menu

Wednesday 25 September 2013

တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်က ဟောလိဝုဒ်ကို ယှဉ်ပြိုင်ရန် ရည်ရွယ်လျက် ဧရာမ စတူဒီယိုကြီး တည်ဆောက်မည်

K-25-9
ဝမ်ဒါကုမ္ပဏီဥက္ကဋ္ဌ ၀မ်ကျန်လင်ကို ပေကျင်းရှိ ဟိုတယ်တစ်ခု၌ ပြုလုပ်သော အခမ်းအနားတစ်ခု၌ ဇွန် ၁၉ ရက်က တွေ့ရစဉ် (Photo:AP)
တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးသည် ဟောလိဝုဒ်ကို ယှဉ်ပြိုင်ရန်အတွက် တရုတ်နိုင်ငံ၌ ဧရာမ စတူဒီယိုကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိရာ ယင်းသည်တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်းကို အဓိက မြှင့်တင်ပေးသည့်နေရာ ဖြစ်လာလိမ့်မည်ဟု ဆိုသည်။ ကမ္ဘာ့အကျော်ကြားဆုံး အေအဆင့် သရုပ်ဆောင်များ ဖြစ်ကြသော နီကိုးကစ်ဒမင်၊ လီယိုနာဒိုဒီကာပရီယိုနှင့် ကက်သရင်းဇီတာဂျုန်းတို့သည် စတူဒီယို တည်ဆောက်မည့် အစီအစဉ်အတွက် စက်တင်ဘာ ၂၂ ရက်က ကျင်းပပြုလုပ်သည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါ စတူဒီယိုကြီးကို အရှေ့တိုင်း ရုပ်ရှင်မြို့တော်ဟု အဓိပ္ပာယ်ရှိသော Oriental Movie Metropolis ဟုအမည်ပေးထားပြီး တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သည့် ကျင်တောင်တွင် အကျယ်အ၀န်း ၃၇၆ ဟက်တာ၌ တည်ဆောက်မည်ဖြစ်သည်။
ယွမ်ငွေ ၅၀ ဘီလျံ(အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလျံ)ကုန်ကျမည့် ယင်းစတူဒီယို စီမံကိန်းတွင် စတူဒီယိုခွဲပေါင်း ၂၀ ပါဝင်မည်ဖြစ်ပြီး တစ်နှစ်လျှင် နိုင်ငံခြားရုပ်ရှင် ထုတ်လုပ်ရေး ၃၀ အပါအ၀င် ရုပ်ရှင်ကားပေါင်း ၁၀၀ ခန့်ကို လက်ခံရိုက်ကူး နိုင်မည်ဟု ဆိုသည်။

ဝှက်ထားသည့် ငွေ သိန်းနှစ်ဆယ် ပျောက်ဆုံးမှုကြောင့် အိမ်အကူကို စွပ်စွဲ




ဇော်ဇော်ထွေး | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၄၈ မိနစ်

ဆန်ပုံးအတွင်း ဆန်များအောက် ဝှက်ထားသည့် ငွေကျပ်သိန်း(၂၀) ပျောက်ဆုံးမှုအတွက် အိမ်အကူဖြစ်သူအား ခိုးယူသူအဖြစ် စွပ်စွဲပြီး သင်္ဃန်းကျွန်းရဲစခန်း၌ စက်တင်ဘာ ၂၃ တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။
အဆိုပါ အမှုကို ဦးစိုးမောင်(၇၈)နှစ်၊ မြန်မာ့ဆိပ်ကမ်း(ငြိမ်း) အမှတ်၂၀၅၊ ငမိုးရိပ် (၈)လမ်း၊ လိုင်း(၁)၊ ငမိုးရိပ်ရပ်ကွက်နေသူက အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။

၎င်းသည် လွန်ခဲ့သော (၂၀)ရက်မှ စတင်၍ မသန်းသန်းဝင်း (စုံစမ်းဆဲ) အား အိမ်အကူအဖြစ် တစ်လလျှင် လေးသောင်းကျပ်ပေး၍ အိမ်အကူအဖြစ် နေထိုင်စေခဲ့သည်ဟု ဆိုထားသည်။ ထို့ပြင် စက်တင်ဘာ ၁၀ ရက်က မသန်းသန်းဝင်း၏ အခန်းအတွင်း ထားရှိသော ကော်ဆန်ပုံးအတွင်း ဆန်များအောက်၌ ငွေကျပ် သိန်း(၂၀)အား ဝှက်ထားခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် မော်ကျွန်းမြို့နယ်၊ ကျိုက်ပိ ကျေးရွာသို့ အလှူကိစ္စဖြင့်နေအိမ်အား သော့ပိတ်ပြီး မိသားစုလိုက် သွားရောက်ခဲ့သည်ဟုလည်း တရားလိုက ရဲကို တိုင်တန်း ပြောပြထားသည်။

ပါကစ္စတန် တွင်ငလျင်ပြင်းလှုပ် ၂၅၀ကျော်သေ ကျွန်းငယ်တစ်ကျွန်း အသစ်ပေါ်ထွက်လာ

ပါကစ္စတန် အနောက်တောင်ပိုင်းမှာ အင်္ဂါနေ့က ပြင်းအားကြီးတဲ့ ငလျင် လှုပ်ခတ်ခဲ့လို့ သေဆုံးသူ အရေအတွက်ဟာ ၂၅၀ ကျော် သွားပြီး လူအများအပြားလည်း ဒဏ်ရာ ရခဲ့ကြတယ်လို့ သိရပါတယ်။

ဘလူချစ်စတန် ပြည်နယ်တွင်း ဆင်းရဲပြီး ဝေးလံခေါင်သီတဲ့ အဝါရန် ခရိုင်အတွင်းမှာ ငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ရွှံ့အုတ်နဲ့ ဆောက်ထားတဲ့ အိမ်တွေဟာ ပြားပြားဝပ် ပြိုကျကုန်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောင်နဲ့ချီတဲ့ လူတွေဟာ ဟင်းလင်းပြင်မှာပဲ အိပ်နေကြရတယ်လို့ ဆိုပါတယ်။

မန္တလေးတွင် ကွမ်းမစားရ နယ်မြေများ သတ်မှတ်မည်

Photo: မန္တလေးတွင် ကွမ်းမစားရ နယ်မြေများ သတ်မှတ်မည်

မန္တလေး၊ စက်တင်ဘာ ၂၄

စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု များကြောင့် လမ်းများ ညစ်ပတ်ကာ မြို့တော် သာယာလှပမှုကို အကျည်းတန်စေ သည့်အပြင် အလွန်အကျွံ စားပါက ရောဂါရသည်အထိ ဖြစ်စေသော ကွမ်းစားသုံးမှုဓလေ့ များပြားလာလျက်ရှိရာ မန္တလေးမြို့တော်တွင် ကွမ်းမစားရနယ်မြေများ သတ်မှတ်ကာ စည်းကမ်းမဲ့ ကွမ်းစားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်း က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော  ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး၌ ဝန်ကြီးဦးအောင်မောင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

မန္တလေးမြို့တော်တွင် ယင်းကဲ့သို့ ကွမ်းမစားရနယ်မြေများ သတ်မှတ်ပြီး ကွမ်းစားခြင်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး အတွက် အမှိုက်ပုံးများ ထားရှိခြင်းနှင့် FM အသံလွှင့်ဌာနများ၊ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြ၍ အသိပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ထပ်လောင်းပြောကြားသည်။

မည်သည့်နေရာများကို ကွမ်းမစားရဇုန် သတ်မှတ်မည်၊ မည်သည့်အချိန်တွင် စတင် အရေးယူမည်နှင့် မည်သို့အရေးယူမည် စသည့် အသေးစိတ်အချက်အလက် များကို မသိရှိရသေးပေ။

ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါ်တင်တင်မာ (ဒီမိုကရက်တစ်ပါတီ - မြန်မာ)က မြန်မာဓလေ့တစ်ခု ဖြစ်သော ကွမ်းစားခြင်းကို တစ်ဖက်မှ ကာကွယ်ထိန်းသိမ်းခြင်း ပြု၍ တစ်ဖက်မှ ပညာပေး အရေးယူရန် မေးခွန်းမေးမြန်း ခဲ့ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

"ဒီအစီအစဉ် ကောင်းပါတယ်။ ကွမ်းစားသူတွေက စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို ရှောင်ကြဉ်ပြီး မန္တလေးမြို့တော်ကို သန့်ရှင်းလှပအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်သင့်ပါတယ်" ဟု မန္တလေးမြို့ခံ စာရေးဆရာတစ်ဦးက အကြံပြု ပြောကြားသည်။

မန္တလေး၊ စက်တင်ဘာ ၂၄

စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးမှု များကြောင့် လမ်းများ ညစ်ပတ်ကာ မြို့တော် သာယာလှပမှုကို အကျည်းတန်စေ သည့်အပြင် အလွန်အကျွံ စားပါက ရောဂါရသည်အထိ ဖြစ်စေသော ကွမ်းစားသုံးမှုဓလေ့ များပြားလာလျက်ရှိရာ မန္တလေးမြို့တော်တွင် ကွမ်းမစားရနယ်မြေများ သတ်မှတ်ကာ စည်းကမ်းမဲ့ ကွမ်းစားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးအောင်မောင်း က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီး လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး၌ ဝန်ကြီးဦးအောင်မောင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

ချောင်းသာကမ်းခြေ မပျက်စီးရန် စည်းကမ်းတင်းကျပ်မည်

Photo: ချောင်းသာကမ်းခြေ မပျက်စီးရန် စည်းကမ်းတင်းကျပ်မည်

ပုသိမ်၊ စက်တင်ဘာ ၂၄

လာရောက်အပန်းဖြေသူ အများဆုံး ကမ်းခြေများတွင် တစ်ခုအပါအဝင် ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် ကမ်းခြေတစ်လျှောက် ပျက်စီးမှု လျော့နည်းစေရန် စည်းကမ်းထိန်းသိမ်းရေး တိုးမြှင့်မည် ဖြစ်ကြောင်း ရွှေသောင်ယံ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက The Voice သို့ ပြောကြားသည်။

ကမ်းခြေတွင် ဈေးဆိုင်တည်ခင်း ရောင်းချခြင်း၊ ကမ်းခြေနှင့် ပင်လယ်အတွင်းသို့ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ မြင်းစီးခြင်း၊ ဆိုင်ကယ်စီးခြင်းတို့ကို ချောင်းသာကမ်းခြေ သန့်ရှင်းသာယာရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ငယ်များဖွဲ့ကာ ဒေသန္တရ ဥပဒေများဖြင့် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

"ဒီနှစ်တော့ ချောင်းသာကမ်းခြေမှာ လမ်းလျှောက်ဈေးသည် တွေကိုပဲ ခွင့်ပြုပေးမှာပါ" ဟု ချောင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။

ကမ်းခြေတွင် မြင်းစီးခြင်း၊ ဆိုင်ကယ် စီးခြင်းကို တစ်ကြိမ် တွေ့ရှိပါက မြင်းပိုင်ရှင်ထံမှ ဒဏ်ငွေကျပ် ၅၀၀၀ နှင့် ဆိုင်ကယ်ပိုင်ရှင် ထံမှ ဒဏ်ငွေကျပ် တစ်သောင်း ဒဏ်ရိုက်မည် ဖြစ်ကြောင်း ၄င်းကပြော ဆိုသည်။

"လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး အတွက် ရဲတပ်ဖွဲ့ဝင်တွေ သာမက ဟိုတယ်လုံခြုံရေး ဝန်ထမ်းတွေရဲ့ အင်အား တွေကိုပါ ရယူဆောင်ရွက်မှာပါ။ ဟိုတယ်လုံခြုံရေး ဝန်ထမ်း တွေကိုလည်း သင်တန်းတွေ ပေးမှာပါ" ဟု လုံခြုံရေးကော်မတီဝင် ဒုရဲအုပ်နိုင်ထွန်းက ပြောကြားသည်။

ချောင်းသာကမ်းခြေသည် လာရောက် လည်ပတ်သူများပြားခြင်း၊  အပန်းဖြေသူ များက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊ ကမ်းခြေအလျား တိုခြင်း တို့ကြောင့် ကမ်းခြေရှိ သဲများမှာ လှပမှု နည်းလာကြောင်း၊ ချောင်းသာကမ်းခြေ တစ်လျှောက် ဈေးရောင်းသူများ အပါအဝင် ကမ်းခြေကို အမှီပြု စီးပွားရေး လုပ်ကိုင်နေသူ အများစုတွင် ယခင်က ယင်းကမ်းခြေနေရာတွင် နေထိုင်ခဲ့သော ဒေသခံများ ပါဝင်ကြောင်း၊ ဒေသခံများ၏ ဘဝ ရပ်တည်ရေးကို ထည့်သွင်း စဉ်းစားသော စည်းကမ်းများ ကိုသာ  ဆောင်ရွက်သင့်ကြောင်း  ချောင်းသာသို့ အလည်သွားဖူးသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ပုသိမ်၊ စက်တင်ဘာ ၂၄

လာရောက်အပန်းဖြေသူ အများဆုံး ကမ်းခြေများတွင် တစ်ခုအပါအဝင် ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေတွင် ကမ်းခြေတစ်လျှောက် ပျက်စီးမှု လျော့နည်းစေရန် စည်းကမ်းထိန်းသိမ်းရေး တိုးမြှင့်မည် ဖြစ်ကြောင်း ရွှေသောင်ယံ မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦးက The Voice သို့ ပြောကြားသည်။

ကမ်းခြေတွင် ဈေးဆိုင်တည်ခင်း ရောင်းချခြင်း၊ ကမ်းခြေနှင့် ပင်လယ်အတွင်းသို့ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ မြင်းစီးခြင်း၊ ဆိုင်ကယ်စီးခြင်းတို့ကို ချောင်းသာကမ်းခြေ သန့်ရှင်းသာယာရေး နှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အဖွဲ့ငယ်များဖွဲ့ကာ ဒေသန္တရ ဥပဒေများဖြင့် အရေးယူမည် ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

"ဒီနှစ်တော့ ချောင်းသာကမ်းခြေမှာ လမ်းလျှောက်ဈေးသည် တွေကိုပဲ ခွင့်ပြုပေးမှာပါ" ဟု ချောင်းသာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောကြားသည်။

မွတ်ဆလင်ညီနောင်များအဖွဲ့ လှုပ်ရှားမှုများကို အီဂျစ်တရားရုံး တရားဝင်ပိတ်ပင်

Photo: မွတ်ဆလင်ညီနောင်များအဖွဲ့  လှုပ်ရှားမှုများကို အီဂျစ်တရားရုံး တရားဝင်ပိတ်ပင်

ကိုင်ရို၊ စက်တင်ဘာ ၂၃

အီဂျစ် မွတ်ဆလင်ညီနောင်များအဖွဲ့၏ လှုပ်ရှားမှုများ၊ ၄င်းနှင့် ပတ်သက်နေသည့် အစိုးရမဟုတ်သော အဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးကို ကိုင်ရိုတရားရုံးက တရားဝင် ပိတ်ပင်တားမြစ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မွတ်ဆလင်ညီနောင်များ အဖွဲ့၏ လှုပ်ရှားမှုများ သာမက၊ အဖွဲ့ပိုင် ပိုင်ဆိုင်မှု များကို သိမ်းယူရန် အယူခံဝင်မှုများ ကြားနာမပြီးခင် အချိန်ထိ ကိုယ်စားလှယ် အဖွဲ့ ထားရှိပြီး သိမ်းယူထားသော ရန်ပုံငွေ များကို စောင့်ကြပ်ထိန်းချုပ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အီဂျစ်အာဏာပိုင် များက မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင် သမ္မတမော်စီကို ဇူလိုင်လ ၃ ရက်နေ့တွင် ရာထူးမှဖြုတ်ချ ခဲ့ပြီး ယင်းအချိန်မှစ၍ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်များ၊ ထောက်ခံအားပေးသူ များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

မွတ်ဆလင်ညီနောင်များ အဖွဲ့ကို ၁၉၂၈ ခုနှစ်တွင် အီဂျစ်နိုင်ငံ၌ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် အီဂျစ်စစ်အာဏာရှင်များက မွတ်ဆလင် ညီနောင်များအဖွဲ့၏ လှုပ်ရှားမှုများကို ပိတ်ပင်ခဲ့သည်။

သို့သော်လည်း မွတ်ဆလင်ညီနောင် များအဖွဲ့က အစိုးရမဟုတ်သော အဖွဲ့အစည်း အဖြစ် မတ်လအတွင်း ပြန်လည် မှတ်ပုံတင်ခဲ့ပြီး၊ လွတ်လပ်ရေးနှင့် တရားမျှတမှု ပါတီဟု အမည်ပေးထားသော ပါတီတစ်ရပ်ကိုလည်း အဖွဲ့၏ နိုင်ငံရေးရာ လက်ရုံးတပ်ဖွဲ့အဖြစ် ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

သမ္မတမော်စီ ရာထူးမှဖြုတ်ချခံခဲ့ ရပြီး အစ္စလာမ္မစ် အယူအဆများနှင့်အညီ ရေးဆွဲထားသော ၂၀၁၂ ခုနှစ် အခြေခံ ဥပဒေ ကျင့်သုံးမှုကို ဆိုင်းငံ့ထားပြီးနောက် မွတ်ဆလင်ညီနောင်များ အဖွဲ့၏ ဥပဒေ ရေးရာအရ တရားဝင် တည်ရှိပိုင်ခွင့်ကို ကိုင်ရိုတရားရုံးနှင့်  လူမှုရေးရာ သွေးစည်း ညီညွတ်ရေး ဝန်ကြီးဌာနတို့က ပြန်လည် ဆန်းစစ်ခဲ့ကြသည်။

ကိုင်ရိုတရားရုံး၏ အမိန့်ချမှတ်မှု အရ အစိုးရ မဟုတ်သောအဖွဲ့အစည်း ဖြစ်သည့် မွတ်ဆလင်ညီနောင်များ အဖွဲ့၊ ၄င်းနှင့် ပတ်သက်နေသော အဖွဲ့အစည်းများ၊ ဘဏ္ဍာရေး အထောက်အပံ့ ရရှိနေသော အဖွဲ့အစည်းများ ပိတ်ပင်ခံရမည် ဖြစ်သည်။

မွတ်ဆလင်ညီနောင်များ အဖွဲ့၏ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သော လွတ်လပ်ရေး နှင့် တရားမျှတရေး ပါတီမှာ ပိတ်ပင်တားမြစ် ခြင်းမခံရသော်လည်း ဘာသာရေးနှင့် ပတ်သက်သော နိုင်ငံရေးပါတီများ မရှိစေရ ဟု  ၂၀၁၂ အခြေခံဥပဒေ ပြင်ဆင်ချက်တွင် ဖော်ပြထားခြင်းကြောင့် နောက်ပိုင်းကာလ များတွင် တရားစွဲဆိုမှုများ ကြုံတွေ့ရမည် ဖြစ်သည်။ 

တရားစီရင်ရခြင်း၏ အကြောင်းရင်းခံ များကို ကိုင်ရို တရားရုံးက ထုတ်ဖော် ကြေညာခြင်း မရှိသော်လည်း အီဂျစ် လက်ဝဲပါတီတစ်ခု ဖြစ်သော အမျိုးသားတိုးတက်ရေး ပြည်ထောင်စုပါတီက မွတ်ဆလင်ညီနောင်များ အဖွဲ့ကို အကြမ်းဖက်အဖွဲ့၊ ဘာသာရေးနှင့် နိုင်ငံရေး ရောစပ် သည့်အဖွဲ့ဟု စွပ်စွဲပြီး တရားစွဲထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကိုင်ရိုတရားရုံး၏ အမိန့်ချမှတ်မှုမှာ အလုံးစုံချုပ်ကိုင်ရေး ဝါဒီအာဏာရှင်များ၏ ဆုံးဖြတ်ချက် ဖြစ်ကြောင်း မွတ်ဆလင်ညီနောင်များ အဖွဲ့မှာ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ အီဘရာဟင်မိုနာက မှတ်ချက်ပြုသည်။

ကိုင်ရို၊ စက်တင်ဘာ ၂၃

အီဂျစ် မွတ်ဆလင်ညီနောင်များအဖွဲ့၏ လှုပ်ရှားမှုများ၊ ၄င်းနှင့် ပတ်သက်နေသည့် အစိုးရမဟုတ်သော အဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးကို ကိုင်ရိုတရားရုံးက တရားဝင် ပိတ်ပင်တားမြစ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မွတ်ဆလင်ညီနောင်များ အဖွဲ့၏ လှုပ်ရှားမှုများ သာမက၊ အဖွဲ့ပိုင် ပိုင်ဆိုင်မှု များကို သိမ်းယူရန် အယူခံဝင်မှုများ ကြားနာမပြီးခင် အချိန်ထိ ကိုယ်စားလှယ် အဖွဲ့ ထားရှိပြီး သိမ်းယူထားသော ရန်ပုံငွေ များကို စောင့်ကြပ်ထိန်းချုပ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အီဂျစ်အာဏာပိုင် များက မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင် သမ္မတမော်စီကို ဇူလိုင်လ ၃ ရက်နေ့တွင် ရာထူးမှဖြုတ်ချ ခဲ့ပြီး ယင်းအချိန်မှစ၍ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်များ၊ ထောက်ခံအားပေးသူ များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ကွေးကောက်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း Samsung မိတ်ဆက်မည်

ကွေးကောက်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း Samsung မိတ်ဆက်မည်

လာမယ့် အောက်တိုဘာလအတွင်း ကွေးကောက်နိုင်တဲ့ ဖန်သားမျက်နှာပြင် အသုံးပြုထားသော စမတ်ဖုန်း တစ်မျိုးကို Samsung တို့ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ။် 

Samsung Galaxy Note 3 ကတော့ထွက်သွားပါပြီ။ Galaxy Gear နာရီကို  မျက်နှာပြင် အပျော့နဲ့မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ ၁.၆၃ လက်မ OLED နဲ့ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါပြမှာ ကတော့ စမတ်ဖုန်းပါ။ အကယ်၍သာ Samsung Galaxy စီးရီးထဲကိုပဲ ပါလာအုံးမယ်ဆိုရင်Note 3 နဲ့ S4 ရောင်းအားအပေါ် ဘယ်လို ထိခိုက်နိုင်မလဲ ဆိုတာ မသိနိုင်သေးပါဘူး။ ဒါကြောင့်လဲ မျက်နှာပြင်ကလွဲလို့ ကျန်တဲ့ စက်ပစ္စည်း အသေးစိတ် Specification တွေကို Samsung တို့ ကြိုတင်ကြေညာမှု မပြုလုပ်ရသေးခြင်းပါ။ 

ပြီးခဲ့တဲ့ ၂၀၁၂ CES မှာလည်း မျက်နှာပြင် အပျော့ LED ဖန်သားပြင်တွေကို ပြသခဲ့ပြီးပါပြီ။ ဒီတစ်ခါ တော့ စမတ်ဖုန်း အနေနဲ့ မြင်တွေ့ရတော့မှာပါ။ အောက်တိုဘာမှ ပြမယ်ဆိုတော့ အနီးစပ်ဆုံးအားဖြင့် ၂၀၁၄ ခုနှစ် နှစ်လယ် လောက်မှာဈေးကွက် ရောက်နိုင်ချေ ရှိတဲ့ဖုန်းလို့ ဆိုပါတယ်။ ဖုန်းမှာတင်မက နောက်ထွက်မယ့် Samsung Galaxy Gear Smartwatch တွေကိုပါ ကွေးကောက်နိုင်သော မျက်နှာပြင်နဲ့ ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/09/samsung.html

.

လာမယ့် အောက်တိုဘာလအတွင်း ကွေးကောက်နိုင်တဲ့ ဖန်သားမျက်နှာပြင် အသုံးပြုထားသော စမတ်ဖုန်း တစ်မျိုးကို Samsung တို့ မိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ။်

Samsung Galaxy Note 3 ကတော့ထွက်သွားပါပြီ။ Galaxy Gear နာရီကို မျက်နှာပြင် အပျော့နဲ့မြင်ရမယ်လို့ ထင်ခဲ့ပေမယ့် မဟုတ်ပါဘူး။ ၁.၆၃ လက်မ OLED နဲ့ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါပြမှာ ကတော့ စမတ်ဖုန်းပါ။ အကယ်၍သာ Samsung Galaxy စီးရီးထဲကိုပဲ ပါလာအုံးမယ်ဆိုရင်Note 3 နဲ့ S4 ရောင်းအားအပေါ် ဘယ်လို ထိခိုက်နိုင်မလဲ ဆိုတာ မသိနိုင်သေးပါဘူး။ ဒါကြောင့်လဲ မျက်နှာပြင်ကလွဲလို့ ကျန်တဲ့ စက်ပစ္စည်း အသေးစိတ် Specification တွေကို Samsung တို့ ကြိုတင်ကြေညာမှု မပြုလုပ်ရသေးခြင်းပါ။

ကျောင်းထဲဝင်ပြီး သံဃာတော်အား ရိုက်နှက်မှုဖြစ်


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် တောင်ဘို့ကျေးရွာတွင် ယမန်နေ့ 24.9.13 မနက် ၁၁ နာရီ ခွဲခန့်က ကျောင်းဝင်းထဲသို့ ရွာသားအချို့ ဒုတ် ဒါးလက်နက်များဖြင့် ဆရာတော် ဦးဝိစိတ္တ နှင့် အခန်းနေ သံဃာတို့အား ကြိမ်းမောင်းခြင်း ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြသည် ဆရာတော် ဦးဝိစိတ္တ ရင်ဘတ်တွင် ပေါက်ပြဲဒဏ်ရာ၊ ဦးဇင်းနိုင်တိုး ရှေ့သွားနှစ်ချောင်းကျိုး နှင့် ကိုရင် ကြည်ဆွေ နားရွက် စုပ်ပြဲဒဏ်ရာ တို့ ရရှိသွားသဖြင့် ယခုအခါ မြိုင်မြို့နယ်ဆေးရုံ၌ ဆေးကုသခံနေရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာ ရဲစခန်းများကို အကြောင်းကြားသဖြင့် လာရောက်ထိန်းသိမ်းပြီးဖြစ်သော်လည်း မည်သူလုပ်သည်ဟု မဖော်ထုတ်သေးဘဲ ဖော်ထုတ်မည့် အခြေအနေလဲ မရှိကြောင်း ကျောင်းထဲသို့ လက်နက်ကိုင်၍ ဝင်ရောက် လုပ်ကြံသူများမှာ လူအင်အား (၁၀)ယောက်ထက်မနည်းရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆွေမျိုး နီးစပ်သူများဖြစ်သည့်ပြင် အုပ်ချုပ်ရေးမှူကိုယ်တိုင် အားပေးအားမြှောက် ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။

ဤကစားနည်းတွင် အနာဂတ်နှင့် ချောက်ကမ်းပါးလက်တစ်လုံးသာ ခြားသည်


စားပွဲခုံကို ဒေါသတကြီး ထုရိုက် လိုက်သော ”ဒုန်း၊ ဒုန်း” ဟူသည့် အသံ နောက်တွင် မအေနှမစုံသော ဆိုဆဲသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ အစီအရီ ရှိနေသော ဂိမ်းစက် တို့ထံမှအာရုံရောက် နေကြသော သူများက အသံလာရာသို့ ခေတ္တလှမ်းမျှော်ကြည့်ပြီး ပြန်လှည့်သွား ကြသည်။ ကိုယ့်ဇောနှင့်ကိုယ်မို့ ကျော် စိုး (အမည်လွှဲ)ကို မည်သူမျှ ဂရုမထား နိုင်ကြ။ လက်ထဲက လေးငါးစေ့ခန့်မျှသာ ရှိတော့သော အကြွေစေ့များကို ပွတ်ချေ နေရင်း ကျော်စိုးတစ်ယောက် စိတ်အိုက် နေဟန်က အရွယ်နှင့်ပင်မမျှ။
”ကျူရှင်ဖိုးတော့ ပါသွားပြီ။ ဒီလ တော့ အိမ်က အဆင်မပြေလို့ ကျူရှင် မတက်တော့ဘူးဆိုပြီး ဆရာ့ကို ပြောရ တော့မှာပဲ”ဟူသော စကားသံတွင် စိတ် ဖိစီးမှုကို အထင်း သားမြင်တွေ့နေရသည်။ မနှစ်က ဆယ်တန်းကျရှုံးခဲ့သည့် နှစ်ကျ (Repeater) ကျောင်းသား ကျော်စိုးတစ် ယောက် သုံးနာရီခွဲခန့်မျှသော အချိန်အ တွင်းနိုင် တစ်လှည့် ရှုံးတစ်လှည့်ဖြင့် ကျူ ရှင်ဖိုး ၅၈ဝဝဝ ပြောင်သွားခဲ့လေပြီ။ ရန်ကုန်မြို့ အချက်အချာတစ်နေ ရာရှိ အပန်းဖြေစင်တာ (Amusement Centre) ဟူသော ဆိုင်းဘုတ်အောက် က အခန်းကျယ်ထဲသို့ လွန်ခဲ့သည့် ၃ လလောက်က သူငယ်ချင်းတစ်သိုက်နှင့် အတူ ပထမဆုံးအကြိမ် ရောက်ခဲ့သည် ဟု အသက် ၁၈ နှစ် အရွယ် ကျော်စိုး က ပြောပြ သည်။ စူးစမ်းလိုစိတ် အပြည့်နှင့် ရောက်လာကြသော သူတို့ကို ဂိမ်းစက် တွေက အစပိုင်းတွင် ကျေနပ်မှု ရစေခဲ့ပြီး လေးငါး ရက်ခြား တစ်ေ ခါက် ရောက် လာစေခဲ့သည်။

အစိုးရနှင့် ပြည်သူ ထိပ်တိုက် ပြဿနာတွေ့လျှင် ထိခိုက်မှု မရှိအောင်ဖြေရှင်းရေးအဆို ရှုံးနိမ့်

ရန်ကုန်၊ စက်တင်ဘာ ၂၃
အစိုးရနှင့်ပြည်သူ ထိပ်တိုက်ပြဿနာများ ရင်ဆိုင်ရသည့်အခါ အာဏာပိုင်အဖွဲ့အစည်းက အင်အားသုံး၍ ပြည်သူများ ထိခိုက်နစ်နာမှုမရှိ အောင် ဖြေရှင်းရန် အဆိုကို ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်သို့တင်သွင်းခဲ့ရာရှုံးနိမ့်သွားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ် ရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သက် ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက လူထု လူတန်းစားများနှင့်ထိတွေ့ ဖြေရှင်းရာတွင် ပြည်သူ များနစ်နာမှု မရှိစေရေး ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်ဦးကျော်က တင် သွင်းခဲ့ခြင်းဖြစ်ပြီး မဲခွဲဆုံးဖြတ်မှုတွင်ရှုံးနိမ့်ခဲ့ ခြင်း ဖြစ်သည်။
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ပြဿ နာ၊မရမ်းကုန်းမြို့နယ် မင်းဓမ္မ ပန်းကွင်းပြဿနာ နှင့် လယ်မြေသိမ်းပြဿနာများတွင် အုပ်ချုပ်သူ နှင့် ပြည်သူများထိပ် တိုက်တွေ့၍ အင်အားသုံး ဖြေရှင်းခဲ့သဖြင့် နစ်နာမှုများဖြစ်ပေါ်ခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းစိန်က ပြောသည်။
”ပြဿနာကို ဖြေရှင်းတဲ့အခါမှာ အင်အား သုံးပြီး ဖြေရှင်းတဲ့နည်းကို ပြည်သူတွေက ရွံမုန်း နေပြီ”ဟု ၄င်းက ဆက်ပြောသည်။

ဒါဖတ်ပြီးမှ လွှတ်တော်ကို သွားပါ.....(ရေးသားသူ- ရဲမိုး)

Photo: ဒါဖတ်ပြီးမှ လွှတ်တော်ကို သွားပါ
--------------
ရေးသားသူ- ရဲမိုး

သင်နေထိုင်ရာ အရပ်ဒေသကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို နောက်ဆုံးတွေ့ခွင့်ရခဲ့သည့်နေ့ကို မှတ်မိ ပါသလား။ ဒါမှမဟုတ် သင့်စိုးရိမ်ပူပန်မှုတစ်ခုကို ပြောပြဖို့ သိလိုသည့်မေးခွန်းတစ်ခုကိုမေးဖို့ သင့်ကိုယ်စားလှယ်၏ လိပ်စာ၊ တယ် လီဖုန်းနံပါတ်နှင့် အီးမေးလ်တို့ သင့်မှာရှိပါသလား။ ဒါမှမဟုတ် လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးမှုများနှင့် ဥပဒေကြမ်း များအကြောင်း တစ်စုံတစ်ယောက်က သင့်ကို တခုတ်တရလာရောက်ရှင်းပြဖူးပါသလား။
	
မေးခွန်းသုံးခုလုံးအတွက် အဖြေက “ဟင့်အင်း”ဆိုလျှင်တော့ ၀န်ဆောင်မှုကောင်းမွန်စွာ မရရှိသော တတိယတန်းစားနိုင်ငံသား
အဖြစ်ကို သင်ရောက်ရှိနေတာ သေချာပြီ။ သတိထားပါ။ သင်မသိလိုက်မီမှာ သင့်အခွင့် အရေးများကို ချိုးဖောက်ခံရဖို့ နီးစပ်နေ
သည်။
	 
ဒီမိုကရေစီ နည်းလမ်းအရ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ခြင်းသည် မိမိသဘောကျ လေးစားသော နိုင်ငံရေးသမားများကို ထောက်ခံအင်အားပြရုံသက်သက်၊ မိမိမကြိုက်သည့်ပါတီကို ဆန့်ကျင်ရုံသက်သက်မဟုတ်ပါ။ ကိုယ့်ကိုကိုယ်စားပြုသူတစ်ဦးဦးကို လူ့အဖွဲ့အစည်းအပေါ် ဆုံးဖြတ်ချက်ပြုရာနေရာမှာ ပို့ထား ခြင်းဖြင့် မိမိဘ၀နှင့် ဆနများလုံ ခြုံစေရန် ရည်ရွယ်သည့် ဒီမိုက ရေစီ၏အခြေခံလုပ်ထုံးဖြစ်သည်။

ပြည်သူက ရွေးချယ်တင် မြှောက်သည့် ကိုယ်စားလှယ်များက ရွေးကောက်ပွဲပြီးသည့်အခါ တူတူပုန်းတမ်းကစားကြခြင်းသည် ဒီမိုကရေစီရင့်ကျက်သည့် နိုင်ငံကြီးများမှာပင် ဖြစ်လေ့ရှိသည့် နိုင်ငံရေးရောဂါတစ်ခုဖြစ်သည်။ နိုင်ငံတကာအလေ့အထများအရ လွှတ်တော်(ပါလီမန်) ကိုယ်စားလှယ်များက သူတို့ကိုယ်စားပြုသည့် မဲဆနနယ်မြေများနှင့် ပြည်သူများကို မကြာခဏထိတွေ့ ဆက်ဆံကြဖို့အတွက် ကိုယ်စားလှယ်များကိုယ်တိုင်က တာဝန်ရှိသလို နိုင်ငံရေးပါတီများနှင့် ပါလီမန်များမှာလည်း တာဝန်ရှိသည်။
	
ကမ္ဘာတစ်ဝန်း ပါလီမန်များက ပါလီမန်အမတ်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို နိုင်ငံသားများသိအောင် ပညာပေးအစီအစဉ်များ ပြုလုပ်ကြရသည်။ အင်တာနက်၊ ပုံနှိပ်နှင့် မီဒီယာအမျိုးမျိုးကတစ်ဆင့် “သင့်ပါလီမန်အ မတ်ကို ဘယ်သူလဲ သင်သိပါ သလား”။ “သူ၊ သူမကို ဘယ်လို ဆက်သွယ်ရမလဲဆိုတာ သင်သိရဲ့လား”၊ “သူ့ကို သင်ဘယ်လိုလူချင်းတွေ့နိုင်တယ်ဆိုတာ သိရဲ့လား” စ
သည့် ရိုးရှင်းပြီး အရေးပါလှသည့် မေးခွန်းများနှင့် အဖြေများကို ပေးရင်း ပြည်သူများက သူတို့သက်ဆိုင်ရာကိုယ်စားလှယ်များ
ကို ထိတွေ့ဆက်သွယ်နိုင်ဖို့ ပါလီမန်များက ပညာပေးကြသည်။
	
နိုင်ငံရေးပါတီများကလည်း ကိုယ့်ပါတီဝင်ကိုယ်စားလှယ်များက ပြည်သူ့အပေါ် တာဝန်ကျေသူများဖြစ်ဖို့ ထိန်းကျောင်းရန် တာ ၀န်ရှိသည်။ မိမိကိုယ်စားပြုသည့် နယ်မြေနှင့် ပြည်သူများကို ထိတွေ့ဖို့တွန့်ဆုတ်သည့်ကိုယ်စားလှယ်သည် အနာဂတ်တွေအတွက် အလားအလာကောင်းသည့် နိုင်ငံရေးသမားတစ်ယောက်မဖြစ်နိုင်ပါ။
	
နိုင်ငံတကာ ပါလီမန်များသမဂ္ဂ(InterParliamentary Union)  က ကမ္ဘာတစ်ဝန်းပါလီမန် များ၏ အရည်အသွေးကို အကဲ ဖြတ်ဖို့အတွက် လမ်းညွှန်စာအုပ်ကို ၂၀၀၈ ခုနှစ်က ထုတ်ဝေခဲ့သည်။ “ပါလီမန်ကို အကဲဖြတ်ခြင်း”  (Evaluating Parliament)   ဆိုသည့် စာအုပ်မှာ ပါလီမန်တစ်ခုကို အကဲဖြတ်ဖို့အတွက် အခြေခံတန်ဖိုး ငါးခုကိုချမှတ်ထားသည်။ (၁) ကိုယ်စားပြုမှု(Representativeness) ၊ (၂) ပွင့်လင်းမြင်သာမှု  (Transparency) ၊ (၃)ပြည်သူများလက်လှမ်းမီနိုင်မှု (Accessibility)၊ 
(၄)တာဝန်ယူနိုင်မှု(Accountability)နှင့် (၅) ထိရောက်မှု(Effectiveness) တို့ဖြစ်သည်။
	
အချက်ငါးချက်တွင် ကိုယ်စားပြုမှု (Representativeness) သည် အရေးကြီးဆုံး အချက်တစ်ချက်ဖြစ်သည်။ ပါလီမန်သည် လူ့ အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုနိုင်ရန်အတွက် အမတ်တစ်ဦးချင်းစီက သက်ဆိုင်ရာမဲဆန္ဒနယ်နှင့် ပြည်သူများကို ကိုယ်စား ပြုနိုင်ဖို့လိုအပ်သည်။ ပြည်သူ့အသံများကို နားထောင်ခြင်းနှင့် ပြည်သူများကို ပြန်လည်ရှင်းလင်းတင်ပြခြင်းမပြုလုပ်ဘဲ ပါလီမန် ထဲတွင် မိမိဆန္ဒတစ်ခုတည်းဖြင့် ဆွေးနွေးဆန္ဒမဲပေးခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်ပါ။
	
ကမ္ဘာတစ်ဝန်း ပါလီမန်များက အမတ်များ၏ တာဝန်ကိုရှင်းလင်းထားကြသည့်အနက် သြစတြေးလျပါလီမန်၏ ရှင်းလင်းချက်က ပို၍နားလည်လွယ်သည်။ အမတ်တစ်ဦးမှာ အကြမ်းဖျင်းအားဖြင့် တာဝန်သုံးရပ်ရှိသည်။ (၁) သက်ဆိုင်ရာနယ်မြေနှင့် ပြည်သူတို့၏ ကိုယ်စားပြုမှုတာဝန်၊ (၂) ပါလီမန်အဖွဲ့ဝင် အမတ်တစ်ဦး၏တာဝန်၊ (၃) (တစ်သီးပုဂ္ဂလ မဟုတ်လျှင်) သက်ဆိုင်ရာနိုင်ငံရေးပါတီ၏ တာဝန်တို့ဖြစ်သည်။
	
မရင့်ကျက်သည့်နိုင်ငံများမှာတော့ အမတ်များက အမှတ်(၂) နှင့် (၃)တို့ကိုသာ တာဝန်ကျေကြသည်။ အမှတ်(၁)တာဝန်ကိုတော့ မကြာခဏပျက်ကွက်လေ့ရှိကြသည်။ အမှတ်(၁)တာဝန်ကို ထမ်းဆောင်သည့်နေရာမှာ Constituency Service ဟုခေါ်သည့် မဲဆနနယ်မြေကို ၀န်ဆောင်မှုပေးခြင်းသည် အရေးအကြီးဆုံး တာဝန်တစ်ခုဖြစ်သည်။ ၀န်ဆောင်မှုများမှာ ပြည်သူများ၏ ဆန္ဒ
နှင့် ထင်မြင်ချက်များကို မေးမြန်းနားထောင်ခြင်း၊ လိုအပ်လျှင် အခက်အခဲများကို ရင်ဆိုင်နေရသည့် မိသားစု (သို့မဟုတ်) အစု
အဖွဲ့လေးများကို အကြံပေးခြင်းနှင့် ကူညီဖြေရှင်းပေးခြင်း၊ ပါလီမန်ထဲတွင် ဆွေးနွေးငြင်းခုံမှုများကို ပြည်သူများထံ ပြန်လည် ရှင်း
လင်းတင်ပြခြင်းနှင့် မီဒီယာနှင့် ပုံမှန်တွေ့ဆုံမှုများလည်း ပါဝင်သည်။

 ပါလီမန် အစည်းအဝေးကျင်းပသည့်အချိန်မှအပ မိမိနယ်မြေအတွင်းမှာ ခရီးများများထွက်ပြီး ပြည်သူတစ်ဦးချင်းစီကို တွေ့ နိုင်ဖို့အတွက် အချိန်များများသုံးသင့်ကြောင်း နိုင်ငံတကာပါလီမန်များက ညွှန်ကြားကြသည်။ မိမိမဲဆန္ဒနယ်မြေများရှိ ပြည်သူများ၏ စီးပွားရေး၊ ကလေးငယ်များ၏ ပညာရေးအရည်အသွေး၊ ၅ နှစ်အောက် ကလေးငယ်များ၏ သေဆုံးမှုနှုန်းထား၊ သဘာဝပတ်ဝန်း ကျင်ယိုယွင်းမှုနှင့် ဒုစရိုက်မှုနှုန်း၊ အလုပ်လက်မဲ့နှုန်းနှင့် ကျန်းမာရေးဝန်ဆောင်မှုအခြေအနေ၊ သယ်ယူပို့ဆောင်ရေးအရည်အသွေးနှင့် အားကစားအရည်အသွေးတို့အထိ လေ့လာစူးစမ်းကြဖို့ တာဝန်ရှိသည်။
	
ထိုတာဝန်များကို ပြုလုပ်ဖို့ အမတ်များက ကျောင်းသားလေးများနှင့် စကားပြောဆိုဖို့ လိုအပ်သလို အိမ်ထောင်ရှင်မများနှင့်လည်း စကားလက်ဆုံကျရပါမည်။ ဘွဲ့ရအလုပ်လက်မဲ့လူငယ်များ၏ ရင်ဖွင့်သံကို နားထောင်နိုင်သလို ဆေးရုံက လူနာများ၏ ဆေးကုသမှုစရိတ်ဆိုင်ရာ စကားများကိုလည်း စိတ်ရှည်လက်ရှည်နားထောင်ဖို့လိုအပ်သည်။ အသေးစားလုပ်ငန်းရှင်များနှင့်အတူ စီးပွားရေးအလားအလာနှင့် ခြိမ်းခြောက်မှုများအကြောင်းကို ဆွေးနွေးဖို့လိုအပ်သလို ၀န်ထမ်းများ၏ ဘ၀ကိုလည်း လေ့လာဖို့ တာဝန်ရှိသည်။ အချုပ်ပြောရလျှင် ပြည်သူ့ကိုယ်စားလှယ်တစ်ယောက်အတွက် ပြည်သူကို လေးလေးနက်နက် ထိတွေ့ဖို့ထက် ပို အရေးကြီးသည့် တာဝန်မရှိပါ။ ဘလော့ဂ်များ၊ လူမှုမီဒီယာများနှင့် စာပို့စနစ်များ အသုံးပြုပြီး ပြည်သူများ မိမိကို တိုက်ရိုက်ထိ တွေ့ဆက်ဆံနိုင်ဖို့အတွက် လမ်းကြောင်းများ ဖွင့်ပေးသင့်ပါသည်။ တာဝန်ကျေပြီး အပတ်တကုတ် ကြိုးပမ်းသည့် ကိုယ်စားလှယ်များ အကြောင်းကို ကြားနေရသည့်အတွက် အားတက်မိသေးသည်။
	
ပြည်သူများကလည်း မိမိတို့ ကိုယ်စားလှယ်များ ဘာလုပ်နေသည်၊ ဘာစာအုပ်တွေ ဖတ်နေသည်၊ သို့မဟုတ် ဘာမှလည်း မလုပ်၊ ဘာစာမှလည်း မဖတ်ဘဲ နေနေသည်ကို စစ်ဆေးဖို့ တာဝန်ရှိသည်။ သူတို့ဘာတွေလုပ်နေသည်၊ ဘာစာအုပ်တွေဖတ် နေသည်ဆို
ခြင်းက ကျွန်တော်တို့ အနာဂတ် အပေါ်တိုက်ရိုက်အချိုးကျပါသည်။
	
တူတူပုန်းတမ်းကစားတာများပြီး ကိုယ်စားလှယ်များက ပြည်သူကို ကိုယ်စားမပြုနိုင်လျှင်တော့ ကမ္ဘာကျော် စစ်တုရင်ချန်ပီယံ ဂယ်ရီကပ်စပါးရော့ဗ်က ရုရှားလွှတ်တော်ကို ဝေဖန်သလို ဖြစ်လိမ့်မည်။ 

“တကယ့်နိုင်ငံရေးက လွှတ်တော်ထဲမှာ မရှိဘူး။ လမ်းပေါ်နဲ့ မီဒီယာထဲမှာပဲရှိတယ်”
	
ကိုယ်စားလှယ်ကြီးများမကျင့်ကြံသင့်သည်ကတော့ ကြယ်တံခွန်လိုဖြစ်ပါသည်။ ကြယ်တံခွန်များသည် တစ်ခဏတောက်ပသည်။ သို့သော် နှစ်များစွာကြာမှ တစ်ခါပြန်ပေါ်လာတတ်ပါသည်။ ကျွန်တော်တို့ ပြည်သူများ၏ ဘ၀မှာထိုမျှလောက် အောင့်အည်း
သည်းခံစောင့်စားဖို့ အချိန်မရှိလှပါ။
	
၂၀၁၅ မတိုင်မီ တစ်ကြိမ်ပြန်လည်ဆုံတွေ့ဖို့သင်ကတိပြုနိုင်ပါသလား။	။


သင်နေထိုင်ရာ အရပ်ဒေသကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို နောက်ဆုံးတွေ့ခွင့်ရခဲ့သည့်နေ့ကို မှတ်မိ ပါသလား။ ဒါမှမဟုတ် သင့်စိုးရိမ်ပူပန်မှုတစ်ခုကို ပြောပြဖို့ သိလိုသည့်မေးခွန်းတစ်ခုကိုမေးဖို့ သင့်ကိုယ်စားလှယ်၏ လိပ်စာ၊ တယ် လီဖုန်းနံပါတ်နှင့် အီးမေးလ်တို့ သင့်မှာရှိပါသလား။ ဒါမှမဟုတ် လွှတ်တော်အတွင်း အချေအတင် ဆွေးနွေးမှုများနှင့် ဥပဒေကြမ်း များအကြောင်း တစ်စုံတစ်ယောက်က သင့်ကို တခုတ်တရလာရောက်ရှင်းပြဖူးပါသလား။

မေးခွန်းသုံးခုလုံးအတွက် အဖြေက “ဟင့်အင်း”ဆိုလျှင်တော့ ၀န်ဆောင်မှုကောင်းမွန်စွာ မရရှိသော တတိယတန်းစားနိုင်ငံသား
အဖြစ်ကို သင်ရောက်ရှိနေတာ သေချာပြီ။ သတိထားပါ။ သင်မသိလိုက်မီမှာ သင့်အခွင့် အရေးများကို ချိုးဖောက်ခံရဖို့ နီးစပ်နေ
သည်။

ညသံစဉ်ကြားမှ ဘ၀ခါးခါး (ရေးသားသူ- ဥက္ကာကိုကို)

Photo: ညသံစဉ်ကြားမှ ဘ၀ခါးခါး
---------
ရေးသားသူ- ဥက္ကာကိုကို

“စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ . . .  အလစ်ကိုချောင်း တစ်ဖက်သားတစ်ချက်အငိုက်ကို အပြစ်အနာမဲ့ မောင့်အရိုင်းပန်း . . .သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း. . . အနီရောင်စွန်းထင်းကာလ အလှမပြည့်ခင် မြေမှာခရရှာပြီ...”

ရောင်စုံမီးလုံးများ ခပ်မှိန်မှိန်ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှ စိုင်းထီးဆိုင်၏ တေးသီချင်းတစ်ပုဒ်ကို အာလေးလျှာလေးအော်ဆိုသံက အခန်းအပြင်သို့ တိုင်ပျံ့လွင့်လာသည်။

အဆိုပါအခန်းလေးထဲတွင်တော့ အရက်ဘီယာသောက်စားထားသည့် အမျိုးသားအချို့ရှိသည်။ စားပွဲပေါ်တွင် ပြန့်ကျဲနေသော ဘီယာပုလင်းများနှင့် စားသောက်ဖွယ်ရာအချို့ရှိသည်။ စီးကရက်ပြာများနှင့် မီးခိုးငွေ့များရှိသည်။ ဂငယ်သဏ္ဍာန်ခင်းကျင်းထားသည့် ဆိုဖာဆက်တီခုံများရှိသည်။ သီချင်းဖွင့်ထားသည့် တီဗီတစ်လုံးနှင့် ဆောင်းဘောက်စ်နှစ်လုံးရှိသည်။

မိုက်ကိုင်၍သီချင်းဆိုနေသည့် အမျိုးသားတို့အနီးတွင် ရေမွှေးနှင့် ပေါင်ဒါနံ့ထုံသင်းနေသည့် မိတ်ကပ်အဖွေးသားဖြင့် စကတ်တိုတိုကောင်မလေးအချို့ရှိသည်။ အမျိုးသားတစ်ဦးက သူ့နံဘေးမှ ကောင်မလေးကို သူသီဆိုလိုသည့်တေးကို စက်အတွင်းထည့်ခိုင်းနေသည်။ ကောင်မလေးတစ်ဦးက ကုန်သွားသည့် ဘီယာခွက်များကို လိုက်ဖြည့်ပေးလျက်ရှိသည်။

သီချင်းဆိုရန် အလှည့်မကျသေးသည့် အမျိုးသားတစ်ဦးက သူ့ဘေးမှထိုင်နေသည့် အသက် ၂၅ နှစ်ခန့်အရွယ် ကောင်မလေးတစ်ဦးကို ပခုံးဖက်ရင်း တို့ထိကျီစယ်လျက်။

မြို့တော်ကြီးများတွင် ပေါများလာသည့် ကေတီဗီ(ခေါ်) ကာရာအိုကေခန်းတို့နှင့်အတူ အသက် ၂၀ ၀န်းကျင်မှ ၂၇ နှစ်အရွယ်ထိ အမျိုးသမီးငယ်များက တေးသံများနှင့် ပျော်မွေ့သည့်အလုပ်ဆီသို့ ၀င်ရောက်လာကြပါသည်။ ယခင်က ကြိုးကြားကြိုးကြားသာ ပိုင်ရာဆိုင်ရာနားလည်မှုဖြင့် ဖွင့်လှစ်ခွင့်ရရှိသည့် ကာရာအိုကေဆိုင်များသည် ယခုအခါမှာတော့ ထင်ထင်ပေါ်ပေါ် ဖွင့်လှစ်လာကြပြီဖြစ်သည်။

သီချင်းဆိုဝါသနာပါသူ (သို့မဟုတ်) မူးယစ်လာပါက အလိုလိုသီချင်းဆိုချင်လာသူ (သို့မဟုတ်) စိတ်ခံစားချက်များကို ပေါက်ကွဲအော်ဟစ်ပစ်လိုသူ အမျိုးသားတို့အတွက် သန်းခေါင်ကျော်အထိ ဖွင့်လှစ်ကြသည့် ကေတီဗီများက ဗိမာန်တစ်ခုဖြစ်နေသည်။ အဆိုပါကေတီဗီများတွင် သီချင်းထည့်ပေးရန်၊ ဘီယာငှဲ့ပေးရန်အလို့ငှာ အမျိုးသမီးငယ်များကို ခန့်ထားလေ့ရှိကြသည်။

အမျိုးသမီးအများစုသည် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကဲ့သို့သော နယ်ဒေသများမှ လာရောက်လုပ်ကိုင်ကြခြင်းဖြစ်ပြီး များသောအားဖြင့် အထည်ချုပ်စက်ရုံ ၀န်ထမ်းဘ၀မှ နယ်ပယ်ကူးပြောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

“အစက လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်တယ်။ ဒီမှာ အရင်လုပ်နေတဲ့ သူငယ်ချင်းရဲ့အစ်မကတစ်ဆင့် ရောက်လာတာ”ဟု အလယ်အလတ်တန်းစား ကေတီဗီတစ်ခုမှ အမျိုးသမီးတစ်ဦးကပြောသည်။

ကေတီဗီတွင် အလုပ်လုပ်ကိုင်နေကြသည့် အမျိုးသမီးတို့မှာ အဓိအားဖြင့်တော့ ထုံးစံအတိုင်း စားဝတ်နေရေးကြောင့်ပင်ဖြစ်သည်။ မူလရရှိသည့် ငွေကြေးထက် အနည်းဆုံးငါးဆ သာလွန်အောင်ရရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။

ကေတီဗီဝန်ထမ်းမယ်တစ်ဦးလျှင် အခြေခံလစာအဖြစ် တစ်လလျှင် နှစ်သောင်းဝန်းကျင်ခန့်သာ ရရှိသော်လည်း နေစရာအဆောင်ပေးပြီး ထမင်းကျွေးသည့်အပြင် ဆက်ရှင်ကြေးပါရရှိကြသည်။ အဓိက၀င်ငွေမှာ ဧည့်သည်များထံမှ စေတနာသဒ္ဓါသရွေ့ ပေးကမ်းသည့်မုန်ဖိုးပင်ဖြစ်သည်။

တစ်ညလျှင် ကာရာအိုကေခန်း သုံး၊ လေးခန်း ကူးသန်း၍ အမျိုးသားဧည့်သည်တော်ကြီးများကို အဖော်လုပ်ပေးခြင်းက တစ်ခန်းလျှင် မုန့်ဖိုးငါးထောင်မှ တစ်သောင်းကျပ်အထိ ရရှိကြသည့်အတွက် တစ်လ၀င်ငွေမှာ အထည်ချုပ်အလုပ်နှင့်ယှဉ်လျှင် မက်လောက်စရာဖြစ်သည်။ အမျိုးသားတစ်ဦးအနီးတွင် ၀င်ထိုင်လိုက်လျှင် ကေတီဗီစားပွဲထိုးတစ်ဦးက အအေးတစ်ဘူးလာချပေးမည်ဖြစ်ပြီး အဆိုပါအအေးဘူးကိုမသောက်သုံးဘဲ ကောင်တာကိုပြန်အပ်ပါက အအေးဖိုးငွေကိုပါ ထပ်မံရရှိသည်ဟုသိရသည်။

ရရှိသည့်ငွေကြေးများကို စုဆောင်းကာ နယ်တွင်ကျန်ရစ်သည့် မိသားစုထံသို့ပြန်ပို့ကြသည်ဟု ကေတီဗီမယ်အမျိုးသမီးငယ်တို့က ပြောကြသည်။

“တစ်လကို နှစ်သိန်းလောက်တော့ ပြန်ပို့နိုင်တယ်။ ရသမျှထဲက ချွေတာပြီးသုံးတယ်”ဟု ကေတီဗီမယ်တစ်ဦးဖြစ်သည့် မဖွေးဖွေး (အမည်လွှဲ)ကဆိုသည်။ မဖွေးဖွေးက အလယ်အလတ်တန်းစား ကေတီဗီတစ်ခုတွင် အလုပ်ဝင်နေသည် မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ နယ်မှ နွမ်းပါးသည့်မိသားစုတွင် ညီမဖြစ်သူက အထက်တန်းတက်ရောက်နေပြီဖြစ်သည့်အတွက် ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရန် ၎င်းတွင်တာဝန်ရှိသည်ဟုဆိုသည်။

မဖွေးဖွေးကဲ့သို့ပင် အတူတူအလုပ်လုပ်နေကြသည့် ကေတီဗီအများစုမှာ ပညာရေးကို ပြီးဆုံးအောင်မသင်ကြားခဲ့ကြရပေ။ သို့သော်လည်း ငွေရပေါက်လွယ်သည့်လုပ်ငန်းမို့ ကေတီဗီမယ်ဆယ်ဦးလျှင် ရှစ်ဦးက ယခုဘ၀ကို ကြိတ်မှိတ်လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

“တချို့ရွေးစရာလမ်းမရှိတဲ့သူ။ တချို့က တခြားအလုပ်ထက် ၀င်ငွေပိုကောင်းလို့လုပ်တဲ့သူ။ တချို့ကျတော့ စီးပွားရေးဆန်ဆန် လုပ်နေတဲ့သူတောင်ရှိတယ်။ အပြင်မှာ တခြားစီးပွားရေးလုပ်ငန်းနဲ့ဘာနဲ့။ ဒါပေမဲ့ ဒီအလုပ်ကိုလည်း ဆက်လုပ်တာပဲ။ အဲဒီလို ကောင်မလေးတွေကျတော့ အထာကြီးတွေနဲ့”ဟု နေပြည်တော်မှ အစိုးရအရာရှိတစ်ဦးက ရှင်းပြသည်။		
“ကျွန်တော့် အစ်မ၀မ်းကွဲတစ်ယောက် မြ၀တီမှာ ကေတီဗီမှာလုပ်နေတယ်။ သူ့ကလေးကြောင့်ပါပဲ။ ယောက်ျားကပစ်သွားတယ်လေ။ အစ်မက အသက် ၂၀ ကျော်ပဲရှိသေးတယ်။ ဆယ်တန်းလည်းမအောင်ဘူး။ မြန်မြန်နဲ့ များများရတဲ့အလုပ်ကိုရှာတာ။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ကလေးကိုကျောင်းထားတယ်။ သူ့အစ်မနဲ့ အမေကို ပြန်ထောက်ပံ့တယ်။ သူအလုပ်ကနေထွက်ချင်ပြီလို့ ခဏခဏပြောတယ်”ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၁ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသားငယ်တစ်ဦးကပြောပြသည်။

မဖွေးဖွေးတို့လို ကေတီဗီမယ်များသည် ညနေ ၆ နာရီမှ ညသန်းခေါင်ကျော် ၂ နာရီခန့်အထိ အလုပ်ဆင်းရလေ့ရှိသည်။ တစ်လလျှင် နှစ်ရက်နားခွင့်ရသည်။ ကေတီဗီသို့ လာရောက်သီဆိုကြသည့် အမျိုးသားအများစုမှာ မူးယစ်သောက်စားထားသည့်အတွက် တထောင်းထောင်းထနေသည့် အရက်နံ့နှင့်ယဉ်ပါးအောင် နေထိုင်ကြရသည်။ ၎င်းတို့ကိုယ်ခန္ဓာကို ပွတ်သပ်ထိတွေ့မှုအချို့အတွက် သည်းခံကြရသည်။ အမူးလွန်နေသည့်ဧည့်သည်များက ရစ်သည့်ဒဏ်ကိုလည်းခံကြရသည်။

ကေတီဗီဆိုင်များမှာလည်း အထက်တန်းစားနှင့် အလယ်အလတ်တန်းစားများ အသီးသီးရှိကြသည့်အတွက် အထက်တန်းစားဆိုင်များသို့ ပြောင်းရွှေ့နိုင်ရန် အခွင့်ကောင်းစောင့်ကြရသည်။ အထက်တန်းစားကေတီဗီများမှာ အစားအသောက်နှင့်အခကြေး ဈေးကြီးသည့်အပြင် ကေတီဗီမယ်သို့ပေးရသည့် မုန့်ဖိုးပမာဏလည်း များပြားသွားသည့်အတွက် ၀င်ငွေပိုမိုရရှိကြသည်။

“အောက်တန်းကေတီဗီတွေက မယ်တွေက ဘ၀ပေးအခြေအနေအရဖြစ်ပြီးတော့ အထက်တန်းကေတီဗီကမယ်တွေက အလွယ်ကြိုက်တွေလို့မြင်တယ်။ သွားတဲ့သူ သုံးတဲ့ပိုက်ဆံနဲ့အနေအထား။ အခန်းအပြင်အဆင်တွေကအစ ကွာတယ်”ဟု အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးက ၎င်း၏အမြင်ကိုပြောပြသည်။

အထက်တန်းစားကေတီဗီများသို့ လာရောက်ကြသည့် ဧည့်သည်များမှာလည်း ငွေကြေးတတ်နိုင်သည့် လူတန်းစားတစ်ရပ်ဖြစ်ပြီး ငွေကိုရေလိုသုံးဖြုန်းခဲ့ကြလေ့ရှိသည်။ ဧည့်သည်အမျိုးသားက ၎င်းနံဘေးတွင် အဖော်လာပြုပေးသည့် ကေတီဗီမယ်ကို ကြိုက်နှစ်သက်ပါက ဖုန်းနံပါတ်ပေးထားခြင်းမှအစပြုကာ အားလပ်ရက်တွင် လျှောက်လည်ခြင်းမျိုးလည်း ပြုလုပ်တတ်ကြသည်။ ထိုဝန်ဆောင်မှုမျိုးမှ ရရှိသည့်ဝင်ငွေက တစ်လ၀င်ငွေထက် ပိုများသွားလေ့ရှိသည်ဟု ကေတီဗီသွားရောက်လေ့ရှိသူများကဆိုကြသည်။

ရွှေဂုံတိုင်မှ Family (ပွင့်သစ်စမ်း)နှင့် ရွှေတိဂုံတောင်ဘက်မုခ်မှ M3 ၊ Music Box ကဲ့သို့သော ကေတီဗီများကတော့  မိန်းကလေးဝန်ဆောင်မှုမပေးဘဲ အရက်ဘီယာသောက်စားရင် သူငယ်ချင်းများနှင့်သီဆိုခြင်း၊ မိသားစုအလိုက် လာရောက်သီဆိုခြင်း စသည့်တို့အတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြ၀တီနှင့် မဲဆောက်မြို့များတွင်လည်း ကေတီဗီများစွာရှိပြီး မြန်မာအမျိုးသမီးများ လာရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ကွာတာက ဘတ်ငွေနဲ့ ကျပ်နဲ့ပေးရတာချင်းကွာပြီး တူညီတာကတော့ ၀န်ဆောင်မှုပေးနေတာ မြန်မာအမျိုးသမီးချည်းဖြစ်နေတာပဲ။ တချို့ဆို သမီးဆီမှာ ငွေလာတောင်းတဲ့အချိန် သမီးရယ် ဆက်လုပ်ပါဦးလို့ သမီးကို တောင်းပန်နေတာမျိုးလည်း ကြုံခဲ့ရဖူးတယ်”ဟု မဲဆောက်မြို့တွင် နေထိုင်သည့် ကိုဆမ်ကပြောသည်။

ရန်ကုန်မြို့တွင် ကေတီဗီကာရာအိုကေဆိုင် အများဆုံးရှိသည့် နေရာများမှာ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ အလုံ၊ ဗဟန်းမြို့နယ်တို့ဖြစ်ကြသည်။ အဆိုပါကေတီဗီများတွင် ညစဉ်နှင့်အမျှ
သီဆိုသူအမျိုးသားထုဖြင့် ပြည့်နှက်လျက်ရှိပြီး ကေတီဗီမယ်တို့မှာလည်း ညစဉ်နှင့်အမျှ မအားလပ်အောင် ၀န်ဆောင်မှုပေးနေကြဆဲဖြစ်သည်။ 

အစိုးရမင်းတို့ရုံးစိုက်ရာ နေပြည်တော်တွင်လည်း တော်ဝင်နန်းဟူသည့် အကြီးဆုံးကေတီဗီမှသည် ဘောဂသီရိကားဝင်းမှ ကေတီဗီများအထိရှိကြပြီး ငွေဖြုန်းတီးကြမည့် အမျိုးသားဧည့်သည်တော်ကြီးများကို စောင့်မျှော်လျက်ရှိကြသည်။

“အစားအသောက်ဈေးကြီးတယ်။ ကောင်မလေးတွေက ၀တ်ကျေတမ်းကျေတွေများတယ်။ တခြားအခန်းနဲ့ ဆက်ရှင်ခွဝင်တာများတယ်။ သီချင်းအပ်ဒိတ်လုပ်တာနည်းတယ်။ ဆက်ရှင်ပြီးခါနီးရင် ကောင်မလေးတွေက အချိုးပြောင်းတယ်။ ငွေကုန်တယ်။ အသံပြာတယ်။ အိပ်ရေးပျက်တယ်”ဟု နေပြည်တော်အစိုးရ၀န်ထမ်းတစ်ဦးက ကေတီဗီကို မကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းကို ပြောပြသည်။

ကေတီဗီမယ်များသည် တကယ့်ဘ၀အခက်အခဲကြောင့် ပိုက်ဆံအလွယ်ရသည့် လမ်းကြောင်းကို ၀င်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြပြီး ရည်မှန်းထားသည့် ငွေကြေးစုဆောင်းမိလျှင် မိဘနေရပ်ပြန်၍ ကောင်းရောင်း၊ ကောင်းဝယ်လုပ်စားကြခြင်းမျိုးလည်း ရှိကြပါသည်။

“တချို့က နောက်ကြောင်းမပြန်တော့ဘူး။ ယောက်ျားတွေဟာ သူတို့သားကောင်လို့ကိုထင်လာပြီး အဲဒီအလုပ်မှာပဲ ပျော်နေတော့တာ။ အသက်သုံးဆယ်ကျော်လောက်ဆို အူတူတူရိုးသားတဲ့ငွေကြေးအသင့်အတင့်ရှိတဲ့ သူတစ်ယောက်ကို အပိုင်ချည်ပြီး အိမ်ထောင်ပြုပြီး ဘ၀လမ်းကြောင်းကို ပြောင်းပစ်လိုက်ကြတာလည်းရှိတယ်။ ၀မ်းရေးကြောင့် ၀င်လုပ်ရတဲ့သူတွေထဲက တစ်ရာမှာဆယ်ယောက်လောက်ကတော့ မူလရည်မှန်းချက်အတိုင်း ဒီဘ၀ကလွတ်မြောက်အောင် ရုန်းထွက်နိုင်တာတွေ့ရတယ်”ဟု ကေတီဗီများသို့ ပုံမှန်သွားရောက်လေ့ရှိပြီး ကေတီဗီမယ်တစ်ဦးနှင့် သမီးရည်းစားသဖွယ်ဖြစ်ခဲ့ဖူးသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကရှင်းပြသည်။

မိမိပညာအရည်အချင်းနှင့် တစ်လလျှင် လစာသိန်းချီရနိုင်သည့် အလုပ်မျိုးမရှိသည့်အတွက် အလုပ်ထွက်လိုသော်လည်း ဒီလောကထဲမှာပင် တ၀ဲလည်လည်ဖြစ်နေရသည်ဟု မဖွေးဖွေးက
ပြောပါသည်။ ခုနစ်တန်းအောင်ခဲ့သည့် မဖွေးဖွေးမှာ ရည်မှန်းချက်တစ်ခုရှိပါသည်။ အဲဒါက ဒီဘ၀ထဲကရုန်းထွက်ပြီး သူနာပြုအကူအဖြစ် အသက်မွေးလိုခြင်းပဲဖြစ်သည်။

“သူနာပြုအကူသင်တန်းတက်ပြီး ရိုးရိုးသားသားလုပ်စားချင်တယ်။ အဲဒီအလုပ်က ငွေသိပ်မရဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ . . .”ဟုပြောရင်း မဖွေးဖွေး တီဗီဖန်သားပြင်မှ သီချင်းစာသားများကို ငေးမောနေသည်။

“သန်းခေါင်ယံည လမိုက်ခိုက်အောင် မမှီနိုင်ဘူးထင် . .စိတ်ဆင်ရိုင်းလောကသားရဲ့အမှောင်. ..မေတ္တာတရားခေါင်းပါးလွန်းနေ . . .ကရုဏာမဲ့သွေးသားအလိုအတွက် .. . ပင်ကိုအားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ်စတေးရရှာတယ် . . . သေတမန်ပြောင်းဝကို အရိုင်းပန်းငယ် . . .မလွန်ဆန်နိုင် ဆက်သရုံပဲ”

ရောင်စုံမီးလုံးများ ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှာ သီချင်းသံနှင့်အတူ ဆေးလိပ်ငွေ့များ၊ အရက်နံ့များလှိုင်ထနေသည်။ အသက် ၂၃ နှစ်အရွယ် မဖွေးဖွေးတစ်ယောက် ဘီယာပုလင်းကိုကိုင်ကာ ဧည့်သည်ရှေ့မှကုန်သွားသည့် ဘီယာခွက်ထဲသို့ ငှဲ့ထည့်ပေးလိုက်သည်။ ယခုတော့ ၎င်းမျက်နှာတွင် အပြုံးတစ်ပွင့်ကို တပ်ဆင်ထားပြီးဖြစ်သည်။

ဝင်ငွေကွာဟမှုအခြေအနေများကြောင့် ကြိုးစားရုန်းကန်ရမှုဘ၀တစ်ခု၏ သက်ပြင်းတစ်ချက်သည် မွန်းကျပ်သည့် အခန်းငယ်လေးထဲမှာ သီချင်းသံနှင့်အတူ အပြင်ဘက်သို့လွင့်ပါသွားလေသည်။	။

“စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ . . . အလစ်ကိုချောင်း တစ်ဖက်သားတစ်ချက်အငိုက်ကို အပြစ်အနာမဲ့ မောင့်အရိုင်းပန်း . . .သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း. . . အနီရောင်စွန်းထင်းကာလ အလှမပြည့်ခင် မြေမှာခရရှာပြီ...”

ရောင်စုံမီးလုံးများ ခပ်မှိန်မှိန်ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှ စိုင်းထီးဆိုင်၏ တေးသီချင်းတစ်ပုဒ်ကို အာလေးလျှာလေးအော်ဆိုသံက အခန်းအပြင်သို့ တိုင်ပျံ့လွင့်လာသည်။
အဆိုပါအခန်းလေးထဲတွင်တော့ အရက်ဘီယာသောက်စားထားသည့် အမျိုးသားအချို့ရှိသည်။ စားပွဲပေါ်တွင် ပြန့်ကျဲနေသော ဘီယာပုလင်းများနှင့် စားသောက်ဖွယ်ရာအချို့ရှိသည်။ စီးကရက်ပြာများနှင့် မီးခိုးငွေ့များရှိသည်။ ဂငယ်သဏ္ဍာန်ခင်းကျင်းထားသည့် ဆိုဖာဆက်တီခုံများရှိသည်။ သီချင်းဖွင့်ထားသည့် တီဗီတစ်လုံးနှင့် ဆောင်းဘောက်စ်နှစ်လုံးရှိသည်။
မိုက်ကိုင်၍သီချင်းဆိုနေသည့် အမျိုးသားတို့အနီးတွင် ရေမွှေးနှင့် ပေါင်ဒါနံ့ထုံသင်းနေသည့် မိတ်ကပ်အဖွေးသားဖြင့် စကတ်တိုတိုကောင်မလေးအချို့ရှိသည်။ အမျိုးသားတစ်ဦးက သူ့နံဘေးမှ ကောင်မလေးကို သူသီဆိုလိုသည့်တေးကို စက်အတွင်းထည့်ခိုင်းနေသည်။ ကောင်မလေးတစ်ဦးက ကုန်သွားသည့် ဘီယာခွက်များကို လိုက်ဖြည့်ပေးလျက်ရှိသည်။

ရည်းစားဟောင်းကို အဓမ္မပြုကျင့်၍ မဖွယ်မရာ ဓာတ်ပုံရိုက် အွန်လိုင်းတင်သူကို ဖမ်းဆီး

နေပြည်တော်၊ စက်တင်ဘာ ၂၄

အမျိုးသားတစ်ဦးက လွန်ခဲ့သော ၃ နှစ်ခန့်မှ ချစ်သူ ရည်းစားဖြစ်ခဲ့သူ ချစ်သူမိန်းကလေးဟောင်းကို မိမိ၏ နေအိမ်သို့ အတင်းအဓမ္မ ဆွဲယူခေါ်ဆောင်ပြီး အလိုမတူပါဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အ၀တ်အစားများကို ချွတ်၍ လက်ပြန်ကြိုးတုတ်ကာ ဖုန်းကင်မရာဖြင့် ဓာတ်ပုံများရိုက်ပြီး မိန်းကလေး၏ ညီမဖြစ်သူထံ အွန်လိုင်းမှ ပို့ပေးခဲ့ရာမှ မိခင်ဖြစ်သူမှ သိရှိသွား၍ စစ်ဆေးမေးမြန်းရာမှ အဖြစ်မှန်ကို သိရှိခဲ့ပြီး ပျဉ်းမနားမြို့မ ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သောအမှုမှ တရားခံကို ဖမ်းမိထားရှိပြီး ဖြစ်ပါကြောင်းကို စက်တင်ဘာ ၂၄ ရက်တွင် အဆိုပါ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မ—- (၂၆)နှစ်၊ ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်တွင် နေထိုင်သူသည် ပျဉ်းမနား ဆင်ရတနာမီးပွိုင့်အနီး ရှိနေစဉ် လွန်ခဲ့သော ၃ နှစ်ခန့်က ချစ်သူသမီးရည်စား ဖြစ်ခဲ့ဖူးသူ ပြည်ဖြိုးအောင် (၂၇)နှစ်၊ (ဘ) ဦးကျော်မြင့်၊ ရန်အောင် (၁) ရပ်ကွက်၊ ပျဉ်းမနားမြို့နေသူ ရောက်ရှိလာပြီး မ—– ကို ဆဲဆိုကြိမ်းဝါးပြီး ၎င်း၏ နေအိမ်သို့ ခေါ်ဆောင်သွားကာ အိပ်ယာခုတင်ပေါ် တွန်းလှဲခဲ့ကာ မ—- ၏ အ၀တ်အစားများကို အကုန်ချွတ်၍ သားမယားအဖြစ် တစ်ကြိမ် ပြုကျင့်ကြောင်း၊

မိန်းမ ကြောက်လို့ အိုဘားမား ဆေးလိပ်ဖြတ်တာ

 ယနေ့ ကမ္ဘာ့စူပါ ပါဝါနိုင်ငံကြီးတခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတ မစ္စတာ ဘားရက် အိုဘားမားဟာ မိန်းမ ကြောက်လို့ ဆေးလိပ်ဖြတ်ခဲ့တာပါတဲ့။ 



မိန်းမ ကြောက်လို့ အိုဘားမား ဆေးလိပ်ဖြတ်လိုက်တဲ့အကြောင်း အမေရိကန် CNN သတင်းဌာနက သတင်းတခုမှာ လွန်ခဲ့တဲ့ တနင်္လာ နေ့ က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အိုဘားမား ကိုယ်တိုင် ပြောလိုက်တာကို ဖော်ပြပါတယ်။ 

 "That' is because I'm scared of my wife." ဆိုပြီး အိုဘားမားက မိုက်ကရိုဖုန်း ဖွင့်ထားတာကို သတိမမူမိပဲ ညီလာခံတက် ရောက်လာသူ တယောက်ရဲ့ ဆေးလိပ်ဖြတ်ထားတယ်ထင်တယ်လို့ အမေး စကားကို သူက လွန်ခဲ့တဲ့ ၆ နှစ်လောက်က တည်းက ဆေးလိပ်ဖြတ်လိုက်ကြောင်း၊ ဒါဟာ ကျနော်က မိန်းမကို ကြောက်လို့ပါ လို့ ဟာသနှောပြောလိုက်တဲ့အခါ အဲဒီ အသံက CNN မှာ သတင်းတပုဒ် ဖြစ် သွားပါရော။ 

အရက်ကြောင်ကြောင်နေသည့် ဖခင်က တစ်မိသားစုလုံးကို ဓားဖြင့်ထိုးသတ် နှစ်နှစ်အရွယ် သမီးငယ် ပွဲချင်းပြီးသေဆုံး


ကသာ ၊ စက်တင်ဘာ ၂၄။ ။ စစ် ကိုင်းတိုင်းဒေသကြီး ကသာမြို့ နယ် ကလုံအုပ်စု အတွင်းရှိ အင်းရွာလေးကျေးရွာတွင် စက်တင် ဘာ ၂၄ရက်က လူသတ်မှုတစ်မှု ဖြစ်သွားခဲ့ရာ ထိုဖြစ်စဉ်အပေါ် ကြားရသူတိုင်းမှ ရင်ထုမနာဖြစ် နေကြရ ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ စက်တင်ဘာ ၂၃ရက် ည ရနာရီတွင် အသက် ၃၄နှစ်ရှိ မြင့်သန်းသည် အရက်မူး ၍ ဇနီးဖြစ်သူ မအေးကြည် ၁၉ နှစ်အား လူမှုရေးဖောက်ပြန်သည် ဟုစွပ်စွဲကာ ရန်ဖြစ်ခဲ့ကြသည်။ ထိုရန်ဖြစ်မှု ကိုအခြေခံ၍ ဇနီးဖြစ် သူ မအေးကြည်အားအရိုးအသွား ၁၈လက်မရှိဓားဖြင့် ထိုးသွင်းခဲ့ရာ မအေးကြည်၏ဘယ်ဘက်လက် ချောင်းများပြတ်ရှကုန်ပြီး ဝဲဘက် နံရိုးအောက်သို့လည်း ဓားစိုက် ဝင်သွားခဲ့သည်။ ထို့နောက် သမီးဖြစ် သူ မနှင်း ပွင့်ဖြူ အသက် ငါးနှစ် နှင့် မလှိုင် လှိုင်ထွန်း အသက်နှစ်နှစ်တို့အား ကြိုးဖြင့် တုပ်နှောင်ထားခဲ့သည်။

သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သည့် ဟုန်ရှင်းစက်ရုံ အလုပ်သမားများ လျော်ကြေးငွေ ရပြီ


ဖိုးစိုးသူ | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၀၅ မိနစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဟုန်ရှင်းအအေးခန်းစက်ရုံ ပိတ်သိမ်းမှုကြောင့် သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သော အလုပ်သမားများကို စက်တင်ဘာလ၂၄ရက်တွင် လျော်ကြေး လစာများပေးခဲ့ကြောင်း ယင်းစက်ရုံ အလုပ်သမားများက ပြောသည်။

လျော်ကြေးငွေများ ပေးရာတွင် လုပ်သက် သုံးနှစ်အထက်ဆိုပါက ငါးလစာ၊ နှစ်နှစ်နှင့် သုံးနှစ်ကြားဆိုပါက သုံးလစာနှင့် ခြောက်လအထက်ဆိုပါက နှစ်လစာပေးသည်ဟုအလုပ်သမားများကဆိုသည်။

ဆန္ဒပြအလုပ်သမားတစ်ဦးဖြစ်သူ မသန်းသန်းနွယ်က "လျော်ကြေးက ဥပဒေထဲမှာပါတဲ့အတိုင်း ပေးတာပါ။ လစာကွာခြားချက်တွေရှိတော့ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြဘူး။ ပြေလည်ပါတယ်" ဟု ဆိုသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မဖမ်းနိုင်သည့် အမှုများတွင် ခိုးမှုအများဆုံးဖြစ်ဟု တိုင်းဝန်ကြီးပြော


မင်းမင်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၀ မိနစ်

ရန်ကုန်တိုင်းအတွင်းဖြစ်ပွားသည့် အမှုခြောက်မျိုးအနက် ရဲများ မဖမ်းဆီးနိုင်သည့် အမှုမှာ ခိုးမှုအများဆုံးဖြစ်သည်ဟု တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက စက်တင်ဘာ ၂၄ ရက်က ပြုလုပ် သည့် ရန်ကုန်တိုင်းလွှတ်တော်တွင်ပြောဆိုလိုက်သည်။

ရန်ကုန်တိုင်းအတွင်းဖြစ်ခဲ့သည့် ခိုးမှု အပါအဝင် လူသတ်မှု၊ ဖောက်ထွင်းမှု၊ လုယက်မှု၊ လူကုန်းကူးမှုနှင့် မူးယစ်ဆေးဝါးမှုများတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးမမိသေးသောအမှုပေါင်းမည်မျှရှိသည်ကို သိလိုသည်ဟု ကမာရွတ်မြို့နယ်မှ တိုင်းလွှတ်တော်အမတ်ဦးမြငွေ၏ မေးခွန်းထုတ်မှုကို ဗိုလ်မှူးကြီးတင်ဝင်းက ဖြေခဲ့ခြင်းဖြစ်သည်။

"ပြည်သူတွေအနေနဲ့လည်း ငါတို့တိုင်းဟာ ဒီလောက်လူသတ်မှုတွေရှိတယ်။ ဒီလောက်တော့ ဖော်ထုတ်တယ်။ ဒီလောက် ခိုးမှုတွေဖြစ်တယ်။ ဒီလောက်တော့လည်း မိပြီဆိုတာကို ပွင့်လင်းမြင်သာ ထင်သာသိရှိရန် အတွက် ပြည်သူ့ဆန္ဒအရမေးမြန်းရခြင်း ဖြစ်ပါတယ်" ဟုဆိုကာ ဦးမြငွေက လွှတ်တော်တွင် မေးခွန်း ထုတ်ခဲ့သည်။

ဂျင်မီကာတာ ခေါင်းဆောင်သော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ မြန်မာသို့ ရောက်ရှိ

Photo: ဂျင်မီကာတာ  ခေါင်းဆောင်သော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ မြန်မာသို့ ရောက်ရှိ 

အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဂျင်မီကာတာ အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်ဟောင်းများ ပါဝင်သော The Elders အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ သုံးရက်တာ ခရီးစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ရောက်ရှိလာကြောင်း The Elders အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဖွဲ့ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာ အပါအဝင် The Elders အဖွဲ့ဝင်များဖြစ်သည့် ဖင်လန်သမ္မတဟောင်း မာတီအာတီဆာရီ၊ နော်ဝေ ဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် တို့ ရောက်ရှိနေပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် စသည့် မြန်မာ ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံရန်ရှိကြောင်း ပြည်တွင်းခရီးစဉ် စီစဉ်သည့် အဖွဲ့ထံမှ သိရသည်။ 

ယင်းအပြင် ရန်ကုန်နှင့် နေပြည်တော်တွင် အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသမီးရေးရာဆိုင်ရာ အသင်းအဖွဲ့များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း The Elders ၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန် ထားသည်။
သို့သော် တွေ့ဆုံမည့်ရက်နှင့် အကြောင်းအရာ အသေးစိတ်တို့ကို မသိရသေးပေ။ 

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို ပံ့ပိုးကူညီရန်၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများအကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကို တိုက်တွန်းအားပေးရန်၊ မြန်မာလူမှု အသိုင်းအဝိုင်း အတွင်း အချင်းချင်း ပြေလည်အောင် ကြိုးစားညှိနှိုင်းရန် မြန်မာနိုင်ငံသို့ လာရောက်ခြင်း ဖြစ်ကြောင်း The Elders က သတင်းထုတ်ပြန်ထားသည်။ 

The Elders (ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့) ကို ၂၀၀၇ ခုနှစ်တွင် တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်လ်ဆင်မင်ဒဲလားက စတင်စုစည်းခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် လူ့အခွင့်အရေး တို့အတွက် လုပ်ဆောင်လျက်ရှိသည်။ 

လက်ရှိအဖွဲ့ကို မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ အယ်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘက်ခ်ဒါ၊ ဘရာဇီးသမ္မတဟောင်း ဖာနန်ဒို၊ အိုင်ယာလန် သမ္မတဟောင်း မာရီရော်ဘတ်ဆင်၊ မက္ကဆီကို သမ္မတဟောင်း အာနက်စတိုတို့ အပါအဝင် သြဇာကြီးမားသည့် ခေါင်းဆောင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။ 

ကာတာဖောင်ဒေးရှင်း ထူထောင်သူ ဂျင်မီတာသည် မြန်မာသို့ ပြီးခဲ့သည့် ဧပြီလ အတွင်းက လာရောက်ခဲ့ပြီး ကာတာဖောင်ဒေးရှင်း အနေနှင့် မြန်မာ့ ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် ကူညီမည်ဟု ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဂျင်မီကာတာ အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်ဟောင်းများ ပါဝင်သော The Elders အဖွဲ့ဝင်များ မြန်မာနိုင်ငံသို့ သုံးရက်တာ ခရီးစဉ်အဖြစ် စက်တင်ဘာ ၂၄ ရက်နေ့တွင် ရောက်ရှိလာကြောင်း The Elders အဖွဲ့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဖွဲ့ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာ အပါအဝင် The Elders အဖွဲ့ဝင်များဖြစ်သည့် ဖင်လန်သမ္မတဟောင်း မာတီအာတီဆာရီ၊ နော်ဝေ ဝန်ကြီးချုပ်ဟောင်း ဂရိုဟာလမ် တို့ ရောက်ရှိနေပြီး သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် စသည့် မြန်မာ ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံရန်ရှိကြောင်း ပြည်တွင်းခရီးစဉ် စီစဉ်သည့် အဖွဲ့ထံမှ သိရသည်။

ယင်းအပြင် ရန်ကုန်နှင့် နေပြည်တော်တွင် အစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ အမျိုးသမီးရေးရာဆိုင်ရာ အသင်းအဖွဲ့များ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း The Elders ၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန် ထားသည်။

ခရီးသည်လုခေါ်၍ အချင်းများရာမှ ခရီးသည်တစ်ဦး သေဆုံး


မန္တလေး၊ စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်း ကျွဲဆည်ကန် မီးပွိုင့်အနီးရှိ လှိုင်ရွှေဝါကားဂိတ်တွင် အငှားယာဉ်မောင်းသူ များက ခရီးသည် လုခေါ်၍ အချင်းများရာမှ ခရီးသည်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အဆိုပါကားဂိတ်တွင် စက်တင်ဘာလ၂၃ ရက်နေ့ နံနက်၈နာရီ၃၀ မိနစ်က မလှိုင်မြို့မှ မန္တလေးမြို့တော်သို့ ပြေးဆွဲလာသည့် ခရီးသည်တင်ယာဉ်သည် လှိုင်ရွှေဝါ ကားဂိတ်သို့ ရောက်ရှိလာပြီး မလှိုင်မြို့ ဒေသခံ ဦးသန်းလွင်ပါခရီးသည် ၁၁ဦးသည် ပုသိမ်ကြီးမြို့နယ် အုန်းချောသို့ သွားရောက်လိုကြောင်း ပြောသဖြင့် အဆိုပါကားဂိတ် တာဝန်ခံ ဦးအောင်လွင်က Light Truck ယာဉ် ငှားရန်စီစဉ်နေစဉ် အခြား Light Truck တစ်စီးက အုန်းချောသို့ ရောက်မည်ဟု ခေါ်သဖြင့် ဦးအောင်လွင်က တစ်ခါတည်း မရောက်ဘဲနှင့် မခေါ်ရန်ပြောရာ လိုက်ထရပ်ကားပေါ်မှ ယာဉ်နောက်လိုက် လေးဦးက ဦးအောင်လွင်ကို ဝိုင်းဝန်းရိုက်နှက် ခဲ့ပြီး ခရီးသည် ဦးသန်းလွင်ကိုပါ အသင့်ပါလာသော ကားဂျမ်းတုံးဖြင့် ရိုက်ခဲ့ရာ ဦးသန်းလွင်မှာ သတိလစ် လဲကျသွားသဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသနေစဉ် ယင်းနေ့တွင်ပင် သေဆုံးသွားခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကင်ညာဈေးဝယ်စင်တာကို စစ်သွေးကြွများ ဆက်လက်သိမ်းပိုက်၊ အနောက်တိုင်း အကြမ်းဖက်သမားများ ပါဝင်

Photo: ကင်ညာဈေးဝယ်စင်တာကို စစ်သွေးကြွများ ဆက်လက်သိမ်းပိုက်၊ အနောက်တိုင်း အကြမ်းဖက်သမားများ ပါဝင်

နိုင်ရိုဘီ၊ စက်တင်ဘာ ၂၄

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွများက ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ရေး သမားအချို့မှာ အနောက်နိုင်ငံသားများ ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

နိုင်ရိုဘီမြို့တော်ရှိ လူစည်ကားရာ ဈေးဝယ်စင်တာကို စနေနေ့က နေ့လယ်စာ စားချိန်တွင်  အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည့် အယ်ရှာဘတ် တိုက်ခိုက်ရေးသမား များက ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်မှုဖြစ်ပွားပြီး စတုတ္ထမြောက်နေ့ နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်သံများ၊ လက်ပစ်ဗုံး ပေါက်ကွဲသံများ  ပြန်လည်ထွက်ပေါ်လာပြီး တိတ်ဆိတ် ငြိမ်သက်နေမှုများ နာရီပေါင်းအတန်ကြာ ပြိုကွဲသွားခဲ့သည်။

"အဆောက်အအုံတွေထဲမှာ လက်နက်ကိုင်တွေ ရှိနေတုန်းပဲ" ဟု ကင်ညာ ထောက်လှမ်းရေး အရာရှိတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်သမားများက ဓားစာခံများ ဆက်လက် ဖမ်းဆီးထားခြင်းရှိ မရှိ ထောက်လှမ်းရေး အရာရှိကို မေးမြန်းရာတွင် မိမိတို့ ရှင်းလင်းစွာ မသိရသေးကြောင်း ကင်ညာအရာရှိက ပြန်လည်ဖြေကြားသည်။

သို့သော်လည်း ဝက်ထ်ဂိတ်ဈေးဝယ် စင်တာကို ဆက်လက်သိမ်းပိုက်ထားပြီး ဓားစာခံများ ကိုလည်း အသက်ရှင်လျက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း အယ်ရှာဘတ် အဖွဲ့က ပြောကြားသည်။

"စင်တာထဲမှာ မရေအတွက်နိုင်တဲ့ လူသေအလောင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ မူဂျာဟစ်ဒင် (တိုက်ခိုက်ရေးသမားများ) တွေ ဆက်လက်ခုခံနေဆဲပါ" ဟု အယ်ရှာဘတ်အဖွဲ့က Twitter တွင် ရေးသား ဖော်ပြထားသည်။

အကြမ်းဖက်သမား များတွင် အမေရိကန် နိုင်ငံသားနှစ်ဦးနှင့် ၂၀၀၅ ခုနှစ်လန်ဒန် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်ရေးသမား၏ အမျိုးသမီး ဗြိတိန်နိုင်ငံသူ တစ်ဦးတို့ ပါဝင်နိုင်သည်ဟု အနောက်တိုင်း နိုင်ငံများက ပြောကြားသည်။

စစ်သွေးကြွများတွင် အာရပ်နွယ်ဖွား အမေရိကန်နိုင်ငံသား နှစ်ဦးနှင့် ဗြိတိန်သူ တစ်ဦး ပါဝင်ကြောင်း ကင်ညာနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသွားသော်လည်း ယင်းကဲ့သို့ ပြောကြားချက်များမှာ ဈေးဝယ်စင်တာ အတွင်း မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို မသိရှိသူများ၏ ပြောကြားချက်သာ ဖြစ်ကြောင်း အယ်ရှာဘတ်အဖွဲ့က တုံ့ပြန်ပြောကြားသည်။

ဆိုမာလီယာနိုင်ငံရှိ ကင်ညာတပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းပေးရေး တောင်းဆိုလိုခြင်း ကြောင့် ဈေးဝယ်စင်တာ တိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း အယ်ရှာဘတ် အုပ်စုက ထုတ်ပြန်ထား သော်လည်း ကင်ညာသမ္မတက မိမိတို့နိုင်ငံ၏ ဦးတည်ချက် ပြောင်းမည်မဟုတ်ဟု ကတိပြုပြောကြား လိုက်သည်။

ကင်ညာတပ်ဖွဲ့ဝင်များ ပါဝင်သော အာဖရိကသမဂ္ဂ တပ်ဖွဲ့ဝင်များ ဆိုမာလီယာ နိုင်ငံတွင်း ဝင်ရောက်ပြီး အယ်ရှာဘတ် လက်နက်ကိုင်များကို နှိမ်နင်းလျက်ရှိကာ ခိုင်မာသော အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရန် ကူညီလုပ်ဆောင်ပေးလျက် ရှိသည်ကို အယ်ရှာဘတ်အုပ်စုက ခြိမ်းခြောက် လက်စား ချေလိုခြင်း ဖြစ်သည်။

အကြမ်းဖက်သမားများ တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၂ ဦး သေဆုံးခဲ့ပြီး အများစုမှာ ကင်ညာနိုင်ငံသားများ ဖြစ်ကာ သေဆုံးသူများတွင် ဗြိတိန်နိုင်ငံသား ခြောက်ဦး၊ ပြင်သစ်နိုင်ငံသား နှစ်ဦး၊ အိန္ဒိယ နိုင်ငံသားနှစ်ဦး၊ ကနေဒါနိုင်ငံသား နှစ်ဦး တို့ပါဝင်ကြောင်း ကင်ညာအစိုးရ အရာရှိ များက ပြောကြားသည်။

ဈေးဝယ်စင်တာ တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၀ ဦးမှ ၁၅ ဦးထိ ပါဝင်မည်ဟု ကင်ညာအစိုးရက ခန့်မှန်းထားပြီး စစ်သွေးကြွသုံးဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ကင်ညာပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

အယ်ရှာဘတ် စစ်သွေးကြွများ သိမ်းပိုက်ထားသည့် ဈေးဝယ်စင်တာကို အစိုးရ တပ်ဖွဲ့ဝင်များက ထိန်းချုပ်နိုင်လိုက်ပြီး ဓားစာခံများကို ကယ်ထုတ်ကာ စစ်သွေးကြွများကို သုတ်သင်နိုင်ခဲ့သည်ဟု ပြောကြားနေသော်လည်း ပျောက်ဆုံးနေသူများ၏ ကံကြမ္မာကို ရှင်းလင်းစွာ မသိရသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

၁၉၉၈ ခုနှစ် အတွင်းကလည်း နိုင်ရိုဘီမြို့တော်ရှိ အမေရိကန်သံရုံးကို အယ်လ်ကေဒါ စစ်သွေးကြွအုပ်စုက ဗုံးခွဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ယခု ဝက်စ်ဂိတ်ဈေးဝယ်စင်တာ တိုက်ခိုက်ခံရမှုသည် ယင်းဗုံးခွဲမှု နောက်ပိုင်း အဆိုးရွားဆုံး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်သည်။

နိုင်ရိုဘီ၊ စက်တင်ဘာ ၂၄

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တော်ရှိ ဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို အယ်ရှာဘတ် စစ်သွေးကြွများက ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်ရေး သမားအချို့မှာ အနောက်နိုင်ငံသားများ ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

နိုင်ရိုဘီမြို့တော်ရှိ လူစည်ကားရာ ဈေးဝယ်စင်တာကို စနေနေ့က နေ့လယ်စာ စားချိန်တွင် အယ်လ်ကေဒါ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည့် အယ်ရှာဘတ် တိုက်ခိုက်ရေးသမား များက ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သိမ်းပိုက်မှုဖြစ်ပွားပြီး စတုတ္ထမြောက်နေ့ နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်သံများ၊ လက်ပစ်ဗုံး ပေါက်ကွဲသံများ ပြန်လည်ထွက်ပေါ်လာပြီး တိတ်ဆိတ် ငြိမ်သက်နေမှုများ နာရီပေါင်းအတန်ကြာ ပြိုကွဲသွားခဲ့သည်။

NLD ပါတီကဲ့သို့ လုပ်ကိုင်နိုင်စွမ်းရှိသည့် ပါတီမျိုး မြန်မာနိုင်ငံတွင်ရှိလျှင် ပြရန်ဝေဖန်သူများအား ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

Photo: NLD ပါတီကဲ့သို့ လုပ်ကိုင်နိုင်စွမ်းရှိသည့် ပါတီမျိုး မြန်မာနိုင်ငံတွင်ရှိလျှင် ပြရန်ဝေဖန်သူများအား ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်

NLD ပါတီလောက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် ပါတီမျိုး မြန်မာနိုင်ငံတွင်ရှိလျှင် ပြရန် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောဆိုခဲ့သည်။

လာမည့်စက်တင်ဘာ ၂၇ ရက်တွင် ပါတီထူထောင်ခဲ့သည်မှာ နှစ်ပေါင်း (၂၅)နှစ် ပြည့်မြောက်တော့မည် ဖြစ်သော်လည်း ပါတီ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် အကြမ်းမဖက်သည့်နည်းနှင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် မျှော်မှန်းချက် အကောင်အထည် ပေါ်လာရန် အလှမ်းဝေးနေသေးသည့် NLD ပါတီနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိနေသည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုလို တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"NLD ပါတီလောက် လုပ်ကိုင်နိုင်စွမ်းရှိတဲ့ ပါတီမျိုး မြန်မာနိုင်ငံမှာ ရှိတယ်ဆိုရင် ကျွန်မကို ပြပါလို့ ကျွန်မစိန်ခေါ်ရဲပါတယ်၊ ကျွန်မတို့ ပါတီဟာ ဒီမိုကရေစီ စံနှုန်းများနှင့်အညီ တည်ဆောက်ယူထားတဲ့ တစ်ခုတည်းသော ပါတီပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

NLD ပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ NLD ပါတီသည် ၈၈ အရေးတော်ပုံနှင့်အတူ ပေါက်ဖွားလာခြင်းဖြစ်ပြီး ပါတီသို့ အရေးတော်ပုံတွင် ပါဝင်ခဲ့သူများက ထောက်ခံဝင်ရောက် ခဲ့သဖြင့် ၁၉၉၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲအရေအတွက် စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် ပြည်လုံးကျွတ် အနိုင်ရခဲ့သည်။ ထိုအချိန်တွင် စစ်အစိုးရက အာဏာလွှဲပြောင်းပေးအပ်ခြင်း မပြုခဲ့ဘဲ ၁၉၉၃ ခုနှစ်တွင် အခြေခံ ဥပဒေ ရေးဆွဲရန်ဟုဆိုကာ အမျိုးသား ညီလာခံကို ခေါ်ယူခဲ့သည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်ပိုင်းများမှာ ထိန်းသိမ်းခံထားရပြီး NLD ပါတီမှ အမတ်အချို့က အမျိုးသား ညီလာခံကို တက်ရောက်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာချိန်တွင် အမျိုးသား ညီလာခံမှ NLD အမတ်များအားလုံး ၁၉၉၆ ခုနှစ်တွင် နုတ်ထွက်ခဲ့ကြသည်။ ၁၉၉၈ ခုနှစ်တွင် ၁၉၉၀ ပြည့်နှစ် အနိုင်ရ ကိုယ်စားလှယ်များက လွှတ်တော်ခေါ်ယူရန် ကြိုးပမ်းခဲ့ကြသော်လည်း အစိုးရက တားဆီးခဲ့သည်။ ၁၉၈၉ မှ ၂၀၁၀ ထိ ၁၅ နှစ်ဝန်းကျင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည့် အချိန်များတွင် ပါတီကို ထိရောက်သည့် ဦးဆောင်လမ်းညွှန်မှု မရှိခဲ့သည့်အတွက် NLD ပါတီ အနေဖြင့်လည်း နိုင်ငံရေး လှုပ်ရှားမှု မရှိသလောက် ကျဆင်းခဲ့ရပြီး ၁၉၉၀ အာဏာရ ပါတီတစ်ခု အနေဖြင့် အစိုးရအပေါ် မျှော်မှန်းထားသလောက် ဖိအားပေးနိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် ပါတီပြန်လည် ဖွဲ့စည်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွန့်လွှတ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် တစ်ခဲနက် အနိုင်ရရှိခဲ့သော NLD ပါတီသည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အမတ်နေရာ ၄၅ နေရာအနက် ၄၂ နေရာအထိ အနိုင်ရရှိခဲ့သည်။ ယခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီသည် လွှတ်တော်အတွင်း အဓိက အတိုက်အခံ ပါတီတစ်ခုအဖြစ် မြန်မာ့နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ပါတီ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် အကြမ်းမဖက်သည့်နည်းနှင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် မျှော်မှန်းချက် အကောင်အထည် ပေါ်လာရန်အတွက်မူ ရုန်းကန်နေရဆဲ ဖြစ်သည်။

ပြည်သူတို့၏ တစ်ခဲနက် အားပေးမှုနှင့် လွှတ်တော်တွင်းသို့ ရောက်ရှိလာခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အဓိက အတိုက်အခံအဖြစ် တည်ရှိနေသော်လည်း အရေးပါသော နိုင်ငံရေး လှုပ်ရှားမှုများမှာတော့ အားကောင်းစွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အကောင်းဆုံး ပါတီဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည့် NLD ပါတီသည် ပါတီထူထောင်သည့် သက်တမ်းနှစ်ပေါင်း (၂၅)နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ယခုချိန်ထိ ပါတီ၏ ရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးဆိုသည့် မျှော်မှန်းချက်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

ထို့ပြင် NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင်သာ ပုဂ္ဂိုလ်ရေး အဓိက အားထားနေပြီး အားကောင်းသော ပါတီဖွဲ့စည်းပုံ မရှိခြင်း၊ ပါတီဝင်များ၏ အရည်အချင်းပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိနေခြင်းများကြောင့် ဝေဖန်မှုများကို ခံနေရပြီး ထိုသို့ဝေဖန် မှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်က ယခုလို ပြန်လည်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

NLD ပါတီအပေါ် ဝေဖန်မှုများအပေါ် ပြန်လည်တုံ့ပြန် ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအခြေခံ ဥပဒေနှင့် ပတ်သက်၍လည်း ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်း မရှိသည့်အတွက်ကြောင့် ပြန်လည်ပြုပြင် ရမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့ပြီး အကယ်၍ အခြေခံဥပဒေသည် ၂၀၁၅ မတိုင်မီ ပြင်ဆင်နိုင်ခြင်း မရှိဘူး ဆိုပါက ပြဿနာများနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အနေဖြင့် စင်ကာပူနိုင်ငံကို အတုယူရန် လိုအပ်သော်လည်း စင်ကာပူနိုင်ငံ ပုံစံမျိုး ပုံတူကူးချရန် မလိုအပ်ကြောင်း စသည့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး စင်ကာပူ နိုင်ငံသည်လည်း မြန်မာနိုင်ငံထံမှ သင်ယူနိုင်ကြောင်း ပြောဆိုခဲ့သည်။

(စက်တင်ဘာ ၂၄ ရက်က စင်ကာပူခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်တွင် ကြိုဆိုနေကြစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း))
(စက်တင်ဘာ ၂၄ ရက်က စင်ကာပူခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်တွင် ကြိုဆိုနေကြစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း))

NLD ပါတီလောက် လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည့် ပါတီမျိုး မြန်မာနိုင်ငံတွင်ရှိလျှင် ပြရန် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီအပေါ် ဝေဖန်မှုများနှင့် ပတ်သက်ပြီး စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောဆိုခဲ့သည်။

လာမည့်စက်တင်ဘာ ၂၇ ရက်တွင် ပါတီထူထောင်ခဲ့သည်မှာ နှစ်ပေါင်း (၂၅)နှစ် ပြည့်မြောက်တော့မည် ဖြစ်သော်လည်း ပါတီ၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် အကြမ်းမဖက်သည့်နည်းနှင့် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် မျှော်မှန်းချက် အကောင်အထည် ပေါ်လာရန် အလှမ်းဝေးနေသေးသည့် NLD ပါတီနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိနေသည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယခုလို တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သစ်ခုတ်ခဲ့သည့်အမှားများကိုလူမှုရေးလုပ်ငန်းများဖြင့် ပြန်လည်ပေးဆပ်သွားမည်ဟု ဦးတေဇပြော



ထူး ဖောင်ဒေးရှင်းနာယကဖြစ်သူ နာမည်ကျော်စီးပွားရေးလုပ်ငန်း ရှင်ကြီးဦးတေဇက သစ်ခုတ်ခဲ့ သည့်အမှားများအား ပြန်လည် ပေးဆပ်သည့်အနေဖြင့် နယ်စပ် ဒေသများတွင် ပညာရေး၊ ကျန်းမာ ရေးနှင့် ဆိုင် သော လူမှုရေးလုပ် ငန်းများ ပြုလုပ်သွားမည်ဟု ပြော ကြားလိုက်သည်။

စက်တင်ဘာ ၂၃ရက်က ပြုလုပ်သည့် ဂမ်လမ်ရာဇီတောင် တက်အောင်မြင်ခြင်းအထိမ်းအ မှတ်အဖြစ် ကုန်သည်ကြီးများဟို တယ်တွင်ပြုလုပ်သော ညစာစား ပွဲတွင် ယင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထူဖောင်ဒေးရှင်းနာယက ဦးတေဇက ''ကျွန်တော် သစ်ပင် တွေ အများကြီးခုတ်ခဲ့ပါတယ်။ အဲဒီအတွက်လဲ အခုအချိန်မှာ ပြန် လည်ပေးဆပ်ရပါမယ်။ အဓိက လုပ်မှာတွေက ဖွံ့ဖြိုးမှုနည်းပါး တဲ့ နယ်စပ် ဒေသ တွေမှာ လိုအပ် နေတဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့လုပ်ငန်းတွေကို အားဖြည့် လုပ်ဆောင်သွားဖို့ရှိပါတယ်''ဟု ဆိုသည်။

ဓာတုကလျာ သနပ်ခါး လိမ်းခဲ့သလား

 ဓာတုကလျာရဲ့ သနပ်ခါး ကျောက်ပျဉ်၊ ဓာတ်ပုံ- ကိုစိုး/ဧရာဝတီ
သနပ်ခါးလို့ ပြောလိုက်ရင် မြန်မာဆိုတာနဲ့ တွဲမြင်ကြပါလိမ့်မယ်။ တကယ်လည်း မြန်မာနဲ့ သနပ်ခါး ခွဲမရခဲ့ ပါဘူး။ မြန်မာတွေ ဘယ်အချိန်ကတည်းက သနပ်ခါး ကို လိမ်းကြတယ်ဆိုတာ အတိအကျ ဖော်ပြနိုင်တဲ့ သက်သေ သာဓက အရတော့ ဖော်ပြဖို့ အတော်ခက်မယ် ထင်ပါတယ်။ 


နတ်သျှင်နောင် စွဲလမ်းခဲ့တဲ့ ဓာတုကလျာဟာ  သနပ်ခါး လိမ်းသလားလို့ တစုံတယောက် က မေးလာမယ် ဆိုရင်ဖြင့် လိမ်းတယ်လို့ ပြောနိုင်ပါတယ်။ သမိုင်းထဲက ဓာတုကလျာ မင်းသမီးနဲ့ ပတ်သက်ပြီး အထောက် အထား ပြစရာ တွေ့ခဲ့ရလို့ ပဲ ဖြစ်ပါတယ်။  

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ က ပဲခူးမြို့မှာရှိတဲ့ ရွှေမော်ဓော စေတီကြီးကို ရောက်ရှိ ဖူးမြော်ခဲ့ရပါတယ်။ အဲဒီ စေတီကြီး ရင်ပြင်ပေါ်က ပြ တိုက်ထဲမှာ လွန်ခဲ့တဲ့ ၁၆ ရာစုလောက်က အခု ပဲခူးလို့ခေါ်တဲ့ ဟံသာဝတီ ပြည့်ရှင်မင်း ဒုတိယ မြန်မာနိုင်ငံတော်ကို တည်ထောင် ခဲ့တဲ့ ဘုရင့်နောင် (အေဒီ ၁၅၅၁-၁၅၈၁) ရဲ့ သမီးတော် ရာဇဓာတုကလျာ မင်းသမီး သနပ်ခါးသွေးတဲ့ ကျောက်ပျဉ်ကို လှူဒါန်း ထားတာ တွေ့ခဲ့ရပါတယ်။ 

ဒုက္ခသည် အမျိုးသမီး တဦး ပဟေဠိဆန်စွာ သေဆုံး

ပဟေဠိ ဆန်စွာ သေဆုံးနေတဲ့ ဒုက္ခသည် ကရင်အမျိုးသမီး (ဓာတ်ပုံ – Zerodahdoh Htoo / Facebook)
ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည်စခန်းက အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတဦး ၂ ရက်ကြာ ပျောက်ဆုံးနေရာ က ဒီနေ့မနက်ပိုင်းမှာ ဒုက္ခသည်စခန်း အပြင်ဘက် ကားလမ်းဘေးက တောအုပ်ကြားကနေ သူ့ အလောင်းကို ပြန်လည် တွေ့ရှိရတယ်လို့ တာဝန်ရှိသူတွေက ပြောပြပါတယ်။
မရွှေလှအေး လို့ခေါ်တဲ့ အဲဒီ ကရင် အမျိုးသမီးဟာ တနင်္လာနေ့ နေ့လယ်ပိုင်းကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အင်္ဂါနေ့က ဒုက္ခသည်စခန်းတခုလုံး ၀ိုင်းဝန်းရှာဖွေခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီနေ့မနက် ၇ နာရီ လောက်မှ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“တနင်္လာနေ့က စခန်းတွင်း ရိက္ခာဝေတဲ့ နေ့လေ။ ရိက္ခာ လက်ခံလာယူဖို့ သူ့နာမည်ခေါ်တဲ့အခါ သူ မရှိတော့ဘူး။ ဈေးဆိုင် သွားမယ်ဆိုပြီး ထွက်သွားတာတဲ့။ ညအထိ ပြန်မရောက်တာကြောင့် မိသားစုက လိုက်ရှာခဲ့တယ်။ မတွေ့တော့ ကျမတို့ဆီ အမှုလာတိုင်တယ်။ နောက်နေ့ မနက်အထိ မတွေ့တော့၂၄ ရက်နေ့မှာ သူ့ဓာတ်ပုံတွေကို စခန်းထဲမှာ လိုက်ကပ်ပြီး ထပ်ရှာ တယ်။ ဒီနေ့မနက်မှ စခန်းအပြင်ဘက် စိုးလု ရွာနား သွားတဲ့လမ်းဘေးမှာ ပြန်တွေ့တာ”လို့ ကရင် အမျိုးသမီး အစည်းအရုံး မှ ဒေါ်အေးက ဧရာဝတီကို ပြောပါတယ်။
Related Posts Plugin for WordPress, Blogger...

ShareThis