ဆန်းစစ်ရန် လိုသည်ဟု ယူဆမိပါသည်။ ယခင်အစိုးရနှင့်နီးစပ်သော ကုမ္ပဏီတော်တော်များများမှာ ထိုအခြေနေများကို မျက်ကွယ်ပြုခဲ့သော သမိုင်းနောက်ခံ ရှိကြသည်။

သို့သော် ပညာရှင်တစ်ဦး၏ အဆိုအရ ပြီးခဲ့တာတွေထားတော့။ UNGC ၏ စည်းကမ်းတွေ လိုက်နာရင်ရပြီ။ ယခု “ပိုနေမြဲ၊ ကျားနေမြဲ” အခြေအနေ၌ပင် လူမှုအကျိုးပြု လုပ်ငန်းတွေ လုပ်ရင်ပြီးပြီဆိုသည့် သဘောမျိုး ရောက်တဲ့နေရာက စစေချင်သည်။ သို့သော် ယနေ့အခြေအနေမှာ ကျားကထောင်ချောက်ထဲတွင်ရောက်ပြီး မောင်ပိုကအပြင်ဘက်တွင် ရှိနေရမည့်အစား မောင်ပိုက ထောင်ချောက်ထဲတွင် ရောက်နေပြီး ကျားကအပြင်ဘက်တွင် ရှိနေသော အခြေအနေမျိုး ဖြစ်နေရာ။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေဟူ၍သာ ဆုတောင်းနေမိပါကြောင်း။

(မြန်မာဘက်မှဝယ်ယူသော ကော်စေ့တန် ၂၀ အစား ကွန်တိန်နာဖြင့် ကျောက်ခဲများသာ ပေးပို့ခဲ့မှုအား တွေ့ရစဉ်)
(မြန်မာဘက်မှဝယ်ယူသော ကော်စေ့တန် ၂၀ အစား ကွန်တိန်နာဖြင့် ကျောက်ခဲများသာ ပေးပို့ခဲ့မှုအား တွေ့ရစဉ်)

(Written by: မြမြင့်မိုရ်)

ဤခေါင်းစဉ်မှာ ကျေးဇူးရှင် မင်းကွန်းဆရာတော်ကြီး၏ ပါဠိမှ မြန်မာဘာသာပြန် မေတ္တာပို့စာစုမှ အပိုဒ်တစ်ပိုဒ် ဖြစ်ပါသည်။ မေတ္တာပို့ဆိုသည်ထက် လောကီထုပ္ပတ် လူတို့ဇာတ်အရှုပ်အထွေးကိုကြည့်ပြီး လွတ်မြောက်အေးချမ်းစေလိုသော ဆန္ဒနှင့် ကရုဏာရှေ့ထားကာ ဆုတောင်းပေးခဲ့သည့် သူတော်စင်တစ်ဦး၏ မှာတမ်းပါပဲ။ သည်ခေတ်အခါမှာတော့ မကြာခဏ ဆုတောင်းရသည့် စကားလည်းဖြစ်ပါသည်။

အင်း ကျွန်တော်ဘာပြောချင်တာပါလိမ့်၊ သိပြီ။ ပထမဦးစွာ ၂၃-၁-၂၀၁၄ နေ့ထုတ် The Daily Eleven သတင်းစာတွင်ပါသော Public Voice အထူးအချပ်ပို စာမျက်နှာ C ၌ “လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ” ဆိုသည့် ဆောင်းပါးမှ စာပိုဒ်ကို ဖော်ပြလိုပါသည်။

“စီးပွားရေးလုပ်ငန်းကြီးတွေ အပြိုင်အဆိုင် ပေါများလာမှုနှင့်အတူ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် စကားအတိုင်း စီးပွားရေး ၀ိသမလောဘသမားတွေ များပြားလာပါသည်။ ငွေရဖို့လောက်ကိုသာ အဓိက ထားလာကြသည်။ စီးပွားရေးအရ အယောင်ဆောင်ပြီး ဟန်ဆောင်နေသူတွေကို ရှောင်နိုင်ဖို့ကလည်း အရေးကြီးလှပါသည်။ အကျင့်သီလ သိက္ခာမရှိသည့် ၀ိသမ စီးပွားရေးသမား၊ လောဘသမားတွေရဲ့ လှည့်စားဉာဏ်၊ အလိမ်ဉာဏ်၊ ပရိယာယ်မာယာဉာဏ်တွေကလည်း များလွန်းလှတော့ သူတို့တစ်တွေရဲ့ မျက်နှာမှာ ကောက်ကျစ်စဉ်းလဲမှုတွေ မပေါ်အောင် ဟန်ဆောင်အပြုံးတွေနှင့် ဖုံးဖိထားကြသော်လည်း
Related Posts Plugin for WordPress, Blogger...

ShareThis